Rebirth on the Doors to the C...

By _Ccally_

528K 73K 2.6K

I don't own this story and all credit to the author(s) and english translator(s)!!! More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16.1
Chapter 16.2
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31_1
Chapter 31_2
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 58
Extra 1
Extra 2
Extra 3

Chapter 57

5.9K 882 30
By _Ccally_

Unicode

စ်ပတ်ခန့်စောင့်ဆိုင်းပြီးသည့်နောက် ယွီသုံ ရွေ့ဆိုင်းမနေတော့ဘဲ ရှဖန်နှင့်အတူ ဆေးရုံသို့လိုက်၍ တစ်ခါတည်းသိရှိရန် ဆုံးဖြတ်လိုက်သည်။

သားဖွားမီးယပ်ဌာနရှိ ဒါရိုက်တာလီသည် သူ၏အရှေ့မှ ဂနာမငြိမ်ဖြစ်နေသည့် လူငယ်စုံတွဲလေးကို ကြည့်လိုက်ပြီး ၎င်းတို့နှစ်ယောက်ကို ပြောလိုက်သည်။" မင်းတို့ တစ်ကယ်စိတ်‌စော‌နေကြရင်လည်း မင်းတို့ကိုရလဒ်ကို အရင်ဦးစားပေးဖို့ ငါ သူတို့ကိုပြောလိုက်မယ်လေ "

" မဟုတ်ပါဘူး! "ရှဖန်သည် အနည်းငယ်စိုးထိတ်နေသော်လည်း သူ၏လုပ်ဖော်ကိုင်ဖက်များကို မနှောင့်ယှက်လိုပေ။

" ငါရဲ့နှစ်‌ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအရဆိုရင် မင်းရဲ့ဇနီးက သေချာပေါက် ကိုယ်ဝန်ရှိနေပါပြီကွာ "ဒါရိုက်တာလီက ရယ်လိုက်သည်။" ပြီးတော့ ငါ ဘယ်သူ့ကိုမှ ဒီလိုပြောတာ မဟုတ်ဘူး "

" တ..တကယ်လားဗျ...? "ရှဖန်နှင့်ယွီသုံသည် မယုံနိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" မင်း ငါ့ကို ဒီလိုမေးလာတော့ ငါတောင် စိတ်လှုပ်ရှားလာပြီ "ရှဖန်၏အလွန်အကဲ‌ဖြစ်နေသည့်အမူအရာကို မြင်ရသောအခါ ဒါရိုက်တာလီက အနည်းငယ် မသေမချာဖြစ်လာသည်။" စစ်ဆေးချက်ရလဒ်ကို စောင့်ဆိုင်းသင့်တယ်လို့ ငါထင်တယ် "

" ရှဖန်...ကျွန်မတို့ အပြင်ကနေ စောင့်သင့်တယ်။ဒါရိုက်တာလီက တခြားလူနာတွေကို ဆက်ကြည့်ရမယ်လေ "ရှဖန်၏ လက်ကို လှမ်းဆွဲ၍ ယွီသုံပြောလိုက်သည်။

" မစ္စစ်ရှ...အဲ့ဒီအတွက်တော့ စိတ်ပူမနေပါနဲ့ဗျာ...ဒီနေ့ကျွန်တော့်မှာ အခြားလူနာကြည့်စရာမရှိဘူးဗျ "ဒါရိုက်တာလီက ရှဖန်ကို လက်ညှိုးထိုးပြပြီး ရယ်လေသည်။" ဒီကောင်လေးက မနက်အစောကြီး ကျွန်တော့်ကို ဖုန်းခေါ်လာလို့ ဂျုတီချိန်မတိုင်ခင် ဆေးရုံရောက်လာခဲ့ရတာလေ။‌ဆေးဆိုင်က‌နေ ဆီးစစ်တံဝယ်ပြီး စစ်ကြည့်ဖို့ ပြောပေမယ့် ရလဒ်က မတိကျမှာကို သူက စိုးရိမ်နေပြီးတော့ သားဖွားမီးယပ်ဌာနရဲ့ဒါရိုက်တာကို ကိုယ်ရေးကိုယ်တာအရ ရောက်လာပေးဖို့ ပြောတယ်လေ "

ဒါရိုက်တာလီ၏မကျေမနပ်ဟန်ဖြင့် စနောက်ပြောဆိုမှုကြောင့် ရှဖန် ရှက်ကိုးရှက်ကန်းဖြင့် ကသိကအောက်ဖြစ်သွားသည်။" ဒါရိုက်တာလီကို ကျွနတော်ဒုက္ခပေးမိပါပြီ "

" မင်း သဘောပေါက်တယ်ဆိုရင် ငါ့ကို red eggs ပို့ပေးပေါ့ကွာ "ဒါရိုက်တာလီက တက်ကြွ ရွှင်လန်းစွာဖြင့် ပြောလေသည်။

" သေချာပေါက်ပို့ပေးမှာပါ! "ယွီသုံရယ်လိုက်သည်။

ခဏကြာသောအခါ သူနာပြုတစ်ဦးသည် ရလဒ်များနှင့်အတူ အခန်းထဲသို့ ဝင်လာပြီး ရှဖန်ကိုမြင်သောအခါ သူမပြုံးလိုက်သည်။ထို့နောက် ဒါရိုက်တာလော့ကို စာရွက်လှမ်း‌မပေးခင် ပြော‌လေသည်။" ဒါရိုက်တာ ဒါက ဒါရိုက်တာတောင်းဆိုထားတဲ့ ရလဒ်ပါ "

" အင်း "ဒါရိုက်တာလော့လည်း စာရွက်ကိုလှမ်းယူလိုက်ပြီး ရလဒ်ကိုကြည့်လိုက်သည်။

" ဒါရိုက်တာ...ဘယ်လိုလည်းဗျ? "ရှဖန်က ဆန္ဒစောစွာဖြင့် မေးလာသည်။ယွီသုံသည်လည်းပဲ စိုးရိမ်နေလေ၏။

" မင်း ကိုယ်တိုင်ကြည့်မလား? "ဒါရိုက်တာလော့က စာရွက်ကို ရှဖန်အားလှမ်းပေးလေသည်။

" ဒါရိုက်တာ!ကျွန်တော်တို့ကို တိုက်ရိုက်ပဲ ပြောပေးပါဗျာ "

" ဟားဟား... "ရှဖန် စိုးရိမ်ကြောင့်ကြနေမှုကို မြင်ရသောအခါ ဒါရိုက်တာလီက ရယ်လိုက်ပြီး ပြောပြလာသည်။" ဂုဏ်ယူပါတယ်...မင်းတို့ မိဘတွေ ဖြစ်လာကြတော့မယ် "

စိတ်ထဲ၌ ပြင်ဆင်ထားပြီးသားဖြစ်သော်လည်း ဒါရိုက်တာ၏‌ပြောကြားမှုကို ကြားလိုက်ရသည့်အခါ ယွီသုံအံ့အားသင့်သွားပြီး မျက်လုံးများပြူးကျယ်လာကာ ကြောင်တောင်တောင်ပုံစံဖြင့် ရှဖန်ဘက်သို့ လှည့်လာသည်။ရှဖန်သည်လည်းပဲ အလွန်စိတ်လှုပ်ရှားနေပြီး သူ၏လက်များကို မည်သည့်နေရာတွင် တင်ထားရမည်မှန်းမသိတော့ပေ။

" ကလေးက ငါးပတ်လောက်ရှိနေပြီ။အကုန်လုံးကတော့ ပုံမှန်ပါပဲ။ဒါပေမယ့် ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အခုကစပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို ပိုပြီး ဂရုစိုက်သင့်တယ်။ပင်ပန်းမယ့်အလုပ်တွေလည်း လုပ်လို့မရဘူးနော် "

" ဟုတ်ကဲ့! "ယွီသုံ အလွန်လှုပ်ရှားနေပြီး အကြိမ်ကြိမ်အခါခါ ‌ခေါင်းငြိမ့်နေမိသည်။

" ဒါနဲ့ စကားမစပ်...မင်းက ညနက်ပိုင်းစီအစဉ်က ရေဒီယိုDJလို့ ကြားတယ်...ညနက်တဲ့အထိနေတာက မင်းနဲ့ကလေးရဲ့ကျန်းမာရေးအတွက် သိပ်မကောင်းဘူးဆိုတော့ ခဏအနားယူလိုက်ဖို့ အကြံပေးချင်တယ် "

ယွီသုံ အချိန်ခဏကြာအောင် တိတ်ဆိတ်သွားသည်။သို့သော် စက္ကန့်အနည်းငယ်သာ တုံ့ဆိုင်းနေပြီး ခဏကြာပြီးသည့်နောက် ပြတ်သားစွာဖြင့် ‌နောက်ထပ်ခေါင်းငြိမ့်ပြလိုက်သည်။

ရှဖန် ယွီသုံ၏အမူအရာကို မြင်ရသောအခါ သူမ၏အလုပ်ကို စွန့်လွှတ်ရန် အင်တင်တင်‌ဖြစ်နေကြောင်း သိလေသည်။ယွီသုံ၏အစီအစဉ်ကို ရှဖန် မကြာခဏနားထောင်လေ့ရှိပြီး တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းတွင် သူမ၏အလုပ်အပေါ်၌ ချစ်ခင်မြတ်နိုး၍ စိတ်အားထက်သန်မှုတို့သည် ပေါ်လွင်ထင်ရှားလှပေသည်။

ရှဖန် မည်ကဲ့သို့နှစ်သိမ့်ပေးရမည်မှန်း မသိတော့ဘဲ သူမ၏လက်ကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

ရှဖန်၏နွေး‌ထွေးသန်မာသည့် ဆုပ်ကိုင်မှုကြောင့် ယွီသုံ စိတ်သက်သာရာရသွားပြီး ရှဖန်ကို ပြုံးပြလိုက်သည်။

" ကောင်းပါပြီ...ငါ့မှာတော့ ဘာမှပြောစရာမရှိတော့ပါဘူး။မင်းတို့နှစ်ယောက် ဆက်ပြီး ချစ်ကြည်နူးနေလိုက်ကြပါဦးကွာ "ဒါရိုက်တာလီက ထိုသို့ပြောရင်း ရယ်ကာ မတ်တပ်ရပ်လိုက်သည်။

" ဒါရိုက်တာလီ...ကျေးဇူးတင်ပါတယ်ဗျာ "ရှဖန်က ပြောလိုက်သည်။

ဒါရိုက်တာလီက တံခါးဆီသို့သွားရင်း ပြောလာလေသည်။" ငါရဲ့ကြက်ဥတွေကို မမေ့နဲ့ဦး "

" သေချာပါတယ်ဗျ "

ကျေနပ်စွာဖြင့် ဒါရိုက်တာလီက ထွက်သွားလေသည်။

" ရှဖန်...ကျွန်မတို့မှာ...ကလေးလေး...ရှိနေပြီ? "သူမ၏ဗိုက်ကို ထိကိုင်လိုက်ရင်း ယွီသုံ အနည်းငယ်အံ့ဩသလို ခံစားနေမိသည်။

" ဟုတ်တယ်တဲ့! "ရှဖန် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ယွီသုံကို ပွေ့ဖက်လိုက်သည်။အမှန်တစ်ကယ်၌ ရှဖန်သည် ထိုကိစ္စကိုသိသိချင်း ယွီသုံအား ပွေ့ဖက်လိုက်ချင်သော်လည်း ဒါရိုက်တာလီ၏အရှေ့တွင်ဖြစ်သောကြောင့် အနည်းငယ် ရှက်ရွံ့နေလေသည်။ကံကောင်းစွာဖြင့် ဒါရိုက်တာလီထွက်သွားသောကြောင့် ရှဖန် အချိန်ဆွဲမနေတော့ပေ။

" တစ်စုံတစ်ယောက်ကို အလွယ်တကူနဲ့ချစ်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှမတွေးခဲ့မိဘူး။ဒါပေမယ့် ရှဖန်...ကျွန်မတို့ရဲ့ကလေးလေးကို တွေ့ရဖို့ ကျွန်မ မစောင့်နိုင်တော့ဘူး "

" ကိုယ်လည်း ကိုယ်တို့ကလေးလေးကို ချစ်တယ် "ရှဖန် ယွီသုံ၏ဆံနွယ်ရှည်ရှည်လေးများကို နူးညံ့ကြင်နာစွာဖြင့် ပွတ်သပ်လိုက်သည်။" ဒါပေမယ့် မင်းကို အချစ်ဆုံးပဲ "

ယွီသုံ နွေးထွေးချိုသာမှုကို ခံစားရပြီး သူမပြုံးလိုက်သည်။

" မင်းက ဘာလို့ ဘာမှမပြောတာလည်း? "ရှဖန်စောင့်နေသော်လည်း ပြန်လည်ဖြေကြားမှု မရရှိသောကြောင့် စိတ်ပျက်သွားလေသည်။

" ကျွန်မကို ဘာပြောစေချင်တာလည်း? "အမှန်တစ်ကယ်၌ ရှဖန်ဆိုလိုရင်းကို ယွီသုံသိသော်လည်း သူမ ရှဖန်ကို စ‌နောက်လိုလေသည်။

ရှဖန်မျက်မှောင်ကြုံ့လိုက်ပြီး‌နောက် လက်ထပ်ပြီးသည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပြောသည့် စကားများကို အမှတ်ရသွားသည်။ထိုလုပ်ဖော်ကိုင်ဖက်ပြောသည်မှာ__မိန်းမတွေက ကလေးရလာရင် သူတို့ရဲ့အချစ်ကတိကဝတ်တွေက ပြတင်းပေါက်ကနေ ထွက်သွားရောတဲ့ ___

ရှဖန် ဆုပ်ကိုင်ထားသည့်လက်များကို ‌ဖြေလျော့လိုက်ပြီး ယွီသုံ၏မျက်နှာကိုကြည့်ကာ နောက်ထပ် ထပ်ပြောပြန်သည်။" ကိုယ်တို့ရဲ့ကလေးကိုလည်း ချစ်ပေမယ့် မင်းကို ပိုချစ်တယ် "

" ကျွန်မသိတယ်လေ "ယွီသုံ မျက်လုံးမှိတ်သုတ်မှိတ်သုတ်လုပ်၍ သတိမမူမိဟန်ဆောင်လိုက်သည်။

" Oh... "ရှဖန် အနည်းငယ်စိတ်ပျက်သွားပြီး ယွီသုံ၏လက်များကို ဖြေလျော့ပေးလိုက်သည်။

" ဖွီး... "ရှဖန်၏အမူအရာကို မြင်ရသောအခါ ယွီသုံ ရယ်လိုစိတ်ကို ထိန်းမထားနိုင်တော့ပေ။" အရမ်းကလေးဆန်တာပဲ! "

သူ၏အပြုအမူတို့မှာ ကလေးဆန်‌နေသည်ကို ရှဖန်သဘောပေါက်မိပြီး ယွီသုံနှင့်အတူ လိုက်ရယ်လိုက်သည်။

ရှဖန်အတွက် အလုပ်ရှုပ်မည့်နေ့ဖြစ်သောကြောင့် သူမတို့နှစ်ယောက်သည် အချိန်ဆွဲ‌မနေတော့ပေ။ရှဖန်သည် ယွီသုံနှင့်အတူ အခန်းအပြင်သို့ထွက်လာပြီး ကားပါကင်သို့ သူမကို လိုက်ပို့‌ပေးရန် ရည်ရွယ်လိုက်သည်။

ကော်ရစ်ဒါတစ်လျှောက် လမ်းလျှောက်လာသည့်အခါ များစွာသော ဆရာဝန်များနှင့် သူနာပြုများသည် သူမတို့အား ဂုဏ်ပြုစကားများပြောလာကြလေသောကြောင့် ယွီသုံ ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။" သူတို့က ဘယ်လိုလုပ်ပြီး သိနှင့်နေတာလည်း? "

" ကိုယ်တို့ကို ရလဒ်လာပေးသွားတဲ့ သူနာပြုကြောင့်ပဲ ဖြစ်ရမယ် "

ထိုစဉ် ဒါရိုက်တာလီနှင့်ဌာနမှူးတို့ဖြင့် အမှတ်မထ‌င်တွေ့ဆုံမိကြပြီး ၎င်းတို့ကို ရပ်၍ နှုတ်ဆက်လိုက်သည်။

" ဘာကိစ္စရှိလို့လည်း?မင်းကြည့်ရတာ ပျော်နေတဲ့ပုံပဲ "ဌာနမှူးက မေးလာသည်။

" ဒီကောင်လေး...ရှဖန်က အဖေဖြစ်လာတော့မယ်လေ "ထိုသို့ပြောပြီး ဒါရိုက်တာလီက ရယ်လေသည်။

" Oh!ကောင်းတာပေါ့ "ဌာနမှူးသည်လည်း အားရဝမ်းသာ‌နေ‌လေသည်။

ယွီသုံ ကားတံခါးပေါက်ကိုဖွင့်ရင်း ရုတ်တရက် သတိရသွားသည်။" ကျွန်မတို့ရဲ့မိဘတွေကို ဘယ်အချိန်မှာ ပြောမှာလည်း? "

" Oh...ဟုတ်သားပဲ။ကိုယ်မေ့နေတယ်။အခု ဖုန်း‌ခေါ်လိုက်မယ် " မာမားရှသည် မြေးအတွက် ဆန္ဒစောလျက်ရှိ‌သည်ကို သတိရသွားပြီး သူမကို အရင်ဖုန်း‌ခေါ်လိုက်သည်။

" ဟယ်လို အမေ...အိမ်မှာလား?ကျွန်တော် အမေ့ကို ပြောစရာရှိတယ် "၎င်းနောက် ရှဖန်ပြုံး၍ ယွီသုံကိုကြည့်လိုက်သည်။" အမေ  အဘွားဖြစ်တော့မယ်ဗျ "

" ဘယ်လို? "ရှဖန်‌ပြောသည့်စကားများကို ကြားလိုက်ရသည့်အချိန်တွင် မာမားရှသည် အဝတ်များလှန်း‌နေလေသည်။၎င်းကို ကြားပြီးသည့်နောက် မာမားရှသည် အင်္ကျီချိတ်များကို လွှင့်ပစ်လိုက်ပြီး ခင်ပွန်းဖြစ်သူကို အော်ဟစ်လိုက်သည်။

မိခင်ဖြစ်သူ၏ ဗလုံးဗထွေးဖြင့်စိတ်လှုပ်ရှားနေသံကို ရှဖန်ကြားလိုက်ရပြ်ီး သူမ၏ကြိုတင်အိမ်မက်မှာ မှန်ကန်‌ကြောင်းပြောနေလေသည်။ထို့အပြင် ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား စိတ်တည်ငြိမ်မှုရစေရန် ကြိုးပမ်းနေမှုကိုလည်း ရှဖန် ကြားရလေသည်။

ရှဖန် ခေါင်းခါရမ်း၍ ဖုန်းချလိုက်ပြ်ီး ယွီသုံဘက်သို့လှည့်လာကာ ပခုံးတွန့်ပြလေသည်။" ခဏတော့ မင်းကို ဒုက္ခရောက်စေဦးမယ် ထင်တယ်။အမေက မင်းအတွက် စွတ်ပြုတ်တွေ အများကြီး ချက်နေတော့မှာ... "

" ဒါဆို ရှင့်အမေကြောင့် ကျွန်မဝလာတော့မှာပဲ။အဲ့ခါကျရင် ရှင် ကျွန်မကို မကြိုက်ဘဲနေလို့ မရဘူးနော် "

" ကိုယ် မင်းအတွက် တဝက်ကူစားပေးမယ်လေ။အတူတူ ဝကျတာ‌ပေါ့ကွာ ... "

" ကျွန်မအမေက ဘာပြောမလည်းမသိဘူး‌နော်။ကျွန်မတို့လက်မထပ်ရသေးဘူးလို့ပဲ သူကထင်နေတာ "

ယောက္ခမဖြစ်သူသည် ‌ရှေးရိုးဆန်သည့်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ရှဖန်သိသည်။ထို့နောက် တုံ့ဆိုင်းသွားပြီး‌ ယွီသုံကို အကြုံပြုလာသည်။" အိမ်ပြန်ရောက်ရောက်ချင်း လက်ထပ်မှတ်ပုံတင်လိုက်တယ်လို့ ကိုယ်တို့‌ပြောကြမလား?ကိုယ်တို့ရဲ့ မင်္ဂလာပွဲကလည်း ပြင်ဆင်နေဆဲပဲလေ။Oh...စကားမစပ် ဟိုင်နန်မှာတုန်းက အမေက မင်္ဂလာပွဲပြင်ဆင်ပုံ ၄၊၅မျိုး‌လောက် အကြံရလာတယ်လို့ အဖေက ပြောတယ်။ကိုယ်တို့က တစ်ခုရွေးလိုက်ရုံပဲ "

" ရှင်က လက်ထပ်ဖို့အတွက် ခွင့်ရက်ရမှာလား? "

" ကိုယ်က အဖေဖြစ်တော့မှာကို သူတို့က ဘယ်လိုလုပ်ပြီး ကိုယ့်ကို ခွင့်ရက်မပေးလို့ရမှာလည်း? "ရှဖန် ဟာသလုပ်၍ ပြောလိုက်သည်။

သူ၏အ‌ဖြေကြောင့် ယွီသုံ‌ကျေနပ်သွားပြီး ကားမောင်းထွက်မလာခင် ရှဖန်ကို တစ်ချက်နမ်းလိုက်သည်။ရှဖန်လည်း ရုံးခန်းထဲသို့ ပြန်ဝင်မလာခင် ယွီသုံ၏ကား ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေခဲ့သည်။

" ရှဖန်! "ခွဲစိတ်ခန်းဝတ်စုံ ဝတ်ဆင်ထားဆြဲဖစ်သည့် ရှောက်ရိဖန်သည် ရှဖန်ဆီသို့ အပြေးရောက်လာပြီး လက်မောင်းကို လက်သီးဖြင့်ထိုးလာသည်။" ကလေးရလာတာကလည်း အရမ်းမြန်လိုက်တာ။ငါက single ပဲရှိသေးတာကို မင်းက ကလေးအဖေဖြစ်တော့မယ် "

" မနာလိုနေတာလား? "

" ဟုတ်မနေဘူး! "

" မနာလိုဖြစ်လို့ရတယ် "ရှဖန်သည် ထိုင်ခုံပေါ်၌ တက်ကြွလန်းဆန်းစွာထိုင်နေပြီး ဆေးမှတ်တမ်းများကို ရေးနေလေသည်။

" မင်းရဲ့ညီအစ်ကိုကောင်းတစ်ယောက်ကို ဒီလိုမျိုးပြုမူလိုက်တာလား? "ဘာပဲဖြစ်ဖြစ်...မင်းရဲ့သားကို ဝေမျှပေးရမှာပဲ "ရှောက်ရိဖန်၏အသံသည် အသုံးမကျသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။

" တစ်ကယ်လို့ ငါက သမီးရလာခဲ့ရင်ရော? "

" မင်း သမီးရလာမယ်ဆိုရင်‌တော့ သေချာဂရုစိုက်သင့်တယ် "ရှောက်ရိဖန်က စလိုက်သည်။" ငါက ကောင်မ‌လေးတွေနဲ့ ချိန်းတွေ့ရတာကို သဘောကျတယ်ဆိုတာ မင်းသိတယ်မလား? "

" သွားသေလိုက်တော့! "ရှဖန်သည် ရှောက်ရိဖန်ဆီသို့ ဘောပင်ဖြင့် လှမ်းပစ်လိုက်သည်။

ရှန်းရှောင်ယွဲ့၏စတူဒီယို၌ ရှန်းရှောင်ယွဲ့သည် ယွီသုံ၏ဗိုက်ကို ငေးကြည့်ရင်း ဆိုဖာအရှေ့၌ ဆောင့်ကြောင့်ထိုင်နေလေသည်။" နင် တစ်ကယ်ပဲ ကိုယ်ဝန်ရှိနေတာလား? "

သူမ၏မယုံနိုင်ဖြစ်နေသည့် အမူအရာကြောင့် ယွီသုံနှင့်ရန်ရှင်းရှင်းတို့ ရယ်လိုက်ကြသည်။

" သိပ်မကြာခင်က နင်မိတ်ကပ်မလိမ်းပဲနဲ့တောင်မှ ပိုကြည့်ကာင်းလာတာ အံ့ဩစရာမရှိပါဘူး "ရှန်းရှောင်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့်ပြောလေသည်။" ကိုယ်ဝန်က လူတွေကို ပိုလှလာအောင်ပြုလုပ်ပေး နိုင်တယ်လား? "

" နင်ရော ဘာလို့ မကြိုးစားကြည့်သေးတာလည်း? "ထိုသို့ပြောပြီး ယွီသုံ ဟားတိုက်ရယ်လိုက်သည်။

" မင်း ကြိုးစားကြည့်သင့်တယ်။မဟုတ်ရင် လာဘ်ထိုးရတာနဲ့ပဲ ကိုယ့်ပိုက်ဆံတွေကုန်တော့မယ်...ကိုယ်ဆိုလိုတာက မင်းကိုလိုက်တာကို ပြောတာနော် "ချင်ယွဲ့သည် ရှန်းရှောင်ယွဲ့အလုပ်ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။

" ရှင်က ဘာလို့ ဒီမှာ ရှိနေတုန်းလည်း?အရှက်မရှိတဲ့လူကြီးရဲ့! "ရှန်းရှောင်ယွဲ့က လှည့်၍ ချင်ယွဲ့ကို အော်ဟစ်လိုက်သည်။

" ဟန်နီ...ပြဿနာမလုပ်ပါနဲ့ကွာ။မနေ့ညက ကိစ္စအားလုံးက ကိုယ့်အမှားဆိုတာ ကိုယ်သိပါတယ် "

" Oh... "ယွီသုံနှင့်ရန်ရှင်းရှင်းတို့သည် ဒွိဟဖြစ်နေသည့်အမူအရာဖြင့် ရှန်းရှောင်ယွဲ့ကို ကြည့်လာကြသည်။

ရှန်းရှောင်ယွဲ့၏မျက်နှာသည် နီရဲလာပြီး အရှက်မရှိသည့် ထိုလူကို သူမ၏အိတ်ဖြင့် ရိုက်နှက်ချင်နေလေသည်။ချင်ယွဲ့က မပုန်းကွယ်ဘဲ ရှန်းရှောင်ယွဲ့၏အိတ်ကို အကြောက်အလန့်မရှိ ကြည့်လိုက်သည်။
" လာပြီး ကိုယ့်ကို ရိုက်ပစ်လိုက်ပါ။ပြီးရင် မင်း ကိုယ့်ကို မင်းကိုယ်တိုင် ဆေးရုံလိုက်ပို့ရမှာကိုတော့ သတိရထားနော် "

" ရှင်... "သာမန်ဝတ်စားဆင်ယင်ထားသည့်အမျိုးသားသည် အဘယ်ကြောင့်အရမ်းဆိုးညစ်နေရသည်ကို ရှန်းရှောင်ယွဲ့နားမလည်နိုင်တော့ပေ။

ရှန်းရှောင်ယွဲ့အမှန်တစ်ကယ်ပေါက်ကွဲတော့မည်ကို ရန်ရှင်းရှင်းမြင်သောအခါ စကားပြောင်းပြီး ယွီသုံကိုမေးလိုက်သည်။" အဲ့ဒီတော့ နင် မင်္ဂလာ‌ဆောင်ဖို့ စပြင်ဆင်နေပြီလား? "

ယွီသုံ ခေါင်းငြိမ့်ပြလိုက်သည်။" ရှဖန် လက်ထပ်ဖို့ ခွင့်ရက်ရတဲ့အပေါ်မှာပဲမူတည်‌နေတယ်။နင်သိတဲ့အတိုင်း ဆေးရုံက အမြဲအလုပ်ရှုပ်နေတာဆိုတော့ "

" အဲ့ဒါအပြင် မင်္ဂလာခန်းမကို အချိန်နီးမှ ဌားလို့မရနိုင်ဘူးနော် "ရန်ရှင်းရှင်းသည် ထိုအကြောင်းကို စိုးရိမ်နေလေ၏။မင်္ဂလာခန်းမများသည် လအနည်းငယ်ကြိုဌားရသည့်အပြင် ရှာဖွေရန်လည်း ခက်ခဲလှပေသည်။

" အဲ့ဒီအတွက် စိတ်မပူပါနဲ့...ဖန်ဖန်းဝိုင်ထုတ်လုပ်တဲ့နေရာကို သုံးလို့ရတာပဲ "ရှန်းရှောင်ယွဲ့က ချင်ယွဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။" ကျွန်မအတွက် ဝိုင်ထုတ်လုပ်တဲ့နေရာကို အလွတ်ထားပေးပါ "

" ကောင်းပါပြီကွာ...ကိုယ်လည်း အဲ့တာကို သိပ်မကြာခင်ကမှ ဝယ်ထားခဲ့တာ။ကိုယ်ဖုန်းဆက်ပြီး အဆင်သင့်ဖြစ်အောင် ပြင်ထားခိုင်းလိုက်ပါမယ် "ချင်ယွဲ့က ပြုံး၍ ပြန်ဖြေလိုက်သည်။

ရန်ရှင်းရှင်းက ဖုံးကွယ်၍ ပြုံးဖြဲဖြဲလုပ်နေသည်ကို ယွီသုံ မျက်ခုံးပင့်ပြလိုက်သည်။ယွီသုံလည်း ချင်ယွဲ့ဆီသို့ လမ်းလျှောက်သွားပြီး လက်မ‌ထောင်၍အတည်ပြုချက်ယူလိုက်သည်။

ချင်ယွဲ့ကလည်း သူ၏လက်ညှိုးကို နှာခေါင်းအရှေ့၌ထား၍ မျက်လုံးမှိတ်ပြလိုက်သည်။

လက်ရှိအခြေအနေကို ယွီသုံနှစ်သက်သဘောကျလေသည်။ရှန်းရှောင်ယွဲ့နှင့်ချင်ယွဲ့သည် ယခုလောလောဆယ်၌ ပျော်ရွှင်စွာဖြင့် ကတောက်ကဆငြင်းခုံရန်ဖြစ်ကြရင်း လက်ထပ်ရန်လည်း သိပ်မလိုတော့ပေ။

ရန်ရှင်းရှင်းသည် ခေါင်းလောင်းလေးနှင့်အတူ ကာကွယ်စောင့်ရှောက်ပေးသည့်သူငယ်ချင်းများနှင့် ပိုကောင်းမွန်၍ ပျော်ရွှင်သည့်ဘဝ၌ ‌နေထိုင်နေလေသည်။

ပြီးတော့ ယွီသုံကရော?သူမသည် တစ်စုံတစ်ယောက်နှင့် က‌လေးရရှိလိမ့်မည်ဟု ယွီသုံ မည်သည့်အခါမှ မတွေးခဲ့မိပေ။သူမ ကလေးများကို အမြဲသဘောကျနှစ်သက်သော်လည်း မျှော်လင့်တောင့်တခြင်းများ မရှိပေ။

ကလေးများသည် ယခင်ဘဝက မိခင်ဖြစ်သူ၏ သူမကို လက်ထပ်ရန်ဖိအားပေးမှုအတွက် ထူးကဲလှသည့်လက်နက်တစ်ခုဖြစ်သည်။မာမားယွီသည် ယွီသုံအနာဂတ်၏  မျှော်လင့်အားရဖွယ်မရှိသည့် ပန်းချီကားများကို အမြဲဆေးခြယ်လေ့ရှိသည်။

ကလေးမရှိပါက သူမကို မည်သူကမှ သတိရလိမ့်မည်မဟုတ်ဟုလည်း ပြောသေးသည်။ယွီသုံသည် တစ်ယောက်တည်းစား၊တစ်‌ယောက်တည်းအိပ်၊တစ်ယောက်တည်းဈေးဝယ်လေ့ရြှိပီး သူမကို ကူညီ‌ပေးရန် မည်သူမှ မရှိ‌ပေ။သူမ နေမကောင်းလျှင်တောင်မှ သူမကိုဂရုစိုက်ပြီး သက်တောင့်သက်သာဖြစ်စေမည့်သူ မည်သူမှ မရှိပေ။

ကလေးတွေကို အသက်အရွယ်ကြီးလာတဲ့အချိန်မှာ ကာကွယ်စောင့်ရှောက်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ‌ပျိုးထောင်ပေးခဲ့ကြတာလား?

ထိုအခိုက် ထိုစကားများသည် မမှန်ကန်ကြောင်း ယွီသုံနားလည်သဘော‌ပေါက်လာသည်။က‌လေး‌မွေးဖွားလာခြင်းသည် ‌ပျော်ရွှင်၍ကောင်းချီး‌ပေးသလို အမှန်တစ်ကယ် ခံစားရစေသည်။

ကောင်းကင်ဘုံမှ နတ်သက်ကြွေလာသကဲ့သို့ ကလေးရောက်ရှိလာမှုသည် သူမတို့ကို ပျော်ရွှင်ဝမ်းမြောက်စေသည်။

>>>>>

ကေလးေလးေရာက်လာပါပြီ❣️

T.B.C
8.11.2021

💫💫💫💫💫💫💫💫💫💫💫💫💫💫💫

Zawgyi

ႏွစ္ပတ္ခန႔္ေစာင့္ဆိုင္းၿပီးသၫ့္ေနာက္ ယြီသံု ေရြ ့ဆိုင္းမေနေတာ့ဘဲ ရွဖန္ႏွင့္အတူ ေဆးရံုသို႔လိုက္၍ တစ္ခါတည္းသိရိွရန္ ဆံုးျဖတ္လိုက္သည္။

သားဖြားမီးယပ္ဌာနရိွ ဒါရိုက္တာလီသည္ သူ၏အေရွ ့မွ ဂနာမၿငိမ္ျဖစ္ေနသၫ့္ လူငယ္စံုတြဲေလးကို ၾကၫ့္လိုက္ၿပီး ၎တို႔ႏွစ္ေယာက္ကို ေျပာလိုက္သည္။" မင္းတို႔ တစ္ကယ္စိတ္‌ေစာ‌ေနၾကရင္လည္း မင္းတို႔ကိုရလဒ္ကို အရင္ဦးစားေပးဖို႔ ငါ သူတို႔ကိုေျပာလိုက္မယ္ေလ "

" မဟုတ္ပါဘူး! "ရွဖန္သည္ အနည္းငယ္စိုးထိတ္ေနေသာ္လည္း သူ၏လုပ္ေဖာ္ကိုင္ဖက္မ်ားကို မေနွာင့္ယွက္လိုေပ။

" ငါရဲ့ႏွစ္‌ေပါင္းမ်ားစြာ ႀကံဳေတြ ့ခဲ့ရတဲ့ အေတြ ့အႀကံဳအရဆိုရင္ မင္းရဲ့ဇနီးက ေသခ်ာေပါက္ ကိုယ္၀န္ရိွေနပါၿပီကြာ "ဒါရိုက္တာလီက ရယ္လိုက္သည္။" ၿပီးေတာ့ ငါ ဘယ္သူ႔ကိုမွ ဒီလိုေျပာတာ မဟုတ္ဘူး "

" တ..တကယ္လားဗ်...? "ရွဖန္ႏွင့္ယြီသံုသည္ မယံုႏိုင္စြာျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ ၾကၫ့္လိုက္ၾကသည္။

" မင္း ငါ့ကို ဒီလိုေမးလာေတာ့ ငါေတာင္ စိတ္လႈပ္ရွားလာၿပီ "ရွဖန္၏အလြန္အကဲ‌ျဖစ္ေနသၫ့္အမူအရာကို ျမင္ရေသာအခါ ဒါရိုက္တာလီက အနည္းငယ္ မေသမခ်ာျဖစ္လာသည္။" စစ္ေဆးခ်က္ရလဒ္ကို ေစာင့္ဆိုင္းသင့္တယ္လို႔ ငါထင္တယ္ "

" ရွဖန္...ကြ်န္မတို႔ အျပင္ကေန ေစာင့္သင့္တယ္။ဒါရိုက္တာလီက တျခားလူနာေတြကို ဆက္ၾကၫ့္ရမယ္ေလ "ရွဖန္၏ လက္ကို လွမ္းဆြဲ၍ ယြီသံုေျပာလိုက္သည္။

" မစၥစ္ရွ...အဲ့ဒီအတြက္ေတာ့ စိတ္ပူမေနပါနဲ႔ဗ်ာ...ဒီေန ့ကြၽန္ေတာ့္မွာ အျခားလူနာၾကၫ့္စရာမရိွဘူးဗ် "ဒါရိုက္တာလီက ရွဖန္ကို လက္ၫွိုးထိုးျပၿပီး ရယ္ေလသည္။" ဒီေကာင္ေလးက မနက္အေစာႀကီး ကြၽန္ေတာ့္ကို ဖုန္းေခၚလာလို႔ ဂ်ဳတီခ်ိန္မတိုင္ခင္ ေဆးရံုေရာက္လာခဲ့ရတာေလ။‌ေဆးဆိုင္က‌ေန ဆီးစစ္တံဝယ္ၿပီး စစ္ၾကၫ့္ဖို႔ ေျပာေပမယ့္ ရလဒ္က မတိက်မွာကို သူက စိုးရိမ္ေနၿပီးေတာ့ သားဖြားမီးယပ္ဌာနရဲ့ဒါရိုက္တာကို ကိုယ္ေရးကိုယ္တာအရ ေရာက္လာေပးဖို႔ ေျပာတယ္ေလ "

ဒါရိုက္တာလီ၏မေက်မနပ္ဟန္ျဖင့္ စေနာက္ေျပာဆိုမႈေၾကာင့္ ရွဖန္ ရွက္ကိုးရွက္ကန္းျဖင့္ ကသိကေအာက္ျဖစ္သြားသည္။" ဒါရိုက္တာလီကို ကြၽနေတာ္ဒုကၡေပးမိပါၿပီ "

" မင္း သေဘာေပါက္တယ္ဆိုရင္ ငါ့ကို red eggs ပို႔ေပးေပါ့ကြာ "ဒါရိုက္တာလီက တက္ႂကြ ရႊင္လန္းစြာျဖင့္ ေျပာေလသည္။

" ေသခ်ာေပါက္ပို႔ေပးမွာပါ! "ယြီသံုရယ္လိုက္သည္။

ခဏၾကာေသာအခါ သူနာျပဳတစ္ဦးသည္ ရလဒ္မ်ားႏွင့္အတူ အခန္းထဲသို႔ ၀င္လာျပီး ရွဖန္ကိုျမင္ေသာအခါ သူမၿပံဳးလိုက္သည္။ထို႔ေနာက္ ဒါရိုက္တာေလာ့ကို စာရြက္လွမ္း‌မေပးခင္ ေျပာ‌ေလသည္။" ဒါရိုက္တာ ဒါက ဒါရိုက္တာေတာင္းဆိုထားတဲ့ ရလဒ္ပါ "

" အင္း "ဒါရိုက္တာေလာ့လည္း စာရြက္ကိုလွမ္းယူလိုက္ၿပီး ရလဒ္ကိုၾကၫ့္လိုက္သည္။

" ဒါရိုက္တာ...ဘယ္လိုလည္းဗ်? "ရွဖန္က ဆႏၵေစာစြာျဖင့္ ေမးလာသည္။ယြီသံုသည္လည္းပဲ စိုးရိမ္ေနေလ၏။

" မင္း ကိုယ္တိုင္ၾကၫ့္မလား? "ဒါရိုက္တာေလာ့က စာရြက္ကို ရွဖန္အားလွမ္းေပးေလသည္။

" ဒါရိုက္တာ!ကြၽန္ေတာ္တို႔ကို တိုက္ရိုက္ပဲ ေျပာေပးပါဗ်ာ "

" ဟားဟား... "ရွဖန္ စိုးရိမ္ေၾကာင့္ၾကေနမႈကို ျမင္ရေသာအခါ ဒါရိုက္တာလီက ရယ္လိုက္ၿပီး ေျပာျပလာသည္။" ဂုဏ္ယူပါတယ္...မင္းတို႔ မိဘေတြ ျဖစ္လာၾကေတာ့မယ္ "

စိတ္ထဲ၌ ျပင္ဆင္ထားၿပီးသားျဖစ္ေသာ္လည္း ဒါရိုက္တာ၏‌ေျပာၾကားမွုကို ၾကားလိုက္ရသၫ့္အခါ ယြီသံုအံ့အားသင့္သြားၿပီး မ်က္လံုးမ်ားျပဴးက်ယ္လာကာ ေၾကာင္ေတာင္ေတာင္ပံုစံျဖင့္ ရွဖန္ဘက္သို႔ လွၫ့္လာသည္။ရွဖန္သည္လည္းပဲ အလြန္စိတ္လႈပ္ရွားေနၿပီး သူ၏လက္မ်ားကို မည္သၫ့္ေနရာတြင္ တင္ထားရမည္မွန္းမသိေတာ့ေပ။

" ကေလးက ငါးပတ္ေလာက္ရိွေနၿပီ။အကုန္လံုးကေတာ့ ပံုမွန္ပါပဲ။ဒါေပမယ့္ ကိုယ္၀န္ေဆာင္ထားရတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ အခုကစၿပီးေတာ့ မင္းရဲ့ခႏၶာကိုယ္ကို ပိုၿပီး ဂရုစိုက္သင့္တယ္။ပင္ပန္းမယ့္အလုပ္ေတြလည္း လုပ္လို႔မရဘူးေနာ္ "

" ဟုတ္ကဲ့! "ယြီသံု အလြန္လႈပ္ရွားေနၿပီး အႀကိမ္ႀကိမ္အခါခါ ‌ေခါင္းၿငိမ့္ေနမိသည္။

" ဒါနဲ႔ စကားမစပ္...မင္းက ညနက္ပိုင္းစီအစဉ္က ေရဒီယိုDJလို႔ ၾကားတယ္...ညနက္တဲ့အထိေနတာက မင္းနဲ႔ကေလးရဲ့က်န္းမာေရးအတြက္ သိပ္မေကာင္းဘူးဆိုေတာ့ ခဏအနားယူလိုက္ဖို႔ အႀကံေပးခ်င္တယ္ "

ယြီသံု အခ်ိန္ခဏၾကာေအာင္ တိတ္ဆိတ္သြားသည္။သို႔ေသာ္ စကၠန႔္အနည္းငယ္သာ တံု႔ဆိုင္းေနၿပီး ခဏၾကာၿပီးသၫ့္ေနာက္ ျပတ္သားစြာျဖင့္ ‌ေနာက္ထပ္ေခါင္းၿငိမ့္ျပလိုက္သည္။

ရွဖန္ ယြီသံု၏အမူအရာကို ျမင္ရေသာအခါ သူမ၏အလုပ္ကို စြန႔္လႊတ္ရန္ အင္တင္တင္‌ျဖစ္ေနေၾကာင္း သိေလသည္။ယြီသံု၏အစီအစဉ္ကို ရွဖန္ မၾကာခဏနားေထာင္ေလ့ရိွၿပီး တိုက္ရိုက္ထုတ္လႊင့္မႈတိုင္းတြင္ သူမ၏အလုပ္အေပၚ၌ ခ်စ္ခင္ျမတ္ႏိုး၍ စိတ္အားထက္သန္မႈတို႔သည္ ေပၚလြင္ထင္ရွားလွေပသည္။

ရွဖန္ မည္ကဲ့သို႔ႏွစ္သိမ့္ေပးရမည္မွန္း မသိေတာ့ဘဲ သူမ၏လက္ကိုသာ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားလိုက္သည္။

ရွဖန္၏ေနြး‌ေထြးသန္မာသည့္ ဆုပ္ကိုင္မႈေၾကာင့္ ယြီသံု စိတ္သက္သာရာရသြားၿပီး ရွဖန္ကို ၿပံဳးျပလိုက္သည္။

" ေကာင္းပါၿပီ...ငါ့မွာေတာ့ ဘာမွေျပာစရာမရိွေတာ့ပါဘူး။မင္းတို႔ႏွစ္ေယာက္ ဆက္ၿပီး ခ်စ္ၾကည္ႏူးေနလိုက္ၾကပါဦးကြာ "ဒါရိုက္တာလီက ထိုသို႔ေျပာရင္း ရယ္ကာ မတ္တပ္ရပ္လိုက္သည္။

" ဒါရိုက္တာလီ...ေက်းဇူးတင္ပါတယ္ဗ်ာ "ရွဖန္က ေျပာလိုက္သည္။

ဒါရိုက္တာလီက တံခါးဆီသို႔သြားရင္း ေျပာလာေလသည္။" ငါရဲ့ၾကက္ဥေတြကို မေမ့နဲ႔ဦး "

" ေသခ်ာပါတယ္ဗ် "

ေက်နပ္စြာျဖင့္ ဒါရိုက္တာလီက ထြက္သြားေလသည္။

" ရွဖန္...ကြၽန္မတို႔မွာ...ကေလးေလး...ရိွေနၿပီ? "သူမ၏ဗိုက္ကို ထိကိုင္လိုက္ရင္း ယြီသံု အနည္းငယ္အံ့ဩသလို ခံစားေနမိသည္။

" ဟုတ္တယ္တဲ့! "ရွဖန္ စိတ္လႈပ္ရွားမႈအျပၫ့္ျဖင့္ ယြီသံုကို ေပြ ့ဖက္လိုက္သည္။အမွန္တစ္ကယ္၌ ရွဖန္သည္ ထိုကိစၥကိုသိသိခ်င္း ယြီသံုအား ေပြ ့ဖက္လိုက္ခ်င္ေသာ္လည္း ဒါရိုက္တာလီ၏အေရွ ့တြင္ျဖစ္ေသာေၾကာင့္ အနည္းငယ္ ရွက္ရြံ႔ေနေလသည္။ကံေကာင္းစြာျဖင့္ ဒါရိုက္တာလီထြက္သြားေသာေၾကာင့္ ရွဖန္ အခ်ိန္ဆြဲမေနေတာ့ေပ။

" တစ္စံုတစ္ေယာက္ကို အလြယ္တကူနဲ႔ခ်စ္လိမ့္မယ္လို႔ ကြၽန္မ ဘယ္တုန္းကမွမေတြးခဲ့မိဘူး။ဒါေပမယ့္ ရွဖန္...ကြၽန္မတို႔ရဲ့ကေလးေလးကို ေတြ ့ရဖို႔ ကြၽန္မ မေစာင့္ႏိုင္ေတာ့ဘူး "

" ကိုယ္လည္း ကိုယ္တို႔ကေလးေလးကို ခ်စ္တယ္ "ရွဖန္ ယြီသံု၏ဆံနြယ္ရွည္ရွည္ေလးမ်ားကို ႏူးညံ့ၾကင္နာစြာျဖင့္ ပြတ္သပ္လိုက္သည္။" ဒါေပမယ့္ မင္းကို အခ်စ္ဆံုးပဲ "

ယြီသံု ေနြးေထြးခ်ိဳသာမႈကို ခံစားရၿပီး သူမျပံဳးလိုက္သည္။

" မင္းက ဘာလို႔ ဘာမွမေျပာတာလည္း? "ရွဖန္ေစာင့္ေနေသာ္လည္း ျပန္လည္ေျဖၾကားမႈ မရရိွေသာေၾကာင့္ စိတ္ပ်က္သြားေလသည္။

" ကြၽန္မကို ဘာေျပာေစခ်င္တာလည္း? "အမွန္တစ္ကယ္၌ ရွဖန္ဆိုလိုရင္းကို ယြီသံုသိေသာ္လည္း သူမ ရွဖန္ကို စ‌ေနာက္လိုေလသည္။

ရွဖန္မ်က္ေမွာင္ႀကံဳ႔လိုက္ၿပီး‌ေနာက္ လက္ထပ္ၿပီးသၫ့္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ေျပာသၫ့္ စကားမ်ားကို အမွတ္ရသြားသည္။ထိုလုပ္ေဖာ္ကိုင္ဖက္ေျပာသည္မွာ__မိန္းမေတြက ကေလးရလာရင္ သူတို႔ရဲ့အခ်စ္ကတိက၀တ္ေတြက ျပတင္းေပါက္ကေန ထြက္သြားေရာတဲ့ ___

ရွဖန္ ဆုပ္ကိုင္ထားသၫ့္လက္မ်ားကို ‌ေျဖေလ်ာ့လိုက္ၿပီး ယြီသံု၏မ်က္နွာကိုၾကၫ့္ကာ ေနာက္ထပ္ ထပ္ေျပာျပန္သည္။" ကိုယ္တို႔ရဲ့ကေလးကိုလည္း ခ်စ္ေပမယ့္ မင္းကို ပိုခ်စ္တယ္ "

" ကြၽန္မသိတယ္ေလ "ယြီသံု မ်က္လံုးမိွတ္သုတ္မိွတ္သုတ္လုပ္၍ သတိမမူမိဟန္ေဆာင္လိုက္သည္။

" Oh... "ရွဖန္ အနည္းငယ္စိတ္ပ်က္သြားၿပီး ယြီသံု၏လက္မ်ားကို ေျဖေလ်ာ့ေပးလိုက္သည္။

" ဖြီးးးးး... "ရွဖန္၏အမူအရာကို ျမင္ရေသာအခါ ယြီသံု ရယ္လိုစိတ္ကို ထိန္းမထားႏိုင္ေတာ့ေပ။" အရမ္းကေလးဆန္တာပဲ! "

သူ၏အျပဳအမူတို႔မွာ ကေလးဆန္‌ေနသည္ကို ရွဖန္သေဘာေပါက္မိၿပီး ယြီသံုႏွင့္အတူ လိုက္ရယ္လိုက္သည္။

ရွဖန္အတြက္ အလုပ္ရႈပ္မၫ့္ေန ့ျဖစ္ေသာေၾကာင့္ သူမတို႔ႏွစ္ေယာက္သည္ အခ်ိန္ဆြဲ‌မေနေတာ့ေပ။ရွဖန္သည္ ယြီသံုႏွင့္အတူ အခန္းအျပင္သို႔ထြက္လာၿပီး ကားပါကင္သို႔ သူမကို လိုက္ပို႔‌ေပးရန္ ရည္ရြယ္လိုက္သည္။

ေကာ္ရစ္ဒါတစ္ေလ်ွာက္ လမ္းေလ်ွာက္လာသၫ့္အခါ မ်ားစြာေသာ ဆရာ၀န္မ်ားႏွင့္ သူနာျပဳမ်ားသည္ သူမတို႔အား ဂုဏ္ျပဳစကားမ်ားေျပာလာၾကေလေသာေၾကာင့္ ယြီသံု ပေဟဠိျဖစ္စြာျဖင့္ ေမးလိုက္သည္။" သူတို႔က ဘယ္လိုလုပ္ၿပီး သိႏွင့္ေနတာလည္း? "

" ကိုယ္တို႔ကို ရလဒ္လာေပးသြားတဲ့ သူနာျပဳေၾကာင့္ပဲ ျဖစ္ရမယ္ "

ထိုစဉ္ ဒါရိုက္တာလီႏွင့္ဌာနမွဴးတို႔ျဖင့္ အမွတ္မထ‌င္ေတြ ့ဆံုမိၾကၿပီး ၎တို႔ကို ရပ္၍ ႏႈတ္ဆက္လိုက္သည္။

" ဘာကိစၥရိွလို႔လည္း?မင္းၾကၫ့္ရတာ ေပ်ာ္ေနတဲ့ပံုပဲ "ဌာနမွဴးက ေမးလာသည္။

" ဒီေကာင္ေလး...ရွဖန္က အေဖျဖစ္လာေတာ့မယ္ေလ "ထိုသို႔ေျပာၿပီး ဒါရိုက္တာလီက ရယ္ေလသည္။

" Oh!ေကာင္းတာေပါ့ "ဌာနမွဴးသည္လည္း အားရ၀မ္းသာ‌ေန‌ေလသည္။

ယြီသံု ကားတံခါးေပါက္ကိုဖြင့္ရင္း ရုတ္တရက္ သတိရသြားသည္။" ကြၽန္မတို႔ရဲ့မိဘေတြကို ဘယ္အခ်ိန္မွာ ေျပာမွာလည္း? "

" Oh...ဟုတ္သားပဲ။ကိုယ္ေမ့ေနတယ္။အခု ဖုန္း‌ေခၚလိုက္မယ္ " မာမားရွသည္ ေျမးအတြက္ ဆႏၵေစာလ်က္ရိွ‌သည္ကို သတိရသြားျပီး သူမကို အရင္ဖုန္း‌ေခၚလိုက္သည္။

" ဟယ္လို အေမ...အိမ္မွာလား?ကြၽန္ေတာ္ အေမ့ကို ေျပာစရာရိွတယ္ "၎ေနာက္ ရွဖန္ၿပံဳး၍ ယြီသံုကိုၾကၫ့္လိုက္သည္။" အေမ  အဘြားျဖစ္ေတာ့မယ္ဗ် "

" ဘယ္လို? "ရွဖန္‌ေျပာသၫ့္စကားမ်ားကို ၾကားလိုက္ရသၫ့္အခ်ိန္တြင္ မာမားရွသည္ အ၀တ္မ်ားလွန္း‌ေနေလသည္။၎ကို ၾကားၿပီးသၫ့္ေနာက္ မာမားရွသည္ အက်ႌခ်ိတ္မ်ားကို လႊင့္ပစ္လိုက္ျပီး ခင္ပြန္းျဖစ္သူကို ေအာ္ဟစ္လိုက္သည္။

မိခင္ျဖစ္သူ၏ ဗလံုးဗေထြးျဖင့္စိတ္လႈပ္ရွားေနသံကို ရွဖန္ၾကားလိုက္ရၿပ္ီး သူမ၏ႀကိဳတင္အိမ္မက္မွာ မွန္ကန္‌ေၾကာင္းေျပာေနေလသည္။ထို႔အျပင္ ဖခင္ျဖစ္သူက မိခင္ျဖစ္သူအား စိတ္တည္ၿငိမ္မႈရေစရန္ ႀကိဳးပမ္းေနမႈကိုလည္း ရွဖန္ ၾကားရေလသည္။

ရွဖန္ ေခါင္းခါရမ္း၍ ဖုန္းခ်လိုက္ၿပ္ီး ယြီသံုဘက္သို႔လွၫ့္လာကာ ပခံုးတြန႔္ျပေလသည္။" ခဏေတာ့ မင္းကို ဒုကၡေရာက္ေစဦးမယ္ ထင္တယ္။အေမက မင္းအတြက္ စြတ္ျပဳတ္ေတြ အမ်ားႀကီး ခ်က္ေနေတာ့မွာ... "

" ဒါဆို ရွင့္အေမေၾကာင့္ ကြၽန္မ၀လာေတာ့မွာပဲ။အဲ့ခါက်ရင္ ရွင္ ကြၽန္မကို မႀကိဳက္ဘဲေနလို႔ မရဘူးေနာ္ "

" ကိုယ္ မင္းအတြက္ တ၀က္ကူစားေပးမယ္ေလ။အတူတူ ၀က်တာ‌ေပါ့ကြာ ... "

" ကြၽန္မအေမက ဘာေျပာမလည္းမသိဘူး‌ေနာ္။ကြ်န္မတို ့လက္မထပ္ရေသးဘူးလို႔ပဲ သူကထင္ေနတာ "

ေယာကၡမျဖစ္သူသည္ ‌ေရွးရိုးဆန္သၫ့္အမ်ိဳးသမီးတစ္ဦးျဖစ္ေၾကာင္း ရွဖန္သိသည္။ထို႔ေနာက္ တံု႔ဆိုင္းသြားၿပီး‌ ယြီသံုကို အႀကံဳျပဳလာသည္။" အိမ္ျပန္ေရာက္ေရာက္ခ်င္း လက္ထပ္မွတ္ပံုတင္လိုက္တယ္လို႔ ကိုယ္တို ့‌ေျပာၾကမလား?ကိုယ္တို႔ရ‌‌ဲ့ မဂၤလာပြဲကလည္း ျပင္ဆင္ေနဆဲပဲေလ။Oh...စကားမစပ္ ဟိုင္နန္မွာတုန္းက အေမက မဂၤလာပြဲျပင္ဆင္ပံု ၄၊၅မ်ိဳး‌ေလာက္ အႀကံရလာတယ္လို႔ အေဖက ေျပာတယ္။ကိုယ္တို႔က တစ္ခုေရြးလိုက္ရံုပဲ "

" ရွင္က လက္ထပ္ဖို႔အတြက္ ခြင့္ရက္ရမွာလား? "

" ကိုယ္က အေဖျဖစ္ေတာ့မွာကို သူတို႔က ဘယ္လိုလုပ္ၿပီး ကိုယ့္ကို ခြင့္ရက္မေပးလို႔ရမွာလည္း? "ရွဖန္ ဟာသလုပ္၍ ေျပာလိုက္သည္။

သူ၏အ‌ေျဖေၾကာင့္ ယြီသံု‌ေက်နပ္သြားၿပီး ကားေမာင္းထြက္မလာခင္ ရွဖန္ကို တစ္ခ်က္နမ္းလိုက္သည္။ရွဖန္လည္း ရံုးခန္းထဲသို႔ ျပန္ဝင္မလာခင္ ယြီသံု၏ကား ေပ်ာက္ကြယ္သြားသည္အထိ ရပ္ၾကၫ့္ေနခဲ့သည္။

" ရွဖန္! "ခြ‌ဲစိတ္ခန္း၀တ္စံု ၀တ္ဆင္ထားဆျဲဖစ္သည့္ ေရွာက္ရိဖန္သည္ ရွဖန္ဆီသို႔ အေျပးေရာက္လာၿပီး လက္ေမာင္းကို လက္သီးျဖင့္ထိုးလာသည္။" ကေလးရလာတာကလည္း အရမ္းျမန္လိုက္တာ။ငါက single ပဲရိွေသးတာကို မင္းက ကေလးအေဖျဖစ္ေတာ့မယ္ "

" မနာလိုေနတာလား? "

" ဟုတ္မေနဘူး! "

" မနာလိုျဖစ္လို႔ရတယ္ "ရွဖန္သည္ ထိုင္ခံုေပၚ၌ တက္ႂကြလန္းဆန္းစြာထိုင္ေနၿပီး ေဆးမွတ္တမ္းမ်ားကို ေရးေနေလသည္။

" မင္းရဲ့ညီအစ္ကိုေကာင္းတစ္ေယာက္ကို ဒီလိုမ်ိဳးျပဳမူလိုက္တာလား? "ဘာပဲျဖစ္ျဖစ္...မင္းရဲ့သားကို ေဝမ်ွေပးရမွာပဲ "ေရွာက္ရိဖန္၏အသံသည္ အသံုးမက်သၫ့္ လူတစ္ေယာက္ကဲ့သို႔ ျဖစ္ေနေလသည္။

" တစ္ကယ္လို႔ ငါက သမီးရလာခဲ့ရင္ေရာ? "

" မင္း သမီးရလာမယ္ဆိုရင္‌ေတာ့ ေသခ်ာဂရုစိုက္သင့္တယ္ "ေရွာက္ရိဖန္က စလိုက္သည္။" ငါက ေကာင္မ‌ေလးေတြနဲ႔ ခ်ိန္းေတြ ့ရတာကို သေဘာက်တယ္ဆိုတာ မင္းသိတယ္မလား? "

" သြားေသလိုက္ေတာ့! "ရွဖန္သည္ ေရွာက္ရိဖန္ဆီသို႔ ေဘာပင္ျဖင့္ လွမ္းပစ္လိုက္သည္။

ရွန္းေရွာင္ယြဲ႔၏စတူဒီယို၌ ရွန္းေရွာင္ယြဲ႔သည္ ယြီသံု၏ဗိုက္ကို ေငးၾကၫ့္ရင္း ဆိုဖာအေရွ ့၌ ေဆာင့္ေၾကာင့္ထိုင္ေနေလသည္။" နင္ တစ္ကယ္ပဲ ကိုယ္၀န္ရိွေနတာလား? "

သူမ၏မယံုနိုင္ျဖစ္ေနသၫ့္ အမူအရာေၾကာင့္ ယြီသံုႏွင့္ရန္ရွင္းရွင္းတို႔ ရယ္လိုက္ၾကသည္။

" သိပ္မၾကာခင္က နင္မိတ္ကပ္မလိမ္းပဲနဲ႔ေတာင္မွ ပိုၾကၫ့္ကာင္းလာတာ အံ့ဩစရာမရိွပါဘူး "ရွန္းေရွာင္ယြဲ႔က စိတ္လႈပ္ရွားစြာျဖင့္ေျပာေလသည္။" ကိုယ္၀န္က လူေတြကို ပိုလွလာေအာင္ျပဳလုပ္ေပး ႏိုင္တယ္လား? "

" နင္ေရာ ဘာလို႔ မႀကိဳးစားၾကၫ့္ေသးတာလည္း? "ထိုသို႔ေျပာၿပီး ယြီသံု ဟားတိုက္ရယ္လိုက္သည္။

" မင္း ႀကိဳးစားၾကၫ့္သင့္တယ္။မဟုတ္ရင္ လာဘ္ထိုးရတာနဲ႔ပဲ ကိုယ့္ပိုက္ဆံေတြကုန္ေတာ့မယ္...ကိုယ္ဆိုလိုတာက မင္းကိုလိုက္တာကို ေျပာတာေနာ္ "ခ်င္ယြဲ႔သည္ ရွန္းေရွာင္ယြဲ႔အလုပ္ၿပီးဆံုးမၫ့္အခ်ိန္ကို ေစာင့္ဆိုင္းေနေလသည္။

" ရွင္က ဘာလို႔ ဒီမွာ ရိွေနတုန္းလည္း?အရွက္မရိွတဲ့လူႀကီးရဲ့! "ရွန္းေရွာင္ယြဲ႔က လွၫ့္၍ ခ်င္ယြဲ႔ကို ေအာ္ဟစ္လိုက္သည္။

" ဟန္နီ...ျပႆနာမလုပ္ပါနဲ႔ကြာ။မေန ့ညက ကိစၥအားလံုးက ကိုယ့္အမွားဆိုတာ ကိုယ္သိပါတယ္ "

" Oh... "ယြီသံုႏွင့္ရန္ရွင္းရွင္းတို႔သည္ ဒြိဟျဖစ္ေနသၫ့္အမူအရာျဖင့္ ရွန္းေရွာင္ယြဲ႔ကို ၾကၫ့္လာၾကသည္။

ရွန္းေရွာင္ယြဲ႔၏မ်က္နွာသည္ နီရဲလာၿပီး အရွက္မရိွသၫ့္ ထိုလူကို သူမ၏အိတ္ျဖင့္ ရိုက္ႏွက္ခ်င္ေနေလသည္။ခ်င္ယြဲ႔က မပုန္းကြယ္ဘဲ ရွန္းေရွာင္ယြဲ႔၏အိတ္ကို အေၾကာက္အလန႔္မရိွ ၾကၫ့္လိုက္သည္။
" လာၿပီး ကိုယ့္ကို ရိုက္ပစ္လိုက္ပါ။ျပီးရင္ မင္း ကိုယ့္ကို မင္းကိုယ္တိုင္ ေဆးရံုလိုက္ပို႔ရမွာကိုေတာ့ သတိရထားေနာ္ "

" ရွင္... "သာမန္၀တ္စားဆင္ယင္ထားသၫ့္အမ်ိဳးသားသည္ အဘယ္ေၾကာင့္အရမ္းဆိုးညစ္ေနရသည္ကို ရွန္းေရွာင္ယြဲ႔နားမလည္ႏိုင္ေတာ့ေပ။

ရွန္းေရွာင္ယြဲ႔အမွန္တစ္ကယ္ေပါက္ကြဲေတာ့မည္ကို ရန္ရွင္းရွင္းျမင္ေသာအခါ စကားေျပာင္းၿပီး ယြီသံုကိုေမးလိုက္သည္။" အဲ့ဒီေတာ့ နင္ မဂၤလာ‌ေဆာင္ဖို႔ စျပင္ဆင္ေနၿပီလား? "

ယြီသံု ေခါင္းၿငိမ့္ျပလိုက္သည္။" ရွဖန္ လက္ထပ္ဖို႔ ခြင့္ရက္ရတဲ့အေပၚမွာပဲမူတည္‌ေနတယ္။နင္သိတဲ့အတိုင္း ေဆးရံုက အၿမဲအလုပ္ရႈပ္ေနတာဆိုေတာ့ "

" အဲ့ဒါအျပင္ မဂၤလာခန္းမကို အခ်ိန္နီးမွ ဌားလို႔မရႏိုင္ဘူးေနာ္ "ရန္ရွင္းရွင္းသည္ ထိုအေၾကာင္းကို စိုးရိမ္ေနေလ၏။မဂၤလာခန္းမမ်ားသည္ လအနည္းငယ္ႀကိဳဌားရသၫ့္အျပင္ ရွာေဖြရန္လည္း ခက္ခဲလွေပသည္။

" အဲ့ဒီအတြက္ စိတ္မပူပါနဲ႔...ဖန္ဖန္းဝိုင္ထုတ္လုပ္တဲ့ေနရာကို သံုးလို႔ရတာပဲ "ရွန္းေရွာင္ယြဲ႔က ခ်င္ယြဲ႔ဘက္သို႔ လွၫ့္ကာ ေျပာလိုက္သည္။" ကြၽန္မအတြက္ ဝိုင္ထုတ္လုပ္တဲ့ေနရာကို အလြတ္ထားေပးပါ "

" ေကာင္းပါၿပီကြာ...ကိုယ္လည္း အဲ့တာကို သိပ္မၾကာခင္ကမွ ဝယ္ထားခဲ့တာ။ကိုယ္ဖုန္းဆက္ျပီး အဆင္သင့္ျဖစ္ေအာင္ ျပင္ထားခိုင္းလိုက္ပါမယ္ "ခ်င္ယြဲ႔က ၿပံဳး၍ ျပန္ေျဖလိုက္သည္။

ရန္ရွင္းရွင္းက ဖံုးကြယ္၍ ၿပံဳးၿဖဲျဖဲလုပ္ေနသည္ကို ယြီသံု မ်က္ခံုးပင့္ျပလိုက္သည္။ယြီသံုလည္း ခ်င္ယြဲ႔ဆီသို႔ လမ္းေလ်ွာက္သြားၿပီး လက္မ‌ေထာင္၍အတည္ျပဳခ်က္ယူလိုက္သည္။

ခ်င္ယြဲ႔ကလည္း သူ၏လက္ညိွုးကို ႏွာေခါင္းအေရွ ့၌ထား၍ မ်က္လံုးမိွတ္ျပလိုက္သည္။

လက္ရိွအေျခအေနကို ယြီသံုႏွစ္သက္သေဘာက်ေလသည္။ရွန္းေရွာင္ယြဲ႔နွင့္ခ်င္ယြဲ႔သည္ ယခုေလာေလာဆယ္၌ ေပ်ာ္ရႊင္စြာျဖင့္ ကေတာက္ကဆျငင္းခံုရန္ျဖစ္ၾကရင္း ၎တို ့လက္ထပ္ရန္လည္း သိပ္မလိုေတာ့ေပ။

ရန္ရွင္းရွင္းသည္ ေခါင္းေလာင္းေလးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေပးသၫ့္သူငယ္ခ်င္းမ်ားနွင့္အတူ ပိုေကာင္းမြန္၍ ေပ်ာ္ရႊင္ဖြယ္ဘ၀ကို ပိုင္ဆိုင္ရရိွေနထိုင္ေနေလသည္။

ၿပီးေတာ့ ယြီသံုကေရာ?သူမသည္ တစ္စံုတစ္ေယာက္ႏွင့္ က‌ေလးရရိွလိမ့္မည္ဟု ယြီသံု မည္သည့္အခါမွ မေတြးခဲ့မိေပ။သူမ ကေလးမ်ားကို အၿမဲသေဘာက်ႏွစ္သက္ေသာ္လည္း ေမ်ွာ္လင့္ေတာင့္တျခင္းမ်ား မရိွေပ။

ကေလးမ်ားသည္ သူမ၏ယခင္ဘ၀က မိခင္ျဖစ္သူ၏ သူမကို လက္ထပ္ရန္ဖိအားေပးမႈအတြက္ ထူးကဲလွသၫ့္လက္နက္တစ္ခုျဖစ္သည္။မာမားယြီသည္ ယြီသံုအနာဂတ္၏  ေမ်ွာ္လင့္အားရဖြယ္မရိွသၫ့္ ပန္းခ်ီကားမ်ားကို အၿမဲေဆးျခယ္ေလ့ရိွသည္။

ကေလးမရိွပါက သူမကို မည္သူကမွ သတိရလိမ့္မည္မဟုတ္ဟုလည္း ေျပာေသးသည္။ယြီသံုသည္ တစ္ေယာက္တည္းစား၊တ္ေယာက္တည္းအိပ္၊တစ္ေယာက္တည္းေဈး၀ယ္ေလ့ရျိွပီး သူမကို ကိုင္တြဲေပးရန္ မည္သူမွ မရိွ‌ေပ။သူမ ေနမေကာင္းလ်ွင္ေတာင္မွ သူမကိုဂရုစိုက္ၿပီး သက္ေတာင့္သက္သာျဖစ္ေစမၫ့္သူ မည္သူမွ မရိွေပ။

ကေလးေတြကို အသက္အရြယ္ႀကီးလာတဲ့အခ်ိန္မွာ ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ‌ပ်ိဳးေထာင္ေပးခဲ့ၾကတာလား?

ထိုအခိုက္ ထိုစကားမ်ားသည္ မမွန္ကန္ေၾကာင္း ယြီသံုနားလည္သေဘာ‌ေပါက္သြားသည္။က‌ေလး‌ေမြးဖြားလာျခင္းသည္ ‌ေပ်ာ္ရႊင္၍ေကာင္းခ်‌ီး‌ေပးသလို အမွန္တစ္ကယ္ ခံစားရေစသည္။

ေကာင္းကင္ဘံုမွ နတ္သက္ေႂကြလာသကဲ့သို႔ ကေလးေရာက္ရိွလာမႈသည္ သူမတို႔ကို ေပ်ာ္ရႊင္၀မ္းေျမာက္ေစသည္။

>>>>

ကေလးေလးေရာက္လာပါၿပီ❣️

T.B.C
8.11.2021

Continue Reading

You'll Also Like

84.4K 8.4K 52
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 Every friday, bonus day⭐ (စဆုံးPaid gp c...
277K 22.8K 39
Original arthur - Hanabi7050 Original story - Emperor's cute Empress ( Mini story ) Chapter - 39 chapters ( completed ) I don't own t...
404K 38.2K 176
Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Translation Genre: Drama, Romance This co...
262K 32.6K 46
ႏွစ္​​ေပါင္​းမ်ားစြာ ၾကာၿပီး​ေနာက္​ အား​ေက်ာ​င္​းတစ္​​ေယာက္​ သူမ၏သားစဥ္​​ေျမးဆက္​တို႔ကို သူမဘဝအ​ေၾကာင္​းအား​ေျပာျပ​ေန​ေလသည္​။ "အစက​ေတာ့ ငါက အဲ့ဒီလူရဲ...