Slaves of Love (အချစ်ရဲ့ကျေးက...

By WuitYee5

13.8K 534 9

အချစ်ဆိုတဲ့ဝေါဟာရအနောက်မှာအတ်တတွေ အမုန်းတွေ သဝန်တိုမှုနဲ့ ရန်ငြိုးဖွဲ့ကလဲ့စားချေမှုတွေဆိုတာဟာ အလိုလိုကပ်ပါလာတ... More

Intro(Unicode+Zawgyi)
Chapter 1(Unicode+Zawgyi)
Chapter2(Unicode+Zawgyi)
Chapter 3(Unicode+Zawgyi)
Chapter 4(Unicode+Zawgyi)
Chapter 5(Unicode+Zawgyi)
Chapter6(Unicode+Zawgyi)
Chapter 7(Unicode+Zawgyi)
Chapter8(Unicode+Zawgyi)
Chapter9(Unicode+Zawgyi)
Chapter10(Unicode+Zawgyi)
Chapter11(Unicode+Zawgyi)
Chapter 12(Unicode+Zawgyi)
Chapter13(Unicode+Zawgyi)
Chapter 14(Unicode+Zawgyi)
Chapter 15(Unicode+Zawgyi)
Chapter16(Unicode+Zawgyi)
Chapter17(Unicode+Zawgyi)
Chapter18(Unicode+Zawgyi)
Chapter19(Unicode+Zawgyi)
Chapter21(Unicode+Zawgyi)
ခက်ခွန်းခ POV(Unicode +Zawgyi)
Chapter22(Unicode+Zawgyi)
Chapter 23(Unicode+Zawgyi)
Chapter24(Unicode+Zawgyi)
Chapter25(Unicode+Zawgyi)
Chapter 26(Unicode+Zawgyi)
Chapter 27(Unicode+Zawgyi)
Chapter28(Unicode+Zawgyi)
Chapter29(Unicode+Zawgyi)
Chapter 30(Unicode+Zawgyi)
Chapter 31(Unicode+Zawgyi)
Episode 32(Unicode+Zawgyi)
Chapter33(Unicode+Zawgyi)
Episode 34(Unicode+Zawgyi)
Chapter35(Unicode+Zawgyi)
Chapter36(Unicode+Zawgyi)
Chapter37(Unicode+Zawgyi)
Chapter38(Unicode+Zawgyi)
Chapter39(Unicode+Zawgyi)
Chapter 40(Unicode+Zawgyi)
Chapter41(Unicode+Zawgyi)
Chapter42(Unicode)
Chapter42(Zawgyi)
Chapter43(Unicode)
Chapter43(Zawgyi)
Chapter44(Unicode)
Chapter44(Zawgyi)
Chapter45(Unicode)Final
Chapter45(Zawgyi)Final
Valentine Day's Present Part 1
Valentine Day's Present Part 2
Valentine Day's Present Part 3
Valentine Day's Present Part 4
Hello My Sweet Heart

Chapter 20(Unicode+Zawgyi)

208 10 0
By WuitYee5

Whiteလို့ခေါကြတဲ့အဖြူရောင်အကြောင်းလေး...

သူ့ဆိုလိုရင်းလေးကဖြူစင်မှု..ရိုးသားမှု...ကြင်နာမှုနဲ့ အမှန်တရားဆိုတဲ့အရာတွေကိုကိုယ်စားပြုတယ်တဲ့..

မောင်....ငါ့အချစ်ကလည်းမောင့်အပေါအဲ့လိုဘဲသိလား....

ငါကိုယ့်ဘာသာအမွှန်းတင်တာမဟုတ်ဘူးနော်...

ခလေမောင့်အပေါကိုဖြူဖြူစင်စင်နဲ့ရိုးရိုးသားသားလေးချစ်ခဲ့တာပါမောင်...

ခမောင့်ကိုချစ်ခဲ့တယ်ဆိုတာကဂုဏ်တွေ..စည်းစိမ်းတွေဘာတွေမက်လို့မဟုတ်ခဲ့ဘူးမောင်

ခမောင့်အပေါကိုဖြူစင်သန့်ရှင်းတဲ့အချစ်စစ်နဲ့ချစ်ခဲ့တာပါ...မောင့်အပေါကိုခအမြဲကြင်နာခဲ့ပါတယ်မောင်...မောင့်ကိုအမြဲတမ်းလည်းအလျှော့ပေးခဲ့ပါတယ်..အရာရာအတွက်ပေါ့..

တခါတခါများဆိုခတွေးမိတယ်သိလား...အော်...ခမောင့်အပေါအမြဲတမ်းအရှုံးပေးနေတော့ မောင်ကခအပေါဆိုးတာလားလို့ပေါ့...

အနိုင်တွေချည်းထပ်ခါထပ်ခါရလာတဲ့လူက တနေ့အရှုံးဆိုတဲ့အရာကိုရင်ဆိုင်ရတဲ့အခါမရင်ဆိုင်နိုင်တော့သလို့အရှုံးကိုလက်မခံနိုင်ကြဘူးတဲ့မောင်....

ကြည့်ရတာမောင်လဲအဲ့လိုဘဲထင်တယ်..ခဖျက်စီးခဲ့လို့မောင်အခုလိုဖြစ်ရတာဘဲဖြစ်မယ်..

ဒီလိုတွေမောင့်ကိုအလိုလိုက် အလျှော့တွေပေးခဲ့တာကလည်း မောင့်ကိုချစ်လို့ပါမောင်...မောင့်ကိုသိပ်ချစ်လွန်းလို့ခလေမောင့်အပေါအနိုင်မယူဘဲအရှုံးပေးခဲ့တာပါ...

ဒါတွေမောင့်ကိုနားလည်စေချင်မိတယ်သိလား..

ခမောင့်အပေါထားတဲ့အဖြူရောင်ချစ်ခြင်းတရားလေးသာစစ်မှန်ခဲ့ရင်ခနဲ့မောင်..အင်း...အရင်လိုလေး..ပျော်ပျော်ရွှင်ရွှင်လေးနေနိုင်ခွင့်လေးတော့လိုချင်မိပါရဲ့...

------------------------------------------------------

မောင်ခအပေါကိုဆိုးလာတဲ့အခါတိုင်း...အပြင်မှာပြဿနာတက်လာလို့ခကိုမာန်မဲတဲ့အခါတိုင်း မောင်ပြောသမျှသာခေါင်းငုံ့ခံခဲ့တယ်..မောင့်ကိုတစ်ခွန်းမှပြန်မပြောခဲ့ပါဘူး...

ဒါပေမဲ့မောင်ကသူစိတ်ဆိုးလာရင်ခကိုဆူချင်သာဆူမယ်...လက်တော့မပါခဲ့ပါဘူး...

ဘာလို့ဆိုဒုတိယအကြိမ်မောင်ခပါးကိုချလိုက်တဲ့အချိန်တည်းကခမောင့်ကိုစကားမပြောတော့ဘဲအကြာကြီးစိတ်ကောက်နေခဲ့လို့ဘဲ..

အဲ့တုန်းကမောင်ခကိုလာချော့တယ်..စကားတွေအများကြီးလည်းလာပြောတယ်..နောက်ဆုံးခရယ်မောင့်ကိုခွင့်လွှတ်ပါဆိုပြီးအိမ်ရှေ့မှာဒူးထောက်ခဲ့ပြန်တယ်..မိုးရေထဲအကြာကြီးဒူးထောက်နေမိတဲ့မောင်ဟာနောက်နေ့ဆေးရုံရောက်ကာအကြီးအကျယ်ဖျားသည်အထိကိုဖြစ်ခဲ့တယ်...ဒါပေမဲ့ခမောင့်ကိုပြစ်ထားခဲ့တယ်...ဒါပေမဲ့မောင်လိုတာကိုတော့လုပ်ပေးဆဲ....

နောက်ဆုံးခနဲ့မောင်ဘယ်လိုပြေလည်သွားလဲသိလား....??

မောင်ကခအခုလိုဖြစ်ရတာသူကြောင့်ဆိုပြီးခပါးကိုရိုက်ခဲ့တဲ့မောင့်လက်ကိုမောင်ကဖြတ်ပစ်မယ်တဲ့...အဲ့ညကမီးဖိုချောင်ထဲကဓားကြီးကိုင်ပြီးပတ်ရမ်းနေတော့ခမှာမောင့်ကိုအတော်လေးတရားချလိုက်ရတယ်..

မောင့်ကိုခွင့်လွှတ်ပါတယ်..ဘာညာပေါ့...

မောင်ကမေးတယ်...သူ့ကိုချစ်လားတဲ့..??

အရင်တုန်းကသာအဲ့လိုမေးရင်ခလေ ချစ်တယ်ဆိုတာကိုဆယ်ကြိမ်မကအော်ဖြေမိမှာ..

အခုတော့မောင်တစ်ခွန်းမေးတိုင်းမောင့်ကိုချစ်ပါတယ်လို့တစ်ခါဖြေဖို့တွန့်ဆုတ်နေမိတယ်...

ခမောင့်ကိုချစ်ရမှာကြောက်တယ်....

အရင်လိုပုံစံမဟုတ်တော့ဘဲအခုတလောသိသိသာသာကိုပြောင်းလဲလာတဲ့မောင့်ကိုကြောက်တယ်...

မောင့်အကြောင်းကိုတွေးနေရင်းနဲ့ခခါးနာမှာရစ်တွယ်လာတဲ့လက်တစ်စုံ....

ပြတင်းပေါက်ပေါတင်ထားတဲ့ခလက်တွေ ပြတင်းပေါက်ဘောင်ကိုတင်းကြပ်စွာစုပ်ကိုင်ထားမိသည်အထိ.....

ပြေးကြည့်စရာမလိုတွေးကြည့်ယုံနဲ့တင်ခသိပါတယ်..ခခါးကိုဖက်တွယ်လာတာမောင့်လက်တွေဆိုတာ....

မောင်ရယ်..မောင့်အထိအတွေ့လေးတွေကိုအခုထိခရင်ခုန်မိနေတုန်း.....

'မောင်....ပြန်လာပြီလား...??'

'အင်း.....ခ'

လေးတိလေးကန်နဲ့ခပုခုံးပေါခေါင်းလေးမှီတင်ရင်းပြောလာပါသောမောင်...

'မောင်...ဖယ်ကွာ..မောင့်ကိုယ်ကြီးကလေးလွန်းတယ်...ပြီးတော့အပြင်ကပြန်လာတိုင်းခြေလက်အရင်ဆေး..နောက်အပြင်ကပြန်လာတဲ့အဝတ်တွေလဲပြီးမှခအနားကိုလာလို့မှာထားရက်နဲ့အခုလည်းနားမထောင်ပြန်ဘူးမလား...ဟွန်း...'

'မောင်ခကိုလွမ်းလွန်းလို့ပါကွာ....'

'ဟင်း...အခုတော့အလွမ်းပြေပြီမလားမောင်....'

'နည်းနည်း...အင်းလက်တစ်ဆစ်လောက်တော့ပြေသွားပြီ...'

'ဟမ်...ဘယ်လိုမောင်...???'

'ခကလည်း...မောင်ကဖက်ဘဲဖက်ထားတာကို....ဟိုဟွာပြု....'

'မောင်နော်...ဟင်း..တော်လိုက်တော့..မောင်ဘာဆက်ပြောမလဲဆိုတာခသိတယ်....'

'ဟဲ..ဟဲ...ခကလည်း....'

'ခကမလဲဘူး..မောင့်အရှေ့မှအခုရပ်နေတာလေ..အကောင်းချည်းရှိသေးတယ်တွေ့လား...'

'တွေ့ပါတယ်ဗျ...ဟား..ဟား....'

'ခကိုဟားတာလားဒါက...'

'မဟုတ်ပါဘူး..မောင့်ရဲ့အသက်၃၀ရှိတဲ့ယောက်ျားလေးကလူကြီးလေးလိုစကားပြောတတ်ပြီးကလေးပေါက်စလေးလိုအရမ်းချစ်ဖို့ကောင်းလွန်းနေလို့ပါ..ဟဲ...ဟဲ..အဲ့တာမောင်ကသဘောကျလို့ရယ်မိတာပါဗျ...'

'မောင်ကွာ..အဲ့အသက်၃၀ဆိုတာကြီးကိုထည့်မပြောပါနဲ့လား...'

'ဘာလို့လဲခရ..'

'အဲ့တာကြီးထည့်ထည့်ပြောရင် ကိုယ့်ဘာသာကိုယ်မောင်နဲ့ယှဥ◌်  ကြည့်ရင်လေ..မဟားတရားကြီးကြီးနေပြီးအဖိုးကြီးလိုခံစားရလို့...'

'ခဟာလေးကမကြီးပါဘူး..အဟမ်း..မောင်သိသားကို...'

'ဟမ်...ဘာကို..ကြီးပါတယ်မောင်ရဲ့....'

'ဟုတ်ပါဘူးခကလည်း...မောင်ထင်တာကတော့အနေတော်..အင်း..အနေတော်ပါဘဲ..ဟီး.......'

'မောင့်...!!!မင်း...ဘာတွေတွေးနေတာလဲ....???'

'ဟိ...အ..အသက်ကိုပါခကလည်း...မောင့်အတွက်အဲ့လောက်မကြီးပါဘူးလို့..ဟီး..ဟီး...'

'မောင်နော်...မောင့်အကြောင်းမသိရင်ခက်မယ်....အ..အမလေး...မောင့်...ဘာလို့ရုတ်တရက်ကြီးချီရပြန်တာလဲ...အခုချပေးကွာ...'

မောင်ကခကိုပွေ့ချီလိုက်တာကြောင့်အတင်းချပေးဖို့ပြောသော်လည်းမောင်ကတော့အရေးမလုပ်..ပွေ့ထားလျက်ဘဲအိပ်ယာပေါကိုထိုင်ချလိုက်ပါတော့သည်...

အခြေအနေအရမောင့်ပေါင်ပေါဘေးတစောင်းလေးရောက်နေသောခ....

မောင်ကလည်းခခေါင်းမှစကာခြေအဆုံးတလက်မမှမကျန်တစိုက်မတ်မတ်ကြီးငေးကြည့်နေတာကြောင့်ခလည်းမနေတတ်တာ့ဘဲမောင့်ပေါင်ပေါမှရုန်းထမိတော့ မောင်ကခခါးကိုပြန်ဆွဲယူပြီးပြန်ထိုင်ခိုင်းပြန်သည်...

'မောင်....လွှတ်ဦး...'

'ခကလည်း...မောင်ခကိုအခုလိုလေးတစိမ့်စိမ့်ကြည့်နေချင်လို့ပါ...'

'အဲ့..အဲ့တာကအနေခက်လို့....မောင်ရဲ့...'

'ခကတော့လေ....ပြပါဦး..မောင့်ကို..ခခေါင်းနာနေသေးလား...??''

'ခေါင်းလား...??မနာတော့ပါဘူးမောင်ရဲ့....သက်သာပါပြီ...'

ကြည့်ရတာမောင်ကခခေါင်းကဒဏ်ရာကိုစိတ်ပူနေတာဖြစ်မယ်...အေးပေါ့..သူလုပ်ထားတော့လည်းသူကိုယ်တိုင်အပြစ်ရှိသလိုခံစားနေရမှာပေါ့...

'ခ..မောင်ခကိုထပ်ပြီးတောင်းပန်ပါတယ်ကွာ..အဲ့နေ့ကခကမောင့်အနားကထွက်သွားတော့မယ်ဆိုတဲ့အသိကမောင့်စိတ်တွေလွတ်ထွက်သွားတဲ့အထိဖြစ်သွားပြီးခကိုကိုယ်ထိလက်ရောက်လုပ်လိုက်တဲ့အထိဖြစ်သွားခဲ့တယ်...မောင်မရည်ရွယ်ပါဘူးခရယ်..မောင်တကယ်ဘဲ...'

တုန်လှုပ်နေတဲ့မောင့်ပုံစံကိုကြည့်ပြီးခသက်ပြင်းမောချမိသည်..

မောင့်အတွက်လည်းစိတ်မကောင်းဖြစ်မိသေးသည်...

မောင့်ကိုအဲ့လိုလုပ်ခဲ့လို့စိတ်ဆိုးလားလို့ခကိုမေးခဲ့ရင်ခမလိမ်ညာဘဲဖြေရရင်လေ..မောင့်ကိုခစိတ်မဆိုးပါဘူး...

ဟင်း....မောင်ရေ...မောင်ဘာဘဲလုပ်လုပ်အမြဲသဘောထားကြီးပြီးခွင့်လွှတ်ပေးတတ်တဲ့ခကိုယ်ခတောင်တခါတလေမုန်းချင်မိတယ်သိလားမောင်....

ညှိုးငယ်နေတဲ့မောင့်မျက်နှာချောကိုခလက်နဲ့ပင့်တင်မော့ယူရင်း

'မောင်......စိတ်မကောင်းမဖြစ်ပါနဲ့...ခတကယ်အဲ့ကိစ္စကိုစိတ်ထဲမထားပါဘူး..ဒါကြောင့်.....'

'ပြွတ်စ်...'

ရုတ်တရက်မောင်ကခဆံပင်တွေကိုပွတ်သပ်ပေးနေရင်းကနဖူးပေါကကွဲရာလေးကိုနမ်းလိုက်ခြင်း...

'မောင်......'

'ခအနာသက်သာအောင်.....'

'မောင်ကလည်း....ခမနာတော့ပါဘူးဆို..'

'အင်းပါ..မောင်ကခကိုအာဘွားပေးချင်လို့...ဟီ..ဟီး..'

'လူလည်ကြီး....'

'ခ..'

'အင်း...'

'မောင့်ကိုချစ်လား...???မောင့်ကိုချစ်တယ်လို့ပြောပါဦးအသဲလေးရေ...'

မမေးပါနဲ့မောင်...ခဖြေရခက်နေလို့ပါ....ဘယ်လိုလုပ်ရမလဲ...မောင့်ကိုဘယ်လိုပြောရမလဲ..??'

'ခ....'

'ဟင်...အင်း...မောင်..ပြောလေ...'

'မောင်မေးနေတယ်လေကွာ...မောင့်ကိုချစ်လားလို့..'

'ဟို...မောင်....'

ခမဖြေချင်ဘူးဆိုမောင်မမေးတော့ပါဘူးအသဲရယ်...မောင့်အပေါကိုခအမြင်ကြည်တော့မှမောင်ထပ်မေးမယ်နော်...အဲ့ကြမှမဖြေရင်တော့အရှေ့ကယုန်ပေါက်လေးကိုအပြစ်ကြီးကြီးကြီးပေးပစ်ရမယ်......

'ကဲ...မောင်ရေချိုးတော့မယ်...'

'ဟမ်...'

ကျွန်တော်စကားလမ်းကြောင်းလွှဲလိုက်တော့မျက်လုံးလေးကလည်ကလည်နဲ့‌ကြောင်တောင်တောင်လေးကျွန်တော့်ကိုကြည့်လာပါသောချစ်ရသူခင်ပွန်းပေါက်လေး..

ပုံစံလေးကအသဲယားစရာလေးဖြစ်နေတမို့ကျွန်တော်ခကိုစမိသည်...

'မောင့်အပေါကမဆင်းဘူးဆိုတော့လည်းရတယ်လေခ...မောင်ခကိုပွေ့ခေါသွားမယ်..မောင်တို့တူတူရေချိုးကြတာပေါ့...မောင့်အကြံကောင်းတယ်မလားခ...ခကိုရေကူချိုးပေးတော့မောင်လည်းကုသိုလ်ရတာပေါ့..အဟဲ..ပြီးတော့ဝမ်းလည်းဝတယ်လေ...နော့ခ..'

'အာ...မောင့်.....မင်း....'

'ဟား...ဟား..ဟား...ဒါကဘယ်တုန်း..စောနကကြဆင်းဆိုတော့ပေကပ်ကပ်လေးနဲ့ကျောက်ရုပ်လိုထိုင်နေပြီး..အခုမှဘာလို့အတင်းဆင်းပြေးဖို့ကြံနေတာတုန်း...အသဲရဲ့..'

'ဆင်း...ဆင်းမှာ.....မောင်လည်းရေချိုးတော့.....'

ပြောပြီးတာနဲ့နားရွက်နီနီရဲရဲလေးတွေနဲ့အခန်းထဲကနေပြေးထွက်သွားသောခ...

'သူလေးကဘဲယောက်ျားကိုပြန်ရှက်နေသကိုး..ဟား..ဟား..ဟား...ခကတော့လေ.....'

ကျွန်တော်ရေချိုးပြီးပြန်ထွက်လာတော့သူလေးအကျင့်အတိုင်းကျွန်တော့်အတွက်လဲဝတ်ဖို့အဝတ်ကိုအိပ်ယာပေါအဆင်သင့်ထုတ်ပြီးတင်ပေးထားရဲ့..

သူလေးကိုအခန်းထဲမျက်လုံးဝေ့ရှာကြည့်တော့အရိပ်အယောင်ပင်မတွေ့ရ....

'ဒီယုန်ပေါက်ဘယ်တွေသွားနေပြန်တာတုန်းကွာ...'

ခပ်သွက်သွက်ဘဲခထုတ်ပေးထားတဲ့အဝတ်တွေဝတ်ပြီးကျွန်တော်အခန်းပြင်ထွက်လာလိုက်သည်...

'ခ....ခရေ..ဘယ်မှာလဲ...??'

'...........'

'ခ.......ခ...!!'

သုံးလေးခါလောက်ခေါကြည့်ပေမဲ့ခဘက်ကပြန်ဖြေသံမကြားရတဲ့အပြင်အပေါထပ်တစ်ထပ်လုံးမှာလည်းမတွေ့..အောက်ထပ်ကဧည့်ခန်းမှာပါမတွေ့တော့ကျွန်တော့်တကိုယ်လုံးထူပူကာချွေးများပင်ထွက်လာတော့သည်...

ခ..ခသူ့ကိုထားပြီထွက်သွားပြီ...

ဟင့်အင်း...မဟုတ်ဘူး..မဖြစ်နိုင်ပါဘူး...

'ခ..ခ.....ခဘယ်မှာလဲ..???'

'အား...shit..မောင့်ကိုအရူးမလုပ်ပါနဲ့ခရာ.....'

'ခ...ခက်ခွန်းခ....မောင်ခေါနေတယ်နော်....'

'ခ.......!!!!!'

နောက်ဆုံးခေါသံကြားမှမီးဖိုထဲကကုတ်ချောင်းချောင်နဲ့ခေါင်းလေးထွက်လာသောခ...

'မောင်..မောင်ခေါနေတာလား..'

'ခ...............'

'အင့်..အမလေး..မောင်..ဒါကဘာဖြစ်ရတာလဲ...ဟမ်....'

မောင်ဟာခကိုတွေ့တာနဲ့ခစီကိုပြေးသွားပြီးသူ့ကိုယ်ထဲခကိုမြှုပ်နေသည်အထိပွေ့ဖက်ထားမိသည်...

'မောင့်...ဘာဖြစ်တာလဲလို့...??'

'အီး..ဟီး..ဟင့်...ခဘာလို့မောင်ခေါတာကိုမထူးတာလဲ..ဟမ်...မောင်ဘယ်လောက်ခကိုစိတ်ပူသွားလည်း..သိလားခ...မောင်လေ...ရူးမလိုတောင်ဖြစ်သွားတာကွ...ခရာ..ဟင့်..အင့်...မောင့်ကိုသတ်ချင်ရင်သတ်လိုက်ပါ..အခုလိုကြီးတော့မောင့်ကိုရှင်လျှက်နဲ့သေနေသလိုခံစားချက်ကြီးတော့မပေးပါနဲ့..မောင်မနေတတ်လို့..ဟင့်..ခမရှိဘဲမောင်အနေတတ်လို့ပါခရာ...အီး..ဟီး....'

'မောင်..မောင်ခေါတာကိုခတကယ်မကြားလို့ပြန်မဖြေမိတာပါ...ခလေ..မီးဖိုထဲမှာသီးချင်းကလည်းအကျယ်ကြီးဖွင့်ထားပြီးမီးဖိုတံခါးလည်းပိတ်ထားတော့အိမ်ထဲကမောင်ခေါနေတာကိုတကယ်ကိုမကြားလိုက်တာပါ..တကယ်ပါ...'

'ဟင့်..ရွှတ်...အင်း...ဒါဆိုလည်း...ထားပါတော့...'

ထားပါတော့ဆိုတဲ့စကားလေးပြောပြီးမျက်နှာမကောင်းဘဲအနီးရှိsofaပေါမှာပစ်ထိုင်လိုက်တဲ့မောင့်ကြောင့်ခလည်းမနေနိုင်တော့ဘဲမောင့်အနားအပြေးသွားကာထိုင်မိတော့သည်...

'မောင်....'

'ပြောလေခ......'

'မောင်ခကိုစိတ်ဆိုးသွားတာလား...??'

'မောင်စိတ်မဆိုးပါဘူးခရာ...'

'စိတ်မဆိုးဘူးသာပြောတာမောင့်ရုပ်ကြီးကမိုးကောင်းကင်ကြီးတစ်ခုလုံးမောင့်ခေါင်းပေါပြိုကျတော့မယ့်ပုံစံနဲ့...'

'ပြောလည်းပြောတတ်ပါဘိ..ဟင်း..'

'မောင်...'

'ဗျာ...'

'ဒီမှာ...မောင့်အတွက်...sunkist juice လေး...'

'ခ..ခမီးဖိုထဲမှာအဲ့တာဖျော်နေတာလား...??မောင့်အတွက်လေ...??'

'အင်း...'

ခေါင်းလေးငုံ့ပြီးဖြေနေပုံအရဒီယုန်ပေါက်ရှက်နေပြန်ပြီထင်တယ်....

ဒါပေမဲ့သူလေးကိုမြင်တိုင်းမထိခလုတ်ထိခလုတ်နည်းနည်းလေးစချင်လာတာကြောင့် ကျွန်တော်ခပ်တည်တည်ဘဲသူလေးကိုပြောလိုက်တယ်...

'ခ....မောင်sunkist juiceမကြိုက်ဘူး....ဟင့်အင်းမသောက်ချင်ဘူး...'

'ဟင်..ဘာဖြစ်လို့လဲဟင်...မောင်ဒါကိုအရင်ကသောက်ရတာအရမ်းကြိုက်ပါတယ်..အခုကဘာလို့လဲ..စိတ်ဆိုးမပြေသေးဘူးလားဟင်....??ခဘာလုပ်ပေးရမလဲ...??'

'ပြောမရဘူးလေ..ခကမောင့်ကိုလည်းသိပ်အမြင်ကြည်သေးတာမှမဟုတ်တဲ့..ရုပ်ရှင်တွေထဲကလိုဝမ်းနှုတ်ဆေး..ဒါမှမဟုတ်..မောင်တို့မဂလာဆောင်ညကလိုခကမောင်သောက်မဲ့ထဲအိပ်ဆေးတွေခပ်ထားရင်ရော...'

'ဘာမှမပါပါဘူး..မောင်မယုံဘူးလား..'

'ဆိုပါတော့...'

'ဒါဆိုခသောက်ပြမယ်..ကြည့်နေ....'

'အိုကေလေ...'

ပြောပြီးတာနဲ့သူပြောတဲ့အတိုင်းဖန်ခွက်ထဲကအအေးအနည်းငယ်ကိုကောက်မော့လိုက်ပါသောခ..

တချိန်တည်းမှာဘဲကျွန်တော်လည်းအောက်ကျနေတဲ့ခခြေထောက်လေးတွေကိုsofaပေါဆွဲတင်လိုက်ပြီးကျွန်တော့်ခါးနားထိဆွဲလိုက်တော့သူ့ပုံစံလေးအတိုင်းကြောင်တောင်တောင်လေးကြည့်နေပြန်ပါတယ်...ပါးထဲမှာလည်းအအေးအပြည့်ရှိသေးပုံ..

အဟက်...မောင့်ကြောင့်ခအအေးမျိုချဖို့တောင်မေ့နေပြီမဟုတ်လား...

ကျွန်တော်လည်းအချိန်ဆွဲမနေတော့ဘဲအနည်းငယ်သာလှမ်းတော့တဲ့ခကိုယ်လေးကိုအနားဆွဲယူရင်းခခေါင်းကိုလက်တစ်ဖက်နဲ့အသာထိန်းကိုင်ကာခနှုတ်ခမ်းကိုနမ်းမိတော့သည်....

အောက်နှုတ်ခမ်းကိုမဖွင့်ပေးဘဲအတင်းဖိပိတ်ထားပြန်တာကြောင့်ခပ်စပ်စပ်လေးကိုက်လိုက်တော့ ချက်ချင်းပွင့်လာတော့သည်....

ထိုအခါမှာကျွန်တော်လည်းခရဲ့sunkist juiceအရသာကိုမြည်းစမ်းမိသည်....

'အွန်း...အွင့်...အဟွတ်...'

အောက်ကနေကျွန်တော့်ရင်ဘတ်ကိုထုနေတာကြောင့်လွှတ်ပေးမိတော့ သူလေးက မျက်နှာလေးရဲပြီးကျွန်တော့်ကိုပြန်ရန်တွေ့တော့တာပေါ့...

'မောင့်..'

'အဟမ်း..'

'အဲ့တာဘာလုပ်တာလဲ...???'

'Modernize kissing ဆွဲနည်းလေးဆွဲကြည့်တာ..မဆိုးဘူးဘဲ..အခုလိုလေးအအေးသောက်ရတာပိုတောင်feelတက်သေးတယ်..ဟဲ..ဟဲ...'

'ဘာ..ဘာကို...မောင်နော်....အေး..အဲ့မှာfeelတက်ပြီးအီးပါထွက်နေဦးမယ်..ဘယ့်နှယ့်လူကိုလာပြီး....ကြပ်ကြပ်သတိထား...'

'အား..နာတယ်ဗျ..မောင့်ဗိုက်ကျောလေး..အီး..ဟီး...'

'အဲ့တာကမျင်းကျောထလို့...မှတ်ပြီလား..ဟွန်း...'

'ခကလည်းကွာ..စိတ်ချည်းဘဲ...'

'ဘာစိတ်ချည်းလဲ...ဟွန်း..'

'ခဘဲသောက်ကြည့်ဆိုလိုမောင်ကခစေတနာတွေအလကားမဖြစ်အောင်သောက်တာလေဗျာ...'

'ဘာလို့သူများပါးစပ်ထဲကဟာကိုအတင်းလာလုသောက်တလဲ....မောင်မရွံဘူးလား...'

'ရွံမရွံခသိချင်ရင်မောင်တို့နောက်တစ်ခါပြန်စမ်းကြည့်ကြမယ်လေ..ဒိတစ်ခါအများကြီးသောက်လို့ရအောင်မောင်ငုံထားပေးမယ်..ဟဲ..ဟဲ...'

'မောင့်...တကယ်ပါဘဲ....'

'အဟီး..ခသိလား..ဒီjuiceလေးကလေ မောင်သောက်ဖူးသမျှတွေထဲမှာအချိုဆုံးနဲ့သောက်လို့အကောင်းဆုံးဘဲ...'

'ကဲကွာ...အင့်ဟာ.မောင်စုတ်.....သူများကိုလိုက်စနေတာ..နှာဘူးကြီး...'

'အာ..မောင့်ကိုရိုက်တယ်ကြည့်စမ်း..'

'ရိုက်တယ်ကွာ..နှာဘူးကြီးရဲ့..ဟင့်..'

'ဟဲ..ဟဲ..ခတစ်ယောက်တည်းကိုဘဲဘူးတဲ့နှာဘူးinnocentလေးပါဗျာ...'

'တော်တော်innocentရှာတယ်...မောင်စုတ်...သူ့အကြောင်းမသိရင်ခက်မှာ...အကျင့်ပုတ်တာတောင်စီမံကိန်းချပြီးပုတ်တဲ့ကောင်စုတ်..'

'အဟက်..ဟား..ဟား..ဟား..'

-------------

သူများတွေပြောတာသိပ်မှန်တယ်သိလား..??အိမ်ထောင်ရေးဆိုတာကချိုတလှည့်ခါးတလှည့်ဘဲ...အင်း...ဘယ်လိုပြောရမလဲ..??rollor coasterစီးနေရသလိုပေါ့...

မောင်နဲ့ခရဲ့အိမ်ထောင်ရေးကိုဘဲကြည့်လေ..ခဏနေစကားများလိုက်..မကြာပါပြန်အဆင်ပြေသွားလိုက်နဲ့...

ပိုဆိုးတာကယောက်ျားလေးနှစ်ယောက်ထူထောင်ထားတဲ့အိမ်ထောင်ရေးတစ်ခုဆိုတော့ သာမာန်အိမ်ထောင်ရေးတွေလောက်အဆင်မပြေဖြစ်ခဲ့ပေမဲ့အရမ်းအဆိုးကြီးတော့မဟုတ်ပါဘူး...

အရာရာတိုင်းမှာအခက်အခဲဆိုတာကတော့ရှိစမြဲဘဲလေ..မဟုတ်ဘူးလား..

မောင်ခနောက်ကွယ်မှာမဖောက်ပြန်တာဘဲခကျေးဇူးတင်ရမယ်...

အော်...ပြောရဦးမယ်...မောင်ကလည်းယောက်ျားလေးဆိုတော့မိန်းမကတော့နည်းနည်းတော့ရှုပ်မှာပေါ့..ယောက်ျားလေးသဘာဝအရခနားလည်ပါတယ်..သူများတွေကခကိုပြောတယ်..ဒါကဖောက်ပြန်တာဘဲတဲ့လေ....

သူတို့အပြောလေ..ခမယုံရင်ဒါကပုံပြင်ဘဲမဟုတ်လား...ခအတွက်တော့ မောင်မိန်းမတစ်ယောက်ကိုလက်ထပ်ပြီးအိမ်ပေါခေါမတင်လာမချင်းမောင်မဖောက်ပြန်ဘူးဘဲ...

မောင်ခကိုသဲသဲလှုပ်အောင်ချစ်တာလည်းအားလုံးအသိဘဲလေ...

သို့ပေမဲ့.....

ခဘက်ကသာမောင့်ပေါယုံကြည်မှုတွေပေးခဲ့တယ်..ရလဒ်ကတော့.....

ညတိုင်းမောင်အိမ်ပြန်လာတယ်...တော်တော်လေးကိုနောက်ကျမှပေါ့...

ပြန်လာတိုင်းလည်းအတူကပ်ပါလာတဲ့တူညီတဲ့ရေမွှေးနံ့....

မောင့်စီကနေ့တိုင်းရနေကျမို့လားမသိခနဲ့တောင်ကျင့်သားရနေမိတယ်...

ဒါတင်ဘယ်ကဦးမလဲ..

မောင့်ပုခုံးနဲ့ကော်လံနားမှာကပ်ပါလာတဲ့နှုတ်ခမ်းနီရာတွေ....

ခလေမမြင်ချင်ယောင်ဆောင်ပြီးလျှော်စက်ထဲသာပစ်ထည့်မိတယ်သိလားမောင်......

ဒီနေ့လည်းမောင်အိမ်ပြန်လာတာနာရီကိုကြည့်မိတော့ ည၁နာရီ...

'အွတ်....ခ......ခလေးရေ....'

'မောင်....နောက်ကျပြန်ပြီနော်....'

'အဟဲ..နည်း..နည်း....အင့်...'

တံခါးပေါက်မှာယိုင်တိုင်တိုင်ဖြစ်နေတဲ့မောင့်ကိုကြည့်မနေနိုင်တော့ဘဲ အရင်လိုအပြေးလေးသွားကာတွဲကူမိတယ်...

'မောင်သောက်လာပြန်ပြီလားကွာ....'

'ပါ..ပါး...အင့်...လေးပါ....အွတ်..အလုပ်..သ..ဘော'

'ပြောလိုက်ရင်တော့အဲ့လိုဘဲ..ကဲ..လာ...ခအပေါထပ်အခန်းထဲထိတွဲကူပေးမယ်...'

'အင်း....'

အခန်းထဲရောက်တော့မောင့်ကိုကုတင်ပေါချပေးတော့ ဘုန်းကနဲပစ်လှဲပြီးတခူးခူးအိပ်ပျော်သွားတဲ့မောင်...

အပြင်အဝတ်အစားတွေနဲ့ဝတ်အိပ်တော့ ညကြမောင်အဆင်ပြေမှာမဟုတ်..နှိုးရဦးမည်...

'မောင်...မောင်..ပေါ့ပေါ့ပါးပါးလေးဖြစ်သွားအောင်အဝတ်လေးတော့လဲလိုက်ပါလား..ပြီးမှဆက်အိပ်လေ...'

'အင်း...'

အရင်တုန်းကတစ်ခေါက်ပြောတာနဲ့ငေါက်ခနဲ့ထပြီးအဝတ်လဲတဲ့မောင်ကဒီနေ့တော့မဟန်တော့ဘူးထင်တယ်....

အင်းသာပြောပေမဲ့ခေါင်းတောင်မော့မလာ...

မထူးတော့တာကြောင့်မောင့်ကိုဘဲကိုယ်တိုင်အဝတ်အစားလဲပေးမိတယ်...

အရင်ထဲကမောင်နဲ့ခကအတူတူနေဖူးပြီးသားဆိုတော့ ထွေထွေထူးထူးလည်းရှက်မနေတော့...

မောင့်အဝတ်တွေချွတ်...ခြေအိတ်တွေပါချွတ်ပေးပြီးတော့ မောင့်တကိုယ်လုံးကိုရေပတ်တိုက်ပေးမိတယ်...

အဲ့မှာတွေ့တော့တာဘဲ..

မောင့်လည်ပင်းနဲ့ရင်ဘတ်ပေါမှာကိုက်ရာတွေ...နှုတ်ခမ်းနီရေးတေးတေးလေးတွေပါရှိနေတာကြောင့်သေချာတယ်မိန်းကလေးဖြစ်မှာ၁၀၀မှာ၈၈%ဘဲ...

'ဟင့်...မောင်ရယ်....'

မောင့်ကိုယ်ပေါမှာစွန်းထင်းနေတဲ့နှုတ်ခမ်းနီရာတွေကိုခအဝတ်နဲ့ခပ်ကြမ်းကြမ်းဖိသုတ်မိတယ်..နောက်..ပျောက်လိုပျောက်ငြားဆိုပြီးအဲ့ကိုက်ရာတွေကိုပါသုတ်နေမိတယ်....

'အင်း..ဟင်း...နာတယ်...ခ....'

ပြောပြီးတခူးခူးအိပ်ပျော်သွားပြန်တဲ့မောင့်ကိုကြည့်ပြီးခယူကြုံးမရဖြစ်မိတယ်....

မောင်ကအသားလေးဘဲနာသေးတာပါ..ခကတော့အခုရင်ဘတ်ထဲကပါနာနေတာသိလား...ဟင့်...အီး..အင့်

အော်..ခအချစ်တွေကမောင့်အတွက်ဘယ်နေရာမှာများလိုအပ်ချက်ရှိနေလို့လဲ..??ဟင့်..ခတစ်ယောက်မောင့်ကိုချစ်ပေးနေတာနဲ့တင်မလုံလောက်တော့ဘူးလားမောင်..ဟင့်...

အရင်တုန်းကအဝတ်တွေပေါမှာဘဲစွန်းထင်နေခဲ့တဲ့နှုတ်ခမ်းနီတွေဟာ..အခု..အခုတော့..မောင့်ကိုယ်ပေါထိတောင်ကျူးကျော်လာနေပြီ....

မောင်မို့..မောင်မို့လုပ်ရက်တယ်ဗျာ....

မောင်မကောင်းဘူး...ဟင့်..အင့်

စိတ်ထဲကသာပြောနေမိပေမဲ့ အပြင်မှာတော့မောင့်ကိုရေပတ်တိုက်ပေး...အဝတ်တွေသေချာဝတ်ပေးနေမိ..သေချာစောင်ခြုံပေးခဲ့ပြီးမောင့်အနားကထကာအောက်မှာပုံကျနေတဲ့မောင့်အဝတ်တွေကိုတထည်ချင်းသေချာကောက်နေမိသည်..

နောက်ဆုံးကုတ်အကျီလေးကိုကောက်ယူတော့အိတ်ကပ်ထဲကနေခပ်လျှောလျှောလေးထွက်ကျနေတဲ့အရာ...

ဆွဲထုတ်ယူကြည့်တော့ဓာတ်ပုံတွေ.....

ဒါ..ဒါက..ဟိုတခါ..ရိုက်ကွင်း..အင့်..ဟင့်..

ခမှာမြင်လိုက်ရတဲ့ဓာတ်ပုံနဲ့အတူဓာတ်ပုံနောက်မှာရေးထားတဲ့စာကြောင့်အသက်ရှူရပ်မတတ်ပင်

 စာလုံးတစ်လုံးချင်းစီတိုင်းက ခ ရင်ကိုအဆပ်မြှားနဲ့ထိုးစိုက်နေသလိုပင်..

ရေးထားတာက

"မောင်.........Happy 1 year Anniversaryပါ....မကိုအရင်လိုထက်ပိုချစ်ပေးလို့ကျေးဇူးပါ...မတို့anniလေးကိုအမှတ်တရဖြစ်အောင်မတို့first kiss ပေးတဲ့အချိန်တုန်းကသတင်းထောက်တွေရိုက်ခဲ့တဲ့ပုံလေးကိုလက်ဆောင်ထည့်ပေးလိုက်တယ်နော်..အမှတ်တရပေါ့...နောက်တော့..မမောင့်အတွက်ဒီနေ့ပေးတဲ့မရဲ့ပထမဦးဆုံးလက်ဆောင်ကိုလဲမောင်ကြိုက်မှာပါ..ဟုတ်တယ်မလား...မောင်ကလူဆိုး..မောင့်ကြောင့်မမှာလှုပ်တောင်မရတော့ဘူး..ကလဲ့စားချေတဲ့အနေနဲ့မောင့်ကိုကိုက်လိုက်တယ်...အိမ်ရောက်ရင်ဆေးထည့်ဦးနော်မောင်...သိပ်ချစ်တယ်....

                                                                                                                             မောင်သိပ်ချစ်တဲ့မ...."

စာရေးထားတဲ့photoကိုကိုင်ပြီးခဖင်ထိုင်ရက်ကြမ်းပေါပြုတ်ကျသွားခဲ့တယ်...

မျက်ရည်တွေကလည်းတာကျိုးတဲ့အတိုင်းဘဲ...ဟင့်...

စိတ်ညစ်နေပါတယ်ဆိုမှ..ဒီမျက်ရည်တွေကကျလာပြန်ပြီ..ဟင့်...

မောင်နိုးမှာကြောက်လို့ငိုချင်တာတောင်အံကြိတ်ထားမိတယ်...

မရတော့ ကိုယ့်လက်ကိုကိုယ်ပြန်ကိုက်ပြီးထိန်းခဲ့တယ်..

ဒါတောင်ရှိုက်သံကထွက်လာသေး..

မရတော့တဲ့အဆုံးခရေချိုးခန်းထဲပြေးဝင်လော့ချပြီးရေဖွင့်လိုက်တယ်..

နောက်တော့ချောင်တစ်ချောင်မှာကပ်ပြီးငိုခဲ့တယ်....

ဒါဆိုမောင်ခငိုတာမကြားတော့ပါဘူး...

၁နာရီကျော်ကျော်လောက်ငိုပြီးတော့ခလည်းမောလာတာကြောင့်ဆက်မငိုနိုင်တော့ဘဲမျက်နှာထသစ်လိုက်သည်...

မောင့်အတွက်ငိုရတာပင်ပန်းတယ်...မောလိုက်တာမောင်ရာ...

မျက်နှာသစ်ပြီးရေချိုးခန်းထဲကခပ်သွက်သွက်လေးထွက်လာလိုက်တယ်...

အိပ်ယာပေါကြည့်တော့မောင်ကနှစ်နှစ်ချိုက်ချိုက်ကိုအိပ်ပျော်နေပြီ......

ထိုအချိန်မှ အချိန်ကိုက်ကိုမြည်လာတဲ့မောင့်ဖုန်း......

ဖုန်းပေါမှာပေါနေတဲ့နာမည်လေးကိုကြည့်လိုက်တော့ မ ဆိုတဲ့နာမည်နောက်မှာအသည်းပုံလေး၄ခု..

ပုံကလည်းမောင်နဲ့သူမနှုတ်ခမ်းချင်းနမ်းနေတဲ့ပုံ..မောင့်အဝတ်တွေကြည့်မိတော့စောနကချွတ်ပေးမိတဲ့ဟာတွေ..ဒီတော့ဒီပုံကဒီနေ့မှရိုက်တာကိုး...

'အဟက်..မောင်ကငါ့နာမည်ကိုကျ ခလို့တစ်လုံးတည်းမှတ်ဖို့နေနေသာခက်ခွန်းခလို့ထားပြီး ပုံတောင်ထည့်မထားဘူး..သူကြတော့နာမည်နောက်ကအသဲပုံတောင်ပါလိုက်သေး...ငါ့ကိုလက်ကိုင်ဖို့မပြောနဲ့အပြင်မှာတောင်ခလို့မခေါဘဲခက်ခွန်းခလို့သာခေါတတ်တဲ့မောင်..ပြီးတော့ contact က photoမှာတောင်ခပုံကိုမထည့်ဘူး...သူပြောတာကတော့reasonက....ခပုံကိုတခြားသူတွေမြင်ရင်ကြည့်ရင်တောင်မောင်သဝန်တိုလို့ပါတဲ့...အဟက်..အဲ့ဟာမနဲ့မောင်ကြတော့..အဟက်..သိပ်ကိုချစ်တတ်ကြပါလား...နမ်းနေတဲ့ပုံကိုcontact photoမှာတင်ထားရတဲ့အထိ....တယ်လည်းတတ်နိုင်ကြပါလား...??'

ဖုန်းချလိုက်ပေမဲ့အဆက်မပြတ်ပြန်မြည်လာတဲ့မောင့်ဖုန်းကြောင့်နောက်ဆုံးခကိုင်လိုင်မိသည်..

ကိုယ့်ဘက်ကတောင်ဘာမှမပြောရသေး ကိုယ့်ကိုမောင်ထင်ပြီးသူ့ဘက်ကချွဲနွဲ့ပြီးပြောနေလိုက်တာများအန်ချစ်စရာ...

'မောင်......'

တောက်...ခဘဲမောင့်ကိုခေါတဲ့နာမည်ကိုဒင်းကများ..

ကြည့်ရအောင်လေ..သူဘာပြောမလဲဆိုတာ...

'မောင်..ဟိုလေ...မောင့်စီမှာ မ နားဆွဲပါသွားတယ်ထင်တယ်....ဟီး..မောင်ကလေအပြောနဲ့တခါတည်းလက်တွေ့ကိုလုပ်ပြသွားတာဘဲနော်...မကိုအဲ့လောက်တောင်ချစ်တယ်ပေါ့..အဟမ်း...အဲ့တာကြောင့် မ လည်းမောင့်ကိုချစ်နေရတာ...နားကပ်လေးတဖက်ကိုသိမ်းထားပါရစေ..သတိရတိုင်းထုတ်ကြည့်ချင်လို့ပါလို့အဲ့တုန်းကမောင်ကပြောလိုက်တာလေ..မကမောင်အခုလိုအတည်လုပ်သွားမယ်လို့မထင်ဘူး...ထားပါ..မောင်လည်းအိပ်ချင်ရောပေါ့..အိပ်နော်..မနက်ဖြန်မှတွေ့ကြမယ်..မောင့်ကြောင့်မကတော့ခါးတော်တော်နာသွားတယ်..လမ်းတောင်လျှောက်မရဘူးနော်...မရဲ့ပထမဦးဆုံးအကြိမ်ကိုမောင်ကအရမ်းကြမ်းတာဘဲ..တော်သေးတာပေါ့..မအောက်မှာအဲ့တုန်းကsofaရှိလို့..မဟုတ်ရင်တော့..ဟီး..ဟီး..ပြောသာပြောရတာ..ရှက်လိုက်တာ..မောင်..အိပ်တော့နော်...good night...မွ...'

'ဒီ..ဒီမှာ....'

'တီ...တီ....'

ခမပြောခင်မှာဘဲကျသွားတဲ့ဖုန်း....

နောက်တော့အဲ့မိန်းမပြောတဲ့စကားတွေအစီအရိနားထဲပြန်ကြားလာရသည်...

ပထမဦးဆုံးအကြိမ်.....

မောင်ကကြမ်းတယ်....

လမ်းလျှောက်လို့မရအောင်တောင်ခါးနာသွားတယ်...........

မ..မဟုတ်မှ...မောင်နဲ့အဲ့မိန်းမ........

ဟင့်..ဟင့်အင်း..ဟင့်..မဟုတ်ပါဘူး....

ဒါပေမဲ့...မဟုတ်ဘူးလို့ငြင်းရင်တောင်မောင့်ကိုယ်ပေါကကိုက်ရာတွေ......

'ဟင့်အင်း..မ..မဟုတ်ပါဘူး..မဟုတ်ဘူး..မောင်ကခကလွဲလို့တခြားသူပေါခြေတော်ဆင်းမှာမဟုတ်ဘူး...မောင်ကခကိုချစ်တာလေ....ခမယုံဘူးနော်မောင်..မောင်ခကိုချစ်တယ်မလား..ဟုတ်တယ်..မောင်ခပိုချစ်တယ်....သူပြောနေတာကအလိမ်ညာတွေ....'

မောင့်ဖုန်းကိုဘေးနားကစားပွဲစီအသာချလိုက်ရင်းစိတ်က မောင့်ပိုက်ဆံအိတ်စီအကြည့်ရောက်သွားတေ့မနေနိုင်စွာနဲ့ဖွင့်ကြည့်မိသည်....

နောက်ဆုံးအကန့်လေးထဲမှာမှ  မောင်သေချာသိမ်းထားပုံရတဲ့ဟိုမိန်းမပြောတဲ့နားဆွဲလေး....

ပိုက်ဆံအိတ်ထဲကနားဆွဲကိုထုတ်ကြည့်ပြီးခငိုင်နေမိသည်...နောက်တော့ခဘေးနားကမောင်ကခခါးကိုလှမ်းဖက်ပြီးခကိုယ်ကိုဆွဲနေတာကြောင့်ခလည်းနားဆွဲလေးကိုင်ရက်ဘဲ မောင့်ဘေးနားအိပ်ချမိသည်...

မောင့်ကိုရင်ခွင်ထဲထည့်ဖက်ထားရင်းပေါ့.......

🎶ငါနင့်ကိုစိတ်ကုန်တယ်

ဘယ်တုန်းကပြောခဲ့လဲ..??

နင်သာနောက်တစ်ယောက်ရဲ့ပုခုံးပေါ ခေါင်းကိုမှီထားတယ်🎶


🎶ငါနင့်ကိုမုန်းချင်တယ်

ဘယ်တုန်းကပြောခဲ့လဲ..??

အရာရာမင်းစိတ်ကြိုက်လုပ်ပါ

ခေါင်းကိုငုံ့ထားတယ်🎶


🎶ငါဘဲ...........

တကယ်မခံစားရသလိုနဲ့....🎶


🎶ငါဘဲ...........

အသဲကွဲရမှာကြိုသိနေတဲ့အတွက်🎶


🎶နာကြင်နေတောင် silent

Si..........lent🎶


🎶ဘာမှမဖြစ်သလိုထပ်ပြီး

ဝမ်းနည်းမိတော့ ငိုချင်တာတောင် silent

Si..........lent🎶


🎶မင်းရဲ့အနားမှာဆက်ပြီး

အတူရှိချင်တော့လူမသိအောင် silent🎶


🎶ငါနင့်ကိုစိတ်ကုန်တယ်

ဘယ်တုန်းကပြောခဲ့လဲ..??

နင်သာနောက်တစ်ယောက်ရဲ့ပါးပေါ အနမ်းတွေအပ်ထားတယ်🎶


🎶ငါဘဲ...........

အရာရာတိုင်းရှုံးနေခဲ့..🎶


🎶ငါဘဲ...........

နင့်ထက်နာကြင်ရမယ်🎶


🎶ငါဘဲ...........

တကယ်မခံစားရသလိုနဲ့....🎶


🎶ငါဘဲ...........

အသဲကွဲရမှာကြိုသိနေတဲ့အတွက်🎶


🎶နာကြင်နေတောင် silent

Si..........lent🎶


🎶ဘာမှမဖြစ်သလိုထပ်ပြီး

ဝမ်းနည်းမိတော့ ငိုချင်တာတောင် silent

Si..........lent🎶


🎶မင်းရဲ့အနားမှာဆက်ပြီး

အတူရှိချင်တော့လူမသိအောင် silent🎶


🎶ငါအားရှိနေသလိုဘဲ

ဘေးနားမှာပြိုလဲ🎶


🎶မေးခွန်းတွေသတ်နေတယ် ဒီညနေဖက် ကျော်ဖြတ်ရင်း🎶


🎶နာကြင်နေတောင် silent

Si..........lent🎶


🎶ဘာမှမဖြစ်သလိုထပ်ပြီး

ဝမ်းနည်းမိတော့ ငိုချင်တာတောင် silent

Si..........lent🎶


🎶မင်းရဲ့အနားမှာဆက်ပြီး

အတူရှိချင်တော့လူမသိအောင် silent........🎶


ဟင့်.....ဟုတ်တယ်မောင်..ဒီသီချင်းလေးအတိုင်းဘဲ...ခလေ...မောင့်အနားမှာဆက်နေချင်လွန်းလို့..

မောင့်ကိုအရင်ကလောက်မချစ်တော့ရင်တောင်မှ မမုန်းနိုင်သေးလို့...နည်းနည်းလေးဖြစ်ဖြစ်ချစ်နေသေးလို့..မောင်အပြင်မှာခြေတွေရှုပ်နေတာတွေသိပေမဲ့မျက်စိမှိတ်ပြီးနှုတ်ပိတ်ပြီးနေလိုက်မယ်သိလား...

မမြင်သလိုမကြားသလိုပေါ့...သိရင်တောင်ခနှုတ်ပိတ်ထားပါ့မယ်မောင်ရယ်...

အရေးကြီးတာကခမောင့်အနားမှာနေရဖို့ဘဲ..

မောင်အိမ်နေ့တိုင်းပြန်လာပြီးခအနားမှာညအိပ်ချိန်လေးရှိနေပေးရင်ကိုခကျေနပ်ပါတယ်မောင်ရယ်...ဟင့်...

ဒီ့ထက်ပိုပြီးတော့တော့ ခမောင့်အပေါသဘောထားမကြီးပေးနိုင်တော့ဘူးနော်မောင်....

မောင်..မောင့်ကိုအခုနည်းနည်းလေးတော့စိတ်ပျက်နေမိပေမဲ့ခကိုတော့မောင့်အပေါစိတ်ကုန်အောင်မလုပ်မိပါစေနဲ့မောင်..

ဘာလို့ဆို.....

ခမောင့်အပေါစိတ်ကုန်တဲ့တစ်နေ့..မောင့်အနားကနေခဝေးရာကိုထွက်သွားတဲ့နေ့ဖြစ်လို့ဘဲ...

အဲ့တာကိုမောင်သိထား...

---------------------

TO BE CONTINUED

----------------------------------

Zawgyi














------------------------------------------------------

















'မောင်....ပြန်လာပြီလား...??'

'အင်း.....ခ'






'ဟမ်...ဘယ်လိုမောင်...???'



'ဟဲ..ဟဲ...ခကလည်း....'


'တွေ့ပါတယ်ဗျ...ဟား..ဟား....'

'ခကိုဟားတာလားဒါက...'



'ဘာလို့လဲခရ..'











'မောင်....လွှတ်ဦး...'













'ပြွတ်စ်...'


'မောင်......'

'ခအနာသက်သာအောင်.....'



'လူလည်ကြီး....'

'ခ..'

'အင်း...'



'ခ....'

'ဟင်...အင်း...မောင်..ပြောလေ...'


'ဟို...မောင်....'



'ဟမ်...'




'အာ...မောင့်.....မင်း....'









'ခ....ခရေ..ဘယ်မှာလဲ...??'

'...........'

'ခ.......ခ...!!'




'ခ..ခ.....ခဘယ်မှာလဲ..???'



'ခ.......!!!!!'



'ခ...............'








'မောင်....'

'ပြောလေခ......'





'မောင်...'

'ဗျာ...'



'အင်း...'







'ဆိုပါတော့...'


'အိုကေလေ...'




ကျွန်တော်လည်းအချိန်ဆွဲမနေတော့ဘဲအနည်းငယ်သာလှမ်းတော့တဲ့ခကိုယ်လေးကိုအနားဆွဲယူရင်းခခေါင်းကိုလက်တစ်ဖက်နဲ့အသာထိန်ကိုင်ကာခနှုတ်ခမ်းကိုနမ်းမိတော့သည်




'အွန်း...အွင့်...အဟွတ်...'


'မောင့်..'

'အဟမ်း..'

'အဲ့တာဘာလုပ်တာလဲ...???'






'ဘာစိတ်ချည်းလဲ...ဟွန်း..'




'မောင့်...တကယ်ပါဘဲ....'







'အဟက်..ဟား..ဟား..ဟား..'

-------------









သို့ပေမဲ့.....





ဒါတင်ဘယ်ကဦးမလဲ..




'အွတ်....ခ......ခလေးရေ....'


'အဟဲ..နည်း..နည်း....အင့်...'





'အင်း....'




'အင်း...'






အဲ့မှာတွေ့တော့တာဘဲ..


'ဟင့်...မောင်ရယ်....'


'အင်း..ဟင်း...နာတယ်...ခ....'













ရေးထားတာက


မောင်သိပ်ချစ်တဲ့မ...."















ဖုန်းပေါမှာပေါနေတဲ့နာမည်လေးကိုကြည့်လိုက်တော့ မ ဆိုတဲ့နာမည်နောက်မှာအသည်းပုံလေး၎ခု..





'မောင်......'




'ဒီ..ဒီမှာ....'

'တီ...တီ....'



ပထမဦးဆုံးအကြိမ်.....

မောင်ကကြမ်းတယ်....











ဘယ်တုန်းကပြောခဲ့လဲ..??




ဘယ်တုန်းကပြောခဲ့လဲ..??


ခေါင်းကိုငုံ့ထားတယ်🎶


🎶ငါဘဲ...........

တကယ်မခံစားရသလိုနဲ့....🎶


🎶ငါဘဲ...........



🎶နာကြင်နေတောင် silent

Si..........lent🎶




Si..........lent🎶






ဘယ်တုန်းကပြောခဲ့လဲ..??



🎶ငါဘဲ...........



🎶ငါဘဲ...........

နင့်ထက်နာကြင်ရမယ်🎶


🎶ငါဘဲ...........

တကယ်မခံစားရသလိုနဲ့....🎶


🎶ငါဘဲ...........



🎶နာကြင်နေတောင် silent

Si..........lent🎶




Si..........lent🎶





🎶ငါအားရှိနေသလိုဘဲ

ဘေးနားမှာပြိုလဲ🎶




🎶နာကြင်နေတောင် silent

Si..........lent🎶




Si..........lent🎶












ဘာလို့ဆို.....


အဲ့တာကိုမောင်သိထား...

---------------------

TO BE CONTINUED

----------------------------------


Continue Reading

You'll Also Like

6.9K 307 20
နခေအက်ခရာ + ခတျေသောတ နေခအက္ခရာ + ခေတ်သောတ Start Date 23.01.2023 End Date
13.2K 602 10
This is a sequel to "Little Bird" (Black Butler fanfic) However you can read this as it is if you wish, you wont miss... too much lol. Rei White is...
826K 69.1K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.2M 95.4K 40
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...