My Essential Hoon

By _jaehoonpark_

42K 4.4K 2.5K

젴성 #JakeHoon Romance /Drama Age gap love More

Intro
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
36
37

35

1.2K 98 66
By _jaehoonpark_

Unicode

မအီမသာဖြစ်နေတဲ့ခေါင်းတွင်းအခြေနေကြောင့် လူကရီဝေဝေယိုင်တိုင်တိုင်ဖြစ်နေပြီ၊ ထိုအချိန်ထိတောင်မှ ပျောက်နေနိုင်လွန်းတဲ့ကိုယ့်လူကြီးဟာ ပေါ်မလာနိုင်သေး၊ မတ်မတ်ရပ်ထားတဲ့ခြေတိုင်နှစ်ဖက်သည်ပင်မခိုင်နိုင်တော့အောင် အားအင်များဆုတ်ယုတ်လာရော့အံ့ထင်၏။

"မင်း အဆင်ပြေရဲ့လား....."

ရုတ်တရက် ဘယ်အချိန်က ကိုယ့်နံဘေးသို့ရောက်နေသည်မသိ၊ ဆွေးမျိုးတော်စပ်ခြင်းမမည်သေးသောအနှီယောက်ဖလောင်းလျာသည် ခပ်အေးအေးအသံတစ်ချက်နှင့်အနားကိုလာရပ်၏။ အတွေးများနေစဉ်လျှပ်တစ်ပြတ်မို့ ဆောင်ဟွန်း ဆတ်ခနဲတုန်သွားမိသည်။ ထို့နောက် အားအင်မရှိမျက်ဝန်းဖျော့တွေကို မာန်တင်းကာအားယူလှမ်းကြည့်လိုက်ရင်း

"မပြေဘူး.....ခင်ဗျားညီကဘယ်ရောက်သွားပြန်ရတာလဲ လူကိုတစ်ယောက်ထဲထားခဲ့ပြီးဒီတိုင်းထွက်သွားတယ် အဆက်အသွယ်လဲမလုပ်၊ ခင်ဗျားမှာလဲ ဒီတိုင်းလျှောက်ယောင်မနေပဲ သူ့ကိုဖုန်းလေးတစ်ချက်လောက်အလိုက်တသိဆက်ပေးလို့မဖြစ်ဘူးလား"

စိတ်လက်မအီမသာဖြစ်ခြင်းက စိတ်ဆတ်ခြင်းအသွင်ကိုကူးပြောင်းသွားစေတာဖြစ်လိမ့်မည်။ မျက်စိရှေ့ကရှင်းမ်ဟီးဆွန်းကိုပါ အလိုမကျသည့်ပုံစံတွေပြမိသွားခဲ့၏။ကိုယ်တကယ်ကိုစိတ်တွေလွတ်နေပါပြီ။ ကိုယ့်စကားကိုယ် လွန်သွားမှန်း နောင်တနှင့်ပြန်သုံးသပ်မိချိန်မှာတော့ ယောက်ဖလောင်းကခပ်သာသာဟက်ခနဲရီသံပြုနေ၏။ ပြီးမှ.....

"နေမကောင်းဖြစ်နေတဲ့ပုံစံမလို့လွှတ်ပေးထားလိုက်မယ်....ပုံမှန်းအတိုင်းဆို မင်းလိုခလေးသာသာကငါ့ကိုဒီလို တွေထိ လာအကြောတင်းလို့မရဘူးမှတ်။ ခနနေရင် ဂျယ်ယွန်းရောက်လိမ့်မယ် မင်းအတွက်စားစရာနဲ့အနွေးထည်သွားယူနေတာ"

ဆောင်ဟွန်း ဘာမှမတုံ့ပြန်မိ၊ စိတ်တွေမကြည်လင်တာကြောင့်ပဲ သက်ပြင်းလေးလေးတစ်ချက်သာချမိသည်။ လေပူတွေကိုမှုတ်ထုတ်ရင်း မျက်လွှာကိုလှန်ကြည့်လိုက်တဲ့အခိုက်မှ ရုတ်ချည်း မြင်ကွင်းထဲကိုတိုးဝင်လာတဲ့သူပင်၊ တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ရတဲ့ချစ်သူဟာ အထုပ်ကြီးအထုပ်ငယ်အသွယ်သွယ်ကိုလက်မှာချိတ်လို့ ကိုယ့်ဆီထံအပြေးလာနေတာကိုမြင်လိုက်ရ၏။

တစ်မဟုတ်ချင်းပင် လက်ခနဲအလင်းရောင်တောက်သွားသည့်စိတ်အခြေနေက ဝေဒနာတိမ်မဲတစ်ဝက်ကို လွင့်စင်သွားစေသည်။

"ဘာမပြောညာမပြောနဲ့ ဒီလောက်အကြာကြီးလူကိုထားသွားရလား ဒီမှာဘယ်လောက်လိုက်ရှာနေရလဲသိရဲ့လား တကယ်မကောင်းဘူး"

"နေမကောင်းဖြစ်နေရင်းတောင်စွာနိုင်တုန်းပဲအသည်းလေးရယ်၊ လူကိုရန်လုပ်တာလေးနားပြီး အရင်ဆုံး အနွေးထည်ဝတ် ဒီကထွက်ရအောင်၊ ဒီလောက်နေပြပြီးရင်တော်ရောပေါ့.......ဟင် ကိုယ်တွေလဲတော်တော်ပူနေလိုက်တာ ပြဿနာပါပဲ ချမ်းနေလားဟင်"

ရောက်ရောက်ချင်း ဆွဲလာတဲ့အိတ်ထဲကအနွေးထည်ကြီးကို လူပေါ်လာတင်ကာ နဖူးစမ်းလိုက် ပါးနှစ်ဖက်ကိုသူ့လက်ဖဝါးနွေးတွေနဲ့ထွေးလိုက်ဖြင့် ပြာပြာသလဲဖြစ်နေရှာ၏။ စောစောက တေးထားတဲ့မကျေခဲလေးတွေတောင်အရည်ပျော်သွားပြန်ပြီ။

မကျေမလည်မျက်ဝန်းညိုတွေက ချက်ချင်းပဲနူးညံ့ကုန်ကြ၏။

"အင်း ကျွန်တော့်တစ်ကိုယ်လုံးအရမ်းချမ်းနေတော့တာပဲကိုကိုရာ တကယ်ချမ်းတယ်....."

သူခြုံပေးတဲ့ အနွေးထည်အုပ်ကြီးထဲကနေ ခပ်မှိန်မှိန်လေးလှမ်းပြောလိုက်သည်။ ထိုအခိုက်အတန့်လေးမှာတင် ပတ်ဝန်းကျင်ကိုတောင်တစ်ချက်ဝေ့မကြည့်၊ ချက်ချင်းပဲ အတင်းကိုလာဖက်တော့တဲ့ရှင်းဂျယ်ယွန်းက ရင်ခုန်ချင်စရာအတိဖြစ်နေပြန်တာပဲ။ ပတ်ပတ်လည်ကမျက်ဝန်းစိမ်းအကြည့်တွေဟာ ကိုယ်တို့နှစ်ယောက်ဆီသို့ အံ့ဩတစ်မျိုး ရှုံ့ချတစ်ဖုံ အဓိပ္ပာယ်ပေါင်းစုံနဲ့စုပြုံဦးတည်လာကြသည်။

"အိမ်အမြန်ပြန်ရအောင် ဘေ့လှဲဖို့လိုနေပြီ ဒီလိုနဲ့မေ့လဲတဲ့အထိအခြေနေဆိုးသွားလို့မဖြစ်တော့ဘူး"

လက်ဖဝါးနွေးတွေသည် ကိုယ့်ပါးပြင်ထက်မှာနေရာယူထွေးပွေ့ထားဆဲ၊ ပူးပူးကပ်ကပ်ဖြစ်လွန်းနေသည့်ကိုယ်တို့အခြေနေကို အားမနာတမ်း ဇွတ်စိုက်ကြည့်နေသည့်မျက်လုံးတွေကလဲပိုပိုဆိုးလာသည်။ နေရခက်လာတာကြောင့်ပဲ ဆောင်ဟွန်း ပတ်ဝန်းကျင်ကို မရဲတရဲတစ်ချက်ဝေ့ကြည့်လိုက်ရင်း သူ့လက်လေးကိုဖြုတ်ချဖို့ပြင်တော့ သူကခွင့်မပေး

"ဟို နည်းနည်းခွါအုံး လူတွေတအားလိုက်ကြည့်နေသလိုပဲ အဲ့လောက်ကြီးနီးနီးကပ်ကပ်မနေနဲ့"

"မခွါပေးချင်ပါ၊ လူတွေကြည့်တာဘာလုပ်ရမှာတဲ့လဲ အဲ့ဒီလူတွေကဘေ့လဲမဟုတ်၊ ကိုကိုအရေးမစိုက်ဘူး"

သတိပေးမှ သူဟာပိုကဲပြသည်။ စိတ်မပျော်တဲ့ပတ်ဝန်းကျင်ကြီးမှာ အဖျားရှိန်ကတငွေ့ငွေ့တက်နေပြန်၊ ခန္ဓာကိုယ်ကလဲသူနှင့်တုပြောနိုင်လောက်သည်ထိ အားအင်တွေလုံလုံလောက်လောက်ရှိမနေတာကြောင့် ဆွဲဖက်ထားတဲ့သူ့လက်တွေထဲမှာပဲ ဆောင်ဟွန်း ပျော့ခွေချလိုက်မိတော့သည်။

"ဂျယ်ယွန်း ကိုယ့်လူကိုယ်သာသေချာဂရုစိုက်ခေါ်လာခဲ့ ငါလိုက်ပို့မယ်ကားရှေ့ထိ"

ဘေးမှာရပ်နေသောShim HeeSeungက ယိုင်တိုင်တိုင်ဖြစ်နေတဲ့ကိုယ့်ပုံစံကို မဲ့ကာတစ်ချက်အကြည့်ပို့၏။ ပြီးတာနှင့် ပြောပြောဆိုဆိုပဲ အိတ်ထုတ်တွေကိုကောက်ဆွဲကာ ထွက်သွားနှင့်တော့သည်။

"ကိုကို သွားမယ်လေ ဘာတွေငိုင်ကြည့်နေတာလဲ"

အိတ်တွေဆွဲကာထွက်သွားတဲ့ ဟီဆွန်းနောက်သို့ငြိမ်ငြိမ်ကြီးစိုက်ကြည့်နေတဲ့သူက ရုတ်တရက်အိမ်ပြန်ဖို့ကိုမေ့သွားသလိုပင်။ ကိုယ်စကားသံထွက်ကာ သတိပေးနေသည့်တိုင် သူဟာအသိစိတ်အာရုံပြန်ကပ်လာသေးပုံမပေါ်။ စူးစိုက်လွန်းနေတဲ့မျက်နှာတင်းတင်းပေါ်က ပါးမို့လေးနှစ်ဖက်ကိုဆွဲဖျစ်ပစ်လိုက်တော့မှ

"ဟင်....ဘေ့"

"သွားမယ်လို့ ဘာတွေတွေးနေတာလဲ ကျွန်တော့်စကားသံတောင်နားထဲမဝင်ရတဲ့အထိ ထွေထွေထူးထူးကိစ္စတွေရှိလို့လား"

"ဘာကိုထွေထွေထူးထူးရှိရမလဲ ဘာမှမရှိဘူး၊ သွားရအောင်"

မျက်ဝန်းနက်တွေထဲတော့ ပုံမှန်မဟုတ်နိုင်သောအတွေးအပိုင်းအစတစ်ချို့ကို ရိပ်မိလိုက်ပါသည်။ ထူးဆန်းသလိုတစ်ချက်ခံစားလိုက်ရပေမယ့် ဆောင်ဟွန်းအတင်းအကြပ်မမေးချင်၊ သူကအရေးကြီးရင်တော့ကိုယ့်ကိုသေချာပေါက်ပြောမှာပဲမဟုတ်လား၊

အဖျားရှိန်ကြောင့် မျက်ခွံလေးလေးတို့ဟာ ဟန်မဆောင်နိုင်လောက်အောင် အိပ်ပစ်လိုက်ချင်နေပုံရ၏။ ဒီ့အပြင် တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ခေါင်းတွင်းဝေဒနာကြောင့်ပါရောပြီး ပွေ့ဖက်ထားတဲ့သူ့လက်တွေကိုသာမှီရင်း ကားထဲသို့ရောက်မှန်းမသိရောက်လာခဲ့ရသည်။


*******

"Hyung တစ်ခုလောက်ထပ်ကူညီပေးပါအုံး Dr.Kimကိုသွားခေါ်ပေးလို့ရမလား"

ဆောင်ဟွန်းငယ်ကိုကားတွင်းထဲသို့ အသာနေရာချပေးရင်း ပြောလိုက်တော့ ကားနံဘေးမှာရပ်နေတဲ့ အစ်ကိုဖြစ်သူက မျက်နှာတစ်ချက်ပျက်သွားသည်။ ဒါကို ဂျယ်ယွန်းသတိထားမထားလိုက်တာပဲဖြစ်မည်။ အဖျားရှိန်တစ်ငွေ့ငွေ့တက်နေတဲ့မျက်နှာရဲရဲလေးဆီကိုပဲ စိုးရိမ်စိတ်ကြီးနေခဲ့တာကြောင့်များလား။

"Dr.Kim ကိုခေါ်ဖို့ထိ လိုလို့လား"

Hyungစကားကြောင့် လူကမျက်ခနဲစိတ်ဆတ်ချင်မိသွားသလိုလို၊ ဂျယ်ယွန်း ကားတံခါးကိုပြန်ပိတ်ပြီး ခပ်ငေါက်ငေါက်အကြည့်တစ်ချက်ပို့ကာ

"ကိုယ်ပူရှိန်တွေတအားတက်နေတာ ကလေးကမျက်လုံးတောင်မဖွင့်နိုင်တော့ဘူး ဆရာဝန်မခေါ်ပေးလို့hyungကုပေးမှာလား ကျွန်တော်ကုတတ်ရင်တော့ ဘယ်သူ့မှခေါ်မနေတော့ဘူး"

သူ ခပ်ငေါက်ငေါက်ပြောလိုက်ခါမှ ဟီဆွန်းကနှာတစ်ချက်ရှုံ့သည်။ ငါပဲအရှုံးပေးတယ်ဆိုသောမျက်နှာပေးတစ်ချက်နှင့် ခပ်ကြုံ့ကြုံ့မျက်ခုံးတန်းတွေကစိတ်ရှုပ်ခြင်းမည်နေသည်။

"Hyung! Dr.Kimနဲ့ ပြဿနာတစ်ခုခုဖြစ်ထားလို့လား"

"ဘာပြဿနာဖြစ်ရမှာလဲ သူနဲ့ငါနဲ့ကပြဿနာဖြစ်ရလောက်တဲ့ထိနီးကပ်တဲ့ဆက်ဆံရေးလဲမဟုတ်တာကို"

"မသိဘူးလေ ခနလေးသွားခေါ်ခိုင်းတာကိုအရမ်းစိတ်ညစ်တဲ့ပုံတွေပြနေတော့ထူးဆန်းတာပေါ့"

"ဒီတိုင်းပါ မင်းပုံစံက အရင်ကထက်အဖြစ်ပိုသည်းလွန်းလာသလားလို့၊ အနေအထိုင်တွေဆင်ခြင်တာကောင်းမယ်ဂျယ်ယွန်း ဘယ်အရာကိုမှသတိလက်လွတ်မတွေးလိုက်နဲ့၊ ပြန်နှင့်တော့ ငါDr.Kimကိုသွားခေါ်ပြီးလိုက်လာခဲ့မယ်"

ခပ်တည်တည် ဤစကားတစ်ခွန်းက သူ့စိတ်ထဲတော့ခိုးလို့ခုလု ဘဝင်မကျစရာ၊ လှည့်ထွက်သွားတဲ့ ဟီဆွန်းကိုကြည့်ရင်း ဂျယ်ယွန်းခေတ္တတွေဝေနေမိတုန်း

"Hyung!"

ဟီဆွန်း၏ခြေလှမ်းတွေအဝေးကိုမရောက်ခင်မှာပဲ သူ တွေငိုင်နေရာမှာခေါ်သံတစ်ချက်ပြုလိုက်မိသည်။ Hyungဟာသူ့ထံ ဆတ်ခနဲပြန်လှည့်ကြည့်လာ၏။

"ဘာလဲ....ထပ်ပြီးဘာများခိုင်းအုံးမလို့လဲ"

စိတ်ရှုပ်နေသောမျက်ခုံးတန်းတွေကိုကြုံ့ရင်း ငြီးငြီးငြူငြူလှည့်ပြောလာတဲ့သူ့အစ်ကိုက သမရိုးကျဖြစ်လွန်းပါသည်။

သူ့အသက်၁၁နှစ်၊ ဘဝအကြောင်း လူတွေအကြောင်းကိုသိမြင်နိုင်စအရွယ်ကစပြီး နေ့ရက်တိုင်းမှာဒီအစ်ကိုနဲ့အတူနေထိုင်ဖြတ်သန်းလာခဲ့ကြတာ သူ့တစ်သက်နီးနီးတောင်ရှိတော့မည်။

အေးစက်ခက်ထန်သောထိန်းချုပ်မှုတွေအောက်က ညီအစ်ကိုနှစ်ယောက်စလုံးရဲ့ဘဝဟာအရိုင်းဆန်ခဲ့တာများသည်၊ မွန်းကြပ်စရာတွေအတိ။ ဒီလိုမျိုး မိဘ၏ချစ်ခင်မှုဂရုစိုက်မှုကိုငတ်မွတ်ခဲ့ကြသူချင်းအတူတူတောင် သူကတော့ ဒီအစ်ကိုပေးတဲ့မေတ္တာငွေ့တွေနဲ့နွေးနိုင်ခဲ့သေးတာ။

အဖေ့ရဲ့အဆူအကြိမ်းချုပ်ခြယ်မှုတွေကြားက စိတ်မွန်းကြပ်ရချိန်တိုင်း ထင်တိုင်းကျဲလေ့ရှိသောသူ့လိုပြဿနာကောင်ကို 'ဂျယ်ယွန်းကွာ မင်းကတော့ပြဿနာရှာပြန်ပြီကွာ' Hyungဟာ ဤကဲ့သို့သာငြီးငြူပြလေ့ရှိ၏။

ပြီးတာနှင့် ဆိုးသမျှအကုန် ဒိုင်ခံဖြေရှင်းပေးတတ်တဲ့ဒီအစ်ကိုက သူ့တစ်ဘဝလုံးစာယုံကြည်မှီခိုလာခဲ့တဲ့ တစ်ဦးတည်းသော ဆွေမျိုးသွေးသားဖြစ်နေခဲ့ခြင်းပင်။

ဒီလိုလူမျိုးမှာမှ သူမမြင်ဖူးခဲ့သော မမြင်နိုင်ခဲ့သော မျက်နှာတစ်ဖက်ခြမ်းတွေရှိနေလိမ့်မယ်ဆိုတဲ့သံသယတစ်ချို့ဟာ ဂျယ်ယွန်းအတွက်တော့ စိတ်ကူးပုံဖော်၍ပင်မရနိုင်သလို အစိမ်းသက်သက်ဆန်လွန်းလှ၏။ သို့သော်လည်း......

လွန်ခဲ့သောနာရီပိုင်းခန့်ကတွေ့ခဲ့ရတဲ့ ရေခဲသေတ္တာအပေါ်ဆူံးထပ်မှ သွေးစွန်းရှပ်ဖြူသည် ဂျယ်ယွန်း၏စိတ်အစုံကို ဆက်တိုက်လွှမ်းမိုးနေခဲ့ပုံရ၏။

ထိုရှပ်ဖြူသည် ဟီဆွန်းhyung၏shirtသာပဲဖြစ်မည်လော၊ ထိုကဲ့သို့ဖြစ်လိမ့်ပါသော် ရှပ်ဖြူစမှာစွန်းနေတဲ့သွေးတို့ကရော ဘယ်သူ့သွေးတွေများဖြစ်နေခဲ့လို့ ဘာကြောင့်များစွန်းထင်းခဲ့ရတာ....မေးခွန်းပေါင်းစုံဟာ ဦးခေါင်းတစ်ခုလုံးကို ဆက်တိုက်ဖိအားပေးနေခဲ့သည်။

ဂျယ်ယွန်း တစ်ဆို့ဆို့ခံစားချက််တစ်ချို့ကို လည်စလုတ်ကလေးအားအပေါ်အောက်မျောချလိုက်ရင်း၊ ထွက်ကျလာသော အနှီမရဲတရဲ မေးခွန်းက ဟီဆွန်းhyungထံသို့......

"ရေခဲသေတ္တာအပေါ်ထပ်မှာ ရှပ်အင်္ကျီတစ်ထည်တွေ့ခဲ့တယ်၊ အဲ့တာ hyungအင်္ကျီလား"

လက်သီးဆုပ်ကိုခပ်ဖွဖွတင်းထားရင်း မေးချလိုက်မိတဲ့တစ်ခန သူ့အစ်ကိုဟာငြိမ်သွားသည်။ ချက်ချင်းမတုံ့ပြန်သေးသည့် ထိုအမူအရာကဘာလဲ၊ အကျွမ်းတဝင်မရှိလှသောခံစားချက်တစ်ချို့ဟာ နှလုံးအိမ်ထဲသို့ အစိမ်းသက်သက်စိမ့်ဝင်လာ၏။

*အဲ့ဒီ ရှပ်အင်္ကျီဖြူက hyungဟာမဟုတ်ခဲ့ရင် Sim အိမ်တော်ကိုသူစိမ်းဝင်ခဲ့တာများလား*

*အကယ်၍ ဟုတ်ခဲ့တယ်ဆိုရင်ရော ဘာလို့များ ဝတ်ပြီးသားအင်္ကျီကို ရေခဲသေတ္တာထဲမှာထည့်ထားရတာ*

*ငါမရှိခဲ့တဲ့ရက်တွေတုန်းက hyungမှာဘာတွေများဖြစ်ခဲ့တာလဲ*

*hyungကို တစ်စုံတစ်ယောက်ကများ အန္တရာယ်ပြုခဲ့တာလား*

*ဒါမှမဟုတ်.......hyungကပဲ တစ်စုံတစ်ယောက်ကို......*

တူးဆွ ခွဲဖြာမိတဲ့ အတွေးဆိုးတွေဟာ တစ်ဖြည်းဖြည်း နယ်ကျယ်လာလေ ဂျယ်ယွန်းမှာ လက်သီးနှစ်ဖက်ကိုပိုကာတင်းတင်းဆုပ်မိလေဖြစ်တော့၏။ သူ အဆုံးအစွန်ထိ တွေးပစ်လိုက်မိခါနီးမှာပဲ hyungထံမှခပ်ပြုံးပြုံးစကားသံပြန်ထွက်လာသည်။

"အော် မင်းတို့တွေပျောက်သွားတဲ့နေ့တွေက ငါစိတ်ရှုပ်ရှုပ်နဲ့ လျှောက်အမူးလွန်ပြီး မတော်တဆချော်လဲသွားတာလေ အဲ့ကသွေးတွေပေတာနေမယ်၊ အဲ့ညကငါတစ်ယောက်ထဲမူးမူးနဲ့ အင်္ကျီကြီးကိုရေခဲသေတ္တာထဲလျှောက်ထည့်မိတာထင်ပါတယ်ကွာ မင်းတို့ပယောဂတွေပေါ့ မူးနေတုန်းကဖြစ်တာတွေဆိုတော့ မနည်းပြန်တွေးလိုက်ရတယ်"

"ခုမှ စုံထောက်စစ် လာစစ်နေတာလား၊ အိမ်ပြန်ပါတော့ Mr.Jake Simရယ် ငါ့မှာ မင်းလူအတွက်Dr.Kimကိုသွားခေါ်ပေးပြီးရင် ကုမ္ပဏီပြန်ရအုံးမယ်၊ အားမနေဘူး သွားတော့မယ်"

Hyungက ဤကဲ့သို့ရီရီမောမောပြောပြီးတာနဲ့ချက်ချင်း ချာခနဲလှည့်ထွက်သွားသည်။ အပြည့်အဝစိတ်ကျေနပ်မှုမရလိုက်သော်ငြား တင်းနေတဲ့စိတ်တစ်ဝက်နဲ့အတူ လက်သီးဆုပ်နှစ်ဖက်ဟာ မရဲတရဲပြန်လျော့သွား၏။ ထို့နောက်မှာတော့ ထွက်သွားတဲ့ အစ်ကိုဖြစ်သူ၏ ကျောပြင်ကိုစိုက်ကြည့်ရင်း ဂျယ်ယွန်းခေါင်းအသာခါမိသည်။

သက်ပြင်းတစ်ချက်နဲ့အတူ မဖြစ်နိုင်သောသံသယစိတ်တစ်ချို့ကို ဇွတ်သာနှင်လွှတ်နေမိရင်း ဖြတ်ခနဲ မေးခွန်းစိမ်းတစ်ခုက ဦးနှောက်ထဲကိုဝင်လာသည်။

"Hyungက သူ့ရှပ်အင်္ကျီအဖြူမှာသွေးစွန်းနေတဲ့အကြောင်း ငါလဲမေမေးမိပဲ ဘာလို့ရှင်းပြသွားခဲ့တာလဲ........"

*********


"ဒီနေ့အတန်းကဒီလောက်ပါပဲ မနက်ဖြန်မှဆက်တွေ့ပါမယ်"

စာအုပ်သိမ်းသံ စကားပြောသံတို့နှင့်အုပ်အုပ်ကျက်ကျက်စာသင်ခန်းအတွင်းမှ ဘေးလွယ်အိတ်အနက်လေးကိုပိုက်ရင်း ဆောနူထွက်လာခဲ့သည်။ ဒီနေ့အတွက်တော့ သင်ရမယ့်အတန်းတွေ အကုန်ပြီးလို့ နားချိန်စာစောရတဲ့ရက်ဟုတောင်ပြောလို့ရသော်ငြား လျှောက်နေတဲ့ခြေလှမ်းတွေကလေးဖင့်ဖင့်ရယ်၊ အားမရှိ အင်မရှိနှင့် ဒီလိုမျိုး မှိုင်တွေချရခြင်းတွေဟာ Shim HeeSeungနှင့်အကြီးအကျယ်စကားများခဲ့ကြသောနေ့ကစတင်ခဲ့တာဖြစ်လိမ့်မည်။

ဆောနူနဲ့သူ ရန်ဖြစ်စကားများပြီး မခေါ်မပြောနိုင်နှင့် အဆက်အသွယ်မလုပ်ခဲ့ရတာ အတော်ပင်ကြာသွားခဲ့ပြီ။ ကိုယ်တိုင်ကလဲအဆင်မပြေသလို သေချာပေါက်ဒီရက်တွေထဲမှာ သူအရမ်းခက်ခဲနေခဲ့တာကိုလဲ ဆောနူသိသည်။

ထို့ကြောင့်ပဲ ကိုယ့်ဘက်ကစတင်ဆက်သွယ်ခဲ့ပါသော်လည်း စိတ်ဆိုးခဲသောချစ်သူဟာ စိတ်ဆိုးမိတော့လဲအမျက်ကြီးပုံရ၏။ အကြိမ်ပေါင်းများစွာသော ဖုန်းခေါ်ဆိုခြင်းတွေကို မကိုင်နိုင်ခဲ့။ ဒီလိုနဲ့ပဲ ကိုယ့်ဘက်သူမလာ သူ့ဘက်လဲကိုယ်မသွားရဲနှင့် တအုံ့အုံ့နွေးနွေး စစ်အေးတိုက်ပွဲက ဤကဲ့သို့ပင် ရက်တွေရှည်ကြာနေခဲ့သည်ပဲ။

မညာတမ်းပြောရရင် ကိုယ်ကတော့ သိပ်လွမ်းနေရခြင်းတွေပဲပေါ့။ ယခင်က ဒီလိုအားလပ်ချိန်စောစောရတဲ့နေ့မျိုးတွေမှာဆို ချစ်သူနဲ့သာအချိန်ဖြုန်းနေကျကိုယ်က ယခုတော့ ဟာတာတာနှင့် ဆွေးဆွေးမြေ့မြေ့ကြီးပင်။ ရင်နှင့်အမျှကို သူ့ထံတမ်းတရပြန်ပါသည်။

*ကို့မျက်နှာလေးတော့ ခနလောက်ဖြစ်ဖြစ် မြင်ချင်မိတာ အရမ်းကြီးမားတဲ့အလိုဆန္ဒဖြစ်သွားခဲ့လို့လား၊ ပုန်းရှောင်နေတဲ့ကိုဟာ တကယ်လူဆိုးပါပဲ*

"ရှင်းမ်ဟီဆွန်း......မကောင်းတဲ့လူကြီး....."

နူတ်ခမ်းနီဆွေးဆွေးကိုဆူကာ ခပ်တိုးတိုးပြောဆိုလိုက်ရင်း busမှတ်တိုင်ရောက်မှ ကျောင်းဝန်းအပြင်ဘက်ကိုရောက်လာမှန်းသတိထားမိသည်။ တစ်ချိန်လုံး ဟိုလူဆိုးကြီးအကြောင်းတွေသာ ခေါင်းထဲတဝဲလည်လည်ဖြစ်နေခဲ့တော့ အရာရာဟာစိတ်နှင့်ကိုယ်နှင့်မကပ်။

သက်ပြင်းတွေစွတ်ချရင်း လမ်းတစ်ဖက်ကိုငေးကြည့်မိတော့လဲ ထပ်တွေ့ရပြန်တဲ့ မြင်ဖူးနေကျကားနီနီရယ်၊ လွမ်းမောရသော ထိုအမျိုးသားရဲ့ပုံရိပ်တွေက မြင်ကွင်းထဲမှာတဝဲလည်လည်။

"ရှင်းဟီဆွန်း တကယ်မကောင်းတဲ့လူ၊ ဉီးနှောက်ထဲထိ မွှေနှောက်ရတာအားမရလို့၊ အမြင်အာရုံထဲအထိပါအနှောင့်ယှက်ပေးနေပြန်တာလား......ဒီမျက်လုံးတွေကလဲ.....ကဲ မြင်ယောင်ချင်အုံး မြင်ယောင်ချင်အုံး"

လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းထိရိုက်မိသော ပါးပြင်မို့မို့တွေဟာ မက်မွန်ရောင်ပြေးကုန်သည်။ စိတ်ရှုပ်စွာ မျက်လုံးနှစ်ဖက်ကိုပွတ်သပ်နေမိစဉ် အိတ်ကဒ်ထဲက တစ်ဂျီဂျီတုန်မြည်လာသောဖုန်း

ဆောနူ စိတ်တိုတိုနှင့် ဖုန်းကိုတောင်တစ်ချက်မကြည့်ပဲ တန်းကိုင်လိုက်မိသည်။

"Hello ဘယ်သူလဲ ဘာကိစ္စလဲ"

ကြည်လင်မနေတဲ့ စိတ်အခြေနေကြောင့် ထွက်လာတဲ့စကားသံကပါ ဘောက်ဆတ်ဆတ်တွေဖြစ်ကုန်သည်။

ခေါ်ပြီး ဘာစကားသံမှတုန့်ပြန်မလာသေးသည့် ဖုန်းတစ်ဖက်ကတစ်စုံတစ်ယောက်သည်လဲ ဒီတစ်နေကုန်စိတ်အခြေနေမကြည်လင်မှုများ၏ စုပြုံပေါက်ကွဲရာဖြစ်တော့မည်လား။ ဆောနူ အောက်နူတ်ခမ်းကိုရှေ့သို့ပစ်ရင်း နဖူးထက်သို့လေပူတွေမှုတ်ထုတ်ကာ ဒေါသတွေကိုစုလိုက်သည်။

စိတ်ရှိလက်ရှိ ပြောဆိုပစ်ရန် နီရင့်ဆွေးနူတ်ခမ်းလေးကို ဖွင့်ဟလိုက်ချိန်မှာပဲ ဖုန်းတစ်ဖက်ကထွက်ပေါ်လာတဲ့ အသံကြည်ကြည်။

"တစ်ယောက်ထဲ ဒေါသထွက်နေတာပဲ ဘာပြဿနာဖြစ်လာခဲ့လို့လဲ အဆင်ပြေရဲ့လား"

လွမ်းငွေ့သက်တွေဟာ အသံကြည်ကြည်ထဲမှာရောလာသည်။ ဒါကရော နားကြားမှားနေမိတာပဲလား ဆောနူ အံကိုကြိတ်မိရင်း နားဆီမှကပ်ထားတဲ့ဖုန်းကိုခွါကြည့်မိ၏။

ဖုန်းမျက်နှာပြင်လေးထက်မှာ 'Seung'ဟူသည့် အမည်နာမလှလှလေးက ဆောနူအားလှောင်ရီနေသယောင်၊ ပြာပြာသလဲ လမ်းတစ်ဖက်ဆီထပ်ကြည့်မိတဲ့အခိုက်မှာ ကားနီနီကိုအမှီပြုကာ ဖုန်းကိုင်ထားတဲ့ထိုအမျိုးသားက ကိုယ်ရှိရာဘက်အားဆွေးဆွေးမြေ့မြေ့ငေးနေတာကို မြင်ရပြန်သည်။

"ကို......"

မြတ်နိုးရတဲ့နာမ်စားလေးကို လွှတ်ခနဲတီးတိုးရေရွတ်မိတဲ့အခါ တစ်ဖက်ကသူကြားသွားမလားမတွေးဆမိခဲ့၊ ချက်ချင်းပဲ လွမ်းဖျားတွေကိုသယ်လို့ သူ့ဆီအပြေးအလွှားသွားဖို့ရာပဲခေါင်းထဲရှိတော့၏။

သို့သော်လဲ တစ်ဖက်ကသူပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ဖြစ်မလား ခြေလှမ်းတွေဟာရှေ့မရောက်နိုင်ခဲ့တော့ ရပ်နေရက်သားနေရာမှာတင်အတောင့်လိုက်ကြီးနှင့် ခန္ဓာကိုယ်တစ်ခုလုံးဟာ ရေခဲရိုက်ထားသလိုအေးစက်သွားသည်။

"ဘာပဲဖြစ်ဖြစ် စံအိမ်ကိုခနတော့လိုက်ခဲ့မှဖြစ်မယ် လူနာရှိနေလို့ အခု...ချက်ချင်း"

အမိန့်ပေးသံလား တောင်းဆိုသံလား ခွဲခြမ်းစိတ်ဖြာဖို့ရာ အာရုံကြောတွေကမအားနိုင်ခဲ့၊ တစ်ခုသာ....နှလုံးအိမ်ဆီကတော့အောင့်သက်သက်နဲ့ အတော်လေးဝမ်းနည်းသွားရပုံပဲ။ ကိုယ့်မှာဖြင့် တစ်သက်လောက်တောင်ဝေးကွာနေခဲ့သလိုရူးမတတ်လွမ်းရငြား တစ်ဖက်ကသူဟာ အေးအေးသက်သာရယ်တဲ့၊ အလုပ်သဘောဆန်တဲ့သူ့စကားသံတွေက ဆောနူအတွက်တော့ ရင်ကွဲစရာ။

'ရက်စက်လိုက်တာကွယ် ကို အချစ်ကိုနည်းနည်းလေးတောင်မလွမ်းခဲ့ဘူးလားဟင်.....' ဆောနူ ငိုငိုပြီး သူ့ကိုမေးပစ်လိုက်ချင်ပါရဲ့.......
'အချစ်တော့ဖြင့် ကို့ကိုသိပ်တမ်းတနေခဲ့ရတာ ကိုကအေးစက်ရက်တယ်ကွယ် ကိုတကယ်မကောင်းတဲ့လူပဲ' ရှိရှိသမျှအားအင်တွေသုံးပြီး ထုရိုက်အော်ဟစ်ရင်းပေါက်ကွဲပစ်လိုက်ချင်ရဲ့......

သို့သော်လည်း လက်တွေ့မှာတော့ အံကိုသာတင်းတင်းကြိတ်ရင်း ခံစားချက်တွေကိုမြိုချနေမိသည်။ ရစရာမရှိတော့တဲ့နှလုံးသားကဆတ်ဆတ်ခါအောင်နာနေပေမယ့် လက်ဆွဲအိတ်လေးကို ခပ်တင်းတင်းပိုက်ရင်း လမ်းတစ်ဖက်ကိုကူးသွားမိသည်။ လျှံကျလာတော့မည့် မျက်ရည်စတစ်ချို့ကိုလဲ သူမမြင်ခင်မှာတင် ကြိုသုတ်ထားနှင့်မိ၏။

ချစ်သူရည်းစားဆက်ဆံရေးမှာ အဆင်မပြေစရာအဖုအထစ်တွေဖြစ်လာတဲ့အခါ အသုံးမဝင်တဲ့မာနတွေကို ဆောနူမထားချင်ပါ၊ ထားဖို့လဲစိတ်ကူးမရှိ ဒါပေမယ့် အဆုံးအစွန်ထိအလျှော့ပေးပစ်လိုက်ဖို့ကျတော့လဲ တွန့်ဆုတ်နေမိစရာပဲ။

ဆောနူ မျက်လုံးလေးကိုထောင့်ကပ်ရင်း ဘေးဘက်သို့မသိမသာချောင်းကြည့်မိသည်။ သူ့နူတ်ခမ်းပါးတွေဟာ တင်းတင်းစေ့နေမြဲ။ ကိုယ့်ဆီအမြဲလာနေကျ သမင်မျက်လုံးလေးတွေဆီကနေ အေးအေးစက်စက်ကိုလျစ်လျုရှုခံနေရခြင်းတွေပါပဲ။

သူဟာ ဒီလိုပဲဆက်ပြီးတင်းမာနေအုံးတော့မှာတဲ့လား။ ခက်ထန်နေတဲ့ ဒီမျက်ဝန်းတွေကိုဆောနူမသိ၊ ပြုံးရိပ်မရှိ နူတ်ခမ်းပါးတွေအောက်မှာကျရှုံးလိုက်ဖို့အတွက်က လက်ကျန်မာန်စွယ်သေးသေးလေးကိုထိခိုက်နေသလို ခံရခက်သည်။

တစ်ခုခုစကားစ ပေါ်လာလိုပေါ်လာငြား ဆောနူ ကားပြတင်းမှန်ကိုလေးတွဲ့တွဲ့မှီရင်း သူကြားအောင် သိသိသာသာ သက်ပြင်းချသံတွေကျယ်လောင်ပြမိသေး၏။ သူ ကြားပါသည်၊ ကြားပါရဲ့နဲ့များ....ကိုယ့်ဝမ်းနည်းမှုတွေကိုလဲမြင်နေပါရဲ့နဲ့......သူဟာဆက်တိုက်လျစ်လျူရှုပြန်၏။

ဘယ်လောက်စိတ်တိုစရာကောင်းလိုက်သလဲ.....
ဇွတ်အတင်းထိန်းထားခဲ့တဲ့မျက်ရည်စတွေဟာ အသံတိတ်တစ်ခါပြိုလဲရပြန်သည်။

တစ်ရိပ်ရိပ် မောင်းနှင်လာခဲ့တဲ့ ကားနီလေးသည်လဲ ရောက်ဖူးနေကျစံတော်အိမ်ကြီးထဲသို့ ထပ်မံ စီးနင်းဝင်ရောက်လာခဲ့ပြန်၏။

ညင်သာခြင်းမရှိ ကားကိုတုန့်ခနဲတန်းရပ်ပြီး အရင်ဆင်းနှင့်သွားတဲ့သူ့ကို ဆောနူခပ်မဲ့မဲ့တစ်ချက်ကြည့်လိုက်သည်။

"မုန်းလိုက်တာ ရူးနေတဲ့လူ......"

တိုးတိုးလေးကျိန်ဆဲလိုက်သံကိုတော့ သူမကြားသွားစေလို၊ မျက်ရည်စလက်ကျန်တွေကို ကပြာကယာသုတ်လိုက်ရင်း ကားပေါ်ကဆင်းမယ်အပြု ရုတ်ရက်ကားတံခါးကတန်းပွင့်သွားသည်။

အပြင်ဘက်ကိုမော်ကြည့်လိုက်မိတော့ ကားတံခါးကိုကိုင်ကာ ရပ်စောင့်ပေးနေတဲ့သူက မှုန်ကုပ်ကုပ်နှင့်၊ အဓိပ္ပာယ်ဖွင့်ဟရခက်ပြန်ရဲ့။ ခပ်တည်တည်မျက်ဝန်းတစ်စုံကတော့ ကိုယ့်ဆီမှအကြည့်လွှဲနေဆဲ။

ဖြတ်တိုက်သွားသော ကိုယ့်ရဲ့အလိုမကျမျက်ဝန်းတစ်စုံကို သူဟာစိတ်ဝင်စားပုံမပေါ်သလိုနဲ့၊ ကားတံခါးအား မညင်မသာဆောင့်ပိတ်ကာ အိမ်ထဲသို့ဝင်နှင့်သွား၏။

နူတ်ဖျားရဲရဲလေးက ထပ်ပြီးကျိန်ဆဲပြောဆိုမိပြန်သည်။

"တကယ်အရူးလိုလူပဲ....."

***********


"ဘေ့ ဘယ်လိုနေသေးလဲဟင် တစ်အားချမ်းနေတုန်းပဲလား"

အခန်းတွင်းအပူချိန်ကိုလဲအဆုံးထိမြှင့်ထားပြီး၊ ရောက်ထဲက ကလေးအနှီးထုပ်သလို စောင်အုပ်ကြီးထဲမှာ ထွေးထားပေးသည့်တိုင် မျက်နှာရဲရဲလေးဟာသက်သာလာပုံမပေါ်၊

"အင်း ခုနကလောက်မဟုတ်တောင်ချမ်းသေးတယ်"

ဂျယ်ယွန်း ဒီလိုအချိန်မျိုးတွေဆိုသိပ်စိတ်ညစ်ရသည်။ မထိရက်မကိုင်ရက် ကြင်သူသက်ညှာထံမှာ ဖျားနာ ဝေဒနာတွေများရတိုင်းကလဲ သူ့အတွက်ငရဲတစ်မျိုးပါပဲ။

"အဖျားဆိုတဲ့ကောင်ကဘာကောင်မို့လို့လဲကွာ ကိုကို့ခွင့်ပြုချက်မရှိ ဘေဘီ့ဆီကိုကျူးကျော်ရဲတယ် နှိပ်စက်ရဲတယ် သက်ရှိသာဆို အဲ့ဒီကောင်ကိုသေချာပေါက်အရှင်မထားဘူးပဲ"

"ကိုကိုကလေ ဒေါသတွေကိုကြံဖန်ထွက်ရပြန်ပြီ၊ ကဲပါ ဆရာဝန်ခေါ်ထားတယ်ဆိုရင်လဲ အခန်းပြင်ခနထွက်နေလိုက်နော်၊ ကျွန်တော့်ဆီကနေ အဖျားတွေကူးမှာစိုးလို့ကွယ်"

တုန်တုန်ယင်ယင်အသံလေးနဲ့ ကိုယ့်ဟာကိုယ်တောင် အသိစိတ်မနည်းထိန်းနေရတဲ့ကလေးငယ်က သူ့ကိုလှမ်းစိတ်ပူပြပြန်သည်။ ဂျယ်ယွန်း စောင်အုပ်ထဲကကောင်လေးကို နူတ်ခမ်းစူကာမဲ့စောင်းစောင်းစိုက်ကြည့်လိုက်သည်။

ပြီးတာနှင့် ကုတင်ဘေးခုံမှာထိုင်နေရင်းမှ ကုတင်ပေါ်ကစောင်အုပ်ကြီးဆီသို့ ဖြတ်ခနဲတက်ခုပ်အုပ်လိုက်တော့ နေမကောင်းတဲ့ကောင်လေးဟာ အားအင်မရှိအသံလေးကိုဇွတ်မြှင့်ကာအော်တော့၏။

"ဟာ ဒီကိုကို!!! ဆင်းလို့! ကျွန်တော်ဖျားနေတယ် အဖျားကူးမယ်၊ ပြောစကားကိုနားမထောင်လို့ တကယ်အဖျားကူးသွားရင် တစ်ပတ်မခေါ်ပဲနေလိုက်မှာနော် ညာမပြောဘူး အတည်"

ခြေထောက်တွေပါပစ်တင်ရင်း ခပ်တင်းတင်းဖက်ခံထားရတဲ့စောင်ပုံထဲကကောင်လေး၊ စွာနေကျအသံလေးက စိတ်မကောင်းရအောင်ပဲ သာမန်ထက်မှိန်ကျနေသည်။ အဖျားရှိန်ကြောင့်နဲ့ ယိုင်နဲ့နဲ့ဖြူရိပ်လေးဟာ သူ့ရင်ခွင်ထဲမှာလွတ်လမ်းမရှိပိတ်မိနေပေမယ့် ရှိသမျှအားအင်တွေနဲ့ တွန်းလွှတ်နေဆဲ။

"ကိုကို!! ကိုကိုလို့ခေါ်နေတဲ့လေသံပါမပျောက်စေချင်ရင် လူကိုလွှတ်လိုက်တော့နော်......အောက်ဆင်းနေပါလို့ဆို ခင်ဗျားဟာတကယ် ပြောမရဆိုမရ......"

မပြောမဆို ရုတ်တရက်ဆန်ဆန် ဖိကပ်ပစ်လိုက်တဲ့ နူတ်ခမ်းဖူးဖူးလေးက တစ်ခနတော့စကားသံတွေရပ်စဲသွားသည်။ မှဲ့နက်ကလေးဘေးက မျက်ဝန်းညိုတွေသည် ချစ်စရာကောင်းအောင် ပြုးပြူးကြီးအငိုက်မိသွားသလို။

"စကားများလိုက်တာ စာကလေးနူတ်ဖျားလေး ကျလိကျလိနဲ့"

နူတ်ခမ်းဖူးလေးကိုဖိနမ်းထားရင်းမှ မပီမသပြောလာတဲ့သူ့စကားတွေဖြစ်သည်။ ထိုအခါမှ အသိဝင်တဲ့ကောင်လေးဟာ ရုန်းပြန်၏။ နူတ်မှလဲဗလုံးဗထွေး စကားတွေပြန်ဆိုရင်းနဲ့

"ဖယ် ဖယ် နမ်းတာထိမဖြစ်ဘူး၊ ခင်ဗျားကွာ....တကယ်ရူးနေပြီ"

"နမ်းတာမဟုတ်ဘူး အဖျားတွေယူတာ၊ လာ ဘေ့အဖျားတွေ ကိုကို့ဆီအကုန်ပေး"

နူတ်ခမ်းလုံးလုံးလေးသည် အဖျားရှိန်ကြောင့် ပူနွေးနေရာမှ တစ်ဆတ်ဆတ်တုန်နေတာကို ဂျယ်ယွန်းခံစားမိ၏။ ချစ်မြတ်နိုးခြင်းတွေကိုစိတ်မှာထည့်ရင်း နူတ်ခမ်းဖူးလေးအား ခပ်ဖွဖွတစ်ချက်ငုံထွေးလိုက်သည်။

ပွေ့ဖက်ထားတဲ့ခန္ဓာငယ်လေးကိုလဲ ရင်ခွင်ထဲသို့ပိုကာတိုးကပ်စေရင်း နူတ်ခမ်းဖူးစိုစိုလေးဆီမှ သွေးရောင်လွှမ်းပါးပြင်ဆီသို့၊ ထိုမှတစ်ဆင့် နွေးလွလွအာငွေ့တစ်ချို့ကျရောက်စေကာထွေးငုံမိတဲ့ နားရွက်နီနီလေးရယ်၊ ငုံထွေးမိတဲ့တစ်ခနမှာ နားရွက်ဖျားတွေဟာ ရေခဲတစ်မျှအေးစက်နေသည်။

သူ့မှာခြေမကိုင်မိလက်မကိုင်မိ စိုးရိမ်စိတ်တွေကြီးရပြန်ပြီ။

"ဘေ့ရယ် အဖျားတွေတစ်အားကြီးနေတော့တာပဲ ကိုကိုစိတ်မချမ်းသာလိုက်တာကွာ မြန်မြန်သက်သာပါတော့"

ပါးပြင်ရဲရဲလေးဆီသို့ထွေးအုပ်ထားတဲ့ သူ့လက်တွေကို ထပ်ကိုင်လာရဲ့လက်ဖျားလေးတွေကအနွေးဓာတ်မရှိပဲအေးစက်နေလျက်၊ ဖျော့တော့တော့မျက်ဝန်းညိုတွေကတော့ သူ့ကိုချော့မြူနေလေ၏။

"ကျွန်တော်ကမြန်မြန်နေကောင်းလာမှာမို့လို့ ကိုကိုကဒီလိုမဆိုးရဘူးလေ၊ ကျွန်တော့်စကားကိုနားထောင်နော် အဖျားမကူးအောင်နေမှ နေပြန်ကောင်းတဲ့အခါ ကိုကို့နူတ်ခမ်းတွေကို ကျွန်တော်တစ်ဝကြီးနမ်းရှိုက်လို့ရမှာပေါ့"

ထုံးစံသမယ ဂျယ်ယွန်းမရုန်းနိုင်မယ့် ချုပ်ကွက်လှလှတွေ အစပျိုးလာလေပြီ။ ဒီလိုချစ်စကားစတွေနဲ့တင် လက်မြှောက်ခေါင်းငြိမ့်ရခြင်းတွေက မူပျက်ခဲ့တယ်ဆိုတာမရှိ။ သိပ်တတ်လွန်းတဲ့ကြင်သူကို နဖူးထိပ်နွေးနွေးဆီအသည်းတယားဖိကပ်နမ်းရှိုက်ရင်း ကုတင်ပေါ်မှဆင်းရတော့၏။

"ဒီတစ်နေ့တော့ ကျွန်တော့်စကားကိုနားထောင်ပြီး အခန်းပြင်မှာပဲလိမ်လိမ်မာမာနေပေးနော်"

"အင်း.....ကိုကို့ကို လွမ်းနေပါ့မယ်လို့လဲကတိပေးအုံး"

"မြင်နေရင်းတောင်လွမ်းတာကို တကူးတက ကတိတွေပေးရအုံးမတဲ့လား"

လွှတ်မပေးချင်မိတဲ့ လက်ဖျားအေးအေးလေးတွေက စိုးရိမ်စိတ်နှင့် ဇွတ်သာနှင်လွှတ်နေသည်။ ရှုပ်မဲ့မဲ့မျက်ခုံးတန်းနှစ်ဖက်နှင့်တူ လက်ခုံအေးအေးလေးအား သူဟာ နမ်းရှိုက်၍မဝနိုင်သလိုမျိုး နူတ်ခမ်းပါးတွေနှင့် အတော်ကြာကြာဖိကပ်နေလိုက်ပြီးနောက် အိမ်အောက်ဆီမှ ကားဟွန်းတီးသံတစ်ချက်ကြားရလာရသည်။ ပြတင်းတံခါးကတစ်ဆင့် ခြံထဲသို့ဝင်လာတဲ့ကားနီနီလေးကိုမြင်တော့မှ ဂျယ်ယွန်း အခန်းပြင်သို့ တကယ်ထွက်ဖြစ်နိုင်တော့၏။

"ဆရာဝန်ရောက်လာပြီ၊ ဘေ့လှဲနေနော် ကိုကိုအောက်ဆင်းခေါ်လိုက်အုံးမယ်"

"အင်း......ပြီးရင် အခန်းထဲထပ်ဝင်မလာနဲ့တော့နော် ဆရာဝန်ကြည့်ပြီးတာနဲ့ ကျွန်တော် တန်းအိပ်တော့မှာ၊ ဒါကြောင့် ကိုကိုမလာခဲ့နဲ့တော့၊ ခရီးလဲပန်းလာတာ အိပ်ရေးဝအောင်အိပ်လိုက်အုံး၊ လိုအပ်တာရှိလာရင်messageလှမ်းပို့လိုက်မယ် ဟုတ်ပြီလား"

သူ အသံမထွက်စေပဲ ခပ်မဲ့မဲ့ခေါင်းငြိမ့်ပြတော့ ဖျော်လျော်လျော်နူတ်ခမ်းဖူးလေးဟာ တကျေတနပ်ပြုံးရှာလေ၏။ ပါးပြင်နွေးနွေးတွေဆီ ဖတ်ခနဲ အနမ်းထွေးတစ်ချက်ပစ်ချခဲ့ပြီး အခန်းပြင်သို့ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်သည်။

ခြေလှမ်းကျဲတွေနှင့် အောက်ထပ်သို့ခပ်မြန်မြန်ဦးတည်နေရင်းမှ လှေကားထိပ်နားရောက်တော့ တုန့်ရပ်သွားရသည်။ လက်တစ်ဖက်ကိုဘောင်းဘီအိတ်ကဒ်ထဲထည့်ရင်း လေထွက်ပေါက်မရှိသည့် လှေကားထိပ်တည့်တည့်ကြီးမှာ စီးကရက်ရှိုက်နေသောအမျိုးသားတစ်ယောက်။ သူ့ကိုမြင်တော့ ရှိုက်လက်စအနှီစီးကရက်ကို နံရံသို့ထိုးချေပစ်ကာ ခပ်တည်တည်စိုက်ကြည့်လာ၏။

ဂျယ်ယွန်း လေပူတစ်ချက်ကိုမသိမသာမှုတ်ထုတ်ကာ သက်သက်သာသာဖြစ်မနေတဲ့ရင်ဘတ်တွင်းကိုအရင်ရှင်းထုတ်ရ၏။ ပြီးမှ ထိုအမျိုးသားအနီးသို့ တိုးလျှောက်သွားရင်း

"အဖေ စျာပနာကိုထားခဲ့ပြီးထွက်လာတာလား......ဘာကိစ္စရှိလို့ မလာစဖူး အိမ်ကိုရောက်လာရတာလဲ"

ဥက္ကဌSimဆိုတဲ့ထိုအမျိုးအသားက သူ့အမေးကိုဂရုမစိုက်သလို၊ လက်ကြားထဲမှစီးကရက်ကို နံရံဆီပစ်ပေါက်ရင်း လှေကားဆင်းအတိုင်းအောက်သို့လျှောက်သွားသည်။ ဂျယ်ယွန်းအနောက်ကနေ ကပ်လိုက်နေရာမှ ဘေးချင်းယှဉ်ကာလျှောက်ပစ်လိုက်တော့

ချက်ချင်းတုန့်ရပ်သွားတဲ့ခြေလှမ်းတစ်စုံနဲ့အတူ ဥက္ကဌSim၏ခပ်တင်းတင်းမျက်နှာမူရာက သူ့ထံသို့

"ဘယ်သူကမှ ငါနဲ့ဘေးချင်းယှဉ်ရပ်လို့မရဘူးဆိုတာကိုမေ့နေတာလားရှင်းဂျယ်ယွန်း"

ဘဝမှာလျစ်လျုရှုခံရခြင်းတွေကို ခါးခါးသီးသီးမုန်းမိသလောက် သူ့အဖေဆိုတဲ့ ဒီအမျိုးသားဟာ သူ၏မနှစ်မြို့ရခြင်းတွေကိုပဲရွေးကာပြုမူပြတတ်သလားအောက်မေ့ရသည်။

ယခုလို ကြိမ်းမောင်းသံကျယ်ကျယ်ထွက်လာတော့လဲ သူ့အတွက်ကျေနပ်စရာ၊ အနည်းဆုံးတော့ သူ့စကားကိုလျစ်လျုရှုခြင်းအတွက် ဒီအဖေမကြိုက်တာလုပ်ပြပြီး စိတ်တိုစရာလေးတွေဖြစ်ဖြစ်ပြန်ပေးလိုက်ရမှ တော်ကာကျမယ်မဟုတ်လား။

ခပ်မဲ့မဲ့ရီကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။

"ဘာကိစ္စရှိလို့လာသလဲမေးခဲ့တယ် ဖြေအုံးလေ"

ဥက္ကဌSimကမျက်ခုံးတစ်ဖက်ကို ခပ်မြောက်မြောက်ပင့်တင်ရင်း မဲ့ပြုံးပြုံးသည်။

"ပြဿနာအကြီးကြီးဖန်တီးသွားတဲ့ မင်းတို့နှစ်ယောက်ကိုလာကြည့်တာပဲပြောရမလား၊ အမေရဲ့စျာပနာကိုတောင်အစောကြီးပြန်သွားတဲ့သားအခြေနေကိုလဲ တစ်ချက်လာစစ်ရင်းပေါ့"

ဂျယ်ယွန်း အံတစ်ချက်ကြိတ်ကာ ဥက္ကဌSim၏မျက်နှာနားသို့ခြေတစ်လှမ်းတိုးကပ်လိုက်ပြီးမှ မျက်လုံးချင်းတည့်တည့်ဆိုင်လိုက်သည်။

"ဘာအကြောင်းနဲ့မှ ဆောင်ဟွန်းကို အရှုပ်တွေထဲဆွဲထည့်စရာမလိုဘူးနော်၊ အစအဆုံး အကုန်ကျွန်တော်တာဝန်ယူမယ့်ကိစ္စ ကျွန်တော်နဲ့ပဲရှင်းမယ်၊ အဖေပြောချင်တာအကုန်လုံးလဲ ကျွန်တော်တစ်ယောက်ထဲကိုပဲတိုက်ရိုက်ပြောပါ၊ သူ့ကိုတော့ လွှတ်ထားပေးလိုက်ပါ ကျေးဇူးပြုပြီး....."

မျက်ခုံးနှစ်ဖက်ကိုပင့်တင်လိုက်သောသူ့အဖေဟာ ဆတ်ခနဲ ခေါင်းတစ်ချက်ငြိမ့်ပြ၏။ ထို့နောက် လှောင်ပြုံးတစ်ချက်ကိုလှစ်ဟရင်း

"အိပ်မက်မက်နေတာတွေကိုရပ်ပြီး လက်တွေ့ဘဝထဲကိုပြန်ဝင်တော့ ငါ့ရဲ့သည်းခံပေးမှုကဒီထက်မပိုပေးနိုင်တော့ဘူးမလို့"

ဤတစ်ခွန်းပြောကာလှည့်ထွက်သွားတဲ့သူ့အဖေကြောင့် လက်သီးနှစ်ဖက်ဟာတင်းတင်းဆုပ်မိတော့၏။

"အဆုံးထိသွားချင်တဲ့သဘောလား......ဒါဆိုလဲ ကျွန်တော့်ဘက်က ဘာကိုမှဂရုစိုက်နေမှာမဟုတ်ဘူးနော်၊ အားလုံးကိုစွန့်လွှတ်နိုင်တယ် ကုမ္ပဏီ စည်းစိမ် ငွေ ဂုဏ် နောက်ပြီး ခင်ဗျား......အားလုံးကကျွန်တော့်အတွက် မြေစာခဲတွေလိုပဲ နည်းနည်းလေးတောင် အဖိုးတန်မနေတာကြောင့်"

"ဂျယ်ယွန်း!!!"

ခပ်ဟိန်းဟိန်းထွက်လာတဲ့ နာမည်ခေါ်သံတစ်ခုက သူ့အားစူးစူးဝါးဝါးလှမ်းကြည့်နေသော အဖေ့ဖြစ်သူထံမှထွက်လာခြင်းတော့ မဟုတ်ခဲ့။

အိမ်ထဲကိုရောက်နှင့်နေပြီးသော HeeSeung hyungနှင့်Dr.Kimရယ်၊ hyungက သူ့ထံ မျက်စိမျက်နှာပျက်နှင့်လှမ်းအော်နေလျက်၊ Dr.Kimကိုမြင်တော့မှ ဂျယ်ယွန်း အသိအာရုံတွေကိုပြန်စုရသည်။

"Dr.Kim အပေါ်ထပ်က ကျွန်တော့်အခန်းထဲကိုဝင်သွားလိုက်ပါ.....ကလေးကတစ်အားဖျားနေတာမို့ သေသေချာချာလေးဂရုစိုက်ကြည့်ပေးသွားပါအုံး"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါဆို ကျွန်တော် အပေါ်သွားလိုက်ပါအုံးမယ်"

ဖရိုဖရဲအမူအရာတို့ကို ရီရီပြုံးပြုံးထိန်းရင်း သူတို့ရှေ့မှခပ်သွက်သွက်ဖြတ်လျှောက်သွားတဲ့Dr.Kim။ ဒီလိုနှင့် သူရယ်၊ Hyungရယ် ဥက္ကဌSimရယ် သုံးယောက်သာကျန်ခဲ့တော့သည်။

ဥက္ကဌSimက ဘာမှဖြစ်မသွားခဲ့သလို အိတ်ကဒ်ထဲမှစီးကရက်နောက်တစ်လိပ်ကိုကိုက်ကာ မီးညှိနေသည်။

"ဥက္ကဌကြီး ဘယ်သူလိုက်ပို့တာလဲ ကားကို တစ်ယောက်ထဲမောင်းလာတာလား....ကျွန်တော်ကပြန်လိုက်ပို့ပါမယ်"

"မလိုဘူး ငါ့ဘာသာငါပြန်မယ်.....မင်းလဲလုပ်စရာရှိတာကိုပဲလုပ် မလိုအပ်တာတွေကိုပါလိုက်လုပ်ပေးပြီးမှ ဒီမိသားစုတွင်းမှာဇယားတွေမရှုပ်စေဖို့မျှော်လင့်တယ်"

"ကျွန်တော်တောင်းပန်ပါတယ်ဥက္ကဌကြီး နောက်မဖြစ်စေရပါဘူး"

ခေါင်းကိုငုံ့လျက် ရို့ကျိုးနေခဲ့သောhyungပုံစံက ယခင်အတိုင်းပဲ မပြောင်းမလဲ ဂျယ်ယွန်းစိတ်တွေကိုမွန်းကြပ်စေရသည်။

သူ့ကို ခပ်စူးစူးတစ်ချက်ကြည့်ကာလှည့်ထွက်သွားတဲ့ ဥက္ကဌSimကြောင့် မဖြစ်မနေပြောထွက်မိသည့်စကားတစ်ခွန်းကဒေါသအရှိန်နှင့်လွှတ်ခနဲ

"အဲ့တာကိုသိလား လက်ခံခြင်းမခံခြင်းက ခင်ဗျားကိစ္စဖြစ်ပြီး၊ ခင်ဗျားထင်မြင်ချက်တွေကိုလဲကျွန်တော်စိတ်မဝင်စားခဲ့တာ"

"လက်ထပ်ပွဲကိုလဲနှစ်ဖက်မိဘမပါပဲစီစဉ်သွားမှာမလို့ ကျွန်တော်တို့နှစ်ယောက်ကြားကကိစ္စ ကျွန်တော်တို့နဲ့ပဲသက်ဆိုင်တော့တယ်ဆိုတဲ့အကြောင်းသိထားပေးပါ"

"ဂျယ်ယွန်း!......"

အဖေဖြစ်သူထံပါးမှဆိတ်ဆိတ်ငြိမ်သက်နေဆဲ၊ အော်သံတစ်ချက်ဟာ အစ်ကိုဖြစ်သူထံမှကျယ်ကျယ်လောင်လောင်ထပ်ထွက်လာသည်။

"Hyungလဲ ဘေးဖယ်နေလိုက်တော့ရင်ကောင်းမယ်ထင်တာပဲ ကျွန်တော့်ကိုစိတ်ပူစိုးရိမ်တာသိပေမယ့် ခုကစပြီး ကျွန်တော့်ကိစ္စကို ကျွန်တော်ပဲကိုင်တွယ်သွားတော့မလို့ပါ"

"ဂျယ်ယွန်း....စိတ်ကိုလျှော့ပြီး ပြီးမှငါနဲ့စကားပြောကြတာပေါ့ အခုတော့......"

သူ့ကိုလာဆွဲကာ ခပ်လောလောပြောနေဆဲဟီဆွန်း၏စကားများကို လှမ်းတားသည့်ဥက္ကဌSim

"မင်းပြောတဲ့စကားတွေကိုမင်းသေချာရဲ့လား ဂျယ်ယွန်း"

စကားသံထဲမှာ ရေခဲစတွေကပ်ပါနေသလိုအေးစက်စက်၊ သူ့ဆီကိုတစ်လှမ်းချင်းလျှောက်လာနေရာမှာ မျက်နှာချက်ဆိုင်တည့်တည့်ရပ်ကာ ကော်လံစတွေဆီက မညင်မသာချုပ်ကိုင်ခံရသည်။

"သေချာပြီဆိုရင် နှစ်ခါပြင်မရဘူးနော်"

မျက်ဝန်းနက်တွေဆီကို တည့်တည့်စီးချင်းထိုးလာသော သူ့အဖေ၏အကြည့်စူးစူးများ၊ ဂျယ်ယွန်း မုန်းတီးခါးသီးစွာ ကော်လံစတွေပေါ်မှ ဥက္ကဌSim၏လက်များကို ခပ်ကြမ်းကြမ်းတွန်းထုတ်ပစ်လိုက်၏။

"ငါ့ကို မင်းကအရင်စပုန်ကန်တာပဲဂျယ်ယွန်း ဒါကိုတော့မင်လက်ခံထားလိုက်ပါ"

ဤတစ်ခွန်းအား ခပ်စူးစူးအကြည့်တစ်ချက်ဖြင့်ဆိုရင်း မီးညှိပြီးသား စီးကရက်ကိုပါးစပ်ဖျားဆီပြန်တင်ကာ လှည့်ထွက်သွား၏။

ဂျယ်ယွန်း ဆံပင်နက်တွေကိုခပ်ကြမ်းကြမ်းကုတ်ဖွပစ်ကာ ဘေးနားမှာရှိတဲ့ဆိုဖာကြီးဆီသာ အသံတိတ်ထိုးကြိတ်ပေါက်ကွဲလိုက်သည်။ မတော်တဆ ဆူသံညံသံတွေကို အပေါ်ထပ်ကမင်းသားလေးကြားသွားမှာလဲစိုးတာကြောင့်.......

စိတ်မွန်းကြပ်ရလွန်းလို့ ရူးမလိုအထိ ဒီလိုဘဝကြီးနှင့် သူသံသရာမြန်မြန်ဖြတ်ချင်လှပါပြီ......။


****************

"ဆေးလဲချိတ်ပေးခဲ့ပြီး သောက်ရမယ့်ဆေးတွေကိုလဲ ကျွန်တော်စားပွဲပေါ်မှာစာနဲ့တကွချန်ထားပေးခဲ့ပါတယ် အိပ်ရေးဝဝအိပ်ဖို့လိုတာမို့ ဒီညနေ သူမနိုးမချင်းတော့ ပေးအိပ်လိုက်ပါ"

"ကျေးဇူးDr.Kim ပင်ပန်းသွားပြီ......ခနလောက်စောင့်ပေးလို့ရမလား ပြန်လိုက်ပို့ပေးဖို့drvier.Choiကိုခေါ်ထားတယ်"

"နေတော့ မခေါ်နဲ့ ငါပဲလိုက်ပို့လိုက်မယ်"

"Hyungက ကုမ္ပဏီပြန်ရအုံးမယ်ဆို......"

"ပြန်ရင်းနဲ့ ဝင်ပို့လို့ဖြစ်တယ်"

************


"တောင်းပန်ပါတယ်......"

ရှေ့တည့်တည့်စိုက်ကာ ကားမောင်းနေသောအမျိုးသားလေးထံမှစကားသံစကြောင့် ဆောနူရင်ထဲသိမ့်ခနဲ့။

"ကို....."

နာမ်စားလေးကို တီးတိုးရေရွတ်ချိန် ကိုယ့်မျက်ဝန်းမှာ မျက်ရည်ဥလေးတွေလဲစုပြုံနေလောက်ရောပေါ့။ ငေးကြည့်နေမိတဲ့သူဟာ ဆောနူဆီသို့အကြည့်မရောက်သေးခင် ကားမောင်းနေတဲ့လက်တစ်ဖက်က ဆောနူရဲ့လက်ဖဝါးအိအိတွေဆီကိုအရင်တွယ်ငြိလာသည်။

မမျှော်လင့်စရာ ကြည်နူးလိုက်ရတာ၊ ချစ်သူလေးက အမျက်ပြေရှာပြီတဲ့၊ အပျော်လွန်နေမိတဲ့ကိုယ့်မျက်ရည်တွေဟာ အိန္ဒြေတောင်မဆည်နိုင်လောက်တော့တာ မလွန်ဘူးထင်ရဲ့.......

လက်ဖဝါးအိအိတွေကို သူဟာဆွဲယူသွားကာ နူတ်ခမ်းပါးပါးလေးနှင့်ဖိကပ်လိုက်တော့ ရင်ထဲမှာကြည်နူးမျက်ရည်မိုးတွေတစ်ခါသည်းရပြန်တာ ဖိန်တိန်းရှိန်းတိန်းရယ်.....။

အဲ့ဒီနောက်မှာ သူ့အကြည့်ရီဝေဝေတွေဟာ ကိုယ့်ဆီထံ ပြတ်ပြတ်သားသားငဲ့စောင်းလာသည်။ ပြီးတော့ နူးညံ့စွာတစ်ချက်ပြုံးပြသည်။

"ကိုတို့ အချိန်တစ်ခုလောက်ထိ အဆက်အသွယ်မလုပ် မတွေ့ပဲနေကြရအောင်နော်......မင်းကို ကိုသိပ်ချစ်တာ ကောင်းကောင်းကြီးသိတယ်မဟုတ်လားအချစ်......ကိုပြန်လာချိန်အထိဘေးကင်းကင်းနဲ့ရှိနေပေးမယ်မဟုတ်လား.....ဟင်...."

To be continued........

နှစ်မကုန်ခင် ဇာတ်သိမ်းမှာဖြစ်တဲ့အတွက် ဒီ့ထက်ပိုပြီးရက်တွေမကြာတော့ဘူးဆိုတဲ့အကြောင်း ကတိပေးရင်း ညကောင်စာရေးသူရဲ့ MEH (35)ပြန်လာခဲ့ပါပြီ၊ ရက်ကြန့်ကြာမှုများအတွက် အနူးအညွတ်တောင်းပန်ပါကြောင်းနှင့် သတိတရရှိပေးကြသူများရှိခဲ့ရင်လဲ ရင်ထဲအသည်းထဲမှအထူးကျေးဇူးတင်ပါကြောင်း ထပ်လောင်းပြောကြားလိူက်ရပါတယ်💖

My Essential Hon(35)
Dec27/ 2021
3:13AM

Zawgyi

မအီမသာျဖစ္ေနတဲ့ေခါင္းတြင္းအေျခေနေၾကာင့္ လူကရီေဝေဝယိုင္တိုင္တိုင္ျဖစ္ေနၿပီ၊ ထိုအခ်ိန္ထိေတာင္မွ ေပ်ာက္ေနနိုင္လြန္းတဲ့ကိုယ့္လူႀကီးဟာ ေပၚမလာနိုင္ေသး၊ မတ္မတ္ရပ္ထားတဲ့ေျခတိုင္ႏွစ္ဖက္သည္ပင္မခိုင္နိုင္ေတာ့ေအာင္ အားအင္မ်ားဆုတ္ယုတ္လာေရာ့အံ့ထင္၏။

"မင္း အဆင္ေျပရဲ့လား....."

႐ုတ္တရက္ ဘယ္အခ်ိန္က ကိုယ့္နံေဘးသို႔ေရာက္ေနသည္မသိ၊ ေဆြးမ်ိဳးေတာ္စပ္ျခင္းမမည္ေသးေသာအႏွီေယာက္ဖေလာင္းလ်ာသည္ ခပ္ေအးေအးအသံတစ္ခ်က္ႏွင့္အနားကိုလာရပ္၏။ အေတြးမ်ားေနစဥ္လၽွပ္တစ္ျပတ္မို႔ ေဆာင္ဟြန္း ဆတ္ခနဲတုန္သြားမိသည္။ ထို႔ေနာက္ အားအင္မရွိမ်က္ဝန္းေဖ်ာ့ေတြကို မာန္တင္းကာအားယူလွမ္းၾကည့္လိုက္ရင္း

"မေျပဘူး.....ခင္ဗ်ားညီကဘယ္ေရာက္သြားျပန္ရတာလဲ လူကိုတစ္ေယာက္ထဲထားခဲ့ၿပီးဒီတိုင္းထြက္သြားတယ္ အဆက္အသြယ္လဲမလုပ္၊ ခင္ဗ်ားမွာလဲ ဒီတိုင္းေလၽွာက္ေယာင္မေနပဲ သူ႔ကိုဖုန္းေလးတစ္ခ်က္ေလာက္အလိုက္တသိဆက္ေပးလို႔မျဖစ္ဘူးလား"

စိတ္လက္မအီမသာျဖစ္ျခင္းက စိတ္ဆတ္ျခင္းအသြင္ကိုကူးေျပာင္းသြားေစတာျဖစ္လိမ့္မည္။ မ်က္စိေရွ႕ကရွင္းမ္ဟီးဆြန္းကိုပါ အလိုမက်သည့္ပုံစံေတြျပမိသြားခဲ့၏။ကိုယ္တကယ္ကိုစိတ္ေတြလြတ္ေနပါၿပီ။ ကိုယ့္စကားကိုယ္ လြန္သြားမွန္း ေနာင္တႏွင့္ျပန္သုံးသပ္မိခ်ိန္မွာေတာ့ ေယာက္ဖေလာင္းကခပ္သာသာဟက္ခနဲရီသံျပဳေန၏။ ၿပီးမွ.....

"ေနမေကာင္းျဖစ္ေနတဲ့ပုံစံမလို႔လႊတ္ေပးထားလိုက္မယ္....ပုံမွန္းအတိုင္းဆို မင္းလိုခေလးသာသာကငါ့ကိုဒီလို ေတြထိ လာအေၾကာတင္းလို႔မရဘူးမွတ္။ ခနေနရင္ ဂ်ယ္ယြန္းေရာက္လိမ့္မယ္ မင္းအတြက္စားစရာနဲ႔အေႏြးထည္သြားယူေနတာ"

ေဆာင္ဟြန္း ဘာမွမတုံ႔ျပန္မိ၊ စိတ္ေတြမၾကည္လင္တာေၾကာင့္ပဲ သက္ျပင္းေလးေလးတစ္ခ်က္သာခ်မိသည္။ ေလပူေတြကိုမႈတ္ထုတ္ရင္း မ်က္လႊာကိုလွန္ၾကည့္လိုက္တဲ့အခိုက္မွ ႐ုတ္ခ်ည္း ျမင္ကြင္းထဲကိုတိုးဝင္လာတဲ့သူပင္၊ တစ္ခ်ိန္လုံး ေစာင့္ဆိုင္းေနခဲ့ရတဲ့ခ်စ္သူဟာ အထုပ္ႀကီးအထုပ္ငယ္အသြယ္သြယ္ကိုလက္မွာခ်ိတ္လို႔ ကိုယ့္ဆီထံအေျပးလာေနတာကိုျမင္လိုက္ရ၏။

တစ္မဟုတ္ခ်င္းပင္ လက္ခနဲအလင္းေရာင္ေတာက္သြားသည့္စိတ္အေျခေနက ေဝဒနာတိမ္မဲတစ္ဝက္ကို လြင့္စင္သြားေစသည္။

"ဘာမေျပာညာမေျပာနဲ႔ ဒီေလာက္အၾကာႀကီးလူကိုထားသြားရလား ဒီမွာဘယ္ေလာက္လိုက္ရွာေနရလဲသိရဲ့လား တကယ္မေကာင္းဘူး"

"ေနမေကာင္းျဖစ္ေနရင္းေတာင္စြာနိုင္တုန္းပဲအသည္းေလးရယ္၊ လူကိုရန္လုပ္တာေလးနားၿပီး အရင္ဆုံး အေႏြးထည္ဝတ္ ဒီကထြက္ရေအာင္၊ ဒီေလာက္ေနျပၿပီးရင္ေတာ္ေရာေပါ့.......ဟင္ ကိုယ္ေတြလဲေတာ္ေတာ္ပူေနလိုက္တာ ျပႆနာပါပဲ ခ်မ္းေနလားဟင္"

ေရာက္ေရာက္ခ်င္း ဆြဲလာတဲ့အိတ္ထဲကအေႏြးထည္ႀကီးကို လူေပၚလာတင္ကာ နဖူးစမ္းလိုက္ ပါးႏွစ္ဖက္ကိုသူ႔လက္ဖဝါးေႏြးေတြနဲ႔ေထြးလိုက္ျဖင့္ ျပာျပာသလဲျဖစ္ေနရွာ၏။ ေစာေစာက ေတးထားတဲ့မေက်ခဲေလးေတြေတာင္အရည္ေပ်ာ္သြားျပန္ၿပီ။

မေက်မလည္မ်က္ဝန္းညိဳေတြက ခ်က္ခ်င္းပဲႏူးညံ့ကုန္ၾက၏။

"အင္း ကၽြန္ေတာ့္တစ္ကိုယ္လုံးအရမ္းခ်မ္းေနေတာ့တာပဲကိုကိုရာ တကယ္ခ်မ္းတယ္....."

သူျခဳံေပးတဲ့ အေႏြးထည္အုပ္ႀကီးထဲကေန ခပ္မွိန္မွိန္ေလးလွမ္းေျပာလိုက္သည္။ ထိုအခိုက္အတန္႔ေလးမွာတင္ ပတ္ဝန္းက်င္ကိုေတာင္တစ္ခ်က္ေဝ့မၾကည့္၊ ခ်က္ခ်င္းပဲ အတင္းကိုလာဖက္ေတာ့တဲ့ရွင္းဂ်ယ္ယြန္းက ရင္ခုန္ခ်င္စရာအတိျဖစ္ေနျပန္တာပဲ။ ပတ္ပတ္လည္ကမ်က္ဝန္းစိမ္းအၾကည့္ေတြဟာ ကိုယ္တို႔ႏွစ္ေယာက္ဆီသို႔ အံ့ဩတစ္မ်ိဳး ရႈံ႔ခ်တစ္ဖုံ အဓိပၸာယ္ေပါင္းစုံနဲ႔စုျပဳံဦးတည္လာၾကသည္။

"အိမ္အျမန္ျပန္ရေအာင္ ေဘ့လွဲဖို႔လိုေနၿပီ ဒီလိုနဲ႔ေမ့လဲတဲ့အထိအေျခေနဆိုးသြားလို႔မျဖစ္ေတာ့ဘူး"

လက္ဖဝါးေႏြးေတြသည္ ကိုယ့္ပါးျပင္ထက္မွာေနရာယူေထြးေပြ႕ထားဆဲ၊ ပူးပူးကပ္ကပ္ျဖစ္လြန္းေနသည့္ကိုယ္တို႔အေျခေနကို အားမနာတမ္း ဇြတ္စိုက္ၾကည့္ေနသည့္မ်က္လုံးေတြကလဲပိုပိုဆိုးလာသည္။ ေနရခက္လာတာေၾကာင့္ပဲ ေဆာင္ဟြန္း ပတ္ဝန္းက်င္ကို မရဲတရဲတစ္ခ်က္ေဝ့ၾကည့္လိုက္ရင္း သူ႔လက္ေလးကိုျဖဳတ္ခ်ဖို႔ျပင္ေတာ့ သူကခြင့္မေပး

"ဟို နည္းနည္းခြါအုံး လူေတြတအားလိုက္ၾကည့္ေနသလိုပဲ အဲ့ေလာက္ႀကီးနီးနီးကပ္ကပ္မေနနဲ႔"

"မခြါေပးခ်င္ပါ၊ လူေတြၾကည့္တာဘာလုပ္ရမွာတဲ့လဲ အဲ့ဒီလူေတြကေဘ့လဲမဟုတ္၊ ကိုကိုအေရးမစိုက္ဘူး"

သတိေပးမွ သူဟာပိုကဲျပသည္။ စိတ္မေပ်ာ္တဲ့ပတ္ဝန္းက်င္ႀကီးမွာ အဖ်ားရွိန္ကတေငြ႕ေငြ႕တက္ေနျပန္၊ ခႏၶာကိုယ္ကလဲသူႏွင့္တုေျပာနိုင္ေလာက္သည္ထိ အားအင္ေတြလုံလုံေလာက္ေလာက္ရွိမေနတာေၾကာင့္ ဆြဲဖက္ထားတဲ့သူ႔လက္ေတြထဲမွာပဲ ေဆာင္ဟြန္း ေပ်ာ့ေခြခ်လိုက္မိေတာ့သည္။

"ဂ်ယ္ယြန္း ကိုယ့္လူကိုယ္သာေသခ်ာဂ႐ုစိုက္ေခၚလာခဲ့ ငါလိုက္ပို႔မယ္ကားေရွ႕ထိ"

ေဘးမွာရပ္ေနေသာShim HeeSeungက ယိုင္တိုင္တိုင္ျဖစ္ေနတဲ့ကိုယ့္ပုံစံကို မဲ့ကာတစ္ခ်က္အၾကည့္ပို႔၏။ ၿပီးတာႏွင့္ ေျပာေျပာဆိုဆိုပဲ အိတ္ထုတ္ေတြကိုေကာက္ဆြဲကာ ထြက္သြားႏွင့္ေတာ့သည္။

"ကိုကို သြားမယ္ေလ ဘာေတြငိုင္ၾကည့္ေနတာလဲ"

အိတ္ေတြဆြဲကာထြက္သြားတဲ့ ဟီဆြန္းေနာက္သို႔ၿငိမ္ၿငိမ္ႀကီးစိုက္ၾကည့္ေနတဲ့သူက ႐ုတ္တရက္အိမ္ျပန္ဖို႔ကိုေမ့သြားသလိုပင္။ ကိုယ္စကားသံထြက္ကာ သတိေပးေနသည့္တိုင္ သူဟာအသိစိတ္အာ႐ုံျပန္ကပ္လာေသးပုံမေပၚ။ စူးစိုက္လြန္းေနတဲ့မ်က္ႏွာတင္းတင္းေပၚက ပါးမို႔ေလးႏွစ္ဖက္ကိုဆြဲဖ်စ္ပစ္လိုက္ေတာ့မွ

"ဟင္....ေဘ့"

"သြားမယ္လို႔ ဘာေတြေတြးေနတာလဲ ကၽြန္ေတာ့္စကားသံေတာင္နားထဲမဝင္ရတဲ့အထိ ေထြေထြထူးထူးကိစၥေတြရွိလို႔လား"

"ဘာကိုေထြေထြထူးထူးရွိရမလဲ ဘာမွမရွိဘူး၊ သြားရေအာင္"

မ်က္ဝန္းနက္ေတြထဲေတာ့ ပုံမွန္မဟုတ္နိုင္ေသာအေတြးအပိုင္းအစတစ္ခ်ိဳ႕ကို ရိပ္မိလိုက္ပါသည္။ ထူးဆန္းသလိုတစ္ခ်က္ခံစားလိုက္ရေပမယ့္ ေဆာင္ဟြန္းအတင္းအၾကပ္မေမးခ်င္၊ သူကအေရးႀကီးရင္ေတာ့ကိုယ့္ကိုေသခ်ာေပါက္ေျပာမွာပဲမဟုတ္လား၊

အဖ်ားရွိန္ေၾကာင့္ မ်က္ခြံေလးေလးတို႔ဟာ ဟန္မေဆာင္နိုင္ေလာက္ေအာင္ အိပ္ပစ္လိုက္ခ်င္ေနပုံရ၏။ ဒီ့အျပင္ တစ္ဆစ္ဆစ္ကိုက္ခဲေနတဲ့ေခါင္းတြင္းေဝဒနာေၾကာင့္ပါေရာၿပီး ေပြ႕ဖက္ထားတဲ့သူ႔လက္ေတြကိုသာမွီရင္း ကားထဲသို႔ေရာက္မွန္းမသိေရာက္လာခဲ့ရသည္။


*******

"Hyung တစ္ခုေလာက္ထပ္ကူညီေပးပါအုံး Dr.Kimကိုသြားေခၚေပးလို႔ရမလား"

ေဆာင္ဟြန္းငယ္ကိုကားတြင္းထဲသို႔ အသာေနရာခ်ေပးရင္း ေျပာလိုက္ေတာ့ ကားနံေဘးမွာရပ္ေနတဲ့ အစ္ကိုျဖစ္သူက မ်က္ႏွာတစ္ခ်က္ပ်က္သြားသည္။ ဒါကို ဂ်ယ္ယြန္းသတိထားမထားလိုက္တာပဲျဖစ္မည္။ အဖ်ားရွိန္တစ္ေငြ႕ေငြ႕တက္ေနတဲ့မ်က္ႏွာရဲရဲေလးဆီကိုပဲ စိုးရိမ္စိတ္ႀကီးေနခဲ့တာေၾကာင့္မ်ားလား။

"Dr.Kim ကိုေခၚဖို႔ထိ လိုလို႔လား"

Hyungစကားေၾကာင့္ လူကမ်က္ခနဲစိတ္ဆတ္ခ်င္မိသြားသလိုလို၊ ဂ်ယ္ယြန္း ကားတံခါးကိုျပန္ပိတ္ၿပီး ခပ္ေငါက္ေငါက္အၾကည့္တစ္ခ်က္ပို႔ကာ

"ကိုယ္ပူရွိန္ေတြတအားတက္ေနတာ ကေလးကမ်က္လုံးေတာင္မဖြင့္နိုင္ေတာ့ဘူး ဆရာဝန္မေခၚေပးလို႔hyungကုေပးမွာလား ကၽြန္ေတာ္ကုတတ္ရင္ေတာ့ ဘယ္သူ႔မွေခၚမေနေတာ့ဘူး"

သူ ခပ္ေငါက္ေငါက္ေျပာလိုက္ခါမွ ဟီဆြန္းကႏွာတစ္ခ်က္ရႈံ႔သည္။ ငါပဲအရႈံးေပးတယ္ဆိုေသာမ်က္ႏွာေပးတစ္ခ်က္ႏွင့္ ခပ္ၾကဳံ႕ၾကဳံ႕မ်က္ခုံးတန္းေတြကစိတ္ရႈပ္ျခင္းမည္ေနသည္။

"Hyung! Dr.Kimနဲ႔ ျပႆနာတစ္ခုခုျဖစ္ထားလို႔လား"

"ဘာျပႆနာျဖစ္ရမွာလဲ သူနဲ႔ငါနဲ႔ကျပႆနာျဖစ္ရေလာက္တဲ့ထိနီးကပ္တဲ့ဆက္ဆံေရးလဲမဟုတ္တာကို"

"မသိဘူးေလ ခနေလးသြားေခၚခိုင္းတာကိုအရမ္းစိတ္ညစ္တဲ့ပုံေတြျပေနေတာ့ထူးဆန္းတာေပါ့"

"ဒီတိုင္းပါ မင္းပုံစံက အရင္ကထက္အျဖစ္ပိုသည္းလြန္းလာသလားလို႔၊ အေနအထိုင္ေတြဆင္ျခင္တာေကာင္းမယ္ဂ်ယ္ယြန္း ဘယ္အရာကိုမွသတိလက္လြတ္မေတြးလိုက္နဲ႔၊ ျပန္ႏွင့္ေတာ့ ငါDr.Kimကိုသြားေခၚၿပီးလိုက္လာခဲ့မယ္"

ခပ္တည္တည္ ဤစကားတစ္ခြန္းက သူ႔စိတ္ထဲေတာ့ခိုးလို႔ခုလု ဘဝင္မက်စရာ၊ လွည့္ထြက္သြားတဲ့ ဟီဆြန္းကိုၾကည့္ရင္း ဂ်ယ္ယြန္းေခတၱေတြေဝေနမိတုန္း

"Hyung!"

ဟီဆြန္း၏ေျခလွမ္းေတြအေဝးကိုမေရာက္ခင္မွာပဲ သူ ေတြငိုင္ေနရာမွာေခၚသံတစ္ခ်က္ျပဳလိုက္မိသည္။ Hyungဟာသူ႔ထံ ဆတ္ခနဲျပန္လွည့္ၾကည့္လာ၏။

"ဘာလဲ....ထပ္ၿပီးဘာမ်ားခိုင္းအုံးမလို႔လဲ"

စိတ္ရႈပ္ေနေသာမ်က္ခုံးတန္းေတြကိုၾကဳံ႕ရင္း ၿငီးၿငီးျငဴျငဴလွည့္ေျပာလာတဲ့သူ႔အစ္ကိုက သမရိုးက်ျဖစ္လြန္းပါသည္။

သူ႔အသက္၁၁ႏွစ္၊ ဘဝအေၾကာင္း လူေတြအေၾကာင္းကိုသိျမင္နိုင္စအရြယ္ကစၿပီး ေန႔ရက္တိုင္းမွာဒီအစ္ကိုနဲ႔အတူေနထိုင္ျဖတ္သန္းလာခဲ့ၾကတာ သူ႔တစ္သက္နီးနီးေတာင္ရွိေတာ့မည္။

ေအးစက္ခက္ထန္ေသာထိန္းခ်ဳပ္မႈေတြေအာက္က ညီအစ္ကိုႏွစ္ေယာက္စလုံးရဲ့ဘဝဟာအရိုင္းဆန္ခဲ့တာမ်ားသည္၊ မြန္းၾကပ္စရာေတြအတိ။ ဒီလိုမ်ိဳး မိဘ၏ခ်စ္ခင္မႈဂ႐ုစိုက္မႈကိုငတ္မြတ္ခဲ့ၾကသူခ်င္းအတူတူေတာင္ သူကေတာ့ ဒီအစ္ကိုေပးတဲ့ေမတၱာေငြ႕ေတြနဲ႔ေႏြးနိုင္ခဲ့ေသးတာ။

အေဖ့ရဲ့အဆူအႀကိမ္းခ်ဳပ္ျခယ္မႈေတြၾကားက စိတ္မြန္းၾကပ္ရခ်ိန္တိုင္း ထင္တိုင္းက်ဲေလ့ရွိေသာသူ႔လိုျပႆနာေကာင္ကို 'ဂ်ယ္ယြန္းကြာ မင္းကေတာ့ျပႆနာရွာျပန္ၿပီကြာ' Hyungဟာ ဤကဲ့သို႔သာၿငီးျငဴျပေလ့ရွိ၏။

ၿပီးတာႏွင့္ ဆိုးသမၽွအကုန္ ဒိုင္ခံေျဖရွင္းေပးတတ္တဲ့ဒီအစ္ကိုက သူ႔တစ္ဘဝလုံးစာယုံၾကည္မွီခိုလာခဲ့တဲ့ တစ္ဦးတည္းေသာ ေဆြမ်ိဳးေသြးသားျဖစ္ေနခဲ့ျခင္းပင္။

ဒီလိုလူမ်ိဳးမွာမွ သူမျမင္ဖူးခဲ့ေသာ မျမင္နိုင္ခဲ့ေသာ မ်က္ႏွာတစ္ဖက္ျခမ္းေတြရွိေနလိမ့္မယ္ဆိုတဲ့သံသယတစ္ခ်ိဳ႕ဟာ ဂ်ယ္ယြန္းအတြက္ေတာ့ စိတ္ကူးပုံေဖာ္၍ပင္မရစနိုင္သလို အစိမ္းသက္သက္ဆန္လြန္းလွ၏။ သို႔ေသာ္လည္း......

လြန္ခဲ့ေသာနာရီပိုင္းခန္႔ကေတြ႕ခဲ့ရတဲ့ ေရခဲေသတၱာအေပၚဆူံးထပ္မွ ေသြးစြန္းရွပ္ျဖဴသည္ ဂ်ယ္ယြန္း၏စိတ္အစုံကို ဆက္တိုက္လႊမ္းမိုးေနခဲ့ပုံရ၏။

ထိုရွပ္ျဖဴသည္ ဟီဆြန္းhyung၏shirtသာပဲျဖစ္မည္ေလာ၊ ထိုကဲ့သို႔ျဖစ္လိမ့္ပါေသာ္ ရွပ္ျဖဴစမွာစြန္းေနတဲ့ေသြးတို႔ကေရာ ဘယ္သူ႔ေသြးေတြမ်ားျဖစ္ေနခဲ့လို႔ ဘာေၾကာင့္မ်ားစြန္းထင္းခဲ့ရတာ....ေမးခြန္းေပါင္းစုံဟာ ဦးေခါင္းတစ္ခုလုံးကို ဆက္တိုက္ဖိအားေပးေနခဲ့သည္။

ဂ်ယ္ယြန္း တစ္ဆို႔ဆို႔ခံစားခ်က္္တစ္ခ်ိဳ႕ကို လည္စလုတ္ကေလးအားအေပၚေအာက္ေမ်ာခ်လိုက္ရင္း၊ ထြက္က်လာေသာ အႏွီမရဲတရဲ ေမးခြန္းက ဟီဆြန္းhyungထံသို႔......

"ေရခဲေသတၱာအေပၚထပ္မွာ ရွပ္အကၤ်ီတစ္ထည္ေတြ႕ခဲ့တယ္၊ အဲ့တာ hyungအကၤ်ီလား"

လက္သီးဆုပ္ကိုခပ္ဖြဖြတင္းထားရင္း ေမးခ်လိုက္မိတဲ့တစ္ခန သူ႔အစ္ကိုဟာၿငိမ္သြားသည္။ ခ်က္ခ်င္းမတုံ႔ျပန္ေသးသည့္ ထိုအမူအရာကဘာလဲ၊ အကၽြမ္းတဝင္မရွိလွေသာခံစားခ်က္တစ္ခ်ိဳ႕ဟာ ႏွလုံးအိမ္ထဲသို႔ အစိမ္းသက္သက္စိမ့္ဝင္လာ၏။

*အဲ့ဒီ ရွပ္အကၤ်ီျဖဴက hyungဟာမဟုတ္ခဲ့ရင္ Sim အိမ္ေတာ္ကိုသူစိမ္းဝင္ခဲ့တာမ်ားလား*

*အကယ္၍ ဟုတ္ခဲ့တယ္ဆိုရင္ေရာ ဘာလို႔မ်ား ဝတ္ၿပီးသားအကၤ်ီကို ေရခဲေသတၱာထဲမွာထည့္ထားရတာ*

*ငါမရွိခဲ့တဲ့ရက္ေတြတုန္းက hyungမွာဘာေတြမ်ားျဖစ္ခဲ့တာလဲ*

*hyungကို တစ္စုံတစ္ေယာက္ကမ်ား အႏၲရာယ္ျပဳခဲ့တာလား*

*ဒါမွမဟုတ္.......hyungကပဲ တစ္စုံတစ္ေယာက္ကို......*

တူးဆြ ခြဲျဖာမိတဲ့ အေတြးဆိုးေတြဟာ တစ္ျဖည္းျဖည္း နယ္က်ယ္လာေလ ဂ်ယ္ယြန္းမွာ လက္သီးႏွစ္ဖက္ကိုပိုကာတင္းတင္းဆုပ္မိေလျဖစ္ေတာ့၏။ သူ အဆုံးအစြန္ထိ ေတြးပစ္လိုက္မိခါနီးမွာပဲ hyungထံမွခပ္ျပဳံးျပဳံးစကားသံျပန္ထြက္လာသည္။

"ေအာ္ မင္းတို႔ေတြေပ်ာက္သြားတဲ့ေန႔ေတြက ငါစိတ္ရႈပ္ရႈပ္နဲ႔ ေလၽွာက္အမူးလြန္ၿပီး မေတာ္တဆေခ်ာ္လဲသြားတာေလ အဲ့ကေသြးေတြေပတာေနမယ္၊ အဲ့ညကငါတစ္ေယာက္ထဲမူးမူးနဲ႔ အကၤ်ီႀကီးကိုေရခဲေသတၱာထဲေလၽွာက္ထည့္မိတာထင္ပါတယ္ကြာ မင္းတို႔ပေယာဂေတြေပါ့ မူးေနတုန္းကျဖစ္တာေတြဆိုေတာ့ မနည္းျပန္ေတြးလိုက္ရတယ္"

"ခုမွ စုံေထာက္စစ္ လာစစ္ေနတာလား၊ အိမ္ျပန္ပါေတာ့ Mr.Jake Simရယ္ ငါ့မွာ မင္းလူအတြက္Dr.Kimကိုသြားေခၚေပးၿပီးရင္ ကုမၸဏီျပန္ရအုံးမယ္၊ အားမေနဘူး သြားေတာ့မယ္"

Hyungက ဤကဲ့သို႔ရီရီေမာေမာေျပာၿပီးတာနဲ႔ခ်က္ခ်င္း ခ်ာခနဲလွည့္ထြက္သြားသည္။ အျပည့္အဝစိတ္ေက်နပ္မႈမရလိုက္ေသာ္ျငား တင္းေနတဲ့စိတ္တစ္ဝက္နဲ႔အတူ လက္သီးဆုပ္ႏွစ္ဖက္ဟာ မရဲတရဲျပန္ေလ်ာ့သြား၏။ ထို႔ေနာက္မွာေတာ့ ထြက္သြားတဲ့ အစ္ကိုျဖစ္သူ၏ ေက်ာျပင္ကိုစိုက္ၾကည့္ရင္း ဂ်ယ္ယြန္းေခါင္းအသာခါမိသည္။

သက္ျပင္းတစ္ခ်က္နဲ႔အတူ မျဖစ္နိုင္ေသာသံသယစိတ္တစ္ခ်ိဳ႕ကို ဇြတ္သာႏွင္လႊတ္ေနမိရင္း ျဖတ္ခနဲ ေမးခြန္းစိမ္းတစ္ခုက ဦးေႏွာက္ထဲကိုဝင္လာသည္။

"Hyungက သူ႔ရွပ္အကၤ်ီအျဖဴမွာေသြးစြန္းေနတဲ့အေၾကာင္း ငါလဲေမေမးမိပဲ ဘာလို႔ရွင္းျပသြားခဲ့တာလဲ........"

*********


"ဒီေန႔အတန္းကဒီေလာက္ပါပဲ မနက္ျဖန္မွဆက္ေတြ႕ပါမယ္"

စာအုပ္သိမ္းသံ စကားေျပာသံတို႔ႏွင့္အုပ္အုပ္က်က္က်က္စာသင္ခန္းအတြင္းမွ ေဘးလြယ္အိတ္အနက္ေလးကိုပိုက္ရင္း ေဆာႏူထြက္လာခဲ့သည္။ ဒီေန႔အတြက္ေတာ့ သင္ရမယ့္အတန္းေတြ အကုန္ၿပီးလို႔ နားခ်ိန္စာေစာရတဲ့ရက္ဟုေတာင္ေျပာလို႔ရေသာ္ျငား ေလၽွာက္ေနတဲ့ေျခလွမ္းေတြကေလးဖင့္ဖင့္ရယ္၊ အားမရွိ အင္မရွိႏွင့္ ဒီလိုမ်ိဳး မွိုင္ေတြခ်ရျခင္းေတြဟာ Shim HeeSeungႏွင့္အႀကီးအက်ယ္စကားမ်ားခဲ့ၾကေသာေန႔ကစတင္ခဲ့တာျဖစ္လိမ့္မည္။

ေဆာႏူနဲ႔သူ ရန္ျဖစ္စကားမ်ားၿပီး မေခၚမေျပာနိုင္ႏွင့္ အဆက္အသြယ္မလုပ္ခဲ့ရတာ အေတာ္ပင္ၾကာသြားခဲ့ၿပီ။ ကိုယ္တိုင္ကလဲအဆင္မေျပသလို ေသခ်ာေပါက္ဒီရက္ေတြထဲမွာ သူအရမ္းခက္ခဲေနခဲ့တာကိုလဲ ေဆာႏူသိသည္။

ထို႔ေၾကာင့္ပဲ ကိုယ့္ဘက္ကစတင္ဆက္သြယ္ခဲ့ပါေသာ္လည္း စိတ္ဆိုးခဲေသာခ်စ္သူဟာ စိတ္ဆိုးမိေတာ့လဲအမ်က္ႀကီးပုံရ၏။ အႀကိမ္ေပါင္းမ်ားစြာေသာ ဖုန္းေခၚဆိုျခင္းေတြကို မကိုင္နိုင္ခဲ့။ ဒီလိုနဲ႔ပဲ ကိုယ့္ဘက္သူမလာ သူ႔ဘက္လဲကိုယ္မသြားရဲႏွင့္ တအုံ႔အုံ႔ေႏြးေႏြး စစ္ေအးတိုက္ပြဲက ဤကဲ့သို႔ပင္ ရက္ေတြရွည္ၾကာေနခဲ့သည္ပဲ။

မညာတမ္းေျပာရရင္ ကိုယ္ကေတာ့ သိပ္လြမ္းေနရျခင္းေတြပဲေပါ့။ ယခင္က ဒီလိုအားလပ္ခ်ိန္ေစာေစာရတဲ့ေန႔မ်ိဳးေတြမွာဆို ခ်စ္သူနဲ႔သာအခ်ိန္ျဖဳန္းေနက်ကိုယ္က ယခုေတာ့ ဟာတာတာႏွင့္ ေဆြးေဆြးေျမ့ေျမ့ႀကီးပင္။ ရင္ႏွင့္အမၽွကို သူ႔ထံတမ္းတရျပန္ပါသည္။

*ကို႔မ်က္ႏွာေလးေတာ့ ခနေလာက္ျဖစ္ျဖစ္ ျမင္ခ်င္မိတာ အရမ္းႀကီးမားတဲ့အလိုဆႏၵျဖစ္သြားခဲ့လို႔လား၊ ပုန္းေရွာင္ေနတဲ့ကိုဟာ တကယ္လူဆိုးပါပဲ*

"ရွင္းမ္ဟီဆြန္း......မေကာင္းတဲ့လူႀကီး....."

ႏူတ္ခမ္းနီေဆြးေဆြးကိုဆူကာ ခပ္တိုးတိုးေျပာဆိုလိုက္ရင္း busမွတ္တိုင္ေရာက္မွ ေက်ာင္းဝန္းအျပင္ဘက္ကိုေရာက္လာမွန္းသတိထားမိသည္။ တစ္ခ်ိန္လုံး ဟိုလူဆိုးႀကီးအေၾကာင္းေတြသာ ေခါင္းထဲတဝဲလည္လည္ျဖစ္ေနခဲ့ေတာ့ အရာရာဟာစိတ္ႏွင့္ကိုယ္ႏွင့္မကပ္။

သက္ျပင္းေတြစြတ္ခ်ရင္း လမ္းတစ္ဖက္ကိုေငးၾကည့္မိေတာ့လဲ ထပ္ေတြ႕ရျပန္တဲ့ ျမင္ဖူးေနက်ကားနီနီရယ္၊ လြမ္းေမာရေသာ ထိုအမ်ိဳးသားရဲ့ပုံရိပ္ေတြက ျမင္ကြင္းထဲမွာတဝဲလည္လည္။

"ရွင္းဟီဆြန္း တကယ္မေကာင္းတဲ့လူ၊ ဉီးေႏွာက္ထဲထိ ေမႊေႏွာက္ရတာအားမရလို႔၊ အျမင္အာ႐ုံထဲအထိပါအေႏွာင့္ယွက္ေပးေနျပန္တာလား......ဒီမ်က္လုံးေတြကလဲ.....ကဲ ျမင္ေယာင္ခ်င္အုံး ျမင္ေယာင္ခ်င္အုံး"

လက္ဖဝါးႏွစ္ဖက္ျဖင့္ ခပ္ၾကမ္းၾကမ္းထိရိုက္မိေသာ ပါးျပင္မို႔မို႔ေတြဟာ မက္မြန္ေရာင္ေျပးကုန္သည္။ စိတ္ရႈပ္စြာ မ်က္လုံးႏွစ္ဖက္ကိုပြတ္သပ္ေနမိစဥ္ အိတ္ကဒ္ထဲက တစ္ဂ်ီဂ်ီတုန္ျမည္လာေသာဖုန္း

ေဆာႏူ စိတ္တိုတိုႏွင့္ ဖုန္းကိုေတာင္တစ္ခ်က္မၾကည့္ပဲ တန္းကိုင္လိုက္မိသည္။

"Hello ဘယ္သူလဲ ဘာကိစၥလဲ"

ၾကည္လင္မေနတဲ့ စိတ္အေျခေနေၾကာင့္ ထြက္လာတဲ့စကားသံကပါ ေဘာက္ဆတ္ဆတ္ေတြျဖစ္ကုန္သည္။

ေခၚၿပီး ဘာစကားသံမွတုန္႔ျပန္မလာေသးသည့္ ဖုန္းတစ္ဖက္ကတစ္စုံတစ္ေယာက္သည္လဲ ဒီတစ္ေနကုန္စိတ္အေျခေနမၾကည္လင္မႈမ်ား၏ စုျပဳံေပါက္ကြဲရာျဖစ္ေတာ့မည္လား။ ေဆာႏူ ေအာက္ႏူတ္ခမ္းကိုေရွ႕သို႔ပစ္ရင္း နဖူးထက္သို႔ေလပူေတြမႈတ္ထုတ္ကာ ေဒါသေတြကိုစုလိုက္သည္။

စိတ္ရွိလက္ရွိ ေျပာဆိုပစ္ရန္ နီရင့္ေဆြးႏူတ္ခမ္းေလးကို ဖြင့္ဟလိုက္ခ်ိန္မွာပဲ ဖုန္းတစ္ဖက္ကထြက္ေပၚလာတဲ့ အသံၾကည္ၾကည္။

"တစ္ေယာက္ထဲ ေဒါသထြက္ေနတာပဲ ဘာျပႆနာျဖစ္လာခဲ့လို႔လဲ အဆင္ေျပရဲ့လား"

လြမ္းေငြ႕သက္ေတြဟာ အသံၾကည္ၾကည္ထဲမွာေရာလာသည္။ ဒါကေရာ နားၾကားမွားေနမိတာပဲလား ေဆာႏူ အံကိုႀကိတ္မိရင္း နားဆီမွကပ္ထားတဲ့ဖုန္းကိုခြါၾကည့္မိ၏။

ဖုန္းမ်က္ႏွာျပင္ေလးထက္မွာ 'Seung'ဟူသည့္ အမည္နာမလွလွေလးက ေဆာႏူအားေလွာင္ရီေနသေယာင္၊ ျပာျပာသလဲ လမ္းတစ္ဖက္ဆီထပ္ၾကည့္မိတဲ့အခိုက္မွာ ကားနီနီကိုအမွီျပဳကာ ဖုန္းကိုင္ထားတဲ့ထိုအမ်ိဳးသားက ကိုယ္ရွိရာဘက္အားေဆြးေဆြးေျမ့ေျမ့ေငးေနတာကို ျမင္ရျပန္သည္။

"ကို......"

ျမတ္နိုးရတဲ့နာမ္စားေလးကို လႊတ္ခနဲတီးတိုးေရရြတ္မိတဲ့အခါ တစ္ဖက္ကသူၾကားသြားမလားမေတြးဆမိခဲ့၊ ခ်က္ခ်င္းပဲ လြမ္းဖ်ားေတြကိုသယ္လို႔ သူ႔ဆီအေျပးအလႊားသြားဖို႔ရာပဲေခါင္းထဲရွိေတာ့၏။

သို႔ေသာ္လဲ တစ္ဖက္ကသူေျပာလိုက္တဲ့စကားတစ္ခြန္းေၾကာင့္ျဖစ္မလား ေျခလွမ္းေတြဟာေရွ႕မေရာက္နိုင္ခဲ့ေတာ့ ရပ္ေနရက္သားေနရာမွာတင္အေတာင့္လိုက္ႀကီးႏွင့္ ခႏၶာကိုယ္တစ္ခုလုံးဟာ ေရခဲရိုက္ထားသလိုေအးစက္သြားသည္။

"ဘာပဲျဖစ္ျဖစ္ စံအိမ္ကိုခနေတာ့လိုက္ခဲ့မွျဖစ္မယ္ လူနာရွိေနလို႔ အခု...ခ်က္ခ်င္း"

အမိန္႔ေပးသံလား ေတာင္းဆိုသံလား ခြဲျခမ္းစိတ္ျဖာဖို႔ရာ အာ႐ုံေၾကာေတြကမအားနိုင္ခဲ့၊ တစ္ခုသာ....ႏွလုံးအိမ္ဆီကေတာ့ေအာင့္သက္သက္နဲ႔ အေတာ္ေလးဝမ္းနည္းသြားရပုံပဲ။ ကိုယ့္မွာျဖင့္ တစ္သက္ေလာက္ေတာင္ေဝးကြာေနခဲ့သလို႐ူးမတတ္လြမ္းရျငား တစ္ဖက္ကသူဟာ ေအးေအးသက္သာရယ္တဲ့၊ အလုပ္သေဘာဆန္တဲ့သူ႔စကားသံေတြက ေဆာႏူအတြက္ေတာ့ ရင္ကြဲစရာ။

'ရက္စက္လိုက္တာကြယ္ ကို အခ်စ္ကိုနည္းနည္းေလးေတာင္မလြမ္းခဲ့ဘူးလားဟင္.....' ေဆာႏူ ငိုငိုၿပီး သူ႔ကိုေမးပစ္လိုက္ခ်င္ပါရဲ့.......
'အခ်စ္ေတာ့ျဖင့္ ကို႔ကိုသိပ္တမ္းတေနခဲ့ရတာ ကိုကေအးစက္ရက္တယ္ကြယ္ ကိုတကယ္မေကာင္းတဲ့လူပဲ' ရွိရွိသမၽွအားအင္ေတြသုံးၿပီး ထုရိုက္ေအာ္ဟစ္ရင္းေပါက္ကြဲပစ္လိုက္ခ်င္ရဲ့......

သို႔ေသာ္လည္း လက္ေတြ႕မွာေတာ့ အံကိုသာတင္းတင္းႀကိတ္ရင္း ခံစားခ်က္ေတြကိုၿမိဳခ်ေနမိသည္။ ရစရာမရွိေတာ့တဲ့ႏွလုံးသားကဆတ္ဆတ္ခါေအာင္နာေနေပမယ့္ လက္ဆြဲအိတ္ေလးကို ခပ္တင္းတင္းပိုက္ရင္း လမ္းတစ္ဖက္ကိုကူးသြားမိသည္။ လၽွံက်လာေတာ့မည့္ မ်က္ရည္စတစ္ခ်ိဳ႕ကိုလဲ သူမျမင္ခင္မွာတင္ ႀကိဳသုတ္ထားႏွင့္မိ၏။

ခ်စ္သူရည္းစားဆက္ဆံေရးမွာ အဆင္မေျပစရာအဖုအထစ္ေတြျဖစ္လာတဲ့အခါ အသုံးမဝင္တဲ့မာနေတြကို ေဆာႏူမထားခ်င္ပါ၊ ထားဖို႔လဲစိတ္ကူးမရွိ ဒါေပမယ့္ အဆုံးအစြန္ထိအေလၽွာ့ေပးပစ္လိုက္ဖို႔က်ေတာ့လဲ တြန္႔ဆုတ္ေနမိစရာပဲ။

ေဆာႏူ မ်က္လုံးေလးကိုေထာင့္ကပ္ရင္း ေဘးဘက္သို႔မသိမသာေခ်ာင္းၾကည့္မိသည္။ သူ႔ႏူတ္ခမ္းပါးေတြဟာ တင္းတင္းေစ့ေနျမဲ။ ကိုယ့္ဆီအျမဲလာေနက် သမင္မ်က္လုံးေလးေတြဆီကေန ေအးေအးစက္စက္ကိုလ်စ္လ်ဳရႈခံေနရျခင္းေတြပါပဲ။

သူဟာ ဒီလိုပဲဆက္ၿပီးတင္းမာေနအုံးေတာ့မွာတဲ့လား။ ခက္ထန္ေနတဲ့ ဒီမ်က္ဝန္းေတြကိုေဆာႏူမသိ၊ ျပဳံးရိပ္မရွိ ႏူတ္ခမ္းပါးေတြေအာက္မွာက်ရႈံးလိုက္ဖို႔အတြက္က လက္က်န္မာန္စြယ္ေသးေသးေလးကိုထိခိုက္ေနသလို ခံရခက္သည္။

တစ္ခုခုစကားစ ေပၚလာလိုေပၚလာျငား ေဆာႏူ ကားျပတင္းမွန္ကိုေလးတြဲ႕တြဲ႕မွီရင္း သူၾကားေအာင္ သိသိသာသာ သက္ျပင္းခ်သံေတြက်ယ္ေလာင္ျပမိေသး၏။ သူ ၾကားပါသည္၊ ၾကားပါရဲ့နဲ႔မ်ား....ကိုယ့္ဝမ္းနည္းမႈေတြကိုလဲျမင္ေနပါရဲ့နဲ႔......သူဟာဆက္တိုက္လ်စ္လ်ဴရႈျပန္၏။

ဘယ္ေလာက္စိတ္တိုစရာေကာင္းလိုက္သလဲ.....
ဇြတ္အတင္းထိန္းထားခဲ့တဲ့မ်က္ရည္စေတြဟာ အသံတိတ္တစ္ခါၿပိဳလဲရျပန္သည္။

တစ္ရိပ္ရိပ္ ေမာင္းႏွင္လာခဲ့တဲ့ ကားနီေလးသည္လဲ ေရာက္ဖူးေနက်စံေတာ္အိမ္ႀကီးထဲသို႔ ထပ္မံ စီးနင္းဝင္ေရာက္လာခဲ့ျပန္၏။

ညင္သာျခင္းမရွိ ကားကိုတုန္႔ခနဲတန္းရပ္ၿပီး အရင္ဆင္းႏွင့္သြားတဲ့သူ႔ကို ေဆာႏူခပ္မဲ့မဲ့တစ္ခ်က္ၾကည့္လိုက္သည္။

"မုန္းလိုက္တာ ႐ူးေနတဲ့လူ......"

တိုးတိုးေလးက်ိန္ဆဲလိုက္သံကိုေတာ့ သူမၾကားသြားေစလို၊ မ်က္ရည္စလက္က်န္ေတြကို ကျပာကယာသုတ္လိုက္ရင္း ကားေပၚကဆင္းမယ္အျပဳ ႐ုတ္ရက္ကားတံခါးကတန္းပြင့္သြားသည္။

အျပင္ဘက္ကိုေမာ္ၾကည့္လိုက္မိေတာ့ ကားတံခါးကိုကိုင္ကာ ရပ္ေစာင့္ေပးေနတဲ့သူက မႈန္ကုပ္ကုပ္ႏွင့္၊ အဓိပၸာယ္ဖြင့္ဟရခက္ျပန္ရဲ့။ ခပ္တည္တည္မ်က္ဝန္းတစ္စုံကေတာ့ ကိုယ့္ဆီမွအၾကည့္လႊဲေနဆဲ။

ျဖတ္တိုက္သြားေသာ ကိုယ့္ရဲ့အလိုမက်မ်က္ဝန္းတစ္စုံကို သူဟာစိတ္ဝင္စားပုံမေပၚသလိုနဲ႔၊ ကားတံခါးအား မညင္မသာေဆာင့္ပိတ္ကာ အိမ္ထဲသို႔ဝင္ႏွင့္သြား၏။

ႏူတ္ဖ်ားရဲရဲေလးက ထပ္ၿပီးက်ိန္ဆဲေျပာဆိုမိျပန္သည္။

"တကယ္အ႐ူးလိုလူပဲ....."

***********


"ေဘ့ ဘယ္လိုေနေသးလဲဟင္ တစ္အားခ်မ္းေနတုန္းပဲလား"

အခန္းတြင္းအပူခ်ိန္ကိုလဲအဆုံးထိျမႇင့္ထားၿပီး၊ ေရာက္ထဲက ကေလးအႏွီးထုပ္သလို ေစာင္အုပ္ႀကီးထဲမွာ ေထြးထားေပးသည့္တိုင္ မ်က္ႏွာရဲရဲေလးဟာသက္သာလာပုံမေပၚ၊

"အင္း ခုနကေလာက္မဟုတ္ေတာင္ခ်မ္းေသးတယ္"

ဂ်ယ္ယြန္း ဒီလိုအခ်ိန္မ်ိဳးေတြဆိုသိပ္စိတ္ညစ္ရသည္။ မထိရက္မကိုင္ရက္ ၾကင္သူသက္ညႇာထံမွာ ဖ်ားနာ ေဝဒနာေတြမ်ားရတိုင္းကလဲ သူ႔အတြက္ငရဲတစ္မ်ိဳးပါပဲ။

"အဖ်ားဆိုတဲ့ေကာင္ကဘာေကာင္မို႔လို႔လဲကြာ ကိုကို႔ခြင့္ျပဳခ်က္မရွိ ေဘဘီ့ဆီကိုက်ဴးေက်ာ္ရဲတယ္ ႏွိပ္စက္ရဲတယ္ သက္ရွိသာဆို အဲ့ဒီေကာင္ကိုေသခ်ာေပါက္အရွင္မထားဘူးပဲ"

"ကိုကိုကေလ ေဒါသေတြကိုႀကံဖန္ထြက္ရျပန္ၿပီ၊ ကဲပါ ဆရာဝန္ေခၚထားတယ္ဆိုရင္လဲ အခန္းျပင္ခနထြက္ေနလိုက္ေနာ္၊ ကၽြန္ေတာ့္ဆီကေန အဖ်ားေတြကူးမွာစိုးလို႔ကြယ္"

တုန္တုန္ယင္ယင္အသံေလးနဲ႔ ကိုယ့္ဟာကိုယ္ေတာင္ အသိစိတ္မနည္းထိန္းေနရတဲ့ကေလးငယ္က သူ႔ကိုလွမ္းစိတ္ပူျပျပန္သည္။ ဂ်ယ္ယြန္း ေစာင္အုပ္ထဲကေကာင္ေလးကို ႏူတ္ခမ္းစူကာမဲ့ေစာင္းေစာင္းစိုက္ၾကည့္လိုက္သည္။

ၿပီးတာႏွင့္ ကုတင္ေဘးခုံမွာထိုင္ေနရင္းမွ ကုတင္ေပၚကေစာင္အုပ္ႀကီးဆီသို႔ ျဖတ္ခနဲတက္ခုပ္အုပ္လိုက္ေတာ့ ေနမေကာင္းတဲ့ေကာင္ေလးဟာ အားအင္မရွိအသံေလးကိုဇြတ္ျမႇင့္ကာေအာ္ေတာ့၏။

"ဟာ ဒီကိုကို!!! ဆင္းလို႔! ကၽြန္ေတာ္ဖ်ားေနတယ္ အဖ်ားကူးမယ္၊ ေျပာစကားကိုနားမေထာင္လို႔ တကယ္အဖ်ားကူးသြားရင္ တစ္ပတ္မေခၚပဲေနလိုက္မွာေနာ္ ညာမေျပာဘူး အတည္"

ေျခေထာက္ေတြပါပစ္တင္ရင္း ခပ္တင္းတင္းဖက္ခံထားရတဲ့ေစာင္ပုံထဲကေကာင္ေလး၊ စြာေနက်အသံေလးက စိတ္မေကာင္းရေအာင္ပဲ သာမန္ထက္မွိန္က်ေနသည္။ အဖ်ားရွိန္ေၾကာင့္နဲ႔ ယိုင္နဲ႔နဲ႔ျဖဴရိပ္ေလးဟာ သူ႔ရင္ခြင္ထဲမွာလြတ္လမ္းမရွိပိတ္မိေနေပမယ့္ ရွိသမၽွအားအင္ေတြနဲ႔ တြန္းလႊတ္ေနဆဲ။

"ကိုကို!! ကိုကိုလို႔ေခၚေနတဲ့ေလသံပါမေပ်ာက္ေစခ်င္ရင္ လူကိုလႊတ္လိုက္ေတာ့ေနာ္......ေအာက္ဆင္းေနပါလို႔ဆို ခင္ဗ်ားဟာတကယ္ ေျပာမရဆိုမရ......"

မေျပာမဆို ႐ုတ္တရက္ဆန္ဆန္ ဖိကပ္ပစ္လိုက္တဲ့ ႏူတ္ခမ္းဖူးဖူးေလးက တစ္ခနေတာ့စကားသံေတြရပ္စဲသြားသည္။ မွဲ႕နက္ကေလးေဘးက မ်က္ဝန္းညိဳေတြသည္ ခ်စ္စရာေကာင္းေအာင္ ျပဳးျပဴးႀကီးအငိုက္မိသြားသလို။

"စကားမ်ားလိုက္တာ စာကေလးႏူတ္ဖ်ားေလး က်လိက်လိနဲ႔"

ႏူတ္ခမ္းဖူးေလးကိုဖိနမ္းထားရင္းမွ မပီမသေျပာလာတဲ့သူ႔စကားေတြျဖစ္သည္။ ထိုအခါမွ အသိဝင္တဲ့ေကာင္ေလးဟာ ႐ုန္းျပန္၏။ ႏူတ္မွလဲဗလုံးဗေထြး စကားေတြျပန္ဆိုရင္းနဲ႔

"ဖယ္ ဖယ္ နမ္းတာထိမျဖစ္ဘူး၊ ခင္ဗ်ားကြာ....တကယ္႐ူးေနၿပီ"

"နမ္းတာမဟုတ္ဘူး အဖ်ားေတြယူတာ၊ လာ ေဘ့အဖ်ားေတြ ကိုကို႔ဆီအကုန္ေပး"

ႏူတ္ခမ္းလုံးလုံးေလးသည္ အဖ်ားရွိန္ေၾကာင့္ ပူေႏြးေနရာမွ တစ္ဆတ္ဆတ္တုန္ေနတာကို ဂ်ယ္ယြန္းခံစားမိ၏။ ခ်စ္ျမတ္နိုးျခင္းေတြကိုစိတ္မွာထည့္ရင္း ႏူတ္ခမ္းဖူးေလးအား ခပ္ဖြဖြတစ္ခ်က္ငုံေထြးလိုက္သည္။

ေပြ႕ဖက္ထားတဲ့ခႏၶာငယ္ေလးကိုလဲ ရင္ခြင္ထဲသို႔ပိုကာတိုးကပ္ေစရင္း ႏူတ္ခမ္းဖူးစိုစိုေလးဆီမွ ေသြးေရာင္လႊမ္းပါးျပင္ဆီသို႔၊ ထိုမွတစ္ဆင့္ ေႏြးလြလြအာေငြ႕တစ္ခ်ိဳ႕က်ေရာက္ေစကာေထြးငုံမိတဲ့ နားရြက္နီနီေလးရယ္၊ ငုံေထြးမိတဲ့တစ္ခနမွာ နားရြက္ဖ်ားေတြဟာ ေရခဲတစ္မၽွေအးစက္ေနသည္။

သူ႔မွာေျခမကိုင္မိလက္မကိုင္မိ စိုးရိမ္စိတ္ေတြႀကီးရျပန္ၿပီ။

"ေဘ့ရယ္ အဖ်ားေတြတစ္အားႀကီးေနေတာ့တာပဲ ကိုကိုစိတ္မခ်မ္းသာလိုက္တာကြာ ျမန္ျမန္သက္သာပါေတာ့"

ပါးျပင္ရဲရဲေလးဆီသို႔ေထြးအုပ္ထားတဲ့ သူ႔လက္ေတြကို ထပ္ကိုင္လာရဲ့လက္ဖ်ားေလးေတြကအေႏြးဓာတ္မရွိပဲေအးစက္ေနလ်က္၊ ေဖ်ာ့ေတာ့ေတာ့မ်က္ဝန္းညိဳေတြကေတာ့ သူ႔ကိုေခ်ာ့ျမဴေနေလ၏။

"ကၽြန္ေတာ္ကျမန္ျမန္ေနေကာင္းလာမွာမို႔လို႔ ကိုကိုကဒီလိုမဆိုးရဘူးေလ၊ ကၽြန္ေတာ့္စကားကိုနားေထာင္ေနာ္ အဖ်ားမကူးေအာင္ေနမွ ေနျပန္ေကာင္းတဲ့အခါ ကိုကို႔ႏူတ္ခမ္းေတြကို ကၽြန္ေတာ္တစ္ဝႀကီးနမ္းရွိုက္လို႔ရမွာေပါ့"

ထုံးစံသမယ ဂ်ယ္ယြန္းမ႐ုန္းနိုင္မယ့္ ခ်ဳပ္ကြက္လွလွေတြ အစပ်ိဳးလာေလၿပီ။ ဒီလိုခ်စ္စကားစေတြနဲ႔တင္ လက္ေျမႇာက္ေခါင္းၿငိမ့္ရျခင္းေတြက မူပ်က္ခဲ့တယ္ဆိုတာမရွိ။ သိပ္တတ္လြန္းတဲ့ၾကင္သူကို နဖူးထိပ္ေႏြးေႏြးဆီအသည္းတယားဖိကပ္နမ္းရွိုက္ရင္း ကုတင္ေပၚမွဆင္းရေတာ့၏။

"ဒီတစ္ေန႔ေတာ့ ကၽြန္ေတာ့္စကားကိုနားေထာင္ၿပီး အခန္းျပင္မွာပဲလိမ္လိမ္မာမာေနေပးေနာ္"

"အင္း.....ကိုကို႔ကို လြမ္းေနပါ့မယ္လို႔လဲကတိေပးအုံး"

"ျမင္ေနရင္းေတာင္လြမ္းတာကို တကူးတက ကတိေတြေပးရအုံးမတဲ့လား"

လႊတ္မေပးခ်င္မိတဲ့ လက္ဖ်ားေအးေအးေလးေတြက စိုးရိမ္စိတ္ႏွင့္ ဇြတ္သာႏွင္လႊတ္ေနသည္။ ရႈပ္မဲ့မဲ့မ်က္ခုံးတန္းႏွစ္ဖက္ႏွင့္တူ လက္ခုံေအးေအးေလးအား သူဟာ နမ္းရွိုက္၍မဝနိုင္သလိုမ်ိဳး ႏူတ္ခမ္းပါးေတြႏွင့္ အေတာ္ၾကာၾကာဖိကပ္ေနလိုက္ၿပီးေနာက္ အိမ္ေအာက္ဆီမွ ကားဟြန္းတီးသံတစ္ခ်က္ၾကားရလာရသည္။ ျပတင္းတံခါးကတစ္ဆင့္ ၿခံထဲသို႔ဝင္လာတဲ့ကားနီနီေလးကိုျမင္ေတာ့မွ ဂ်ယ္ယြန္း အခန္းျပင္သို႔ တကယ္ထြက္ျဖစ္နိုင္ေတာ့၏။

"ဆရာဝန္ေရာက္လာၿပီ၊ ေဘ့လွဲေနေနာ္ ကိုကိုေအာက္ဆင္းေခၚလိုက္အုံးမယ္"

"အင္း......ၿပီးရင္ အခန္းထဲထပ္ဝင္မလာနဲ႔ေတာ့ေနာ္ ဆရာဝန္ၾကည့္ၿပီးတာနဲ႔ ကၽြန္ေတာ္ တန္းအိပ္ေတာ့မွာ၊ ဒါေၾကာင့္ ကိုကိုမလာခဲ့နဲ႔ေတာ့၊ ခရီးလဲပန္းလာတာ အိပ္ေရးဝေအာင္အိပ္လိုက္အုံး၊ လိုအပ္တာရွိလာရင္messageလွမ္းပို႔လိုက္မယ္ ဟုတ္ၿပီလား"

သူ အသံမထြက္ေစပဲ ခပ္မဲ့မဲ့ေခါင္းၿငိမ့္ျပေတာ့ ေဖ်ာ္ေလ်ာ္ေလ်ာ္ႏူတ္ခမ္းဖူးေလးဟာ တေက်တနပ္ျပဳံးရွာေလ၏။ ပါးျပင္ေႏြးေႏြးေတြဆီ ဖတ္ခနဲ အနမ္းေထြးတစ္ခ်က္ပစ္ခ်ခဲ့ၿပီး အခန္းျပင္သို႔ခပ္သုတ္သုတ္ထြက္လာခဲ့လိုက္သည္။

ေျခလွမ္းက်ဲေတြဆီ ေအာက္ထပ္သို႔ခပ္ျမန္ျမန္ဦးတည္ေနရင္းမွ ေလွကားထိပ္နားေရာက္ေတာ့ တုန္႔ရပ္သြားသည္။ လက္တစ္ဖက္ကိုေဘာင္ဘီအိတ္ကဒ္ထဲထည့္ရင္း ေလထြက္ေပါက္မရွိသည့္ ေလွကားထိပ္တည့္တည့္ႀကီးမွာ စီးကရက္ရွိုက္ေနေသာအမ်ိဳးသားတစ္ေယာက္။ သူ႔ကိုျမင္ေတာ့ ရွိုက္လက္စအႏွီစီးကရက္ကို နံရံသို႔ထိုးေခ်ပစ္ကာ ခပ္တည္တည္စိုက္ၾကည့္လာ၏။

ဂ်ယ္ယြန္း ေလပူတစ္ခ်က္ကိုမသိမသာမႈတ္ထုတ္ကာ သက္သက္သာသာျဖစ္မေနတဲ့ရင္ဘတ္တြင္းကိုအရင္ရွင္းထုတ္ရ၏။ ၿပီးမွ ထိုအမ်ိဳးသားအနီးသို႔ တိုးေလၽွာက္သြားရင္း

"အေဖ စ်ာပနာကိုထားခဲ့ၿပီးထြက္လာတာလား......ဘာကိစၥရွိလို႔ မလာမဖူး အိမ္ကိုေရာက္လာရတာလဲ"

ဥကၠဌSimဆိုတဲ့ထိုအမ်ိဳးအသားက သူ႔အေမးကိုဂ႐ုမစိုက္သလို၊ လက္ၾကားထဲမွစီးကရက္ကို နံရံဆီပစ္ေပါက္ရင္း ေလွကားဆင္းအတိုင္းေအာက္သို႔ေလၽွာက္သြားသည္။ ဂ်ယ္ယြန္းအေနာက္ကေန ကပ္လိုက္ေနရာမွ ေဘးခ်င္းယွဥ္ကာေလၽွာက္ပစ္လိုက္ေတာ့

ခ်က္ခ်င္းတုန္႔ရပ္သြားတဲ့ေျခလွမ္းတစ္စုံနဲ႔အတူ ဥကၠဌSim၏ခပ္တင္းတင္းမ်က္ႏွာမူရာက သူ႔ထံသို႔

"ဘယ္သူကမွ ငါနဲ႔ေဘးခ်င္းယွဥ္ရပ္လို႔မရဘူးဆိုတာကိုေမ့ေနတာလားရွင္းဂ်ယ္ယြန္း"

ဘဝမွာလ်စ္လ်ဳရႈခံရျခင္းေတြကို ခါးခါးသီးသီးမုန္းမိသေလာက္ သူ႔အေဖဆိုတဲ့ ဒီအမ်ိဳးသားဟာ သူ၏မႏွစ္ၿမိဳ႕ရျခင္းေတြကိုပဲေရြးကာျပဳမူျပတတ္သလားေအာက္ေမ့ရသည္။

ယခုလို ႀကိမ္းေမာင္းသံက်ယ္က်ယ္ထြက္လာေတာ့လဲ သူ႔အတြက္ေက်နပ္စရာ၊ အနည္းဆုံးေတာ့ သူ႔စကားကိုလ်စ္လ်ဳရႈျခင္းအတြက္ ဒီအေဖမႀကိဳက္တာလုပ္ျပၿပီး စိတ္တိုစရာေလးေတြျဖစ္ျဖစ္ျပန္ေပးလိုက္ရမွ ေတာ္ကာက်မယ္မဟုတ္လား။

ခပ္မဲ့မဲ့ရီကာ ေျခတစ္လွမ္းေနာက္ဆုတ္လိုက္၏။

"ဘာကိစၥရွိလို႔လာသလဲေမးခဲ့တယ္ ေျဖအုံးေလ"

ဥကၠဌSimကမ်က္ခုံးတစ္ဖက္ကို ခပ္ေျမာက္ေျမာက္ပင့္တင္ရင္း မဲ့ျပဳံးျပဳံးသည္။

"ျပႆနာအႀကီးႀကီးဖန္တီးသြားတဲ့ မင္းတို႔ႏွစ္ေယာက္ကိုလာၾကည့္တာပဲေျပာရမလား၊ အေမရဲ့စ်ာပနာကိုေတာင္အေစာႀကီးျပန္သြားတဲ့သားအေျခေနကိုလဲ တစ္ခ်က္လာစစ္ရင္းေပါ့"

ဂ်ယ္ယြန္း အံတစ္ခ်က္ႀကိတ္ကာ ဥကၠဌSim၏မ်က္ႏွာနားသို႔ေျခတစ္လွမ္းတိုးကပ္လိုက္ၿပီးမွ မ်က္လုံးခ်င္းတည့္တည့္ဆိုင္လိုက္သည္။

"ဘာအေၾကာင္းနဲ႔မွ ေဆာင္ဟြန္းကို အရႈပ္ေတြထဲဆြဲထည့္စရာမလိုဘူးေနာ္၊ အစအဆုံး အကုန္ကၽြန္ေတာ္တာဝန္ယူမယ့္ကိစၥ ကၽြန္ေတာ္နဲ႔ပဲရွင္းမယ္၊ အေဖေျပာခ်င္တာအကုန္လုံးလဲ ကၽြန္ေတာ္တစ္ေယာက္ထဲကိုပဲတိုက္ရိုက္ေျပာပါ၊ သူ႔ကိုေတာ့ လႊတ္ထားေပးလိုက္ပါ ေက်းဇူးျပဳၿပီး....."

မ်က္ခုံးႏွစ္ဖက္ကိုပင့္တင္လိုက္ေသာသူ႔အေဖဟာ ဆတ္ခနဲ ေခါင္းတစ္ခ်က္ၿငိမ့္ျပ၏။ ထို႔ေနာက္ ေလွာင္ျပဳံးတစ္ခ်က္ကိုလွစ္ဟရင္း

"အိပ္မက္မက္ေနတာေတြကိုရပ္ၿပီး လက္ေတြ႕ဘဝထဲကိုျပန္ဝင္ေတာ့ ငါ့ရဲ့သည္းခံေပးမႈကဒီထက္မပိုေပးနိုင္ေတာ့ဘူးမလို႔"

ဤတစ္ခြန္းေျပာကာလွည့္ထြက္သြားတဲ့သူ႔အေဖေၾကာင့္ လက္သီးႏွစ္ဖက္ဟာတင္းတင္းဆုပ္မိေတာ့၏။

"အဆုံးထိသြားခ်င္တဲ့သေဘာလား......ဒါဆိုလဲ ကၽြန္ေတာ့္ဘက္က ဘာကိုမွဂ႐ုစိုက္ေနမွာမဟုတ္ဘူးေနာ္၊ အားလုံးကိုစြန္႔လႊတ္နိုင္တယ္ ကုမၸဏီ စည္းစိမ္ ေငြ ဂုဏ္ ေနာက္ၿပီး ခင္ဗ်ား......အားလုံးကကၽြန္ေတာ့္အတြက္ ေျမစာခဲေတြလိုပဲ နည္းနည္းေလးေတာင္ အဖိုးတန္မေနတာေၾကာင့္"

"ဂ်ယ္ယြန္း!!!"

ခပ္ဟိန္းဟိန္းထြက္လာတဲ့ နာမည္ေခၚသံတစ္ခုက သူ႔အားစူးစူးဝါးဝါးလွမ္းၾကည့္ေနေသာ အေဖ့ျဖစ္သူထံမွထြက္လာျခင္းေတာ့ မဟုတ္ခဲ့။

အိမ္ထဲကိုေရာက္ႏွင့္ေနၿပီးေသာ HeeSeung hyungႏွင့္Dr.Kimရယ္၊ hyungက သူ႔ထံ မ်က္စိမ်က္ႏွာပ်က္ႏွင့္လွမ္းေအာ္ေနလ်က္၊ Dr.Kimကိုျမင္ေတာ့မွ ဂ်ယ္ယြန္း အသိအာ႐ုံေတြကိုျပန္စုရသည္။

"Dr.Kim အေပၚထပ္က ကၽြန္ေတာ့္အခန္းထဲကိုဝင္သြားလိုက္ပါ.....ကေလးကတစ္အားဖ်ားေနတာမို႔ ေသေသခ်ာခ်ာေလးဂ႐ုစိုက္ၾကည့္ေပးသြားပါအုံး"

"ဟုတ္ကဲ့ ဟုတ္ကဲ့ ဒါဆို ကၽြန္ေတာ္ အေပၚသြားလိုက္ပါအုံးမယ္"

ဖရိုဖရဲအမူအရာတို႔ကို ရီရီျပဳံးျပဳံးထိန္းရင္း သူတို႔ေရွ႕မွခပ္သြက္သြက္ျဖတ္ေလၽွာက္သြားတဲ့Dr.Kim။ ဒီလိုႏွင့္ သူရယ္၊ Hyungရယ္ ဥကၠဌSimရယ္ သုံးေယာက္သာက်န္ခဲ့ေတာ့သည္။

ဥကၠဌSimက ဘာမွျဖစ္မသြားခဲ့သလို အိတ္ကဒ္ထဲမွစီးကရက္ေနာက္တစ္လိပ္ကိုကိုက္ကာ မီးညႇိေနသည္။

"ဥကၠဌႀကီး ဘယ္သူလိုက္ပို႔တာလဲ ကားကို တစ္ေယာက္ထဲေမာင္းလာတာလား....ကၽြန္ေတာ္ကျပန္လိုက္ပို႔ပါမယ္"

"မလိုဘူး ငါ့ဘာသာငါျပန္မယ္.....မင္းလဲလုပ္စရာရွိတာကိုပဲလုပ္ မလိုအပ္တာေတြကိုပါလိုက္လုပ္ေပးၿပီးမွ ဒီမိသားစုတြင္းမွာဇယားေတြမရႈပ္ေစဖို႔ေမၽွာ္လင့္တယ္"

"ကၽြန္ေတာ္ေတာင္းပန္ပါတယ္ဥကၠဌႀကီး ေနာက္မျဖစ္ေစရပါဘူး"

ေခါင္းကိုငုံ႔လ်က္ ရို႔က်ိဳးေနခဲ့ေသာhyungပုံစံက ယခင္အတိုင္းပဲ မေျပာင္းမလဲ ဂ်ယ္ယြန္းစိတ္ေတြကိုမြန္းၾကပ္ေစရသည္။

သူ႔ကို ခပ္စူးစူးတစ္ခ်က္ၾကည့္ကာလွည့္ထြက္သြားတဲ့ ဥကၠဌSimေၾကာင့္ မျဖစ္မေနေျပာထြက္မိသည့္စကားတစ္ခြန္းကေဒါသအရွိန္ႏွင့္လႊတ္ခနဲ

"အဲ့တာကိုသိလား လက္ခံျခင္းမခံျခင္းက ခင္ဗ်ားကိစၥျဖစ္ၿပီး၊ ခင္ဗ်ားထင္ျမင္ခ်က္ေတြကိုလဲကၽြန္ေတာ္စိတ္မဝင္စားခဲ့တာ"

"လက္ထပ္ပြဲကိုလဲႏွစ္ဖက္မိဘမပါပဲစီစဥ္သြားမွာမလို႔ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ၾကားကကိစၥ ကၽြန္ေတာ္တို႔နဲ႔ပဲသက္ဆိုင္ေတာ့တယ္ဆိုတဲ့အေၾကာင္းသိထားေပးပါ"

"ဂ်ယ္ယြန္း!......"

အေဖျဖစ္သူထံပါးမွဆိတ္ဆိတ္ၿငိမ္သက္ေနဆဲ၊ ေအာ္သံတစ္ခ်က္ဟာ အစ္ကိုျဖစ္သူထံမွက်ယ္က်ယ္ေလာင္ေလာင္ထပ္ထြက္လာသည္။

"Hyungလဲ ေဘးဖယ္ေနလိုက္ေတာ့ရင္ေကာင္းမယ္ထင္တာပဲ ကၽြန္ေတာ့္ကိုစိတ္ပူစိုးရိမ္တာသိေပမယ့္ ခုကစၿပီး ကၽြန္ေတာ့္ကိစၥကို ကၽြန္ေတာ္ပဲကိုင္တြယ္သြားေတာ့မလို႔ပါ"

"ဂ်ယ္ယြန္း....စိတ္ကိုေလၽွာ့ၿပီး ၿပီးမွငါနဲ႔စကားေျပာၾကတာေပါ့ အခုေတာ့......"

သူ႔ကိုလာဆြဲကာ ခပ္ေလာေလာေျပာေနဆဲဟီဆြန္း၏စကားမ်ားကို လွမ္းတားသည့္ဥကၠဌSim

"မင္းေျပာတဲ့စကားေတြကိုမင္းေသခ်ာရဲ့လား ဂ်ယ္ယြန္း"

စကားသံထဲမွာ ေရခဲစေတြကပ္ပါေနသလိုေအးစက္စက္၊ သူ႔ဆီကိုတစ္လွမ္းခ်င္းေလၽွာက္လာေနရာမွာ မ်က္ႏွာခ်က္ဆိုင္တည့္တည့္ရပ္ကာ ေကာ္လံစေတြဆီက မညင္မသာခ်ဳပ္ကိုင္ခံရသည္။

"ေသခ်ာၿပီဆိုရင္ ႏွစ္ခါျပင္မရဘူးေနာ္"

မ်က္ဝန္းနက္ေတြဆီကို တည့္တည့္စီးခ်င္းထိုးလာေသာ သူ႔အေဖ၏အၾကည့္စူးစူးမ်ား၊ ဂ်ယ္ယြန္း မုန္းတီးခါးသီးစြာ ေကာ္လံစေတြေပၚမွ ဥကၠဌSim၏လက္မ်ားကို ခပ္ၾကမ္းၾကမ္းတြန္းထုတ္ပစ္လိုက္၏။

"ငါ့ကို မင္းကအရင္စပုန္ကန္တာပဲဂ်ယ္ယြန္း ဒါကိုေတာ့မင္လက္ခံထားလိုက္ပါ"

ဤတစ္ခြန္းအား ခပ္စူးစူးအၾကည့္တစ္ခ်က္ျဖင့္ဆိုရင္း မီးညႇိၿပီးသား စီးကရက္ကိုပါးစပ္ဖ်ားဆီျပန္တင္ကာ လွည့္ထြက္သြား၏။

ဂ်ယ္ယြန္း ဆံပင္နက္ေတြကိုခပ္ၾကမ္းၾကမ္းကုတ္ဖြပစ္ကာ ေဘးနားမွာရွိတဲ့ဆိုဖာႀကီးဆီသာ အသံတိတ္ထိုးႀကိတ္ေပါက္ကြဲလိုက္သည္။ မေတာ္တဆ ဆူသံညံသံေတြကို အေပၚထပ္ကမင္းသားေလးၾကားသြားမွာလဲစိုးတာေၾကာင့္.......

စိတ္မြန္းၾကပ္ရလြန္းလို႔ ႐ူးမလိုအထိ ဒီလိုဘဝႀကီးႏွင့္ သူသံသရာျမန္ျမန္ျဖတ္ခ်င္လွပါၿပီ......။


****************

"ေဆးလဲခ်ိတ္ေပးခဲ့ၿပီး ေသာက္ရမယ့္ေဆးေတြကိုလဲ ကၽြန္ေတာ္စားပြဲေပၚမွာစာနဲ႔တကြခ်န္ထားေပးခဲ့ပါတယ္ အိပ္ေရးဝဝအိပ္ဖို႔လိုတာမို႔ ဒီညေန သူမနိုးမခ်င္းေတာ့ ေပးအိပ္လိုက္ပါ"

"ေက်းဇူးDr.Kim ပင္ပန္းသြားၿပီ......ခနေလာက္ေစာင့္ေပးလို႔ရမလား ျပန္လိုက္ပို႔ေပးဖို႔drvier.Choiကိုေခၚထားတယ္"

"ေနေတာ့ မေခၚနဲ႔ ငါပဲလိုက္ပို႔လိုက္မယ္"

"Hyungက ကုမၸဏီျပန္ရအုံးမယ္ဆို......"

"ျပန္ရင္းနဲ႔ ဝင္ပို႔လို႔ျဖစ္တယ္"

************


"ေတာင္းပန္ပါတယ္......"

ေရွ႕တည့္တည့္စိုက္ကာ ကားေမာင္းေနေသာအမ်ိဳးသားေလးထံမွစကားသံစေၾကာင့္ ေဆာႏူရင္ထဲသိမ့္ခနဲ႔။

"ကို....."

နာမ္စားေလးကို တီးတိုးေရရြတ္ခ်ိန္ ကိုယ့္မ်က္ဝန္းမွာ မ်က္ရည္ဥေလးေတြလဲစုျပဳံေနေလာက္ေရာေပါ့။ ေငးၾကည့္ေနမိတဲ့သူဟာ ေဆာႏူဆီသို႔အၾကည့္မေရာက္ေသးခင္ ကားေမာင္းေနတဲ့လက္တစ္ဖက္က ေဆာႏူရဲ့လက္ဖဝါးအိအိေတြဆီကိုအရင္တြယ္ၿငိလာသည္။

မေမၽွာ္လင့္စရာ ၾကည္ႏူးလိုက္ရတာ၊ ခ်စ္သူေလးက အမ်က္ေျပရွာၿပီတဲ့၊ အေပ်ာ္လြန္ေနမိတဲ့ကိုယ့္မ်က္ရည္ေတြဟာ အိေျႏၵေတာင္မဆည္နိုင္ေလာက္ေတာ့တာ မလြန္ဘူးထင္ရဲ့.......

လက္ဖဝါးအိအိေတြကို သူဟာဆြဲယူသြားကာ ႏူတ္ခမ္းပါးပါးေလးႏွင့္ဖိကပ္လိုက္ေတာ့ ရင္ထဲမွာၾကည္ႏူးမ်က္ရည္မိုးေတြတစ္ခါသည္းရျပန္တာ ဖိန္တိန္းရွိန္းတိန္းရယ္.....။

အဲ့ဒီေနာက္မွာ သူ႔အၾကည့္ရီေဝေဝေတြဟာ ကိုယ့္ဆီထံ ျပတ္ျပတ္သားသားငဲ့ေစာင္းလာသည္။ ၿပီးေတာ့ ႏူးညံ့စြာတစ္ခ်က္ျပဳံးျပသည္။

"ကိုတို႔ အခ်ိန္တစ္ခုေလာက္ထိ အဆက္အသြယ္မလုပ္ မေတြ႕ပဲေနၾကရေအာင္ေနာ္......မင္းကို ကိုသိပ္ခ်စ္တာ ေကာင္းေကာင္းႀကီးသိတယ္မဟုတ္လားအခ်စ္......ကိုျပန္လာခ်ိန္အထိေဘးကင္းကင္းနဲ႔ရွိေနေပးမယ္မဟုတ္လား.....ဟင္...."

To be continued........

ႏွစ္မကုန္ခင္ ဇာတ္သိမ္းမွာျဖစ္တဲ့အတြက္ ဒီ့ထက္ပိုၿပီးရက္ေတြမၾကာေတာ့ဘူးဆိုတဲ့အေၾကာင္း ကတိေပးရင္း ညေကာင္စာေရးသူရဲ့ MEH (35)ျပန္လာခဲ့ၿပီ၊ ရက္ၾကန္႔ၾကာမႈမ်ားအတြက္ အႏူးအညြတ္ေတာင္းပန္ပါေၾကာင္းႏွင့္ သတိတရရွိေပးၾကသူမ်ားရွိခဲ့ရင္လဲ ရင္ထဲအသည္းထဲမွအထူးေက်းဇူးတင္ပါေၾကာင္း ထပ္ေလာင္းေျပာၾကားလိူက္ရပါတယ္💖

My Essential Hon(35)
Dec27/ 2021
3:13AM

Continue Reading

You'll Also Like

242K 8.6K 99
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
618K 18.6K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
182K 4.9K 42
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...