Ch-4

12.1K 474 10
                                    

ရိပေါ် နိုးတော့ အရင်ဆုံးမြင်ရတာက ဦးရဲ့ ရင်ခွင်ကျယ်ကြီး။
ရိပေါ် ခေါင်းအုံးထားမိတာကလည်း.ဦးရဲ့ လက်မောင်းတစ်
ဖက်။ဦးရဲ့ ကျန်လက်တစ်ဖက်က ရိပေါ်ရဲ့ခါးကို သိုင်းဖက်
ထားတယ်။အောက်ပိုင်းတွေကလည်း စေးကပ်ကပ်နဲ့။

ရိပေါ်လည်း ဦးရဲ့ရင်ဘတ်ကို လက်နဲ့ဖွဖွတွန်းလိုက်ပြီး ဦး၏
မျက်နှာကို မော့ကြည့်လိုက်တယ်။ဦးမျက်နှာလေးက အရမ်း
ကို အရွယ်တင်ချောမောလွန်းသည်။မျက်လုံးများကိုမှေးမှိတ်ထားတာကြောင့် မျက်တောင်ရှည်လေးတွေက ဖြာဆင်းနေသည်။နှာတံလေးကလည်း ဖြောင့်စင်းပေါ်လွင်နေ၏။
နှုတ်ခမ်းပါးပါးလေးအောက်မှာ မှည့်နက်လေးတစ်လုံးက
လည်း ထင်ရှားပေါ်လွင်စွာ တည်ရှိနေ၏။

ရိပေါ် ဦးကို ရင်ခုန်မိတာတော့အမှန်ပဲ။ဦးရဲ့အထိအတွေ့ တွေ
ကိုလည်း နှစ်သက်တယ်။ဒါပေမဲ့ ချစ်လား မချစ်လား ဆိုတာ
တော့ ရိပေါ် မဝေခွဲတတ်ပါ။ရိပေါ် အကို့ကို ချစ်တယ်လို့တော့
ထင်မိတာပဲ။ခုလို ဖောက်ပြား နေမိတာကိုတောင် လိပ်ပြာသိပ် မလုံချင်လှဘူး။

"ဦး ကိုကြည့်ပြီး ဘာတွေ စဥ်းစားနေတာလဲ ကလေး"

သူ့ရဲ့မျက်နှာကို မော့မော့လေးကြည့်နေတဲ့ ရင်ခွင်ထဲက
အကောင်ပေါက်ကို ရှောင်းကျန့်နိုးလာတော့ တွေ့လိုက်ရ
သည်။

"ဟမ်..ဘာမှ မစဥ်းစားပါဘူး"

ဦးမျက်နှာကို ငေးရင်း အတွေးလွန်နေမိတဲ့ ရိပေါ်က ဦးရဲ့
အသံကြားမှ ရှက်ရကောင်းမှန်းသိတယ်။

"အာ့!"

ရင်ခွင်ထဲက ရုန်းထွက်ပြီး ထထိုင်လိုက်တဲ့ အကောင်ပေါက်
က မျက်နှာလေးရှုံ့မဲ့ကာ ညည်းညူနေသည်။

"ကလေး.အရမ်းနာနေလား.."

နာကျင်နေသော ကျောရိုးတစ်လျှောက်နှင့် အောက်ဘက်ပိုင်း
ကြောင့် ရိပေါ် အဆင်မပြေတာတော့ အမှန်ပဲ။

"နာတယ်..ဒါနဲ့ ခင်ဗျား ကိုယ့်အခန်း ကိုယ်ပြန်တော့လေ
အကိုပြန်လာလို့ ခုအခြေအနေကို တွေ့သွားရင် မျက်နှာပူ
စရာတွေ ဖြစ်ကုန်လိမ့်မယ်"

"အင်း..ကလေးကို ရေချိုးပေးပြီးရင် ဦး ပြန်မယ်"

"ရတယ်..ကျွန်တော့်ဘာသာ ရေချိုးနိုင်တယ်"

Let F**k Together[Completed]Where stories live. Discover now