Unicode
ရှဖန်အတွက် အချိန်မှန်အလုပ်ဆင်းရသည်မှာ ကြုံတောင့်ကြုံခဲလှသော်လည်း ယနေ့ညတွင်မူ ရှားရှားပါးပါး အခွင့်အရေးရလာလေသည်။ဘာကြောင့်မှန်းမသိသော်လည်း ယွီသုံအားတွေ့ရန် မစောင့်နိုင်တော့သောကြောင့် သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုကို နားထောင်ရင်း အသံလွှင့်ရုံသို့မောင်းလာလိုက်သည်။
ယွီသုံသည် အစီအစဉ်၏အပိတ်စကားများကို ပြောဆိုပြီးသည့်နောက် ရှဖန်၏မျက်လုံးများမှာ ထိုအဆောက်အဦး၏တံခါး၌သာ ရစ်ဝဲနေလေတော့သည်။နောက်ဆုံး၌ လည်ပင်းတွင် လည်စည်းကိုပတ်ကာ လမ်းလျှောက်လာသည့် ယွီသုံကို ရှဖန် မြင်လိုက်ရသည်။
" ယွီသုံ! "ရှဖန် ကားထဲမှထွက်လာပြီး ယွီသုံအား ပြုံးပြကာ လက်ဝှေ့ရမ်းပြလိုက်သည်။
ပထမ၌ ယွီသုံမှာ သတိထား၍ ကြည့်နေသော်လည်း ရှဖန်မှန်း သိသွားသည့်အချိန်၌ သူ့ဆီသို့ ပြေးလာလေသည်။
" ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလည်း? "
" ကိုယ် မင်းကို လာမကြိုရတာ တော်တော်ကြာနေပြီလို့ တွေးမိသွားလို့ "အလျင်အမြန် ပြေးလွှားလာမှုကြောင့် သူမ၏လည်စည်း ပြေမကျခင် ရှဖန်က ပြန်ပြင်ပေးလိုက်သည်။
" နေ့တိုင်းလည်း ကျွန်မဘာသာ အလုပ်လာနေတာကို ရှင်က ကျွန်မကို ဘာလို့လာကြိုနေမှာလည်း? "
" ကိုယ်က ကြိုပေးချင်လို့လေ! "ယနေ့ညတွင် ရှဖန်၏မျက်ဝန်းများသည် အလွန်ကြင်နာနေပုံရသည်ဟု သူမထင်မိသည်မှာ မီးရောင်မှိန်မှိန်များကြောင့်လည်း ဖြစ်နိုင်လေသည်။
ရှဖန်သည် သူမကို ကြည့်နေသောကြောင့်လား (သို့မဟုတ်) ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့်လား မသိသော်လည်း ယွီသုံ အနည်းငယ် စိတ်မသက်မသာခံစားလာရသည်။ထို့ကြောင့် ခေါင်းကိုငုံ့၍ သူမ၏ရှူးဖိနပ်များနှင့် မြေကြီးကို ပွတ်တိုက်နေမိသည်။
အမျိုးသမီးတို့၏ ခံစားချက်များသည် ထူးဆန်းလှသည်။သူမတို့ ကြိုက်နှစ်သက်သည့်သူမဟုတ်ပါက ထိုလူအား ရဲရဲတင်းတင်းပင် ဆက်ဆံဝံ့ကြပြီး သူမတို့ သဘောကျနှစ်ခြိုက်သည့်သူဖြစ်ပါက ထိုလူ၏အရှေ့တွင် စိတ်လှုပ်ရှားကာ ရှက်ရွံ့တတ်ကြသည်။
သူမသည် ရှဖန်အား ပို၍ပို၍ပင် သဘောကျလာလေသည်။အကယ်၍ တစ်နေ့၌ သူမမျှော်မှန်းထားသလို ဖြစ်မလာပါက ယွီသုံ ယူကျုံးမရဖြစ်ကာ အကြီးအကျယ်စိတ်ထိခိုက်ရပေလိမ့်မည်။သူမ ထိုကိစ္စအား ပူပန်နေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
ထိုအကြောင်းအား တွေးမိရုံမျှဖြင့် စိတ်တထင့်ထင့်ဖြစ်ရသောကြောင့် ထိုအတွေးကို ဘယ်သောအခါမှ အကြာကြီးမတွေးခဲ့ပေ။
ယွီသုံအမှန်တစ်ကယ်ပင် အဆိုးမြင်ဝါဒမရှိချင်ပေ၊ရှဖန်အား မဆုံးရှုံးချင်ပေ။သူမ ရှဖန်နှင့်အတူသာ ပျော်ရွှင်ချင်သည်။
" မင်း ဘာတွေ စဉ်းစားနေတာလည်း? " ရှဖန် သူမ၏ခေါင်းကို ဖွဖွလေးထိကာ မေးလာသည်။
" ဟင် ... "ယွီသုံ ခေါင်းကိုမော့လာသည့်အခိုက် သူမ၏ဝိုင်းဝိုင်းစက်စက်မျက်ဝန်းများမှာ တောက်ပနေသည်။" ကျွန်မ ဘာမှမစဉ်းစားပါဘူး "
" ဒါဆို ခေါင်းငုံ့ပြီးတော့ ဘာလုပ်နေတာလည်း? "ထိုကဲ့သို့ သိသာထင်ရှားသည့် အလိမ်အညာများကို ရှဖန်မယုံကြည်ပေ။
" ကျွန်မရယ်နေတာပါ "
ရှဖန် နားမလည်စွာဖြင့် သူမကို ကြည့်လာသည်။
သူမ ရယ်လိုက်ရင်း" ရှင်က ကျွန်မကို လာကြိုတာပေးလို့ ကျွန်မပျော်နေတာ။ပြီးတော့ ကျွန်မက ဒီလိုဝမ်းသာနေတယ်ဆိုတာ ရှင့်ကို မသိစေချင်လို့ "
" မင်း ... "ရှဖန် ဘာမြှပန်မပြောတော့ဘဲ ရယ်လ်ိုက်သည်။ထို့နောက် ယွီသုံ၏လက်ကို ဆွဲယူကာ မေးလိုက်သည်။" မင်း အေးနေလား ? "
ယွီသုံ ခေါင်းရမ်းပြလိုက်သည်။
" ဒါဆို လမ်းလျှောက်ကြရအောင် "
ယွီသုံ အနည်းငယ်အံ့ဩသွားသော်လည်း သူမ မငြင်းဆန်လိုက်ပေ ; ရှဖန် တစ်ခုခုပြောချင်တာရှိလို့ပဲ ဖြစ်ရမယ်။
လမ်းများသည်တိတ်ဆိတ်နေပြီး အထူးသဖြင့် ယခုလိုမနက်စောစောအချိန်၌ ရှင်းလင်းနေလေသည်။တစ်ခါတစ်ရံမှ တက္ကစီတစ်စင်းတစ်လေသာ ဖြတ်သွားလေသည်။
ရှဖန်လည်း သူမလက်ကိုဆုပ်ကိုင်၍ ဖြောင့်တန်းနေသည့်လမ်းတစ်လျှောက် ရောက်တတ်ရာရာ လျှောက်လာကြသည်။
" ကိုယ် ဒီလိုမျိုး လမ်းလျှောက်မထွက်ရတာ တော်တော်ကြာနေပြီ "ရှဖန်က ရုတ်တရက်ပြောလာသည်။" တိတ်ဆိတ်နေတာပဲ "
" တိတ်ဆိတ်ငြိမ်သက်တာကို ရှင် ကြိုက်လား? "
" အေးဆေးသလိုတော့ ခံစားရတယ်! "ထိုကဲ့သို့သောအေးဆေးငြိမ်သက်မှုမျိုးကို အနည်းငယ်သဘောကျနှစ်ခြိုက်သည်ဟု ရှဖန်ခံစားမိသည်။
" ဒါပေမယ့် ကျွန်မကတော့ သိပ်မကြိုက်ဘူး "အနည်းငယ်အကွာအဝေးမှ နီယွန်ဆိုင်းဘုတ်တစ်ခုကို ယွီသုံ လှမ်းကြည့်လိုက်ပြီး အနည်းငယ် စိတ်ဓာတ်ကျနေသည့်အသံမျိုးဖြင့် " တိတ်ဆိတ်မှုက ကျွန်မကို အထီးကျန်စေတယ် "
ဘာကြောင့်မှန်းမသိသော်လည်း ထိုအခိုက်အတန့်၌ ယွီသုံ အတော်လေးအထီးကျန်သလို ခံစားရလေသည်။အိမ်ပြန်လမ်းကိုရှာဖွေနေသော လမ်းပျောက်နေသည့် ဌက်တစ်ကောင်ကဲ့သို့ ၊ အချိန်အတော်ကြာ အဝေးမှာရောက်နေသည့် ခြေဦးတည့်ရာသွားနေသည့်သူတစ်ဦးကဲ့သို့ သူမ ခံစားနေရသည်။
ကိုင်ဆွဲထားသည့် ယွီသုံ၏လက်များကို ပို၍ပင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ရှဖန် ယွီသုံဘက်သို့လှည့်ကာ ပြောလိုက်သည်။" ကိုယ်က မင်းနဲ့အတူရှိတယ်လေ "
" အမ်! "သူမ၏လက်ရှိ ခံစားချက်သည် အတိတ်ဘဝမှအမည်းစက်ကြောင့်ဖြစ်သော်လည်း ယွီသုံ၏အဖြေသည် အနည်းငယ်ပူပန်သောကရောက်ဟန် ဖြစ်သည်။
" ဒီနေ့ဆေးရုံက ကိုယ်တို့ကို နှစ်သစ်ကူးရက်အတွက် တာဝန်အချိန်ဇယားတွေ တင်ပြဖို့ပြောလာတယ်။ဒါပေမယ့် ဒီနှစ်တော့ ကိုယ် ဂျုတီချိန်တစ်ချိန်မှ မယူလိုက်တော့ဘူး "
ထိုအခါ ယွီသုံသည် ပို၍တောက်ပလာသည်။" ဒါဆို ရှင် အနားယူလို့ရတာပေါ့ "
" ဟုတ်တယ်! "ရှဖန် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဂရုတစိုက်ဖြင့် မေးလိုက်သည်။" ဒါဆိုရင် ... ဒါကို အခွင့်ကောင်းယူပြီးတော့ ယောက္ခထီးနဲ့ယောက္ခမကြီးဆီ သွားလည်ကြမလား? "
ယွီသုံမှင်သက်သွားသည့်အပြင် ပျော်ရွှင်မှုကြောင့် မျက်လုံးများပြူကျယ်လာသော်လည်း တစ်ဖန် ရှုပ်ထွေးသွားဟန်ဖြင့် ရှဖန်အား ငေးကြည့်လာသည်။
" ဘာဖြစ်လို့လည်း? " ရှဖန် နူးညံ့စွာဖြင့် သူမကို မေးလိုက်သည်။
" မင်း မသွားချင်လို့လား? "
ယွီသုံ အလျင်အမြန်ပင် ခေါင်းခါရမ်းပြလေသည်။" ဒီကိစ္စကို ရှင်ကိုယ်တိုင် စပြီးထုတ်ပြောလာဖို့ ကျွန်မစောင့်နေခဲ့တာ "
ယခုအချိန်၌မူ မှင်သက်သွားရသူမှာ ရှဖန်ဖြစ်သည်။ထို့ကြောင့် အနည်းငယ် အပြစ်ရှိသလိုခံစားသွားရသဖြင့် ရှဖန် ယွီသုံကို ပြောလိုက်သည်။" တောင်းပန်ပါတယ် ... ကိုယ်က မကောင်းတာပါ။ဒိကိစ္စကို စောစောကတည်း ကိုယ် မေးခဲ့သင့်တာ "
ယွီသုံလည်း နောက်တစ်ကြိမ် ခေါင်းခါရမ်းလိုက်ပြန်သည်။
" တစ်ကယ်လို့အနာဂတ်မှာ ဒီလိုအရေးကြီးတဲ့ကိစ္စတွေကို ကိုယ်မေ့နေခဲ့ရင် မင်း ကိုယ့်ကို သတိပေးပေးနော် "
" ရှင် ဒီလိုမျိုးစဉ်းစားနေလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး "အမှန်တစ်ကယ်၌ သူမတို့သည် ချစ်ခင်နှစ်သက်၍ လက်ထပ်ခဲ့ခြင်း မဟုတ်လေသောကြောင့် သူမအပေါ် ရှဖန်၏ခံစားချက်များကို ယွီသုံသေချာမသိခဲ့ပေ။
၎င်းတို့၏ဆက်ဆံရေးကို ဖုံးကွယ်ထားသည့် အစောပိုင်းနေ့ရက်များတွင် ရှဖန်သည် အမြဲစိတ်ဒွိဟဖြစ်ကာ တွေးတောနေခဲ့သည်။ယခု ရှဖန်နားလည်လိုက်သည်မှာ ယွီသုံသည် ထိုအကြောင်းတို့အား တစ်ချိန်လုံး အမှန်တစ်ကယ် သိရှိခဲ့သော်လည်း သူ့အား ဖိအားမပေးခြင်းပင်ဖြစ်သည်။
ဟုတ်တယ် ... သူ(မ)က ပတ်ဝန်းကျင်ကလူတွေရဲ့ ခံစားချက်ကို အမြဲတမ်း ဂရုစိုက်တာပဲ။သူမ လုပ်ချင်တဲ့အရာတွေကို ကြိုးစားပြီးလုပ်ကိုင်ပေမယ့် သူမရဲ့စိတ်ကူးတွေက အခြားသူတွေကို ဘယ်တော့မှ ဖိအားမပေးဘူး။
" ယွီသုံ ... မင်း ကိုယ့်ကို တစ်ခုခု မေးချင်တာများရှိလား?? "ရှဖန် သူမ၏လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်၍ သူမ၏မျက်လုံးကို စိုက်ကြည့်ကာ မေးလိုက်သည်။
သူမကို တင်းကျပ်စွာဆုပ်ကိုင်ထားသော နွေးထွေးလှသည့် သူ၏လက်များက သူမအား သတ္တိများပေးစွမ်းနေလေသည်။
" ရှင် ... ကျွန်မကို ကြိုက်လား? "
သူမ ရှဖန်ကို အမှန်တစ်ကယ်သဘောကျသည်ဟု နားလည်သဘောပေါက်လိုက်မိကတည်းက ရှဖန်အား ထိုမေးခွန်းကိုမေးရန် ပိုပိုပြီး ကြောက်ရွံ့လာလေသည်။အကယ်၍ ရှဖန်သာ ' No 'ဟု ဖြေဆိုလာပါက ယွီသုံ သူ၏ဘေးတွင် ကြာရှည်စွာနေနိုင်မည် မဟုတ်တော့ပေ။
သူမ၏ယခင်ဘဝမှ အတွေ့အကြုံအတိုင်း နောက်တစ်ကြိမ်တွေ့ကြုံ၍ အဆုံးသတ်သွားရမည်ကို သူမအလွန်စိုးရိမ်လှပေသည်။
ပြန်လည်မွေးဖွားလာမှုသည် ယွီသုံ၏ခန္ဓာကိုယ်ကို ပို၍ငယ်ရွယ်လာစေသော်လည်း သူမ၏စိတ်ဝိညာဉ်သည် ၁၀နှစ်နီးပါး အထီးကျန်ဆန်ခဲ့မှုကို ကြောက်ရွံ့ထိတ်လန့်နေဆဲ ဖြစ်သည်။
" ကိုယ့်ကိုကြည့်! "ရှဖန် သူ၏လက်နှစ်ဖက်လုံးဖြင့် ယွီသုံ၏မျက်နှာကို ကိုင်မလိုက်သည်။အဝေးရှိ နီယွန်ဆိုင်းဘုတ်မှအလင်းရောင်များသည် ယွီသုံ၏မျက်ဝန်းများထဲ၌ ပုံရိပ်ထင်နေလေသည်။
" ကိုယ် မင်းကို ကြိုက်တယ်! "ရှဖန် အလေးအနက်ပြောလိုက်သည်။" ကိုယ်က စိတ်ရှုပ်စရာကောင်းတယ်၊ အထိတ်တလန့်လည်းဖြစ်စေတဲ့အပြင် တစ်ခါတစ်ရံ စိတ်ပူပန်ရအောင်လည်း လုပ်မိတယ်ဆိုတာ ဝန်ခံပါတယ်။ဒါပေမယ့် မင်းပဲ ... မင်းက ကိုယ်ကြိုက်တဲ့ မိန်းကလေးပဲ "
ယွီသုံ၏မျက်လုံးထဲတွင် ထင်ဟပ်နေသည့် နီယွန်မီးရောင်တို့မှာ ဝေဝါးလာပြီး သူမ စတင်ငိုရှိုက်လေတော့သည်။သူမ၏ ခြေဦးတည့်ရာသွားလာနေသည့် အထီးကျန်ဆန်လှသော စိတ်ဝိဉာဉ်သည် နောက်ဆုံး၌ နွေးထွေးသည့်နားခိုရာတွေ့ပြီဟု သူမခံစားမိသည်။
" မငိုပါနဲ့! "ရှဖန် စိုးရိမ်တကြီးဖြင့် ပြောလာပြီး သူ၏လက်များက သူမ၏မျက်ရည်တို့ကို သုတ်ပေးရန် ကြိုးစားနေလေသည်။ရှဖန် မျက်ရည်များကို သုတ်ပေးလေလေ ထိုမျက်ရည်တို့မှာ ပို၍ကျဆင်းလာလေလေ ဖြစ်သောကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ယွီသုံကို သူ၏လက်မောင်းများထဲသို့ဆွဲသွင်းလိုက်လေသည်။
မူလက သူမ၏မျက်ရည်များသည် ရှဖန်ကြောင့်ဖြစ်သော်လည်း သူမ ရှဖန်၏ပုခုံးထက်သို့မှီချလိုက်သည့်အတွက် အချစ်အတွက် ၊ အထီးကျန်ဆန်မှုအတွက် ၊ လွန်ခဲ့သည့်၁၀နှစ်လုံး အကျိုးမဲ့စွာ စောင့်ဆိုင်းခဲ့ရသည့်အတွက် ငိုချလိုက်လေတော့သည်။
ယခင်ဘဝ၌ ယွီသုံသည် သူမ၏right personကို ရှာဖွေစောင့်ဆိုင်းနေခဲ့သည်။သို့သော် နှစ်ပေါင်းများစွာကုန်ဆုံးသွားခဲ့သော်လည်း right personကို ရှာမတွေ့ခဲ့ပေ။ထို့ပြင် အပြစ်တင်ဝေဖန်မှုများ၊ အထီးကျန်ဆန်မှုများကို ကျော်ဖြတ်ရင်း သူမ အသက်တဖြည်းဖြည်းကြီးလာခဲ့သော်လည်း တစ်ယောက်တည်း ဆက်လက်စောင့်ဆိုင်းနေဆဲပင် ဖြစ်သည်။
ယွီသုံအဘယ်ကြောင့် ထိုကဲ့သို့ရှိုက်ကြီးတငင်ငိုလာသည်ကို ရှဖန် အမှန်တစ်ကယ်ပင် မသိသော်လည်း သူမနှင့်အတူရှိနေပေးချင်ပြီး သူမကို ဆုပ်ကိုင်ပေးထားချင်လေသည်။
သူမ ဘယ်လောက်ကြာကြာငိုခဲ့သည်ကို ယွီသုံမသိတော့ပေ။ခံစားချက်များအားလုံး ဖွင့်ထုတ်ပြီးသည့်နောက် ယွီသုံရှက်ရွံ့လာပြီး သူမ၏နီရဲရဲမျက်လုံးများသည် ရှက်ရွံ့နေသည့်ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။
" မင်းရဲ့မျက်နှာလေး ဖောင်းလာပြီ! "ရှဖန်၏မျက်နှာ၌ ချစ်ခင်နှစ်သက်မှုအပြည့်ပင်ဖြစ်သည်။
" ဖောင်းပြီးတော့ လှပါတယ်! "ယွီသုံ၏အသံသည် ငိုထားသောကြောင့် မချောမမွေ့ဖြစ်နေသည်။
" ဟုတ်တယ် ... မင်းက အလှဆုံးပဲ! "ထိုသို့ပြောပြီး သူမ၏လက်ကို ထမ်မံဆွဲကိုင်လိုက်သည်။" ပြန်သွားကြစို့ "
" ခဏလောက်စောင့်ပါဦး ... ကျွန်မလည်း ရှင့်ကို ပြောစရာရှိတယ် "ယွီသုံ ရှဖန်၏နောက်ကျောကို လှမ်းဆွဲကာ ပြောလိုက်သည်။
ရှဖန်လည်း ရပ်၍ သူမဘက်သို့ လှည့်လိုက်သည်။
" ကျွန်မ ရှင့်ကိုကြိုက်တယ်ဆိုတာ ရှင်သိသင့်တယ်လေ! "ယွီသုံ အနည်းငယ်ရှက်သွေးဖြာသွားသော်လည်း တည်ကြည်စွာဖြင့် ဆက်ပြောလေသည်။" ကျွန်မလည်း ရှင့်ကိုသဘောကျတယ်ဆိုတာ ရှင့်ကို ပြောပြချင်တယ် "
ယွီသုံပြုလုပ်သည့် အပြုအမူများကြောင့် ရှဖန်အနေဖြင့် ယွီသုံသည် သူ့အားကြိုက်နှစ်သက်သည်ကို သေချာသိသော်လည်း ယခုကဲ့သို့ထိုစကားကို ပြတ်ပြတ်သားသားပြောလာသည့်အခါမျိုး၌ သူ၏နှလုံးသားသည် တုန်ခါနေဆဲဖြစ်သည်။
သူမ နမ်းရှိုက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ယခုတစ်ကြိမ်၌ အရင်ကနှင့်မတူရန် ရှဖန် ဆန္ဒရှိလေသည်။နူးညံ့သည့်နှုတ်ခမ်းများနှင့် ရစ်ဝဲနေသည့်လျှာများသည် နှလုံးသား၏အနက်ရှိုင်းဆုံးနေရာသို့ပင် ရောက်သွားလေသည်။
တိတ်ဆိတ်နေသည့်လမ်းမထက်၌ ဗလာဟင်းလင်းသစ်ပင်များနှင့်မှုန်ပျပျလမ်းမီးရောင်များကို ကျော်လွန်၍ ထိုအနမ်းခြွေနေသည့်စုံတွဲသည် ထိုညတွင် မြင်နိုင်သည့် နောက်ဆုံးအရာပင်ဖြစ်သည်။
အလွန်ငိုခဲ့သောကြောင့် အိမ်ပြန်လာသည့်လမ်းတစ်လျှောက်၌ ယွီသုံ အိပ်မောကျလာခဲ့သည်။
လမ်းပေါ်သို့ငေးကြည့်နေရင်း ရှဖန်၏အတွေးတို့သည်လည်း ငိုနေသည့်ယွီသုံ၏ပုံရိပ်တို့ဖြင့် ပြည့်နေလေသည်။
ယွီသုံငယ်ငယ်က သူ့အသက်အရွယ်နဲ့မလိုက်အောင် နာကျင်စရာအတိတ်တစ်ခုခု ရှိခဲ့ပုံရတယ်။သူ့ရဲ့မျက်ရည်တွေက အချစ်ကြောင့်နာကျင်လို့ရော၊အဆင်မပြေတာတွေကြောင့်ရော ကျလာတာမဟုတ်ဘူး။နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့်ပဲ ဖြစ်ရမယ်။
ဘာလို့ မင်းနာကျင်နေလည်းဆိုတာ ကိုယ်မသိပေမယ့် အခုကစပြီးတော့ ကိုယ် မင်းကို ကာကွယ်ပေးပါ့မယ်။
အိပ်ပျော်နေသည့်ယွီသုံကို ရှဖန် ငြင်သာစွာပင် မချီလိုက်သည်။အပူချိန်အပြောင်းအလဲကြောင့် သူမ သတိမထားမိဘဲ ရှဖန်၏လက်မောင်းထဲ၌သာ မှီတွယ်ထားမိလေသည်။သူမကို အနည်းငယ်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်၍ ဓာတ်လှေကားဆီသို့ ရှဖန် ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။
၎င်းတို့၏ အိမ်ရှေ့တံခါးသို့ရောက်သည့်အခါ ယွီသုံအား လက်မောင်းထဲတွင် ပွေ့ချီထားသောကြောင့် တံခါးကို မဖွင့်နိုင်ပေ။သူမကို အောက်သို့ မချချင်သောကြောင့် ရှဖန်အနေဖြင့် သူမကို နှိုးလိုက်ရုံသာတတ်နိုင်တော့သည်။
" ယွီသုံ "ရှဖန် နူးညံ့စွာဖြင့် နှိုးလိုက်သည်။
" အင်း .... " ငေးငိုင်နေဆဲဖြစ်သည့် မျက်လုံးများဖြင့် ယွီသုံမေးလာလေသည်။" ကျွန်မတို့ အိမ်ပြန်ရောက်ပြီလား? "
သူမ ရှဖန်၏အိတ်ထောင်ထဲမှ သော့ကိုယူကာ ပြောလိုက်သည်။" ကျွန်မဖွင့်ပေးမယ် "
ရှဖန်လည်း သူမကို အိပ်ခန်းထဲထိ သယ်ဆောင်သွားပြီး အိပ်ယာပေါ်သို့ မတင်ပေးလိုက်သည်။
ထို့နောက် ယွီသုံကို စောင်ခြုံပေးလိုက်ပြီးနောက် သူမသည် သူ့အားကြည့်နေသောကြောင့် ရှဖန်ပြုံးကာ ပြောလိုက်သည်။" မြန်မြန်အိပ်တော့နော် "
" ရှဖန် ... ကျွန်မ ရုတ်တရက် ပိုင်ဆိုင်လိုက်ရသလို ခံစားနေရတယ် "
သူမ၏စောင်ကို ဆုပ်ကိုင်ထားသည့် ရှဖန်၏လက်များသည် တောင့်တင်းလာပြီး သူ၏နှလုံးသားတစ်ခုလုံးသည် ထိခိုက်နာကျင်ခံစားသွားရသည်။မင်းက တစ်ချိန်လုံး မသက်မသာဖြစ်နေခဲ့ရတာပဲ။
" အဲ့ဒီပိုင်ဆိုင်လိုက်ရတဲ့ခံစားချက်က ဘယ်လောက်ထိကြာမှာလည်း? "ရှဖန် ရယ်ရင်းမေးလိုက်သည်။
" အမ်း...ကျွန်မတို့ လမ်းလျှောက်ဖို့ ခက်ခဲလာမယ့်အချိန်တိုင်အောင်အထိ ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ် "
" မင်းဦးဆောင်မယ့်နောက်ကို မှီခိုရမှာ ကိုယ်စိုးရိမ်မိပါတယ် "ရှဖန် ရယ်လိုက်ပြန်သည်။
" ဟုတ်တာပေါ့ ... ရှင်က ကျွန်မထက် အများကြီးအသက်ကြီးတာလေ ! "ယွီသုံလည်း သူနှင့်အတူ လိုက်ရယ်လိုက်သည်။
" ကြိုပြီး ကျေးဇူးတင်ပါတယ် "
ရှဖန်၏စကားကြောင့် ယွီသုံပြုံးဖြဲဖြဲဖြစ်သွားသည်။
" Goodnight! "ရှဖန် မထမှီ သူမ၏နဖူးထက်သို့ အနမ်းပေးလိုက်သည်။
အရမ်းနောက်ကျမှ ပြောရတဲ့အတွက် တောင်းပန်ပါတယ်။ဒါပေမယ့် အခုကစပြီးတော့ ' မင်းကိုသဘောကျတယ်ဆိုတဲ့အကြောင်း 'အမြဲေပြာနေတော့မွာပါ ......
>>>>>
T.B.C
1.10.2021
💫💫💫💫💫💫💫💫💫💫💫💫💫💫💫
Zawgyi
ရွဖန္အတြက္ အခ်ိန္မွန္အလုပ္ဆင္းရသည္မွာ ႀကံဳေတာင့္ႀကံဳခဲလွေသာ္လည္း ယေန ့ညတြင္မူ ရွားရွားပါးပါး အခြင့္အေရးရလာေလသည္။ဘာေၾကာင့္မွန္းမသိေသာ္လည္း ယြီသံုအားေတြ ့ရန္ မေစာင့္ႏိုင္ေတာ့ေသာေၾကာင့္ သူမ၏တိုက္ရိုက္ထုတ္လႊင့္မႈကို နားေထာင္ရင္း အသံလႊင့္ရံုသို႔ေမာင္းလာလိုက္သည္။
ယြီသံုသည္ အစီအစဉ္၏အပိတ္စကားမ်ားကို ေျပာဆိုၿပီးသၫ့္ေနာက္ ရွဖန္၏မ်က္လံုးမ်ားမွာ ထိုအေဆာက္အဦး၏တံခါး၌သာ ရစ္၀ဲေနေလေတာ့သည္။ေနာက္ဆံုး၌ လည္ပင္းတြင္ လည္စည္းကိုပတ္ကာ လမ္းေလ်ွာက္လာသၫ့္ ယြီသံုကို ရွဖန္ ျမင္လိုက္ရသည္။
" ယြီသံု! "ရွဖန္ ကားထဲမွထြက္လာၿပီး ယြီသံုအား ၿပံဳးျပကာ လက္ေဝ႔ွရမ္းျပလိုက္သည္။
ပထမ၌ ယြီသံုမွာ သတိထား၍ ၾကၫ့္ေနေသာ္လည္း ရွဖန္မွန္း သိသြားသည့္အခ်ိန္၌ သူ႔ဆီသို႔ ေျပးလာေလသည္။
" ဒီကို ဘယ္လိုလုပ္ၿပီး ေရာက္လာတာလည္း? "
" ကိုယ္ မင္းကို လာမႀကိဳရတာ ေတာ္ေတာ္ၾကာေနၿပီလို႔ ေတြးမိသြားလို႔ "အလ်င္အျမန္ ေျပးလႊားလာမႈေၾကာင့္ သူမ၏လည္စည္း ေျပမက်ခင္ ရွဖန္က ျပန္ျပင္ေပးလိုက္သည္။
" ေန ့တိုင္းလည္း ကြၽန္မဘာသာ အလုပ္လာေနတာကို ရွင္က ကြၽန္မကို ဘာလို႔လာႀကိဳေနမွာလည္း? "
" ကိုယ္က ႀကိဳေပးခ်င္လို႔ေလ! "ယေန ့ညတြင္ ရွဖန္၏မ်က္၀န္းမ်ားသည္ အလြန္ၾကင္နာေနပံုရသည္ဟု သူမထင္မိသည္မွာ မီးေရာင္မိွန္မိွန္မ်ားေၾကာင့္လည္း ျဖစ္ႏိုင္ေလသည္။
ရွဖန္သည္ သူမကို ၾကၫ့္ေနေသာေၾကာင့္လား (သို႔မဟုတ္) ပတ္ဝန္းက်င္သည္ တိတ္ဆိတ္ၿငိမ္သက္ေနေသာေၾကာင့္လား မသိေသာ္လည္း ယြီသံု အနည္းငယ္ စိတ္မသက္မသာခံစားလာရသည္။ထို႔ေၾကာင့္ ေခါင္းကိုငံု႔၍ သူမ၏ရွူးဖိနပ္မ်ားနွင့္ ေျမၾကီးကို ပြတ္တိုက္ေနမိသည္။
အမ်ိဳးသမီးတို႔၏ ခံစားခ်က္မ်ားသည္ ထူးဆန္းလွသည္။သူမတို႔ ႀကိဳက္ႏွစ္သက္သၫ့္သူမဟုတ္ပါက ထိုလူအား ရဲရဲတင္းတင္းပင္ ဆက္ဆံဝံ့ၾကၿပီး သူမတို႔ သေဘာက်ႏွစ္ၿခိဳက္သၫ့္သူျဖစ္ပါက ထိုလူ၏အေရွ႔တြင္ စိတ္လႈပ္ရွားကာ ရွက္ရြံ႔တတ္ၾကသည္။
သူမသည္ ရွဖန္အား ပို၍ပို၍ပင္ သေဘာက်လာေလသည္။အကယ္၍ တစ္ေန ့၌ သူမေမ်ွာ္မွန္းထားသလို ျဖစ္မလာပါက ယြီသံု ယူက်ံဳးမရျဖစ္ကာ အႀကီးအက်ယ္စိတ္ထိခိုက္ရေပလိမ့္မည္။သူမ ထိုကိစၥအား ပူပန္ေနခဲ့သည္မွာ အေတာ္ၾကာခဲ့ၿပီျဖစ္သည္။
ထိုအေၾကာင္းအား ေတြးမိရံုမ်ွျဖင့္ စိတ္တထင့္ထင့္ျဖစ္ရေသာေၾကာင့္ ထိုအေတြးကို ဘယ္ေသာအခါမွ အၾကာႀကီးမေတြးခဲ့ေပ။
ယြီသံုအမွန္တစ္ကယ္ပင္ အဆိုးျမင္ဝါဒမရိွခ်င္ေပ၊ရွဖန္အား မဆံုးရႈံးခ်င္ေပ။သူမ ရွဖန္ႏွင့္အတူသာ ေပ်ာ္ရႊင္ခ်င္သည္။
" မင္း ဘာေတြ စဉ္းစားေနတာလည္း? " ရွဖန္ သူမ၏ေခါင္းကို ဖြဖြေလးထိကာ ေမးလာသည္။
" ဟင္ ... "ယြီသံု ေခါင္းကိုေမာ့လာသည့္အခိုက္ သူမ၏ဝိုင္းဝိုင္းစက္စက္မ်က္၀န္းမ်ားမွာ ေတာက္ပေနသည္။" ကြၽန္မ ဘာမွမစဉ္းစားပါဘူး "
" ဒါဆို ေခါင္းငံု႔ၿပီးေတာ့ ဘာလုပ္ေနတာလည္း? "ထိုကဲ့သို႔ သိသာထင္ရွားသၫ့္ အလိမ္အညာမ်ားကို ရွဖန္မယံုၾကၫ္ေပ။
" ကြၽန္မရယ္ေနတာပါ "
ရွဖန္ နားမလည္စြာျဖင့္ သူမကို ၾကၫ့္လာသည္။
သူမ ရယ္လိုက္ရင္း" ရွင္က ကြၽန္မကို လာႀကိဳတာေပးလို႔ ကြၽန္မေပ်ာ္ေနတာ။ျပီးေတာ့ ကြၽန္မက ဒီလိုဝမ္းသာေနတယ္ဆိုတာ ရွင့္ကို မသိေစခ်င္လို႔ "
" မင္း ... "ရွဖန္ ဘာမျွပန္မေျပာေတာ့ဘဲ ရယ္လို္က္သည္။ထို႔ေနာက္ ယြီသံု၏လက္ကို ဆြဲယူကာ ေမးလိုက္သည္။" မင္း ေအးေနလား ? "
ယြီသံု ေခါင္းရမ္းျပလိုက္သည္။
" ဒါဆို လမ္းေလ်ွာက္ၾကရေအာင္ "
ယီြသံု အနည္းငယ္အံ့ဩသြားေသာ္လည္း သူမ မျငင္းဆန္လိုက္ေပ ; ရွဖန္ တစ္ခုခုေျပာခ်င္တာရိွလို႔ပဲ ျဖစ္ရမယ္။
လမ္းမ်ားသည္တိတ္ဆိတ္ေနၿပီး အထူးသျဖင့္ ယခုလိုမနက္ေစာေစာအခ်ိန္၌ ရွင္းလင္းေနေလသည္။တစ္ခါတစ္ရံမွ တကၠစီတစ္စင္းတစ္ေလသာ ျဖတ္သြားေလသည္။
ရွဖန္လည္း သူမလက္ကိုဆုပ္ကိုင္၍ ေျဖာင့္တန္းေနသည့္လမ္းတစ္ေလ်ွာက္ ေရာက္တတ္ရာရာ ေလ်ွာက္လာၾကသည္။
" ကိုယ္ ဒီလိုမ်ိဳး လမ္းေလ်ွာက္မထြက္ရတာ ေတာ္ေတာ္ၾကာေနၿပီ "ရွဖန္က ရုတ္တရက္ေျပာလာသည္။" တိတ္ဆိတ္ေနတာပဲ "
" တိတ္ဆိတ္ၿငိမ္သက္တာကို ရွင္ ႀကိဳက္လား? "
" ေအးေဆးသလိုေတာ့ ခံစားရတယ္! "ထိုကဲ့သို႔ေသာေအးေဆးၿငိမ္သက္မႈမ်ိဳးကို အနည္းငယ္သေဘာက်ႏွစ္ၿခိဳက္သည္ဟု ရွဖန္ခံစားမိသည္။
" ဒါေပမယ့္ ကြၽန္မကေတာ့ သိပ္မႀကိဳက္ဘူး "အနည္းငယ္အကြာအေဝးမွ နီယြန္ဆိုင္းဘုတ္တစ္ခုကို ယြီသံု လွမ္းၾကၫ့္လိုက္ၿပီး အနည္းငယ္ စိတ္ဓာတ္က်ေနသၫ့္အသံမ်ိဳးျဖင့္ " တိတ္ဆိတ္မႈက ကြၽန္မကို အထီးက်န္ေစတယ္ "
ဘာေၾကာင့္မွန္းမသိေသာ္လည္း ထိုအခိုက္အတန႔္၌ ယြီသံု အေတာ္ေလးအထီးက်န္သလို ခံစားရေလသည္။အိမ္ျပန္လမ္းကိုရွာေဖြေနေသာ လမ္းေပ်ာက္ေနသၫ့္ ဌက္တစ္ေကာင္ကဲ့သို႔ ၊ အခ်ိန္အေတာ္ၾကာ အေဝးမွာေရာက္ေနသၫ့္ ေျခဦးတၫ့္ရာသြားေနသၫ့္သူတစ္ဦးကဲ့သို႔ သူမ ခံစားေနရသည္။
ကိုင္ဆြဲထားသၫ့္ ယြီသံု၏လက္မ်ားကို ပို၍ပင္ တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္လိုက္ၿပီး ရွဖန္ ယြီသံုဘက္သို႔လွၫ့္ကာ ေျပာလိုက္သည္။" ကိုယ္က မင္းနဲ႔အတူရိွတယ္ေလ "
" အမ္! "သူမ၏လက္ရိွ ခံစားခ်က္သည္ အတိတ္ဘ၀မွအမည္းစက္ေၾကာင့္ျဖစ္ေသာ္လည္း ယြီသံု၏အေျဖသည္ အနည္းငယ္ပူပန္ေသာကေရာက္ဟန္ ျဖစ္သည္။
" ဒီေန ့ေဆးရံုက ကိုယ္တို႔ကို ႏွစ္သစ္ကူးရက္အတြက္ တာဝန္အခ်ိန္ဇယားေတြ တင္ျပဖို႔ေျပာလာတယ္။ဒါေပမယ့္ ဒီႏွစ္ေတာ့ ကိုယ္ ဂ်ဳတီခ်ိန္တစ္ခ်ိန္မွ မယူလိုက္ေတာ့ဘူး "
ထိုအခါ ယြီသံုသည္ ပို၍ေတာက္ပလာသည္။" ဒါဆို ရွင္ အနားယူလို႔ရတာေပါ့ "
" ဟုတ္တယ္! "ရွဖန္ ေခါင္းၿငိမ့္ျပလိုက္ၿပီးေနာက္ ဂရုတစိုက္ျဖင့္ ေမးလိုက္သည္။" ဒါဆိုရင္ ... ဒါကို အခြင့္ေကာင္းယူၿပီးေတာ့ ေယာကၡထီးနဲ႔ေယာကၡမႀကီးဆီ သြားလည္ၾကမလား? "
ယြီသံုမွင္သက္သြားသည့္အျပင္ ေပ်ာ္ရႊင္မႈေၾကာင့္ မ်က္လံုးမ်ားျပဴက်ယ္လာေသာ္လည္း တစ္ဖန္ ရႈပ္ေထြးသြားဟန္ျဖင့္ ရွဖန္အား ေငးၾကၫ့္လာသည္။
" ဘာျဖစ္လို႔လည္း? " ရွဖန္ ႏူးညံ့စြာျဖင့္ သူမကို ေမးလိုက္သည္။
" မင္း မသြားခ်င္လို႔လား? "
ယြီသံု အလ်င္အျမန္ပင္ ေခါင္းခါရမ္းျပေလသည္။" ဒီကိစၥကို ရွင္ကိုယ္တိုင္ စၿပီးထုတ္ေျပာလာဖို႔ ကြၽန္မေစာင့္ေနခဲ့တာ "
ယခုအခ်ိန္၌မူ မွင္သက္သြားရသူမွာ ရွဖန္ျဖစ္သည္။ထို႔ေၾကာင့္ အနည္းငယ္ အျပစ္ရိွသလိုခံစားသြားရသျဖင့္ ရွဖန္ ယြီသံုကို ေျပာလိုက္သည္။" ေတာင္းပန္ပါတယ္ ... ကိုယ္က မေကာင္းတာပါ။ဒိကိစၥကို ေစာေစာကတည္း ကိုယ္ ေမးခဲ့သင့္တာ "
ယြီသံုလည္း ေနာက္တစ္ႀကိမ္ ေခါင္းခါရမ္းလိုက္ျပန္သည္။
" တစ္ကယ္လို ့အနာဂတ္မွာ ဒီလိုအေရးႀကီးတဲ့ကိစၥေတြကို ကိုယ္ေမ့ေနခဲ့ရင္ မင္း ကိုယ့္ကို သတိေပးေပးေနာ္ "
" ရွင္ ဒီလိုမ်ိဳးစဉ္းစားေနလိမ့္မယ္လို႔ ကြၽန္မ မထင္ခဲ့ဘူး "အမွန္တစ္ကယ္၌ သူမတို႔သည္ ခ်စ္ခင္ႏွစ္သက္၍ လက္ထပ္ခဲ့ျခင္း မဟုတ္ေလေသာေၾကာင့္ သူမအေပၚ ရွဖန္၏ခံစားခ်က္မ်ားကို ယြီသံုေသခ်ာမသိခဲ့ေပ။
၎တို႔၏ဆက္ဆံေရးကို ဖံုးကြယ္ထားသၫ့္ အေစာပိုင္းေန ့ရက္မ်ားတြင္ ရွဖန္သည္ အၿမဲစိတ္ဒြိဟျဖစ္ကာ ေတြးေတာေနခဲ့သည္။ယခု ရွဖန္နားလည္လိုက္သည္မွာ ယြီသံုသည္ ထိုအေၾကာင္းတို႔အား တစ္ခ်ိန္လံုး အမွန္တစ္ကယ္ သိရိွခဲ့ေသာ္လည္း သူ႔အား ဖိအားမေပးျခင္းပင္ျဖစ္သည္။
ဟုတ္တယ္ ... သူ(မ)က ပတ္ဝန္းက်င္ကလူေတြရဲ့ ခံစားခ်က္ကို အၿမဲတမ္း ဂရုစိုက္တာပဲ။သူမ လုပ္ခ်င္တဲ့အရာေတြကို ႀကိဳးစားၿပီးလုပ္ကိုင္ေပမယ့္ သူမရဲ့စိတ္ကူးေတြက အျခားသူေတြကို ဘယ္ေတာ့မွ ဖိအားမေပးဘူး။
" ယြီသံု ... မင္း ကိုယ့္ကို တစ္ခုခု ေမးခ်င္တာမ်ားရိွလား?? "ရွဖန္ သူမ၏လက္နွစ္ဖက္လံုးကို ဆုပ္ကိုင္၍ သူမ၏မ်က္လံုးကို စိုက္ၾကၫ့္ကာ ေမးလိုက္သည္။
သူမကို တင္းက်ပ္စြာဆုပ္ကိုင္ထားေသာ ေနြးေထြးလွသၫ့္ သူ၏လက္မ်ားက သူမအား သတၲိမ်ားေပးစြမ္းေနေလသည္။
" ရွင္ ... ကြၽန္မကို ႀကိဳက္လား? "
သူမ ရွဖန္ကို အမွန္တစ္ကယ္သေဘာက်သည္ဟု နားလည္သေဘာေပါက္လိုက္မိကတည္းက ရွဖန္အား ထိုေမးခြန္းကိုေမးရန္ ပိုပိုၿပီး ေၾကာက္ရြံ႔လာေလသည္။အကယ္၍ ရွဖန္သာ ' No 'ဟု ေျဖဆိုလာပါက ယြီသံု သူ၏ေဘးတြင္ ၾကာရွည္စြာေနႏိုင္မည္ မဟုတ္ေတာ့ေပ။
သူမ၏ယခင္ဘ၀မွ အေတြ ့အႀကံဳအတိုင္း ေနာက္တစ္ႀကိမ္ေတြ ့ႀကံဳ၍ အဆံုးသတ္သြားရမည္ကို သူမအလြန္စိုးရိမ္လွေပသည္။
ျပန္လည္ေမြးဖြားလာမႈသည္ ယြီသံု၏ခႏၶာကိုယ္ကို ပို၍ငယ္ရြယ္လာေစေသာ္လည္း သူမ၏စိတ္၀ိညာဥ္သည္ ၁၀နွစ္နီးပါး အထီးက်န္ဆန္ခဲ့မႈကို ေၾကာက္ရြံ႔ထိတ္လန႔္ေနဆဲ ျဖစ္သည္။
" ကိုယ့္ကိုၾကၫ့္! "ရွဖန္ သူ၏လက္နွစ္ဖက္လံုးျဖင့္ ယြီသံု၏မ်က္နွာကို ကိုင္မလိုက္သည္။အေဝးရိွ နီယြန္ဆိုင္းဘုတ္မွအလင္းေရာင္မ်ားသည္ ယြီသံု၏မ်က္၀န္းမ်ားထဲ၌ ပံုရိပ္ထင္ေနေလသည္။
" ကိုယ္ မင္းကို ႀကိဳက္တယ္! "ရွဖန္ အေလးအနက္ေျပာလိုက္သည္။" ကိုယ္က စိတ္ရႈပ္စရာေကာင္းတယ္၊ အထိတ္တလန႔္လည္းျဖစ္ေစတဲ့အျပင္ တစ္ခါတစ္ရံ စိတ္ပူပန္ရေအာင္လည္း လုပ္မိတယ္ဆိုတာ ၀န္ခံပါတယ္။ဒါေပမယ့္ မင္းပဲ ... မင္းက ကိုယ္ႀကိဳက္တဲ့ မိန္းကေလးပဲ "
ယြီသံု၏မ်က္လံုးထဲတြင္ ထင္ဟပ္ေနသၫ့္ နီယြန္မီးေရာင္တို႔မွာ ေဝဝါးလာၿပီး သူမ စတင္ငိုရိႈက္ေလေတာ့သည္။သူမ၏ ေျခဦးတၫ့္ရာသြားလာေနသၫ့္ အထီးက်န္ဆန္လွေသာ စိတ္ဝိဉာဉ္သည္ ေနာက္ဆံုး၌ ေနြးေထြးသၫ့္နားခိုရာေတြ ့ၿပီဟု သူမခံစားမိသည္။
" မငိုပါနဲ႔! "ရွဖန္ စိုးရိမ္တႀကီးျဖင့္ ေျပာလာၿပီး သူ၏လက္မ်ားက သူမ၏မ်က္ရည္တို႔ကို သုတ္ေပးရန္ ႀကိဳးစားေနေလသည္။ရွဖန္ မ်က္ရည္မ်ားကို သုတ္ေပးေလေလ ထိုမ်က္ရည္တို႔မွာ ပို၍က်ဆင္းလာေလေလ ျဖစ္ေသာေၾကာင့္ ေရြးခ်ယ္စရာမရိွေတာ့ဘဲ ယြီသံုကို သူ၏လက္ေမာင္းမ်ားထဲသို ့ဆြဲသြင္းလိုက္ေလသည္။
မူလက သူမ၏မ်က္ရည္မ်ားသည္ ရွဖန္ေၾကာင့္ျဖစ္ေသာ္လည္း သူမ ရွဖန္၏ပုခံုးထက္သို ့မွီခ်လိုက္သၫ့္အတြက္ အခ်စ္အတြက္ ၊ အထီးက်န္ဆန္မႈအတြက္ ၊ လြန္ခဲ့သၫ့္၁၀ႏွစ္လံုး အက်ိဳးမဲ့စြာ ေစာင့္ဆိုင္းခဲ့ရသၫ့္အတြက္ ငိုခ်လိုက္ေလေတာ့သည္။
ယခင္ဘ၀၌ ယြီသံုသည္ သူမ၏right personကို ရွာေဖြေစာင့္ဆိုင္းေနခဲ့သည္။သို႔ေသာ္ ႏွစ္ေပါင္းမ်ားစြာကုန္ဆံုးသြားခဲ့ေသာ္လည္း right personကို ရွာမေတြ ့ခဲ့ေပ။ထို႔ျပင္ အျပစ္တင္ေဝဖန္မႈမ်ား၊ အထီးက်န္ဆန္မႈမ်ားကို ေက်ာ္ျဖတ္ရင္း သူမ အသက္တျဖည္းျဖည္းႀကီးလာခဲ့ေသာ္လည္း တစ္ေယာက္တည္း ဆက္လက္ေစာင့္ဆိုင္းေနဆဲပင္ ျဖစ္သည္။
ယြီသံုအဘယ္ေၾကာင့္ ထိုကဲ့သို႔ရိႈက္ႀကီးတငင္ငိုလာသည္ကို ရွဖန္ အမွန္တစ္ကယ္ပင္ မသိေသာ္လည္း သူမႏွင့္အတူရိွေနေပးခ်င္ၿပီး သူမကို ဆုပ္ကိုင္ေပးထားခ်င္ေလသည္။
သူမ ဘယ္ေလာက္ၾကာၾကာငိုခဲ့သည္ကို ယြီသံုမသိေတာ့ေပ။ခံစားခ်က္မ်ားအားလံုး ဖြင့္ထုတ္ၿပီးသၫ့္ေနာက္ ယြီသံုရွက္ရြံ႔လာၿပီး သူမ၏နီရဲရဲမ်က္လံုးမ်ားသည္ ရွက္ရြံ႔ေနသၫ့္ယုန္ငယ္ေလးတစ္ေကာင္ကဲ့သို႔ ျဖစ္လာသည္။
" မင္းရဲ့မ်က္ႏွာေလး ေဖာင္းလာၿပီ! "ရွဖန္၏မ်က္နွာ၌ ခ်စ္ခင္ႏွစ္သက္မႈအျပၫ့္ပင္ျဖစ္သည္။
" ေဖာင္းၿပီးေတာ့ လွပါတယ္! "ယြီသံု၏အသံသည္ ငိုထားေသာေၾကာင့္ မေခ်ာမေမြ ့ျဖစ္ေနသည္။
" ဟုတ္တယ္ ... မင္းက အလွဆံုးပဲ! "ထိုသို႔ေျပာၿပီး သူမ၏လက္ကို ထမ္မံဆြဲကိုင္လိုက္သည္။" ျပန္သြားၾကစို႔ "
" ခဏေလာက္ေစာင့္ပါဦး ... ကြၽန္မလည္း ရွင့္ကို ေျပာစရာရိွတယ္ "ယြီသံု ရွဖန္၏ေနာက္ေက်ာကို လွမ္းဆြဲကာ ေျပာလိုက္သည္။
ရွဖန္လည္း ရပ္၍ သူမဘက္သို႔ လွၫ့္လိုက္သည္။
" ကြၽန္မ ရွင့္ကိုႀကိဳက္တယ္ဆိုတာ ရွင္သိသင့္တယ္ေလ! "ယီြသံု အနည္းငယ္ရွက္ေသြးျဖာသြားေသာ္လည္း တည္ၾကည္စြာျဖင့္ ဆက္ေျပာေလသည္။" ကြၽန္မလည္း ရွင့္ကိုသေဘာက်တယ္ဆိုတာ ရွင့္ကို ေျပာျပခ်င္တယ္ "
ယြီသံုျပဳလုပ္သည့္ အျပဳအမူမ်ားေၾကာင့္ ရွဖန္အေနျဖင့္ ယြီသံုသည္ သူ႔အားႀကိဳက္ႏွစ္သက္သည္ကို ေသခ်ာသိေသာ္လည္း ယခုကဲ့သို ့ထိုစကားကို ျပတ္ျပတ္သားသားေျပာလာသၫ့္အခါမ်ိဳး၌ သူ၏နွလံုးသားသည္ တုန္ခါေနဆဲျဖစ္သည္။
သူမ နမ္းရိွုက္ျခင္းသည္ ပထမဆံုးအႀကိမ္ မဟုတ္ေသာ္လည္း ယခုတစ္ႀကိမ္၌ အရင္ကႏွင့္မတူရန္ ရွဖန္ ဆႏၵရိွေလသည္။နူးညံ့သည့္နွုတ္ခမ္းမ်ားနွင့္ ရစ္ဝဲေနသၫ့္လ်ွာမ်ားသည္ ႏွလံုးသား၏အနက္ရိႈင္းဆံုးေနရာသို႔ပင္ ေရာက္သြားေလသည္။
တိတ္ဆိတ္ေနသၫ့္လမ္းမထက္၌ ဗလာဟင္းလင္းသစ္ပင္မ်ားႏွင့္မႈန္ပ်ပ်လမ္းမီးေရာင္မ်ားကို ေက်ာ္လြန္၍ ထိုအနမ္းေႁခြေနသၫ့္စံုတြဲသည္ ထိုညတြင္ ျမင္ႏိုင္သၫ့္ ေနာက္ဆံုးအရာပင္ျဖစ္သည္။
အလြန္ငိုခဲ့ေသာေၾကာင့္ အိမ္ျပန္လာသၫ့္လမ္းတစ္ေလွ်ာက္၌ ယြီသံု အိပ္ေမာက်လာခဲ့သည္။
လမ္းေပၚသို႔ေငးၾကၫ့္ေနရင္း ရွဖန္၏အေတြးတို႔သည္လည္း ငိုေနသၫ့္ယြီသံု၏ပံုရိပ္တို႔ျဖင့္ ျပၫ့္ေနေလသည္။
ယြီသံုငယ္ငယ္က သူ႔အသက္အရြယ္နဲ႔မလိုက္ေအာင္ နာက်င္စရာအတိတ္တစ္ခုခု ရိွခဲ့ပံုရတယ္။သူ့ရဲ့မ်က္ရည္ေတြက အခ်စ္ေၾကာင့္နာက်င္လို႔ေရာ၊အဆင္မေျပတာေတြေၾကာင့္ေရာ က်လာတာမဟုတ္ဘူး။နွစ္ေပါင္းမ်ားစြာခံစားခဲ့ရတဲ့ စိတ္ဒဏ္ရာေၾကာင့္ပဲ ျဖစ္ရမယ္။
ဘာလို႔ မင္းနာက်င္ေနလည္းဆိုတာ ကိုယ္မသိေပမယ့္ အခုကစၿပီးေတာ့ ကိုယ္ မင္းကို ကာကြယ္ေပးပါ့မယ္။
အိပ္ေပ်ာ္ေနသၫ့္ယြီသံုကို ရွဖန္ ျငင္သာစြာပင္ မခ်ီလိုက္သည္။အပူခ်ိန္အေျပာင္းအလဲေၾကာင့္ သူမ သတိမထားမိဘဲ ရွဖန္၏လက္ေမာင္းထဲ၌သာ မွီတြယ္ထားမိေလသည္။သူမကို အနည္းငယ္တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္၍ ဓာတ္ေလွကားဆီသို႔ ရွဖန္ ျဖည္းျဖည္းခ်င္းေလ်ွာက္လာခဲ့သည္။
၎တို႔၏ အိမ္ေရွ ့တံခါးသို႔ေရာက္သၫ့္အခါ ယြီသံုအား လက္ေမာင္းထဲတြင္ ေပြ ့ခ်ီထားေသာေၾကာင့္ တံခါးကို မဖြင့္ႏိုင္ေပ။သူမကို ေအာက္သို႔ မခ်ခ်င္ေသာေၾကာင့္ ရွဖန္အေနျဖင့္ သူမကို ႏိႈးလိုက္ရံုသာတတ္ႏိုင္ေတာ့သည္။
" ယြီသံု "ရွဖန္ ႏူးညံ့စြာျဖင့္ ႏိႈးလိုက္သည္။
" အင္း .... " ေငးငိုင္ေနဆဲျဖစ္သၫ့္ မ်က္လံုးမ်ားျဖင့္ ယြီသံုေမးလာေလသည္။" ကြၽန္မတို႔ အိမ္ျပန္ေရာက္ၿပီလား? "
သူမ ရွဖန္၏အိတ္ေထာင္ထဲမွ ေသာ့ကိုယူကာ ေျပာလိုက္သည္။" ကြၽန္မဖြင့္ေပးမယ္ "
ရွဖန္လည္း သူမကို အိပ္ခန္းထဲထိ သယ္ေဆာင္သြားၿပီး အိပ္ယာေပၚသို႔ မတင္ေပးလိုက္သည္။
ထို႔ေနာက္ ယြီသံုကို ေစာင္ၿခံဳေပးလိုက္ၿပီးေနာက္ သူမသည္ သူ႔အားၾကၫ့္ေနေသာေၾကာင့္ ရွဖန္ၿပံဳးကာ ေျပာလိုက္သည္။" ျမန္ျမန္အိပ္ေတာ့ေနာ္ "
" ရွဖန္ ... ကြၽန္မ ရုတ္တရက္ ပိုင္ဆိုင္လိုက္ရသလို ခံစားေနရတယ္ "
သူမ၏ေစာင္ကို ဆုပ္ကိုင္ထားသၫ့္ ရွဖန္၏လက္မ်ားသည္ ေတာင့္တင္းလာၿပီး သူ၏နွလံုးသားတစ္ခုလံုးသည္ ထိခိုက္နာက်င္ခံစားသြားရသည္။မင္းက တစ္ခ်ိန္လံုး မသက္မသာျဖစ္ေနခဲ့ရတာပဲ။
" အဲ့ဒီပိုင္ဆိုင္လိုက္ရတဲ့ခံစားခ်က္က ဘယ္ေလာက္ထိၾကာမွာလည္း? "ရွဖန္ ရယ္ရင္းေမးလိုက္သည္။
" အမ္း...ကြၽန္မတို႔ လမ္းေလ်ွာက္ဖို႔ ခက္ခဲလာမယ့္အခ်ိန္တိုင္ေအာင္အထိ ခံလိမ့္မယ္လို႔ ေမ်ွာ္လင့္ပါတယ္ "
" မင္းဦးေဆာင္မယ့္ေနာက္ကို မွီခိုရမွာ ကိုယ္စိုးရိမ္မိပါတယ္ "ရွဖန္ ရယ္လိုက္ျပန္သည္။
" ဟုတ္တာေပါ့ ... ရွင္က ကြၽန္မထက္ အမ်ားႀကီးအသက္ႀကီးတာေလ ! "ယြီသံုလည္း သူႏွင့္အတူ လိုက္ရယ္လိုက္သည္။
" ႀကိဳၿပီး ေက်းဇူးတင္ပါတယ္ "
ရွဖန္၏စကားေၾကာင့္ ယြီသံုၿပံဳးၿဖဲျဖဲျဖစ္သြားသည္။
" Goodnight! "ရွဖန္ မထမွီ သူမ၏နဖူးထက္သို့ အနမ္းေပးလိုက္သည္။
အရမ္းေနာက္က်မွ ေျပာရတဲ့အတြက္ ေတာင္းပန္ပါတယ္။ဒါေပမယ့္ အခုကစၿပီးေတာ့ ' မင္းကိုသေဘာက်တယ္ဆိုတဲ့အေၾကာင္း 'ကိုယ္အၿမဲေျပာေနေတာ့မွာပါ ......
>>>>>
T.B.C
1.10.2021