[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...

By Boss_want_to_eat_you

544K 74.5K 1.4K

Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] ႏွင္းခဲေတြဟာ အရည္ေပ်ာ္သြားၿပီး ႏြေဦးအျဖစ္ေျပာင္းလဲသြားေလရဲ႕။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ္သိမ္း[၈၉] အဆုံးသတ္။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။

[၆၂] အချစ်နာကျခြင်း။

2.4K 392 5
By Boss_want_to_eat_you

!Unicode!

အခန်း(၆၂) အချစ်နာကျခြင်း။

------

ယွီဟုန်မိန်းမောသွားရသည်။
"ရှစ်..."

သူအလျင်အမြန်တုံ့ပြန်လိုက်ပြီး သူစကားလုံးများထွက်အံကျလာသည်နှင့် ကျန်းရွှင်းယီ၏ဝတ်ရုံအနက်ကို သတိပြုမိလိုက်ကာ ခပ်မြန်မြန်လှည့်အော်လိုက်သည်။
"မင်းဘယ်သူလဲ။ မင်းကသိပ်သတ္တိရှိနေသကိုး။ ဟောဒီကသခင်လေးကိုစစ်ဆေးမေးမြန်းနေတာကို မင်းကလာနှောင့်ယှက်တယ်ပေါ့။ မြန်မြန်ဒီကထွက်သွားစမ်း!"

ကျန်းရွှင်းယီသည် သူ၏ရူးမိုက်မှုကြောင့် ငိုမိမတတ်ပင်။ သူလက်မြှောက်လိုက်ပြီး ယွီဟောင်ခေါင်းကိုဖြတ်ရိုက်ကာ အေးစက်စက်ပြောလိုက်သည်။
"စာသင်သားတစ်ယောက်သုံးရက်တာအဝေးထွက်သွားပြီးနောက်မှာ မင်းသူ့ကိုအမြင်သစ်နဲ့ကြည့်သင့်တယ်။* အံ့သြစရာပဲ။ အခုတော့ဖြင့် မင်းက မင်းရဲ့ရှစ်ရှုကို အပြင်ထွက်ဖို့ပြောရဲနေပြီပေါ့လေ။"

(*တစ်စုံတစ်ယောက်က သုံးရက်အတွင်းမှာ တော်တော်လေးပြောင်းလဲသွားနိုင်ပါတယ်တဲ့)

ယွီဟုန်မှာ အရိုက်ခံလိုက်ရ၍ မူးဝေသွားရသည်။ ကျန်းရွှင်းယီဒူးထောက်ကာ အနောက်မှပျံဝဲလာသည့်ဓားကို လှည့်မကြည့်ပဲ နောက်ပြန်ကန်လိုက်သည်။ ဘမ်းခနဲအသံနှင့်အတူအော်သံတွေကို သူကြားလိုက်ရသည့်တိုင် သူနောက်မလှည့်မိသေးပေ။ သူသည် ယွီဟုန်၏ခန္ဓာကိုယ်အားချည်နှောင်ထားသော သံကြိုးကိုငုံ့ကြည့်ကာ သရော်လိုက်သည်။
"ဘယ်လိုတောင်စွမ်းတာပါလိမ့်။"

ဤသရော်စကားသည် ယွီဟောင်အား ရူးမိုက်သည့်အတွက် လှောင်ပြောင်ခြင်းလား၊ သို့မဟုတ်၊ မီးတောက်ဂိတ်ဝဂိုဏ်သားများအား အတင့်ရဲလွန်းသည့်အတွက် လှောင်ပြောင်ခြင်းပေလားဆိုတာကတော့ သိပ်မရှင်းလင်းပေ။ ကျန်းရွှင်းယီသည်ညာဘက်လက်ဝါးမြှောက်ကာ ဓားသွားကဲ့သို့ပင် သံကြိုးကိုရိုက်ချပစ်လိုက်သည်။ သံကြိုးမှာချက်ချင်းပြတ်ကျသွားတော့၏။ သူ၏ဘယ်ဘက်လက်ဖြင့် ကျန်းရွှင်းယီဟာ ယွီဟုန်ကို ဂုတ်မှဆွဲမလိုက်သည်။ သူ၏ညာဘက်လက်ဖြင့် သူ၏ဝတ်ရုံလက်ကိုခါလိုက်ကာ လူတစ်အုပ်လုံးကို လမ်းပိတ်လိုက်သည်။ ထို့နောက် ကျယ်လောင်စွာမေးလိုက်သည်။
"မင်းဒဏ်ရာရသွားသေးလား။"

ယွီဟုန်က တက်ကြွနေကာ အကျယ်ကြီးပြန်ဖြေလာခဲ့သည်။
"ဟင့်အင်း၊ ကျွန်တော်တိုက်ခိုက်နိုင်ပါတယ်ဗျ!"

"ကောင်းပြီ၊ ဒါဆိုလဲ သွားကြရအောင်!"

ကျန်းရွှင်းယီသည် ညာဘက်လက်ကိုဖြန့်ကာ မဲ့ဟွားဓားကို ဓားအိမ်မှဆွဲထုတ်လိုက်ပြီး သူ့ရှေ့၌ရှိနေသောရန်သူတွေအားလုံးကို ရက်စက်စွာဖြင့် ရှင်းထုတ်နေခဲ့သည်မှာ လေထုထဲမှအလင်းတန်းအလား ကြိမ်ဖန်များစွာမလှည့်လိုက်ခင်၌ မျက်စိတစ်မှိတ်အတွင်းမှာတင် သွေးပန်းပွင့်နီနီတို့က နေရာတစ်ခွင်လုံးတွင်ပြန့်ကျဲနေရော့သည်။ ဤလှုပ်ရှားမှုသည်ကား အမှန်စင်စစ်ပင် 'သွေးစွန်းလမ်းမကိုသတ်ဖြတ်ပါ'ဟူ၍ဆိုသည်။

ကျန်းရွှင်းယီသည် အကြင်နာတရားမထားပဲ တိုက်ခိုက်နေသည်။ သူရောက်လာကတည်းက စကားတစ်လုံးမှမပြောပဲ စတင်တိုက်ခိုက်ခဲ့တာဖြစ်သည်။ မီးတောက်ဂိတ်ဝဂိုဏ်းသားများဟာ နှစ်ပေါင်းများစွာတသီးတသန့်နေထိုင်ခဲ့ကြသည်ဖြစ်၍ ဤကဲ့သို့ရက်စက်ကြမ်းကြုတ်သောပုံစံကို မတွေ့မြင်ရသည်မှာ တော်တော်ကြာပြီဖြစ်၏။

နှာခေါင်းရိုးကျိုးကာ ပုပ်သိုးသိုးမျက်နှာဖြင့် ဒဏ်ရာအနည်းသာရထားသောလူကြီးတစ်ယောက်သည် မြေကြီးပေါ်မှရုန်းထလာကာ အော်ပြောသည်။
"မင်းဘယ်သူလဲ။ မင်းနာမည်ကိုတင်ပြစမ်း!"

"ကျန်းရွှင်းယီ" ကျန်းရွှင်းယီဓားထပ်ထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ကံမကောင်းစွာနဲ့ပဲ ခင်ဗျားကျုပ်နာမည်ကိုသိသွားရင်တောင်မှ အသုံးမဝင်တော့ဘူး။"

သူ၏ဓားအလင်းဖျတ်ခနဲလက်သွားကာ လူကြီးသည်လည်း မြေကြီးပေါ်သို့လဲကျသွားလေသည်။

ယွီဟုန်သည် သူ၏ဓားကို မြေကြီးပေါ်မှပြန်ကောက်ကာ ကျန်းရွှင်းယီအနောက်မှလိုက်လာခဲ့သည်၊ သို့ပေသိ သူ့၌ လှုပ်ရှားဖို့ရာအခွင့်မရှိလိုက်။ သူ၏မျက်နှာပေါ်မှသွေးတွေကိုသုတ်ပစ်လိုက်ကာ ကျန်းရွှင်းယီတိုက်ခိုက်နေတာကို မှင်သက်နေသည့်အကြည့်ဖြင့် စိုက်ကြည့်နေမိရင်းဖြင့် သူ့ရှစ်ရှုမှာ ဒီကနေ့ကိစ္စအကြီးကြီးလုပ်ဖို့ရှိမှန်း နားလည်သွားရသည်။ သူသည် ကျန်းရွှင်းယီတကယ်မသေဘူးဟူသည့် သတင်းကိုရထားပြီးသားဖြစ်သည့်တိုင် ထိုကိစ္စ၏အတွင်း၊အပြင်ကို မယ်မယ်ရရမသိပါချေ။ သို့သည့်တိုင် ယခု၌မူ သူတစ်ခုခုဝင်ပူးခံရသလို ခံစားနေရလုနီးပါးပင်။ သူကျန်းရွှင်းယီ၏ဝတ်ရုံလက်ကိုဆွဲကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်-
"ရှစ်-ရှစ်ရှု၊..ဦးလေးဘာဖြစ်နေတာလဲ..ဟင်?"

ကျန်းရွှင်းယီတည်ငြိမ်သောမျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
"လက်ယားနေတာ။"

ယွီဟုန်တစ်ခုခုပြောဖို့ပြင်လိုက်ပေမဲ့ သူ၏မျက်နှာမှာ ထိတ်လန့်ခြင်းအဖြစ်သို့ပြောင်းသွားခဲ့သည်။ သူသည် ဓားကိုင်ထားရင်းဖြင့် ကျန်းရွှင်းယီဘေးနားတွင်ရပ်လိုက်ကာ တံခါးကိုသတိချပ်၍ကြည့်နေမိသည်။

ကျန်းရွှင်းယီလည်း မိစ္ဆာချီစွမ်းအင်ပြင်းပြင်းကို ခံစားမိကာ ၎င်းသည် မနှိုင်းယှဥ်နိုင်လောက်သည့်ဖိနှိပ်ချုပ်ခြယ်နိုင်စွမ်းကို သူတို့နှစ်ယောက်ရှိနေသည့်အခန်းထဲသို့ တံခါးမှနေ၍ ပေးပို့နေလေသည်။ မဲ့ဟွားဓားကိုကြည့်ရသည်မှာ အန္တရာယ်ကိုခံစားမိပုံပေါ်ကာ မသိမသာတုန်ရီနေပြီး ခရမ်းနုနုအလင်းရောင်တောက်ပလာလေသည်။

စနစ်သည် တကယ့်ကိုလှည့်စားသွားတာဖြစ်သည်။ သူ့အားဤဖြစ်ရပ်ထဲကိုတွန်းပို့လိုက်ခြင်းအားဖြင့် ယခုရောက်ရှိလာသည့်တစ်ယောက်ဟာ ဒီအဆင့်၏ဘော့စ်ပဲဖြစ်ပေလိမ့်မည်။ သူဗျူဟာဆွဲ၊ နည်းလမ်းရှာသင့်သည်ဆိုပေမဲ့ သူအတွေ့အကြုံလုံလုံလောက်လောက်မရသေးခင်မှာပဲ သူကန်ထုတ်ခံလိုက်ရတော့သည်။ ဒါဟာ စည်းချက်ဆုံးရှုံးလိုက်ရခြင်းဖြစ်လေသည်။

ကျန်းရွှင်းယီသည် ဓားသွားကိုထုလိုက်ပြီး တောက်ပကာ တဝီဝီဆူညံသံကိုဖိနှိပ်လိုက်သည်။ သူလက်ဆန့်ကာ ယွီဟုန်၏ရင်ဘတ်ကိုတွန်းလိုက်ပြီး သူ့အနောက်ကိုပို့လိုက်သည်။ သူပြောလိုက်သည်။
"မင်းဒီမှာဘယ်လိုဖြစ်ပြီးပေါ်လာလဲဆိုတာကို ငါဂရုမစိုက်ဘူး။ ခဏနေကျငါတို့တိုက်ခိုက်ကျရင် မင်းလာမကူညီနဲ့။ အကယ်၍ မင်းမှာတောင်အောက်ဆင်းဖို့အခွင့်အရေးရခဲ့ရင် မင်းကိုယ်မင်းလုံခြုံအောင်အရင်လုပ်ပါ။ ငါပြောတာကြားလား။ တကယ်လို့ မင်းပြေးတောင်မပြေးနိုင်ဘူးဆိုရင်လဲ လင်းယင်ဂိုဏ်းသားတစ်ယောက်အဖြစ်ရှိမနေနဲ့တော့။ တောင်ချိုင့်တစ်ခုကိုသာရှာပြီး မင်းကိုယ်မင်းမြေမြှုပ်ပစ်လိုက်တော့!"

နံရံလေးဖက်ပေါ်မှပြတင်းပေါက်ဘောင်များသည် ခြောက်ခြားဖွယ်ကောင်းလှစွာဖြင့် တကျွီကျွီမြည်နေပြီးနောက် အစိတ်စိတ်အမွှာမွှာကွဲသွားတော့သည်။ ယွီဟုန်သည် မှင်သက်ရှုပ်ထွေးနေပြီးနောက် အလျင်စလိုမေးလာခဲ့သည်။
"ဒါဆိုရင် ရှစ်ရှုကရော ဘာလုပ်မှာလဲ။"

ဖိအားသည်ကား ပိုမိုပြင်းထန်လာပေမဲ့ ဤမျှကြာပြီးနောက်မှာတောင် အရိပ်အယောင်တစ်ခုမျှမတွေ့ရပေ။ ကျန်းရွှင်းယီသည် မဲ့ဟွားဓားကိုဓားအိမ်ထဲမှထုတ်ကာ သူ့ဓားမှချီစွမ်းအင်ဖိအားဖြင့်တိုက်ခိုက်လိုက်တော့ သူ၏လက်ကောက်ဝတ်မှာမသိမသာတုန်ယင်သွားရသည်။ သူ့လေသံမှာလည်းအလျင်လိုနေခဲ့သည်။
"ပေါက်ကရမပြောနဲ့တော့။ မင်းကကလေးသာသာပဲရှိသေးတာ၊ ငါဘာလုပ်မလဲဆိုတာ ဘယ်သူဂရုစိုက်မှာလဲ။ ငါပြောမယ်၊ မင်းရဲ့ယွင်ရှစ်ရှုက အခုတောင်ခြေမှာရှိနေတယ်။ သူ့ဆီသွားဖို့ကိုသာအရေးစိုက်စမ်းပါ။ ဒါကိုသူ့ဆီပေးလိုက်၊ ပြောတာကြားလား။"

ယွီဟုန်သည် ကျန်းရွှင်းယီထက် သိပ်မငယ်သော်လည်း သူသည် မတူညီကွဲပြားသည့်မျိုးဆက်ဖြစ်သည်။ သူငယ်စဥ်ကတည်းက ကျန်းရွှင်းယီ၏သင်ကြားပြသမှုများကို နားထောင်ခဲ့ဖူးသည်။ သူသည်လည်း ဤနေရာမှာအကူအညီမဖြစ်ဘူးဆိုတာ သိနေပါသည်။ ထို့ကြောင့် သူအံကြိတ်ကာ ကျန်းရွှင်းယီကမ်းပေးလာသော အဝတ်အပိုင်းအစလေးကို လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်!"

ထိုအဖြေနှင့်တစ်ချိန်တည်းမှာတင်၊ မဲ့ဟွားဓားမှထုတ်လွှတ်ထားသည့်ခရမ်းရောင်အရံအတားမှာ ပေါက်ကွဲထွက်သွားခဲ့ကာ နှစ်ဖက်စလုံးမှအားအင်တွေကို ခံနိုင်ရည်မရှိတော့ပါချေ။ ကျန်းရွှင်းယီသည် ပေါက်ကွဲသွားပြီးနောက် နောက်ပြန်ခုန်လိုက်ကာ လေထဲတွင်ရှိနေစဥ်မှာပဲ ယွီဟုန်ကိုအဝေးပို့လိုက်သည်။ သူအသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
"မြန်မြန်သွား!"

ယွီဟုန်မှာ ညင်သာမှုကင်းမဲ့စွာဖြင့် လွှတ်ပစ်ခြင်းခံလိုက်ရ၍ မတ်တပ်မရပ်လိုက်ခင်တွင် နေရာတစ်ခုအထိလှိမ့်သွားခဲ့ကာ မူးဝေနေလေသည်။ သူ့နောက်၌ဓားသံတွေကို သူကြားလိုက်ရသည်နှင့် ကျန်းရွှင်းယီ၏ညွှန်ကြားချက်ကို သူအမှတ်ရသွားမိသည်။ သူလှည့်ကြည့်မိလျှင် သူလှုပ်ရှားလို့မရတော့မည်စိုး၍ သူအံကြိတ်ကာ တောင်အောက်သို့တစ်ချိုးတည်းဆင်းပြေးလာခဲ့သည်။

ကျန်းရွှင်းယီသည် ထိုစကားသုံးလုံးကိုပြောလိုက်ပြီးနောက်တွင်၊ သူအသက်ရှုနှုန်းကမောက်ကမဖြစ်လာကာ သူ၏ရင်ဘတ်မှာ ချက်ချင်းပင်သွေးများဆန်တက်လာပြီး သွေးတစ်လုတ်အန်မိလုနီးဖြစ်သွားရသည့်တိုင်၊ ယွီဟုန်ထွက်မသွားမှာကိုစိုးရိမ်မိ၍ ပြန်လည်မျိုသိပ်လိုက်ရသည်။ ဤသည်မှာ ကျန်းရွှင်းယီတစ်ယောက် ဤကဲ့သို့မျက်နှာပင်မပြပဲ သူ့အားထိုသို့ဖြစ်အောင်လုပ်နိုင်သည့်ရန်သူမျိုးနှင့် ရင်ဆိုင်ရသည်မှာ သူ၏ဘဝ၌ပထမဆုံးအကြိမ်ဖြစ်ပေသည်။

အရံအတားပျက်ဆီးသွားရာမှထိတ်လန့်သွားခဲ့ပြီးနောက် သူ့ရှေ့တွင်ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ သို့ပေသိ၊ ထိုသူ၏မျက်နှာနှင့်ခန္ဓာကိုယ်မှာ မြူမည်းများနှင့်ပုန်းကွယ်နေသည်ဖြစ်၍ ရှင်းလင်းစွာမြင်နိုင်ဖို့ရာခဲယဥ်းလှသည်။ တစ်ဖက်ရန်သူ၏ဓားတောင်မှ မြူခိုးရိပ်မျှသာရှိပုံရပြီး ဓားသွယ်တစ်ချောင်းအသွင်ဖော်ဆောင်နေလေသည်။ ဒါဟာ အံ့သြစရာမကောင်းလှပေ၊ ၎င်းသည် ပုံမှန်မဟုတ်သည့်ပြင်းအားနှင့်အတူ သူ့ဦးခေါင်းထံသို့ဦးတည်လာခဲ့သည်။

အကယ်၍ မတိုင်ခင်တုန်းကသာဆိုလျှင်၊ သူ့ဓားကိုမြှောက်ပြီး ပြန်ရင်ဆိုင်လိုက်ဖို့ရာ တုံ့ဆိုင်းနေမည်မဟုတ်။ သို့သော် ယခုမူအခြေအနေတွေက ပြောင်းလဲသွားလေပြီ။ တကယ်လို့ တုဟိန်၏ခန္ဓာကိုယ်၌ စိတ်ဝိညာဥ်စွမ်းအားတွေပြည့်နေရင်တောင်မှ၊ သူ၏လက်မောင်းအားကိုမထိန်းနိုင်တော့သည်ဖြစ်ရာ သူတန်ပြန်တိုက်ခိုက်ဖို့မဝံ့ရဲပါချေ။

မြေပြင်ပေါ်သို့သူ၏ညာခြေဖြင့်တွန်းလိုက်ရင်းဖြင့် ဓားနှင့်အထက်သို့မျက်နှာမူနေရသည့်သူ၏နောက်ကျောအရိပ်ကြားမှ ကွာဟနေသည့်နေရာလေးမှလျှောထွက်လိုက်သည်။

သို့ပေသိ၊ သူသည်ရှောင်တိမ်းလိုက်ရုံသာမဟုတ်။ သူရှောင်လိုက်သည့်အချိန်တစ်ခဏလေးမှာ သူ့လက်ချောင်းကိုလှုပ်လိုက်သည်။ ဤလက်ချောင်း၏ပြင်းအားသည် ယခုလေးတင်ပြိုင်ဘက်၏တိုက်ကွက်၏စွမ်းအားထက် ပိုဆိုးလေသည်။ သို့ပေမဲ့ ယခုလက်ရှိအခြေအနေဖြင့် ရေကန်ထဲကို မှင်တစ်စက်ချလိုက်သည့်အလား ချက်ချင်းအလျှင်းပင် ဓားပေါ်ကို အားထုတ်လွှတ်လိုက်သည်။

ပြိုင်ဘက်ကိုကြည့်ရသည်မှာ အနည်းငယ်အံ့အားသင့်သွားပုံရပြီး ဓားအဟုန်ကို မသိမသာနှေးချလိုက်သည်။ ကျန်းရွှင်းယီဟာ ဤသည်ကိုအခွင့်ကောင်းယူကာ ချက်ချင်းတိုက်ခိုက်လိုက်သည်။ ဓား၏စူးရှရှအလင်းမှာ ချမ်းစိမ့်ဖွယ်ထက်ရှလှပြီး တောက်ပနေရော့သည်။ ၎င်းတွင် မိန်းမောဖွယ်ရာအားအင်ရှိပြီး အောက်သို့ထိုးဆင်းသွားလေသည်။

သို့သည့်တိုင်၊ ဤကဲ့သို့ဓားရေးတိုက်ကွက်ကို သုံးလိုက်သည့်နောက်၌ ပြိုင်ဘက်၏မျက်ဝန်းထဲမှအံ့သြမှင်သက်ခြင်းမှာ ပိုမိုကြီးထွားလာချေသည်။ သူသည် ဓားကိုဝှေ့ကာ သူ၏ခြေသလုံးကိုရိုက်ချလိုက်သည်။ ကျန်းရွှင်းယီက အပေါ်ကိုခုန်လိုက်ကာ ဓားသွားပေါ်ကိုပြင်းပြင်းထန်ထန်နင်းချပစ်လိုက်ပြီး လေထဲတွင်လှည့်လည်နေလိုက်သည်။ သူ၏ဓားစွမ်းအင်သည် မီးတောက်ကိုဆောင်ကျဥ်းကာ ပြိုင်ဘက်၏လည်ပင်းဆီကို တည့်မတ်စွာထိုးချပစ်လိုက်၏။

ကံမကောင်းစွာဖြင့် ထိုသူသည် ဓားကိုရှောင်ဖို့ရာအချိန်မရလိုက်။ ထိုအစား  တစ်ပတ်လှည့်ကာ ကျန်းရွှင်းယီ၏ဓားသွားကို တိုက်ရိုက်ဆွဲကိုင်လိုက်သည်။ သံချင်းရိုက်ခတ်မိသည့် 'ကလန်'ဆိုသည့်အသံထွက်ပေါ်လာကာ ကျန်းရွှင်းယီ၏လက်ထဲမှဓားရှည်မှာ လွင့်ထွက်သွားတော့သည်။ သူ၏လက်မနှင့်လက်ညှိုးကြားမှအရေပြားမှာ ပြဲသွားခဲ့ပြီး လက်ချောင်းကြားထဲမှသွေးများစီးကျလာသည်။

သူအလျင်အမြန်ထိန်းချုပ်လိုက်ကာ ဆန့်ကျင်ဖက်တံခါးကိုရိုက်ချပစ်လိုက်သည်။

သို့ပေသိ၊ လှည့်ကွက်သုံးလိုက်ပြီးမကြာခင်မှာပဲ သူ့နှလုံးသားထဲတွင် 'မကောင်းတော့ဘူး'ဟု သူရေရွတ်လိုက်မိသည်!

မှိန်ပျပျအလင်းထဲ၌၊ ထိုလူ၏လက်ဖဝါးထဲတွင် မှန်ကဲ့သို့အရာတစ်ခုရှိနေသည်ကို သူဝေဝေဝါးဝါးမြင်နိုင်လေသည်။ ဘေးသို့ပစ်ချခံလိုက်ရသည့်သူ၏လက်စွဲဓားမှာ အမည်မသိအကြောင်းပြချက်ကြောင့် ပျံသန်းလာပြီး သူ၏ရင်ဘတ်သို့လာရောက်ထိခတ်လေတော့သည်။

သူ၏စိတ်ထဲ၌ နာကျင်မှုများစွာကိုမျိုချနေရသည်။ သူ့၏အသိစိတ်မပျောက်ကွယ်သွားခင်နောက်ဆုံးတစ်ခဏ၌၊ မတိုင်ခင်ကသူမြင်ဖူးခဲ့သောမျက်နှာတစ်ခုအား သူသေချာမြင်လိုက်ရပေသည်။ နာမည်အက္ခရာသုံးလုံးဟာ သူ့ပါးစပ်ထဲတွင်ရှိနေခဲ့သော်လည်း သူထုတ်ပြောနိုင်ခြင်းမရှိလေတော့။

-------------------

တစ်ဖက်၌မူ၊ ကျန်းရွှင်းယီတောင်ပေါ်တက်သွားခဲ့သည့်ရက်တွေမှာ အခြားအပြင်စည်းတပည့်တွေတွင် အချိန်ကောင်းလေးတွေရှိနေပေသည်။

ကျိုးကျန့်ဖန်သည် နူးညံ့သိမ်မွေ့၊ သဘောကောင်းသည့်အကျင့်စရိုက်ရှိသည်ဖြစ်၍ ထိုသူတို့ကို မကြာခဏခက်ခဲအောင်မလုပ်ပေ။ ထို့အပြင်၊ သူတို့သည် နိမ့်ကျစွာမွေးဖွားလာခဲ့သည်ဖြစ်ရာ ကျန်းရွှင်းယီကဲ့သို့ကပ်စေးနှဲသခင်လေးများမဟုတ်ကြပေ။ စားစရာနှင့်နေထိုင်စရာကား သိပ်အဆင်မပြေသည့်တိုင်၊ သူတို့၏အိမ်ထက်တော့ ပို၍မဆိုးနိုင်သည်ဖြစ်၍ သူတို့အေးဆေးတည်ငြိမ်နေကြသည်။

အနားမယူသည့်ပုဂ္ဂိုလ်ကတော့ ယွင်ရှဲ့ကိုယ်တိုင်သာလျှင်ဖြစ်၏။

"မင်းပြောကြည့်၊ ငါတို့ဒီကိုမလာခင်တုန်းက တောက်ဓမ္မပညာရှင်က ငါတို့ကိုထာဝရရှင်သန်ဖို့ကျင့်ကြံနည်းသင်ပေးမယ်လို့ မပြောခဲ့ဘူးလား။ သူက ထာဝရရှင်သန်သူတွေကို ထာဝရအသက်ရှင်နိုင်အောင်လုပ်ပေးနိုင်တယ်ဆို၊ အခုတော့ ဒီလောက်ရက်တွေအများကြီးကြာပြီးတာတောင်မှ ငါတို့ကိုဘယ်သူကမှကျင့်စဥ်လာမသင်ပေးကြဘူး၊ အိုး?"

လူနှစ်ယောက်သည် ထမင်းစားသောက်ပြီးနောက်၊ ကျောက်တုံးအကြီးကြီးတစ်ခုကို နှစ်ယောက်သားကျောမှီ၍ နေပူဆာလှုံနေကြသည်။ အသားမည်းမည်းလူရွယ်တွေထဲမှတစ်ယောက်ဟာ သွားကြားထိုးတံဖြင့် သူ့သွားကိုထိုးနေရင်း၊ သူ့အဖော်ကိုတံတောင်ဖြင့်တွတ်လိုက်သည်။

"အိုက်ယား၊ ငါဘယ်လိုလုပ်သိမှာလဲဟ။ ရောင့်ရဲတင်းတိမ်စမ်းပါကွာ၊ ဒီလိုဘဝကကောင်းပါတယ်။ ငါကြားတာကတော့ အရင်တုန်းကဂိုဏ်းသားတွေက နေ့တိုင်းအလုပ်လုပ်ရပြီးတော့ အရိုက်ခံရတယ်တဲ့လေ။ ပြောရမယ်ဆိုရင် ငါတို့ကိုအခုလာဂရုစိုက်နေတဲ့ကျိုးရှစ်ရှုန်းက စိတ်ကောင်းနှလုံးကောင်းရှိပါတယ်ဟ။ ငါတို့တိုးတိုးတိတ်တိတ်ရေသာခိုလို့ရတယ်။"

အစကတော့ လူရွယ်က မယုံကြည်ပေ။
"အဲ့ဒီ့ကျိုးရှစ်ရှုန်းက သဘောကောင်းတယ်ဆိုတာငါသိပါတယ်။ ငါကဒီအတိုင်းဒေါသဖြစ်မိရုံပါကွ။ ငါတို့အားလုံးအတူတူစထွက်လာကြတာပဲကို၊ အဲ့ဒီ့ကြယ်ပွင့်က ဘာကြောင့်များသူလုပ်ချင်တာလုပ်နေရတာလဲ။ သူက ငါတို့နဲ့အတူမအိပ်ဘူး၊ အတူတူမစားဘူး၊ ဘာပဲဖြစ်ဖြစ်ပေါ့။ ကျိုးရှစ်ရှုန်းတောင်မှ သိပ်အာရုံမထားတဲ့ပုံပဲ။ သူကဘာကြီးမို့လို့လဲ။"

သူ့အဖော်သည် ကောက်ကျစ်စွာပြုံးကာ အသံခပ်နိမ့်နိမ့်ဖြင့်ပြောလာသည်။
"သူ့ရုပ်ရည်ကိုပဲကြည့်လေ၊ သူက ငါတို့နဲ့အဆင့်တူမလားဟ။ မတိုင်ခင်တုန်းကသူနဲ့အတူလာတဲ့ မိန်းမတစ်ယောက်ထက်ပိုပြီးကြည့်ကောင်းတဲ့ ကျန်းမျိုးရိုးနဲ့တစ်ယောက်လေ၊ ခါးသေးသေးလေးနဲ့ မျက်နှာဖြူလေးပေါ့။ သူက ရောက်လာရုံပဲရှိသေးတယ်၊ အတွင်းစည်းထဲဝင်နိုင်သွားတယ်။ ငါပြောရမယ်ဆိုရင်..."

"ဘာပြောချင်တာလဲပြော။ ကျယ်ကျယ်ပြောပါ၊ ကျွန်တော်လဲနားထောင်ချင်တယ်လေ။"

လူနှစ်ယောက်သည် နွေးထွေးစွာစကားပြောနေကြစဥ်၊ အလွန်ကောင်းမွန်သည့်အသံတစ်သံဟာ သူတို့နောက်မှရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သူတို့နှစ်ယောက်လုံးကျောစိမ့်သွားကြသည်။ သူတို့ခေါင်းလှည့်မိလိုက်ကြရာ 'ကြယ်ပွင့်'ဟူ၍ သူတို့ခေါ်ဆိုခဲ့သောတစ်ယောက်မှာ အပြုံးတစ်ပွင့်ဖြင့် လက်ပိုက်ကာမတ်တပ်ရပ်နေသည်ကို မြင်လိုက်ကြရသည်။ သူသည် အလွန်ချောမောလှပပြီး သေမျိုးတစ်ယောက်နှင့်မတူသော်လည်း သူတို့ကတော့ မကောင်းဆိုးဝါးတစ်ကောင်ကိုမြင်နေရသလိုပင်။

အစကစကားပြောနေခဲ့သော အသားမည်းမည်းလူရွယ်သည် ထခုန်သွားရကာ အထစ်ထစ်အအအပြောလာသည်။
"မ-မဂ်လာပါ၊ ယွင်ရှစ်ရှုန်း။"

ယွင်ရှဲ့ဟာ ချိုသာစွာပြုံးလိုက်ပြီး သူတို့နှစ်ယောက်ဘေးတွင်ထိုင်ချလိုက်သည်။ ရုတ်ခြည်းကြောက်လန့်သွားကာ သူတို့လှိမ့်လိုက်မိပြီး ခြေလှမ်းတော်တော်များများဆုတ်လိုက်ကြသည်။

ယွင်ရှဲ့သည် မြေကြီးပေါ်မှ ကျောက်ခဲတစ်ခဲကောက်လိုက်ပြီး နှစ်ကြိမ်တိတိ အပေါ်ကိုမြှောက်လိုက်၊ အောက်ကိုချလိုက်လုပ်နေလေသည်။ သူဟာ ဒီအတိုင်းကစားနေသည့်အလား ကျောက်ခဲကိုအမှုန့်ချေပစ်လိုက်သည်။
"ဟေး၊ ညီအစ်ကိုတို့နှစ်ယောက်ဘာလို့ပြေးသွားကြတာတုန်း။ ဒီမှာနေဘယ်လောက်သာလိုက်လဲ၊ ကောင်းကင်အကြောင်းပြောကြရအောင်လေ။ မင်းတို့နှစ်ယောက်ခုနတုန်းက စကားကောင်းနေကြတာပဲကိုး၊ ဘာလို့ကျွန်တော့်ကိုရောမထည့်ကြတာလဲ။"

အသားမည်းမည်းကောင်လေး၏အဖော်မှာ ထိတ်လန့်သွားခဲ့သည်။
"အစ်ကိုယွင်၊ ကျွန်တော်တို့မှားသွားပါတယ်။"

ယွင်ရှဲ့မပျော်ရွှင်စွာပြောလိုက်သည်။
"မင်းတို့မမှန်ဘူး။ ငါတို့အားလုံးက ဂိုဏ်းတစ်ဂိုဏ်းတည်းကပဲကို၊ မင်းတို့က ငါ့ကိုဒီလိုမျိုးပယ်ထားကြတယ်! အတူတူလာထိုင်ကြပါ၊ ကျွန်တော့်ကိုမကြောက်ပါနဲ့!"

ထိုနှစ်ယောက်သည် သူ့ကို မျက်ရည်ထွက်ကျမတတ် ကြောက်လန့်နေကြသည်။ ထိုအချိန်၌ သူတို့၏ကယ်တင်ရှင်ကြီးကျိုးကျန့်ဖန်သည် အနောက်မှရောက်ရှိလာကာ မျက်နှာတည်တည်ဖြင့်ပြောလာခဲ့သည်။
"မင်းတို့ဒီကိုစကားပြောဖို့နဲ့ စားဖို့လာနေကြတာလား။ ဘယ်လောက်အလျှင်းသင့်လိုက်လဲ! ခြံဝင်းထဲကရေတိုင်ကီတွေအားလုံးကိုရေသွားဖြည့်လိုက်ကြ။ မင်းတို့မပြီးရင် လုံးဝမအိပ်ရဘူးမှတ်!"

ဟုတ်တာပေါ့၊ ဘိုးဘေးယွင်ရှဲ့ကတော့ ထို'မင်းတို့'ထဲတွင် မပါပါချေ။ ယွင်ရှဲ့အပြုံးတစ်ပွင့်ဖြင့်မတ်တပ်ရပ်လိုက်ကာ လူငယ်နှစ်ယောက်သည်ကား ခြေရာတောင်မကျန်ပဲ ဝေးဝေးပြေးသွားကြပြီဖြစ်သည်။

ယွင်ရှဲ့ပြောလိုက်သည်။
"ကျိုးကျန့်ဖန်၊ ငါကနောက်ဆုံးတော့ လူတွေနဲ့ခဏလောက်စကားပြောချင်လာလို့လေ။ မင်းကငါ့ကိုထပ်နှောင့်ယှက်ပြန်ပြီ။ မင်းကတကယ်ပဲပျင်းစရာကောင်းလိုက်တာ။"

ကျိုးကျန့်ဖန်သည် အချိန်တော်တော်ကြာပြီးနောက်၌မူ သူနှင့်ပြန်လည်ဆုံစည်းခြင်း၏လတ်ဆတ်သစ်လွင်မှု ပျောက်ဆုံးသွားတာကြာပြီဖြစ်လေသည်။ ဤလူသည် နှစ်ပေါင်းများစွာကြာပြီးနောက်မှာတောင် အကျင့်စရိုက်လုံးဝပြောင်းမသွားသည်ကို သူသိလိုက်ရသည်။ သူသည် လူတွေကို ဒေါသထွက်အောင်လုပ်နိုင်နေဆဲပင်။
"ယွင်ရှဲ့၊ ဒါကစကားပြောနေတာလား။ တကယ်လို့ ငါသာသူတို့ကိုဒီနေ့အပြစ်မပေးလိုက်ဘူးဆိုရင် မင်းသူတို့ကိုအရှင်လတ်လတ်စားလိုက်မှာကို ငါစိုးရိမ်မိတယ်။ သူတို့က မင်းနောက််ကွယ်မှာ ရွှင်းယီအကြောင်းအတင်းပြောနေကြရုံလေးပါပဲ။ ဒါကလိုလို့လား။"

ယွင်ရှဲ့သာမန်ကာလျှံကာပြောလိုက်သည်။
"မင်းနဲ့နေရတာပျင်းဖို့ကောင်းလိုက်တာကွာ၊ ကျိုးကျန့်ဖန်ရ။ ငါမင်းကိုပြောလိုက်မယ်၊ သုံးရက်အတွင်းမှာမင်းအဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ ဒီလောက်နဲ့ပဲ။ ကောင်းကင်ကြီးပြိုကျလာရင်တောင်မှ ငါဂရုမစိုက်ဘူး၊ ငါတောင်ပေါ်တက်ပြီး အားရွှင်းကိုသွားရှာမယ်။"

ပြောဆိုဆက်ဆံရာ၌ကွဲပြားခြားနားမှုမှာ ဤမျှလောက်ထိမသိသာသင့်။ ယွင်ရှဲ့၏စိတ်ထဲ၌ ကျန်းရွှင်းယီ၏အဆင့်ဟာ နှိုင်းယှဥ်စရာမရှိတာကို သူသိနေရင်းနှင့်တောင်မှ ကျိုးကျန့်ဖန်၏နှလုံးသားလေးမှာ မလွဲဧကန်တစ်ဆို့နေသလို ခံစားရဆဲပင်။
"မင်းက သိပ်ကိုစိတ်အားထက်သန်...ဟင့်အင်း၊ မဟုတ်သေးဘူး၊ ဒါက သူငယ်ချင်းမတိုင်ခင်က သူငယ်ချင်းတွေပဲဖြစ်သင့်တယ်၊ ငါပြောချင်တာက...."

သူစောဒကတက်၍မရပေ။ ထို့ကြောင့် စိတ်ပျက်ဖွယ်နည်းလမ်းဖြင့် အကြောင်းအရာကိုသာပြောင်းလဲလိုက်ရသည်။
"ငါလမ်းကြောင်းနဲ့ အစောင့်အကြပ်တွေကိုစီစဥ်ပြီးသွားပြီ။ ငါတို့နှစ်ရက်အတွင်းဆောင်ရွက်လို့ရတယ်၊ ငါပြောမယ်။ မင်းဘာကိုပူပန်နေတာလဲ။ ရွှင်းယီရဲ့စွမ်းရည်အကြောင်းကို မင်းက ငါ့ထက်ပိုပြီးကောင်းကောင်းသိနေတာပဲလေ။ မီးတောက်ဂိတ်ဝရဲ့လူတွေကိုပဲ မင်းစိုးရိမ်သင့်တယ်။ သူကအမြဲသတိထားပြီးလုပ်တတ်တာပဲ၊ ဘာမှမဖြစ်နိုင်ပါဘူး။"

ယွင်ရှဲ့သည် ငြိမ်သက်စွာနားထောင်နေကာ သူ့နံဘေးရှိသစ်ပင်ကြီးအား သူ့လက်ဖြင့်ရိုက်ချပစ်လိုက်သည်။
"ငါလဲအဲ့လိုပဲမျှော်လင့်မိပါတယ်။"

ကျိုးကျန့်ဖန်၏အံ့အားသင့်ခြင်းအဖြစ်မှာ ထိုသစ်ပင်ကြီးက မြေကြီးပေါ်သို့ဘုန်းခနဲလဲကျသွားတော့သည်။

ယွင်ရှဲ့လက်ခုပ်တီးလိုက်ပြီး မဖော်ပြနိုင်လောက်စွာစိုးရိမ်ပူပန်မှုများမှ သူ့နှလုံးသားထဲရှိစိတ်ဖိစီးမှုဟာ အတော်လေးလျော့ကျသွားရသည်။
"ကျန့်ဖန်၊ အားနာပါတယ်ကွာ။ ငါအခုနောက်ပိုင်းနည်းနည်းဒေါသကြီးလာလို့။"

ချစ်ဆိပ်တက်နေသည့်လူတွေသည်ကား သိပ်ကိုကြောက်ဖို့ကောင်းလွန်းပေသည်။
ကျိုးကျန့်ဖန်သည် သူ့အားထပ်၍ရန်မစရဲတော့ပဲ လက်သာထပ်ခါထပ်ခါခါရမ်းပြလိုက်သည်။
"ရပါတယ်။ မင်း..."

ယွင်ရှဲ့မျက်လုံးမှိတ်ကာ ပင့်သက်ရှိုက်လိုက်ပြီး အပြုံးတစ်ပွင့်ဖော်ပြလိုက်ကာ ပြောမိသည်။
"ကောင်းပြီလေ။"

ကျိုးကျန့်ဖန်တစ်ယောက်လှည့်မကြည့်ပဲ ပြေးထွက်သွားတော့၏။

___________________________________________

မူရင်းစာရေးသူမှာပြောစရာရှိတယ်:

အဲ့လူက ဘယ်သူဖြစ်မယ်လို့ထင်လဲ။ ယွင်ယွင်စိတ်ရှုပ်နေပါပြီကွယ်။

___________________________________________

အခုနောက်ပိုင်းကစပြီး ဒရမ်မာချိုးပါပြီ 👀

...
!Zawgyi!

!Unicode!

အခန္း(၆၂) အခ်စ္နာက်ျခင္း။

------

ယြီဟုန္မိန္းေမာသြားရသည္။
"ရွစ္..."

သူအလ်င္အျမန္တုံ႕ျပန္လိုက္ၿပီး သူစကားလုံးမ်ားထြက္အံက်လာသည္ႏွင့္ က်န္း႐ႊင္းယီ၏ဝတ္႐ုံအနက္ကို သတိျပဳမိလိုက္ကာ ခပ္ျမန္ျမန္လွည့္ေအာ္လိုက္သည္။
"မင္းဘယ္သူလဲ။ မင္းကသိပ္သတၱိရွိေနသကိုး။ ေဟာဒီကသခင္ေလးကိုစစ္ေဆးေမးျမန္းေနတာကို မင္းကလာႏွောင့္ယွက္တယ္ေပါ့။ ျမန္ျမန္ဒီကထြက္သြားစမ္း!"

က်န္း႐ႊင္းယီသည္ သူ၏႐ူးမိုက္မႈေၾကာင့္ ငိုမိမတတ္ပင္။ သူလက္ျမႇောက္လိုက္ၿပီး ယြီေဟာင္ေခါင္းကိုျဖတ္ရိုက္ကာ ေအးစက္စက္ေျပာလိုက္သည္။
"စာသင္သားတစ္ေယာက္သုံးရက္တာအေဝးထြက္သြားၿပီးေနာက္မွာ မင္းသူ႕ကိုအျမင္သစ္နဲ႕ၾကည့္သင့္တယ္။* အံ့ၾသစရာပဲ။ အခုေတာ့ျဖင့္ မင္းက မင္းရဲ႕ရွစ္ရႈကို အျပင္ထြက္ဖို႔ေျပာရဲေနၿပီေပါ့ေလ။"

(*တစ္စုံတစ္ေယာက္က သုံးရက္အတြင္းမွာ ေတာ္ေတာ္ေလးေျပာင္းလဲသြားနိုင္ပါတယ္တဲ့)

ယြီဟုန္မွာ အရိုက္ခံလိုက္ရ၍ မူးေဝသြားရသည္။ က်န္း႐ႊင္းယီဒူးေထာက္ကာ အေနာက္မွပ်ံဝဲလာသည့္ဓားကို လွည့္မၾကည့္ပဲ ေနာက္ျပန္ကန္လိုက္သည္။ ဘမ္းခနဲအသံႏွင့္အတူေအာ္သံေတြကို သူၾကားလိုက္ရသည့္တိုင္ သူေနာက္မလွည့္မိေသးေပ။ သူသည္ ယြီဟုန္၏ခႏၶာကိုယ္အားခ်ည္ႏွောင္ထားေသာ သံႀကိဳးကိုငုံ႕ၾကည့္ကာ သေရာ္လိုက္သည္။
"ဘယ္လိုေတာင္စြမ္းတာပါလိမ့္။"

ဤသေရာ္စကားသည္ ယြီေဟာင္အား ႐ူးမိုက္သည့္အတြက္ ေလွာင္ေျပာင္ျခင္းလား၊ သို႔မဟုတ္၊ မီးေတာက္ဂိတ္ဝဂိုဏ္သားမ်ားအား အတင့္ရဲလြန္းသည့္အတြက္ ေလွာင္ေျပာင္ျခင္းေပလားဆိုတာကေတာ့ သိပ္မရွင္းလင္းေပ။ က်န္း႐ႊင္းယီသည္ညာဘက္လက္ဝါးျမႇောက္ကာ ဓားသြားကဲ့သို႔ပင္ သံႀကိဳးကိုရိုက္ခ်ပစ္လိုက္သည္။ သံႀကိဳးမွာခ်က္ခ်င္းျပတ္က်သြားေတာ့၏။ သူ၏ဘယ္ဘက္လက္ျဖင့္ က်န္း႐ႊင္းယီဟာ ယြီဟုန္ကို ဂုတ္မွဆြဲမလိုက္သည္။ သူ၏ညာဘက္လက္ျဖင့္ သူ၏ဝတ္႐ုံလက္ကိုခါလိုက္ကာ လူတစ္အုပ္လုံးကို လမ္းပိတ္လိုက္သည္။ ထို႔ေနာက္ က်ယ္ေလာင္စြာေမးလိုက္သည္။
"မင္းဒဏ္ရာရသြားေသးလား။"

ယြီဟုန္က တက္ႂကြေနကာ အက်ယ္ႀကီးျပန္ေျဖလာခဲ့သည္။
"ဟင့္အင္း၊ ကြၽန္ေတာ္တိုက္ခိုက္နိုင္ပါတယ္ဗ်!"

"ေကာင္းၿပီ၊ ဒါဆိုလဲ သြားၾကရေအာင္!"

က်န္း႐ႊင္းယီသည္ ညာဘက္လက္ကိုျဖန့္ကာ မဲ့ဟြားဓားကို ဓားအိမ္မွဆြဲထုတ္လိုက္ၿပီး သူ႕ေရွ႕၌ရွိေနေသာရန္သူေတြအားလုံးကို ရက္စက္စြာျဖင့္ ရွင္းထုတ္ေနခဲ့သည္မွာ ေလထုထဲမွအလင္းတန္းအလား ႀကိမ္ဖန္မ်ားစြာမလွည့္လိုက္ခင္၌ မ်က္စိတစ္မွိတ္အတြင္းမွာတင္ ေသြးပန္းပြင့္နီနီတို႔က ေနရာတစ္ခြင္လုံးတြင္ျပန့္က်ဲေနေရာ့သည္။ ဤလႈပ္ရွားမႈသည္ကား အမွန္စင္စစ္ပင္ 'ေသြးစြန္းလမ္းမကိုသတ္ျဖတ္ပါ'ဟူ၍ဆိုသည္။

က်န္း႐ႊင္းယီသည္ အၾကင္နာတရားမထားပဲ တိုက္ခိုက္ေနသည္။ သူေရာက္လာကတည္းက စကားတစ္လုံးမွမေျပာပဲ စတင္တိုက္ခိုက္ခဲ့တာျဖစ္သည္။ မီးေတာက္ဂိတ္ဝဂိုဏ္းသားမ်ားဟာ ႏွစ္ေပါင္းမ်ားစြာတသီးတသန့္ေနထိုင္ခဲ့ၾကသည္ျဖစ္၍ ဤကဲ့သို႔ရက္စက္ၾကမ္းၾကဳတ္ေသာပုံစံကို မေတြ႕ျမင္ရသည္မွာ ေတာ္ေတာ္ၾကာၿပီျဖစ္၏။

ႏွာေခါင္းရိုးက်ိဳးကာ ပုပ္သိုးသိုးမ်က္ႏွာျဖင့္ ဒဏ္ရာအနည္းသာရထားေသာလူႀကီးတစ္ေယာက္သည္ ေျမႀကီးေပၚမွ႐ုန္းထလာကာ ေအာ္ေျပာသည္။
"မင္းဘယ္သူလဲ။ မင္းနာမည္ကိုတင္ျပစမ္း!"

"က်န္း႐ႊင္းယီ" က်န္း႐ႊင္းယီဓားထပ္ထုတ္လိုက္ၿပီး ေပါ့ေပါ့ပါးပါးေျပာလိုက္သည္။
"ကံမေကာင္းစြာနဲ႕ပဲ ခင္ဗ်ားက်ဳပ္နာမည္ကိုသိသြားရင္ေတာင္မွ အသုံးမဝင္ေတာ့ဘူး။"

သူ၏ဓားအလင္းဖ်တ္ခနဲလက္သြားကာ လူႀကီးသည္လည္း ေျမႀကီးေပၚသို႔လဲက်သြားေလသည္။

ယြီဟုန္သည္ သူ၏ဓားကို ေျမႀကီးေပၚမွျပန္ေကာက္ကာ က်န္း႐ႊင္းယီအေနာက္မွလိုက္လာခဲ့သည္၊ သို႔ေပသိ သူ႕၌ လႈပ္ရွားဖို႔ရာအခြင့္မရွိလိုက္။ သူ၏မ်က္ႏွာေပၚမွေသြးေတြကိုသုတ္ပစ္လိုက္ကာ က်န္း႐ႊင္းယီတိုက္ခိုက္ေနတာကို မွင္သက္ေနသည့္အၾကည့္ျဖင့္ စိုက္ၾကည့္ေနမိရင္းျဖင့္ သူ႕ရွစ္ရႈမွာ ဒီကေန႕ကိစၥအႀကီးႀကီးလုပ္ဖို႔ရွိမွန္း နားလည္သြားရသည္။ သူသည္ က်န္း႐ႊင္းယီတကယ္မေသဘူးဟူသည့္ သတင္းကိုရထားၿပီးသားျဖစ္သည့္တိုင္ ထိုကိစၥ၏အတြင္း၊အျပင္ကို မယ္မယ္ရရမသိပါေခ်။ သို႔သည့္တိုင္ ယခု၌မူ သူတစ္ခုခုဝင္ပူးခံရသလို ခံစားေနရလုနီးပါးပင္။ သူက်န္း႐ႊင္းယီ၏ဝတ္႐ုံလက္ကိုဆြဲကာ အထစ္ထစ္အေငါ့ေငါ့ျဖင့္-
"ရွစ္-ရွစ္ရႈ၊..ဦးေလးဘာျဖစ္ေနတာလဲ..ဟင္?"

က်န္း႐ႊင္းယီတည္ၿငိမ္ေသာမ်က္ႏွာထားျဖင့္ ျပန္ေျဖလိုက္သည္။
"လက္ယားေနတာ။"

ယြီဟုန္တစ္ခုခုေျပာဖို႔ျပင္လိုက္ေပမဲ့ သူ၏မ်က္ႏွာမွာ ထိတ္လန့္ျခင္းအျဖစ္သို႔ေျပာင္းသြားခဲ့သည္။ သူသည္ ဓားကိုင္ထားရင္းျဖင့္ က်န္း႐ႊင္းယီေဘးနားတြင္ရပ္လိုက္ကာ တံခါးကိုသတိခ်ပ္၍ၾကည့္ေနမိသည္။

က်န္း႐ႊင္းယီလည္း မိစ္ဆာခ်ီစြမ္းအင္ျပင္းျပင္းကို ခံစားမိကာ ၎သည္ မႏွိုင္းယွဥ္နိုင္ေလာက္သည့္ဖိႏွိပ္ခ်ဳပ္ျခယ္နိုင္စြမ္းကို သူတို႔ႏွစ္ေယာက္ရွိေနသည့္အခန္းထဲသို႔ တံခါးမွေန၍ ေပးပို႔ေနေလသည္။ မဲ့ဟြားဓားကိုၾကည့္ရသည္မွာ အႏၱရာယ္ကိုခံစားမိပုံေပၚကာ မသိမသာတုန္ရီေနၿပီး ခရမ္းႏုႏုအလင္းေရာင္ေတာက္ပလာေလသည္။

စနစ္သည္ တကယ့္ကိုလွည့္စားသြားတာျဖစ္သည္။ သူ႕အားဤျဖစ္ရပ္ထဲကိုတြန္းပို႔လိုက္ျခင္းအားျဖင့္ ယခုေရာက္ရွိလာသည့္တစ္ေယာက္ဟာ ဒီအဆင့္၏ေဘာ့စ္ပဲျဖစ္ေပလိမ့္မည္။ သူဗ်ဴဟာဆြဲ၊ နည္းလမ္းရွာသင့္သည္ဆိုေပမဲ့ သူအေတြ႕အႀကဳံလုံလုံေလာက္ေလာက္မရေသးခင္မွာပဲ သူကန္ထုတ္ခံလိုက္ရေတာ့သည္။ ဒါဟာ စည္းခ်က္ဆုံးရႈံးလိုက္ရျခင္းျဖစ္ေလသည္။

က်န္း႐ႊင္းယီသည္ ဓားသြားကိုထုလိုက္ၿပီး ေတာက္ပကာ တဝီဝီဆူညံသံကိုဖိႏွိပ္လိုက္သည္။ သူလက္ဆန့္ကာ ယြီဟုန္၏ရင္ဘတ္ကိုတြန္းလိုက္ၿပီး သူ႕အေနာက္ကိုပို႔လိုက္သည္။ သူေျပာလိုက္သည္။
"မင္းဒီမွာဘယ္လိုျဖစ္ၿပီးေပၚလာလဲဆိုတာကို ငါဂ႐ုမစိုက္ဘူး။ ခဏေနက်ငါတို႔တိုက္ခိုက္က်ရင္ မင္းလာမကူညီနဲ႕။ အကယ္၍ မင္းမွာေတာင္ေအာက္ဆင္းဖို႔အခြင့္အေရးရခဲ့ရင္ မင္းကိုယ္မင္းလုံၿခဳံေအာင္အရင္လုပ္ပါ။ ငါေျပာတာၾကားလား။ တကယ္လို႔ မင္းေျပးေတာင္မေျပးနိုင္ဘူးဆိုရင္လဲ လင္းယင္ဂိုဏ္းသားတစ္ေယာက္အျဖစ္ရွိမေနနဲ႕ေတာ့။ ေတာင္ခ်ိဳင့္တစ္ခုကိုသာရွာၿပီး မင္းကိုယ္မင္းေျမျမႇုပ္ပစ္လိုက္ေတာ့!"

နံရံေလးဖက္ေပၚမွျပတင္းေပါက္ေဘာင္မ်ားသည္ ေျခာက္ျခားဖြယ္ေကာင္းလွစြာျဖင့္ တကြၽီကြၽီျမည္ေနၿပီးေနာက္ အစိတ္စိတ္အမႊာမႊာကြဲသြားေတာ့သည္။ ယြီဟုန္သည္ မွင္သက္ရႈပ္ေထြးေနၿပီးေနာက္ အလ်င္စလိုေမးလာခဲ့သည္။
"ဒါဆိုရင္ ရွစ္ရႈကေရာ ဘာလုပ္မွာလဲ။"

ဖိအားသည္ကား ပိုမိုျပင္းထန္လာေပမဲ့ ဤမွ်ၾကာၿပီးေနာက္မွာေတာင္ အရိပ္အေယာင္တစ္ခုမွ်မေတြ႕ရေပ။ က်န္း႐ႊင္းယီသည္ မဲ့ဟြားဓားကိုဓားအိမ္ထဲမွထုတ္ကာ သူ႕ဓားမွခ်ီစြမ္းအင္ဖိအားျဖင့္တိုက္ခိုက္လိုက္ေတာ့ သူ၏လက္ေကာက္ဝတ္မွာမသိမသာတုန္ယင္သြားရသည္။ သူ႕ေလသံမွာလည္းအလ်င္လိုေနခဲ့သည္။
"ေပါက္ကရမေျပာနဲ႕ေတာ့။ မင္းကကေလးသာသာပဲရွိေသးတာ၊ ငါဘာလုပ္မလဲဆိုတာ ဘယ္သူဂ႐ုစိုက္မွာလဲ။ ငါေျပာမယ္၊ မင္းရဲ႕ယြင္ရွစ္ရႈက အခုေတာင္ေျခမွာရွိေနတယ္။ သူ႕ဆီသြားဖို႔ကိုသာအေရးစိုက္စမ္းပါ။ ဒါကိုသူ႕ဆီေပးလိုက္၊ ေျပာတာၾကားလား။"

ယြီဟုန္သည္ က်န္း႐ႊင္းယီထက္ သိပ္မငယ္ေသာ္လည္း သူသည္ မတူညီကြဲျပားသည့္မ်ိဳးဆက္ျဖစ္သည္။ သူငယ္စဥ္ကတည္းက က်န္း႐ႊင္းယီ၏သင္ၾကားျပသမႈမ်ားကို နားေထာင္ခဲ့ဖူးသည္။ သူသည္လည္း ဤေနရာမွာအကူအညီမျဖစ္ဘူးဆိုတာ သိေနပါသည္။ ထို႔ေၾကာင့္ သူအံႀကိတ္ကာ က်န္း႐ႊင္းယီကမ္းေပးလာေသာ အဝတ္အပိုင္းအစေလးကို လက္ထဲတြင္က်စ္က်စ္ပါေအာင္ဆုပ္ထားရင္းျဖင့္ ျပန္ေျဖလိုက္သည္။
"ဟုတ္!"

ထိုအေျဖႏွင့္တစ္ခ်ိန္တည္းမွာတင္၊ မဲ့ဟြားဓားမွထုတ္လႊတ္ထားသည့္ခရမ္းေရာင္အရံအတားမွာ ေပါက္ကြဲထြက္သြားခဲ့ကာ ႏွစ္ဖက္စလုံးမွအားအင္ေတြကို ခံနိုင္ရည္မရွိေတာ့ပါေခ်။ က်န္း႐ႊင္းယီသည္ ေပါက္ကြဲသြားၿပီးေနာက္ ေနာက္ျပန္ခုန္လိုက္ကာ ေလထဲတြင္ရွိေနစဥ္မွာပဲ ယြီဟုန္ကိုအေဝးပို႔လိုက္သည္။ သူအသံနိမ့္နိမ့္ျဖင့္ေျပာလိုက္သည္။
"ျမန္ျမန္သြား!"

ယြီဟုန္မွာ ညင္သာမႈကင္းမဲ့စြာျဖင့္ လႊတ္ပစ္ျခင္းခံလိုက္ရ၍ မတ္တပ္မရပ္လိုက္ခင္တြင္ ေနရာတစ္ခုအထိလွိမ့္သြားခဲ့ကာ မူးေဝေနေလသည္။ သူ႕ေနာက္၌ဓားသံေတြကို သူၾကားလိုက္ရသည္ႏွင့္ က်န္း႐ႊင္းယီ၏ၫႊန္ၾကားခ်က္ကို သူအမွတ္ရသြားမိသည္။ သူလွည့္ၾကည့္မိလွ်င္ သူလႈပ္ရွားလို႔မရေတာ့မည္စိုး၍ သူအံႀကိတ္ကာ ေတာင္ေအာက္သို႔တစ္ခ်ိဳးတည္းဆင္းေျပးလာခဲ့သည္။

က်န္း႐ႊင္းယီသည္ ထိုစကားသုံးလုံးကိုေျပာလိုက္ၿပီးေနာက္တြင္၊ သူအသက္ရႈႏႈန္းကေမာက္ကမျဖစ္လာကာ သူ၏ရင္ဘတ္မွာ ခ်က္ခ်င္းပင္ေသြးမ်ားဆန္တက္လာၿပီး ေသြးတစ္လုတ္အန္မိလုနီးျဖစ္သြားရသည့္တိုင္၊ ယြီဟုန္ထြက္မသြားမွာကိုစိုးရိမ္မိ၍ ျပန္လည္မ်ိဳသိပ္လိုက္ရသည္။ ဤသည္မွာ က်န္း႐ႊင္းယီတစ္ေယာက္ ဤကဲ့သို႔မ်က္ႏွာပင္မျပပဲ သူ႕အားထိုသို႔ျဖစ္ေအာင္လုပ္နိုင္သည့္ရန္သူမ်ိဳးႏွင့္ ရင္ဆိုင္ရသည္မွာ သူ၏ဘဝ၌ပထမဆုံးအႀကိမ္ျဖစ္ေပသည္။

အရံအတားပ်က္ဆီးသြားရာမွထိတ္လန့္သြားခဲ့ၿပီးေနာက္ သူ႕ေရွ႕တြင္ပုံရိပ္တစ္ခုေပၚလာခဲ့သည္။ သို႔ေပသိ၊ ထိုသူ၏မ်က္ႏွာႏွင့္ခႏၶာကိုယ္မွာ ျမဴမည္းမ်ားႏွင့္ပုန္းကြယ္ေနသည္ျဖစ္၍ ရွင္းလင္းစြာျမင္နိုင္ဖို႔ရာခဲယဥ္းလွသည္။ တစ္ဖက္ရန္သူ၏ဓားေတာင္မွ ျမဴခိုးရိပ္မွ်သာရွိပုံရၿပီး ဓားသြယ္တစ္ေခ်ာင္းအသြင္ေဖာ္ေဆာင္ေနေလသည္။ ဒါဟာ အံ့ၾသစရာမေကာင္းလွေပ၊ ၎သည္ ပုံမွန္မဟုတ္သည့္ျပင္းအားႏွင့္အတူ သူ႕ဦးေခါင္းထံသို႔ဦးတည္လာခဲ့သည္။

အကယ္၍ မတိုင္ခင္တုန္းကသာဆိုလွ်င္၊ သူ႕ဓားကိုျမႇောက္ၿပီး ျပန္ရင္ဆိုင္လိုက္ဖို႔ရာ တုံ႕ဆိုင္းေနမည္မဟုတ္။ သို႔ေသာ္ ယခုမူအေျခအေနေတြက ေျပာင္းလဲသြားေလၿပီ။ တကယ္လို႔ တုဟိန္၏ခႏၶာကိုယ္၌ စိတ္ဝိညာဥ္စြမ္းအားေတြျပည့္ေနရင္ေတာင္မွ၊ သူ၏လက္ေမာင္းအားကိုမထိန္းနိုင္ေတာ့သည္ျဖစ္ရာ သူတန္ျပန္တိုက္ခိုက္ဖို႔မဝံ့ရဲပါေခ်။

ေျမျပင္ေပၚသို႔သူ၏ညာေျချဖင့္တြန္းလိုက္ရင္းျဖင့္ ဓားႏွင့္အထက္သို႔မ်က္ႏွာမူေနရသည့္သူ၏ေနာက္ေက်ာအရိပ္ၾကားမွ ကြာဟေနသည့္ေနရာေလးမွေလွ်ာထြက္လိုက္သည္။

သို႔ေပသိ၊ သူသည္ေရွာင္တိမ္းလိုက္႐ုံသာမဟုတ္။ သူေရွာင္လိုက္သည့္အခ်ိန္တစ္ခဏေလးမွာ သူ႕လက္ေခ်ာင္းကိုလႈပ္လိုက္သည္။ ဤလက္ေခ်ာင္း၏ျပင္းအားသည္ ယခုေလးတင္ၿပိဳင္ဘက္၏တိုက္ကြက္၏စြမ္းအားထက္ ပိုဆိုးေလသည္။ သို႔ေပမဲ့ ယခုလက္ရွိအေျခအေနျဖင့္ ေရကန္ထဲကို မွင္တစ္စက္ခ်လိဳက္သည့္အလား ခ်က္ခ်င္းအလွ်င္းပင္ ဓားေပၚကို အားထုတ္လႊတ္လိုက္သည္။

ၿပိဳင္ဘက္ကိုၾကည့္ရသည္မွာ အနည္းငယ္အံ့အားသင့္သြားပုံရၿပီး ဓားအဟုန္ကို မသိမသာႏွေးခ်လိဳက္သည္။ က်န္း႐ႊင္းယီဟာ ဤသည္ကိုအခြင့္ေကာင္းယူကာ ခ်က္ခ်င္းတိုက္ခိုက္လိုက္သည္။ ဓား၏စူးရွရွအလင္းမွာ ခ်မ္းစိမ့္ဖြယ္ထက္ရွလွၿပီး ေတာက္ပေနေရာ့သည္။ ၎တြင္ မိန္းေမာဖြယ္ရာအားအင္ရွိၿပီး ေအာက္သို႔ထိုးဆင္းသြားေလသည္။

သို႔သည့္တိုင္၊ ဤကဲ့သို႔ဓားေရးတိုက္ကြက္ကို သုံးလိုက္သည့္ေနာက္၌ ၿပိဳင္ဘက္၏မ်က္ဝန္းထဲမွအံ့ၾသမွင္သက္ျခင္းမွာ ပိုမိုႀကီးထြားလာေခ်သည္။ သူသည္ ဓားကိုေဝွ႕ကာ သူ၏ေျခသလုံးကိုရိုက္ခ်လိဳက္သည္။ က်န္း႐ႊင္းယီက အေပၚကိုခုန္လိုက္ကာ ဓားသြားေပၚကိုျပင္းျပင္းထန္ထန္နင္းခ်ပစ္လိုက္ၿပီး ေလထဲတြင္လွည့္လည္ေနလိုက္သည္။ သူ၏ဓားစြမ္းအင္သည္ မီးေတာက္ကိုေဆာင္က်ဥ္းကာ ၿပိဳင္ဘက္၏လည္ပင္းဆီကို တည့္မတ္စြာထိုးခ်ပစ္လိုက္၏။

ကံမေကာင္းစြာျဖင့္ ထိုသူသည္ ဓားကိုေရွာင္ဖို႔ရာအခ်ိန္မရလိုက္။ ထိုအစား တစ္ပတ္လွည့္ကာ က်န္း႐ႊင္းယီ၏ဓားသြားကို တိုက္ရိုက္ဆြဲကိုင္လိုက္သည္။ သံခ်င္းရိုက္ခတ္မိသည့္ 'ကလန္'ဆိုသည့္အသံထြက္ေပၚလာကာ က်န္း႐ႊင္းယီ၏လက္ထဲမွဓားရွည္မွာ လြင့္ထြက္သြားေတာ့သည္။ သူ၏လက္မႏွင့္လက္ညွိုးၾကားမွအေရျပားမွာ ၿပဲသြားခဲ့ၿပီး လက္ေခ်ာင္းၾကားထဲမွေသြးမ်ားစီးက်လာသည္။

သူအလ်င္အျမန္ထိန္းခ်ဳပ္လိုက္ကာ ဆန့္က်င္ဖက္တံခါးကိုရိုက္ခ်ပစ္လိုက္သည္။

သို႔ေပသိ၊ လွည့္ကြက္သုံးလိုက္ၿပီးမၾကာခင္မွာပဲ သူ႕ႏွလုံးသားထဲတြင္ 'မေကာင္းေတာ့ဘူး'ဟု သူေရ႐ြတ္လိုက္မိသည္!

မွိန္ပ်ပ်အလင္းထဲ၌၊ ထိုလူ၏လက္ဖဝါးထဲတြင္ မွန္ကဲ့သို႔အရာတစ္ခုရွိေနသည္ကို သူေဝေဝဝါးဝါးျမင္နိုင္ေလသည္။ ေဘးသို႔ပစ္ခ်ခံလိုက္ရသည့္သူ၏လက္စြဲဓားမွာ အမည္မသိအေၾကာင္းျပခ်က္ေၾကာင့္ ပ်ံသန္းလာၿပီး သူ၏ရင္ဘတ္သို႔လာေရာက္ထိခတ္ေလေတာ့သည္။

သူ၏စိတ္ထဲ၌ နာက်င္မႈမ်ားစြာကိုမ်ိဳခ်ေနရသည္။ သူ႕၏အသိစိတ္မေပ်ာက္ကြယ္သြားခင္ေနာက္ဆုံးတစ္ခဏ၌၊ မတိုင္ခင္ကသူျမင္ဖူးခဲ့ေသာမ်က္ႏွာတစ္ခုအား သူေသခ်ာျမင္လိုက္ရေပသည္။ နာမည္အကၡရာသုံးလုံးဟာ သူ႕ပါးစပ္ထဲတြင္ရွိေနခဲ့ေသာ္လည္း သူထုတ္ေျပာနိုင္ျခင္းမရွိေလေတာ့။

-------------------

တစ္ဖက္၌မူ၊ က်န္း႐ႊင္းယီေတာင္ေပၚတက္သြားခဲ့သည့္ရက္ေတြမွာ အျခားအျပင္စည္းတပည့္ေတြတြင္ အခ်ိန္ေကာင္းေလးေတြရွိေနေပသည္။

က်ိဳးက်န့္ဖန္သည္ ႏူးညံ့သိမ္ေမြ႕၊ သေဘာေကာင္းသည့္အက်င့္စရိုက္ရွိသည္ျဖစ္၍ ထိုသူတို႔ကို မၾကာခဏခက္ခဲေအာင္မလုပ္ေပ။ ထို႔အျပင္၊ သူတို႔သည္ နိမ့္က်စြာေမြးဖြားလာခဲ့သည္ျဖစ္ရာ က်န္း႐ႊင္းယီကဲ့သို႔ကပ္ေစးႏွဲသခင္ေလးမ်ားမဟုတ္ၾကေပ။ စားစရာႏွင့္ေနထိုင္စရာကား သိပ္အဆင္မေျပသည့္တိုင္၊ သူတို႔၏အိမ္ထက္ေတာ့ ပို၍မဆိုးနိုင္သည္ျဖစ္၍ သူတို႔ေအးေဆးတည္ၿငိမ္ေနၾကသည္။

အနားမယူသည့္ပုဂၢိုလ္ကေတာ့ ယြင္ရွဲ႕ကိုယ္တိုင္သာလွ်င္ျဖစ္၏။

"မင္းေျပာၾကည့္၊ ငါတို႔ဒီကိုမလာခင္တုန္းက ေတာက္ဓမၼပညာရွင္က ငါတို႔ကိုထာဝရရွင္သန္ဖို႔က်င့္ႀကံနည္းသင္ေပးမယ္လို႔ မေျပာခဲ့ဘူးလား။ သူက ထာဝရရွင္သန္သူေတြကို ထာဝရအသက္ရွင္နိုင္ေအာင္လုပ္ေပးနိုင္တယ္ဆို၊ အခုေတာ့ ဒီေလာက္ရက္ေတြအမ်ားႀကီးၾကာၿပီးတာေတာင္မွ ငါတို႔ကိုဘယ္သူကမွက်င့္စဥ္လာမသင္ေပးၾကဘူး၊ အိုး?"

လူႏွစ္ေယာက္သည္ ထမင္းစားေသာက္ၿပီးေနာက္၊ ေက်ာက္တုံးအႀကီးႀကီးတစ္ခုကို ႏွစ္ေယာက္သားေက်ာမွီ၍ ေနပူဆာလႈံေနၾကသည္။ အသားမည္းမည္းလူ႐ြယ္ေတြထဲမွတစ္ေယာက္ဟာ သြားၾကားထိုးတံျဖင့္ သူ႕သြားကိုထိုးေနရင္း၊ သူ႕အေဖာ္ကိုတံေတာင္ျဖင့္တြတ္လိုက္သည္။

"အိုက္ယား၊ ငါဘယ္လိုလုပ္သိမွာလဲဟ။ ေရာင့္ရဲတင္းတိမ္စမ္းပါကြာ၊ ဒီလိုဘဝကေကာင္းပါတယ္။ ငါၾကားတာကေတာ့ အရင္တုန္းကဂိုဏ္းသားေတြက ေန႕တိုင္းအလုပ္လုပ္ရၿပီးေတာ့ အရိုက္ခံရတယ္တဲ့ေလ။ ေျပာရမယ္ဆိုရင္ ငါတို႔ကိုအခုလာဂ႐ုစိုက္ေနတဲ့က်ိဳးရွစ္ရႈန္းက စိတ္ေကာင္းႏွလုံးေကာင္းရွိပါတယ္ဟ။ ငါတို႔တိုးတိုးတိတ္တိတ္ေရသာခိုလို႔ရတယ္။"

အစကေတာ့ လူ႐ြယ္က မယုံၾကည္ေပ။
"အဲ့ဒီ့က်ိဳးရွစ္ရႈန္းက သေဘာေကာင္းတယ္ဆိုတာငါသိပါတယ္။ ငါကဒီအတိုင္းေဒါသျဖစ္မိ႐ုံပါကြ။ ငါတို႔အားလုံးအတူတူစထြက္လာၾကတာပဲကို၊ အဲ့ဒီ့ၾကယ္ပြင့္က ဘာေၾကာင့္မ်ားသူလုပ္ခ်င္တာလုပ္ေနရတာလဲ။ သူက ငါတို႔နဲ႕အတူမအိပ္ဘူး၊ အတူတူမစားဘူး၊ ဘာပဲျဖစ္ျဖစ္ေပါ့။ က်ိဳးရွစ္ရႈန္းေတာင္မွ သိပ္အာ႐ုံမထားတဲ့ပုံပဲ။ သူကဘာႀကီးမို႔လို႔လဲ။"

သူ႕အေဖာ္သည္ ေကာက္က်စ္စြာၿပဳံးကာ အသံခပ္နိမ့္နိမ့္ျဖင့္ေျပာလာသည္။
"သူ႕႐ုပ္ရည္ကိုပဲၾကည့္ေလ၊ သူက ငါတို႔နဲ႕အဆင့္တူမလားဟ။ မတိုင္ခင္တုန္းကသူနဲ႕အတူလာတဲ့ မိန္းမတစ္ေယာက္ထက္ပိုၿပီးၾကည့္ေကာင္းတဲ့ က်န္းမ်ိဳးရိုးနဲ႕တစ္ေယာက္ေလ၊ ခါးေသးေသးေလးနဲ႕ မ်က္ႏွာျဖဴေလးေပါ့။ သူက ေရာက္လာ႐ုံပဲရွိေသးတယ္၊ အတြင္းစည္းထဲဝင္နိုင္သြားတယ္။ ငါေျပာရမယ္ဆိုရင္..."

"ဘာေျပာခ်င္တာလဲေျပာ။ က်ယ္က်ယ္ေျပာပါ၊ ကြၽန္ေတာ္လဲနားေထာင္ခ်င္တယ္ေလ။"

လူႏွစ္ေယာက္သည္ ႏြေးေထြးစြာစကားေျပာေနၾကစဥ္၊ အလြန္ေကာင္းမြန္သည့္အသံတစ္သံဟာ သူတို႔ေနာက္မွ႐ုတ္တရက္ထြက္ေပၚလာခဲ့သည္။ သူတို႔ႏွစ္ေယာက္လုံးေက်ာစိမ့္သြားၾကသည္။ သူတို႔ေခါင္းလွည့္မိလိုက္ၾကရာ 'ၾကယ္ပြင့္'ဟူ၍ သူတို႔ေခၚဆိုခဲ့ေသာတစ္ေယာက္မွာ အၿပဳံးတစ္ပြင့္ျဖင့္ လက္ပိုက္ကာမတ္တပ္ရပ္ေနသည္ကို ျမင္လိုက္ၾကရသည္။ သူသည္ အလြန္ေခ်ာေမာလွပၿပီး ေသမ်ိဳးတစ္ေယာက္ႏွင့္မတူေသာ္လည္း သူတို႔ကေတာ့ မေကာင္းဆိုးဝါးတစ္ေကာင္ကိုျမင္ေနရသလိုပင္။

အစကစကားေျပာေနခဲ့ေသာ အသားမည္းမည္းလူ႐ြယ္သည္ ထခုန္သြားရကာ အထစ္ထစ္အအအေျပာလာသည္။
"မ-မဂ္လာပါ၊ ယြင္ရွစ္ရႈန္း။"

ယြင္ရွဲ႕ဟာ ခ်ိဳသာစြာၿပဳံးလိုက္ၿပီး သူတို႔ႏွစ္ေယာက္ေဘးတြင္ထိုင္ခ်လိဳက္သည္။ ႐ုတ္ျခည္းေၾကာက္လန့္သြားကာ သူတို႔လွိမ့္လိုက္မိၿပီး ေျခလွမ္းေတာ္ေတာ္မ်ားမ်ားဆုတ္လိုက္ၾကသည္။

ယြင္ရွဲ႕သည္ ေျမႀကီးေပၚမွ ေက်ာက္ခဲတစ္ခဲေကာက္လိုက္ၿပီး ႏွစ္ႀကိမ္တိတိ အေပၚကိုျမႇောက္လိုက္၊ ေအာက္ကိုခ်လိဳက္လုပ္ေနေလသည္။ သူဟာ ဒီအတိုင္းကစားေနသည့္အလား ေက်ာက္ခဲကိုအမႈန့္ေခ်ပစ္လိုက္သည္။
"ေဟး၊ ညီအစ္ကိုတို႔ႏွစ္ေယာက္ဘာလို႔ေျပးသြားၾကတာတုန္း။ ဒီမွာေနဘယ္ေလာက္သာလိုက္လဲ၊ ေကာင္းကင္အေၾကာင္းေျပာၾကရေအာင္ေလ။ မင္းတို႔ႏွစ္ေယာက္ခုနတုန္းက စကားေကာင္းေနၾကတာပဲကိုး၊ ဘာလို႔ကြၽန္ေတာ့္ကိုေရာမထည့္ၾကတာလဲ။"

အသားမည္းမည္းေကာင္ေလး၏အေဖာ္မွာ ထိတ္လန့္သြားခဲ့သည္။
"အစ္ကိုယြင္၊ ကြၽန္ေတာ္တို႔မွားသြားပါတယ္။"

ယြင္ရွဲ႕မေပ်ာ္႐ႊင္စြာေျပာလိုက္သည္။
"မင္းတို႔မမွန္ဘူး။ ငါတို႔အားလုံးက ဂိုဏ္းတစ္ဂိုဏ္းတည္းကပဲကို၊ မင္းတို႔က ငါ့ကိုဒီလိုမ်ိဳးပယ္ထားၾကတယ္! အတူတူလာထိုင္ၾကပါ၊ ကြၽန္ေတာ့္ကိုမေၾကာက္ပါနဲ႕!"

ထိုႏွစ္ေယာက္သည္ သူ႕ကို မ်က္ရည္ထြက္က်မတတ္ ေၾကာက္လန့္ေနၾကသည္။ ထိုအခ်ိန္၌ သူတို႔၏ကယ္တင္ရွင္ႀကီးက်ိဳးက်န့္ဖန္သည္ အေနာက္မွေရာက္ရွိလာကာ မ်က္ႏွာတည္တည္ျဖင့္ေျပာလာခဲ့သည္။
"မင္းတို႔ဒီကိုစကားေျပာဖို႔နဲ႕ စားဖို႔လာေနၾကတာလား။ ဘယ္ေလာက္အလွ်င္းသင့္လိုက္လဲ! ၿခံဝင္းထဲကေရတိုင္ကီေတြအားလုံးကိုေရသြားျဖည့္လိုက္ၾက။ မင္းတို႔မၿပီးရင္ လုံးဝမအိပ္ရဘူးမွတ္!"

ဟုတ္တာေပါ့၊ ဘိုးေဘးယြင္ရွဲ႕ကေတာ့ ထို'မင္းတို႔'ထဲတြင္ မပါပါေခ်။ ယြင္ရွဲ႕အၿပဳံးတစ္ပြင့္ျဖင့္မတ္တပ္ရပ္လိုက္ကာ လူငယ္ႏွစ္ေယာက္သည္ကား ေျခရာေတာင္မက်န္ပဲ ေဝးေဝးေျပးသြားၾကၿပီျဖစ္သည္။

ယြင္ရွဲ႕ေျပာလိုက္သည္။
"က်ိဳးက်န့္ဖန္၊ ငါကေနာက္ဆုံးေတာ့ လူေတြနဲ႕ခဏေလာက္စကားေျပာခ်င္လာလို႔ေလ။ မင္းကငါ့ကိုထပ္ႏွောင့္ယွက္ျပန္ၿပီ။ မင္းကတကယ္ပဲပ်င္းစရာေကာင္းလိုက္တာ။"

က်ိဳးက်န့္ဖန္သည္ အခ်ိန္ေတာ္ေတာ္ၾကာၿပီးေနာက္၌မူ သူႏွင့္ျပန္လည္ဆုံစည္းျခင္း၏လတ္ဆတ္သစ္လြင္မႈ ေပ်ာက္ဆုံးသြားတာၾကာၿပီျဖစ္ေလသည္။ ဤလူသည္ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္မွာေတာင္ အက်င့္စရိုက္လုံးဝေျပာင္းမသြားသည္ကို သူသိလိုက္ရသည္။ သူသည္ လူေတြကို ေဒါသထြက္ေအာင္လုပ္နိုင္ေနဆဲပင္။
"ယြင္ရွဲ႕၊ ဒါကစကားေျပာေနတာလား။ တကယ္လို႔ ငါသာသူတို႔ကိုဒီေန႕အျပစ္မေပးလိုက္ဘူးဆိုရင္ မင္းသူတို႔ကိုအရွင္လတ္လတ္စားလိုက္မွာကို ငါစိုးရိမ္မိတယ္။ သူတို႔က မင္းေနာက္္ကြယ္မွာ ႐ႊင္းယီအေၾကာင္းအတင္းေျပာေနၾက႐ုံေလးပါပဲ။ ဒါကလိုလို႔လား။"

ယြင္ရွဲ႕သာမန္ကာလွ်ံကာေျပာလိုက္သည္။
"မင္းနဲ႕ေနရတာပ်င္းဖို႔ေကာင္းလိုက္တာကြာ၊ က်ိဳးက်န့္ဖန္ရ။ ငါမင္းကိုေျပာလိုက္မယ္၊ သုံးရက္အတြင္းမွာမင္းအဆင္သင့္မျဖစ္ေသးဘူးဆိုရင္ေတာ့ ဒီေလာက္နဲ႕ပဲ။ ေကာင္းကင္ႀကီးၿပိဳက်လာရင္ေတာင္မွ ငါဂ႐ုမစိုက္ဘူး၊ ငါေတာင္ေပၚတက္ၿပီး အား႐ႊင္းကိုသြားရွာမယ္။"

ေျပာဆိုဆက္ဆံရာ၌ကြဲျပားျခားနားမႈမွာ ဤမွ်ေလာက္ထိမသိသာသင့္။ ယြင္ရွဲ႕၏စိတ္ထဲ၌ က်န္း႐ႊင္းယီ၏အဆင့္ဟာ ႏွိုင္းယွဥ္စရာမရွိတာကို သူသိေနရင္းႏွင့္ေတာင္မွ က်ိဳးက်န႔္ဖန္၏ႏွလုံးသားေလးမွာ မလြဲဧကန္တစ္ဆို႔ေနသလို ခံစားရဆဲပင္။
"မင္းက သိပ္ကိုစိတ္အားထက္သန္...ဟင့္အင္း၊ မဟုတ္ေသးဘူး၊ ဒါက သူငယ္ခ်င္းမတိုင္ခင္က သူငယ္ခ်င္းေတြပဲျဖစ္သင့္တယ္၊ ငါေျပာခ်င္တာက...."

သူေစာဒကတက္၍မရေပ။ ထို႔ေၾကာင့္ စိတ္ပ်က္ဖြယ္နည္းလမ္းျဖင့္ အေၾကာင္းအရာကိုသာေျပာင္းလဲလိုက္ရသည္။
"ငါလမ္းေၾကာင္းနဲ႕ အေစာင့္အၾကပ္ေတြကိုစီစဥ္ၿပီးသြားၿပီ။ ငါတို႔ႏွစ္ရက္အတြင္းေဆာင္႐ြက္လို႔ရတယ္၊ ငါေျပာမယ္။ မင္းဘာကိုပူပန္ေနတာလဲ။ ႐ႊင္းယီရဲ႕စြမ္းရည္အေၾကာင္းကို မင္းက ငါ့ထက္ပိုၿပီးေကာင္းေကာင္းသိေနတာပဲေလ။ မီးေတာက္ဂိတ္ဝရဲ႕လူေတြကိုပဲ မင္းစိုးရိမ္သင့္တယ္။ သူကအၿမဲသတိထားၿပီးလုပ္တတ္တာပဲ၊ ဘာမွမျဖစ္နိုင္ပါဘူး။"

ယြင္ရွဲ႕သည္ ၿငိမ္သက္စြာနားေထာင္ေနကာ သူ႕နံေဘးရွိသစ္ပင္ႀကီးအား သူ႕လက္ျဖင့္ရိုက္ခ်ပစ္လိုက္သည္။
"ငါလဲအဲ့လိုပဲေမွ်ာ္လင့္မိပါတယ္။"

က်ိဳးက်န့္ဖန္၏အံ့အားသင့္ျခင္းအျဖစ္မွာ ထိုသစ္ပင္ႀကီးက ေျမႀကီးေပၚသို႔ဘုန္းခနဲလဲက်သြားေတာ့သည္။

ယြင္ရွဲ႕လက္ခုပ္တီးလိုက္ၿပီး မေဖာ္ျပနိုင္ေလာက္စြာစိုးရိမ္ပူပန္မႈမ်ားမွ သူ႕ႏွလုံးသားထဲရွိစိတ္ဖိစီးမႈဟာ အေတာ္ေလးေလ်ာ့က်သြားရသည္။
"က်န့္ဖန္၊ အားနာပါတယ္ကြာ။ ငါအခုေနာက္ပိုင္းနည္းနည္းေဒါသႀကီးလာလို႔။"

ခ်စ္ဆိပ္တက္ေနသည့္လူေတြသည္ကား သိပ္ကိုေၾကာက္ဖို႔ေကာင္းလြန္းေပသည္။
က်ိဳးက်န့္ဖန္သည္ သူ႕အားထပ္၍ရန္မစရဲေတာ့ပဲ လက္သာထပ္ခါထပ္ခါခါရမ္းျပလိုက္သည္။
"ရပါတယ္။ မင္း..."

ယြင္ရွဲ႕မ်က္လုံးမွိတ္ကာ ပင့္သက္ရွိုက္လိုက္ၿပီး အၿပဳံးတစ္ပြင့္ေဖာ္ျပလိုက္ကာ ေျပာမိသည္။
"ေကာင္းၿပီေလ။"

က်ိဳးက်န့္ဖန္တစ္ေယာက္လွည့္မၾကည့္ပဲ ေျပးထြက္သြားေတာ့၏။

___________________________________________

မူရင္းစာေရးသူမွာေျပာစရာရွိတယ္:

အဲ့လူက ဘယ္သူျဖစ္မယ္လို႔ထင္လဲ။ ယြင္ယြင္စိတ္ရႈပ္ေနပါၿပီကြယ္။

___________________________________________

အခုေနာက္ပိုင္းကစၿပီး ဒရမ္မာခ်ိဳးပါၿပီ

...

Continue Reading

You'll Also Like

391K 49.9K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
18.9K 1.9K 36
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
104K 12.6K 56
ကျောင်း၏idolများဖြစ်ကြသော ကောင်ချောလေးနှစ်ယောက်မှာ ရန်ဖက်များဖြစ်ကြသလို..အကြိုက်ချင်းကလည်းတူနေကြပြန်သေးသည်..တစ်နေ့သောအခါဝယ် ရုတ်တရက်ဆိုသလို best frie...
48.3K 3.8K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...