အပိုင်း (၁၁) : အတ္တ

12.7K 1.2K 147
                                    


{Unicode🌼}

... အတ္တ...
ကျွန်တော် မသိဘူး...။
ကျွန်တော် အပျိုလေးနဲ့ ပတ်သတ်ရင်
ပိုင်ဆိုင်ချင်တဲ့ စိတ်တစ်ခုတော့ ရှိတယ်...။

***

မယားတောသူ🌿

ဝါဆိုလဆန်း ၁၁ရက်နေ့...။

".. မေကြီးက ပြောတယ်...။ ဒေါင်းပျို.. နယ်ကို ပြန်ဦးမလို့ဆို...။"

"ဟုတ်တယ်... ဝါဆိုလပြည့်နေ့မှာ ဝါဆိုသက်န်းနဲ့ ဝါဆိုပန်းကပ်ရမှာလေ...။ နောက်ပြီး ငါကိုယ်တိုင်က နယ်က ဘွဲ့ကို ခံယူထားတော့ အဲ့လိုပွဲတိုင်း ငါက ရှိနေမှ ရမှာ....။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လာလို့ မရရင်တော့ ရွာကို စော​စော အကြောင်းကြားထားမှ ရတယ်...။"

"ဒါဆို ဒီက အရင်လို အတန်းဖော် သူငယ်ချင်းတွေကို ခေါ်ဦးမှာလား?? မောင် တစ်ယောက်တည်း လိုက်လို့ ရမလားဟင်??"

"ရတယ်... အရင်လို တစ်ခန်းတည်းတော့ အိပ်လို့ ရမှာ မဟုတ်တော့ဘူး...။"

(.........)နယ်လေး....။
ဝါဆိုလဆန်း ၁၄ရက်နေ့...။

ကျွန်တော်တို့ ဝါဆိုလဆန်း ၁၄ရက်နေ့ ညနေမှာတော့ အပျိုလေးတို့ နယ်ဘက်ကို နောက်ထပ်တစ်ကြိမ် အလည်လိုက်လာခဲ့ပါသည်။ အခုအချိန်မှာတော့ မိုးဖြိုင်ဖြိုင်ရွာသွန်းမှုကြောင့် နယ်လေးက သစ်ပင်ဖြင့် မြင်မြင်ရာ စိမ်းတစိုစို ရှိနေသည်.....။ ကတ္တရာ ကွန်ကရစ်လမ်းတွေ မဟုတ်ပေမယ့် သဲနီနီများက မိုးရွာထားသည်နှင့် သိပ်သွားတာမို့ နံဘေးမှ မိုးရာသီကြောင့် စိမ်းစိုနေသော သစ်ပင်များအကြား သဲနီနီလမ်းကလေးက ပို၍ ထင်းထွက်နေသည်....။

ကျွန်တော်တို့ နယ်ကိုရောက်တော့ ညဥ့်နက်ပိုင်းမို့ ကျွန်တော်တို့ ရေချိုးပြီးသည်နှင့် အိပ်ရာဝင်ခဲ့ရသည်။ အရင်လို အပျိုလေး အခန်းထဲမှာ ရှိမနေတော့.... ကျွန်တော်တို့ နာမ်စားတွေ ပြောင်းမှုကြောင့်ဟု ပြောသည်....။ ကျွန်တော်လည်း အပျိုလေး အခန်းကို မြင်နိုင်သည့် ဘုရားခန်းဘေးမှ တစ်နေရာ၌ အိပ်ရတော့သည်....။

မယားတောသူ(complete)Where stories live. Discover now