အပိုင်း (၁၇) : ပိုး

10.6K 1K 143
                                    

{Unicode🌼}

... သုံးနှစ် သုံးမိုး...
ပိုးရမယ်တဲ့...။

***

မယားတောသူ🌿

ကိုယ့်အပိုင် မဟုတ်သော သာယာမှု

📱>>>

"ဘယ်လိုလဲ? Babe...။ Babeလူက ခွင့်ရက်ရှည် မပေးနိုင်ရင် အလုပ်ထွက်မယ်တဲ့...။ ဘယ်လို လုပ်ရမလဲ??"

"ဟုတ်လား? သူက ဘယ်လို အကြောင်းပြချက်ပေးတါလဲ??"

"သူ့အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စရှိတယ်တဲ့...။ နောက်ပြီး အိမ်ထောင်ပြုပြီး အဲ့ဒီမှာပဲ နေမယ်ပြောတယ်..."

"ဟုတ်လား?? အိမ်ထောင်ပြုမယ်တဲ့လား??"

"ဟုတ်တယ်... မယူမဖြစ်မယ့် အခြေအနေလို့တော့ ပြောတယ်...။ Daddyလည်း မသိဘူးလေ... babeရဲ့...။ Babeကသာ သူ့ကို သဘောကျတယ်ဆိုပြီး ဖြစ်နေတာ...။ ဟိုက လက်တောင် ထပ်တော့မယ် ဆိုပါ့လား??"

"အဟင်း~~ မခနဲ့ပါနဲ့... Daddyရာ...။ Babeအကြိုက်ကိုလည်း သိရဲ့သားနဲ့...။ Babeက Innocence ချင်ယောင်ဆောင်တာကို အရမ်းသဘောကျတာလေ...။ Babeက မကြမ်းချင်ဘူး...။ ကံစီမံရာအတိုင်း ဆိုပြီး ရောချချင်တာ... နိုမို့ဆို Babeကို သူက မုန်းသွားမှာပေါ့..."

"ဟုတ်ပါပြီ... ကျားပေါက်ကလေးရယ်...။ အဲ့ဒီကိစ္စအသိပေးတါ...။ ဒီမှာ daddy Meetingက next 15 minutes လောက်ဆို စ,ပြီလေ...။ ဒါပဲနော်...။ အဆင်ပြေပြေနေ...။ ညကျ Babeအတွက် အထူးပြင်ဆင်ထားရဦးမလား??"

"No... babe နေမကောင်းချင်သလို ဖြစ်နေတယ်...။ ဒီလိုလုပ်လေ... Babe လာမယ်ဆို ဖုန်းကြိုဆက်မယ်..."

"Ok ကွာ...။ ဒါနဲ့ Daddy... Babeရဲ့ အရာရာတိုင်းကို လွမ်းနေပြီနော်...။ နောက်ပြီး Daddy... babeကို လိုက်လျောသင့်သမျှ လိုက်လျောခဲ့ပြီးပြီ...။.တကယ်ဆို Daddyတို့ Companyက အသက်မပြည့်တဲ့သူ မပြောနဲ့ အရည်အချင်း ၊ အတွေ့အကြုံမရှိရင် မခေါ်တာ များတယ်နော်...။ နောက်ပြီး သူ့ကို လစာ အများကြီး ပေးထါးတယ် ဆိုတာကလည်း Babe မျက်နှာကြောင့်....."

မယားတောသူ(complete)Where stories live. Discover now