အပိုင်း (၆) : သေချာမှု မရှိသော

12.6K 1.3K 118
                                    


{Unicode🌻}

... သေချာမှု မရှိသော...
ခံစားမှုများ...။

***

မယားတောသူ🌻

တနဂ်နွေနေ့...။(ဥပုတ်နေ့)

ဒီနေ့က ကျွန်တော်တို့ အပျိုလေးတို့ နယ်မှ ပြန်ရမယ့် နေ့ဖြစ်သလို ဥပုတ်နေ့လည်း ဖြစ်သည်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ဆင်နင်းမှ နိုးမည့် အနေအထားဖြင့် အ်ိပ်ရာမှ မနည်းထ,ရသော်ငြား အပျိုလေးကတော့ မျက်နှာသစ်၊ ဆွမ်းကပ် ရေချိုးပြီးပြီ ဖြစ်သည်....။

အပျိုလေး၏ ဘုရားရှိခိုးသံကို သူ့အခန်းမှ အထင်းသား ကြားနေရသည်။ ထိုအသံရပ်တန့်သွားမှပင် ကျွန်တော်လည်း မျက်လုံးနှစ်လုံးကို ပွတ်သပ်ပြီး အပျိုလေး၏ အခန်းမှ မျက်နှာကျက်ကို ငေးကြည့်နေမိသည်....။

ထိုအချိန်မှာပင် အပျိုလေးက အခန်းထဲသို့ ခြေဖွ၍ ရောက်လာသည်...။ ကျွန်တော်လည်း သူ့ခြေသံကြားသည်နှင့် နားစွင့်နေပြီး သူလားရာ အခန်းတံခါးဝကို ကြည့်မိတော့ အေးချမ်းစွာ ပြုံးပြလာသည့် အပျိုလေးနှင့်ဆုံသည်.....။

"အိပ်ရေးဝ,လား? ၇နှစ်နာရီတော့ ရှိနေပြီ.....။ အောက်မှာ မမနှင့်မေမေ စောင့်နေတယ်...။"

"အင်း... ငါထ,တော့မယ်လေ...။ ဒါနဲ့ မင်းက အကုန်ပြင်ဆင်ပြီး ဘယ်ကိုသွားဖို့လဲ??"

"အဘနဲ့ ဘုန်းကြီးကျောင်း လိုက်သွားဖို့လေ...။ အဘက ဒီနေ့ မပြန်ခင် ဥပုတ်သီလယူသွားတဲ့...။"

"သြော်... ဒါဆို ငါက အိမ်မှာပဲ စောင့်ရမှာလား?? ငါတစ်ယောက်တည်း ပျင်းတယ်ကွာ...။ မင်းနဲ့ အတူ လိုက်မယ်...."

"... မေမေနဲ့မမ ရှိတယ်လေ...။ ဘာမှပျင်းစရာမရှိဘူး....။ ဟိုရောက်တာရင် ဥပုတ်မယူဘဲ ပြန်သွားရင် မကောင်းဘူး...။ အဘက ဘာသာရေးနဲ့ ပတ်သတ်လာရင် မရဘူး...။"

"အင်းပါကွာ...။ ငါပါ သီလ ယူပါ့မယ်...။ အခု ငါ့ကို လာတွဲဦး...။ မနေ့ကတည်းက ကိုယ်လက်တွေ နာနေတာ...။အခု ပေါင်က ကြွက်သားတွေ နာနေတယ်...။ ငါ မထနိုင်တော့ဘူး..."

မယားတောသူ(complete)Όπου ζουν οι ιστορίες. Ανακάλυψε τώρα