မောင်ရယ်..........
မောင်ဘာလို့ခအပေါအခုလိုထိလုပ်ရက်ရတာလဲဟင်......
မောင်သိပ်ရက်စက်တယ်သိလား....ဟင့်...
ငိုချင်စိတ်ကိုမထိန်းနိုင်တော့တဲ့ခတစ်ယောက် တအိအိရှိုက်ငိုရင်း လူအုပ်ကြားကနေ တိုးထွက်လာခဲ့သည်.....
'ဟင့်...အင့်....မောင်မကောင်းဘူး....အီး...ဟီး.....'
မောင့်ကိုတောင်မစောင့်တော့ဘဲခတစ်ယောက်တည်းဘဲဒီနေရာကနေထွက်လာခဲ့ဖို့ဆုံးဖြတ်လိုက်သည်....
အခုချိန်မှာခစိတ်တွေအရမ်းမွန်းကြပ်နေတယ်.....မောင်နဲ့လည်းမတွေ့ချင်သလိုမျက်နှာချင်းလည်းမဆိုင်ချင်ဘူး....
မောင်နဲ့တွေ့တဲ့အခါမှာခအဲ့မိန်းမနဲ့ပတ်သက်တာတွေမေးချင်ပေမဲ့ မောင့်ဘက်ကခကြောက်နေရတဲ့ တွေးပူနေရတဲ့အဖြေကိုများမောင်များပေးလိုက်ရင်ဆိုတဲ့အတွေးကတင်ခကိုခြောက်လှန့်ဖို့လုံလောက်နေပါပြီမောင်ရယ်...
ရိုးရိုးသတ်လည်းမောင့်အတွက်ဆိုခကသေပေးနိုင်ပါတယ်မောင်ရယ်..ဒါကိုတောင်....မောင်က..မောင်က..အခုလိုကြီး....
ခအခုမှသတိရတာ...တစ်ခေါက်ကမောင်ခေါင်းထိလို့ဆေးရုံရောက်တုန်းက မောင်နဲ့တူတူအခန်းထဲမှာရှိနေခဲ့တဲ့မိန်းကလေးကလဲသူဘဲမလား..
မောင်ပြောတော့ မောင်နဲ့သူနဲ့ကသဘောရိုးပါဆို.....သူကတက်သစ်စမင်းသမီးမို့မောင်က ဘေးကနေကူညီပေးတာပါဆို...အခုတော့ အဲ့မိန်းကလေးက မောင့်ရဲ့စပွန်ဆာတဲ့လားဗျာ....ဘာတွေလဲမောင်ရယ်....ခမောင့်ကိုနားမလည်တော့ဘူး...
မောင်ထားရာနေစေရာသွားခဲ့တဲ့ခကိုမှမောင့်မို့လို့ခုလိုလုပ်ရက်တယ်နော်....နာကြင်တယ်သိလားမောင်....အသဲခိုက်မတတ်ဘဲ...နာကြင်လွန်းလို့ဟောဒီ့ ခရင်ဘတ်ထဲကမောင့်ကိုချစ်ခဲ့တဲ့ခရဲ့နှလုံးသားတစ်စုံကိုဓားနဲ့ခွဲပြီးထုတ်ပစ်လိုက်ချင်ရဲ့....အင့်..ဟင့်...
ခမောင်နဲ့မတွေ့ချင်ဘူး....မောင်နဲ့ရင်မဆိုင်ရဲသေးဘူး...ဟင့်....
ဘုရားသခင်ရယ်..ငယ်ငယ်ထဲကနေအခုချိန်ထိ နာကြင်မှုတွေနဲ့ကျွန်တော်နေသားကျနေတာမှန်ပေမဲ့ဘာကြောင့်ကျွန်တော့်ဘဝလေးကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ခွင့်မပြုရတာလဲဗျာ...
လောကဓံကပေးတဲ့နာကြင်မှုတွေကြောင့် ကျွန်တော့်မှာအခုတောင်အသက်ကိုရဲရဲမရှူရဲတော့ဘူး...
ကျွန်တော်ဟာလည်းအသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့လူသားတစ်ဦးပါဗျ...နာကြင်ရမှာလည်းကြောက်တယ်..ဒါကိုဘုရားသခင်များမေ့လျော့နေတာများလားနော်........
တပေါက်ပေါက်နဲ့ကျဆင်းလာတဲ့မျက်ရည်စက်တွေကို ခ မသုတ်မိပါ...
ဘာလို့ဆိုအခုချိန်မှာခအတွက်ဒီမျက်ရည်စက်တွေကအကောင်းဆုံးသောအဖော်တွေလေ......
လမ်းမထက်ဝယ် တကိုယ်တည်းဦးတည်ရာမဲ့လမ်းလျှောက်နေချိန်မှာဘဲ ရုတ်တရက် အုံးမှိုင်းလာတဲ့မိုးတိမ်တွေ..မကြာပါကျွန်တော့်အပေါတစက်ချင်းစီကျလာတဲ့မိုးရေစက်တွေ.......
တဖြည်းဖြည်းနဲ့မိုးကသဲသထက်သဲလာလေသည်.....
မိုးအရမ်းရွာလာတော့ထီးဖွင့်စောင့်ဖို့ထီးရှာမိပေမဲ့ထီးကတော့ပါမလာခဲ့ပါ...
တကယ်ပါ..သူအဲ့ကထွက်လာတုန်းက သူ့ရဲ့ဖုန်း..ပိုက်ဆံအိတ်လည်းသူယူလာဖို့သတိမရခဲ့ပါ.....ထီးဆိုတာကတော့....ဟင်း...
'အော်..ငါ့ဘဝကြီးကလည်း..ဟား..ဟား...ရယ်စရာကောင်းလိုက်တာနော်..ဒါကြောင့်ပြောတာထင်တယ်...ကံဆိုးမသွားရာမိုးလိုက်လို့ရွာတဲ့..ဟက်.....ဟား..ဟား....မောင်ရေ...ခကတကယ် unluckyဘဲသိလား..အဟက်...မောင့်ကြောင့်အသဲကွဲနေရလို့ စိတ်အလိုအရ တစ်ယောက်တည်းထွက်လာခဲ့ကာမှ အခုလည်းရာသီဥတုကငါ့ဘက်မှာတောင်မရှိဘူး....ငါ့ကိုအားပေးဖေးပေးမဲ့လူတစ်ယောက်ရှိဖို့နေနေသာသာလောကကြီးကပါငါ့ကိုမျက်ကွယ်ပြုနေပြီ...ဟား..ဟား..မိုးရေထဲမှာငါကအခုကြွက်စုတ်တစ်ယောက်လိုတောင်ဖြစ်နေပြီ....ကြွက်စုတ်ကတောင်ငါ့ထက်တန်ဖိုးရှိချင်ရှိဦးမှာသိလားမောင်..အီး..ဟီး...'
ရွာနေတဲ့မိုးရေစက်တွေနဲ့အတူ ကျွန်တော့်မျက်နှာမှာလည်း မျက်ရည်စက်တွေဖြိုင်ဖြိုင်ကျနေခဲ့ပါသည်..
'မောင့်ကိုချစ်ရတာကလည်းပင်ပန်းလိုက်တာ...
လူတစ်ယောက်ကိုချစ်ရတာအဲ့လောက်စိတ်ပင်ပန်းရမှန်းခသိခဲ့ရင် ခမောင့်ကိုချစ်ခဲ့မိမှာတောင်မဟုတ်ဘူး....
အခုတော့..အရာအားလုံးက...နောက်ကျသွားခဲ့ပြီမဟုတ်လား...'
မိုးရေတွေအောက်မှာအချိန်တော်ကြာလမ်းလျှောက်ခဲ့တဲ့ကျွန်တော် ထပ်ပြီးလမ်းလျှောက်ဖို့လည်းခွန်အားတွေမရှိတော့ပါ....
တကိုယ်လုံးတုန်ရီနေပြီးမေးတွေပင်တဆတ်ဆတ်ရိုက်ခတ်နေတာကြောင့်ခအမြန်ဘဲအနားမှာရှိတဲ့အဆောက်အဦးအောက်ခဏတာဝင်၍ မိုးခိုမိသည်........
'ချမ်းလိုက်တာမောင်ရယ်....ဟင်း..ချမ်းတယ်.....'
ချမ်းလွန်းလို့ထောင့်ဘက်တစ်နေရာမှာဒူးနှစ်ဖက်ကိုလက်နဲ့ပိုက်ကာစောင့်ကြောင့်ထိုင်နေစဥ◌် ခအရှေ့ကိုလာရပ်တဲ့ခြေတစ်စုံ...
'မောင်...???'
'ခက်ခွန်းခ.....'
--------------------
'တောက်.....အခုချိန်ထိဘယ်တွေသွားနေလို့အိမ်ပြန်မလာရတာလဲ....??ဖုန်းတွေပိုက်ဆံအိတ်တွေလည်းတစ်ခုမှမယူသွားဘူး....လူကိုစိတ်မပူပူအောင်.....တောက်....ဒါသက်သက်မဲ့ငါ့ကိုစိတ်တိုအောင်လုပ်နေတာလားခ...'
အိမ်ထဲမှာ တောင်လျှောက်မြောက်လျှောက်နဲ့ထိုင်မရထမရဖြစ်နေသောမောင်ဟာတောက်တခေါက်ခေါက်နဲ့ခကိုပြစ်တင်ပြောဆိုနေခြင်းပင်...
'ရှိုင်း....အဆင်ပြေရဲ့လား...??'
အနားကိုရုတ်တရက်ရောက်လာကာမောင့်ပုခုံးကိုနောက်ကနေခပ်ဖွဖွပုတ်ကာနှစ်သိမ့်သလိုသဘောနဲ့ဆိုလာတဲ့မမထိပ်ထား....
'မ......'
'ရှိုင်းအဆင်ပြေရဲ့လား....??ဘယ်သူ့ကိုဒေါသထွက်နေတာလဲ..??ရှိုင်းရယ်..ရှိုင်းပင်ပန်းနေပါဦးမယ်....'
'မ...ရတယ်..ဒီလိုပါဘဲ...အိမ်ပြန်လာရမဲ့သူကအခုချိန်ထိအိမ်ပြန်မလာသေးလို့...အမြဲသူသွားစရာရှိတယ်ဆိုရင်တောင် ကျွန်တော့်ကိုပြောပြီးမှသွားနေကြ..အခုကဘာမပြောညာမပြောနဲ့ကျွန်တော့်ကိုထားပြီးထွက်သွားတာ....တောက်...စိတ်တိုလိုက်တာ..စိတ်တိုတာထက်..ခံပြင်းနေတာမ.......'
'ရှိုင်းရယ်...အင်း..ကြည့်ရတာအဲ့တစ်ယောက်ကရှိုင်းအတွက်တော်တော်အရေးပါမဲ့ပုံဘဲနော်....'
'အင်း...သူကကျွန်တော့်ဘဝရဲ့အရေးကြီးဆုံးသောအစိတ်အပိုင်းလေ...'
'ဟမ်......'
ရှိုင်းဆိုလိုက်တဲ့စကားတစ်ခွန်းကြောင့်ထိပ်ထားမျက်နှာတစ်ချက်ပျက်သွားပေမဲ့အတတ်နိုင်ဆုံးထိန်းကာရယ်ရယ်မောမောဘဲ
'ဒါဆိုမကရောရှိုင်း..???'
'ဗျာ...'
'မကရောလို့....ရှိုင်းအတွက်ဘယ်လိုအဓိပ္ပာယ်မျိုးလဲလို့...??အဲ့တာမေးတာကိုကွာရှိုင်းကလဲ...'
'ဟို...မ...မက........'
မအမေးကိုဖြေရခက်နေချိန်မှာဘဲ ခြံရှေ့ကိုထိုးရပ်လိုက်တဲ့ကားသံကိုကြားလိုက်ရပြီးတဆက်တည်းမှာဘဲမမမေဖူးရဲ့အေ်ခေါသံကိုကြားလိုက်ရတာကြောင့် မောင်တစ်ယောက်ဂျင်းထဲကျပ်ထဲရောက်နေရတဲ့အချိန်ကနေတခဏတာလွတ်မြောက်ခွင့်ရခဲ့တော့သည်....
'မောင်လေးရေ..မောင်လေး...'
'ရှိင်း...အပြင်မှာ..'
'အာ..အဲ့တာကျွန်တော့်အမလေ...ခဏလေးနော်မ....'
'အင်း....'
ထိပ်ထားအရှေ့ကနေမောင်ထွက်လာလိုက်ပြီးမမမေဖူးအသံကြားရာခြံထဲကိုခပ်မြန်မြန်ဘဲပြေးလာလိုက်သည်....
'မမ....ညကြီးမိုးချုပ်..ဘယ်လိုဖြစ်လို့ရောက်ချလာတာလဲ....မွေးခါနီးဖွားခါနီးကြီးကိုအခုချိန်ထိအိမ်မှာမနဘဲလျှောက်သွားတုန်းလား....မမနဲ့တော့ခက်ပြီဗျာ...'
'ဟဲ့အကောင်..ခက်တာကငါမဟုတ်ဘူး..နင်ဟဲ့နင်...နင်ဘာတွေဖြစ်နေတာလဲ....??'
'ကျွန်တော်..??'
'အေး...'
'ကျွန်တော်ကဘာဖြစ်ရမှာလဲဗျာ..မမကတော့....'
'ငါ့ယောင်းမလေးရော...သူဘယ်မလဲ...??'
'အဲ့တာပြောမလို့..ခကဒီနေ့...'
'နင်သူ့ကိုယူထားပြီးဂရုမစိုက်ဘူးလား..ဟမ်...ရှိုင်းလေး...'
'မမရာ..ဘာလို့ကျွန်တော်ကဂရုမစိုက်ရမှာလဲ....??'
'ဟဲ့....ဂရုစိုက်တယ်ဆိုလဲငါ့ယောင်းမလေးမိုးရေတွေထဲလျှောက်သွားပြီးသတိလစ်ရတဲ့အထိဖြစ်အောင်နင်ကပြစ်ထားရလားအကောင်ရဲ့...ဟမ်..'
'ဗျာ...မမဘာတွေပြောနေတာလဲ....??မမခကိုတွေ့လို့လား..??သူဘယ်မှာလဲ...??ကျွန်တော်သူ့ကိုလိုက်ရှာတာနှံ့နေပြီ...သူကျွန်တော့်ကိုဘာမှမပြောဘဲကျွန်တော်ရိုက်ကူးရေးလုပ်နေတုန်းမပြောမဆိုနဲ့ထားခဲ့တာ...ဖုန်းလည်းမယူသွားဘူး..မမပြောပါဦး...သူဘယ်မှာလဲ...??ဟမ်....ဟမ်...'
'ရှိုင်းလေး..ဟင်း...နင်တို့ကတော့လေ..ထားတော့ဒိတစ်ခေါက်တော့မမဘာမှမပြောတော့ဘူး..မင်းတို့ချင်းပြဿနာဖြစ်တယ်ဆိုရင်တောင်ပြေပြေလည်လည်ဖြေရှင်းကြ...အခုလိုငါ့ယောင်းမလေး စိတ်ဆိုးဆိုးနဲ့ထွက်သွားတာမျိုးနောက်ဘယ်တော့မှမဖြစ်စေနဲ့...'
'ကျွန်တော်တို့တကယ်ဘဲဘာမှမဖြစ်ခဲ့ပါဘူး...'
'အဲ့တာတော့မမလည်းမသိဘူး..'
'မမ..ခရော..ပြောပါဦး..ကျွန်တော်ခကိုသွားရှာမလို့...'
'အခုမှ..ငါခေါက်လိုက်ရ...ဟင်း...'
'မမကလည်း...'
'ဘာမမကလဲလည်း...'
'ကျွန်တော်ကစိတ်ပူလို့ဟာကိုဗျာ...'
'ဟင်း..ထားတော့...ကိုရေ...ကားပေါကဆင်းခဲ့တော့...'
'ဒါ..ဒါက.......'
မမေမဖူးရဲ့အော်ခေါသံအဆုံး၌ကားပေါကနေဆင်းလာသူ ကျွန်တော်အမုန်းဆုံးလူ.......
နောက်တော့ ကျွန်တော်ချစ်ရပါသောခကိုပါထိုသူ့ရင်ခွင်ထဲမှာတွေ့လိုက်ရသည်.....
အဲ့အချိန် ကျွန်တော်လေ......ကျွန်တော့်ကိုယ်ကိုယိုင်လဲမသွားအောင်မနဲကိုစိတ်ကိုထိန်းထားရသည်...
မမမေဖူးသာအခုဒီနေရာမှာမရှိဘူးဆိုရင် ကျွန်တော်အဲ့ကောင်ကိုသာဆွဲထိုးပြီးဒီနေရာမှာဘဲသတ်ပစ်လိုက်ချင်တယ်...
ခ.......မောင့်ရင်ကိုခွဲနေတာလား...ဟမ်...မောင်မုန်းတယ်လို့ပြောထားရက်နဲ့သူ့ရင်ခွင်ထဲမှာပွေ့ချီလျက်ပါလာတဲ့မင်းကိုမောင်ဘယ်လိုနားလည်ရမလဲ........
'တောက်......'
စိတ်တိုတိုနဲ့စိတ်လိုလက်ရတောက်ခေါက်လိုက်တော့ကျွန်တော့်အနားကမမမေဖူးကကျွန်တော်လက်မောင်းကိုလှုပ်ကိုင်ရမ်းရင်း...
'ဟဲ့..မောင်လေး...အဲ့တာဘာဖြစ်နေတာလဲ....???'
'ဟင်း......'
'တဟင်းဟင်းနဲ့မေးတာလဲမဖြေဘူး...ဘာတွေစိတ်တိုနေတာလဲတစ်ယောက်တည်း.......'
'မသိဘူးမမရာ..မမေးနဲ့...'
ပြောချင်ရာသာပြောပြီး မမရှေ့ကနေထွက်လာကာ တစ်ခြားသူရင်ခွင်ထဲမှာနှစ်ချိုက်စွာအိပ်ပျော်နေပုံရတဲ့ချစ်ရသူစီခြေလှမ်းခပ်သွက်သွက်လှမ်းလာခဲ့သည်....
သူဘဲစိတ်ထင်တာလားမသိ...သူဇေယျာအနားရောက်တော့ထီမထင်ပြုံးတစ်ချက်ပြုံးပြတာကိုတွေ့လိုက်ရသည်...နောက် ချစ်ရည်ရွှမ်းနေတဲ့မျက်ဝန်းတွေနဲ့ခကိုစိုက်ကြည့်နေလိုက်တာ...ဒါပေမဲ့မမမေဖူးကတော့ဒါကိုသတိမထားမိလိုက်ပေ..
'ပေး..ခကို.....မမလည်းပြန်တော့..နောက်ကျနေပြီ...'
ဇေယျာလက်ထဲကနေခကိုဆွဲယူပြီး ပွေ့လိုက်သည့်တိုင်ခမှာအင်းဆိုတဲ့အသံလေးတချက်ပေးပြီးမျက်လုံးပွင့်မလာ...
ခ....မင်းကွာ...တခြားသူရင်ခွင်ထဲမှာတောင်အခုလိုထိစိတ်ချလက်ချအိပ်ပျော်သလား........တောက်.....
ခကိုချီလျက်နဲ့ဘဲစိတ်မရှည်စွာနဲ့ အိမ်ထဲကိုဝင်ဖို့အလုပ်
'ဟဲ့...ရှိုင်းလေး...နှင်လာချည်လား...??မမတို့ကိုတောင်အိမ်ထဲမခေါတော့ဘူးပေါ့...'
'ညနက်နေပြီမို့လို့ပါ...အမယောက်ျားနဲ့အိမ်ပြန်လိုက်တော့နော်...ကျွန်တော်ခကိုအိပ်ယာထဲခေါသွားပေးမလို့....'
'အော်...အော်..ဟီး..သိပြီ..မနှောက်ယှက်တော့ဘူး...ဒါဆိုလည်း..အင်း...ကံကောင်းပါစေ...ဟဲ..ဟဲ..'
'အင်း...ပြန်တော့....'
'အေးပါဟယ်..အေးပါ..ဟဲ့..ယောက်မလေးကနေသိပ်ကောင်းသေးတာမဟုတ်ဘူးနော်.....အခုတောင်ဆေးခန်းပြပြီးခေါလာပေးတာ...အဖျားဝင်နေတာလေ....ဂရုစိုက်လိုက်ဦး...မမသွားပြီ...'
'အင်း...ခြံရှေ့ထိလိုက်မပို့တော့ဘူးနော်မမ..'
'အွန်း...ကိုရေ..သွားရအောင်...'
'အင်း...ချစ်ညီလေး...ဂရုစိုက်နော်...အဟင်း....'
'တောက်........'
တောက်တချက်ခေါက်ပြီး အိမ်ထဲသာပြေးဝင်လာလိုက်သည်.....ခြေလှမ်းကျယ်ကြီးတွေနဲ့အိမ်ပေါထပ်တက်ဖို့လုပ်ပေမဲ့ကျောနောက်ဘက်ကခေါသံကြောင့်ကျွန်တော့်တကိုယ်လုံးတုန်တက်သွားရသည်..
'ရှိုင်း...ဒါကဘယ်လဲဟင်...??'
'မ.....'
အော်..မေ့နေတာ...ခဇောကပ်ပြီး မ အိမ်ထဲမှာရှိနေသေးတယ်ဆိုတာကိုလုံးဝကိုမေ့သွားခဲ့တာ...ဟူး...
'ရှိုင်း...'
မ ဘက်ကိုလှည့်ကာ မနဲ့ မျက်နှာချင်းဆိုင်ကိုလှည့်လိုက်တော့ မကမျက်နှာတစ်ချက်ရှုံ့လျက်ကျွန်တော့်လက်ထဲကခကိုစိုက်ကြည့်ရင်းစကားဆိုလာပြန်ပါတော့သည်...
'ရှိုင်း....အဲ့တစ်ယောက်ကဘာလဲ...??'
'မ...သူကမနဲ့မိတ်ဆက်ပေးမယ်ဆိုတဲ့တစ်ယောက်လေ...'
'သူမသိတတ်ဘူးလား..??'
'ဟမ်..??'
မ ဆိုလိုရင်းကိုနားမလည်သလို မကိုပြန်ကြည့်တော့မက
'ရှိုင်းသူ့ကိုအခုလိုကြီးပွေ့ချီထားရတာကိုသူကဇိမ်နဲ့အိပ်နေသေးတယ်ပေါ့လေ....ဟင်း...မသိတတ်လိုက်တာ....'
'မဟုတ်ပါဘူးမရယ်...ခက..နေမကောင်းလို့ပါ....'
'နေမကောင်းဘဲဖြစ်နေတာလေ..ခြေတွေလက်တွေကျိုးနေတာမှမဟုတ်တာ..သူ့ဘာသာလျှောက်ပါစေရှိုင်းရာ...'
'မ....သူကအိပ်ပျော်နေတယ်လေ...အိပ်မောကျနေလို့ကျွန်တော်ကမနှိုးတော့တာ...ကျွန်တော်မညောင်းပါဘူး...ခကိုယ်ကပေါ့ပေါ့လေးလေ..'
'အဲ့လိုရှိုင်းကသဘောကောင်းနေလွန်းလို့...ဟင်း...ထားပါ....'
'မ.....ဟိုလေ...အားတော့နာပါရဲ့..ခနဲ့မိတ်ဆက်ပေးမလို့အိမ်ကိုခေါလာခဲ့ပေမဲ့အခုခကတော်တော်လည်းနေမကောင်းဖြစ်နေတော့ နောက်နေ့မှမကိုလာခေါပြီးခနဲ့ထပ်မိတ်ဆက်ပေးတော့မယ်...နော်..မ...'
'မကိုနှင်နေတာလားအခု...'
'ဟို....တောင်းပန်ပါတယ်မ...ကျွန်တော်တကယ်ကိုတောင်းပန်ပါတယ်......'
'ရတယ်..မကိုတောင်းပန်မဲ့အစားမကိုစိတ်မဆိုးစေချင်ရင်အိမ်သာပြန်လိုက်ပို့ပေး...အဲ့တာတော့ရတယ်မလား..ဟင်....'
'ဟို........'
'ရှိုင်း....မကိုမငြင်းနဲ့နော်...........'
'ဟို..အင်း..အင်းပါ..မကိုပြန်လိုက်ပို့ပေးမယ်...ဒါပေမဲ့ခကိုအပေါထပ်အရင်ပို့ပေးလိုက်ဦးမယ်နော်မ...'
'အဆင်ပြေသလိုသာလုပ်တော့..မြန်မြန်ပြန်ဆင်းလာနော်ရှိုင်း...သိတယ်မလား..မကအကြာကြီးစောင့်နေရတာမကြိုက်ဘူးဆိုတာ....'
'ဟုတ်....လာခဲ့မယ်နော်မ...ခဏ...'ဟုဆိုကာခကိုချီလျက်ဘဲအပေါထပ်ကကျွန်တော်တို့နှစ်ယောက်ရဲ့အခန်းငယ်စီကိုသယ်လာခဲ့သည်...
အခန်းထဲရောက်တာနဲ့ခကိုမွေ့ယာပေါအသာချ..စောင်လေးပါရင်ဘတ်အထိဆွဲကပ်ခြုံပေးရင်း အဲကွန်းလေးကိုလည်းမပူမအေးအနေအထားလောက်ပြောင်းပြီးဖွင့်ထားခဲ့လိုက်သည်.......
အခန်းထဲကထွက်မသွားခင်ချစ်ရသူရဲ့မျက်နှာပေါမှာဝေ့ဝဲကျနေသော ဆံပင်စတွေကိုအသာလက်နဲ့သပ်တင်ပေးရင်းခရဲ့နားနားလေးကပ်ကာစကားဆိုခဲ့မိသည်...
'ခ...မောင်အပြင်ခဏသွားမယ်..မကြာဘူး..ခဏလေးဘဲ...အိမ်မှာဘဲလိမ်လိမ်မာမာနေရစ်ခဲ့......'
အမိန့်မဆိုသာသောစကားတစ်ခွန်းကိုဆိုပြီးတာနဲ့ မ ရှိရာအောက်ထပ်ကိုမပြေးရုံတမယ်မောင်ဆင်းလာခဲ့သည်..
မကြာပါ ခြံထဲကကားစက်နှိုးသံနှင့်အတူ မောင်းထွက်သွားသောမောင့်ရဲ့ကားလေး.........
မိနစ်အနည်းငယ်ကြာသော်...........
'ဟင့်အင်း...ဟင့်...မောင်...အင့်..ခလေ..မောင့်ကိုချစ်တာကြောင့်...ခကိုပြစ်မသွားပါနဲ့နော်.........'
'မောင့်..............ထားမသွားပါနဲ့..........'
'မောင်မရှိရင်ခဘယ်လိုနေရမှာလဲ....??ဟင့်.........'
'မောင့်................ပြန်လာပေးပါ.............'
'အား...............မောင်ရေ...........'
မောင့်အကြောင်းကယောင်ကတမ်းနှုတ်ကနေမြည်တမ်းရင်းအိပ်ယာကနေလန့်နိုးလာပါသောခ.......
နိုးနိုးချင်းအလန့်တကြားနဲ့ဘေးဘီကိုလျှောက်ကြည့်မိသည်.......
'ဒါ..ဒါက..မောင်နဲ့ခရဲ့အခန်း......ခတကယ်ဘဲအိမ်ပြန်ရောက်လာတာလား.........အား..ခေါင်းတွေကိုက်လိုက်တာ...'
ကိုက်ခဲနေသောခေါင်းကိုလက်သီးနဲ့မပြင်းမပျော့အနေဖြင့်ထုရိုက်နေမိရင်းမောင့်အကြောင်းသာတွေတွေလေးတွေးနေမိသည်........
ခေါင်းကိုက်တာတွေအနည်းငယ်လောက်သက်သာလာမှ ခဖြေးဖြေးချင်းစီ ပြန်စဥ◌်း စားမိသည်...
သူမောင့်စီကနေပြေးထွက်ခဲ့တယ်......ကြောက်လို့...မောင်နဲ့ရင်မဆိုင်ရဲလို့......
မိုးရေထဲမှာဦးတည်ရာမဲ့လျှောက်လှမ်းခဲ့ပြီး ချမ်းလွန်းလို့တစ်နေရာမှာတော့ဝင်ခိုခဲ့သေးတာကိုလည်းမှတ်မိသည်...
နောက် ခရှေ့မှာလာရပ်တဲ့ခြေတစ်စုံ....မောင်လို့အားကိုးတကြီးခေါမိတာလည်းမှတ်မိတယ်..နောက်တော့ဘာမှစဥ◌်း စားလို့မရတော့.........
'ဟင်း...အခုအိမ်တောင်ပြန်ရောက်လာပြိဆိုတော့မောင်ဘဲခကိုပြန်ခေါလာတာနေမှာ....ဘာလို့ခကမောင်လိုခေါပြီးနောက်ပိုင်းစဥ◌်း စားလို့မရတော့တာလဲ...ကျစ်...'
'ဒါနဲ့..မောင်ရော......'
မောင်များအခန်းထဲမှာရှိလားဆိုတဲ့အသိနဲ့မောင့်နာမည်ကိုမိနစ်အနည်းငယ်မျှခေါခဲ့ပေမဲ့ထူးသံမကြားရ...
နောက်မျက်စိက ကုတင်ဘေးမှာရှိတဲ့စားပွဲခုံပေါကိုအကြည့်လွှဲမိသည်....
မောင်ကသူရောက်ပြိဆိုကားသေားရောအိမ်သော့ရောဒီပေါမှာတင်နေကြမဟုတ်လား....
အခုတော့ အိမ်သော့သာတွေ့ရပြီးကားသော့မတွေ့ရဘူးဆိုတည်းကခသိလိုက်ပြီ..မောင်အပြင်ကိုပြန်ထွက်သွားပြိဆိုတာ....
'ဟင်း..ထားပါ...မောင်ပြန်လာမှဘဲအကြောင်းစုံကိုမေးကြည့်ရတော့မယ်......'
နုံးချိနေပေမဲ့လည်း..အားမရှိတဲ့ကိုယ်ကိုအားတင်းကာအိပ်ယာပေါကထတော့ တခဏယိုင်ကျမတတ်ဖြစ်သွားသောခ...
မူးဝေနေတဲ့ခေါင်းကိုခဏလောက်အနားပေးလိုက်ပြီးဖြည်းဖြည်းချင်းပြန်ထကြည့်မှအဆင်ပြေပြိးမတ်တပ်ရပ်နိုင်တော့သည်...
ယိုင်နဲ့နဲ့နဲ့ဘဲ ရေချိုးခန်းစီဝင်ကာကိုယ်လက်သန့်စင်ဖို့လုပ်ရတော့တာပေါ့...
ခသာဖျားရင်မောင်ခကိုဂရုစိုက်နေရတာနဲ့ဘဲပင်ပန်းနေရမှာ...လူလန်းသွားအောင်ကိုယ်လက်သန့်စင်လိုက်တာကအကောင်းဆုံးဖြစ်မှာ...
သူဖျားနေတာတောင်သူ့ကိုယ်သူစိတ်မပူနိုင်ဘဲမောင့်အတွက်သာစိတ်ပူနေတတ်တဲ့ကောင်ငယ်လေးပါလေ....
ကိုယ်လက်သန့်ပြီးတာနဲ့ နွေးလောက်မဲ့ အဝတ်လေးတွေကောက်ဝတ်ရင်းအဖျားကျဆေးရောလို၇မယ်၇ဆေးတွေပါ တခါတည်းကောက်မော့လိုက်ရသည်...
နဂိုတည်းကအခါးကြောက်တော့ ဆေးကပါးစပ်ထဲရောက်ယုံရှိသေး ပျို့တက်ပြီးပြန်အန်ပြစ်ရတာက သုံးလေးကြိမ်မက...
ခ ညာမညာကတော့ ခုတင်ဘေးအမှိုက်ပုံးထဲမှာထွေးထုတ်ခြင်းခံခဲ့ရတဲ့ဆေးလုံးအရေအတွက်ကသက်သေပါလေ..
ခ..ဆေးသောက်မှမောင်ကခအတွက်စိတ်ရောကိုယ်ရောမပင်ပန်းမှာလို့ စိတ်ထဲအားတင်းကာသောက်တော့မှ မျိုကျတဲ့ဆေးလုံးတွေ....
ဆေးသောက်နေရင်းနဲ့မောင့်ကိုတောင်သတိ၇လိုက်သေးသည်...
မောင်ကသူဆေးသောက်၇မှာကြောက်လို့တခေါက်ကအနမ်းလေးပေးပြိးဆေးတိုက်ခဲ့ဘူးသေးသားဘဲ...
မောင့်အနမ်းတွေကအင်မတန်ကိုချိုလွန်းနေတာကြောင့်ဆေးခါးတွေတောင်မှအရသာရှိပြီးချိုလာသလို...
ဟင်း..အဲ့လိုသာမောင်ဆေးတိုက်မယ်ဆိုခ ခဏခဏဆေးခါးတွေသောက်ချင်ပါရဲ့မောင်ရေ...
'မောင်..ခချမ်းတယ်မောင်..မောင့်ရင်ခွင်နွေးနွေးထဲမောင့်ခါးကိုဖက်ပြီးအိပ်ချင်လို့ ......မောင်ဘယ်နေရာရောက်ရောက်ရောက်ရာအရပ်ကအမြန်ပြန်လာပေးပါမောင်ရေ...မောင့်ကိုခလွမ်းလွန်းလို့ပါ.......'
ငိုချင်ပေမဲ့ခမငိုနိုင်တော့ပါ..ဆေးအရှိန်ကြောင့်လူကအိပ်ငိုက်လာတာကြောင့်....
'ခဏလောက်တော့အိပ်မယ်နော်မောင်...ခအရမ်းအိပ်ချင်နေလို့..မောင့်ပြန်အလာကိုဒီနေ့တော့မစောင့်နိုင်တာ့ဘူး...'
ပြောပြောဆိုဆိုနဲ့ခရဲ့မျက်လုံးလေးတေမှေးဆင်းလာကာအိပ်စက်ခြင်းစီသို့........
--------------
ည၁၂း၃၈မိနစ်......
အခန်းတံခါးကိုခပ်ဖြည်းဖြည်းဖွင့်ကာ မောင်ဟာအခန်းထဲဝင်လာတော့သည်......
အခန်းထဲကိုဝေ့ဝဲကြည့်တော့ အိပ်ယာပေါမှာကိုယ်တစ်ခြမ်းစောင်းကာအိပ်ပျော်နေတဲ့ချစ်ရသူကိုတွေ့မှ ရှင်းလျှံတစ်ယာက်စိတ်ထဲကအပူလုံးကျသွားတော့သည်.....
တော်သေးတာပေါ့......ခရှိနေသေးလို့..နေ့လည်တုန်းကလိုခသူ့အနားကနေပျောက်မသွားလို့.....
ခကိုသေချာကြည့်မိတော့ သူအခန်းထဲခေါလာတုန်းအဝတ်တွေနဲ့မဟုတ်တော့...
ဟင်း..သေချာတယ်..ဒီပေါက်စနေမကောင်းရက်နဲ့အဝတ်ထလဲသေးတယ်ထင်ပါ့......
ခအနားကိုခြေသံခပ်ဖွဖွလှမ်းကာ အိပ်ယာပေါထထိုင်ချလိုက်ပြီးခကိုတစိမ့်စိမ့်ထိုင်ကြည့်နေမိသည်.....
'ခ....မင်းလေးဟာလေမောင့်ကိုအမျိုးမျိုးပြုစားနိုင်လွန်းတယ်.....'
ခကိုကြည့်နေရင်းနဲ့ ခရဲ့နှုတ်ခမ်းရဲလေးစီအကြည့်ရောက်သွားတော့ စိတ်မထိန်းနိုင်စွာ ခကိုနမ်းချင်လာသည်........
သို့သော် သူသတိကပ်လိုက်သည်...
ခနေမကောင်းလို့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကိုတော့မနိုးလာစေချင်ပါ.....
ဒါနဲ့ဘဲ ခပါးပြင်လေးကိုသာသာလေးအသဲယားစွာဖြစ်ညှစ်ရင်း ကုတင်ပေါကအထ ကျွန်တော့်ဖုန်းကို'တင်'ဆိုသောအသံနှင့်ဝင်လာသောmessage
ဖုန်းscreenကိုဖွင့်ကြည့်လိုက်တော့ အယုတ်တမာဆိုသောနာမည်နဲ့တက်လာသော ဓာတ်ပုံတချို့..
ပြေးကြည့်စရာကိုမလို..သူဘယ်သူလဲဆိုတာကျွန်တော်သိလိုက်ပြီ...
ဒီကောင်ဇေယျာဒီတစ်ခါရောဘာတွေကစားဦးမလို့လဲ...
စိတ်လိုလက်ရတချက်ပြုံးကာ သူပို့တာတွေကိုဂရုမစိုက်ဘဲdelectလုပ်ပြစ်ဖို့ လက်ကအရောက် ရုတ်တရက်ထပ်ဝင်လာပြန်တဲ့စာ...
သူပြောတာက
"ချစ်ညီလေး..မကြည့်ရင် နောင်တရမယ်နော်...အင်း..ကြည့်ဖြစ်ရင်လည်း....ထားပါ..ခငယ်လေးက အခုထက်ထိကိုချစ်ဖို့ကောင်းတုန်းဘဲ..အသဲယားစရာ...အဟက်......."
'တောက်...သူတောင်းစား...'
စိတ်တွေထူပူလာပြီးသူပို့လိုက်တာတွေကိုဖွင့်ကြည့်မိသည်.....
ကျွန်တော်အဲ့ပုံတွေကိုကြည့်ပြီးအသက်ပင်ရဲရဲမရှူရဲတော့...
'တောက်.....!!!'
ခြေလှမ်းကျယ်ကြီးတွေလှမ်းရင်းကျွန်တော့်ဦးတည်ရာက ကုတင်ပေါက နှစ်ချိုက်စွာအိပ်မောကျနေသောခစီသို့........
အနားရောက်တာနဲ့ခပ်ကြမ်းကြမ်းပင်သူ့ပုခုံးကိုလက်နှစ်ဖက်နဲ့ကိုင်ဆွဲကာလှုပ်ရမ်းမိသည်.......
'ခ...ခ...ထစမ်း..!!!'
'.........'
'ခ.....ထလို့ပြောနေတယ်နော်...ထစမ်းအခု...!!!'
နှစ်ချက်လောက်အပြင်းအထန်လှုပ်နှိုးလိုက်မှ မျက်လုံးမပွင့်တပွင့်နဲ့ပြူးကြောင်ကြောင်လဲကျွန်တော့်ကိုကြည့်လာပါသောခ......
ဆံပင်လေးတွေကလည်းထိုးထိုးထောင်ထောင်နဲ့......
မသိရင်သူ့ပုံစံလေးကပီဘိကလေးငယ်လေးတစ်ယောက်လို...အသဲယားစရာကောင်းလှသည်...သို့သော်...သူအခုခကိုမချစ်နိုင်ပါ..သူခကိုဒေါသထွက်နေတာဘဲသိသည်.........
'တောက်...!!!'
'မောင်..ပြန်ရောက်ပြီလား..??ခလည်းမှေးခနဲအိပ်ပျော်သွားတာ...မောင်ပြန်အလာကိုစောင့်ဖို့လုပ်ပေမဲ့မခံနိုင်တော့လို့အိပ်လိုက်တာပါနော်....မောင်...မောင်စိတ်မဆိုးပါနဲ့နော်....မောင်စိတ်ဆိုးနေရင်ခမနေတတ်လို့ပါ....'
ကိုယ့်အကျီလေးတွေကိုလက်ကလေးတွေနဲ့ဖိချေဆုပ်ကိုင်ရင်း တောင်းပန်သလိုလိုပြောလာပါသောခ...
သို့ပေမဲ့ ကျွန်တော့်ဒေါသတွေကသူ့ကိုတွေ့တိုင်းမထိန်းနိုင်ဘဲ ကျွန်တော့်အကျီပေါမှာရောက်နေတဲ့သူ့လက်တွေကိုခပ်ပြင်းပြင်းရိုက်ထုတ်လိုက်မိသည်....
'မောင့်.......'
'စောက်ရေးမပါတာ...လုပ်ချင်တိုင်းလုပ်ပြီးပြန်လာတော့ငါ့ကိုမြူဆွယ်ပြီးမခုတ်တတ်တဲ့ကြောင်လိုနေနေတာမင်းမရှက်ဘူးလားခ........!!'
ကျွန်တော်အော်ငေါက်ပြောလိုက်တော့နားမလည်သလိုကျွန်တော့်ကိုပြန်ငေးကြည့်လာပါသောခ...သူ့မျက်ဝန်းစမှာမျက်ရည်တွေကပ်ငြိနေတာသိပေမဲ့လည်းကျွန်တော်လျစ်လျူရှုမိသည်.......
'မောင်ဘာတွေပြောနေတာလဲ..??မောင်ဒေါသထွက်နေရင်လည်းခကိုဘာကြောင့်ဆိုတာတော့ပြောပြသင့်တယ်မလား..??'
'ဘာလဲ...??မင်းကမကျေနပ်တာလား...??'
'မောင်ကမတရားလိုက်တာ...'
'ဘာကွ...'
'ဟုတ်တယ်လေ...ခကြတော့မောင့်ကိုဒေါသထွက်ချင်တာတောင်ဒေါသထွက်လို့မရ..မောင့်ကိုချစ်တဲ့စိတ်ကဘဲဒေါသတွေကိုအနိုင်ယူသွားတော့..အင်း...ခဘယ်လိုမောင့်ကိုဒေါသထွက်ရတော့မှာလဲလို့...ဟိ.....'
'ခက်ခွန်းခ....!!!ငါအပြောင်အပျက်ပြောနေတာမဟုတ်ဘူးကွ.....'
နာမည်အပြည့်အစုံခေါလိုက်တော့ တုန်တက်သွားတဲ့ခန္ဓာကိုယ်လေး..နောက်ပြီးကြောက်လန့်တကြားနဲ့ကိုယ့်ကိုမော့ကြည့်လာပါသောမျက်ဝန်းတွေ...
'မောင်ခကိုအော်တယ်.....ခလို့တောင်မခေါတော့ဘူး...'
'ငါ့ကိုအပိုတွေဘာမှလာမပြောနဲ့...ငါမေးတာဖြေစမ်းပါဦး...မင်းနေ့လည်ကယောက်ျားဖြစ်တဲ့ငါတစ်ယောက်လုံးကိုရိုက်ကွင်းမှာပစ်သွားပြီးဘယ်အလေလိုက်နေတာလဲ..ဟမ်...!!'
'ဘယ်...ဘယ်မှမသွားပါဘူးမောင်ရယ်...ခစိတ်တွေရှုပ်လာလို့ အပြင်ခဏထွက်သွားလိုက်တာ...'
'အော်..စိတ်ရှုပ်လို့အပြင်ထွက်သွားတယ်ပေါ့..ထားပါ..အိမ်ပြန်လာတော့ဇေယျာဆိုတဲ့အကောင်လက်ထဲ..မဟုတ်ဘူး..သူ့ရဲ့ရင်ခွင်ထဲမှာအိပ်လျက်လေးပြန်လာရတော့ဘယ်လိုလဲ..မင်းစိတ်ညစ်နေရတာတွေပျောက်သွားရဲ့လား...ပျော်ရောပျော်ရဲ့လား...'
'ဟမ်...ခကိုအိမ်ပြန်ခေါလာတာမောင်မဟုတ်ဘူးလား...??'
'မင်းအခုမှဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့....ဘာလဲ...ငါ့နောက်မှာငါမသိအောင်ခိုးစားရတော့ အရသာရှိရဲ့လား...??'
'မောင့်..မဟုတ်တာတွေမပြောနဲ့....'
'အဟက်..မင်းကများပြောရဲတယ်..မဟုတ်တာတွေ...ဟုတ်လား...??မင်းစောက်လုံးသာကန်းမနေဘူးဆိုရင် အဲ့ဖုန်းကပုံတွေကိုကြည့်ပြီးငါ့ကိုတချက်လောက်ရှင်းစမ်းပါဦး...'
မောင်အိပ်ယာပေါပြစ်တင်လိုက်တဲ့ဖုန်းလေးကို ခကောက်ယူလိုက်ပြီး Screenမှာပေါနေတဲ့ပုံတွေကိုကြည့်ပြီးခအံ့ဩလွန်းလို့ပါးစပ်ကိုပါလက်ကလေးနဲ့အုပ်ရသည်အထိ...
'ဟမ်......'
'မောင်...ဒါ..ဒါတွေက...'
'ဘာလဲ...သက်သေနဲ့တကွငါပြနေတာကိုမင်းကအဲ့ပုံထဲကလူဟာမင်းမဟုတ်ပါဘူးလို့ငြင်းချင်သေးတာလား...!!'
'မဟုတ်ဘူး....ခဒါတွေမသိဘူး..ခသိတာက မောင်ခစီလာခဲ့တယ်မလား..ခအရှေ့ကိုမောင်ရောက်လာခဲ့တယ်လေ...ခမောင့်ကိုမော့ကြည့်တော့မောင်ကတောင်ခကိုပြုံးပြနေတာ...ခမှတ်မိတာက ခမောင့်ကိုဖက်လိုက်တယ်..နောက်..ဘာမှမသိတော့ဘူး..'
'မင်းပြောတိုင်းယုံရအောင်ငါက ဉာဏ်မရှိတဲ့ကောင်လား..စဥ◌် းစားလေ..ငါမင်းစီလာလဲမလာခဲ့သလိုဒီအိမ်ကိုတောင်အဲ့ကောင်မင်းကိုပြန်လာပို့သွားတာ....'
'မဟုတ်ဘူးမောင်..ဒါတွေကိုမောင့်စီဘယ်သူပို့လိုက်တာလဲ...'
'မင်းရဲ့လင်ငယ်ပို့လိုက်တာလို့ပြောရင်ငါရိုင်းရာကျသွားမလား..မတတ်နိုင်ဘူးလေ...ငါအမှန်တိုင်းပြောနေတာဘဲကို...မဟုတ်ဘူးလား......'
'ဟင့်အင်း..မောင်...မောင်ပြောနေတာအကိုဇေယျာမလား....မောင်..ခကိုကြည့်ပါဦး...သူမောင့်ကိုဘာတွေပြောထားတာလဲ...??သူကခနဲ့မောင့်ကိုသွေးခွဲချင်တာ..မောင်လဲသိတာဘဲ..သူပြောတာတွေမယုံပါနဲ့မောင်ရယ်....ဒါတွေက ခနဲ့မောင်ကိုကွဲသွားစေဖို့သူလုပ်ကြံထားတဲ့ဟာတွေ...ဟင့်....မောင်ခကိုယုံပေးပါ...'
'ငါမင်းကိုအကြိမ်ကြိမ်သူနဲ့ပတ်သက်ပြီးခွင့်လွှတ်ပေးခဲ့တယ်....နားလည်ပေးခဲ့တယ်...အဲ့ကောင်နဲ့ပတ်သက်လို့ငါမင်းကိုဆူမိတာတောင်မှ ငါ မင်းအတွက်စိတ်မကောင်းဖြစ်ခဲ့ပြီးမင်းဘက်ကသူနဲ့မပတ်သက်ပါဘူးဆိုတာကိုပြောလိုက်တာနဲ့ဘဲအရူးလိုငါမင်းကိုထပ်ယုံပေးခဲ့တယ်...ငါမင်းကိုအထင်တွေလွဲခဲ့တဲ့အတွက်လည်းတောင်းတောင်တောင်းပန်ခဲ့သေးတယ်..ခက်ခွန်းခ....အဲ့လိုလူ..ငါဆိုတဲ့ကောင်အတွက် နောက်ဆုံးငါပြန်ရလိုက်တာက မင်းစီကသစ္စာမဲ့မှု..ဟုတ်လား...အဲ့ကောင်အောက်မှာမင်းကိုယ်ကိုခစားခဲ့ရတာကိုတောင်လျစ်လျူရှုပြီးမင်းကိုလက်ထပ်ယူခဲ့တဲ့ငါ့အပေါမချစ်ဘူးဆိုရင်တောင်အားနာစိတ်ကလေးတော့ရှိသင့်တယ်မဟုတ်ဘူးလား...ဒါလားမင်းပြောတဲ့သစ္စာတရား...အဟက်..နောက်ဆုံးတော့လည်းငါကနဖားကြိုးထိုးခံလိုက်ရတာဘဲ...'
'မောင်ရယ်..ဟင့်..အင့်..အဲ့လိုမပြောပါနဲ့....ခပြောနေတာတွေကအမှန်ပါမောင်ရယ်...'
'ငါမင်းကိုသတ်ပစ်ချင်တယ်ခက်ခွန်းခ...ဒါပေမဲ့..ငါမလုပ်နိုင်ဘူးဖြစ်နေတယ်...အဲ့အတွက်ငါ့ကိုယ်ငါရင်နာတယ်...သေအောင်လည်းစိတ်ပျက်တယ်..အဲ့တာမင်းသိလား....??'
'မောင့်....'
မောင်ကပြောစရာရှိတာပြောပြီးတာနဲ့ခဘေးမှာထိုင်နေရာမှအခန်းပြင်ထွက်ဖို့လုပ်နေတဲ့မောင့်ကို ခလှမ်းတားလိုက်မိသည်..
မောင့်လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ရင်းမျက်ရည်တွေနဲ့ခမောင့်ကိုပြောခဲ့တယ်...
'မောင့်..ထွက်မသွားပါနဲ့..ခ..ခရှင်းပြပါရစေ....ခပြောတာကိုနားထောင်ပါဦး...'
'ဖယ်စမ်းပါ....ငါ့လက်ကိုအခုလွှတ်စမ်းခက်ခွန်းခ...'
'မောင်ခကိုစိတ်ဆိုးလား...ခကိုရိုက်ချင်ရိုက်ပါ...ခကိုမောင်ကြိုက်သလိုဆုံးမပါ..ဒါပေမဲ့ခကိုထားပြီးထွက်သွားဖို့တော့မလုပ်ပါနဲ့မောင်....ခတောင်းဆိုပါတယ်...'
'ငါမင်းအနားမှာမနေချင်ဘူး...'
'ဒါဆိုလည်းမောင်ဒီအခန်းထဲကထွက်သွားစရာမလိုပါဘူး...မောင်ဒိမှာနေ..ခထွက်သွားပေးမယ်...'
'မလိုဘူး...ငါclubသွားမှာ...'
'club...??'
'ဟုတ်တယ်...စော်တွေနဲ့သွားပျော်ဖို့...မင်းလိုလူနားနေနေမယ့်အစား...ငွေတွေပုံအောပြီးဒိတညတာကိုစောသုံးလေးပွေလောက်နဲ့ငါ့စိတ်ဖြေလို့ရတယ်...'
'စိတ်ဖြေမယ်....???မောင်ပြောတာက...'
'အေး..မင်းထင်ချင်သလိုထင်နိုင်တယ်..ငါ့ဘက်ကမင်းကိုဘာဖြေရှင်းချက်မှပေးစရာမလိုဘူး..'
မဟုတ်မှ..မောင်ကငါမဟုတ်တဲ့တခြားမိန်းမတွေနဲ့ အတူတူclubတက်ပြီး..နောက်ဆုံး..အိပ်.......
ဟင့်အင်း..အဲ့လိုမဖြစ်ရဘူးလေမောင်...ငါမောင့်ကိုဘယ်သူနဲ့မှဝေမျှမချစ်နိုင်ဘူး...
'မောင့်..ဟင့်..အဲ့လိုမလုပ်ပါနဲ့မောင်ရယ်...'
'ဘာလဲ..??အဲ့မိန်းမတွေစီသွားတာမကြိုက်လို့လား...မင်းက..??'
မောင်ကမေးတော့လည်းငါ့မှာလည်ပင်းကျိုးကျမတတ်ခေါင်းငြိမ့်မိသည်...
'အဟက်...မင်းမကြိုက်မှန်းသိလို့ကိုသွားတာ...ဖယ်စမ်း...'
'မဖယ်ဘူး..အင့်..ဟင့်..ခမောင့်လက်ကိုသာလွှတ်လိုက်ရင်မောင်သူတို့စီရောက်သွားမှာ...'
'ဒါဆိုရွေးချယ်စရာတစ်ခုရှိတယ်....ငါအဲ့မသွားဘူး..'
'အင်း....ပြောပါ...မောင်......မောင်သာအဲ့မသွားဘူးဆိုခမောင်ကြိုက်တာဘာမဆိုလုပ်ခွင့်ပြုတယ်....'
'ဟက်..ဆန္ဒတွေသိပ်မစောပါနဲ့ခက်ခွန်းခ..ငါဘာအပေးအယူလုပ်မလဲဆိုတာတောင်မပြောရသေးတာကို....'
'၇တယ်..ဟင့်...မောင်အဲ့မသွားရင်သာပြီးရော...'
'ကောင်းပြိလေ...မင်းဘက်ကလမ်းခင်းနေမှတော့ငါကလည်းဝေ့မနေတော့ဘူး...ငါအဲ့မသွားဘူး..ဒါပေမဲ့အဲ့အစားငါမင်းကိုလိုချင်တယ်...မင်းငါ့ကိုပေးမလား....'
တခဏတော့တွေဝေသွားကာခတစ်ယောက်စကားပင်ဟမလာတော့..ငူငူကြီးသာနံရံကိုငေးကြည့်နေတော့သည်...
'ဘာလဲ..မင်းကမင်းကောင်မဟုတ်တော့ငါ့ကိုမပေးချင်ဘူးပေါ့..ဒါဆိုလည်းရ.....အွန်း..........'
စကားတောင်ဆက်မပြောရသေးရုတ်တရက် ကျွန်တော့်နှုတ်ခမ်းပေါ ကျရောက်လာသောနှုတ်ခမ်းတစုံ....
ဘာလဲ..အခုက ခက ငါ့ကိုစနမ်းနေတာလား....??
အမြဲတမ်းသူကဘဲစနမ်းခဲ့တာအခုတော့ခကစနမ်းလာတော့ရင်ထဲမှာပျော်မိသည်ကအမှန်....
မနမ်းတတ်နမ်းတတ်နဲ့နှုတ်ခမ်းကိုစုပ်လိုက်နမ်းလိုက်လုပ်နေတဲ့ခကိုကြည့်ပြီးအရည်ပျော်သွားချင်တဲ့ကျွန်တော့်စိတ်တွေကိုမနဲထိန်းချုပ်ထားရသည်..
တကယ်ပါ..မင်းကငါ့ကိုတနည်းမဟုတ်တနည်းနဲ့ကိုပြုစားနေတော့တာပါဘဲ.....
အတွေးလွန်နေတုန်းကျွန်တော့်နှုတ်ခမ်းကနေဖယ်ခွာသွားတဲ့ခနှုတ်ခမ်းတွေ...
ဘဝင်မကျမိတာတော့အမှန်ဘဲ...ဘာလဲ..ပြီးသွားပြီလားနမ်းတာက...??
အဲ့လိုတွေးနေပေမဲ့လည်းတဖက်က ခဟိုသူတောင်းစားနဲ့အခုလိုလုပ်ခဲ့ရင်ရောဆိုတဲ့အသိကလည်းလူကိုဒေါသထွက်အောင်နှိုးဆော်နေပြန်သည်........
ခကိုတောင်မကြည့်ဘဲအကြည့်ကိုတဖက်လွှဲထားစဥ◌် ကျွန်တော့်အမြင်ရှေ့နေရာဝင်ယူရင်းကျွန်တော့်ရဲ့ အကျီအစနားလေးကိုလက်လေးနှစ်ဖက်နဲ့ဆုပ်ကိုင်ရင်းခေါင်းလေးငုံ့ကာ
'ခ....ခခွင့်ပြုပါတယ်....'တဲ့.........
သူသိတယ်..ဒီပေါက်စပါးစပ်ကသာအခုလိုပြောနေပေမဲ့ မျက်နှာတွေတပြင်လုံးနီရဲနေမယ်ဆိုတာ...
'ကောင်းပြီလေ...ဒါဆိုလဲ....'
ခကိုယ်ကိုအိပ်ယာပေါလှဲချလိုက်ရင်းသူ့အပေါကနေအုပ်မိုးကာနေမိသည်......
'ဘာလဲ...မျက်နှာလွှဲထားတယ်ဆိုတော့ မင်းကငါ့မျက်နှာကိုမကြည့်ချင်ဘူးလား...??'
'မ..မဟုတ်ပါဘူးမောင်....ဟို..ခ...ရှက်...ရှက်လို့ပါ.......'
'အဟက်......အဲ့တာတွေငါမသိဘူး..မင်းမကြည့်ချင်ရင်တောင်ငါ့ကိုဘဲကြည့်ရမယ်..ကြားလားခ..??....'
'ဟုတ်.........'
မောင်ရဲ့ရန်လိုမှုကြောင့်တခဏတွင်းမှာခရဲ့ညဝတ်အကျီတွေကိုယ်နဲ့ကင်းကွာခဲ့ရသည်....
နောက်ဆုံးမောင်ရောခရော အပေါဝတ်အကျီတွေပင်မရှိတော့..
ခနှုတ်ခမ်းကိုအနမ်းမပေးလာပေမဲ့ခရဲ့လစ်ဟာနေသော လည်ပင်း..ညှပ်ရိုးနဲ့..ရင်ဘတ်တလျှောက်ကိုတော့မောင်က မောင့်နှုတ်ခမ်းတွေနဲ့ပွတ်ဆွဲပြီးစုပ်လိုက်နမ်းလိုက်လုပ်သည်...တခါတခါများဆို သွေးများထွက်သည်အထိ..မောင့်သွားရာတွေပေါသည်အထိကိုက်တတ်သည်..
နာကြင်နေပေမဲ့ မောင်ငါ့အနားကထွက်သွားမှာစိုးတာကြောင့်အံကိုကြိတ်ကာခံခဲ့သည်.......
'အသံတောင်ထွက်မလာဘူးဆိုတော့ ငါကိုက်တာမနာဘူးလား......??'
'........'
'ဒိထက်နက်နက်လေးကိုက်ပေးရမလား.....ခက်ခွန်းခ...'
'ဟင့်..ဟင့်အင်း...နာတယ်မောင်...တကယ်နာတာ....'
'ဟား..ဟား..မင်းအဲ့လိုပြောတိုင်းငါကမင်းကိုသနားမယ်ထင်လား...'
'မဟုတ်ပါဘူး...အင့်..အဲ့လို..ဟင့်..မထင်ပါဘူးမောင်......'
'ကျစ်..ယောက်ျားဖြစ်ပြီးမျက်ရည်လွယ်လိုက်တာ..အဲ့လိုစောက်ခြောက်တွေကိုငါအရမ်းမုန်းတာဘဲ.....'
'မောင်..'
'မင်းအဲ့လိုမျက်ရည်တွေနဲ့ဘဲအဲ့ကောင်စီကခြူစားခဲ့တာမလား...'
'မဟုတ်ဘူး.....မပြောပါနဲ့တော့......မောင်...ခကိုအဲ့လိုမပြောပါနဲ့...ခချစ်တာ..ဟင့်..မောင့်တစ်ယောက်တည်းကိုပါ...'
'ဟုတ်ရင်လည်းဟုတ်မှာပေါ့..ဒါပေမဲ့မင်းအချစ်ကိုငါမယုံဘူးခက်ခွန်းခ...မင်းငါ့ကိုချစ်တယ်ဆိုတာကလည်းငါ့ငွေတွေကိုမက်လို့မလား...??နောက်ပြီးဟိုကောင်ကလည်းငါနဲ့ချမ်းသာမှုတွေကသိပ်မကွာတော့ မင်းလှေနံနှစ်ဖက်နင်းနေတာမလား.....'
'ဟင့်အင်း...ဟင့်အင်း..........ဟင့်.........'
နားနှစ်ဖက်ကိုလက်နဲ့ပိတ်ကာ သူမဟုတ်ပါဘူး...သူကအဲ့လိုလူမဟုတ်ဘူးဆိုပြီးအသဲအသန်ငြင်းနေတဲ့ကောင်လေးကိုကြည့်ပြီး မောင်တစ်ယောက်ခြောက်ကပ်ကပ်ရယ်မိသည်......
သူ့ကိုဒိညအရယူဖို့ကြံထားပေမဲ့လည်း သူစိတ်ကိုလျှော့လိုက်ပြီးထိုကောင်လေးအပေါကနေထလိုက်သည်.....
နောက်ကြမ်းပေါမှာကျနေသောသူ့ရဲ့အပေါဝတ်အကျီကိုကောက်စွတ်လိုက်ပြီး သူ့ကိုနောက်ကျောပေးကာထွက်သွားဖို့အလုပ် ကျွန်တော့်ခါးနောက်ကိုတင်းကြပ်စွာဖက်တွယ်လာသောသူ့လက်တွေ..
'ဒါဘာလုပ်တာလဲ..?ငါ့ကိုလွှတ်..'
'မောင်သူတို့စီမသွားပါနဲ့....ခတောင်းပန်ပါတယ်....ခကိုမောင်ကြိုက်သလိုပြောနော်..ခငြိမ်ခံပါမယ်..ရိုက်ချင်လည်းရိုက်ပါ...မောင့်အလိုကျခကိုပြုမူလို့ရပါတယ်မောင်...အဲ့မိန်းမတွေစီတော့မသွားပါနဲ့...'
'ကျစ်..ငါရေချိုးခန်းထဲသွားမလို့......'
'ဗျာ........'
'မင်းသေချင်နေရင်လည်းတခြားနည်းနဲ့သွားသေ...အခုလိုကိုယ်အပူချိန်နဲ့ငါမင်းကိုတက်လုပ်နေရင်းအသက်ထက်သွားမှ..ဟင်း...ငါထောင်ထဲတော့မဝင်နိုင်ဘူး...'
'ဟိုမောင်...မောင်အခန်းထဲမှာဘဲရှိနေပေးနော်..........'
'အဲ့တာငါ့သဘော..ငါလုပ်ချင်တာလုပ်မယ်...ငါအခုအရမ်းပင်ပန်းနေလို့ရေချိုးမလို့.........ဖယ်စမ်းလက်တွေ...'
'ဟုတ်.......'
'ငါ့ကိုဘာပြူးကြည့်နေတာလဲ..အိပ်မှာဆိုအိပ်...ငုတ်တုတ်လာထိုင်မနေနဲ့..'
'မောင်ရေချိုးဖို့ဆို..ခရေစပ်ပေး....'
'မလိုဘူး..ငါလုပ်တတ်တယ်....အေး..ငါပြန်လာလို့မင်းအိပ်မပျော်သေးရင် ငါတကယ်clubသွားမှာ...'
'အိပ်..အိပ်မှာ..အခုအိပ်ပြီ...'
မအိပ်ရင်clubသွားမယ်လို့ပြောလိုက်တော့ ချက်ချင်းပင်ခေါင်းလေးရောကိုယ်လေးပါ အိပ်ယာပေါဝုန်းခနဲလှဲချပြီးစောင်နဲ့ပတ်ကာကွေးကွေးလေးအိပ်နေပါသောအကောင်ပေါက်...
ဘယ်လိုဟာမှန်းလဲမသိဘူး..ဟင်း...
'ဟိုတစ်ယောက်..အပေါဝတ်ပြန်မဝတ်ဘဲအအေးပတ်ခံပြီးအိပ်မလို့လား...ရော့...အဲ့တာပြန်ဝတ်ပြီးမှအိပ်...'
'ဟုတ်...ဝတ်လိုက်ပြီမောင်..ဒိတစ်ခါတကယ်အိပ်ပြီ...မောင်ရေချိုးတာမကြာစေနဲ့နော်..အအေးမိမှာစိုးလို့.......'
'ဟင်း.......'
သက်ပြင်းတချက်ချကာ သူ့အနားကနေတတ်နိုင်သမျှခပ်မြန်မြန်ပင်ထွက်လာလိုက်သည်.....
ရေချိုးခန်းထဲရောက်မှ ကိုယ့်ပါးကိုကိုယ်ပြန်ရိုက်မိသည်..
တော်သေးတာပေါ့..သူသတိလက်လွတ်ခကိုလွန်လွန်ကြူးကြူးလုပ်မိတော့မလို့..
လည်ပင်းကိုနမ်းနေရင်းနဲ့တရိပ်ရိပ်တက်လာသောခကိုယ်ပူငွေ့ကြောင့်သူဘာမှဆက်မလုပ်တော့ဘဲအခုလိုရပ်လိုက်ခြင်း...
မဟုတ်ရင်...
'ကျစ်......ခရေ...မောင့်ကိုမလှည့်စားပါနဲ့ကွာ....မောင်မင်းကိုသေမလောက်အောင်ချစ်တယ်..'
'သူများပြောတာကြားဖူးတယ်မလား...အချစ်ကြီးတဲ့လူကအမြတ်ကြီးတယ်တဲ့..ဟုတ်တယ်..အဲ့အတိုင်းဘဲ..မောင်ကခကိုချစ်သလို..ခနဲ့ပတ်သက်လာရင်လည်းသူများနဲ့မတူဘူး..ဒေါသအရမ်းကြီးတယ်နော်ခ..ခအပေါကိုဒီထက်ပိုမုန်း၇အောင်မောင့်ကိုမလုပ်ပါနဲ့........မောင်ခကိုမစွန့်လွှတ်နိုင်ဘူး.......'
ရေချိုးပြီးတာနဲ့ရေချိုးခန်းထဲကအထွက် အိပ်ရာပေါမှာတင်ထားသောညအိပ်ဝတ်စုံလေးကိုကြည့်ပြီးမောင်ပြုံးမိသေးသည်...
ဒိလောက်နေမကောင်းတာတောင် မောင့်အတွက်အဝတ်ထထုတ်ပေးတုန်းလားခ....
ခထုတ်ပေးထားတဲ့အဝတ်တွေကိုလဲဝတ်ရင် ခဘေးနားလေးဝင်လှဲမိသည်...
တဖက်ကိုကြည့်မိတော့ချစ်ရသူခဟာခြေကားရားလက်ကားရားလေးနဲ့အိပ်လို့...စောင်တွေကတော့ ကန်ထုတ်ထားတာပေါ့...
ခြေရင်းမှာအပုံလိုက်ဖြစ်နေတဲ့စောင်တွေကိုအသေအချာပြန်ဆွဲယူပြီးသူ့ကိုခြုံပေးတော့ အင်း..အဲနဲ့လက်နဲ့ပုတ်ထုတ်ပြန်တယ်...
'ခ...မောင်စိတ်မရှည်တော့ဘူးနော်....'လို့အသံမာမာနဲ့အော်မိတော့မှ ငြိမ်ကျသွားတဲ့ခ....အဲ့တော့မှစောင်ခြုံခံတာ..
နောက်တော့ ခကိုရင်ခွင်ထဲထည့်ဖက်ရင်း ကျွန်တော်လည်းအိပ်ယာဝင်ခဲ့သည်........
-----------------
'မောင်ရေ...မောင်....'
......
'ဟင့်..မောင်..မောင်ထားမသွားနဲ့နော်..ဘယ်သွားတာလဲဟင်..အီး..ဟီး...'
ခအသံကြားတာကြောင့်အောက်ထပ်ကနေ အပြေးတက်လာမိသောကျွန်တော်..
အခန်းနားရောက်မှ အမောခဏဖြေရင်းခပ်ဖြေးဖြေးချင်းလမ်းလျှောက်လာမိသည်...
ခငိုသံကြားတာကြောင့်စိတ်ပူမိပေမဲ့ သူဟန်ဆောင်နေမိသည်..ခကိုအရေးမစိုက်သလိုပုံစံမျိုးနဲ့ပေါ့..
'အီး..ဟီး..မောင်.....'
'ခက်ခွန်းခ....အဲ့တာဘာဖြစ်နေတာလဲ..မနက်စောစောကျက်သရေမ၇ှိအောင်၇အိမ်ကြား၈အိမ်ကြားအော်ငိုနေတာ........'
'ဟင့်.....မောင့်...'
မောင်လို့ခေါပြီးကျွန်တော့်စီပြေးလာကာကျွန်တော့်ကိုယ်ကိုဖက်တွယ်လာပါသောခ...
'ဘာဖြစ်တာလဲအဲ့တာ....??'
'မောင်ထွက်သွားပြီထင်လို့..ဟင့်...အဲ့တာ..'
'အဲ့တာငိုစရာလား...??'
'ထွက်မသွားနဲ့နော်..မောင်..ခလိမ်မာပါ့မယ်...'
'မသိဘူး..'
'မောင်...ဒါနဲ့လေ..apronကြီးဝတ်ြီးဘာလုပ်နေတာလဲဟင်...'
'အောက်မှာချက်နေတာ...မင်းစားဖို့..'
'ဟမ်..ခအတွက်...??'
'အင်း...ငါကလူမမာကိုသူစားဖို့ဟင်းတွေထမင်းတွေထချက်ခိုင်းရတဲ့အထိတော့မယုတ်မာသေးပါဘူး..'
'ဒါနဲ့..မောင်ကချက်တတ်လို့လား..'
'ချက်တာများ..ဘာခက်လို့လဲ...??ဆီသာရှိရင်ကြော်ကြော်ချက်ချက်အားလုံးလုပ်ရတာဘဲ...'
'အော်.....မောင်ချက်တာတခါမှ ခမမြင်ဘူးလို့....ဟိုလေ..မောင်အနံ့..အနံ့ရသလိုဘဲ..'
'အင်း..ငါလည်းရတယ်...'
'မောင်အိုးတွေဘာတွေမီးဖိုပေါတည်ထားသေးလား...??'
'အိုး..မတည်.........အား....'
'ဟမ်....ဘာဖြစ်တာလဲမောင်....??'
'အိုး...အကြော်အိုးတင်ထားတာ.....သွားပြီ....'
'အဲ့တာဆိုတူးကုန်ပြိလားမသိဘူး...'
'ဟုတ်လား...အနံ့ကဒါဆိုအဲ့ကလာနေတာပေါ့..သွားပါပြီ....'
'ဟင်း..မောင်ကတော့လေ...'
မောင့်အဖြစ်ကရယ်တော့ရယ်ရသား...ကျွန်တော့်ယောက်ျားကအိမ်အလုပ်မပြောနဲ့ဖုန်တောင်တစ်ချက်မသုတ်ဖူးတဲ့မောင်ကအခုမှapronကြိးတကားကားနဲ့ခအတွက်ချက်ပြုတ်နေတာတဲ့..အခုလည်းအဲ့အိုးက..ဟီး...တူးနေပြိလေ..အနံ့လေးလှိုင်နေတာကသက်သေ...
မောင့်ကိုရယ်ချင်နေပေမဲ့မရယ်တော့ပါ...တော်ကြာမောင်စိတ်မကောင်းဖြစ်နေမှဖြင့်..
မောင်ပြေးသွားရာအောက်ထပ်ကိုဘဲခလည်းမောင်နဲ့တူတူလိုက်ဆင်းလိုက်သည်..
မီးဖိုထဲရောက်တော့ တွေ့လိုက်ရတာက ကျွန်တော်ဆွံတောင်အသွားရသည်...
'မောင်..နံရံပေါကမဲမဲကြီးတွေကဘာတွေလဲဟင်..??'
ဟိုတကွက်ဒိတကွက်နဲ့ကြွေပြားနံရံပေါကပ်တင်နေတဲ့မဲမဲအရာကြီးတွေကိုခငေးကြည့်ရင်းတအံ့တဩမေးမိသည်..
မောင်ကလည်းခေါင်းလေးတကုတ်ကုတ်နဲ့သေချာရှင်းပြရှာပါတယ်..
'ဟိုလေ...ဟို..ovenထဲမှာ မုန့်ဖုတ်ထားတာ..အဲ့ပေါင်မုတ်တွေက အထဲမှာတထုတ်ထုတ်နဲ့အသံကြားတာကြောင့်ovenတံခါးဖွင့်ပြီးကြည့်ကြည့်တာ....အဲ့တာလေ...တဖောင်းဖောင်းနဲ့အထဲကနေပြန်ကန်ထွက်လာတာ..တော်သေးတာပေါ့မျက်နှာစင်တော့မလို့..အဲ့တာကြောင့်ဟောဒီမှာတွေ့လား..ဟောဒီ့ ကflying panနဲ့tennis ရိုက်သလိုရိုက်ချပစ်လိုက်တာ...ဟဲ..ဟဲ..အဲ့တာလေ..မျက်နှာကိုမမှန်ပေမဲ့..နံရံပေါစင်ကုန်တာ...မုန့်ကဖုတ်တုန်းကတော့အကောင်းပါ...ဘာတွေဖြစ်လို့အခုလိုဖြစ်သွားတာလဲမသိဘူး..စက်များပျက်နေတာလားမသိဘူး...'
ပြောလည်းပြောလက်ကလည်း ovenပေါတဖုန်းဖုန်းထုနေတာကြောင့်ခမှာဝင်တားရပြန်သည်...
'မောင်...သိပြီ..သိပြီ...ဟင်း..ခကိုပြောပါဦး...မောင်မုန့်ထဲကိုဘာတွေထည့်လိုက်တုန်း..'
'ဒီပုလင်းလေး...??sodaဆိုလား..'
'မောင်..အဲ့ဘူးကအပြည့်ရှိတာလေ..မောင်မဟုတ်မှတစ်ပုလင်းလုံထည့်ပလိုက်တာလား...??'
'အဲ..ဘဘ်လောက်ထည့်ရမှန်းမသိလို့စမ်းထည့်ရင်းလက်လွန်သွားပြီးအကုန်နီးပါဖြစ်သွားတာ..ကြည့်လိုက်တော့ဘူးထဲမှာဖင်ကပ်လောက်ဘဲကျန်တာကြောင့်အကုန်လောင်းထည့်လိုက်တာ....'
'ဟူး....အဲ့တာကြောင့်ကို...ဟင်း......'
'မလုပ်တတ်တာမဟုတ်ဘူးနော်..အဲ့စက်ကကြောင်နေတာ...'
'အင်းပါ..အင်းပါ...ခမောင်ကအတော်ဆုံး...ဒါပေမဲ့အခုတော့ခဏထိုင်ဦး..ခပေပွနေတဲ့ဟာတွေရှင်းဦးမယ်...'
'၇တယ်...ပြီးမှ တစ်ယောက်လောက်ခေါရှင်းခိုင်းလိုက်မယ်...'
'ဟင်း...အင်းပါ...မောင့်သဘော...ဒါနဲ့လေမောင်...'
'အင်း...'
'ဟိုဒယ်အိုးထဲကဟာလေးတွေကရော...ပြားပြားလေးတွေလေ...အဲ့တာက..'
'donut...'
'အမ်....donut..??ဟို..ဝိုင်းဝိုင်လေးတွေဖြစ်ရမှာမဟုတ်ဘူးလား...ဟင်မောင်...'
'စောနကပုလင်းထဲကဟာတွေထည့်လိုက်သေးတယ်..နောက်ပြီး...yeastဆိုတာရောဘဲ..ဂျုံကိုလည်းဖုန်းကပြထားတဲ့အတိုင်းသေချာနယ်နေတာဘဲ..နောက်ဆုံးအဲ့ဂျုံကလက်ထဲမှာတောင်ကိုင်မရအောင်ပျော့လာတာ...အမျိုးအစားမကောင်းတာလားမသိ..အဲ့တာကြောင့်မှန်းချက်နဲ့နှမ်းထွက်မကိုက်တာ..ခ..နောက်ဆိုအဲ့လိုအပေါစားတွေမဝယ်နဲ့..ကြားလား...'
အမလေးမောင်ရယ်...sodaတွေထည့်..yeastတွေထည့်မှတော့ ဂျုံကပြဲပြိပေါ့လို့..ဟ..ဟ..မောင်ကတော့လေ..သူလုပ်တာလဲမှားသေးတယ်...မုန့်တွေကိုအပြစ်တင်နေပြန်ပြီ...
မနေနိုင်မထိုင်နိုင်ဘဲခွီကနဲရယ်မိတော့မောင်ကပြူးတူးကြောင်တောင်လေးကြည့်လာပြန်သည်...
'ဘာလဲ..??အထင်သေးတာလား...မောင့်ကို...??'
'ဟုတ်ပါဘူး...မောင့်ဒိုးပြားတူးလေးကအရသာရှိမယ့်ပုံလေးလို့တွေးမိလို့ပါ..ဟား..ဟား...'
'ခ.............'
'ဟီး...ရယ်ဘူး...ဟား..ဟား...'
နောက်ဆုံးတွေ မောင့်လက်ချက်ကြောင့်ရှုပ်ပွနေတဲ့မီးဖိုထဲကနေမောင့်ကိုအတင်းထွက်ခိုင်းလိုက်ရပြီး ကိုယ်တိုင်သာမီးဖိုချောင်ထဲဝင်လိုက်၇တော့..
ခတို့နှစ်ယောက်အတွက်ဒီနေ့ရဲ့မနက်စာကတော့ ခေါက်ဆွဲပြုတ်လေးပေါ့...
မောင်နဲ့တူတူ မျက်နှာချင်းဆိုင်ပြီးခေါက်ဆွဲပြုတ်လေးစားရတာက တကယ်ကိုအရသာရှိတာ..အဲ့တာကလည်း အရသာရှိလွန်းလှတဲ့ခေါက်ဆွဲကိုစားနေရတာကြောင့်မဟုတ်ဘူး..မောင်အနားမှာရှိနေတိုင်းဆားရေသောက်ရရင်တောင်ငန််မနေဘဲခအတွက်တော့ပျားရည်သောက်ရသလိုချိုမြိန်ရင်ချိုမြိန်နေမှာပါမောင်..
စားသောက်ထားတာတွေကိုခသိမ်းဆည်းနေတုန်းမောင်ကဖုန်းလာလို့အရှေ့ဖက်ကိုထွက်သွားလေရဲ့..
မောင့်အနားမှာဘဲနေချင်တာကြောင့်ဆေးစရာရှိတာတွေမြန်မြန်ဆေးကြောရင်း အိမ်ရှေ့ခန်းကိုခထွက်လာခဲ့လိုက်သည်...
မောင်ထိုင်နေတဲ့sofaခုံဘေးနားအသာလာထိုင်တော့မောင်ကခကိုတချက်ကြည့်ပြီးလက်ထဲကဖုန်းဆီသာအာရုံပြန်ရောက်သွားသည်....
မောင့်attensionကိုလိုချင်တာကြောင့်ဘာရယ်မဟုတ်မောင့်အနားကပ်ရင်းစကားတွေပြောနေမိသည်...
'မောင်....ဘာတွေကြည့်နေတာလဲ...??'
'စာပို့နေတာလေမမြင်ဘူးလား..??'
'ဘယ်သူ့စီကိုလဲ....မောင်...??ခသိခွင့်ရှိမလား....??'
'ဘယ်သူ့စီရှိရမှာလဲ..မစီကိုပေါ့.....'
'မ.....???သူက...'
'ညနေကြရင်မလာလိမ့်မယ်ခ..အဲ့ကြရင်မင်းတွေ့ရမှာပေါ့..'
ဟန်မပျက်မောင်ကဖုန်းသုံးနေပေမဲ့ ခမှာတော့ ရင်ထဲမှာပူလောင်နေတယ်မောင်........
ဘာဖြစ်လို့လဲဟင်...
မောင့်ဘေးမှာအပြုံးမပျက်ထိုင်နေပေမဲ့ ခရင်ထဲမှာတော့....မငြိမ်းချမ်းနိုင်ပါ.....
To be continued
---------------------------------------
Zawgyi
ေမာင္ရယ္..........
ေမာင္ဘာလို႔ခအေပါအခုလိုထိလုပ္ရက္ရတာလဲဟင္......
ေမာင္သိပ္ရက္စက္တယ္သိလား....ဟင့္...
ငိုခ်င္စိတ္ကိုမထိန္းနိုင္ေတာ့တဲ့ခတစ္ေယာက္ တအိအိရွိုက္ငိုရင္း လူအုပ္ၾကားကေန တိုးထြက္လာခဲ့သည္.....
'ဟင့္...အင့္....ေမာင္မေကာင္းဘူး....အီး...ဟီး.....'
ေမာင့္ကိုေတာင္မေစာင့္ေတာ့ဘဲခတစ္ေယာက္တည္းဘဲဒီေနရာကေနထြက္လာခဲ့ဖို႔ဆုံးျဖတ္လိုက္သည္....
အခုခ်ိန္မွာခစိတ္ေတြအရမ္းမြန္းၾကပ္ေနတယ္.....ေမာင္နဲ႔လည္းမေတြ႕ခ်င္သလိုမ်က္ႏွာခ်င္းလည္းမဆိုင္ခ်င္ဘူး....
ေမာင္နဲ႔ေတြ႕တဲ့အခါမွာခအဲ့မိန္းမနဲ႔ပတ္သက္တာေတြေမးခ်င္ေပမဲ့ ေမာင့္ဘက္ကခေၾကာက္ေနရတဲ့ ေတြးပူေနရတဲ့အေျဖကိုမ်ားေမာင္မ်ားေပးလိုက္ရင္ဆိုတဲ့အေတြးကတင္ခကိုေျခာက္လွန႔္ဖို႔လုံေလာက္ေနပါၿပီေမာင္ရယ္...
ရိုးရိုးသတ္လည္းေမာင့္အတြက္ဆိုခကေသေပးနိုင္ပါတယ္ေမာင္ရယ္..ဒါကိုေတာင္....ေမာင္က..ေမာင္က..အခုလိုႀကီး....
ခအခုမွသတိရတာ...တစ္ေခါက္ကေမာင္ေခါင္းထိလို႔ေဆး႐ုံေရာက္တုန္းက ေမာင္နဲ႔တူတူအခန္းထဲမွာရွိေနခဲ့တဲ့မိန္းကေလးကလဲသူဘဲမလား..
ေမာင္ေျပာေတာ့ ေမာင္နဲ႔သူနဲ႔ကသေဘာရိုးပါဆို.....သူကတက္သစ္စမင္းသမီးမို႔ေမာင္က ေဘးကေနကူညီေပးတာပါဆို...အခုေတာ့ အဲ့မိန္းကေလးက ေမာင့္ရဲ့စပြန္ဆာတဲ့လားဗ်ာ....ဘာေတြလဲေမာင္ရယ္....ခေမာင့္ကိုနားမလည္ေတာ့ဘူး...
ေမာင္ထားရာေနေစရာသြားခဲ့တဲ့ခကိုမွေမာင့္မို႔လို႔ခုလိုလုပ္ရက္တယ္ေနာ္....နာၾကင္တယ္သိလားေမာင္....အသဲခိုက္မတတ္ဘဲ...နာၾကင္လြန္းလို႔ေဟာဒီ့ ခရင္ဘတ္ထဲကေမာင့္ကိုခ်စ္ခဲ့တဲ့ခရဲ့ႏွလုံးသားတစ္စုံကိုဓားနဲ႔ခြဲၿပီးထုတ္ပစ္လိုက္ခ်င္ရဲ့....အင့္..ဟင့္...
ခေမာင္နဲ႔မေတြ႕ခ်င္ဘူး....ေမာင္နဲ႔ရင္မဆိုင္ရဲေသးဘူး...ဟင့္....
ဘုရားသခင္ရယ္..ငယ္ငယ္ထဲကေနအခုခ်ိန္ထိ နာၾကင္မႈေတြနဲ႔ကၽြန္ေတာ္ေနသားက်ေနတာမွန္ေပမဲ့ဘာေၾကာင့္ကၽြန္ေတာ့္ဘဝေလးကိုေအးေအးခ်မ္းခ်မ္းျဖတ္သန္းဖို႔ခြင့္မျပဳရတာလဲဗ်ာ...
ေလာကဓံကေပးတဲ့နာၾကင္မႈေတြေၾကာင့္ ကၽြန္ေတာ့္မွာအခုေတာင္အသက္ကိုရဲရဲမရႉရဲေတာ့ဘူး...
ကၽြန္ေတာ္ဟာလည္းအေသြးနဲ႔အသားနဲ႔တည္ေဆာက္ထားတဲ့လူသားတစ္ဦးပါဗ်...နာၾကင္ရမွာလည္းေၾကာက္တယ္..ဒါကိုဘုရားသခင္မ်ားေမ့ေလ်ာ့ေနတာမ်ားလားေနာ္........
တေပါက္ေပါက္နဲ႔က်ဆင္းလာတဲ့မ်က္ရည္စက္ေတြကို ခ မသုတ္မိပါ...
ဘာလို႔ဆိုအခုခ်ိန္မွာခအတြက္ဒီမ်က္ရည္စက္ေတြကအေကာင္းဆုံးေသာအေဖာ္ေတြေလ......
လမ္းမထက္ဝယ္ တကိုယ္တည္းဦးတည္ရာမဲ့လမ္းေလၽွာက္ေနခ်ိန္မွာဘဲ ႐ုတ္တရက္ အုံးမွိုင္းလာတဲ့မိုးတိမ္ေတြ..မၾကာပါကၽြန္ေတာ့္အေပါတစက္ခ်င္းစီက်လာတဲ့မိုးေရစက္ေတြ.......
တျဖည္းျဖည္းနဲ႔မိုးကသဲသထက္သဲလာေလသည္.....
မိုးအရမ္းရြာလာေတာ့ထီးဖြင့္ေစာင့္ဖို႔ထီးရွာမိေပမဲ့ထီးကေတာ့ပါမလာခဲ့ပါ...
တကယ္ပါ..သူအဲ့ကထြက္လာတုန္းက သူ႔ရဲ့ဖုန္း..ပိုက္ဆံအိတ္လည္းသူယူလာဖို႔သတိမရခဲ့ပါ.....ထီးဆိုတာကေတာ့....ဟင္း...
'ေအာ္..ငါ့ဘဝႀကီးကလည္း..ဟား..ဟား...ရယ္စရာေကာင္းလိုက္တာေနာ္..ဒါေၾကာင့္ေျပာတာထင္တယ္...ကံဆိုးမသြားရာမိုးလိုက္လို႔ရြာတဲ့..ဟက္.....ဟား..ဟား....ေမာင္ေရ...ခကတကယ္ unluckyဘဲသိလား..အဟက္...ေမာင့္ေၾကာင့္အသဲကြဲေနရလို႔ စိတ္အလိုအရ တစ္ေယာက္တည္းထြက္လာခဲ့ကာမွ အခုလည္းရာသီဥတုကငါ့ဘက္မွာေတာင္မရွိဘူး....ငါ့ကိုအားေပးေဖးေပးမဲ့လူတစ္ေယာက္ရွိဖို႔ေနေနသာသာေလာကႀကီးကပါငါ့ကိုမ်က္ကြယ္ျပဳေနၿပီ...ဟား..ဟား..မိုးေရထဲမွာငါကအခုႂကြက္စုတ္တစ္ေယာက္လိုေတာင္ျဖစ္ေနၿပီ....ႂကြက္စုတ္ကေတာင္ငါ့ထက္တန္ဖိုးရွိခ်င္ရွိဦးမွာသိလားေမာင္..အီး..ဟီး...'
ရြာေနတဲ့မိုးေရစက္ေတြနဲ႔အတူ ကၽြန္ေတာ့္မ်က္ႏွာမွာလည္း မ်က္ရည္စက္ေတြၿဖိဳင္ၿဖိဳင္က်ေနခဲ့ပါသည္..
'ေမာင့္ကိုခ်စ္ရတာကလည္းပင္ပန္းလိုက္တာ...
လူတစ္ေယာက္ကိုခ်စ္ရတာအဲ့ေလာက္စိတ္ပင္ပန္းရမွန္းခသိခဲ့ရင္ ခေမာင့္ကိုခ်စ္ခဲ့မိမွာေတာင္မဟုတ္ဘူး....
အခုေတာ့..အရာအားလုံးက...ေနာက္က်သြားခဲ့ၿပီမဟုတ္လား...'
မိုးေရေတြေအာက္မွာအခ်ိန္ေတာ္ၾကာလမ္းေလၽွာက္ခဲ့တဲ့ကၽြန္ေတာ္ ထပ္ၿပီးလမ္းေလၽွာက္ဖို႔လည္းခြန္အားေတြမရွိေတာ့ပါ....
တကိုယ္လုံးတုန္ရီေနၿပီးေမးေတြပင္တဆတ္ဆတ္ရိုက္ခတ္ေနတာေၾကာင့္ခအျမန္ဘဲအနားမွာရွိတဲ့အေဆာက္အဦးေအာက္ခဏတာဝင္၍ မိုးခိုမိသည္........
'ခ်မ္းလိုက္တာေမာင္ရယ္....ဟင္း..ခ်မ္းတယ္.....'
ခ်မ္းလြန္းလို႔ေထာင့္ဘက္တစ္ေနရာမွာဒူးႏွစ္ဖက္ကိုလက္နဲ႔ပိုက္ကာေစာင့္ေၾကာင့္ထိုင္ေနစဥ◌္ ခအေရွ႕ကိုလာရပ္တဲ့ေျခတစ္စုံ...
'ေမာင္...???'
'ခက္ခြန္းခ.....'
--------------------
'ေတာက္.....အခုခ်ိန္ထိဘယ္ေတြသြားေနလို႔အိမ္ျပန္မလာရတာလဲ....??ဖုန္းေတြပိုက္ဆံအိတ္ေတြလည္းတစ္ခုမွမယူသြားဘူး....လူကိုစိတ္မပူပူေအာင္.....ေတာက္....ဒါသက္သက္မဲ့ငါ့ကိုစိတ္တိုေအာင္လုပ္ေနတာလားခ...'
အိမ္ထဲမွာ ေတာင္ေလၽွာက္ေျမာက္ေလၽွာက္နဲ႔ထိုင္မရထမရျဖစ္ေနေသာေမာင္ဟာေတာက္တေခါက္ေခါက္နဲ႔ခကိုျပစ္တင္ေျပာဆိုေနျခင္းပင္...
'ရွိုင္း....အဆင္ေျပရဲ့လား...??'
အနားကို႐ုတ္တရက္ေရာက္လာကာေမာင့္ပုခုံးကိုေနာက္ကေနခပ္ဖြဖြပုတ္ကာႏွစ္သိမ့္သလိုသေဘာနဲ႔ဆိုလာတဲ့မမထိပ္ထား....
'မ......'
'ရွိုင္းအဆင္ေျပရဲ့လား....??ဘယ္သူ႔ကိုေဒါသထြက္ေနတာလဲ..??ရွိုင္းရယ္..ရွိုင္းပင္ပန္းေနပါဦးမယ္....'
'မ...ရတယ္..ဒီလိုပါဘဲ...အိမ္ျပန္လာရမဲ့သူကအခုခ်ိန္ထိအိမ္ျပန္မလာေသးလို႔...အျမဲသူသြားစရာရွိတယ္ဆိုရင္ေတာင္ ကၽြန္ေတာ့္ကိုေျပာၿပီးမွသြားေနၾက..အခုကဘာမေျပာညာမေျပာနဲ႔ကၽြန္ေတာ့္ကိုထားၿပီးထြက္သြားတာ....ေတာက္...စိတ္တိုလိုက္တာ..စိတ္တိုတာထက္..ခံျပင္းေနတာမ.......'
'ရွိုင္းရယ္...အင္း..ၾကည့္ရတာအဲ့တစ္ေယာက္ကရွိုင္းအတြက္ေတာ္ေတာ္အေရးပါမဲ့ပုံဘဲေနာ္....'
'အင္း...သူကကၽြန္ေတာ့္ဘဝရဲ့အေရးႀကီးဆုံးေသာအစိတ္အပိုင္းေလ...'
'ဟမ္......'
ရွိုင္းဆိုလိုက္တဲ့စကားတစ္ခြန္းေၾကာင့္ထိပ္ထားမ်က္ႏွာတစ္ခ်က္ပ်က္သြားေပမဲ့အတတ္နိုင္ဆုံးထိန္းကာရယ္ရယ္ေမာေမာဘဲ
'ဒါဆိုမကေရာရွိုင္း..???'
'ဗ်ာ...'
'မကေရာလို႔....ရွိုင္းအတြက္ဘယ္လိုအဓိပၸာယ္မ်ိဳးလဲလို႔...??အဲ့တာေမးတာကိုကြာရွိုင္းကလဲ...'
'ဟို...မ...မက........'
မအေမးကိုေျဖရခက္ေနခ်ိန္မွာဘဲ ၿခံေရွ႕ကိုထိုးရပ္လိုက္တဲ့ကားသံကိုၾကားလိုက္ရၿပီးတဆက္တည္းမွာဘဲမမေမဖူးရဲ့ေအ္ေခါသံကိုၾကားလိုက္ရတာေၾကာင့္ ေမာင္တစ္ေယာက္ဂ်င္းထဲက်ပ္ထဲေရာက္ေနရတဲ့အခ်ိန္ကေနတခဏတာလြတ္ေျမာက္ခြင့္ရခဲ့ေတာ့သည္....
'ေမာင္ေလးေရ..ေမာင္ေလး...'
'ရွိင္း...အျပင္မွာ..'
'အာ..အဲ့တာကၽြန္ေတာ့္အမေလ...ခဏေလးေနာ္မ....'
'အင္း....'
ထိပ္ထားအေရွ႕ကေနေမာင္ထြက္လာလိုက္ၿပီးမမေမဖူးအသံၾကားရာၿခံထဲကိုခပ္ျမန္ျမန္ဘဲေျပးလာလိုက္သည္....
'မမ....ညႀကီးမိုးခ်ဳပ္..ဘယ္လိုျဖစ္လို႔ေရာက္ခ်လာတာလဲ....ေမြးခါနီးဖြားခါနီးႀကီးကိုအခုခ်ိန္ထိအိမ္မွာမနဘဲေလၽွာက္သြားတုန္းလား....မမနဲ႔ေတာ့ခက္ၿပီဗ်ာ...'
'ဟဲ့အေကာင္..ခက္တာကငါမဟုတ္ဘူး..နင္ဟဲ့နင္...နင္ဘာေတြျဖစ္ေနတာလဲ....??'
'ကၽြန္ေတာ္..??'
'ေအး...'
'ကၽြန္ေတာ္ကဘာျဖစ္ရမွာလဲဗ်ာ..မမကေတာ့....'
'ငါ့ေယာင္းမေလးေရာ...သူဘယ္မလဲ...??'
'အဲ့တာေျပာမလို႔..ခကဒီေန႔...'
'နင္သူ႔ကိုယူထားၿပီးဂ႐ုမစိုက္ဘူးလား..ဟမ္...ရွိုင္းေလး...'
'မမရာ..ဘာလို႔ကၽြန္ေတာ္ကဂ႐ုမစိုက္ရမွာလဲ....??'
'ဟဲ့....ဂ႐ုစိုက္တယ္ဆိုလဲငါ့ေယာင္းမေလးမိုးေရေတြထဲေလၽွာက္သြားၿပီးသတိလစ္ရတဲ့အထိျဖစ္ေအာင္နင္ကျပစ္ထားရလားအေကာင္ရဲ့...ဟမ္..'
'ဗ်ာ...မမဘာေတြေျပာေနတာလဲ....??မမခကိုေတြ႕လို႔လား..??သူဘယ္မွာလဲ...??ကၽြန္ေတာ္သူ႔ကိုလိုက္ရွာတာႏွံ့ေနၿပီ...သူကၽြန္ေတာ့္ကိုဘာမွမေျပာဘဲကၽြန္ေတာ္ရိုက္ကူးေရးလုပ္ေနတုန္းမေျပာမဆိုနဲ႔ထားခဲ့တာ...ဖုန္းလည္းမယူသြားဘူး..မမေျပာပါဦး...သူဘယ္မွာလဲ...??ဟမ္....ဟမ္...'
'ရွိုင္းေလး..ဟင္း...နင္တို႔ကေတာ့ေလ..ထားေတာ့ဒိတစ္ေခါက္ေတာ့မမဘာမွမေျပာေတာ့ဘူး..မင္းတို႔ခ်င္းျပႆနာျဖစ္တယ္ဆိုရင္ေတာင္ေျပေျပလည္လည္ေျဖရွင္းၾက...အခုလိုငါ့ေယာင္းမေလး စိတ္ဆိုးဆိုးနဲ႔ထြက္သြားတာမ်ိဳးေနာက္ဘယ္ေတာ့မွမျဖစ္ေစနဲ႔...'
'ကၽြန္ေတာ္တို႔တကယ္ဘဲဘာမွမျဖစ္ခဲ့ပါဘူး...'
'အဲ့တာေတာ့မမလည္းမသိဘူး..'
'မမ..ခေရာ..ေျပာပါဦး..ကၽြန္ေတာ္ခကိုသြားရွာမလို႔...'
'အခုမွ..ငါေခါက္လိုက္ရ...ဟင္း...'
'မမကလည္း...'
'ဘာမမကလဲလည္း...'
'ကၽြန္ေတာ္ကစိတ္ပူလို႔ဟာကိုဗ်ာ...'
'ဟင္း..ထားေတာ့...ကိုေရ...ကားေပါကဆင္းခဲ့ေတာ့...'
'ဒါ..ဒါက.......'
မေမမဖူးရဲ့ေအာ္ေခါသံအဆုံး၌ကားေပါကေနဆင္းလာသူ ကၽြန္ေတာ္အမုန္းဆုံးလူ.......
ေနာက္ေတာ့ ကၽြန္ေတာ္ခ်စ္ရပါေသာခကိုပါထိုသူ႔ရင္ခြင္ထဲမွာေတြ႕လိုက္ရသည္.....
အဲ့အခ်ိန္ ကၽြန္ေတာ္ေလ......ကၽြန္ေတာ့္ကိုယ္ကိုယိုင္လဲမသြားေအာင္မနဲကိုစိတ္ကိုထိန္းထားရသည္...
မမေမဖူးသာအခုဒီေနရာမွာမရွိဘူးဆိုရင္ ကၽြန္ေတာ္အဲ့ေကာင္ကိုသာဆြဲထိုးၿပီးဒီေနရာမွာဘဲသတ္ပစ္လိုက္ခ်င္တယ္...
ခ.......ေမာင့္ရင္ကိုခြဲေနတာလား...ဟမ္...ေမာင္မုန္းတယ္လို႔ေျပာထားရက္နဲ႔သူ႔ရင္ခြင္ထဲမွာေပြ႕ခ်ီလ်က္ပါလာတဲ့မင္းကိုေမာင္ဘယ္လိုနားလည္ရမလဲ........
'ေတာက္......'
စိတ္တိုတိုနဲ႔စိတ္လိုလက္ရေတာက္ေခါက္လိုက္ေတာ့ကၽြန္ေတာ့္အနားကမမေမဖူးကကၽြန္ေတာ္လက္ေမာင္းကိုလႈပ္ကိုင္ရမ္းရင္း...
'ဟဲ့..ေမာင္ေလး...အဲ့တာဘာျဖစ္ေနတာလဲ....???'
'ဟင္း......'
'တဟင္းဟင္းနဲ႔ေမးတာလဲမေျဖဘူး...ဘာေတြစိတ္တိုေနတာလဲတစ္ေယာက္တည္း.......'
'မသိဘူးမမရာ..မေမးနဲ႔...'
ေျပာခ်င္ရာသာေျပာၿပီး မမေရွ႕ကေနထြက္လာကာ တစ္ျခားသူရင္ခြင္ထဲမွာႏွစ္ခ်ိဳက္စြာအိပ္ေပ်ာ္ေနပုံရတဲ့ခ်စ္ရသူစီေျခလွမ္းခပ္သြက္သြက္လွမ္းလာခဲ့သည္....
သူဘဲစိတ္ထင္တာလားမသိ...သူေဇယ်ာအနားေရာက္ေတာ့ထီမထင္ျပဳံးတစ္ခ်က္ျပဳံးျပတာကိုေတြ႕လိုက္ရသည္...ေနာက္ ခ်စ္ရည္ရႊမ္းေနတဲ့မ်က္ဝန္းေတြနဲ႔ခကိုစိုက္ၾကည့္ေနလိုက္တာ...ဒါေပမဲ့မမေမဖူးကေတာ့ဒါကိုသတိမထားမိလိုက္ေပ..
'ေပး..ခကို.....မမလည္းျပန္ေတာ့..ေနာက္က်ေနၿပီ...'
ေဇယ်ာလက္ထဲကေနခကိုဆြဲယူၿပီး ေပြ႕လိုက္သည့္တိုင္ခမွာအင္းဆိုတဲ့အသံေလးတခ်က္ေပးၿပီးမ်က္လုံးပြင့္မလာ...
ခ....မင္းကြာ...တျခားသူရင္ခြင္ထဲမွာေတာင္အခုလိုထိစိတ္ခ်လက္ခ်အိပ္ေပ်ာ္သလား........ေတာက္.....
ခကိုခ်ီလ်က္နဲ႔ဘဲစိတ္မရွည္စြာနဲ႔ အိမ္ထဲကိုဝင္ဖို႔အလုပ္
'ဟဲ့...ရွိုင္းေလး...ႏွင္လာခ်ည္လား...??မမတို႔ကိုေတာင္အိမ္ထဲမေခါေတာ့ဘူးေပါ့...'
'ညနက္ေနၿပီမို႔လို႔ပါ...အမေယာက္်ားနဲ႔အိမ္ျပန္လိုက္ေတာ့ေနာ္...ကၽြန္ေတာ္ခကိုအိပ္ယာထဲေခါသြားေပးမလို႔....'
'ေအာ္...ေအာ္..ဟီး..သိၿပီ..မေႏွာက္ယွက္ေတာ့ဘူး...ဒါဆိုလည္း..အင္း...ကံေကာင္းပါေစ...ဟဲ..ဟဲ..'
'အင္း...ျပန္ေတာ့....'
'ေအးပါဟယ္..ေအးပါ..ဟဲ့..ေယာက္မေလးကေနသိပ္ေကာင္းေသးတာမဟုတ္ဘူးေနာ္.....အခုေတာင္ေဆးခန္းျပၿပီးေခါလာေပးတာ...အဖ်ားဝင္ေနတာေလ....ဂ႐ုစိုက္လိုက္ဦး...မမသြားၿပီ...'
'အင္း...ၿခံေရွ႕ထိလိုက္မပို႔ေတာ့ဘူးေနာ္မမ..'
'အြန္း...ကိုေရ..သြားရေအာင္...'
'အင္း...ခ်စ္ညီေလး...ဂ႐ုစိုက္ေနာ္...အဟင္း....'
'ေတာက္........'
ေတာက္တခ်က္ေခါက္ၿပီး အိမ္ထဲသာေျပးဝင္လာလိုက္သည္.....ေျခလွမ္းက်ယ္ႀကီးေတြနဲ႔အိမ္ေပါထပ္တက္ဖို႔လုပ္ေပမဲ့ေက်ာေနာက္ဘက္ကေခါသံေၾကာင့္ကၽြန္ေတာ့္တကိုယ္လုံးတုန္တက္သြားရသည္..
'ရွိုင္း...ဒါကဘယ္လဲဟင္...??'
'မ.....'
ေအာ္..ေမ့ေနတာ...ခေဇာကပ္ၿပီး မ အိမ္ထဲမွာရွိေနေသးတယ္ဆိုတာကိုလုံးဝကိုေမ့သြားခဲ့တာ...ဟူး...
'ရွိုင္း...'
မ ဘက္ကိုလွည့္ကာ မနဲ႔ မ်က္ႏွာခ်င္းဆိုင္ကိုလွည့္လိုက္ေတာ့ မကမ်က္ႏွာတစ္ခ်က္ရႈံ႔လ်က္ကၽြန္ေတာ့္လက္ထဲကခကိုစိုက္ၾကည့္ရင္းစကားဆိုလာျပန္ပါေတာ့သည္...
'ရွိုင္း....အဲ့တစ္ေယာက္ကဘာလဲ...??'
'မ...သူကမနဲ႔မိတ္ဆက္ေပးမယ္ဆိုတဲ့တစ္ေယာက္ေလ...'
'သူမသိတတ္ဘူးလား..??'
'ဟမ္..??'
မ ဆိုလိုရင္းကိုနားမလည္သလို မကိုျပန္ၾကည့္ေတာ့မက
'ရွိုင္းသူ႔ကိုအခုလိုႀကီးေပြ႕ခ်ီထားရတာကိုသူကဇိမ္နဲ႔အိပ္ေနေသးတယ္ေပါ့ေလ....ဟင္း...မသိတတ္လိုက္တာ....'
'မဟုတ္ပါဘူးမရယ္...ခက..ေနမေကာင္းလို႔ပါ....'
'ေနမေကာင္းဘဲျဖစ္ေနတာေလ..ေျခေတြလက္ေတြက်ိဳးေနတာမွမဟုတ္တာ..သူ႔ဘာသာေလၽွာက္ပါေစရွိုင္းရာ...'
'မ....သူကအိပ္ေပ်ာ္ေနတယ္ေလ...အိပ္ေမာက်ေနလို႔ကၽြန္ေတာ္ကမႏွိုးေတာ့တာ...ကၽြန္ေတာ္မေညာင္းပါဘူး...ခကိုယ္ကေပါ့ေပါ့ေလးေလ..'
'အဲ့လိုရွိုင္းကသေဘာေကာင္းေနလြန္းလို႔...ဟင္း...ထားပါ....'
'မ.....ဟိုေလ...အားေတာ့နာပါရဲ့..ခနဲ႔မိတ္ဆက္ေပးမလို႔အိမ္ကိုေခါလာခဲ့ေပမဲ့အခုခကေတာ္ေတာ္လည္းေနမေကာင္းျဖစ္ေနေတာ့ ေနာက္ေန႔မွမကိုလာေခါၿပီးခနဲ႔ထပ္မိတ္ဆက္ေပးေတာ့မယ္...ေနာ္..မ...'
'မကိုႏွင္ေနတာလားအခု...'
'ဟို....ေတာင္းပန္ပါတယ္မ...ကၽြန္ေတာ္တကယ္ကိုေတာင္းပန္ပါတယ္......'
'ရတယ္..မကိုေတာင္းပန္မဲ့အစားမကိုစိတ္မဆိုးေစခ်င္ရင္အိမ္သာျပန္လိုက္ပို႔ေပး...အဲ့တာေတာ့ရတယ္မလား..ဟင္....'
'ဟို........'
'ရွိုင္း....မကိုမျငင္းနဲ႔ေနာ္...........'
'ဟို..အင္း..အင္းပါ..မကိုျပန္လိုက္ပို႔ေပးမယ္...ဒါေပမဲ့ခကိုအေပါထပ္အရင္ပို႔ေပးလိုက္ဦးမယ္ေနာ္မ...'
'အဆင္ေျပသလိုသာလုပ္ေတာ့..ျမန္ျမန္ျပန္ဆင္းလာေနာ္ရွိုင္း...သိတယ္မလား..မကအၾကာႀကီးေစာင့္ေနရတာမႀကိဳက္ဘူးဆိုတာ....'
'ဟုတ္....လာခဲ့မယ္ေနာ္မ...ခဏ...'ဟုဆိုကာခကိုခ်ီလ်က္ဘဲအေပါထပ္ကကၽြန္ေတာ္တို႔ႏွစ္ေယာက္ရဲ့အခန္းငယ္စီကိုသယ္လာခဲ့သည္...
အခန္းထဲေရာက္တာနဲ႔ခကိုေမြ႕ယာေပါအသာခ်..ေစာင္ေလးပါရင္ဘတ္အထိဆြဲကပ္ျခဳံေပးရင္း အဲကြန္းေလးကိုလည္းမပူမေအးအေနအထားေလာက္ေျပာင္းၿပီးဖြင့္ထားခဲ့လိုက္သည္.......
အခန္းထဲကထြက္မသြားခင္ခ်စ္ရသူရဲ့မ်က္ႏွာေပါမွာေဝ့ဝဲက်ေနေသာ ဆံပင္စေတြကိုအသာလက္နဲ႔သပ္တင္ေပးရင္းခရဲ့နားနားေလးကပ္ကာစကားဆိုခဲ့မိသည္...
'ခ...ေမာင္အျပင္ခဏသြားမယ္..မၾကာဘူး..ခဏေလးဘဲ...အိမ္မွာဘဲလိမ္လိမ္မာမာေနရစ္ခဲ့......'
အမိန႔္မဆိုသာေသာစကားတစ္ခြန္းကိုဆိုၿပီးတာနဲ႔ မ ရွိရာေအာက္ထပ္ကိုမေျပး႐ုံတမယ္ေမာင္ဆင္းလာခဲ့သည္..
မၾကာပါ ၿခံထဲကကားစက္ႏွိုးသံႏွင့္အတူ ေမာင္းထြက္သြားေသာေမာင့္ရဲ့ကားေလး.........
မိနစ္အနည္းငယ္ၾကာေသာ္...........
'ဟင့္အင္း...ဟင့္...ေမာင္...အင့္..ခေလ..ေမာင့္ကိုခ်စ္တာေၾကာင့္...ခကိုျပစ္မသြားပါနဲ႔ေနာ္.........'
'ေမာင့္..............ထားမသြားပါနဲ႔..........'
'ေမာင္မရွိရင္ခဘယ္လိုေနရမွာလဲ....??ဟင့္.........'
'ေမာင့္................ျပန္လာေပးပါ.............'
'အား...............ေမာင္ေရ...........'
ေမာင့္အေၾကာင္းကေယာင္ကတမ္းႏႈတ္ကေနျမည္တမ္းရင္းအိပ္ယာကေနလန႔္နိုးလာပါေသာခ.......
နိုးနိုးခ်င္းအလန႔္တၾကားနဲ႔ေဘးဘီကိုေလၽွာက္ၾကည့္မိသည္.......
'ဒါ..ဒါက..ေမာင္နဲ႔ခရဲ့အခန္း......ခတကယ္ဘဲအိမ္ျပန္ေရာက္လာတာလား.........အား..ေခါင္းေတြကိုက္လိုက္တာ...'
ကိုက္ခဲေနေသာေခါင္းကိုလက္သီးနဲ႔မျပင္းမေပ်ာ့အေနျဖင့္ထုရိုက္ေနမိရင္းေမာင့္အေၾကာင္းသာေတြေတြေလးေတြးေနမိသည္........
ေခါင္းကိုက္တာေတြအနည္းငယ္ေလာက္သက္သာလာမွ ခေျဖးေျဖးခ်င္းစီ ျပန္စဥ◌္း စားမိသည္...
သူေမာင့္စီကေနေျပးထြက္ခဲ့တယ္......ေၾကာက္လို႔...ေမာင္နဲ႔ရင္မဆိုင္ရဲလို႔......
မိုးေရထဲမွာဦးတည္ရာမဲ့ေလၽွာက္လွမ္းခဲ့ၿပီး ခ်မ္းလြန္းလို႔တစ္ေနရာမွာေတာ့ဝင္ခိုခဲ့ေသးတာကိုလည္းမွတ္မိသည္...
ေနာက္ ခေရွ႕မွာလာရပ္တဲ့ေျခတစ္စုံ....ေမာင္လို႔အားကိုးတႀကီးေခါမိတာလည္းမွတ္မိတယ္..ေနာက္ေတာ့ဘာမွစဥ◌္း စားလို႔မရေတာ့.........
'ဟင္း...အခုအိမ္ေတာင္ျပန္ေရာက္လာၿပိဆိုေတာ့ေမာင္ဘဲခကိုျပန္ေခါလာတာေနမွာ....ဘာလို႔ခကေမာင္လိုေခါၿပီးေနာက္ပိုင္းစဥ◌္း စားလို႔မရေတာ့တာလဲ...က်စ္...'
'ဒါနဲ႔..ေမာင္ေရာ......'
ေမာင္မ်ားအခန္းထဲမွာရွိလားဆိုတဲ့အသိနဲ႔ေမာင့္နာမည္ကိုမိနစ္အနည္းငယ္မၽွေခါခဲ့ေပမဲ့ထူးသံမၾကားရ...
ေနာက္မ်က္စိက ကုတင္ေဘးမွာရွိတဲ့စားပြဲခုံေပါကိုအၾကည့္လႊဲမိသည္....
ေမာင္ကသူေရာက္ၿပိဆိုကားေသားေရာအိမ္ေသာ့ေရာဒီေပါမွာတင္ေနၾကမဟုတ္လား....
အခုေတာ့ အိမ္ေသာ့သာေတြ႕ရၿပီးကားေသာ့မေတြ႕ရဘူးဆိုတည္းကခသိလိုက္ၿပီ..ေမာင္အျပင္ကိုျပန္ထြက္သြားၿပိဆိုတာ....
'ဟင္း..ထားပါ...ေမာင္ျပန္လာမွဘဲအေၾကာင္းစုံကိုေမးၾကည့္ရေတာ့မယ္......'
ႏုံးခ်ိေနေပမဲ့လည္း..အားမရွိတဲ့ကိုယ္ကိုအားတင္းကာအိပ္ယာေပါကထေတာ့ တခဏယိုင္က်မတတ္ျဖစ္သြားေသာခ...
မူးေဝေနတဲ့ေခါင္းကိုခဏေလာက္အနားေပးလိုက္ၿပီးျဖည္းျဖည္းခ်င္းျပန္ထၾကည့္မွအဆင္ေျပၿပိးမတ္တပ္ရပ္နိုင္ေတာ့သည္...
ယိုင္နဲ႔နဲ႔နဲ႔ဘဲ ေရခ်ိဳးခန္းစီဝင္ကာကိုယ္လက္သန႔္စင္ဖို႔လုပ္ရေတာ့တာေပါ့...
ခသာဖ်ားရင္ေမာင္ခကိုဂ႐ုစိုက္ေနရတာနဲ႔ဘဲပင္ပန္းေနရမွာ...လူလန္းသြားေအာင္ကိုယ္လက္သန႔္စင္လိုက္တာကအေကာင္းဆုံးျဖစ္မွာ...
သူဖ်ားေနတာေတာင္သူ႔ကိုယ္သူစိတ္မပူနိုင္ဘဲေမာင့္အတြက္သာစိတ္ပူေနတတ္တဲ့ေကာင္ငယ္ေလးပါေလ....
ကိုယ္လက္သန႔္ၿပီးတာနဲ႔ ေႏြးေလာက္မဲ့ အဝတ္ေလးေတြေကာက္ဝတ္ရင္းအဖ်ားက်ေဆးေရာလို၇မယ္၇ေဆးေတြပါ တခါတည္းေကာက္ေမာ့လိုက္ရသည္...
နဂိုတည္းကအခါးေၾကာက္ေတာ့ ေဆးကပါးစပ္ထဲေရာက္ယုံရွိေသး ပ်ိဳ႕တက္ၿပီးျပန္အန္ျပစ္ရတာက သုံးေလးႀကိမ္မက...
ခ ညာမညာကေတာ့ ခုတင္ေဘးအမွိုက္ပုံးထဲမွာေထြးထုတ္ျခင္းခံခဲ့ရတဲ့ေဆးလုံးအေရအတြက္ကသက္ေသပါေလ..
ခ..ေဆးေသာက္မွေမာင္ကခအတြက္စိတ္ေရာကိုယ္ေရာမပင္ပန္းမွာလို႔ စိတ္ထဲအားတင္းကာေသာက္ေတာ့မွ မ်ိဳက်တဲ့ေဆးလုံးေတြ....
ေဆးေသာက္ေနရင္းနဲ႔ေမာင့္ကိုေတာင္သတိ၇လိုက္ေသးသည္...
ေမာင္ကသူေဆးေသာက္၇မွာေၾကာက္လို႔တေခါက္ကအနမ္းေလးေပးၿပိးေဆးတိုက္ခဲ့ဘူးေသးသားဘဲ...
ေမာင့္အနမ္းေတြကအင္မတန္ကိုခ်ိဳလြန္းေနတာေၾကာင့္ေဆးခါးေတြေတာင္မွအရသာရွိၿပီးခ်ိဳလာသလို...
ဟင္း..အဲ့လိုသာေမာင္ေဆးတိုက္မယ္ဆိုခ ခဏခဏေဆးခါးေတြေသာက္ခ်င္ပါရဲ့ေမာင္ေရ...
'ေမာင္..ခခ်မ္းတယ္ေမာင္..ေမာင့္ရင္ခြင္ေႏြးေႏြးထဲေမာင့္ခါးကိုဖက္ၿပီးအိပ္ခ်င္လို႔ ......ေမာင္ဘယ္ေနရာေရာက္ေရာက္ေရာက္ရာအရပ္ကအျမန္ျပန္လာေပးပါေမာင္ေရ...ေမာင့္ကိုခလြမ္းလြန္းလို႔ပါ.......'
ငိုခ်င္ေပမဲ့ခမငိုနိုင္ေတာ့ပါ..ေဆးအရွိန္ေၾကာင့္လူကအိပ္ငိုက္လာတာေၾကာင့္....
'ခဏေလာက္ေတာ့အိပ္မယ္ေနာ္ေမာင္...ခအရမ္းအိပ္ခ်င္ေနလို႔..ေမာင့္ျပန္အလာကိုဒီေန႔ေတာ့မေစာင့္နိုင္တာ့ဘူး...'
ေျပာေျပာဆိုဆိုနဲ႔ခရဲ့မ်က္လုံးေလးေတေမွးဆင္းလာကာအိပ္စက္ျခင္းစီသို႔........
--------------
ည၁၂း၃၈မိနစ္......
အခန္းတံခါးကိုခပ္ျဖည္းျဖည္းဖြင့္ကာ ေမာင္ဟာအခန္းထဲဝင္လာေတာ့သည္......
အခန္းထဲကိုေဝ့ဝဲၾကည့္ေတာ့ အိပ္ယာေပါမွာကိုယ္တစ္ျခမ္းေစာင္းကာအိပ္ေပ်ာ္ေနတဲ့ခ်စ္ရသူကိုေတြ႕မွ ရွင္းလၽွံတစ္ယာက္စိတ္ထဲကအပူလုံးက်သြားေတာ့သည္.....
ေတာ္ေသးတာေပါ့......ခရွိေနေသးလို႔..ေန႔လည္တုန္းကလိုခသူ႔အနားကေနေပ်ာက္မသြားလို႔.....
ခကိုေသခ်ာၾကည့္မိေတာ့ သူအခန္းထဲေခါလာတုန္းအဝတ္ေတြနဲ႔မဟုတ္ေတာ့...
ဟင္း..ေသခ်ာတယ္..ဒီေပါက္စေနမေကာင္းရက္နဲ႔အဝတ္ထလဲေသးတယ္ထင္ပါ့......
ခအနားကိုေျခသံခပ္ဖြဖြလွမ္းကာ အိပ္ယာေပါထထိုင္ခ်လိုက္ၿပီးခကိုတစိမ့္စိမ့္ထိုင္ၾကည့္ေနမိသည္.....
'ခ....မင္းေလးဟာေလေမာင့္ကိုအမ်ိဳးမ်ိဳးျပဳစားနိုင္လြန္းတယ္.....'
ခကိုၾကည့္ေနရင္းနဲ႔ ခရဲ့ႏႈတ္ခမ္းရဲေလးစီအၾကည့္ေရာက္သြားေတာ့ စိတ္မထိန္းနိုင္စြာ ခကိုနမ္းခ်င္လာသည္........
သို႔ေသာ္ သူသတိကပ္လိုက္သည္...
ခေနမေကာင္းလို႔ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာကိုေတာ့မနိုးလာေစခ်င္ပါ.....
ဒါနဲ႔ဘဲ ခပါးျပင္ေလးကိုသာသာေလးအသဲယားစြာျဖစ္ညႇစ္ရင္း ကုတင္ေပါကအထ ကၽြန္ေတာ့္ဖုန္းကို'တင္'ဆိုေသာအသံႏွင့္ဝင္လာေသာmessage
ဖုန္းscreenကိုဖြင့္ၾကည့္လိုက္ေတာ့ အယုတ္တမာဆိုေသာနာမည္နဲ႔တက္လာေသာ ဓာတ္ပုံတခ်ိဳ႕..
ေျပးၾကည့္စရာကိုမလို..သူဘယ္သူလဲဆိုတာကၽြန္ေတာ္သိလိုက္ၿပီ...
ဒီေကာင္ေဇယ်ာဒီတစ္ခါေရာဘာေတြကစားဦးမလို႔လဲ...
စိတ္လိုလက္ရတခ်က္ျပဳံးကာ သူပို႔တာေတြကိုဂ႐ုမစိုက္ဘဲdelectလုပ္ျပစ္ဖို႔ လက္ကအေရာက္ ႐ုတ္တရက္ထပ္ဝင္လာျပန္တဲ့စာ...
သူေျပာတာက
"ခ်စ္ညီေလး..မၾကည့္ရင္ ေနာင္တရမယ္ေနာ္...အင္း..ၾကည့္ျဖစ္ရင္လည္း....ထားပါ..ခငယ္ေလးက အခုထက္ထိကိုခ်စ္ဖို႔ေကာင္းတုန္းဘဲ..အသဲယားစရာ...အဟက္......."
'ေတာက္...သူေတာင္းစား...'
စိတ္ေတြထူပူလာၿပီးသူပို႔လိုက္တာေတြကိုဖြင့္ၾကည့္မိသည္.....
ကၽြန္ေတာ္အဲ့ပုံေတြကိုၾကည့္ၿပီးအသက္ပင္ရဲရဲမရႉရဲေတာ့...
'ေတာက္.....!!!'
ေျခလွမ္းက်ယ္ႀကီးေတြလွမ္းရင္းကၽြန္ေတာ့္ဦးတည္ရာက ကုတင္ေပါက ႏွစ္ခ်ိဳက္စြာအိပ္ေမာက်ေနေသာခစီသို႔........
အနားေရာက္တာနဲ႔ခပ္ၾကမ္းၾကမ္းပင္သူ႔ပုခုံးကိုလက္ႏွစ္ဖက္နဲ႔ကိုင္ဆြဲကာလႈပ္ရမ္းမိသည္.......
'ခ...ခ...ထစမ္း..!!!'
'.........'
'ခ.....ထလို႔ေျပာေနတယ္ေနာ္...ထစမ္းအခု...!!!'
ႏွစ္ခ်က္ေလာက္အျပင္းအထန္လႈပ္ႏွိုးလိုက္မွ မ်က္လုံးမပြင့္တပြင့္နဲ႔ျပဴးေၾကာင္ေၾကာင္လဲကၽြန္ေတာ့္ကိုၾကည့္လာပါေသာခ......
ဆံပင္ေလးေတြကလည္းထိုးထိုးေထာင္ေထာင္နဲ႔......
မသိရင္သူ႔ပုံစံေလးကပီဘိကေလးငယ္ေလးတစ္ေယာက္လို...အသဲယားစရာေကာင္းလွသည္...သို႔ေသာ္...သူအခုခကိုမခ်စ္နိုင္ပါ..သူခကိုေဒါသထြက္ေနတာဘဲသိသည္.........
'ေတာက္...!!!'
'ေမာင္..ျပန္ေရာက္ၿပီလား..??ခလည္းေမွးခနဲအိပ္ေပ်ာ္သြားတာ...ေမာင္ျပန္အလာကိုေစာင့္ဖို႔လုပ္ေပမဲ့မခံနိုင္ေတာ့လို႔အိပ္လိုက္တာပါေနာ္....ေမာင္...ေမာင္စိတ္မဆိုးပါနဲ႔ေနာ္....ေမာင္စိတ္ဆိုးေနရင္ခမေနတတ္လို႔ပါ....'
ကိုယ့္အက်ီေလးေတြကိုလက္ကေလးေတြနဲ႔ဖိေခ်ဆုပ္ကိုင္ရင္း ေတာင္းပန္သလိုလိုေျပာလာပါေသာခ...
သို႔ေပမဲ့ ကၽြန္ေတာ့္ေဒါသေတြကသူ႔ကိုေတြ႕တိုင္းမထိန္းနိုင္ဘဲ ကၽြန္ေတာ့္အက်ီေပါမွာေရာက္ေနတဲ့သူ႔လက္ေတြကိုခပ္ျပင္းျပင္းရိုက္ထုတ္လိုက္မိသည္....
'ေမာင့္.......'
'ေစာက္ေရးမပါတာ...လုပ္ခ်င္တိုင္းလုပ္ၿပီးျပန္လာေတာ့ငါ့ကိုျမဴဆြယ္ၿပီးမခုတ္တတ္တဲ့ေၾကာင္လိုေနေနတာမင္းမရွက္ဘူးလားခ........!!'
ကၽြန္ေတာ္ေအာ္ေငါက္ေျပာလိုက္ေတာ့နားမလည္သလိုကၽြန္ေတာ့္ကိုျပန္ေငးၾကည့္လာပါေသာခ...သူ႔မ်က္ဝန္းစမွာမ်က္ရည္ေတြကပ္ၿငိေနတာသိေပမဲ့လည္းကၽြန္ေတာ္လ်စ္လ်ဴရႈမိသည္.......
'ေမာင္ဘာေတြေျပာေနတာလဲ..??ေမာင္ေဒါသထြက္ေနရင္လည္းခကိုဘာေၾကာင့္ဆိုတာေတာ့ေျပာျပသင့္တယ္မလား..??'
'ဘာလဲ...??မင္းကမေက်နပ္တာလား...??'
'ေမာင္ကမတရားလိုက္တာ...'
'ဘာကြ...'
'ဟုတ္တယ္ေလ...ခၾကေတာ့ေမာင့္ကိုေဒါသထြက္ခ်င္တာေတာင္ေဒါသထြက္လို႔မရ..ေမာင့္ကိုခ်စ္တဲ့စိတ္ကဘဲေဒါသေတြကိုအနိုင္ယူသြားေတာ့..အင္း...ခဘယ္လိုေမာင့္ကိုေဒါသထြက္ရေတာ့မွာလဲလို႔...ဟိ.....'
'ခက္ခြန္းခ....!!!ငါအေျပာင္အပ်က္ေျပာေနတာမဟုတ္ဘူးကြ.....'
နာမည္အျပည့္အစုံေခါလိုက္ေတာ့ တုန္တက္သြားတဲ့ခႏၶာကိုယ္ေလး..ေနာက္ၿပီးေၾကာက္လန႔္တၾကားနဲ႔ကိုယ့္ကိုေမာ့ၾကည့္လာပါေသာမ်က္ဝန္းေတြ...
'ေမာင္ခကိုေအာ္တယ္.....ခလို႔ေတာင္မေခါေတာ့ဘူး...'
'ငါ့ကိုအပိုေတြဘာမွလာမေျပာနဲ႔...ငါေမးတာေျဖစမ္းပါဦး...မင္းေန႔လည္ကေယာက္်ားျဖစ္တဲ့ငါတစ္ေယာက္လုံးကိုရိုက္ကြင္းမွာပစ္သြားၿပီးဘယ္အေလလိုက္ေနတာလဲ..ဟမ္...!!'
'ဘယ္...ဘယ္မွမသြားပါဘူးေမာင္ရယ္...ခစိတ္ေတြရႈပ္လာလို႔ အျပင္ခဏထြက္သြားလိုက္တာ...'
'ေအာ္..စိတ္ရႈပ္လို႔အျပင္ထြက္သြားတယ္ေပါ့..ထားပါ..အိမ္ျပန္လာေတာ့ေဇယ်ာဆိုတဲ့အေကာင္လက္ထဲ..မဟုတ္ဘူး..သူ႔ရဲ့ရင္ခြင္ထဲမွာအိပ္လ်က္ေလးျပန္လာရေတာ့ဘယ္လိုလဲ..မင္းစိတ္ညစ္ေနရတာေတြေပ်ာက္သြားရဲ့လား...ေပ်ာ္ေရာေပ်ာ္ရဲ့လား...'
'ဟမ္...ခကိုအိမ္ျပန္ေခါလာတာေမာင္မဟုတ္ဘူးလား...??'
'မင္းအခုမွေဝ့လည္ေၾကာင္ပတ္လုပ္မေနနဲ႔....ဘာလဲ...ငါ့ေနာက္မွာငါမသိေအာင္ခိုးစားရေတာ့ အရသာရွိရဲ့လား...??'
'ေမာင့္..မဟုတ္တာေတြမေျပာနဲ႔....'
'အဟက္..မင္းကမ်ားေျပာရဲတယ္..မဟုတ္တာေတြ...ဟုတ္လား...??မင္းေစာက္လုံးသာကန္းမေနဘူးဆိုရင္ အဲ့ဖုန္းကပုံေတြကိုၾကည့္ၿပီးငါ့ကိုတခ်က္ေလာက္ရွင္းစမ္းပါဦး...'
ေမာင္အိပ္ယာေပါျပစ္တင္လိုက္တဲ့ဖုန္းေလးကို ခေကာက္ယူလိုက္ၿပီး Screenမွာေပါေနတဲ့ပုံေတြကိုၾကည့္ၿပီးခအံ့ဩလြန္းလို႔ပါးစပ္ကိုပါလက္ကေလးနဲ႔အုပ္ရသည္အထိ...
ေမာင္အိပ္ယာေပါျပစ္တင္လိုက္တဲ့ဖုန္းေလးကို ခေကာက္ယူလိုက္ၿပီး Screenမွာေပါေနတဲ့ပုံေတြကိုၾကည့္ၿပီးခအံ့ဩလြန္းလို႔ပါးစပ္ကိုပါလက္ကေလးနဲ႔အုပ္ရသည္အထိ
'ဟမ္......'
'ေမာင္...ဒါ..ဒါေတြက...'
'ဘာလဲ...သက္ေသနဲ႔တကြငါျပေနတာကိုမင္းကအဲ့ပုံထဲကလူဟာမင္းမဟုတ္ပါဘူးလို႔ျငင္းခ်င္ေသးတာလား...!!'
'မဟုတ္ဘူး....ခဒါေတြမသိဘူး..ခသိတာက ေမာင္ခစီလာခဲ့တယ္မလား..ခအေရွ႕ကိုေမာင္ေရာက္လာခဲ့တယ္ေလ...ခေမာင့္ကိုေမာ့ၾကည့္ေတာ့ေမာင္ကေတာင္ခကိုျပဳံးျပေနတာ...ခမွတ္မိတာက ခေမာင့္ကိုဖက္လိုက္တယ္..ေနာက္..ဘာမွမသိေတာ့ဘူး..'
'မင္းေျပာတိုင္းယုံရေအာင္ငါက ဉာဏ္မရွိတဲ့ေကာင္လား..စဥ◌္ းစားေလ..ငါမင္းစီလာလဲမလာခဲ့သလိုဒီအိမ္ကိုေတာင္အဲ့ေကာင္မင္းကိုျပန္လာပို႔သြားတာ....'
'မဟုတ္ဘူးေမာင္..ဒါေတြကိုေမာင့္စီဘယ္သူပို႔လိုက္တာလဲ...'
'မင္းရဲ့လင္ငယ္ပို႔လိုက္တာလို႔ေျပာရင္ငါရိုင္းရာက်သြားမလား..မတတ္နိုင္ဘူးေလ...ငါအမွန္တိုင္းေျပာေနတာဘဲကို...မဟုတ္ဘူးလား......'
'ဟင့္အင္း..ေမာင္...ေမာင္ေျပာေနတာအကိုေဇယ်ာမလား....ေမာင္..ခကိုၾကည့္ပါဦး...သူေမာင့္ကိုဘာေတြေျပာထားတာလဲ...??သူကခနဲ႔ေမာင့္ကိုေသြးခြဲခ်င္တာ..ေမာင္လဲသိတာဘဲ..သူေျပာတာေတြမယုံပါနဲ႔ေမာင္ရယ္....ဒါေတြက ခနဲ႔ေမာင္ကိုကြဲသြားေစဖို႔သူလုပ္ႀကံထားတဲ့ဟာေတြ...ဟင့္....ေမာင္ခကိုယုံေပးပါ...'
'ငါမင္းကိုအႀကိမ္ႀကိမ္သူနဲ႔ပတ္သက္ၿပီးခြင့္လႊတ္ေပးခဲ့တယ္....နားလည္ေပးခဲ့တယ္...အဲ့ေကာင္နဲ႔ပတ္သက္လို႔ငါမင္းကိုဆူမိတာေတာင္မွ ငါ မင္းအတြက္စိတ္မေကာင္းျဖစ္ခဲ့ၿပီးမင္းဘက္ကသူနဲ႔မပတ္သက္ပါဘူးဆိုတာကိုေျပာလိုက္တာနဲ႔ဘဲအ႐ူးလိုငါမင္းကိုထပ္ယုံေပးခဲ့တယ္...ငါမင္းကိုအထင္ေတြလြဲခဲ့တဲ့အတြက္လည္းေတာင္းေတာင္ေတာင္းပန္ခဲ့ေသးတယ္..ခက္ခြန္းခ....အဲ့လိုလူ..ငါဆိုတဲ့ေကာင္အတြက္ ေနာက္ဆုံးငါျပန္ရလိုက္တာက မင္းစီကသစၥာမဲ့မႈ..ဟုတ္လား...အဲ့ေကာင္ေအာက္မွာမင္းကိုယ္ကိုခစားခဲ့ရတာကိုေတာင္လ်စ္လ်ဴရႈၿပီးမင္းကိုလက္ထပ္ယူခဲ့တဲ့ငါ့အေပါမခ်စ္ဘူးဆိုရင္ေတာင္အားနာစိတ္ကေလးေတာ့ရွိသင့္တယ္မဟုတ္ဘူးလား...ဒါလားမင္းေျပာတဲ့သစၥာတရား...အဟက္..ေနာက္ဆုံးေတာ့လည္းငါကနဖားႀကိဳးထိုးခံလိုက္ရတာဘဲ...'
'ေမာင္ရယ္..ဟင့္..အင့္..အဲ့လိုမေျပာပါနဲ႔....ခေျပာေနတာေတြကအမွန္ပါေမာင္ရယ္...'
'ငါမင္းကိုသတ္ပစ္ခ်င္တယ္ခက္ခြန္းခ...ဒါေပမဲ့..ငါမလုပ္နိုင္ဘူးျဖစ္ေနတယ္...အဲ့အတြက္ငါ့ကိုယ္ငါရင္နာတယ္...ေသေအာင္လည္းစိတ္ပ်က္တယ္..အဲ့တာမင္းသိလား....??'
'ေမာင့္....'
ေမာင္ကေျပာစရာရွိတာေျပာၿပီးတာနဲ႔ခေဘးမွာထိုင္ေနရာမွအခန္းျပင္ထြက္ဖို႔လုပ္ေနတဲ့ေမာင့္ကို ခလွမ္းတားလိုက္မိသည္..
ေမာင့္လက္ကိုတင္းၾကပ္စြာဆုပ္ကိုင္ရင္းမ်က္ရည္ေတြနဲ႔ခေမာင့္ကိုေျပာခဲ့တယ္...
'ေမာင့္..ထြက္မသြားပါနဲ႔..ခ..ခရွင္းျပပါရေစ....ခေျပာတာကိုနားေထာင္ပါဦး...'
'ဖယ္စမ္းပါ....ငါ့လက္ကိုအခုလႊတ္စမ္းခက္ခြန္းခ...'
'ေမာင္ခကိုစိတ္ဆိုးလား...ခကိုရိုက္ခ်င္ရိုက္ပါ...ခကိုေမာင္ႀကိဳက္သလိုဆုံးမပါ..ဒါေပမဲ့ခကိုထားၿပီးထြက္သြားဖို႔ေတာ့မလုပ္ပါနဲ႔ေမာင္....ခေတာင္းဆိုပါတယ္...'
'ငါမင္းအနားမွာမေနခ်င္ဘူး...'
'ဒါဆိုလည္းေမာင္ဒီအခန္းထဲကထြက္သြားစရာမလိုပါဘူး...ေမာင္ဒိမွာေန..ခထြက္သြားေပးမယ္...'
'မလိုဘူး...ငါclubသြားမွာ...'
'club...??'
'ဟုတ္တယ္...ေစာ္ေတြနဲ႔သြားေပ်ာ္ဖို႔...မင္းလိုလူနားေနေနမယ့္အစား...ေငြေတြပုံေအာၿပီးဒိတညတာကိုေစာသုံးေလးေပြေလာက္နဲ႔ငါ့စိတ္ေျဖလို႔ရတယ္...'
'စိတ္ေျဖမယ္....???ေမာင္ေျပာတာက...'
'ေအး..မင္းထင္ခ်င္သလိုထင္နိုင္တယ္..ငါ့ဘက္ကမင္းကိုဘာေျဖရွင္းခ်က္မွေပးစရာမလိုဘူး..'
မဟုတ္မွ..ေမာင္ကငါမဟုတ္တဲ့တျခားမိန္းမေတြနဲ႔ အတူတူclubတက္ၿပီး..ေနာက္ဆုံး..အိပ္.......
ဟင့္အင္း..အဲ့လိုမျဖစ္ရဘူးေလေမာင္...ငါေမာင့္ကိုဘယ္သူနဲ႔မွေဝမၽွမခ်စ္နိုင္ဘူး...
'ေမာင့္..ဟင့္..အဲ့လိုမလုပ္ပါနဲ႔ေမာင္ရယ္...'
'ဘာလဲ..??အဲ့မိန္းမေတြစီသြားတာမႀကိဳက္လို႔လား...မင္းက..??'
ေမာင္ကေမးေတာ့လည္းငါ့မွာလည္ပင္းက်ိဳးက်မတတ္ေခါင္းၿငိမ့္မိသည္...
'အဟက္...မင္းမႀကိဳက္မွန္းသိလို႔ကိုသြားတာ...ဖယ္စမ္း...'
'မဖယ္ဘူး..အင့္..ဟင့္..ခေမာင့္လက္ကိုသာလႊတ္လိုက္ရင္ေမာင္သူတို႔စီေရာက္သြားမွာ...'
'ဒါဆိုေရြးခ်ယ္စရာတစ္ခုရွိတယ္....ငါအဲ့မသြားဘူး..'
'အင္း....ေျပာပါ...ေမာင္......ေမာင္သာအဲ့မသြားဘူးဆိုခေမာင္ႀကိဳက္တာဘာမဆိုလုပ္ခြင့္ျပဳတယ္....'
'ဟက္..ဆႏၵေတြသိပ္မေစာပါနဲ႔ခက္ခြန္းခ..ငါဘာအေပးအယူလုပ္မလဲဆိုတာေတာင္မေျပာရေသးတာကို....'
'၇တယ္..ဟင့္...ေမာင္အဲ့မသြားရင္သာၿပီးေရာ...'
'ေကာင္းၿပိေလ...မင္းဘက္ကလမ္းခင္းေနမွေတာ့ငါကလည္းေဝ့မေနေတာ့ဘူး...ငါအဲ့မသြားဘူး..ဒါေပမဲ့အဲ့အစားငါမင္းကိုလိုခ်င္တယ္...မင္းငါ့ကိုေပးမလား....'
တခဏေတာ့ေတြေဝသြားကာခတစ္ေယာက္စကားပင္ဟမလာေတာ့..ငူငူႀကီးသာနံရံကိုေငးၾကည့္ေနေတာ့သည္...
'ဘာလဲ..မင္းကမင္းေကာင္မဟုတ္ေတာ့ငါ့ကိုမေပးခ်င္ဘူးေပါ့..ဒါဆိုလည္းရ.....အြန္း..........'
စကားေတာင္ဆက္မေျပာရေသး႐ုတ္တရက္ ကၽြန္ေတာ့္ႏႈတ္ခမ္းေပါ က်ေရာက္လာေသာႏႈတ္ခမ္းတစုံ....
ဘာလဲ..အခုက ခက ငါ့ကိုစနမ္းေနတာလား....??
အျမဲတမ္းသူကဘဲစနမ္းခဲ့တာအခုေတာ့ခကစနမ္းလာေတာ့ရင္ထဲမွာေပ်ာ္မိသည္ကအမွန္....
မနမ္းတတ္နမ္းတတ္နဲ႔ႏႈတ္ခမ္းကိုစုပ္လိုက္နမ္းလိုက္လုပ္ေနတဲ့ခကိုၾကည့္ၿပီးအရည္ေပ်ာ္သြားခ်င္တဲ့ကၽြန္ေတာ့္စိတ္ေတြကိုမနဲထိန္းခ်ဳပ္ထားရသည္..
တကယ္ပါ..မင္းကငါ့ကိုတနည္းမဟုတ္တနည္းနဲ႔ကိုျပဳစားေနေတာ့တာပါဘဲ.....
အေတြးလြန္ေနတုန္းကၽြန္ေတာ့္ႏႈတ္ခမ္းကေနဖယ္ခြာသြားတဲ့ခႏႈတ္ခမ္းေတြ...
ဘဝင္မက်မိတာေတာ့အမွန္ဘဲ...ဘာလဲ..ၿပီးသြားၿပီလားနမ္းတာက...??
အဲ့လိုေတြးေနေပမဲ့လည္းတဖက္က ခဟိုသူေတာင္းစားနဲ႔အခုလိုလုပ္ခဲ့ရင္ေရာဆိုတဲ့အသိကလည္းလူကိုေဒါသထြက္ေအာင္ႏွိုးေဆာ္ေနျပန္သည္........
ခကိုေတာင္မၾကည့္ဘဲအၾကည့္ကိုတဖက္လႊဲထားစဥ◌္ ကၽြန္ေတာ့္အျမင္ေရွ႕ေနရာဝင္ယူရင္းကၽြန္ေတာ့္ရဲ့ အက်ီအစနားေလးကိုလက္ေလးႏွစ္ဖက္နဲ႔ဆုပ္ကိုင္ရင္းေခါင္းေလးငုံ႔ကာ
'ခ....ခခြင့္ျပဳပါတယ္....'တဲ့.........
သူသိတယ္..ဒီေပါက္စပါးစပ္ကသာအခုလိုေျပာေနေပမဲ့ မ်က္ႏွာေတြတျပင္လုံးနီရဲေနမယ္ဆိုတာ...
'ေကာင္းၿပီေလ...ဒါဆိုလဲ....'
ခကိုယ္ကိုအိပ္ယာေပါလွဲခ်လိုက္ရင္းသူ႔အေပါကေနအုပ္မိုးကာေနမိသည္......
'ဘာလဲ...မ်က္ႏွာလႊဲထားတယ္ဆိုေတာ့ မင္းကငါ့မ်က္ႏွာကိုမၾကည့္ခ်င္ဘူးလား...??'
'မ..မဟုတ္ပါဘူးေမာင္....ဟို..ခ...ရွက္...ရွက္လို႔ပါ.......'
'အဟက္......အဲ့တာေတြငါမသိဘူး..မင္းမၾကည့္ခ်င္ရင္ေတာင္ငါ့ကိုဘဲၾကည့္ရမယ္..ၾကားလားခ..??....'
'ဟုတ္.........'
ေမာင္ရဲ့ရန္လိုမႈေၾကာင့္တခဏတြင္းမွာခရဲ့ညဝတ္အက်ီေတြကိုယ္နဲ႔ကင္းကြာခဲ့ရသည္....
ေနာက္ဆုံးေမာင္ေရာခေရာ အေပါဝတ္အက်ီေတြပင္မရွိေတာ့..
ခႏႈတ္ခမ္းကိုအနမ္းမေပးလာေပမဲ့ခရဲ့လစ္ဟာေနေသာ လည္ပင္း..ညႇပ္ရိုးနဲ႔..ရင္ဘတ္တေလၽွာက္ကိုေတာ့ေမာင္က ေမာင့္ႏႈတ္ခမ္းေတြနဲ႔ပြတ္ဆြဲၿပီးစုပ္လိုက္နမ္းလိုက္လုပ္သည္...တခါတခါမ်ားဆို ေသြးမ်ားထြက္သည္အထိ..ေမာင့္သြားရာေတြေပါသည္အထိကိုက္တတ္သည္..
နာၾကင္ေနေပမဲ့ ေမာင္ငါ့အနားကထြက္သြားမွာစိုးတာေၾကာင့္အံကိုႀကိတ္ကာခံခဲ့သည္.......
'အသံေတာင္ထြက္မလာဘူးဆိုေတာ့ ငါကိုက္တာမနာဘူးလား......??'
'........'
'ဒိထက္နက္နက္ေလးကိုက္ေပးရမလား.....ခက္ခြန္းခ...'
'ဟင့္..ဟင့္အင္း...နာတယ္ေမာင္...တကယ္နာတာ....'
'ဟား..ဟား..မင္းအဲ့လိုေျပာတိုင္းငါကမင္းကိုသနားမယ္ထင္လား...'
'မဟုတ္ပါဘူး...အင့္..အဲ့လို..ဟင့္..မထင္ပါဘူးေမာင္......'
'က်စ္..ေယာက္်ားျဖစ္ၿပီးမ်က္ရည္လြယ္လိုက္တာ..အဲ့လိုေစာက္ေျခာက္ေတြကိုငါအရမ္းမုန္းတာဘဲ.....'
'ေမာင္
'ေမာင္..'
'မင္းအဲ့လိုမ်က္ရည္ေတြနဲ႔ဘဲအဲ့ေကာင္စီကျခဴစားခဲ့တာမလား...'
'မဟုတ္ဘူး.....မေျပာပါနဲ႔ေတာ့......ေမာင္...ခကိုအဲ့လိုမေျပာပါနဲ႔...ခခ်စ္တာ..ဟင့္..ေမာင့္တစ္ေယာက္တည္းကိုပါ...'
'ဟုတ္ရင္လည္းဟုတ္မွာေပါ့..ဒါေပမဲ့မင္းအခ်စ္ကိုငါမယုံဘူးခက္ခြန္းခ...မင္းငါ့ကိုခ်စ္တယ္ဆိုတာကလည္းငါ့ေငြေတြကိုမက္လို႔မလား...??ေနာက္ၿပီးဟိုေကာင္ကလည္းငါနဲ႔ခ်မ္းသာမႈေတြကသိပ္မကြာေတာ့ မင္းေလွနံႏွစ္ဖက္နင္းေနတာမလား.....'
'ဟင့္အင္း...ဟင့္အင္း..........ဟင့္.........'
နားႏွစ္ဖက္ကိုလက္နဲ႔ပိတ္ကာ သူမဟုတ္ပါဘူး...သူကအဲ့လိုလူမဟုတ္ဘူးဆိုၿပီးအသဲအသန္ျငင္းေနတဲ့ေကာင္ေလးကိုၾကည့္ၿပီး ေမာင္တစ္ေယာက္ေျခာက္ကပ္ကပ္ရယ္မိသည္......
သူ႔ကိုဒိညအရယူဖို႔ႀကံထားေပမဲ့လည္း သူစိတ္ကိုေလၽွာ့လိုက္ၿပီးထိုေကာင္ေလးအေပါကေနထလိုက္သည္.....
ေနာက္ၾကမ္းေပါမွာက်ေနေသာသူ႔ရဲ့အေပါဝတ္အက်ီကိုေကာက္စြတ္လိုက္ၿပီး သူ႔ကိုေနာက္ေက်ာေပးကာထြက္သြားဖို႔အလုပ္ ကၽြန္ေတာ့္ခါးေနာက္ကိုတင္းၾကပ္စြာဖက္တြယ္လာေသာသူ႔လက္ေတြ..
'ဒါဘာလုပ္တာလဲ..?ငါ့ကိုလႊတ္..'
'ေမာင္သူတို႔စီမသြားပါနဲ႔....ခေတာင္းပန္ပါတယ္....ခကိုေမာင္ႀကိဳက္သလိုေျပာေနာ္..ခၿငိမ္ခံပါမယ္..ရိုက္ခ်င္လည္းရိုက္ပါ...ေမာင့္အလိုက်ခကိုျပဳမူလို႔ရပါတယ္ေမာင္...အဲ့မိန္းမေတြစီေတာ့မသြားပါနဲ႔...'
'က်စ္..ငါေရခ်ိဳးခန္းထဲသြားမလို႔......'
'ဗ်ာ........'
'မင္းေသခ်င္ေနရင္လည္းတျခားနည္းနဲ႔သြားေသ...အခုလိုကိုယ္အပူခ်ိန္နဲ႔ငါမင္းကိုတက္လုပ္ေနရင္းအသက္ထက္သြားမွ..ဟင္း...ငါေထာင္တဲ့မဝင္နိုင္ဘူး...'
'ဟိုေမာင္...ေမာင္အခန္းထဲမွာဘဲရွိေနေပးေနာ္..........'
'အဲ့တာငါ့သေဘာ..ငါလုပ္ခ်င္တာလုပ္မယ္...ငါအခုအရမ္းပင္ပန္းေနလို႔ေရခ်ိဳးမလို႔.........ဖယ္စမ္းလက္ေတြ...'
'ဟုတ္.......'
'ငါ့ကိုဘာျပဴးၾကည့္ေနတာလဲ..အိပ္မွာဆိုအိပ္...ငုတ္တုတ္လာထိုင္မေနနဲ႔..'
'ေမာင္ေရခ်ိဳးဖို႔ဆို..ခေရစပ္ေပး....'
'မလိုဘူး..ငါလုပ္တတ္တယ္....ေအး..ငါျပန္လာလို႔မင္းအိပ္မေပ်ာ္ေသးရင္ ငါတကယ္clubသြားမွာ...'
'အိပ္..အိပ္မွာ..အခုအိပ္ၿပီ...'
မအိပ္ရင္clubသြားမယ္လို႔ေျပာလိုက္ေတာ့ ခ်က္ခ်င္းပင္ေခါင္းေလးေရာကိုယ္ေလးပါ အိပ္ယာေပါဝုန္းခနဲလွဲခ်ၿပီးေစာင္နဲ႔ပတ္ကာေကြးေကြးေလးအိပ္ေနပါေသာအေကာင္ေပါက္...
ဘယ္လိုဟာမွန္းလဲမသိဘူး..ဟင္း...
'ဟိုတစ္ေယာက္..အေပါဝတ္ျပန္မဝတ္ဘဲအေအးပတ္ခံၿပီးအိပ္မလို႔လား...ေရာ့...အဲ့တာျပန္ဝတ္ၿပီးမွအိပ္...'
'ဟုတ္...ဝတ္လိုက္ၿပီေမာင္..ဒိတစ္ခါတကယ္အိပ္ၿပီ...ေမာင္ေရခ်ိဳးတာမၾကာေစနဲ႔ေနာ္..အေအးမိမွာစိုးလို႔.......'
'ဟင္း.......'
သက္ျပင္းတခ်က္ခ်ကာ သူ႔အနားကေနတတ္နိုင္သမၽွခပ္ျမန္ျမန္ပင္ထြက္လာလိုက္သည္.....
ေရခ်ိဳးခန္းထဲေရာက္မွ ကိုယ့္ပါးကိုကိုယ္ျပန္ရိုက္မိသည္..
ေတာ္ေသးတာေပါ့..သူသတိလက္လြတ္ခကိုလြန္လြန္ၾကဴးၾကဴးလုပ္မိေတာ့မလို႔..
လည္ပင္းကိုနမ္းေနရင္းနဲ႔တရိပ္ရိပ္တက္လာေသာခကိုယ္ပူေငြ႕ေၾကာင့္သူဘာမွဆက္မလုပ္ေတာ့ဘဲအခုလိုရပ္လိုက္ျခင္း...
မဟုတ္ရင္...
'က်စ္......ခေရ...ေမာင့္ကိုမလွည့္စားပါနဲ႔ကြာ....ေမာင္မင္းကိုေသမေလာက္ေအာင္ခ်စ္တယ္..'
'သူမ်ားေျပာတာၾကားဖူးတယ္မလား...အခ်စ္ႀကီးတဲ့လူကအျမတ္ႀကီးတယ္တဲ့..ဟုတ္တယ္..အဲ့အတိုင္းဘဲ..ေမာင္ကခကိုခ်စ္သလို..ခနဲ႔ပတ္သက္လာရင္လည္းသူမ်ားနဲ႔မတူဘူး..ေဒါသအရမ္းႀကီးတယ္ေနာ္ခ..ခအေပါကိုဒီထက္ပိုမုန္း၇ေအာင္ေမာင့္ကိုမလုပ္ပါနဲ႔........ေမာင္ခကိုမစြန႔္လႊတ္နိုင္ဘူး.......'
ေရခ်ိဳးၿပီးတာနဲ႔ေရခ်ိဳးခန္းထဲကအထြက္ အိပ္ရာေပါမွာတင္ထားေသာညအိပ္ဝတ္စုံေလးကိုၾကည့္ၿပီးေမာင္ျပဳံးမိေသးသည္...
ဒိေလာက္ေနမေကာင္းတာေတာင္ ေမာင့္အြက္အဝတ္ထထုတ္ေပးတုန္းလားခ....
ခထုတ္ေပးထားတဲ့အဝတ္ေတြကိုလဲဝတ္ရင္ ခေဘးနားေလးဝင္လွဲမိသည္...
တဖက္ကိုၾကည့္မိေတာ့ခ်စ္ရသူခဟာေျခကားရားလက္ကားရားေလးနဲ႔အိပ္လို႔...ေစာင္ေတြကေတာ့ ကန္ထုတ္ထားတာေပါ့...
ေျခရင္မွာအပုံလိုက္ျဖစ္ေနတဲ့ေစာင္ေတြကိုအေသအခ်ာျပန္ဆြဲယူၿပီးသူ႔ကိုျခဳံေပးေတာ့ အင္း..အဲနဲ႔လက္နဲ႔ပုတ္ထုတ္ျပန္တယ္...
'ခ...ေမာင္စိတ္မရွည္ေတာ့ဘူးေနာ္....'လို႔အသံမာမာနဲ႔ေအာ္မိေတာ့မွ ၿငိမ္က်သြားတဲ့ခ....အဲ့ေတာ့မွေစာင္ျခဳံခံတာ..
ေနာက္ေတာ့ ခကိုရင္ခြင္ထဲထည့္ဖက္ရင္း ကၽြန္ေတာ္လည္းအိပ္ယာဝင္ခဲ့သည္........
-----------------
'ေမာင္ေရ...ေမာင္....'
......
'ဟင့္..ေမာင္..ေမာင္ထားမသြားနဲ႔ေနာ္..ဘယ္သြားတာလဲဟင္..အီး..ဟီး...'
ခအသံၾကားတာေၾကာင့္ေအာက္ထပ္ကေန အေျပးတက္လာမိေသာကၽြန္ေတာ္..
အခန္းနားေရာက္မွ အေမာခဏေျဖရင္းခပ္ေျဖးေျဖးခ်င္းလမ္းေလၽွာက္လာမိသည္...
ခငိုသံၾကားတာေၾကာင့္စိတ္ပူမိေပမဲ့ သူဟန္ေဆာင္ေနမိသည္..ခကိုအေရးမစိုက္သလိုပုံစံမ်ိဳးနဲ႔ေပါ့..
'အီး..ဟီး..ေမာင္.....'
'ခက္ခြန္းခ....အဲ့တာဘာျဖစ္ေနတာလဲ..မနက္ေစာေစာက်က္သေရမ၇ွိေအာင္၇အိမ္ၾကား၈အိမ္ၾကားေအာ္ငိုေနတာ........'
'ဟင့္.....ေမာင့္...'
ေမာင္လိုေခါၿပီးကၽြန္ေတာ့္စီေျပးလာကာကၽြန္ေတာ့္ကိုယ္ကိုဖက္တြယ္လာပါေသာခ...
'ဘာျဖစ္တာလဲအဲ့တာ....??'
'ေမာင္ထြက္သြားၿပီထင္လို႔..ဟင့္...အဲ့တာ..'
'အဲ့တာငိုစရာလား...??'
'ထြက္မသြားနဲ႔ေနာ္..ေမာင္..ခလိမ္မာပါ့မယ္...'
'မသိဘူး..'
'ေမာင္...ဒါနဲ႔ေလ..apronႀကီးဝတ္ျီးဘာလုပ္ေနတာလဲဟင္...'
'ေအာက္မွာခ်က္ေနတာ...မင္းစားဖို႔..'
'ဟမ္..ခအတြက္...??'
'အင္း...ငါကလူမမာကိုသူစားဖို႔ဟင္းေတြထမင္းေတြထခ်က္ခိုင္းရတဲ့အထိေတာ့မယုတ္မာေသးပါဘူး..'
'ဒါနဲ႔..ေမာင္ကခ်က္တတ္လို႔လား..'
'ခ်က္တာမ်ား..ဘာခက္လို႔လဲ...??ဆီသာရွိရင္ေၾကာ္ေၾကာ္ခ်က္ခ်က္အားလုံးလုပ္ရတာဘဲ...'
'ေအာ္.....ေမာင္ခ်က္တာတခမွမျမင္ဘူးလို႔....ဟိုေလ..ေမာင္အနံ့..အနံ့ရသလိုဘဲ..'
'အင္း..ငါလည္းရတယ္...'
'ေမာင္အိုးေတြဘာေတြမီးဖိုေပါတည္ထားေသးလား...??'
'အိုး..မတည္.........အား....'
'ဟမ္....ဘာျဖစ္တာလဲေမာင္....??'
'အိုး...အေၾကာ္အိုးတင္ထားတာ.....သြားၿပီ....'
'အဲ့တာဆိုတူးကုန္ၿပိလားမသိဘူး...'
'ဟုတ္လား...အနံ့ကဒါဆိုအဲ့ကလာေနတာေပါ့..သြားပါၿပီ....'
'ဟင္း..ေမာင္ကေတာ့ေလ...'
ေမာင့္အျဖစ္ကရယ္ေတာ့ရယ္ရသား...ကၽြန္ေတာ့္ေယာက္်ားကအိမ္အလုပ္မေျပာနဲ႔ဖုန္ေတာင္တစ္ခ်က္မသုတ္ဖူးတဲ့ေမာင္ကအခုမွapronႀကိးတကားကားနဲ႔ခအတြက္ခ်က္ျပဳတ္ေနတာတဲ့..အခုလည္းအဲ့အိုးက..ဟီး...တူးေနၿပိေလ..အနံ့ေလးလွိုင္ေနတာကသက္ေသ...
ေမာင့္ကိုရယ္ခ်င္ေနေပမဲ့မရယ္ေတာ့ပါ...ေတာ္ၾကာေမာင္စိတ္မေကာင္းျဖစ္ေနမွျဖင့္..
ေမာင္ေျပးသြားရာေအာက္ထပ္ကိုဘဲခလည္းေမာင္နဲ႔တူတူလိုက္ဆင္းလိုက္သည္..
မီးဖိုထဲေရာက္ေတာ့ ေတြ႕လိုက္ရတာက ကၽြန္ေတာ္ဆြံေတာင္အသြားရသည္...
'ေမာင္..နံရံေပါကမဲမဲႀကီးေတြကဘာေတြလဲဟင္..??'
ဟိုတကြက္ဒိတကြက္နဲ႔ေႂကြျပားနံရံေပါကပ္တင္ေနတဲ့မဲမဲအရာႀကီးေတြကိုခေငးၾကည့္ရင္းတအံ့တဩေမးမိသည္..
ေမာင္ကလည္းေခါင္းေလးတကုတ္ကုတ္နဲ႔ေသခ်ာရွင္းျပရွာပါတယ္..
'ဟိုေလ...ဟို..ovenထဲမွာ မုန႔္ဖုတ္ထားတာ..အဲ့ေပါင္မုတ္ေတြက အထဲမွာတထုတ္ထုတ္နဲ႔အသံၾကားတာေၾကာင့္ovenတံခါးဖြင့္ၿပီးၾကည့္ၾကည့္တာ....အဲ့တာေလ...တေဖာင္းေဖာင္းနဲ႔အထဲကေနျပန္ကန္ထြက္လာတာ..ေတာ္ေသးတာေပါ့မ်က္ႏွာစင္ေတာ့မလို႔..အဲ့တာေၾကာင့္ေဟာဒီမွာေတြ႕လား..ေဟာဒီ့ ကflying panနဲ႔tennis ရိုက္သလိုရိုက္ခ်ပစ္လိုက္တာ...ဟဲ..ဟဲ..အဲ့တာေလ..မ်က္ႏွာကိုမမွန္ေပမဲ့..နံရံေပါစင္ကုန္တာ...မုန႔္ကဖုတ္တုန္းကေတာ့အေကာင္းပါ...ဘာေတြျဖစ္လို႔အခုလိုျဖစ္သြားတာလဲမသိဘူး..စက္မ်ားပ်က္ေနတာလားမသိဘူး...'
ေျပာလည္းေျပာလက္ကလည္း ovenေပါတဖုန္းဖုန္းထုေနတာေၾကာင့္ခမွာဝင္တားရျပန္သည္...
'ေမာင္...သိၿပီ..သိၿပီ...ဟင္း..ခကိုေျပာပါဦး...ေမာင္မုန႔္ထဲကိုဘာေတြထည့္လိုက္တုန္း..'
'ဒီပုလင္းေလး...??sodaဆိုလား..'
'ေမာင္..အဲ့ဘူးကအျပည့္ရွိတာေလ..ေမာင္မဟုတ္မွတစ္ပုလင္းလုံထည့္ပလိုက္တာလား...??'
'အဲ..ဘဘ္ေလာက္ထည့္ရမွန္းမသိလို႔စမ္းထည့္ရင္းလက္လြန္သြားၿပီးအကုန္နီးပါျဖစ္သြားတာ..ၾကည့္လိုက္ေတာ့ဘူးထဲမွာဖင္ကပ္ေလာက္ဘဲက်န္တာေၾကာင့္အကုန္ေလာင္းထည့္လိုက္တာ....'
'ဟူး....အဲ့တာေၾကာင့္ကို...ဟင္း......'
'မလုပ္တတ္တာမဟုတ္ဘူးေနာ္..အဲ့စက္ကေၾကာင္ေနတာ...'
'အင္းပါ..အင္းပါ...ခေမာင္ကအေတာ္ဆုံး...ဒါေပမဲ့အခုေတာ့ခဏထိုင္ဦး..ခေပပြေနတဲ့ဟာေတြရွင္းဦးမယ္...'
'၇တယ္...ၿပီးမွ တစ္ေယာက္ေလာက္ေခါရွင္းခိုင္းလိုက္မယ္...'
'ဟင္း...အင္းပါ...ေမာင့္သေဘာ...ဒါနဲ႔ေလေမာင္...'
'အင္း...'
'ဟိုဒယ္အိုးထဲကဟာေလးေတြကေရာ...ျပားျပားေလးေတြေလ...အဲ့တာက..'
'donut...'
'အမ္....donut..??ဟို..ဝိုင္းဝိုင္ေလးေတြျဖစ္ရမွာမဟုတ္ဘူးလား...ဟင္ေမာင္...'
'ေစာနကပုလင္းထဲကဟာေတြထည့္လိုက္ေသးတယ္..ေနာက္ၿပီး...yeastဆိုတာေရာဘဲ..ဂ်ဳံကိုလည္းဖုန္းကျပထားတဲ့အတိုင္းေသခ်ာနယ္ေနတာဘဲ..ေနာက္ဆုံးအဲ့ဂ်ဳံကလက္ထဲမွာေတာင္ကိုင္မရေအာင္ေပ်ာ့လာတာ...အမ်ိဳးအစားမေကာင္းတာလားမသိ..အဲ့တာေၾကာင့္မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္တာ..ခ..ေနာက္ဆိုအဲ့လိုအေပါစားေတြမဝယ္နဲ႔..ၾကားလား...'
အမေလးေမာင္ရယ္...sodaေတြထည့္..yeastေတြထည့္မွေတာ့ ဂ်ဳံကျပဲၿပိေပါ့လို႔..ဟ..ဟ..ေမာင္ကေတာ့ေလ..သူလုပ္တာလဲမွားေသးတယ္...မုန႔္ေတြကိုအျပစ္တင္ေနျပန္ၿပီ...
မေနနိုင္မထိုင္နိုင္ဘဲခြီကနဲရယ္မိေတာ့ေမာင္ကျပဴးတူးေၾကာင္ေတာင္ေလးၾကည့္လာျပန္သည္...
'ဘာလဲ..??အထင္ေသးတာလား...ေမာင့္ကို...??'
'ဟုတ္ပါဘူး...ေမာင့္ဒိုးျပားတူးေလးကအရသာရွိမယ့္ပုံေလးလို႔ေတြးမိလို႔ပါ..ဟား..ဟား...'
'ခ.............'
'ဟီး...ရယ္ဘူး...ဟား..ဟား...'
ေနာက္ဆုံးေတြ ေမာင့္လက္ခ်က္ေၾကာင့္ရႈပ္ပြေနတဲ့မီးဖိုထဲကေနေမာင့္ကိုအတင္းထြက္ခိုင္းလိုက္ရၿပီး ကိုယ္တိုင္သာမီးဖိုေခ်ာင္ထဲဝင္လိုက္၇ေတာ့..
ခတို႔ႏွစ္ေယာက္အတြက္ဒီေန႔ရဲ့မနက္စာကေတာ့ ေခါက္ဆြဲျပဳတ္ေလးေပါ့...
ေမာင္နဲ႔တူတူ မ်က္ႏွာခ်င္းဆိုင္ၿပီးေခက္ဆြဲျပဳတ္ေလးစားရတာက တကယ္ကိုအရသာရွိတာ..အဲ့တာကလည္း အရသာရွိလြန္းလွတဲ့ေခါက္ဆြဲကိုစားေနရတာေၾကာင့္မဟုတ္ဘူး..ေမာင္အနားမွာရွိေနတိုင္းဆားေရေသာက္ရရင္ေတာင္ငန္္မေနဘဲခအတြက္ေတာ့ပ်ားရည္ေသာက္ရသလိုခ်ိဳၿမိန္ရင္ခ်ိဳၿမိန္ေနမွာပါေမာင္..
စားေသာက္ထားတာေတြကိုခသိမ္းဆည္းေနတုန္းေမာင္ကဖုန္းလာလို႔အေရွ႕ဖက္ကိုထြက္သြားေလရဲ့..
ေမာင့္အနားမွာဘဲေနခ်င္တာေၾကာင့္ေဆးစရာရွိတာေတြျမန္ျမန္ေဆးေၾကာရင္း အိမ္ေရွ႕ခန္းကိုခထြက္လာခဲ့လိုက္သည္...
ေမာင္ထိုင္ေနတဲ့sofaခုံေဘးနားအသာလာထိုင္ေတာ့ေမာင္ကခကိုတခ်က္ၾကည့္ၿပီးလက္ထဲကဖုန္းဆီသာအာ႐ုံျပန္ေရာက္သြားသည္....
ေမာင့္attensionကိုလိုခ်င္တာေၾကာင့္ဘာရယ္မဟုတ္ေမာင့္အနားကပ္ရင္းစကားေတြေျပာေနမိသည္...
'ေမာင္....ဘာေတြၾကည့္ေနတာလဲ...??'
'စာပို႔ေနတာေလမျမင္ဘူးလား..??'
'ဘယ္သူ႔စီကိုလဲ....ေမာင္...??ခသိခြင့္ရွိမလား....??'
'ဘယ္သူ႔စီရွိရမွာလဲ..မစီကိုေပါ့.....'
'မ.....???သူက...'
'ညေနၾကရင္မလာလိမ့္မယ္ခ..အဲ့ၾကရင္မင္းေတြရမွာေပါ့..'
ဟန္မပ်က္ေမာင္ကဖုန္းသုံးေနေပမဲ့ ခမွာေတာ့ ရင္ထဲမွာပူေလာင္ေနတယ္ေမာင္........
ဘာျဖစ္လို႔လဲဟင္...
ေမာင့္ေဘးမွာအျပဳံးမပ်က္ထိုင္ေနေပမဲ့ ခရင္ထဲမွာေတာ့....မၿငိမ္းခ်မ္းနိုင္ပါ.....
မတည္
To be continued
---------------------------------------