Ch-12

9.6K 384 24
                                    

အခန်းထဲကို တိုးဝင်လာတဲ့ အလင်းရောင်နဲ့အပူရှိန် တချို့
တစ်လေကြောင့် ရှောင်းကျန့် မျက်လုံးများ ပွင့်လာသည်။
ရင်ခွင်ထဲကို ငုံ့ကြည့်မိတော့ အဝတ်မပါတဲ့ ခန္ဓာငယ်လေး
က ရှောင်းကျန့် ရင်ဘတ်မှာ မျက်နှာအပ်လို့ အိပ်စက်နေ၏။

အလင်းရောင်တွေ ဝင်လာတဲ့ အဓိက နေရာကို ဝေ့ဝဲရှာ
ကြည့်လိုက်တော့ လိုက်ကာတွေချမထားတဲ့ ပြတင်းတံခါး
တွေက ရှောင်းကျန့်အား နှုတ်ဆက်သည်။

အင်း..ညက သူတို့ ခန်းစီး,စ တွေ မပိတ်ဘဲ အိပ်မိသွားတာကိုး။

စောင်ကို အသာလှပ်လိုက်ပြီး ကုတင်အောက်ကို ခြေနှစ်ဖက်
ချကာ ထိုင်လိုက်တယ်။နားထင်ကို လက်ညှိုးသုံးပြီး ခပ်ဖွဖွ
နှိပ်လိုက်ပြီးတဲ့နောက်မှာတော့ ရှောင်းကျန့်က ဗီရိုဆီကို ထ
သွားသည်။

ဗီရိုထဲက တပတ်အဖြူတစ်ထည်ကို ယူပြီး အဝတ်အစားကပ်
မနေတဲ့ ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းကို ဖုံးသွားအောင် ခါးမှာ
တပတ်ကို ပတ်လိုက်တယ်။

အလင်းရောင်တွေကြောင့် သူ့အသက်လေး ကောင်းစွာအိပ်
စက်လို့မရမှာကို စိုးရိမ်တဲ့ရှောင်းကျန့်ဟာ လိုက်ကာစတွေကို အမြန်သွားဆွဲပိတ်တယ်။

"ဦး...."

သူ့ကို ခေါ်ပြီး လှုပ်လှုပ်ရွရွလေးဖြစ်လာတဲ့ ကလေးငယ်
ကြောင့် ရှောင်းကျန့် ကုတင်ဆီသို့ အမြန်လျှောက်သွား
လိုက်တယ်။

"ဘာဖြစ်လို့လဲ bae"

"ဘယ်သွားနေတာလဲ"

မျက်လုံးအစ်အစ်လေးတွေကို လက်ဖောင်းဖောင်းလေးနဲ့ပွတ်
ကာ အမေးစကားဆိုလာတဲ့ ရှောင်းကျန့်ရဲ့အသက်လေး။

ငုတ်တုပ်ထိုင်နေတဲ့ ရိပေါ်ရဲ့ အပေါ်ပိုင်းက ဗလာကျင်းနေ
ပြီး အနီကွက်တွေနဲ့ပြည့်နှက်နေသည်။အမှတ်အသားတွေ
က ခါးအောက်ပိုင်းတွေမှာလည်း ရှိနိုင်သည်။သို့သော်
အောင်ပိုင်းကို စောင်နဲ့အုပ်ထား၏။

"နေမြင့်တော့အခန်းထဲကို အလင်းရောင်နဲ့အပူရှိန်တွေတိုးဝင်
လာတယ်လေ။ကလေးလေး ကောင်းကောင်းအိပ်လို့မရမှာ
စိုးလို့ လိုက်ကာသွားပိတ်နေတာ"

Let F**k Together[Completed]Where stories live. Discover now