ညကမောင့်ရဲ့ရမ္မက်တွေဝေနေတဲ့တပ်မက်မှုတွေကြောင့် ခသတိလစ်သွားခဲ့ရသည်အထိပင်.......
နောက်တော့ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာခမသိတော့....မသိတာထက်သတိမရှိတော့ဘူးလို့ပြောရင်ပိုမှန်မယ်ထင်တယ်ဗျ....
ခသတိရလာတော့ အခန်းထဲက လိုက်ကာကနေတဆင့်ဖြာကျနေတဲ့နေအလင်းရောင်စူးစူးကြောင့်မိုးလင်းသွားပြီဆိုတာသိလိုက်ရသည်...
ဟာ....နေတောင်ထွက်နေပြီလား..???
ဟူး...မောင့်အတွက်မနက်စာပြင်ပေးရဦးမှာကို.....ဒီနေ့တော့နောက်ကျပြီ...မောင်တောင်ထနေပြီလားမသိ....ဟင်း...
အိပ်ယာပေါမှကုန်းရုံးကာထဖို့ကြိုးစားတော့ ခရဲ့ခါးနားကလက်တဖက်ကတင်းကြပ်စွာရစ်သွယ်လာပြန်တယ်...
'အယ်...မောင်....'
မောင်ကအခုချိန်ထိအိပ်နေတုန်းလား.....???
စောနကအလန့်တကြားနဲ့ အော်မိသလိုဖြစ်တော့ မောင်က ဟင်းကနဲညည်းသံပေးကာခခါးကို မောင့်လက်နှစ်ဖက်နဲ့ အတင်းဆွဲဖက်ပြီး...
'ဆက်အိပ်ဦး.....မောင်လည်းအိပ်ရေးမဝသေးဘူး...ခလည်းညကပင်ပန်းထားတာမလား...အိပ်...??'ဟုဆိုကာ ခကိုယ်လေးကိုအတင်းမွေ့ရာပေါဆွဲချပြန်တာကြောင့် မောင့်ရဲ့ လက်တွေကြား ခ ရုန်းကန်မိသည်..
'မောင်အိပ်ရေးမဝသေးရင်လည်းဆက်အိပ်ပါ...ခ ထတော့မယ်..မောင့်အတွက် Breakfastလုပ်ပေးမလို့...မောင်ထရင်အဆင်သင့်စားလို့ရအောင်လို့လေ...'
'အားတွေကျန်သေးတယ်လား....??'
'ဗျာ.....??'
'ဘာဗျာလဲ...ဟင်း...ညက ခသတိလစ်သွားလို့မောင်ကအလျှော့ပေးပြီးလွှတ်ပေးလိုက်တာကို...ဘာလဲ..အဲ့တာတွေကအခုမောင့်ကိုပြန်ခံပြောဖို့အားတွေရှိသွားတာလား...???အဲ့လိုဆိုခကိုအခုအားတွေလျော့သွားအောင်မောင်ထပ်လုပ်ပေးရမလားပြော??...'
'ဟို....မောင်ကလဲ...??ဟွန်း...ဘာတွေပြောနေလဲမသိဘူး....'
'ရှက်တယ်ပေါ့ခက..'
'မရှက်လို့...ဟွန့်....စောစောစီးစီးမောင်က ဘာတွေပြောနေမှန်းမှမသိတာ...'
'ရှက်လည်းမထူးဘူးခရေ..မင်းရဲ့ဘယ်နေရာမှာဘာရှိတယ်ဆိုတာကအစ ညက မောင်အကုန် မြင်ပြီး..ထိပြီးပြီမို့...'
'အား...မောင်ကွာ....သွား...သွားတော့....'
မောင့်ရင်ဘတ်ကိုလက်သီးစုပ်ကလေးနဲ့တဘုန်းဘုန်းထုတော့ မောင်ကတဟားဟားရယ်လေရဲ့....
နောက်တော့ ခကိုမောင်ကရင်ခွင်ထဲတင်းကြပ်စွာထည့်ဖက်ထားရင်း
'ခ...ငြိမ်ငြိမ်လေးနေပေး...မောင်အိပ်ချင်လို့...'
'ခမှမအိပ်ချင်တော့တာ...'
'ဟင်း....'ဟုဆိုကာမောင့်လက်ကလေးတွေပြေရော့လာတော့ ခမှာ မောင့်ရင်ခွင်ထဲတဖန်ပြန်တိုးဝင်မိရင်း
'မောင်.....'
'.....................'
'မောင်လို့.....'
'ဘာလဲကွာ.....??'
'ခကိုစိတ်ဆိုးသွားတာလားဟင်...??'
'ဟင်း....'
'သက်ပြင်းတွေချည်းဘဲဇွတ်မချနဲ့လေဗျာ....သက်ပြင်းတွေခဏခဏချရင်အသက်တိုတတ်တယ်တဲ့...'
'မောင့်ကို စိတ်ပူတယ်ပေါ့...'
'ဟုတ်ပါဘူး...တော်ကြာကျွန်တော့်ယောက်ျားစောစောကြွသွားလို့...ခဆိုတဲ့ကျွန်တော် စောစောစီးစီးမုဆိုးဖိုဖြစ်မှာကြောက်လို့ပါ..ဟိ....တလွဲမတွေးနဲ့ယောက်ျားရေ..'
'ဘာ...ခနော်.....'
'အဟိ.....'
'ကောက်ဝါးလိုက်ရ..ဟင်း.....အဆိုးယုန်ပေါက်လေး...ကိုယ့်ယောက်ျားကိုကိုယ်စောစောစီးစီးသတ်နေတယ်ကြည့်စမ်း....'
'အို....မသတ်ပါဘူး..မောင်ကလည်း...ခကအခုတောင်မောင့်ကိုကြည့်မဝ..ရှုမဝ..ချစ်မဝဖြစ်နေတာကကို....'
'တော်တော်တတ်နေ...'
'ဟိ..အင်း..မောင့်ကိုငြီးငွေ့သွားတဲ့တနေ့ကြရင်လည်း မောင့်ကိုမောင့်fanတွေစီအမ်းလိုက်ရုံဘဲလေ.....ကံကောင်းရင် မောင့်fanတွေစီကတောင် ပိုက်ပိုက်တွေရချင်ရဦးမှာ...ဟုတ်ဘူးလား....'
'မောင့်ကို စစရာလား....ဟင်..ယုန်ပေါက်..'
'အ့..ဟ့..မောင်..ယားတယ်...ကလိမထိုးနဲ့....မနေတတ်ဘူးလို့...ခစ်..ခစ်...'
'မသိဘူးကွာ.....'
'ဟိ..ခစ်..ခစ်...ကတိ...ဟိ..ပေးတယ်..နောက်..မစတော့ဘူးလို့...ခစ်..ခါးကိုကလိမထိုးနဲ့တော့..'
'ဒါဆိုမောင့်ကိုနမ်း...'
'ဟာဗျာ.....'
'မောင့်နှုတ်ခမ်းကိုနော်....'
'ဟို...ပါးကိုနမ်းလို့ရဘူးလားဟင်....'
'ယုန်ပေါက်.....မောင်ခုန်အုပ်ပြီးမင်းကိုဆွဲစားလိုက်ရမလားအခု...??'
'ဟွန့်..စိတ်ချည်းဘဲ...တခါတလေများစဥ◌်းစားမိတယ်..အော်..သူကအကြီးလား..ကိုယ်ကအကြီးလားလို့...လူကိုမြင်တိုင်းအနိုင်ကျင့်ပြီးပိတ်ဟောက်ဖို့ဘဲချောင်းနေတဲ့မောင်စုတ်...'
'ဟိတ်..ဘာတွေပွတ်တွတ်ပွတ်တွတ်ပြောနေတာလဲခ...'
'အော်....ဘာမှမဟုတ်ပါဘူးမောင်ရယ်....မောင်ကချောလိုက်တာလို့တွေးနေတာ...'
'ချောမှာပေါ့...မောင်တို့ကဒေါင်းမျိုးတွေလေ....'
'အယ်..ဒေါင်း...??'
'ဟုတ်တယ်လေ..မောင်တို့က ကြီးလေပိုချောလေ...ချောတော့..လူကြိုက်များလေပေါ့..ဟိ...ခတောင်မောင့်ကိုတမ်းတမ်းဆွဲဖြစ်နေတာဘဲကြည့်လေ..မောင့်fanတွေကတော့ ထားလိုက်ပါတော့...'
'ဟုတ်ပါပြီကိုပပဝတီရယ်...'
'ဘာပပဝတီလဲ..???ခနော်....မောင်ကဒေါင်းဆို'
'မောင်ကလည်း..ဟုတ်တယ်လေ..မောင်ကချောလွန်းတော့ ခေတ်သစ်ပပဝတီပေါ့....သူ့အလှကနေကိုယ်ရောင်ကိုယ်ဝါတွေထွက်လွန်းလို့ ခုနှစ်ဆောင်ပြိုင်တိုက်ခန်းထဲမှာတောင်မီးထွန်းစရာမလိုဘူးတဲ့လေ..အဲ့တာမောင်ကြားဖူးတယ်မလား....'
'အဲ့တော့...'
'အဲ့တာ.....ညကြရင်ခလည်းစမ်းကြည့်ဦးမလားလို့..'
'ဘာကိုလဲ...??'
'ဟဟ...တခြားမဟုတ်ပါဘူးမောင်ရယ်..မောင့်ကိုယ်ရောင်ကိုယ်ဝါတွေဘယ်လောက်ရှိလဲဆိုတာ..??ပြောမရဘူး..အရမ်းကိုချောမောလွန်းတဲ့ခယောက်ျားကြောင့်မီးတာခတောင်သက်သာရင်သက်သာသွားမှာ..မီးမဖွင့်ရတော့လေ...ဟိ..ဟိ...'
'ခကတော့လေ...ဟင်း...'
'မောင့်...လွှတ်ပေးဦး...ခထချင်နေပြီ....'
'ဒါဆိုရင်အာဘွားပေးလေကွာ..ပြောထားတဲ့အတိုင်းနှုတ်ခမ်းကိုနော်...'
'မောင့်အကြောင်းမသိတာမှတ်လို့....အဲ့မောင်ပြောတဲ့အတိုင်းသာနမ်းရင် ဒီနေ့မပြောနဲ့နောက်နေ့တောင်ခအိပ်ယာပေါကဆင်းရရင်ကံကောင်း...'
'ဟဲ..ဟဲ..ဘာလို့..??'
'မောင်ကနမ်းရင်လူလိုမှမနမ်းတာ..နမ်းလိုက်..ကိုက်လိုက်..စုပ်လိုက်နဲ့သံသရာရှည်နေတာ..ပြီးတော့ခကိုမောင်လွှတ်ပေးမှာလဲမဟုတ်ဘူး..လူကိုအသက်ရှူခွင့်တောင်ပေးတာမှမဟုတ်တာ..ကြောက်တယ်..ကြောက်တယ်...'
'ခကသိသားဘဲ...'
'မောင်နော်...'
'အင်းပါ..မောင်ဒိတစ်ခါမညစ်ဘူး...'
'တကယ်လား..'
'အွန်း..'
'တချက်ဘဲနမ်းမှာနော်....'
'အွန်းဆို...'
'ဒါဆိုလည်း.....ပြွတ်စ်...ရပြီမှလား...'
မောင့်နှုတ်ခမ်းကိုတချက်နမ်းလိုက်တော့ မောင်ကကျေနပ်ပြုံးကြီးပြုံးကာ
'အင်း..ရပြီ....'
ထူးဆန်းလိုက်တာ..အလဲ့..မောင်ကခကိုလွယ်လွယ်လွှတ်ပေးတယ်ပေါ့....
အပျော်လွန်ပြိး မောင့်ဘေးနားကနေထဖို့ပြင်တော့လည်းဒုက္ခကကြံရပြန်ရော....
ကြောင်တောင်တောင်နဲ့အိပ်ယာပေါကမဆင်းဘဲစောင်ခြုံရက်နဲ့ငုတ်တုတ်ကလေးမလှုပ်မယှက်နဲ့ထိုင်နေမိတော့ မောင်က
'ခ...ပြောတော့ထတော့မယ်ဆို....??'
'အင်း...ဟုတ်..ဟုတ်တယ်လေ..'
'ဒါဆိုလည်းထလေ...'
'ဟား..ဟား...အခုပြန်အိပ်ရင်ကောင်းမလားလို့....'
'အမ်...'
'ဟို...မောင်...ဟိုလေ...'
'ခ..တဟိုဟို...တဟင်ဟင်နဲ့ဘာဖြစ်နေတာလဲ..??'
'မောင်...တခြားစောင်တထည်ခြုံလိုက်ပါလားလို့...???'
'ဟယ်..အခုမှဘာထဖြစ်တာလဲခရာ...အမြဲတမ်းမောင်တို့ဒီစောင်တထည်ဘဲတူတူခြုံနေကြဟာကို...'
'အဲ့တာတော့အဲ့တာဘဲလေ..ဒါပေမဲ့..အခုကကြတော့...မရဘူး...'
ရုတ်တရက်မောင်ကအိပ်နေရင်းကနေထလာကာခအနားကိုတိုးလာတော့ ခမှာအထိပ်ထိပ်အလန့်လန့်နဲ့မောင့်ကိုယ်ကြီးကိုလက်နှစ်ဖက်နဲ့တားရပြန်ပါသည်....
'မောင်..မောင်ဘာလို့ရှေ့တိုးလာပြန်တာလဲ..??'
'ဘာလို့လဲ..??ခအနားလာချင်လို့လေ...'
'မ..မလာနဲ့ဦး...'
'ခတစ်ခုခုဖြစ်နေတယ်မလား...??ပြော..မောင့်ကိုပြော..ဘာဖြစ်နေတာလဲ...??'
'အာ..ဘာမှ....'
'ပြောလေခရာ..ဘာလဲ...အောက်ပိုင်းကနာနေလို့လား....??မောင်ချီခေါပေးရမလား...??'
'မောင့်....မဟုတ်ဘူး...အာ...ခက်တာဘဲ...'
'ဟော်...ဒါလည်းမဟုတ်..ဟိုဟာလည်းမဟုတ်...ကဲပြော...ခဘာဖြစ်နေတာလဲ...???'
'အဲ့..အဲ့တာက..မသိတော့ဘူးကွာ...ဟင့်....'
'......ပြောဆို....'
'မောင်ကကြိုပြီးလည်းမပြောဘူး..အီး..ဟီး..ဗြဲ..ခကထချင်ပေမဲ့ အဝတ်မှမပါတာ...ဘယ်လိုထရမှာလဲလို့..အီး..ဟီး....လူယုတ်မာကြီးရဲ့..ရှက်လိုက်တာ....ညကအဝတ်လေးဘာလေးပြန်ဝတ်ပေးထားပါလားလို့.....ဟင့်..အင့်....'
'အော်...ဒါကြောင့်လား...ဟား..ဟား...ဘာများလဲလို့..ခကလည်း..ရှက်နေပြန်ပြီ...မောင်ပြောပြီးသားဘဲ..မောင်ခရဲ့အရာရာကိုတွေ့ဖူးမြင်ဖူးပါတယ်လို့ဆို.....'
'အဲ့တာကညကလေ...'
'ညကပေမဲ့လည်း အဲ့တာကြခကမရှက်ဘူးလား...'
'မရှက်ဘဲနေမလား...ဟင့်...ရှက်ပေမဲ့အခုလိုလင်းရှင်းနေတာမှမဟုတ်တာ..ဒါပေမဲ့..အခုတော့..အား..သိဘူး..ဟင့်...ငိုချင်တာဘဲသိတယ်မောင်စုတ်ရဲ့...အီး..ဟီး..'
'ဟောဗျာ......ဟား..ဟား..ဟား...ဟား....'
တဟီးဟီးအော်ငိုရင်းမကြာပါခတစ်ယောက်မောပြီးမောင့်ရင်ခွင်ထဲမှာဘဲတဖန်အိပ်ပျော်သွားပြန်သည်....
မောင့်ရင်ခွင်လေးကနွေးလိုက်တာ..ပြီးတော့အေးချမ်းတယ်....
နာရီအနည်းငယ်ကြာတော့ စားပွဲပေါတင်ထားတဲ့မောင့်ဖုန်းသံကရုတ်တရက်ထမြည်လာတာကြောင့်မောင်ရောခရောနိုးသွားရသည်...
မောင်ကမောင့်လက်မောင်းပေါမှာရှိတဲ့ခခေါင်းလေးကိုခေါင်းအုံးပေါအသာချပေးရင်းခနှဖူးပေါအနမ်းချွေကာ
'ဆက်အိပ်ချင်အိပ်ဦးနော်ခ...မောင်ဖုန်းသွားပြောလိုက်ဦးမယ်...'
'ဟုတ်.....'
မောင်ကဖုန်းပြောပြီးတာနဲ့ခပ်သွက်သွက်ဘဲရေချိုးခန်းထဲဝင်သွားပါတော့သည်...
မကြာပါတဝေါဝေါနဲ့ရေချိုးသံတွေကြားရပြီး ၅မိနစ်လောက်လည်းနေရောအောက်ပိုင်းတစ်ခုသာတံပါတ်ပတ်ထားရက်နဲ့မောင်ကထွက်လာပါတော့သည်......
မောင့်ကိုလှည့်မကြည့်ရဲ၍ မောင်ဘာလုပ်နေလဲဆိုတာသိချင်တာကြောင့်အိပ်ယာပေါကနေဘဲဖုန်း ကင်မရာဖွင့်ရက်နဲ့မောင့်ကိုချောင်းကြည့်မိသည်.........
wow...ခရဲ့မောင်က နောက်ကျောဘက်ကနေကြည့်ရင်တောင်ယောက်ျားဆန်ချက်ဘဲ...မင်းသားလို့မပြောရဘူး...ဆွဲဆောင်မှုကတော့အဖက်ဖက်ကနေကိုရှိနေတာ...ဟိ...ဟိ..ငါလေးမောင့်ကိုရတာကံကောင်းလိုက်တာ...
မောင့်ကိုခိုးငေးပြီးတကိုယ်တည်းအတွေးလွန်နေတုန်း
'ဟိတ်....မောင့်ကိုခိုးငေးနေတဲ့ယုန်ပေါက်သူခိုးလေး...'
'အမလေး....မောင်ရယ်...လန့်လိုက်တာ...အနားရောက်ရင်လည်းအသံလေးဘာလေးပေးမှပေါ့..တကယ်ဘဲ...'
'သူခိုးဖမ်းပါတယ်ဆိုမှအသံပေးရမှာလားခရဲ့....'
'သူခိုး...??ဟုတ်လား....??ဘယ်မှာလဲဟင်မောင်...?မိသွားလား...??'
သူခိုးဘယ်မှာလဲဟူ၍အူကြောင်ကြောင်မျက်နှာဘေးနဲ့မေးနေတဲ့ကျွန်တော့်ရှေ့ကကိုယုန်ပေါက်ကိုလေဆွဲညှစ်ပစ်ချင်တာအရမ်းဘဲ..တကယ်ဘဲ..ဘာနဲ့စပ်ပြီးမွေးလာလို့ဒီလောက်တောင်အသဲယားပြီးချစ်ဖို့ကောင်းနေရတာလဲမသိဘူး..ဟင်း..
'အဟမ်း...တကယ်ဘဲသူခိုးကိုမသိဘူးလားခ...??'
'အွန်း...မသိလို့မေးရတာပေါ့မောင်ရယ်...'
'သူခိုးကမောင့်ရှေ့မှာလေ...မောင့်အပေါပိုင်းဗလာနဲ့ပုံကိုမောင့်ကွယ်ရာမှာဖုန်းကြီးထောင်ပြီးခိုးခိုးကြည့်နေတာဘယ်ကယုန်ပေါက်လေးလဲပြောပါဦး...'
'ဟာ...မကြည့်ပါဘူး....'
'အော်..လိမ်တယ်ကြည့်စမ်း....'
'လိမ်ပါဘူး...'
'သက်သေဖုန်းနဲ့တကွမိတာကိုနော်..ခ....'
'လိမ်ပါဘူးဆိုကွာ...'
'အဟက်..အဆိုးလေး...ကိုယ့်ယောက်ျားကိုကြည့်ချင်တာများခိုးကြည့်ရတယ်လို့..ကြည့်ချင်ပေါတင်ကြည့်ပါလားမိန်းမလေးရဲ့..မောင်ကမောင့်မိန်းမလေးအတွက်ဆို အချိန်တိုင်းပြဖို့အဆင်သင့်...'
'ဟမ်...ဘာ..ဘာကိုလဲ..မောင်..????ဘာတွေပြောနေတာလဲ....??'
'အာ...ဟို....မောင့်ပေါင်မုန့်ခြောက်လုံးကိုပါ.....'
'ဟူး...မောင်ကတော့လေ...'
'ကဲ...ထားပါ...အဆိုးလေး...ထတော့..မောင်တို့အပြင်သွား၇အောင်..မောင်နားရက်ရှည်ကြီးရထားတယ်ဗျာ..ဒါနဲ့....မောင်ချီခေါရမလား...ထနို်ငရဲ့လား..??'
'ရတယ်...ခထနိုင်ပါတယ်..ဟို..မောင်စောစောနကပြောတာက မောင်နားရက်အများကြီးရတာကိုပြောနေတာလားဟင်...'
'အင်း...ခနဲ့dateလုပ်ဖို့ရက်အများကြီးရပါတယ်ဗျာ...'
'ဟီး..ဟီး...တကယ်လား...??ပျော်လိုက်တာမောင်ရယ်....ခမောင့်ကိုချစ်လိုက်တာ...'
'ဟုတ်ပါပြီ...'
'ဒါနဲ့လေမောင်...မောင့်နားရက်တွေအားလုံးကိုခအတွက်အချိန်ပေးတော့မှာပေါ့..ဟုတ်လား...'
'အင်းလေး....ခကမပျော်ဘူးလား..??ဘာလို့မောင့်အသဲလေးကမျက်နှာလေးငြှိုးသွား၇တာလဲကွာ...'
'မောင်ခအတွက်ချည်းဘဲအချိန်ပေးနေရရင်မောင်မနားရမှာစိုးလို့ပါ..မောင့်အတွက် အားလပ်ရက်ရှည်ဆိုတာကရခဲတယ်လေ...ခမဖြုန်းတီးပစ်ချင်လို့ပါ...'
'တွေးပူတတ်ပါဘိမောင့်မိန်းမရယ်...မောင့်မိန်းမနားအချိန်ပြည့်နေရမှာကိုမောင်ကလိုချင်နေတာကြာပါ့..အခုရတော့မောင်ကပျော်နေတာ..မောင့်အတွက်သီးသန့်နားရက်မလိုပါဘူးကွာ..မင်းလေးသာမောင့်အနားမှာရှိနေရင်မောင့်အတွက်နေ့တိုင်းကိုရီးယားကနှစ်တထောင်ဂျင်ဆင်းကိုသောက်နေရသလိုပါဘဲကွာ..မင်းလေးကမောင်ရဲ့အားဖြည့်ဓာတ်စာလေးလေ...'
'မောင်ကတော့ပိုပြီဗျာ...'
'လိုပါသေးတယ်ဗျ...'
'ဟွန်း...အပြောကောင်းတဲ့မင်းသားကြီး..'
'ဟား..ဟား..ဟား..ကဲထတော့...တော်ကြာလေယာဥ◌် မမှီဘဲနေမယ်..'
'အဲ့တာစီးပြီးသွားရမှာလားဟင်မောင်...သွားရမှာအရမ်းဝေးလို့လားဟင်....'
'ရောက်ရင်သိမှာပေါ့အသဲလေးရယ်...'
----------------
မောင်ကပြောထားတဲ့အတိုင်းဘဲမောင့်အတွက်ရှားရှားပါးပါးသာရတဲ့တစ်ပတ်ဆိုတဲ့ပိတ်ရက်ရှည်ကြီးကိုခနဲ့တူတူဖြတ်သန်းပေးခဲ့ပါတယ်...မနက်မိုးလင်းကနေစပြီးညမိုးချုပ်အိပ်ယာဝင်ချိန်ထိခအနားကခြေတဖဝါးမှမခွာဘဲနဲ့ပေါ့....
အားလပ်ရက်ကိုတူတူကုန်ဆုံးဖို့တော့ မောင်နဲ့ခchina ကိုသွားခဲ့ကြတယ်...
Chinaမှာအဲ့အချိန်နှင်းတွေအင်မတန်ကိုကျနေတာ..လှမှလှသိလား...??
မောင့်ကိုမေးခဲ့ပါသေးတယ်...ဘာလို့Chinaကိုလာရတာလဲလို့..ခနဲ့အချိန်ဖြုန်းချင်တာများMyanmar နိုင်ငံမှာလည်းတူတူပျော်လို့ရတာကိုလို့မေးတော့ မောင်က Myanmarနိုင်ငံမှာဆိုရင်မောင့်ကိုသိတဲ့လူတွေကခပ်များများဆိုတော့ ဘယ်နေရာသွားသွားခနဲ့လွတ်လွတ်လပ်လပ်သွားလို့မရဘူးတဲ့...
ဟုတ်တော့လည်းဟုတ်ပါတယ်လေ..မောင်ကအခုဆိုနာမည်ရမင်းသားတလက်ဖြစ်နေပြိဆိုတော့....
နောက်တော့မောင်ကဆက်ပြောသေးတယ်.....ခဆန္ဒလေးကိုဖြည့်ဆည်းပေးချင်လို့ပါတဲ့....ခကတရုတ်စာတွေစား၇တာကြိုက်တယ်လေ...အဲ့တာကိုမောင်လည်းအသိ...ဒါကို မောင်က ခကိုတကယ့်တရုတ်စာတွေကိုတရုတ်နိုင်ငံမှာ မောင်နဲ့ခတူတူစားရင်းတရုတ်နိုင်ငံရဲ့အလှအပတွေကိုခံစားရင်းအချိန်းဖြုန်းချင်လို့ပါတဲ့လေ..
တကယ်ပါ..မောင်ကခအတွက်အရာရာကိုတွေးပေးတဲ့သူပါလေ...ချစ်လိုက်တာမောင်ရာ...
တရုတ်နိုင်ငံမှာအစားတွေချည်းဘဲပတ်စားတာလားဆိုတော့လည်းမဟုတ်ပါဘူးဗျ....
မောင်နဲ့ခတို့ကျန်တဲ့အချိန်လေးတွေမှာဘာတွေလုပ်ကြလဲဆိုတော့ ပြောရရင်တော့အများကြီးရယ်...စေ◌ျးဝယ်ထွက်ကြတယ်...ညရှုခင်းတွေကြည့်ကြတယ်..အမှတ်တရတွေထဲကမှတ်မှတ်ရရဆိုရင်တော့မောင်ကခကိုskiလုပ်ဖို့ခေါသွားပေးတာပါဘဲ...
ခကskiကောင်းကောင်းမစီးတတ်ဘူး...အခုကfirst timeလေ..
ski စီးဖို့ပြင်တော့လည်းမောင်က ခအတွက် safety gloves တွေ shoesတို့လိုအသေးအဖွဲလေးတွေကအစ အကုန်မောင်ဘဲဝတ်ပေးတယ်....
မောင်ကခလုံခြုံရေးအတွက်လည်း သူတို့ဝတ်ခိုင်းတဲ့အနွေးထည်ထူထူတွေအပြင် အနွေးထည်တွေအောက်မှာ siliconလိုပျော့ပျော့ဟာတွေပါထပ်ခံပေးသေးတယ်..
ခချော်ကျရင်မနာအောင်လို့ပါတဲ့လေ....
ဒီလိုနဲ့မောင်နဲ့ခတို့skiစီးဖို့ ကွင်းထဲကိုရောက်လာတော့သည်..
'ခ....လာလေ...မောင့်လက်ကိုလှမ်းကိုင်ပြီးဆင်းခဲ့...'
မောင့်ခြေဖဝါးအောက်ကချောကျိကျိရေခဲတွေကိုကြည့်ရင်းခမှာကြောက်စိတ်တိုးရပြန်တာကြောင့်အေးနေရသည့်ကြားထဲဇောချွေးတွေပါပြန်လာရသည်...
'ကြောက်တယ်မောင်...ခကအဲ့လိုစီးတာကိုTVထဲမှာဘဲမြင်ဖူးတာ..ကြည့်ပါဦးမောင်ရယ်...ကြမ်းပြင်ကြီးကရေခဲတွေ..နှင်းတွေနဲ့ဖုံးနေတာ...အဲ့တာတွေကချော်မှာ....'
'ဒီမှာလေ..မောင့်ကိုကြည့်..မောင်တောင်မလဲသွားဘူး..တွေ့လား..??ခကိုမောင်ကသေချာထိန်းပေးမှာမို့..လာ..မောင့်စီလာခဲ့....'
'ဟင့်..အင်း...မောင့်ဘာသာဘဲစီးတော့.....'
'ပျော်စရာကောင်းပါတယ်ဆိုခရယ်..လာပါ....မောင်တစ်ယောက်တည်းစီးတော့ပျင်းစရာကြီးလေ..မောင်ကဒီကိုလာတယ်ဆိုတာခနဲ့တူတူskiစီးချင်လို့ကို....'
မောင်ကငါ့အတွက်ကိုသူ့အချိန်တွေပေးထား၇တာကို...ခရာ...လုပ်စမ်းပါ..မောင့်အတွက်သတ္တိရှိပေးလိုက်စမ်းပါ...
ကိုယ့်ဘာသာကိုယ်တကိုယ်တည်းရေရွတ်ရင်းမောင်ကမ်းပေးတဲ့လက်ကိုလှမ်းကိုင်ပြီးမျက်စိမှိတ်ကာရေခဲပြင်ပေါခြေချမိသည်...
'အမလေး..မောင်ရေ...'
စစချင်းဆိုတော့အရှိန်မထိန်းနိုင်ဘဲခခြေထောက်တွေယိုင်တိုင်တိုင်နဲ့ ချော်ကျမလိုဖြစ်တော့ မောင်ကခခါးကိုလှမ်းဖက်ကာသူ့ကိုယ်နဲ့ဆွဲကပ်ပြီးထိန်းထားပေလေရဲ့...
အခုဆိုခမျက်နှာကမောင့်ရင်ခွင်ထဲမှာဆုံးဆုံးကိုမြှုပ်လို့ပေါ့...
ဘေးလူတွေကလည်းခတို့ကိုကွက်ကြည့်ကွက်ကြည့်ကြည့်နေကြတာမို့ရှက်ရှက်နဲ့ဘဲခမောင်ဖက်ထားတဲ့မောင့်လက်တွေကြားကအတင်းရုန်းကန်ထွက်မိသည်.....
'ဘုတ်......'
'အ့..အမလေး...အမေ့..အီး..ဟီး...နာလိုက်တာမောင်ရယ်...ဟင့်...'
ရေခဲပြင်ပေါဖင်ထိုင်ရက်သားလေးပြုတ်ကျသွားတဲ့ချစ်ရသူလူသားလေးကို မောင်က အသာအယာဆွဲထူကာပြန်ဖက်ထားလိုက်ရင်း...
'ခရာ..ဘာဖြစ်သွားသေးလဲဟင်..??နာသွားတာလား..??'
'နာတာပေါ့လို့...ဟင့်....'
'ဘယ်နားနာတာလဲ..ပြပါဦးခရယ်...မောင်ခအနာသက်သာအောင်အာငွေ့ပေးပေးမလို့...'
'ဟိုနား...အာ..မောင့်...အီး..ဟီး..ဟီး....နာပါတယ်ဆိုမှ...'
'ဟောဗျာ....မောင်မေးတာမှားသွားလို့လား..?'
'မှားတယ်..ဟင့်...အဲ့နေရာကိုအာငွေ့ပေးစရာလားလို့..အ့င်..ဟင့်...'
'ဘယ်လို..??ဒါဆိုပြောပါဦး..မောင့်အသဲလေးဘယ်နားနာသွားတုန်း...??'
'..အသေသတ်လိုက်..ပြောဘူး..ဟင့်...'
'ပြောပါကွာ....တခုခုဖြစ်မှာစိုးလို့ပါခရာ..မောင်တကယ်စိတ်ပူလို့ပါ.....'
'အဲ့လိုလား..ဒါဆိုလည်း..ခေါင်းနည်းနည်းငုံ့..နားနားကပ်ပြောမယ်...ရှက်လို့..ဟင့်...'
'ပြောစေဗျာ...'
'ဟို....မြှီးယှောင့်ရိုးနာလို့လို့...'
'မောင့်ခလေးဖင်နာသွားတာပေါ့....ဟုတ်လား...အားပါးပါး....'
'အား...မောင့်..ရှက်လို့တိုးတိုးကပ်ပြောပါတယ်ဆိုမှဘာလို့အော်နေရတာတုန်း...ဟင့်...နာနေပါတယ်ဆိုမှယောက်ျားရ...'
'ဟ..ဟ..ဟုတ်ပါပြီဗျ...ကဲ..မောင်အာငွေ့ပေးပေးရဦးမလား..ခမက်မွန်သီးလေးအနာသက်သာအောင်လို့...'
'မောင့်..!!!'
'ဟေ.....'
'မောင်နော်..မစနဲ့...ဟွန့်....အဲ့တာမောင့်ကြောင့်ဖြစ်ရတာ...ခနာသွား၇တာမောင့်ကြောင့်....'
'ဟောဗျာ..ခဘဲမောင့်ကိုအတင်းတွန်းဖယ်ပြီးသူ့ဘာသာလဲလဲကျသေးတယ်..မောင့်ကြောင့်ဖြစ်၇တယ်ရှိသေး...'
'မောင်ကလူကြားမရှောင်သူကြားမရှောင် အတင်းဖက်ထားတာကိုး..လူတွေကကွက်ကြည့်ကွက်ကြည့်နဲ့ကြည့်နေတာဆိုတော့ခလည်းရှက်တာပေါ့လို့...မောင်မကောင်းဘူး....'
'ဟုတ်ပါပြီ..ကဲ..လာ...အခုတော့မောင့်လက်ကိုသေချာကိုင်..မောင်ခကိုskiစီးနည်းသင်ပေးမယ်....'
'ရ..ရလို့လား....မောင်....ကြောက်တယ်...'
'မောင့်ကိုယုံနော်အသဲလေး...စိတ်ချ..မောင့်အသဲလေးဘာမှမဖြစ်စေရဘူးဗျာ..'
'အင်းပါ....မောင့်ကိုယုံတယ်..ခကိုသင်ပေးနော်.....'
'OK....'
မောင်ကလည်းစိတ်ရှည်ရှည်နဲ့ခကိုskiစီးနည်းသင်ပေးရှပါတယ်..ခကသာအစဆိုတော့ ယိုင်တိုင်တိုင်တဲ့ကိုယ့်ကိုယ်ကိုမထိန်းနိုင်ဖြစ်နေခဲ့တာပါ..တဖြည်းဖြည်းနဲ့ မောင့်ကြောင့်ခskiစီးတာနည်းနည်းတော့ရဲလာပါတယ်....
'မောင်...'
'ဗျာ....'
'ခမတ်တပ်ရပ်နိုင်ပြီ.....ဟိ..ကြည့်ဦး..'
'တော်လိုက်တာခလေးက....'
'ဟိ..အွန်း....မောင်....မောင်သိလား...မောင့်အချစ်တွေကြောင့်ဘဲတစ်ရက်ပြီးတစ်ရက်ခအသက်ဆက်နေရတာ..'
'ဘယ်လို.....'
'ဟာ....မောင်...လက်ကိုမလွှတ်နဲ့လေ...'
'အာ...မောင်လည်းခအပြောကြောင့်ဟတ်ထိသွားပြီးလွှတ်မိလိုက်တာ....အလည်လေး...တော်တော်ပြောတတ်နေပြိပေါ့..ဟုတ်လား....??'
'ဟဲ..ဟဲ....မောင့်မယားဘဲ..ဒီလောက်ကတော့ပါးပါးလေးပုတ်ရုံရှိပါသေးတယ်ဗျာ..ဒါပေမဲ့...'
'ဒါပေမဲ့ဘာဖြစ်တုန်း..ဆက်ပြောဦးလေးခရယ်..'
'ဒါပေမဲ့ တောကီကြွယ်လွန်းတဲ့ခယောက်ျားကြီးကိုတော့မမှီသေးပါဘူးလို့....ဟိ...'
'ဟား...ဟား...ဖြစ်ရမယ်..ခကတော့လေ.....'
ပျော်လိုက်တာမောင်ရယ်....မောင်ခကြောင့်ပြုံးနေတဲ့အချိန်တိုင်းခနှလုံးသားကြီးတစ်ခုလုံးပေါက်ထွက်သွားမတတ်ကိုပျော်ရတာမောင်သိလား....
မောင့်ကြောင်ခရှင်သန်နေရသလို ခအတွက်ကြောင့်ဘဲမောင်လည်းရှင်သန်ပေးနော်....
-------------------------------------------------
ခတို့တရုတ်နိုင်ငံကိုအလည်သွားပြီးအမှတ်တရတွေအများကြီးဖန်တီးခဲ့ကြပါတယ်...
အခုဆိုခတို့မြန်မာနိုင်ငံကိုပြန်ရောက်ပြီ....ရောက်တဲ့နေ့ရဲ့နောက်နေ့ကစလို့ မောင်ကလဲသူ့ရိုက်ကူးရေးတွေနဲ့အလုပ်ရှုပ်နေပြန်သလိုခလည်းအိမ်အလုပ်တွေလုပ်ရင်းနဲ့ဘဲအချိန်ဖြုန်းနေခဲ့ပါတယ်...
ဘာလိုလိုနဲ့မကြာခင်မှာ မောင်နဲ့ခတို့လက်ထပ်ထားတာ၈လတောင်ပြည့်တော့မှာပါလား...
ဟိုတွေးဒီတွေးနဲ့ခမောင်နဲ့တရုတ်မှာရိုက်ခဲ့တဲ့အမှတ်တရပုံလေးတွေကိုထုတ်ကြည့်ရင်းမောင့်အလာကိုစောင့်နေမိသည်.....
'ဟိတ်...သဲလေး...ဘာတွေလုပ်နေတာလဲ...???'
'ဟော...မောင်တောင်ပြန်လာပြီ...??ဒီနေ့နည်းနည်းနောက်ကျတယ်နော်မောင်.....'
မောင်ကခနောက်ဘက်ကနေခကိုယ်လေးကိုသိုင်းဖက်ပြီးခလည်ပင်းကိုတချက်နမ်းကာဆိုလေသည်....
'အင်း....မောင့်မိန်းမလေးကိုယ်ကဘယ်အချိန်မွှေးမွှေး မွှေးနေတာဘဲကွာ.....'
'မောင်ကတော့ပိုပြီကွာ....'
'ကဲ...ဘာတွေလုပ်နေတာလဲပြောဦး....မောင့်ကို...??မောင့်ကားသံတောင်မကြားရလောက်တဲ့အထိမောင့်ချစ်ဇနီးလေးရဲ့စိတ်အာရုံကိုဘယ်သူကငြို့ယူနေတာလဲပြော...'
'သိချင်တယ်ပေါ့....'
'အင်း...'
'အဲ့တာမောင်လေ...မောင့်အကြောင်းတွေးနေလို့ဘယ်ဟာမှကိုမမြင်နိုင်မကြားနိုင်ဖြစ်နေတာ..အပြစ်ပေးချင်ရင်မောင့်ကိုယ်မောင်သာအပြစ်ပေးတော့ဗျာ...'
'ဟာ....တကယ်လား...'
'မောင့်ကိုခကညာစရာလား....??'
'ယုံပါတယ်ခရယ်....ဒါနဲ့ခပေါင်ပေါမှာ...'
'ချစ်စရာလေးနော်မောင်..သမီးလေးနာမည်ကကျင်းကောလေ...'
'ဘယ်ကသမီးလဲ...??ခကတော့နောက်ပြီ...'
'ဒီမှာလေ..ခပေါင်ပေါမှာ...'
'အဲ့တာကြီးကသမီး...!!!'
'ဖြည်းဖြည်းအော်ပါမောင်ရာ..သမီးလေးလန့်သွားပါဦးမယ်...'
'အဲ့တာကြီးကကြောင်ကြီးလေခရာ...'
'မောင်ကလည်း...အဲ့တော့ဘာဖြစ်လဲ...ကျင်းကောလေးကအခုခသမီးဆိုတော့ မောင့်သမီးဘဲလေ...'
'ကြောင်ကြီးတော့သမီးမတော်နိုင်ပါဘူးခရာ..ဘယ်ကမှန်းမသိရောက်လာတဲ့ကြောင်စုတ်ကိုခကယူပြီးပေါင်ပေါတင်ထားတာ...ရောဂါတွေဘာတွေပါလာမှ မောင်တို့ဒုက္ခရောက်မယ်နော်ခ...'
'သိပါတယ်..ခသမီးလေးကိုဆေးခန်းလည်းပြပြီးပြီ..ကာကွယ်ဆေးလည်းထိုးပြီးပြီ..ရေမိုးလည်းချိုးပြီးပြီ...အခုဆိုသမီးလေးကမောင့်ထက်တောင်သန့်သေးတယ်..မယုံရင်မောင်သမီးကိုနမ်းကြည့်ပါလား...??'
'ဝေါ့..မနမ်းချင်ပါဘူး...ခရာ...ခကြောင်လိုချင်တာများမောင့်ကိုပြောပေါ့..မောင်ဖုန်းထဲမှာမွေးပေးမှာပေါ့....'
'ဖုန်းထဲမှာ.....'
'ဟုတ်တယ်လေ.....ဟို..ဘာပါလိမ့်...Talking tomဆိုလား...'
'မောင်နော်....အဲ့တာကြီးကgameကြီးလေ....'
'သူလည်းဘဲအစာကျွေး၇တယ်လေ..ရေလည်းချိုးလို့ရတယ်..စကားလည်းပြောလို့ရသလိုမျိုးစုံလည်းလုပ်လို့ရတယ်လေ...ဒီကြောင်စုတ်ထက်အစပေါင်းများစွာသာပါ့...'
'မောင့်...သမီးကြားသွားရင်စိတ်မကောင်းဖြစ်သွားဦးမယ်.....'
'ဘယ်လို....??'
'ဟွန့်...'
'ကဲ...အဲ့ကောင်နဲ့မောင်ဆိုဘယ်သူ့ကိုပိုချစ်လဲ...ဖြေခ...'
'ဟာ..မောင်ကလဲ...??'
'ဖြေလေ....'
'တဝက်..တဝက်....'
'ဘာ!!!!'
'ဟာ...အော်ပြန်ပြီ...မောင်ရာ...လန့်လိုက်တာ..မအော်ပါနဲ့ဆို...'
'မသိဘူး..အော်မှာဘဲ..အဲ့ဟာမကဂြိုလ်ဆိုးခ..အဲ့ဟာမကိုမောင်းထုတ်လိုက်စမ်းပါခရာ....အိမ်ရောက်တာတောင်တရက်မပြည့်သေးဘူး...မောင့်အတွက်အချစ်တဝက်ကိုခစီကသူလုသွားပြီကွ...'
'မောင်..ဘာတွေလျှောက်ပြောနေတာလဲ..သမီးကဘာမှလဲမောင့်ကိုမလုပ်ဘဲနဲ့..သူ့ဘာသာခပေါင်ပေါအိပ်နေတာလေဗျာ....'
'တွေ့လား..အဲ့ဟာမကမောင့်ခရဲ့ပေါင်ကိုဦးထားပြီးခအချစ်ခံရအောင်လူလည်....အဲမဟုတ်ပါဘူး..ကြောင်လည်လုပ်နေတာ...ခသူ့ကိုမချစ်ရဘူးနော်...ခကမောင့်တစ်ယောက်တည်းကိုဘဲချစ်ရမှာနော်.....မောင့်အတွက် ခရဲ့အချစ်တွေကိုဘယ်သူမှနဲ့ဝေမျှမချစ်နိုင်ဘူးနော်လို့....'
'မောင်ရာ..တကယ်ပါဘဲ...'
'ရှူး...သွားစမ်း...ဟွန်း....ခအနားကသွားစမ်း...'
ပြောပြောဆိုဆိုနဲ့ဘဲမောင်က ခကိုယ်ပေါကကြောင်ငယ်လေးကိုအတင်းမောင်းထုတ်ရင်း ခပေါင်ပေါကိုမောင်ကအခန့်သားလေးလဲလျောင်းရင်း...
'ခ.....မောင့်ကိုလည်းပွတ်ပေး...ဆံပင်လေးတွေကို...သူ့ကိုမပွတ်ပေးနဲ့...'
'မောင်ကလေ..ကလေးကြနေတာဘဲကွာ....ကြောင်လေးနဲ့တောင်ပြိုင်ပြီးရန်ဖြစ်နေတယ်...'
'ခ....အဲ့ကောင်ကိုမချစ်ရဘူးနော်....'
'မောင်ကလည်း.....'
'မသိဘူး..မောင့်ထက်ဘယ်သူ့ကိုမှပိုပြီးမချစ်ရဘူး...ဒါကမောင့်အမိန့်ဘဲ....'
'ဟောတော်...'
'တကယ်ပြောနေတာ....'
မောင်ပြောတဲ့အတိုင်းမောင့်ဆံပင်လေးတွေကြားလက်ထိုးကာဖွပေးမိတော့ မောင်ကမျက်လုံးလေးမှိတ်ပြီးငြိမ်ခံနေလေရဲ့....
မောင်ကလေ ကြောင်လေးနဲ့တောင်ပြိုင်ပြီးရန်ဖြစ်နေတာ...ကလေးဆိုးလေး...
ခသိတာပေါ့..မောင်ကျင်းကောလေးနဲ့ခကိုသဝန်ပတ်တိုနေတယ်ဆိုတာ...
'မောင်...'
'အင်း...'
'ကျင်းကောလေးကိုခမွေးချင်တယ်...'
'ဘာလို့လဲ..??'
'မောင်အပြင်သွားနေတဲ့အချိန်ဆိုခအိမ်မှာတစ်ယောက်တည်းလေ..ပျင်းတာပေါ့..ဒီနေ့သူရှိတော့ခနည်းနည်းအပြင်းပြေတယ်မောင်..မောင်သိရဲ့သားနဲ့ခကကြောင်ချစ်တတ်တယ်ဆိုတာ....ငယ်ငယ်တုန်းကမွေးချင်ပေမဲ့မွေးဖို့အခွင့်မသာခဲ့လို့...အခုတော့...'
'ခ....'
'မောင်မမွေးစေချင်ဘူးဆိုရင်လည်းခမမွေးတော့ပါဘူး....ခကျင်းကောလေးကိုကြောင်ဂေဟာလေးဘဲပို့လိုက်မယ်....'
'မောင်ပြောတာကအဲ့လိုမဟုတ်ပါဘူးခရယ်...ခမောင့်ကိုပြောပါဦး..သူ့ကိုခဘယ်လိုတွေ့တာလဲ....??'
'မနက်ကခအပြင်ထွက်ပြီးအဝတ်တွေလှမ်းနေတုန်းခတို့ခြံအုတ်တံတိုင်းပေါမှာတွေ့တာ....ခကိုတွေ့တော့သူကအသံပိစိလေးတွေပေးပြီးလိုက်ပွတ်တော့တာဘဲ....'
'သူ့ပိုင်ရှင်တွေရော...ရှာပြီးပြီလား...??'
'အဲ့အတွက်မပူနဲ့မောင်...ခတစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်မေးကြည့်ပြီးပြီ..သမီးလေးရဲ့ပိုင်ရှင်အန်တီကြီးနဲ့လည်းတွေ့တယ်...သူက ခကိုသမီးလေးကိုမွေးဖို့သဘောတူလိုက်တယ်လေ....'
'ဟင်း....'
'မောင်....ရပါတယ်...မောင်ကမမွေးရဘူးဆိုရင်လည်းခ...'
'ခသဘောပါ...'
'မောင်ခွင့်ပြုတယ်ပေါ့...'
'အွန်း.....'
'ရေး...ဒါမှခရဲ့မောင်ကွ...ဟိ...'
'အဟမ်း...ဒါပေမဲ့မှာထားပါရစေ...အဲ့အကောင်ကိုခကမောင့်ထက်ပိုချစ်ရင်တော့အဲ့အကောင်ကိုဒီအိမ်ပေါကနေမောင့်ခြေထောက်နဲ့ကန်ထုတ်ပစ်မယ်မှတ်..မောင့်ထက်ပိုပြီးမချစ်ရဘူးနော်ခ....'
'အင်းပါ..အင်းပါ..မောင့်ကိုသာအချစ်ဆုံးနော်...ဟီး....'
'လိုချင်တာရတော့ဖြစ်သွားတဲ့ရုပ်ကိုကနော်...ဟွန်း...'
'မောင်ကလဲ..ပျော်လို့ပါ...ဟိ..ဟိ...'
'ဟင်း....ကဲ...မောင်ရေသွားချိုးတော့မယ်....'
'ဟုတ်...'
'ဒါနဲ့ခအနောက်က....'
'အော်...ဒါလား....'
'အယ်..ဒါ..မောင်တို့ ဟိုမှာရိုက်ခဲ့တဲ့ဟာမလား..night marketမှာလေ...'
'အင်း....ခprintပြန်ထုတ်လိုက်တာ...ဒါလေးကိုကြိုက်လို့...'
'ဟား..ဟား..ဒါဆိုစောနက ခဒါလေးကိုကြည့်ပြီးမောင့်အကြောင်းတွေးနေတာပေါ့..ဟုတ်လား..အသဲလေး...'
'အွန်း....'
'အယ်..ဘာမှတောင်မလုပ်ရသေးဘူးမျက်နှာကြီးအောက်ငုံ့ပြီးရှက်နေလိုက်တာခရာ....တကယ်များမောင်လုပ်၇င်ကြူကြူပါအောင်အော်ငိုမလားဘဲ..အဟက်...'
'မောင်ကလဲ..သွား...ရေချိုးမှာဆိုသွားချိုး....ခထမင်းခူးပြီးစောင့်နေမယ်....သွားတော့...'
'အင်းပါ..အင်းပါကွာ...'
ခကိုစနောက်ပြီးရေချိုးမယ်ဆိုသောအကြောင်းပြချက်နဲ့ကျွန်တော်အိပ်ခန်းထဲနောက်ဆုံးေရာက်ခဲ့ပါတော့သည်...
အခန်းထဲရောက်တော့မှာရှုပ်ထွေးနေတဲ့စိတ်ကိုပြေလိုပြေငြား ဝတ်ထားတဲ့အကျီတွေကိုကြယ်သီးလေးလုံးလောက်ထိဆွဲဖြုတ်ရင်းလေပူတွေမှုတ်သက်ပြင်းတွေအကြိမ်ကြိမ်ချမိသည်..သို့သော်..မောင့်ရင်ထဲကအပူမီးဟာငြိမ်းမသွားခဲ့ပါ....
ဘာကြောင့်ဆို..................
လွန်ခဲ့သောနာရီအနည်းငယ်က.........
'ရှိုင်းရှင်းလျှံ....ဒါဘာတွေလဲ..မင်းကြည့်စမ်း...'
'photoတွေလေ...ဂျာကြီးလည်းမြင်ရဲ့သားနဲ့ဘာလို့ကျွန်တော့်ကိုလာမေးနေသေးတာလဲ....???'
'ငါ့ကိုမရွဲ့နဲ့ရှိုင်းရှင်းလျှံ..အဲ့ဓာတ်ပုံထဲမှာမင်းဘဝကိုပျက်စေနိုင်တဲ့ဟာတွေပါတယ်ဆိုတာမင်းမသိဘူးလား..ဒါတွေသာပြန့်သွားရင်မင်းမှမဟုတ်ဘူးငါ့ဘဝ...နောက်ပြီးမင်းအတွက်စိုက်ထုတ်ထားတဲ့ ငါပိုက်ဆံတွေပါအကုန်ပလုံကုန်မှာ...သိလား...'
'ဘာတွေမို့လို့အဲ့လောက်တောင်အသဲအသံဖြစ်နေ၇တာလဲဂျာကြီးရာ...??'
'ယူကြည့်ကြည့်.....အဲ့မှာ..ဟင်း....'
ဂျာကြီးပြောလို့သူထိုင်နေတဲ့ခုံမှထကာစောနကစားပွဲပေါပစ်တင်ထားတဲ့photoတချို့ကိုသူယူကြည့်မိရင်းမျက်လုံးပြူးသွားရသည်အထိ....
ဟမ်..ဒါကလေယာဥ◌် ပေါကပုံတွေ....
ပြီးတော့..ဒါကလည်း..ခနဲ့skiစီးတုန်းကပုံလေ...
နောက်ပြီး...
'ဒါတွေက..ဘယ်လိုဖြစ်လို့....???'
'အေး..အဲ့တာငါကတောင်မင်းကိုမေးရမှာ.....ဖြေပါဦး..ဘယ်လိုတွေဖြစ်၇တာလဲ....???'
'ဂျာကြိး...ဒါတွေကိုဘယ်ကရတာလဲ..?'
'သတင်းထောက်တွေစီကပေါ့ဟ....မင်းကိုယ်မင်းဘာဆိုတာကိုရောမင်းမေ့နေပြီလားရှိုင်းရှင်းလျှံ...မင်းကအနုပညာရှင်တယောက်နော်..နာမည်ရအနုပညာရှင်တစ်ယောက်..အေး..မင်းနောက်လိုက်နေတဲ့fanတွေကလည်းအများကြီးရှိသလိုမင်းနောက်လိုက်ပြီးသတင်းယူနေတဲ့ပါပါရာဇီတွေကလည်းရိုက်သတ်လို့မကုန်ဘူး..'
'ကျွန်တော်သိပါတယ်....ဒါမျိုးတွေဖြစ်မယ်မှန်းသိလို့ကျွန်တော်ခနဲ့နိုင်ငံခြားခရီးစင်ကိုတောင်ရွေးခဲ့တာ..ဒါပေမဲ့လည်း....'
'ဒါပေမဲ့မလဲနဲ့...တော်သေးလို့ပေါ့..အဲ့သတင်းသမားကိုငါသိလိုက်လို့အခုလိုအနုပညာလောကမှာလူမသိသူမသိဖြစ်သွားတာ....ဒီတခါကံကောင်းသွားပေမဲ့နောင်တခါကံကောင်းမလားဆိုတာမသေချာဘူးနော်..မင်းဆင်ခြင်သင့်ပြီထင်တယ်....'
'ဂျာကြီး.....ဂျာကြီးလည်းသိရဲ့သားနဲ့....ခနဲ့ကျွန်တော်နဲ့ကတရားဝင်လက်ထပ်ထားတယ်ဆိုတာ..တခါတလေလေးရတဲ့ပိတ်ရက်လေးမှာကိုယ့်ချစ်သူနဲ့ကိုယ်တူတူနေတာကိုဆင်ခြင်ပါဦးဆိုတာ...ဂျာကြီးပြောချင်တာကဘာသဘောလဲ...'
'အေး...ဖြတ်သင့်ရင်သံယောဇင်ဆိုရင်တောင်ဖြတ်တတ်ရတယ်..သိလား..ရှိုင်းရှင်းလျှံ..'
'ဂျာကြီးဘာပြောချင်တာလဲ...'
'ငါဘာပြောချင်တာလဲဆိုတော့....မင်းသိရဲ့သားနဲ့..အနုပညာလောကဆိုတာလွယ်လွယ်နဲ့ဝင်လို့မရဘူး...အဲ့လောကမှာနေရာတစ်ခုရဖို့မင်းဘယ်လိုကြိုးစားခဲ့ရတာလဲဆိုတာမင်းကိုယ်မင်းအသိဘဲမဟုတ်လား...??'
'အင်း..'
'အဲ့တော့........'
ဂျာကြီးနဲ့စကားပြောနေတဲ့အချိန်မှာဘဲဂျာကြီးစီကိုဖုန်းတစ်ခုကဝင်လာတာကြောင့်စကားစပြတ်သွားခဲ့သည်...
တဖက်ကဖုန်းကျသွားပြီးနောက်ဂျာကြီးမျက်နှာမှာစိုးရိမ်စိတ်တွေအပူမီးတွေတောက်လောင်နေတာကိုကျွန်တော်တွေ့လိုက်ရသည်.....
'သွားပြီ.....'
'ဟမ်..ဘာတွေဖြစ်တာလဲဟင်....'
'အဲ့ဓာတ်ပုံတွေlineပေါမှာပျံ့နေပြီတဲ့...'
'ဘာ......!!ဂျာကြီးပြောတော့တားလိုက်နိုင်တယ်ဆို...'
'အေး...ငါလည်းမသိတော့ဘူး..အခုဘာတွေဖြစ်နေတာလဲဆိုတာ...???ကံကောင်းတာလားကံဆိုးတာလားမသိပေမဲ့ မင်းယူထားတဲ့တစ်ယောက်..နာမည်ကဘာ....'
'ခကိုပြောနေတာလား....??'
'အေး..အဲ့တစ်ဘောက်မျက်နှာကိုတော့ဝါးထားတယ်တဲ့....မင်းမျက်နှာတော့ပါတယ်..မင်းသတိထားတော့..အနုပညာလောကရဲ့ရိုက်ချက်အပြင်းဆုံးက အချစ်ရေးကိစ္စဘဲ...အေး..သတင်းထောက်တွေက သူတို့အကျင့်အတိုင်းမင်းကိုတွေ့ရင်သူတို့သိချင်တာတွေကိုအကုန်မေးမှာဘဲ...အခုမှတော့မထူးဘူး..လာမဲ့ဘေးပြေးတွေ့ယုံဘဲ.....မင်းသာသူတို့စိတ်ကိုချုပ်ကိုင်နိုင်ရင်မင်းနိုင်မယ်..မင်းအနုပညာလောကမှာဆက်ရပ်တည်လို့ရတာပေါ့....အကယ်၍..အဲ့လိုမဟုတ်ဘူးဆိုရင်တော့..မင်းရော..ငါတို့ရော..အကုန်သွားပြီ.....ပလုံပြီကွ....'
'ဒါဆိုဘယ်လိုလုပ်ကြမလဲ...ဒီကိစ္စကိုဘယ်လိုဖြေရှင်းလို့ရလဲ...???'
'တစ်နည်းတော့ရှိတယ်..မင်းရောငါရောမသေအောင်ကယ်လို့ရတဲ့တနည်း.....မင်းအဲ့တာကိုတော့လုပ်ရလိမ့်မယ်...'
'အဲ့တာကဘာလဲ.....'
'မင်းအနုပညာအသိုင်းဝိုင်းထဲကဘဲဖြစ်ဖြစ်တခြားကဘဲဖြစ်ဖြစ် လူသိများပြီးနာမည်ကြီးတဲ့မိန်းကလေးတစ်ယောက်ယောက်နဲ့အချစ်ရေးကိစ္စrumor ထွက်အောင်လုပ်ရမှာဘဲ....မင်းလုပ်ကိုလုပ်၇မယ်..ငြင်းလို့မရဘူးရှိုင်းရှင်းလျှံ....ဒါငါ့အမိန့်ဘဲ.....အေး..အကောင်းဘက်ကတွေးကြည့်မယ်ဆို မင်အတွက်လည်းမင်းချစ်တဲ့အလုပ်ကိုလက်မလွှတ်ရသလို..တဖက်ကနေလည်းမင်းချစ်တဲ့သူကိုအများလူတွေမထိခိုက်လာအောင်ကာကွယ်လို့ရတယ်..ငပြောတာကမင်းနဲ့အဲ့မိန်းကလေးကိုအတည်တွဲခိုင်းတာမဟုတ်ပါဘူး....ခဏလေးဘဲ..မင်းသတင်းတွေငြိမ်သွားတဲ့အထိဘဲ.....မင်းချစ်သူအတွက်လို့တွေးပြီးငါပြောတာကိုလက်ခံလိုက်စမ်းပါကွာ'
Flash back end
'မောင်ဘယ်လိုလုပ်ရမလဲခရာ....မောင်ဘယ်လိုတွေဆက်လုပ်ရမလဲ...??မောင်ရူးချင်တယ်...မောင်မတွေးတတ်တော့ဘူး....ခရာ....မောင့်ကိုကယ်ပါဦး.....'
TO BE CONTINUED
-------------------------------------
Zawgyi
'အယ်...မောင်....'
'အားတွေကျန်သေးတယ်လား....??'
'ဗျာ.....??'
'ရှက်တယ်ပေါ့ခက..'
'ခမှမအိပ်ချင်တော့တာ...'
'မောင်.....'
'.....................'
'မောင်လို့.....'
'ဘာလဲကွာ.....??'
'ဟင်း....'
'ဘာ...ခနော်.....'
'အဟိ.....'
'တော်တော်တတ်နေ...'
'မသိဘူးကွာ.....'
'ဒါဆိုမောင့်ကိုနမ်း...'
'ဟာဗျာ.....'
'အယ်..ဒေါင်း...??'
'အဲ့တော့...'
'ဘာကိုလဲ...??'
'ခကတော့လေ...ဟင်း...'
'ဟဲ..ဟဲ..ဘာလို့..??'
'ခကသိသားဘဲ...'
'မောင်နော်...'
'တကယ်လား..'
'အွန်း..'
'တချက်ဘဲနမ်းမှာနော်....'
'အွန်းဆို...'
'အင်း..ရပြီ....'
'အင်း...ဟုတ်..ဟုတ်တယ်လေ..'
'ဒါဆိုလည်းထလေ...'
'အမ်...'
'ဟို...မောင်...ဟိုလေ...'
'မ..မလာနဲ့ဦး...'
'အာ..ဘာမှ....'
'......ပြောဆို....'
'အဲ့တာကညကလေ...'
'ဟောဗျာ......ဟား..ဟား..ဟား...ဟား....'
'ဟုတ်.....'
'ဟာ...မကြည့်ပါဘူး....'
'လိမ်ပါဘူး...'
'လိမ်ပါဘူးဆိုကွာ...'
'ဟူး...မောင်ကတော့လေ...'
'ကဲ...ထားပါ...အဆိုးလေး...ထတော့..မောင်တို့အပြင်သွား၇အောင်..မောင်နားရက်ရှည်ကြီးရထားတယ်ဗျာ..ဒါနဲ့....မောင်ချီခေါရမလား...ထနိုငရဲ့လား..??'
'ဟုတ်ပါပြီ...'
'မောင်ကတော့ပိုပြီဗျာ...'
'လိုပါသေးတယ်ဗျ...'
----------------
'အမလေး..မောင်ရေ...'
'ဘုတ်......'
'နာတာပေါ့လို့...ဟင့်....'
'ပြောစေဗျာ...'
'မောင့်..!!!'
'ဟေ.....'
'OK....'
'မောင်...'
'ဗျာ....'
'တော်လိုက်တာခလေးက....'
'ဘယ်လို.....'
-------------------------------------------------
-------------------------------------------------
'မောင်ကတော့ပိုပြီကွာ....'
'သိချင်တယ်ပေါ့....'
'အင်း...'
'ဟာ....တကယ်လား...'
'မောင့်ကိုခကညာစရာလား....??'
'ဒီမှာလေ..ခပေါင်ပေါမှာ...'
'အဲ့တာကြီးကသမီး...!!!'
'ဖုန်းထဲမှာ.....'
'ဘယ်လို....??'
'ဟွန့်...'
'ဟာ..မောင်ကလဲ...??'
'ဖြေလေ....'
'တဝက်..တဝက်....'
'ဘာ!!!!'
'မောင်ရာ..တကယ်ပါဘဲ...'
'မောင်ကလည်း.....'
'ဟောတော်...'
'တကယ်ပြောနေတာ....'
'မောင်...'
'အင်း...'
'ဘာလို့လဲ..??'
'ခ....'
'ဟင်း....'
'ခသဘောပါ...'
'အွန်း.....'
'ဟုတ်...'
'ဒါနဲ့ခအနောက်က....'
'အော်...ဒါလား....'
'အွန်း....'
'အင်းပါ..အင်းပါကွာ...'
ခကိုစနောက်ပြီးရေချိုးမယ်ဆိုသောအကြောင်းပြချက်နဲ့ကျွန်တော်အိပ်ခန်းထဲနောက်ဆုံးရောက်ခဲ့ပါတော့သည်...
ဘာကြောင့်ဆို..................
နောက်ပြီး...
'အင်း..'
'အဲ့တော့........'
'သွားပြီ.....'
'ဟမ်..ဘာတွေဖြစ်တာလဲဟင်....'
'ခကိုပြောနေတာလား....??'
'အဲ့တာကဘာလဲ.....'
Flash back end
TO BE CONTINUED
-------------------------------------