{Unicode🌻}...အပျိုငယ်မှ.... မွှေး
ရေနောက်မှ.... အေး....။****
မယားတောသူ🌻
ဝါဆိုလ...။
ကျွန်တော်တို့ ကျောင်းတက်သည့်အချိန်က နယုန်လတစ်လကို လွန်မြောက်လေပြီ....။ ကျွန်တော်ကတော့ အပျိုလေးနှင့်အတူ တစ်ခန်းတည်းမှာ ရှိနေရတာ နေသားကျနေပြီ ဖြစ်သည်....။ ဝါဆိုလ၏ ပထမအပတ် သောကြာနေ့ပင် ဖြစ်သည်။ ဝါတွင်းရောက်လေ ပုံမှန်မရှိသည့် ကျောင်းပိတ်ရက်များကို ကျွန်တော်စိတ်မပါတော့.....။ အဖိတ်၊ ဥပုတ်သာလျှင်ပိတ်တဲ့ ကျောင်းနှစ်ရက်က စနေ၊ တနဂ်နွေမှ မဟုတ်ဘဲ ကျန်သည့်ရက်များပါ လှည့်၍....။
အခုလည်း အိပ်ရာမှမထ,ဘဲ ကျွန်တော် ကွေးနေမိသည်....။ ကျန်တာမဟုတ် အပျိုလေး လာနိူးမည့်အချိန်ကို စောင့်နေခြင်းပင်..... ။သို့သော် အပျိုလေးက ခါတိုင်းလို ကျွန်တော့်ကို လာမနိူးသေးတာမို့ ကျွန်တော့်မှာ မျက်လုံးကို အနည်းငယ်မျှ ဖွင့်ဟပြီး အပျိုလေးရှိရာ ကုတင်ပေါ်သို့ ကြည့်မိသည်....။ ထုံစစံအတိုင်း အပျိုလေး၏ အိပ်ရာများက ပုံသေနေသားတကျပင် ဖြစ်သည်....။
ကျွန်တော်လည်း အိပ်ရာပေါ်မှာ ဆက်ပြီး ရှိမနေချင်တော့သည်မို့ နိုးထ,ခြင်း ပြုမိသည်။ အိပ်ရာမှနိုးသည်နှင့် ချက်ချင်းရေချိုးခန်းထဲကို ဝင်လိုက်ပြီး ရေချိုးကာ ကျောင်းသွားဖို့ ပြင်ဆင်မိတော့သည်။ အပျိုလေးကတော့ အခုထက်ထိ အရိပ်အယောင်ကို မတွေ့ရသေးတာမို့ နည်းနည်းလောက်မျှ စိတ်မကြည်တော့....။
ဒီအခန်းမှာ မရှိလျှင် နံနက်စာ စားသည့် နေရာမှာတော့ ကျွန်တော်တို့ တွေ့နိုင်ပါသည်။ ထိုကဲ့သို့သော အတွေးကြောင့်ပင် ကျွန်တော် အလျင်အမြန်ပင် အကျီ်လဲလိုက်ပြီး Breakfastစားဖို့ ချီတတ်တော့သည်....။
ထင်သည့်အတိုင်းပင် အပျိုလေးကို နံနက်စာပြင်နေသည်ကို တွေ့ရသည်။ အခါတိုင်းလို မေကြီးကို မတွေ့ရတာမို့ အိမ်မှာ ဘာတွေဖြစ်နေလဲ ကျွန်တော်လိုက်မမီတော့....။ ကျွန်တော်လည်း တတ်နိုင်သမျှ မျက်နှာကို တည်တင်းလိုက်ပြီး မုန့်အပြည့်ချထားသော စားပွဲဘေးမှ ထိုင်ခုံတစ်ခုပေါ်သို့ ခပ်တည်တည်နဲ့ပင် ထိုင်ချလိုက်သည်....။
YOU ARE READING
မယားတောသူ(complete)
Romanceမှည့်မှချို... ညိုမှလှ...။ ကျွန်ကုလား... မယားတောသူ...။ မြင်းအုန်းခွံ...။ မွည့္မွခ်ိဳ... ညိုမွလွ...။ ကျွန်ကုလား... မယားတောသူ...။ မြင်းအုန်းခွံ...။