Ch-20

7.8K 382 43
                                    

ရှောင်းအိမ်တော်၏ ဧည့်ခန်းထဲဝယ် လူသုံးယောက်က
မျက်နှာချင်းဆိုင်အနေအထားနဲ့ ဆိုဖာအသီးသီးပေါ်၌
ထိုင်နေကြသည်။

"ဒါဆို မင်းရဲ့ birthday party ညက ငါ့ကို တမင်
အကွက်ချ စီစဥ်ခဲ့တာပေါ့"

ရှောင်းကျန့်က ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်နေပြီး သူ့ရှေ့က
ဟေးလျန်ကို အေးစက်စက်မျက်နှာထားဖြင့် မေးလေ၏။

"ဟုတ်ပါတယ် Mr.Sean"

ရိပေါ်ကတော့ မျက်လုံးလေး အဝိုင်းသားနဲ့ ဦးနဲ့ကျဲတို့ပြော
နေတဲ့ စကားများကို အံသြစွာ နားထောင်နေရသည်။

"အကြောင်းအရင်းက"

"မောင်..အဲ Kelvinနဲ့Mr.seanတို့ကြားမှာ ပြဿနာ
တစ်ခုခု ရှိလို့ ခုလို လုပ်ခဲ့တာဖြစ်မယ်"

ရှောင်းကျန့် ရိပေါ်ကို လှမ်းကြည့်မိတယ်။ရိပေါ်က သူ့
ဘေးနားသို့ ပြောင်းထိုင်လာပြီး အနား,နားကို ကပ်ကာ
လေသံတိုးတိုးဖြင့် ပြောလာတာက

"ဦးနဲ့ကျွန်တော့် အကြောင်းကို အကို သိနေပြီ"

babyစကားကြောင့် ရှောင်းကျန့် မျက်ခုံးတန်းတို့ အလိုလို
ပင့်တက်သွားရပြီး ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်မိ
သည်။

"အင်း..ထားပါတော့ သားနဲ့ကိုယ့်ကြားမှာ ပြဿနာလေး
နည်းနည်းရှိတယ်။အဲ့ဒါကို မကျေနပ်လို့ လုပ်တာပေါ့"

ရှောင်းကျန့်ရဲ့အပြောကို ဟေးလျန်က ခေါင်းညိတ်ပြီး
ထောက်ခံတယ်။

"ကိုယ်နဲ့marcus ဘာမှ မဖြစ်ခဲ့ဘူးမလား"

"မဖြစ်ခဲ့ပါဘူး Kelvinက Mr.ရဲ့ဝိုင်ခွက်ထဲ အိပ်ဆေး
တွေ ခတ်ပြီး အိပ်ပျော်အောင် လုပ်ခဲ့တာ။ပြီးသွားမှ သူ့
သူငယ်ချင်းတွေ အကူအညီနဲ့ Hotelက အခန်းတစ်ခန်း
ယူပြီးတော့ Mrနဲ့marcusကိုထည့်ပြီး အထင်မှားစရာ
အခြေအနေဖြစ်အောင် ဖန်တီးခဲ့တာ"

"ငါနဲ့ဟိုကောင်လေးကို Kelvinဓာတ်ပုံရိုက်ခဲ့သေးလား"

"ဟုတ်..ရိုက်တယ်။ဘာဖြစ်လို့ ပုံတွေရိုက်ယူတာလဲလို့ ကျွန်မ မေးကြည့်တော့ သူက အကြောင်းရှိလို့ ဆိုပြီး ပြောတယ်"

ဒါဆို ရိပေါ်ဖုန်းထဲသို့ ပို့ပေးလာတဲ့ ပုံတွေက အကို့ လက်ချက်
ပေါ့။

Let F**k Together[Completed]Where stories live. Discover now