အပိုင်း (၂၁) : မေတ္တာသည်သာ...

9.8K 1K 129
                                    


{Unicode🌼}

... မေတ္တာဆိုတဲ့ အရာမျိုးက
တစ်ချို့တွေအတွက်
အသွားပဲ ရှိပြီး..
ပြန်မလာတတ်တဲ့အမျိုး...။

****

မယားတောသူ🌿

ယခင်အပိုင်းမှ အဆက်....။

အိမ်ထောင်ဖက်...

ထင်ထားခဲ့သလိုပင် အဘနှင့်အဒေါ်တို့က တစ်ဖက်ရွာမှ ပြန်မလာခဲ့ပါ...။ အိမ်မှာတော့ ကျွန်တော်နှင့်အပျိုလေးပဲ ရှိနေသည်...။ ဒီနေ့မှာတော့ ကျွန်တော်လည်း အပျိုလေး ဘေးနားမှ တစ်ဖဝါးမကွာ နေခဲ့မိသည်....။

နှစ်ယောက်သားက မြင်ရပေမယ့် မကြင်ရသည့်ဘဝမို့... မိမိစိတ်အထိုက်အလျောက် မနေခဲ့ရသည်မို့ အခုချိန်မှာတော့ အတိုးချပြီး အတူနေမိသည်...။

ကျွန်တော်တို့ ညစာ စားပြီးသည့်အချိန်အထိ မိုးသည်းသည်းက မပြတ်သေး...။ အပျိုလေးကတော့ ထမင်းပန်းကန်တစ်ချို့ကို သိမ်းကာ ခဏနေပြီးသည့်နောက်မှာတော့ ကိုယ်လက်သန့်စင်ရေချိုးပြီး ဘုရားရှိခိုးပေဦးမည်...။ကျွန်တော်က စိတ်မချလို့ တကောက်ကောက် လိုက်ဖို့ ကြိုးစားပေမယ့် အပျိုလေးက ကျွန်တော့်ကို နေခဲ့ပါရန် သေချာမှာတာမို့.... ကျွန်တော်လည်း ဆက်မလိုက်တော့ဘဲ ဘုရားခန်းတစ်နေရာ၌ ထိုင်ပြီး ပြတင်းပေါက်မှပင် တံမြတ်အမိုးမှ ကျနေသည့် မိုးရေစက်များကို ကြည့်နေမိသည်....။

တစ်နာရီလောက်အကြာမှာတော့ အပျိုလေးက အိမ်ပေါ်သို့ ရေချိုးပြီးကာစ ပုံစံနဲ့ပင် တက်လာလေပြီ...။ ကျွန်တော်လည်း တမင်ပင် မမြင်သလို ရှောင်ပေးလိုက်ပြီး အပျိုလေးကို သင်တောင့်သက်သာ ရှိစေမိပြီ....။

သိပ်မကြာသည့်အချိန်မှာတော့ အပျိုလေးက သူ့အခန်းမှ ထွက်လာပြီး လက်မှာလည်း ဘုရားစာအုပ် ကိုင်လာသည်မို့.... ထင်တာတော့ ဘုရားဝတ်ပြုတော့မည် ထင်သည်...။ ကျွန်တော်လည်း လွတ်လပ်စွာ ရှိစေရန် ဘုရားခန်းမှ ထ,သွားဖို့ ပြင်ပေမယ့်...။

"ရတယ်... မသွားနဲ့လေ...။ ဘာမှမဖြစ်ဘူး..."

အပျိုလေးကတော့ ဘုရားခန်း ခြေရင်း၌ လိပ်ခွေပြီး ထောင်ထားသော သင်ဖြူးချပ်ကို ဖြန့်ကာ ဘုရားစ,ပြီး ဝတ်ပြုတော့သည်...။ ထိုအချိန်မှပင် မိုးသက်လေကြမ်းကြမ်းနှင့်အတူ လျပ်စီးတစ်ချို့က လက်ထ,လာပြီး ပွင့်ထားသော ပြတင်းပေါက် တံခါးချပ်တို့ကို အချင်းချင်း ရိုက်ခတ်စေသည်မို့ ကျွန်တော်လည်း အပျိုလေး ဘုရားရှိခိုးတာ အဆင်မပြေ ဖြစ်မှာစိုးလို့ တံခါးချပ်များကို သွားပြီး ပိတ်မည် ပြင်လေတော့ အိမ်ဝင်းထရံတစ်ဖက်၌ ဓာတ်မီးရောင် တစ်ချို့ကို တွေ့လိုက်​တာမို့ အဘတို့များလားဟူသော အတွေးမျိုးဖြင့် အတော်ကြာ ငေးကြည့်နေပေမယ့် ဘာမှမထူးတာမို့ တံခါးကိုသာ ဖြည်းညှင်းစွာ ပိတ်လိုက်သည်  .....။

မယားတောသူ(complete)Where stories live. Discover now