အပိုင်း (၁၀) : ခွင့်

12.1K 1.2K 192
                                    

{Unicode🌼}

.... ခွင့်....
ကြည်ဖြူစွာ လိုက်လျောခွင့်

****

မယားတောသူ🌼

ယခင်အပိုင်းမှ အဆက်...။

နံနက် ၈နာရီ ၃၂မိနစ်....။

"ဋီကာ... မင်းအဆင်ပြေရဲ့လား?? တကယ်လို့ ကျောင်းမလိုက်နိုင်ရင် နေခဲ့လိုက်လေ...။ အပြန်မှ သင်လိုက်တဲ့ စာတွေ ငါ အကုန်ရှင်းပြမယ်လေ...."

အပျို​လေးကတော့ ကျောင်းသွားဖို့ အချိန်နီးတာကိုပင် ကျွန်တော့်အနားသို့လာပြီး ကျွန်တော့်အခြေအနေကို စိုးရိမ်တကြီး စိတ်ပူပြီး မေးလာသည်...။ မနေ့က ကျွန်တော် မိုးရွာထဲ ဘောလုံးကန်တာက လုံးဝကို အဆင်မပြေ ဖြစ်လာသည် ထင်သည်။ ညဘက်မှာတော့ တစ်ကိုယ်လုံး ချမ်းတုန်လာပြီး နေလို့ မရတော့တာမို့ အပျိုလေးကို နိူးမိသည်....။အပျိုလေးက ချက်ချင်း အိပ်ရာက ထ,လာပြီး ကျွန်တော့်ကို စောင်များများဖြင့် ဖိနှိပ်ခြုံပေးလေသည်....။ ဒါကိုပင် မနေ့ညက....။

"အပျိုလေး... ငါ တော်တော်ချမ်းနေတယ်...။ ငါ့ကို နောက်ထပ် စောင်တွေ ထပ်ပေးလို့ ရမလား?? Air conကိုရော ပိတ်ပေးပါလား??"

ထိုအခါမှာတော့ အပျိုလေးက ကျွန်တော့်ကုတင်အစွန်း၌ ထိုင်လျက် ကျွန်တော့်နဖူးပြင်ပေါ်သို့ သူလက်ဖဝါးကို တင်ထားပြီး....။

"Air conက ငါ အစောကတည်းက ပိတ်ထားတယ်... ။ နောက်ပြီး စောင်တွေက ငါအကုန်လုံး မင်းပေါ်ကို ထပ်ခြုံပေးထါးတယ်...။ နောက်ပြီး မင်း ကိုယ်တွေ ပူနေတယ်...။ ထပ်ပြီး ခြုံနေရင် မင်းကိုယ်ပူရှိန်တွေ တက်လာလိမ့်မယ်...."

"ဒါပေမယ့်.... ငါ အရမ်းချမ်းတယ်...။ ငါ နေလို့မရတော့ဘူး...။ ငါ အတော်လေး ချမ်းနေတယ်..."

ထိုအခါမှာတော့ အပျိုလေးက ရပ်တန့်သွားပြီး သူ့နဖူးပြင်ပေါ် တင်ထားသော သူ့လက်ကို ရုတ်သိမ်းဖို့ ပြင်လေတော့ ကျွန်တော် ထပ်အုပ်ဆုပ်ကိုင်ထားပြီး လွှတ်မပေးမိတော့....။

မယားတောသူ(complete)حيث تعيش القصص. اكتشف الآن