မောင့်ရဲ့ ဘေဘေး

10K 487 13
                                    

{Unicode🌿}

Q: အဘက ရှေးရိုးစွဲ ဆိုပြီး ယောကျာ်းလေးချင်း ထိမ်းမြားမှုကိုတော့ လက်ခံတယ်လား?

A: 🔽

"အဘ.. သား ကိုင်းဘက် ခဏသွားမယ်နော်...။ ညတုန်းက မိုးရွာထားတာ... မနေ့က မြင်ခဲ့တဲ့ ဟင်းရွက်တွေ သွားခူးလိုက်ဦးမယ်နော်...။"

"နေဦးလေ... ဥ..။ သား ဋီကာကို မစောင့်တော့ဘူးလား??"

"မစောင့်... တော့ဘူး အဘ...။ သား ဟိုနေ့က ယာဘက်သွားတာ ကိုယ်လက်တွေ နာနေလို့ အိပ်နေတယ်.... ပင်ပန်းနေတာ အိပ်ပါစေနော်....။"

"နေဦး... အရင်တုန်းကဆိုရင် တပူးပူးတတွဲတွဲနဲ့ ကော်နဲ့ကပ်ထားသလို ဖြစ်နေတာကို....။ တစ်ယောက်ကလည်း ဘယ်နေရာမဆို ခေါ်တယ်... ကျန်တစ်ယောက်ကလည်း လိုက်တယ်။ အခု ဘာဖြစ်နေတာလဲ??"

"ဘာမှ မဟုတ်ပါဘူး အဘ....။ သူ အိပ်ပျော်နေတာ မနိူးချင်တာနဲ့ပဲ...။ သား သွားတော့မယ်နော်... အဘ...။"

ဥ,ကတော့ တစ်စုံတစ်ခုက သူ့အတွက် စိတ်ထင့်စေတာမျိုးလား သေချာမသိ.... ကသုတ်ကရုတ်နဲ့ ထွက်သွားလေပြီ။

"အဘ.... ဥ,ကတော့ ပုံမှန်မဟုတ်ဘူးနော်....။"

အိမ်ထဲမှ ထွက်သွားသည့် အဝေးက ပုံရိပ်ကို ကြည့်ပြီး သမီးပျိုက ပြောလေတော့....။

"စိတ်ဆိုးနေတာ နေမယ်....။ မဆိုးပါဘူး... ဥ,လေး ရွေးချယ်မှုကို ယုံလိုက်တာ အဘနောင်တမရဘူးပဲ....။"

"... အစတုန်းကတော့ အဘက မောင်လေးဋီကာနဲ့ ဥ,လေးကို ဘယ်လိုမှ သဘောမတူဘူး ထင်တာ....။ သမီးတောင် ဘယ်လိုလုပ်ရမလဲ တွေးမိနေသေးတယ်။"

ထိုအချိန်မှာတော့ အဘက တစ်ချက်ပြုံးပြလာပြီး....

"အစကတည်းက ဥ,ရွေးချယ်ထားတဲ့သူကို အဘက စိတ်ထဲ ရှိနေပြီးသားပါ။ အဲ့ဒါကြောင့် လာပြီးကမ်းလှမ်းတဲ့သူတွေကိုတောင် ဥ,သဘောကျ ရွေးချယ်ခိုင်းထားတာမျိုးလေ....။ တစ်သက်လုံး သိုသိုသိပ်သိပ် နေထိုင်လာတဲ့ ကလေးက သူ့လူနှင့်ပတ်သတ်ရင် ဘယ်လောက်ပြတ်သားသလဲ? ဒီအတိုင်း သိရက်သားနဲ့ ထုံးစံတွေတောင် ချိုးဖောက်တာတွေတောင် ရှိနေတာပဲ....။ ဒီအတိုင်း လွယ်လွယ်ကူကူ သဘောမတူပေးလိုက်ဘူးဆိုတာက သူတို့အတိမ်အနက်ကို ဘာမှသေချာမသိလိုက်မှာစိုးလို့လေ....။ တစ်ချို့အရာတွေက လွယ်လို့ လိုက်တာမျိုးတွေ ရှိနေတယ်လေ....။ နောက်ပြီး အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရင် ဥ,လေး နစ်နာမယ်။ ဥ,က သာမန်သူတွေလိုမျိုး သမီးရည်းစားကိစ္စတွေကို ကျူးလွန်လို့ မရတော့.... ဥ,မလိမ္မာလို့ တိုးကြရင်တောင် အဘက အတားအစည်းသဘောမျိုးနဲ့ပါ....။"

မယားတောသူ(complete)Where stories live. Discover now