Ch-22

7.3K 354 19
                                    

"ကျွန်မ ဘယ်လိုဆက်ပြီး ရှေ့ဆက်ရတော့မှာလဲ"

"ကိုယ်ကတော့ ကိုယ့်သားရဲ့ကိုယ်ပွားလေးကို ပြုစုပျိုး
ထောင်ပေးချင်တယ်"

အခန်းထဲက လေထုကအေးစက်စွာနဲ့ဝမ်းနည်းဖွယ် ကောင်းတဲ့
အငွေ့အသက်တွေ ပြည့်နှက်နေသလိုပင်။စားပွဲပေါ်ရှိ အငွေ့ တထောင်းထောင်းနဲ့ကော်ဖီပူပူထည့်ထားတဲ့ ခွက်တွေက
ခုများတော့ အေးစက်နေပြီ။

ရှောင်းကျန့်နဲ့ရိပေါ်က ဟေးလျန်ရဲ့condoကို ကိုယ်ဝန်
ကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးဖို့ ရောက်ရှိနေကြခြင်း။

ဟေးလျန်ရဲ့လက်ရှိပုံစံက လမ်းပျောက်နေတဲ့လူလို စိတ်ပျက်
အားငယ်ခြင်းတွေ ပြည့်နှက်နေ၏။မျက်လုံးအိမ်က ဝမ်းနည်း
ရိပ်တွေ ယှက်သမ်းနေပြီး မျက်နှာကလည်း အတော်ချောင်
ကြနေသည်။

"Mr.sean စဥ်းစားကြည့်ပါ။ကျွန်မက ခေတ်ပညာတတ်
တစ်ယောက်ဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်းတွေကို ဦးစီး
လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ယောက်။နောက်ပြီး ပါးပါး
က ပြောတယ် ကျွန်မက သူ့အတွက် အမြဲ ဂုဏ်ယူနေရတဲ့
သမီးအလိမ္မာ တစ်ယောက်တဲ့"

"ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် ကိုယ်တကယ် စိတ်မကောင်း
ဖြစ်ရပါတယ် ဟေးလျန်"

"ကျွန်မ စကားဆုံးအောင် ဆက်ပြောပါရစေ Mr.sean"

ဟေးလျန်က ရှောင်းကျန့်ကို တွေတွေငေးငေးကြည့်ပြီး
ပြောလေတော့ ရှောင်းကျန့်မှာ အားနာသွားရသည်။

"အာ..sorry ဟေးလျန်။ဆက်​ပြောပါ ကိုယ်နားထောင်ပါ့မယ်"

ထိုအခါ ဟေးလျန်က ခေါင်းညိတ်ပြီး မျက်လုံးတွေက
စားပွဲပေါ်က ကော်ဖီခွက်လေးတွေကို စိုက်ကြည့်ကာ
စကားဆက်တယ်။

"ကျွန်မက ပညာတတ်တစ်ယောက်ဖြစ်ခဲ့ပါလျှက်နဲ့အချစ်
တစ်ခုတည်းကြောင့် အိမ်ထောင်ရှိတဲ့လူကို ရူးမိုက်စွာနဲ့
ပတ်သတ်ခဲ့မိတယ်။ဒီလိုဖြစ်ခဲ့တာကိုလည်း ကျွန်မ ဘယ်သူ့
ကိုမှ အပြစ်မဆိုပါဘူး ဘာဖြစ်လို့လဲဆိုလျှင် အကုန်လုံးက
ကျွန်မ ရွေးချယ်မှုတွေပဲလေ။"

ရိပေါ်နဲ့ရှောင်းကျန့်က ဟေးလျန်ကို အားနာနေတဲ့မျက်ဝန်း
တွေနဲ့ ငေးကြည့်နေကြသည်။ဒါပေမဲ့ ဟေးလျန်ကတော့
ဘယ်သူ့ကိုမှ ကြည့်မနေဘဲ။မျက်ဝန်းတွေက ဗလာသက်
သက်ဖြင့် စားပွဲကိုသာ အကြောင်းမဲ့ စိုက်ကြည့်နေသည်။

Let F**k Together[Completed]Where stories live. Discover now