Rebirth on the Doors to the C...

By _Ccally_

527K 73K 2.6K

I don't own this story and all credit to the author(s) and english translator(s)!!! More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16.1
Chapter 16.2
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31_1
Chapter 31_2
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Extra 1
Extra 2
Extra 3

Chapter 53

5.6K 867 33
By _Ccally_

Unicode

ဆေးရုံ၏အုပ်ချုပ်ရေးအဖွဲ့သည် ဆရာဝန်နှင့်လူနာအကြားရှိ အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ မကြာခဏဆိုသလိုပင် အတွေ့အကြုံအများအပြားရှိ‌‌လေသည်။အိမ်တွင်ရှိသည့် ‌လေသာ‌ဆောင်၌ အပြည့်အစုံ မခင်းကျင်းရ‌သေးခင် ရှဖန်အလုပ်ပြန်ဝင်ခဲ့ရသည်။

ထို့ကြောင့် လေ‌သာဆောင်ကို ယွီသုံက နေ့စဉ်နေ့တိုင်း ပြင်ဆင်ပြီး မနက်ခင်းတိုင်း အသစ်အသစ်သောအရာများနှင့် ရှဖန်ကို အံ့ဩအောင်လုပ်နေလေ၏။

ဖေဖော်ဝါရီလကုန်ဆုံးလာခဲ့ပြီး မတ်လသို့ ကူးပြောင်းလာခဲ့ပြီးဖြစ်သည်။ရှဖန်ရှေ့သို့ အန်အန်းနောက်ထပ်ပေါ်လာသည့်အချိန်မှ သူမကိုမတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ရှဖန်သတိထားမိလိုက်သည်။

" ရှင် အခု အချိန်ရလား? "အန်အန်းသည် ရှဖန် roundလှည့်ပြီးမည့်အချိန်ကို သေချာစောင့်နေလေသည်။

" အမ်...ရပါတယ် "ရှဖန်သည် အနည်းငယ် အံ့အားသင့်သွားသည်။

" ပန်းခြံဘက် လမ်းလျှောက်ရအောင် "အန်အန်းက အဆိုပြုလာသည်။

" အာ... "သဘောတူရမည်လား တွေးတောရင်း ရှဖန် တုံ့ဆိုင်းသွားသည်။

" Ah...ရှင် မမှတ်မိဘူးလား? "အန်အန်း ရုတ်တရက် ထရယ်လေသည်။

" ဘာကိုလည်း? "

" တစ်လကူးပြောင်းအစီအစဉ်က ပြီးသွားပြီလေ။ကျွန်မ ဒီနေ့ည အမေရိကကို ပြန်တော့မှာ "

ရှဖန် ထိတ်လန့်သွားပြီး အနည်းငယ် ကသိကအောက်ဖြစ်ဟန်ဖြင့် အန်အန်းကို လှမ်းကြည့်လာသည်။

‌ဆေးရုံ ပန်းခြံသည် လမ်းလျှောက်နေသည့် လူနာများနှင့်အတူ နှစ်သက်ဖွယ်ကောင်းသည့် ပန်းများဖြင့် ပြည့်နှက်နေသည်။အန်အန်း ထိုမြင်ကွင်းကို ကြည့်ရင်း ညည်းညူလိုက်သည်။" ရှင်က ကျွန်မထက် ၂နှစ်စောပြီးတော့ ဘွဲ့ရပြီးတဲ့အပြင် ဒီဆေးရုံကို ဘွဲ့ရပြီးပြီးချင်း ရောက်လာခဲ့တယ် "

" အင်း "ရှဖန် ခေါင်းငြိမ့်လိုက်သည်။

" ဒါပေမယ့် ဒါက ဒီပန်းခြံတစ်ဝိုက် လမ်းလျှောက်ဖူးတာတော့ ပထမဆုံးအကြိမ်ပဲ "အန်အန်း ‌ပြန်လည်တွေးတောနေ‌လေသည်။

" မင်း internဆင်းတုန်းက မင်းကိုတွေ့ဖို့ ငါကပဲအများဆုံး ရောက်လာခဲ့တာ‌လေ "ရှဖန် အနည်းငယ်စဉ်းစားပြီးမှ ပြောလိုက်သည်။

" အဲ့ဒီအချိန်တွေတုန်းက ကျွန်မတို့အားလုံး အလုပ်ရှုပ်နေကြပုံရတယ်။ကျွန်မတို့ဘယ်တုန်းက ရုပ်ရှင်တူတူကြည့်ခဲ့လည်းဆိုတာ မမှတ်မိတော့ဘူး "

အန်အန်းသည် အဘယ်ကြောင့် ထိုကဲ့သို့သောအရာများအား ရုတ်တရက် ပြောဆိုလာသည်ကို ရှဖန်မသိ‌သောကြောင့် လျှောက်နေသည့် ခြေလှမ်းများပေါ်၌သာ အာရုံထား၍ တိတ်တဆိတ်သာ နေလိုက်သည်။

" ရှင်က ကျွန်မအပိုင်လို့ပဲ အမြဲမှတ်ယူစဉ်းစားထားတဲ့အတွက် တခြားကျွန်မမပိုင်သေးတဲ့အရာတွေပေါ်မှာပဲ ကျွန်မ ပိုပြီးအာရုံစိုက်ထားခဲ့တယ်။ဒါပေမယ့် ကျွန်မမှာ မရှိသေးတဲ့အရာ‌တွေနောက် လိုက်နေရင်းနဲ့ အလုပ်ရှုပ်ပြီးတော့ မတော်တဆ ရှင့်ကို ဆုံးရှူံးလိုက်ရပြီ "

" အန်အန်း "

" မစိုးရိမ်ပါနဲ့...ကျွန်မ ဒီလိုတွေပြောတာကလည်း ဘာအဓိပ္ပာယ်မှ မရှိပါဘူး "အန်အန်း လှည့်လာပြီး ရှဖန်၏မျက်လုံးများကို ကြည့်လိုက်သည်။" အဲ့ဒီနေ့တုန်းက lockerနားလေးမှာ ရှင် ယွီသုံကို ဖုန်းခေါ်နေတာ ကြားလိုက်တယ် "

" ကျွန်မတို့ အချိန်အကြာကြီး အတူတူရှိခဲ့ကြတော့ ကျွန်မ ရှင့်အကြောင်းကို ကောင်းကောင်းသိတယ်လို့ အမြဲတွေးခဲ့မိတယ်...အဲ့ဒီအချိန် မတိုင်ခင်အထိ... "အန်းအန်း ခေါင်းငုံ့သွားသည်။" ရှင့်အတွက် ကျွန်မထက် သူက ပိုသင့်တော်တယ်လို့ ကျွန်မထင်တယ် "

" အန်အန်း.. "ရှဖန်ပြောလိုက်သည်။" မင်းနဲ့ ယွီသုံက လုံးဝကွဲပြားတယ် "

" အဲ့တာကြောင့်...သူက ကျွန်မထက် ပိုသင့်တော်တယ်လို့ "အန်အန်း သူမကိုယ်တိုင် အဆုံးသတ်ကာ ပြောဆိုလိုက်သည်။

ရှဖန်သည် သူမအား မည်ကဲ့သို့ ပြန်ဖြေရမည်မှန်းမသိသော်လည်း အန်အန်းက သူ၏အမူအရာကို ကြည့်၍ သူ၏အတွေးတို့ကို ပြောဆိုသွားလေသည်။

အမှန်တကယ်၌ ယခုကာလများအတွင်းတွင် အန်အန်းသည်လည်း ထိုအကြောင်းများကို အပြင်းအထန်စဉ်းစားနေခဲ့သည်။၎င်းတို့နှစ်ယောက်သည် ဆရာဝန်များဖြစ်ကြသည့်အတွက် နှစ်ယောက်လုံးအလုပ်ရှုပ်ကြသည်။dateလုပ်ရန်လည်း အလွန်အလုပ်ရှုပ်ပြ်ီး နှစ်ဖက်မိဘများကိုတွေ့ဆုံရန်လည်း အလွန်အလုပ်ရှုပ်သည်။လက်ထပ်ရန်လည်း အလွန်အလုပ်ရှုပ်သည်။၎င်းတို့၏အချစ်များသည်လည်း အချိန်အတော်ကြာအောင်ဆိုးဝါးယိုယွင်းလာ‌နေသည်ကိုလည်း နားလည်နိုင်ရန် အလွန်အလုပ်ရှုပ်သည်။

သူမ အရွယ်ရောက်လာရန် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရပြီး ရှဖန်ကို မဆုံရှုံးရန်အတွက်လည်း ဆရာဝန်တစ်ယောက်ဖြစ်လာရန် အပြင်းအထန်ကြိုးပမ်းခဲ့ရသည်။အဆုံးမှာတော့ ဒါတွေအားလုံးက ဘာအတွက်လည်း?သူရဲ့နောက်မှာ ဝင့်ဝင့်ကြွားကြွားနဲ့ နေနိုင်ဖို့လား?ဒါမှမဟုတ် သူမရဲ့ကိုယ်ပိုင်ရည်မှန်းချက်‌တွေကြောင့်လား?

" ကျွန်မ ရှင့်ကို လက်စွပ် ပြန်မပေးနိုင်ဘူး "အန်အန်းက ရုတ်တရက် ပြောလာသည်။

" ဟင်? "သူမသည် စိန်လက်စွပ်အကြောင်းပြောနေသည်ကို ရှဖန် သဘောပေါက်လိုက်သည်။

" ကျွန်မ ဒါကို အမှတ်တရပစ္စည်းတစ်ခုအဖြစ် သိမ်းထားချင်လို့။ကျွန်မ ဒီလိုမျိုး လူကောင်းတစ်ယောက်ကို လက်လွှတ်ဆုံရှုံးခဲ့ရပါလားဆိုပြီး အမှတ်ရစေဖို့လေ "ရုတ်တရက် ပေါ့ပေါ့ပါးပါးဖြင့် အန်အန်းရယ်လိုက်သည်။အရာအားလုံးကို လွှတ်ချပြီးသွားတဲ့နောက်မှာ ကိစ္စတွေက ကိုယ်စိတ်ကူးထားသလိုမျိုး ဖြစ်မလာဘူးဆိုတာ သိမြင်လာပါလိမ့်မယ်...

ရှဖန် အန်အန်းအား ပေါ့‌ပါးသည့်အပြုံးဖြင့် ပြုံးပြလိုက်သည်။

" ခွဲခွာတဲ့လက်ဆောင်‌အနေနဲ့ ကျွန်မအတွက် အကြံပေးချင်တာများ ရှိလား? "အန်အန်း စနောက်၍ မေးလိုက်သည်။

" အကြံဉာဏ်? "ရှဖန် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် အန်အန်းကို ပြောလိုက်သည်။" တစ်စုံတစ်ယောက်က မင်းကို တစ်ခါထက်ပိုပြီး လက်ထပ်ခွင့်တောင်းလာရင်တော့ မင်း အသေအချာ စဉ်းစားတွေး‌ပေးသင့်တယ် "

အန်အန်းမှင်သက်သွားပြီးနောက် အပြုံးကြီးပြုံးလိုက်သည်။ရှဖန်လည်း ထိုအခါမှ သူ၏စကားသည် အနည်းငယ်ရယ်စရာ‌ဖြစ်နေသည်ကို သဘောပေါက်သွားပြီး ခေါင်းကိုကုတ်လိုက်သည်။၎င်းတို့နှစ်‌ယောက်သည် ရောင်စုံပန်းပွင့်များအကြား၌ရပ်၍ ပြေလည်သွားကာ စိတ်နှလုံး‌ပေါ့ပေါ့ပါးပါးဖြင့် ရယ်မောလိုက်ကြသည်။

အန်အန်းပြန်လာရန် အချိန်အတော်ကြာလိမ့်မည်ဖြစ်ကြောင်း ရှဖန်သိသဖြင့်  မည်သည့်အချိန်၌ ပြန်လာမည်နည်းဟု မမေးတော့ပေ။သို့သော် သူတို့ နောက်တစ်ကြိမ်ထပ်ဆုံသည့်အခါတွင်မူ သူငယ်ချင်းများအဖြစ် အချင်းချင်း ကြိုဆိုနှုတ်ဆက်နိုင်ပြီဖြစ်သည်။

အသံလွှင့်ဌာနရှိ အသံသွင်းခန်းထဲ၌ ယွီသုံသည် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသည့်အခါ သီချင်းထုတ်လွှင့်မှုကို ရပ်တန့်လိုက်သည်။သူမ၏မျက်နှာသည် လန်းဆန်းတက်ကြွနေပြီး မျက်ဝန်းများမှာလည်း တောက်ပ‌နေလေသည်။တက်ကြွလန်းဆန်းသည့် နှုတ်ဆက်စကားဆိုပြီးသည့်နောက် ခေါ်ဆိုလာသည့်ဖုန်းကို လက်ခံဖြေကြားရန် စီနီယာယွီက လက်ဟန်ခြေဟန်ပြလာသည်။

" ကောင်းပါပြီ...ဒါက ဒီနေ့ည ကျွန်မတို့ရဲ့ နောက်ဆုံး ဖုန်း‌ဖြေကြားမှုပါ။Mr.Strongလား...Ms.Beautifulလားဆိုတာတော့ ကျွန်မ မသိသေးပါဘူး "

" Hello...Fish Jelly...hello! "ရှင်းလင်းသည့် အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။

" Hello...hello "ယွီသုံ ရယ်လိုက်သည်။" ရှင့်ရဲ့အသံကို နားထောင်ရတာ ငယ်သေးတဲ့ပုံပဲ "

" တက္ကသိုလ် စီနီယာအတန်းကပါ "Mr.Strongက ပြန်ဖြေလာသည်။

" ဘွဲ့ယူရမယ့်နှစ်က စီနီယာတစ်ယောက်လား?အလုပ်လုပ်ရတာ အခက်အခဲရှိလို့လား? "

" လူသစ်စုဆောင်းရေးအတွက် အလုပ်တစ်ခုရှာခဲ့တာ အချိန်အတော်ကြာပါပြီ "

" အချက်အချာကျတဲ့ လုပ်ငန်းမှာ ဝင်ယောက်နိုင်တဲ့ စီနီယာတစ်ယောက်ဖြစ်လို့ တစ်ကယ်ဂုဏ်ယူပါတယ်..မင်းရဲ့ကျောင်းနဲ့အရည်အချင်းက တစ်ကယ်ကောင်းတာပဲ "ယွီသုံ ချီးမွမ်းလိုက်သည်။

" ကျေးဇူးပါဗျာ "ထိုအမျိုးသား၏အသံ၌ ပျော်ရွှင်တက်ကြြွခင်းများ မရှိပေ။

" ဒါဆို ဒီနေ့ညမှာ ပြောပြချင်တဲ့ဇာတ်လမ်းက ဘာဖြစ်မလည်းမသိဘူး? "

" ကျွန်တော့်ချစ်သူနဲ့ ပြတ်ဆဲသင့်လားဆိုတာ ကျွန်တော်...ကျွန်တော် သိချင်လို့ပါ "Mr.Strongက တုံ့တုံ့ဆိုင်းဆိုင်းဖြင့် မေးလာသည်။

ယွီသုံလည်း မှင်သက်သွားပြီးနောက် မှန်းဆ၍ မေးလိုက်သည်။" မင်းတို့နှစ်ယောက် အလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့မြို့တွေက မတူလို့လား? "

ဘွဲ့ယူသည့်ရာသီသည် အတွဲများပြတ်ဆဲကြသည့် ရာသီဖြစ်သည်။မရေမတွက်နိုင်သည့် ရာသီများရှိသော်လည်း ထိုရာသီမှာ အများဆုံးဖြစ်သည်။

" မဟုတ်ဘူး...ကျွန်တော်တို့က တစ်မြို့တည်းမှာပဲ ရှိနေကြမှာပါ " ယွီသုံမေးစရာမလိုဘဲ Mr.Strongက ဆက်ပြောလာသည်။" ကျွန်တော် ဒီနေ့အိမ်ပြန်တဲ့အချိန် မိသားစုထဲက ပိုအောင်မြင်တဲ့ အကြီးတစ်ယောက်နဲ့ တွေ့ခဲ့ပြီတော့ သူက ကျွန်တော့်ကို တချို့အရာတွေ ပြောလာခဲ့တယ် "

" ကျွန်တော်ရဲ့အနာဂတ်တက်လမ်းကို အ‌ထောက်အကူမဖြစ်လို့ အခုချိန်မှာ ရည်းစားမထားသင့်ဘူးလို့ သူကပြောတယ်။ပြီးတော့ သူရဲ့သူငယ်ချင်းဖြစ်တဲ့ ရှောင်ဟဲ့အကြောင်း ပြောပြတယ်။ရှောင်ဟဲ့က နိုင်ငံခြားမှာ ပညာသင်နေတဲ့ အရမ်းတော်တဲ့ လူတစ်ယောက်ဖြစ်ပြီး‌တော့ သူပြန်လာတဲ့အချိန် အချက်အချာလုပ်ငန်းတစ်ခုဆီမှာ အရမ်း‌ကောင်းတဲ့ အလုပ်တစ်ခု ရလာခဲ့တယ်။သူရဲ့ ပညာအရည်အချင်းရယ်၊စွမ်းရည်တွေရယ်၊ရုပ်ချောတာရယ် ပေါင်းလိုက်တော့ သူက ခေါင်းဆောင်စီနီယာတွေရဲ့ အာရုံအစိုက်ခံရတာပေါ့ "

" ခေါင်းဆောင်တွေရဲ့ မိန်းမတွေက သူ့ကို__ singleလား?ရည်းစားရှိလား?သူတို့ရဲ့သမီးတွေ၊တူမတွေနဲ့မိတ်ဆက်ပေးရမလား? __ဆိုပြီး ‌မေးလာကြပေမယ့် ရှောင်ဟဲ့မှာ နှစ်အတော်ကြာအောင် တွဲလာခဲ့တဲ့သူရှိတယ်။

" သူရဲ့ချစ်သူက သာမန်မိန်းကလေးတစ်ယောက်ပါပဲ။သူ(မ)မှာ ထွေထွေထူးထူးအရည်အ‌သွေးမရှိသလို တခြားထွေးထွေထူးထူး မကောင်းတာလည်း မရှိဘူး။ဒါ‌ကြောင့် ရှောင်ဟဲ့က သူမနဲ့ မပြတ်ဆဲနိုင်ခဲ့ဘူးတဲ့။သိပ်မကြာခင် သူလိုပဲ အရည်အချင်းရှိ၊ရုပ်ရည်ချောမောပြီး singleဖြစ်နေတာပဲကွဲပြားတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူတို့ရဲ့ဌာနကို ရောက်လာခဲ့တယ် "

" အဲ့လိုနဲ့ စီနီယာရဲ့ဇနီးက အဲ့ဒီတစ်ယောက်ကို ငယ်ရွယ်၊ချော‌မော၊ပညာတတ်တဲ့ မိသားစုကောင်းကောင်းထဲက အမျိုးသမီးလေးတစ်ယောက်နဲ့ မိတ်ဆက်‌ပေးခဲ့တယ်။အဲ့ဒီလုပ်ဖော်ကိုင်ဘက်က အဲ့ဒီမိန်းကလေးနဲ့ မြင်မြင်ချင်းမှာပဲ ချစ်ကျွမ်းဝင်သွားခဲ့ပြီးတော့ အချိန်တိုတွင်းမှာပဲ လက်ထပ်လိုက်တာပေါ့။အဲ့ဒီ‌နောက်မှာ သူက ကားတွေ...အိမ်တွေနဲ့ အဆင့်မြင့်သွားခဲ့ပြီးတော့...သူ့ကို အတောင်ပံ တတ်ပေးလိုက်သလိုပဲတဲ့... "

" ရှောင်ဟဲ့ကတော့ ချေးငွေယူပြီးတော့ ၆၀စတုန်းမီတာရှိတဲ့အခန်းလေးထဲမှာ သူ့ချစ်သူနဲ့ နေရတယ် "Mr.Strongက ဆက်ပြောလာသည်။" ရှောင်ဟဲ့ ‌နောင်တမရဘူးလားလို့ ကျွန်တော့်မိသားစုထဲက တစ်ယောက်က‌မေးလာတော့ သူပြောတာ နောင်တရခဲ့တယ်တဲ့... "

" သူက အဲ့ဒီဇာတ်လမ်းကို ပြောပြီးသွားတော့ အနာဂတ်မှာ ဒီလိုတူညီတဲ့အခြေအနေမျိုး ကျွန်တော် ကြုံတွေ့လာခဲ့ရင် ပိုကောင်းတဲ့မိန်းကလေးနဲ့ တွေ့ဆုံသင့်တယ်လို့ သူကပြောတယ်။အဲ့တာ‌ကြောင့် ကျွန်တော်က လုံးဝမကောင်းတဲ့လူတစ်ယောက် မဖြစ်ချင်တော့ တက္ကသိုလ်ပြီးရင် အချစ်ဆိုတဲ့အရာကို ကျွန်တော်နဲ့အတူ သယ်မသွားသင့်ဘူးလားလို့ပါ "

" ကျွန်တော် နည်းနည်းစိတ်ရှုပ်လာတယ်။ဘဝက အဲ့ဒီလိုမျိုး အနုစိတ်တွက်ချက်ဖို့လိုလို့လား?ကျွန်တော်ရဲ့အစ်ကိုပြောတာကို ယုံကြည်သင့်လား?ဘာလို့လည်းဆိုတော့ သူရဲ့အလုပ်အကိုင်ကလည်း‌ကောင်းပြီးတော့ လှပတင့်တယ်တဲ့ဇနီးလည်းရှိနေတဲ့အပြင် အရမ်းအောင်မြင်နေလို့လေ "

ယွီသုံမျက်ခုံးများကို ပင့်တင်လိုက်ပြီး သူမ၏မျက်နှာသည် အနည်းငယ်တွန့်ဆုတ်သွားသည်။" မင်းအစ်ကိုရဲ့အတွေးတွေက မှန်သလားဆိုပြီး စိတ်ရှုပ်နေတာလား? ... ဒါမှမဟုတ် ... လမ်းခွဲသင့်လားဆိုပြီး စိတ်ရှုပ်နေတာလား? "

" ကွဲပြားမှုရှိလို့လား? "Mr.Strongက မေးလာသည်။

" လူတိုင်းလူတိုင်းက ဘဝမှာ ‌ရွေးချယ်မှုတွေ ပြုလုပ်ကြပြီးတော့ အဆုံးသတ်မှာတော့ အဲ့ဒီဆုံးဖြတ်ချက်တွေနဲ့ပဲ ကျွန်မတို့ နေထိုင်ကြရတာလေ။ဒါပေမယ့် လမ်းခွဲရမလား၊မခွဲရမလားဆြိုပီး တုန့်ဆိုင်းနေတယ်လို့ရှင်ပြောလာတဲ့အချိန် ရှင်ရဲ့နက်နဲတဲ့နှလုံးသားထဲမှာ လမ်းခွဲဖို့အတွက် ဆုံးဖြတ်ပြီးသားဖြစ်နေပြီလေ "

" မဟုတ်ပါဘူး...ကျွန်တော် တကယ်ကို တွန့်ဆုတ်နေတာပါ "
Mr.Strongသည် အကျဉ်းအကြပ်ထဲ၌ ရောက်နေလေသည်။" တစ်ခါတစ်လေ campusထဲမှာ လမ်းလျှောက်ရင်း သူ(မ)အကြောင်းကိုတွေးမိရင် ပန်းပွင့်လေးတွေရဲ့‌မွှေးရနံ့တစ်ခုလိုပဲ "

" ဒါပေမယ့် ပိုကောင်း၊ပိုလြှပီး ပိုမွှေးတဲ့ ပန်းတွေကလည်း ရှိနေပြန်ရောဖြစ်နေတယ် "ယွီသုံက ကရုဏာသက်စွာဖြင့် ပြောလိုက်သည်။

" မင်း သူနဲ့ လမ်းခွဲသင့်တယ်။မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဒီထက်ပိုပြီး မလိုက်ဖက်တော့ဘူး "ယွီသုံ၏အသံမှာ ခံစားချက်ပြင်းထန်နေသည့်အသံမျိုးဖြစ်သည်။" မင်းက လုံးဝကိုမကောင်းတဲ့ လူ‌တစ်‌ယောက်ဖြစ်မလာခင်ပေါ့ "

" ကျွန်တော်က မကောင်းတဲ့လူလား? "Mr.Strong၏အသံမှာ ထိတ်လန့်ချောက်ချားနေလေသည်။

" မင်းက မကောင်းတဲ့လူ မဟုတ်ပါဘူး...ပြတ်သားတဲ့ ရည်မှန်းချက် ရှိတဲ့ လူတစ်ယောက်ပါ "ထို့နောက် ဖုန်းမချခင် ယွီသုံ နောက်ဆုံးကျန်‌နေသည့်စာကြောင်းကို ပြောလိုက်သည်။" ရှင်အောင်မြင်ပါစေလို့ ကျွန်မဆုတောင်းပါတယ်! "

သူမတို့ရဲ့လူမှုပတ်ဝန်းကျင်က ဆင်းရဲသူတွေကို‌‌လှောင်ရယ်ကြတဲ့ လူမှုပတ်ဝန်းကျင်အဖြစ် ဘယ်တုန်းက ပြောင်းလဲသွားခဲ့လည်းဆိုတာ ယွီသုံမသိတော့ဘူး။ကိုယ့်ကိုကိုယ် အခြားသူတွေရဲ့စံသတ်မှတ်ချက်တွေနဲ့ ဘာလို့ နှိုင်းယှဉ်ကြလည်းဆိုတာလည်း သူမ မသိတော့ဘူး။အချစ်ဆိုတာကိုလည်း မိသားစုရဲ့‌နောက်ခံနဲ့ ဘာလို့တိုင်းတာလာကြလည်းဆိုတာကိုလည်း မသိတော့ဘူး။

လူတွေလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းက ကောင်းကျိုးကိုပဲ ရှေးရှုနေကြတယ်!

မင်းက ရိုးစင်းပြီ ငယ်ရွယ်တဲ့အချိန်မှာဆိုရင် ဘယ်လို လက်တွဲဖော်မျိုးကို သဘောကျမှာလည်း?

သူမဆိုရင်ရော ဘယ်လိုလည်း?ငါ ပထမဦးစားပေးအနေနဲ့ ရှဖန်ကို ဘာလို့ ရွေးချယ်ခဲ့တာလည်း?

" မင်း ဘာတွေ‌ ‌တွေးနေတာလည်း? "ခေါင်းအုံးပေါ်၌ မှီထိုင်ရင်း ယွီသုံကို ပွေ့ဖက်ကာ ရှဖန်မေးလာသည်။

" ကျွန်မတို့ ပထမဆုံး စတွေ့တုန်းက ကျွန်မ ရှင့်ကို ဘာမေးခဲ့လည်းတာ ရှင်မှတ်မိသေးလား? "

" မင်းကိုလက်ထပ်ဖို့ မေးခဲ့တာ မဟုတ်ဘူးလား? "ရှဖန် မနေနိုင်တော့ဘဲ ရယ်လိုက်သည်။

" မဟုတ်ဘူး...အဲ့တာမတိုင်ခင်မှာ ကျွန်မ ရှင့်ကို မေးခွန်းနည်းနည်းမေးခဲ့သေးတယ်လေ "ယွီသုံ အမှတ်ရသွားသည်။

" အမ်... "ရှဖန် ပြန်မှတ်မိရန် ကြိုးစားနေသည်။" ကိုယ့်မှာ အိမ်အပိုင်ရှိလားလို့ မင်းမေးခဲ့တယ် ထင်တာပဲ "

" ကျွန်မက အသုံးချတတ်တဲ့သူတစ်ယောက်လို့ ရှင်ထင်လား? "ယွီသုံမေးလိုက်သည်။" ဘာလို့လည်းဆိုတော့ ရရှင့်မှာအိမ်ကြောင့် ရှင့်ကိုရွေးခဲ့တာလို့ ကျွန်မတွေးမိလို့လေ "

" မင်းက ဟုတ်မနေပါဘူး! "ရှဖန် ခေါင်းခါရမ်းလိုက်သည်။

" ရှင် ကျွန်မကို ဘာလို့ ဒီလောက်ယုံကြည်တာလည်း? "ယွီသုံ မျက်ခုံးပင့်၍ မေးလိုက်သည်။

" ဒါဆို ကိုယ့်မှာ အိမ်မရှိဘူးလို့ ပြောလိုက်ရင်ရော မင်းက ကိုယ့်ကိုလက်ထပ်မှာလား? "

ဒါပေါ့!ရှဖန်၏အနာဂတ်အောင်မြင်မှုများကို သိနေလေသောကြောင့် ယွီသုံ စိတ်ထဲ၌ ချက်ချင်းပင် ခေါင်းငြိမ့်‌နေမိ‌လေည်။

ဒါပေမယ့် ရှင်ရဲ့‌အောင်မြင်မှုတွေကိုသိလို့ ရှင်လား..ရှင့်ရဲ့အနာဂတ်‌ကို ရွေးချယ်ခဲ့တာလားကိုတော့ ဘယ်တော့မှ သိမှာမဟုတ်ဘူး။

" ဖြေဖို့ ခက်လို့လား? "ရှဖန် မျက်မှောင်ကြုံ့လိုက်သည်။

" ရှင့်မှာ အိမ်ရှိတာကို ကျွန်မသိနေမှတော့ ဘယ်လိုလုပ်ပြီး အလေးအနက်ဖြေလို့ရမှာလည်း? "ယွီသုံ စိတ်ပင်ပန်းသွားသည်။

ရှဖန် ခေါင်းငုံ့လာပြီး နှာခေါင်းဖြင့် သူမကို ပွတ်သပ်ကာ မေးလိုက်ပြန်သည်။" ဒါဆို ကိုယ်ရဲ့သုတေသနလုပ်ငန်းမှာ ပိုက်ဆံပိုလိုအပ်လို့ အိမ်ကိုရောင်းဖို့ လိုတယ်ဆိုရင် မင်း ကိုယ်နဲ့ လမ်းခွဲမှာလား? "

ယွီသုံ ခေါင်းခါရမ်းပြလိုက်သည်။" ရှင် အိမ်ရောင်းဖို့မလိုပါဘူး...ကျွန်မငွေရှာပေးနိုင်ပါတယ် "

" ဟား... "ရှဖန်ပြုံးပြီး ကလေးဆန်စွာဖြင့် အလေးအနက်ပြောဆိုနေသည့် ဇနီးဖြစ်သူကို နမ်းရှုံ့လိုက်သည်။

လမ်းခွဲဖို့အတွက် အကြောင်းပြချက်တွေ အများကြီးရှိတယ်__အချစ်တွေ ကုန်ဆုံးသွားတာရယ်..မှားယွင်းပြီး တွေ့ဆုံခဲ့တာရယ်...ပိုပြီးကောင်းတဲ့ ‌ရွေးချယ်မှုရှိလာတာရယ်...

အဲ့ဒီလိုပဲ အတူရှိရတဲ့ရည်ရွယ်ချက်တွေကလည်း မရေမတွက်နိုင်အောင် ရှိပါတယ်__မြင်မြင်ချင်း ချစ်မိတာရယ်...နှလုံးခုန်တွေ မြန်လာတာရယ်...ပြီးတော့ ကိုယ့်အတွက် သင့်တော်တဲ့သူကို ရှာတွေ့လာတဲ့အချိန်ကျရင်ပေါ့...

ဘဝက မင်းရဲ့ကြင်နာမှုကြောင့်လည်း ချောမွေ့တဲ့လမ်းကြောင်းကို ပေးစွမ်းမှာမဟုတ်သလို လက်တွေ့အသုံးချဝါဒကြောင့်လည်း ဆူးခင်းတဲ့လမ်း‌ကို ဦးတည်ပေးမှာ မဟုတ်ပါဘူး။

>>>>>

T.B.C
4.11.2021

💫💫💫💫💫💫💫💫💫💫💫💫💫💫💫

Zawgyi









" ဘာကိုလည်း? "










" အန်အန်း "
























" ကျေးဇူးပါဗျာ "ထိုအမျိုးသား၏အသံ၌ ပျော်ရွှင်တက်ကြွခင်းများ မရှိပေ။












































>>>>>

T.B.C
4.11.2021

Continue Reading

You'll Also Like

43.9K 6.1K 29
ယဲ့လီကျူးတစ်ယောက် အတော်လေးစိတ်ညစ်နေပြီ။ သူမခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့အားနည်း၍လာသည်။ သူမသေအံ့မူးမူးအချိန်မှာပင် အမျိုးသားတစ်ယောက်က အမတ်ချုပ်အိမ်တော်သ...
3K 177 4
ဒီNovelလေးကတော့ Put Your Head On My Shoulderဆိုတဲ့ နာမည်နဲ့ ဇာတ်လမ်းတွဲရိုက်ထားတဲ့ Novelလေးပဲ ဖြစ်ပါတယ်။ စာတော်ပြီး အနေအေးတဲ့ ကျောင်းသား ကုဝေယိနဲ့ သွ...
403K 38.2K 176
Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Translation Genre: Drama, Romance This co...
354K 11.9K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...