အပိုင်း (၅) : သွယ်ဝိုက်နစ်မြောမှု

14.1K 1.4K 114
                                    


{Unicode🌻}

.... ခေါင်းစဥ်မတတ်နိုင်သော
နစ်မြောမှုတွေ...။

****

မယားတောသူ🌻

Saturday

ကျွန်တော်တို့ စနေ၊ တနဂ်နွေ နှစ်ရက်ပိတ်ခင်မှာတော့ မေကြီးကို အသိပေးပြီး အပျိုလေးတို့ နယ်ကို အလည်လိုက်သွားဖို့ ပြင်မိသည်....။ လိုက်ပို့သည့်ကားကတော့ သျှင်မင်းသားတို့ အိမ်ကာ ကားနဲ့ပင် ဖြစ်လေသည်....။ရှေ့အခန်းမှာ Driver ဦးလေးတစ်ယောက်တည်း ရှိနေပြီး နောက်အခန်းမှာတော့ သျှင်မင်းသားနှင့် အပျိုလေးအကြား ကျွန်တော်က ထိုင်နေမိသည်....။

"အကိုဒေါင်းတို့ဘက်က ဧည့်သည်ရော ခေါ်လို့ရတယ်လား??"

"အာ... ရတာပေါ့....။ အကိုတို့ဘက်က အဲ့လောက်ကြီး မထူးဆန်းပါဘူး...။ နည်းနည်း ရှေးလူကြီးတွေ များတော့ ရှေးရိုးစွဲတာမျိုးပဲ ရှိတာ....။ ဒါပေမယ့် အိမ်က အဘ(မေကြီးယောကျာ်း)က နားလည်မှု ရှိပါတယ်...။ ဧည့်သည်တွေပေါ်မှာ စည်းကမ်းပိုင်းကို အဲ့လိုကြီး မကြပ်ဘူး....။ စိတ်မပူပါနဲ့ ကိုယ့်ပုံစံအတိုင်း နေလို့ရတယ်...။"

သူတို့ နှစ်ယောက်ကတော့ ကျွန်တော့်ကို ကြားအလယ်မှ ထားပြီး စကားတပြောပြောနဲ့ပင်...။ ကျွန်တော်ကတော့ သူတို့နှစ်ယောက် စကားကိုသာ နားထောင်ပြီး ဘာမှမပြောတော့ဘဲ ငြိမ်နေမိသည်....။ လက်ထဲမှ အိမ်က ထည့်ပေးလိုက်သည့် မုန့်ကို စားလိုက်ပြီး သက်တောင့်သက်သာ နေမိသည်....။

"ဋီကာရော နေလို့ရတယ်နော်... ဘာမှအားမနာနဲ့...။ အိမ်က အဘက ဘာမှမဖြစ်ဘူး..."

အပျိုလေးက ကျွန်တော့်ကို ကြည့်ရင်းပြောလာသည်မို့ ကျွန်တော် ခေါင်းကိုသာ ညိမ့်ပြလိုက်မိသည်...။ ကျွန်တော်တို့ အဝေးပြေးလမ်းမကြီးအတိုင်း မနက်စောစောကတည်းက ထွက်လာမိသည်...။ နှစ်နာရီအကျော်မှာတော့ ကျွန်တော်တို့ စိုက်ခင်းများစွာကို ဖြတ်ပြီး ရွာအဝင်လမ်းမသို့ ရောက်လေပြီ...။

မန်ကျည်းပင်တန်း၊ တမာတန်း၊ ထန်းပင်တန်းများနှင့်ပင် သဲလမ်းနီနီလေးလည်း ရှိသည်...။ နံဘေးမှ စိုက်ခင်းစိမ်းစိမ်းများဖြင့် ၊ အစီအရီတန်းနေသော မီးတိုင်များနှင့်အတူ နယ်ရွာလေးက အတော်လေး စည်ပင်လှလေသည်....။ ကျွန်တော်တို့ရောက်တာ နေ့ခင်းပိုင်းပေမယ့် စိုက်ခင်းတစ်ချို့မှာတော့ လူတစ်ယောက်စ,နှစ်ယောက်စ,ရှိနေသည်....။

မယားတောသူ(complete)Where stories live. Discover now