အပိုင်း (၂၇) : ယုံကြည်မှု

10K 984 240
                                    


{Unicode🌼}

... မောင့်အနားမှာ
အပျိုလေးကို အမြဲ ထားချင်တယ်။

****

မယားတောသူ🌿

အလာကောင်းပေမယ့် အခါနှောင်း...။

၁၀ရက်မျှ လွန်မြောက်လေသော်....။

ည၈နာရီ....။

ကျွန်တော်တို့နယ်မှာ မနက်ဖြန်ဆို ဆီမီးပူဇော်ပွဲ ရှိသည်မို့ ရွာလယ်က အသံချဲ့စက်သံများက ညံစံနေသည်......။ ကျွန်တော်လည်း မောင်ထွက်သွားပြီးကတည်းက ကျန်းမာရေးအခြေအနေက အနည်းငယ် ချူချာနေသည်မို့ အိပ်ရာထဲမှာပဲ ရှိနေမိသည်။

ကျွန်တော်လည်း စောင်ပါးပါးလေး ခြုံထားရာမှ ခန္ဓာကိုယ်ပေါ်မှ ခဏခွာချပြီးသည့်နောက်မှာတော့ အိပ်ရာဘေးမှ ပြက္ခဒိန်ကို ကြည့်မိတော့....။

ဒီနေ့ ဗုဒ္ဓဟူးနေ့....။
သီတင်းကျွတ် လဆန်း သုံးရက်ဖြစ်ပြီး ရက်ရာဇာ၊ ပြဿဒါးတစ်ချို့အပြင် နဂါးဦးခေါင်းဘယ်ဘက်သို့ လှည့်သည်က အစ ပါသည်။ ကျွန်တော် သိချင်သည့်အပိုင်းက ထိုအပိုင်း မဟုတ်သည်မို့ အဂ်လိပ်လို ရက်ကို တစ်ချက်ကြည့်ပြီး လက်ချိုးရေပြီးသည့်နောက်မှာတော့ ၁၃ရက်တိတိ....။

ထိုသို့ရေတွက်ပြီးသည့်အခါတိုင်း ဝမ်းနည်းမျက်ရည်က အထပ်ထပ် အခါခါ ကျမိရပြန်သည်။

၁၃ရက်တောင် ရှိနေပြီ...။
မောင်က ပြန်မရောက်သေးဘူး....။ ဘာသတင်းမှလည်း မောင့်ဆီက မကြားရဘူး...။ ဒါမှမဟုတ် ပြန်မလာတော့တာလား??

ဒါဆို....။

မောင်ပြန်မလာခဲ့ဘူးနော်...။
တွေ့ရက်ကို လက်ရေချိုးဖို့ ဥ,မှာ မျှော်လင့်ချက် မရှိတော့ဘူး ထင်တယ်....။

အခုဆို ရွာထဲက ဥ,အခြေအ​နေကို သိသည့်သူများက သိနေကြပြီ။ ဘယ်သူက ဘယ်လို ဖွ, လိုက်လည်း မသိပေမယ့် ဥ,အခြေအနေဟာ မောင်နဲ့မှ မဟုတ်ရင် အိမ်ထောင်ပြုလို့ ရတော့မယ် မထင်ဘူး...။

အခုဆို အဘနှင့်မေကြီးက အိမ်ထဲကနေ အိမ်ပြင်ကို ထွက်ဖို့တောင် အတော်လေး စဥ်းစားနေရပြီ...။ အားလုံးက ကျွန်တော်ကြောင့်... ကျွန်တော့်ကြောင့်ပါပဲ....။

မယားတောသူ(complete)Where stories live. Discover now