အပိုင်း (၁၃) : ရည်ရွယ်ချက်

11.3K 1.1K 116
                                    

{Unicode🌼}

မယားတောသူ🌿

... မင်းကသာ
တစ်စုံတစ်ယောက်ရဲ့ အနာဂတ်အတွက်
ရည်ရွယ်ချက်လေးသာ ဖြစ်ခဲ့လျှင်...။

***

လအနည်းငယ် လွန်မြောက်လေသော်...

ကျွန်တော်နှင့်အပျိုလေးတို့ တစ်ယောက်ကို တစ်ယောက် ဝန်ခံကတိပြုပြီး နောက်မှာတော့ ချစ်သူဆိုသော အရာက သူနှင့်ကျွန်တော့်အကြား အစားထိုးလာသည်....။ နာမ်စားပြောင်းလဲလာမှုအတွက် အပျိုလေး၏ ဓလေ့များအတိုင်း ကျွန်တော်တော်နှင့်အပျိုလေး နဂိုအခန်းသီးသန့်အတိုင်း ပြန်နေခဲ့ပါသည်....။ နောက်ပြီး ကျွန်တော်လည်း အပျိုလေးကို တန်ဖိုးထားမှုတစ်စုံတစ်ရာကြောင့် အနည်းငယ် ကာကွယ်စောင့်ရှောက်မှုပြုသည့် တစ်စုံတစ်ရာကလွဲ အပျိုလေးကို ဘာမှမလုပ်မိ....။

အပျိုလေးကလည်း ကျွန်တော့်ကို နဂိုထက် ပိုပြီး ဂရုစိုက်လာသည်...။ အခုဆို ကျွန်တော်က သူ့အပေါ် စည်းမရှိဘဲ သူ့ပန်းကန်ထဲမှ ထမင်းကို နှိုက်ယူစားလို့ ရ,သလို နူတ်ခမ်းခြင်း လွန်မြောက်မှုအတွက်လည်း အခွင့်ရှိနေပြီ ဖြစ်သည်.....။ အပျိုလေးဆိုသည်ကလည်း အမြဲတမ်း အရှက်သည်းမှုများ၊တစ်ခါတစ်လေ ပွင့်လင်းမှုများအကြား ကျွန်တော့်မှာ အပျိုလေးကို အကဲပိုစွာ မြတ်နိုးမိသည်.....။

နောက်ပြီး စည်းကမ်းအပြည့်အစုံဖြင့် ဓလေ့၊ ထုံးစံများအကြား (......)နယ်၏ အပျိုလေးကို အခက်တွေ့အောင် မလုပ်မိစေတော့....။ တစ်သက်လုံး မြတ်နိုးမှုအတွက် တစ်ခဏ ရင်းနှီးမြှပ်နှံမှုက ကျွန်တော့်အတွက် တန်သည်မို့....။ အကယ်၍ ကျွန်တော် ရူးလောက်အောင် အပျိုလေးအပေါ် အတ္တတစ်စုံတစ်ရာ လုပ်ခဲ့မယ်ဆိုရင်တောင် အပျိုလေးကို ရယူပြီးမှသာ....။ ဒီလို နယ်၏ ဂုဏ်သတင်းဆောင်အလှလေးကို ကျွန်တော့်အတွက်ကြောင့် ညှိုးနွမ်းမှုကို မလိုချင်တော့.....။

မနက်ဖြန် မနက်ပိုင်း ၉နာရီက ကျွန်တော်တို့ စားမေးပွဲ ပြီးဆုံးမည့် နောက်ဆုံးဘာသာနေ့ပင် ဖြစ်သည်....။ ဒီအတောအတွင်း အပျိုလေးက အမြဲတမ်း ရွာလေးကို ပွဲတော်ရက်တိုင်း ပြန်ပါသည်....။ ကျွန်တော်လည်း အပျိုလေးနှင့်အတူကောက်ကောက် လိုက်သွားမိရင်းမှ တတွဲတွဲ ရှိနေမိသည်....။ နာမ်စားမတပ်ခင်တုန်းကသာ အပျိုလေးအပေါ် ကျွန်တော့်ခံစားမှုတို့ ထိန်းချုပ်နိုင်ပေမယ့် အခုချိန်မှာတော့ အပျိုလေးကို အကြည့်နှင့် ပြစ်မှားဖို့တောင် လက်သင့်မခံနိုင်တော့ပါ......။

မယားတောသူ(complete)जहाँ कहानियाँ रहती हैं। अभी खोजें