[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...

By Boss_want_to_eat_you

549K 75K 1.4K

Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] ႏွင္းခဲေတြဟာ အရည္ေပ်ာ္သြားၿပီး ႏြေဦးအျဖစ္ေျပာင္းလဲသြားေလရဲ႕။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ္သိမ္း[၈၉] အဆုံးသတ္။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။

[၇၃] အီစီကလီရိုက်ခြင်း။

2.8K 410 8
By Boss_want_to_eat_you

!unicode!

အခန်း(၇၃) အီစီကလီရိုက်ခြင်း။

.....

ယွီဟုန်တစ်ယောက်ရေသောက်နေစဥ်မှာပင်၊ သူဟာ အသစ်ရောက်လာသူ၏တွန်းဖယ်ခြင်းခံလိုက်ရပေ၏။ သူလက်ဖက်ရည်ခွက်ကိုချကာ ဒေါသတကြီးပြောမိသည်။
"ဟေး၊ မင်း..."

ယွင်ရှဲ့လက်မြှောက်ပြီး "ရပ်"ဟူသည့်အမူအရာပြကာ ပြုံးရင်းပြောလိုက်သည်။
"ယွီရှစ်ကျီ၊ ဒီတစ်ယောက်ကငွေရှင်းပေးဖို့ဒီကိုရောက်လာတာလေ၊ မင်းပိုပြီးယဥ်ကျေးသင့်တယ်နော်။"

ယွီဟုန်ထိတ်လန့်သွားရသည်၊ ထို့နောက် သူ့ဘေးရှိလူကိုပြန်လှည့်ကြည့်မိသော် ထိုလူဟာ သူ၏သေဆုံးသွားသောအစ်မကိုရောင်းချခဲ့သည့်ယန်သခင်လေးဖြစ်ကြောင်းမှတ်မိသွားရသည်။ သူ့၌ အခက်အခဲဖြစ်နေသည့်အကြည့်တစ်ခုရှိနေကာ သူသည် ယွင်ရှဲ့အားကြည့်မိသည့်အခါ တုန်တုန်ရီရီဖြစ်သွားရ၏။

ကျန်းရွှင်းယီကပြောသည်။
"မင်းရဲ့ဦးလေးယွင်က သူ့ကိုယ်ပေါ်မှာခြေရာခံအဆောင်ကပ်ခဲ့တယ်လေ။"

ယွင်ရှဲ့သည် ယန်သခင်လေးအတွက် ဝိုင်တစ်ခွက်ငှဲ့ပေးကာ သူ့ဆီကိုတွန်းပို့လိုက်သည်။
"သောက်ကြည့်ပါအုံး။ ဒါကကျွန်တော်မှာထားတဲ့ အကောင်းဆုံးနျူအာဟုန်သေရည်ဖြစ်တယ်။ အစကတော့ မင်းအစ်မကဒီနေ့လက်ထပ်တော့မှာလေ။ ဆိုတော့ မင်းဒါကိုသောက်သင့်တယ်။"

ယန်သခင်လေး၏လက်မှာတုန်ယင်နေလေရာ သေရည်တစ်ချို့ဖိတ်ကျသွားခဲ့သည်။ ယွင်ရှဲ့ကျစ်တစ်ချက်စုတ်သပ်လိုက်ပြီးနောက်၊ သူဟာရုတ်တရက်ဒူးထောက်ချလာသည်။
"သူရဲကောင်းလေး၊ သူရဲကောင်းလေး၊ ဒီလူဆိုးကိုသွားခွင့်ပေးပါ၊ ဒီလူဆိုးကဘာမှမသိပါဘူး။"

ယွင်ရှဲ့ဟာ သူ၏လက်ချောင်းများနှင့်စားပွဲပေါ်ကိုတောက်လိုက်သည့်အခါ၊ ဖိတ်ကျသွားခဲ့သောသေရည်များမှာ ချောမွေ့သောမှန်တစ်ချပ်အဖြစ်ပြောင်းလဲသွားချေသည်။ သူထရပ်ကာ ယန်သခင်လေး၏အကျီကော်လာအနောက်ကိုဆွဲ၍ သူ့အားစားပွဲပေါ်မှောက်ချကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ရူးချင်ယောင်ဆောင်မနေနဲ့၊ မင်းကိုယ်မင်းကြည့်လိုက်၊ မင်းမသိတဲ့အရာကိုမင်းမှတ်မိလာနိုင်တယ်။"

ယန်သခင်လေးပဟေဠိဖြစ်သွားပေမဲ့ ယွင်ရှဲ့ကသူ့ကိုဖိချထားသည်ဖြစ်ရာ သူကူကယ်ရာမဲ့စွာဖြင့်မှန်ကိုငုံ့ကြည့်လိုက်မိသည်။ မှန်ထဲ၌မူ၊ သူမြင်လိုက်ရသည်ကား သူ၏နံဘေး၌ အမျိုးသမီးတစ္ဆေတစ်ကောင်ရှိနေကာ ၎င်း၏လျှာရှည်ကြီးမှာ သူ၏လည်တိုင်အားလည်စည်းပုဝါသဖွယ်ရစ်ပတ်ထားကာ ၎င်း၏အစွယ်အပြည့်ပါးစပ်ကြီးအား သူ၏လည်မျိုဆီသို့ရွယ်ထားကာ ကိုက်စားဖို့ရန်စိတ်အားထက်သန်နေလေ၏။

သူ့၌ကြောက်လန့်တကြားအော်ဟစ်ဖို့ရာအချိန်မရှိသေးခင်မှာပင်၊ ကျန်းရွှင်းယီကအဝတ်စုတ်တစ်ခုယူလိုက်ပြီးသားဖြစ်ကာ သူ့ပါးစပ်ထဲသို့ထိုးထည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့်၊ သူတို့သည် အနောက်ဖက်ကျသည့်နေရာ၌ထိုင်နေကြသည်ဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ကမျှသူတို့ကိုအာရုံစိုက်မနေပါချေ။ ကျန်းရွှင်းယီအော်လိုက်သည်။
"အခုပြောတော့! မဟုတ်ရင် အမျိုးသမီးတစ္ဆေကိုမင်းကိုသတ်ခွင့်ပေးလိုက်မယ်။"

ယွီဟောင်မှာ ဤတဒဂ်၌ ယွင်ရှဲ့တစ်ယောက်ကျန်းရွှင်းယီကိုမြင်သည့်အခါတိုင်း "မင်းကမသန့်စင်ဘူး"ဟုအမြဲပြောလေ့ရှိသည့်အကြောင်းရင်းကို နားလည်သွားပုံပေါ်၏။

ယန်သခင်လေးကနှစ်ကြိမ်တိတိညည်းညူလာ၍ ယွင်ရှဲ့ကအဝတ်စုတ်ကိုဖယ်ပေးသည်။ သူဖြေးဖြေးချင်းနှင့် ရှင်းလင်းပီသစွာပြောလိုက်သည်။
"မင်းအစ်မကိုမင်းဘာကြောင့်သတ်ခဲ့တာလဲ။"

ယန်သခင်လေးသည်တောင့်တင်းသွားရကာ ထစ်ထစ်အအဖြင့်-
"ကျုပ်မလုပ်..."

ကျန်းရွှင်းယီသည် စားပွဲခုံအားရိုက်ချလိုက်ရာ ယွင်ရှဲ့၏တိတ်တဆိတ်တင်းတင်းစေ့နေသောနှုတ်ခမ်းမှာ အပြုံးတစ်စွန်းတစ်စဖြစ်ပေါ်လာခဲ့၏။ ယန်သခင်လေးမှာ အနှီအေးစက်သောတစ်ယောက်နှင့် နွေးထွေးသောတစ်ယောက်ကြောင့် တစ်ပိုင်းသေသည်အထိကြောက်လန့်လာရကာ သူဆိတ်ဆိတ်နေဖို့ရာ အလွန်ကြောက်ရွံ့နေမိသည်။
"သူရဲကောင်းနှစ်ယောက်ခင်ဗျ၊ ကျုပ်-ကျုပ်-ကျုပ်မိသားစုက အရမ်းဆင်းရဲလွန်းတော့ ကျုပ်ဒီလိုလုပ်ခဲ့မိတာပါ။ ပြီး-ပြီးတော့လဲ ကျုပ်တို့မိသားစုတင်မဟုတ်ပါဘူး။ ပိုက်ဆံမရှိပေမဲ့ သမီးမိန်းကလေးအများကြီးရှိတဲ့မိသားစုတိုင်းက ဒီလိုပဲလုပ်ကြတာပါ..မကြာသေးခင်ကဆိုရင် ဘယ်သူကမှသတို့သားမဖြစ်ရဲကြတော့ သူတို့မှာသမီးရှိရင်တောင်မှ လက်ထပ်ဖို့နည်းလမ်းမရှိကြဘူးလေ။ ဒါပေမဲ့ သူတို့အလောင်းတွေကိုရောင်းလိုက်ရင် ငွေချောင်း၁၂၀ပြန်ရတယ်။ ဒါကြောင့်မို့ သူတို့ကအသက်ရှင်နေတာထက်စာရင် သေဖို့ပိုပြီးထိုက်တန်ပါတယ်..."

မာပင်း၏ဒေါသပေါက်ကွဲထွက်လာသည်။
"ခင်ဗျားကလူတစ်ယောက်မဟုတ်ဘူးပဲ!"

တုန်းကော၏တစ္ဆေလက်ထပ်ပွဲဓလေ့ထုံးတမ်းကား အလွန်တရာအိုဟောင်းလှသည်ဖြစ်ရာ ယွင်ရှဲ့ဟာဒါကိုထင်မှတ်ထားပြီးသားဖြစ်၍ သူ့အတွက်မူ ဒါဟာအံ့သြစရာမဟုတ်ပေ။ သူဆက်မေးသည်။
"ဘယ်သူမှသတို့သားမဖြစ်ရဲကြဘူးလို့ခင်ဗျားပြောခဲ့တယ်နော်...စောစီးပိုင်းတုန်းကလက်ထပ်ခဲ့ကြတဲ့သူတွေကရော၊ လက်ထပ်ပွဲညမှာသတို့သားသေသွားတဲ့အချိန်တုန်းက သတို့သမီးကဘယ်လိုလုပ်ပြီးမသိရတာလဲ။ သတို့သားတွေကဘယ်လိုသေသွားခဲ့တာလဲ၊ ခင်ဗျားမတိုင်ခင်ကမြင်ဖူးလား။"

ယန်သခင်လေးကသက်မချပြီး အကြည့်လွှဲရင်းပြောလာသည်။
"သူရဲကောင်းလေးမေးချင်တာဒါကိုး။ ဒါကဘာမှမထူးဆန်းပါဘူး။ သတို့သားတွေကလက်ထပ်ပွဲညမှာ မဂ်လာမွေ့ရာပေါ်မှာပဲသေဆုံးသွားခဲ့ကြတာ။ သူတို့ကိုကြည့်ရတာ အိပ်ပျော်နေတဲ့အတိုင်းပဲ၊ သူတို့ဘယ်လိုသေသွားလဲဆိုတာဘယ်သူမှမသိကြဘူး။ သတို့သမီးတွေကဘာမှမမှတ်မိကြဘူး။ သူတို့အားလုံးကမဂ်လာခန်းမထဲဝင်လိုက်တာနဲ့ အိပ်မောကျသွားခဲ့တာလို့ပဲပြောကြတာ။ ကျုပ်- အာ၊မဟုတ်ဘူး၊ ဒီလူဆိုးကအဲ့လိုပဲကြားမိတာပါ။"

ဤလူကား နေရောင်ခြည်းအနည်းငယ်ရရှိပြီးနောက်၌၊ တကယ့်ကိုပွင့်လန်းလာခဲ့ပေ၏။ သူတို့ကသူ့ကိုကောင်းမွန်သောလေသံနှင့်ပြောလိုက်ရာ သူ့လျှာရုတ်တရက်ချော်သွားရသည်။ ယွင်ရှဲ့ပြုံးလိုက်မိသည်။ ယန်သခင်လေးကသူ့အမူအရာကိုကြည့်လိုက်ပြီးနောက်၌၊ စားပွဲပေါ်ရှိမှန်အားတစ်ချက်ခိုးကြည့်လိုက်သည်။ သူ့လည်ပင်းပေါ်ရှိအမျိုးသမီးတစ္ဆေပျောက်သွားသည်ကို သူမြင်လိုက်ရ၍ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်မိချေသည်။

ကျန်းရွှင်းယီသည်ယွင်ရှဲ့ကိုစိုက်ကြည့်လိုက်ပြီးနောက်တွင် ယန်သခင်လေးဆီလှည့်လိုက်၏။
"မင်းသွားလို့ရပြီ။"

မာပင်းကဝင်နှောင့်သည်။
"မရဘူး၊ ခင်ဗျားသူ့ကိုသွားခွင့်ပေးလိုက်လို့မရဘူးလေ။ သူကဒီလောက်ကြောက််စရာကောင်းတဲ့ကိစ္စကိုလုပ်ထားတာကို ခင်ဗျားဘာလို့သူ့ကိုလွှတ်ပေးလိုက်တာလဲ။"

ကျန်းရွှင်းယီဒါကိုလုပ်ရသည့်အကြောင်းပြချက်ကား ဘုရားသခင်ရှိတာကြောင့်ဖြစ်၏။ ကျင့်ကြံသူများသည် မကောင်းဆိုးဝါးမိစ္ဆာများကိုသတ်ဖြတ်ခြင်းအား သူတို့၏ကိုယ်ပိုင်တာဝန်အဖြစ်အမြဲတစေမှတ်ယူထားပေမဲ့ သူတို့ဟာသေမျိုးများ၏ပူဆွေးသောကနှင့်ပတ်သတ်၍ ဝင်ရောက်စွက်ဖက်သည်မှာရှားပါးလွန်းလှသည်။ ယခုလေးတင်၊ ယန်သခင်လေးက အမျိုးသမီးတစ္ဆေပျောက်သွားတာကိုမြင်လိုက်ရသော်လည်း၊ ဒါဟာယွင်ရှဲ့ဖန်ဆင်းထားသည့်ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။ ယန်သခင်လေးကား မကောင်းသောအရာများကိုပြုလုပ်ထားသည်ဖြစ်ရာ ပူဆွေးသောကအပြည့်ဖြစ်တာကြောင့် သူ၏အချိန်မှာအကန့်အသတ်ရှိသည်။

ကျန်းရွှင်းယီသည်ရှင်းပြဖို့ရာအလွန်ပျင်းရိလှပေ၏။ ယွင်ရှဲ့ဟာ မာပင်းကိုအံ့သြတကြီးကြည့်လိုက်မိကာ ယွီဟုန်တစ်ယောက်အခွင့်ကောင်းယူ၍ တိုင်လိုက်သည်။

"ယွင်ရှစ်ရှု၊ ဦးလေးမမြင်လို့နော်။ ဒီကလေးက ဦးလေးကိုအကြိမ်တော်တော်များများဆန့်ကျင်နေတာဗျ။"

ယွင်ရှဲ့သည် ယန်သခင်လေးမသွားသေးသည်ကိုမြင်လိုက်ပြီး တံခါးဆီကန်ထုတ်ပစ်လိုက်၏။
"သွားတော့၊ ငါလိုက်မပို့တော့ဘူး။ ပိုက်ဆံရှင်းဖို့မှတ်မိပါလေ။"
သူဟာ မာပင်းကိုလှည့်ကြည့်လိုက်ရာ သူဘာမှမပြောပေမဲ့ အေးစက်မှုများထုတ်လွှတ်နေပေသည်။

မာပင်းထစ်အသွားရသည်။
"ကျွန်-ကျွန်တော်..."

"နေစရာရှာကြရအောင်။"
ကျန်းရွှင်းယီရုတ်တရက်ပြောလိုက်သည်။
"ယွင်ရှဲ့၊ သွားမယ်။"

ယွင်ရှဲ့ကား အမူအရာမဲ့လျက်အဝေးကိုကြည့်လိုက်ပြီးနောက်၌၊ ကျန်းရွှင်းယီအားတောက်ပစွာကြည့်လာသည်။
"ကိုယ်မင်းစကားနားထောင်ပါ့မယ်။"

သူတို့၏နီးစပ်မှုကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပေမည်၊ သူတို့၏ဆက်ဆံရေးအဆင့်ကိုဆုံးဖြတ်ပြီးသွားတာတောင်၊ သူတို့၏အပြုအမူများမှာသိပ်များများစားစားမပြောင်းလဲသွားပေ။ သည်ထက်ပိုသည်ကား သူတို့၏နံဘေး၌ တတိယဘီးလေးနှစ်ယောက်ပါနေသည်ဖြစ်ရာ အတွင်းခန်းထဲသို့ဝင်လာပြီးမှသာ သူတို့တွေအေးချမ်းမှုရသွားပေသည်။ ကျန်းရွှင်းယီသည်အခန်းထဲဝင်လာပြီး ပစ္စည်းတွေချလိုက်သည့်အချိန်တွင်၊ ယွင်ရှဲ့တစ်ယောက်သူ့အခန်းထဲ၌ပေါ်လာခဲ့ပြီးသားဖြစ်၏။

ကျန်းရွှင်းယီဟာ သူလာမည်ကိုခန့်မှန်းထားပြီးဖြစ်၍ ခေါင်းလှည့်ကာပြုံးပြလိုက်သည်။
"မင်းတကယ်မြန်.."

သူပြော၍မပြီးသေးခင်မှာဘဲ၊ ယွင်ရှဲ့ကရုတ်တရက်ရှေ့တိုးလာပြီး သူ့ကိုဖက်တွယ်လာခဲ့သည်။ ကျန်းရွှင်းယီတောင့်တင်းသွားပေမဲ့ ယွင်ရှဲ့ဟာသူ့လက်တွေကိုသူ့ပုခုံးပေါ်၌တင်ထားပြီးဖြစ်ကာ ခေါင်းငုံ့၍ သူတို့နှုတ်ခမ်းတွေကိုအတူတကွဖိကပ်လိုက်ပြီး သူ့အားသည်းကြီးမဲကြီးနမ်းရှိုက်လာပေသည်။

သူ၏အမူအရာမှာ အလွန်လေးနက်လှပြီး အနမ်းကား သူ၏အတွေးများနှင့်စိုးရိမ်ပူပန်မှုကိုသွန်းလောင်းထည့်နေသည့်နှယ် နက်ရှိုင်းကာ ရမ္မက်ဆန်၏။

ကျန်းရွှင်းယီသည် အစကတော့ အနည်းငယ်ခံနိုင်ရည်ရှိပေမဲ့ သူဟာ ယွင်ရှဲ့၏စိတ်အခြေအနေအားဖြင့် တဖြည်းဖြည်းကူးစက်ခံလိုက်ရကာ ဖြေးညှင်းစွာလက်မြှောက်၍ သူ့ကျောပြင်ကိုဖိကပ်လိုက်သည်။ ယွင်ရှဲ့တုန်ယင်သွားပြီး သူ့အားပို၍တင်းကြပ်စွာဖက်လာခဲ့သည်။

အချိန်အတော်ကြာပြီးနောက်၌၊ လူနှစ်ဦးသည်ဖြေးဖြေးချင်းကွဲကွာသွားကာ ယွင်ရှဲ့ကတွန့်ဆုတ်ဆုတ်နှင့် သူ့လက်ကိုလွှတ်ပေးလိုက်ပေမဲ့ သူ့မျက်လုံးများကတော့တောက်ပနေချေသည်။
"အခုမှပဲအဲ့ဒီ့နေ့ကဖြစ်ခဲ့တာကအမှန်ဆိုတာ ကိုယ့်ကိုယ့်ကိုယုံကြည်နိုင်တော့တယ်ကွာ။ မင်းကကိုယ်နဲ့အတူရှိဖို့တကယ်ဆန္ဒရှိနေတာပဲ။"

ကျန်းရွှင်းယီမှာ သူပြောတာကြားပုံမပေါ်ဘဲ နှစ်ယောက်သားယှဥ်ရန်လက်ဆန့်လိုက်ကာ ရှော့ခ်ရသွားမိသည်။
"မင်းကတကယ်ကြီးငါ့ထက်အရပ်ပိုရှည်တာလားဟ။"

အကယ်၍ သူ၏နီမြန်းနေသောနားရွက်များကိုလျစ်လျူရှူလိုက်လျှင်၊
သူဟာ တကယ်ပဲ ချစ်ခြင်းမေတ္တာ၏သက်ရောက်ခြင်းမခံရဟု၍ ထင်မိပေလိမ့်မည်။

"..." ယွင်ရှဲ့နောက်ဆုံး၌ရယ်မောကာ ခေါင်းခါလိုက်မိသည်။
"မင်းအခုမှသိတာလား။ အနာဂတ်မှာကိုယ်မင်းနဲ့အတူရပ်တဲ့အခါကျရင် ကိုယ့်ဒူးတွေကိုကွေးစေချင်လား။"

"...မင်းဒူးထောက်ရင်ပိုကောင်းလိမ့်မယ်။"
ကျန်းရွှင်းယီရွှတ်နောက်နောက်ပြုံးလိုက်ပေမဲ့ ယွင်ရှဲ့နောက်နေတာမဟုတ်မှန်းမြင်လိုက်ရသည်။ သူသည် ပြုံးရုံသာပြုံးနေကာ သူ့အားနူးညံ့သောမျက်ဝန်းများဖြင့်ကြည့်နေလေ၏။

ပြတင်းပေါက်အပြင်ဘက်၌၊ လရောင်ကား ရေသဖွယ်ပင်။ အခန်းထဲတွင်တော့ မျက်လုံးများဟာ ယစ်မူးရီဝေနေလေသည်။

ကျန်းရွှင်းယီ၏အကြည့်မှာ မရည်ရွယ်ပါဘဲပျော့ပြောင်းသွားရသည်။
"အရမ်းနောက်ကျနေပြီ၊ မင်းသွားမအိပ်သေးဘူးဆိုတော့ ပြောစရာတစ်ခုခုရှိလို့လား။"

ယွင်ရှဲ့ကရှေ့ထပ်တိုးလာပြန်ကာ ပြုံးရင်းဖြင့်စကားတစ်ခွန်းမျှမဆိုဘဲ သူ့မျက်နှာကိုဘေးလှည့်လိုက်သည်။

ကျန်းရွှင်းယီမျက်ခုံးပင့်မိကာ အပြုံးသက်သက်မျှမဟုတ်သည့်အပြုံးတစ်ပွင့်ဖြင့် သူ့အားကြည့်လိုက်သည်။

သူ့အပြုံးကိုမရုပ်သိမ်းပါဘဲ ယွင်ရှဲ့မျက်လုံးမှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်တွင် ကျန်းရွှင်းယီမှာနောက်ဆုံး၌တခစ်ခစ်ရယ်လိုက်မိပြီး အနည်းငယ်ကူကယ်ရာမဲ့ဖြစ်နေပုံပေါ်သည်။ တော်ရုံတန်ရုံပြသလေ့မရှိသောအနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်ခြင်းနှင့် သူသည် ယွင်ရှဲ့၏ပုခုံးကိုအောက်သို့ဖိချကာ ပါးကိုနမ်းလိုက်သည်။ ယွင်ရှဲ့ကျေနပ်သွားရပြီး ဆက်သွား၍မရသေးကြောင်းသိထားရင်းဖြင့် အခြားအတွေးတွေမတွေးဖို့ရန်သူ့ကိုယ်သူတွန်းအားပေးဖိနှိပ်လိုက်ပေသည်။ ကျန်းရွှင်းယီ၏လက်ကိုဆွဲယူကာ သူ့မျက်လုံးနားမြှောက်လိုက်သည်။
"ဒဏ်ရာပိုကောင်းလာပြီလား။"

ကျန်းရွှင်းယီပြောလိုက်သည်။
"ဒီဒဏ်ရာကအသေးအမွှားလေးပါ။ အနာကျက်နေပြီလေ။"

ယွင်ရှဲ့ကသူ့လက်ကိုခပ်ဖွဖွကိုင်ထားပြီး လွှတ်မပေးချေ။
"တကယ်တော့ ကိုယ်ဒီနေ့ဒီကိုလာတော့ ကိုယ့်မှာမင်းကိုပြောချင်တာတစ်ခုရှိတယ်။ တကယ်လို့ မင်းမာပင်းကိုလိုက်ခွင့်မပေးချင်ရင် ကိုယ်ဘာကြောင့်သူ့ကိုအဝေးမပို့လိုက်ရမှာလဲ။ အဲ့ကောင်လေးက အလောကြီးလွန်းတယ်၊ ကိုယ့်မျက်စိပသာဒမဖြစ်ဘူး။"

ကျန်းရွှင်းယီပြောသည်။
"သူကမင်းကိုအရမ်းလေးစားတယ်လေ။"

"ကိုယ့်ကိုလေးစားတဲ့လူတွေအများကြီးရှိပါတယ်၊ ဘာမှမထိုက်တန်ပါဘူး။ သူမင်းကိုဆန့်ကျင်တာကို ကိုယ်ပျော်မနေပါဘူးနော်။"

"ဟေး၊ မေ့လိုက်စမ်းပါကွာ၊ သူကမာဂိုဏ်းချုပ်ရဲ့သားလေ။ ငါတို့ငယ်ငယ်လေးတုန်းက မြေခွေးမိစ္ဆာနဲ့ငါတို့မတော်တဆတွေ့ခဲ့ကြတာလေ၊ မင်းလူပျိုရည်ပျက်တော့မလို့နော်။ ဒါပေမဲ့ မာဂိုဏ်းချုပ်ကိုသာကျေးဇူးတင်လိုက်စမ်းပါ၊ သူကငါတို့ကိုကယ်ခဲ့တာ။ ငါတို့ဒီအကြွေးကိုပြန်မဆပ်ရသေးဘူး။ မင်းမှာအချိန်ရှိတဲ့အခါကျ သူ့ကိုလမ်းညွှန်ပြသလိုက်လေ၊ အဲ့ဒါကို မာဂိုဏ်းချုပ်ကိုပြန်ဆပ်တယ်လို့ထည့်တွက်လို့ရတာပေါ့။ ငါကဘာလို့ဒီအမွှေးထူကောင်လေးနဲ့ရန်ဖြစ်နေရမှာလဲ။ ငါကအားယားနေလို့လား။"

လူနှစ်ဦးစလုံးမြေခွေးမိစ္ဆာနှင့်တွေ့ခဲ့ရပေမဲ့ အဘယ်ကြောင့် သူတစ်ယောက်တည်းကသာလျှင် "လူပျိုရည်ပျက်လုနီးပါး"ဖြစ်ရပါသနည်း။
ယွင်ရှဲ့တစ်ယောက်နှလုံးသားထဲ၌တိတ်တိတ်လေးစောဒကတက်လိုက်ပေမဲ့ သူ့မျက်နှာပေါ်တွင်ဘာမှမပြသရဲသည်ဖြစ်ရာ သူပြုံးပြီးပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ကိုယ်သူ့ကို 'လမ်းညွှန်ပြသ'လိုက်ပါ့မယ်ကွာ။"

ကျန်းရွှင်းယီသည် သူ့အားမျက်လုံးမှေးကျဥ်းကာကြည့်လိုက်ပေမဲ့ ဘာမှမပြောလိုက်တော့ပေ။

ရုတ်တရက်ချင်းပင်၊ ခပ်ဖျော့ဖျော့လေချွန်သံကို အဝေးခပ်လှမ်းလှမ်းမှကြားနိုင်ပေ၏။

သူသည် သေချာအာရုံစိုက်နားထောင်လိုက်ပြီးနောက်၌ ယွင်ရှဲ့ကိုတွန်းလိုက်သည်။
"မင်းရဲ့ယန်ရှန်းဂိုဏ်းဆက်သွယ်ရေးလျို့ဝှက်အသံမဟုတ်လား။"

ယွင်ရှဲ့၏မျက်နှာပေါ်၌ "အရမ်းစိတ်ပျက်ဖွယ်ကောင်းသည်"ဟူသည့်စကားလုံးများရေးသားထားကာ ကျန်းရွှင်းယီ၏လက်ကိုအကူအညီမဲ့စွာလွှတ်ပေးလိုက်ရတော့သည်။
"ကိုယ်သွားတွေ့လိုက်အုံးမယ်၊ မင်းစောစောနားတော့နော်။"

ယွင်ရှဲ့ထွက်ခွာသွားပြီးနောက်တွင်၊ ကျန်းရွှင်းယီ၏အပြုံးပျောက်ကွယ်သွားချေသည်။ သူတစ်ပတ်လှည့်ကာ ပြတင်းပေါက်ကိုတွန်းဖွင့်လိုက်သည်။ လေအေးများတိုက်ခတ်ဝင်ရောက်လာပြီး သူ၏ဝဲခါနေသောဝတ်ရုံမှာ ကျောချမ်းမှုကိုဖန်တီးနေချေသည်။ သူသည် ဗလာသက်သက်ခြံစည်းရိုးအား တိတ်တဆိတ်စိုက်ကြည့်နေမိကာ သူ့ဘယ်ရောက်နေမှန်းသတိမထားမိသည့်ခံစားချက်၏ ရုတ်တရက်နှောင့်ယှက်ခြင်းခံလိုက်ရပေ၏။

အကယ်၍သာ သူသည် သူ့ကမ္ဘာနှင့်သံယောဇဥ်ငြိတွယ်နေမိခဲ့လျှင်၊ သူ၏မစ်ရှင်များအား စိတ်ပျံ့လွင့်ခြင်းမရှိဘဲ ပြီးဆုံးအောင်လုပ်နိုင်လိမ့်မည်လား။ တစ်နေ့ကျရင် သူအကြောင်းမဲ့ထွက်ခွာသွားနိုင်ပါ့မလား၊..ဒါမှမဟုတ် သေဆုံးသွားလိမ့်မည်လား။

ဒါကမှားယွင်းနေတာဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။ သို့ပေမဲ့ မင်းရဲ့ကိုယ်ပိုင်နှလုံးသားကို မင်းဘယ်လိုလုပ်ပြီးထိန်းချုပ်နိုင်ပါ့မလဲ။

အချိန်အတန်ကြာပြီးနောက်၌၊  ကျန်းရွှင်းယီသက်ပြင်းရှည်ကြီးချလိုက်မိသည်။ ရုတ်တရက်သူပြတင်းပေါက်ဘောင်ကိုဖိကာ အပြင်ခုန်ထွက်လိုက်သည်။ ခပ်တန်းတန်းပြောလိုက်သည်။
"ထွက်လာခဲ့စမ်း!"

မာပင်းသည် ခြုံပုတ်နောက်ကွယ်မှ ရှက်ရွံ့ခြင်းစိုးစဥ်းမျှမရှိဘဲ ထွက်လာခဲ့ကာ သူ့အားအေးစက်စက်စိုက်ကြည့်နေလေသည်။ သူအတော်ကြာတိတ်ဆိတ်နေခဲ့သည်။

"မင်းကငါ့ကိုကြည့်ဖို့အတွက်နဲ့ ညလယ်ခေါင်ကြီးလေအေးတွေထဲမှာလာနေနေတယ်ပေါ့လေ။ မင်းဖျားများဖျားနေတာလား။"

မာပင်းကအတင်းအကြပ်မေးသည်။
"ယွင်ဂိုဏ်းချုပ်နဲ့ခင်ဗျားရဲ့ဆက်ဆံရေးကဘာလဲ။"

ကျန်းရွှင်းယီသူ့ကိုအံ့အားသင့်စွာကြည့်လိုက်မိသည်။ သူဟာ သူ၏အရူးရှစ်ကျီထက်ပို၍စဥ်းလဲလိမ့်မည်ဟု သူမထင်မှတ်ထားမိပေ။ သို့ပေမဲ့ သူသည် သူ့အပေါ်၌ခပ်မြင့်မြင့်မမြင်နိုင်သေးသည်ဖြစ်ရာ ရွဲ့ပြောလိုက်သည်။
"အဲ့ဒါမင်းနဲ့ဘာဆိုင်လို့လဲ။"

"ခင်ဗျားမပြောရဲဘူးပေါ့လေ? ဒါဆိုရင် ကျွန်တော်ထင်တာမှန်တာပေါ့! ဟမ့်၊ ခင်ဗျား-ခင်ဗျားကအရမ်းကိုစွမ်းအားကြီးတယ်၊ ဒါပေမဲ့ခင်ဗျားကမြူဆွယ်ပြီးအောင်မြင်လာခဲ့တာပဲ! မတိုင်ခင်တုန်းကကျွန်တော်ကြားခဲ့ရတဲ့သတင်းတွေ ထူးဆန်းတယ်လို့အမြဲတမ်းတွေးနေမိခဲ့တာ။ ဒီလိုဖြစ်နေခဲ့တာကိုး! ခင်ဗျားက ခင်ဗျားရဲ့မျက်နှာလေးနဲ့ ယွင်ဂိုဏ်းချုပ်ကိုမမြှူဆွယ်ခဲ့ရင် သူ့ရဲ့တောက်ပတဲ့အနာဂတ်၊ ဖြောင့်မတ်မှန်ကန်မှု၊ ပိုကောင်းဖို့အနစ်နာခံပုံမျိုးနဲ့ သူကဘယ်လိုလုပ်ပြီးတော့ ပြည်သူလူထုရဲ့ဝေဖန်စရာဖြစ်လာပြီး...မြေအောက်ကမ္ဘာကပြည့်တန်ဆာရဲ့သားနဲ့အတူ ပြေးလွှားနေရပါ့မလဲ။"

သူသည် ကနဦးအစ၌ ရောနှောအရူးကောင်ဟုပြောချင်တာဖြစ်ပေမဲ့ ကျန်းရွှင်းယီ၏ရေခဲတမျှအမူအရာနှင့်ရင်ဆိုင်လိုက်ရတော့ သူဟာမဖော်ပြနိုင်လောက်အောင်စကားပြောနိုင်စွမ်းမရှိလေတော့။ အသက်တစ်ခါရှုချိန်အတွက်စကားတွေအကုန်သွန်ချလိုက်ပြီးနောက်တွင်၊ သူတန့်သွားကာ သူ၏မေးစေ့မှာရုတ်တရက်အညှစ်ခံလိုက်ရသည်။

ကျန်းရွှင်းယီလက်မြှောက်ကာ သူ့မေးစေ့ကိုဖျစ်ညှစ်ပြီး ခေါင်းငုံ့ကြည့်လိုက်သည်။

ကျန်းရွှင်းယီဟာ တစ်ဖက်လူကိုကြည့်ပြီး ထူးဆန်းသောပန်းတစ်ပွင့်ကိုရှာတွေ့သွားသည်ဟု ခံစားမိလိုက်သည်။ သူသည် မာပင်း၏ယွင်ရှဲ့ကိုကာကွယ်နေမှုကြီးကိုမြင်နိုင်ပေမဲ့ သူဟာ မည်မျှပင်ချစ်ကျွမ်းဝင်နေပါစေ၊ ယွင်ရှဲ့အား ​ဖြောင့်မတ်မှန်ကန်ပြီး အနစ်နာခံသူအဖြစ် မဖော်ညွှန်းနိုင်ပါချေ။ ဤကား သူ၏ညီအစ်ကိုနှင့်တကယ့်ကိုမကိုက်ညီပေ။

မာပင်းသည် ထွားကြိုင်းသောကောင်လေးတစ်ယောက်ဖြစ်ပေမဲ့ သူကား ကျန်းရွှင်းယီ၏အရပ်ရှည်ရှည်ပုံရိပ်ကိုမယှဥ်နိုင်ပေ၊ သူဟာ ခေါင်းတစ်လုံးစာထက်ပိုနိမ့်နေသေးကာ သူ့ကိုငုံ့ကြည့်နေခြင်းက သူ့အားဖိအားတစ်ချို့ပေးလေသည်။ သူထစ်သွားခဲ့သည်။
"ခင်-ခင်ဗျားဘာလုပ်တာလဲ။"

ကျန်းရွှင်းယီပြုံးကာ ဖြည်းညှင်းစွာပြောလိုက်သည်။
"မင်းပြောတာက ငါဟာ မြူဆွယ်ပြီးအောင်မြင်လာတယ်ဆိုပဲ။ အရမ်းကြီးမမှားပါဘူးလေ။ ဒီလိုဆိုရင်ရောဘယ်လိုလဲ။ ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်လေ - မင်းသာငါ့ကိုခစားဖို့ဆန္ဒရှိရင် ငါ့တစ်ဘဝလုံးလေ့လာခဲ့သမျှဗဟုသုတတွေအကုန်လုံးကိုသုံးပြီး စွမ်းအားကြီးတဲ့လူတစ်ယောက်ဖြစ်ဖို့ မင်းကိုသင်ပေးမယ်။ လေကိုပဲခေါ်ခေါ်၊ မိုးကိုပဲခေါ်ခေါ်၊ ဘယ်သူမှနားထောင်ဖို့ငြင်းပယ်ရဲမှာမဟုတ်ဘူး။ မင်း..ဆန္ဒရှိရဲ့လား။"

အကယ်၍ အခြားတစ်ယောက်ပြောတာသာဆိုလျှင်၊ ဒါဟာ ပြက်လုံးတစ်ခုဖြစ်လိမ့်မည်ပင်။ သို့ပေမဲ့ ကျန်းရွှင်းယီ၏ဗဟုသုတကြွယ်ဝကြောင်းဟာ နာမည်ကျော်ကြားလွန်းလှသည်။ သူ၏ချီစွမ်းအင်အဆင့်မှာ သိသာထင်ရှားပြီး သူသည် ကြွားလုံးမထုတ်ပါပဲနှင့် ဤကဲ့သို့ကတိမျိုးကိုပြုလုပ်နိုင်ပေ၏။ မာပင်းတွေဝေသွားရကာ မော့ကြည့်မိလိုက်သော်၊ တစ်ဖက်လူ၏ချောမောလှပသောမျက်နှာမှာ အနီးကပ်ကြည့်ရင်တောင်မှ အပြစ်အနာအဆာကင်းမဲ့နေကြောင်းကိုသာ သူတွေးနိုင်လေသည်။ ရုတ်တရက်ကဏ္ဍပြောင်းလဲလိုက်ခြင်းကြောင့် မရေမရာဖြစ်သွားရသည်လား၊ ဒါမှမဟုတ် သူ၏ဆိုလိုရင်းအဓိပ္ပါယ်၏ဆွဲဆောင်ခြင်းခံလိုက်ရခြင်းလားဆိုတာကို သူမသိတော့ပါချေ။ မာပင်း၏လည်ချောင်းခြောက်ကပ်လာခဲ့သည်။ တံတွေးမျိုချလိုက်ပြီးနောက်၌၊ သူအတော်ကြာဘာမှမပြောနိုင်တော့ပေ။

ကျန်းရွှင်းယီရုတ်တရက်ရယ်မောလိုက်မိပြီး သူ၏ပါးကိုပုတ်ရန် အားနေသောလက်တစ်ဖက်ကိုသုံးလိုက်သည်။
"ငါမင်းကိုနောက်လိုက်ရုံပါကွာ၊ အတည်မယူပါနဲ့ - အရမ်းဆိုးတာပဲ၊ မင်းကမြူဆွယ်ပြီးအောင်မြင်ချင်မယ့်ပုံပေါ်ပေမဲ့ ဆွဲဆောင်မှုလဲမရှိဘူး။"

မာပင်း: "..."

ကျန်းရွှင်းယီလွှတ်ပေးဖို့ပြင်လိုက်ချိန်တွင်၊ တစ်ယောက်ယောက်အော်လာတာကို သူကြားလိုက်ရသည်။
"ဟေး၊ မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ။"

ကျန်းရွှင်းယီသည် မာပင်းကိုလွှတ်ပေးလိုက်ပြီး ခေါင်းလှည့်ကာ ဒေါသပုန်ထပြီးမုန်တိုင်းထန်နေသောယွင်ရှဲ့အားပြုံးပြလိုက်၏။ သူ၏အသံကား ဂရုမစိုက်ပုံပင်။
"သိပ်မကြာပါလား။"

ယွင်ရှဲ့က သူ့ကိုသူ့ဖက်ဆွဲလိုက်ပြီး မာပင်းဆီသို့မျက်လုံးလှိမ့်လိုက်သည်။
"ကိုယ်သာပြန်မလာရင် ဆိုးဝါးကုန်လိမ့်မယ်။ ကိုယ်မင်းကိုတစ်စက္ကန့်လေးတောင်စောင့်ကြည့်တာမရပ်ပဲမနေနိုင်ဘူးဆိုတာကို ကိုယ်သိလိုက်ရတယ်လေ။ ကျန်းရွှင်းယီ၊ ကိုယ်ပြောမယ်၊ မင်းကိုယ့်အတွက်ပိုပြီးမလိမ္မာနိုင်ဘူးလားကွာ။"

ယွင်ရှဲ့၏အရှက်မဲ့သောစရိုက်ကား မာပင်းကိုအလွန်ထိတ်လန့်အံ့သြသွားစေ၏။ ကြောင်အအဖြင့် သူပြောမိသည်။
"ယွင်ဂိုဏ်းချုပ်၊ ခင်ဗျားဘာကြောင့်ဒီလိုဖြစ်နေရတာလဲ။ ခင်ဗျားတို့နှစ်ယောက်လုံးက....ယောက်ျားတွေပဲလေ။ ကျန်းရွှင်းယီက ပြည့်တန်ဆာရဲ့သား..."

"ပါးစပ်ပိတ်လိုက်တော့၊ မင်း"
ယွင်ရှဲ့ကရက်စက်စွာဖြတ်ပြောသည်။
"မွေးဖွားခြင်းက ဘာကိုဆုံးဖြတ်နိုင်လို့လဲ။ မင်းလိုမျိုး ဂိုဏ်းချုပ်ရဲ့သားဖြစ်သူက မင်းကိုယ်မင်းအတွက်နာမည်တစ်ခုရအောင်လုပ်နိုင်ပြီး မိသားစုတစ်စုတည်ထောင်နိုင်လို့လား။ မင်းကသာမန်လူတွေကိုကယ်တင်ခဲ့လား။ အခြားသူတွေရဲ့အပြစ်အနာအဆာတွေကို မင်းလက်ညှိုးထိုးချင်ရင် မင်းကထိုက်တန်ရဲ့လားဆိုတာမင်းအရင်ပြန်ကြည့်ရမယ်လေ။တကယ်ထူးဆန်းတယ် - ငါတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို အပြင်လူတစ်ယောက်အနေနဲ့ ကြားဝင်စွက်ဖက်ဖို့ မင်းကိုဘယ်သူကယုံကြည်မှုရှိအောင်လုပ်ပေးခဲ့လဲဆိုတာကို ငါတကယ်သိချင်စမ်းပါဘိ။"

သူ၏လေသံကား ပြတ်သားလာခဲ့သည်။
"မာပင်း၊ မတိုင်ခင်ကငါမင်းကိုပြောခဲ့တာကို ငါမှတ်မိပါသေးတယ်။ အားရွှင်းရဲ့နာမည်ကိုတိုက်ရိုက်ခေါ်ဖို့ မင်းကိုခွင့်မပြုထားဘူး၊ ပြီးတော့ သူ့ကိုရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံဖို့ မင်းကိုခွင့်မပြုထားဘူးလေ။ အခုမင်းကငါ့စကားကိုမလိုက်နာဘူးဆိုမှတော့ မင်းဝေးဝေးသွားလိုက်တော့။ မင်းသွားချင်တဲ့နေရာကိုသွား၊ ငါတို့နောက်ကိုလိုက်ဖို့မလိုတော့ဘူး။"

မာပင်းသည် မောင်းထုတ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားမိရာ ရှော့ခ်ရသွားချေ၏။
"ကျွန်-ကျွန်တော်မှားသွားပါတယ်...ယွင်ဂိုဏ်းချုပ်၊ ကျွန်တော်ခင်ဗျားကိုကာကွယ်ဖို့နေချင်ပါတယ်၊ ခင်ဗျားနဲ့ဘေးချင်းကပ်တိုက်ခိုက်ချင်ပါတယ်ဗျာ.."

"ဟီနေတာကိုရပ်လိုက်တော့။"
ယွင်ရှဲ့လက်ခါရမ်းလိုက်ကာ သူ၏မျက်နှာထက်၌ ရင်းနှီးလှသောထေ့ငေါ့သည့်အမူအရာရှိနေပေသည်။
"မင်းကငါ့ဘေးနားမှာတိုက်ခိုက်ဖို့မတန်ဘူး။ ငါ့နောက်ကိုလိုက်ချင်တဲ့လူတွေမှတစ်ပုံကြီးပဲ၊ မင်းမရှိလို့ဘာမှမဖြစ်သွားဘူး။ ဘာပဲဖြစ်ဖြစ်ပါ၊ ငါမင်းကိုထပ်မမြင်ချင်ဘူး။"

သူပြောပြီးနောက်၌၊ သူသည် မာပင်းအားအကျီကော်လာမှဆွဲမကာ ခြံစည်းရိုးအပြင်ဘက်သို့မယဥ်မကျေးလွှင့်ပစ်လိုက်၏။

ကျန်းရွှင်းယီသည် ပုံမှန်အားဖြင့် ယွင်ရှဲ့နှင့်တိုက်ခိုက်လေ့ရှိပေမဲ့ ယေဘုယျအားဖြင့်ပြောရလျှင် ယွင်ရှဲ့ကား သူ၏စကားကိုမလိုက်နာသည်မှာ ရှားပါးလှပေ၏။ ကျန်းရွှင်းယီဟာ အပြင်လူများရှေ့မှောက်၌ ယွင်ရှဲ့အားဘယ်သောအခါမျှမျက်နှာမပျက်စေပေ။ ယွင်ရှဲ့ဒေါသထွက်နေသည့်တစ်ချိန်လုံး၌၊ ကျန်းရွှင်းယီသည် မာပင်းကိုမလွှင့်ပစ်လိုက်ခင်အထိ ဘာစကားမှမပြောခဲ့ပေ။
"ဒီလူက အမြင်ကျဥ်းမြောင်းပြီး ရူးနှမ်းပြီးတော့ ပြောရဆိုရခက်တယ်။ တကယ်လို့ သူ့ကိုဘယ်သူမှဂရုမစိုက်ရင် အနာဂတ်မှာပိုဆိုးသွားလိမ့်မယ်လို့ ငါထင်တယ်။"

"သူ့အဖေကသူ့အဖေ၊ သူကသူပဲ၊ ကိုယ်ဂရုမစိုက်ဘူး။"

"ငါသူ့အတွက်ပြောပေးနေတယ်လို့ မင်းထင်နေတာလား။ ငါမင်းကိုပြောချင်မိရုံပါ။ ဂရုစိုက်နော်၊ ညီအစ်ကို။ အနာဂတ်မှာသူမင်းကိုမမုန်းစေနဲ့။ မဟုတ်ရင် သူတိုးတက်လာပြီး ကလဲ့စားလာပြန်ချေလိမ့်မယ်။"

ယွင်ရှဲ့ရယ်မောလိုက်သည်။
"သူကဒီလိုစွမ်းရည်တွေကိုတိုးတက်နိုင်တယ်ပေါ့လေ။ ဒါဆိုလဲ ကိုယ်စောင့်ဆိုင်းကြည့်ရမှာပေါ့။ အားရွှင်း၊ မင်းကိုယ့်အတွက်ဒီလိုမျိုးတွေးပေးနေတော့ ကိုယ်အရမ်းပျော်တယ်ကွာ။"

ကျန်းရွှင်းယီသည် သူအလေးအနက်ဖြစ်မနေကြောင်းမြင်လိုက်ရတာ​ကြောင့် စကားပြောတာရပ်ပြီး အလွန်တရာဖျော့တော့စွာပြုံးလိုက်မိရာ ပါးချိုင့်တို့ခပ်ရေးရေးပေါ်လာခဲ့သည်။
"အခုလေးတင်အရေးပေါ်ဆက်သွယ်ရေးအချက်ပြတာကို ငါကြားလိုက်တယ်။ မင်းသိပ်မကြာပဲ ပြောလို့ပြီးသွားတာလား။ မင်းရဲ့ဂိုဏ်းမှာတစ်ခုခုဖြစ်နေရင် မင်းအရင်သွားနှင့်လိုက်လေ။ ဒီကကိစ္စတွေကိုငါ့ဘာသာဖြေရှင်းနိုင်ပါတယ်။"

"ဒီကိစ္စကကိုယ်နဲ့ဆိုင်ရုံတင်မကဘူး၊ မင်းနဲ့လဲဆိုင်တယ်။ အားရွှင်း၊ ကိုယ်တို့ငယ်ငယ်တုန်းက ဆရာဟိုင်ဝမ်ရဲ့သင်ခန်းစာကိုတက်ရောက်ခဲ့တာကို မင်းမှတ်မိတယ်မလား။ သူတစ်ခါပြောဖူးတယ်လေ၊ ဒဏ္ဍာရီအရ ကမ္ဘာပေါ်မှာကောင်းကင်ကိုတုန်လှုပ်စေတဲ့လျို့ဝှက်ချက်ကိုသယ်ဆောင်ထားတဲ့ တစ္ဆေဘုရားကျောင်းရှိတယ်တဲ့။ ဒါပေမဲ့ အဲ့ဒီ့ဘုရားကျောင်းကိုဘယ်သူမှမမြင်ဖူးဘူးလေ။"

ကျန်းရွှင်းယီပြန်ဖြေလိုက်သည်။
"ငါမှတ်မိပြီ၊ ဟောတိန်က အဲ့ဒီ့ဒဏ္ဍာရီလာဘုရားကျောင်းကလာတာမဟုတ်ဘူးလား။ ဘာဖြစ်လို့လဲ။ ဘုရားကျောင်းကိုရှာတွေ့ပြီတဲ့လား။"

ယွင်ရှဲ့ကရှင်းပြသည်။
"ဒီကိစ္စကြီးကို မင်းတုံ့ပြန်တာအေးဆေးလှချည်လား။ ဘုရားကျောင်းက နှစ်လအတွင်းမှာဓားစမ်းသပ်ရေးညီလာခံကျင်းပမယ့်နေရာဖြစ်တဲ့ လင်းတိုင်ရဲ့အနောက်ဖက်မှာ တကယ်ပေါ်လာခဲ့တယ်။ ဒါပင်မဲ့အခုလက်ရှိမှာတော့ ဘယ်သူမှဝင်မသွားရဲကြဘူး၊ ဘုရားကျောင်းကို ဂိုဏ်းတစ်ဂိုဏ်းချင်းစီကလူတွေကစောင့်ကြပ်နေတယ်။ ဂိုဏ်းချုပ်တစ်ဦးချင်းစီရဲ့ထင်မြင်ယူဆချက်တွေကို ဘုရားကျောင်းကိုဘယ်လိုကိုင်တွယ်မလဲဆုံးဖြတ်ဖို့ စုဝေးနေကြတယ်။"

ကျန်းရွှင်းယီမေးလိုက်သည်။
"ဘယ်လို​ဖြေရှင်းမှာတဲ့လဲ။"

သူဤစာကြောင်းကိုပြောလိုက်ပြီးနောက်တွင် ယွီဟောင်သည်လည်းဝင်လာခဲ့၏။ သူဟာ သူတို့နှစ်ယောက်လုံးကိုဂါဝရပြုကာ ပြောလာသည်။
"ရှစ်ရှုခင်ဗျ၊ ရှစ်ရှုအငယ်က ဦးလေးကိုစာတစ်စောင်ပို့လိုက်တယ်။"

သူလည်းပဲ ဤအကြောင်းပြောမည်ကို ကျန်းရွှင်းယီခန့်မှန်းမိ၏။ ယွီဟောင်ကမ်းပေးလာခဲ့သောစာကို လှမ်းယူကာ ဖတ်ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်မိသည်။

"ယွင်ရှဲ့၊ တစ္ဆေဘုရားကျောင်းကိုဖောက်ခွဲဖို့ မင်းအကြံပေးခဲ့တာလား။"

မသေမျိုးလောက၌ ဤဆန်းကြယ်သောတစ္ဆေဘုရားကျောင်းနှင့်ပတ်သတ်၍ ထင်မြင်ယူဆချက်နှစ်ခုရှိပေ၏။ ဘုရားကျောင်း၏ခြောက်ခြားဖွယ်ရာကောလဟာလအများအပြားကြောင့် တစ်ဖွဲ့သည် ဘုရားကျောင်းကိုတိုက်ရိုက်ဖောက်ခွဲပစ်ဖို့ပြောနေစဥ်တွင်၊ နောက်တစ်ဖွဲ့ကမူ ၎င်း၏လျို့ဝှက်ချက်များကိုဖောက်ခွဲရန် ဘုရားကျောင်းအတွင်းသို့ဝင်ရောက်ဖို့အကြုံပြုသည်။ နှစ်ချက်စလုံးကား ဆက်လက်လုပ်ဆောင်ဖို့ရာမဖြစ်နိုင်ပေ။ ယွင်ရှဲ့၏ကိုယ်စားပြုဖြစ်သည့်ယန်ရှန်းဂိုဏ်းမှာ ဖောက်ခွဲဖို့ကိုရှေ့ထားလိုက်ပြီး တစ်ဖက်သို့လုံးလုံးလျားလျားထောက်ခံနေသည်ဖြစ်ရာ လင်းယင်ဂိုဏ်း၏လက်ရှိထင်မြင်ချက်မှာ အရေးကြီးပေသည်။ ယွင်ရှဲ့သည် သူ၏အဖြေကားသိသာထင်ရှားနေသည့်နှယ် သူ့လက်တွေကိုဖြန့်လိုက်၏။
"ဟုတ်တယ်လေ။ တကယ်လို့ လူတွေက အဲ့ဒီ့ဘုရားကျောင်းပျက်ကြီးကိုဖောက်ခွဲဖို့ တကယ်တမ်းမေးလာခဲ့ရင် လူအိုကြီးတွေကဆန့်ကျင်တာတွေလုပ်အုံးမှာပဲ။ အဲ့ဒီ့အခါကျရင် ကိုယ်တို့တွေလွတ်မြောက်နိုင်မှာမဟုတ်တော့ဘူး။ ကိုယ်ကကောင်းကောင်းမွန်မွန်နေနေတာ၊ ကိုယ့်မှာ စားစရာရှိတယ်၊ အဝတ်တွေရှိတယ်၊ ဇနီးလဲရှိ -အဲလေ၊ အပေါင်းအဖော်လဲရှိတယ်လေ၊ ဆိုတော့ ကိုယ်ဘာကြောင့်သေတွင်းသွားတူးရမှာလဲ။"

_____________________________________________

ယွင်ဂိုဏ်းချုပ်:  "ဂိုဏ်းကိုမပြန်ချင်ဘူး...အားရွှင်းဘေးမှာပဲနေ့တိုင်း၊ညတိုင်း၊ အချိန်တိုင်းနေချင်တာ"

ယန်ရှန်းဂိုဏ်းသားများ:" ကျွန်တော်တို့ကိုရက်စက်တော့မှာလား "*ငိုကြွေး*

________________________________________________

Daily updateပေးချင်သော်လည်း လက်တစ်ချောင်းလှုပ်ဖို့တောင်ပျင်းနေသောအခါ....

_____________________________________

!zawgyi!

အခန္း(၇၃) အီစီကလီရိုက္ျခင္း။

.....

ယြီဟုန္တစ္ေယာက္ေရေသာက္ေနစဥ္မွာပင္၊ သူဟာ အသစ္ေရာက္လာသူ၏တြန္းဖယ္ျခင္းခံလိုက္ရေပ၏။ သူလက္ဖက္ရည္ခြက္ကိုခ်ကာ ေဒါသတႀကီးေျပာမိသည္။
"ေဟး၊ မင္း..."

ယြင္ရွဲ႕လက္ျမႇောက္ၿပီး "ရပ္"ဟူသည့္အမူအရာျပကာ ၿပဳံးရင္းေျပာလိုက္သည္။
"ယြီရွစ္က်ီ၊ ဒီတစ္ေယာက္ကေငြရွင္းေပးဖို႔ဒီကိုေရာက္လာတာေလ၊ မင္းပိုၿပီးယဥ္ေက်းသင့္တယ္ေနာ္။"

ယြီဟုန္ထိတ္လန့္သြားရသည္၊ ထို႔ေနာက္ သူ႕ေဘးရွိလူကိုျပန္လွည့္ၾကည့္မိေသာ္ ထိုလူဟာ သူ၏ေသဆုံးသြားေသာအစ္မကိုေရာင္းခ်ခဲ့သည့္ယန္သခင္ေလးျဖစ္ေၾကာင္းမွတ္မိသြားရသည္။ သူ႕၌ အခက္အခဲျဖစ္ေနသည့္အၾကည့္တစ္ခုရွိေနကာ သူသည္ ယြင္ရွဲ႕အားၾကည့္မိသည့္အခါ တုန္တုန္ရီရီျဖစ္သြားရ၏။

က်န္း႐ႊင္းယီကေျပာသည္။
"မင္းရဲ႕ဦးေလးယြင္က သူ႕ကိုယ္ေပၚမွာေျခရာခံအေဆာင္ကပ္ခဲ့တယ္ေလ။"

ယြင္ရွဲ႕သည္ ယန္သခင္ေလးအတြက္ ဝိုင္တစ္ခြက္ငွဲ႕ေပးကာ သူ႕ဆီကိုတြန္းပို႔လိုက္သည္။
"ေသာက္ၾကည့္ပါအုံး။ ဒါကကြၽန္ေတာ္မွာထားတဲ့ အေကာင္းဆုံးန်ဴအာဟုန္ေသရည္ျဖစ္တယ္။ အစကေတာ့ မင္းအစ္မကဒီေန႕လက္ထပ္ေတာ့မွာေလ။ ဆိုေတာ့ မင္းဒါကိုေသာက္သင့္တယ္။"

ယန္သခင္ေလး၏လက္မွာတုန္ယင္ေနေလရာ ေသရည္တစ္ခ်ိဳ႕ဖိတ္က်သြားခဲ့သည္။ ယြင္ရွဲ႕က်စ္တစ္ခ်က္စုတ္သပ္လိုက္ၿပီးေနာက္၊ သူဟာ႐ုတ္တရက္ဒူးေထာက္ခ်လာသည္။
"သူရဲေကာင္းေလး၊ သူရဲေကာင္းေလး၊ ဒီလူဆိုးကိုသြားခြင့္ေပးပါ၊ ဒီလူဆိုးကဘာမွမသိပါဘူး။"

ယြင္ရွဲ႕ဟာ သူ၏လက္ေခ်ာင္းမ်ားႏွင့္စားပြဲေပၚကိုေတာက္လိုက္သည့္အခါ၊ ဖိတ္က်သြားခဲ့ေသာေသရည္မ်ားမွာ ေခ်ာေမြ႕ေသာမွန္တစ္ခ်ပ္အျဖစ္ေျပာင္းလဲသြားေခ်သည္။ သူထရပ္ကာ ယန္သခင္ေလး၏အက်ီေကာ္လာအေနာက္ကိုဆြဲ၍ သူ႕အားစားပြဲေပၚေမွာက္ခ်ကာ ျဖည္းျဖည္းခ်င္းေျပာလိုက္သည္။
"႐ူးခ်င္ေယာင္ေဆာင္မေနနဲ႕၊ မင္းကိုယ္မင္းၾကည့္လိုက္၊ မင္းမသိတဲ့အရာကိုမင္းမွတ္မိလာနိုင္တယ္။"

ယန္သခင္ေလးပေဟဠိျဖစ္သြားေပမဲ့ ယြင္ရွဲ႕ကသူ႕ကိုဖိခ်ထားသည္ျဖစ္ရာ သူကူကယ္ရာမဲ့စြာျဖင့္မွန္ကိုငုံ႕ၾကည့္လိုက္မိသည္။ မွန္ထဲ၌မူ၊ သူျမင္လိုက္ရသည္ကား သူ၏နံေဘး၌ အမ်ိဳးသမီးတစ္ေဆတစ္ေကာင္ရွိေနကာ ၎၏လွ်ာရွည္ႀကီးမွာ သူ၏လည္တိုင္အားလည္စည္းပုဝါသဖြယ္ရစ္ပတ္ထားကာ ၎၏အစြယ္အျပည့္ပါးစပ္ႀကီးအား သူ၏လည္မ်ိဳဆီသို႔႐ြယ္ထားကာ ကိုက္စားဖို႔ရန္စိတ္အားထက္သန္ေနေလ၏။

သူ႕၌ေၾကာက္လန့္တၾကားေအာ္ဟစ္ဖို႔ရာအခ်ိန္မရွိေသးခင္မွာပင္၊ က်န္း႐ႊင္းယီကအဝတ္စုတ္တစ္ခုယူလိုက္ၿပီးသားျဖစ္ကာ သူ႕ပါးစပ္ထဲသို႔ထိုးထည့္လိုက္သည္။ ကံေကာင္းေထာက္မစြာျဖင့္၊ သူတို႔သည္ အေနာက္ဖက္က်သည့္ေနရာ၌ထိုင္ေနၾကသည္ျဖစ္ရာ မည္သူတစ္ဦးတစ္ေယာက္ကမွ်သူတို႔ကိုအာ႐ုံစိုက္မေနပါေခ်။ က်န္း႐ႊင္းယီေအာ္လိုက္သည္။
"အခုေျပာေတာ့! မဟုတ္ရင္ အမ်ိဳးသမီးတစ္ေဆကိုမင္းကိုသတ္ခြင့္ေပးလိုက္မယ္။"

ယြီေဟာင္မွာ ဤတဒဂ္၌ ယြင္ရွဲ႕တစ္ေယာက္က်န္း႐ႊင္းယီကိုျမင္သည့္အခါတိုင္း "မင္းကမသန့္စင္ဘူး"ဟုအၿမဲေျပာေလ့ရွိသည့္အေၾကာင္းရင္းကို နားလည္သြားပုံေပၚ၏။

ယန္သခင္ေလးကႏွစ္ႀကိမ္တိတိညည္းၫူလာ၍ ယြင္ရွဲ႕ကအဝတ္စုတ္ကိုဖယ္ေပးသည္။ သူေျဖးေျဖးခ်င္းႏွင့္ ရွင္းလင္းပီသစြာေျပာလိုက္သည္။
"မင္းအစ္မကိုမင္းဘာေၾကာင့္သတ္ခဲ့တာလဲ။"

ယန္သခင္ေလးသည္ေတာင့္တင္းသြားရကာ ထစ္ထစ္အအျဖင့္-
"က်ဳပ္မလုပ္..."

က်န္း႐ႊင္းယီသည္ စားပြဲခုံအားရိုက္ခ်လိဳက္ရာ ယြင္ရွဲ႕၏တိတ္တဆိတ္တင္းတင္းေစ့ေနေသာႏႈတ္ခမ္းမွာ အၿပဳံးတစ္စြန္းတစ္စျဖစ္ေပၚလာခဲ့၏။ ယန္သခင္ေလးမွာ အႏွီေအးစက္ေသာတစ္ေယာက္ႏွင့္ ႏြေးေထြးေသာတစ္ေယာက္ေၾကာင့္ တစ္ပိုင္းေသသည္အထိေၾကာက္လန့္လာရကာ သူဆိတ္ဆိတ္ေနဖို႔ရာ အလြန္ေၾကာက္႐ြံ႕ေနမိသည္။
"သူရဲေကာင္းႏွစ္ေယာက္ခင္ဗ်၊ က်ဳပ္-က်ဳပ္-က်ဳပ္မိသားစုက အရမ္းဆင္းရဲလြန္းေတာ့ က်ဳပ္ဒီလိုလုပ္ခဲ့မိတာပါ။ ၿပီး-ၿပီးေတာ့လဲ က်ဳပ္တို႔မိသားစုတင္မဟုတ္ပါဘူး။ ပိုက္ဆံမရွိေပမဲ့ သမီးမိန္းကေလးအမ်ားႀကီးရွိတဲ့မိသားစုတိုင္းက ဒီလိုပဲလုပ္ၾကတာပါ..မၾကာေသးခင္ကဆိုရင္ ဘယ္သူကမွသတို႔သားမျဖစ္ရဲၾကေတာ့ သူတို႔မွာသမီးရွိရင္ေတာင္မွ လက္ထပ္ဖို႔နည္းလမ္းမရွိၾကဘူးေလ။ ဒါေပမဲ့ သူတို႔အေလာင္းေတြကိုေရာင္းလိုက္ရင္ ေငြေခ်ာင္း၁၂၀ျပန္ရတယ္။ ဒါေၾကာင့္မို႔ သူတို႔ကအသက္ရွင္ေနတာထက္စာရင္ ေသဖို႔ပိုၿပီးထိုက္တန္ပါတယ္..."

မာပင္း၏ေဒါသေပါက္ကြဲထြက္လာသည္။
"ခင္ဗ်ားကလူတစ္ေယာက္မဟုတ္ဘူးပဲ!"

တုန္းေကာ၏တစ္ေဆလက္ထပ္ပြဲဓေလ့ထုံးတမ္းကား အလြန္တရာအိုေဟာင္းလွသည္ျဖစ္ရာ ယြင္ရွဲ႕ဟာဒါကိုထင္မွတ္ထားၿပီးသားျဖစ္၍ သူ႕အတြက္မူ ဒါဟာအံ့ၾသစရာမဟုတ္ေပ။ သူဆက္ေမးသည္။
"ဘယ္သူမွသတို႔သားမျဖစ္ရဲၾကဘူးလို႔ခင္ဗ်ားေျပာခဲ့တယ္ေနာ္...ေစာစီးပိုင္းတုန္းကလက္ထပ္ခဲ့ၾကတဲ့သူေတြကေရာ၊ လက္ထပ္ပြဲညမွာသတို႔သားေသသြားတဲ့အခ်ိန္တုန္းက သတို႔သမီးကဘယ္လိုလုပ္ၿပီးမသိရတာလဲ။ သတို႔သားေတြကဘယ္လိုေသသြားခဲ့တာလဲ၊ ခင္ဗ်ားမတိုင္ခင္ကျမင္ဖူးလား။"

ယန္သခင္ေလးကသက္မခ်ၿပီး အၾကည့္လႊဲရင္းေျပာလာသည္။
"သူရဲေကာင္းေလးေမးခ်င္တာဒါကိုး။ ဒါကဘာမွမထူးဆန္းပါဘူး။ သတို႔သားေတြကလက္ထပ္ပြဲညမွာ မဂ္လာေမြ႕ရာေပၚမွာပဲေသဆုံးသြားခဲ့ၾကတာ။ သူတို႔ကိုၾကည့္ရတာ အိပ္ေပ်ာ္ေနတဲ့အတိုင္းပဲ၊ သူတို႔ဘယ္လိုေသသြားလဲဆိုတာဘယ္သူမွမသိၾကဘူး။ သတို႔သမီးေတြကဘာမွမမွတ္မိၾကဘူး။ သူတို႔အားလုံးကမဂ္လာခန္းမထဲဝင္လိုက္တာနဲ႕ အိပ္ေမာက်သြားခဲ့တာလို႔ပဲေျပာၾကတာ။ က်ဳပ္- အာ၊မဟုတ္ဘူး၊ ဒီလူဆိုးကအဲ့လိုပဲၾကားမိတာပါ။"

ဤလူကား ေနေရာင္ျခည္းအနည္းငယ္ရရွိၿပီးေနာက္၌၊ တကယ့္ကိုပြင့္လန္းလာခဲ့ေပ၏။ သူတို႔ကသူ႕ကိုေကာင္းမြန္ေသာေလသံႏွင့္ေျပာလိုက္ရာ သူ႕လွ်ာ႐ုတ္တရက္ေခ်ာ္သြားရသည္။ ယြင္ရွဲ႕ၿပဳံးလိုက္မိသည္။ ယန္သခင္ေလးကသူ႕အမူအရာကိုၾကည့္လိုက္ၿပီးေနာက္၌၊ စားပြဲေပၚရွိမွန္အားတစ္ခ်က္ခိုးၾကည့္လိုက္သည္။ သူ႕လည္ပင္းေပၚရွိအမ်ိဳးသမီးတစ္ေဆေပ်ာက္သြားသည္ကို သူျမင္လိုက္ရ၍ ကူကယ္ရာမဲ့စြာျဖင့္ သက္ျပင္းရွည္ႀကီးခ်လိဳက္မိေခ်သည္။

က်န္း႐ႊင္းယီသည္ယြင္ရွဲ႕ကိုစိုက္ၾကည့္လိုက္ၿပီးေနာက္တြင္ ယန္သခင္ေလးဆီလွည့္လိုက္၏။
"မင္းသြားလို႔ရၿပီ။"

မာပင္းကဝင္ႏွောင့္သည္။
"မရဘူး၊ ခင္ဗ်ားသူ႕ကိုသြားခြင့္ေပးလိုက္လို႔မရဘူးေလ။ သူကဒီေလာက္ေၾကာက္္စရာေကာင္းတဲ့ကိစၥကိုလုပ္ထားတာကို ခင္ဗ်ားဘာလို႔သူ႕ကိုလႊတ္ေပးလိုက္တာလဲ။"

က်န္း႐ႊင္းယီဒါကိုလုပ္ရသည့္အေၾကာင္းျပခ်က္ကား ဘုရားသခင္ရွိတာေၾကာင့္ျဖစ္၏။ က်င့္ႀကံသူမ်ားသည္ မေကာင္းဆိုးဝါးမိစ္ဆာမ်ားကိုသတ္ျဖတ္ျခင္းအား သူတို႔၏ကိုယ္ပိုင္တာဝန္အျဖစ္အၿမဲတေစမွတ္ယူထားေပမဲ့ သူတို႔ဟာေသမ်ိဳးမ်ား၏ပူေဆြးေသာကႏွင့္ပတ္သတ္၍ ဝင္ေရာက္စြက္ဖက္သည္မွာရွားပါးလြန္းလွသည္။ ယခုေလးတင္၊ ယန္သခင္ေလးက အမ်ိဳးသမီးတစ္ေဆေပ်ာက္သြားတာကိုျမင္လိုက္ရေသာ္လည္း၊ ဒါဟာယြင္ရွဲ႕ဖန္ဆင္းထားသည့္ပုံရိပ္ေယာင္တစ္ခုသာျဖစ္သည္။ ယန္သခင္ေလးကား မေကာင္းေသာအရာမ်ားကိုျပဳလုပ္ထားသည္ျဖစ္ရာ ပူေဆြးေသာကအျပည့္ျဖစ္တာေၾကာင့္ သူ၏အခ်ိန္မွာအကန့္အသတ္ရွိသည္။

က်န္း႐ႊင္းယီသည္ရွင္းျပဖို႔ရာအလြန္ပ်င္းရိလွေပ၏။ ယြင္ရွဲ႕ဟာ မာပင္းကိုအံ့ၾသတႀကီးၾကည့္လိုက္မိကာ ယြီဟုန္တစ္ေယာက္အခြင့္ေကာင္းယူ၍ တိုင္လိုက္သည္။

"ယြင္ရွစ္ရႈ၊ ဦးေလးမျမင္လို႔ေနာ္။ ဒီကေလးက ဦးေလးကိုအႀကိမ္ေတာ္ေတာ္မ်ားမ်ားဆန့္က်င္ေနတာဗ်။"

ယြင္ရွဲ႕သည္ ယန္သခင္ေလးမသြားေသးသည္ကိုျမင္လိုက္ၿပီး တံခါးဆီကန္ထုတ္ပစ္လိုက္၏။
"သြားေတာ့၊ ငါလိုက္မပို႔ေတာ့ဘူး။ ပိုက္ဆံရွင္းဖို႔မွတ္မိပါေလ။"
သူဟာ မာပင္းကိုလွည့္ၾကည့္လိုက္ရာ သူဘာမွမေျပာေပမဲ့ ေအးစက္မႈမ်ားထုတ္လႊတ္ေနေပသည္။

မာပင္းထစ္အသြားရသည္။
"ကြၽန္-ကြၽန္ေတာ္..."

"ေနစရာရွာၾကရေအာင္။"
က်န္း႐ႊင္းယီ႐ုတ္တရက္ေျပာလိုက္သည္။
"ယြင္ရွဲ႕၊ သြားမယ္။"

ယြင္ရွဲ႕ကား အမူအရာမဲ့လ်က္အေဝးကိုၾကည့္လိုက္ၿပီးေနာက္၌၊ က်န္း႐ႊင္းယီအားေတာက္ပစြာၾကည့္လာသည္။
"ကိုယ္မင္းစကားနားေထာင္ပါ့မယ္။"

သူတို႔၏နီးစပ္မႈေၾကာင့္ျဖစ္ေကာင္းျဖစ္နိုင္ေပမည္၊ သူတို႔၏ဆက္ဆံေရးအဆင့္ကိုဆုံးျဖတ္ၿပီးသြားတာေတာင္၊ သူတို႔၏အျပဳအမူမ်ားမွာသိပ္မ်ားမ်ားစားစားမေျပာင္းလဲသြားေပ။ သည္ထက္ပိုသည္ကား သူတို႔၏နံေဘး၌ တတိယဘီးေလးႏွစ္ေယာက္ပါေနသည္ျဖစ္ရာ အတြင္းခန္းထဲသို႔ဝင္လာၿပီးမွသာ သူတို႔ေတြေအးခ်မ္းမႈရသြားေပသည္။ က်န္း႐ႊင္းယီသည္အခန္းထဲဝင္လာၿပီး ပစၥည္းေတြခ်လိဳက္သည့္အခ်ိန္တြင္၊ ယြင္ရွဲ႕တစ္ေယာက္သူ႕အခန္းထဲ၌ေပၚလာခဲ့ၿပီးသားျဖစ္၏။

က်န္း႐ႊင္းယီဟာ သူလာမည္ကိုခန့္မွန္းထားၿပီးျဖစ္၍ ေခါင္းလွည့္ကာၿပဳံးျပလိုက္သည္။
"မင္းတကယ္ျမန္.."

သူေျပာ၍မၿပီးေသးခင္မွာဘဲ၊ ယြင္ရွဲ႕က႐ုတ္တရက္ေရွ႕တိုးလာၿပီး သူ႕ကိုဖက္တြယ္လာခဲ့သည္။ က်န္း႐ႊင္းယီေတာင့္တင္းသြားေပမဲ့ ယြင္ရွဲ႕ဟာသူ႕လက္ေတြကိုသူ႕ပုခုံးေပၚ၌တင္ထားၿပီးျဖစ္ကာ ေခါင္းငုံ႕၍ သူတို႔ႏႈတ္ခမ္းေတြကိုအတူတကြဖိကပ္လိုက္ၿပီး သူ႕အားသည္းႀကီးမဲႀကီးနမ္းရွိုက္လာေပသည္။

သူ၏အမူအရာမွာ အလြန္ေလးနက္လွၿပီး အနမ္းကား သူ၏အေတြးမ်ားႏွင့္စိုးရိမ္ပူပန္မႈကိုသြန္းေလာင္းထည့္ေနသည့္ႏွယ္ နက္ရွိုင္းကာ ရမၼက္ဆန္၏။

က်န္း႐ႊင္းယီသည္ အစကေတာ့ အနည္းငယ္ခံနိုင္ရည္ရွိေပမဲ့ သူဟာ ယြင္ရွဲ႕၏စိတ္အေျခအေနအားျဖင့္ တျဖည္းျဖည္းကူးစက္ခံလိုက္ရကာ ေျဖးညွင္းစြာလက္ျမႇောက္၍ သူ႕ေက်ာျပင္ကိုဖိကပ္လိုက္သည္။ ယြင္ရွဲ႕တုန္ယင္သြားၿပီး သူ႕အားပို၍တင္းၾကပ္စြာဖက္လာခဲ့သည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္၌၊ လူႏွစ္ဦးသည္ေျဖးေျဖးခ်င္းကြဲကြာသြားကာ ယြင္ရွဲ႕ကတြန့္ဆုတ္ဆုတ္ႏွင့္ သူ႕လက္ကိုလႊတ္ေပးလိုက္ေပမဲ့ သူ႕မ်က္လုံးမ်ားကေတာ့ေတာက္ပေနေခ်သည္။
"အခုမွပဲအဲ့ဒီ့ေန႕ကျဖစ္ခဲ့တာကအမွန္ဆိုတာ ကိုယ့္ကိုယ့္ကိုယုံၾကည္နိုင္ေတာ့တယ္ကြာ။ မင္းကကိုယ္နဲ႕အတူရွိဖို႔တကယ္ဆႏၵရွိေနတာပဲ။"

က်န္း႐ႊင္းယီမွာ သူေျပာတာၾကားပုံမေပၚဘဲ ႏွစ္ေယာက္သားယွဥ္ရန္လက္ဆန့္လိုက္ကာ ေရွာ့ခ္ရသြားမိသည္။
"မင္းကတကယ္ႀကီးငါ့ထက္အရပ္ပိုရွည္တာလားဟ။"

အကယ္၍ သူ၏နီျမန္းေနေသာနား႐ြက္မ်ားကိုလ်စ္လ်ဴရႉလိုက္လွ်င္၊
သူဟာ တကယ္ပဲ ခ်စ္ျခင္းေမတၱာ၏သက္ေရာက္ျခင္းမခံရဟု၍ ထင္မိေပလိမ့္မည္။

"..." ယြင္ရွဲ႕ေနာက္ဆုံး၌ရယ္ေမာကာ ေခါင္းခါလိုက္မိသည္။
"မင္းအခုမွသိတာလား။ အနာဂတ္မွာကိုယ္မင္းနဲ႕အတူရပ္တဲ့အခါက်ရင္ ကိုယ့္ဒူးေတြကိုေကြးေစခ်င္လား။"

"...မင္းဒူးေထာက္ရင္ပိုေကာင္းလိမ့္မယ္။"
က်န္း႐ႊင္းယီ႐ႊတ္ေနာက္ေနာက္ၿပဳံးလိုက္ေပမဲ့ ယြင္ရွဲ႕ေနာက္ေနတာမဟုတ္မွန္းျမင္လိုက္ရသည္။ သူသည္ ၿပဳံး႐ုံသာၿပဳံးေနကာ သူ႕အားႏူးညံ့ေသာမ်က္ဝန္းမ်ားျဖင့္ၾကည့္ေနေလ၏။

ျပတင္းေပါက္အျပင္ဘက္၌၊ လေရာင္ကား ေရသဖြယ္ပင္။ အခန္းထဲတြင္ေတာ့ မ်က္လုံးမ်ားဟာ ယစ္မူးရီေဝေနေလသည္။

က်န္း႐ႊင္းယီ၏အၾကည့္မွာ မရည္႐ြယ္ပါဘဲေပ်ာ့ေျပာင္းသြားရသည္။
"အရမ္းေနာက္က်ေနၿပီ၊ မင္းသြားမအိပ္ေသးဘူးဆိုေတာ့ ေျပာစရာတစ္ခုခုရွိလို႔လား။"

ယြင္ရွဲ႕ကေရွ႕ထပ္တိုးလာျပန္ကာ ၿပဳံးရင္းျဖင့္စကားတစ္ခြန္းမွ်မဆိုဘဲ သူ႕မ်က္ႏွာကိုေဘးလွည့္လိုက္သည္။

က်န္း႐ႊင္းယီမ်က္ခုံးပင့္မိကာ အၿပဳံးသက္သက္မွ်မဟုတ္သည့္အၿပဳံးတစ္ပြင့္ျဖင့္ သူ႕အားၾကည့္လိုက္သည္။

သူ႕အၿပဳံးကိုမ႐ုပ္သိမ္းပါဘဲ ယြင္ရွဲ႕မ်က္လုံးမွိတ္လိုက္သည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္တြင္ က်န္း႐ႊင္းယီမွာေနာက္ဆုံး၌တခစ္ခစ္ရယ္လိုက္မိၿပီး အနည္းငယ္ကူကယ္ရာမဲ့ျဖစ္ေနပုံေပၚသည္။ ေတာ္႐ုံတန္႐ုံျပသေလ့မရွိေသာအနည္းငယ္ရွက္ကိုးရွက္ကန္းျဖစ္ျခင္းႏွင့္ သူသည္ ယြင္ရွဲ႕၏ပုခုံးကိုေအာက္သို႔ဖိခ်ကာ ပါးကိုနမ္းလိုက္သည္။ ယြင္ရွဲ႕ေက်နပ္သြားရၿပီး ဆက္သြား၍မရေသးေၾကာင္းသိထားရင္းျဖင့္ အျခားအေတြးေတြမေတြးဖို႔ရန္သူ႕ကိုယ္သူတြန္းအားေပးဖိႏွိပ္လိုက္ေပသည္။ က်န္း႐ႊင္းယီ၏လက္ကိုဆြဲယူကာ သူ႕မ်က္လုံးနားျမႇောက္လိုက္သည္။
"ဒဏ္ရာပိုေကာင္းလာၿပီလား။"

က်န္း႐ႊင္းယီေျပာလိုက္သည္။
"ဒီဒဏ္ရာကအေသးအမႊားေလးပါ။ အနာက်က္ေနၿပီေလ။"

ယြင္ရွဲ႕ကသူ႕လက္ကိုခပ္ဖြဖြကိုင္ထားၿပီး လႊတ္မေပးေခ်။
"တကယ္ေတာ့ ကိုယ္ဒီေန႕ဒီကိုလာေတာ့ ကိုယ့္မွာမင္းကိုေျပာခ်င္တာတစ္ခုရွိတယ္။ တကယ္လို႔ မင္းမာပင္းကိုလိုက္ခြင့္မေပးခ်င္ရင္ ကိုယ္ဘာေၾကာင့္သူ႕ကိုအေဝးမပို႔လိုက္ရမွာလဲ။ အဲ့ေကာင္ေလးက အေလာႀကီးလြန္းတယ္၊ ကိုယ့္မ်က္စိပသာဒမျဖစ္ဘူး။"

က်န္း႐ႊင္းယီေျပာသည္။
"သူကမင္းကိုအရမ္းေလးစားတယ္ေလ။"

"ကိုယ့္ကိုေလးစားတဲ့လူေတြအမ်ားႀကီးရွိပါတယ္၊ ဘာမွမထိုက္တန္ပါဘူး။ သူမင္းကိုဆန့္က်င္တာကို ကိုယ္ေပ်ာ္မေနပါဘူးေနာ္။"

"ေဟး၊ ေမ့လိုက္စမ္းပါကြာ၊ သူကမာဂိုဏ္းခ်ဳပ္ရဲ႕သားေလ။ ငါတို႔ငယ္ငယ္ေလးတုန္းက ေျမေခြးမိစ္ဆာနဲ႕ငါတို႔မေတာ္တဆေတြ႕ခဲ့ၾကတာေလ၊ မင္းလူပ်ိဳရည္ပ်က္ေတာ့မလို႔ေနာ္။ ဒါေပမဲ့ မာဂိုဏ္းခ်ဳပ္ကိုသာေက်းဇူးတင္လိုက္စမ္းပါ၊ သူကငါတို႔ကိုကယ္ခဲ့တာ။ ငါတို႔ဒီအေႂကြးကိုျပန္မဆပ္ရေသးဘူး။ မင္းမွာအခ်ိန္ရွိတဲ့အခါက် သူ႕ကိုလမ္းၫႊန္ျပသလိုက္ေလ၊ အဲ့ဒါကို မာဂိုဏ္းခ်ဳပ္ကိုျပန္ဆပ္တယ္လို႔ထည့္တြက္လို႔ရတာေပါ့။ ငါကဘာလို႔ဒီအေမႊးထူေကာင္ေလးနဲ႕ရန္ျဖစ္ေနရမွာလဲ။ ငါကအားယားေနလို႔လား။"

လူႏွစ္ဦးစလုံးေျမေခြးမိစ္ဆာႏွင့္ေတြ႕ခဲ့ရေပမဲ့ အဘယ္ေၾကာင့္ သူတစ္ေယာက္တည္းကသာလွ်င္ "လူပ်ိဳရည္ပ်က္လုနီးပါး"ျဖစ္ရပါသနည္း။
ယြင္ရွဲ႕တစ္ေယာက္ႏွလုံးသားထဲ၌တိတ္တိတ္ေလးေစာဒကတက္လိုက္ေပမဲ့ သူ႕မ်က္ႏွာေပၚတြင္ဘာမွမျပသရဲသည္ျဖစ္ရာ သူၿပဳံးၿပီးေျပာလိုက္သည္။
"စိတ္မပူပါနဲ႕။ ကိုယ္သူ႕ကို 'လမ္းၫႊန္ျပသ'လိုက္ပါ့မယ္ကြာ။"

က်န္း႐ႊင္းယီသည္ သူ႕အားမ်က္လုံးေမွးက်ဥ္းကာၾကည့္လိုက္ေပမဲ့ ဘာမွမေျပာလိုက္ေတာ့ေပ။

႐ုတ္တရက္ခ်င္းပင္၊ ခပ္ေဖ်ာ့ေဖ်ာ့ေလခြၽန္သံကို အေဝးခပ္လွမ္းလွမ္းမွၾကားနိုင္ေပ၏။

သူသည္ ေသခ်ာအာ႐ုံစိုက္နားေထာင္လိုက္ၿပီးေနာက္၌ ယြင္ရွဲ႕ကိုတြန္းလိုက္သည္။
"မင္းရဲ႕ယန္ရွန္းဂိုဏ္းဆက္သြယ္ေရးလ်ိဳ႕ဝွက္အသံမဟုတ္လား။"

ယြင္ရွဲ႕၏မ်က္ႏွာေပၚ၌ "အရမ္းစိတ္ပ်က္ဖြယ္ေကာင္းသည္"ဟူသည့္စကားလုံးမ်ားေရးသားထားကာ က်န္း႐ႊင္းယီ၏လက္ကိုအကူအညီမဲ့စြာလႊတ္ေပးလိုက္ရေတာ့သည္။
"ကိုယ္သြားေတြ႕လိုက္အုံးမယ္၊ မင္းေစာေစာနားေတာ့ေနာ္။"

ယြင္ရွဲ႕ထြက္ခြာသြားၿပီးေနာက္တြင္၊ က်န္း႐ႊင္းယီ၏အၿပဳံးေပ်ာက္ကြယ္သြားေခ်သည္။ သူတစ္ပတ္လွည့္ကာ ျပတင္းေပါက္ကိုတြန္းဖြင့္လိုက္သည္။ ေလေအးမ်ားတိုက္ခတ္ဝင္ေရာက္လာၿပီး သူ၏ဝဲခါေနေသာဝတ္႐ုံမွာ ေက်ာခ်မ္းမႈကိုဖန္တီးေနေခ်သည္။ သူသည္ ဗလာသက္သက္ၿခံစည္းရိုးအား တိတ္တဆိတ္စိုက္ၾကည့္ေနမိကာ သူ႕ဘယ္ေရာက္ေနမွန္းသတိမထားမိသည့္ခံစားခ်က္၏ ႐ုတ္တရက္ႏွောင့္ယွက္ျခင္းခံလိုက္ရေပ၏။

အကယ္၍သာ သူသည္ သူ႕ကမၻာႏွင့္သံေယာဇဥ္ၿငိတြယ္ေနမိခဲ့လွ်င္၊ သူ၏မစ္ရွင္မ်ားအား စိတ္ပ်ံ့လြင့္ျခင္းမရွိဘဲ ၿပီးဆုံးေအာင္လုပ္နိုင္လိမ့္မည္လား။ တစ္ေန႕က်ရင္ သူအေၾကာင္းမဲ့ထြက္ခြာသြားနိုင္ပါ့မလား၊..ဒါမွမဟုတ္ ေသဆုံးသြားလိမ့္မည္လား။

ဒါကမွားယြင္းေနတာျဖစ္ေကာင္းျဖစ္နိုင္လိမ့္မည္။ သို႔ေပမဲ့ မင္းရဲ႕ကိုယ္ပိုင္ႏွလုံးသားကို မင္းဘယ္လိုလုပ္ၿပီးထိန္းခ်ဳပ္နိုင္ပါ့မလဲ။

အခ်ိန္အတန္ၾကာၿပီးေနာက္၌၊ က်န္း႐ႊင္းယီသက္ျပင္းရွည္ႀကီးခ်လိဳက္မိသည္။ ႐ုတ္တရက္သူျပတင္းေပါက္ေဘာင္ကိုဖိကာ အျပင္ခုန္ထြက္လိုက္သည္။ ခပ္တန္းတန္းေျပာလိုက္သည္။
"ထြက္လာခဲ့စမ္း!"

မာပင္းသည္ ၿခဳံပုတ္ေနာက္ကြယ္မွ ရွက္႐ြံ႕ျခင္းစိုးစဥ္းမွ်မရွိဘဲ ထြက္လာခဲ့ကာ သူ႕အားေအးစက္စက္စိုက္ၾကည့္ေနေလသည္။ သူအေတာ္ၾကာတိတ္ဆိတ္ေနခဲ့သည္။

"မင္းကငါ့ကိုၾကည့္ဖို႔အတြက္နဲ႕ ညလယ္ေခါင္ႀကီးေလေအးေတြထဲမွာလာေနေနတယ္ေပါ့ေလ။ မင္းဖ်ားမ်ားဖ်ားေနတာလား။"

မာပင္းကအတင္းအၾကပ္ေမးသည္။
"ယြင္ဂိုဏ္းခ်ဳပ္နဲ႕ခင္ဗ်ားရဲ႕ဆက္ဆံေရးကဘာလဲ။"

က်န္း႐ႊင္းယီသူ႕ကိုအံ့အားသင့္စြာၾကည့္လိုက္မိသည္။ သူဟာ သူ၏အ႐ူးရွစ္က်ီထက္ပို၍စဥ္းလဲလိမ့္မည္ဟု သူမထင္မွတ္ထားမိေပ။ သို႔ေပမဲ့ သူသည္ သူ႕အေပၚ၌ခပ္ျမင့္ျမင့္မျမင္နိုင္ေသးသည္ျဖစ္ရာ ႐ြဲ႕ေျပာလိုက္သည္။
"အဲ့ဒါမင္းနဲ႕ဘာဆိုင္လို႔လဲ။"

"ခင္ဗ်ားမေျပာရဲဘူးေပါ့ေလ? ဒါဆိုရင္ ကြၽန္ေတာ္ထင္တာမွန္တာေပါ့! ဟမ့္၊ ခင္ဗ်ား-ခင္ဗ်ားကအရမ္းကိုစြမ္းအားႀကီးတယ္၊ ဒါေပမဲ့ခင္ဗ်ားကျမဴဆြယ္ၿပီးေအာင္ျမင္လာခဲ့တာပဲ! မတိုင္ခင္တုန္းကကြၽန္ေတာ္ၾကားခဲ့ရတဲ့သတင္းေတြ ထူးဆန္းတယ္လို႔အၿမဲတမ္းေတြးေနမိခဲ့တာ။ ဒီလိုျဖစ္ေနခဲ့တာကိုး! ခင္ဗ်ားက ခင္ဗ်ားရဲ႕မ်က္ႏွာေလးနဲ႕ ယြင္ဂိုဏ္းခ်ဳပ္ကိုမျမႇူဆြယ္ခဲ့ရင္ သူ႕ရဲ႕ေတာက္ပတဲ့အနာဂတ္၊ ေျဖာင့္မတ္မွန္ကန္မႈ၊ ပိုေကာင္းဖို႔အနစ္နာခံပုံမ်ိဳးနဲ႕ သူကဘယ္လိုလုပ္ၿပီးေတာ့ ျပည္သူလူထုရဲ႕ေဝဖန္စရာျဖစ္လာၿပီး...ေျမေအာက္ကမၻာကျပည့္တန္ဆာရဲ႕သားနဲ႕အတူ ေျပးလႊားေနရပါ့မလဲ။"

သူသည္ ကနဦးအစ၌ ေရာႏွောအ႐ူးေကာင္ဟုေျပာခ်င္တာျဖစ္ေပမဲ့ က်န္း႐ႊင္းယီ၏ေရခဲတမွ်အမူအရာႏွင့္ရင္ဆိုင္လိုက္ရေတာ့ သူဟာမေဖာ္ျပနိုင္ေလာက္ေအာင္စကားေျပာနိုင္စြမ္းမရွိေလေတာ့။ အသက္တစ္ခါရႈခ်ိန္အတြက္စကားေတြအကုန္သြန္ခ်လိဳက္ၿပီးေနာက္တြင္၊ သူတန့္သြားကာ သူ၏ေမးေစ့မွာ႐ုတ္တရက္အညွစ္ခံလိုက္ရသည္။

က်န္း႐ႊင္းယီလက္ျမႇောက္ကာ သူ႕ေမးေစ့ကိုဖ်စ္ညွစ္ၿပီး ေခါင္းငုံ႕ၾကည့္လိုက္သည္။

က်န္း႐ႊင္းယီဟာ တစ္ဖက္လူကိုၾကည့္ၿပီး ထူးဆန္းေသာပန္းတစ္ပြင့္ကိုရွာေတြ႕သြားသည္ဟု ခံစားမိလိုက္သည္။ သူသည္ မာပင္း၏ယြင္ရွဲ႕ကိုကာကြယ္ေနမႈႀကီးကိုျမင္နိုင္ေပမဲ့ သူဟာ မည္မွ်ပင္ခ်စ္ကြၽမ္းဝင္ေနပါေစ၊ ယြင္ရွဲ႕အား ေျဖာင့္မတ္မွန္ကန္ၿပီး အနစ္နာခံသူအျဖစ္ မေဖာ္ၫႊန္းနိုင္ပါေခ်။ ဤကား သူ၏ညီအစ္ကိုႏွင့္တကယ့္ကိုမကိုက္ညီေပ။

မာပင္းသည္ ထြားႀကိဳင္းေသာေကာင္ေလးတစ္ေယာက္ျဖစ္ေပမဲ့ သူကား က်န္း႐ႊင္းယီ၏အရပ္ရွည္ရွည္ပုံရိပ္ကိုမယွဥ္နိုင္ေပ၊ သူဟာ ေခါင္းတစ္လုံးစာထက္ပိုနိမ့္ေနေသးကာ သူ႕ကိုငုံ႕ၾကည့္ေနျခင္းက သူ႕အားဖိအားတစ္ခ်ိဳ႕ေပးေလသည္။ သူထစ္သြားခဲ့သည္။
"ခင္-ခင္ဗ်ားဘာလုပ္တာလဲ။"

က်န္း႐ႊင္းယီၿပဳံးကာ ျဖည္းညွင္းစြာေျပာလိုက္သည္။
"မင္းေျပာတာက ငါဟာ ျမဴဆြယ္ၿပီးေအာင္ျမင္လာတယ္ဆိုပဲ။ အရမ္းႀကီးမမွားပါဘူးေလ။ ဒီလိုဆိုရင္ေရာဘယ္လိုလဲ။ ငါမင္းကိုအခြင့္အေရးတစ္ခုေပးမယ္ေလ - မင္းသာငါ့ကိုခစားဖို႔ဆႏၵရွိရင္ ငါ့တစ္ဘဝလုံးေလ့လာခဲ့သမွ်ဗဟုသုတေတြအကုန္လုံးကိုသုံးၿပီး စြမ္းအားႀကီးတဲ့လူတစ္ေယာက္ျဖစ္ဖို႔ မင္းကိုသင္ေပးမယ္။ ေလကိုပဲေခၚေခၚ၊ မိုးကိုပဲေခၚေခၚ၊ ဘယ္သူမွနားေထာင္ဖို႔ျငင္းပယ္ရဲမွာမဟုတ္ဘူး။ မင္း..ဆႏၵရွိရဲ႕လား။"

အကယ္၍ အျခားတစ္ေယာက္ေျပာတာသာဆိုလွ်င္၊ ဒါဟာ ျပက္လုံးတစ္ခုျဖစ္လိမ့္မည္ပင္။ သို႔ေပမဲ့ က်န္း႐ႊင္းယီ၏ဗဟုသုတႂကြယ္ဝေၾကာင္းဟာ နာမည္ေက်ာ္ၾကားလြန္းလွသည္။ သူ၏ခ်ီစြမ္းအင္အဆင့္မွာ သိသာထင္ရွားၿပီး သူသည္ ႂကြားလုံးမထုတ္ပါပဲႏွင့္ ဤကဲ့သို႔ကတိမ်ိဳးကိုျပဳလုပ္နိုင္ေပ၏။ မာပင္းေတြေဝသြားရကာ ေမာ့ၾကည့္မိလိုက္ေသာ္၊ တစ္ဖက္လူ၏ေခ်ာေမာလွပေသာမ်က္ႏွာမွာ အနီးကပ္ၾကည့္ရင္ေတာင္မွ အျပစ္အနာအဆာကင္းမဲ့ေနေၾကာင္းကိုသာ သူေတြးနိုင္ေလသည္။ ႐ုတ္တရက္က႑ေျပာင္းလဲလိုက္ျခင္းေၾကာင့္ မေရမရာျဖစ္သြားရသည္လား၊ ဒါမွမဟုတ္ သူ၏ဆိုလိုရင်းအဓိပ္ပါယ်၏ဆွဲဆောင်ခြင်းခံလိုက်ရခြင်းလားဆိုတာကို သူမသိေတာ့ပါေခ်။ မာပင္း၏လည္ေခ်ာင္းေျခာက္ကပ္လာခဲ့သည္။ တံေတြးမ်ိဳခ်လိဳက္ၿပီးေနာက္၌၊ သူအေတာ္ၾကာဘာမွမေျပာနိုင္ေတာ့ေပ။

က်န္း႐ႊင္းယီ႐ုတ္တရက္ရယ္ေမာလိုက္မိၿပီး သူ၏ပါးကိုပုတ္ရန္ အားေနေသာလက္တစ္ဖက္ကိုသုံးလိုက္သည္။
"ငါမင္းကိုေနာက္လိုက္႐ုံပါကြာ၊ အတည္မယူပါနဲ႕ - အရမ္းဆိုးတာပဲ၊ မင္းကျမဴဆြယ္ၿပီးေအာင္ျမင္ခ်င္မယ့္ပုံေပၚေပမဲ့ ဆြဲေဆာင္မႈလဲမရွိဘူး။"

မာပင္း: "..."

က်န္း႐ႊင္းယီလႊတ္ေပးဖို႔ျပင္လိုက္ခ်ိန္တြင္၊ တစ္ေယာက္ေယာက္ေအာ္လာတာကို သူၾကားလိုက္ရသည္။
"ေဟး၊ မင္းတို႔ႏွစ္ေယာက္ဘာလုပ္ေနၾကတာလဲ။"

က်န္း႐ႊင္းယီသည္ မာပင္းကိုလႊတ္ေပးလိုက္ၿပီး ေခါင္းလွည့္ကာ ေဒါသပုန္ထၿပီးမုန္တိုင္းထန္ေနေသာယြင္ရွဲ႕အားၿပဳံးျပလိုက္၏။ သူ၏အသံကား ဂ႐ုမစိုက္ပုံပင္။
"သိပ္မၾကာပါလား။"

ယြင္ရွဲ႕က သူ႕ကိုသူ႕ဖက္ဆြဲလိုက္ၿပီး မာပင္းဆီသို႔မ်က္လုံးလွိမ့္လိုက္သည္။
"ကိုယ္သာျပန္မလာရင္ ဆိုးဝါးကုန္လိမ့္မယ္။ ကိုယ္မင္းကိုတစ္စကၠန့္ေလးေတာင္ေစာင့္ၾကည့္တာမရပ္ပဲမေနနိုင္ဘူးဆိုတာကို ကိုယ္သိလိုက္ရတယ္ေလ။ က်န္း႐ႊင္းယီ၊ ကိုယ္ေျပာမယ္၊ မင္းကိုယ့္အတြက္ပိုၿပီးမလိမၼာနိုင္ဘူးလားကြာ။"

ယြင္ရွဲ႕၏အရွက္မဲ့ေသာစရိုက္ကား မာပင္းကိုအလြန္ထိတ္လန့္အံ့ၾသသြားေစ၏။ ေၾကာင္အအျဖင့္ သူေျပာမိသည္။
"ယြင္ဂိုဏ္းခ်ဳပ္၊ ခင္ဗ်ားဘာေၾကာင့္ဒီလိုျဖစ္ေနရတာလဲ။ ခင္ဗ်ားတို႔ႏွစ္ေယာက္လုံးက....ေယာက္်ားေတြပဲေလ။ က်န္း႐ႊင္းယီက ျပည့္တန္ဆာရဲ႕သား..."

"ပါးစပ္ပိတ္လိုက္ေတာ့၊ မင္း"
ယြင္ရွဲ႕ကရက္စက္စြာျဖတ္ေျပာသည္။
"ေမြးဖြားျခင္းက ဘာကိုဆုံးျဖတ္နိုင္လို႔လဲ။ မင္းလိုမ်ိဳး ဂိုဏ္းခ်ဳပ္ရဲ႕သားျဖစ္သူက မင္းကိုယ္မင္းအတြက္နာမည္တစ္ခုရေအာင္လုပ္နိုင္ၿပီး မိသားစုတစ္စုတည္ေထာင္နိုင္လို႔လား။ မင္းကသာမန္လူေတြကိုကယ္တင္ခဲ့လား။ အျခားသူေတြရဲ႕အျပစ္အနာအဆာေတြကို မင္းလက္ညွိုးထိုးခ်င္ရင္ မင္းကထိုက္တန္ရဲ႕လားဆိုတာမင္းအရင္ျပန္ၾကည့္ရမယ္ေလ။တကယ္ထူးဆန္းတယ္ - ငါတို႔ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြကို အျပင္လူတစ္ေယာက္အေနနဲ႕ ၾကားဝင္စြက္ဖက္ဖို႔ မင္းကိုဘယ္သူကယုံၾကည္မႈရွိေအာင္လုပ္ေပးခဲ့လဲဆိုတာကို ငါတကယ္သိခ်င္စမ္းပါဘိ။"

သူ၏ေလသံကား ျပတ္သားလာခဲ့သည္။
"မာပင္း၊ မတိုင္ခင္ကငါမင္းကိုေျပာခဲ့တာကို ငါမွတ္မိပါေသးတယ္။ အား႐ႊင္းရဲ႕နာမည္ကိုတိုက္ရိုက္ေခၚဖို႔ မင္းကိုခြင့္မျပဳထားဘူး၊ ၿပီးေတာ့ သူ႕ကိုရိုင္းရိုင္းစိုင္းစိုင္းဆက္ဆံဖို႔ မင္းကိုခြင့္မျပဳထားဘူးေလ။ အခုမင္းကငါ့စကားကိုမလိုက္နာဘူးဆိုမွေတာ့ မင္းေဝးေဝးသြားလိုက္ေတာ့။ မင္းသြားခ်င္တဲ့ေနရာကိုသြား၊ ငါတို႔ေနာက္ကိုလိုက္ဖို႔မလိုေတာ့ဘူး။"

မာပင္းသည္ ေမာင္းထုတ္ခံရလိမ့္မည္ဟု မေမွ်ာ္လင့္ထားမိရာ ေရွာ့ခ္ရသြားေခ်၏။
"ကြၽန္-ကြၽန္ေတာ္မွားသြားပါတယ္...ယြင္ဂိုဏ္းခ်ဳပ္၊ ကြၽန္ေတာ္ခင္ဗ်ားကိုကာကြယ္ဖို႔ေနခ်င္ပါတယ္၊ ခင္ဗ်ားနဲ႕ေဘးခ်င္းကပ္တိုက္ခိုက္ခ်င္ပါတယ္ဗ်ာ.."

"ဟီေနတာကိုရပ္လိုက္ေတာ့။"
ယြင္ရွဲ႕လက္ခါရမ္းလိုက္ကာ သူ၏မ်က္ႏွာထက္၌ ရင္းႏွီးလွေသာေထ့ေငါ့သည့္အမူအရာရွိေနေပသည္။
"မင္းကငါ့ေဘးနားမွာတိုက္ခိုက္ဖို႔မတန္ဘူး။ ငါ့ေနာက္ကိုလိုက္ခ်င္တဲ့လူေတြမွတစ္ပုံႀကီးပဲ၊ မင္းမရွိလို႔ဘာမွမျဖစ္သြားဘူး။ ဘာပဲျဖစ္ျဖစ္ပါ၊ ငါမင္းကိုထပ္မျမင္ခ်င္ဘူး။"

သူေျပာၿပီးေနာက္၌၊ သူသည္ မာပင္းအားအက်ီေကာ္လာမွဆြဲမကာ ၿခံစည္းရိုးအျပင္ဘက္သို႔မယဥ္မေက်းလႊင့္ပစ္လိုက္၏။

က်န္း႐ႊင္းယီသည္ ပုံမွန္အားျဖင့္ ယြင္ရွဲ႕ႏွင့္တိုက္ခိုက္ေလ့ရွိေပမဲ့ ေယဘုယ်အားျဖင့္ေျပာရလွ်င္ ယြင္ရွဲ႕ကား သူ၏စကားကိုမလိုက္နာသည္မွာ ရွားပါးလွေပ၏။ က်န္း႐ႊင္းယီဟာ အျပင္လူမ်ားေရွ႕ေမွာက္၌ ယြင္ရွဲ႕အားဘယ္ေသာအခါမွ်မ်က္ႏွာမပ်က္ေစေပ။ ယြင္ရွဲ႕ေဒါသထြက္ေနသည့္တစ္ခ်ိန္လုံး၌၊ က်န္း႐ႊင္းယီသည္ မာပင္းကိုမလႊင့္ပစ္လိုက္ခင္အထိ ဘာစကားမွမေျပာခဲ့ေပ။
"ဒီလူက အျမင္က်ဥ္းေျမာင္းၿပီး ႐ူးႏွမ္းၿပီးေတာ့ ေျပာရဆိုရခက္တယ္။ တကယ္လို႔ သူ႕ကိုဘယ္သူမွဂ႐ုမစိုက္ရင္ အနာဂတ္မွာပိုဆိုးသြားလိမ့္မယ္လို႔ ငါထင္တယ္။"

"သူ႕အေဖကသူ႕အေဖ၊ သူကသူပဲ၊ ကိုယ္ဂ႐ုမစိုက္ဘူး။"

"ငါသူ႕အတြက္ေျပာေပးေနတယ္လို႔ မင္းထင္ေနတာလား။ ငါမင္းကိုေျပာခ်င္မိ႐ုံပါ။ ဂ႐ုစိုက္ေနာ္၊ ညီအစ္ကို။ အနာဂတ္မွာသူမင္းကိုမမုန္းေစနဲ႕။ မဟုတ္ရင္ သူတိုးတက္လာၿပီး ကလဲ့စားလာျပန္ေခ်လိမ့္မယ္။"

ယြင္ရွဲ႕ရယ္ေမာလိုက္သည္။
"သူကဒီလိုစြမ္းရည္ေတြကိုတိုးတက္နိုင္တယ္ေပါ့ေလ။ ဒါဆိုလဲ ကိုယ္ေစာင့္ဆိုင္းၾကည့္ရမွာေပါ့။ အား႐ႊင္း၊ မင္းကိုယ့္အတြက္ဒီလိုမ်ိဳးေတြးေပးေနေတာ့ ကိုယ္အရမ္းေပ်ာ္တယ္ကြာ။"

က်န္း႐ႊင္းယီသည္ သူအေလးအနက္ျဖစ္မေနေၾကာင္းျမင္လိုက္ရတာေၾကာင့္ စကားေျပာတာရပ္ၿပီး အလြန္တရာေဖ်ာ့ေတာ့စြာၿပဳံးလိုက္မိရာ ပါးခ်ိဳင့္တို႔ခပ္ေရးေရးေပၚလာခဲ့သည္။
"အခုေလးတင္အေရးေပၚဆက္သြယ္ေရးအခ်က္ျပတာကို ငါၾကားလိုက္တယ္။ မင္းသိပ္မၾကာပဲ ေျပာလို႔ၿပီးသြားတာလား။ မင္းရဲ႕ဂိုဏ္းမွာတစ္ခုခုျဖစ္ေနရင္ မင္းအရင္သြားႏွင့္လိုက္ေလ။ ဒီကကိစၥေတြကိုငါ့ဘာသာေျဖရွင္းနိုင္ပါတယ္။"

"ဒီကိစၥကကိုယ္နဲ႕ဆိုင္႐ုံတင္မကဘူး၊ မင္းနဲ႕လဲဆိုင္တယ္။ အား႐ႊင္း၊ ကိုယ္တို႔ငယ္ငယ္တုန္းက ဆရာဟိုင္ဝမ္ရဲ႕သင္ခန္းစာကိုတက္ေရာက္ခဲ့တာကို မင္းမွတ္မိတယ္မလား။ သူတစ္ခါေျပာဖူးတယ္ေလ၊ ဒ႑ာရီအရ ကမၻာေပၚမွာေကာင္းကင္ကိုတုန္လႈပ္ေစတဲ့လ်ိဳ႕ဝွက္ခ်က္ကိုသယ္ေဆာင္ထားတဲ့ တစ္ေဆဘုရားေက်ာင္းရွိတယ္တဲ့။ ဒါေပမဲ့ အဲ့ဒီ့ဘုရားေက်ာင္းကိုဘယ္သူမွမျမင္ဖူးဘူးေလ။"

က်န္း႐ႊင္းယီျပန္ေျဖလိုက္သည္။
"ငါမွတ္မိၿပီ၊ ေဟာတိန္က အဲ့ဒီ့ဒ႑ာရီလာဘုရားေက်ာင္းကလာတာမဟုတ္ဘူးလား။ ဘာျဖစ္လို႔လဲ။ ဘုရားေက်ာင္းကိုရွာေတြ႕ၿပီတဲ့လား။"

ယြင္ရွဲ႕ကရွင္းျပသည္။
"ဒီကိစၥႀကီးကို မင္းတုံ႕ျပန္တာေအးေဆးလွခ်ည္လား။ ဘုရားေက်ာင္းက ႏွစ္လအတြင္းမွာဓားစမ္းသပ္ေရးညီလာခံက်င္းပမယ့္ေနရာျဖစ္တဲ့ လင္းတိုင္ရဲ႕အေနာက္ဖက္မွာ တကယ္ေပၚလာခဲ့တယ္။ ဒါပင္မဲ့အခုလက္ရွိမွာေတာ့ ဘယ္သူမွဝင္မသြားရဲၾကဘူး၊ ဘုရားေက်ာင္းကို ဂိုဏ္းတစ္ဂိုဏ္းခ်င္းစီကလူေတြကေစာင့္ၾကပ္ေနတယ္။ ဂိုဏ္းခ်ဳပ္တစ္ဦးခ်င္းစီရဲ႕ထင္ျမင္ယူဆခ်က္ေတြကို ဘုရားေက်ာင္းကိုဘယ္လိုကိုင္တြယ္မလဲဆုံးျဖတ္ဖို႔ စုေဝးေနၾကတယ္။"

က်န္း႐ႊင္းယီေမးလိုက္သည္။
"ဘယ္လိုေျဖရွင္းမွာတဲ့လဲ။"

သူဤစာေၾကာင္းကိုေျပာလိုက္ၿပီးေနာက္တြင္ ယြီေဟာင္သည္လည္းဝင္လာခဲ့၏။ သူဟာ သူတို႔ႏွစ္ေယာက္လုံးကိုဂါဝရျပဳကာ ေျပာလာသည္။
"ရွစ္ရႈခင္ဗ်၊ ရွစ္ရႈအငယ္က ဦးေလးကိုစာတစ္ေစာင္ပို႔လိုက္တယ္။"

သူလည္းပဲ ဤအေၾကာင္းေျပာမည္ကို က်န္း႐ႊင္းယီခန့္မွန္းမိ၏။ ယြီေဟာင္ကမ္းေပးလာခဲ့ေသာစာကို လွမ္းယူကာ ဖတ္ၾကည့္လိုက္ၿပီး မ်က္ေမွာင္အနည္းငယ္ၾကဳတ္မိသည္။

"ယြင္ရွဲ႕၊ တစ္ေဆဘုရားေက်ာင္းကိုေဖာက္ခြဲဖို႔ မင္းအႀကံေပးခဲ့တာလား။"

မေသမ်ိဳးေလာက၌ ဤဆန္းၾကယ္ေသာတစ္ေဆဘုရားေက်ာင္းႏွင့္ပတ္သတ္၍ ထင္ျမင္ယူဆခ်က္ႏွစ္ခုရွိေပ၏။ ဘုရားေက်ာင္း၏ေျခာက္ျခားဖြယ္ရာေကာလဟာလအမ်ားအျပားေၾကာင့္ တစ္ဖြဲ႕သည္ ဘုရားေက်ာင္းကိုတိုက္ရိုက္ေဖာက္ခြဲပစ္ဖို႔ေျပာေနစဥ္တြင္၊ ေနာက္တစ္ဖြဲ႕ကမူ ၎၏လ်ိဳ႕ဝွက္ခ်က္မ်ားကိုေဖာက္ခြဲရန္ ဘုရားေက်ာင္းအတြင္းသို႔ဝင္ေရာက္ဖို႔အႀကဳံျပဳသည္။ ႏွစ္ခ်က္စလုံးကား ဆက္လက္လုပ္ေဆာင္ဖို႔ရာမျဖစ္နိုင္ေပ။ ယြင္ရွဲ႕၏ကိုယ္စားျပဳျဖစ္သည့္ယန္ရွန္းဂိုဏ္းမွာ ေဖာက္ခြဲဖို႔ကိုေရွ႕ထားလိုက္ၿပီး တစ္ဖက္သို႔လုံးလုံးလ်ားလ်ားေထာက္ခံေနသည္ျဖစ္ရာ လင္းယင္ဂိုဏ္း၏လက္ရွိထင္ျမင္ခ်က္မွာ အေရးႀကီးေပသည္။ ယြင္ရွဲ႕သည္ သူ၏အေျဖကားသိသာထင္ရွားေနသည့္ႏွယ္ သူ႕လက္ေတြကိုျဖန့္လိုက္၏။
"ဟုတ္တယ္ေလ။ တကယ္လို႔ လူေတြက အဲ့ဒီ့ဘုရားေက်ာင္းပ်က္ႀကီးကိုေဖာက္ခြဲဖို႔ တကယ္တမ္းေမးလာခဲ့ရင္ လူအိုႀကီးေတြကဆန့္က်င္တာေတြလုပ္အုံးမွာပဲ။ အဲ့ဒီ့အခါက်ရင္ ကိုယ္တို႔ေတြလြတ္ေျမာက္နိုင္မွာမဟုတ္ေတာ့ဘူး။ ကိုယ္ကေကာင္းေကာင္းမြန္မြန္ေနေနတာ၊ ကိုယ့္မွာ စားစရာရွိတယ္၊ အဝတ္ေတြရွိတယ္၊ ဇနီးလဲရွိ -အဲေလ၊ အေပါင္းအေဖာ္လဲရွိတယ္ေလ၊ ဆိုေတာ့ ကိုယ္ဘာေၾကာင့္ေသတြင္းသြားတူးရမွာလဲ။"

_____________________________________________

ယြင္ဂိုဏ္းခ်ဳပ္: "ဂိုဏ္းကိုမျပန္ခ်င္ဘူး...အား႐ႊင္းေဘးမွာပဲေန႕တိုင္း၊ညတိုင္း၊ အခ်ိန္တိုင္းေနခ်င္တာ"

ယန္ရွန္းဂိုဏ္းသားမ်ား:" ကြၽန္ေတာ္တို႔ကိုရက္စက္ေတာ့မွာလား "*ငိုေႂကြး*

________________________________________________

Daily updateေပးခ်င္ေသာ္လည္း လက္တစ္ေခ်ာင္းလႈပ္ဖို႔ေတာင္ပ်င္းေနေသာအခါ....

_____________________________________

Continue Reading

You'll Also Like

26.5K 2.7K 40
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
79K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
526K 86.4K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
43.3K 7.2K 31
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...