'ဟိတ်...ထစမ်း....'
'ထစမ်းလို့ပြောနေတာကိုပေကပ်ကပ်နဲ့..အဟက်...ကောင်းပြီလေ....ငါ့အကြောင်းကောင်းကောင်းကြီးသိအောင်ပြရသေးတာပေါ့.....'
ကျောဘက်ကိုကျရောက်လာတဲ့ခြေထောက်ကန်ချက်တစ်ခုကြောင့် ကြမ်းပေါမှာခွေခွေလေးလဲနေတဲ့ခသတိပြန်ဝင်လာခဲ့သည်.....
ပထမဦးဆုံးအကြိမ် မျက်လုံးဖွင့်ကြည့်မိတော့အရာရာဟာမသဲမကွဲနဲ့..
ဒုတိယအကြိမ်အားယူကာဖွင့်ကြည့်တော့မှ သေချာမြင်ရတော့သည်.....
အာ...မေ့နေတာ....ငါအခုရောက်နေတဲ့နေရာက အင်းစိန်ထောင်ထဲမှာဘဲ....အဲ့နေရာကြီးကနေငါမှလွတ်မြောက်ခွင့်မှမရသေးတာ...
ဟင်း....မောင်....မောင့်ကိုသတိရလိုက်တာဗျာ...
ထောင်ထဲကိုရောက်တဲ့နေ့ကနေစလို့ခအေးအေးဆေးဆေးနေရတယ်ကိုမရှိ....
တော်ပါတယ်..ခင်ဗျားသိပ်ကိုတော်လွန်းပါတယ်ကိုဇေယျ...ခင်ဗျားပြောတဲ့အတိုင်း ကျွန်တော့်အတွက်ခင်ဗျားကလက်ဆောင်ပြင်ပေးထားတာဘဲ....
မဒိမ်းမှု...လူသတ်မှုနဲ့ဆေးမှုတွေနဲ့ထောင်ကျနေတဲ့ထောင်ထဲမှာအဆိုးရွားဆုံးသူနဲ့တူတူအကျဥ◌်းချခံရဖို့ခင်ဗျားစီစဥ◌် ပေးခဲ့တယ်...
ကြည့်ရတာခင်ဗျားကကျွန်တော့်ကိုထောင်ထဲကနေအသက်ရှင်လျှက်ပြန်ထွက်မလာစေချင်ဘူးထင်ပါ့...
ခင်ဗျားစီမံပေးထားတဲ့ကျွန်တော့်အခန်းဖော်က နေ့တိုင်းကျွန်တော့်ကိုနှိပ်စက်ပေးတယ်သိလား....
ဥပမာ....ကျွန်တော့်အတွက်ထမင်းလာပို့တဲ့အချိန် ထောင်မှူးအလစ်မှာထမင်းပန်းကန်ကိုမှောက်ပစ်တာမျိုး....တခါတခါ ထမင်းပန်းကန်ထဲသူ့ခြေထောက်ဆေးထားတဲ့ခြေဆေးရေတွေထည့်လိုက်တာမျိုး...အမျိုးမျိုးပေါ့....
ခင်ဗျားသိတဲ့အတိုင်းဘဲထောင်ထဲမှာက ထမင်းကိုလိုသလိုတောင်းလို့မှမရတာ..သူတို့လာပေးတဲ့အချိန်စားရတယ်....မစားချင်ရင်အငတ်ခံရတယ်လေ....
ကျွန်တော်ထမင်းစားချင်တယ်...မောင့်အတွက်တစစ်ရက်ဆိုတစ်ရက်အသက်ဆက်ရှင်ချင်တယ်....
ဒါပေမဲ့ အခုဆိုကျွန်တော်နေ့ရောညရောထမင်းမစားရတာ ၂ပတ်ကျော်တော့မယ်...
တော်သေးတယ်မောင်...ခအသက်ရှင်နေသေးတယ်....
ဘာလို့ဆို သူတို့ကွယ်ရာမှာခရေခိုးခိုးသောက်ပြီးဗိုက်ဖြည့်ထားလို့လေ....
ထမင်းမစားရလို့အားမရှိရတဲ့ထဲ အခုလည်းသူ့ကိုယ်ကိုလာလာကန်နေတဲ့သကောင့်သားကိုလေ ခပြန်ထိုးပစ်ချင်တယ်....ခက်တာက စိတ်သွားတိုင်းကိုယ်မပါတာဘဲမောင်ရေ....
သူကန်ရင်ခံရတယ်..သူနှိပ်စက်ရင်လည်းအသံမထွက်ရဲဘူး..
ဘာလို့ဆို..သူကပြောတယ်...သူလုပ်တဲ့အတိုင်းငြိမ်ခံမနေရင် သူက အကိုဇေယျကိုပြန်ပြောမှာတဲ့...
ခကြောက်တာက အကိုဇေယျ မောင့်ကိုတစ်ခုခုလုပ်လိုက်မှာကိုဘဲ...
အဆက်မပြတ်ကျရောက်လာတဲ့ကန်ချက်တွေကိုခပြန်မခုခံမိ...အင်း..မခုခံနိုင်ဘူးဆိုပိုမှန်မယ်...
ကိုယ်ကိုသာတတ်နိုင်သမျှကွေးထားရင်းငြိမ်ငြိမ်လေးသာနေမိသည်...
နာတယ်မောင်...ခအရမ်းနာတယ်....
တော်သေးတာပေါ့မောင်....အဲ့လိုလူမျိုးတစ်ယောက်တည်းနဲ့ခနေရလို့...
ခဘဝကလည်းဆိုးရွားလိုက်တာ...
သူနှိပ်စက်လို့လည်းဝရောကျော်ကြီးဆိုတဲ့အဲ့လူယုတ်မာက ထောင့်ဘက်မှာသွားထိုင်ပြီး ဆေးလိပ်လေးတဖွာဖွာနဲ့နှပ်နေလေရဲ့...
တောက်....စိတ်ပျက်လိုက်တာ..
'အဟွတ်..အဟွတ်...'
ဆေးလိပ်ငွေ့တွေမတရားများလာတော့ ခမနေနိုင်ဘဲချောင်းထဆိုးမိတော့ အအော်ကခံရပါသေးသည်...
ဟက်....ခက်သားဘဲဗျ...ကိုယ့်ပါးစပ်နဲ့ကိုယ်ချောင်းဆိုးတာတောင်မဆိုးရဘူးတဲ့..သူဆေးလိပ်သောက်တာfeel ပျက်လို့တဲ့လေ....
'ခက်ခွန်းခ....ခက်ခွန်းခ...'
အပြင်ဘက်တံခါးက ထောင်မှူးခေါသံကြောင့် ကျွန်တော်ထကြည့်မိသည်...
'ကျွန်တော်ဒီမှာပါထောင်မှူး....'
'အော်..အေး..ထွက်ခဲ့....မင်းဧည့်သည်ရောက်နေတယ်...'
'ဗျာ..ဟုတ်..ဟုတ်လား...???'
ကြည့်ရတာမောင်ထင်တယ်...နောက်ဆုံးတော့မောင်ငါ့ကိုလာတွေ့ပြီ....
ရှိသမျှလက်ကျန်အားလေးနဲ့ ဖုန်တွေပေရေနေတဲ့ခအဝတ်တွေကိုလက်နဲ့အသာအယာခါထုတ်မိသည်...
ဆံပင်ကိုပါ သပ်သပ်ရပ်ရပ်ဖြစ်အောင်သပ်တင်မိရင်း ထောင်မှူးခေါရာနောက်ကိုလိုက်မိသည်...
'ဆရာကြီး...'
'အေး..ပြော..'
'ဘယ်သူခကိုလာတွေ့တာလဲဟင်..??'
'အဲ့တာတော့ငါလည်းသေချာမသိဘူး...ဌာနကအကြောင်းကြားလို့ငါလာခေါရတာ...သူတို့ပြောသံကြားတာကတော့ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်တဲ့..ဒါနဲ့မင်းရေချိုးချင်လား...??ညစ်ပတ်နေတာဘဲ...??'
ခပ်ငယ်ငယ်ဆိုတော့..ဟိ..သေချာနေပါပြီ..မောင်ဘဲနေမှာ
'အာ....ကျွန်တော်ချိုးလို့ရလားဗျ...??သူနဲ့တွေ့ရင် သန့်သန့်ရှင်းရှင်းလေးဖြစ်အောင်လို့...'
'ရတယ်..ရတယ်....ဒါနဲ့မင်းအဆင်ပြေရဲ့လား..??'
'ဗျာ..ဘာကိုလဲဟင်...??'
'မင်းအခန်းဖော်နဲ့ပေါ့...'
'အင်း..ဒီလိုပါဘဲ...'
'ငါလည်း..ငါလည်းမင်းကိုကူညီပေးချင်ပါတယ်..ဒါပေမဲ့..ဘယ်လိုမှမရလို့ပါ....ငါတကယ်ဘဲမင်းကိုသနားမိတယ်...'
ဟုတ်တယ်...ထောင်မှူးကြီးနဲ့ကျွန်တော်က ခင်ကြတယ်ဘဲဆိုပါတော့.....
ကျွန်တော်ထောင်ထဲရောက်ပြီး တလလောက်အကြာမှာစသိကြတာ...
ထောင်ထဲရောက်တဲ့နေ့ကနေစလို့ အခုထက်ထိဆို ..အင်း....၁၀လကျော်ရှိရောပေါ့....
အဲ့အချိန်ထဲကနေအခုထက်ထိခင်ခဲ့ရတဲ့သူဆိုလို့ထောင်မှူးကြီဂတစ်ယောက်ဘဲရှိတာလေ...
ကျော်ကြီးကကျွန်တော့်ကိုအနိုင်ကျင့်နှိပ်စက်တိုင်း မကြာခဏဆိုသလိုထောင်မှူးကြီးကရောက်လာပြီးဖြေရှင်းပေးတတ်တယ်....
သူကိုယ်တိုင်လည်းကျွန်တော့်အကြောင်းကိုအနည်းအပါးသိထားပေမဲ့ ဆုံးသွားတဲ့သူ့ညီလေးနဲ့တူတဲ့ကျွန်တော့်ကိုသံယောဇဥ◌် တွယ်မိလို့ဆိုပြီးအစစအရာရာကူညီပေးရှာပါတယ်...
အခုလည်းကျွန်တော့်ကိုစိုးရိမ်ပြီးမေးနေတာဘဲကြည့်လေ...
ထောင်မှူးကြီးလိုကျွန်တော့်ကိုကူညီပေးတဲ့လူရှိလို့လည်းကျွန်တော်ဒီထောင်ထဲမှာမသေသေးတာနေမှာ...
'ခက်ခွန်းခ...'
'ဗျာ...ဟုတ်....'
'ငါမင်းကိုခေါနေတာကြာပြီ....ဘာတွေတွေးနေတာလဲ..???'
'အာ..ထောင်မှူးကြီးကျွန်တော့်အပေါကိုကောင်းလွန်းတော့ဘယ်လိုကျေးဇူးဆပ်ရပါ့မလဲလို့ပါ....'
'မင်းကတော့လေ...မလိုပါဘူးကွာ..ငါပြောပြီဂသားဘဲမင်းကိုငါ့ညီလေးတစ်ယောက်လိုခင်မိလို့ကူညီယုံပါ...'
'ထောင်မှူးကြီး...ကျွန်တော့်ကိုအရမ်းယုံတာဘဲလား...??'
'အေး..ငါမင်းကိုယုံတယ်...'
'ဒါပေမဲ့..ကျွန်တော်က ထောင်သား...'
'နေဦး...အဲ့တာငါပြောမလို့...မင်းရောက်လာထဲကငါကြည့်နေတာ..မင်းကဘဘ်သူနဲ့မှလည်းအပေါင်းသင်းမလုပ်ဘူး..ကိုယ့်ဘာသာဘဲနေတယ်..အမြင်မတော်တာရှိရင်ဝင်ကူညီတယ်...မင်းအကြောင်းကိုငါအများကြီးမသိပေမဲ့ ငါ့စိတ်ထဲကနေသိနေတယ်..မင်းကရိုးသားတယ်..ငါမင်းကိုကူညီချင်တယ်...ဒါကြောင့်ငါမင်းကိုယုံတယ်....မင်းထောင်ထဲရောက်လာရတဲ့အကြောင်းအရင်းကလည်းသူ့ဟာနဲ့သူရှိမှာပေါ့....ငါယုံတယ်ခက်ခွန်းခ..မင်းဒီထဲကိုသွေးရိုးသားရိုးနဲ့ရောက်လာတာမဟုတ်လောက်ဘူး...မင်းဂွင်ဆင်ခံရတာလား....??မမေးသင့်မှန်းသိပေမဲ့ငါလည်းသိချင်လို့....'
'ဟား..ဟား..ကျေးဇူးပါဗျာ..ကျွန်တော့်ကိုယုံပေးလို့ထောင်မှူးကြီးကိုကျေးဇူးတင်ပါတယ်....ထောင်မှူးကြီးသိချင်တဲ့အကြောင်းတွေကိုလည်းကျွန်တော်ပြောပြပါ့မယ်..အင်း..တနေ့နေ့ပေါ့...အခုတော့ ကျွန်တော်ရေချိုးဦးမယ်နော်..'
'အေး...ချိုး..ချိုး...အခုချိန်ရေချိုးဆောင်ထဲမှာဘယ်သူမှရှိမှာမဟုတ်ဘူး..မင်းလွတ်လွတ်လပ်လပ်အေးဆေးချိုးလို့ရတယ်..ငါအပြင်မှာစောင့်နေမယ်...'
'ဟုတ်....ကျေးဇူးပါ...'
တံပတ်ကလေးကိုင်ကာပျော်ရွှင်ခုန်ပေါက်ပြီးပြေးထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီးကျွန်တော်သက်ပြင်းသာအကြိမ်ကြိမ်ချမိသည်...
ညီရေ...မင်းဝဋ်ကြွေးတွေရှိရင်လည်းမြန်မြန်ကျေပါစေကွာ...ငါမင်းကိုအခုလိုလေးဘဲပျော်နေတာကိုမြင်ချင်တာ..
---------------------------
'ခက်ခွန်းခ....ဧည့်တွေ့လို့ရပါပြီ..အခန်းနံပါတ်၄ကိုသွားပါ...'
ကြေညာချက်ပြီးတာနဲ့မောင်နဲ့တွေ့ရမှာကိုတွေးပြီးသူတို့ပြောတဲ့အခန်းထဲကိုခပြေးဝင်မိသည်....
အခန်းတံခါးဖွင့်ပြီးတာနဲ့မှန်တဖက်ခြားထားတဲ့တခြားတဖက်မှာခကိုကျောပေးပြီးရပ်နေတဲ့မောင့်ကိုတွေ့လိုက်ရသည်...
'မောင်....sorryနော်..မောင်လာမယ်ဆိုလို့ခကရေချိုးနေတာ..အဲ့တာနည်းနည်းလေးကြာသွားတာ.....'
စကားလည်းပြောရင်း ခကိုချပေးထားတဲ့ခုံမှာဝင်ထိုင်တော့မှ ခကိုကျောပေးထားတဲ့သူက ခဘက်ကိုလှည့်လာတော့သည်..
'အယ်....သု...သုတ....လား..???'
'အကို...အင်း...ကျွန်တော်အကို့ကိုလာတွေ့တာ....'
'အော်..အွန်း....'
ကျွန်တော့်ကိုပြောချင်တာပြောပြီးတာနဲ့ဟိုဟိုဒီဒီမျက်စိဝေ့ဝဲပြီးရှာနေတဲ့အကို့ကိုကျွန်တော့်မှာသနားမိသည်....
'အကို....သူမပါဘူး..???'
'အာ...အင်း..အင်း...မောင်အလုပ်များနေလို့နေမှာ..'
ပြောပြီးတာနဲ့မျက်နှာလေးငြိုးကျသွားတဲ့အကို့ကိုကြည့်ပြီးကျွန်တော့်ရင်ထဲလည်းမကောင်း...
ဘာမှသာပြောမနေတော့ဘဲကျွန်တော်အကို့ရှေ့ဝင်ထိုင်လိုက်သည်...
အကိုနဲ့ကျွန်တော့်ကြားမှာမှန်တချက်သာရှိမနေဘူးဆိုရင် ကျွန်တော်အကို့ကိုပြေးဖက်ပြီးနှစ်သိမ့်ပေးချင်ပါသည်....
'အကို.....အဆင်ပြေရဲ့လား...??'
'အင်း..ပြေပါတယ်သုတ...'
'အကိုညာတယ်.....'
'ဟမ်....'
'အကိုအခုချိန်ထိကိုယ့်ဘာသာညာနေခဲ့တာကိုမပင်ပန်းဘူးလားအကို...ကျွန်တော်အကို့အစားရင်တွေနာလွန်းလို့ပါ...'
'...............'
'အကို.......'
'ပင်..ပင်ပန်းတာပေါ့ညီရာ..ပင်ပန်းတယ်..အသက်ရှင်နေရတာကိုက အကို့အတွက်ငရဲကျနေသလိုဘဲ..ဒါပေမဲ့ဘယ်လိုလုပ်ရမလဲသုတရာ...အကိုသေချင်ရင်တောင်မမောင့်အတွက်အသက်ရှင်ချင်နေသေးတာကြောင့်အခုဘဲကြည့်လေ..အကိုမသေသေးဘူး...မောင့်ကိုထားပြီးအကိုလောကကြီးကနေမထွက်သွားနိုင်သေးဘူး...'
'အကိုရာ.....တစ်ခါတလေတော့ ကိုယ့်အတွက်ကိုကိုယ်တွေးပါဦး..'
'ဟား..ဟား..အင်းပါ...ဒါနဲ့..မောင်ရောအဆင်ပြေရဲ့လား...??'
'ပြေတယ်..အဲ့ကောင်ကအကိုမရှိလည်းပျော်ပျော်နေနိုင်တယ်....အဲ့ကောင်ကိုပူမနေနဲ့...'
'တော်သေးတာပေါ့...မောင့်ကိုသတိရတယ်သုတရာ....'
'ငိုချင်လားအကို...ငိုပစ်လိုက်..စိတ်ပေါ့သွားအောင်...ကျိတ်မခံစားနဲ့အကိုရာ...'
'ငိုချင်တယ်သုတ....အကိုငိုချင်တယ်..ဒါပေမဲ့ငိုလို့မရဘူးဖြစ်နေတာ...'
'ဗျာ...'
'ဟုတ်တယ်..တစ်ခုခုဆိုမျက်ရည်လွယ်တတ်တဲ့အကိုကအခုဆိုဘာကြောင့်မှမျက်ရည်ကျလို့မရတော့ဘူးသုတ...'
ငူငူငိုင်ငိုင်နဲ့ပြောလာတဲ့အကို့ကိုကျွန်တော်တကယ်ဘဲမကြည့်ရက်တာအမှန်ပါ....
ကျွန်တော်ဘယ်လိုလုပ်ရမလဲဗျာ...
'အကိုတကယ်ပြောနေတာလား..??'
'အင်း...
မောင်နဲ့အကိုနဲ့မတွေ့တာကြာရောပေါ့...'
'အကိုဒီထဲရောက်ထဲက သူတခါမှလာမတွေ့ဘူးလား...??'
'အဟက်...အင်းအဲ့လိုဘဲပြောရမှာပေါ့.....အမှန်တိုင်းပြောရရင် အကိုသူနဲ့နောက်ဆုံးတွေ့တာက တရားခွင်မှာဘဲ...အဲ့နေ့ကနေစပြီး....ဟင်း....'
'အကိုရယ်....'
'သုတသာမလာရင်အကို့ကိုလာတွေ့တဲ့သူတောင်ရှိမှာမဟုတ်ဘူးသိလား...ဟက်...အကို့အဖြစ်ကရယ်ရလိုက်တာ...ပေါမလာမှန်းသိရက်နဲ့မျှော်နေမိတာအကို့အပြစ်လား...မဟုတ်ဘူး..ဒါကအတိတ်ဘဝကမကျေခဲ့တဲ့အကို့ဝဋ်ကြွေးဘဲထင်ပါရဲ့သုတရယ်.....'
'ဟာဗျာ.....'
'အကိုကမကောင်းလိုက်တာနော်..သုတတခါတလေလေးအကို့ကိုလာတွေ့တာစိတ်မကောင်းစရာတွေပြောနေမိပြန်ပြီ...sorryပါကွာ...'
'မလိုပါဘူးအကို...အကိုစိတ်ထဲမှာမျိုသိပ်ထားတဲ့အရာတွေကိုအခုလိုဖွင့်ပြောလိုက်မှအကိုနေရသက်သာမှာပေါ့....'
'အင်း..ဟုတ်တော့လည်းဟုတ်ပါတယ်လေ.....'
'အကို....'
'အင်း....'
'ကျွန်တော်လွန်ခဲ့တဲ့နှစ်လကျော်ကအကိုမှာထားတဲ့ဆေးတွေပို့ပေးဖို့လုပ်ပေမဲ့ထောင်စောင့်တွေကအပို့မခံလို့....'
'ရပါတယ်....အကိုလည်းအစကတည်းကသိပါတယ်..သူတို့လက်မခံလောက်ဘူးဆိုတာ...'
ဟုတ်တယ်...လွန်ခဲ့တဲ့နှစ်လလောက်ကခ သုတကိုသူသောက်နေကြကိုယ်ဝန်ဆောင်အားဆေးတွေအိမ်ကယူခိုင်းပြီးဒီကိုပို့ခိုင်းထားတာ...
ဆရာဝန်ကြီးပေးထားတဲ့အားဆေးတွေမသောက်တာ၃လကျော်ပြီဆိုတော့အဆင်ပြေပါ့မလား...
အတွေးလွန်နေစဥ◌် မှာဘဲ သုတကစကားဆိုလာတာကြောင့်တွေးလက်စကိုလတ်စသတ်လိုက်ရတယ်...
'အကို...'
'ပြောလေသုတ....'
'အကို့ဗိုက်ထဲကရောနေရသက်သာရဲ့လား...??'
'အင်း..ပြေပါတယ်...'
'အာ...ခ..ခဏလေး...အကို့အတွက်အဆင်ပြေလားမပြေလားသေချာသိရအောင်ဆရာဝန်ပြကြည့်ရင်ရော...??'
'သုတကတော့နောက်ပြီ...အကိုကထောင်ထဲကနေဘယ်လိုပြလို့ရမလဲ....??'
'ဒါလေးများ..ခဏလေးစောင့်...'
ပြောပြီးတာနဲ့သုတကသူ့ဖုန်းထဲကနေနံပါတ်တစ်ခုကိုခေါဆိုလိုက်ပြီးကျွန်တော့်ရှေ့မှာဘဲဖုန်းကိုထောင်ထားလိုက်တော့သည်....
'ဒါ..video callကြီး...??'
'အင်းလေ..ခဏလေး....'
(ဟဲလို...ဟာ...ခက်ခွန်းခ....)
'ဆရာ...မတွေ့တာတောင်ကြာပြီနော်....'
(အင်း...မင်းအဆင်ပြေရဲ့လားကွ....တော်တော်ပိန်ကျသွားတယ်နော်...)
မောင်ရေ...ခကိုတွေ့တဲ့လူတိုင်းကမေးနေကြပြီ..အဆင်ပြေရဲ့လားတဲ့...
သူတို့ဘာကိုပြောချင်တာလဲ...??
ဒီမှာနေရတာလား...??ဒါဆိုရင်တော့ပြေပါတယ်လို့ပြောရမှာပေါ့....
ခရဲ့စိတ်အခြေအနေဆိုရင်တော့.......အင်း..ခအဆင်မပြေဘူးမောင်..မောင်နဲ့အဝေးမှာခနေရတာအဆင်မပြေဘူးမောင်ရာ....
ဒါပေမဲ့သူတို့အမေးကိုခပြုံးပြီးသာခေါင်းငြိမ့်ပြမိတယ်မောင်သိလား...
(ဆရာလေ...မင်းသတင်းကြားကြားချင်းယုံတောင်မယုံနိုင်ဘူး...ဘယ်လိုဖြစ်လို့များ....??)
'ဆရာ..ကျွန်တော်အဲ့မေးခွန်းအတွက်အဖြေတကယ်မရှိဘူး...'
(အင်းပါ..ဆရာလည်းစိတ်လောသွားတယ်...ကဲ...ဆရာမင်းကိုစစ်ပေးမယ်နော်...သုတကဆရာ့ကိုပြောထားတာ..သူမင်းစီ ဒီနေ့သွားတွေ့မှာတဲ့....ဆရာ့ကိုလည်းသူ့ဖုန်းအလာကိုစောင့်ခိုင်းထားတယ်လေ...သူတော်တော်စိတ်ပူနေတာသိလား...??)
'ဟုတ်လားသုတ...??အကိုကြောင့်နဲ့ဆရာနဲ့သုတတို့အလုပ်များရပြီ...'
'ဟီး..ဟီး...ဆရာကတော့လေ...မပြောပါနဲ့ဆိုတာကိုဗျာ...ထားပါ...ကျွန်တော့်အကိုကိုအရင်စစ်ပေးကြည့်ဦး...'
(အေးပါကွာ...ခက်ခွန်းခ....)
'ဟုတ်..ဆရာ...'
(မင်းဒီအတောအတွင်းဘာတွေမူမမှန်တာခံစားရသေးလဲ...??ဖြစ်တာအကုန်ပြောနော်..ဒါမှဆရာသေချာပြောပြလို့ရမှာ...)
'ဟုတ်...တခြားတော့ဘာမှမဖြစ်ပါဘူး...လွန်ခဲ့တဲ့၂လကျော်ကစပြီးအစားပျက်တယ်..အခုထက်ထိဘဲဆရာ..ကိုယ်လက်တွေလည်းကိုက်ချင်တယ်..အထူးသဖြင့်ခြေထောက်တွေ..ညဆိုပိုဆိုးတယ်..အိပ်လို့မရတဲ့ညတွေတောင်ရှိတယ်..တခါတလေဆိုသူ့အလိုလိုနေရင်းကိုအန်ချင်လာတာ...အနံ့ဆူးဆူးတွေဆိုရင်မခံနိုင်ဘူးဆရာ...ပြီးတော့......'
(အဟက်...ဟင်း...ဟင်း...ဟုတ်နေပါပြီ)
'ဗျာဆရာ....ဘာဖြစ်လို့လဲဟင်..??'
(Congratulationပါခက်ခွန်းခ...)
'ဟမ်...ဘာကိုလဲဆရာ...??'
(မင်းခွဲစိတ်စရာမလိုတော့ဘူး....မင်းပြောတဲ့အချက်တွေအရဆိုရင်မင်းမှာဟိုဒင်းဖြစ်နေပြီ...သောက်ဆေးတွေကမင်းနဲ့အဆင်ပြေတယ်ထင်တယ်..အဟမ်း....ကောင်းလိုက်တာ....)
'အမ်...'
(အူလည်လည်နဲ့....ဟင်း...ခက်ခွန်းခရေ..မင်းထီပေါက်ပြီလို့...)
'ဗျာ...ထီပေါက်ရအောင်ကျွန်တော်မှထီမထိုးထားတာ....မောင်ကလည်းထီတွေဘာတွေထိုးလေ့မရှိပါဘူး.....'
(နလပိန်းတုန်းလို့ပြောရင်လည်းငါကလွန်တယ်ဖြစ်ရဦးမယ်...မင်းဟာလေ..အေး....တည့်ဘဲပြောတော့မယ်...ခက်ခွန်းခ..မင်းယောက်ျားရဲ့ရင်သွေးလေးမင်းဗိုက်ထဲမှာရှိနေလောက်ပြီ...မင်းဗိုက်ကြီးနေပြီထင်တယ်ကွကွငါ့ကောင်ရ...သိလား...??)
'ဗျာ.....!!!'
'ဝုန်း...!!!'
အထိတ်ထိတ်အလန့်လန့်နဲ့ထိုင်နေတဲ့ခုံပေါကရုတ်တရက်ထလိုက်တော့ခုံပါနောက်ပြန်လန်ကျရသည်အထိ.....
'အကို...သတိထားလေ..ဟီး..ဟီး..ဘယ်လိုတောင်ဖြစ်ရတာလဲ...??စိတ်လေးဘာလေးထိန်းပါဦးလား...??'
'ဆ...ဆရာ...စော..စောစောနက..တ..တကယ်ပြောတာလား..??'
(မင်းပြောပုံအရဆိုသေချာသလောက်ရှိတယ်...ဒီလိုလုပ်...ဆရာ သုတကိုဆေးစာရေးပေးလိုက်မယ်...ထောင်မှူးကိုပြကြည့်ရမှာပေါ့...သူသာခွင့်ပြုရင်..နောက်အပတ်ကြရင် မင်းဆေးစစ်ကြည့်ဖို့အဆင်ပြေပြီ..အဲ့ကြဟုတ်လား..မဟုတ်လားသေချာသိရတော့မှာပေါ့....ဒီကြားထဲကိုယ့်ဘာသာကိုယ်လည်းဂရုစိုက်ဦး..နော်ခက်ခွန်းခ..မဟုတ်ရင် မင်းကြိုးစားထားသမျှတွေသဲထဲရေသွန်ဖြစ်ကုန်မှာ....)
'ဟုတ်..ဟုတ်ဆရာ..ကျေး..ကျေးဇူးပါ...အီး..ဟီး..ပျော်လိုက်တာ..'
(အေးပါ....ဆရာနောက်လူနာတွေကြည့်စရာရှိသေးလို့ဖုန်းချလိုက်တော့မယ်နော်........)
'အင်း..အင်း...တာ့တာဆရာ....'
(ဟေ..အဟက်..အေးပါ..တာ့တာ..တာ့တာ...)
'တူ.................'
'အကိုရေ.....ဂုဏ်ပြုပါတယ်..အကိုခွဲစိတ်ဆရာမလိုတော့ဘူး....ဆေးတွေကအကို့အပေါသက်ရောက်မှုရှိတယ်ထင်တယ်...'
'အင်း....ပျော်လိုက်တာသုတရာ.....တကယ်တော့ဟုတ်မှာပါနော်...အကိုမောင့်ရင်သွေးလေးကိုလွယ်နိုင်ပြီဆိုတာ...'
'ဆရာကညာပြောပါ့မလားအကိုရာ....ဟက်...အကိုကတော့လေ....'
'အင်း..ဟုတ်မှာပါလေ......'
'ဒါနဲ့အကို...ကျွန်တော်လေ....'
'အွန်း...'
ဗိုက်ကလေးကိုကိုင်ကာ ပြုံးပြီး မယုံနိုင်ဖြစ်နေတဲ့အကို့ရဲ့ပျော်ရွှင်မှုတွေကိုကျွန်တော်မဖျက်စီးပစ်နိုင်ခဲ့လို့နောက်မှဘဲအကို့ကိုပြောပြတော့မယ်..
အင်း...အကိုသိသင့်တဲ့အမှန်တရားတစ်ခုကိုပေါ့....
'ဂရုစိုက်နော်အကို..နောက်အပတ်ကြရင်အကို့ကိုကျွန်တော်လာခေါမယ်....'
'ဟုတ်.....'
အကို့ကိုမှာစရာရှိတာမှာပြီးတာနဲ့ကျွန်တော်လည်းအကို့ကိုနှုတ်ဆက်ကာပြန်လာခဲ့လိုက်တော့သည်.....
ကားပေါရောက်တော့အကိုအကြောင်းကိုပြန်တွေးမိရင်းရင်ထဲမှာစို့နစ်လာရသည်...
'အကို..ခဏလေးစောင့်နေနော်....ကျွန်တော်မကြာခင်အကို့ကိုဒီထဲကထုတ်ပေးမယ်..ကျွန်တော်လိုချင်တဲ့သက်သေတွေမကြာခင်ရတော့မှာပါ..အဲ့အချိန်လေးအထိအကိုတောင့်ခံထားပေး.....'
ကားထွက်ဖို့စက်နှိုးတော့ဝင်လာပြန်တဲ့ဖုန်းကြောင့် စက်ကသတ်ရပြန်သည်...
ဖုန်းနံပါတ်ကိုကြည့်မိတော့ကိုကိုတဲ့...
ကိုကို..အင်း..တချိန်ကသူသိပ်ချစ်ခဲ့ရတဲ့သူ့ရဲ့ကိုကို...အခုရောချစ်သေးရဲ့လားဆိုရင်တော့ ....သူမပြောတတ်ဘူး...ချစ်ရင်တောင်သူ့ကိုမုန်းပစ်ရမယ်မဟုတ်လား...
'ဟဲလို...'
'ဟဲလိုသုသု........'
'ဘာကိစ္စလဲ..??'
'သုသုအခုတလောငြိမ်နေလို့လေ...ကိုကိုကဖုန်းဆက်ကြည့်တာ...'
'ခင်ဗျားအားနေရင်လည်းငြိမ်ငြိမ်နေ....ကျွန်တော်မအားဘူး..'
'သုသုကလည်း..စိမ်းကားလိုက်တာကွာ....'
'ဒီမှာ....ခင်ဗျားကျွန်တော့်ကိုဖုန်းဆက်တာဒါတွေပြောဖို့လား...??ဒါဆိုရင်တော့ကျွန်တော်ဖုန်းချလိုက်တော့မယ်..ခင်ဗျားရဲ့အရေမရအဖက်မရတွေကိုနားထောင်ဖို့အချိန်အဲ့လောက်ပေါမနေဘူး....'
'သုသု..ကိုကို့စိတ်ကိုသုသုသိတယ်နော်...ဖုန်းမချပစ်နဲ့...'
'ဟက်...ခင်ဗျားခြိမ်းခြောက်တိုင်းကြောက်တဲ့အရင်ကသုတဆိုတာသေသွားပြီ...ခင်ဗျားကျွန်တော်နဲ့ရှေ့လျှောက်လာမပတ်သတ်ပါနဲ့...'
'သုသု....ကိုကို့ကိုဘယ်လိုပြောနေတာလဲ...???'
'ကြားတဲ့အတိုင်းဘဲ...'
တူ.................
သူ့ဘက်ကမချခင်မှာကိုယ်ကဘဲဦးအောင်ချပစ်လိုက်တယ်...
လေပူတစ်ချက်မှုတ်ထုတ်ကာကားစက်နှိုးပြီးထွက်မယ်ပြင်ပြန်တော့ သုတထိုင်နေတဲ့ဘက်ခြမ်းကိုတံခါးလာခေါက်တဲ့လူတစ်ယောက်....
လှည့်ကြည့်မိတော့ ဘုရားပင်တမိရသည်အထိ....
'ဘု..ဘုရားရေ.....ခင်...ခင်ဗျား..ဘယ်ကနေ..ဘယ်လို...????'
'တံခါးဖွင့်သုသု....'
'ဟမ်....'
'တံခါးဖွင့်စမ်းလို့.....ကိုကိုစိတ်တိုနေတာနော်......'
'ဟင့်အင်း.....'
သူပြောတာကိုအတင်းငြင်းကာ ခေါင်းသာခါမိသည်....
'ရတယ်လေ....မင်းကိုကို့ကိုမဖွင့်ပေးရင်ဒီနေ့ခက်ခခွန်းခရဲ့ခြေထောက်တွေကိုကိုကိုရိုက်ချိုးခိုင်းလိုက်မယ်....'
'မ...မလုပ်ပါနဲ့...'
'ဒါဆိုအခုဖွင့်....'
ဂျလောက်...
နောက်ဆုံးတော့လည်းသူပြောတဲ့အတိုင်းလုပ်ရတာပါဘဲလား...
မုန်းတယ်..ခင်ဗျားကိုမုန်းတာထက်ခင်ဗျားကိုချစ်ခြ့မိတဲ့ကိုယ့်ကိုကိုယ်ပိုမုန်းမိတယ်....
ကားတံခါးဖွင့်ပေးလိုက်တာနဲ့ကျွန်တော့်ဘက်အခြမ်းကိုအတင်းတိုးဝင်လာတဲ့သူ...
'ခင်..ခင်ဗျားဘာဖြစ်နေတာလဲ...??ဘာလို့ဒီဘက်ကိုအတင်းတိုးနေတာလဲ..??'
'အဟက်..သိရမှာပေါ့...'
နောက်ဆုံးတော့ သူ့ပေါင်ပေါဘေးတစောင်းလေးရောက်သွားခဲ့တဲ့ကျွန်တော်.....
တော်သေးတာပေါ့..ကားအမိုးကနည်းနည်းမြင့်လို့...မဟုတ်ရင်သူခေါင်းထောင်လို့ရမှာတောင်မဟုတ်ဘူး....
'သုသု..ကိုကို့ကိုမချစ်ဘူးလား...??'
'သေချာနားထောင်.....ခင်ဗျားကိုကျွန်တော်မုန်းတယ်...'
'ပြောတော့ကိုကို့ကိုချစ်တယ်ဆို....'
'အဲ့တုန်းကကျွန်တော်ရူးနေလို့....'
'ဟက်..ဟား..ဟား...ကိုကို့ကလေးလေးတောင်စကားတွေတတ်နေပြီဘဲ....'
ပြောပြောဆိုဆိုနဲ့ကျွန်တော့်အကျီလက်အောက်လျှိုဝင်လာတဲ့သူ့ရဲ့လက်တွေ
'ဖယ်စမ်း...ကျွန်တော့်အသားကိုမထိနဲ့..ဖယ်...'
'ဘာဖြစ်နေတာလဲသုသုရာ....ဘာလဲ..ကိုကို့ကိုအကန်တွေချည်းပြောနေရတာလဲ....??'
'ခင်ဗျားမပင်ပန်းဘူးလား...??ကိုယ်မချစ်တဲ့လူတစ်ယောက်ကိုချစ်ပါတယ်လို့အခါခါပြောနေရတာ....ကျွန်တော်တော့ပင်ပန်းလာပြီ....ခင်ဗျားနဲ့ကျွန်တော်ဒီနေ့တော့စာရင်းရှင်းရအောင်....ခင်ဗျားကျွန်တော့်စီကဘာလိုချင်လို့အခုလိုတွယ်ကပ်နေတာလဲ...??အရိုးသားဆုံးဖြေပါ....'
'ကောင်းပြီလေ...မင်းဘက်ကမေးလာမှတော့ကိုကိုကပြောပေးရတာပေါ့....ကိုကိုမင်းကိုချဥ◌် းကပ်ခဲ့တယ်...ဟုတ်တယ်...အဲ့အတွက်မင်းကိုနာကြင်အောင်လုပ်ခဲ့မိရင်တောင်းပန်ပါတယ်....'
'တောင်းပန်ယုံနဲ့သာကိစ္စတွေအားလုံးပြီးသွားရင်အခုလိုထောင်ဆိုတဲ့နေရာတောင်ရှိမလာဘူး....'
'ဟက်..ဟုတ်ပါပြီ...မင်းလေးကိုကိုကိုကျေးဇူးတင်တယ်...ဘာလို့ဆိုကိုကို့အပေါကိုသီးခံပေးပြီးချစ်ပေးခဲ့လို့..'
တဟားဟားရယ်ရင်းသူကကျွန်တော့်ကိုဘေးကခုံပေါချပေးကာကားအပြင်ဘက်ထွက်သွားတော့သည်...
ဘာလဲဟဒီလူ...ကြောင်တောင်တောင်နဲ့...
ပြောနေတုန်းရှိသေးကျွန်တော်ပေါကိုအုပ်မိုးလာပြန်ပါသောသူ........
'ခင်..ခင်ဗျားဘာဖြစ်နေတာလဲ...???'
'ကိုက်ချင်လို့.....'
'ဘာ...!!!အ့.........shit..ခင်ဗျား....'
လည်ပင်းကိုကိုက်ချလိုက်တဲ့သူ့ကိုကျွန်တော်စောင့်တွန်းလိုက်မိသည်.....
'ခင်ဗျားရူးနေလား...ရူးနေရင်လည်းအရူးထောင်ကိုသွား...'
'ဟက်....'
'ဖယ်စမ်းပါ......အ့....လက်နာတယ်..ဘာလို့လက်ကိုအတင်းဆွဲတာလဲအရူးရဲ့....'
ကျွန်တော့်လက်ကောက်ဝတ်ကိုဆွဲစောင့်ကာသူ့အနားကိုဆွဲကပ်လိုက်ပြန်သည်....
ကျွန်တော့်နားနားကပ်ကာသူက တီးတိုးပြောပြန်သည်....
'ကိုကို့ကိုစိန်ခေါလို့အပြစ်ပေးတာ....မင်းဘဘ်ခြေလှမ်းလှမ်းနေလဲဆိုတာကိုကိုသိတယ်နော်သုသု.....အချိန်မှီပြင်လိုက်..ကိုကို့ကိုမဆန့်ကျင်စမ်းပါနဲ့သုသုရာ...ကိုကိုက သစ္စာဖောက်တွေဆိုအရမ်းမုန်းတာမင်းလေးသိသား...မင်းကိုတော့မမုန်းချင်ဘူး...သစ္စာဖောက်တွေသွားတဲ့လမ်းကိုကိုကိုမင်းကိုမပို့ချင်ဘူးနော်သုသု...ကိုကိုသတိပေးနေတုန်းအချိန်မှီပြင်ဆင်လိုက်..ဒါဆိုသုသုအတွက်ရောကိုကို့အတွက်ရောကောင်းမယ်....အခုလုပ်နေတာတွေကိုရပ်တန်းကရပ်...ကြားလားသုသု..ကိုကိုနောက်ဆုံးဘဲပြောမယ်......'
'ခင်ဗျားကျွန်တော့်ကိုချစ်လား..မဟုတ်ဘူး...ချစ်ခဲ့လား....???'
'အမှန်အတိုင်းကြားချင်တာလား....??အမှန်တရားဆိုတာခါးတယ်နော်သုသု...'
'အရစ်ရှည်မနေပါနဲ့..ကျွန်တော်ပြောတာသာဖြေပေး....'
'ဟင့်အင်း....ကိုကိုမင်းကိုမချစ်ခဲ့ဘူး...'
'ရပြီ....ခင်ဗျားသွားလို့ရပြီ...ကျေးဇူးဘဲ..အခုလိုရိုးရိုးသာသားဖြေပေးလို့...'
'မလိုပါဘူး..'
'ခင်ဗျားနဲ့ကျွန်တော့်ဇာတ်လမ်းကဒီနေ့ဒီနေရာမှာဘဲပြီးပြီ..နောက်နောင်ကျွန်တော့်ရှေ့ပေါမလာပါနဲ့..ခင်ဗျားဘက်ကဆက်သွယ်လာရင်လည်းကျွန်တော်မသိချင်ယောင်ဆောင်မယ်...လမ်းမှာတွေ့ရင်တောင်မနှုတ်ဆက်ပါနဲ့....ကျွန်တော်သွားပြီ.....'
ကျွန်တော့်ရင်ထဲကစကားတွေထက်..သူနဲ့ကျွန်တော့်ကြားကဖြစ်သင့်ဖြစ်ထိုက်တာတွေကိုသာပြောပြခဲ့ပြီးသူ့လက်ထဲကနေရုန်းကန်ကာသူ့ကိုကျောခိုင်းလှည့်ထွက်ခဲ့သည်....
ကားနားရောက်ခါနီးမှာသူက
'သုသု...မင်းကိုလက်ဆောင်ပေးစရာရှိတယ်..မင်းဖုန်းထဲမှာကိုကိုပို့ပေးထားတယ်...သေချာကြည့်လိုက်ဦး...ဟက်...ဟား..ဟား...ဟား....'
တဟားဟားရယ်ကကျွန်တော့်ကိုကျောခိုင်းထွက်ခွာသွားတဲ့သူ့ကိုတစ်ချက်လှည့်ကြည့်မိရင်းနောက်တော့ ကားထဲသာခပ်သုတ်သုတ်ကလေးဝင်ထိုင်လိုက်သည်...
တင်...
'ဘာလဲ...messageဝင်လာတာလား...??မဟုတ်မှ..သူပို့ပေးမယ်ဆိုတဲ့ဟာလား....??မကြည့်ဘူး..သေတောင်မကြည့်ဘူး...'
ထိုအချိန်မှာထပ်ဝင်လာတဲ့စာတစ်စောင်...
သူပြောတာက ကျွန်တော်သာသူပို့ထားတာကိုဖွင့်မကြည့်ရင်နောင်တရပါလိမ့်မယ်တဲ့....
ကြည့်ချင်ပေမဲ့မကြည့်ရဲဘူး..လက်ရဲဇက်ရဲနိုင်လွန်းတဲ့သူ့အကျင့်ကိုသိတာကြောင့် ပိုလိုတောင်ကြည့်ဖို့ဝန်လေးမိသေး...
ဒါပေမဲ့လည်းသူပြောသလိုဖွင့်မကြည့်မိရင်လည်းနောင်တရပါလိမ့်မယ်ဆိုတဲ့စကားကိုလည်းနားထဲ၎င်းှာပြန်လည်ကြားယောင်မိတော့ ...
ဟင်း...မသိဘူး....ကြည့်ကြည့်တော့မယ်........
ဖွင့်ကြည့်မိတော့ live videoတစ်ခု...
videoအစမှာက ဘာမှသေချာမမြင်ရ...
မှောင်မှောင်ကြီးနဲ့..
နောက်တော့မီးရောင်လေးအနည်းငယ်ပေါလာတယ်....
'ဖြောင်း...ဖြောင်း....ဝုန်း......!!!!'
'မေးနေတယ်..ဖြေလေ...ဖြေစမ်းပါ...မင်းကိုဘယ်သူလာတွေ့တာလဲ..ငါ့အကြောင်းတွေကိုမင်းဘဘ်သူ့ကိုပြောပြသေးလဲ.....!!!တောက်..အခုထက်ထိရိုက်နှက်ကန်ကြောက်ထားတာတောင်မှမမှတ်သေးဘူးလား...ငါမင်းကိုနှိပ်စက်တဲ့အကြောင်းသာတခြားသူတွေသိသွားရင်မင်းကိုသတ်ပစ်မှာနော်....!!!ကြားလား..ဟိတ်ကောင်.....'
'ဟင်း...အင်း.....'
ဒီ..ဒီအသံ..ဒါကအကို့အသံမလား....
'ဟက်..သေချာကြည့်တော့မှမင်းကလှသားဘဲ....ငါအရင်ကသေချာမကြည့်မိခဲ့ဘူး..ဟား.ဟား..ငါတချိန်လုံးမင်းလိုအလှလေးနဲ့တူတူနေခဲ့တာပါလား...???အလှလေး....အလှလေးရေ......ငါခေါနေတာကြားလား.....'
တဖြည်းဖြည်းနဲ့အနည်းငယ်ပေါလာတဲ့ပုံရိပ်တွေ...
ပုံထဲမှာက အကို့ဆံပင်ကိုသန်သန်မာမာရှိတဲ့ယောက်ျားကြီးတစ်ယောက်ကဆုပ်ကိုင်ထားတာ...
အကို့မျက်နှာမှာလဲဒဏ်ရာတွေနဲ့......
'အလှလေး..ဒီကကိုကိုကြီးနဲ့မကစားချင်ဘူးလား.....ငါ့bossကပြောတယ်မင်းကိုငါနဲ့ဒီနေ့ကစပြီးကစားခွင့်ပြုတယ်တဲ့.....ဘယ်လိုလဲ..??ကိုကိုကြီးကငြင်သာပါ့မယ်....'
'ဟင့်အင်း...လွှတ်....လွှတ်ပေး....နာ..နာတယ်.....'
မလုပ်ပါနဲ့အကို့ကိုမလုပ်ပါနဲ့.....
ရုတ်တရက်အကို့ကိုဘေးဘက်ကိုပစ်ချလိုက်တဲ့ထိုလူ.....
'အကို.....!!!!'
ကျွန်တော်ပင်အလန့်တကြားထအော်မိသည်အထိ........
နောက်တော့ အကို့အဝတ်တွေကိုအတင်းကာရောဆွဲချွတ်နေတဲ့ထိုလူ.....
အကိုကရုန်းရင်းသူ့ကိုပြန်ရိုက်တော့ အကို့ကိုပြန်ထိုးပြန်သည်....
လေးငါးချက်လောက်စောင့်ထိုးလိုက်တော့ အကိုကခွေခွေကလေးသူ့လက်ပေါပါလာသည်......
'အကိုပြောတော့အဆင်ပြေတယ်ဆို..ဒါ..ဒါလားဗျာအကိုရာ.....'
'မ...မလုပ်ပါနဲ့.....တောင်း...တောင်းပန်ပါတယ်......'
အကိုကတောင်းပန်စကားဆိုတော့သူကအကို့နားတိုးကပ်ကာ
'ဘာဖြစ်လို့လဲအလှလေးရာ..ကြောက်လို့လား...??'
'က..ကလေး....ကလေးလေး....ကျွန်တော့်ကလေးလေး....ရှိ....ရှိလို့ပါ...'
စကားလည်းပြောရင် သူတချိန်လုံးလက်နှစ်ဖက်နဲ့အုပ်ထားတဲ့ဗိုက်ကလေးကိုအသာပွတ်ရင်ပြောလာပြန်သည်....
'ဟား..ဟား...မင်းကယောက်ျားမဟုတ်ဘူးလား....??ဘယ်ကကလေးရှိမှာတုန်း....??ငါ့လက်ကနေလွတ်မယ်မကြံနဲ့....'
'မ..မဟုတ်ပါဘူး..တ..တကယ်ပါ.....မောင့်ကလေးလေး...အင့်....ဟင့်....ရှိလို့ပါ....'
မျက်ရည်တော့မကျလာဘဲရှိုက်သံလေးတွေသာထွက်နေတဲ့အကို့ကိုကြည့်ရင်းကျွန်တော်ဘယ်လိုမှမနေနိုင်တော့......
'ကောင်းပြီလေ...ဒါဆိုဒီလိုလုပ်..ဟော...ဟိုမှာတွေ့လား...အဲ့သံတိုင်နဲ့ခေါင်းနဲ့ပြေးစောင့်လိုက်....ကံမကောင်းရင်တော့သေမယ်..ကံကောင်းရင်တော့..ငါမင်းကိုလွှတ်ပေးမယ်..ဘယ်လိုလဲ..ဒါပေမဲ့....'
ထိုလူ့စကားတောင်မဆုံးသေးအကိုကသူ့လက်ထဲကနေထွက်ကာသံတိုင်စီပြေးသွားခဲ့သည်....
'ဒုန်း...!!'ဆိုတဲ့မြည်သံကျယ်နဲ့အတူ ကြမ်းပေါကိုပစ်လဲကျသွားတဲ့အကို
'အား...အကို...မ..မဟုတ်ဘူး...ဟင့်အင်း.....လုပ်ကြပါဦး....'
အဲ့အချိန်မှာဘဲvideoကရပ်သွားတော့သည်.....
'စောနကတင်ပျော်ပျော်ရွှင်ရွှင်ကျွန်တော်နဲ့စကားတွေပြောနေခဲ့တဲ့အကိုက..ဟင့်အင်း....မဟုတ်ဘူး...အကို့.....အကို့..................................................'
'တောက်............ခင်..ခင်ဗျား....ခင်ဗျား...သိပ်ကိုယုတ်မာလွန်းတယ်.....ဇေယျ........................ခင်ဗျားကိုသတ်ပစ်မယ်.......ဟင့်အင်း..မဟုတ်ဘူး....မသေဘဲနဲ့တနှုံ့နှုံ့နဲ့ခင်ဗျားကိုနာကြင်မှုအရသာကိုခံစားခိုင်းမယ်'
'ခင်ဗျားလုပ်ထားတဲ့မကောင်းတာတွေအားလုံးကိုကျွန်တော်ဖော်ထုတ်မယ်....'
'ကျွန်တော့်သူငယ်ချင်းနဲ့ကျွန်တော့်အကိုကိုရှင်ကွဲကွဲအောင်လုပ်ခဲ့တဲ့ခင်ဗျားကိုပြန်ပေးဆပ်ခိုင်းမယ်.....'
'ခင်ဗျားကိုလက်စားချေပြီးရင်ခင်ဗျားကိုရူးရူးမူးမူးချစ်ခဲ့မိတဲ့ကျွန်တော့်ကိုကျွန်တော်ဒဏ်ခတ်မယ်......
ကိုကို........မဟုတ်ဘူး....ဇေယျ....ခင်ဗျား....ဟင့်..စောင့်နေလိုက်..................'
သုတဟာခကိုစိတ်ပူလွန်းအားကြီးတာကြောင့်ကားထဲကနေအမြန်ပြေးထွက်ရင်းမလှမ်းမကမ်းမှာရှိတဲ့အင်းစိန်ထောင်ကြီးကိုခြေလှမ်းတွေဦးတည်လျက်
'အကို...အကို......အကိုဘာမှမဖြစ်နဲ့နော်..ကျွန်တော်အကို့ကိုပြောစရာနဲ့တောင်းပန်စရာတွေရှိသေးတယ်......ကလေးလေး..ကျွန်တော့်တူလေးလားတူမလေးလားမသိတဲ့ကလေးလေးကိုလည်းအကိုမွေးပေးရဦးမယ်လေဗျာ......'
မျက်ရည်တွေနဲ့လမ်းမထက်ငိုကာပြေးလွှားနေတဲ့ကောင်လေးဟာတဖက်ကကားအလာကိုမမြင်မိ....
အနီးရောက်တော့မှသတိထားမိပေမဲ့ရှောင်ချိန်တောင်မရလိုက်.......
'ကျွီ........................ဝုန်း..................ဒုန်း.....................'
အရှိန်နဲ့တိုက်ချလိုက်တဲ့ကားကြောင့် ကောင်ငယ်လေးဟာလေပေါမှာနှစ်ပတ်လောက်လိမ့်ပြီးမှလမ်းဘေးပေါထိုးကျသွားရသည်............
'အား...လုပ်ကြပါဦး...ကားတိုက်သွားပြီ.....'
'ဟုတ်ပါ့....ကောင်လေးတစ်ယောက်ဘဲ.....'
'ဟယ်..ကားကတိုက်ပြီးပြေးသွားပြီ....'
'သနားပါတယ်..ခေါင်းကနေရောပါးစပ်ကနေရောသွေးတွေထွက်နေတာ....နှာခေါင်းမှာလည်းသွေးတွေ...အားပါးပါး....'
'ရပ်ကြည့်မနေကြနဲ့လေ..ဆေးရုံကားခေါပေးပါဦး.....'
အနားမှာတယောက်တပေါက်အော်ကာပြောနေကြပေမဲ့သုတဟာမကြားရတော့..အမြင်အာရုံတွေကလည်းဝေဝါးနေပြီ...
'တောင်း.....ပန်...ပါ.............တယ်...အကို...............'လို့တီးတိုးပြောရင်းငြိမ်ကျသွားတဲ့သုသုလေး...........
----------------------------------------
တဖက်မှာလဲ......
သံတိုင်နဲ့ခေါင်းနဲ့စောင့်ပြီးသတိရတချက်မရတချက်ဖြစ်နေတဲ့ခလေးဟာသူသတိမလစ်ခင်မှာနောက်ဆုံးပြောသွားသေးတယ်...
အဲ့တာက............
ခင်ဗျားလက်ထဲမှာအရှက်မဲ့နေရတာထက်.....ကျွန်တော့်ကလေးနဲ့ကျွန်တော်သေသွားတာကမှအဆင်ပြေပါတယ်တဲ့.......ဘာလို့ဆို သူ့ရဲ့မောင်ကသူ့ကိုသိပ်ချစ်လွန်းလို့သဝန်တိုမှာစိုးလို့ပါတဲ့လေ.......
'မောင်ကိုခနဲ့ကလေးလေးအစောကြီးထားသွားခဲ့ရ၇◌င်တောင်းပန်ပါတယ်မောင်...........................'
--------------------------------------------
To be continued
ကဲ..ကဲ..ကလေးတွေcomment လေးတွေ votesလေးတွေလာမယ်နော်...မပေးရင် အိမ်ထဲထိဓားပြလာတိုက်ပြီးတောင်းမှာဗျာ...ခကိုသနားရင်ပေးလေနော့..ဟဲ..ဟဲ...
see u soon..........
-----------------------------------------------
Zawgyi
'ဟိတ်...ထစမ်း....'
'အဟွတ်..အဟွတ်...'
'ခက်ခွန်းခ....ခက်ခွန်းခ...'
'ဗျာ..ဟုတ်..ဟုတ်လား...???'
'ဆရာကြီး...'
'အေး..ပြော..'
'ဗျာ..ဘာကိုလဲဟင်...??'
'အင်း..ဒီလိုပါဘဲ...'
'ခက်ခွန်းခ...'
'ဗျာ...ဟုတ်....'
'အေး..ငါမင်းကိုယုံတယ်...'
'ဟုတ်....ကျေးဇူးပါ...'
---------------------------
'ခက်ခွန်းခ....ဧည့်တွေ့လို့ရပါပြီ..အခန်းနံပါတ်၎ကိုသွားပါ...'
'အယ်....သု...သုတ....လား..???'
'အော်..အွန်း....'
'အကို....သူမပါဘူး..???'
'အကို.....အဆင်ပြေရဲ့လား...??'
'အင်း..ပြေပါတယ်သုတ...'
'အကိုညာတယ်.....'
'ဟမ်....'
'...............'
'အကို.......'
'ဗျာ...'
'အကိုတကယ်ပြောနေတာလား..??'
'အင်း...
'အကိုရယ်....'
'ဟာဗျာ.....'
'အကို....'
'အင်း....'
'အကို...'
'ပြောလေသုတ....'
'အင်း..ပြေပါတယ်...'
'ဒါ..video callကြီး...??'
'အင်းလေ..ခဏလေး....'
(ဟဲလို...ဟာ...ခက်ခွန်းခ....)
(အေးပါကွာ...ခက်ခွန်းခ....)
'ဟုတ်..ဆရာ...'
'ဟမ်...ဘာကိုလဲဆရာ...??'
'အမ်...'
'ဗျာ.....!!!'
'ဝုန်း...!!!'
'အင်း..အင်း...တာ့တာဆရာ....'
'တူ.................'
'အင်း..ဟုတ်မှာပါလေ......'
'အွန်း...'
'ဟုတ်.....'
'ဟဲလို...'
'ဟဲလိုသုသု........'
'ဘာကိစ္စလဲ..??'
'ကြားတဲ့အတိုင်းဘဲ...'
တူ.................
'တံခါးဖွင့်သုသု....'
'ဟမ်....'
'ဟင့်အင်း.....'
'မ...မလုပ်ပါနဲ့...'
'ဒါဆိုအခုဖွင့်....'
ဂျလောက်...
'အဟက်..သိရမှာပေါ့...'
'ကိုက်ချင်လို့.....'
'ဘာ...!!!အ့.........shit..ခင်ဗျား....'
'ဟက်....'
'မလိုပါဘူး..'
တင်...
ဒါပေမဲ့လည်းသူပြောသလိုဖွင့်မကြည့်မိရင်လည်းနောင်တရပါလိမ့်မယ်ဆိုတဲ့စကားကိုလည်းနားထဲ၎ငှ်းာပြန်လည်ကြားယောင်မိတော့ ...
မှောင်မှောင်ကြီးနဲ့..
'ဖြောင်း...ဖြောင်း....ဝုန်း......!!!!'
'ဟင်း...အင်း.....'
'အကို.....!!!!'
'ကျွီ........................ဝုန်း..................ဒုန်း.....................'
----------------------------------------
တဖက်မှာလဲ......
အဲ့တာက............
--------------------------------------------
To be continued
see u soon..........
-----------------------------------------------