Rebirth on the Doors to the C...

By _Ccally_

527K 73K 2.6K

I don't own this story and all credit to the author(s) and english translator(s)!!! More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16.1
Chapter 16.2
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31_1
Chapter 31_2
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Extra 1
Extra 2
Extra 3

Chapter 37

6K 996 51
By _Ccally_

Unicode

နှစ်သစ်ကူးအကြိုကာလပျော်ပွဲရွှင်ပွဲအတွက် တီဗွီအသံလွှင့်ရုံသည် ၎င်းတို့၏ပွဲသို့ လာရောက်ကြသည့် ပရိတ်သတ်များအတွက် နေရာအကြီးကြီးတစ်ခု ဌားရမ်းထားသည်။

အဆင်သင့်ပြင်ပြီးသည့်‌နောက် ယွီသုံသည် စင်အနောက်ဘက်သို့့ နာရီဝက်ခန့်စော၍ ရောက်လာသည်။သူမ၏ပတ်ဝန်းကျင်ရှိ လူအများအပြားသည် အရောင်အသွေးစုံလင်သည့် အဝတ်အစားများကို ဝတ်ဆင်ကာ ပျားပန်းခတ်လှုပ်ရှားနေကြသော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ဘော်ကြယ်များထိုးထားသည့် ယွီသုံ၏စကတ်ကိုမူ မည်သူမျှမယှဉ်နိုင်ပေ။

ယွီသုံ၌ စောင့်ဆိုင်းရန်အတွက် သီးသန့်နားနေခန်းမရှိပေ။နောက်ဆုံးတွင်မှ သူမသည် ‌ထောင့်စွန်း‌လေးတစ်ခုအား ရှာတွေ့သွားပြီး ဖုန်းတစ်လုံးနှင့်အတူ ထိုင်ချလိုက်သည်။

" သုံသုံ ... "ရှန်းရှောင်ယွဲ့သည် ယွီသုံအားရှာဖွေနေသည်မှာ ကြာမြင့်လှပြီဖြစ်ပြီး နောက်ဆုံးတွင်မှ ထောင့်စွန်းတစ်ခုတွင် ထိုင်နေသည့် သူမကို ရှာတွေ့ခဲ့လေသည်။

" ရှောင်ယွဲ့?ဒီနောက်ကို ဘယ်လိုလုပ်ပြီး ရောက်လာတာလည်း? " ယွီသုံသည် ရန်ရှင်းရှင်းနှင့်ရှန်းရှောင်ယွဲ့အတွက် လက်မှတ်များ ပို့‌ပေးခဲ့သော်လည်း ထိုကဲ့သို့ လူရှုပ်သည့်နေရာသို့လာရန်အတွက် ရန်ရှင်းရှင်း၏ကိုယ်ဝန်မှာ အလွန်ရင့်နေပြီဖြစ်‌သော‌ကြောင့် ရှန်းရှောင်ယွဲ့တစ်ဦးတည်းသာ ရောက်လာခဲ့ရခြင်းဖြစ်သည်။

" ငါနဲ့သိတဲ့သူက ဝင်လာခိုင်းလို့လေ "ရှန်းရှောင်ယွဲ့မှာ ပြုံးပြီ လက်ညှိုးထိုးပြလိုက်သည်။

ယွီသုံလည်း ခေါင်းစောင်း၍ ကြည့်လိုက်သည့်အခါ ဖန်းဟွာ၏အတန်းဖော် လဲ့ကျန်းဖြစ်နေလေသည်။လဲကျန်းကို ၁၀နှစ်ကြာမတွေ့ခဲ့ရသည့်အတွက် သူမ ကောင်းကောင်းမမှတ်မိပေ။သို့သော် သူမ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း၌လည်း အကြိမ်အနည်းငယ်တွေ့ဆုံခဲ့သော်လည်း သူ၏နာမည်ကိုပင် ယွီသုံ မမှတ်မိတော့ဘဲ ယမန်‌နေ့ကပြုလုပ်သည့် rehersalမှသာ ၎င်းနှင့်အနည်းငယ်ပို၍ ရင်းနှီးလာခဲ့သည်။

" ယွီသုံ မင်းရဲ့တင်ဆက်မှုက ၉နာရီခွဲထိ မဟုတ်‌သေးဘူးထင်တယ် "ထိုပွဲ၏အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်သည့် လဲ့ကျန်းသည် အချိန်ဇယားများကို သိရှိလေသောကြောင့် သူမကို အကြံပေးစကား‌ပြောလာလေသည်။" မင်းက ၂နာရီလောက်ကြာအောင် စောင့်ရဦးမှာဆိုတော့ ငါတို့ရဲ့နားနေခန်းထဲမှာ သွားစောင့်နေပါလား?အဲ့ဒီမှာ လူနည်းနည်းပဲရှိတာ "

" ကျွန်မ ရှင့်ကို ဒုက္ခပေးသလိုများ ဖြစ်နေမလား? "ယွီသုံ တုံ့ဆိုင်းသွားသည်။

" အဲ့လိုမဖြစ်ပါဘူး...ငါတို့အားလုံးက အတန်းဖော်တွေပဲကို။မင်း အစ်မအန်နာနဲ့လည်း တွေ့ဖူးတယ်မလား? "လဲ့ကျန်းက ပြုံးကာပြောလေသည်။

" ရှင်သွားသင့်ပြီ ... သူများ‌တွေ အလုပ်ရှုပ်နေတာကိုလည်းကြည့်လိုက်ဦး။ရှင်တစ်ယောက်ပဲ အခြားလူတွေနဲ့စကားလာပြောနေတယ် "ရှန်းရှောင်ယွဲ့က လဲ့ကျန်းအားဝင်‌‌ပြောလိုက်သည်။

ထို့နောက် ယွီသုံနှင့်ရှန်းရှောင်ယွဲ့တို့သည် အစီအစဉ်တင်ဆက်သူများ၏နားနေခန်းဆီသို့လဲကျန်းနောက်မှ လိုက်လာခဲ့ကြသည်။လီအန်နာသည် ပြောရမည့်စကားများကို ဖတ်နေစဉ် လူအချို့ဝင်လာသည်ကို မြင်လိုက်ရပြီး လဲ့ကျန်းသည် သူမအား ‌ကြို၍‌ပြောထားပြီးဖြစ်သဖြင့် ပြုံးကာ နှုတ်ဆက်လိုက်သည်။

ယွီသုံလည်း လဲ့ကျန်းအား ‌ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် ရှန်းရှောင်ယွဲ့နှင့်အတူ ထိုင်ချလိုက်သည်။

သိပ်မကြာမီ ဝန်ထမ်းတစ်ယောက်ရောက်လာပြီး လဲ့ကျန်းနှင့်လီအန်နာတို့အား ဒါရိုက်တာမှရှာနေကြောင်း ပြောလာသဖြင့် ၎င်းတို့နှစ်ယောက်သည် အခန်းပြင်သို့ထွက်သွားကြသည်။

နောက်ဆုံး၌ ယွီသုံနှင့်ရှန်းရှောင်ယွဲ့တို့သည် အခန်းထဲ၌ နှစ်ဉီးတည်းသားကျန်ရှိတော့သဖြင့် အသက်ဝင်လှုပ်ရှားလာကြသည်။

" စကတ်က ကြည့်ကောင်းပါတယ်။နင်ပြောသလို အရမ်းကြီး ချဲ့ကားထားတာမျိုး မဟုတ်ပါဘူး "ရှန်းရှောင်ယွဲ့သည် ယွီသုံ၏စကတ်ကိုကြည့်ကာ မှတ်ချက်ပေးလေသည်။

" ဒါပေမယ့်လည်း နာမည်ကျော်ကြယ်ပွင့်တွေကြားထဲမှာ ဒီဟာကြီးက နည်းနည်းခမ်းနားလွန်းနေတယ်လို့ နင်မထင်ဘူးလား? "ယွီသုံ သူမကိုယ်သူမညွှန်ပြကာ ပြောလိုက်သည်။

" Oh!ဒါတော့ အမှန်ဘဲ။နင့်ဝတ်စုံက လီအန်နာဝတ်ထားတာထက် ပိုပြီးတော့တောင် မျက်စိဖမ်းစားထားတယ် "ရှန်းရှောင်ယွဲ့ ပြုံးလိုက်သည်။" မီးအလင်းရောင်နဲ့ဆိုရင် သေချာပေါက် အံ့ဩစရာကောင်းပြီးတော့ စင်ပေါ်မှာ နင်က ရင်သပ်ရှုမောစရာဖြစ်နေမှာပဲ "

" နင်ရော ထိုင်ရမယ့်ခုံကို သွားရှာဖို့ မလိုဘူးလား? "ပရိတ်သတ်များသည် ထိုအခန်းထဲသို့ စောစောဝင်ရန်လိုအပ်ကြောင်းကို ယွီသုံသတိရသွားသဖြင့် ရှန်းရှောင်ယွဲ့အား မေးလိုက်သည်။

" ရပါတယ်။ငါက နင့်ကို အားပေးဖို့သက်သက်ပဲ ရောက်လာတာကို "ရှန်းရှောင်ယွဲ့လည်း သူမ၏အိတ်ကိုဖွင့်၍ ကင်မရာလေးတစ်လုံးကို ဆွဲထုတ်ကာ ယွီသုံအား ပြလေသည်။" ပြီးရင် ငါ နင့်ကို ပုံတွေအများကြီး ရိုက်ပေးမယ် "

ယွီသုံသည် ကင်မရာအား မကြည့်ဘဲ သူမ၏မျက်လုံးများသည် ရှန်းရှောင်ယွဲ့၏အိတ်‌ပေါ်၌သာ ရောက်ရှိနေလေသည်။

၎င်းသည် အမျိုးသမီးသုံး သားရေအိတ်အသေးတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ပိုင်းတစ်ခုလုံးသည် ရေခဲမုန့်ကတော့ချွန်ပုံစံဖြစ်သည်။ထိုအိတ်သည် မီးအလင်းရောင်ထဲ၌ တစ်လက်လက်တောက်ပနေပြီး မြင်ရသူအပေါင်း၏၏စိတ်နှလုံးကို ‌သေချာပေါက် လွှမ်းမိုးထားလေသည်။

" ဒါက အိတ်လား ... ဒါမှမဟုတ် ...လူသတ်လက်နက်လား? "ယွီသုံက မေးလိုက်သည်။

" ဒါက... "ရှန်းရှောင်ယွဲ့ ထိုအိတ်ကို ဖျတ်ခနဲကြည့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြွားဝါလေတော့သည်။" ဒါက အခု နာမည်ကြီးနေတဲ့အိတ်လေ...ငါ အမေရိကန်ကနေ သီးသန့်အော်ဒါမှာထားရတာ။မမိုက်ဘူးလား?ဒါက ငါလိုအပ်တဲ့အချိန် လက်နက်တစ်ခုလိုလည်း သုံးလို့ရတယ် "

" ဒါပေါ့! "

ထိုစဉ် ရုတ်တရက် ယွီသုံ၏ဖုန်းမှာ မြည်လာသည်။ဖုန်းထုတ်ကြည့်လိုက်သည့်အခါ ရှဖန်မှ သူမအား စာပို့လာသည်ကို ယွီသုံ မြင်လိုက်ရသည်။

[ ကိုယ် ဒီကနေ မင်းရဲ့တင်ဆက်မှုကို ကြည့်နေမယ်နော်! ]

ထိုအခိုက် ယွီသုံ ချိုသာစွာဖြင့် ပြုံးလိုက်လေသည်။

" ရှဖန်က စာပို့လာတာလား? "ယွီသုံ၏ချိုသာနေသည့် အပြုံးကြောင့် ရှန်းရှောင်ယွဲ့မှ ခန့်မှန်းကာ မေးလာသည်။

" ဟုတ်တယ်! "ယွီသုံ ခေါင်းငြိမ့်ပြလိုက်သည်။

" ငါ တစ်ကယ်ပဲ မနာလိုဖြစ်လိုက်တာ "ရှန်းရှောင်ယွဲ့က နှုတ်ဆက်စူကာ ပြောလေသည်။" ငါ ဒီလောက်စောင့်နေတာ ကြာလှပြီကို ငါရဲ့‌ခွေး‌လေးက ဘယ်ရောက်နေလည်း? "

" ခွေး? "

" ငါရဲ့ ကောင်လေးကို ပြောတာ "ရှန်းရှောင်ယွဲ့ရှင်းပြလာသည့်အခါ ယွီသုံ မနေနိုင်တော့ဘဲ ရယ်ချလိုက်သည်။

(Note...dogဆိုတာက တရုတ်မှာသုံးတဲ့ ဗန်းစကားတစ်မျိုးပါတဲ့။ကောင်လေးတွေ၊အမျိုးသားတွေဆိုရင် dogဆိုပြီး informalနည်းအရ သုံးတယ်တဲ့)

" အခုလည်း နင့်ကို ကောင်လေးတွေအများကြီးက လိုက်နေကြတာပဲ မဟုတ်ဘူးလား? "သူမတို့သုံးယောက်ထဲတွင် ရှန်းရှောင်ယွဲ့သည် လူကြိုက်အများဆုံးဖြစ်သည်။

ရှန်းရှောင်ယွဲ့လည်း ‌‌ခေါင်းအုံး‌လေးတစ်ခုကို ဆွဲယူလိုက်ပြီး လက်‌မောင်းထဲ၌ ပွေ့ဖက်ထားရင်း စိတ်ခံစားချက် အလွန်ပြင်းထန်စွာဖြင့် ‌ပြောလေ‌တော့သည်။" ငါ နင့်ကို အရင်က‌ပြောပြဖူးတဲ့ ယောက်ျား‌တွေအကုန်လုံးက ချစ်သူဆိုတာထက် သူငယ်ချင်းအနေနဲ့ပဲ ပိုသင့်တော်တယ်။ဟင်း.....ဘယ်အချိန်မှများ ငါသဘောကျနိုင်မယ့်သူနဲ့ တွေ့မှာပါလိမ့်? "

ယွီသုံ ချင်ယွဲ့ကို မှတ်မိသွား‌သော‌ကြောင့် ရှန်းရှောင်ယွဲ့ကို ပြောလိုက်သည်။" အဲ့ဒီတစ်ယောက်ယောက်က နင့်ဘဝမှာ ပေါ်လာပြီးသားဖြစ်ပေမယ့် ချစ်ကျွမ်းမဝင်သေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ "

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း?ငါက တစ်ယောက်ယောက်ကိုသာ သဘောကျပြီဆိုရင် ချက်ချင်းပဲ သူတို့ကို ကြိုက်ပစ်လိုက်မှာပေါ့ "ရှန်းရှောင်ယွဲ့သည် သူမနှင့် တွေ့ဆုံသိကျွမ်းခဲ့သည့် လူလွတ်အမျိုးသားများအားလုံးကို ပြန်လည်တွေးတောစဉ်းစားနေလေသည်။ခဏကြာပြီးသည့်နောက် သူမခေါင်းခါရမ်းလိုက်သည်။

" တစ်ကယ်လို့ သူတို့က နင့်ရဲ့စံချိန်စံညွှန်းကိုမမှီရင်တောင်မှ နင့်ရဲ့ဖူးစားဖက်သာဆိုရင် အဲ့တာက သေချာပေါက်ဖြစ်လာပါလိမ့်မယ် "ယွီသုံ အဓိပါ္ပယ်ပါပါ ပြောလိုက်သည်။

ယွီသုံအား စင်နောက်သို့လာရောက်ရန် ဝန်ထမ်းတစ်ဦးမှ လာရောက်အကြောင်းမကြားခင်အချိန်ထိ သူမတို့နှစ်ယောက်သည် နားနေခန်းထဲ၌ထိုင်၍ စကားပြောနေကြလေသည်။ရှန်းရှောင်ယွဲ့လည်း ထိုအခါမှ သူမ၏ထိုင်ခုံသို့ ထွက်လာခဲ့သည်။

...

မြို့တော်ဆေးရုံ၏ ညအချိန်၌ TVများအားလုံးကို နှစ်သစ်ကူးအကြိုပွဲဘက်သို့ လှည့်ထားလေသည်။

သူနာပြုခေါင်း‌ဆောင်‌လော့သည် TVသို့ကြည့်လိုက်သည့်အခါ အစီအစဉ်အချိန်ဇယားကို မြင်လိုက်ရသည်။ထိုအခိုက် ယွီသုံသည် မကြာခင်၌ဖျော်‌ဖြေတော့မည်ဖြစ်ကြောင်း သူမမြင်လိုက်ရ‌သောအခါ ရှဖန်အား အလျင်အမြန် ဖုန်းခေါ်လေ‌တော့သည်။

" ဒေါက်တာရှ ရှိပါလားရှင့် "

" ရှဖန်က လူနာတွေကို စစ်ဆေးဖို့သွားတယ်ဗျ "ဖုန်းဖြေသူမှာ ‌ချောင်မင်ဖြစ်သည်။

" ကျွန်မ နားလည်ပါပြီ "သူနာ‌ပြုခေါင်းဆောင်လော့သည် ဖုန်းချလိုက်ပြီးနောက် အတွင်းလူနာဆောင်တစ်လျှောက် ‌လမ်းလျှောက်လာလေစဉ် ရှဖန်သည် အခန်းတစ်ခန်းထဲမှ ထွက်လာသည်ကို သူမမြင်လိုက်သည့်အခိုက် ရှဖန်အား အလျင်အမြန် အော်ဟစ်ပြောလိုက်သည်။

" ဒေါက်တာရှ ယွီသုံက သိပ်မကြာခင်လာတော့မယ် "

ရှဖန် သူမကိုကျေးဇူးတင်စကားပြောလိုက်ပြီးနောက် သူနာပြုဌာနသို့ သူမနှင့်အတူ လိုက်လာခဲ့သည်။

...

" ပရိတ်သတ်များရှင့် ... ယခုတစ်ခါအလှည့်ကြလာတာတော့ ရေဒီယိုhostတစ်ယောက်ဖြစ်တဲ့ ယွီသုံပဲဖြစ်ပါတယ်။သူမသီဆိုမယ့် သီချင်းကတော့ ' Blue and White Porcelain 'ပဲ ဖြစ်ပါတယ်။သူမကို နွေးထွေးစွာနဲ့ ကြိုဆိုလိုက်ကြရအောင် "

လီအန်နာ၏အသံသည် ပရိတ်သတ်များ၏ လက်ခုပ်ဩဘာသံအကြား လွှမ်းခြုံသွားပြီးနောက် ယွီသုံသည် ငါးမြှီးသဏ္ဌာန် ဘော်ကြယ်ထိုးထားသည့်ဝတ်စုံကို ဝတ်ဆင်၍ မီးရောင်စုံများအကြား လျှောက်လှမ်းလာလေသည်။

" Ahhh...နင်က အလှဆုံးပဲ ယွီသုံ "မူလ၌ ရှန်းရှောင်ယွဲ့သည် တိတ်တဆိတ်သာထိုင်နေသော်လည်း ယွီသုံဝင်လာသည့်အချိန်၌ ချက်ချင်းပင် ထိုင်ခုံမှထခုန်၍ သူမ၏ဘေးမှလူများ ကြောက်ရွံရ‌လောက်သည်အထိ အော်ဟစ်လေတော့သည်။

သူနာပြုထိုင်ခုံ၌ထိုင်ကာ ကြည့်နေသည့်ရှဖန်မှာလည်း အံ့ဩမှုမျာအပြည့်ပင်ဖြစ်သည်။

သီချင်းစသည်နှင့်တစ်ပြိုက်နက် ယွီသုံ၏ ကြည်လင်နူးညံ့လှသည့်အသံသည် ပွဲကျင်းပရာနေရာတစ်ခုလုံး ပြည့်လျှံသွားပြီး ရှဖန်၏ရင်ထဲသို့တန်းတန်းမတ်မတ်ရောက်ရှိလာလေသည်။

The brush outlines a beautiful pattern, brush strokes becoming lighter

The peony on the bottle, simplest beauty, just like you

Whiffs of incense smoke bring your troubles to my heart

I pause halfway while painting.

The glazing of the lady’s portrait hides her charm

Your smile, to me, like a budding flower

But your beauty dissipates like smoke,

To a place I can never reach.

The perfect shade of blue awaits the right weather, like how I wait for you

.....

' Blue and White Porcelain 'အား အမျိုးသမီးတစ်ဦးမှ ပြန်လည်သီဆိုထားခြင်းမရှိသေးရာ ယွီသုံပြန်လည်သီဆိုမှုသည် မတူကွဲပြားသည့်ပုံစံဖြင့် နားဆင်သူများ၏စိတ်နှလုံးကို ဆွဲဆောင်နိုင်လေသည်။

ရှဖန်သည်လည်း ယွီသုံအား စူးစိုက်စွာဖြင့် ကြည့်နေမိသည်။ယွီသုံ၏ဖျော်ဖြမှုအပြီး၌ ယခင်ကတိတ်ဆိတ်ငြိမ်သက်နေသည့် ခန်းမတစ်ခုလုံးသည် လက်ခုပ်ဩဘာသံများဖြင့် ဆူညံနေလေသည်။ရှန်းရှောင်ယွဲ့သည်လည်း စိတ်လှုပ်ရှားစွာဖြင့် ထခုန်ပြန်သည်။

" ယွီသုံ ... ယွီသုံ ... ငါ နင့်ကိုချစ်တယ် ... နင်က အံ့ဩဖို့ကောင်းလိုက်တာ ... အရမ်းလှတာပဲ "သူမ ပိုအော်‌လေလေ ရှန်းရှောင်ယွဲ့သည် ပို၍ စိတ်လှုပ်ရှားလေလေဖြစ်သည်။ထို့ပြင် သူမ၏ခန္ဓာကိုယ်သည် အ‌ရှေ့သို့ တစ်ဖြည်းဖြည်းချင်း ကပ်ကပ်လာသည်ကို သူမသတိမမူမိ‌ပေ။သူမ ခုန်ပေါက်လိုက်ခြင်းကြောင့် အိတ်သည် ဘေးပတ်ပတ်လည်သို့ ပြန်ကန်ထွက်သွားပြီး သူမ၏အ‌ရှေ့ထိုင်ခုံမှလူကို  ခြစ်မိသွားသည်။

ချင်ယွဲ့သည် မူလက ကြည်နူးဖွယ်ကောင်းသည့် ဖျော်ဖြေမှု၌သာ အာရုံစိုက်ထားသည့်အပြင် ပြီးဆုံးသွားသည့်အခါတွင်လည်း လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ လက်ခုပ်ဩဘာတီးပေးနေ‌‌လေသည်။သို့သော် ရုတ်တရက် ကုတ်ခြစ်ခံလိုက်ရပြီး သူ၏နဖူးသည် ထိခိုက်မိသွားလေသည်။

ထို့ကြောင့် ချင်ယွဲ့၏မျက်နှာမှာ မဲမှောင်လာပြီး သူ့အားတိုက်ခိုက်လာသည့် ပစ္စည်းကို အလိုအလျောက်ဖမ်းဆွဲလိုက်သည်။

တစ်ဖက်၌ ရှန်းရှောင်ယွဲ့သည် အော်ဟစ်အားပေးပြီးသည့်နောက် စင်အနောက်သို့သွားရန် ကြံစည်လိုက်သည်။သို့သော် ထွက်ခွာရန် လှည့်လိုက်သည့်အချိန်၌ တစ်စုံတစ်ရာက ဆောင့်ဆွဲထားသည်ကို သူမ ခံစားမိလိုက်သည်။ထို့ကြောင့် သူမလှည့်၍ အကြောင်းအရင်းကို ကြည့်မိသည့်အခါ___

Fuck!

နဖူး၌သွေးထွက်နေသည့် ချောမောလှပသည့်အမျိုးသားတစ်ဦးသည် မှုန်မှိုင်းမှိုင်းအကြည့်တို့ဖြင့် သူမ၏အိတ်ကို ကိုင်ဆွဲထားလေသည်။

" ကျွန်မ ... ကျွန်မ "ရှန်းရှောင်ယွဲ့သည် အခြေအနေအား အပြည့်အ၀ နားမလည်သော်လည်း အပြစ်ရှိသလို ခံစားရသောကြောင့်" ရှင် အဆင်ပြေရဲ့လား? "

" မင်းကဘယ်လိုထင်လို့လည်း? "နောင်တရနေသည့် ထိုအမျိုးသမီးကို ချင်ယွဲ့မြင်လိုက်ရသည်။

" ဟုတ်ပါပြီ ... ကျွန်မ တောင်းပန်ပါတယ်။အဲ့ဒီလိုဖြစ်ဖို့မရည်ရွယ်ပါဘူး။ဒဏ်ရာစစ်ဆေး ကြည့်ဖို့အတွက် ကျွန်မ ရှင့်ကို ဆေးရုံလိုက်ပို့‌ပေးပါ့မယ် "ရှန်းရှောင်ယွဲ့ အလျင်အမြန်ပင် တောင်းပန်လိုက်သည်။

ထိုအမျိုးသမီး၏အပြုအမူများသည် သင့်လျော်နေကြောင်း ချင်ယွဲ့မြင်ရသောအခါ သူကိုယ်တိုင်ကသာ ကံမကောင်းခြင်းဖြစ်သည်ဟု မှတ်ယူလိုက်ရတော့သည်။ထိုခန်းမထဲမှ ထွက်လာပြီး ဆေးရုံသို့သွားနိုင်ရန်အတွက် သူမ၏ကားဆီသိုအသွား သူမအ‌နောက်မှလိုက်လာခဲ့သည်။

ကားမောင်းနေစဉ်၌ ရှန်းရှောင်ယွဲ့သည် ယွီသုံအား ဖုန်းခေါ်လိုက်သည်။" ယွီသုံ ...ငါအရင် ပြန်နှင့်ပြီ။ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး...ကိစ္စလေးတစ်ခုရှိလို့...အရေးတကြီးတော့ မဟုတ်ပါဘူး "

" ယွီသုံ? "ချင်ယွဲ့သည် သူ၏ဒဏ်ရာကို တစ်သျှုးများဖြင့် သုတ်နေစဉ် တစ်စုံတစ်ရာကိုသတိရသွားပြီး ကားမောင်းနေသည့် ထိုမိန်းကလေးကို သေချာဂရုတစိုက်ကြည့်လိုက်သည်။ထို့‌အခါမှ ထိုမိန်းကလေးနှစ်ဦးသည် ၎င်းအား လုအုပ်စုတွင် အရူးလုပ်သွားခဲ့သည် မိန်းကလေးနှစ်ဦးဖြစ်ကြောင်း ချင်ယွဲ့သဘောပေါက်သွားသည်။

သူမတို့အား နောက်တစ်ကြိမ်ထပ်တွေ့ရလိမ့်မည်ဟု ချင်ယွဲ့မတွေးမိထားပေ။ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လည်း?

သွေးများထွက်နေဆဲဖြစ်သော်လည်း ဒဏ်ရာသည် သိပ်မနက်သည့်အတွက် အပြင်းအထန်ကြီးမဟုတ်ပေ။

" ကျွန်မ တစ်ကယ်တောင်းပန်ပါတယ်။ဒါက ကျွန်မရဲ့လိပ်စာကဒ်ပါ။အရှုပ်အရှင်းတစ်ခုခုရှိရင် ကျွန်မကိုတိုက်ရိုက်ခေါ်လို့ရပါတယ်။ကျွန်မက တာဝန်ကျေပွန်တတ်တဲ့သူ တစ်‌ယောက်ပါ "ရှန်းရှောင်ယွဲ့က သူမ၏လိပ်စာကဒ်ကို လှမ်းပေးလိုက်သည်။

" ရှန်းရှောင်ယွဲ့? "ချင်ယွဲ့ ထိုကတ်ကိုကြည့်လိုက်သည်။" ‌ရှောင်ယွဲ့ အသံသွင်းစတူဒီယို၊အထွေထွေမန်နေဂျာ?ဒါဆို မင်းတို့က ချင်းဖန်ဗိသုကာကလူတွေ မဟုတ်ဘူးပေါ့ "

" ဟင်? "ချင်းဖန်ဗိသုကာဆိုတာ ကြားဖူးသလိုပဲ။ရှန်းရှောင်ယွဲ့ ခဏစဉ်းစားလိုက်ပြီး‌နောက် သူမ၏အရှေ့မှ ထိုအမျိုးသားကို သေချာကြည့်လိုက်သည့်အခိုက် သူမ ရုတ်တရက် သတိရသွားပြီး မျက်လုံးများပြူးကျယ်သွားသည်။

" မင်း သတိရပြီလား? "ချင်ယွဲ့ မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

" ဟားဟားဟား...ရှင်ရဲ့နောက်ဆုံးနာမည်က ဘာလည်း? "‌သေလောက်အောင် ရိုက်ခံရလျှင်တောင်မှ ရှန်းရှောင်ယွဲ့တွင် ဝန်ခံမည့်အရိပ်အယောင် တစ်စက်မှ မရှိပေ။ထို့အပြင် ထိုအရာများအားလုံးကို ယွီသုံလုပ်ခဲ့ကခြင်းသာဖြစ်ပြီး သူမ ဘာမှမလုပ်ခဲ့ပေ။

" မင်းမေ့သွားပြီလား?ကိစ္စမရှိပါဘူး...နောက်မှ မင်းနဲ့စကားပြောကြတာပေါ့ "ချင်ယွဲ့သည် သူ၏လက်ထဲမှလသူမ၏လိပ်စာကတ်ကို ဝှေ့ရမ်းပြရင်း ပြောလေသည်။

ရှန်းရှောင်ယွဲ့သည် သူမ၏မျက်နှာကို သူမကိုယ်တိုင် ရိုက်နှက်ပစ်ချင်နေသည်။

" ကျွန်တော့်ကို အရင်ပြန်လိုက်ပို့ပေးဦး "ချင်ယွဲ့ နာရီကိုကြည့်လိုက်သည့်အခါ ည၁၀နာရီခွဲ ရှိပြီဖြစ်သည်။

" ကောင်းပါပြီ! "

ရှန်းရှောင်ယွဲ့လည်း ချင်ယွဲ့ကို မြို့လယ်ရှိ ဟိုတယ်တစ်ခုသို့ ပို့ဆောင်ပေးလိုက်ပြီး ကားအပြင်သို့ ဆင်းလာချိန်၌ ရှန်းရှောင်ယွဲ့သည် သစ်ကြားသီးမုန့်ဗူးတစ်ဗူးကိုယူ၍ ချင်ယွဲ့အား ‌ပေးလိုက်သည်။

" Su Ji? "ချင်ယွဲ့လည်း သူ၏လက်ထဲရှိ လက်ဆောင်ဗူးကိုကြည့်၍ အံ့အားသင့်သွားလေသည်။

" ရှင်လည်း ဒီတံဆိပ်ကို သိတယ်လား?ဒါက စူကျိုးကလာတဲ့ လက်ဆောင်ဗူးလေ...သူတို့က ဒီသစ်ကြားသီးမုန့်‌တွေကို လုပ်လာတာ နှစ်ပေါင်းရာကျော်နေပြီ "ရှန်းရှောင်ယွဲ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလေသည်။" ဒီဗူးက ကျွန်မကို အနားယူသွားပြီဖြစ်တဲ့ Su Jiရဲ့ပိုင်ရှင် အဘွားစုက ‌ပေးထားတာ...ဘယ်နေရာမှာမှ ဝယ်လို့မရဘူး "

" Oh?မင်းရဲ့မျက်နှာက တော်တော်လေး ဂုဏ်ယူဝင့်ကြွားနေပုံပါလား? "

" ဒါပေါ့...ကျွန်မတို့မိသားစုနှစ်ခုက ကျွန်မငယ်ငယ်လေးထဲက အိမ်နီနားချင်းတွေ‌လေ။အဘွားစုက ကျွန်မအရွယ်ရောက်လာတာကို ကြည့်ရှု‌ပေးရင်းနဲ့‌ပေါ့ "ရှန်းရှောင်ယွဲ့ ပြုံးကာ ပြောလေသည်။

သူ၏အရှေ့ရှိ အရပ်ရှည်ရှည်၊ဆွဲဆောင်မှုကောင်းကောင်းနှင့်ချော‌မောလှပသည့် ထိုအမျိုးသမီးကိုကြည့်ကာ ချင်ယွဲ့ ရုတ်တရက် ရယ်လိုက်သည်။

" ရှင် ဘာလို့ရယ်တာလည်း? "ရှန်းရှောင်ယွဲ့သည် ချင်ယွဲ့ သူမကိုရယ်နေ‌သော‌ကြောင့် မေးလိုက်သည်။

" အဲ့တာ ကိုယ်ပဲ...ဝတုတ်မလေးရဲ့ "ချင်ယွဲ့ သူ၏လက်ထဲရှိ သစ်ကြားသီးကိတ်ကို မြှောက်ကာ ပြောလာသည်။" မင်းရဲ့အိမ်နီးချင်း ခပ်ချောချောအကိုကြီးလေ "

သေစမ်း!

" ရှင်က အဘွားစုရဲ့မြေးလား? "

ရှန်းရှောင်ယွဲ့သည် မြေကြီးထဲ၌သာ မြုပ်နေချင်နေတော့သည်။Fuck!ဒါက သူမဘဝတစ်လျှောက်လုံး ကျရှုံးခဲ့ရတဲ့ ဖွင့်ပြောမှုတစ်ခုပဲ___သူမ အသက်၅နှစ်အရွယ်တုန်းက ဘေးအိမ်ကအဘွားစုရဲ့မြေး ခပ်ချောချောအကိုကြီးကို ဖွင့်ပြောခဲ့တုန်းကပေါ့!

>>>>>

T.B.C
6.10.2021

💫💫💫💫💫💫💫💫💫💫💫💫💫💫💫

Zawgyi

ႏွစ္သစ္ကူးအႀကိဳကာလေပ်ာ္ပြဲရႊင္ပြဲအတြက္ တီဗြီအသံလႊင့္ရံုသည္ ၎တို႔၏ပြဲသို႔ လာေရာက္ၾကသၫ့္ ပရိတ္သတ္မ်ားအတြက္ ေနရာအႀကီးႀကီးတစ္ခု ဌားရမ္းထားသည္။

အဆင္သင့္ျပင္ၿပီးသၫ့္‌ေနာက္ ယြီသံုသည္ စင္အေနာက္ဘက္သို့႔ နာရီ၀က္ခန႔္ေစာ၍ ေရာက္လာသည္။သူမ၏ပတ္ဝန္းက်င္ရိွ လူအမ်ားအျပားသည္ အေရာင္အေသြးစံုလင္သၫ့္ အ၀တ္အစားမ်ားကို ၀တ္ဆင္ကာ ပ်ားပန္းခတ္လႈပ္ရွားေနၾကေသာ္လည္း ၀မ္းနည္းစရာေကာင္းသည္မွာ ေဘာ္ၾကယ္မ်ားထိုးထားသည့္ ယြီသံု၏စကတ္ကိုမူ မည္သူမ်ွမယွဉ္ႏိုင္ေပ။

ယြီသံု၌ ေစာင့္ဆိုင္းရန္အတြက္ သီးသန႔္နားေနခန္းမရိွေပ။ေနာက္ဆံုးတြင္မွ သူမသည္ ‌ေထာင့္စြန္း‌ေလးတစ္ခုအား ရွာေတြ ့သြားၿပီး ဖုန္းတစ္လံုးႏွင့္အတူ ထိုင္ခ်လိုက္သည္။

" သံုသံု ... "ရွန္းေရွာင္ယြဲ႔သည္ ယြီသံုအားရွာေဖြေနသည္မွာ ၾကာျမင့္လွၿပီျဖစ္ၿပီး ေနာက္ဆံုးတြင္မွ ေထာင့္စြန္းတစ္ခုတြင္ ထိုင္ေနသၫ့္ သူမကို ရွာေတြ ့ခဲ့ေလသည္။

" ေရွာင္ယြဲ႔?ဒီေနာက္ကို ဘယ္လိုလုပ္ၿပီး ေရာက္လာတာလည္း? " ယြီသံုသည္ ရန္ရွင္းရွင္းနွင့္ရွန္းေရွာင္ယြဲ႔အတြက္ လက္မွတ္မ်ား ပို႔‌ေပးခဲ့ေသာ္လည္း ထိုကဲ့သို႔ လူရႈပ္သၫ့္ေနရာသို႔လာရန္အတြက္ ရန္ရွင္းရွင္း၏ကိုယ္၀န္မွာ အလြန္ရင့္ေနၿပီျဖစ္‌ေသာ‌ေၾကာင့္ ရွန္းေရွာင္ယြဲ႔တစ္ဦးတည္းသာ ေရာက္လာခဲ့ရျခင္းျဖစ္သည္။

" ငါနဲ႔သိတဲ့သူက ၀င္လာခိုင္းလို႔ေလ "ရွန္းေရွာင္ယြဲ႔မွာ ၿပံဳးၿပီ လက္ၫွိုးထိုးျပလိုက္သည္။

ယြီသံုလည္း ေခါင္းေစာင္း၍ ၾကၫ့္လိုက္သၫ့္အခါ ဖန္းဟြာ၏အတန္းေဖာ္ လဲ့က်န္းျဖစ္ေနေလသည္။လဲက်န္းကို ၁၀နွစ္ၾကာမေတြ ့ခဲ့ရသၫ့္အတြက္ သူမ ေကာင္းေကာင္းမမွတ္မိေပ။သို႔ေသာ္ သူမ ျပန္လည္ေမြးဖြားလာၿပီးေနာက္ပိုင္း၌လည္း အႀကိမ္အနည္းငယ္ေတြ ့ဆံုခဲ့ေသာ္လည္း သူ၏နာမည္ကိုပင္ ယြီသံု မမွတ္မိေတာ့ဘဲ ယမန္‌ေန ့ကျပဳလုပ္သၫ့့္ rehersalမွသာ ၎ႏွင့္အနည္းငယ္ပို၍ ရင္းႏွီးလာခဲ့သည္။

" ယြီသံု မင္းရဲ့တင္ဆက္မွုက ၉နာရီခြဲထိ မဟုတ္‌ေသးဘူးထင္တယ္ "ထိုပြဲ၏အစီအစဉ္တင္ဆက္သူတစ္ဦးျဖစ္သည့္ လဲ့က်န္းသည္ အခ်ိန္ဇယားမ်ားကို သိရိွေလေသာေၾကာင့္ သူမကို အႀကံေပးစကား‌ေျပာလာေလသည္။" မင္းက ၂နာရီေလာက္ၾကာေအာင္ ေစာင့္ရဦးမွာဆိုေတာ့ ငါတို႔ရဲ့နားေနခန္းထဲမွာ သြားေစာင့္ေနပါလား?အဲ့ဒီမွာ လူနည္းနည္းပဲရိွတာ "

" ကြၽန္မ ရွင့္ကို ဒုကၡေပးသလိုမ်ား ျဖစ္ေနမလား? "ယြီသံု တံု႔ဆိုင္းသြားသည္။

" အဲ့လိုမျဖစ္ပါဘူး...ငါတို႔အားလံုးက အတန္းေဖာ္ေတြပဲကို။မင္း အစ္မအန္နာနဲ႔လည္း ေတြ ့ဖူးတယ္မလား? "လဲ့က်န္းက ၿပံဳးကာေျပာေလသည္။

" ရွင္သြားသင့္ၿပီ ... သူမ်ား‌ေတြ အလုပ္ရႈပ္ေနတာကိုလည္းၾကၫ့္လိုက္ဦး။ရွင္တစ္ေယာက္ပဲ အျခားလူေတြနဲ႔စကားလာေျပာေနတယ္ "ရွန္းေရွာင္ယြဲ႔က လဲ့က်န္းအား၀င္‌‌ေျပာလိုက္သည္။

ထို႔ေနာက္ ယြီသံုႏွင့္ရွန္းေရွာင္ယြဲ႔တို႔သည္ အစီအစဉ္တင္ဆက္သူမ်ား၏နားေနခန္းဆီသို ့လဲက်န္းေနာက္မွ လိုက္လာခဲ့ၾကသည္။လီအန္နာသည္ ေျပာရမၫ့္စကားမ်ားကို ဖတ္ေနစဉ္ လူအခ်ိဳ႕ဝင္လာသည္ကို ျမင္လိုက္ရၿပီး လဲ့က်န္းသည္ သူမအား ‌ႀကိဳ၍‌ေျပာထားၿပီးျဖစ္သျဖင့္ ၿပံဳးကာ ႏႈတ္ဆက္လိုက္သည္။

ယြီသံုလည္း လဲ့က်န္းအား ‌ေက်းဇူးတင္စကားဆိုလိုက္ၿပီးေနာက္ ရွန္းေရွာင္ယြဲ႔ႏွင့္အတူ ထိုင္ခ်လိုက္သည္။

သိပ္မၾကာမီ ၀န္ထမ္းတစ္ေယာက္ေရာက္လာျပီး လဲ့က်န္းႏွင့္လီအန္နာတို႔အား ဒါရိုက္တာမွရွာေနေၾကာင္း ေျပာလာသျဖင့္ ၎တို႔ႏွစ္ေယာက္သည္ အခန္းျပင္သို႔ထြက္သြားၾကသည္။

ေနာက္ဆံုး၌ ယြီသံုႏွင့္ရွန္းေရွာင္ယြဲ႔တို႔သည္ အခန္းထဲ၌ ႏွစ္ဉီးတည္းသားက်န္ရိွေတာ့သျဖင့္ အသက္၀င္လႈပ္ရွားလာၾကသည္။

" စကတ္က ၾကၫ့္ေကာင္းပါတယ္။နင္ေျပာသလို အရမ္းႀကီး ခ်ဲ့ကားထားတာမ‌်ိဳး မဟုတ္ပါဘူး "ရွန္းေရွာင္ယြဲ႔သည္ ယြီသံု၏စကတ္ကိုၾကၫ့္ကာ မွတ္ခ်က္ေပးေလသည္။

" ဒါေပမယ့္လည္း နာမည္ေက်ာ္ၾကယ္ပြင့္ေတြၾကားထဲမွာ ဒီဟာႀကီးက နည္းနည္းခမ္းနားလြန္းေနတယ္လို႔ နင္မထင္ဘူးလား? "ယြီသံု သူမကိုယ္သူမၫႊန္ျပကာ ေျပာလိုက္သည္။

" Oh!ဒါေတာ့ အမွန္ဘဲ။နင့္၀တ္စံုက လီအန္နာ၀တ္ထားတာထက္ ပိုၿပီးေတာ့ေတာင္ မ်က္စိဖမ္းစားထားတယ္ "ရွန္းေရွာင္ယြဲ႔ ၿပံဳးလိုက္သည္။" မီးအလင္းေရာင္နဲ႔ဆိုရင္ ေသခ်ာေပါက္ အံ့ဩစရာေကာင္းၿပီးေတာ့ စင္ေပၚမွာ နင္က ရင္သပ္ရႈေမာစရာျဖစ္ေနမွာပဲ "

" နင္ေရာ ထိုင္ရမယ့္ခံုကို သြားရွာဖို႔ မလိုဘူးလား? "ပရိတ္သတ္မ်ားသည္ ထိုအခန္းထဲသို႔ ေစာေစာ၀င္ရန္လိုအပ္ေၾကာင္းကို ယြီသံုသတိရသြားသျဖင့္ ရွန္းေရွာင္ယြဲ႔အား ေမးလိုက္သည္။

" ရပါတယ္။ငါက နင့္ကို အားေပးဖို႔သက္သက္ပဲ ေရာက္လာတာကို "ရွန္းေရွာင္ယြဲ႔လည္း သူမ၏အိတ္ကိုဖြင့္၍ ကင္မရာေလးတစ္လံုးကို ဆြဲထုတ္ကာ ယြီသံုအား ျပေလသည္။" ၿပီးရင္ ငါ နင့္ကို ပံုေတြအမ်ားႀကီး ရိုက္ေပးမယ္ "

ယြီသံုသည္ ကင္မရာအား မၾကၫ့္ဘဲ သူမ၏မ်က္လံုးမ်ားသည္ ရွန္းေရွာင္ယြဲ႔၏အိတ္‌ေပၚ၌သာ ေရာက္ရိွေနေလသည္။

၎သည္ အမ်ိဳးသမီးသံုး သားေရအိတ္အေသးတစ္ခုျဖစ္ၿပီး ခႏၶာကိုယ္ပိုင္းတစ္ခုလံုးသည္ ေရခဲမုန႔္ကေတာ့ခြၽန္ပံုစံျဖစ္သည္။ထိုအိတ္သည္ မီးအလင္းေရာင္ထဲ၌ တစ္လက္လက္ေတာက္ပေနၿပီး ျမင္ရသူအေပါင္း၏၏စိတ္နွလံုးကို ‌ေသခ်ာေပါက္ လႊမ္းမိုးထားေလသည္။

" ဒါက အိတ္လား ... ဒါမွမဟုတ္ ...လူသတ္လက္နက္လား? "ယြီသံုက ေမးလိုက္သည္။

" ဒါက... "ရွန္းေရွာင္ယြဲ႔ ထိုအိတ္ကို ဖ်တ္ခနဲၾကၫ့္လိုက္ၿပီး ဂုဏ္ယူ၀င့္ႂကြားစြာျဖင့္ ႂကြားဝါေလေတာ့သည္။" ဒါက အခု နာမည္ႀကီးေနတဲ့အိတ္ေလ...ငါ အေမရိကန္ကေန သီးသန႔္ေအာ္ဒါမွာထားရတာ။မမိုက္ဘူးလား?ဒါက ငါလိုအပ္တဲ့အခ်ိန္ လက္နက္တစ္ခုလိုလည္း သံုးလို႔ရတယ္ "

" ဒါေပါ့! "

ထိုစဉ္ ရုတ္တရက္ ယြီသံု၏ဖုန္းမွာ ျမည္လာသည္။ဖုန္းထုတ္ၾကည့္လိုက္သည့္အခါ ရွဖန္မွ သူမအား စာပို႔လာသည္ကို ယြီသံု ျမင္လိုက္ရသည္။

[ ကိုယ္ ဒီကေန မင္းရဲ့တင္ဆက္မႈကို ၾကၫ့္ေနမယ္ေနာ္! ]

ထိုအခိုက္ ယြီသံု ခ်ိဳသာစြာျဖင့္ ၿပံဳးလိုက္ေလသည္။

" ရွဖန္က စာပို႔လာတာလား? "ယြီသံု၏ခ်ိဳသာေနသၫ့္ အၿပံဳးေၾကာင့္ ရွန္းေရွာင္ယြဲ႔မွ ခန႔္မွန္းကာ ေမးလာသည္။

" ဟုတ္တယ္! "ယြီသံု ေခါင္းၿငိမ့္ျပလိုက္သည္။

" ငါ တစ္ကယ္ပဲ မနာလိုျဖစ္လိုက္တာ "ရွန္းေရွာင္ယြဲ႔က ႏႈတ္ဆက္စူကာ ေျပာေလသည္။" ငါ ဒီေလာက္ေစာင့္ေနတာ ၾကာလွၿပီကို ငါရဲ့‌ေခြ‌း‌ေလးက ဘယ္ေရာက္ေနလည္း? "

" ေခြး? "

" ငါရဲ့ ေကာင္ေလးကို ေျပာတာ "ရွန္းေရွာင္ယြဲ႔ရွင္းျပလာသည့္အခါ ယြီသံု မေနႏိုင္ေတာ့ဘဲ ရယ္ခ်လိုက္သည္။

(Note...dogဆိုတာက တရုတ္မွာသံုးတဲ့ ဗန္းစကားတစ္မ်ိဳးပါတဲ့။ေကာင္ေလးေတြ၊အမ်ိဳးသားေတြဆိုရင္ dogဆိုၿပီး informalနည္းအရ သံုးတယ္တဲ့)

" အခုလည္း နင့္ကို ေကာင္ေလးေတြအမ်ားႀကီးက လိုက္ေနၾကတာပဲ မဟုတ္ဘူးလား? "သူမတို႔သံုးေယာက္ထဲတြင္ ရွန္းေရွာင္ယြဲ႔သည္ လူႀကိဳက္အမ်ားဆံုးျဖစ္သည္။

ရွန္းေရွာင္ယြဲ႔လည္း ‌‌ေခါင္းအံုး‌ေလးတစ္ခုကို ဆြဲယူလိုက္ျပီး လက္‌ေမာင္းထဲ၌ ေပြ ့ဖက္ထားရင္း စိတ္ခံစားခ်က္ အလြန္ျပင္းထန္စြာျဖင့္ ‌ေျပာေလ‌ေတာ့သည္။" ငါ နင့္ကို အရင္က‌ေျပာျပဖူးတဲ့ ေယာက်ာ္း‌ေတြအကုန္လံုးက ခ်စ္သူဆိုတာထက္ သူငယ္ခ်င္းအေနနဲ႔ပဲ ပိုသင့္ေတာ္တယ္။ဟင္း.....ဘယ္အခ်ိန္မွမ်ား ငါသေဘာက်ႏိုင္မယ့္သူနဲ႔ ေတြ ့မွာပါလိမ့္? "

ယြီသံု ခ်င္ယြဲ႔ကို မွတ္မိသြား‌ေသာ‌ေၾကာင့္ ရွန္းေရွာင္ယြဲ႔ကို ေျပာလိုက္သည္။" အဲ့ဒီတစ္ေယာက္ေယာက္က နင့္ဘ၀မွာ ေပၚလာၿပီးသားျဖစ္ေပမယ့္ ခ်စ္ကြၽမ္းမ၀င္ေသးတာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ "

" ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလည္း?ငါက တစ္ေယာက္ေယာက္ကိုသာ သေဘာက်ျပီဆိုရင္ ခ်က္ခ်င္းပဲ သူတို႔ကို ႀကိဳက္ပစ္လိုက္မွာေပါ့ "ရွန္းေရွာင္ယြဲ႔သည္ သူမႏွင့္ ေတြ ့ဆံုသိကြ်မ္းခဲ့သၫ့္ လူလြတ္အမ်ိဳးသားမ်ားအားလံုးကို ျပန္လည္ေတြးေတာစဉ္းစားေနေလသည္။ခဏၾကာၿပီးသၫ့္ေနာက္ သူမေခါင္းခါရမ္းလိုက္သည္။

" တစ္ကယ္လို႔ သူတို႔က နင့္ရဲ့စံခ်ိန္စံၫႊန္းကိုမမွီရင္ေတာင္မွ နင့္ရဲ့ဖူးစားဖက္သာဆိုရင္ အဲ့တာက ေသခ်ာေပါက္ျဖစ္လာပါလိမ့္မယ္ "ယြီသံု အဓိပါၸယ္ပါပါ ေျပာလိုက္သည္။

ယြီသံုအား စင္ေနာက္သို႔လာေရာက္ရန္ ၀န္ထမ္းတစ္ဦးမွ လာေရာက္အေၾကာင္းမၾကားခင္အခ်ိန္ထိ သူမတို႔ႏွစ္ေယာက္သည္ နားေနခန္းထဲ၌ထိုင္၍ စကားေျပာေနၾကေလသည္။ရွန္းေရွာင္ယြဲ႔လည္း ထိုအခါမွ သူမ၏ထိုင္ခံုသို႔ ထြက္လာခဲ့သည္။

...

ၿမိဳ႔ေတာ္ေဆးရံု၏ ညအခ်ိန္၌ TVမ်ားအားလံုးကို ႏွစ္သစ္ကူးအႀကိဳပြဲဘက္သို႔ လွၫ့္ထားေလသည္။

သူနာျပဳေခါင္း‌ေဆာင္‌ေလာ့သည္ TVသို႔ၾကၫ့္လိုက္သၫ့္အခါ အစီအစဉ္အခ်ိန္ဇယားကို ျမင္လိုက္ရသည္။ထိုအခိုက္ ယြီသံုသည္ မၾကာခင္၌ေဖ်ာ္‌ေျဖေတာ့မည္ျဖစ္ေၾကာင္း သူမျမင္လ‌ိုက္ရ‌ေသာအခါ ရွဖန္အား အလ်င္အျမန္ ဖုန္းေခၚေလ‌ေတာ့သည္။

" ေဒါက္တာရွ ရိွပါလားရွင့္ "

" ရွဖန္က လူနာေတြကို စစ္ေဆးဖို႔သြားတယ္ဗ် "ဖုန္းေျဖသူမွာ ‌ေခ်ာင္မင္ျဖစ္သည္။

" ကြၽန္မ နားလည္ပါၿပီ "သူနာ‌ျပဳေခါင္းေဆာင္ေလာ့သည္ ဖုန္းခ်လိုက္ၿပီးေနာက္ အတြင္းလူနာေဆာင္တစ္ေလ်ွာက္ ‌လမ္းေလ်ွာက္လာေလစဉ္ ရွဖန္သည္ အခန္းတစ္ခန္းထဲမွ ထြက္လာသည္ကို သူမျမင္လိုက္သၫ့္အခိုက္ ရွဖန္အား အလ်င္အျမန္ ေအာ္ဟစ္ေျပာလိုက္သည္။

" ေဒါက္တာရွ ယြီသံုက သိပ္မၾကာခင္လာေတာ့မယ္ "

ရွဖန္ သူမကိုေက်းဇူးတင္စကားေျပာလိုက္ၿပီးေနာက္ သူနာျပဳဌာနသို႔ သူမႏွင့္အတူ လိုက္လာခဲ့သည္။

...

" ပရိတ္သတ္မ်ားရွင့္ ... ယခုတစ္ခါအလွၫ့္ၾကလာတာေတာ့ ေရဒီယိုhostတစ္ေယာက္ျဖစ္တဲ့ ယြီသံုပဲျဖစ္ပါတယ္။သူမသီဆိုမယ့္ သီခ်င္းကေတာ့ ' Blue and White Porcelain 'ပဲ ျဖစ္ပါတယ္။သူမကို ေနြးေထြးစြာနဲ႔ ႀကိဳဆိုလိုက္ၾကရေအာင္ "

လီအန္နာ၏အသံသည္ ပရိတ္သတ္မ်ား၏ လက္ခုပ္ဩဘာသံအၾကား လႊမ္းၿခံဳသြားၿပီးေနာက္ ယြီသံုသည္ ငါးၿမႇီးသဏၭာန္ ေဘာ္ၾကယ္ထိုးထားသၫ့္၀တ္စံုကို ၀တ္ဆင္၍ မီးေရာင္စံုမ်ားအၾကား ေလ်ွာက္လွမ္းလာေလသည္။

" Ahhh...နင္က အလွဆံုးပဲ ယြီသံု "မူလ၌ ရွန္းေရွာင္ယြဲ႔သည္ တိတ္တဆိတ္သာထိုင္ေနေသာ္လည္း ယြီသံု၀င္လာသၫ့္အခ်ိန္၌ ခ်က္ခ်င္းပင္ ထိုင္ခံုမွထခုန္၍ သူမ၏ေဘးမွလူမ်ား ေၾကာက္ရြံရ‌ေလာက္သည္အထိ ေအာ္ဟစ္ေလေတာ့သည္။

သူနာျပဳထိုင္ခံု၌ထိုင္ကာ ၾကၫ့္ေနသၫ့္ရွဖန္မွာလည္း အံ့ဩမႈမ်ာအျပၫ့္ပင္ျဖစ္သည္။

သီခ်င္းစသည္ႏွင့္တစ္ၿပိဳက္နက္ ယြီသံု၏ ၾကည္လင္ႏူးညံ့လွသၫ့္အသံသည္ ပြဲက်င္းပရာေနရာတစ္ခုလံုး ျပၫ့္လ်ွံသြားၿပီး ရွဖန္၏ရင္ထဲသို ့တန္းတန္းမတ္မတ္ေရာက္ရိွလာေလသည္။

The brush outlines a beautiful pattern, brush strokes becoming lighter

The peony on the bottle, simplest beauty, just like you

Whiffs of incense smoke bring your troubles to my heart

I pause halfway while painting.

The glazing of the lady’s portrait hides her charm

Your smile, to me, like a budding flower

But your beauty dissipates like smoke,

To a place I can never reach.

The perfect shade of blue awaits the right weather, like how I wait for you

.....

' Blue and White Porcelain 'အား အမ်ိဳးသမီးတစ္ဦးမွ ျပန္လည္သီဆိုထားျခင္းမရိွေသးရာ ယြီသံုျပန္လည္သီဆိုမွုသည္ မတူကြဲျပားသၫ့္ပံုစံျဖင့္ နားဆင္သူမ်ား၏စိတ္နွလံုးကို ဆြဲေဆာင္ႏိုင္ေလသည္။

ရွဖန္သည္လည္း ယြီသံုအား စူးစိုက္စြာျဖင့္ ၾကၫ့္ေနမိသည္။ယြီသ‌ံု၏ေဖ်ာ္ျဖမႈအၿပီး၌ ယခင္ကတိတ္ဆိတ္ၿငိမ္သက္ေနသၫ့္ ခန္းမတစ္ခုလံုးသည္ လက္ခုပ္ဩဘာသံမ်ားျဖင့္ ဆူညံေနေလသည္။ရွန္းေရွာင္ယြဲ႔သည္လည္း စိတ္လႈပ္ရွားစြာျဖင့္ ထခုန္ျပန္သည္။

" ယြီသံု ... ယြီသံု ... ငါ နင့္ကိုခ်စ္တယ္ ... နင္က အံ့ဩဖို႔ေကာင္းလိုက္တာ ... အရမ္းလွတာပ‌ဲ "သူမ ပိုေအာ္‌ေလေလ ရွန္းေရွာင္ယြဲ႔သည္ ပို၍ စိတ္လႈပ္ရွားေလေလျဖစ္သည္။ထို႔ျပင္ သူမ၏ခႏၶာကိုယ္သည္ အ‌ေရ႔ွသို႔ တစ္ျဖည္းျဖည္းခ်င္း ကပ္ကပ္လာသည္ကို သူမသတိမမူမိ‌ေပ။သူမ ခုန္ေပါက္လိုက္ျခင္းေၾကာင့္ အိတ္သည္ ေဘးပတ္ပတ္လည္သို႔ ျပန္ကန္ထြက္သြားၿပီး သူမ၏အ‌ေရ႔ွထိုင္ခံုမွလူကို  ျခစ္မိသြားသည္။

ခ်င္ယြဲ႔သည္ မူလက ၾကည္ႏူးဖြယ္ေကာင္းသၫ့္ ေဖ်ာ္ေျဖမႈ၌သာ အာရံုစိုက္ထားသည့္အျပင္ ျပီးဆံုးသြားသၫ့္အခါတြင္လည္း လူႀကီးလူေကာင္းတစ္ေယာက္ကဲ့သို႔ လက္ခုပ္ဩဘာတီးေပးေန‌‌ေလသည္။သို႔ေသာ္ ရုတ္တရက္ ကုတ္ျခစ္ခံလိုက္ရၿပီး သူ၏နဖူးသည္ ထိခိုက္မိသြားေလသည္။

ထို႔ေၾကာင့္ ခ်င္ယြဲ႔၏မ်က္နွာမွာ မဲေမွာင္လာျပီး သူ႔အားတိုက္ခိုက္လာသၫ့္ ပစၥည္းကို အလိုအေလ်ာက္ဖမ္းဆြဲလိုက္သည္။

တစ္ဖက္၌ ရွန္းေရွာင္ယြဲ႔သည္ ေအာ္ဟစ္အားေပးၿပီးသၫ့္ေနာက္ စင္အေနာက္သို႔သြားရန္ ႀကံစည္လိုက္သည္။သို႔ေသာ္ ထြက္ခြာရန္ လွၫ့္လိုက္သၫ့္အခ်ိန္၌ တစ္စံုတစ္ရာက ေဆာင့္ဆြဲထားသည္ကို သူမ ခံစားမိလိုက္သည္။ထို႔ေၾကာင့္ သူမလွၫ့္၍ အေၾကာင္းအရင္းကို ၾကၫ့္မိသၫ့္အခါ___

Fuck!

နဖူး၌ေသြးထြက္ေနသည့္ ေခ်ာေမာလွပသၫ့္အမ‌်ိဳးသားတစ္ဦးသည္ မႈန္မိႈင္းမိႈင္းအၾကၫ့္တို႔ျဖင့္ သူမ၏အိတ္ကို ကိုင္ဆြဲထားေလသည္။

" ကြၽန္မ ... ကြၽန္မ "ရွန္းေရွာင္ယြဲ႔သည္ အေျခအေနအား အျပၫ့္အ၀ နားမလည္ေသာ္လည္း အျပစ္ရိွသလို ခံစားရေသာေၾကာင့္" ရွင္ အဆင္ေျပရဲ့လား? "

" မင္းကဘယ္လိုထင္လို႔လည္း? "ေနာင္တရေနသၫ့္ ထိုအမ်ိဳးသမီးကို ခ်င္ယြဲ႔ျမင္လိုက္ရသည္။

" ဟုတ္ပါၿပီ ... ကြၽန္မ ေတာင္းပန္ပါတယ္။အဲ့ဒီလိုျဖစ္ဖို ့မရည္ရြယ္ပါဘူး။ဒဏ္ရာစစ္ေဆး ၾကၫ့္ဖို႔အတြက္ ကြၽန္မ ရွင့္ကို ေဆးရံုလိုက္ပို႔‌ေပးပ့ါမယ္ "ရွန္းေရွာင္ယြဲ႔ အလ်င္အျမန္ပင္ ေတာင္းပန္လိုက္သည္။

ထိုအမ်ိဳးသမီး၏အျပဳအမူမ်ားသည္ သင့္ေလ်ာ္ေနေၾကာင္း ခ်င္ယြဲ႔ျမင္ရေသာအခါ သူကိုယ္တိုင္ကသာ ကံမေကာင္းျခင္းျဖစ္သည္ဟု မွတ္ယူလိုက္ရေတာ့သည္။ထိုခန္းမထဲမွ ထြက္လာၿပီး ေဆးရံုသို႔သြားႏိုင္ရန္အတြက္ သူမ၏ကားဆီသိုအသြား သူမအ‌ေနာက္မွလိုက္လာခဲ့သည္။

ကားေမာင္းေနစဉ္၌ ရွန္းေရွာင္ယြဲ႔သည္ ယြီသံုအား ဖုန္းေခၚလိုက္သည္။" ယြီသံု ...ငါအရင္ ျပန္ႏွင့္ၿပီ။ဘာမွေတာ့ ေထြေထြထူးထူးမရိွပါဘူး...ကိစၥေလးတစ္ခုရိွလို႔...အေရးတႀကီးေတာ့ မဟုတ္ပါဘူး "

" ယြီသံု? "ခ်င္ယြဲ႔သည္ သူ၏ဒဏ္ရာကို တစ္သ်ႈးမ်ားျဖင့္ သုတ္ေနစဉ္ တစ္စံုတစ္ရာကိုသတိရသြားၿပီး ကားေမာင္းေနသၫ့္ ထိုမိန္းကေလးကို ေသခ်ာဂရုတစိုက္ျကၫ့္လိုက္သည္။ထို႔‌အခါမွ ထိုမိန္းကေလးႏွစ္ဦးသည္ ၎အား လုအုပ္စုတြင္ အရူးလုပ္သြားခဲ့သည္ မိန္းကေလးႏွစ္ဦးျဖစ္ေၾကာင္း ခ်င္ယြဲ႔သေဘာေပါက္သြားသည္။

သူမတို႔အား ေနာက္တစ္ႀကိမ္ထပ္ေတြ ့ရလိမ့္မည္ဟု ခ်င္ယြဲ႔မေတြးမိထားေပ။ဘယ္ေလာက္ေတာင္ တိုက္ဆိုင္လိုက္လည္း?

ေသြးမ်ားထြက္ေနဆဲျဖစ္ေသာ္လည္း ဒဏ္ရာသည္ သိပ္မနက္သၫ့္အတြက္ အျပင္းအထန္ႀကီးမဟုတ္ေပ။

" ကြၽန္မ တစ္ကယ္ေတာင္းပန္ပါတယ္။ဒါက ကြၽန္မရဲ့လိပ္စာကဒ္ပါ။အရႈပ္အရွင္းတစ္ခုခုရိွရင္ ကြၽန္မကိုတိုက္ရိုက္ေခၚလို႔ရပါတယ္။ကြၽန္မက တာ၀န္ေက်ပြန္တတ္တဲ့သူ တစ္‌ေယာက္ပါ "ရွန္းေရွာင္ယြဲ႔က သူမ၏လိပ္စာကဒ္ကို လွမ္းေပးလိုက္သည္။

" ရွန္းေရွာင္ယြဲ႔? "ခ်င္ယြဲ႔ ထိုကတ္ကိုၾကၫ့္လိုက္သည္။" ‌ေရွာင္ယြဲ႔ အသံသြင္းစတူဒီယို၊အေထြေထြမန္ေနဂ်ာ?ဒါဆို မင္းတို႔က ခ်င္းဖန္ဗိသုကာကလူေတြ မဟုတ္ဘူးေပါ့ "

" ဟင္? "ခ်င္းဖန္ဗိသုကာဆိုတာ ၾကားဖူးသလိုပဲ။ရွန္းေရွာင္ယြဲ႔ ခဏစဉ္းစားလိုက္ၿပီး‌ေနာက္ သူမ၏အေရ႔ွမွ ထိုအမ်ိဳးသားကို ေသခ်ာၾကၫ့္လိုက္သည့္အခိုက္ သူမ ရုတ္တရက္ သတိရသြားၿပီး မ်က္လံုးမ်ားျပဴးက်ယ္သြားသည္။

" မင္း သတိရၿပီလား? "ခ်င္ယြဲ႔ မ်က္ေမွာင္ႀကံဳ႔ကာ ေမးလိုက္သည္။

" ဟားဟားဟား...ရွင္ရဲ့ေနာက္ဆံုးနာမည္က ဘာလည္း? "‌ေသေလာက္ေအာင္ ရိုက္ခံရလ်ွင္ေတာင္မွ ရွန္းေရွာင္ယြဲ႔တြင္ ၀န္ခံမည့္အရိပ္အေယာင္ တစ္စက္မွ မရိွေပ။ထို႔အျပင္ ထိုအရာမ်ားအားလံုးကို ယြီသံုလုပ္ခဲ့ကျခင္းသာျဖစ္ၿပီး သူမ ဘာမွမလုပ္ခဲ့ေပ။

" မင္းေမ့သြားၿပီလား?ကိစၥမရိွပါဘူး...ေနာက္မွ မင္းနဲ႔စကားေျပာၾကတာေပါ့ "ခ်င္ယြဲ႔သည္ သူ၏လက္ထဲမွလသူမ၏လိပ္စာကတ္ကို ေဝ႔ွရမ္းျပရင္း ေျပာေလသည္။

ရွန္းေရွာင္ယြဲ႔သည္ သူမ၏မ်က္နွာကို သူမကိုယ္တိုင္ ရိုက္ႏွက္ပစ္ခ်င္ေနသည္။

" ကြၽန္ေတာ့္ကို အရင္ျပန္လိုက္ပို႔ေပးဦး "ခ်င္ယြဲ႔ နာရီကိုၾကၫ့္လိုက္သၫ့္အခါ ည၁၀နာရီခြဲ ရိွၿပီျဖစ္သည္။

" ေကာင္းပါၿပီ! "

ရွန္းေရွာင္ယြဲ႔လည္း ခ်င္ယြဲ႔ကို ၿမိဳ႔လယ္ရိွ ဟိုတယ္တစ္ခုသို႔ ပို႔ေဆာင္ေပးလိုက္ျပီး ကားအျပင္သို႔ ဆင္းလာခ်ိန္၌ ရွန္းေရွာင္ယြဲ႔သည္ သစ္ၾကားသီးမုန႔္ဗူးတစ္ဗူးကိုယူ၍ ခ်င္ယြဲ႔အား ‌ေပးလိုက္သည္။

" Su Ji? "ခ်င္ယြဲ႔လည္း သူ၏လက္ထဲရိွ လက္ေဆာင္ဗူးကိုၾကၫ့္၍ အံ့အားသင့္သြားေလသည္။

" ရွင္လည္း ဒီတံဆိပ္ကို သိတယ္လား?ဒါက စူက်ိဳးကလာတဲ့ လက္ေဆာင္ဗူးေလ...သူတို႔က ဒီသစ္ၾကားသီးမုန႔္‌ေတြကို လုပ္လာတာ ႏွစ္ေပါင္းရာေက်ာ္ေနၿပီ "ရွန္းေရွာင္ယြဲ႔က ဂုဏ္ယူ၀င့္ႂကြားစြာျဖင့္ ေျပာေလသည္။" ဒီဗူးက ကြၽန္မကို အနားယူသြားၿပီျဖစ္တဲ့ Su Jiရဲ့ပိုင္ရွင္ အဘြားစုက ‌ေပးထားတာ...ဘယ္ေနရာမွာမွ ၀ယ္လို့မရဘူး "

" Oh?မင္းရဲ့မ်က္ႏွာက ေတာ္ေတာ္ေလး ဂုဏ္ယူဝင့္ႂကြားေနပံုပါလား? "

" ဒါေပါ့...ကြၽန္မတို႔မိသားစုႏွစ္ခုက ကြၽန္မငယ္ငယ္ေလးထဲက အိမ္နီနားခ်င္းေတြ‌ေလ။အဘြားစုက ကြၽန္မအရြယ္ေရာက္လာတာကို ၾကၫ့္ရွု‌ေပးရင္းနဲ႔‌ေပါ့ "ရွန္းေရွာင္ယြဲ႔ ၿပံဳးကာ ေျပာေလသည္။

သူ၏အေရ႔ွရိွ အရပ္ရွည္ရွည္၊ဆြဲေဆာင္မွုေကာင္းေကာင္းနွင့္ေခ်ာ‌ေမာလွပသည့္ ထိုအမ်ိဳးသမီးကိုၾကၫ့္ကာ ခ်င္ယြဲ႔ ရုတ္တရက္ ရယ္လိုက္သည္။

" ရွင္ ဘာလို႔ရယ္တာလည္း? "ရွန္းေရွာင္ယြဲ႔သည္ ခ်င္ယြဲ႔ သူမကိုရယ္ေန‌ေသာ‌ေၾကာင့္ ေမးလိုက္သည္။

" အဲ့တာ ကိုယ္ပဲ...၀တုတ္မေလးရဲ့ "ခ်င္ယြဲ႔ သူ၏လက္ထဲရိွ သစ္ၾကားသီးကိတ္ကို ေျမႇာက္ကာ ေျပာလာသည္။" မင္းရဲ့အိမ္နီးခ်င္း ခပ္ေခ်ာေခ်ာအကိုႀကီးေလ "

ေသစမ္း!

" ရွင္က အဘြားစုရဲ့ေျမးလား? "

ရွန္းေရွာင္ယြဲ႔သည္ ေျမၾကီးထဲ၌သာ ျမဳပ္ေနခ်င္ေနေတာ့သည္။Fuck!ဒါက သူမဘ၀တစ္ေလ်ွာက္လံုး က်ရႈံးခဲ့ရတဲ့ ဖြင့္ေျပာမႈတစ္ခုပဲ___သူမ အသက္၅ႏွစ္အရြယ္တုန္းက ေဘးအိမ္ကအဘြားစုရဲ့ေျမး ခပ္ေခ်ာေခ်ာအကိုႀကီးကို ဖြင့္ေျပာခဲ့တုန္းကေပါ့!

>>>>>

T.B.C
6.10.2021

Continue Reading

You'll Also Like

44.9K 4.7K 72
သူမက ပြောလိုက်သည်..။ "ငါသေချာပေါက် နတ်ဘုရားဖြစ်လာရမယ်" သူက သူမကို ခြေဆုံးခေါင်းဆုံးကြည့်၍ အေးအေးစက်စက်ရယ်လိုက်သည်။ "ဖြစ်နိုင်ပါတယ် ပျင်းရိတဲ့နတ်" သူမ...
951K 102K 147
ဇာတ်လမ်းအညွှန်း စုယာယာ သတိပြုမိချိန်မှာ သူမက ဝတ္ထုကမ္ဘာတစ်ခုထဲ ရောက်ရှိနေခဲ့ကာ CEOရဲ့ အစားထိုးခံ ဇနီးသည်-အမြှောက်စာသာသာဇာတ်ကောင်လေးထဲ ရောက်နေတယ်ဆိုတ...
370K 40K 29
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...
394K 49.5K 36
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...