မယားတောသူ(complete)
Zphoowai
564K 44K 5.6K
မှည့်မှချို... ညိုမှလှ...။ ကျွန်ကုလား... မယားတောသူ...။ မြင်းအုန်းခွံ...။ မွည့္မွခ်ိဳ... ညိုမွလွ...။ ကြၽန္ကုလာ... Еще
Intro
အပိုင်း (၁) : ဒေါင်းပျို
အပိုင်း (၂) : အတူ
အပိုင်း (၃) : သီးသန့်
အပိုင်း (၄) : ကာကွယ်မှု
အပိုင်း (၅) : သွယ်ဝိုက်နစ်မြောမှု
အပိုင်း (၆) : သေချာမှု မရှိသော
အပိုင်း (၇): လိုအပ်မှု
အပိုင်း (၈) : အနီးကပ်
အပိုင်း (၉) : အလှတရား
အပိုင်း (၁၀) : ခွင့်
အပိုင်း (၁၁) : အတ္တ
အပိုင်း (၁၂) : ရေးရာ...။
အပိုင်း (၁၃) : ရည်ရွယ်ချက်
အပိုင်း (၁၄) : ကတိသစ္စာ
အပိုင်း (၁၅) : တန်ဖိုး
အပိုင်း (၁၆) : လွဲမှားမှု
အပိုင်း (၁၇) : ပိုး
အပိုင်း (၁၈) : ပင်ပန်းမှု
အပိုင်း (၁၉) : မြတ်နိုးမှု
အပိုင်း (၂၀) : ...ချစ်လို့
အပိုင်း (၂၁) : မေတ္တာသည်သာ...
အပိုင်း (၂၂) : သံသယ
အပိုင်း (၂၃) : မွန်းကြပ်မှု
အပိုင်း (၂၄) : ပြောင်းလဲလာမှု
အပိုင်း (၂၅) : နာကျင်မှု
အပိုင်း (၂၆) : ကြားလူ
အပိုင်း (၂၈) : အမျိုးသား
အပိုင်း (၂၉) : ကိုးကွယ်ရာ
အပိုင်း (၃၀) : မြတ်နိုးမှု အလွန်
အပိုင်း (၃၁) : ဂရုစိုက်မှု
အပိုင်း (၃၂) : ဖွင့်ဟခြင်း
အပိုင်း (၃၃) : မောင့်ဥ
အပိုင်း (၃၄) : ဖေဖေ့ဝဋ်
ဇာတ်သိမ်း: ပါရမီဖြည့်ဖက်
ဒဂ်ါး
မောင့်ရဲ့ ဘေဘေး
အလှဘွဲ့
🍷
အပိုင်း (၂၇) : ယုံကြည်မှု
10.2K 992 240
Zphoowai
{Unicode🌼}
... မောင့်အနားမှာ
အပျိုလေးကို အမြဲ ထားချင်တယ်။
****
မယားတောသူ🌿
အလာကောင်းပေမယ့် အခါနှောင်း...။
၁၀ရက်မျှ လွန်မြောက်လေသော်....။
ည၈နာရီ....။
ကျွန်တော်တို့နယ်မှာ မနက်ဖြန်ဆို ဆီမီးပူဇော်ပွဲ ရှိသည်မို့ ရွာလယ်က အသံချဲ့စက်သံများက ညံစံနေသည်......။ ကျွန်တော်လည်း မောင်ထွက်သွားပြီးကတည်းက ကျန်းမာရေးအခြေအနေက အနည်းငယ် ချူချာနေသည်မို့ အိပ်ရာထဲမှာပဲ ရှိနေမိသည်။
ကျွန်တော်လည်း စောင်ပါးပါးလေး ခြုံထားရာမှ ခန္ဓာကိုယ်ပေါ်မှ ခဏခွာချပြီးသည့်နောက်မှာတော့ အိပ်ရာဘေးမှ ပြက္ခဒိန်ကို ကြည့်မိတော့....။
ဒီနေ့ ဗုဒ္ဓဟူးနေ့....။
သီတင်းကျွတ် လဆန်း သုံးရက်ဖြစ်ပြီး ရက်ရာဇာ၊ ပြဿဒါးတစ်ချို့အပြင် နဂါးဦးခေါင်းဘယ်ဘက်သို့ လှည့်သည်က အစ ပါသည်။ ကျွန်တော် သိချင်သည့်အပိုင်းက ထိုအပိုင်း မဟုတ်သည်မို့ အဂ်လိပ်လို ရက်ကို တစ်ချက်ကြည့်ပြီး လက်ချိုးရေပြီးသည့်နောက်မှာတော့ ၁၃ရက်တိတိ....။
ထိုသို့ရေတွက်ပြီးသည့်အခါတိုင်း ဝမ်းနည်းမျက်ရည်က အထပ်ထပ် အခါခါ ကျမိရပြန်သည်။
၁၃ရက်တောင် ရှိနေပြီ...။
မောင်က ပြန်မရောက်သေးဘူး....။ ဘာသတင်းမှလည်း မောင့်ဆီက မကြားရဘူး...။ ဒါမှမဟုတ် ပြန်မလာတော့တာလား??
ဒါဆို....။
မောင်ပြန်မလာခဲ့ဘူးနော်...။
တွေ့ရက်ကို လက်ရေချိုးဖို့ ဥ,မှာ မျှော်လင့်ချက် မရှိတော့ဘူး ထင်တယ်....။
အခုဆို ရွာထဲက ဥ,အခြေအ​နေကို သိသည့်သူများက သိနေကြပြီ။ ဘယ်သူက ဘယ်လို ဖွ, လိုက်လည်း မသိပေမယ့် ဥ,အခြေအနေဟာ မောင်နဲ့မှ မဟုတ်ရင် အိမ်ထောင်ပြုလို့ ရတော့မယ် မထင်ဘူး...။
အခုဆို အဘနှင့်မေကြီးက အိမ်ထဲကနေ အိမ်ပြင်ကို ထွက်ဖို့တောင် အတော်လေး စဥ်းစားနေရပြီ...။ အားလုံးက ကျွန်တော်ကြောင့်... ကျွန်တော့်ကြောင့်ပါပဲ....။
ဒဂ်ါးပြား ကျွန်တော့်လက်ထဲ မရှိ​တာကိုလည်း သိသွားပြီ။ မောင်နှင့်ကျွန်တော့်ရဲ့ ဆက်နွယ်မှုကိုလည်း သိသွားကြလေပြီ...။ အခုတော့ဖြင့် ကျွန်တော်က အိမ်အပြင်သို့ မထွက်ရဲတော့....။ အပြောအဆို အတင်းအဖျင်းများအကြား မောင်လုပ်ထားသည့် ဒဏ်ရာက ပျောက်ကင်းစ,မို့ ဘယ်နေရာမှ မသွားခဲ့...။
နဂိုတုန်းက အလှဂုဏ်ကြောင့် ဘယ်နေရာသွားသွား မျက်နှာပန်းပွင့်ခဲ့သည့် ကျွန်တော်က အခုတော့ဖြင့်.... ။
တစ်ဖက်က ကိုယ်ချစ်ရတဲ့ ကိုယ့်ရဲ့ချစ်သူ၊
တစ်ဖက်က ကိုယ်ငယ်ငယ်လေးကတည်းက အရိပ်ငယ်လေးနှင့် ဓလေ့ ထုံးစံများ...။အများအပြောများ၊ နားလည်မှု လွဲနေတဲ့ ချစ်ရသော၏ အမုန်းများ၊ ချစ်ရသော ရွာကလေးမှ အဘအပါအဝင် မိသားစု၊ ပတ်ဝန်းကျင်၏ ငြိုငြင်မှုများ....။
"ဟုတ်တယ်... ကျွန်တော် ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်ရင် ဒီပြဿနာတွေ အားလုံး ပြီးဆုံးသွားမှာပါ...။"
မောင်ထွက်သွားသည့် ရက်များအတွင်း အိပ်မပျော်၍ အိပ်ဆေးဆောင်ထားခဲ့ရမှ ထိုအိပ်ဆေးဗူးကို ယူလိုက်ပြီး ဒီဘဝ ဒီမျှနဲ့ပဲ အဆုံးသတ်ဖို့....။
အဖန်ငါးရာ ငါးကမ္ဘာဆိုတာကို ကျွန်တော်သိသည်။ လူတွေက မသိလိုက်လို့ လုပ်တာက ကိစ္စမရှိပေမယ့် သိရက်နဲ့ လွန်ကျူးမိစဥ်မှာတော့ သိပ်ကို မိုက်မဲကျမှန်း ကျွန်တော်လက်တွေ့ သိခဲ့ရသည်။
ဆေးဗူးထဲမှ ဆေးအကုန်လုံး ဗူးအပြင်သို့ လှုပ်ခါသွန်လိုက်ရင်းမှ မျက်လုံးမှိတ်ကာ ပါးစပ်ထဲသို့ အကုန်သွတ်သွင်းလိုက်သည်....။ ထို့နောက် ခေတ္တမျှ ငြိမ်သက်ပြီး အကုန်လုံးကို မြိုချပြီးမည် ကြံသည်....။
"ဥ,... ဥဒေါင်းပျို... မင်း... မင်း ဘာလုပ်တာလဲ? အခု ပြဿနာက ဒီလိုရှင်းလို့ မရမှန်းလည်း သိရက်သားနဲ့....။ တောက်!ပါးစပ်ထဲက ဟာတွေ အကုန်ပြန်ထုတ်...."
မိမိမှာ ကိုယ့်ရုပ်နှင့်ခန္ဓာလွင့်ပြယ်သွားပြီး တကယ့်ငြိမ်းအေးမှု၏ အစစ်အမှန်ကို လက်ခံဖို့ ကြိုးစားနေတုန်းရှိသေးသည်... အဘက ကျွန်တော့်ပါးစပ်ထဲမှ အရာကို ဇွတ်အတင်း လာထုတ်သည်။ အဘက အတင်းစိုးရိမ်ပြီး ဆေးပြားအားလုံးကို ထွက်အောင် လုပ်ပြီးသည့် အချိန်မှာတော့ အဘ မျက်နှာကို မကြည့်ရဲဘဲ မျက်ရည်တစ်ချို့သာ ကျနေမိသည်....။
"ဒီပြဿနာက ဒီလို ဖြေရှင်းလို့မရဘူး...။ ဒီဘဝ၊ ဒီခန္ဓာကိုယ်ကို ရဖို့ ဘယ်လောက်ခက်ခဲသလဲ?? နောက်ပြီး အဘတို့ ဥ,ကို ဘယ်လို ပိုးမွေးသလို မွေးခဲ့ရတာလဲ?? ပတ်ဝန်းကျင်ကတော့ နည်းနည်းလေး ကိုယ်ခြေလှမ်းပျက်တာနဲ့ စ,ပြီး ပြောမှာပဲ...."
"......."
"စဥ်းစားကြည့်... သား ဥ,သာ အခုလို အရှုံးပေးပြီး လောကကြီးကို နူတ်ဆက်သွားရင် ဒီအမဲစက်ကို ဘယ်သူဖြေရှင်းပေးမှာလဲ?? ဘဝတိုက်ပွဲကို တိုက်ရင်းနဲ့ သေရတာ မြတ်တယ်...။ အားလုံးက ငါသေသွားရင် ပြီးသွားမှာပဲ ဆိုတဲ့ အရာက အရာရာကို အရှုံးပေးနေတဲ့ လူပိန်းတွေအလုပ်...။ အဘ သားက လိမ္မာတယ်... ဒီလို နာမည်ဆိုးနဲ့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သေခြင်းမျိုးက ဘယ်တော့မှာ ဖြစ်မလာဘူးလို့ အဘက ယုံကြည်ထားတာ...."
"...."
"တစ်လောကလုံး သားကို ပြစ်ပယ်ပေမယ့် အဘတို့ ရှိတယ်လေ...။ အဘတို့ ရှိတယ်။ အဲ့ဒီ အသိစိတ်နဲ့ ကိုယ့်ကိုကိုယ် ရှင်သန်ပါ...။ ကိုယ့်အပေါ် နားမလည်ပေးနိုင်တဲ့ လူတွေ၊ ကိုယ့်ကို ကဲ့ရဲ့ရှုံ့ချတဲ့ သူတွေအတွက် အသက်မရှင်ပါနဲ့...။ သူတို့က ကိုယ့်အပြစ်ကိုပဲ လိုက်​ပြီး ဝေဖန်နေတာ... ။ ကိုယ့်အတွက် ကျေးဇူးတရားရှိခဲ့ဖူးတဲ့ လူတစ်ယောက်အတွက် သေတယ် ဆိုတာ မြတ်ပေမယ့် အဲ့ဒီအပြစ်ပြောတဲ့သူတွေ အတွက် ကိုယ့်ကိုကိုယ် စတေးလိုက်ရင် ကိုယ့်သေဆုံးမှုက မတန်ဘဲ ကိုယ်ပါ အပြစ်သားတစ်ယောက်လို ​ဖြစ်သွားမှာ....။ နားလည်လား? သား... သားဘက်မှာ ဘယ်သူမရှိရှိ၊ အဘတို့ အမြဲရှိတယ်ကွာ...."
အဘကတော့ ကျွန်တော့်ဆုံးရှုံးမှုအတွက် အလွန်တရာ ထိတ်လန့်ပြီး မျက်ရည်များစွာနဲ့ပင် ပြောလာလေတော့ ကျွန်တော်လည်း အဘကို ဖက်ပြီး ငိုကြွေးကာ တောင်းပန်မိသည်....။ ဟုတ်သားပဲ... အဘတို့ကို ထားခဲ့ပြီး ကိုယ့်လွတ်မြောက်မှုကို တစ်ကိုယ်ကောင်းဆန်စွာ ရွေးချယ်ခဲ့တာ....။ ကျွန်တော် သေသွားရင် အဘတို့ လူ့လောကအလယ် ဘယ်လောက်တောင် အပြောခံရမလဲ မသိတော့....။
"တောင်းပန်ပါတယ်... အဘ ....။ တောင်းပန်ပါတယ်... ။ အင့်..."
သီတင်းကျွတ် လဆန်း ၁၄ရက်....
ကြာသပတေးနေ့....။
နံနက် ၇နာရီ....။
"အဘ...... အပျိုလေး... အပျိုလေး..."
အိမ်ရှေ့မှ အလောတကြီး ခေါ်သံကြောင့် ဥ မနိုးခင် အရင်ဆုံး အိမ်ပေါ်မှ ဧည့်ခန်းကို လျှောက်မိသည်...။ အိမ်ပေါ်သို့ နာမည်ခေါ်ပြီး အလောတကြီး ပြေးတက်လာသူက ထိုကလေး.....။
"အဘ... အပျိုလေး... အပျိုလေးရော??"
အမောတကောဖြင့် မေးလာသည့် ထိုကလေးကို သက်ပြင်းချကာ ကြိုဆိုလိုက်ပြီး....။
"ထိုင်ပါဦး... မောင်ဋီကာ...."
"ဟုတ်ကဲ့ အဘ..."
"မောင်ဋီကာ ဒီကို ဘာကိစ္စရှိလို့ လာတာလဲ??"
ထိုကလေး ဧည့်ခန်းမှ ထိုင်ခုံပေါ် စ,ပြီး ထိုင်လိုက်ပြီ ဆိုတာနဲ့ မေးလိုက်သည့်စကားကြောင့် ကြောင်သွားသည် ထင်သည်။ ကျွန်တော့်မျက်နှာကို ကြည့်လာပြီး တုန်လှုပ်စွာနှင့်ပင်....။
"အဘ.. ဟို... အပျိုလေး...။ အပျိုလေး ဘာဖြစ်လို့လဲ?? ဟင်"
အခြေအနေကို ခန့်မှန်းသိရှိထားသည့် ဒီကလေးက အခုတော့ဖြင့် မျက်နှာ ပျက်ယွင်းစွာဖြင့် ရှိနေတာမို့....။
"အလာကောင်းပေမယ့် အခါနှောင်းပြီ... မောင်ဋီကာ...။ တရားနဲ့သာ ဖြေပါကွယ်...."
"ဗျာ??"
ထိုကလေး လွယ်ပိုးလာသော အိတ်တစ်လုံးက အောက်သို့ ပြုတ်ကျလာပြီး ထိုကလေးပုံစံက လုံးဝအသက်မဲ့သွားသလိုပင်...။ ပုံပျက် ပန်းပျက်ဖြစ်သွားပြီး ရုတ်တရက်ဆိုသလို ရှေ့မှာတင် အိနြေ္ဒ မဆယ်နိုင်တော့ဘဲ မျက်ရည်များက ကျနေသည်......။
"အင်း... အဲ့ဒါ... အဲ့ဒါ မောင့်ကြောင့်ပါ အပျိုလေးရယ်...။ အဲ့ဒါ မောင့်ကြောင့်ပါ...။ မောင် အားလုံးကို မစဥ်းစားနိုင်ဘဲ အပျိုလေးအပေါ် အပြစ်တင်ဖို့ပဲ ကြိုးစားခဲ့မိတာ...။ မောင်တောင်းပန်ပါတယ်ဗျာ.... "
ဒီကလေး ဒီလောက် ခံစားရုံဖြင့် မကျေနပ်နိုင်သေးသည်မို့ အဖြစ်မှန်ကို မပြောသေးဘဲ ဒီအတိုင်း ထိုင်ကြည့်နေမိသည်။ ထိုကလေးကတော့ ကုလားထိုင်ပေါ်မှ အောက်သို့ လဲပြိုသွားပြီး ယူကျုံးမရ ငိုကြွေးနေသည်....။ အတန်ကြာ ငိုကြွေးပြီးသည့်နောက်မှာတော့ နီရဲမို့အစ်သော မျက်လုံးများနှင့်အတူ .....။
"အဘ.... အပျိုလေး အုတ်ဂူကို ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ..."
"ဘာလဲ? မင်းက လိုက်သေဖို့လား??"
"........."
"မင်း သေရုံနဲ့ ငါ့သား ဂုဏ်သိက္ခာတွေနဲ့ ခံစားခဲ့ရတာတွေ အားလုံးက ကျေပြီထင်​နေလား?? မင်း ငါ့သားကို ဘယ်လောက်နှိပ်စက်ခဲ့လဲ ဆိုတာ သိတယ်မလား? ငါ့သား မင်းမရှိတဲ့ ရက်တွေအတွင်း ဘယ်လောက်အရုပ်ကြိုးပြတ် ခံစားနေခဲ့ရလဲ မင်း မသိဘူးမလား?? မင်းမှာ တရားဝင် အိမ်ထောင်ဖက်နဲ့ တွေ့တယ်ဆိုရင်လည်း ကိုယ့်ဘာသာ နေပါကွာ...။ဘာမှ ဝမ်းနည်းပူဆွေးကြောင်း ပြမနေနဲ့....။ အဲ့ဒီလိုပြလည်း ငါတို့ဘက်က အဆင်ပြေသွားမှာ မဟုတ်ဘူး...."
"
ကျွန်တော် ဒီရက်ပိုင်း အဲ့ဒီကိစ္စတွေ အားလုံးကိုပဲ သွားရှင်းခဲ့တာပဲ....။ တစ်ခါတည်း အပြတ်ရှင်းပြီး အပျိုလေးနောက်က တစ်ဖဝါးမှ မခွာတော့ဘူး ဆုံးဖြတ်ထားတာ....။ အခု... မောင့်ကို ပြင်ဆင်ခွင့်တောင် မပေးနိုင်တော့ဘူးလား? အပျိုလေးရယ်... မောင်... မောင် ဘယ်လိုလုပ်မှ..."
"မင်း ငိုနေလည်း အပိုပဲ...။ နောက်ပြီး ဒီနေ့က နေ့ထူးနေ့မြတ်နေ့ ငါ ငါ့သားအတွက် ကုသိုလ်ကောင်းမှု လုပ်ရမယ်...။ ဒီတော့ မင်းပြန်ပါ...။ ဒီအိမ်မှာ မင်းနဲ့သက်ဆိုင်သူက မင်းကို မလိုချင်တော့ဘူး..."
ဆက်ပြီး ပြောစရာ စကားမရှိတော့သည်မို့ ကုလားထိုင်မှ ထ,ပြီး ထွက်သွားဖို့ ပြင်လေတော့ ခြေထောက်ကို ရှေ့ ဒူးထောက်ထိုင်ချကာ ​ခေထေါက်တွေကို ဖက်လာသည်.....။
"အပျိုလေး... ပြန်လာတဲ့အထိ ကျွန်တော် စောင့်မယ်...."
"ဥဒေါင်းက_"
"ကျွန်တော် သိတယ်....။ ဒါပေမယ့် ကျွန်တော် စောင့်မယ်... ။ သူက ကျွန်တော့်ကို စိတ်ဆိုးပြီး စိတ်နာနေမှာ.... သူ့အတွက် ကျွန်တော် အကုန်လုပ်မယ်....။ သူ ခွင့်လွှတ်အောင် ကျွန်တော် ကြိုးစားမယ်...."
ဥဒေါင်းလေးက မရှိတော့ဘူး ဆိုသည့်အသွင်ဖြင့် ပြောတာကိုပင် ဒီကလေးက ဘာကို စောင့်နေတာလဲ?? ဒီကလေး ဥဒေါင်းသေ​တာကို လက်မခံနိုင်ဘဲ အရူးအနှမ်းလိုမျိုး ဖြစ်သွားတာလား??
"ရတယ် ကြိုးစားစရာ မလိုဘူး... ငါ့သားကလည်း သိနိုင်မှာမဟုတ်တော့ဘူး...။ ဒီအိမ်ကနေ ထွက်သွားပါတော့ကွာ.... မင်းနဲ့သက်ဆိုင်သူက မရှိတော့ဘူး...."
စိတ်ပေါက်ပေါက်နဲ့ပင် အသံမာမာဖြင့် ပြောလေတော့ ထိုကလေး ခြေထောက်မှ ဖက်ထားသော လက်များကို ဖြေလွှတ်ကာ သူ့ရင်ဘတ်ကိုသူ အရူးတစ်ယောက်လို ဖိအုပ်စမ်းရင်းမှ ပြုံးလျက်နဲ့ပင် မျက်ရည်များ ကျနေသည်....။ ထို့နောက် ကြောင်တောင်တောင်နဲ့ပင်....။
"ဒီရင်ခုန်တွေ ရှိသေးတယ် အဘ...။ အပျိုလေး
တစ်ယောက်တည်းအတွက်လို့ ရည်စူးထားတဲ့ ဒီရင်ခုန်သံတွေ ရှိသေးတယ်...။ အပျိုလေး ရှိနေသေးတယ်...။ အခု သူ့အခန်းထဲမှာလား အဘ... ကျွန်တော်..."
"ခဏလေး မောင်ဋီကာ မင်းနဲ့ အဘ ဆွေးနွေးဖို့ လိုပြီ...။မင်းဆီမှာ ဥဒေါင်းလေးက ဒဂ်ါးပြား အပ်ထားတယ်ဆို....။ အဲ့ဒီ ဒဂ်ါးပြားကိုလည် မင်းကိုယ်တိုင် တန်ဖိုးမထားဘဲ လွှင့်ပစ်တယ်ဆို..."
"မဟုတ်ဘူး... မဟုတ်ဘူး အဘ...။ ကျွန်တော့်ဆီမှာ ရှိတယ်...။ သူနဲ့ အရွယ်တူ ဒဂ်ါးပြား ရွှေပြားတစ်ခုရယ်၊ မူရင်း အပျိုလေးဆီက ဒဂ်ါးရယ်...၊ နောက်ပြီး အဲ့လိုပုံစံတူ ဒဂ်ါးလေးကို အသေးစားလုပ်ပြီး ကျွန်တော် ဆွဲကြိုးသဘောမျိုး လုပ်ထားတယ်...."
"ဟုတ်လား?? ပြစမ်းပါဦး... မူရင်း ဒဂ်ါးပြားက မင်းဆီမှာလား??"
"ဟုတ်တယ် အဘ ဒီမှာ..."
ထိုကလေးကတော့ သူ့လက်ထဲ ရှိနေသည့် ဒဂ်ါးပြားအစစ်နှင့် ဒဂ်ါးပြား ပုံစံတူကိုလည်း ထုတ်ပေးလါသည်။ ထိုကလေးပေးလါသည့် ဒဂ်ါးပြားကို အတုအစစ် သေချာခွဲမိတော့ အစစ်ဆိုတာ သေချာပါသည်။ ဒါဆို ဘာလို့ ဥဒေါင်းလေးက ပျောက်နေသည် ပြောခဲ့သလဲ??
"ဒါဆို မင်းပြဿနာတွေ အဘတို့ မသိခင်.... ဥ,နဲ့ပတ်သတ်တာကို အဘပြောမယ်...။ တကယ်တော့ ဥ,နဲ့ မောင်စံဦးထိုက်နဲ့ မင်းရှိတဲ့ ရက်တွေအတွင်း တပူးပူး တတွဲ တွဲ ရှိခဲ့တာက ကျန်တာကြောင့် မဟုတ်ဘူး ဒီဒဂ်ါးပြားကြောင့်...."
"ဗျာ?? ဘယ်လို??"
"ဟုတ်တယ်... မင်းဆီမှာ အဲ့ဒီဒဂ်ါးမရှိတော့တာ သူသိထားပုံရတော့ ဒီဘက်မှာ ပွဲတွေ နီးလာတာနဲ့ ဒဂ်ါးလက်ဝယ် ရှိရေး ပြဿနာက သူ့ကို ခေါင်းခဲစေတယ်...။ ဒီ ဒဂ်ါးပြားက သူ့အတွက် အရမ်းအရေးကြီးတာလေ...။ သူ့အသက်ထက် တန်ဖိုးထားရတဲ့ ပစ္စည်း...."
"........"
ထိုကလေးကတော့ ဘာမှမပြောတော့ဘဲ ဒဂ်ါးပြားကို ငေးလျက်ဖြင့်သာ ဖြေမဆည်နိုင်သော မျက်ရည်များက ပိုးပိုးပေါက်ပေါက်....။
"ဒီရွာမှာ... ဒီ့အစဥ်အဆက် အလှဘွဲ့ရတဲ့ ကလေးတစ်ချို့က ဒဂ်ါးပြားရဲ့ အရေးပါပုံကို သိလို့ ဘယ်သူ့ကိုမှ ပေးခဲ့တာ မဟုတ်ဘူး...။ ဒီဒဂ်ါးပြားကို ပေးလိုက်တယ် ဆိုကတည်းက အဲ့ဒီသူက သူ့အသက်ထက် အရေးကြီးဆုံးသော သူ.. ဆိုတာကို ပြတာပဲ။ သူ မေတ္တာကိန်းဝပ်နေတဲ့သူ... အလွန်ဆုံး ပြောရရင် အဲ့ဒီပိုင်ဆိုင်တဲ့သူ တစ်ယောက်တည်း သူလက်ထပ်ပါ့မယ်... သူ့အိမ်ထောင်ဖက်လို့ ကြွေးကြော်လိုက်​တာပဲ...။ ဒါကြောင့် ဒဂ်ါးပြား ရှိတဲ့ သူကို အဘတို့က အလှဘွဲ့ ရတဲ့ သူနဲ့ လက်ဆတ်ပေးရတာပဲ....။ ဒါက သူတို့ကိုယ်တိုင် ကြည်ဖြူစွာ အပ်နှင်းမှနော်... ဒီအတိုင်း လုယက်တာမျိုး၊ ကောက်တွေ့တာမျိုးက အကျုံးမဝင်ဘူး...."
"......."
ထိုကလေးမျက်ဝန်းထဲမှ မျက်ရည်များက တသွင်သွင်ကျနေပြီး ထိုကလေးမျက်လုံးများက ဖောင်းအစ်ကာ ဒဏ်ဖြစ်မှာတောင် စိုးရိမ်ရသည်...။ အခုထက်ထိ ကျောက်ရုပ်သဖွယ် ရှိနေပြီး အတော်လေးကို နောင်တ,ကြီးပိုးစွာ ရနေသည့်ပုံ....။
"ဥ,လေးက မင်းကိုပဲ ရွေးချယ်ခဲ့တာ။ မင်းတစ်ယောက်တည်းကိုပဲ သူ့အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တာပါကွာ...."
ထိုအခါမှာတော့ ထိုကလေး လက်သီးကို တင်းကြပ်စွာ ​ဆုပ်ထွေးကိုင်ပြီး.... ။
"ကျွန်တော် ကျိန်တယ် အဘ။ အပျိုလေးကို နောက်တစ်ခါ မျက်ရည်တစ်ပေါက်ကျစေနဲ့ ကျွန်တော် အသေဆိုးနဲ့ သေပါစေ...."
"ဟဲ့... မောင်ဋီကာ... အဲ့လိုကျိန်တာက...."
"နောက်ပြီး အဘတို့ အိမ််မှာ ခွင့်ပြုမယ်ဆိုရင် ကျွန်အဖြစ်နဲ့ တစ်သက်လုံး အဘတို့ကို အလုပ်အကျွေးပြုပါ့မယ်...။ ကျွန်တော့်ကို ခွင့်ပြုပေးပါ အဘ...။ အပျိုလေးအပေါ် မကျေသေးတဲ့ အကြွေးတွေအားလုံး ကျွန်တော် သေမှပဲ တမလွန် လိုက်ပြီး ဆပ်ပါတော့မယ်....။ ကျွန်တော် ဒီမှာပဲ နေပါရစေ အဘ...."
"ဟို အဲ့ဒါက...."
ထိုကလေး အ​ဖြေအတွက် အဖြေရကြပ်နေချိန် ဥ,အခန်းမှ ဧည့်ခန်း ခန်းစီးလှုပ်ကာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က....။
"အဘ.... သီလ ယူမယ်ဆို... ထမင်းစားရအောင်လေ....။ နောက်ကျနေမယ်..."
ထိုအချိန်မှာတော့ ထိုကလေး အသံလားရာဆီသို့ ဖြည်းညှင်းစွာ လှည့်ကြည့်မိတော့...။
"အ..ပျို..လေး...."
ထိုကလေး၏ ဒီနေ့အမူအရာများအားလုံးက လုံးဝကို အစွန်းရောက်နေသည်။ ဥ,ကို တွေ့သည်နှင့်အပြုံးတစ်ခုနှင့်အတူ လှိုက်လှဲသော ငိုကြွေးမှု.... ထို့နောက် သူ့ရင်ဘတ်ကို သူပြန်လည်ဖိအုပ်လိုက်ပြီး....။
"ကျေးဇူးတင်ပါတယ်... ရှိနေပေးလို့...။ ကျေးဇူးတင်ပါတယ်... ရူးတော့မလို့...။"
ထိမ်းမြားလိုခြင်း....။
"ဒဂ်ါးက မောင်ဋီကာဆီမှာဆိုတော့ ဥဒေါင်းပျိုလေးရဲ့ အိမ်ထောင်ဖက်က မောင်ဋီကာပဲ ဓလေ့အရ ယူဆလို့ ရပေမယ့် မောင်ဋီကာ့ဘက်ကရော??"
ကျောင်းမှ သီလယူပြီးသည်နှင့် ဒဂ်ါးကိစ္စကို ရှင်းရတော့မည်။ နိုမို့ဆို ဥ,က ဋီကာကို အိမ်ပေါ်ကနေ ကန်ချ​တော့မည် အရိပ်အယောင်တွေ မြင်တာမို့.....။
"ကျွန်တော် အပျိုလေးကို လက်ထပ်ချင်ပါတယ်..။"
အိမ်ခန်းတစ်နေရာမှ နံရံကို မှီကာ အသက်မဲ့ရုပ်လို ဖြစ်နေသည့် အပျိုလေးကို ငေးကါ ကျွန်တော် ပြောမိတော့....။
"ကျွန်တော် သဘောမတူဘူး အဘ... ဒါပေမယ့် အဘတို့ ဓလေ့အရ စီစဥ်မယ်ဆိုလည်း ကျွန်တော် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပေးပါ့မယ်....။ မဂ်လာပွဲကိုတော့ ကျွန်တော် လက်မခံနိုင်ဘူး...."
မောင့်ကို စေ့စေ့မကြည့်ရဲတာကြောင့်ပင် ကျွန်တော် ငုံ့ပြီး ပြောလိုက်မိသည်။ ကျွန်တော့်ကို နားမလည်ဘဲ လက်မှဒဏ်ရာနဲ့ပင် တစ်စက်မှ လှည့်ကြည့်ဖော် မရဘဲ ပစ်ထားခဲ့သည်...။ ထို့နောက် ဆယ့်သုံးရက်လောက် ပျောက်သွားခဲ့သည်....။ ဘာအတွက်ကြောင့်လည်း ကျွန်တော်မသိခဲ့ရ....။ ထိုအတောအတွင်း ကျွန်တော့်မှာ ဘယ်လောက် အဆင်မပြေခဲ့လည်း သိမှာမဟုတ်....။
အခုမှ ဒဂ်ါးပြားကို လာပြတယ်တဲ့လား??
အရင်တုန်းက တမြတ်တနိုးပေးထါးပြီး တန်ဖိုးထားဖို့ ပြောတုန်းကတော့ ကျွန်တော့်ရှေ့မှာပင် လွှင့်ပစ်ခဲ့ပါ၏...။ ထို့နောက် ဟိုအမျိုးသမီးဖြင့် သွားတွေ့သည့် အကြောင်းအရာများကို မသိသလိုပင် ဟန်ဆောင်နေခဲ့သော်ငြား ထိုက ပြန်လာကတည်းက မိမိ့အပေါ် သူ့အချိုးများက ပြောင်းလဲလာသည်....။
အရင်က နူးညံ့မှုအပြည့်ဖြင့် မောင် မဟုတ်တော့.... အခုလည်း မိန်းမက ကန်ထုတ်လိုက်သည့် အချိန်မှ ကျွန်တော့်ဆီ ပြန်လာခဲ့တယ်လား?? ကျွန်တော်က... ကျွန်တော်က အဖြည့်ခံရုံ သက်သက်ပဲလား??
တစ်သက်မှာ တစ်ခါတည်းမို့ ရူးလောက်သည့်အထိ ချစ်ခဲ့မိတာဆိုလို့ သူတစ်ယောက်ပဲ ရှိသည်။ ဒါကိုပင်....
ဟုတ်ပါတယ်... ကျွန်တော့်အပေါ် ခဏ သာယာခဲ့သူကို ..ကျွန်တော်ကသာ တဖက်သတ်ရူးခဲ့သူမို့....
"ကဲ... ဒီလိုဆိုရင်တော့ ဥဒေါင်းလေး လက်မခံရင်တော့ မဂ်လာပွဲက ဖြစ်မယ် မထင်ဘူးကွယ်....။"
ဥဒေါင်းလေးက ခါးခါးသီးသီး ငြင်းနေတာမို့ လူကြီးတွေလည်း ဇွတ်အတင်း စီစဥ်လို့မရ ဖြစ်လာသည်....။ ဒီတော့မှ ဥဒေါင်းလေးဘေးနားမှ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက် ပြောလာသည်က....။
"ဒီလိုလုပ်လေ.... အဘသက် ဒီဘက်မှ ဓလေ့ တစ်ခုရှိတယ် မလား? အလှဘွဲ့ရတဲ့သူကို ပြန်လည် ရယူဖို့ဆိုရင် ရွာရဲ့ဓလေ့ ညာဘက်လက်မောင်းပေါ်မှ သွေးပေါက်တဲ့အထိ ဥဒေါင်းလေး နာမည် ရေးခိုင်းမယ်လေ...။ နောက်ပြီး ဥဒေါင်းလေး သဘောကျ သူ့အပြစ်ကို ဆေးကြောတဲ့အနေနဲ့ ဥဒေါင်းလေးခိုင်းတာ လုပ်ခိုင်းရင်ရော??"
"ဟဲ့... နှင်းသက်... အဲ့ဒါက မဖြစ်နိုင်ဘူး...။ တော်ကြာအလှည့်မသင့်ရင် အသက်အန္တရယ်ပါ စိုးရိမ်ရနိုင်တယ်..."
အဘက ကျွန်တော်ကို ကြည့်ပြီး တွေးတဆဆ ပြောလေတော့....။
"ရတယ် အဘ နှစ်ခုလုံးကို ကျွန်တော် လုပ်ပါ့မယ်....။ ကျွန်တော် သေသွားရင်လဲ အပျိုလေး စိတ်သက်သာရာ ရသွားရင် ပြီးတာပါပဲ..."
"မောင်ဋီကာ..."
အဘကတော့ ထပ်ပြီး မလုပ်တော့ဖို့ ပြောပေမယ့် ကျွန်တော် ခေါင်းကို ညိမ့်လိုက်ပြီး စိတ်ချဖို့ ပြောမိသည်။
"ကျွန်တော် အဆင်ပြေတယ် အဘ..."
"ဒါဆို ဥဒေါင်းလေးရှေ့ လာခဲ့...။ ဒီမှာ ဓား..."
ဥဒေါင်းဘေးအနား ရှိနေသည့် ထိုအစ်မက ဥဒေါင်းရှေ့ လာဖို့ပြောပြီး ဓားတစ်လက်ကို ချပေးလါသည်။ ကျွန်တော်လည်း အပျိုလေးရှိရာသို့ တရွေ့ရွေ့သွားပြီး အပျိုလေးရှေ့ ဒူးထောက်ထိုင်ချမိတော့ အပျိုလေးက မျက်နှာကို တစ်ဖက်သို့ စောင်းငဲ့ လွှဲသွားသည်....။
ကျွန်တော်လည်း အပြုံးတစ်ခုနှင့်ပင် ထိုအစ်မပေးလါသည့် ဓားသွားထက်ထက်ကို ယူလိုက်ပြီး လက်မောင်းထဲ စိုက်ဝင်ပြီးသည့်နောက်မှာတော့ 'ဥဒေါင်းပျို' ဆိုသည့် အရာကို အသားထက် လှီးဖြတ်၍ သွေးစိမ်းရှင်ရှင် ထွက်စေသည်....။
"ဟဲ့... မောင်လေး... အဲ့လောက်ကြီး နစ်စရာမလိုဘူး....။ သွေးတွေ လွန်ကုန်လိမ့်မယ်..."
ကျွန်တော်လည်း ထိုအစ်မစကားကို နားမထောင်ဘဲ 'ဥဒေါင်းပျို'ဆိုသည့် အမည်နာမကို ညာဘက်လက်မောင်းအပြည့် ရေးထိုးမိသည်....။ ထိုအမည်နာမ ပြီးဆုံးသွားသည့်အခါမှာတော့....။
"အပျိုလေးကရော မောင့်ကို ဘာလုပ်ခိုင်းစရာ ရှိလဲ??"
"ငါ့ရှေ့မှာ ကိုယ့်ကိုကိုယ် သတ်သေပြလေ...။ မင်း နှလုံးခုန်နေတဲ့ ဝဲဘတ်ရင်အစုံကို ဓားနဲ့ထိုးပြီးတော့...."
"ဝဲဘတ် ရင်အစုံပဲလား? ကျန်တဲ့ တစ်ဖက်ကို ရွေးလို့ရမလား?"
ကျွန်တော်က ထိုသို့ပြောလိုက်လေတော့ အပျိုလေးက ကျွန်တော့်ကို ကြည့်လာသည်...။
"ကိုယ့်နောက်ဆုံးထွက်သက်အထိ ဒီရင်ခုန်သံက မင်းလို့ပဲ ယူဆထားလို့....။ "
ထို့နောက် အပျိုလေးကတော့ ငေးတေးတေးလေးဖြင့် ကြည့်နေတော့ ကျွန်တော်လည်း မျက်ရည်များစွာနဲ့ပင် ပြုံးလိုက်ပြီး ကျွန်တော့်ညဘက်ရင်အစုံသို့ ဓားဖြင့် ဖိထောက်မိသည်...။ လက်မဝတ်လောက် နစ်ဝင်ပြီးသည့်အချိန်မှာတော့ သွေးစတို့က အကျီ်တစ်ခုလုံးကို ပျံ့နှံ့နေသည်....။
"ဟဲ့... မောင်လေး... တော်တော့... ဒီမှာ ဥဒေါင်းလေး မျက်ရည်ကျနေပြီ..."
ကျွန်တော်လည်း အပျိုလေး မျက်နှာကို ကြည့်ပြီး တားဆီးသံကို ဂရုမစိုက်စွာ ဆက်လက်ပြုမူနေတော့ အဘတို့ အကုန်လုံးက ဝိုင်းဆွဲလာသည်....။
"လုပ်ကြပါဦးဟ... သွေးထွက်လွန်ပြီး ဒုက္ခရောက်ကုန်တော့မယ်...။ ဥ, သား မတားတော့ဘူးလား? "
"တော်တော့...."
တစ်ဖက်သို့ မျက်နှာလွှဲလိုက်ပြီး အသံဖျော့ဖျော့က ရှိုက်သံနှင့်အတူ ထွက်လာသည့်အဆုံးမှာတော့ လက်မဝက်ကျော်ကျော် နစ်နေသော ရင်အစုံမှ ဓားကို အောက်သို့ လွတ်ချမိတော့သည်။
"မောင် ဘာမှမဖြစ်ဘူး... အပျိုလေး မငိုနဲ့နော်...."
{N- ဒီအပိုင်းမှ ဓလေများက အပြင်မှာ တကယ်မရှိသော စိတ်ကူးယဥ်သက်သက် ဖွဲ့စည်းထားသော ဓလေ့များသာ ဖြစ်ပါသည်။}
___________________________________________
တကယ်တော့ ဒီအပိုင်းက နောက်မှ အေးဆေး Typeပြီး အပ်ပေးဖို့ပါ။ ဒါပေမယ့် တစ်ခုပြောချင်တာက ကျွန်တော့် Fictionတွေက အပြင်မှာ တကယ်မရှိသလို တစ်ခါတစ်လေ အပိုတွေလည်း ဖြစ်သွားတတ်ပါတယ်... အဲ့ဒါကို သည်းခံပေးပါ။
အပျိုလေးက သူ့အဘကို သိပ်ပြီး ချစ်ပြီး မလွန်ဆန်ရဲတဲ့ ကလေးပါ။ သူ ဘယ်တော့မှ ဋီကာ့နောက် ခိုးရာမလိုက်ပါဘူး။ ဒါက ကျွန်တော် ဖန်တီးထားတဲ့ ဇာတ်ကောင်မို့ပါ...။
ဒီနေ့တော့ ဒီလောက်ပါပဲ... မကျေနပ်ခဲ့ရင် တောင်းပန်ပါတယ်... ။
ကျွန်တော် နည်းနည်းလေးလည်း စိတ်မကောင်းဖြစ်ပါတယ်💙 ကျေးဇူးပါ။
အားလုံးပဲ Good nightပါဗျ။
{Zawgyi🌼}
... မောင့်အနားမှာ
****
မယားတောသူ🌿
ည၈နာရီ....။
ဒီနေ့ ဗုဒ္ဓဟူးနေ့....။
၁၃ရက်တောင် ရှိနေပြီ...။
ဒါဆို....။
"......."
"...."
"တောင်းပန်ပါတယ်... အဘ ....။ တောင်းပန်ပါတယ်... ။ အင့်..."
ကြာသာပတေးနေ့....။
နံနက် ၇နာရီ....။
"အဘ...... အပျိုလေး... အပျိုလေး..."
"ထိုင်ပါဦး... မောင်ဋီကာ...."
"ဟုတ်ကဲ့ အဘ..."
"ဗျာ??"
"........."
"
"ဥဒေါင်းက_"
"ဟုတ်တယ် အဘ ဒီမှာ..."
"ဗျာ?? ဘယ်လို??"
"........"
"......."
"ဟို အဲ့ဒါက...."
"အ..ပျို..လေး...."
ထိမ်းမြားလိုခြင်း....။
"မောင်ဋီကာ..."
"တော်တော့...."
___________________________________________
Продолжить чтение
Вам также понравится
314K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
496K 22K 50
80.7K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
588K 30.9K 61
📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ...