အပိုင်း (၂) : အတူ

19.3K 1.6K 67
                                    


{Unicode🌻}

...အတူယှဥ်တွဲ ...
ကောင်းကင်တစ်ခုကို သိမ်းပိုက်ဖို့
ကြိုးစားဖူးတယ်...။
ဒါပေမယ့်
ကျွန်တော့်အတွက် ကောင်းကင်ငယ်ကတော့..

****

မယားတောသူ🌻

နံနက် ၄နာရီ...။

ဒေါက်!~~

"ဋီကာ.. ဋီကာ... ထ,တော့လေ... မင်းပဲ စာကျက်ဖို့ ငါ့ကို နိူးခိုင်းတာလေ..."

ကျွန်တော့်မှာတော့ သူ့အခန်းတံခါးကို ခေါက်လိုက်ပြီး အသံခပ်အုပ်အုပ်နဲ့ အော်နိူးလိုက်ပေမယ့် အထဲက တုံ့ပြန်သံ မလာသေးသည်မို့...။ နောက်တစ်ကြိမ်....။

ဒေါက်! ~~~

"ဋီကာ... ထ,တော့လေ... မင်း အခုချိန် မထ,လာရင် ငါ မင်းထက် အမှတ်အများကြီး သာသွားမှာနော်..."

ကျွန်တော်က သူမခံချင်သော စကားနဲ့ပင် ပြောလိုက်ပြီး အခြေအနေကို တစ်ချက် အကဲခတ်နေမိသည်...။ ထို့နောက် အတန်ကြာသည့်အထိ ပြောင်းလဲမှု မရှိတာမို့ ထပ်ပြီး တံခါးခေါက်ကာ နိူးမယ် ပြင်လေတော့....။

တံခါးလှပ်သံနဲ့အတူ အတွင်းကျကျ လှည့်ဝင်သွားသော တံခါးနောက်မှာတော့ ညှင်းသိုးမှု အပြည့် လူတစ်ယောက်...။ ရှည်လျားသော အရပ်က တံခါး၏ လေးပုံ ပုံ သုံးပုံနည်းပါး ရှိသည်...။ ကျွန်တော်ကတော့ သူ့လက်မောင်းအောက်၌သာ ရှိသည်...။

"အင်း... လေးနာရီ ရှိနေပြီလား??"

သူကတော့ အခုထက်ထိ မပွင့်သေးဘဲ သည်းကွဲစွာ မမြင်သည့် မျက်လုံးများကို ပွတ်သပ်နေပြီး ခပ်အုပ်အုပ် မေးလေသည်...။ အပေါ်အကျီ် ဗလာကျင်းနဲ့မို့ သူ၏ ခန္ဓာကိုယ် အချိုးအစားကို ကောင်းစွာ မြင်နေရသည်....။ ထို့နောက် ရှင်းလင်းစွာ ပေါ်နေသော သူ့Adam's appleနဲ့အတူ သူ့မျက်နှာကို ပွတ်သပ်နေသည့်လက်တို့၌ veinတို့က ရူးသွပ်စရာပင်...။ ကျွန်တော့်မှာတော့ တစ်ဖြောင့်တည်း ရှိနေသော ခန္ဓာကိုယ်က အမျိုးသမီးများကဲ့သို့ပင် တစ်ဆက်တည်း ပြည့်နေသည့် လက်မောင်းများနှင့်အတူ ယောကျာ်းပီသစွာ မရှိသော အဂါင်္ရပ်များဖြင့်သာ....။

မယားတောသူ(complete)Место, где живут истории. Откройте их для себя