မယားတောသူ(complete)

By Zphoowai

564K 44K 5.6K

မှည့်မှချို... ညိုမှလှ...။ ကျွန်ကုလား... မယားတောသူ...။ မြင်းအုန်းခွံ...။ မွည့္မွခ်ိဳ... ညိုမွလွ...။ ကြၽန္ကုလာ... More

Intro
အပိုင်း (၁) : ဒေါင်းပျို
အပိုင်း (၂) : အတူ
အပိုင်း (၃) : သီးသန့်
အပိုင်း (၄) : ကာကွယ်မှု
အပိုင်း (၅) : သွယ်ဝိုက်နစ်မြောမှု
အပိုင်း (၆) : သေချာမှု မရှိသော
အပိုင်း (၇): လိုအပ်မှု
အပိုင်း (၈) : အနီးကပ်
အပိုင်း (၉) : အလှတရား
အပိုင်း (၁၀) : ခွင့်
အပိုင်း (၁၁) : အတ္တ
အပိုင်း (၁၂) : ရေးရာ...။
အပိုင်း (၁၃) : ရည်ရွယ်ချက်
အပိုင်း (၁၄) : ကတိသစ္စာ
အပိုင်း (၁၅) : တန်ဖိုး
အပိုင်း (၁၆) : လွဲမှားမှု
အပိုင်း (၁၇) : ပိုး
အပိုင်း (၁၈) : ပင်ပန်းမှု
အပိုင်း (၁၉) : မြတ်နိုးမှု
အပိုင်း (၂၀) : ...ချစ်လို့
အပိုင်း (၂၁) : မေတ္တာသည်သာ...
အပိုင်း (၂၃) : မွန်းကြပ်မှု
အပိုင်း (၂၄) : ပြောင်းလဲလာမှု
အပိုင်း (၂၅) : နာကျင်မှု
အပိုင်း (၂၆) : ကြားလူ
အပိုင်း (၂၇) : ယုံကြည်မှု
အပိုင်း (၂၈) : အမျိုးသား
အပိုင်း (၂၉) : ကိုးကွယ်ရာ
အပိုင်း (၃၀) : မြတ်နိုးမှု အလွန်
အပိုင်း (၃၁) : ဂရုစိုက်မှု
အပိုင်း (၃၂) : ဖွင့်ဟခြင်း
အပိုင်း (၃၃) : မောင့်ဥ
အပိုင်း (၃၄) : ဖေဖေ့ဝဋ်
ဇာတ်သိမ်း: ပါရမီဖြည့်ဖက်
ဒဂ်ါး
မောင့်ရဲ့ ဘေဘေး
အလှဘွဲ့
🍷

အပိုင်း (၂၂) : သံသယ

9.2K 892 205
By Zphoowai

{Unicode🌼}

လူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို
အဲ့ဒီလူမပြောခင်
သိနေတာမျိုးက
သံသယစိတ်ဖြင့် ကြီးထွားစေတယ်...။

****

မယားတောသူ🌿

တော်သလင်းလ ၁၅ရက်နေ့ (ဥပုတ်သီတင်းနေ့)

ကျွန်တော် ဒီရောက်နေတာ သုံးလကျော်မှရှိနေပြီး ဥ,တို့ ယာပြင်ထဲ၌ နှမ်း၊ မြေပဲနှင့် နေကြာများကို စိုက်ပျိုးပြီး အပင်အနေတော် အနေထားတော့ ရောက်နေလေပြီ...။ကောင်းကင်းတစ်ခုလုံး အနည်းငယ် မှိုင်းနေပေမယ့် အနည်းငယ် နေထိုင်လို့ ကောင်းသော အနေအထားပင် ဖြစ်သည်...။

ညှို့ညှို့မှိုင်းကာ ထန်းပင်ထန်းတောများဖြင့် (.....)ရွာလေးက နံနက်ခင်းအလှ စည်ကားသိုက်မြိုက်မှုအဟုန်နဲ့ပင်...။ ဥပုတ်သီတင်းအတွက် အလှူအတန်းများဖြင့် ရှိသလို တစ်ချို့တစ်လေ ကျတော့လည်း ယာတောဘက်ကို သွားနေသည့် ကြွက်ကြွက်စီ ညံသံများ၊ ခေါင်းရွက်စျေးသည်တစ်ချို့၏ ကုန်နာမည် အော်သံများ ကြားနေရသည်....။

"ဟဲ့... သမီး ရွှေရုပ်ပျို... ။ အဲ့ဒီနှစ်ယောက် ဘာလုပ်နေတာလဲ??"

ကျွန်မလည်း အဖေ့စကားကို ဖြေဖို့
အဖေကြည့်နေသည့် နေရာသို့ ကြည့်လိုက်တော့ ကျွန်မတို့နှင့် မျက်စောင်းထိုးမှာ ရှိသည့် မီးဖိုဘေးနားက စဥ့်အိုးထားသည့် နေရာမှာ နှစ်ယောက်သား ကြည်ကြည်နူးနူးဖြင့် ရှိနေကြသည်...။

ဥ,က ဟင်းရွက်တစ်ချို့ကို ဆေးပြီး ပြုံးနေသည်... ဋီကာကတော့ သူ့ဘေးနားမှာ ထိုင်ကာ  ဥ,ဆေးနေသည့် ပန်းကန်များပေါ်သို့ ရေဆေးချကာ အချင်းချင်း ဘာစကားတွေ ပြောနေမှန်းမသိ...။ ဒါပေမယ့် အတော်လေးကို ကြည့်ကောင်းလွန်းသော မြင်ကွင်းဆိုတာကတော့ ငြင်းလို့မရပါလေ....။

"ဥ,က အအီလွန်ပြီး သီလယူဖို့ကိုများ မေ့နေသလား မသိဘူး....။ သမီးမောင်ကို မြန်မြန်လုပ်ဖို့ ပြောလိုက်ဦး....။ ဟိုတစ်ယောက်ကလည်း ယာဘက် အပင်ကြည့်ခိုင်းဖို့ ခဏသွားဖို့ကို.....အခုထက်ထိ အီလို့ မပြီးသေးဘူး...."

"........."

ကျွန်မလည်း အဖေ့စကားကို ပြုံး၍ပင် တုံ့ပြန်လိုက်ပြီး ခပ်လှမ်းလှမ်းမှ ဥ,နှင့် ဋီကာကို ကြည့်နေမိသည်။ ခဏအကြာမှာတော့ အဘက ထိုင်ရာမှ ထ,ကာ...။

"သုံးနှစ် သုံးမိုးဆိုတာ ကျွန်သဘောမျိုး ထားခဲ့တာပါ...။ အခုက သုံးနှစ်သုံးမိုး ပိုးဖို့များ ငါကိုယ်တိုင် အိမ်ပေါ် ခေါ်တင်မိတာမျိုးလား??"

"ကဲပါ အဘရယ်... ဥ,ကို ခဏလောက်တော့ လွတ်ထားပေးလိုက်ပါ...။ ဒါနဲ့ သမီးမနေ့က ခွင့်တောင်းထားတာလေ... ။ Oversea ခရီးစဥ်ဆိုတာလေ အဘ...."

"သြော် အလုပ်က မောင်လက်ာချိုးနဲ့အတူ လွတ်ထားတာလား??"

"ဟုတ်တယ် အဘ... အဲ့ဒါလေး.... သမီး မနက်ဖြန် အစောဆုံးကားလက်မှတ်ဖြတ်ပြီး ကိုလက်ာဆီ အရောက်သွားရမှာမို့ပါ အဖေ...။ ဟိုကမှ တစ်ဆင့် Flight နဲ့ ဟိုမှာ Hotel booking အပိုင်းကို တစ်ချက်ပြန်စီစဥ်ရမှာဆိုတော့.... ရက်အကန့်အသတ်လည်း ရှိနေတယ်... အဖေ..."

"ကဲပါ... ရှည်လျားထွေးပြား လျှောက်တင်မနေနဲ့...။ အဘ သိပါတယ်...။ အဲ့ဒါဆို ဒီနေ့ ညနေပဲ လုပ်လိုက်တော့လေ...။ ဟုတ်ပြီလား?  လိုအပ်တာတွေ အကုန်လုံး မမေ့စေနဲ့...။"

"ဟုတ်ကဲ့ အဘ....။"

အဘကတော့ ဥ,နှင့် ဋီကာကို တစ်ချက်ကြည့်လိုက်ပြီး ဥပုတ်သီလ ယူဖို့ သွားပြီး ပြင်ဆင်နေသည်....။ ကျွန်မလည်း ခရီးစဥ်အတွက် ပြင်ဆင်စရာလေး ရှိသည်မို့ အခန်းထဲ ဝင်လာမိတော့သည်....။

ဘဝမှာ...အရေးကြီးဆုံးသော...

"အပျိုလေး... ဒါက ဒီနေ့အတွက် တစ်ထောင် စုဖို့ လာပေးတါ...။ အပျိုလေး မုန့်စားဦးမလား??"

ကျွန်တော်ပေးသည့် ပိုက်ဆံတစ်ထောင်လေးကို ဥ,က တစ်ချက်ပြုံး၍ ယူလိုက်ပြီး သူ့အိပ်ကပ်ထဲသို့ ထည့်သည်...။ ထို့နောက် ကျွန်တော့်ရှေ့သို့ ဥ,လက်ဝါးလေး ဖြန့်လာပြီး....။

"ဟီး... နေ့လည်ဘက် ဘူးသီးကြော် စားချင်လို့..."

ကျွန်တော့်ကို မျက်နှာချိုသွေးပြီး ပန်းကန်ဆေးပြီးကာစမို့ ရေစက်လက်ဖြင့် ဖြစ်နေသော လက်ဝါးလေးက ကျွန်တော့်ရှေ့ဖြန့်လာသည်မို့... ကျွန်တော်လည်း တစ်ချက်ပြုံးလိုက်ပြီး အပျိုလေးလက်ကလေးကို ကျွန်တော့်လက်ဖြင့် ဆုပ်ကိုင်လိုက်မိသည်....။

"ရော့... မောင့်ဆီမှာ အကြွေမရှိတော့ဘူး...။ ဒါပဲ ယူထားလိုက်တော့နော်...."

အပျိုလေးလက်ဖဝါးထဲသို့ ဆင်ဖြူတောင် တစ်ရွက်ကို ထည့်ပေးလိုက်တော့ အပျိုလေးက ချက်ချင်းဆိုသလို ငြင်းလာသည်...။ ထိုပိုက်ဆံကို ကိုင်ထားပြီး...။

"အာ... မယူပါဘူး.... ဒီလောက်မလိုပါဘူး....။ တကယ် အကြွေမရှိတာလား?? မယုံဘူး..."

ထိုငါးထောင်တန်တစ်ရွက်ကို နောက်တစ်ရွက်နဲ့ပင် အလဲအလှယ်လုပ်ဖို့ စိတ်ကူးမိပြီး ကျွန်တော် တားနေသည့်အကြားကပင် ကျွန်တော့်အိပ်ကပ်ထဲသို့ နှိုက်ကြည့်လာသည်...။ ကျွန်တော်လည်း ကျွန်တော်သာ စိတ်မရှိခဲ့လျှင် အပျိုလေးလက်က ကျွန်တော့်အိပ်ကပ်အနားသို့ ရောက်လာမှာမဟုတ်တော့....။ သို့သော် အပျိုလေးမျက်နှာကို ကြည့်လိုက်ပြီး ပြုံးလိုက်မိကာ အပျိုလေး သဘောကျ ပြုမူစေတော့သည်...။ အပျိုလေးလက်ကောက်ဝတ်အနားသို့ ခပ်ဖွဖွလေး ထိန်းကာထားရင်းမှ မျက်မှောင်ကျုံ့ပြီး ဘဝင်မကျနေသည့် အပျိုလေးမျက်နှာကို ငေးကြည့်မိတော့သည်....။ ခဏအကြာမှာတော့....

"ကဲ... ဒါက ဘာလဲ?? ၂၀၀တန်တွေ ရှိလိုက်သားနဲ့...။ မလိမ်ရဘူး... လိမ်တယ်ဆိုတာ ငါးပါးသီလထဲမှာ ပါတယ်...။ စောင့်ထိန်းရမယ့် သိက္ခာပုဒ်တွေထဲ ပါတယ်....။"

အပျိုလေးကတော့ ကျွန်တော့်အိပ်ကပ်ထဲသို့ ငါးထောင်တန်တစ်ရွက်ကို ပြန်ထည့်ပေးလိုက်ပြီး ၂၀၀တန် တစ်ရွက်ကို ယူသွားလေပြီ...။ တကယ်တော့ ငွေနှစ်ရာဆိုတာ ကျွန်တော့်ငယ်ဘဝရဲ့ အသေးဆုံး ဂဏန်းဖြစ်သည့်အပြင် တစ်ခါတစ်လေ လိုင်းကားခအတွက်ပဲ ထားခဲ့မိသည်....။ အပျိုလေးမှာတော့ အခုထက်ထိ အရိုးစွဲနေသည့်ဘောင်တွေထဲမှာပဲ နေသားတကျ ရှိနေသေးသည်....။ ၂၀၀ဖိုး လေးခုလောက်သာ ရသည့် ဘူးသီးကြော်က အပျိုလေး၏ အတွေးထဲ လုံလောက်သည်ဟု မတွေးမှတ်စေချင်....။ ခြိုးခြံချွေတာသည် ဟူသော သဘောတရားကို ကျွန်တော်နားလည်ပေမယ့် အပျိုလေးကိုတော့ .....။

"ဒီတစ်ရွက်လည်း ယူထားလိုက်... မောင်ပေးတါ ဟုတ်ပြီလား?? မောင်က အပျိုလေး စားစေချင်လို့ ပေးတါ.....။ ယူထားလိုက်နော်... အပျိုလေးပဲ ပြောတယ်လေ ကိုယ့်အိမ်ထောင်ဖက် ပြောစကားကို နားထောင်ရမယ်ဆို....။"

"ဒါပေမယ့် ဥ, အဲ့လောက်ကြီး မကုန်ပါဘူး မောင်ရဲ့..."

"မကုန်လည်း ယူထားလိုက်ကွာ... အဲ့ဒါကို အကုန်သုံးလိုက်...။ ညနေ မောင်မေးလို့မှ မကုန်သေးရင် မောင် စိတ်ဆိုးမှာနော်...။ အခု မောင် ယာထဲကို သွားရဦးမှာ... မောင် ဘာခူးခဲ့ရမလဲ??"

"ရတယ်... ဥ,က အဘနဲ့ ကျောင်းကို လိုက်သွားပြီး သီလယူရဦးမှာ....။ ညစာလည်း လွတ်မှာဆိုတော့ တကူးတက ဘာမှယူမလာနဲ့တော့နော်..."

"ဟုတ်သားပဲ... ဒီနေ့ ညစာ လွတ်မှာဆိုတော့ နေ့လည်စာကို မောင်နဲ့အတူ စားမယ်လေ....။ ၁၁နာရီ ခွဲလောက်အထိ စောင့်မလား??"

"ဟုတ်... စောင့်မယ်လေ...။ မောင်သာ ကောင်းကောင်းပြန်လာခဲ့နော်....".

"ဒါနဲ့ ကျောင်းမှာ ဟိုကိုစံဦးထိုက် ရှိနေမှာမလား??"

"ဟုတ်ကဲ့... ဘာဖြစ်လို့လဲ?? သူက သူ့ဘာသာနေတာ၊ ဥ,လည်း ဥ,ဘာသာ နေမှာ...။ ဘာမှ မောင်စိတ်ပူစရာ မလိုဘူး...."

"စိတ်မပူလို့ မရဘူး... အပျိုလေး...။ ကျားချောင်း ချောင်းတယ်ဆိုတာ ကြောက်ရတယ်....။ ကဲကွာ... ဘာမှမဖြစ်စေနဲ့ ဟုတ်ပြီလား?? "

"ဒီလိုလုပ်လေ... မောင်လည်း စိတ်မချရင် သီလ လိုက်ယူလိုက်လေ... အဘကို ပြောပေးမယ်...။ အဘက ဘာသာရေးကို မကန့်သတ်ပါဘူး..."

"နေပါစေ... အပျိုလေးက မောင့်အတွက်နဲ့ အဘကို ခွင့်တောင်းမနေနဲ့....။ အသနားလည်း ခံမနေနဲ့...။ မောင်အဆင်ပြေတယ်...။ အပျိုလေးသာ သွားပြင်ဆင်လိုက်တော့လေ...။ မောင် ဒီ ဆေးပြီးသား ပန်းကန်တွေကို ယူသွားမယ်...."

"ရပါတယ်... မောင်ရဲ့.... အချိန်ရှိသေးတယ်လေ..."

"သွားပါကွာ... အိမ်ပေါ်သွားပါ...။ မောင် ဒါတွေ မီးဖိုချောင်ထဲ ထားပြီး ယာဘက်သွားတော့မယ်...။"

"ဟုတ်ကဲ့... ဒါဆို ဥ,သွားတော့မယ်နော်..."

"အင်း အင်း... ဂရုစိုက်သွား..."

နီးနေလျက် ဝေးသွားမှာစိုး....

နေ့လည် ၁၁နာရီ....။

"သမီးရုပ်ပျို... မင်း မောင်က မလာသေးဘူးလား?? သီလယူထားတာ... သီလတော့ ပျက်တော့မှာပဲ...။ အဲ့ဒီ အနောက်ဘက်က မီးဖိုအခန်းထဲ ဘာလုပ်နေတာလဲ?? သွားခေါ်လိုက်တော့လေ...."

အဘကတော့ ထမင်းဝိုင်းမှာပင် ရှိနေပြီး မီးဖိုခန်းထဲမှ အပျိုလေးကို ထမင်းစားဖို့ အသည်းအသန်ခေါ်ခိုင်းနေသည်....။ ဟိုကလေးကလည်း မဆာသေးဘူးပဲ ပြောနေတော့ ကျွန်မလည်း ဘာလို လုပ်ပေးရမလဲမသိတော့....။ ကြားထဲကပင်...

"အစောနက ထမင်းထည့်ရင်း သွားမေးတော့ မဆာသေးဘူးလို့ ပြောနေတယ် အဖေ...။ မနက်က အကြော်ဆိုင်ကလည်း ဘူးသီးကြော် ဝယ်ပြီး စားထားတာဆိုတော့ ဗိုက်ပြည့်နေလို့ နေပါလိမ့်မယ်..."

"ဒါဆို ဟိုတစ်ယောက်ကရော တောထဲက ရောက်ပြီလား?? ကြည်အေး(ဥ,အမေ)"

အဘက မေကြီးဘက်ကို လှည့်ပြီး တစ်လျက်မေးလိုက်သည်မို့ မေကြီးကလည်း အ​ခြေအနေကို တစ်ချက်တွေးပြီး....။

"မရောက်သေးဘူး... ကိုသက်တင်...။ ဘာဖြစ်လို့လဲ??"

ထိုအဖြေကို ကြားလေတော့ အဘက ခေါင်းကို တဆတ်ဆတ်ဖြင့် ညိမ့်လိုက်ပြီး သူ့ပန်းကန်ထဲမှ ထမင်းတစ်ချို့ကို ပန်းကန်အနားသတ်ပြီး နောက်မှာတော့....။

"စောင့်နေတာ... မင်းသား... အဲ့ဒီကလေး ပြန်လာတာကို စောင့်နေတာ...။ အခါတိုင်း ညစာအမြဲသွားပို့တယ်လေ.... ဒီနေ့က ဥပုတ်နေ့ကို နေ့လည်စာ အတူစားမလို့နေမယ်..."

"အဘကလည်း မဟုတ်တာ... ဥ,က တကယ်မဆာလို့ နေပါလိမ့်မယ်..."

"သမီးရုပ်ပျို... အဲ့ဒီကလေးကို အဘ ငယ်ငယ်လေးကတည်းက အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ခဲ့တာပါနော်...။ ဘယ်ခြေလှမ်း လှမ်းတယ်ဆိုတာ သူ ,မလှမ်းခင်ကတည်းက သိတယ်...။ ကြည့် အဲ့ဒီကလေးပြန်လာတာနဲ့ ထမင်းအတူ စားလိမ့်မယ်...."

နေ့လည် ၁၁နာရီ ၁၀မိနစ်....။

ထင်သည့်အတိုင်း ဋီကာကတော့ ကိုင်းဘက်မှ အလောကြီးစွာ ပြန်လာပြီး ထွန်ဖြုတ်ပြီး တင်းကုပ်အောက်မှ နွားစာခေါင်းဘေးအနား နွားနှစ်ကောင်လုံး ကြိုးဖြင့် ချည်ပြီးသည့်နောက်မှာတော့ ခြေလက်ဆေးပြီး မီးဖိုအခန်းဘက်သို့ လောလော လောလောနဲ့ပင်....။

"အပျိုလေး... စားပြီးပြီလား??"

အပျိုလေးက မီးဖိုအခန်းထဲက စားပွဲခုံ အဝိုင်းအပုလေးဘေး၌ ထိုင်နေသည်....။ ကျွန်တော့်ကို မြင်တော့ ချက်ချင်းဆိုသလို အုပ်ဆောင်းအုပ်ထားသော ထမင်းဟင်းတို့ကို ချက်ချင်း အသင့်အထားဖြင့်....။

"မစားရသေးဘူး... မောင့်ကို စောင့်နေတာလေ..."

"ဟုတ်လား?? မောင် တောင်းပန်ပါတယ်ကွာ...။ ဒီနေ့ နည်းနည်း နေမြင့်သွားတယ်...။ မောင်က အပျိုလေး စားပြီးနေပြီ ထင်တာ...။ အခုစားရအောင်နော်..."

ထို့နောက် အပျိုလေးက ခေါင်းကိုညိမ့်လိုက်ပြီး ကျွန်တော့်အတွက် ပန်းကန်ထဲသို့ ထမင်းထည့်ပေးသည်.... ။ ထို့နောက် ကျွန်တော့်ပန်းကန်ထဲသို့ အသားဟင်းတစ်ချို့ကို ပန်းကန်ထဲ ထည့်ပေးသည်....။ သူကတော့ တစ်ခြားသူ့ဘက်က ပန်းကန်ထဲမှာ အသီးအရွက်ကြော်နှင့် လက်ဖက်သုပ်ကလေးသာ ရှိနေသည်....။

အပျိုလေးကတော့ ထုံးစံအတိုင်း ထမင်းကို နှစ်ကန့်ခွဲထားပြီး ပုံမှန်ထမင်းလုတ်ကိုသာ ခွံ့လိုက်ပြီး အသံမထွက်ဘဲ ခပ်ဖွဖွ ဝါးနေသည်...။ ကျွန်တော်လည်း အပျိုလေးကို ငေးကြည့်နေရင်းပင်....။

"အပျိုလေး..."

"ဟမ်??"

"နောက်နေ့က စ,ပြီး အပျိုလေး စားတဲ့ဟင်းပဲ လိုက်စားတော့မယ်နော်..."

"မဟုတ်တာ... အိမ်မှာ အဘလည်း အသားစားတာပဲလေ... တကူးတကမှ မဟုတ်တာ..."

"ဒီအတိုင်း အပျိုလေးစားတဲ့ ဟင်းကိုပဲ မောင် စားချင်လို့..."

"မဟုတ်တာ မောင်ရယ်...။ မောင်က ဟိုမှာရှိကတည်းက အသားဟင်းဆိုတာ လွတ်တယ်လို့မှ မရှိတာ...။ မောင် စားနိုင်မှာမဟုတ်ဘူး...."

"ဟင့်အင်း မောင် စားနိုင်တယ်...။ မောင် စားမှာမလို့ နောက်နေ့ကျ အပျိုလေးစားမယ့်အထဲကပဲ မောင့်ကို ချန်လိုက်တော့နော်...."

"ဟုတ်... မောင် မနက်ဖြန် တစ်ရက်လောက်တော့ စားကြည့်လိုက်လေ...။ တကယ်လို့ အဆင်မပြေရင် ပြန်စားနော်...။"

အပျိုလေးက ကျွန်တော့်အတွက် အဆင်မပြေမှာစိုး၍ စိတ်ပူပြီး တားဖို့ ကြံပါသည်...။ ဒါပေမယ့် ကျွန်တော် စားနိုင်မှ အဆင်ပြေပါမည်...။ နောက်ဆို တစ်ဝိုင်းထဲ အမြဲစားရမည့် အရေးမှာ အသားဟင်းကို ရှောင်သည့်အပျိုလေးအနေဖြင့် အမှန်တကယ်ပင် အဆင်မပြေ ဖြစ်လိမ့်မည်....။ အပျိုလေးကို အသားဟင်းစားဖို့ မတိုက်တွန်းချင်တော့... ကျွန်တော်ကိုယ်တိုင် အသားဟင်းရှောင်ပါတော့မည်....။

ကျွန်တော်ကိုယ်တိုင် အပျိုလေး ခွံ့ကျွေးမည့် ထမင်းလုတ်၊ အပျိုလေး ပန်းကန်ထဲမှ ထမင်းကို အမြဲ ကျွန်တော် စားချင်မိသည်...။ ကျွန်တော့်ပန်းကန်ထဲမှလည်း အပျိုလေးအတွက် တကူးတက ချန်ပြီး ကျွန်တော် အငတ်ခံပြီး ကျွေးချင်မိသည်...။ မသိပါ... ကျွန်တော်က အပျိုလေးအတွက် အမှန်တကယ်ပင် အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဖြစ်ချင်မိသည်....။

"အပျိုလေး..."

"အင်း..."

အပျိုလေးက ထမင်းလုတ်ကို ဖွဖွ ဝါးရင်းပင် ကျွန်တော့်ကို ကြည့်ကာ ထူးပါ၏...။ ကျွန်တော်လည်း အပျိုလေးကို ကြည့်ရင်းမှပင်....။

"မောင်... အပျိုလေး နာမည်နဲ့ အိမ်တစ်လုံးလောက် ဝယ်ထားမလားလို့..."

"အိမ်??"

"ဟုတ်တယ်... မောင်တို့ အိမ်ထောင်ပြုပြီးတာနဲ့ အပျိုလေးကို မောင် သီးသန့်ထားချင်မိတဲ့ စိတ်မျိုးရှိတယ်...။ ဒါပေမယ့် အပျိုလေး အဆင်ပြေမှပါ... မောင် အတင်းမလုပ်ပါဘူး...."

"ဟုတ်... အခုလောလောဆယ်တော့ အဘဆီမှာ နေမှရဦးမယ်...။ နောက်ပြီး မောင် ဝယ်ချင်ဆိုလည်း ဝယ်ထားလိုက်လေ...။ ဥ,နာမည်နဲ့တော့ မဝယ်ပါနဲ့...။ တော်ကြာ တစ်ချိန်ချိန်မှာ အကြောင်းတစ်ခုခုကြောင့် ပြန်ပြီး ရောင်းရတာမျိုးဆို မကောင်းဘူးလေ....။ မောင်က ဒီမှာနေရတာ ပင်ပန်းလို့လားဟင်??"

"မဟုတ်ပါဘူး... ဒီအတိုင်း မောင် အပျိုလေးအတွက် အကောင်အထည်ဖော်ချင်တာမျိုး ရှိလို့ပါ....။ အပျိုလေးရှိနေဖို့လိုတယ်... သုံးနှစ်သုံးမိုး ကိစ္စက အဲ့လောက်ကြီး မောင့်ခေါင်းထဲ မထည့်ဘူး....။"

"ဟုတ်... ဟုတ်... အဲ့ဒါဆို ဥ,တစ်ချက် စဥ်းစားလိုက်မယ်နော်...။ အခုအနေနဲ့က မောင့်မှာ ရှိတဲ့ ပိုက်ဆံတွေကိုလည်း ​စုထားလိုက်လေနော်...။ အဲ့လိုဝယ်လိုက်တာမျိုးက တစ်ခါတစ်လေ ငွေသေ ဖြစ်တတ်တယ်...။ ကိုယ့်ချွေးနဲစာနဲ့ ရထားတာ... အကုန်လုံးကို တန်ဖိုးထားနော်..."

အပျိုလေးကတော့ အမြဲတမ်းလိုလို ကျွန်တော့်အကျင့်နှင့်ပတ်သတ်၍ တစ်အိမ်တည်းနေပြီး ရင်းနှီးခဲ့သည့် သူမို့ အမြဲဆုံးမလေ့ရှိသည်...။ အခုတစ်ခါလည်း ကျွန်တော့်ပိုက်ဆံများ အလကား သိမ်ကောသွားမှာကြောက်သည့်စိတ်ဖြင့် ဆုံးမပြန်လေပြီ....။ ကျွန်တော်လည်း အပျိုလေးကို တစ်ချက်ကြည့်လိုက်ပြီး..... ။

"အဲ့ဒီပိုက်ဆံတွေက မောင် မပိုင်ဘူး..."

ကျွန်တော်က စားပြီးသွားသော ထမင်းပန်းကန်နှစ်ခုလုံး ထပ်လျက်ကိုင်ကာ ပန်းကန်ဆေးဖို့ စဥ့်အိုးအနား သွားလေတော့ အပျိုလေးက နောက်က ထပ်ကြပ်မကွာ လိုက်ပါလာသည်... ။ ကျွန်တော်ကတော့ ပန်းကန်ဆေးသည့် စဥ့်အိုးအနား ထိုင်ပြီး ပန်းကန် စ,ပြီး ဆေးနေတော့ အပျိုလေးကပါ အနားသို့ ကပ်လာသည်....။

"မောင်မပိုင်ဘူးဟုတ်လား? မောင့် လုပ်အားနဲ့ ရှာထားတာ မဟုတ်ဘူးလား?? ဘယ်သူတွေ ပိုင်တာလဲ?? မောင်က မတရား ခံလိုက်ရတာလား??"

အပျိုလေးကတော့ ကျွန်တော့်ကို စိတ်ပူစွာနဲ့ပင် အလောတကြီး မေးလာလေတော့ ကျွန်တော့်မှာ ပန်းကန်ဆေးလျက်နဲ့ပင် အပျိုလေးကို ပြုံးပြီး ကြည့်လိုက်မိသည်....။ ထို့နောက် ပါးစပ်ကိုပါ ပလုတ်ကျင်း၊ ဆပ်ပြာအနည်းငယ်နဲ့ပင် ဆေးလိုက်ပြီး အပျိုလေး နူတ်ခမ်းပေါ်သို့ ထိရုံမျှ နမ်းရှိုက်လိုက်သည်။ ထို့နောက် ခဏတာမျှ ပျော်ဝင်ပြီးနောက်မှာတော့....။

"ချစ်လိုက်တာကွာ..."

"နေပါဦး... မောင်ရဲ့...။ အဲ့ဒီပိုက်ဆံက မောင့်ပိုက်ဆံမဟုတ်ဘူးဆိုရင် အပျိုလေးကို သုံးတဲ့ ပိုက်ဆံတွေကရော?? သူများပိုက်ဆံတွေလား??"

"ဟုတ်တော့ ဟုတ်တယ်...။ ဒါပေမယ့် အပျိုလေး သုံးလို့ ရပါတယ်..."

"မဟုတ်သေးပါဘူး မောင်ရယ်... ဥ,ကို ပေးတဲ့ ပိုက်ဆံတွေအားလုံး ပြန်ပေးမယ်လေ...။ သူများပိုက်ဆံတွေကို.... နောက်တစ်ခါ မောင့်မှာ မရှိရင် မပေးတော့နဲ့နော်...။ ဥ,က ဒီအတိုင်း မောင်ပေးလို့ ၊ မောင် စိတ်မကောင်းမှာစိုးလို့ စုထားတာပါ....။ တကူးတကကြီး မလိုဘူးနော်...."

နောက်ဆုံးတော့ ပြောပြောဆိုဆိုနဲ့ပင် ကျွန်တော့်မှာ ပန်းကန်နှစ်ချပ်လုံး ဆေးကြောပြီး ကျွန်တော့်လက်များပါ ဆေးပြီး နေပြီ ဖြစ်သည်။ ထိုအချိန်ထိ အပျိုလေးက လက်ပေပေနဲ့ပင် ရှိနေသည်မို့....။

"ကဲ... ပေး...။ စကားတွေ များမနေတော့နဲ့..."

"ဟမ်?? ပိုက်ဆံလား?? နေဦးလေ...။ ပေးမယ်နော်... လက်ဆေးလိုက်ဦးမယ်..."

"သြော်...ကဲ... ဘယ်သူက ပိုက်ဆံကို တောင်းနေလို့လဲ??"

"ဒါဆို ဘာကို??-"

ကျွန်တော်လည်း အပျိုလေး မေးခွန်းများကို မဖြေတော့ဘဲ အပျိုလေးလက်ကိုသာ ဆွဲယူလိုက်သည်....။ ထို့နောက် ရေလောင်းပြီး ဆပ်ပြာတိုက်ကာ ခပ်ပွပွ ပွတ်ကာ လက်ချောင်းတစ်ချောင်းချင်းစီကို သေချာ တိုက်ချွတ်ပေးနေမိသည်.....။ ထိုအချိန်အထိ အပျိုလေးက ကျွန်တော့်ကို မေးခွန်းများဖြင့် ကြည့်နေသည်မို့.....။

"ဘာလေးလဲကွာ?? ဒီရုပ်ကလေးက ဘာဖြစ်နေတာလဲ??"

"ဟုတ်တယ်... မောင်က မေးတော့လည်း မဖြေဘူးလေ..."

"ဟော... အပျိုလေးရာ...။ အခုနက ပိုက်ဆံတွေကို ပြောတာလား?? ဟုတ်တယ်လေ... အဲ့ဒါက မောင့်ပိုက်ဆံတွေမှ မဟုတ်တာ...။ ဥဒေါင်းပျို ပိုက်ဆံတွေလေ..."

"ဟမ်??"

အပျိုလေးကတော့ တစ်ခါတစ်လေ ဝေးတဲ့ နေရာမျိုးမှာ နှစ်ယောက်မရှိတော့...။ ကျွန်တော်လည်း အခုထက်ထိ နားမလည်နိုင်သေးသည့် အပျိုလေး လက်ကို ရေဆေးပြီးသည်နှင့် တစ်ချက်မျှ ကိုက်လိုက်ပြီး....။

"ဟာကွာ... စိတ်မရှည်တော့ဘူးနော... ဥဒေါင်းပျိုဆိုတာ မောင့် အပျိုလေးကို ပြောတာ... ထပ်မမေးတော့နဲ့..."

"အဲ့ဒါ ဥ,ပိုက်ဆံ​ဆို မောင့်ပိုက်ဆံလည်း ဟုတ်တယ်လေ...။ ဒါကို ဘာလို့ မောင့်ပိုက်ဆံ မဟုတ်ဘူးလို့ ပြောတာလဲ??"

"ဟုတ်ပါပြီကွာ... မောင် မှားတယ်...။ နံနက်က ပေးလိုက်တဲ့ ငါးထောင်ရော ကုန်သွားပြီလား??"

"မကုန်သေးဘူး..."

"ကုန်အောင်သုံးလို့ ပြောထားတယ်လေ...."

"မောင်ကလဲ ဥ,က ဝယ်စားလေ့မှ မရှိတာ...။"

"Ok... နောက်နေ့မှ မောင်ဝယ်ကျွေးမယ်... ကုန်အောင် စားရမယ်နော်..."

"ဟာ... ဘယ်လိုကုန်မှာလဲ? နေပါစေ... အိမ်မှာ အဘဆီက မုန့်ဘူးတွေတောင် မကုန်တာကို...."

"မရဘူး ကုန်အောင် စားရမယ်...။ မကုန်ရင် အပျိုလေးကို မောင်က စားမှာ..."

"အပျိုလေးက စားမကောင်းဘူး မောင်ရဲ့..."

"ဟုတ်လား? ကောင်းမကောင်း ဒီည မြည်းကြည့်မှ..."

"......"

"အင်းပါ မစ,တော့ပါဘူး....ဥ,ရယ်..."

မသိသင့်သော အရာတွေ....

ညနေ ၃နာရီ...။

"အပျိုလေး... မောင် အနောက်ဘက် စိုက်ခင်းထဲက အရွက်တွေ ခူးလာမယ်နော်..."

"ဟုတ်...."

ထို့နောက် မောင်ကတော့ သူ့လက်ထဲမှ ဖုန်းကို ကျွန်တော့်ဘေးနားက ခုံပေါ်မှ ထိုင်ပြီး ထားခဲ့ကာ အပြင်ဘက်သို့....။ ကျွန်တော်လည်း ဥပုတ်သည်များအတွက် ကုသိုလ်ပြုဖို့ အရွက်သုပ်ဖို့ စီစဥ်နေသည်....။ အရွက်သုပ်ဖို့ လိုအပ်သည့် ပါဝင်ပစ္စည်းများကို ပြင်ဆင်နေတုန်း ရှိသေးသည်... ခုံပေါ်မှ သီချင်းသံနှင်အတူ တုန်ရီလာသော မောင့်ဖုန်းကြောင့်.... ကျွန်တော်လည်း မောင့်သွားသည့် စိုက်ခင်းဘက်ကို တစ်ချက်ကြည့်ပြီး အရေးကြီးးည့် ဖုန်းများ ဖြစ်နေမလားဟူ၍....။

📱>>>>

"Hello..."

"Hello... Tikar... Jessica."

Jessica? Jessica Tikarဆိုတာ...
မျက်လုံးထဲ မြင်လာသည့် ကလေးတစ်ယောက်နှင့် နိုင်ငံခြားသူ တစ်ယောက်...။နောက်ပြီး အသံက Foreigner အမျိုးသမီး တစ်ယောက်၏ အသံပင် ဖြစ်သည်...။

"Hay...  Do you know where I am?? Surprise! !"

တစ်ဖက်မှ အသံကတော့ သွက်လက်စွာနဲ့ပင် အခုဘယ်ရောက်နေတယ် ထင်လဲ?? အံ့သြသွားလား?? အသံမျိုးစုံထွက်လာပေမယ့် ကျွန်တော် ဖုန်းကို ချလိုက်ပြီး ထိုအဝင် call logကို ဖျက်ကာ မီးဖိုအခန်းရှေ့မှ စဥ့်အိုးများရှိရာသို့ ပန်းကန်ဆေးနေသည့် အသွင်ဖြင့်.... ။

ခဏအကြာမှာတော့ မောင်က လက်ထဲ ဟင်းရွက်အများကြီးနဲ့ပင် ပြန်လာပြီး စားပွဲပေါ်မှ ဖုန်းသံကို ကြာလေတော့ အရွက်ကို ခြင်းတစ်လုံးထဲသို့ ထည့်ကာ....။

📱>>>

"Hello..."

"..........."

တစ်ဖက်က ထိုအမျိုးသမီး၏ အသံဖြစ်ပါလိမ့်မည်... မောင်က သေချာပေါက် ကျွန်တော့်ကို ငေးကြည့်နေပါလိမ့်မည်...။.ကျွန်တော်လည်း ကျောခိုင်းထားပြီး ငြိမ်သက်နေ​တာက မောင့်ကို အနည်းငယ် စိတ်မသန့်သလို ဖြစ်စေမှာစိုးတာကြောင့် ဆေးပြီးသား ပန်းကန်များကို ကိုင်ကာ မီးဖိုးအခန်းထဲသို့ အပွင့်လင်းဆုံး အပြုံးဖြင့် ပြုံးကာ ဝင်ရောက်မိသည်.... ။

ထင်သည့်အတိုင်း ဖုန်းပြောသည့်နေသည့် မောင်ကတော့ ကျွန်တော့်ကို တစ်ချက်ငေးကြည့်နေသည်....။ ကျွန်တော်လည်း မောင့်ကို တစ်ချက်ကြည့်ပြီး ပြုံးကာ အံ့သြနေသည့် အနေအထားဖြင့်ပင်....။

"မောင်... ဖုန်းလာနေတာလား? ဥ, ပန်းကန်ဆေးနေတာကို စိတ်ရောက်နေလို့ မသိလိုက်ဘူး...။"

ဘယ်သူ့ဆီက လာလဲလို့ တကူးတက မေးမနေတော့ပါ...။
ကျွန်တော်သိသည့် အမှန်တရားအတိုင်း မောင်သေချာ မဖြေနိုင်ခဲ့လျှင် ကျွန်တော့်၏ ငြိုငြင်မှု၊ သံသယများ​က တဖြည်းဖြည်းဖြင့် ကြီးထွားလာမှာစိုးတာကြောင့်ပင်....။

Next part spoiler ~~~

"ဒဂ်ါးက တကယ်ကြီး ပျောက်နေတာလား?? ဒါနဲ့ မြို့က ဋီကာဆိုတဲ့ကလေးကရော ဘာမှမသိဘူးလား??"

"ဟုတ်တယ်... အဘက အဲ့ဒီကိစ္စကို မေးလာတယ်...။ သီတင်းကျွတ်ပွဲတွေက စ,တော့မှာ... ကိုစံဦးထိုက်... ။ အခုချိန် မမကလည်း နိုင်ငံရပ်ခြား ရောက်နေလို့...။ နောက်ပြီး ဋီကာကလည်း မြို့ကို ခဏ ရောက်နေတာ... ဘယ်သူ့ကို သွားပြောရမှန်းမသိတော့ဘူး...."

"ဟုတ်လား?? သြော်... စိတ်မပူပါနဲ့...။ အဲ့ဒီကိစ္စကို အဘကို အကို ခဏ ပြောထားပေးမယ်...။ ဒီရက်ပိုင်း အဘအ​ခြေအနေကို ကြည့်ပြီး နှစ်ယောက်သား ဆွေးနွေးတာပေါ့...။ နောက်ပြီး အကို ကြည့်ပြီး လုပ်ကြည့်ပါဦးမယ်..."

"ဟုတ်ကဲ့... ကိုစံဦးထိုက်... ။ ကျေးဇူးတင်ပါတယ်...။"

"ရပါတယ်... မလိုပါဘူး...။ ဥဒေါင်းလေးသာ ဒဂ်ါးနှင့်ပတ်သတ်ပြီး အကိုပြောတဲ့အတိုင်း မီးစင်ကြည့်ကဖို့ လိုတယ်...။ နို့မို့ဆို တစ်နယ်လုံးက ငြိုငြင်တော့မှာ...။ အဓိက က အဘပေါ့....."

"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါတယ်... ကိုစံဦးထိုက်... ။ အဲ့ဒါကြောင့် အကို့ကို အကူအညီတောင်းတာပါ...။ အကိုက အဘနဲ့ အနီးကပ်ပေါင်းတာ ဆိုတော့ နောက်ပြီး အကိုက အတော်လေး နှံ့စပ်တော့လေ...."

"ခဏတော့ မသိအောင် ထိန်းထားပေးလို့ ရပေမယ့် ရေရှည်ကြတော့ အကိုလည်း ကယ်နိုင်မှာ မဟုတ်ဘူး..."

"ဟုတ်ကဲ့... ခဏလေးပဲ အကို ထိန်းထားပေးပါနော်...။ ကျန်တာက ကျွန်တော် ကြံပါ့မယ်..."

"ဒါနဲ့ ဋီကာက မြို့က သူ့အစ်မကို သွားတွေ့တာလား??"

"ဗျာ??"

"အယ်... သေချာတော့ ကိုယ်မသိဘူး....။ ဖိုးတေက မြို့ကို မြေသြဇာ သွားတယ်တာ...။ စျေးအနားမှာ အဲ့ကလေးကို တွေ့လိုက်လို့တဲ့...။ အဲ့ဒီကလေးကို ဥဒေါင်းသူငယ်ချင်းဆိုပြီး အရင်တစ်ခါတွေကတည်းက ရင်းနှီးနေတော့ အဲ့ဒီက သိတာ...။ အကိုလည်း သူပြောမှ ဋီကာ မြို့ရောက်နေမှန်း သိတာ...."

".........."

Note:
This is a book.
ဿစ်(စ) အစ်(စ) အေ ဘုတ်(ခ)
ဿစ်စအစ်စအေဘုတ်ခ
အကိုတော်ရဲ့ E skill😂

___________________________________________

ကိုယ်မထင်ခဲ့ဘူး...
ဒီလို သိမ်းမည့်ဇာတ်လမ်း...

Still strong.
Take care and safe guys.
With fully thz,love and respects.
Sun/12/Sep/2021:20:40PM

{Zawgyi🌼}

လူတစ္ေယာက္ရဲ႕ လွ်ို႔ဝွက္ခ်က္ကို
အဲ့ဒီလူမေျပာခင္
သိေနတာမ်ိဳးက
သံသယစိတ္ျဖင့္ ႀကီးထြားေစတယ္...။

****

မယားေတာသူ🌿

ေတာ္သလင္းလ ၁၅ရက္ေန႕ (ဥပုတ္သီတင္းေန႕)

ကြၽန္ေတာ္ ဒီေရာက္ေနတာ သုံးလေက်ာ္မွရွိေနၿပီး ဥ,တို႔ ယာျပင္ထဲ၌ ႏွမ္း၊ ေျမပဲႏွင့္ ေနၾကာမ်ားကို စိုက္ပ်ိဳးၿပီး အပင္အေနေတာ္ အေနထားေတာ့ ေရာက္ေနေလၿပီ...။ေကာင္းကင္းတစ္ခုလုံး အနည္းငယ္ မွိုင္းေနေပမယ့္ အနည္းငယ္ ေနထိုင္လို႔ ေကာင္းေသာ အေနအထားပင္ ျဖစ္သည္...။

ညွို႔ညွို႔မွိုင္းကာ ထန္းပင္ထန္းေတာမ်ားျဖင့္ (.....)႐ြာေလးက နံနက္ခင္းအလွ စည္ကားသိုက္ၿမိဳက္မႈအဟုန္နဲ႕ပင္...။ ဥပုတ္သီတင္းအတြက္ အလႉအတန္းမ်ားျဖင့္ ရွိသလို တစ္ခ်ိဳ႕တစ္ေလ က်ေတာ့လည္း ယာေတာဘက္ကို သြားေနသည့္ ႂကြက္ႂကြက္စီ ညံသံမ်ား၊ ေခါင္း႐ြက္ေစ်းသည္တစ္ခ်ိဳ႕၏ ကုန္နာမည္ ေအာ္သံမ်ား ၾကားေနရသည္....။

"ဟဲ့... သမီး ေ႐ႊ႐ုပ္ပ်ိဳ... ။ အဲ့ဒီႏွစ္ေယာက္ ဘာလုပ္ေနတာလဲ??"

ကြၽန္မလည္း အေဖ့စကားကို ေျဖဖို႔
အေဖၾကည့္ေနသည့္ ေနရာသို႔ ၾကည့္လိုက္ေတာ့ ကြၽန္မတို႔ႏွင့္ မ်က္ေစာင္းထိုးမွာ ရွိသည့္ မီးဖိုေဘးနားက စဥ့္အိုးထားသည့္ ေနရာမွာ ႏွစ္ေယာက္သား ၾကည္ၾကည္ႏူးႏူးျဖင့္ ရွိေနၾကသည္...။

ဥ,က ဟင္း႐ြက္တစ္ခ်ိဳ႕ကို ေဆးၿပီး ၿပဳံးေနသည္... ဋီကာကေတာ့ သူ႕ေဘးနားမွာ ထိုင္ကာ  ဥ,ေဆးေနသည့္ ပန္းကန္မ်ားေပၚသို႔ ေရေဆးခ်ကာ အခ်င္းခ်င္း ဘာစကားေတြ ေျပာေနမွန္းမသိ...။ ဒါေပမယ့္ အေတာ္ေလးကို ၾကည့္ေကာင္းလြန္းေသာ ျမင္ကြင္းဆိုတာကေတာ့ ျငင္းလို႔မရပါေလ....။

"ဥ,က အအီလြန္ၿပီး သီလယူဖို႔ကိုမ်ား ေမ့ေနသလား မသိဘူး....။ သမီးေမာင္ကို ျမန္ျမန္လုပ္ဖို႔ ေျပာလိုက္ဦး....။ ဟိုတစ္ေယာက္ကလည္း ယာဘက္ အပင္ၾကည့္ခိုင္းဖို႔ ခဏသြားဖို႔ကို.....အခုထက္ထိ အီလို႔ မၿပီးေသးဘူး...."

"........."

ကြၽန္မလည္း အေဖ့စကားကို ၿပဳံး၍ပင္ တုံ႕ျပန္လိုက္ၿပီး ခပ္လွမ္းလွမ္းမွ ဥ,ႏွင့္ ဋီကာကို ၾကည့္ေနမိသည္။ ခဏအၾကာမွာေတာ့ အဘက ထိုင္ရာမွ ထ,ကာ...။

"သုံးႏွစ္ သုံးမိုးဆိုတာ ကြၽန္သေဘာမ်ိဳး ထားခဲ့တာပါ...။ အခုက သုံးႏွစ္သုံးမိုး ပိုးဖို႔မ်ား ငါကိုယ္တိုင္ အိမ္ေပၚ ေခၚတင္မိတာမ်ိဳးလား??"

"ကဲပါ အဘရယ္... ဥ,ကို ခဏေလာက္ေတာ့ လြတ္ထားေပးလိုက္ပါ...။ ဒါနဲ႕ သမီးမေန႕က ခြင့္ေတာင္းထားတာေလ... ။ Oversea ခရီးစဥ္ဆိုတာေလ အဘ...."

"ေၾသာ္ အလုပ္က ေမာင္လက္ာခ်ိဳးနဲ႕အတူ လြတ္ထားတာလား??"

"ဟုတ္တယ္ အဘ... အဲ့ဒါေလး.... သမီး မနက္ျဖန္ အေစာဆုံးကားလက္မွတ္ျဖတ္ၿပီး ကိုလက္ာဆီ အေရာက္သြားရမွာမို႔ပါ အေဖ...။ ဟိုကမွ တစ္ဆင့္ Flight နဲ႕ ဟိုမွာ Hotel booking အပိုင္းကို တစ္ခ်က္ျပန္စီစဥ္ရမွာဆိုေတာ့.... ရက္အကန့္အသတ္လည္း ရွိေနတယ္... အေဖ..."

"ကဲပါ... ရွည္လ်ားေထြးျပား ေလွ်ာက္တင္မေနနဲ႕...။ အဘ သိပါတယ္...။ အဲ့ဒါဆို ဒီေန႕ ညေနပဲ လုပ္လိုက္ေတာ့ေလ...။ ဟုတ္ၿပီလား?  လိုအပ္တာေတြ အကုန္လုံး မေမ့ေစနဲ႕...။"

"ဟုတ္ကဲ့ အဘ....။"

အဘကေတာ့ ဥ,ႏွင့္ ဋီကာကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဥပုတ္သီလ ယူဖို႔ သြားၿပီး ျပင္ဆင္ေနသည္....။ ကြၽန္မလည္း ခရီးစဥ္အတြက္ ျပင္ဆင္စရာေလး ရွိသည္မို႔ အခန္းထဲ ဝင္လာမိေတာ့သည္....။

ဘဝမွာ...အေရးႀကီးဆုံးေသာ...

"အပ်ိဳေလး... ဒါက ဒီေန႕အတြက္ တစ္ေထာင္ စုဖို႔ လာေပးတါ...။ အပ်ိဳေလး မုန့္စားဦးမလား??"

ကြၽန္ေတာ္ေပးသည့္ ပိုက္ဆံတစ္ေထာင္ေလးကို ဥ,က တစ္ခ်က္ၿပဳံး၍ ယူလိုက္ၿပီး သူ႕အိပ္ကပ္ထဲသို႔ ထည့္သည္...။ ထို႔ေနာက္ ကြၽန္ေတာ့္ေရွ႕သို႔ ဥ,လက္ဝါးေလး ျဖန့္လာၿပီး....။

"ဟီး... ေန႕လည္ဘက္ ဘူးသီးေၾကာ္ စားခ်င္လို႔..."

ကြၽန္ေတာ့္ကို မ်က္ႏွာခ်ိဳေသြးၿပီး ပန္းကန္ေဆးၿပီးကာစမို႔ ေရစက္လက္ျဖင့္ ျဖစ္ေနေသာ လက္ဝါးေလးက ကြၽန္ေတာ့္ေရွ႕ျဖန့္လာသည္မို႔... ကြၽန္ေတာ္လည္း တစ္ခ်က္ၿပဳံးလိုက္ၿပီး အပ်ိဳေလးလက္ကေလးကို ကြၽန္ေတာ့္လက္ျဖင့္ ဆုပ္ကိုင္လိုက္မိသည္....။

"ေရာ့... ေမာင့္ဆီမွာ အေႂကြမရွိေတာ့ဘူး...။ ဒါပဲ ယူထားလိုက္ေတာ့ေနာ္...."

အပ်ိဳေလးလက္ဖဝါးထဲသို႔ ဆင္ျဖဴေတာင္ တစ္႐ြက္ကို ထည့္ေပးလိုက္ေတာ့ အပ်ိဳေလးက ခ်က္ခ်င္းဆိုသလို ျငင္းလာသည္...။ ထိုပိုက္ဆံကို ကိုင္ထားၿပီး...။

"အာ... မယူပါဘူး.... ဒီေလာက္မလိုပါဘူး....။ တကယ္ အေႂကြမရွိတာလား?? မယုံဘူး..."

ထိုငါးေထာင္တန္တစ္႐ြက္ကို ေနာက္တစ္႐ြက္နဲ႕ပင္ အလဲအလွယ္လုပ္ဖို႔ စိတ္ကူးမိၿပီး ကြၽန္ေတာ္ တားေနသည့္အၾကားကပင္ ကြၽန္ေတာ့္အိပ္ကပ္ထဲသို႔ ႏွိုက္ၾကည့္လာသည္...။ ကြၽန္ေတာ္လည္း ကြၽန္ေတာ္သာ စိတ္မရွိခဲ့လွ်င္ အပ်ိဳေလးလက္က ကြၽန္ေတာ့္အိပ္ကပ္အနားသို႔ ေရာက္လာမွာမဟုတ္ေတာ့....။ သို႔ေသာ္ အပ်ိဳေလးမ်က္ႏွာကို ၾကည့္လိုက္ၿပီး ၿပဳံးလိုက္မိကာ အပ်ိဳေလး သေဘာက် ျပဳမူေစေတာ့သည္...။ အပ်ိဳေလးလက္ေကာက္ဝတ္အနားသို႔ ခပ္ဖြဖြေလး ထိန္းကာထားရင္းမွ မ်က္ေမွာင္က်ဳံ႕ၿပီး ဘဝင္မက်ေနသည့္ အပ်ိဳေလးမ်က္ႏွာကို ေငးၾကည့္မိေတာ့သည္....။ ခဏအၾကာမွာေတာ့....

"ကဲ... ဒါက ဘာလဲ?? ၂၀၀တန္ေတြ ရွိလိုက္သားနဲ႕...။ မလိမ္ရဘူး... လိမ္တယ္ဆိုတာ ငါးပါးသီလထဲမွာ ပါတယ္...။ ေစာင့္ထိန္းရမယ့္ သိကၡာပုဒ္ေတြထဲ ပါတယ္....။"

အပ်ိဳေလးကေတာ့ ကြၽန္ေတာ့္အိပ္ကပ္ထဲသို႔ ငါးေထာင္တန္တစ္႐ြက္ကို ျပန္ထည့္ေပးလိုက္ၿပီး ၂၀၀တန္ တစ္႐ြက္ကို ယူသြားေလၿပီ...။ တကယ္ေတာ့ ေငြႏွစ္ရာဆိုတာ ကြၽန္ေတာ့္ငယ္ဘဝရဲ႕ အေသးဆုံး ဂဏန္းျဖစ္သည့္အျပင္ တစ္ခါတစ္ေလ လိုင္းကားခအတြက္ပဲ ထားခဲ့မိသည္....။ အပ်ိဳေလးမွာေတာ့ အခုထက္ထိ အရိုးစြဲေနသည့္ေဘာင္ေတြထဲမွာပဲ ေနသားတက် ရွိေနေသးသည္....။ ၂၀၀ဖိုး ေလးခုေလာက္သာ ရသည့္ ဘူးသီးေၾကာ္က အပ်ိဳေလး၏ အေတြးထဲ လုံေလာက္သည္ဟု မေတြးမွတ္ေစခ်င္....။ ၿခိဳးၿခံေခြၽတာသည္ ဟူေသာ သေဘာတရားကို ကြၽန္ေတာ္နားလည္ေပမယ့္ အပ်ိဳေလးကိုေတာ့ .....။

"ဒီတစ္႐ြက္လည္း ယူထားလိုက္... ေမာင္ေပးတါ ဟုတ္ၿပီလား?? ေမာင္က အပ်ိဳေလး စားေစခ်င္လို႔ ေပးတါ.....။ ယူထားလိုက္ေနာ္... အပ်ိဳေလးပဲ ေျပာတယ္ေလ ကိုယ့္အိမ္ေထာင္ဖက္ ေျပာစကားကို နားေထာင္ရမယ္ဆို....။"

"ဒါေပမယ့္ ဥ, အဲ့ေလာက္ႀကီး မကုန္ပါဘူး ေမာင္ရဲ႕..."

"မကုန္လည္း ယူထားလိုက္ကြာ... အဲ့ဒါကို အကုန္သုံးလိုက္...။ ညေန ေမာင္ေမးလို႔မွ မကုန္ေသးရင္ ေမာင္ စိတ္ဆိုးမွာေနာ္...။ အခု ေမာင္ ယာထဲကို သြားရဦးမွာ... ေမာင္ ဘာခူးခဲ့ရမလဲ??"

"ရတယ္... ဥ,က အဘနဲ႕ ေက်ာင္းကို လိုက္သြားၿပီး သီလယူရဦးမွာ....။ ညစာလည္း လြတ္မွာဆိုေတာ့ တကူးတက ဘာမွယူမလာနဲ႕ေတာ့ေနာ္..."

"ဟုတ္သားပဲ... ဒီေန႕ ညစာ လြတ္မွာဆိုေတာ့ ေန႕လည္စာကို ေမာင္နဲ႕အတူ စားမယ္ေလ....။ ၁၁နာရီ ခြဲေလာက္အထိ ေစာင့္မလား??"

"ဟုတ္... ေစာင့္မယ္ေလ...။ ေမာင္သာ ေကာင္းေကာင္းျပန္လာခဲ့ေနာ္....".

"ဒါနဲ႕ ေက်ာင္းမွာ ဟိုကိုစံဦးထိုက္ ရွိေနမွာမလား??"

"ဟုတ္ကဲ့... ဘာျဖစ္လို႔လဲ?? သူက သူ႕ဘာသာေနတာ၊ ဥ,လည္း ဥ,ဘာသာ ေနမွာ...။ ဘာမွ ေမာင္စိတ္ပူစရာ မလိုဘူး...."

"စိတ္မပူလို႔ မရဘူး... အပ်ိဳေလး...။ က်ားေခ်ာင္း ေခ်ာင္းတယ္ဆိုတာ ေၾကာက္ရတယ္....။ ကဲကြာ... ဘာမွမျဖစ္ေစနဲ႕ ဟုတ္ၿပီလား?? "

"ဒီလိုလုပ္ေလ... ေမာင္လည္း စိတ္မခ်ရင္ သီလ လိုက္ယူလိုက္ေလ... အဘကို ေျပာေပးမယ္...။ အဘက ဘာသာေရးကို မကန့္သတ္ပါဘူး..."

"ေနပါေစ... အပ်ိဳေလးက ေမာင့္အတြက္နဲ႕ အဘကို ခြင့္ေတာင္းမေနနဲ႕....။ အသနားလည္း ခံမေနနဲ႕...။ ေမာင္အဆင္ေျပတယ္...။ အပ်ိဳေလးသာ သြားျပင္ဆင္လိုက္ေတာ့ေလ...။ ေမာင္ ဒီ ေဆးၿပီးသား ပန္းကန္ေတြကို ယူသြားမယ္...."

"ရပါတယ္... ေမာင္ရဲ႕.... အခ်ိန္ရွိေသးတယ္ေလ..."

"သြားပါကြာ... အိမ္ေပၚသြားပါ...။ ေမာင္ ဒါေတြ မီးဖိုေခ်ာင္ထဲ ထားၿပီး ယာဘက္သြားေတာ့မယ္...။"

"ဟုတ္ကဲ့... ဒါဆို ဥ,သြားေတာ့မယ္ေနာ္..."

"အင္း အင္း... ဂ႐ုစိုက္သြား..."

နီးေနလ်က္ ေဝးသြားမွာစိုး....

ေန႕လည္ ၁၁နာရီ....။

"သမီး႐ုပ္ပ်ိဳ... မင္း ေမာင္က မလာေသးဘူးလား?? သီလယူထားတာ... သီလေတာ့ ပ်က္ေတာ့မွာပဲ...။ အဲ့ဒီ အေနာက္ဘက္က မီးဖိုအခန္းထဲ ဘာလုပ္ေနတာလဲ?? သြားေခၚလိုက္ေတာ့ေလ...."

အဘကေတာ့ ထမင္းဝိုင္းမွာပင္ ရွိေနၿပီး မီးဖိုခန္းထဲမွ အပ်ိဳေလးကို ထမင္းစားဖို႔ အသည္းအသန္ေခၚခိုင္းေနသည္....။ ဟိုကေလးကလည္း မဆာေသးဘူးပဲ ေျပာေနေတာ့ ကြၽန္မလည္း ဘာလို လုပ္ေပးရမလဲမသိေတာ့....။ ၾကားထဲကပင္...

"အေစာနက ထမင္းထည့္ရင္း သြားေမးေတာ့ မဆာေသးဘူးလို႔ ေျပာေနတယ္ အေဖ...။ မနက္က အေၾကာ္ဆိုင္ကလည္း ဘူးသီးေၾကာ္ ဝယ္ၿပီး စားထားတာဆိုေတာ့ ဗိုက္ျပည့္ေနလို႔ ေနပါလိမ့္မယ္..."

"ဒါဆို ဟိုတစ္ေယာက္ကေရာ ေတာထဲက ေရာက္ၿပီလား?? ၾကည္ေအး(ဥ,အေမ)"

အဘက ေမႀကီးဘက္ကို လွည့္ၿပီး တစ္လ်က္ေမးလိုက္သည္မို႔ ေမႀကီးကလည္း အ​ေျခအေနကို တစ္ခ်က္ေတြးၿပီး....။

"မေရာက္ေသးဘူး... ကိုသက္တင္...။ ဘာျဖစ္လို႔လဲ??"

ထိုအေျဖကို ၾကားေလေတာ့ အဘက ေခါင္းကို တဆတ္ဆတ္ျဖင့္ ညိမ့္လိုက္ၿပီး သူ႕ပန္းကန္ထဲမွ ထမင္းတစ္ခ်ိဳ႕ကို ပန္းကန္အနားသတ္ၿပီး ေနာက္မွာေတာ့....။

"ေစာင့္ေနတာ... မင္းသား... အဲ့ဒီကေလး ျပန္လာတာကို ေစာင့္ေနတာ...။ အခါတိုင္း ညစာအၿမဲသြားပို႔တယ္ေလ.... ဒီေန႕က ဥပုတ္ေန႕ကို ေန႕လည္စာ အတူစားမလို႔ေနမယ္..."

"အဘကလည္း မဟုတ္တာ... ဥ,က တကယ္မဆာလို႔ ေနပါလိမ့္မယ္..."

"သမီး႐ုပ္ပ်ိဳ... အဲ့ဒီကေလးကို အဘ ငယ္ငယ္ေလးကတည္းက အရိပ္တၾကည့္ၾကည့္နဲ႕ ေစာင့္ေရွာက္ခဲ့တာပါေနာ္...။ ဘယ္ေျခလွမ္း လွမ္းတယ္ဆိုတာ သူ ,မလွမ္းခင္ကတည္းက သိတယ္...။ ၾကည့္ အဲ့ဒီကေလးျပန္လာတာနဲ႕ ထမင္းအတူ စားလိမ့္မယ္...."

ေန႕လည္ ၁၁နာရီ ၁၀မိနစ္....။

ထင္သည့္အတိုင္း ဋီကာကေတာ့ ကိုင္းဘက္မွ အေလာႀကီးစြာ ျပန္လာၿပီး ထြန္ျဖဳတ္ၿပီး တင္းကုပ္ေအာက္မွ ႏြားစာေခါင္းေဘးအနား ႏြားႏွစ္ေကာင္လုံး ႀကိဳးျဖင့္ ခ်ည္ၿပီးသည့္ေနာက္မွာေတာ့ ေျခလက္ေဆးၿပီး မီးဖိုအခန္းဘက္သို႔ ေလာေလာ ေလာေလာနဲ႕ပင္....။

"အပ်ိဳေလး... စားၿပီးၿပီလား??"

အပ်ိဳေလးက မီးဖိုအခန္းထဲက စားပြဲခုံ အဝိုင္းအပုေလးေဘး၌ ထိုင္ေနသည္....။ ကြၽန္ေတာ့္ကို ျမင္ေတာ့ ခ်က္ခ်င္းဆိုသလို အုပ္ေဆာင္းအုပ္ထားေသာ ထမင္းဟင္းတို႔ကို ခ်က္ခ်င္း အသင့္အထားျဖင့္....။

"မစားရေသးဘူး... ေမာင့္ကို ေစာင့္ေနတာေလ..."

"ဟုတ္လား?? ေမာင္ ေတာင္းပန္ပါတယ္ကြာ...။ ဒီေန႕ နည္းနည္း ေနျမင့္သြားတယ္...။ ေမာင္က အပ်ိဳေလး စားၿပီးေနၿပီ ထင္တာ...။ အခုစားရေအာင္ေနာ္..."

ထို႔ေနာက္ အပ်ိဳေလးက ေခါင္းကိုညိမ့္လိုက္ၿပီး ကြၽန္ေတာ့္အတြက္ ပန္းကန္ထဲသို႔ ထမင္းထည့္ေပးသည္.... ။ ထို႔ေနာက္ ကြၽန္ေတာ့္ပန္းကန္ထဲသို႔ အသားဟင္းတစ္ခ်ိဳ႕ကို ပန္းကန္ထဲ ထည့္ေပးသည္....။ သူကေတာ့ တစ္ျခားသူ႕ဘက္က ပန္းကန္ထဲမွာ အသီးအ႐ြက္ေၾကာ္ႏွင့္ လက္ဖက္သုပ္ကေလးသာ ရွိေနသည္....။

အပ်ိဳေလးကေတာ့ ထုံးစံအတိုင္း ထမင္းကို ႏွစ္ကန့္ခြဲထားၿပီး ပုံမွန္ထမင္းလုတ္ကိုသာ ခြံ႕လိုက္ၿပီး အသံမထြက္ဘဲ ခပ္ဖြဖြ ဝါးေနသည္...။ ကြၽန္ေတာ္လည္း အပ်ိဳေလးကို ေငးၾကည့္ေနရင္းပင္....။

"အပ်ိဳေလး..."

"ဟမ္??"

"ေနာက္ေန႕က စ,ၿပီး အပ်ိဳေလး စားတဲ့ဟင္းပဲ လိုက္စားေတာ့မယ္ေနာ္..."

"မဟုတ္တာ... အိမ္မွာ အဘလည္း အသားစားတာပဲေလ... တကူးတကမွ မဟုတ္တာ..."

"ဒီအတိုင္း အပ်ိဳေလးစားတဲ့ ဟင္းကိုပဲ ေမာင္ စားခ်င္လို႔..."

"မဟုတ္တာ ေမာင္ရယ္...။ ေမာင္က ဟိုမွာရွိကတည္းက အသားဟင္းဆိုတာ လြတ္တယ္လို႔မွ မရွိတာ...။ ေမာင္ စားနိုင္မွာမဟုတ္ဘူး...."

"ဟင့္အင္း ေမာင္ စားနိုင္တယ္...။ ေမာင္ စားမွာမလို႔ ေနာက္ေန႕က် အပ်ိဳေလးစားမယ့္အထဲကပဲ ေမာင့္ကို ခ်န္လိုက္ေတာ့ေနာ္...."

"ဟုတ္... ေမာင္ မနက္ျဖန္ တစ္ရက္ေလာက္ေတာ့ စားၾကည့္လိုက္ေလ...။ တကယ္လို႔ အဆင္မေျပရင္ ျပန္စားေနာ္...။"

အပ်ိဳေလးက ကြၽန္ေတာ့္အတြက္ အဆင္မေျပမွာစိုး၍ စိတ္ပူၿပီး တားဖို႔ ႀကံပါသည္...။ ဒါေပမယ့္ ကြၽန္ေတာ္ စားနိုင္မွ အဆင္ေျပပါမည္...။ ေနာက္ဆို တစ္ဝိုင္းထဲ အၿမဲစားရမည့္ အေရးမွာ အသားဟင္းကို ေရွာင္သည့္အပ်ိဳေလးအေနျဖင့္ အမွန္တကယ္ပင္ အဆင္မေျပ ျဖစ္လိမ့္မည္....။ အပ်ိဳေလးကို အသားဟင္းစားဖို႔ မတိုက္တြန္းခ်င္ေတာ့... ကြၽန္ေတာ္ကိုယ္တိုင္ အသားဟင္းေရွာင္ပါေတာ့မည္....။

ကြၽန္ေတာ္ကိုယ္တိုင္ အပ်ိဳေလး ခြံ႕ေကြၽးမည့္ ထမင္းလုတ္၊ အပ်ိဳေလး ပန္းကန္ထဲမွ ထမင္းကို အၿမဲ ကြၽန္ေတာ္ စားခ်င္မိသည္...။ ကြၽန္ေတာ့္ပန္းကန္ထဲမွလည္း အပ်ိဳေလးအတြက္ တကူးတက ခ်န္ၿပီး ကြၽန္ေတာ္ အငတ္ခံၿပီး ေကြၽးခ်င္မိသည္...။ မသိပါ... ကြၽန္ေတာ္က အပ်ိဳေလးအတြက္ အမွန္တကယ္ပင္ အိမ္ေထာင္ဖက္ေကာင္းတစ္ေယာက္ ျဖစ္ခ်င္မိသည္....။

"အပ်ိဳေလး..."

"အင္း..."

အပ်ိဳေလးက ထမင္းလုတ္ကို ဖြဖြ ဝါးရင္းပင္ ကြၽန္ေတာ့္ကို ၾကည့္ကာ ထူးပါ၏...။ ကြၽန္ေတာ္လည္း အပ်ိဳေလးကို ၾကည့္ရင္းမွပင္....။

"ေမာင္... အပ်ိဳေလး နာမည္နဲ႕ အိမ္တစ္လုံးေလာက္ ဝယ္ထားမလားလို႔..."

"အိမ္??"

"ဟုတ္တယ္... ေမာင္တို႔ အိမ္ေထာင္ျပဳၿပီးတာနဲ႕ အပ်ိဳေလးကို ေမာင္ သီးသန့္ထားခ်င္မိတဲ့ စိတ္မ်ိဳးရွိတယ္...။ ဒါေပမယ့္ အပ်ိဳေလး အဆင္ေျပမွပါ... ေမာင္ အတင္းမလုပ္ပါဘူး...."

"ဟုတ္... အခုေလာေလာဆယ္ေတာ့ အဘဆီမွာ ေနမွရဦးမယ္...။ ေနာက္ၿပီး ေမာင္ ဝယ္ခ်င္ဆိုလည္း ဝယ္ထားလိုက္ေလ...။ ဥ,နာမည္နဲ႕ေတာ့ မဝယ္ပါနဲ႕...။ ေတာ္ၾကာ တစ္ခ်ိန္ခ်ိန္မွာ အေၾကာင္းတစ္ခုခုေၾကာင့္ ျပန္ၿပီး ေရာင္းရတာမ်ိဳးဆို မေကာင္းဘူးေလ....။ ေမာင္က ဒီမွာေနရတာ ပင္ပန္းလို႔လားဟင္??"

"မဟုတ္ပါဘူး... ဒီအတိုင္း ေမာင္ အပ်ိဳေလးအတြက္ အေကာင္အထည္ေဖာ္ခ်င္တာမ်ိဳး ရွိလို႔ပါ....။ အပ်ိဳေလးရွိေနဖို႔လိုတယ္... သုံးႏွစ္သုံးမိုး ကိစၥက အဲ့ေလာက္ႀကီး ေမာင့္ေခါင္းထဲ မထည့္ဘူး....။"

"ဟုတ္... ဟုတ္... အဲ့ဒါဆို ဥ,တစ္ခ်က္ စဥ္းစားလိုက္မယ္ေနာ္...။ အခုအေနနဲ႕က ေမာင့္မွာ ရွိတဲ့ ပိုက္ဆံေတြကိုလည္း ​စုထားလိုက္ေလေနာ္...။ အဲ့လိုဝယ္လိုက္တာမ်ိဳးက တစ္ခါတစ္ေလ ေငြေသ ျဖစ္တတ္တယ္...။ ကိုယ့္ေခြၽးနဲစာနဲ႕ ရထားတာ... အကုန္လုံးကို တန္ဖိုးထားေနာ္..."

အပ်ိဳေလးကေတာ့ အၿမဲတမ္းလိုလို ကြၽန္ေတာ့္အက်င့္ႏွင့္ပတ္သတ္၍ တစ္အိမ္တည္းေနၿပီး ရင္းႏွီးခဲ့သည့္ သူမို႔ အၿမဲဆုံးမေလ့ရွိသည္...။ အခုတစ္ခါလည္း ကြၽန္ေတာ့္ပိုက္ဆံမ်ား အလကား သိမ္ေကာသြားမွာေၾကာက္သည့္စိတ္ျဖင့္ ဆုံးမျပန္ေလၿပီ....။ ကြၽန္ေတာ္လည္း အပ်ိဳေလးကို တစ္ခ်က္ၾကည့္လိုက္ၿပီး..... ။

"အဲ့ဒီပိုက္ဆံေတြက ေမာင္ မပိုင္ဘူး..."

ကြၽန္ေတာ္က စားၿပီးသြားေသာ ထမင္းပန္းကန္ႏွစ္ခုလုံး ထပ္လ်က္ကိုင္ကာ ပန္းကန္ေဆးဖို႔ စဥ့္အိုးအနား သြားေလေတာ့ အပ်ိဳေလးက ေနာက္က ထပ္ၾကပ္မကြာ လိုက္ပါလာသည္... ။ ကြၽန္ေတာ္ကေတာ့ ပန္းကန္ေဆးသည့္ စဥ့္အိုးအနား ထိုင္ၿပီး ပန္းကန္ စ,ၿပီး ေဆးေနေတာ့ အပ်ိဳေလးကပါ အနားသို႔ ကပ္လာသည္....။

"ေမာင္မပိုင္ဘူးဟုတ္လား? ေမာင့္ လုပ္အားနဲ႕ ရွာထားတာ မဟုတ္ဘူးလား?? ဘယ္သူေတြ ပိုင္တာလဲ?? ေမာင္က မတရား ခံလိုက္ရတာလား??"

အပ်ိဳေလးကေတာ့ ကြၽန္ေတာ့္ကို စိတ္ပူစြာနဲ႕ပင္ အေလာတႀကီး ေမးလာေလေတာ့ ကြၽန္ေတာ့္မွာ ပန္းကန္ေဆးလ်က္နဲ႕ပင္ အပ်ိဳေလးကို ၿပဳံးၿပီး ၾကည့္လိုက္မိသည္....။ ထို႔ေနာက္ ပါးစပ္ကိုပါ ပလုတ္က်င္း၊ ဆပ္ျပာအနည္းငယ္နဲ႕ပင္ ေဆးလိုက္ၿပီး အပ်ိဳေလး ႏူတ္ခမ္းေပၚသို႔ ထိ႐ုံမွ် နမ္းရွိုက္လိုက္သည္။ ထို႔ေနာက္ ခဏတာမွ် ေပ်ာ္ဝင္ၿပီးေနာက္မွာေတာ့....။

"ခ်စ္လိုက္တာကြာ..."

"ေနပါဦး... ေမာင္ရဲ႕...။ အဲ့ဒီပိုက္ဆံက ေမာင့္ပိုက္ဆံမဟုတ္ဘူးဆိုရင္ အပ်ိဳေလးကို သုံးတဲ့ ပိုက္ဆံေတြကေရာ?? သူမ်ားပိုက္ဆံေတြလား??"

"ဟုတ္ေတာ့ ဟုတ္တယ္...။ ဒါေပမယ့္ အပ်ိဳေလး သုံးလို႔ ရပါတယ္..."

"မဟုတ္ေသးပါဘူး ေမာင္ရယ္... ဥ,ကို ေပးတဲ့ ပိုက္ဆံေတြအားလုံး ျပန္ေပးမယ္ေလ...။ သူမ်ားပိုက္ဆံေတြကို.... ေနာက္တစ္ခါ ေမာင့္မွာ မရွိရင္ မေပးေတာ့နဲ႕ေနာ္...။ ဥ,က ဒီအတိုင္း ေမာင္ေပးလို႔ ၊ ေမာင္ စိတ္မေကာင္းမွာစိုးလို႔ စုထားတာပါ....။ တကူးတကႀကီး မလိုဘူးေနာ္...."

ေနာက္ဆုံးေတာ့ ေျပာေျပာဆိုဆိုနဲ႕ပင္ ကြၽန္ေတာ့္မွာ ပန္းကန္ႏွစ္ခ်ပ္လုံး ေဆးေၾကာၿပီး ကြၽန္ေတာ့္လက္မ်ားပါ ေဆးၿပီး ေနၿပီ ျဖစ္သည္။ ထိုအခ်ိန္ထိ အပ်ိဳေလးက လက္ေပေပနဲ႕ပင္ ရွိေနသည္မို႔....။

"ကဲ... ေပး...။ စကားေတြ မ်ားမေနေတာ့နဲ႕..."

"ဟမ္?? ပိုက္ဆံလား?? ေနဦးေလ...။ ေပးမယ္ေနာ္... လက္ေဆးလိုက္ဦးမယ္..."

"ေၾသာ္...ကဲ... ဘယ္သူက ပိုက္ဆံကို ေတာင္းေနလို႔လဲ??"

"ဒါဆို ဘာကို??-"

ကြၽန္ေတာ္လည္း အပ်ိဳေလး ေမးခြန္းမ်ားကို မေျဖေတာ့ဘဲ အပ်ိဳေလးလက္ကိုသာ ဆြဲယူလိုက္သည္....။ ထို႔ေနာက္ ေရေလာင္းၿပီး ဆပ္ျပာတိုက္ကာ ခပ္ပြပြ ပြတ္ကာ လက္ေခ်ာင္းတစ္ေခ်ာင္းခ်င္းစီကို ေသခ်ာ တိုက္ခြၽတ္ေပးေနမိသည္.....။ ထိုအခ်ိန္အထိ အပ်ိဳေလးက ကြၽန္ေတာ့္ကို ေမးခြန္းမ်ားျဖင့္ ၾကည့္ေနသည္မို႔.....။

"ဘာေလးလဲကြာ?? ဒီ႐ုပ္ကေလးက ဘာျဖစ္ေနတာလဲ??"

"ဟုတ္တယ္... ေမာင္က ေမးေတာ့လည္း မေျဖဘူးေလ..."

"ေဟာ... အပ်ိဳေလးရာ...။ အခုနက ပိုက္ဆံေတြကို ေျပာတာလား?? ဟုတ္တယ္ေလ... အဲ့ဒါက ေမာင့္ပိုက္ဆံေတြမွ မဟုတ္တာ...။ ဥေဒါင္းပ်ိဳ ပိုက္ဆံေတြေလ..."

"ဟမ္??"

အပ်ိဳေလးကေတာ့ တစ္ခါတစ္ေလ ေဝးတဲ့ ေနရာမ်ိဳးမွာ ႏွစ္ေယာက္မရွိေတာ့...။ ကြၽန္ေတာ္လည္း အခုထက္ထိ နားမလည္နိုင္ေသးသည့္ အပ်ိဳေလး လက္ကို ေရေဆးၿပီးသည္ႏွင့္ တစ္ခ်က္မွ် ကိုက္လိုက္ၿပီး....။

"ဟာကြာ... စိတ္မရွည္ေတာ့ဘူးေနာ... ဥေဒါင္းပ်ိဳဆိုတာ ေမာင့္ အပ်ိဳေလးကို ေျပာတာ... ထပ္မေမးေတာ့နဲ႕..."

"အဲ့ဒါ ဥ,ပိုက္ဆံ​ဆို ေမာင့္ပိုက္ဆံလည္း ဟုတ္တယ္ေလ...။ ဒါကို ဘာလို႔ ေမာင့္ပိုက္ဆံ မဟုတ္ဘူးလို႔ ေျပာတာလဲ??"

"ဟုတ္ပါၿပီကြာ... ေမာင္ မွားတယ္...။ နံနက္က ေပးလိုက္တဲ့ ငါးေထာင္ေရာ ကုန္သြားၿပီလား??"

"မကုန္ေသးဘူး..."

"ကုန္ေအာင္သုံးလို႔ ေျပာထားတယ္ေလ...."

"ေမာင္ကလဲ ဥ,က ဝယ္စားေလ့မွ မရွိတာ...။"

"Ok... ေနာက္ေန႕မွ ေမာင္ဝယ္ေကြၽးမယ္... ကုန္ေအာင္ စားရမယ္ေနာ္..."

"ဟာ... ဘယ္လိုကုန္မွာလဲ? ေနပါေစ... အိမ္မွာ အဘဆီက မုန့္ဘူးေတြေတာင္ မကုန္တာကို...."

"မရဘူး ကုန္ေအာင္ စားရမယ္...။ မကုန္ရင္ အပ်ိဳေလးကို ေမာင္က စားမွာ..."

"အပ်ိဳေလးက စားမေကာင္းဘူး ေမာင္ရဲ႕..."

"ဟုတ္လား? ေကာင္းမေကာင္း ဒီည ျမည္းၾကည့္မွ..."

"......"

"အင္းပါ မစ,ေတာ့ပါဘူး....ဥ,ရယ္..."

မသိသင့္ေသာ အရာေတြ....

ညေန ၃နာရီ...။

"အပ်ိဳေလး... ေမာင္ အေနာက္ဘက္ စိုက္ခင္းထဲက အ႐ြက္ေတြ ခူးလာမယ္ေနာ္..."

"ဟုတ္...."

ထို႔ေနာက္ ေမာင္ကေတာ့ သူ႕လက္ထဲမွ ဖုန္းကို ကြၽန္ေတာ့္ေဘးနားက ခုံေပၚမွ ထိုင္ၿပီး ထားခဲ့ကာ အျပင္ဘက္သို႔....။ ကြၽန္ေတာ္လည္း ဥပုတ္သည္မ်ားအတြက္ ကုသိုလ္ျပဳဖို႔ အ႐ြက္သုပ္ဖို႔ စီစဥ္ေနသည္....။ အ႐ြက္သုပ္ဖို႔ လိုအပ္သည့္ ပါဝင္ပစၥည္းမ်ားကို ျပင္ဆင္ေနတုန္း ရွိေသးသည္... ခုံေပၚမွ သီခ်င္းသံႏွင္အတူ တုန္ရီလာေသာ ေမာင့္ဖုန္းေၾကာင့္.... ကြၽန္ေတာ္လည္း ေမာင့္သြားသည့္ စိုက္ခင္းဘက္ကို တစ္ခ်က္ၾကည့္ၿပီး အေရးႀကီးးည့္ ဖုန္းမ်ား ျဖစ္ေနမလားဟူ၍....။

📱>>>>

"Hello..."

"Hello... Tikar... Jessica."

Jessica? Jessica Tikarဆိုတာ...
မ်က္လုံးထဲ ျမင္လာသည့္ ကေလးတစ္ေယာက္ႏွင့္ နိုင္ငံျခားသူ တစ္ေယာက္...။ေနာက္ၿပီး အသံက Foreigner အမ်ိဳးသမီး တစ္ေယာက္၏ အသံပင္ ျဖစ္သည္...။

"Hay...  Do you know where I am?? Surprise! !"

တစ္ဖက္မွ အသံကေတာ့ သြက္လက္စြာနဲ႕ပင္ အခုဘယ္ေရာက္ေနတယ္ ထင္လဲ?? အံ့ၾသသြားလား?? အသံမ်ိဳးစုံထြက္လာေပမယ့္ ကြၽန္ေတာ္ ဖုန္းကို ခ်လိဳက္ၿပီး ထိုအဝင္ call logကို ဖ်က္ကာ မီးဖိုအခန္းေရွ႕မွ စဥ့္အိုးမ်ားရွိရာသို႔ ပန္းကန္ေဆးေနသည့္ အသြင္ျဖင့္.... ။

ခဏအၾကာမွာေတာ့ ေမာင္က လက္ထဲ ဟင္း႐ြက္အမ်ားႀကီးနဲ႕ပင္ ျပန္လာၿပီး စားပြဲေပၚမွ ဖုန္းသံကို ၾကာေလေတာ့ အ႐ြက္ကို ျခင္းတစ္လုံးထဲသို႔ ထည့္ကာ....။

📱>>>

"Hello..."

"..........."

တစ္ဖက္က ထိုအမ်ိဳးသမီး၏ အသံျဖစ္ပါလိမ့္မည္... ေမာင္က ေသခ်ာေပါက္ ကြၽန္ေတာ့္ကို ေငးၾကည့္ေနပါလိမ့္မည္...။.ကြၽန္ေတာ္လည္း ေက်ာခိုင္းထားၿပီး ၿငိမ္သက္ေန​တာက ေမာင့္ကို အနည္းငယ္ စိတ္မသန့္သလို ျဖစ္ေစမွာစိုးတာေၾကာင့္ ေဆးၿပီးသား ပန္းကန္မ်ားကို ကိုင္ကာ မီးဖိုးအခန္းထဲသို႔ အပြင့္လင္းဆုံး အၿပဳံးျဖင့္ ၿပဳံးကာ ဝင္ေရာက္မိသည္.... ။

ထင္သည့္အတိုင္း ဖုန္းေျပာသည့္ေနသည့္ ေမာင္ကေတာ့ ကြၽန္ေတာ့္ကို တစ္ခ်က္ေငးၾကည့္ေနသည္....။ ကြၽန္ေတာ္လည္း ေမာင့္ကို တစ္ခ်က္ၾကည့္ၿပီး ၿပဳံးကာ အံ့ၾသေနသည့္ အေနအထားျဖင့္ပင္....။

"ေမာင္... ဖုန္းလာေနတာလား? ဥ, ပန္းကန္ေဆးေနတာကို စိတ္ေရာက္ေနလို႔ မသိလိုက္ဘူး...။"

ဘယ္သူ႕ဆီက လာလဲလို႔ တကူးတက ေမးမေနေတာ့ပါ...။
ကြၽန္ေတာ္သိသည့္ အမွန္တရားအတိုင္း ေမာင္ေသခ်ာ မေျဖနိုင္ခဲ့လွ်င္ ကြၽန္ေတာ့္၏ ၿငိဳျငင္မႈ၊ သံသယမ်ား​က တျဖည္းျဖည္းျဖင့္ ႀကီးထြားလာမွာစိုးတာေၾကာင့္ပင္....။

Next part spoiler ~~~

"ဒဂ္ါးက တကယ္ႀကီး ေပ်ာက္ေနတာလား?? ဒါနဲ႕ ၿမိဳ႕က ဋီကာဆိုတဲ့ကေလးကေရာ ဘာမွမသိဘူးလား??"

"ဟုတ္တယ္... အဘက အဲ့ဒီကိစၥကို ေမးလာတယ္...။ သီတင္းကြၽတ္ပြဲေတြက စ,ေတာ့မွာ... ကိုစံဦးထိုက္... ။ အခုခ်ိန္ မမကလည္း နိုင္ငံရပ္ျခား ေရာက္ေနလို႔...။ ေနာက္ၿပီး ဋီကာကလည္း ၿမိဳ႕ကို ခဏ ေရာက္ေနတာ... ဘယ္သူ႕ကို သြားေျပာရမွန္းမသိေတာ့ဘူး...."

"ဟုတ္လား?? ေၾသာ္... စိတ္မပူပါနဲ႕...။ အဲ့ဒီကိစၥကို အဘကို အကို ခဏ ေျပာထားေပးမယ္...။ ဒီရက္ပိုင္း အဘအ​ေျခအေနကို ၾကည့္ၿပီး ႏွစ္ေယာက္သား ေဆြးႏြေးတာေပါ့...။ ေနာက္ၿပီး အကို ၾကည့္ၿပီး လုပ္ၾကည့္ပါဦးမယ္..."

"ဟုတ္ကဲ့... ကိုစံဦးထိုက္... ။ ေက်းဇူးတင္ပါတယ္...။"

"ရပါတယ္... မလိုပါဘူး...။ ဥေဒါင္းေလးသာ ဒဂ္ါးႏွင့္ပတ္သတ္ၿပီး အကိုေျပာတဲ့အတိုင္း မီးစင္ၾကည့္ကဖို႔ လိုတယ္...။ နို႔မို႔ဆို တစ္နယ္လုံးက ၿငိဳျငင္ေတာ့မွာ...။ အဓိက က အဘေပါ့....."

"ဟုတ္ကဲ့... ကြၽန္ေတာ္ နားလည္ပါတယ္... ကိုစံဦးထိုက္... ။ အဲ့ဒါေၾကာင့္ အကို႔ကို အကူအညီေတာင္းတာပါ...။ အကိုက အဘနဲ႕ အနီးကပ္ေပါင္းတာ ဆိုေတာ့ ေနာက္ၿပီး အကိုက အေတာ္ေလး ႏွံ႕စပ္ေတာ့ေလ...."

"ခဏေတာ့ မသိေအာင္ ထိန္းထားေပးလို႔ ရေပမယ့္ ေရရွည္ၾကေတာ့ အကိုလည္း ကယ္နိုင္မွာ မဟုတ္ဘူး..."

"ဟုတ္ကဲ့... ခဏေလးပဲ အကို ထိန္းထားေပးပါေနာ္...။ က်န္တာက ကြၽန္ေတာ္ ႀကံပါ့မယ္..."

"ဒါနဲ႕ ဋီကာက ၿမိဳ႕က သူ႕အစ္မကို သြားေတြ႕တာလား??"

"ဗ်ာ??"

"အယ္... ေသခ်ာေတာ့ ကိုယ္မသိဘူး....။ ဖိုးေတက ၿမိဳ႕ကို ေျမၾသဇာ သြားတယ္တာ...။ ေစ်းအနားမွာ အဲ့ကေလးကို ေတြ႕လိုက္လို႔တဲ့...။ အဲ့ဒီကေလးကို ဥေဒါင္းသူငယ္ခ်င္းဆိုၿပီး အရင္တစ္ခါေတြကတည္းက ရင္းႏွီးေနေတာ့ အဲ့ဒီက သိတာ...။ အကိုလည္း သူေျပာမွ ဋီကာ ၿမိဳ႕ေရာက္ေနမွန္း သိတာ...."

".........."

Note:
This is a book.
ႆစ္(စ) အစ္(စ) ေအ ဘုတ္(ခ)
ႆစ္စအစ္စေအဘုတ္ခ
အကိုေတာ္ရဲ႕ E skill😂

___________________________________________

ကိုယ္မထင္ခဲ့ဘူး...
ဒီလို သိမ္းမည့္ဇာတ္လမ္း...

Still strong.
Take care and safe guys.
With fully thz,love and respects.
Sun/12/Sep/2021:20:40PM

Continue Reading

You'll Also Like

1.5M 96K 73
💦 ကျေးလက်တောရွာ ပုံစံလေးပါ။ M preg ကြိုက်သူများ ၊ Transmigrated type ကြိုက်သူများအတွတ်... 💦 Start date. ..28.5.2022 End date.... 29.7.2022
486K 11.7K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
338K 35.3K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
30K 1.2K 27
"ကိုကို့ ရဲ့ တာဝန် တာဝန် ဆိုတာတွေကြားထဲ ​မောင့် ကိုလဲ တာဝန်အရတော့ နဲနဲ ဖြစ်ဖြစ် လွမ်းပေးရင် ကျေနပ်ပါတယ် ဗျာ" "ကိုကို႔ ရဲ႕ တာဝန္ တာဝန္ ဆိုတာေတြၾကားထဲ...