အပိုင်း (၁၈) : ပင်ပန်းမှု

11.5K 1.1K 292
                                    

{Unicode🌻}

...မောတယ်.. ပမ်းတယ်...။
သဘောမှာ မထားလို့ရယ်...။

***

မယားတောသူ🌿

ယခင်အပိုင်းမှ အဆက်>>>>

"နောက်တစ်ခါ မောင့်အတွက် ဆိုပြီး တကူးတက ဟင်းတွေ ချက်မလာပါနဲ့..."

သူနှင့်ကျွန်တော့်အကြား စကားသံတို့ တိတ်ဆိတ်သွားသလို အပြင်မှ တဖြောက်ဖြောက် ရွာသွန်း​နေသည့် မိုးက ချက်ချင်းဆိုသလို ဝေါခနဲ သည်းလာတာမို့ နှစ်ယောက်အကြား ထားရှိသည့် လျပ်စစ်မီးတိုင်လေးမှာ တစ်ချက်လေအဝှေ့၌ လဲပြို၍  ရုတ်တရက် အလင်းရောင်တို့ မညီမညာပင်....။ ကျွန်တော်လည်း ထမင်းဇလုံမှ ဇွန်းကိုချပြီး မအိမ်ကို ပြန်ပြီး တည့်မတ်ချိန်မှာတော့ မီးအိမ်ကိုယ်ထည်အစား တစ်စုံတစ်ယောက်လက်ကိုသာ ထွေးဆုပ်မိတော့သည်....။

ထိုအကောင်အထည်က ဘယ်သူဆိုတာ ရိပ်မိသည်နှင့် ကျွန်တော် လွတ်ပေးဖို့ စိတ်ကူးမရှိဘဲ ထပ်အုပ်ဆုပ်ကိုင်ထားမိသည်...။ ထို့နောက် တစ်ခြားလက်တစ်ဖက်နဲ့ပင် မီးအိမ်ကို ပြန်လည်တည့်မတ်ချိန်မှာတော့ ခေါင်းကို ငုံ့နေသည့် အပျိုလေးမျက်နှာကို ရှင်းလင်းစွာ တွေ့မိတော့သည်...။ အပျိုလေးက ကျွန်တော့်လက်ထဲမှ သူ့လက်ကို မရုန်းသည့်အပြင် ဒီအတိုင်းငြိမ်ကာ ရှိနေသည်....။

"မိုးရွာနေပြီ... ထီး ဒါမှမဟုတ်ရင် ဦးထုပ်ပါလား??"

"ဟင့်အင်း မပါဘူး..."

"ဒါဆို ဘယ်လိုလုပ်မလဲ?? အပြင်မှာ မိုးက သည်းနေပြီ..."

"ရတယ်... ခဏနေရင် ပြန်လိုက်မယ်..။ အိမ်နဲ့က သိပ်ပြီး ဝေးတါမှ မဟုတ်တာ...။"

"သြော်... ပြန်ဖို့ဆို အရမ်းကြီး မသည်းခင်ကတည်းက ပြန်လေ...."

"အင်း... ဒါပေမယ့် ဋီကာ ထမင်းစားပြီးမှ..."

"ရတယ် ... မောင့်ဘာသာ သိမ်းမယ်...။ ကျေးဇူးပြုပြီး အခုမောင်က အပျိုလေး သက်ဆိုင်သူအနေနဲ့ ရှိမှာလေ...။ မောင့်ကို မောင်လို့ ခေါ်လို့ ရတယ်မလား??"

မယားတောသူ(complete)Where stories live. Discover now