အပိုင်း (၂၃) : မွန်းကြပ်မှု

7.8K 890 154
                                    


{Unicode🌼}

... တစ်ခါတစ်လေတော့
ပြဿနာတွေကို
ကိုယ်တစ်ယောက်တည်းကပဲ
ရင်ဆိုင်နေရတာမျိုးက....

****

မယားတောသူ🌿

နှင့်အတူ...။

မောင်ကတော့ မြို့ကို ကိစ္စတစ်ခုရှိ၍ နှစ်ညအိပ် ခရီးလောက် သွားမည် ပြောသည်...။ အဘနှင့် ကျွန်တော့်ကို သေချာဂရုစိုက် ခွင့်တောင်းပြီး အလောတကြီး ဖြစ်နေသည်...။အကြောင်းအရင်းကို ကျွန်တော်ကိုယ်တိုင် သိပေမယ့် မောင်ပြောသည့် မရေမရာ အကြောင်းပြချက်တစ်ချို့ကိုပဲ နားထောင်ခဲ့မိသည်....။

မသွားခင်အထိ မောင့်ကို ပြောခဲ့တာက....။

'ဥ,က မောင့်လူနော်....။ မောင်တစ်ယောက်တည်း ဖြေရှင်းလို့ မရတဲ့အခြေအနေကို ဥ,ကို အသိပေးပါ....။ ဘာပဲဖြစ်ဖြစ် ဥ,က မောင်နှင့်အတူ ရှိတယ်နော်....'

တိုက်တိုက်ဆိုင်ဆိုင် မောင်သွားသည့်နေ့မှာပင် အဘက ဒဂ်ါးကိစ္စကို မေးလာသည်...။ ဟုတ်လည်း ဟုတ်ပါသည်.... သီတင်းကျွတ်၊ တန်ဆောင်မုန်း နှစ်လလုံးက ကျွန်တော်တို့နယ်ဘက်မှာ အစည်ကားဆုံး ပွဲများရှိသည်မို့....။ ထိုသို့ပွဲများရှိသည့်အခါများမှာ ကျွန်တော်က ဒဂ်ါးကို အဆင်တန်ဆာလိုမျိုး ရောဝတ်ရသည်...။ နောက်ပြီး ထိုလများ၌ ဒဂ်ါးကို ပြန်လည်ပြင်ဆင်ရတာမျိုး ရှိသည်....။ ထို့ကြောင့်မို့....။

ကျွန်တော့်ဆီမှာ ဒဂ်ါးမရှိတာ သိသည့် မမက အခုနယ်မှာ မရှိ။ နောက်ပြီး ကျွန်တော့်ဘေးအနား အရိ​ပ်လို ရှိနေခဲ့သည့် မောင်ကလည်း မြို့ကို ရောက်နေတော့ ကျွန်တော်တစ်ယောက်တည်း မကြံတတ်တော့.....။

တစ်ယောက်တည်း ထိုကိစ္စကို စဥ်းစားခန်းထုတ်ပြီး ပန်းကန်ဆေးနေတုန်းပင် ရှိသေးသည်.... ကျွန်တော့်နောက်ဘက်မှ...

"ဥဒေါင်းလေး... ပန်းကန်တွေ ဆေးနေတာလား? အဘရော??"

ကျွန်တော်လည်း တွေးလက်စ အတွေးတို့ပျောက်ပြီး အသံလာရာကို မော့ကြည့်မိတော့.... ထင်သည့်အတိုင်း ကိုစံဦးထိုက်.... ။ ကျွန်တော့်ကို ပြုံးလျက်ကြည့်နေပြီး အလွန်တရာဖော်ရွေနေသော အနေအထားဖြင့်ပင်....။ ကျွန်တော်လည်း သူ့အကြည့်ကို သိပ်ပြီး နှစ်လိုဖွယ်မရှိတာမို့ ခေါင်းကို ပြန်ငုံ့လိုက်ကာ....။

မယားတောသူ(complete)Where stories live. Discover now