အပိုင်း (၄) : ကာကွယ်မှု

14.5K 1.5K 104
                                    


{Unicode🌻}

ခံစားဖူးတယ်မလား?
တစ်စုံတစ်ယောက်ကို
သွေးသား ဆက်စပ်မှု မရှိ
ကာကွယ် လိုစိတ်တွေ....။

***

မယားတောသူ🌻

နောက်တစ်နေ့.... ။

ကျွန်တော်ကတော့ မနက်စောစောထပြီး အကုန်ပြင်ဆင်ပြီးသည့် အချိန်ထိတိုင် သူကတော့ အရိပ်အယောင်ပင် မမြင်ရသေး...။ နောက်ပြီး ၇နာရီ ၄၅ဆိုတာနဲ့ သူ့မေမေက ထမင်းစားဖို့ ကျွန်တော်တို့ နှစ်ယောက်လုံးကို ခေါ်တော့မည်...။ ကျွန်တော်လည်း သူ့အခန်းရှေ့ အတန်ကြာ ရပ်နေမိပြီး တံခါးခေါက်သင့် ၊ မခေါက်သင့် စဥ်းစားနေမိသည်...။

သို့သော် ကျွန်တော် တွေးတောနေရင်းပင် အခန်းတံခါးချက်သံနှင့်အတူ ပွင့်လာသော တံခါးချပ်နောက်၌...။

"ဘယ်နှစ်နာရီ ရှိနေပြီလဲ??"

အိပ်ချင်မူးတူးရုပ်နဲ့ပင် သူက မေးလေတော့ ကျွန်တော်လည်း လက်မှ နာရီကို တစ်ချက်ကြည့်လိုက်ပြီး...။

"၈နာရီတီးဖို့ ၁၃မိနစ်အလို....။ အဒေါ်က ထမင်းစားဖို့ ခေါ်တော့မယ်... မင်းကို စောင့်နေသေးတာ မင်းထွက်မလာလို့..."

ကျွန်တော်က ထိုသို့ ပြောလိုက်လေတော့ သူက ခေါင်းညိမ့်ပြီး ကျွန်တော့်ကို တစ်ချက်ကြည့်လာသည်....။ ထို့နောက် အလိုမကျမှု အထင်းသားတို့နဲ့ပင် ကျွန်တော့်ကို မျက်မှောင်ကျုံ့ ကြည့်လာပြီး....။

"ဒီနေ့ ကျောင်းမှာ ယဥ်ကျေးမှု ရေးရာ ပွဲတစ်ပွဲပွဲတော့ မရှိဘူးမလား??"

"ဟမ်?? မရှိဘူးလေ... ဘာလို့လဲ??"

တကယ်ကို သူ့စကားကို နားမလည်နိုင်စွာ ပြောလိုက်မိတော့ သူက ချက်ချင်းဆိုသလို ကျွန်တော့်တစ်ကိုယ်လုံး သူ့အကြည့်တို့ ဝေ့ဝဲလာပြီး....။

"အဲ့ဒီ ရွာက အဘ ဆင်ထားတဲ့ ကုန်းဘောင်ခေတ်တုန်းက အဝတ်အစားတွေကိုပဲ ဝတ်နေတော့မှာလား?? ဘာလို့ စတစ်လက်ရှည်နဲ့ ရာသီဥတုက ပူရတဲ့အကြား....။ တစ်ခြားဟာတွေ ပြောင်းဝတ်စမ်းပါ...။ မင်းမှာ မရှိရင်လည်း ငါ့ဆီကသာ ယူဝတ်...၊ ဟုတ်ပြီလား??"

မယားတောသူ(complete)Where stories live. Discover now