အပိုင်း (၁၉) : မြတ်နိုးမှု

10.6K 1.1K 120
                                    


{Unicode🌻}

... မြတ်နိုးမှုတွေက...
အဆုံးသတ်ရယ်လို့
မရှိလေဘူး...။

****

မယားတောသူ🌿

အပျိုလေးက ကျွန်တော့်အိမ်ထောင်ဖက်

ကျွန်တော်တို့ ယာတောထဲကနေ နေ့လည် ၁၂နာရီ တီးမှ အိမ်ကို ပြန်ရောက်ခဲ့ပါသည်...။ တစ်ခြားကြောင့်မဟုတ်... ယာပြင်တစ်ခင်းလုံး တစ်ဝက်ကျသည့်အထိ ထွန်ခဲ့တာမို့...။ အခုတော့ ကျွန်တော့်မှာ အဘနှင့်အတူ ထွန်ဖြုတ်ပြီး နွားကို တင်းကုပ်အောက် ချည်ကာ တင်းကုပ်မှ အဖီဆွဲထားသည့် တစ်ဖက်ရပ်က ကျွန်တော့်အိပ်ယာဆီသို့ သွားက မှောက်လျက် လဲချမိသည်...။

မျက်နှာကို ခေါင်းဦးပေါ်၌ အပ်ထားပြီး ပင်ပန်းမှုဒဏ်ကို အိပ်ပျော်သည့် အနေအထားဖြင့် ဖြေရှင်းဖို့ ပြင်မိတော့သည်...။ အပျိုလေးကိုတော့ ကျွန်တော် စိတ်မချတာနဲ့ ဆယ်နာရီမတီးခင် ပြန်လွှတ်လိုက်ရသည်...။ ကျွန်တော်ကတော့ အဘနှင့်အတူ ယာပြင်ဘက်မှ ပြန်လာရသည်....။ အပျိုလေး ဘယ်မှာ ရှိနေလဲ သေချာမရှာနိုင်တော့... လူက ခန္ဓာကိုယ် မသယ်ချင်သည့်အထိ ဖြစ်နေပြီ...။

ကျွန်တော့်မှာ အတော်လေး ပင်ပန်းနွမ်းနယ်မှု ဒဏ်ကြောင့် ထိုအတိုင်းပင် တဖြည်းဖြည်း အိပ်ချင်လာပြီးသည့်နောက်... ကျွန်တော် ဘာကိုမှ မသိတော့...။

"ဥ,ရေ... မောင်လေးလူတော့ ဟိုမှာ မသက်မသာ ဖြစ်နေတယ် ထင်တယ်...။ မင်းကိုတောင် မတွေ့နိုင်တော့ဘဲ ချက်ချင်း အိပ်ရာပေါ် တက်သွားတာ...။ နံနက်ကလည်း ရွာပြင်ထဲမှာ မိုးမိထားလို့ ပင်ပန်းပြီး ကိုက်ခဲနေတယ် ထင်တယ်..."

ဥ,ကတော့ အိမ်ပေါ် ပြတင်းကနေ လှမ်းမြင်နေရသည့် တင်းကုပ်တစ်ဖက်စွန်းမှ သူ့လူကို ကြည့်ပြီး စိတ်မကောင်းသလိုနဲ့ပင်...။

"ဟုတ်တယ် မမ... ဥ,က သူဖျားမှာ ကြောက်နေတာ...။ သူက ဟိုမှာ တကယ်ကို ရွှေပေါ် မြတင်...။ အခု ဒီရောက်မှ သူ့မှာ အကုန်ဒုက္ခခံနေရတာ...။ သားတော့ သူ့ကို သနားလာပြီ... ။ အဘကိုလည်း မပြောရဲဘူး..."

မယားတောသူ(complete)Where stories live. Discover now