အပိုင်း (၇): လိုအပ်မှု

11.7K 1.3K 63
                                    

{Unicode🌻}

... ဘယ်သူသိမလဲ??
သိပ်ပြီးထူးခြားတဲ့...
(....)ရွာရဲ့ အလှဘွဲ့ပိုင်ရှင်ကို
ကျွန်တော်...။

*****

မယားတောသူ🌻

ညရှစ်နာရီ...။

ကျွန်တော်တို့ နယ်ဘက်မှ ညနေ သုံးနာရီခွဲမှ ထွက်လာမိပြီး ကျွန်တော်တို့အိမ်ကို ရှစ်နာရီထိုးလောက် ရောက်သည်...။ နာရီအနည်းငယ် ကားစီးခဲ့ရတာမို့ လူက နုံးနေသည်။ ဒီကြားထဲ မေမေက လမ်းမှာ ညစာ မစားခဲ့ဖို့ တစ်ခါတည်းပြောတာမို့ ကျွန်တော်မစားမိ....။ ကျွန်တော်တို့ ပစ္စည်းများကို ချပြီး ကိုယ့်အခန်းကိုဝင်ကာ ရေချိုးဖို့ ပြင်ဆင်မိသည်....။

ဒေါက်~~(တံခါးခေါက်သံ)

"သားရေ... ထမင်းစားမယ်လေ...။ မေကြီးတို့ စောင့်နေမယ်...။ ကိုကိုက အလုပ်ကိစ္စနဲ့ Hotelကို ပြန်သွားပြီ..."

အပြင်မှ တံခါးကို လာခေါက်ပြီး မေကြီး ပြောသည့်စကားများကြောင့် ကျွန်တော်လည်း ရေချိုးခန်းမှ အမြန်ထွက်ပြီး ခေါင်းမှ ဆံပင်များကို ပုဝါဖြင့် သုတ်ကာ....။

"ဟုတ်မေမေ... သား လာခဲ့မယ်နော်...။ ဒေါင်းပျိုကရော ပြီးပြီတဲ့လား မေမေ..."

"ဒေါင်းပျိုက ဒီနေ့ သီလယူထားလို့ မစားတော့ဘူးတဲ့ သားရဲ့...။ နောက်ပြီး ဘုရားရှိခိုးပြီးတာနဲ့ အိပ်ရာဝင်တော့မယ်တဲ့..."

"သြော်... ဟုတ် မေမေ... ကျွန်တော် လာခဲ့မယ်နော်...။ သားအခု အဝတ်လဲပြီး လာခဲ့မယ်..."

"အေးအေး သား... မေမေ ထမင်းစားပွဲကပဲ စောင့်နေမယ်နော်... ။ မြန်မြန်လာခဲ့ နေမကောင်းဖြစ်နေမယ်..."

"ဟုတ်ကဲ့ မေမေ..."

ကျွန်တော်လည်း မြန်မြန်ပင် ရေချိုး အကျီ်လဲလိုက်ပြီး ထမင်းစားခန်းထဲသို့...။.ကျွန်တော်လည်း ထမင်းစားခန်းထဲသို့ လျှောက်နေမိတုန်း အပျိုလေးအခန်းဘက်က တစ်ချက်လှည့်ကြည့်မိသည်....။ ထို့နောက် ကျွန်တော်လည်း ခပ်သွက်သွက်ပင်....။

မယားတောသူ(complete)Where stories live. Discover now