My Essential Hoon

By _jaehoonpark_

42K 4.4K 2.5K

젴성 #JakeHoon Romance /Drama Age gap love More

Intro
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29
30
31
32
33
34
35
36
37

27

772 105 156
By _jaehoonpark_

Unicode

"ယုမီ....ဒီနေ့ပဲသောကြာရောက်နေပြီ နင်နဲ့တွေ့မယ့်လူကဘယ်သူတဲ့လဲ သေချာမသိသေးဘူးလား"

ဆန်လုံးနီရဲရဲကိုစိတ်မပါလက်မပါကိုက်ရင်းအမေးပြုလာသောမျက်နှာချင်းဆိုင်မှဆောင်ဟွန်း၊ ယုမီသဘောကျစွာခပ်တိတ်တိတ်ပြုံးလိုက်သည်။

"ဘာကိုဒီလောက်ထိစိတ်ဝင်စားနေတာလဲဟာ......ဒီမှာသူငယ်ချင်းတို့ စိတ်ကိုလျှော့ထားကြစမ်းပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ငါစိတ်လှုပ်ရှားဖို့လဲငဲ့ပေးကြပါအုံး"

"ငါတို့ကနင့်ကိုမကောင်းတဲ့သူနဲ့ဆုံသွားမှာစိုးရိမ်တဲ့စေတနာဟ.....ယုမီ နင်ကလေရည်းစားလဲတစ်ခါမှထားဖူးတာမဟုတ်ဘူး နင်ယောင်္ကျားတွေအကြောင်းဘာသိလဲ ဟမ်"

"ယောင်္ကျားတွေအကြောင်း နင်နဲ့တင်တော်တော်သိနေပြီမို့ကျေးဇူးပြုပီးအိုဗာလုပ်တာတွေရပ်လိုက်ပါတော့လားဂျုံဆောင်းရယ် နင်ဘယ်တုန်းကများငါ့အတွက်ဒီလောက်ထိစိုးရိမ်တတ်သွားတာလဲ......"

"မဟုတ်မှလွဲရော...ပတ်ဂျုံဆောင်း နင်ငါ့ကိုကြိတ်ပီးသဘောကျ......."

စကားတောင်မဆုံးသေး နှာတံရင်းထက်လက်ညိုးနဲ့လက်မနှစ်ဖက်ညှပ်ကာ ဆဲဆိုသံတတွတ်တွတ်နှင့်ငြီးငြူရှုံ့တွပြသောဂျုံဆောင်းကြောင့် ယုမီမှာအရီမရပ်နိုင်တော့

သဘောတကျရီမောနေရင်းမှ ဆောင်ဟွန်းဘက်ကိုအာရုံလှည့်မိသည်။ သူမထံသို့သာဆက်တိုက်အကြည့်စိုက်နေ၏။ မျက်ဝန်းတို့ကလဲဆွေးမြေ့နေသယောင်ရှုပ်ရှုပ်ထွေးထွေး

*ပတ်ဆောင်ဟွန်းအရူးကောင်လေး အဲ့လောက်ထိသဘောကျနေရင်လဲ ဒီတိုင်းဖွင့်ပြောလိုက်ပါတော့လား တကယ်ပဲဘာကိုတွန့်ဆုတ်နေရတယ်မသိနော် မွန်းကြပ်လိုက်တာ*

ရင်ဘတ်တွင်းဆီမှခပ်တိုးတိုးအပြစ်တင်နေမိတုန်း ထိုင်နေရာမှငူငူငိုင်ငိုင်ထထွက်သွားတဲ့ဆောင်ဟွန်း

ထွက်သွားတဲ့ကျောပြင်ငယ်အား ယုမီအကြည့်မပျက်ရင်း ပါးပြင်ထက်သို့ဝဲကျနေသောနီညိုရောင်ဆံနွယ်စတွေကို နားရွက်နောက်လေးဆီသို့ခပ်သာသာသပ်ပို့လျက် ကြည်ကြည်နူးနူးပြုံးမိသည်။

"ဘာပဲပြောပြောငါ့အစီစဉ်တွေကတော့အလုပ်ဖြစ်နေပြီသူငယ်ချင်းတို့......စောင့်နေလိုက် ငါဆောင်ဟွန်းနဲ့တရားဝင်စတွဲတဲ့နေ့ နင်တို့အကုန်လုံးလဲကိုရီးယားအမဲသားတစ်ဝဆွဲပေတော့ပဲ ဒီအမကြီးရဲ့အနာဂတ်လှလှလေးအတွက်ကြိုဆုတောင်းပေးထားလိုက်ကြတော့"

ရီကာမောကာသူမအပြောကို ရှုံ့မဲ့မဲ့နှင့်နူတ်ခမ်းထော်ကာ စကားဆိတ်ဆိတ်ပြန်မဆို နေရာမှထထွက်သွားတဲ့ယန်းဂျောင်ဝန်းနောက်အား နီခီကပါအပြေးလိုက်သွားသည်မို့ ဂျုံဆောင်းတစ်ယောက်သာကျန်ခဲ့တော့သည်။

"ယုမီရေ အဲ့တော့နင်ဘယ်သူနဲ့တွေ့ရမှာလဲလို့သေချာသိပြီလား ဘာလို့မေးနေတာကိုဟိုလှည့်သည်လှည့်လုပ်နေတာလဲဒီအရူးမရာ"

"ဟ ကြင်ဖက်ကငါမတွေ့တော့ဘူးနင်ပဲသွားတွေ့လိုက်တော့ဟေ့တကယ်ပဲ ဘယ်လိုဖြစ်နေတာလဲအခုကျမှတအားတွေ....နင်ငါ့ကိုတကယ်ကြီးကြိုက်နေတာလား"

"အသုံးမဝင်တဲ့စကားတွေမပြောပဲ မေးတာသာဖြေစမ်းပါ နင့်အတွက်မေးနေတာမဟုတ်ဘူး ငါလဲငါ့ကိစ္စသပ်သပ်ရှိလို့မေးနေရတာ"

"စိတ်ရှုပ်လိုက်တာဒီကောင်နဲ့တော့.......တကယ်မသိသေးဘူးလို့ မနက်ဖြန်တွေ့ကြည့်မှသိမှာငါလဲ......အကြီးဖြစ်ဖြစ်အငယ်ဖြစ်ဖြစ်စိတ်မဝင်စားဘူးဟာ အဓိကက ဆောင်ဟွန်းသဝန်တိုဖို့ပဲ"

"Ahhhhh မွန်းကြပ်တယ်ဟေးမွန်းကြပ်တယ် ဘယ်လိုပဲဖြစ်ဖြစ် အကြီးလားအငယ်လားကတော့နင်သိထားသင့်တယ်မဟုတ်ဘူးလား.....မနက်ဖြန်ဘယ်မှာဆုံကြမလဲနင်တို့"

"ဘာလဲဟ နင်တအားကိုထူးဆန်းနေတာနော်ပတ်ဂျုံဆောင်း တကယ်အာရုံပဲ"

"ဖြေမှာသာဖြေစမ်းပါ"

"ဘာလို့ဖြေရမှာ သွား ဝေးဝေးသွားတော့ စိတ်ရှုပ်လိုက်တာတကယ်ပဲ"


**********

"ကျွန်မကို အမေရိကာနိုတစ်ခွက်ရေခဲလေးလျှော့ထည့်ပေးပါနော်"

"ဟို......ဒီမှာ ဒီမှာ ပြောတာကြားရဲ့လားဟင်"

တစ်နေကုန်အသိစိတ်ကင်းမဲ့နေတဲ့စက်ရုပ်တစ်ရုပ်လို အယောင်ယောင်အမှားမှားနှင့်တစ်လွဲတွေချည်းလုပ်မိနေသောဤတစ်နေ့တာကား အတော်လေးကိုဂယောက်ဂယက်နိုင်လွန်းစွာပင်

"ဗျာ ဗျာ.....အစ်မတောင်းပန်ပါတယ်နော် ဘာလို့မှာလိုက်တာလဲမသိဘူး"

"အမေရိကာနို ရေခဲလေးလျှော့မယ်လို့"

ဒီလိုပုံစံမျိုးနဲ့ ဆောင်ဟွန်းcounterမှာရပ်နေမိတာလဲcustomerတစ်ယောက်နှစ်ယောက်မကတော့ချေ၊
ဝင်တစ်ချက်ထွက်တစ်ချက်တစ်ချက်ဖြစ်နေသောအသိစိတ်ကြောင့် အမှာစာတွေလဲတစ်လွဲချပေးသည်ပေးနှင့် bad reviewတစ်သိန်းကိုလက်ယပ်ခေါ်နေမိသလို အဆူအကြိမ်းခံရမယ့်အကွက်တွေဆိုသော်ငြား

ကံကောင်းထောက်မစွာ တစ်ခုထဲသောအကောင်းမြင်စရာ မွေးရာပါချောချောမောမောရုပ်ရည်လေးက တစ်လွဲလုပ်သမျှကိုထိန်းပေးနေလေ၏။


"ဆောင်ဟွန်း ပြဿနာတစ်ခုခုရှိလို့လား ဒီနေ့အာရုံတွေပြန့်နေသလိုပဲ"

ဆိုင်ပိတ်ချိန်ရောက်တော့ ဆောင်ဟွန်း စားပွဲတွေခုံတွေကိုတစ်ဆိုင်လုံးပတ်သိမ်းနေတုန်း အတူတွဲလုပ်တဲ့partner hyungကအနားရပ်ကာစကားလာဆိုသည်။ အားနာနာနှင့်ပြုံးပြရုံကလွဲတစ်ခြားဆင်ခြေတွေကိုယ်ပေးမတတ်တော့ပါ။

"တောင်းပန်ပါတယ်hyung ကျွန်တော်နောက်ရက်တွေဒီ့ထက်ပိုကြိုးစားပါ့မယ်"

ဆိုင်သိမ်းခြင်းအလုပ်ကိစ္စများပြီးသည်နှင့် ပါတော်မြဲဘေးလွယ်အိတ်လေးကိုစလွယ်သိုင်းကာ ဆိုင်ပြင်သို့လေးဖင့်ဖင့်ခြေလှမ်းများနှင့်လျှောက်ထွက်လာခဲ့၏။

စိတ်ရောလူပါပင်ပန်းရသည့်နေ့မို့ထင်ရဲ့ လမ်းတောင်ဆက်မလျှောက်ချင်၊ ခြေတိုင်တွေကအားမရှိအင်မရှိနှင့် ကြည်လင်နေသောမဟူရာကောင်းကင်ထက်ကိုငေးကာ ပင်ပန်းချိန်တိုင်းသတိရမိနေကျကိုကိုဟူသည့် ရှင်းဂျယ်ယွန်းတစ်ယောက်ထံသို့ မျှော်ကိုးတမ်းတနေမိသည်။

"ပင်ပန်းလိုက်တာ လမ်းမလျှောက်ချင်တော့ဘူး ချီပီးအိမ်ပြန်ပို့မယ့်လူရှိရင်ကောင်းမှာပဲ"

မိုးသားထက်မော့ကြည့်ရင်း လေသံပျော့ပျော့လေးနှင့်ကလေးဆန်စွာမတိုးမကျယ်ငြီးငြူသံထွက်မိ၏။

"ကိုကို့ကလေးလေးကို ကိုကိုချီခေါ်ရမှာပေါ့......အများကြီးပင်ပန်းနေတာလားဘေဘီ"

မနီးမဝေးမျက်စောင်းထိုးလမ်းတစ်ဖက်ဆီမှ ရင်းနှီးရသောအသံကြည်ဟာရုတ်ချည်းထွက်ပေါ်လာသည်။အမှောင်ရိပ်ကိုဖြတ်သန်းပြီး အလင်းထိုးကျသွားတဲ့ထိုလူ့မျက်နှာကိုမြင်လိုက်ရတော့ ကိုယ့်နူတ်ခမ်းဖူးတို့သည်ညိုးငယ်နေရာမှရွှင်ရွှင်ပြပြစတင်ကခုန်ပျော်မြူးတော့၏။

"ဟာ အဆက်အသွယ်လဲမလုပ်ပဲဗြုန်းစားကြီးရောက်လာတာလား"

"အဲ့တော့.......မပျော်ဘူးလား ဘေဘီ့ကြည့်ရတာအခုကိုကိုရောက်လာလို့အရမ်းကိုသဘောကျသွားတဲ့ပုံပါပဲ"

ဆောင်ဟွန်း နူတ်ခမ်းဖူးထက်မယ် ပါးလှစ်သောအပြုံးနုနုတို့ကသာနေရာယူချိတ်ဆွဲလျက်ရှိတော့သည်။ သူ့ကိုဆို အမြဲအကန်စကားလေးပြောလိုက်ရမှနေသာထိုင်သာရှိသော်ငြားလည်း ဒီညတော့ဂျစ်ကန်ကန်အကျင့်ဆိုးလေးတွေတောင်ဖော်ပြနိုင်ဖို့အားအင်တွေမရှိတော့တာကြောင့်

ပေါ့ပါးကြည်လင်စွာကားမောင်းနေသောသူ့ကိုတစ်စိမ့်စိမ့်ကြည့်ရင်း ဆောင်ဟွန်းလမ်းတစ်လျှောက်အကဲခတ်လာမိသည်။ သူ့ကြည့်ရတာတော့ထွေထွေထူးထူးမရှိပုံပင် မူလပကတိအတိုင်းသဘာဝကျလွန်းစွာ၊ ကိုယ်တစ်ယောက်သာအတွေးကမ္ဘာထဲဝယ်ချာလည်ရိုက်လျက်တစ်ချိန်လုံးပင်ပန်းနေခဲ့ရသည်မဟုတ်လား

အတွေးများလွန်နေပြီလားဆိုသောသတိပေးစိတ်က အလွန်အကျွံတွေးတောမှုနယ်မြေကိုလာရောက်တားဆီးတော့ စိတ်ဖိစီးမိသမျှအကုန်လျှော့ချပစ်လိုက်မိသည်။

သူတစ်မျက်နှာဆီပဲစေ့စေ့ကြည့်ရင်း သူ့ကိုယုံထားရင်ရပြီမဟုတ်လား၊ ကိစ္စသေးသေးမွှားမွှားလေးကစ ကိုယ့်ဆီတစ်လုံးမကျန်အစီရင်ခံတတ်သောသူက ဤကဲ့သို့ဖြစ်စဉ်ကြီးကြီးမားမားမျိုးကို ဖုံးကွယ်ထားမည်မဟုတ်နိုင်ချေ

လွန်ဆွဲနေသောအတွေးနှစ်ခွတို့က သူ့အပြုံးတွေကိုမြင်မိတဲ့အခါ ယုံကြည်မိခြင်းဆိုသောနယ်မြေတစ်ဘက်ခြမ်းဆီသို့ပြတ်ပြတ်သားသားခြေစုံပစ်မိ၏

အချစ်ကိုယုံကြည့်မည်။ သူ့ကိုလဲယုံကြည့်ချင်သည်။ သူ့အပြုံးများကလဲ ရူးလောက်အောင်ပင်ယုံချင့်စဖွယ်ဖြူစင်လွန်းသည်ကိုး။

သည်လိုနှင့်အိမ်ရှေ့ရောက်တော့ စိတ်ပေါ့ပါးစွာကားပေါ်ကဆင်းမည်အလုပ် သူကကိုယ့်လက်ကိုအလျင်အလှောတားဆီးလာ၏။ အိမ်ထဲမဝင်ပါနဲ့အုံးဆိုသည့်မျက်နှာအမူအရာက ရှုံ့မဲ့မဲ့နှင့်၊ ကလေးငယ်တစ်ယောက်လိုမျိုးအသည်းယားဖွယ်အတိ

"ဘာလဲ အိမ်ထဲမဝင်ရတော့ဘူးလား အိမ်ရှေ့ရောက်နေပြီလေ ညဉ့်လဲနက်နေပြီလို့"

ကိုယ်ပြောခါမှသူသည် ဖမ်းဆုပ်ထားသောကိုယ့်လက်ဖဝါးတို့အားပို၍သာတင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ထားပြန်၏။

"တကယ်တော့ ကိုဒီနေ့ပြောစရာရှိလို့ဘေ့ဆီကိုကိုယ်တိုင်ရောက်လာခဲ့တာ"

ကိုယ့်လက်ခုံထက်ကို သူ့လက်သည်းခွံကြည်ကြည်တို့ဖြင့် ခပ်ဖွဖွကုတ်ခြစ်ရင်းစကားဆိုလာသည့်ရှင်းဂျယ်ယွန်း

ညိုးငယ်ငယ်မျက်လွှာဖြူသည် အောက်ဘက်သို့ငိုက်ကျသွား၏၊ ထို့နောက် အားအင်မရှိစွာပြောထွက်လာသောသူ့စကားတစ်ချို့က ရုတ်ချည်းပင်ပြေစပြုနေသောဆောင်ဟွန်း၏သံသယစိတ်တို့ကို တစ်ဖန်ပြန်လည်မီးညှိတော့သည်။

"ကို မနက်ဖြန်အလုပ်ကိစ္စနဲ့တရုတ်ဘက်ကိုခရီးသွားရမယ် တစ်ပတ်နီးနီးကြာလောက်မယ်ဘေဘီ ဘယ်လိုလုပ်မလဲ ကိုကို မင်းကိုအဲ့လောက်အကြာကြီးမထားခဲ့နိုင်ဘူး အဲ့လိုဆိုပီးဘေ့ကိုခေါ်သွားဖို့ကလဲမဖြစ်ပြန်ဘူး"

အလုပ်ကိစ္စတဲ့......တိုက်တိုက်ဆိုင်ဆိုင် ထိုအလုပ်ကိစ္စကလဲမနက်ဖြန်ကိုကွက်တိကျနေခဲ့ပြန်သည်တဲ့.....သူ့မျက်လုံး သူ့အမူအရာ သူ့စကားသံတို့မှာ သဘာဝကျလွန်းသည်ထက်ကိုပိုနေသော်ငြားလည်း ဆောင်ဟွန်းရင်ထဲမှသံယစိတ်တို့မှာတော့ ငြိမ်သက်နေရာမှတစ်ဖန်နိုးထလာခဲ့တော့၏။

သို့သော်လည်း သက်သေမထင်ရှားသေးပဲတဇွတ်ထိုးသွားစွပ်စွဲဖို့ရာကမဖြစ်ပြန်၊ ထိုကဲ့သို့ဆိုပြီး ညာနေတာလားဟူ၍ခေါင်းစဉ်တပ်ကာဒဲ့ဒိုးမေးမြန်လိုက်လျှင်လဲ လိမ်လည်နေသူအတွက်အခွင့်အရေးပိုပေးရာကျသွားလောက်မည်။

ဆောင်ဟွန်းခေါင်းထဲမယ် နေရာလပ်မရှိမေးခွန်းပေါင်းစုံချာချာလည်ရိုက်ကာ လူအတစ်ယောက်သဖွယ်ငြိမ်ငြိမ်ကြီးသူ့အားထိုင်ငေးနေမိ၏။ သူ့အမူအရာကတော့ သဘာဝကျကျပင်လွမ်းဆွေးပြနေလေရဲ့

"ကိုကိုတော့တကယ်ပြဿနာတက်ပြီဘေဘီ အခုမြင်နေရင်းတောင်မှမင်းကိုတစ်အားလွမ်းနေမိတာ တရုတ်နဲ့ကိုရီးယားဆိုတဲ့အကွာအဝေးအကြီးကြီးကြားမှာခွဲနေရတဲ့အချိန်တွေဆို ကိုရူးသွားမလားပဲ.......ဘယ်လိုလုပ်ကြမလဲ ဘေဘီကိုကိုနဲ့အတူလိုက်ခဲ့မလားဟင်"

ကိုယ့်ပုခုံးရင်းထက်သို့ အားကိုးတကြီးသူ့လက်တွေကလာရောက်ထွေးပွေ့သည်။ ခွေးပေါက်စလေးတစ်ကောင်သဖွယ်ကြည်လဲ့လဲ့မျက်ဝန်းနက်တစ်စုံကလဲ ဖြူဖြူစင်စင် အသနားခံပြနေသေး၏။ ဆောင်ဟွန်း သူ့ဗိုက်ခေါက်လေးကို မနာမကျင်ခပ်ဖွဖွဆွဲလိမ်လိုက်ရင်း

"အမလေးဒီလူကြီးကတော့ တစ်ပတ်တောင်မပြည့်တာလေးကိုသုံးနှစ်သုံးမိုးကျလို့ အဖြစ်သည်းပြနေပြန်ပီ၊ အလုပ်တွေမြန်မြန်အပြတ်ဖြတ်ပီး အမြန်ဆုံးပြန်လာခဲ့ရင်ရပြီကို အဲ့လိုတွေးနေတော့ပိုလွမ်းမှာပေါ့"

"ဟင့်အင်း မရဘူးကွာဘေဘီလိုက်ခဲ့မှဖြစ်မယ် ကိုကိုရူးသွားမှာမြင်ချင်တာလား ဘေ့လိုက်မှကိုဖြစ်မှာ လိုက်ခဲ့ပါနော်"

သူသည် ကိုယ့် ခန္ဓာတစ်ခုလုံးအား ရင်ခွင်ကျယ်ထဲသို့ဆွဲသွင်းလိုက်ရင်း ကလေးတစ်ယောက်လိုချွဲချွဲရွဲရွဲတဂျီဂျီပူဆာနေပြန်၏။

ချစ်စရာအမူအရာတို့ကြောင့်နှလုံးအိမ်ကတော့ပင်ကိုထုံးစံအတိုင်း တစ်ဒိတ်ဒိတ်ကြည်နူးရသော်ငြား သံသယတည်းဟူသောဆူးတစ်ပင်ကလာရောက်နှောင့်ယှက်နေသည်ကြောင့် ဆောင်ဟွန်းမှာအပြည့်အဝမကြည်နူးနိုင်

ထို့ထက်သူ့ပြောသမျှစကားတွေကိုအလိမ်အညာပါဟူ၍ကြီးစိုးနေသောစိတ်တစ်ဖက်ခြမ်းမှာ ပို၍ပို၍နယ်ကျယ်လာမိတော့သည်။

ရင်ခွင်ကျယ်ထက်ဦးခေါင်းအစုံကိုမှေးတင်နေရင်းမှ သူ့မျက်ဝန်းနက်တွေထဲကိုအမှုလိုက်အနံ့ခံမိသည်။ မျက်ဝန်းနက်တွေကတော့ သဘာဝကျလွန်းစွာသေသပ်ပိရိနေပါရဲ့

စကားဆိတ်ဆိတ်မထွက် ငြိမ်သက်စွာသူ့မျက်နှာထက်မော်ရှုလျက် အမှုစစ်နေမိသောကိုယ့်မျက်ဝန်းအိမ်များထံသို့ သူ့အကြည့်တွေကရုတ်တရက်ကျရောက်လာသည်။

"စတော်ဘယ်ရီလုံးလေးကိုလဲတအားလွမ်းနေရတော့မှာပဲ ဘယ်လိုလုပ်ကြမလဲဘေဘီရာ...."

ပြောကာဆိုကာ ကိုယ်နူတ်ခမ်းဖူးထက်နယ်လာကျော်သော ထိုလူဆိုးကြီး၏ညစ်ကျယ်ကျယ်အနမ်းတစ်ချို့

စိတ်ဝိဉာဉ်ကိုအပိုင်စိုးလုနီးနီးသံသယတမ်းချင်းတို့ဟာ ကိုယ်၏ဦးနှောက်အာရုံထိပါလာရောက်ရိုက်ခတ်သောအခါဝယ် သူ့နူတ်ခမ်းတွေဆီမှ ဆောင်ဟွန်းဇွတ်အတင်းရုန်းထွက်မိသည်။

လက်ချောင်းသွယ်တွေနှင့်ထွေးပွေ့ဆွဲခွါပစ်လိုက်သောသူ့မျက်နှာသည် ငိုမဲ့မဲ့နှင့်၊ ကကြီးပုံနူတ်ခမ်းပါးလေးဟာ အလိုမကျသယောင်ခပ်တည်တည်ဆူမဲ့ကာနေလေ၏

"ဘေ့ရယ်ဘာဖြစ်လို့လဲကွာ ကိုတို့အကြာကြီးခွဲရမှာလို့......ဘေ့က ကိုကို့ကိုမလွမ်းဘူးပေါ့ဟုတ်လား အမူအရာကဘာမှမဖြစ်သလိုပဲ လူကိုတောင်တွန်းထုတ်နေသေးတယ်"

"အဲ့လိုလုပ်နေရင်ပိုလွမ်းမှာပေါ့......သွား အိမ်ပြန်လိုက်တော့ ဒီညစောစောအိပ်၊ မနက်ဖြန်လေယာဉ်ပေါ်တက်ခါနီးကျရင်messageပို့လိုက် ဟိုကိုရောက်နေတဲ့ရက်တွေထဲလဲဖုန်းထဲကနေအဆက်အသွယ်ရှိနေမှာပါ ကလေးလိုဂျီကျမနေပဲအလုပ်တွေအပြတ်ဖြတ်ပြီးအမြန်ပြန်လာခဲ့နော် ကျွန်တော်အိမ်ထဲဝင်တော့မယ် good night"

မရိပ်မိစေရန်သူ့ပါးထက်အနမ်းထွေးတစ်ပွင့်ခြွေကာ ကားပေါ်မှအမြန်ပြေးဆင်းလာခဲ့သည်။ သူကတော့ကြောင်အမ်းအမ်းကြီးကျန်ရစ်ခဲ့ကောင်းကျန်ရစ်ခဲ့လိမ့်မည်။

သို့သော်လည်း အခုအရေးကြီးတာက မနက်ဖြန်ကြင်ဖက်တွေ့မယ့်နှစ်ယောက်ဘယ်မှာဆုံကြမလဲဆိုတဲ့တည်နေရာကိုသိဖို့တစ်ခုပဲ

အစကတော့ယုံကြည်စိတ်ချစွာအတွေးမလွန်အောင်စိတ်ထိန်းလိုက်ဖို့ရည်ရွယ်ထားပေးမယ့် ယခုတော့တားမရတဲ့သံသယစိတ်ကနယ်အတော်ကျော်နေလေပြီ

အိမ်ထဲကိုအပြေးဝင်လာခဲ့ရင်း ဆိုဖာပေါ်ပစ်ထိုင်ကာအရင်ဆုံးဖုန်းဆက်မိသည်ကသူငယ်ချင်းယုမီထံသို့၊
ဖုန်းတွေကဝင်သွားသော်ငြား တစ်ဖက်မှဖြေကြားသံပေါ်မလာသေးချေ၊ လေးခေါက်မြောက်တိတိဆက်လိုက်တော့မှသာ

("Helloဆောင်ဟွန်း ငါအခုနကထမင်းစားခန်းရောက်နေလို့ နင်ဖုန်းတွေအများကြီးဆက်ထားတာပဲ ဘာကိစ္စလဲ")

"အော် အေး....ယုမီရေ ထွေထွေထူးထူးတော့မဟုတ်ပါဘူး နင်မနက်ဖြန်ကြင်ဖက်သွားတွေ့မှာလေ အဲ့တာနင့်အစားငါစိတ်ပူလို့"

("ဟယ် စိတ်ပူတယ်? ဘာတွေများဒီလောက်စိတ်ပူနေကြတာလဲသူငယ်ချင်းတို့ရယ်")

"စိတ်ပူတာပေါ့ဟာ သူငယ်ချင်းတွေပဲကို......နင်တစ်ဖက်ကအမျိုးသားကိုမနက်ဖြန်ဘယ်မှာတွေ့ဖို့ချိန်းထားလဲ"

("ဟင်......ဘယ်မှာတွေ့မလဲဆိုတော့ ငါလဲဘယ်သွားရမှန်းမသိလို့ နင်အချိန်ပိုင်းလုပ်တဲ့ကော်ဖီဆိုင်နားမှာပဲဆုံဖို့ပြောလိုက်မိတယ် ဒါနဲ့ဘာလို့မေးတာတုန်း")

"အော် အဲ့ဒီအနားလား......တော်သေးတယ် ငါကနင်ပေါက်ကရနေရာတွေလျှောက်ချိန်းနေမှာစိုးလို့"

"ယုမီရဲ့ ကြင်ဖက်တွေ့တယ်ဆိုတာပေါ့သေးသေးလား တော်ကြာဝေးဝေးလံလံတွေဆိုတစ်ဖက်လူကအထင်အမြင်တစ်မျိုးဖြစ်သွားမယ်လေ အဲ့လိုမျိုးတွေစိုးရိမ်တာပါသူငယ်ချင်းရဲ့ တော်တယ်တော်တယ် မနက်ဖြန်အဆင်ပြေပါစေနော်"

ကိုယ့်ဟာကိုယ်စကားတွေတရစပ်ပြောပြီး ကိုယ်ပဲအရင်ဖုန်းချနှင့်ဆောင်ဟွန်းတစ်ယောက်ပြာယာခတ်နေမိသည်။ ဘာပဲဖြစ်ဖြစ် ဒီသံယစိတ်နှင့်ဝင်နေမိတဲ့psychoတစ်သိန်းကိုဒီတစ်ညပဲသည်းခံရင်ဖြစ်ပြီ၊ မနက်ဖြန်ကိုယ့်မျက်လုံးအစုံနဲ့သေချာအတည်ပြုစစ်ဆေးလိုက်ရင် ကိစ္စပြတ်ပင်မဟုတ်ပေရော့လား

သို့သော်လည်း အတည်ပြုရလာဒ်က လက်မခံနိုင်စရာတွေထွက်လာခဲ့ရင်ရော၊ ထိုကဲ့သို့ဆိုလျှင်လဲ နောက်ထပ်အမေးပုဒ်စာတစ်ခုကိုအဖြေရှာရုံပေါ့၊ ဘာပဲဖြစ်ဖြစ် ရှင်းဂျယ်ယွန်းဟာ ကိုယ့်အပေါ်သစ္စာဖောက်မည့်သူတော့ဟုတ်နိုင်ဖွယ်ရာ ရာနူန်းမရှိသည်လေ

အကယ်၍ သစ္စာဖောက်ခဲ့ပါရင်ရော..........

ဒါဆိုရင်လဲ စိတ်မကောင်းစွာပဲ ရှင်းရှင်းလင်းလင်းပြတ်ဆဲလိုက်ကြရုံသာ.....

ညတာကားရှည်လွန်းလှ၏၊ ညငှက်၏အော်သံတကျီကျီဟာ သည်ညမှာတော့နားဝင်ချိုမနေခဲ့၊ လေပြေညှင်းတွေတိုက်ခတ်နေကျပြတင်းတံခါးဟာအေးစက်စက်နှင့် လေစိမ်းတစ်ချို့ကနှလုံးအိမ်ရှိရာထိလှိုက်ကာမွှေနှောက်နေသည်။

မလှပသောဒီညတာရှည်အား ကိုယ်မနှစ်သက်၊ ကိုယ်အမြန်ကုန်ဆုံးချင်လှပြီ၊ ကိုယ့်မျက်လုံးတွေလဲမှိတ်ပါတော့၊ ချာလည်ရိုက်နေတဲ့အတွေးကမ္ဘာမှာ ကိုယ့်ဦးခေါင်းအစုံဟာတစ်ဆစ်ဆစ်ထိုးကိုက်စပြုလာပြီ

ကိုယ်၏စိတ္တဇ​ခံစားချက်များအတွက် အမြန်ဆုံးမိုးလင်းနိုးထခွင့်ကိုပေးသနားတော်မူပါတော့ဘုရားသခင်.....


************

နာရီလက်တံသည်တစ်ရွေ့ရွေ့လည်ပတ်နေရာမှ နောက်ဆုံးတော့ခုလိုအမှောင်စတွေပြန်လင်းရှင်းသောမနက်ခင်းတစ်ခုကိုပြန်လည်အစပြုလာခဲ့ပြီ

ဆောင်ဟွန်းမျက်လုံးတွေလဲ ပြူးချောင်ကာ မျက်ခမ်းစပ်အောက်ကာအချိုင့်ရာလေးသည်ပင်သိသိသာသာကိုခွက်ဝင်နေလျက်၊ ညကတစ်​မှေးမှတောင်အိပ်နိုင်ခဲ့ရဘူးလေ

လေးပင်နေသောဦးခေါင်းကို ဇွတ်အတင်းလှုံ့ဆော်အားပေးပြီးနောက် အိပ်ယာမှထလာခဲ့သည်။

အပြင်ထွက်ဖို့ ပြင်ရဆင်ရသည့်တစ်လျှောက်မှာလဲစိတ်နဲ့ကိုယ်နဲ့သိပ်မကပ်ချင်၊ တစ်မနက်လုံးစိတ်အစုံကလေးခံနေတာကြောင့် ဆောင်ဟွန်းခံစားချက်တွေဆိုးဆိုးဝါးဝါးကိုအဆင်မပြေဖြစ်ရသည်။

ချိန်းသည့်နေရာကထွေထွေထူးထူးသွားစရာနေရာသစ်မဟုတ်တာတစ်ခုကြောင့် တော်သေးသည်ပြောရမည်။ စီးနေကျbusလေးအားစောင့်နေရင်း ဆောင်ဟွန်းအိမ်မှစောစောကြိုထွက်မိသည်။ ဘယ်အချိန်ရယ်လို့သိမထား ထို့အပြင် နေရာကိုလဲအနီးဝန်းကျင်ဟူ၍တိတိကျကျသိမထားတာကြောင့် စိတ်ကလောနေမိသည်။ အကယ်၍နောက်ကျသွားရင်တော့ခက်ရချည်ရဲ့၊ ဒီလိုစိတ္တဇအတွေးတွေအား ကိုယ့်ခေါင်းထဲမှာနေ့တစ်ဝက်လေးတောင်မှထပ်မထားချင်တော့တာမို့

Busပေါ်မှဆင်းဆင်းချင်း ခြေလှမ်းကိုခပ်သွက်သွက်လျှောက်ကာ လမ်းသွယ်အလျိုလျိုဆီသို့ မျက်စိအစုံကိုဖြန့်ကျက်နေရာယူထားရတော့သည်။

တစ်လမ်းဝင်တစ်လမ်းထွက်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးအား နာရီဝက်ခန့်ကြာတဲ့ထိလျှောက်စစ်ပြီးသည့်တိုင် ယုမီတို့အား အရိပ်အယောင်တောင်မှမတွေ့ရသေး

စိတ်ရှုပ်ရှုပ်နှင့် ညောင်းချိလာသောဒူးနှစ်ဖက်ကြောင့် လမ်းနံဘေးထက်ခွေထိုင်ချမိသည်။

စိတ်မောလူမောမို့ အားအင်မရှိစွာလမ်းနံဘေးဝယ်ဆောင့်ကြောင့်ထိုင်ကာဟိုကြည်သည်ကြည့်လုပ်နေမိတုန်း ရုတ်တရက်

"အာ့.....ဘာလဲဟ လူလား.....ဆောရီးပါခင်ဗျာ ကျွန်တော်မမြင်လို့ပါ ဘာဖြစ်သွား..........အမ် ပတ်ခ်ဆောင်ဟွန်း?"

နောက်ကျောဘက်ဆီသို့ ဘုန်းခနဲလာတိုက်သည့်ခြေတံတစ်စုံ၏အထိအတွေ့ကြောင့် လူကမောဟိုက်နေရာမှ ဆတ်ခနဲရမ်းကားမိချင်သွားသည်။ ငေါက်ငန်းပစ်ဖို့ရာအားယူထပစ်လိုက်တော့ မြင်မိသွားတဲ့မျက်နှာကြောင့် ဆောင်ဟွန်း ဟူးခနဲသက်ပြင်းရှည်တစ်ချက်သာမှုတ်ထုတ်မိတော့၏

"ပတ်ဂျုံဆောင်း!!! မင်း ငါ့ကိုကွာ.......ehhhhတစ်ကယ်ပါပဲ ပိတ်ရက်ထိပါလိုက်မွှေရမှာဖြစ်မှာလား တကယ်ပါပဲကွာ.....စိတ်တွေတိုလို့သေတော့မယ် ဘာလို့ဝင်တိုက်တာလဲ ကန်းနေလားလို့.....မောရတဲ့အထဲစိတ်ပါတိုနေရပြီ"

"ဆောရီးပါသူငယ်ချင်းရယ် တကယ်ဆောရီး မမြင်လို့ပေါ့ကွာမင်းကလဲ တမင်တကာကြီးတော့ဝင်တိုက်မလား"

ပုခုံးထက်ကိုလက်လာသိုင်းကာ မျက်နှာချိုသွေးပြတဲ့ပတ်ဂျုံဆောင်း.....သူကရော ဘာလို့ဒီကိုရောက်နေပြန်ရသနည်း တွေးမိတော့ စိတ်ကူးထဲရှင်းမ်ဟီဆွန်း၏ပုံရိပ်ကပေါ်ထွက်လာသည်။

ဂျုံဆောင်းမှာလဲ ခုချိန်ထိကို ပါမောက္ခကင်မ်အပေါ်မပြတ်သားနိုင်သေးပုံပင်.....ဆောင်ဟွန်းတွေးရင်း ဆတ်ဆတ်ထိမခံတဲ့ဒေါသရိပ်လေးတွေကို တစ်ရစ်ချင်းစီပြန်လျှော့ရ၏

"ဒါနဲ့ မင်းကဘာလာလုပ်တာလဲ ဆောင်ဟွန်း"

"ဒီလိုပါပဲ ပျင်းလို့ခြေဦးတည့်ရာလျှောက်သွားနေတာ"

ဘယ်လိုပဲဖြစ်ဖြစ်သိတော့မယ့်အခြေနေမို့ဆောင်ဟွန်းလှည့်ပတ်လိမ်လည်နေမည့်အစား ထိုင်သာရွဲ့နေမိတော့သည်။

"မနောက်စမ်းပါနဲ့ ယုမီတို့ကိုလိုက်ရှာနေတာမလား.....ဒါနဲ့ မင်းကဘာလို့ရှာရတာလဲ ရှာချင်းရှာငါကရှာရမှာလေ......my god! မဟုတ်မှလွဲ ပတ်ဆောင်ဟွန်း မင်းအခုလှေလှံနှစ်ဖက်နင်းချင်နေတာလား"

"ရည်းစားကြီးရှိရက်နဲ့ ယုမီကြင်ဖက်တွေ့တော့လဲသဝန်တိုပြီး အဲ့လိုကြီး......"

ပြန်ထိုးသိပ်ထားတဲ့စိတ်မရှည်မှုတွေပေါ်မလာခင် ဆောင်ဟွန်းတစ်ယောက် ဂျုံဆောင်းပါးစပ်ကိုခပ်မြန်မြန်လက်နှင့်ဆွဲပိတ်ထားရတော့သည်။

***********

"အဲ့တော့မင်းပြောချင်တာ မင်းရည်းစားဆိုတဲ့သူက Sim Brosထဲကအငယ်တစ်ယောက်ပေါ့.....အဲ့တော့ မင်းကမင်းရည်းစားကိုစိတ်မချဖြစ်လို့ရောက်လာတယ် ငါက သူများရည်းစားအကြောင်းကိုငါ့ကိစ္စလဲမဟုတ်ပဲမနေနိုင်မထိုင်နိုင်စိုးရိမ်ပြီးရောက်လာရတယ် ဒီလိုပေါ့"

"အေး ဟုတ်တာမလို့ ကျေးဇူးပြုပီးပါးစပ်လေးကိုပိတ်ထားလိုက်ပါတော့လား ငါအခုဦးခေါင်းတစ်ခုလုံးပေါက်ထွက်တော့မလိုဖြစ်နေတယ်"

"အေးပိတ်မယ် ဒါပေမယ့် မပိတ်ခင်ငါတစ်ခုတော့ပြောချင်သေးတယ် ဘယ်လိုဖြစ်ပြီး မင်းကငါသဘောမကျတဲ့လူရဲ့ညီကိုမှတွဲရတာလဲ ငါအဲ့တစ်ခုတော့မကြိုက်တော့ဘူးကွာ ဘာပဲပြောပြော ဖြစ်သင့်တာကတော့......."

ပါးစပ်နှင့်တားလျှင်မပိတ်သည့်ပါးစပ်ကို လက်နှစ်ဖက်နှင့်အားသုံးကာဆွဲပိတ်လိုက်မှသာနားတစ်ဖက်စာငြိမ်းအေးသွားရတော့သည်။

*********

တစ်လမ်းဝင်တစ်လမ်းထွက်နှင့် လမ်းသွယ်တိုင်းဆီမှ ဆိုင်များအားလုံးကိုပုန်းလျိုးကွယ်လျိုးလိုက်ချောင်းခဲ့ပြီးနောက် တစ်ခုသောကော်ဖီဆိုင်၏အရှေ့တည့်တည့်တွင်ဖုန်းရပ်ပြောနေသော တစ်မိုးအောက်ယုမီ

ဆောင်ဟွန်းရော ဂျုံဆောင်းပါနှစ်ယောက်စလုံး၏မျက်လုံးရောင်တွေက ဝင်းခနဲတောက်သွားသည်။ ခပ်သုတ်သုတ်သူမဝင်သွားသည့်အနောက်သို့ မသိမသာကပ်လိုက်မိရင်း နှလုံးခုန်သံတို့မှာလဲစာမေးပွဲရလာဒ်ကြေငြာခါနီးအချိန်လို ပေါက်ထွက်မတတ်တုန်လှုပ်နေလေ၏

ယုမီသည် ဆိုင်တွင်းသိူ့တစ်လှမ်းချင်းလျှောက်သွားပြီးနောက် တစ်ခုသောဆိုင်မျက်နှာစာဘက်၏စားပွဲမယ်ဝင်ထိုင်လိုက်သည်။ စားပွဲမှာတော့လူမရှိ ကော်ဖီနှစ်ခွက်ကတော့အသင့်ရှိနေ၏

ဆောင်ဟွန်းတို့နှစ်ယောက်စလုံးမှာ ယုမီရှိရာစားပွဲဝိုင်း၏ မျက်စောင်းထိုးထောင့်စွန်းတစ်နေရာမယ် ခပ်လျိုလျိုဝင်ထိုင်ရင်း အခြေနေအားရင်တမမစောင့်ကြည့်နေမိသည်။

"ဆောင်ဟွန်း မင်းခေါင်းကြီးကိုနည်းနည်းနှိမ့်အုံးငါမမြင်ရတော့ဘူး"

အနောက်ကနေ ခေါင်းကိုလက်ဖြင့်ထိုးချကာ အတင်းနှိမ့်ခိုင်းနေသော သကောင့်သားဂျုံဆောင်း

"ခေါင်းကိုမကိုင်နဲ့ မကြိုက်ဘူးလို့ မင်းကို ဘယ်နှစ်ခါ ဘယ်နှစ်ခါ ဘယ်နှစ်ခါပြောရမှာလဲ ဟမ်"

နောက်ပြန်လှည့်ကာ သကောင့်သားလက်မောင်းထက် စကားပြောရင်းကိုလက်သီးချက်တွေဆက်ပစ်လိုက်မိသည်။ ပြောမရဆိုမရဒင်းသည်လဲ ခေါင်းကိုခနခနလာနှိမ့်နေသည်မို့ အပြန်အလှန်ဆွဲလိုက်ရိုက်လိုက်လုပ်ရာကနေ သိပ်မကြာ

ဘုန်းခနဲမြည်သံနဲ့အတူ နှစ်ယောက်ထိုင်ဆိုဖာခပ်ပါးပါးခုံလေးမှာလဲကျသွားရှာ၏။ လဲကျနေသောခုံနံဘေးမှအပုံလျက်သားဆောင်ဟွန်းတို့နှစ်ယောက်မှာလဲ ကြောင်စီစီနှင့် သူတို့နှစ်ယောက်ဆီသို့ တစ်ဆိုင်လုံးမှမျက်ဝန်းအကြည့်တွေကလဲ စုပြုံနေပြီ

ထိုအထဲမှာသေချာပေါက်ယုမီလဲပါသွားခဲ့သည်ဆိုတော့....

"ပျက်ဆီးကုန်ပြီပတ်ဆောင်ဟွန်းရေ အရူးကောင် အကုန်လုံးမင်းကြောင့်"

"ဘာ.....ဘာကိုငါ့ကြောင့်လဲ အေးလုပ်ထားစမ်းပါ အခုတော့ခနနေအုံး မင်းနဲ့ငါတော်နေကြာရင်သပ်သပ်ချိန်းထိုးကြသေးတာပေါ့"

ပွပွစိရန်စကားတွေတီးတိုးဆိုလျက် နာနေသောလက်ပြင်ညွန့်တစ်ဖက်အား ကျန်လက်တစ်ဖက်နှင့်ထိန်းကိုင်ရင်းပြန်အထ၊ အကြည့်ဆိုင်မိသည်က သူတို့နှစ်ယောက်ဆီသိူ့ပြူးပြူးကြီးငုံ့ကြည့်နေသော ယုမီမျက်နှာ

"သူငယ်ချင်းတို့ ဒါကဘယ်လိုဖြစ်နေကြတာလဲ....."

နှစ်ယောက်သားရီကျဲကျဲအမူအရာနှင့် သွားပြိုင်တူစိပြရုံသာတတ်နိုင်တော့သည်။ ယုမီက လဲကျနေသောဆောင်ဟွန်းရှိရာဘက်သို့လက်ကမ်းပေးသည်။ ကမ်းပေးသောသူမလက်တစ်ဖက်ကိုဖမ်းဆုပ်လိုက်ရင်း ဆောင်ဟွန်းရီကျဲကျဲဖြင့် သူမအားပြုံးပြလိုက်၏။

"မထူးတော့ဘူး ဒီလိုဆုံလက်စနဲ့ ငါနဲ့တွေ့ရမယ့်လူကိုပါအကဲခတ်ပေးသွားကြအုံးဖြစ်တယ်မလား"

"ဒါပေါ့ ငါတို့ခနလောက်တော့အချိန်ရသေးပါတယ်"

အခုလိုမိသွားမှတော့ မီးစင်ကြည့်ကရတော့မည့်အနေအထားတွေဖြစ်ကုန်ပြီမို့ ဆောင်ဟွန်းဘာမှတွေးမနေတော့ပဲ ယုမီနောက်သို့သာလိုက်သွားခဲ့သည်။ အဆုံးအစွန်ထိတွေးရပါသော် မျက်နှာချင်းဆိုင်မိတဲ့လူသားက သူသာဖြစ်နေခဲ့လျှင်လဲ ပြုံးပြုံးကြီးထသွားနိုင်ဖို့ရာသတ္တိတွေမွေးနိုင်ရမည်။


"ယုမီရေ ငါလဲသက်ရှိလူပါဟ......ငါ့ကိုဘယ်သူမှထူမပေးကြတော့ဘူးလား"


*******

"ခနစောင့် သူကသန့်စင်ခန်းဝင်နေလို့တဲ့"

ယုမီစကားကြားလေ ရင်ဘတ်တွင်းစည်တီးသံတွေကပေါက်ထွက်မတတ်ဆူညံလေဖြစ်နေ၏၊ ဆောင်ဟွန်း တုန်ရီနေသောလက်နှစ်ဖက်ကိုဖုံးကွယ်ဖို့ရာ စားပွဲအောက်ဖက်သို့လူမမြင်အောင်လျိုသိပ်ထားမိသည်။

သက်ပြင်းတိုပေါင်းများစွာမှာလဲ ကိုယ်တိုင်တောင်မသိလိုက်ခင်မှာတင် ဘယ်နှစ်ချက်တွေတောင်မြောက်ခဲ့ပြီမသိ၊ စိတ်လှုပ်ရှားမိတဲ့ ခနတိုင်းမှာသာလေပူတွေကိုမှုတ်ထုတ်နေမိတော့သည်။

"ဆောင်ဟွန်း စိတ်လှုပ်ရှားနေတာလား စိတ်လျှော့စိတ်လျှော့"

ယုမီက ပုခုံးထက်ကိုလက်ဖြင့်အသာပုတ်ကာရီရီမောမောပြောလာသည်။

"အော......ဟိုမှာလာပြီပဲ သူထင်တယ်"

ယုမီ၏စကားသံအဆုံး ငုံ့နေရောမှခေါင်းကိုဆတ်ခနဲမော်ကြည့်လိုက်သည်။ စစ်ချီသံတစ်ဒုန်းဒုန်းညံနေခဲ့သော ရင်တုန်ခြင်းများကား မျက်ဝန်းရှေ့မှလျှောက်လှမ်းလာနေသော ရှင်းမ်ဟီဆွန်းကိုမြင်သည်နှင့်တစ်ပြိုင်နက် ကျခါနီးစာမေးပွဲကိုကပ်အောင်သွားတဲ့လူတစ်ယောက်လိုမျိုး

"ဟား......တော်သေးတာပေါ့"

ခပ်လှပ်လှပ်နစ်ဝင်သွားသောာပါးချိုင့်တစ်စုံနဲ့အတူ ဆောင်ဟွန်း ကိုယ်တိုင်ကြားရုံစာလေး ညှင်းပြပြရေရွတ်မိသည်။ နူတ်ခမ်းဖူးထက်မယ်လဲ အပြုံးရိပ်နုနုကမသိမသာဖြတ်သန်းလျက် ရင်ဘတ်တွင်းဆီမှာတော့ ပျော်ပွဲရွှင်ပွဲမီးရှုးမီးပန်းတွေတောင်အရောင်စုံနေကြလောက်ပြီ

တစ်လှမ်းချင်းလျှောက်လာသောရှင်းမ်ဟီဆွန်းမှာ သူတို့စားပွဲအနားသို့ရောက်တော့ အတန်ငယ်အံ့ဩသည့်အကြည့်တို့ဖြင့်ဝင်ထိုင်လာသည်။

"အာ......သူငယ်ချင်းတွေပါခေါ်လာခဲ့တာလားခင်ဗျ"

ကြောင်အမ်းနေသောစကားသံတစ်ခုက ဟီဆွန်းဘက်မှထွက်လာသည်။

ဆောင်ဟွန်းအတွက်တော့အတည်ပြုခြင်းကိစ္စပြီးဆုံးပြီမို့ သည်နေရာမှာဆက်ရှိနေရန်မသင့်တော်တော့မှန်း ဦးနှောက်ကအသိပေးလာ၏။ ချက်ချင်းပင် ဂျုံဆောင်းကိုလက်လှမ်းကုတ်ခါ နေရာမှထရသည်။

"ဟို ကျွန်တော်တို့ကဖြတ်သွားဖြတ်လာ ယုမီနဲ့ကိုတွေ့မိလို့ခနဝင်လာတာပါခင်ဗျ ဒါဆိုနှစ်ယောက်သားအေးဆေးတွေ့ကြပါ ကျွန်တော်သွားလိုက်ပါအုံးမယ်"

နေရာမှထကာ လှည့်ထွက်မည်လုပ်နေသော်လည်း တုပ်တုပ်မှမလှုပ်ပဲထိုင်ခုံမှာဆက်ရှိနေသေးသောဂျုံဆောင်း၊ ဆောင်ဟွန်းတစ်ခါမှမမြင်ဖူးသည့် အကြည့်စူးစူးတို့ကဂျုံဆောင်းမျက်လုံးထဲဝယ် နဂါးတစ်ကောင်လိုအမောက်ထွက်နေလေ၏

အခြေနေက ကြည့်နေရင်းမှငြိမ်ငြိမ်လေးစစ်ကြမ်းနေကြသယောင်ရှိလာသည်။ ငြိမ်ကြည့်နေသောရှင်းမ်ဟီဆွန်း၏မျက်လုံးစူးတစ်စုံမှာလဲ ဂျူံဆောင်းအကြည့်များဆီသို့ပြင်းပြင်းထန်ထန်တုံ့ပြန်နေလေ၏။

"ဂျုံဆောင်း မလာဘူးလား သွားကြမယ်လေ"

ဂျုံဆောင်းမှာ ဆောင်ဟွန်းထံသို့အာရုံရှိတော့ပုံမပေါ်ချေ၊

မရှေ့မနှောင်းမှာပဲ တင်းမာနေသောမျက်ဝန်းတွေကအသံစထွက်လာသည်။

"မင်းကဘယ်သူလဲ ငါ့ကိုပြောစရာတစ်ခုခုရှိလို့လား"

တင်းမာနေသော ဆိတ်ငြိမ်ငြိမ်အခြေနေတစ်ရပ်အားစတင်ထိုးဖောက်လာသူက ဟီဆွန်း

စကားသံကြောင့် ဂျူံဆောင်းသည်လဲငြိမ်နေရာမှ နူတ်ခမ်းကွေးလေးကိုခပ်မဲ့မဲ့ဖန်ဆင်းပြလိုက်သည်။

"ခင်ဗျားက ကျွန်တော့်ကိုမသိပေမယ့် ကျွန်တော်ကတော့ခင်ဗျားကိုသိတယ်......ခင်ဗျားနာမည် ခင်ဗျားအလုပ်ကစ ခင်ဗျားတန်ဖိုးမထားတတ်တဲ့အရာတွေထိကျွန်တော်ကောင်းကောင်းသိထားပါတယ်Mr.Ethan Sim"

ဟီဆွန်း၏နူတ်ခမ်းပါးတိူ့မှာပြုံးလဲမပြုံးမဲ့လဲမမဲ့ ပကတိတည်ငြိမ်နေ၏

"ငါက မရေရာမသေချာတဲ့ဘဝတွေနဲ့ကြိုးစားရုန်းကန်နေဆဲသာမန်အညတရကောင်မဟုတ်တော့ မင်းငါ့ကိုကောင်းကောင်းသိတာမထူးဆန်းပါဘူးကွာ....keyboardပေါ်မှာEthan Simဆိုပြီးလက်လေးတစ်ချက်လှုပ်လိုက်တာနဲ့ ငါ့အကြောင်းတွေကတစ်ပုံကြီးကျလာတတ်တာလေ"

စကားသံများမှာ သာမန်လူမသိနိုင်သောစစ်ခေါ်စာတွေမှန်းဆောင်ဟွန်းကောင်းကောင်းရိပ်မိနေသည်မို့ နေမဖြစ်တော့၊ ခုံအောက်မှကျစ်ကျစ်ပါအောင်ဆုပ်ထားသော ဂျုံဆောင်းလက်သီးနှစ်ဖက်ကိုပင်လှမ်းမြင်နေရသည်။

"ဂျုံဆောင်း......လာ ထပါ သွားရအောင်"

ထိုင်ခုံမှဂျုံဆောင်းအားအတင်းဆွဲခေါ်ရင်း ယုမီထံသို့လဲ အကူညီရငြားမျက်ရိပ်မျက်ကဲပြရသည်။

"ဟုတ်သားပဲ ဂျုံဆောင်း နင်တို့ပြန်နှင့်တော့ ငါအိမ်ပြန်ရောက်မှgroup chatထဲကနေ လှမ်းပြောလိုက်မယ်နော် ခုတော့ပြန်လိုက်တော့"

ယုမီပါဆွဲကာလွဲကာ အတင်းဖိအားပေးမှ ဂျုံဆောင်း၏အကြည့်စူးစူးများမှာ မျက်ကွယ်ချသွားသည်။ ထို့နောက် ထိုင်ရာမှထကာ အပြင်သို့ထွက်ခါနီးတစ်ချက်

"ယုမီ.....နင်ငါတို့ကို တစ်ဖက်လူဘလိုနေလဲအကဲခတ်ပေးဖို့မေးထားတာနော် ငါအခုပဲတစ်ခါထဲဖြေလိုက်မယ် နင်ကြင်ဖက်တွေ့နေတဲ့လူက ရေရှည်မှာတော့ဘယ်လိုမှအဆင်ပြေမယ့်ပုံစံမျိုးမဟုတ်ဘူး နောက်ကျောကိုဓားနဲ့ထိုးတတ်တဲ့သစ္စာမျိုးလိုချင်ရင်တော့နင်ဆက်တွေ့ကြည့်ပေါ့ ဒီလောက်ပဲ"

ယုမီမှာမျက်လုံးနက်လေးတွေကိုဘယ်ထောင့်ကပ်တစ်ချက်ညာထောင့်ကပ်တစ်ချက်နဲ့ ထူးဆန်းနေသောအခြေနေမှန်းရိပ်မိစပင်ပြုတော့မည်။ ထို့ထက် ပြင်းထန်းလွန်းသောဂျုံဆောင်းစကားတို့က အဓိပ္ပာယ်ပေါက်သူတစ်စုံတစ်ယောက်အတွက် လက်သီးဆုပ်နှစ်ဖက်ကိုတောင်ဖန်ဆင်းပေးနေလေပြီ။

ဆောင်ဟွန်းမှဆွဲမထုတ်တော့ရင် သေချာသည် မကြာခင်ဆိုင်ထဲမှာပဲထိုးကျကြိတ်ကျနှင့်ရန်ပွဲတွေစကြတော့မည်။

"ပတ်ဂျုံဆောင်း ထလို့ပြောနေတယ်ကွာ လာ ထတော့ ပြဿနာကိုမီးထွန်းမရှာချင်နဲ့.......ယုမီဆောရီးဟာ ငါတို့သွားတော့မယ်နော်"

ပေကပ်ကပ်နှင့်ပတ်ဂျုံဆောင်းအား ရှိသမျှအားကုန်သုံးကာဆွဲခေါ်လာခဲ့ရတော့သည်။ ဆိုင်ပြင်ရောက်မှသာ ဆောင်ဟွန်းမှာသက်ပြင်းရှည်ကြီးကိုပေါ့ပါးစွာချရတော့၏။

မနေ့ကတစ်ညတာလုံးရော ဒီတစ်မနက်တာသည်ရော အတော်ကိုရှည်လျားလွန်းခဲ့ပြီ။ ရင်ထဲမှာပေါ့ပါးသွားတဲ့ခံစားချက်နှင့်အတူ တစ်ချိန်ထဲမှာပင်တစ်စုံတစ်ယောက်ဆီသို့နင့်နင့်နဲနဲတမ်းတမိတော့ အနှီတစ်စုံတစ်ယောက်ကယခုအချိန် မိုးကောင်းကင်တစ်နေရာထက်မယ်ပျံဝဲနေလောက်ပြီ

မနေ့ညက လွမ်းဆွေးနေသောပုံရိပ်ယောင်လေးမှာအာရုံထဲသို့ ရုတ်ချည်းပင်တမ်းတမ်းတတထိုးဖောက်ဝင်ရောက်လာတော့၏။ တစ်ချိန်လုံးရူးနေမိခဲ့တဲ့စိတ်အစုံသည် ယခုတော့ တစ်ယောက်သောသူထံ တမ်တမ်းတတကြီး လွမ်းဆွတ်လာမိတော့သည်။

သူပြောခဲ့သော တစ်နိုင်ငံထဲမှာတောင်အတူရှိမနေတော့ဘူးဆိုသည့်အတွေးကြီးကရုတ််ချည်းခေါင်းထဲဝင်လာတော့ ဆောင်ဟွန်း ကလေးတစ်ယောက်လိုရှုံမဲ့မဲ့အမူအရာကြီးကိုအစပျိုးမိတော့၏

ထို့နောက် ပြာရောင်သန်းမိုးသားရိပ်တွေထက်မော့ကြည့်ကာ ကျယ်ကျယ်လောင်လောင် လွမ်းဆွတ်ခြင်းတစ်ခုအားအော်ဟစ်မြည်တမ်းမိသည်။

"တအားလွမ်းနေပြီ ကိုကိုရေ!!!"

ဝေဟင်ထက်မှာချစ်သောကိုကို ကျွန်တော့်အလွမ်းတွေကိုမြင်မှမြင်နိုင်ပါလေစ......

********

"Hello! ကျူပ်အခု အခန်းရှေ့ကိုရောက်နေပြီ လူလဲရှင်းနေတယ်cctvတွေလဲကျုပ်ကြိုဖျက်ထားတယ်....ခုချိန်ဝင်ပြီးလုပ်ငန်းစလိုက်ရင် ငါးမိနစ်တောင်မကြာဘူး....accountထဲကို စရံငွေရောက်တာမြင်ပီးတာနဲ့ ကျုပ်အခန်းထဲကိုဝင်မယ်"

ဆေးရုံငယ်၏ အခန်းဝတွင်ရပ်ကာဖုန်းပြောနေသော လူတစ်ဦး၊ maskအမည်းရောင်တပ်ထားသော ထိုလူစိမ်း၏မျက်လုံးမှေးမှေးတို့သည် ဖုန်းscreenထက်ကိုကြည့်ရင်း တောက်တောက်ပပပြုံးနေလေ၏

ထို့နောက် ပွင့်သွားသောအခန်းတံခါးနှင့်အတူ ထိုလူစိမ်းသည်လဲ မည်သူတစ်ဦးတစ်ယောက်မှမမြင်လိုက်ပါပဲ အခန်းရှေ့မှပျောက်ကွယ်သွားခဲ့တော့သည်။

*******

To be continued......

My Essential Hoon(27)
Oct6/2021
12:39

Zawgyi

"ယုမီ....ဒီေန႔ပဲေသာၾကာေရာက္ေနၿပီ နင္နဲ႔ေတြ႕မယ့္လူကဘယ္သူတဲ့လဲ ေသခ်ာမသိေသးဘူးလား"

ဆန္လုံးနီရဲရဲကိုစိတ္မပါလက္မပါကိုက္ရင္းအေမးျပဳလာေသာမ်က္ႏွာခ်င္းဆိုင္မွေဆာင္ဟြန္း၊ ယုမီသေဘာက်စြာခပ္တိတ္တိတ္ျပဳံးလိုက္သည္။

"ဘာကိုဒီေလာက္ထိစိတ္ဝင္စားေနတာလဲဟာ......ဒီမွာသူငယ္ခ်င္းတို႔ စိတ္ကိုေလၽွာ့ထားၾကစမ္းပါ အဓိကဇာတ္ေကာင္ျဖစ္တဲ့ငါစိတ္လႈပ္ရွားဖို႔လဲငဲ့ေပးၾကပါအုံး"

"ငါတို႔ကနင့္ကိုမေကာင္းတဲ့သူနဲ႔ဆုံသြားမွာစိုးရိမ္တဲ့ေစတနာဟ.....ယုမီ နင္ကေလရည္းစားလဲတစ္ခါမွထားဖူးတာမဟုတ္ဘူး နင္ေယာကၤ်ားေတြအေၾကာင္းဘာသိလဲ ဟမ္"

"ေယာကၤ်ားေတြအေၾကာင္း နင္နဲ႔တင္ေတာ္ေတာ္သိေနၿပီမို႔ေက်းဇူးျပဳပီးအိုဗာလုပ္တာေတြရပ္လိုက္ပါေတာ့လားဂ်ဳံေဆာင္းရယ္ နင္ဘယ္တုန္းကမ်ားငါ့အတြက္ဒီေလာက္ထိစိုးရိမ္တတ္သြားတာလဲ......"

"မဟုတ္မွလြဲေရာ...ပတ္ဂ်ဳံေဆာင္း နင္ငါ့ကိုႀကိတ္ပီးသေဘာက်......."

စကားေတာင္မဆုံးေသး ႏွာတံရင္းထက္လက္ညိဳးနဲ႔လက္မႏွစ္ဖက္ညႇပ္ကာ ဆဲဆိုသံတတြတ္တြတ္ႏွင့္ၿငီးျငဴရႈံ႔တြျပေသာဂ်ဳံေဆာင္းေၾကာင့္ ယုမီမွာအရီမရပ္နိုင္ေတာ့

သေဘာတက်ရီေမာေနရင္းမွ ေဆာင္ဟြန္းဘက္ကိုအာ႐ုံလွည့္မိသည္။ သူမထံသို႔သာဆက္တိုက္အၾကည့္စိုက္ေန၏။ မ်က္ဝန္းတို႔ကလဲေဆြးေျမ့ေနသေယာင္ရႈပ္ရႈပ္ေထြးေထြး

*ပတ္ေဆာင္ဟြန္းအ႐ူးေကာင္ေလး အဲ့ေလာက္ထိသေဘာက်ေနရင္လဲ ဒီတိုင္းဖြင့္ေျပာလိုက္ပါေတာ့လား တကယ္ပဲဘာကိုတြန္႔ဆုတ္ေနရတယ္မသိေနာ္ မြန္းၾကပ္လိုက္တာ*

ရင္ဘတ္တြင္းဆီမွခပ္တိုးတိုးအျပစ္တင္ေနမိတုန္း ထိုင္ေနရာမွငူငူငိုင္ငိုင္ထထြက္သြားတဲ့ေဆာင္ဟြန္း

ထြက္သြားတဲ့ေက်ာျပင္ငယ္အား ယုမီအၾကည့္မပ်က္ရင္း ပါးျပင္ထက္သို႔ဝဲက်ေနေသာနီညိဳေရာင္ဆံႏြယ္စေတြကို နားရြက္ေနာက္ေလးဆီသို႔ခပ္သာသာသပ္ပို႔လ်က္ ၾကည္ၾကည္ႏူးႏူးျပဳံးမိသည္။

"ဘာပဲေျပာေျပာငါ့အစီစဥ္ေတြကေတာ့အလုပ္ျဖစ္ေနၿပီသူငယ္ခ်င္းတို႔......ေစာင့္ေနလိုက္ ငါေဆာင္ဟြန္းနဲ႔တရားဝင္စတြဲတဲ့ေန႔ နင္တို႔အကုန္လုံးလဲကိုရီးယားအမဲသားတစ္ဝဆြဲေပေတာ့ပဲ ဒီအမႀကီးရဲ့အနာဂတ္လွလွေလးအတြက္ႀကိဳဆုေတာင္းေပးထားလိုက္ၾကေတာ့"

ရီကာေမာကာသူမအေျပာကို ရႈံ႔မဲ့မဲ့ႏွင့္ႏူတ္ခမ္းေထာ္ကာ စကားဆိတ္ဆိတ္ျပန္မဆို ေနရာမွထထြက္သြားတဲ့ယန္းေဂ်ာင္ဝန္းေနာက္အား နီခီကပါအေျပးလိုက္သြားသည္မို႔ ဂ်ဳံေဆာင္းတစ္ေယာက္သာက်န္ခဲ့ေတာ့သည္။

"ယုမီေရ အဲ့ေတာ့နင္ဘယ္သူနဲ႔ေတြ႕ရမွာလဲလို႔ေသခ်ာသိၿပီလား ဘာလို႔ေမးေနတာကိုဟိုလွည့္သည္လွည့္လုပ္ေနတာလဲဒီအ႐ူးမရာ"

"ဟ ၾကင္ဖက္ကငါမေတြ႕ေတာ့ဘူးနင္ပဲသြားေတြ႕လိုက္ေတာ့ေဟ့တကယ္ပဲ ဘယ္လိုျဖစ္ေနတာလဲအခုက်မွတအားေတြ....နင္ငါ့ကိုတကယ္ႀကီးႀကိဳက္ေနတာလား"

"အသုံးမဝင္တဲ့စကားေတြမေျပာပဲ ေမးတာသာေျဖစမ္းပါ နင့္အတြက္ေမးေနတာမဟုတ္ဘူး ငါလဲငါ့ကိစၥသပ္သပ္ရွိလို႔ေမးေနရတာ"

"စိတ္ရႈပ္လိုက္တာဒီေကာင္နဲ႔ေတာ့.......တကယ္မသိေသးဘူးလို႔ မနက္ျဖန္ေတြ႕ၾကည့္မွသိမွာငါလဲ......အႀကီးျဖစ္ျဖစ္အငယ္ျဖစ္ျဖစ္စိတ္မဝင္စားဘူးဟာ အဓိကက ေဆာင္ဟြန္းသဝန္တိုဖို႔ပဲ"

"Ahhhhh မြန္းၾကပ္တယ္ေဟးမြန္းၾကပ္တယ္ ဘယ္လိုပဲျဖစ္ျဖစ္ အႀကီးလားအငယ္လားကေတာ့နင္သိထားသင့္တယ္မဟုတ္ဘူးလား.....မနက္ျဖန္ဘယ္မွာဆုံၾကမလဲနင္တို႔"

"ဘာလဲဟ နင္တအားကိုထူးဆန္းေနတာေနာ္ပတ္ဂ်ဳံေဆာင္း တကယ္အာ႐ုံပဲ"

"ေျဖမွာသာေျဖစမ္းပါ"

"ဘာလို႔ေျဖရမွာ သြား ေဝးေဝးသြားေတာ့ စိတ္ရႈပ္လိုက္တာတကယ္ပဲ"


**********

"ကၽြန္မကို အေမရိကာနိုတစ္ခြက္ေရခဲေလးေလၽွာ့ထည့္ေပးပါေနာ္"

"ဟို......ဒီမွာ ဒီမွာ ေျပာတာၾကားရဲ့လားဟင္"

တစ္ေနကုန္အသိစိတ္ကင္းမဲ့ေနတဲ့စက္႐ုပ္တစ္႐ုပ္လို အေယာင္ေယာင္အမွားမွားႏွင့္တစ္လြဲေတြခ်ည္းလုပ္မိေနေသာဤတစ္ေန႔တာကား အေတာ္ေလးကိုဂေယာက္ဂယက္နိုင္လြန္းစြာပင္

"ဗ်ာ ဗ်ာ.....အစ္မေတာင္းပန္ပါတယ္ေနာ္ ဘာလို႔မွာလိုက္တာလဲမသိဘူး"

"အေမရိကာနို ေရခဲေလးေလၽွာ့မယ္လို႔"

ဒီလိုပုံစံမ်ိဳးနဲ႔ ေဆာင္ဟြန္းcounterမွာရပ္ေနမိတာလဲcustomerတစ္ေယာက္ႏွစ္ေယာက္မကေတာ့ေခ်၊
ဝင္တစ္ခ်က္ထြက္တစ္ခ်က္တစ္ခ်က္ျဖစ္ေနေသာအသိစိတ္ေၾကာင့္ အမွာစာေတြလဲတစ္လြဲခ်ေပးသည္ေပးႏွင့္ bad reviewတစ္သိန္းကိုလက္ယပ္ေခၚေနမိသလို အဆူအႀကိမ္းခံရမယ့္အကြက္ေတြဆိုေသာ္ျငား

ကံေကာင္းေထာက္မစြာ တစ္ခုထဲေသာအေကာင္းျမင္စရာ ေမြးရာပါေခ်ာေခ်ာေမာေမာ႐ုပ္ရည္ေလးက တစ္လြဲလုပ္သမၽွကိုထိန္းေပးေနေလ၏။


"ေဆာင္ဟြန္း ျပႆနာတစ္ခုခုရွိလို႔လား ဒီေန႔အာ႐ုံေတြျပန္႔ေနသလိုပဲ"

ဆိုင္ပိတ္ခ်ိန္ေရာက္ေတာ့ ေဆာင္ဟြန္း စားပြဲေတြခုံေတြကိုတစ္ဆိုင္လုံးပတ္သိမ္းေနတုန္း အတူတြဲလုပ္တဲ့partner hyungကအနားရပ္ကာစကားလာဆိုသည္။ အားနာနာႏွင့္ျပဳံးျပ႐ုံကလြဲတစ္ျခားဆင္ေျခေတြကိုယ္ေပးမတတ္ေတာ့ပါ။

"ေတာင္းပန္ပါတယ္hyung ကၽြန္ေတာ္ေနာက္ရက္ေတြဒီ့ထက္ပိုႀကိဳးစားပါ့မယ္"

ဆိုင္သိမ္းျခင္းအလုပ္ကိစၥမ်ားၿပီးသည္ႏွင့္ ပါေတာ္ျမဲေဘးလြယ္အိတ္ေလးကိုစလြယ္သိုင္းကာ ဆိုင္ျပင္သို႔ေလးဖင့္ဖင့္ေျခလွမ္းမ်ားႏွင့္ေလၽွာက္ထြက္လာခဲ့၏။

စိတ္ေရာလူပါပင္ပန္းရသည့္ေန႔မို႔ထင္ရဲ့ လမ္းေတာင္ဆက္မေလၽွာက္ခ်င္၊ ေျခတိုင္ေတြကအားမရွိအင္မရွိႏွင့္ ၾကည္လင္ေနေသာမဟူရာေကာင္းကင္ထက္ကိုေငးကာ ပင္ပန္းခ်ိန္တိုင္းသတိရမိေနက်ကိုကိုဟူသည့္ ရွင္းဂ်ယ္ယြန္းတစ္ေယာက္ထံသို႔ ေမၽွာ္ကိုးတမ္းတေနမိသည္။

"ပင္ပန္းလိုက္တာ လမ္းမေလၽွာက္ခ်င္ေတာ့ဘူး ခ်ီပီးအိမ္ျပန္ပို႔မယ့္လူရွိရင္ေကာင္းမွာပဲ"

မိုးသားထက္ေမာ့ၾကည့္ရင္း ေလသံေပ်ာ့ေပ်ာ့ေလးႏွင့္ကေလးဆန္စြာမတိုးမက်ယ္ၿငီးျငဴသံထြက္မိ၏။

"ကိုကို႔ကေလးေလးကို ကိုကိုခ်ီေခၚရမွာေပါ့......အမ်ားႀကီးပင္ပန္းေနတာလားေဘဘီ"

မနီးမေဝးမ်က္ေစာင္းထိုးလမ္းတစ္ဖက္ဆီမွ ရင္းႏွီးရေသာအသံၾကည္ဟာ႐ုတ္ခ်ည္းထြက္ေပၚလာသည္။အေမွာင္ရိပ္ကိုျဖတ္သန္းၿပီး အလင္းထိုးက်သြားတဲ့ထိုလူ႔မ်က္ႏွာကိုျမင္လိုက္ရေတာ့ ကိုယ့္ႏူတ္ခမ္းဖူးတို႔သည္ညိဳးငယ္ေနရာမွရႊင္ရႊင္ျပျပစတင္ကခုန္ေပ်ာ္ျမဴးေတာ့၏။

"ဟာ အဆက္အသြယ္လဲမလုပ္ပဲျဗဳန္းစားႀကီးေရာက္လာတာလား"

"အဲ့ေတာ့.......မေပ်ာ္ဘူးလား ေဘဘီ့ၾကည့္ရတာအခုကိုကိုေရာက္လာလို႔အရမ္းကိုသေဘာက်သြားတဲ့ပုံပါပဲ"

ေဆာင္ဟြန္း ႏူတ္ခမ္းဖူးထက္မယ္ ပါးလွစ္ေသာအျပဳံးႏုႏုတို႔ကသာေနရာယူခ်ိတ္ဆြဲလ်က္ရွိေတာ့သည္။ သူ႔ကိုဆို အျမဲအကန္စကားေလးေျပာလိုက္ရမွေနသာထိုင္သာရွိေသာ္ျငားလည္း ဒီညေတာ့ဂ်စ္ကန္ကန္အက်င့္ဆိုးေလးေတြေတာင္ေဖာ္ျပနိုင္ဖို႔အားအင္ေတြမရွိေတာ့တာေၾကာင့္

ေပါ့ပါးၾကည္လင္စြာကားေမာင္းေနေသာသူ႔ကိုတစ္စိမ့္စိမ့္ၾကည့္ရင္း ေဆာင္ဟြန္းလမ္းတစ္ေလၽွာက္အကဲခတ္လာမိသည္။ သူ႔ၾကည့္ရတာေတာ့ေထြေထြထူးထူးမရွိပုံပင္ မူလပကတိအတိုင္းသဘာဝက်လြန္းစြာ၊ ကိုယ္တစ္ေယာက္သာအေတြးကမၻာထဲဝယ္ခ်ာလည္ရိုက္လ်က္တစ္ခ်ိန္လုံးပင္ပန္းေနခဲ့ရသည္မဟုတ္လား

အေတြးမ်ားလြန္ေနၿပီလားဆိုေသာသတိေပးစိတ္က အလြန္အကၽြံေတြးေတာမႈနယ္ေျမကိုလာေရာက္တားဆီးေတာ့ စိတ္ဖိစီးမိသမၽွအကုန္ေလၽွာ့ခ်ပစ္လိုက္မိသည္။

သူတစ္မ်က္ႏွာဆီပဲေစ့ေစ့ၾကည့္ရင္ သူ႔ကိုယုံထားရင္ရၿပီမဟုတ္လား၊ ကိစၥေသးေသးမႊားမႊားေလးကစ ကိုယ့္ဆီတစ္လုံးမက်န္အစီရင္ခံတတ္ေသာသူက ဤကဲ့သို႔ျဖစ္စဥ္ႀကီးႀကီးမားမားမ်ိဳးကို ဖုံးကြယ္ထားမည္မဟုတ္နိုင္ေခ်

လြန္ဆြဲေနေသာအေတြးႏွစ္ခြတို႔က သူ႔အျပဳံးေတြကိုျမင္မိတဲ့အခါ ယုံၾကည္မိျခင္းဆိုေသာနယ္ေျမတစ္ဘက္ျခမ္းဆီသို႔ျပတ္ျပတ္သားသားေျခစုံပစ္မိ၏

အခ်စ္ကိုယုံၾကည့္မည္။ သူ႔ကိုလဲယုံၾကည့္ခ်င္သည္။ သူ႔အျပဳံးမ်ားကလဲ ႐ူးေလာက္ေအာင္ပင္ယုံခ်င့္စဖြယ္ျဖဴစင္လြန္းသည္ကိုး။

သည္လိုႏွင့္အိမ္ေရွ႕ေရာက္ေတာ့ စိတ္ေပါ့ပါးစြာကားေပၚကဆင္းမည္အလုပ္ သူကကိုယ့္လက္ကိုအလ်င္အေလွာတားဆီးလာ၏။ အိမ္ထဲမဝင္ပါနဲ႔အုံးဆိုသည့္မ်က္ႏွာအမူအရာက ရႈံ႔မဲ့မဲ့ႏွင့္၊ ကေလးငယ္တစ္ေယာက္လိုမ်ိဳးအသည္းယားဖြယ္အတိ

"ဘာလဲ အိမ္ထဲမဝင္ရေတာ့ဘူးလား အိမ္ေရွ႕ေရာက္ေနၿပီေလ ညဥ့္လဲနက္ေနၿပီလို႔"

ကိုယ္ေျပာခါမွသူသည္ ဖမ္းဆုပ္ထားေသာကိုယ့္လက္ဖဝါးတို႔အားပို၍သာတင္းတင္းၾကပ္ၾကပ္ဖမ္းဆုပ္ထားျပန္၏။

"တကယ္ေတာ့ ကိုဒီေန႔ေျပာစရာရွိလို႔ေဘ့ဆီကိုကိုယ္တိုင္ေရာက္လာခဲ့တာ"

ကိုယ့္လက္ခုံထက္ကို သူ႔လက္သည္းခြံၾကည္ၾကည္တို႔ျဖင့္ ခပ္ဖြဖြကုတ္ျခစ္ရင္းစကားဆိုလာသည့္ရွင္းဂ်ယ္ယြန္း

ညိဳးငယ္ငယ္မ်က္လႊာျဖဴသည္ ေအာက္ဘက္သို႔ငိုက္က်သြား၏၊ ထို႔ေနာက္ အားအင္မရွိစြာေျပာထြက္လာေသာသူ႔စကားတစ္ခ်ိဳ႕က ႐ုတ္ခ်ည္းပင္ေျပစျပဳေနေသာေဆာင္ဟြန္း၏သံသယစိတ္တို႔ကို တစ္ဖန္ျပန္လည္မီးညႇိေတာ့သည္။

"ကို မနက္ျဖန္အလုပ္ကိစၥနဲ႔တ႐ုတ္ဘက္ကိုခရီးသြားရမယ္ တစ္ပတ္နီးနီးၾကာေလာက္မယ္ေဘဘီ ဘယ္လိုလုပ္မလဲ ကိုကို မင္းကိုအဲ့ေလာက္အၾကာႀကီးမထားခဲ့နိုင္ဘူး အဲ့လိုဆိုပီးေဘ့ကိုေခၚသြားဖို႔ကလဲမျဖစ္ျပန္ဘူး"

အလုပ္ကိစၥတဲ့......တိုက္တိုက္ဆိုင္ဆိုင္ ထိုအလုပ္ကိစၥကလဲမနက္ျဖန္ကိုကြက္တိက်ေနခဲ့ျပန္သည္တဲ့.....သူ႔မ်က္လုံး သူ႔အမူအရာ သူ႔စကားသံတို႔မွာ သဘာဝက်လြန္းသည္ထက္ကိုပိုေနေသာ္ျငားလည္း ေဆာင္ဟြန္းရင္ထဲမွသံယစိတ္တို႔မွာေတာ့ ၿငိမ္သက္ေနရာမွတစ္ဖန္နိုးထလာခဲ့ေတာ့၏။

သို႔ေသာ္လည္း သက္ေသမထင္ရွားေသးပဲတဇြတ္ထိုးသြားစြပ္စြဲဖို႔ရာကမျဖစ္ျပန္၊ ထိုကဲ့သို႔ဆိုၿပီး ညာေနတာလားဟူ၍ေခါင္းစဥ္တပ္ကာဒဲ့ဒိုးေမးျမန္လိုက္လၽွင္လဲ လိမ္လည္ေနသူအတြက္အခြင့္အေရးပိုေပးရာက်သြားေလာက္မည္။

ေဆာင္ဟြန္းေခါင္းထဲမယ္ ေနရာလပ္မရွိေမးခြန္းေပါင္းစုံခ်ာခ်ာလည္ရိုက္ကာ လူအတစ္ေယာက္သဖြယ္ၿငိမ္ၿငိမ္ႀကီးသူ႔အားထိုင္ေငးေနမိ၏။ သူ႔အမူအရာကေတာ့ သဘာဝက်က်ပင္လြမ္းေဆြးျပေနေလရဲ့

"ကိုကိုေတာ့တကယ္ျပႆနာတက္ၿပီေဘဘီ အခုျမင္ေနရင္းေတာင္မွမင္းကိုတစ္အားလြမ္းေနမိတာ တ႐ုတ္နဲ႔ကိုရီးယားဆိုတဲ့အကြာအေဝးအႀကီးႀကီးၾကားမွာခြဲေနရတဲ့အခ်ိန္ေတြဆို ကို႐ူးသြားမလားပဲ.......ဘယ္လိုလုပ္ၾကမလဲ ေဘဘီကိုကိုနဲ႔အတူလိုက္ခဲ့မလားဟင္"

ကိုယ့္ပုခုံးရင္းထက္သို႔ အားကိုးတႀကီးသူ႔လက္ေတြကလာေရာက္ေထြးေပြ႕သည္။ ေခြးေပါက္စေလးတစ္ေကာင္သဖြယ္ၾကည္လဲ့လဲ့မ်က္ဝန္းနက္တစ္စုံကလဲ ျဖဴျဖဴစင္စင္ အသနားခံျပေနေသး၏။ ေဆာင္ဟြန္း သူ႔ဗိုက္ေခါက္ေလးကို မနာမက်င္ခပ္ဖြဖြဆြဲလိမ္လိုက္ရင္း

"အမေလးဒီလူႀကီးကေတာ့ တစ္ပတ္ေတာင္မျပည့္တာေလးကိုသုံးႏွစ္သုံးမိုးက်လို႔ အျဖစ္သည္းျပေနျပန္ပီ၊ အလုပ္ေတြျမန္ျမန္အျပတ္ျဖတ္ပီး အျမန္ဆုံးျပန္လာခဲ့ရင္ရၿပီကို အဲ့လိုေတြးေနေတာ့ပိုလြမ္းမွာေပါ့"

"ဟင့္အင္း မရဘူးကြာေဘဘီလိုက္ခဲ့မွျဖစ္မယ္ ကိုကို႐ူးသြားမွာျမင္ခ်င္တာလား ေဘ့လိုက္မွကိုျဖစ္မွာ လိုက္ခဲ့ပါေနာ္"

သူသည္ ကိုယ့္ ခႏၶာတစ္ခုလုံးအား ရင္ခြင္က်ယ္ထဲသို႔ဆြဲသြင္းလိုက္ရင္း ကေလးတစ္ေယာက္လိုခၽြဲခၽြဲရြဲရြဲတဂ်ီဂ်ီပူဆာေနျပန္၏။

ခ်စ္စရာအမူအရာတို႔ေၾကာင့္ႏွလုံးအိမ္ကေတာ့ပင္ကိုထုံးစံအတိုင္း တစ္ဒိတ္ဒိတ္ၾကည္ႏူးရေသာ္ျငား သံသယတည္းဟူေသာဆူးတစ္ပင္ကလာေရာက္ေႏွာင့္ယွက္ေနသည္ေၾကာင့္ ေဆာင္ဟြန္းမွာအျပည့္အဝမၾကည္ႏူးနိုင္

ထို႔ထက္သူ႔ေျပာသမၽွစကားေတြကိုအလိမ္အညာပါဟူ၍ႀကီးစိုးေနေသာစိတ္တစ္ဖက္ျခမ္းမွာ ပို၍ပို၍နယ္က်ယ္လာမိေတာ့သည္။

ရင္ခြင္က်ယ္ထက္ဦးေခါင္းအစုံကိုေမွးတင္ေနရင္းမွ သူ႔မ်က္ဝန္းနက္ေတြထဲကိုအမႈလိုက္အနံ့ခံမိသည္။ မ်က္ဝန္းနက္ေတြကေတာ့ သဘာဝက်လြန္းစြာေသသပ္ပိရိေနပါရဲ့

စကားဆိတ္ဆိတ္မထြက္ ၿငိမ္သက္စြာသူ႔မ်က္ႏွာထက္ေမာ္ရႈလ်က္ အမႈစစ္ေနမိေသာကိုယ့္မ်က္ဝန္းအိမ္မ်ားထံသို႔ သူ႔အၾကည့္ေတြက႐ုတ္တရက္က်ေရာက္လာသည္။

"စေတာ္ဘယ္ရီလုံးေလးကိုလဲတအားလြမ္းေနရေတာ့မွာပဲ ဘယ္လိုလုပ္ၾကမလဲေဘဘီရာ...."

ေျပာကာဆိုကာ ကိုယ္ႏူတ္ခမ္းဖူးထက္နယ္လာေက်ာ္ေသာ ထိုလူဆိုးႀကီး၏ညစ္က်ယ္က်ယ္အနမ္းတစ္ခ်ိဳ႕

စိတ္ဝိဉာဥ္ကိုအပိုင္စိုးလုနီးနီးသံသယတမ္းခ်င္းတို႔ဟာ ကိုယ္၏ဦးေႏွာက္အာ႐ုံထိပါလာေရာက္ရိုက္ခတ္ေသာအခါဝယ္ သူ႔ႏူတ္ခမ္းေတြဆီမွ ေဆာင္ဟြန္းဇြတ္အတင္း႐ုန္းထြက္မိသည္။

လက္ေခ်ာင္းသြယ္ေတြႏွင့္ေထြးေပြ႕ဆြဲခြါပစ္လိုက္ေသာသူ႔မ်က္ႏွာသည္ ငိုမဲ့မဲ့ႏွင့္၊ ကႀကီးပုံႏူတ္ခမ္းပါးေလးဟာ အလိုမက်သေယာင္ခပ္တည္တည္ဆူမဲ့ကာေနေလ၏

"ေဘ့ရယ္ဘာျဖစ္လို႔လဲကြာ ကိုတို႔အၾကာႀကီးခြဲရမွာလို႔......ေဘ့က ကိုကို႔ကိုမလြမ္းဘူးေပါ့ဟုတ္လား အမူအရာကဘာမွမျဖစ္သလိုပဲ လူကိုေတာင္တြန္းထုတ္ေနေသးတယ္"

"အဲ့လိုလုပ္ေနရင္ပိုလြမ္းမွာေပါ့......သြား အိမ္ျပန္လိုက္ေတာ့ ဒီညေစာေစာအိပ္၊ မနက္ျဖန္ေလယာဥ္ေပၚတက္ခါနီးက်ရင္messageပို႔လိုက္ ဟိုကိုေရာက္ေနတဲ့ရက္ေတြထဲလဲဖုန္းထဲကေနအဆက္အသြယ္ရွိေနမွာပါ ကေလးလိုဂ်ီက်မေနပဲအလုပ္ေတြအျပတ္ျဖတ္ၿပီးအျမန္ျပန္လာခဲ့ေနာ္ ကၽြန္ေတာ္အိမ္ထဲဝင္ေတာ့မယ္ good night"

မရိပ္မိေစရန္သူ႔ပါးထက္အနမ္းေထြးတစ္ပြင့္ေႁခြကာ ကားေပၚမွအျမန္ေျပးဆင္းလာခဲ့သည္။ သူကေတာ့ေၾကာင္အမ္းအမ္းႀကီးက်န္ရစ္ခဲ့ေကာင္းက်န္ရစ္ခဲ့လိမ့္မည္။

သို႔ေသာ္လည္း အခုအေရးႀကီးတာက မနက္ျဖန္ၾကင္ဖက္ေတြ႕မယ့္ႏွစ္ေယာက္ဘယ္မွာဆုံၾကမလဲဆိုတဲ့တည္ေနရာကိုသိဖို႔တစ္ခုပဲ

အစကေတာ့ယုံၾကည္စိတ္ခ်စြာအေတြးမလြန္ေအာင္စိတ္ထိန္းလိုက္ဖို႔ရည္ရြယ္ထားေပးမယ့္ ယခုေတာ့တားမရတဲ့သံသယစိတ္ကနယ္အေတာ္ေက်ာ္ေနေလၿပီ

အိမ္ထဲကိုအေျပးဝင္လာခဲ့ရင္း ဆိုဖာေပၚပစ္ထိုင္ကာအရင္ဆုံးဖုန္းဆက္မိသည္ကသူငယ္ခ်င္းယုမီထံသို႔၊
ဖုန္းေတြကဝင္သြားေသာ္ျငား တစ္ဖက္မွေျဖၾကားသံေပၚမလာေသးေခ်၊ ေလးေခါက္ေျမာက္တိတိဆက္လိုက္ေတာ့မွသာ

("Helloေဆာင္ဟြန္း ငါအခုနကထမင္းစားခန္းေရာက္ေနလို႔ နင္ဖုန္းေတြအမ်ားႀကီးဆက္ထားတာပဲ ဘာကိစၥလဲ")

"ေအာ္ ေအး....ယုမီေရ ေထြေထြထူးထူးေတာ့မဟုတ္ပါဘူး နင္မနက္ျဖန္ၾကင္ဖက္သြားေတြ႕မွာေလ အဲ့တာနင့္အစားငါစိတ္ပူလို႔"

("ဟယ္ စိတ္ပူတယ္? ဘာေတြမ်ားဒီေလာက္စိတ္ပူေနၾကတာလဲသူငယ္ခ်င္းတို႔ရယ္")

"စိတ္ပူတာေပါ့ဟာ သူငယ္ခ်င္းေတြပဲကို......နင္တစ္ဖက္ကအမ်ိဳးသားကိုမနက္ျဖန္ဘယ္မွာေတြ႕ဖို႔ခ်ိန္းထားလဲ"

("ဟင္......ဘယ္မွာေတြ႕မလဲဆိုေတာ့ ငါလဲဘယ္သြားရမွန္းမသိလို႔ နင္အခ်ိန္ပိုင္းလုပ္တဲ့ေကာ္ဖီဆိုင္နားမွာပဲဆုံဖို႔ေျပာလိုက္မိတယ္ ဒါနဲ႔ဘာလို႔ေမးတာတုန္း")

"ေအာ္ အဲ့ဒီအနားလား......ေတာ္ေသးတယ္ ငါကနင္ေပါက္ကရေနရာေတြေလၽွာက္ခ်ိန္းေနမွာစိုးလို႔"

"ယုမီရဲ့ ၾကင္ဖက္ေတြ႕တယ္ဆိုတာေပါ့ေသးေသးလား ေတာ္ၾကာေဝးေဝးလံလံေတြဆိုတစ္ဖက္လူကအထင္အျမင္တစ္မ်ိဳးျဖစ္သြားမယ္ေလ အဲ့လိုမ်ိဳးေတြစိုးရိမ္တာပါသူငယ္ခ်င္းရဲ့ ေတာ္တယ္ေတာ္တယ္ မနက္ျဖန္အဆင္ေျပပါေစေနာ္"

ကိုယ့္ဟာကိုယ္စကားေတြတရစပ္ေျပာကာၿပီး ကိုယ္ပဲအရင္ဖုန္းခ်ႏွင့္ေဆာင္ဟြန္းတစ္ေယာက္ျပာယာခတ္ေနမိသည္။ ဘာပဲျဖစ္ျဖစ္ ဒီသံယစိတ္ႏွင့္ဝင္ေနမိတဲ့psychoတစ္သိန္းကိုဒီတစ္ညပဲသည္းခံရင္ျဖစ္ၿပီ၊ မနက္ျဖန္ကိုယ့္မ်က္လုံးအစုံနဲ႔ေသခ်ာအတည္ျပဳစစ္ေဆးလိုက္ရင္ ကိစၥျပတ္ပင္မဟုတ္ေပေရာ့လား

သို႔ေသာ္လည္း အတည္ျပဳရလာဒ္က လက္မခံနိုင္စရာေတြထြက္လာခဲ့ရင္ေရာ၊ ထိုကဲ့သို႔ဆိုလၽွင္လဲ ေနာက္ထပ္အေမးပုဒ္စာတစ္ခုကိုအေျဖရွာ႐ုံေပါ့၊ ဘာပဲျဖစ္ျဖစ္ ရွင္းဂ်ယ္ယြန္းဟာ ကိုယ့္အေပၚသစၥာေဖာက္မည့္သူေတာ့ဟုတ္နိုင္ဖြယ္ရာ ရာႏူန္းမရွိသည္ေလ

အကယ္၍ သစၥာေဖာက္ခဲ့ပါရင္ေရာ..........

ဒါဆိုရင္လဲ စိတ္မေကာင္းစြာပဲ ရွင္းရွင္းလင္းလင္းျပတ္ဆဲလိုက္ၾက႐ုံသာ.....

ညတာကားရွည္လြန္းလွ၏၊ ညငွက္၏ေအာ္သံတက်ီက်ီဟာ သည္ညမွာေတာ့နားဝင္ခ်ိဳမေနခဲ့၊ ေလေျပညႇင္းေတြတိုက္ခတ္ေနက်ျပတင္းတံခါးဟာေအးစက္စက္ႏွင့္ ေလစိမ္းတစ္ခ်ိဳ႕ကႏွလုံးအိမ္ရွိရာထိလွိုက္ကာေမႊေႏွာက္ေနသည္။

မလွပေသာဒီညတာရွည္အား ကိုယ္မႏွစ္သက္၊ ကိုယ္အျမန္ကုန္ဆုံးခ်င္လွၿပီ၊ ကိုယ့္မ်က္လုံးေတြလဲမွိတ္ပါေတာ့၊ ခ်ာလည္ရိုက္ေနတဲ့အေတြးကမၻာမွာ ကိုယ့္ဦးေခါင္းအစုံဟာတစ္ဆစ္ဆစ္ထိုးကိုက္စျပဳလာၿပီ

ကိုယ္၏စိတၱဇ​ခံစားခ်က္မ်ားအတြက္ အျမန္ဆုံးမိုးလင္းနိုးထခြင့္ကိုေပးသနားေတာ္မူပါေတာ့ဘုရားသခင္.....


************

နာရီလက္တံသည္တစ္ေရြ႕ေရြ႕လည္ပတ္ေနရာမွ ေနာက္ဆုံးေတာ့ခုလိုအေမွာင္စေတြျပန္လင္းရွင္းေသာမနက္ခင္းတစ္ခုကိုျပန္လည္အစျပဳလာခဲ့ၿပီ

ေဆာင္ဟြန္းမ်က္လုံးေတြလဲ ျပဴးေခ်ာင္ကာ မ်က္ခမ္းစပ္ေအာက္ကာအခ်ိဳင့္ရာေလးသည္ပင္သိသိသာသာကိုခြက္ဝင္ေနလ်က္၊ ညကတစ္​ေမွးမွေတာင္အိပ္နိုင္ခဲ့ရဘူးေလ

ေလးပင္ေနေသာဦးေခါင္းကို ဇြတ္အတင္းလႈံ႔ေဆာ္အားေပးၿပီးေနာက္ အိပ္ယာမွထလာခဲ့သည္။

အျပင္ထြက္ဖို႔ ျပင္ရဆင္ရသည့္တစ္ေလၽွာက္မွာလဲစိတ္နဲ႔ကိုယ္နဲ႔သိပ္မကပ္ခ်င္၊ တစ္မနက္လုံးစိတ္အစုံကေလးခံေနတာေၾကာင့္ ေဆာင္ဟြန္းခံစားခ်က္ေတြဆိုးဆိုးဝါးဝါးကိုအဆင္မေျပျဖစ္ရသည္။

ခ်ိန္းသည့္ေနရာကေထြေထြထူးထူးသြားစရာေနရာသစ္မဟုတ္တာတစ္ခုေၾကာင့္ ေတာ္ေသးသည္ေျပာရမည္။ စီးေနက်busေလးအားေစာင့္ေနရင္း ေဆာင္ဟြန္းအိမ္မွေစာေစာႀကိဳထြက္မိသည္။ ဘယ္အခ်ိန္ရယ္လို႔သိမထား ထို႔အျပင္ ေနရာကိုလဲအနီးဝန္းက်င္ဟူ၍တိတိက်က်သိမထားတာေၾကာင့္ စိတ္ကေလာေနမိသည္။ အကယ္၍ေနာက္က်သြားရင္ေတာ့ခက္ရခ်ည္ရဲ့၊ ဒီလိုစိတၱဇအေတြးေတြအား ကိုယ့္ေခါင္းထဲမွာေန႔တစ္ဝက္ေလးေတာင္မွထပ္မထားခ်င္ေတာ့တာမို႔

Busေပၚမွဆင္းဆင္းခ်င္း ေျခလွမ္းကိုခပ္သြက္သြက္ေလၽွာက္ကာ လမ္းသြယ္ေတြအလ်ိဳလ်ိဳဆီသို႔ မ်က္စိအစုံကိုျဖန္႔က်က္ေနရာယူထားရေတာ့သည္။

တစ္လမ္းဝင္တစ္လမ္းထြက္ႏွင့္ ပတ္ဝန္းက်င္တစ္ခုလုံးအား နာရီဝက္ခန္႔ၾကာတဲ့ထိေလၽွာက္စစ္ၿပီးသည့္တိုင္ ယုမီတို႔အား အရိပ္အေယာင္ေတာင္မွမေတြ႕ရေသး

စိတ္ရႈပ္ရႈပ္ႏွင့္ ေညာင္းခ်ိလာေသာဒူးႏွစ္ဖက္ေၾကာင့္ လမ္းနံေဘးထက္ေခြထိုင္ခ်မိသည္။

စိတ္ေမာလူေမာမို႔ အားအင္မရွိစြာလမ္းနံေဘးဝယ္ေဆာင့္ေၾကာင့္ထိုင္ကာဟိုၾကည္သည္ၾကည့္လုပ္ေနမိတုန္း ႐ုတ္တရက္

"အာ့.....ဘာလဲဟ လူလား.....ေဆာရီးပါခင္ဗ်ာ ကၽြန္ေတာ္မျမင္လို႔ပါ ဘာျဖစ္သြား..........အမ္ ပတ္ခ္ေဆာင္ဟြန္း?"

ေနာက္ေက်ာဘက္ဆီသို႔ ဘုန္းခနဲလာတိုက္သည့္ေျခတံတစ္စုံ၏အထိအေတြ႕ေၾကာင့္ လူကေမာဟိုက္ေနရာမွ ဆတ္ခနဲရမ္းကားမိခ်င္သြားသည္။ ေငါက္ငန္းပစ္ဖို႔ရာအားယူထပစ္လိုက္ေတာ့ ျမင္မိသြားတဲ့မ်က္ႏွာေၾကာင့္ ေဆာင္ဟြန္း ဟူးခနဲသက္ျပင္းရွည္တစ္ခ်က္သာမႈတ္ထုတ္မိေတာ့၏

"ပတ္ဂ်ဳံေဆာင္း!!! မင္း ငါ့ကိုကြာ.......ehhhhတစ္ကယ္ပါပဲ ပိတ္ရက္ထိပါလိုက္ေမႊရမွာျဖစ္မွာလား တကယ္ပါပဲကြာ.....စိတ္ေတြတိုလို႔ေသေတာ့မယ္ ဘာလို႔ဝင္တိုက္တာလဲ ကန္းေနလားလို႔.....ေမာရတဲ့အထဲစိတ္ပါတိုေနရၿပီ"

"ေဆာရီးပါသူငယ္ခ်င္းရယ္ တကယ္ေဆာရီး မျမင္လို႔ေပါ့ကြာမင္းကလဲ တမင္တကာႀကီးေတာ့ဝင္တိုက္မလား"

ပုခုံးထက္ကိုလက္လာသိုင္းကာ မ်က္ႏွာခ်ိဳေသြးျပတဲ့ပတ္ဂ်ဳံေဆာင္း.....သူကေရာ ဘာလို႔ဒီကိုေရာက္ေနျပန္ရသနည္း ေတြးမိေတာ့ စိတ္ကူးထဲရွင္းမ္ဟီဆြန္း၏ပုံရိပ္ကေပၚထြက္လာသည္။

ဂ်ဳံေဆာင္းမွာလဲ ခုခ်ိန္ထိကို ပါေမာကၡကင္မ္အေပၚမျပတ္သားနိုင္ေသးပုံပင္.....ေဆာင္ဟြန္းေတြးရင္း ဆတ္ဆတ္ထိမခံတဲ့ေဒါသရိပ္ေလးေတြကို တစ္ရစ္ခ်င္းစီျပန္ေလၽွာ့ရ၏

"ဒါနဲ႔ မင္းကဘာလာလုပ္တာလဲ ေဆာင္ဟြန္း"

"ဒီလိုပါပဲ ပ်င္းလို႔ေျခဦးတည့္ရာေလၽွာက္သြားေနတာ"

ဘယ္လိုပဲျဖစ္ျဖစ္သိေတာ့မယ့္အေျခေနမို႔ေဆာင္ဟြန္းလွည့္ပတ္လိမ္လည္ေနမည့္အစား ထိုင္သာရြဲ႕ေနမိေတာ့သည္။

"မေနာက္စမ္းပါနဲ႔ ယုမီတို႔ကိုလိုက္ရွာေနတာမလား.....ဒါနဲ႔ မင္းကဘာလို႔ရွာရတာလဲ ရွာခ်င္းရွာငါကရွာရမွာေလ......my god! မဟုတ္မွလြဲ ပတ္ေဆာင္ဟြန္း မင္းအခုေလွလွံႏွစ္ဖက္နင္းခ်င္ေနတာလား"

"ရည္းစားႀကီးရွိရက္နဲ႔ ယုမီၾကင္ဖက္ေတြ႕ေတာ့လဲသဝန္တိုၿပီး အဲ့လိုႀကီး......"

ျပန္ထိုးသိပ္ထားတဲ့စိတ္မရွည္မႈေတြေပၚမလာခင္ ေဆာင္ဟြန္းတစ္ေယာက္ ဂ်ဳံေဆာင္းပါးစပ္ကိုခပ္ျမန္ျမန္လက္ႏွင့္ဆြဲပိတ္ထားရေတာ့သည္။

***********

"အဲ့ေတာ့မင္းေျပာခ်င္တာ မင္းရည္းစားဆိုတဲ့သူက Sim Brosထဲကအငယ္တစ္ေယာက္ေပါ့.....အဲ့ေတာ့ မင္းကမင္းရည္းစားကိုစိတ္မခ်ျဖစ္လို႔ေရာက္လာတယ္ ငါက သူမ်ားရည္းစားအေၾကာင္းကိုငါ့ကိစၥလဲမဟုတ္ပဲမေနနိုင္မထိုင္နိုင္စိုးရိမ္ၿပီးေရာက္လာရတယ္ ဒီလိုေပါ့"

"ေအး ဟုတ္တာမလို႔ ေက်းဇူးျပဳပီးပါးစပ္ေလးကိုပိတ္ထားလိုက္ပါေတာ့လား ငါအခုဦးေခါင္းတစ္ခုလုံးေပါက္ထြက္ေတာ့မလိုျဖစ္ေနတယ္"

"ေအးပိတ္မယ္ ဒါေပမယ့္ မပိတ္ခင္ငါတစ္ခုေတာ့ေျပာခ်င္ေသးတယ္ ဘယ္လိုျဖစ္ၿပီး မင္းကငါသေဘာမက်တဲ့လူရဲ့ညီကိုမွတြဲရတာလဲ ငါအဲ့တစ္ခုေတာ့မႀကိဳက္ေတာ့ဘူးကြာ ဘာပဲေျပာေျပာ ျဖစ္သင့္တာကေတာ့......."

ပါးစပ္ႏွင့္တားလၽွင္မပိတ္သည့္ပါးစပ္ကို လက္ႏွစ္ဖက္ႏွင့္အားသုံးကာဆြဲပိတ္လိုက္မွသာနားတစ္ဖက္စာၿငိမ္းေအးသြားရေတာ့သည္။

*********

တစ္လမ္းဝင္တစ္လမ္းထြက္ႏွင့္ လမ္းသြယ္တိုင္းဆီမွ ဆိုင္မ်ားအားလုံးကိုပုန္းလ်ိဳးကြယ္လ်ိဳးလိုက္ေခ်ာင္းခဲ့ၿပီးေနာက္ တစ္ခုေသာေကာ္ဖီဆိုင္၏အေရွ႕တည့္တည့္တြင္ဖုန္းရပ္ေျပာေနေသာ တစ္မိုးေအာက္ယုမီ

ေဆာင္ဟြန္းေရာ ဂ်ဳံေဆာင္းပါႏွစ္ေယာက္စလုံး၏မ်က္လုံးေရာင္ေတြက ဝင္းခနဲေတာက္သြားသည္။ ခပ္သုတ္သုတ္သူမဝင္သြားသည့္အေနာက္သို႔ မသိမသာကပ္လိုက္မိရင္း ႏွလုံးခုန္သံတို႔မွာလဲစာေမးပြဲရလာဒ္ေၾကျငာခါနီးအခ်ိန္လို ေပါက္ထြက္မတတ္တုန္လႈပ္ေနေလ၏

ယုမီသည္ ဆိုင္တြင္းသိူ႔တစ္လွမ္းခ်င္းေလၽွာက္သြားၿပီးေနာက္ တစ္ခုေသာဆိုင္မ်က္ႏွာစာဘက္၏စားပြဲမယ္ဝင္ထိုင္လိုက္သည္။ စားပြဲမွာေတာ့လူမရွိ ေကာ္ဖီႏွစ္ခြက္ကေတာ့အသင့္ရွိေန၏

ေဆာင္ဟြန္းတို႔ႏွစ္ေယာက္စလုံးမွာ ယုမီရွိရာစားပြဲဝိုင္း၏ မ်က္ေစာင္းထိုးေထာင့္စြန္းတစ္ေနရာမယ္ ခပ္လ်ိဳလ်ိဳဝင္ထိုင္ရင္း အေျခေနအားရင္တမမေစာင့္ၾကည့္ေနမိသည္။

"ေဆာင္ဟြန္း မင္းေခါင္းႀကီးကိုနည္းနည္းႏွိမ့္အုံးငါမျမင္ရေတာ့ဘူး"

အေနာက္ကေန ေခါင္းကိုလက္ျဖင့္ထိုးခ်ကာ အတင္းႏွိမ့္ခိုင္းေနေသာ သေကာင့္သားဂ်ဳံေဆာင္း

"ေခါင္းကိုမကိုင္နဲ႔ မႀကိဳက္ဘူးလို႔ မင္းကို ဘယ္ႏွစ္ခါ ဘယ္ႏွစ္ခါ ဘယ္ႏွစ္ခါေျပာရမွာလဲ ဟမ္"

ေနာက္ျပန္လွည့္ကာ သေကာင့္သားလက္ေမာင္းထက္ စကားေျပာရင္းကိုလက္သီးခ်က္ေတြဆက္ပစ္လိုက္မိသည္။ ေျပာမရဆိုမရဒင္းသည္လဲ ေခါင္းကိုခနခနလာႏွိမ့္ေနသည္မို႔ အျပန္အလွန္ဆြဲလိုက္ရိုက္လိုက္လုပ္ရာကေန သိပ္မၾကာ

ဘုန္းခနဲျမည္သံနဲ႔အတူ ႏွစ္ေယာက္ထိုင္ဆိုဖာခပ္ပါးပါးခုံေလးမွာလဲက်သြားရွာ၏။ လဲက်ေနေသာခုံနံေဘးမွအပုံလ်က္ေဆာင္ဟြန္းတို႔ႏွစ္ေယာက္မွာလဲ ေၾကာင္စီစီႏွင့္ သူတို႔ႏွစ္ေယာက္ဆီသို႔ တစ္ဆိုင္လုံးမွမ်က္ဝန္းအၾကည့္ေတြကလဲ စုျပဳံေနၿပီ

ထိုအထဲမွာေသခ်ာေပါက္ယုမီလဲပါသြားခဲ့သည္ဆိုေတာ့....

"ပ်က္ဆီးကုန္ၿပီပတ္ေဆာင္ဟြန္းေရ အ႐ူးေကာင္ အကုန္လုံးမင္းေၾကာင့္"

"ဘာ.....ဘာကိုငါ့ေၾကာင့္လဲ ေအးလုပ္ထားစမ္းပါ အခုေတာ့ခနေနအုံး မင္းနဲ႔ငါေတာ္ေနၾကာရင္သပ္သပ္ခ်ိန္းထိုးၾကေသးတာေပါ့"

ပြပြစိရန္စကားေတြတီးတိုးဆိုလ်က္ နာေနေသာလက္ျပင္ညြန္႔တစ္ဖက္အား က်န္လက္တစ္ဖက္ႏွင့္ထိန္းကိုင္ရင္းျပန္အထ၊ အၾကည့္ဆိုင္မိသည္က သူတို႔ႏွစ္ေယာက္ဆီသိူ႔ျပဴးျပဴးႀကီးငုံ႔ၾကည့္ေနေသာ ယုမီမ်က္ႏွာ

"သူငယ္ခ်င္းတို႔ ဒါကဘယ္လိုျဖစ္ေနၾကတာလဲ....."

ႏွစ္ေယာက္သားရီက်ဲက်ဲအမူအရာႏွင့္ သြားၿပိဳင္တူစိျပ႐ုံသာတတ္နိုင္ေတာ့သည္။ ယုမီက လဲက်ေနေသာေဆာင္ဟြန္းရွိရာဘက္သို႔လက္ကမ္းေပးသည္။ ကမ္းေပးေသာသူမလက္တစ္ဖက္ကိုဖမ္းဆုပ္လိုက္ရင္း ေဆာင္ဟြန္းရီက်ဲက်ဲျဖင့္ သူမအားျပဳံးျပလိုက္၏။

"မထူးေတာ့ဘူး ဒီလိုဆုံလက္စနဲ႔ ငါနဲ႔ေတြ႕ရမယ့္လူကိုပါအကဲခတ္ေပးသြားၾကအုံးျဖစ္တယ္မလား"

"ဒါေပါ့ ငါတို႔ခနေလာက္ေတာ့အခ်ိန္ရေသးပါတယ္"

အခုလိုမိသြားမွေတာ့ မီးစင္ၾကည့္ကရေတာ့မည့္အေနအထားေတြျဖစ္ကုန္ၿပီမို႔ ေဆာင္ဟြန္းဘာမွေတြးမေနေတာ့ပဲ ယုမီေနာက္သို႔သာလိုက္သြားခဲ့သည္။ အဆုံးအစြန္ထိေတြးရပါေသာ္ မ်က္ႏွာခ်င္းဆိုင္မိတဲ့လူသားက သူသာျဖစ္ေနခဲ့လၽွင္လဲ ျပဳံးျပဳံးႀကီးထသြားနိုင္ဖို႔ရာသတၱိေတြေမြးနိုင္ရမည္။

"ယုမီေရ ငါလဲသက္ရွိလူပါဟ......ငါ့ကိုဘယ္သူမွထူမေပးၾကေတာ့ဘူးလား"


*******

"ခနေစာင့္ သူကသန္႔စင္ခန္းဝင္ေနလို႔တဲ့"

ယုမီစကားၾကားေလ ရင္ဘတ္တြင္းစည္တီးသံေတြကေပါက္ထြက္မတတ္ဆူညံေလျဖစ္ေန၏၊ ေဆာင္ဟြန္း တုန္ရီေနေသာလက္ႏွစ္ဖက္ကိုဖုံးကြယ္ဖို႔ရာ စားပြဲေအာက္ဖက္သို႔လူမျမင္ေအာင္လ်ိဳသိပ္ထားမိသည္။

သက္ျပင္းတိုေပါင္းမ်ားစြာမွာလဲ ကိုယ္တိုင္ေတာင္မသိလိုက္ခင္မွာတင္ ဘယ္ႏွစ္ခ်က္ေတြေတာင္ေျမာက္ခဲ့ၿပီမသိ၊ စိတ္လႈပ္ရွားမိတဲ့ ခနတိုင္းမွာသာေလပူေတြကိုမႈတ္ထုတ္ေနမိေတာ့သည္။

"ေဆာင္ဟြန္း စိတ္လႈပ္ရွားေနတာလား စိတ္ေလၽွာ့စိတ္ေလၽွာ့"

ယုမီက ပုခုံးထက္ကိုလက္ျဖင့္အသာပုတ္ကာရီရီေမာေမာေျပာလာသည္။

"ေအာ......ဟိုမွာလာၿပီပဲ သူထင္တယ္"

ယုမီ၏စကားသံအဆုံး ငုံ႔ေနေရာမွေခါင္းကိုဆတ္ခနဲေမာ္ၾကည့္လိုက္သည္။ စစ္ခ်ီသံတစ္ဒုန္းဒုန္းညံေနခဲ့ေသာ ရင္တုန္ျခင္းမ်ားကား မ်က္ဝန္းေရွ႕မွေလၽွာက္လွမ္းလာေနေသာ ရွင္းမ္ဟီဆြန္းကိုျမင္သည္ႏွင့္တစ္ၿပိဳင္နက္ က်ခါနီးစာေမးပြဲကိုကပ္ေအာင္သြားတဲ့လူတစ္ေယာက္လိုမ်ိဳး

"ဟား......ေတာ္ေသးတာေပါ့"

ခပ္လွပ္လွပ္နစ္ဝင္သြားေသာာပါးခ်ိဳင့္တစ္စုံနဲ႔အတူ ေဆာင္ဟြန္း ကိုယ္တိုင္ၾကား႐ုံစာေလး ညႇင္းျပျပေရရြတ္မိသည္။ ႏူတ္ခမ္းဖူးထက္မယ္လဲ အျပဳံးရိပ္ႏုႏုကမသိမသာျဖတ္သန္းလ်က္ ရင္ဘတ္တြင္းဆီမွာေတာ့ ေပ်ာ္ပြဲရႊင္ပြဲမီးရႈးမီးပန္းေတြေတာင္အေရာင္စုံေနၾကေလာက္ၿပီ

တစ္လွမ္းခ်င္းေလၽွာက္လာေသာရွင္းမ္ဟီဆြန္းမွာ သူတို႔စားပြဲအနားသို႔ေရာက္ေတာ့ အတန္ငယ္အံ့ဩသည့္အၾကည့္တို႔ျဖင့္ဝင္ထိုင္လာသည္။

"အာ......သူငယ္ခ်င္းေတြပါေခၚလာခဲ့တာလားခင္ဗ်"

ေၾကာင္အမ္းေနေသာစကားသံတစ္ခုက ဟီဆြန္းဘက္မွထြက္လာသည္။

ေဆာင္ဟြန္းအတြက္ေတာ့အတည္ျပဳျခင္းကိစၥၿပီးဆုံးၿပီမို႔ သည္ေနရာမွာဆက္ရွိေနရန္မသင့္ေတာ္ေတာ့မွန္း ဦးေႏွာက္ကအသိေပးလာ၏။ ခ်က္ခ်င္းပင္ ဂ်ဳံေဆာင္းကိုလက္လွမ္းကုတ္ခါ ေနရာမွထရသည္။

"ဟို ကၽြန္ေတာ္တို႔ကျဖတ္သြားျဖတ္လာ ယုမီနဲ႔ကိုေတြ႕မိလို႔ခနဝင္လာတာပါခင္ဗ် ဒါဆိုႏွစ္ေယာက္သားေအးေဆးေတြ႕ၾကပါ ကၽြန္ေတာ္သြားလိုက္ပါအုံးမယ္"

ေနရာမွထကာ လွည့္ထြက္မည္လုပ္ေနေသာ္လည္း တုပ္တုပ္မွမလႈပ္ပဲထိုင္ခုံမွာဆက္ရွိေနေသးေသာဂ်ဳံေဆာင္း၊ ေဆာင္ဟြန္းတစ္ခါမွမျမင္ဖူးသည့္ အၾကည့္စူးစူးတို႔ကဂ်ဳံေဆာင္းမ်က္လုံးထဲဝယ္ နဂါးတစ္ေကာင္လိုအေမာက္ထြက္ေနေလ၏

အေျခေနက ၾကည့္ေနရင္းမွၿငိမ္ၿငိမ္ေလးစစ္ၾကမ္းေနၾကသေယာင္ရွိလာသည္။ ၿငိမ္ၾကည့္ေနေသာရွင္းမ္ဟီဆြန္း၏မ်က္လုံးစူးတစ္စုံမွာလဲ ဂ်ဴံေဆာင္းအၾကည့္မ်ားဆီသို႔ျပင္းျပင္းထန္ထန္တုံ႔ျပန္ေနေလ၏။

"ဂ်ဳံေဆာင္း မလာဘူးလား သြားၾကမယ္ေလ"

ဂ်ဳံေဆာင္းမွာ ေဆာင္ဟြန္းထံသို႔အာ႐ုံရွိေတာ့ပုံမေပၚေခ်၊

မေရွ႕မေႏွာင္းမွာပဲ တင္းမာေနေသာမ်က္ဝန္းေတြကအသံစထြက္လာသည္။

"မင္းကဘယ္သူလဲ ငါ့ကိုေျပာစရာတစ္ခုခုရွိလို႔လား"

တင္းမာေနေသာ ဆိတ္ၿငိမ္ၿငိမ္အေျခေနတစ္ရပ္အားစတင္ထိုးေဖာက္လာသူက ဟီဆြန္း

စကားသံေၾကာင့္ ဂ်ဴံေဆာင္းသည္လဲၿငိမ္ေနရာမွ ႏူတ္ခမ္းေကြးေလးကိုခပ္မဲမဲ့ဖန္ဆင္းျပလိုက္သည္။

"ခင္ဗ်ားက ကၽြန္ေတာ့္ကိုမသိေပမယ့္ ကၽြန္ေတာ္ကေတာ့ခင္ဗ်ားကိုသိတယ္......ခင္ဗ်ားနာမည္ ခင္ဗ်ားအလုပ္ကစ ခင္ဗ်ားတန္ဖိုးမထားတတ္တဲ့အရာေတြထိကၽြန္ေတာ္ေကာင္းေကာင္းသိထားပါတယ္Mr.Ethan Sim"

ဟီဆြန္း၏ႏူတ္ခမ္းပါးတိူ႔မွာျပဳံးလဲမျပဳံးမဲ့လဲမမဲ့ ပကတိတည္ၿငိမ္ေန၏

"ငါက မေရရာမေသခ်ာတဲ့ဘဝေတြနဲ႔ႀကိဳးစား႐ုန္းကန္ေနဆဲသာမန္အညတရေကာင္မဟုတ္ေတာ့ မင္းငါ့ကိုေကာင္းေကာင္းသိတာမထူးဆန္းပါဘူးကြာ....keyboardေပၚမွာEthan Simဆိုၿပီးလက္ေလးတစ္ခ်က္လႈပ္လိုက္တာနဲ႔ ငါ့အေၾကာင္းေတြကတစ္ပုံႀကီးက်လာတတ္တာေလ"

စကားသံမ်ားမွာ သာမန္လူမသိနိုင္ေသာစစ္ေခၚစာေတြမွန္းေဆာင္ဟြန္းေကာင္းေကာင္းရိပ္မိေနသည္မို႔ ေနမျဖစ္ေတာ့၊ ခုံေအာက္မွက်စ္က်စ္ပါေအာင္ဆုပ္ထားေသာ ဂ်ဳံေဆာင္းလက္သီးႏွစ္ဖက္ကိုပင္လွမ္းျမင္ေနရသည္။

"ဂ်ဳံေဆာင္း......လာ ထပါ သြားရေအာင္"

ထိုင္ခုံမွဂ်ဳံေဆာင္းအားအတင္းဆြဲေခၚရင္း ယုမီထံသို႔လဲ အကူညီရျငားမ်က္ရိပ္မ်က္ကဲျပရသည္။

"ဟုတ္သားပဲ ဂ်ဳံေဆာင္း နင္တို႔ျပန္ႏွင့္ေတာ့ ငါအိမ္ျပန္ေရာက္မွgroup chatထဲကေန လွမ္းေျပာလိုက္မယ္ေနာ္ ခုေတာ့ျပန္လိုက္ေတာ့"

ယုမီပါဆြဲကာလြဲကာ အတင္းဖိအားေပးမွ ဂ်ဳံေဆာင္း၏အၾကည့္စူးစူးမ်ားမွာ မ်က္ကြယ္ခ်သြားသည္။ ထို႔ေနာက္ ထိုင္ရာမွထကာ အျပင္သို႔ထြက္ခါနီးတစ္ခ်က္

"ယုမီ.....နင္ငါတို႔ကို တစ္ဖက္လူဘလိုေနလဲအကဲခတ္ေပးဖို႔ေမးထားတာေနာ္ ငါအခုပဲတစ္ခါထဲေျဖလိုက္မယ္ နင္ၾကင္ဖက္ေတြ႕နဲ႔လူက ေရရွည္အဆင္ေျပမယ့္ပုံစံမ်ိဳးမဟုတ္ဘူး ေနာက္ေက်ာကိုဓားနဲ႔ထိုးတတ္တဲ့သစၥာမ်ိဳးလိုခ်င္ရင္ေတာ့နင္ဆက္ေတြ႕ၾကည့္ေပါ့"

ယုမီမွာမ်က္လုံးနက္ေလးေတြကိုဘယ္ေထာင့္ကပ္တစ္ခ်က္ညာေထာင့္ကပ္တစ္ခ်က္နဲ႔ ထူးဆန္းေနေသာအေျခေနမွန္းရိပ္မိစပင္ျပဳေတာ့မည္။ ထို႔ထက္ ျပင္ထန္းလြန္းေသာဂ်ဳံေဆာင္းစကားတို႔က အဓိပၸာယ္ေပါက္သူတစ္စုံတစ္ေယာက္အတြက္ လက္သီးဆုပ္ႏွစ္ဖက္ကိုေတာင္ဖန္ဆင္းေနေလၿပီ။

ေဆာင္ဟြန္းမွဆြဲမထုတ္ေတာ့ရင္ ေသခ်ာသည္ မၾကာခင္ဆိုင္ထဲမွာပဲထိုးက်ႀကိတ္က်ႏွင့္ရန္ပြဲေတြစၾကေတာ့မည္။

"ပတ္ဂ်ဳံေဆာင္း ထလို႔ေျပာေနတယ္ကြာ လာ ထေတာ့ ျပႆနာကိုမီးထြန္းမရွာခ်င္နဲ႔.......ယုမီေဆာရီးဟာ ငါတို႔သြားေတာ့မယ္ေနာ္"

ေပကပ္ကပ္ႏွင့္ပတ္ဂ်ဳံေဆာင္းအား ရွိသမၽွအားကုန္သုံးကာဆြဲေခၚလာခဲ့ရေတာ့သည္။ ဆိုင္ျပင္ေရာက္မွသာ ေဆာင္ဟြန္းမွာသက္ျပင္းရွည္ႀကီးကိုေပါ့ပါးစြာခ်ရေတာ့၏။

မေန႔ကတစ္ညတာလုံးေရာ ဒီတစ္မနက္တာသည္ေရာ အေတာ္ကိုရွည္လ်ားလြန္းခဲ့ၿပီ။ ရင္ထဲမွာေပါ့ပါးသြားတဲ့ခံစားခ်က္ႏွင့္အတူ တစ္ခ်ိန္ထဲမွာပင္တစ္စုံတစ္ေယာက္ဆီသို႔နင့္နင့္နဲနဲတမ္းတမိေတာ့ အႏွီတစ္စုံတစ္ေယာက္ကယခုအခ်ိန္ မိုးေကာင္းကင္တစ္ေနရာထက္မယ္ပ်ံဝဲေနေလာက္ၿပီ

မေန႔ညက လြမ္းေဆြးေနေသာပုံရိပ္ေယာင္ေလးမွာအာ႐ုံထဲသို႔ တမ္းတမ္းတတထိုးေဖာက္ဝင္ေရာက္လာေတာ့သည္။ မေန႔ကတစ္ခ်ိန္လုံး႐ူးေနမိတဲ့စိတ္အစုံသည္ ယခုေတာ့ တစ္ေယာက္ေသာသူထံ တမ္တမ္းတတႀကီး လြမ္းဆြတ္လာရေတာ့သည္။

သူေျပာခဲ့ေသာ တစ္နိုင္ငံထဲမွာေတာင္အတူရွိမေနေတာ့ဘူးဆိုသည့္အေတြးႀကီးက႐ုတ္္ခ်ည္းေခါင္းထဲဝင္လာေတာ့ ေဆာင္ဟြန္း ကေလးတစ္ေယာက္လိုရႈံမဲ့မဲ့အမူအရာႀကီးကိုအစပ်ိဳးမိေတာ့၏

ထို႔ေနာက္ ျပာေရာင္သန္းမိုးသားရိပ္ေတြထက္ေမာ့ၾကည့္ကာ က်ယ္က်ယ္ေလာင္ေလာင္ လြမ္းဆြတ္ျခင္းတစ္ခုအားေအာ္ဟစ္ျမည္တမ္းမိသည္။

"တအားလြမ္းေနၿပီ ကိုကိုေရ!!!"

ေဝဟင္ထက္မွာခ်စ္ေသာကိုကို ကၽြန္ေတာ့္အလြမ္းေတြျမင္မွျမင္နိုင္ပါေလစ......

********

"Hello! က်ဴပ္အခု အခန္းေရွ႕ကိုေရာက္ေနၿပီ လူလဲရွင္းေနတယ္cctvေတြလဲက်ဳပ္ႀကိဳဖ်က္ထားတယ္....ခုခ်ိန္ဝင္ၿပီးလုပ္ငန္းစလိုက္ရင္ ငါးမိနစ္ေတာင္မၾကာဘူး....accountထဲကို စရံေငြေရာက္တာျမင္ပီးတာနဲ႔ က်ဳပ္အခန္းထဲကိုဝင္မယ္"

ေဆး႐ုံငယ္၏ အခန္းဝတြင္ရပ္ကာဖုန္းေျပာေနေသာ လူတစ္ဦး၊ maskအမည္းေရာင္တပ္ထားေသာ ထိုလူစိမ္း၏မ်က္လုံးေမွးေမွးတို႔သည္ ဖုန္းscreenထက္ကိုၾကည့္ရင္း ေတာက္ေတာက္ပပျပဳံးေနေလ၏

ထို႔ေနာက္ ပြင့္သြားေသာအခန္းတံခါးႏွင့္အတူ ထိုလူစိမ္းသည္လဲ မည္သူတစ္ဦးတစ္ေယာက္မွမျမင္လိုက္ပါပဲ အခန္းေရွ႕မွေပ်ာက္ကြယ္သြားခဲ့ေတာ့သည္။

*******

To be continued......

My Essential Hoon(27)
Oct6/2021
12:39

Continue Reading

You'll Also Like

221K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
195K 19.1K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
167K 5.8K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
327K 9.8K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...