Slaves of Love (အချစ်ရဲ့ကျေးက...

By WuitYee5

13.8K 534 9

အချစ်ဆိုတဲ့ဝေါဟာရအနောက်မှာအတ်တတွေ အမုန်းတွေ သဝန်တိုမှုနဲ့ ရန်ငြိုးဖွဲ့ကလဲ့စားချေမှုတွေဆိုတာဟာ အလိုလိုကပ်ပါလာတ... More

Intro(Unicode+Zawgyi)
Chapter 1(Unicode+Zawgyi)
Chapter2(Unicode+Zawgyi)
Chapter 3(Unicode+Zawgyi)
Chapter 4(Unicode+Zawgyi)
Chapter 5(Unicode+Zawgyi)
Chapter6(Unicode+Zawgyi)
Chapter 7(Unicode+Zawgyi)
Chapter8(Unicode+Zawgyi)
Chapter9(Unicode+Zawgyi)
Chapter10(Unicode+Zawgyi)
Chapter11(Unicode+Zawgyi)
Chapter 12(Unicode+Zawgyi)
Chapter 14(Unicode+Zawgyi)
Chapter 15(Unicode+Zawgyi)
Chapter16(Unicode+Zawgyi)
Chapter17(Unicode+Zawgyi)
Chapter18(Unicode+Zawgyi)
Chapter19(Unicode+Zawgyi)
Chapter 20(Unicode+Zawgyi)
Chapter21(Unicode+Zawgyi)
ခက်ခွန်းခ POV(Unicode +Zawgyi)
Chapter22(Unicode+Zawgyi)
Chapter 23(Unicode+Zawgyi)
Chapter24(Unicode+Zawgyi)
Chapter25(Unicode+Zawgyi)
Chapter 26(Unicode+Zawgyi)
Chapter 27(Unicode+Zawgyi)
Chapter28(Unicode+Zawgyi)
Chapter29(Unicode+Zawgyi)
Chapter 30(Unicode+Zawgyi)
Chapter 31(Unicode+Zawgyi)
Episode 32(Unicode+Zawgyi)
Chapter33(Unicode+Zawgyi)
Episode 34(Unicode+Zawgyi)
Chapter35(Unicode+Zawgyi)
Chapter36(Unicode+Zawgyi)
Chapter37(Unicode+Zawgyi)
Chapter38(Unicode+Zawgyi)
Chapter39(Unicode+Zawgyi)
Chapter 40(Unicode+Zawgyi)
Chapter41(Unicode+Zawgyi)
Chapter42(Unicode)
Chapter42(Zawgyi)
Chapter43(Unicode)
Chapter43(Zawgyi)
Chapter44(Unicode)
Chapter44(Zawgyi)
Chapter45(Unicode)Final
Chapter45(Zawgyi)Final
Valentine Day's Present Part 1
Valentine Day's Present Part 2
Valentine Day's Present Part 3
Valentine Day's Present Part 4
Hello My Sweet Heart

Chapter13(Unicode+Zawgyi)

151 10 0
By WuitYee5

'မောင်...ဟို....အဲ့..အဲ့ဧကရီက ...မောင့်အသိလားဟင်..??'

အရဲစွန့်ပြီးမောင့်ကိုမေးမိတော့ မောင်ပြန်ဖြေတာက

'သူငယ်ချင်းထက်ပိုတဲ့မိတ်ဆွေ...'ပါတဲ့လေ......

'ဗျာ.....မောင်...'

'နောက်လည်းတော်တော်ကျနေပြီဆိုတော့ မောင်အိပ်တော့မယ်ခ....'

ပြောပြောဆိုဆိုနဲ့ဘဲမောင်ဟာသူ့လက်ထဲကဖုန်းကိုစားပွဲပေါအသာချရင်း မောင့်ဘက်ခြမ်းကိုဝင်လှဲလိုက်ပြီးမျက်စိစုံမှိတ်ကာအိပ်ဖို့ပြင်တော့တာပေါ့...

မဟုတ်ဘူးလေမောင်....မောင်ဆိုလိုတဲ့အဓိပ္ပါယ်ကိုခနားမလည်ဘူးလေ..မောင့်ကိုသေသေချာချာမေးချင်သေးတယ်...မောင်အိပ်လို့မရသေးဘူး...မောင်ခကိုသေချာအောင်ရှင်းပြဖို့လိုသေးတယ်လေ...

ကိုယ့်ခံယူချက်နဲ့ကိုယ် ခလည်းအိပ်နေတဲ့မောင့်အနားမှာဝင်လှဲလိုက်ပြီးမောင့်ဘက်ကိုတခြမ်းလှည့်ကာ မောင့်ကိုခေါကြည့်တာပေါ့..

'မောင်...မောင်....မောင်အိပ်သွားပြီလားဟင်...???'

'...............'

'မောင်...မောင်....ခလေ...ခမေးစရာလေး.....'

'ခ....မင်းမအိပ်ချင်လည်းငြိမ်ငြိမ်နေ...မင်းယောက်ျား မောင်က မင်းစားဝတ်နေရေးအတွက်အပြင်ထွက်အလုပ်လုပ်ပြီးပိုက်ဆံရှာဖွေထားရတာ...အရမ်းပင်ပန်းတာကွ..ညအိပ်ချိန်လေးတော့မောင့်ကိုအေးအေးချမ်းချမ်းလေးအိပ်ခွင့်ပေး..ဟုတ်ပြီလား...မောင်နားချင်ပြီခ..'

ပြောချင်ရာပြောပြီးတာနဲ့ခကိုကျောခိုင်းကာ တဖက်လှည့်သွားပါသောမောင်.............

'မောင်...ခ...ခကမောင့်ကိုနှောက်ယှက်ချင်လို့မဟုတ်ပါဘူးမောင်ရယ်..ဒီတိုင်း..အင်း...ဒီတိုင်းလေးဘဲ....ထားပါ..မောင်ပင်ပန်းနေတော့နားပါ...မွ...အိမ်မက်လှလှမက်ပါစေနော် မောင်...ချစ်တယ်..'

မောင့်ရဲ့ပါးပြင်ပေါအနမ်းတစ်ချက်ပေးရင်းမောင့်ခါးကိုအနောက်မှဖက်လိုက်ပြီး မောင့်ဘေးနားမှာဘဲခအိပ်စက်ဖို့ပြင်ရတော့တာပေါ့.........

အရင်ဆိုမောင်နဲ့ခက မျက်နှာချင်းဆိုင်ပြီးအိပ်နေကြ....တခါတလေမျက်နှာချင်းဆိုင်မအိပ်တတ်ရင်တောင်မှ မောင်က ခကိုသူ့ရင်ခွင်ထဲထည့်ဖက်ရင်ဖက်..ဒါမှမဟုတ်ရင်တောင် အနည်းဆုံးခရဲ့လက်တစ်ဖက်ကိုကိုင်ပြီးမှအိပ်တတ်တဲ့မောင်က ဒီနေ့တော့..ခကိုကျောခိုင်းပြီးအိပ်နေယုံသာမက ခဖက်တွယ်ထားတဲ့လက်တွေကိုတောင်မဆုပ်ကိုင်ခဲ့တဲ့မောင်.........

မောင်ခကိုလစ်လျှူရှုနေတာလား...

ဟင့်အင်းနော်မောင်...ခ..ခလက်မခံဘူးနော်...

မောင်ကလည်းခကိုပစ်သွားလို့မရသလို ခကလည်းမောင့်ကိုဘယ်တော့မှထားမသွားဘူးမောင်...

ဟင်း..မနက်ဖြန်ကျရင်တော့ခရင်ထဲကမတင်မကျဖြစ်နေတဲ့ဟာတွေကိုမောင့်ကိုဖွင့်ပြောကြည့်ပြီးသေသေချာချာရှင်းဦးမှပါ...

မဟုတ်ရင် တစ်ယောက်နဲ့တယောက်သံသယတွေ မထားသင့်တဲ့အမုန်းတွေထားပြီးအထင်တွေလွဲကုန်မှခက်မယ်...

အတွေးတွေကိုအဝေးကိုလွှင့်ရင်း မောင်ခါးကိုဖက် မောင့်ကျောကိုမျက်နှာအပ်ကာမောင့်စီကရတဲ့ယောက်ျားဆန်တဲ့ကိုယ်သင်းနံ့လေးကိုရှူရှိုက်ရင်း ခအိပ်စက်ခြင်းဆိုတဲ့နတ်မင်းစီကိုအခစားဝင်ရတော့တာပေါ့...........

နောက်နေ့တွေကြတော့လည်းအလုပ်များနေတဲ့မောင့်ကြောင့်ခမှာမောင်နဲ့နှစ်ယောက်တည်းစကားပြောဖို့အချိန်မရခဲ့ပါဘူး...

တနည်းပြောရရင် မောင့်မှာခအတွက်ဆိုပြီးသီးသန့်ပေးဖို့အချိန်ဆိုတာရောရှိသေးရဲ့လား မောင်ရယ်လို့ခမေးချင်မိပါရဲ့မောင်...

..........

...................

ခြံထဲမှာကားသံကြားတာကြောင့် ခလည်းမီးဖိုပေါတင်ထားတဲ့အိုးကိုအသာပိတ်လိုက်ပြီး လက်ဆေးပြီးတာနဲ့ အိမ်ရှေ့ကိုကမန်းကတမ်းပြေးထွက်လာစဥ◌်

'ကလင်လင်လင်...ကလင်...'

'ဟာ..မောင်ပြန်လာပါပြီဆိုမှဖုန်းကလည်းလာနေသေး...'

လာနေတဲ့ဖုန်းကိုလစ်လျူရှုကာထွက်သွားဖို့လုပ်ပေးမယ့်လည်း တဂွမ်ဂွမ်မြည်နေတဲ့ဖုန်းကြောင့် ခမှာအိမ်ရှေ့ကိုထွက်မသွားနိုင်ဘဲဧည့်ခန်းကိုသာလာခဲ့ရတော့တာပေါ့...

'ဟဲလို....အမိန့်ရှိပါဗျ...ခက်ခွန်းခပြောနေပါတယ်....'

'ယောက်မလေးရေ..အီး..ဟီး....ယောက်မလေး...'

'မမ..မမမေ..ဘာလို့ငိုနေရတာလဲဗျာ...'

'စိတ်...ဟင့်...စိတ်အေးအေးထားပြီးမမမေပြောတာနားထောင်နော်....'

'ဟမ်...ဘာဖြစ်လို့လဲဟင်...???တခုခုများ...'

'ရှိုင်းလေးလေ....ရိုက်ကူးရေးလုပ်နေတုန်း...အဲ့မှာ...မတော်တဆ..သံချောင်းတွေက..ဟင့်..ရှိုင်းလေးပေါပြုတ်ကျတာ...ခေါင်းထိသွားတယ်တဲ့..ဟင့်...အခု...ဆေးရုံမှာ.....'

'ဗျာ...!!!'

'ဟုတ်တယ်..ဟင့်..အင့်...ယောက်မလေး...မမမေတို့အခုအဲ့ကိုလိုက်သွားနေတာ..'

'ကျွန်...ကျွန်တော်လည်းလိုက်လာခဲ့မယ်....မ..မမမေ...ဒါဘဲနော်...'

မမမေဖုန်းကိုချပြီးတာနဲ့မခိုင်တော့တဲ့ကျွန်တော့်ဒူးတွေကြောင့် ကြမ်းပေါအရဒပ်ကြိုးပျက်ထိုင်ချလိုက်ရတဲ့ကျွန်တော်....

'မောင်..မောင်ဘာမှဖြစ်လို့..ဟင့်..မရဘူးနော်....'

'ခက်ခွန်းခရေ..ခက်ခွန်းခ...အိမ်မှာရှိလား..???'

လက်နှစ်ဖက်နဲ့မျက်ရည်တွေအသာသုတ်ကာ ခပ်သုတ်သုတ်ဘဲအိမ်ရှေ့ထွက်လာတော့ မောင့်သူငယ်ချင်းဆိုသူကိုတွေ့လိုက်ရပါတော့သည်...

'အင်း....ဟို..ဟိုလေ...ခက်ခွန်းခ.....ဟို...'

'ကျွန်တော့်ကိုမောင့်စီလိုက်ဖို့လာခေါတာမလား...???'

'မင်းငိုထားတာလား....???မင်းသိ..'

'ကျွန်တော်အကုန်လုံးသိပြီးပြီ..မောင့်စီသာ....အင့်...မြန်မြန်လိုက်ပို့ပေးပါလားဟင်...ကျွန်တော်..ကျွန်တော်....မောင့်ကိုစိုးရိမ်တယ်..မောင်တစ်ခုခုဖြစ်သွားမှာကို‌ကြောက်တယ်ဗျာ....ကျေးဇူးပြုပြီး..'

'အင်း...လာပါ...ကျွန်တော်နဲ့တူတူသွားကြတာပေါ့.....ကားပေါတက်နော်...'

ကားပေါရောက်ထဲကခ မောင့်စီမြန်မြန်ရောက်ဖို့သာဆုတောင်းနေခဲ့တယ်...

စိတ်လှုပ်ရှားလွန်းလို့ ခလက်တွေကိုမီးပွင့်မတတ်ပွတ်နေတာကိုမောင့်သူငယ်ချင်းကားနောက်ကြည့်မှန်ကနေ မြင်တယ်ထင်ပါရဲ့...ခကိုနှစ်သိမ့်ပေလေတယ်..

'ခက်ခွန်းခ....စိတ်ကိုလျှော့ထားနော်...ငရှိုင်းက ဆေးရုံကိုအချိန်မှီရောက်သားတော့ဘာမှကြီးကြီးမားမားဖြစ်သွားမှာမဟုတ်ပါဘူး...သိလား...မင်းစိတ်ပူနေမယ်ဆိုတာငါမသိလို့မဟုတ်ဘူး...ဒါပေမဲ့စိတ်အေးအေးထားနော်...အားလုံးအဆင်ပြေသွားမှာသိလား...??'

'အွန်း...ဟုတ်...သိ..သိပါပြီ..'

'ဟင်း...'

ငိုသံစွတ်နေတဲ့ခစကားသံတွေအဆုံးမှာမောင့်သူငယ်ချင်းကတော့သက်ပြင်းကိုသာချလေရဲ့...

မောင်ရဲ့...မောင့်အတွက်ပူရတဲ့အပူမီးကလေ ဘာနဲ့မှကိုမတူဘူး..သိလား...

မောင်..ခအတွက်အားတင်းထားရမယ်နော်....

.................

.............................

ဆေးရုံရှေ့ရောက်တာနဲ့မောင့်သူငယ်ချင်းကိုကျေးဇူးတင်စကားပြောပြီး အရူးကြီးတစ်ယောက်လိုဆေးရုံထဲပြေးဝင်မိသည်....

ကောင်တာမှာမောင့်နာမည်မေးတော့ မောင့်အခန်းနံပါတ်ကိုပြောပြလေတာကြောင့်ခ ခပ်မြန်မြန်ဘဲမောင်ရှိရာကိုအပြေးလေးတက်လာလိုက်တယ်...

'ဟူး...ဟင်း....နံပါတ် ၁၂၃..ဟုတ်တယ်..ဒါ...ဟင်း...မောင့်အခန်းဘဲ....တံခါးကလည်းဟနေပါ့လား...ဟူး.....'

အမောတောင်မဖြေနိင်ဘဲခတစ်ယောက်ဟနေတဲ့တံခါးချပ်လေးကိုအသာတွန်းဖွင့်ရင်းနံရံခြားက မောင့်စီကိုလျှောက်လာခိုက်

'အို...အကိုနော်...သိပ်ဆိုးတာဘဲ.....'

'အကိုကမဆိုးပါဘူးကွာ...ဒီနားလေးလာဦးဆို မင်းလေးမှမလာဘဲ..ဒါကြောင့်အတင်းခေါရတာကို....'

ဟမ်...မောင်က သူ့ကုတင်ပေါမှာတခြားမိန်းကလေးတစ်ယောက်နဲ့...

ခေါင်းမှာ ပတ်တီးစည်းထားတဲ့မောင်..သူက ကုတင်ပေါဘေးတစောင်းထိုင်နေတဲ့မိန်းကလေးရဲ့ပေါင်ပေါကို ခေါင်းတင်ပြီးနှစ်ယောက်သားစကားတွေပြောနေလေရဲ့...

တစ်ယောက်နဲ့တစ်ယောက်လည်းစကား‌တွေပြောနေတာရွှမ်းရွှမ်းကိုဝေလို့...

မိန်းကလေးဆိုသူကလည်းမောင့်ဆံပင်လေးတွေကိုပွတ်သပ်ပေးနေပြီးမောင်ကလည်းတဖက်က သူမရဲ့လွတ်နေတဲ့လက်တဖက်ကိုနူးနူးညံ့ညံ့လေးစုပ်ကိုင်ထားလေရဲ့...

မောင်ရယ်..မောင့်ကိုစိတ်ပူလွန်းလို့အရူးတပိုင်းလိုမောင့်စိအရောက်ပြေးလာတဲ့ခကိုတောင်မောင်မမြင်နိုင်ဘဲမောင်တို့က သာယာနေလိုက်ကြတာ..

မြင်နေရတဲ့မြင်ကွင်းကိုဆက်ကြည့်နိုင်စွမ်းမရှိတော့တာကြောင့်ခခြေသံခပ်ဖွဖွနဲ့ဘဲအခန်းထဲကနေထွက်လာလိုက်သည်....

မောင့်အခန်းနဲ့မနီးမဝေးကိုရောက်တော့ခရဲ့မျက်ရည်တွေကြောင့်အမြင်တွေမပြတ်သားဝေဝါးလာတာကြောင့် အနီးရှိနံရ့ထောင့်စီကိုအပြေးကလေးသွားပြီးထောင့်တစ်နေရာမှာဒူးနှစ်ဖက်ကြားခေါင်းဝှက်ကာအားရှိပါးရှိငိုနေမိသည်...

'မောင်က...ဟင့်..သိပ်ရက်စက်တာဘဲ....'

အချိန်တော်တော်ကြာတော့ မောင့်ကိုလက်ချင်းချိတ်ပြီးအခန်းထဲကနေ မောင်နဲ့သူမထွက်လာခဲ့တယ်..

အိုး...မောင်ပြုံးနေတာဘဲ...အခုတလောသိပ်မပြုံးတော့တဲ့မောင်က သူမကြောင့်ပြုံးနိုင်ခဲ့တယ်..

ဒီလူရင်မှာကြေကွဲမတတ်နာကြင်နေရပေမဲ့လည်း မမြင်ရတာကြာပြီဖြစ်တဲ့မောင့်အပြုံးကိုမြင်လိုက်ရတော့သူမကိုခလေ ကျေးဇူးပြေးတင်ရတော့မလိုလို...

ထွက်သွားတဲ့မောင့်ကျောပြင်ကျယ်ကိုငေးရင်း ခသက်ပြင်းချမိတယ်...

နောက်..စိတ်ထဲကနေလည်း...တကိုယ်တည်းရေရွတ်နေမိသေးတယ်..

မောင်ငါ့ကိုချစ်မှချစ်သေးရဲ့လားလို့.......??

မောင်နောက်ကနေခ တိတ်တိတ်ကလေးလိုက်ချောင်းခဲ့တယ်...

မောင်နဲ့သူမ ဆေးရုံထဲကနေထွက်သွားပြီးကားပါကင်ရောက်တဲ့ထိ...နောက်တော့ မောင်တို့ကားလေးဆေးရုံဝန်းထဲကနေထွက်သွားတဲ့အထိ ခတိတ်တိတ်ကလေး လိုက်ကြည့်နေမိတယ်...

'မောင်..မောင်..ငါ့ကို..ဟင့်....ငါ့ကိုစောင့်ပါဦး...မောင်အိမ်ပြန်မယ်ဆိုရင်လည်းခကိုခေါသွားဦးလေ..အီး..ဟီး..မောင်....မောင်....ဟင့်...'

ထွက်သွားတဲ့ကားလေးနောက်ကိုခအပြေးလေးလိုက်ရင်းတစ်နေရာအရောက်မှာတော့ ခမျက်စိရှေ့ကနေ မောင့်ကားလေးပျောက်သွားတဲ့အပြင် ခလည်း မြကြီးပေါ အရုပ်ကြိုးပြတ်လဲကျခဲ့တော့သည်....

'ခက်ခွန်းခ.....မင်း..ရရဲ့လား..???'

'ဟို...ဟင့်....ကျွန်...ကျွန်တော်...ဟို..မောင်လေ...ဟင့်...'

'ထင်တော့ထင်သား...ခင်ဗျားဒီမှာဘဲရှိနေဦးမယ်လို့..ဟင်း...ခင်ဗျားကျွန်တော့်ကားပေါက ဆင်းသွားပြီးကျွန်တော်လည်းကားရပ်ပြီးတာနဲ့နောက်ကလိုက်လာလိုက်တာ...ဒါပေမဲ့ ခင်ဗျားကိုမတွေ့တော့လို့ ပြန်ဖို့အလုပ် အခုခင်ဗျားကိုတွေ့လိုက်ရတာဘဲ...တော်သေးတာပေါ့....အယ်..ခင်ဗျားခြေထောက်မှာသွေးတွေတောင်ထွက်နေပြီ..လက်တွေလည်းပွန်းလို့...လာ...ထ..ကျွန်တော်ဆေးရုံမှာဘဲဆေးတခါတည်းထည့်ပေးပြီးခင်ဗျားကိုအိမ်လိုက်ပို့ပေးမယ်...ငရှိုင်းလည်းဆေးရုံကခေါသွားလို့ရရင်တခါတည်း...'

'မောင်ကပြန်သွားပြီ...အခုဘဲ....'

'ဟမ်.....ဟုတ်လား....'

'ကျွန်တော့်ကိုစိတ်ပူပေးလို့ကျေးဇူးပါ..ဒါပေမဲ့ ကျွန်တော်ကိုယ့်ဘာသာဘဲအိမ်ပြန်လိုက်ပါ့မယ်..'

'မဟုတ်တာ...ကျွန်တော်ပြန်လိုက်ပို့မှာပေါ့....ဒါနဲ့ခင်ဗျားရဲ့ဖိနပ်တွေရော...'

'ဖိနပ်...??ဟား..ဟား..ကျွန်တော်အိမ်ကထွက်လာကတည်းကစီးမလာခဲ့ဘူးထင်တယ်ဗျ...ဟား..ဟား...'

'ဘယ်လို...???'

မောင့်သူငယ်ချင်းက ခကိုနားမလည်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေလေရဲ့...

ကလေးရှက်ရင်ငို..လူကြီးရှက်ရင်ရယ်တဲ့မောင်..

ငါလေ..ငါအခုငါ့အဖြစ်ငါကြည့်ပြီး..သနားလွန်း....ရှက်လွန်းလို့မောင့်သူငယ်ချင်းအရှေ့မှာ သိမ်ငယ်မှုနဲ့အတူတဟားဟားအော်ရယ်မိတယ်သိလားမောင်.....

မောင့်သူငယ်ချင်းကတော့ ခကိုထင်မှာဘဲ..အပြောင်းအလဲမြန်တဲ့လူ..ရူးနေတဲ့လူလို့..

ဘာလို့ဆို...ခကငိုလိုက်ရယ်လိုက်ဖြစ်နေလို့လေ....

.......................

...................................

'ကျေးဇူးကိုသုတ....အခုလိုကျွန်တော့်ကိုအိမ်လိုက်ပို့ပေးလို့ကျေးဇူးနော်....'

'မလိုပါဘူး..ငရှိုင်းရဲ့ အိမ်သူဘဲ...သူငယ်ချင်းရဲ့သက်ဆိင်သူကိုကျွန်တော်လည်းတတ်နိုင်သလောက်ကူညီပေးတာအပန်းမှမကြီးတာ....အော်...ဒါနဲ့ခ..ခဏလေး....'

ခဏလေးလို့ဆိုပြီးကိုသုတက ကားပေါက ခပ်မြန်မြန်ဆင်းကာခထိုင်နေတဲ့ဘက်ခြမ်းကိုတံခါးလာဖွင့်ပေးရင်း..

'ဖြည်းဖြည်းဆင်းဦးခက်ခွန်းခ....ရရဲ့လား...ခြေထောက်ကဆေးထည့်ထားပြီးပေမဲ့နာနေဦးမှာ....ဟို...ဒီမှာ..ဒါလေးစီး...ဒါက ကျွန်တော်ကားထဲမှာဆောင်ထားနေကြအရံဖိနပ်..'

'ရတယ်...ခြံရှေ့ဘြရောက်နေပြီကို..နည်းနည်းလေးလမ်းထပ်လျှောက်လိုက်ရင်အိမ်ရောက်ပြီဘဲ...ကိုသုတစေတနာကိုနားလည်ပေမဲ့ကျွန်တော်ငြင်းပါရစေနော်...'

'ဝတ်ပါဗျာ...အားမနာပါနဲ့....'

'ဟို..ရ....'

ရတယ်လို့တောင်ဆုံးအောင်မပြောလိုက်ရ..ကိုသုတက သူ့ပေါင်ပေါ ကျွန်တော်ခြေထောက်ကိုအကျအနတင်ရင်းသူပြောတဲ့အရံဖိနပ်ဆိုတဲ့ရှူးအနက်လေးကိုကျွန်တော့်ကိုအတင်းဝတ်ပေးလာပါတော့သည်....

'တော်သားဘဲ....အင်း...'

'ဟို...'

'ဟိုတွေဒိတွေလုပ်မနေပါနဲ့ဗျာ...ဒီဖိနပ်က ကျွန်တော်လည်းစီးလို့ရတာမဟုတ်တော့ဘူး....sizeသေးနေလို့လေ...ပြန်မပေးနဲ့တော့နော်...ခင်ဗျားယူလိုက်တော့.....'

'ဟမ်.....'

'ကဲပါ..ပို့မယ့်ပို့တော့ အိမ်ပေါက်ဝထိရောက်အောင်ပို့မယ်ဗျာ...လာ...ကျွန်တော့်ကိုတွဲချည်..ခင်ဗျားထော့နဲ့ထော့နဲ့နဲ့သာလမ်းလျှောက်ရင်အိမ်ထဲမြန်မြန်ရောက်မှာမဟုတ်တော့ဘူး...လာ...'

'ကိုသုတ...'

'ကျွန်တော့်ကိုကျေးဇူးတင်ရင်တော့ အိမ်‌ရောက်ရင် ကော်ဖီလေးတခွက်ဖျော်တိုက်ပေါ့ဗျာ...ဟား..ဟား...'

နောက်ဆုံးကိုသုတရဲ့စေတနာကို ခ မငြင်းတော့ဘဲ ကိုသုတ ကို ကော်ဖီဖျော်တိုက်ပါ့မယ်ဆိုတဲ့ကတိကိုပေးရင် သူ့ကိုတွဲကာ အိမ်ထဲကိုဝင်လာတော့တာပေါ့....

'ကိုသုတ...ဒီမှာခဏထိုင်ဦးနာ်..ကျွန်တော်ကော်ဖီဖျော်လိုက်ဦးမယ်..'

'ရတယ်....ကျွန်တော်က ဒီတိုင်းပြောလိုက်တာပါဗျာ..ခင်ဗျားအေးဆေးနားနေလေ...'

'ဟင့်အင်း..ကျွန်တော်ခင်ဗျားကိုကော်ဖီဖျော်တိုက်ပါ့မယ်လို့ကတိပေးထားတာဘဲကို..သောက်ြီးမှပြန်ပါ..နော်..ကိုသုတ...ကျွန်တော့်ကိုကိုသုတဒိနေ့အများကြီးကူညီခဲ့တာဘဲလေ..ကျွန်တော်က သူများအပေါကျေးဇူးကျွေးတင်နေရင်မနေတတ်လို့ပါ.......'

'အိုကေပါ....ကောင်းပြိလေ..ကျွန်တော်ဧည့်ခန်းထဲကဘဲစောင့်နေပါ့မယ်..‌အေးဆေးလုပ်နော်....'

'ဟုတ်....'

ကိုသုတအတွက်မီးဖိုထဲဝင်..ကော်ဖီဖျော်ပြီးတာနဲ့ကော်ဖီနဲ့တူတူစားလို့ရောက်အောင်ဘီစကစ်မုန့်အနည်းငယ်ကိုဘဣ်းလေးထဲသေချာထည့်ပြီး မီးဖိုထဲကအထွက်

'ဝုန်း....!!!'ဆိုတဲ့အသံနဲ့အတူ မောင့်အော်သံကိုပါတဆက်တည်းကြားလိုက်ရတာကြောင့် ခ ခပ်မြန်မြန်ဘဲမီးဖိုထဲကနေ ပြေးထွက်လာရတော့သည်.....

ဧည့်ခန်းထဲရောက်တော့ တွေ့လိုက်ရတာကခအတွက်တော့သွေးပျက်လောက်စေတယ်...

မောင်ရဲ့လက်ထဲမှာက ပန်းအိုးကိုကိုင်ထားပြီးကိုသုတကကြမ်းပေါမှာလဲလျက်...

ကိုသုတကိုကြည့်တော့လည်း မျက်နှာမှာထိုးကြိတ်ခံထားလို့ရတဲ့အညိုအမဲတွေနဲ့...

ကြည့်ရတာမောင်လုပ်လိုက်တယ်ထင်ပါ့.....မောင်က ခကြည့်နေရင်းကနေ ကိုသုတထံလက်ထဲက မောင်ကိုင်ထားတဲ့ပန်းအိုးကိုရွဘ်တော့ ခမှာ မောင်နဲ့ကိုသုတကြားဝင်ရတော့တာပေါ့...

မောင့်လက်ထဲက ပန်းအိုးကိုအတင်းဆွဲလုရင်း...

'မောင်..ဘာဖြစ်တာလဲ...??ဟမ်.....ကိုသုတနဲ့ဘာတွေဖြစ်ကြတာလဲ မောင်..??ကြည့်ပါဦးမောင်ရယ်..ကိုသုတမျက်နှာမှာလဲအညိုမြတွေနဲ့..မောင်ထိုးလိုက်တာလား..ဘာလို့အဲ့လိုလုပ်ရတာလဲဗျာ...ခမေးတာဖြေဦးလေ.....???'

'တောက်...စောက်အဓိပ္ပာယ်မရှိတာ...ခ...မင်း..မင်းကအဲ့ကောင်ကိုအဲ့လောက်ကာကွယ်ပေးနေရအောင်မင်းလင်ငယ်မလို့လား..ဟမ်...ခ..ပြောလေ..ပြောစမ်း..ငါ့ကို....ငါ့ကွယ်ရာမှာမင်းဖောက်ပြန်နေတာမလား....ဟမ်....'

'မောင့်..မောင်ဘယ်လိုပြောလိုက်တယ်..ကိုသုတနဲ့ခက ဘာမှမှမဖြစ်တာကို...မောင့်စကားတွေက တဖက်သားကိုအရမ်းစော်ကားရာကျနေပြီ.....'

'ဟက်..ဘာလဲ..လင်ငယ်ထိတော့နာနေတယ်ပေါ့လေ..ဟုတ်လား...ခ....တောက်...ခြံရှေ့မှာထဲက ငါကြည့်နေတာ..မင်းတို့လက်တွဲပြီးအိမ်ရှေ့မှာမိုးမမြင်လေမမြင်ဖြစ်လာတည်းက ငါစောင့်ကြည့်နေတာ..ဘဘ်ထဲက နောက်မီးလင်းနေတာလြ..ပြောစမ်း..ခ..ပြောစမ်း...စောက်အဓိပ္ပာယ်မရှိလိုက်တာ.....အပြင်မှာဖောက်ပြန်လို့အားမရသေး လို့ငါ့အိမ်ထဲထိပါလာပြီး..မင်းတို့.....'

'မောင့်.......မောင်ထင်သလိုမဟုတ်ဘူးလို့..ဟင့်...'

'ငရှိုင်း.....မင်းသိပ်လွန်မလာနဲ့နော်..ငါနဲ့ခက်ခွန်းခနဲ့က မင်းပြောသလို ဘာမှဖြစ်မနေဘူးကွ...မင်းအထင်လွဲနေပြီ...'

'မင်းစောက်ပါးစပ်ပိတ်ထားစမ်းသုတ....'

'ဟ...ပိတ်ရမှာမင်းကွ..မင်းက မဟုတ်မမှန်တာတွေပြောပြီးပတ်ရမ်းနေတာလေ....မင်းကိုပြန်မထိုးဘဲမင်းထိုးတာခံနေလို့ မင်းက ငါ့ကိုပြန်စော်ကားနေတာလား..ဟမ်....'

'ဘာ...!!!!'

'တော်...တော်ကြပါတော့....ကိုသုတ....အားနာပေမဲ့..ပြန်လိုက်တော့နော်....မောင့်စိတ်ကိုကျွန်တော်သိတယ်..ကြာရင်ရန်ပွဲကနေ သတ်ပြွတွေဖြစ်ကုန်မှာမို့...'

'ခ...မင်းသူနဲ့ဘာတွေတွတ်ထိုးနေတာလဲ..ဟမ်....လာခဲ့စမ်း..ငါ့နားကို...!!!'

'အ့..မောင့်.လက်..လက်နာတယ်....အ့...'

'ငရှိုင်း....ခက်ခွန်းခကိုအရမ်းအကြမ်းကြီးမလုပ်ပါနဲ့...မင်းတို့ချင်းဖြေရှင်းစရာရှိတယ်ဆိုရင်တောင် အေးဆေးရှင်းလေ....ပြီးတော့ ငါထပ်ပြောမယ် ငရှိုင်း..မင်းထင်နေသလိုငါနဲ့သူနဲ့က ပတ်သက်မှုမရှိဘူး...ငါသူ့ကိုမင်းဆေးရုံရောက်နေလို့သူ့ကိုဆေးရုံခေါလာပေးတယ်..အပြန်ကျတော့ပြန်ခေါလာပေးတယ်..သူ့ကိုအိမ်ထဲထိတွဲပေးတယ်ဆိုတာလဲသူ့ခြေထောက်မှာဒဏ်ရာရနေလို့..မင်းကိုစိတ်ပူလွန်းလို့သူ့မှာဆေးရုံကိုလိုက်သာလိုက်လာတာ ဖိနပ်တောင်မပါဘူးကွ....အဲ့မှာဖိနပ်မပါဘဲ လမ်းလျှောက်လိုက်ပြေးလိုက်နဲ့ခြေထောက်တွေတောင်ကွဲလို့...လက်တွေမှာလဲမင်းကြည့်ဦး...မင်းဇောကပ်ပြီးပြေးရာကချော်ကျတာလေ..မင်းကိုသေလောက်အောင်ချစ်တဲ့သူ့ကိုမင်းအထင်မလွဲသင့်ဘူး....ငါ့ကိုထိုးတာကိုငါဗွေမယူဘူးသားကြီး..မင်းနားလည်မှုလွဲသွားတာလို့ဘဲငါမှတ်ယူလိုက်မယ်....'

'ဘာရယ်....သူပြောတာတွေဟုတ်လားခ...ခ...မောင်မေးနေတယ်လေ....'

ခရဲ့ကိုယ်လေးကိုမောင်က ပုခုံးကနေကိုင်ကာအတင်းလှုပ်ကိုင်ကာမေးတော့ခလည်း

'မောင်....ခကဟုတ်တယ်လို့ဖြေရင်ရောမောင်ကယုံပေးမှာလားဟင်.....??'

'ကျစ်....ရှင်းရှင်းလင်းလင်းဖြေလေခရာ...မောင့်ကိုဖြေစမ်းပါ....ဝတ်လည်ကြောင်ပတ်လုပ်မနေစမ်းနဲ့....'

'ငရှိုင်း...ငါပြောသင့်တာတွေပြောပြီးပြီ...ငါထင်တာကတော့ငါသွားသင့်ပြိထင်ပါရဲ့...ကိစ္စတစ်ခုကိုသွေးပူပြီးရှင်းတာနဲ့ခေါင်းအေးအေးထားပြီးရှင်းတာက ပိုအဆင်ပြေတယ်ကွ...ခက်ခွန်းခ....ကျွန်တော့်ကိုခွင့်ပြုပါဦး....ငရှိုင်း...ငါသွားပြီသားကြီး....'

'ကိုသုတ..ကျွန်တော်..တကယ်ကို..အားနာပါတယ်....'

'မလိုပါဘူးဗျာ...ကဲ..ခွင့်ပြုပါဦး...'

'ဟုတ်......'

ကိုသုတကိုနှုတ်ဆက်ပြီးသူ့ကိုအိမ်ပေါက်ဝထိလိုက်ပို့ဖို့လုပ်ခဲ့ပေမဲ့မောင်ကသူ့ရဲ့လက်ကောက်ဝတ်ကိုအတင်းဆွဲထားတာကြောင့်မောင်နဲ့အတူထိုနေရာမှာဘဲရပ်မြဲတိုင်းရပ်နေမိသည်.....

ကိုသုတကားခြံရှေ့က မောင့်ထွက်သွားမှမောင်က ခလက်ကိုလွှတ်ပေးပြီးsofaပေါပစ်ထိုင်ကာ

'ခ...ဒိနားလာဦး.....'

'မောင်...ခ....ခတကယ်တောင်းပန်ပါတယ်မောင်ရယ်...'

'ခ....မောင့်ကိုဘာလို့တောင်းပန်နေရတာလဲဟမ်..မောင်မင်းကိုရိုက်မှာကြောက်လို့လား....မောင်ကအဲ့လောက်ထိကြောက်စရာကောင်းသလား.....ဖြေလေ...'

'အင်း...ကြောက်တယ်...တခါတခါ ခမသိတဲ့လူတစ်ယောက်ပုံစံလိုမျိုးပြောင်းလဲသွားတတ်တဲ့မောင့်ကိုကြောက်တယ်....'

'sorryခ...စောစောကကိစ္စမောင်လွန်သွားတယ်...မောင်ခကိုသဝန်တိုတာနဲ့ ဘာမှကိုမမြင်မိဘဲဖြစ်သွားတာ....'

'အင်း...'

'မောင့်နားလာပါဦး....လာ..မောင့်ပေါင်ပေါလာထိုင်ဦး.....'

'...............'

'ခ.....လာလေ...မောင်ခေါနေတာကို...လာအခု...'

အမိန့်ဆန်လှတဲ့မောင့်စကားကိုမလွန်ဆန်နိုင်တာကြောင့်မောင်ပြောတဲ့အတိုင်းမောင့်အနားကိုသွားကာမောင်ပေါင်ပေါဘေးတစောင်းထိုင်လိုက်ပြီးမျက်နှာကိုတဖက်ကိုလွှဲထားမိသည်...

မောင်က တယုတယနဲ့ခရဲ့ဆေးထည့်ထားတဲ့လက်ကလေးတွေကိုယူကြည့်ရင်း

'နာလားခ...အရမ်းနာနေလားဟင်...??'

ငိုချင်လို့ပါးစပ်ကမဖြေနိုင်ဘဲ ခေါင်းသာခါရမ်းပြလိုက်တော့မောင်ကဟင်းခနဲ့သက်ပြင်းချရင်း

'မောင်...မောင်တောင်းပန်ပါတယ်ကွာ....မောင့်ကြောင့်ခအခုလိုထိခိုက်ခဲ့၇တာ...ဒါကိုမောင်ကမသိတဲ့အပြင် ခကိုတောင်အထင်အမြင်လွဲလိုက်သေး..တောင်းပန်ပါတယ်နော်....ခလေး....မောင်..မောင်တကယ်..မရည်ရွယ်ပါဘူးခရယ်....'

ငိုသံစွက်ပြီးပြောလာတဲ့မောင်...နောက်တော့ မောင်ကခဂုတ်ပေါသူ့ခေါင်းလေးမှီတင်လာပါတော့သည်...

'မောင်ငိုနေတာလား....???မငိုပါနဲ့မောင်ရယ်..မောင်ငိုတော့ခကစိတ်ကောင်းမလား...??'

'အားလုံးကမောင့်အပြစ်တွေပါကွာ..မောင့်ကိုရိုက်စမ်းပါ..ဟောဒီ့ကောင်ကြီးကိုအသေရိုက်စမ်းပါကွာ.....'

မောင်က ခရဲ့လက်တွေကိုယူရင်းသူ့ရင်ဘတ်ပေါတင်ပြီးရိုက်ဖို့ပြောလာတာကြောင့်မောင့်ကိုခ ရင်ခွင်ထဲပိုတိုးလို့ဖက်ထားပေးမိတယ်...

'ရှူး...တော်တော့နော်မောင်...ခကခွင့်လွှတ်တာမို့...‌.မောင့်ကိုယ်မောင်အပြစ်မတင်ပါနဲ့တော့နော်...ခကပျော်တောင်ပျော်ရမှာပါမောင်ရယ်..မောင်ကခကိုချစ်လွန်းလို့သဝန်တိုတာလေ....ဟုတ်လား....မောင်...??'

'ခ.........'

'တစ်ခုတော့ပြောပါရစေမောင်ရယ်....မောင်ခကိုချစ်တာကိုခနားလည်တယ်...

ခကိုချစ်လွန်းလိုသဝန်တိုတာလည်းခနားလည်တယ်...ဒါပေမဲ့..အဲ့သဝန်တိုလို့ဆိုတဲ့ခေါင်းစဥ◌်  ကြီးတတ်ပြီးတော့ ခကိုမောင်ချုပ်နှောင်ဖို့တော့မကြိုးစားနဲ့နော်မောင်...

မောင်သိရဲ့သားနဲ့..ခကအချုပ်အနှောင်တွေမကြိုက်ဘူး..လွတ်လွတ်လပ်လပ်နေရတာကြိုက်တယ်ဆိုတာ...

မောင်အချိန်တိုင်းသဝန်တိုနေတေ့မောင့်အတွက်လည်းကောင်းဘူး...မောင်လည်းအခုလိုစိတ်တိုရသလိုခလည်းစိတ်မကောင်းဖြစ်၇တယ်မောင်...

မောင်ရယ်..မောင်နဲ့ငါနဲ့က ခင်ပွန်းနဲ့လင်ဆိုတဲ့ သံယောဇဥ◌်   ကြိုးတွေချည်နှောင်ထားပြီးကာမှ မောင့်ကိုပစ်ပြီးတခြားတစ်ယောက်စီ ခသွားလိမ့်မယ်လို့ မောင်ဘဘ်လိုများတွေးနိုင်တာလဲနော်...

စိတ်ချမောင်...ဘာတွေဘဲဖြစ်လာပါစေ ငါဆိုတာ ဟောဒီ့  က မောင့်ကိုပစ်မသွားဘူး...

မောင်သာခအပေါကိုချစ်တဲ့စိတ်နဲ့သဝန်တိုတာတွေသာနည်းနည်းလျှော့ပါနော်....

ခစိတ်ထဲကနေ မောင့်ကိုပြောချင်တဲ့စကားတွေကိုခအခုဘဲထုတ်ပြောလိုက်ပြီမောင်...

မောင်ရော..ခကိုဘာပြောချင်သေးလဲ..???'

'ဟင့်အင်း....ခ...မောင့်နားကသာဘယ်တော့မှထွက်မသွားနဲ့နော်..မောင်ဒါလေးဘဲတောင်းဆိုချင်တာ...

မင်းလေးဟာမောင့်အချစ်ဘဲ...

မင်းလေးဟာမောင့်အသက်ဘဲ..

မင်းလေးကမောင့်ဘဝဘဲ..

မင်းကိုဘယ်သူမှမပိုင်ဘူး..

မင်းကိုမောင်ဘဲပိုင်တာ..မင်းလေးကမောင့်အပိုင်ဘဲ..ကြားလားခ..'

'အင်း....အင်းပါမောင်ရယ်....'

'မောင့်အတွက်အချစ်ဆိုတဲ့အရာကတော့ရိုးရှင်းတယ် ခ...မောင်မင်းကိုချစ်လို့ မင်းကိုရယူပိုင်ဆိုင်ဖို့ကြိုးစားခဲ့တယ်...ဒါဘဲ...ခ....မင်းမှတ်ထားရမှာက မောင်မင်းကို မောင့်အသက်ထက်ပိုချစ်တယ်ဆိုတာဘဲ...မင်းဟာမောင်မဖိတ်ခေါဘဲနဲ့မောင့်ဘဝထဲကိုတိတ်တိတ်ကလေးဝင်လာခဲ့တယ်...ဒါပေမဲ့ တစ်နေ့ အကြောင်းအမျိုးမျိုးကြောင့် မောင့်စီကနေ မင်း တိတ်တိတ်ကလေး ထွက်ပြေးမယ်ဆိုရင်တောင်မောင်က မင်းကိုမြေလှန်ရှာမှာ ခ...မောင့်ဘဝ...မောင့်ကမ္ဘာထဲကနေ ခကို ထွက်သွားခွင့် ဘယ်တော့မှမပြုနိုင်ဘူး...အဲ့တာမောင် မင်းကိုသိပ်ချစ်လွန်းလို့ဖြစ်လာတဲ့ မောင့်ရဲ့ အတ္တဘဲ'

'အင်းပါမောင်....ခနားလည်ပါပြီ....ဒါနဲ့..'

'ပြောလေ..ခပြောစရာရှိနေတာလား...???'

'မောင်.....ခ...ခဒီနေ့..မောင်နဲ့အတူ...တခြားမိန်းမတစ်ယောက်ကိုပါတွေ့..တွေ့လိုက်တယ်....'

ပြောနေရင်းနဲ့မောင့်ကိုအကဲခတ်ကြည့်တော့ မောင်က ထိတ်လန့်စိုးရွံ့မှုတောင်မရှိဘဲအေးအေးဆေးဆေးနဲ့ ဘဲခကိုပြောလာတယ်

'ခတွေ့ခဲ့တာလား...??အော်..'

'မောင်ခကိုဖြေရှင်းချက်ပေးသင့်တယ်လို့မထင်ဘူးလားဟင်...'

'ခဘာသိချင်တာလဲ..မောင်ဖြေပေးမယ်လေ...'

'မောင်နဲ့သူနဲ့က....'

'သူက မောင်နဲ့တူတူ ရိုက်ကူးရေးလုပ်နေတဲ့မင်းသမီး..တက်သစ်စမင်းသမီးတလက်လို့ပြောရင်ပိုမှန်မယ်...သူက တက်သစ်စဆိုတော့ ရိုက်ကူးတာမှာလိုအပ်ချက်တွေအများကြီးရှိတယ်လေ...ပြီးတော့မောင်နဲ့သူနဲ့ကတွဲရိုက်ရမှာဆိုတော့ မောင်ကအဆင်ပြေပေမဲ့ သူက မောင်နဲ့စိမ်းသလိုဖြစ်နေတော့ သူနဲ့မောင်သရုပ်ဆောင်ရမဲ့ အပိုင်းတွေဆို သူ့ဘက်ကအဆင်မပြေတာတွေအများကြီးရယ်..ဒါကြောင့်ဒါရိုက်တာက သူနဲ့နီးနီးကပ်ကပ်နေခိုင်းပြီးရင်နှီးမှုရစေချင်ယုံ...ပြီးတော့သူ့ကိုတူတူလက်တွဲခေါယုံပါ...တခြားဘာအကန့်မှမရှိပါဘူးခ...ခမောင်ပြောတာကိုယုံလား...??'

'ဒါပေါ့မောင်ရယ်...မောင်ပြောမှဘဲခလည်းစိတ်ထဲမှာရှင်းသွားတော့တယ်...ယုံရမှာပေါ့..မောင့်ကိုယုံရမှာပေါ့...'

မောင်ပြောတဲ့အတိုင်းတကယ်ဖြစ်မှာပါလေ.တကယ်လည်းအဲ့လိုဖြစ်ပါစေလို့လည်းခဆုတောင်းပါတယ်...

'အင်း....ခ.....မောင်...ခကိုအရမ်းချစ်တယ်နော်...'

'အွန်း...ခသိပါတယ်...'

'ခ.....မင်းလေးကဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲကွာ....'

'ဗျာ.....မောင့်..မောင့်ဘာလုပ်ဖို့လဲ...???'



'ချစ်ချင်လို့....မင်းလေးကိုချစ်ချင်လို့ပါ...'

'မောင်....ခ..ခလေ...'

'ငြိမ်ငြိမ်နေခ...မောင်နမ်းဘဲနမ်းမှာ..အကယ်၍မင်းကငြိမ်ငြိမ်မနေဘဲမောင့်ကိုငြင်းဆန်နေရင်တော့ မောင် ခကိုနမ်းရုံတင်မဟုတ်ဘဲတခြားဟာတစ်ခုခုလုပ်မိလိမ့်မယ်..ကြားလား...ခ...'

'ဟို....ဟိုလေ...မောင်..'

'ခ...မောင်ပြောပြီးသားနော်...'

'အင်း...အင်းပါ....မောင်ရယ်...'

နောက်တော့ မောင့်ရဲ့နှုတ်ခမ်းတစုံဟာခနှုတ်ခမ်းလွှာပေါကိုထပ်တူကျလျက်ပေါ့...

မွတ်မွတ်သိပ်သိပ်နဲ့ မောင့်အနမ်းကြမ်းတွေအောက်မှာခရုန်းမထွက်နိုင်ခဲ့ပါ....

မောင့်အလိုကျ...မောင့်သဘောအတိုင်းသာခငြိမ်ငြိမ်လေးနဲ့မောင့်အနမ်းလေးတွေကိုအလိုက်သင့်တုံ့ပြန်နေမိတော့သည်...

မောင်ကလေခကိုအမြဲတမ်းရင်လှိုက်ဖိုအောင်လုပ်နိုင်တယ်သိလား...

မောင့်ကိုလေ ခဘယ်လောက်ဘဲစိတ်ဆိုးနေပါစေမောင့်စကားတစ်ခွန်းတည်းနဲ့တင် ခကိုစိတ်ပြေအောင်လုပ်နိုင်တယ်သိလား...

မောင့်အနမ်းကြမ်းတွေအောက်မှာခ ဘယ်လောက်ဘဲအသက်ရှူကြပ်နေပါစေ မောင့်အတွက်ဆိုတဲ့စိတ်နဲ့ဘဲ ခကြံ့ကြံ့ခံနိုင်အောင်စိတ်တင်းနေခဲ့ရတယ်....

မောင့်အနမ်းတပွင့်ကခကိုရူးလောက်အောင်ဆွဲဆောင်နိုင်တယ်ဆိုတာလည်းခပြောဖို့မေ့နေတာ..ဟိ...

မောင်လူဆိုး...

အဲ့လူဆိုးလေးကိုဘဲခက ချစ်နေရတာဆိုတော့လည်း...ဟင်း...

မောင်ရေ...မောင်..တကယ်ဘဲခတော့မောင်နဲ့ဘယ်အချိန်သွက်သက်ခါအောင်ရူးသွားမလဲမသိဘူးနော်...

မောင်ရေ...ခအပိုပြောတာမဟုတ်ဘူးနော်...

မောင့်ကိုခက ရင်ထဲအသဲထဲကနေ ဘဝတသက်စာချစ်လို့သွားမှာဆိုတာယုံထား..နော် မောင်ရေ....

မောင့်ကိုချစ်တယ်ဗျာ....

--------------------------------------------------------

Zawgyi





'ဗျာ.....မောင်...'






'...............'















..........

...................


'ကလင်လင်လင်...ကလင်...'









'ဗျာ...!!!'















'အွန်း...ဟုတ်...သိ..သိပါပြီ..'

'ဟင်း...'




.................

.............................





























'ဟမ်.....ဟုတ်လား....'




'ဘယ်လို...???'






.......................

...................................






'ဝတ်ပါဗျာ...အားမနာပါနဲ့....'

'ဟို..ရ....'


'တော်သားဘဲ....အင်း...'

'ဟို...'


'ဟမ်.....'


'ကိုသုတ...'







'ဟုတ်....'
















'ဘာ...!!!!'












'ဟုတ်......'



'ခ...ဒိနားလာဦး.....'





'အင်း...'


'...............'












'ခ.........'













မင်းလေးကမောင့်ဘဝဘဲ..



'အင်း....အင်းပါမောင်ရယ်....'






'ခတွေ့ခဲ့တာလား...??အော်..'



'မောင်နဲ့သူနဲ့က....'





'အွန်း...ခသိပါတယ်...'




'မောင်....ခ..ခလေ...'


'ဟို....ဟိုလေ...မောင်..'


'အင်း...အင်းပါ....မောင်ရယ်...'








မောင်လူဆိုး...





မောင့်ကိုချစ်တယ်ဗျာ....

--------------------------------------------------------






Continue Reading

You'll Also Like

6.9K 307 20
နခေအက်ခရာ + ခတျေသောတ နေခအက္ခရာ + ခေတ်သောတ Start Date 23.01.2023 End Date
9K 406 33
It's been over three years since Manic has last seen his friends. In this third story of the A Cryptic Attraction series, we'll see more beloved char...
13.2K 602 10
This is a sequel to "Little Bird" (Black Butler fanfic) However you can read this as it is if you wish, you wont miss... too much lol. Rei White is...