Rebirth on the Doors to the C...

Door _Ccally_

528K 73K 2.6K

I don't own this story and all credit to the author(s) and english translator(s)!!! Meer

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16.1
Chapter 16.2
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 30
Chapter 31_1
Chapter 31_2
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Extra 1
Extra 2
Extra 3

Chapter 29

6.2K 1K 24
Door _Ccally_

Unicode

ရန်ရှင်းရှင်း၏ဗိုက်မှာ တစ်နေ့တခြား ပို၍ပင်ကြီးလာ‌လေသည်။သူမသည် စတူဒီယိုသို့ တစ်ခါတရံ လာရောက်ကူညီ‌နေဆဲဖြစ်‌သော်လည်း ယွီသုံနှင့်ရှန်းရှောင်ယွဲ့မှာမူ သူမအား လှည့်ပတ်သွားလာခွင့်ပေးရန် တွန့်ဆုတ်လာကြသည်။

ထို့ကြောင့် ယွီသုံနှင့်ရှန်းရှောင်ယွဲ့သည် စတူဒီယိုတွင်သာ ပို၍ကြာရှည်စွာ နေထိုင်လာကြသည်။

ထို့ပြင် ဒါရိုက်တာလော့၏သမိုင်းဇာတ်လမ်းတွဲ‌ကြောင့် စတူဒီယိုသည် အသံသွင်းလုပ်ငန်းအား အချိန်ပိုဆင်းကာ လုပ်ကိုင်နေကြရသည်။ယွီသုံသည်လည်း နန်းတွင်းသူနေရာ၌လည်းကောင်း၊မိန်းမစိုးနေရာ၌လည်းကောင်း၊တစ်ခါတစ်ရံ ရံရွှေတော်နေရာ၌လည်းကောင်း ဝင်‌ရောက်၍ အသံသရုပ်ဆောင်ပေးနေရသည်။

ည၁၀နာရီနီးပါးရှိနေပြီဖြစ်သောကြောင့် ရန်ရှင်းရှင်းသည် ညစာစားရန်အတွက် သူမ၏သူငယ်ချင်းများကို ‌ခေါ်လိုက်သည်။

အစာစားနေစဉ်၌ ယွီသုံသည် ရှန်းရှောင်ယွဲ့ဘက်သို့လှည့်ကာ ပြောလေသည်။" နင် ရှင်းရှင်းကို အိမ်အရင်လိုက်ပို့သင့်တယ်။ငါလည်း အလုပ်ပြန်လာပြီးတော့ ခဏနားပြီးရင် စတူဒီယိုကို ပြန်လာခဲ့မယ် "

" အဲ့လိုလုပ်ဖို့မလိုပါဘူး...ဒီမှာ အိပ်ယာရှိနေတာပဲ။ငါ ဒီမှာ အိပ်လို့ရပါတယ် "သူငယ်ချင်းဖြစ်သူများသည် အလုပ်ကြိုးကြိုးစားစားလုပ်နေသည်ကို ရန်ရှင်းရှင်းမြင်လေသည်။ထို့ကြောင့် သူမ အနည်းငယ်စဉ်းစားကာ ပြောလိုက်သည်။" ဒါမှမဟုတ်လည်း အသံသွင်းတာကို ဆက်လုပ်ပေးလို့ရတယ်လေ...အဲ့တာက အားသုံးပြီးလုပ်ရတာမှ မဟုတ်ပဲနဲ့ "

" အားသုံးပြီးမလုပ်ရလည်း ခန္ဓာကိုယ်က ပင်ပန်းတာပဲ "ယွီသုံက ချေပပြောလိုက်သည်။

" ဇာတ်ပို့အခန်း‌တွေကို သရုပ်ဆောင်ပေးလို့ရပါတယ်။ငါ ဇာတ်ညွှန်းဖတ်ကြည့်ပြီးပြီ...ခံစားချက်ပြင်းတဲ့အခန်းတွေ သိပ်မပါပါဘူး "ငါ အသံကို နည်းနည်းပြောင်းလိုက်ရုံလေးတင်ပါပဲ။ဒါဆိုရင် နင် အလုပ်ဆင်းတဲ့အချိန် စတူဒီယိုကို ပြန်လာစရာလည်း မလိုတော့ဘူးလေ "

" သူပြောတာ ဟုတ်သားပဲ...နင် ည၂နာရီအလုပ်ဆင်းပြီးတော့ စတူဒီယိုကိုပြန်လာနေရင် အိပ်ချိန်ရှိမှာ မဟုတ်တော့ဘူး "ရှန်းရှောင်ယွဲ့မှ အစာအစာများကို အငမ်းမရမျိုချနေရင်း ပြောလေသည်။

" အဲ့တာတွေထက် ရှဖန်က ကူရှန်ကနေ ဒီ‌နေ့ပြန်လာမှာမလား?နင် အိမ်ပြန်နောက်ကျနေရင် သူ စိတ်ပူနေလိမ့်မယ် "ရန်ရှင်းရှင်းကလည်း အတင်းအကျပ်တိုက်တွန်းပြောဆိုလေသည်။

" နင် တစ်ကယ် မပင်ပန်းတာဟုတ်ရဲ့လား? "ယွီသုံသည် အနည်းငယ်စိုးရိမ်နေဆဲဖြစ်သောကြောင့် ရန်ရှင်းရှင်း၏ဗိုက်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

" ကျေးလက်ဒေသက လူတွေဆိုရင်လည်း ကိုယ်ဝန်ဆောင်ရင်းနဲ့ အလုပ်လုပ်နေကြတာပဲ။နင်‌ပြောတဲ့ပုံက ငါက ဖန်သားနဲ့ လုပ်ထားတာကျနေတာပဲ "

" ကျေးလက်‌ဒေသက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က သန်မာတယ်။သူတို့က မျက်တောင်တချက်မခတ်ဘဲနဲ့တောင်မှ ကြက်တွေ၊သိုးတွေကို သတ်နိုင်တယ် "ရှန်းရှောင်ယွဲ့မှ ခွန်းတုံ့ပြန်လိုက်သည်။

" ငါလည်း ကျေးလက်ဒေကပါ။ဒါပေမယ့် ကြက်တွေ၊သိုးတွေကို‌တော့ ဘယ်တုန်းကမှ မသတ်ဖူးပါဘူးဟယ် "ယွီသုံသည် ရှန်းရှောင်ယွဲ့အား အထူးတဆန်းကြည့်ကာ ပြောလိုက်သည်။

" Oh...‌နင်လည်း ကျေးလက်ဒေသကလာတယ်ဆိုတာ ငါလုံး၀မေ့သွားတယ်။နင်ရဲ့ ရည်မွန်ကျော့ရှင်းတဲ့ ပုံပန်းသွင်ပြင်က လုံးဝကို မျက်စိမှားစေတာကို "ရှန်းရှောင်ယွဲ့က အလွန်အမင်းချဲ့ကားပြောလေတော့သည်။

" ထွက်သွားလိုက်တော့! "ထိုသို့ပြောပြီး ယွီသုံရယ်လေတော့သည်။

ရှန်းရှောင်ယွဲ့နှင့်ရန်ရှင်းရှင်းသည်လည်း သူမနှင့်အတူ လိုက်ရယ်ကြသည်။

" ငါတို့ ဒီအလုပ်ပြီးတဲ့အချိန်ဆိုရင် နှစ်သစ်ကူးရောက်နေလောက်ပြီ...ငါ နင်တို့ကို အန်ပေါင်းပေးမယ်နော် "ထိုအခိုက် ရှန်းရှောင်ယွဲ့က ထပြောလေသည်။

" သူဌေးမကြီး စာအိတ်ထဲမှာ ဘယ်လောက်ထည့်ပေးမှာလည်း? " ယွီသုံ မျက်ခုံးပင့်ပြပြီး မေးလိုက်သည်။

ရန်ရှင်းရှင်းသည်လည်း အပြံးကြီးပြုံးကာ ရှန်းရှောင်ယွဲ့အား ကြည့်နေလေသည်။

" ငါက နင်တို့ကိုဘယ်လိုလုပ်ပြီး ညှင်းပန်းနှိပ်စက်ရဲပါ့မလည်း? "ရှန်းရှောင်ယွဲ့သည် လက်နှစ်ချောင်းထောင်ကာ ပြောသည်။" တစ်ယောက်ကို ယွမ်၂‌သောင်းဆီရမယ် "

" နင်က ဟွမ်ရှီရန်လား?ဒီလောက်ငွေတွေဝင်နေတာကို ယွမ်၂သောင်းဆီပဲပေးမယ်ပေါ့ "ယွီသုံ စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။

( Note...ဟွမ်ရှီရန်က White Haired Girlလို့ခေါ်တဲ့ တရုတ်အော်ပရာဇာတ်လမ်းတွဲထဲက ကပ်စေးနှဲတဲ့သရုပ်ဆောင်နာမည်ပါတဲ့ )

" အန်ပေါင်း...အဲ့တာက အန်ပေါင်းပဲလေ "ယွီသုံနားလည်မှုလွဲနေသည်ဟု ရှန်းရှောင်ယွဲ့ထင်သောကြောင့် အမောတကြီးရှင်းပြလေသည်။" နှစ်ကုန်ရင် တစ်ယောက်ကို အမြတ်ဝေစုရဲ့၂၀%ဆီလည်း ပေးဦးမှာလေ "

" ၂၀%က မများဘူးလား? "သူမသည် မည်သည့်အလုပ်မှ သိပ်မလုပ်ရဟု ခံစားမိသောကြောင့် ထိုစကားကိုကြားသည့်အခါ ရန်ရှင်းရှင်းသည် လိပ်ပြာမသန့်သလို ခံစားရလေသည်။

" သေချာပါက် မများပါဘူး...ငါရဲ့တာဝန်က စာချုပ်ချုပ်ဆိုန်ိုင်ဖို့ ဖြစ်ပြီးတော့၊အသံသွင်းတဲ့အလုပ်အများစုကို နင်က လုပ်ရတယ်...ရှောင်ယွဲ့ကတော့ ကုမ္ပဏီမှာ စာရင်းသွင်းရုံပဲလေ "ယွီသုံက အကျိုးသင့်အကြောင်းသင့် ရှင်းပြလေသည်။

" ဟုတ်တယ် "ရှန်းရှောင်ယွဲ့ကလည်း ယွီသုံ၏စကားများကို မငြင်း‌ဆိုပေ။

ရှန်းရှောင်ယွဲ့သည် ကုမ္ပဏီ၌ စာရင်းသွင်းသည့်အလုပ်ထက် ပိုသည့်အလုပ်များ လုပ်ကိုင်ရသည်ကိုလည်း ရန်ရှင်းရှင်းသိသည်။‌၎င်းသည် သူမ စိတ်ရှင်းရှင်းနှင့် အမြတ်၂၀%ကို ယူနိုင်စေရန် ယွီသုံမှ ဆင်ခြေပေးခြင်းသာဖြစ်‌လေသည်။

ရန်ရှင်းရှင်း၏မျက်လုံးများ နီရဲလာသည်။ထိုကဲ့သို့သော သူငယ်ချင်းကောင်းများနှင့် တွေ့ဆုံခဲ့ရခြင်းသည် သူမ၏ဘဝအတွက် ကံအကောင်းဆုံးဆုလာဘ်တစ်ခုဖြစ်ကြောင်း ခံစားမိသည်။

အစာစားပြီးသည့်နောက် ကျန်လူအားလုံးသည် အလုပ်ပြန်လုပ်နေကြပြီဖြစ်သဖြင့် ယွီသုံ စတူဒီယိုမှ ထွက်လာခဲ့သည်။

...

ရေဒီယိုအသံလွှင့်ရုံသို့ သွားရမည့်လမ်းသည် အနည်းငယ်ဝေးကွာလှသည့်အပြင် မိုးကလည်းရွာနေသည်။ထို့ကြောင့် ယွီသုံသည် ယနေ့၌ ပို၍ပင်သတိထား၍ ကား‌မောင်းရမည်ဖြစ်‌သော‌ကြောင့် ပုံမှန်ထက် မိနစ်၂၀ခန့်စောကာ ထွက်လာခဲ့သည်။ကံကောင်းစွာဖြင့် ညအချိန်၌ ကားမရှုပ်သောကြောင့် လမ်းလည်းမပိတ်‌ပေ။သူမ ရေဒီယိုအသံလွှင့်ရုံသို့ တိုက်ရိုက်ထုတ်လွှင့်မှုမစတင်ခင် ၁၀မိနစ်အလို၌ အချိန်မှီရောက်လာသည်။

ယွီသုံလည်း တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အလျင်အမြန်ပြင်ဆင်လိုက်ပြီးနောက် အစီအစဉ်မစတင်ခင် မိနစ်ပိုင်းအလို၌ ရှဖန်အားဖုန်းခေါ်လိုက်သည်။

" ရှင် ဘယ်မှာလည်း? "

" ကိုယ် ရှန်ဟိုင်းကို ဝင်လာနေပြီ "

" ဘယ်အချိန်လောက် အိမ်ပြန်ရောက်မှာလည်း? "

" နောက်ထပ်တစ်နာရီလောက်ဆိုရင်တော့ သေချာ‌ပေါက်ရောက်လောက်ပါပြီ "

" ဒီနေ့ည လမ်းတွေက အရမ်းချော်တယ်...ဖြည်းဖြည်းမောင်းခဲ့နော် "ယွီသုံ စိုးရိမ်ပူပန်စွာဖြင့် ‌ပြောလိုက်သည်။

" ဟုတ်ပါပြီကွာ "ထို့နောက် ရှဖန်သည် နာရီကိုလှမ်းကြည့်ကာ ယွီသုံအား ပြောလိုက်သည်။" မင်း တိုက်ရိုက်ထုတ်လွှင့်ရမယ့်အချိန် ရောက်တော့မှာပဲ...ကိုယ်ဖုန်းချလိုက်တော့မယ်...မင်းရဲ့အစီအစဉ်ကို ကိုယ်နားထောင်နေမယ်နော် "

" ကောင်းပြီလေ... "သူမ ဖုန်းချရန်ပြင်လိုက်ဆဲမှာပင် ဖုန်းတစ်ဖက်ဆီမှ ကျယ်‌လောင်လှသည့်အသံတစ်သံကို ကြားလိုက်ရသည်။

ယွီသုံလည်း ရုတ်တရက် ထိတ်လန့်သွားပြီး ရှဖန်အား အလောတကြီး အော်ခေါ်‌ကာ‌မေးလိုက်သည်။" ရှဖန်...ဘာအသံလည်း? "

ရှဖန်လည်း ကားဘရိတ်ကို အလျင်အမြန်အုပ်လ်ိုက်ပြီး သူ၏အရှေ့မှ ထိုမြင်ကွင်းကို နားမလည်နိုင်စွာဖြင့် ငေးမောကြည့်နေမိသည်။

" ရှဖန်...ရှဖန်...ရှင် အဆင်ပြေရဲ့လား?ဘာဖြစ်တာလည်း? "တစ်ဖက်မှ ပြန်လည်မဖြေကြားသောအခါ သူမ ပို၍ပို၍ပင် ‌‌အော်ဟစ်မေးလေ‌တော့သည်။

" ကိုယ်အဆင်ပြေပါတယ် "နောက်ဆုံး၌ ရှဖန်သည် ကိုယ့်ကိုယ်ကို ထိန်းချုပ်၍ ပြန်လည်ဖြေကြားလိုက်သည်။" ကိုယ်ရှေ့မှာ ဘတ်စ်ကားတစ်စင်းမှောက်သွားလို့ ကိုယ်သွားကြည့်လိုက်ဦးမယ်...ဖုန်းအရင်ချလိုက်တော့မယ်နော် "

" ဘယ်လို...?ဟယ်လို?ဘတ်စ်ကားမှောက်တယ်?ရှင်‌ရော ဘာဖြစ်သွားသေးလည်း? "ဖုန်းအားဆုပ်ကိုင်ထားရန် ယွီသုံ အလွန်အမင်း ‌ကြောက်ရွံ့နေလေသည်။

" မင်း ဘာလုပ်နေတာလည်း...ယွီသုံ?အချိန်ကျနေပြီ "သူမ ထုတ်လွှင့်မှု မစတင်သေးကြောင်းကို စီနီယာယွီက သတိထားမိပြီး သူမအားသတိပေးရန် အသံသွင်းသည့်အခန်းထဲသို့ ဝင်လာလေသည်။

" Oh...လုပ်လေ "

ရှဖန်သည် ဖုန်းကိုင်၍ သူမအား ပြန်လည်ဖြေကြားနိုင်ကတည်းက သူအဆင်ပြေ‌ကြောင်း ယွီသုံမှန်းဆလိုက်သည်။

ကူရှန်နှင့်ရှန်ဟိုင်းအား ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီး‌ပေါ်တွင် ဘတ်စ်ကားကြီးတစ်စင်းသည် လမ်း‌ချော်နေသည့်အတွက် ‌ဘေးတိုက်တိမ်း‌မှောက်သွားသည်။

ပြတင်းပေါက်မှန်တစ်ခုလုံး ကျိုးပဲ့သွားပြီး ခရီးသည်အများစုသည် ဘတ်စ်ကားပေါ်မှ လွင့်ကျသွားကြသည်။မြင်ကွင်းသည် လုံး၀ တုန်လှုပ်ချောက်ချားဖွယ်အတိပင် ဖြစ်သည်။

ရှဖန်လည်း အရေးပေါ်ကားရပ်နားရန်နေရာ‌၌ သူ၏ကားကိုထိုးရပ်လိုက်ကာ ဘတ်စ်ကားဆီသို့ပြေးကြည့်ပြီးနောက် အရေးပေါ်ကားကိုဖုန်းဆက်ခေါ်၍ ရဲကိုလည်း အကြောင်းကြားလိုက်သည်။

ထို့နောက် ဘတ်စ်ကားပေါ်မှလွင့်ကျလာသည့် လူများကို အရင်စစ်ဆေးကြည့်လိုက်သည်။တစ်ချို့မှာ သတိရလျက်ရှိကြပြီး တစ်ချို့မှာ မေ့မြောနေကြသည်။အများစုမှာ အရိုးကျိုးသွားကြပြီး မတ်တပ်ပင်မရပ်နိုင်ကြပေ။

ဒဏ်ရာအ‌သေးစားသာရရှိသူများသည် မိမိသဘောဆန္ဒအရ ထ၍ ဘတ်စ်ကားထဲရှိ ကျန်ရှိနေသူများကို အကူအညီပေးကြသည်။

ဒဏ်ရာများကို ကြည့်ရှုပေးနေရင်း ရှဖန်သည် ဖြတ်သွားသည့်ကားများကို လိုက်လံကြည့်ရှုနေလေသည်။မနက်‌စောစောရှိသေးသည့်အတွက် ‌ခေါ်ဆောင်ထားသည့် လူနာတင်ယာဉ်နှစ်စီးမှလွဲ၍ ကားများဖြတ်မသွားကြပေ။

ထိုဘတ်စ်ကားပေါ်တွင် ကား‌မောင်းသူအပါအဝင် လူပေါင်း၅၄ယောက်ဆံ့လိမ့်မည်ဟု ရှဖန် ခန့်မှန်းတွက်ချက်လိုက်သည်။သူ၏အတွေးထဲ၌ ထိုလူဦး‌ရေကို ဆေးရုံသို့ မည်ကဲ့သို့ပို့ဆောင်ရမည်နည်းဟုသာ တွေးနေမိသည်။

" ကူညီကြပါ "

" ကျွန်တော့ခြေထောက်က ရွှေ့လို့မရတော့ဘူး "

" ကျွန်မရဲ့ကလေး...ကျွန်မရဲ့ကလေးကို ကယ်ပေးကြပါ "

ရှဖန်လည်း ငိုယိုနေသည့်အသံကို ကြားလိုက်ရ‌ပြီးနောက် ကလေးချီထားသည့် မိခင်တစ်ဦးထံသို့ ပြေးသွားလိုက်သည်။ထို့နောက် ထိုအမျိုးသမီးစိတ်သက်သာရာရစေရန် ပြောလိုက်သည်။" ကလေးကို မြေပြင်ပေါ်ခဏချထားပေးပါ...ကျွန်တော်ကြည့်ပေးပါ့မယ် "

ထိုမိခင်ဖြစ်သူလည်း ကလေးအား အလျင်အမြန်ချထားပေးလေသည်။

ရှဖန်လည်း ကလေးဖြစ်သူကို စစ်ဆေးကြည့်လိုက်သည့်အခါ ကလေးသည် နဖူးမှသွေးများ စိမ့်ထွက်နေပြီး သတိလစ်နေသည်။အပြင်ပန်းအရကြည့်ရလျှုင် ဘတ်စ်ကားတိမ်းမှောက်သည့်အချိန်၌ ကလေးငယ်၏ဦးခေါင်းသည် တစ်ခုခုနှင့်ရိုက်မိသွားပုံရသည်။သို့သော် ကလေးဖြစ်သူ၏အခြေအနေကို တိတိကျကျဆုံးဖြတ်ရန် သူ့တွင် လိုအပ်သည့်ကိရိယာများ မရှိပေ။

" သူ့ကိုမြေပြင်‌ပေါ်မှာပဲချထားပြီးတော့ မရွေ့ပါနဲ့နော်...လူနာတင်ကားလာတဲ့အထိ စောင့်ပါဦး "ရှဖန် ကလေးအမေဖြစ်သူကို ပြောလိုက်သည်။

ထိုမိခင်ဖြစ်သူမှာလည်း ငိုရှိုက်ရင်း ခေါင်းငြိမ့်ပြလေသည်။

ထို့နောက် ရှဖန်လည်း မတ်တပ်ရပ်၍ ဆေးအိတ်ယူရန် ကားဆီသို့ ပြေးသွားသည်။ဆေးအိတ်ယူပြီး ဘတ်စ်ကားဆီသို့ လှည့်လာသည့်အခိုက် ရှဖန်ရုတ်တရက် နားလည်လိုက်သည်မှာ လူအများအပြားသည် ဒဏ်ရာရနေပြီး လူနာတင်ကားတစ်စင်းတည်းဖြင့် လူတိုင်းလူတိုင်းအား ‌ဆေးရုံသို့ ချက်ချင်းပို့ရန်မှာ မဖြစ်နိုင်ကြောင်းပင်ဖြစ်သည်။

ရှဖန် တုံ့ဆိုင်းသွားပြီးနောက် ကားတံခါးကိုဆွဲဖွင့်လိုက်သည့်အချိန် ရေဒီယိုမှ သီချင်းတစ်ပုဒ်လာနေသည်ကို ကြားလိုက်ရသည်။

ထိုအခိုက် ရှဖန်သည် ဖုန်းထုတ်၍ ယွီသုံကို ဖုန်း‌ခေါ်လိုက်သည်။

ယွီသုံမှာ စိတ်ပူပန်နေဆဲဖြစ်သောကြောင့် ရှဖန်ဖုန်းခေါ်လာသည်ကို မြင်သောအခါ သူမသည် အစီအစဉ်အား တိုက်ရိုက်ထုတ်လွှင့်နေသော်လည်း ချက်ချင်းပင် ဖုန်းပြန်ဖြေလိုက်သည်။" ရှဖန် "

" ယွီသုံ...ကိုယ်အခု XXအဝေးပြေးလမ်းမရဲ့ XXအပိုင်းမှာ "ရှဖန် အနီးရှိ လမ်းအမှတ်အသားကိုကြည့်ကာ ‌ဆက်ပြောလိုက်သည်။" ဒီမှာ ဘတ်စ်ကားမှောက်လို့ လူပေါင်း၅၀ကျော်လောက် ဒဏ်ရာရထားကြတယ်။အခုချိန်မှာ ဖြတ်သွားတဲ့ကားတွေကလည်း သိပ်မရှိသေးတဲ့အပြင် အပြင်းအထန်ဒဏ်ရာရထားတဲ့သူတွေကိုလည်း အချိန်မှီဆေးရုံပို့ဖို့ လူနာတင်ကားကမလုံလောက်ဘူး "

" ရှင်ရော ထိခိုက်မိသေးလား? "

" ကိုယ် အဆင်ပြေပါတယ် "

" ရှင်လိုအပ်တဲ့ ကားတွေအားလုံးကို ကျွန်မခေါ်ပေးမယ် "ယွီသုံဖုန်းမချသေးပဲ ထုတ်လွှင့်နေသည့်သီချင်းကို ရပ်ဆိုင်းလိုက်ပြီးနောက် လေးနက်သည့်အသံဖြင့် စကားစတင်ပြောဆိုလိုက်သည်။" နားထောင်သူမိတ်ဆွေအပေါင်းတို့ရှင့်...Fish Jellyရဲ့ အရေးပေါ်သတင်းစကားကို အာရုံစိုက်ပေးကြပါဦး "

" ကူရှန်ကနေ ရှန်ဟိုင်းကိုလာတဲ့ XXအဝေးပြေးလမ်းမရဲ့ XXအပိုင်းမှာ လမ်းချော်ပြီးတော့ ဘတ်စ်ကားတစ်စီးတိမ်းမှောက်သွားပါတယ်။ဒဏ်ရာရတဲ့သူကလည်း ၅၀ကျော်လောက်ရှိနေတဲ့အပြင် တစ်ချို့က ချက်ချင်းဆေးကုသဖို့လိုနေပါတယ်ရှင့်။အဲ့ဒီလူတွေကို အလျင်အမြန်ကယ်ဆယ်ဖို့ နီးစပ်ရာအဖွဲ့အစည်းတွေက ကယ်ဆယ်ရေးကားတွေ လိုအပ်နေပါတယ်တဲ့ "

သူမ ထိုအကြောင်းအရာကို ဆက်တိုက်၃ကြိမ်ခန့် ကြော်ငြာလိုက်သည်။

" အကယ်၍ နားဆင်နေတဲ့ပရိတ်သတ်တွေထဲမှာ ကားဒါရိုက်ဘာတွေပါခဲ့ရင် ဒီညမှာ အသက်တွေကယ်ဖို့အတွက် အဝေးပြေးလမ်းမကြီးဆီကို သွားပေးကြပါဦးနော် "

လူမည်မျှက သူမ၏အသံကိုကြားပြီး ကူညီကြလိမ့်မည်ကို ယွီသုံမသိပေ။သူမ၏တိုးတက်လာသည့်နားထောင်နှုန်းက အကူအညီပေးနိုင်လိမ့်မည်ဟုသာ မျှော်လင့်နေမိသည်။

ရေဒီယိုမှသာမကပဲ တက္ကစီချန်နယ်လ်ကပါ သတင်းကြားသိကြသည့် ယာဉ်မောင်းသူအများအပြားသည် ခရီးသည်များတင်ဆောင်ကာပြေးဆွဲနေခြင်းကို ရပ်ဆိုင်းပြီး အကူအညီပေးရန် သွားကြလေ‌တော့သည်။

[ ငါ သွားနေပြီ! ]

[ နီးလာပြီ! ]

[ လူတွေအများကြီးရှိနေတဲ့ ဘတ်စ်ကားကို မြင်နေရပြီ ]

စာများကို အပေါ်အောက်ဆွဲကြည့်ရင်း ယွီသုံ၏ရင်ထဲ ထိသွားလေသည်။

" ယွီသုံ...ကားတွေအများကြီး ရောက်လာကြပြီ "တက္ကစီအများအပြား‌ရောက်လာသည်ကို ကြည့်ကာ ရှဖန်ပြောလိုက်သည်။" ‌ကျေးဇူးတင်ပါတယ် "

ရှဖန်လည်းဖုန်းချပြီးသည့်နောက် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ရန် စုစည်းလိုက်သည်။ဒဏ်ရာပြင်းထန်သူများကို Sanjiaဆေးရုံသို့ ပို့ဆောင်ပြီး အသေးစားဒဏ်ရာရရှိသူများကို အနီးအနားရှိ‌ဆေးရုံသို့ ပို့ဆောင်လိုက်သည်။

ခဏကြာပြီး‌သောအခါ ဒဏ်ရာရရှိသူအားလုံးကို အောင်မြင်စွာဖြင့် ဆေးရုံသို့ ပို့ဆောင်နိုင်ပြီးသည့်နောက် ရဲများလည်းရောက်လာ‌သည်။

[ ဒဏ်ရာရတဲ့သူတွေအားလုံးကို ဆေးရုံကိုခေါ်သွားပြီးတော့ ကိုယ်လည်းနောက်ကနေ လိုက်လာပြီ ]

ထိုစာကိုမြင်သောအခါ ယွီသုံလည်း မိုက်ကရိုဖုန်းဘက်သို့လှည့်ကာ ပြောလိုက်သည်။" အနီးအနားမှာရှိတဲ့တက္ကစီကားမောင်းသူတွေကြောင့် ဒဏ်ရာရရှိသူတွေအားလုံးကို အောင်အောင်မြင်မြင်နဲ့ ဆေးရုံပို့ပြီးပြီလို့ ကျွန်မသတင်းရထားပါတယ်။တိမ်းမှောက်ရာနေရာကို အလောတကြီးသွားစရာ မလိုတော့ပါဘူးရှင့်။ရှင်တို့အားလုံးကိုလည်း ကျွန်မက အရမ်းကျေးဇူးတင်ပါတယ်။ပြီးတော့ အိမ်ကိုပြန်တဲ့အခါမှာလည်း သတိကြီးကြီးထားပြီး ဂရုတစိုက်နဲ့ ကား‌မောင်းကြဖို့ သတိပေးပါရစေ "

ယွီသုံလည်း သူမ၏အစီအစဉ်မပြီးဆုံးခင်အထိ ယာဉ်မတော်တဆဖြစ်ပွားမှု၏နောက်ဆုံးရရှိသည့်သတင်းများကို ဆက်လက်ပြောဆိုပေး‌နေခဲ့သည်။

အစီအစဉ်ပြီးဆုံးပြီးနောက် သူမအိတ်ကိုဆွဲယူကာ အလျင်အမြန်ပြေးထွက်လာခဲ့သည်။စီနီယာယွီမှာ သူမအား စကားပြောလိုသော်လည်း အလျင်အမြန်‌ပြေးထွက်သွားသည့် သူမ၏ပုံရိပ်ကိုသာ မြင်လိုက်ရသည်။

" ရှဖန်...ရှင် ဘယ်မှာလည်း? "ကားထဲသို့ဝင်ထိုင်ရင်း ရှဖန်အား ဖုန်းခေါ်လိုက်သည်။

" XX ဆေးရုံမှာလေ "ဖုန်းထဲမှတဆင့် ရှဖန်၏အသံတိုးတိုးကို သူမကြားနေရသည်။" ကိုယ် ဒီမှာ ဝင်ကူညီပေးနေတာဆိုတော့ ဒီနေ့့ည အိမ်ပြန်လာနိုင်မှာ မဟုတ်ဘူး "

သူမလည်း ဖုန်းချလိုက်ပြီးနောက် GPSဖွင့်ကာ ထို‌ဆေးရုံသို့ မောင်းထွက်လာခဲ့သည်။

ယွီသုံ XXဆေးရုံသို့ ရောက်လာသည့်အချိန်၌ မနက်၃နာရီခွဲ ရှိပြီဖြစ်သည်။

အရေးပေါ်ဌာနတစ်ဝိုက်တွင် သူနာပြုနှင့်‌ဆရာဝန်များသည် ပြေးလွှားနေကြပြီး ဆူညံနေလေသည်။

ယွီသုံလည်း လူနာများ၏မိသားစုဝင်များထဲသို့ဝင်ရောလိုက်ပြီး နောက်ဆုံး၌ တစ်စုံတစ်‌ယောက်ကို ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပေးနေသည့် ရှဖန်ကို သူမမြင်လိုက်ရသည်။ထိုအခါမှ ရှဖန်ကိုငေးကြည့်ရင်း စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်။ရှဖန်သည် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း ဒဏ်ရာရရှိပုံမပေါ်ပေ။

ထို့နောက် ယွီသုံသည် လူသိပ်သတိမထားနိုင်မည့် ထောင့်စွန်းတွင်ထိုင်ကာ အလုပ်ရှုပ်‌နေသည့် ရှဖန်ကို‌ စောင့်နေသည့်အချိန်၌ ကောင်းကင်တစ်ခုလုံး တောက်ပနေပြီဖြစ်သည်။

နောက်ဆုံး၌ အရေးပေါ်ဌာနတစ်ခုလုံး ငြိမ်သက်သွားပြီး လူနာများအားလုံးကိုလည်း ကြည့်ရှုစစ်ဆေးပြီးသွားပြီဖြစ်သည်။

ထို့ကြောင့် သူမလည်းဖုန်းထုတ်၍ ရှဖန်အား စာတစ်စောင်ပို့လိုက်သည်။

[ ရှင် ကူညီပေးနေတာ ပြီးပြီလား? ]

ရှဖန်‌ဆီမှပြန်စာမလာသောကြောင့် သူမခဏစဉ်းစားပြီးသည့်နောက် ထ၍ အပြင်သို့ထွက်ကာ မနက်စာဝယ်ရန် ပြင်လိုက်သည်။

သူမ ဆေးရုံအပြင်သို့ လမ်းလျှောက်လာသည့်အခိုက် ရုတ်တရက် ဖုန်းမြည်လာသည်။

" ရှဖန် "

" ကိုယ်အလုပ်ရှုပ်နေတာနဲ့ အခုမှ အိမ်ပြန်မလို့ "

" ဒါဆိုလည်းထွက်လာခဲ့လေ...ကျွန်မက ဆေးရုံအဝင်‌ပေါက်မှာ "

ရှဖန်လည်း ဖုန်းကိုင်ထားရင်း အရေးပေါ်ဌာနအဝင်ပေါက်မှ ထွက်လာခဲ့သောအခါ လေကာအကျီအ‌ဖြူရောင်ကို ဝတ်ဆင်ထားပြီး လက်ဝှေ့ရမ်းပြနေသည့် ယွီသုံကို မြင်လိုက်ရသည်။

" မင်း ဒီနေရာကို ဘာလာလုပ်တာလည်း? "ရှဖန် သူမဆီသို့ပြေးလာပြီး မေးလိုက်သည်။

" ကျွန်မ ရှင့်ကို စိတ်ပူလို့လေ "

" ကိုယ်အဆင်ပြေတယ်လို့ မင်းကို မပြောဘူးလား? "

" ကျွန်မရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မမြင်ရမချင်း အပြည့်အဝမယုံကြည်နိုင်လို့လေ။ရှင်က အဆင်ပြေတယ်ပြောပေမယ့် ချက်ချင်းဖုန်းချသွားတော့ ကျွန်မက စိတ်မပူပဲ ဘယ်လိုလုပ်နေပါ့မလည်း? "

ရှဖန် သူမကို စိုက်ကြည့်‌နေမိသည်။နားလည်ရခက်ခဲလှသောခံစားမှုသည် သူ၏နှလုံးသားထဲမှ ထိုးတက်လာပြီး ရုတ်တရက် ပါးစပ်ပင် မဟနိုင်တော့ပေ။

" ရှင် တညလုံး အလုပ်ရှုပ်နေခဲ့တော့ ဗိုက်ဆာနေမှာပဲဆိုပြီး ကျွန်မ ပဲနို့နဲ့ပေါက်စ်ီဝယ်လာခဲ့တယ် "ယွီသုံသည် ပလတ်စတစ်အိတ်အား‌မြှောက်ကာ ရှဖန်ကိုပေးလိုက်သည်။

ရှဖန်လည်း ထို့ထက်ပို၍ ထိန်းချုပ်မထားနိုင်တော့ပေ။ယွီသုံအား လှမ်းဆွဲလိုက်ပြီး သူ၏လက်မောင်းများကြား၌ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်လေတော့သည်။

" ပဲနို့က... "

ဆရာဝန်ဖြစ်လာတည်းက ရှဖန်သည် နေ့စဉ်နေ့တိုင်း နေမကောင်းခြင်းမျာ၊သေခြင်းတရားများကို ရင်ဆိုင်တွေ့ကြုံနေကြဖြစ်သည်။

တည်မြဲခြင်းမရှိသောဘဝ၏အကြောင်းကို သူ့ထက်ပို၍ မည်သူမှမသိနိုင်ပေ။သို့ရာတွင် ယခုကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေ့လာရတိုင်း သူ၏ရင်ထဲ၊အသည်းထဲမှ ကူရာကင်းမဲ့သလို ခံစားရလေသည်။

သို့သော်ငြားလည်း ယွီသုံ၏အပြုံးများနှင့်စစ်မှန်လှ‌သော စိုးရိမ်ပူပန်မှုများသည် ထိုအရာအားလုံးကို လွင့်ပါးစေပြီး နွေးထွေးမှုနှင့် ဘဝ၏အလှတရားကိုပါ ထပ်မံခံစားရစေသည်။

ဆောင်းရာသီရဲ့‌ မနက်ခင်းနေ့သစ်တွေကို တောက်ပအောင်ပြုလုပ်ပေးရင်းနဲ့ပေါ့...

>>>

T.B.C
18.9.2021

💫💫💫💫💫💫💫💫💫💫💫💫💫💫💫

Zawgyi

ရန္ရွင္းရွင္း၏ကိိုယ္၀န္မွာ တစ္ေန ့တျခား ပို၍ပင္ႀကီးမားလာသည္။သူမသည္ စတူဒီယိုသို႔ တစ္ခါတရံ လာေရာက္ကူညီ‌ေနဆဲျဖစ္‌ေသာ္လည္း ယြီသံုႏွင့္ရွန္းေရွာင္ယြဲ႔မွာမူ သူမအား သြားလာခြင့္ေပးရန္ တြန႔္ဆုတ္လာၾကသည္။

ထို႔ေၾကာင့္ ယြီသံုႏွင့္ရွန္းေရွာင္ယြဲ႔သည္ စတူဒီယိုတြင္သာ ပို၍ၾကာရွည္စြာ ေနထိုင္လာၾကသည္။

ထို႔ျပင္ ဒါရိုက္တာေလာ့၏သမိုင္းဇာတ္လမ္းတြဲ‌ေၾကာင့္ စတူဒီယို၌ အသံသြင္းလုပ္ငန္းအား အခ်ိန္ပိုဆင္းကာ လုပ္ကိုင္ေနၾကရသည္။ယြီသံုသည္လည္း နန္းတြင္းသူေနရာ၌လည္းေကာင္း၊မိန္းမစိုးေနရာ၌လည္းေကာင္း၊တစ္ခါတစ္ရံ ရံေရႊေတာ္ေနရာ၌လည္းေကာင္း ၀င္‌ေရာက္၍ အသံသရုပ္ေဆာင္ေပးေနရသည္။

ည၁၀နာရီနီးပါးရိွေနၿပီျဖစ္ေသာေၾကာင့္ ရန္ရွင္းရွင္းသည္ ညစာစားရန္အတြက္ သူမ၏သူငယ္ခ်င္းမ်ားကို ‌ေခၚလိုက္သည္။

အစာစားေနစဉ္၌ ယြီသံုသည္ ရွန္းေရွာင္ယြဲ႔ဘက္သို႔လွၫ့္ကာ " နင္ ရွင္းရွင္းကို အိမ္အရင္လိုက္ပို႔သင့္တယ္။ငါလည္း အလုပ္ျပန္လာၿပီးေတာ့ ခဏနားၿပီးရင္ စတူဒီယိုကို ျပန္လာခဲ့မယ္ "

" အဲ့လိုလုပ္ဖို႔မလိုပါဘူး...ဒီမွာ အိပ္ယာရိွေနတာပဲ။ငါ ဒီမွာ အိပ္လို႔ရပါတယ္ "သူငယ္ခ်င္းမ်ားသည္ အလုပ္ႀကိဳးႀကိဳးစားစားလုပ္ေနသည္ကို ရန္ရွင္းရွင္းျမင္ေလသည္။ထို႔ေၾကာင့္ သူမ အနည္းငယ္စဉ္းစားၿပီး ေျပာလိုက္သည္။" ဒါမွမဟုတ္လည္း အသံသြင္းတာကို ဆက္လုပ္ေပးလို႔ရတယ္ေလ...အဲ့တာက အားသံုးၿပီးလုပ္ရတာမွ မဟုတ္ပဲနဲ႔ "

" အားသံုးၿပီးမလုပ္ရလည္း ခႏၶာကိုယ္က ပင္ပန္းတာပဲ "ယြီသံုက ေခ်ပေျပာလိုက္သည္။

" ဇာတ္ပို႔အခန္း‌ေတြကိုေတာ့ သရုပ္ေဆာင္ေပးလို႔ရပါတယ္။ငါ ဇာတ္ၫႊန္းဖတ္ၾကၫ့္ၿပီးၿပီ...ခံစားခ်က္ျပင္းတဲ့အခန္းေတြ သိပ္မပါပါဘူး ။အသံကို နည္းနည္းေျပာင္းလိုက္ရံုေလးတင္ပါပဲ။ဒါဆိုရင္ နင္ အလုပ္ဆင္းတဲ့အခ်ိန္ စတူဒီယိုကို ျပန္လာစရာလည္း မလိုေတာ့ဘူးေလ "

" သူေျပာတာလည္း ဟုတ္သားပဲ...နင္ ည၂နာရီအလုပ္ဆင္းၿပီးေတာ့ စတူဒီယိုကိုျပန္လာေနရင္ အိပ္ခ်ိန္ရိွမွာ မဟုတ္ေတာ့ဘူး "ရွန္းေရွာင္ယြဲ႔မွ အစာအစာမ်ားကို အငမ္းမရစား‌ေသာက္‌ေနရင္း ၀င္‌ေျပာလာသည္။

" အဲ့တာေတြထက္ ဒီ‌ေန ့ရွဖန္က ကူရွန္ကေန ျပန္လာမွာမလား?နင္ အိမ္ျပန္ေနာက္က်ေနရင္ သူ စိတ္ပူေနလိမ့္မယ္ "ရန္ရွင္းရွင္းကလည္း အတင္းအက်ပ္တိုက္တြန္းေျပာဆိုေလသည္။

" နင္ တစ္ကယ္ မပင္ပန္းတာဟုတ္ရဲ့လား? "ယြီသံုသည္ အနည္းငယ္စိုးရိမ္ေနဆဲျဖစ္ေသာေၾကာင့္ ရန္ရွင္းရွင္း၏ဗိုက္ကို လွမ္းၾကၫ့္ကာ ေမးလိုက္သည္။

" ေက်းလက္ေဒသက လူေတြဆိုရင္လည္း ကိုယ္၀န္ေဆာင္ရင္းနဲ႔ အလုပ္လုပ္ေနၾကတာပဲ။နင္‌ေျပာတဲ့ပံုက ငါက ဖန္နဲ႔ လုပ္ထားတာက်ေနတာပဲ "

" ေက်းလက္‌ေဒသက အမ်ိဳးသမီးေတြရဲ့ ခႏၶာကိုယ္က သန္မာတယ္။သူတို႔က မ်က္ေတာင္တခ်က္မခတ္ဘဲနဲ႔ေတာင္မွ ၾကက္ေတြ၊သိုးေတြကို သတ္ႏိုင္တယ္ "ရွန္းေရွာင္ယြဲ႔မွ ခြန္းတံု႔ျပန္လိုက္သည္။

" ငါလည္း ေက်းလက္ေဒကပါကြာ ... ဒါေပမယ့္ ၾကက္ေတြ၊သိုးေတြကို‌ေတာ့ ဘယ္တုန္းကမွ မသတ္ဖူးပါဘူးဟယ္ "ယြီသံုသည္ ရွန္းေရွာင္ယြဲ႔အား အထူးတဆန္းၾကၫ့္ကာ ေျပာလိုက္သည္။

" Oh...‌နင္လည္း ေက်းလက္ေဒသကလာတယ္ဆိုတာ ငါလံုး၀ေမ့သြားတယ္။နင္ရဲ့ ရည္မြန္ေက်ာ့ရွင္းတဲ့ ပံုပန္းသြင္ျပင္က လံုး၀ကို မ်က္စိမွားေစတာကို "ရွန္းေရွာင္ယြဲ႔က အလြန္အမင္းခ်ဲ့ကားေျပာေလေတာ့သည္။

" သြားလိုက္ေတာ့! "ထိုသို႔ေျပာလိုက္ၿပီး ယြီသံုရယ္ေလေတာ့သည္။

ရွန္းေရွာင္ယြဲ႔ႏွင့္ရန္ရွင္းရွင္းသည္လည္း သူမႏွင့္အတူ လိုက္ရယ္ၾကသည္။

" ငါတို႔ ဒီအလုပ္ၿပီးတဲ့အခ်ိန္ဆိုရင္ ႏွစ္သစ္ကူးေရာက္ေနေလာက္ၿပီ...ငါ နင္တို႔ကို အန္ေပါင္းေပးမယ္ေနာ္ "ထိုအခိုက္ ရွန္းေရွာင္ယြဲ႔က ထေျပာေလသည္။

" သူေဌးမႀကီး စာအိတ္ထဲမွာ ဘယ္ေလာက္ထၫ့္ေပးမွာလည္း? " ယြီသံု မ်က္ခံုးပင့္ျပၿပီး ေမးလိုက္သည္။

ရန္ရွင္းရွင္းသည္လည္း အၿပံးႀကီးၿပံဳးကာ ရွန္းေရွာင္ယြဲ႔အား ၾကၫ့္ေနေလသည္။

" ငါက နင္တို႔ကိုဘယ္လိုလုပ္ၿပီး ၫွင္းပန္းႏိွပ္စက္ရဲပါ့မလည္း? "ရွန္းေရွာင္ယြဲ႔သည္ လက္ႏွစ္ေခ်ာင္းေထာင္ကာ ေျပာသည္။" တစ္ေယာက္ကို ယြမ္၂‌ေသာင္းဆီရမယ္ "

" နင္က ဟြမ္ရွီရန္လား?ဒီေလာက္ေငြေတြ၀င္ေနတာကို ယြမ္၂ေသာင္းဆီပဲေပးမယ္ေပါ့ "ယြီသံု စိတ္ဆိုးခ်င္ေယာင္ေဆာင္လိုက္သည္။

( Note...ဟြမ္ရွီရန္က White Haired Girlလို႔ေခၚတဲ့ တရုတ္ေအာ္ပရာဇာတ္လမ္းတြဲထဲက ကပ္ေစးႏွဲတဲ့သရုပ္ေဆာင္နာမည္ပါတဲ့ )

" အန္ေပါင္း...အဲ့တာက အန္ေပါင္းပဲေလ "ယြီသံုနားလည္မႈလြဲေနသည္ဟု ရွန္းေရွာင္ယြဲ႔ထင္ေသာေၾကာင့္ အေမာတႀကီးရွင္းျပေလသည္။" ႏွစ္ကုန္ရင္လည္း တစ္ေယာက္ကို အျမတ္ေဝစုရဲ့၂၀%ဆီ ေပးဦးမွာေလ "

" ၂၀%က မမ်ားဘူးလား? "သူမသည္ မည္သၫ့္အလုပ္မွ သိပ္မလုပ္ရဟု ခံစားမိေသာေၾကာင့္ ထိုစကားကိုၾကားသၫ့္အခါ ရန္ရွင္းရွင္းသည္ လိပ္ျပာမသန႔္သလို ခံစားရေလသည္။

" ေသခ်ာပါက္ မမ်ားပါဘူး...ငါရဲ့တာ၀န္က စာခ်ဳပ္ခ်ဳပ္ဆိုန္ိုင္ဖို႔ ျဖစ္ၿပီးေတာ့၊အသံသြင္းတဲ့အလုပ္အမ်ားစုကို နင္က လုပ္ရတယ္...ေရွာင္ယြဲ႔ကေတာ့ ကုမၸဏီမွာ စာရင္းသြင္းရံုပဲေလ "ယြီသံုက အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပေလသည္။

" ဟုတ္တယ္ "ရွန္းေရွာင္ယြဲ႔ကလည္း ယြီသံု၏စကားမ်ားကို မျငင္း‌ဆိုေပ။

ရွန္းေရွာင္ယြဲ႔သည္ ကုမၸဏီ၌ စာရင္းသြင္းသၫ့္အလုပ္ထက္ ပိုသၫ့္အလုပ္မ်ားစြာ လုပ္ကိုင္ရသည္ကိုလည္း ရန္ရွင္းရွင္းသိသည္။‌၎သည္ သူမ စိတ္ရွင္းရွင္းႏွင့္ အျမတ္၂၀%ကို ယူႏိုင္ေစရန္ ယြီသံုမွ ဆင္ေျခေပးျခင္းသာျဖစ္‌ေလသည္။

ရန္ရွင္းရွင္း၏မ်က္လံုးမ်ား နီရဲလာသည္။ထိုကဲ့သို႔ေသာ သူငယ္ခ်င္းေကာင္းမ်ားႏွင့္ ေတြ ့ဆံုခဲ့ရျခင္းသည္ သူမ၏ဘ၀အတြက္ ကံအေကာင္းဆံုးဆုလာဘ္တစ္ခုျဖစ္ေၾကာင္း ခံစားမိသည္။

အစာစားၿပီးသၫ့္ေနာက္ က်န္လူအားလံုးသည္ အလုပ္ျပန္လုပ္ေနၾကၿပီျဖစ္သျဖင့္ ယြီသံု စတူဒီယိုမွ ထြက္လာခဲ့သည္။

...

ေရဒီယိုအသံလႊင့္ရံုသို႔ သြားရမၫ့္လမ္းသည္ အနည္းငယ္ေဝးကြာလွသၫ့္အျပင္ မိုးကလည္းရြာေနသည္။ထို႔ေၾကာင့္ ယြီသ‌ံုသည္ ယေန ့၌ ပို၍ပင္သတိထား၍ ကာ‌း‌ေမာင္းရမည္ျဖစ္‌ေသာ‌ေၾကာင့္ ပံုမွန္ထက္ မိနစ္၂၀ခန႔္ေစာကာ ထြက္လာခဲ့သည္။ကံေကာင္းစြာျဖင့္ ညအခ်ိန္၌ ကားမရႈပ္ေသာေၾကာင့္ လမ္းလည္းမပိတ္‌ေပ။သူမ ေရဒီယိုအသံလႊင့္ရံုသို႔ တိုက္ရိုက္ထုတ္လႊင့္မႈမစတင္ခင္ ၁၀မိနစ္အလို၌ အခ်ိန္မွီေရာက္လာသည္။

ယြီသံုလည္း တိုက္ရိုက္ထုတ္လႊင့္မႈအတြက္ အလ်င္အျမန္ျပင္ဆင္လိုက္ၿပီးေနာက္ အစီအစဉ္မစတင္ခင္ မိနစ္ပိုင္းအလို၌ ရွဖန္အားဖုန္းေခၚလိုက္သည္။

" ရွင္ ဘယ္မွာလည္း? "

" ကိုယ္ ရွန္ဟိုင္းၿမိဳ႔ထဲ ၀င္လာေနျပီ "

" ဘယ္အခ်ိန္ေလာက္ အိမ္ျပန္ေရာက္မွာလည္း? "

" ေနာက္ထပ္တစ္နာရီေလာက္ဆိုရင္ေတာ့ ေသခ်ာ‌ေပါက္ေရာက္ေလာက္ပါၿပီ "

" ဒီေန ့ည လမ္းေတြက အရမ္းေခ်ာ္တယ္...ျဖည္းျဖည္းေမာင္းခဲ့ေနာ္ "ယြီသံု စိုးရိမ္ပူပန္စြာျဖင့္ ‌ေျပာလိုက္သည္။

" ဟုတ္ပါၿပီကြာ "ထို႔ေနာက္ ရွဖန္သည္ နာရီကိုလွမ္းၾကၫ့္ကာ ယြီသံုအား ေျပာလိုက္သည္။" မင္း တိုက္ရိုက္ထုတ္လႊင့္ရမယ့္အခ်ိန္ ေရာက္ေတာ့မွာပဲ...ကိုယ္ဖုန္းခ်လိုက္ေတာ့မယ္...မင္းရဲ့အစီအစဉ္ကို ကိုယ္နားေထာင္ေနမယ္ေနာ္ "

" ေကာင္းၿပီေလ... "သူမ ဖုန္းခ်ရန္ျပင္လိုက္ဆဲမွာပင္ ဖုန္းတစ္ဖက္ဆီမွ က်ယ္‌ေလာင္လွသၫ့္အသံတစ္သံကို ၾကားလိုက္ရသည္။

ယြီသံုလည္း ရုတ္တရက္ ထိတ္လန႔္သြားၿပီး ရွဖန္အား အေလာတႀကီး ေအာ္ေခၚ‌ကာ‌ေမးလိုက္သည္။" ရွဖန္...ဘာအသံလည္း? "

ရွဖန္လည္း ကားဘရိတ္ကို အလ်င္အျမန္အုပ္လ္ိုက္ျပ‌‌ီး သူ၏အေရွ ့မွ ထိုျမင္ကြင္းကို နားမလည္ႏိုင္စြာျဖင့္ ေငးေမာၾကၫ့္ေနမိသည္။

" ရွဖန္...ရွဖန္...ရွင္ အဆင္ေျပရဲ့လား?ဘာျဖစ္တာလည္း? "တစ္ဖက္မွ ျပန္လည္မေျဖၾကားေသာအခါ သူမ ပို၍ပို၍ပင္ ‌‌ေအ္ာဟစ္ေမးေလ‌ေတာ့သည္။

" ကိုယ္အဆင္ေျပပါတယ္ "ေနာက္ဆံုး၌ ရွဖန္သည္ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္၍ ျပန္လည္ေျဖၾကားလိုက္သည္။" ကိုယ္ေရွ ့မွာ ဘတ္စ္ကားတစ္စင္းေမွာက္သြားလို႔ ကိုယ္သြားၾကၫ့္လိုက္ဦးမယ္...ဖုန္းအရင္ခ်လိုက္ေတာ့မယ္ေနာ္ "

" ဘယ္လို...?ဟယ္လို?ဘတ္စ္ကားေမွာက္တယ္?ရွင္‌ေရာ ဘာျဖစ္သြားေသးလည္း? "ဖုန္းအားဆုပ္ကိုင္ထားရန္ ယြီသံု အလြန္အမင္း ‌ေၾကာက္ရြံ႔ေနေလသည္။

" မင္း ဘာလုပ္ေနတာလည္း...ယြီသံု?အခ်ိန္က်ေနၿပီ "သူမ ထုတ္လႊင့္မႈ မစတင္ေသးေၾကာင္းကို စီနီယာယြီက သတိထားမိၿပီး သူမအားသတိေပးရန္ အသံသြင္းသၫ့္အခန္းထဲသို႔ ၀င္လာေလသည္။

" Oh...လုပ‌္ေလ "

ရွဖန္သည္ ဖုန္းကိုင္၍ သူမအား ျပန္လည္ေျဖၾကားႏိုင္ကတည္းက သူအဆင္ေျပ‌ေၾကာင္း ယြီသံုမွန္းဆလိုက္သည္။

ကူရွန္ႏွင့္ရွန္ဟိုင္းအား ဆက္သြယ္ထားသၫ့္ အေဝးေျပးလမ္းမႀကီး‌ေပၚတြင္ ဘတ္စ္ကားႀကီးတစ္စင္းသည္ လမ္း‌ေခ်ာ္ေနသၫ့္အတြက္ ‌ေဘးတိုက္တိမ္း‌ေမွာက္သြားသည္။

ျပတင္းေပါက္မွန္တစ္ခုလံုး က်ိဳးပဲ့သြားၿပီး ခရီးသည္အမ်ားစုသည္ ဘတ္စ္ကားေပၚမွ လြင့္က်သြားၾကသည္။ျမင္ကြင္းသည္ လံုး၀ တုန္လႈပ္ေခ်ာက္ခ်ားဖြယ္အတိပင္ ျဖစ္သည္။

ရွဖန္လည္း အေရးေပၚကားရပ္နားရန္ေနရာ‌၌ သူ၏ကားကိုထိုးရပ္လိုက္ကာ ဘတ္စ္ကားဆီသို႔ေျပးၾကၫ့္ၿပီးေနာက္ အေရးေပၚကားကိုဖုန္းဆက္ေခၚ၍ ရဲကိုလည္း အေၾကာင္းၾကားလိုက္သည္။

ထို႔ေနာက္ ဘတ္စ္ကားေပၚမွလြင့္က်လာသၫ့္ လူမ်ားကို အရင္စစ္ေဆးၾကၫ့္လိုက္သည္။တစ္ခ်ိဳ႕မွာ သတိရလ်က္ရိွၾကျပီး တစ္ခ်ိဳ႕မွာ ေမ့ေျမာေနၾကသည္။အမ်ားစုမွာ အရိုးက်ိဳးသြားၾကၿပီး မတ္တပ္ပင္မရပ္ႏိုင္ၾကေပ။

ဒဏ္ရာအ‌ေသးစားသာရရိွသူမ်ားသည္ မိမိသေဘာဆႏၵအရ ထ၍ ဘတ္စ္ကားထဲရိွ က်န္ရိွေနသူမ်ားကို အကူအညီေပးၾကသည္။

ဒဏ္ရာမ်ားကို ၾကၫ့္ရႈေပးေနရင္း ရွဖန္သည္ ျဖတ္သြားသၫ့္ကားမ်ားကို လိုက္လံၾကၫ့္ရႈေနေလသည္။မနက္‌ေစာေစာရိွေသးသည့္အတြက္ ‌ေခၚေဆာင္ထားသၫ့္ လူနာတင္ယာဉ္ႏွစ္စီးမွလြဲ၍ ကားမ်ားျဖတ္မသြားၾကေပ။

ထိုဘတ္စ္ကားေပၚတြင္ ကား‌ေမာင္းသူအပါအ၀င္ လူေပါင္း၅၄ေယာက္ဆံ့လိမ့္မည္ဟု ရွဖန္ ခန႔္မွန္းတြက္ခ်က္လိုက္သည္။သူ၏အေတြးထဲ၌ ထိုလူဦး‌ေရကို ေဆးရံုသို႔ မည္ကဲ့သို႔ပို႔ေဆာင္ရမည္နည္းဟုသာ ေတြးေနမိသည္။

" ကူညီၾကပါ "

" ကြၽန္ေတာ့ေျခေထာက္က ေရႊ ့လို႔မရေတာ့ဘူး "

" ကြၽန္မရဲ့ကေလး...ကြၽန္မရဲ့ကေလးကို ကယ္ေပးၾကပါ "

ရွဖန္လည္း ငိုယိုေနသၫ့္အသံကို ၾကားလိုက္ရ‌ၿပီးေနာက္ ကေလးခ်ီထားသၫ့္ မိခင္တစ္ဦးထံသို႔ ေျပးသြားလိုက္သည္။ထို႔ေနာက္ ထိုအမ်ိဳးသမီးစိတ္သက္သာရာရေစရန္ ေျပာလိုက္သည္။" ကေလးကို ေျမျပင္ေပၚခဏခ်ထားေပးပါ...ကြၽန္ေတာ္ၾကၫ့္ေပးပါ့မယ္ "

ထိုမိခင္ျဖစ္သူလည္း ကေလးအား အလ်င္အျမန္ခ်ထားေပးေလသည္။

ရွဖန္လည္း ကေလးျဖစ္သူကို စစ္ေဆးၾကၫ့္လိုက္သၫ့္အခါ ကေလးသည္ နဖူးမွေသြးမ်ား စိမ့္ထြက္ေနၿပီး သတိလစ္ေနသည္။အျပင္ပန္းအရၾကည့္ရလ်ွုင္ ဘတ္စ္ကားတိမ္းေမွာက္သၫ့္အခ်ိန္၌ ကေလးငယ္၏ဦးေခါင္းသည္ တစ္ခုခုႏွင့္ရိုက္မိသြားပံုရသည္။သို႔ေသာ္ ကေလးျဖစ္သူ၏အေျခအေနကို တိတိက်က်ဆံုးျဖတ္ရန္ သူ႔တြင္ လိုအပ္သၫ့္ကိရိယာမ်ား မရိွေပ။

" သူ႔ကိုေျမျပင္‌ေပၚမွာပဲခ်ထားၿပီးေတာ့ မေရႊ ့ပါနဲ႔ေနာ္...လူနာတင္ကားလာတဲ့အထိ ေစာင့္ပါဦး "ရွဖန္ ကေလးအေမျဖစ္သူကို ေျပာလိုက္သည္။

ထိုမိခင္ျဖစ္သူမွာလည္း ငိုရိႈက္ရင္း ေခါင္းၿငိမ့္ျပေလသည္။

ထို႔ေနာက္ ရွဖန္လည္း မတ္တပ္ရပ္၍ ေဆးအိတ္ယူရန္ ကားဆီသို႔ ေျပးသြားသည္။ေဆးအိတ္ယူျပီး ဘတ္စ္ကားဆီသို႔ လွၫ့္လာသၫ့္အခိုက္ ရွဖန္ရုတ္တရက္ နားလည္လိုက္သည္မွာ လူအမ်ားအျပားသည္ ဒဏ္ရာရေနၿပီး လူနာတင္ကားတစ္စင္းတည္းျဖင့္ လူတိုင္းလူတိုင္းအား ‌ေဆးရံုသို႔ ခ်က္ခ်င္းပို႔ရန္မွာ မျဖစ္ႏိုင္ေၾကာင္းပင္ ...

ရွဖန္ တံု႔ဆိုင္းသြားၿပီးေနာက္ ကားတံခါးကိုဆြဲဖြင့္လိုက္သၫ့္အခ်ိန္ ေရဒီယိုမွ သီခ်င္းတစ္ပုဒ္လာေနသည္ကို ၾကားလိုက္ရသည္။

ထိုအခိုက္ ရွဖန္သည္ ဖုန္းထုတ္၍ ယြီသံုအား ဖုန‌္း‌ေခၚလိုက္သည္။

ယြီသံုမွာ စိတ္ပူပန္ေနဆဲျဖစ္ေသာေၾကာင့္ ရွဖန္ဖုန္းေခၚလာသည္ကို ျမင္ေသာအခါ သူမသည္ အစီအစဥ္အား တိုက္ရိုက္ထုတ္လႊင့္ေနေသာ္လည္း ခ်က္ခ်င္းပင္ ဖုန္းျပန္ေျဖလိုက္သည္။" ရွဖန္ "

" ယြီသံု...ကိုယ္အခု XXအေဝးေျပးလမ္းမရဲ့ XXအပိုင္းမွာ "ရွဖန္ အနီးရိွ လမ္းအမွတ္အသားကိုၾကၫ့္ကာ ‌ဆက္ေျပာလိုက္သည္။" ဒီမွာ ဘတ္စ္ကားေမွာက္လို႔ လူေပါင္း၅၀ေက်ာ္ေလာက္ ဒဏ္ရာရထားၾကတယ္။အခုခ်ိန္မွာ ျဖတ္သြားတဲ့ကားေတြကလည္း သိပ္မရိွေသးတဲ့အျပင္ အျပင္းအထန္ဒဏ္ရာရထားတဲ့သူေတြကိုလည္း အခ်ိန္မွီေဆးရံုပို႔ဖို႔ လူနာတင္ကားကမလံုေလာက္ဘူး "

" ရွင္ေရာ ထိခိုက္မိေသးလား? "

" ကိုယ္ အဆင္ေျပပါတယ္ "

" ရွင္လိုအပ္တဲ့ ကားေတြအားလံုးကို ကြၽန္မေခၚေပးမယ္ "ယြီသံုဖုန္းမခ်ေသးပဲ ထုတ္လႊင့္ေနသၫ့္သီခ်င္းကို ရပ္ဆိုင္းလိုက္ၿပီးေနာက္ ေလးနက္သၫ့္အသံျဖင့္ စကားစတင္ေျပာဆိုလိုက္သည္။" နားေထာင္သူမိတ္ေဆြအေပါင္းတို႔ရွင့္...Fish Jellyရဲ့ အေရးေပၚသတင္းစကားကို အာရံုစိုက္ေပးၾကပါဦး "

" ကူရွန္ကေန ရွန္ဟိုင္းကိုလာတဲ့ XXအေဝးေျပးလမ္းမရဲ့ XXအပိုင္းမွာ လမ္းေခ်ာ္ၿပီးေတာ့ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္သြားပါတယ္။ဒဏ္ရာရတဲ့သူကလည္း ၅၀ေက်ာ္ေလာက္ရိွေနတဲ့အျပင္ တစ္ခ်ိဳ႕က ခ်က္ခ်င္းေဆးကုသဖို႔လိုေနပါတယ္ရွင့္။အဲ့ဒီလူေတြကို အလ်င္အျမန္ကယ္ဆယ္ဖို႔ နီးစပ္ရာအဖြဲ႔အစည္းေတြက ကယ္ဆယ္ေရးကားေတြ လိုအပ္ေနပါတယ္တဲ့ "

သူမ ထိုအေၾကာင္းအရာကို ဆက္တိုက္၃ႀကိမ္ခန႔္ ေၾကာ္ျငာလိုက္သည္။

" အကယ္၍ နားဆင္ေနတဲ့ပရိတ္သတ္ေတြထဲမွာ ကားဒါရိုက္ဘာေတြပါခဲ့ရင္ ဒီညမွာ အသက္ေတြကယ္ဖို႔အတြက္ အေဝးေျပးလမ္းမႀကီးဆီကို သြားေပးၾကပါဦးေနာ္ "

လူမည္မ်ွက သူမ၏အသံကိုၾကားျပီး ကူညီၾကလိမ့္မည္ကို ယြီသံုမသိေပ။သူမ၏တိုးတက္လာသည့္နားေထာင္နွုန္းက အကူအညီေပးႏိုင္လိမ့္မည္ဟုသာ ေမ်ွာ္လင့္ေနမိသည္။

ေရဒီယိုမွသာမကပဲ တကၠစီခ်န္နယ္လ္ကပါ သတင္းၾကားသိၾကသၫ့္ ယာဉ္ေမာင္းသူအမ်ားအျပားသည္ ခရီးသည္မ်ားတင္ေဆာင္‌ေျပးဆြဲေနျခင္းကို ရပ္ဆိုင္းၿပီး အကူအညီေပးရန္ သြားၾကေလ‌ေတာ့သည္။

[ ငါ သြားေနၿပီ! ]

[ နီးလာၿပီ! ]

[ လူေတြအမ်ားႀကီးရိွေနတဲ့ ဘတ္စ္ကားကို ျမင္ေနရၿပီ ]

စာမ်ားကို အေပၚေအာက္ဆြဲၾကၫ့္ရင္း ယြီသံု၏ရင္ထဲ ထိသြားေလသည္။

" ယြီသံု...ကားေတြအမ်ားႀကီး ေရာက္လာၾကျပီ "တကၠစီအမ်ားအျပား‌ေရာက္လာသည္ကို ၾကၫ့္ကာ ရွဖန္ေျပာလိုက္သည္။" ‌ေက်းဇူးတင္ပါတယ္ "

ရွဖန္လည္းဖုန္းခ်ၿပီးသၫ့္ေနာက္ ဒဏ္္ရာရရိွသူမ်ားကို ေဆးရံုသို႔ပို႔ေဆာင္ရန္ စုစည္းလိုက္သည္။ဒဏ္ရာျပင္းထန္သူမ်ားကို Sanjiaေဆးရံုသို႔ ပို႔ေဆာင္ၿပီး အေသးစားဒဏ္ရာရရိွသူမ်ားကို အနီးအနားရိွ‌ေဆးရံုသို႔ ပို႔ေဆာင္လိုက္သည္။

ခဏၾကာၿပီး‌ေသာအခါ ဒဏ္ရာရရိွသူအားလံုးကို ေအာင္ျမင္စ‌ြာျဖင့္ ေဆးရံုသို႔ ပို႔ေဆာင္ႏိုင္ၿပီးသၫ့္ေနာက္ ရဲမ်ားလည္းေရာက္လာ‌သည္။

[ ဒဏ္ရာရတဲ့သူေတြအားလံုးကို ေဆးရံုကိုေခၚသြားၿပီးေတာ့ ကိုယ္လည္းေနာက္ကေန လိုက္သြားၿပီ ]

ထိုစာကိုျမင္ေသာအခါ ယြီသံုလည္း မိုက္ကရိုဖုန္းဘက္သို႔လွၫ့္ကာ ေျပာလိုက္သည္။" အနီးအနားမွာရိွတဲ့တကၠစီကားေမာင္းသူေတြေၾကာင့္ ဒဏ္ရာရရိွသူေတြအားလံုးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ေဆးရံုပို႔ၿပီးၿပီလို႔ ကြၽန္မသတင္းရထားပါတယ္။တိမ္းေမွာက္ရာေနရာကို အေလာတႀကီးသြားစရာ မလိုေတာ့ပါဘူးရွင့္။ရွင္တို့အားလံုးကို ကြၽန္မက အရမ္းေက်းဇူးတင္ပါတယ္။ျပီးေတာ့ အိမ္ကိုျပန္တဲ့အခါမွာလည္း သတိႀကီးႀကီးထားၿပီး ဂရုတစိုက္နဲ႔ ကား‌ေမာင္းၾကဖို႔ သတိေပးပါရေစ "

ယြီသံုလည္း သူမ၏အစီအစဉ္မၿပီးဆံုးခင္အထိ ယာဉ္မေတာ္တဆျဖစ္ပြားမႈ၏ေနာက္ဆံုးရရိွသၫ့္သတင္းမ်ားကို ဆက္လက္ေျပာဆိုေပး‌ေနခဲ့သည္။

အစီအစဉ္ၿပီးဆံုးၿပီးေနာက္ သူမအိတ္ကိုဆြဲယူကာ အလ်င္အျမန္ေျပးထြက္လာခဲ့သည္။စီနီယာယြီမွာ သူမအား စကားေျပာလိုေသာ္လည္း အလ်င္အျမန္‌ေျပးထြက္သြားသၫ့္ သူမ၏ပံုရိပ္ကိုသာ ျမင္လိုက္ရသည္။

" ရွဖန္...ရွင္ ဘယ္မွာလည္း? "ကားထဲသို႔၀င္ထိုင္ရင္း ရွဖန္အား ဖုန္းေခၚလိုက္သည္။

" XX ေဆးရံုမွာေလ "ဖုန္းထဲမွတဆင့္ ရွဖန္၏အသံတိုးတိုးကို သူမၾကားေနရသည္။" ကိုယ္ ဒီမွာ ၀င္ကူညီေပးေနတာဆိုေတာ့ ဒီေန ့ ့ည အိမ္ျပန္လာႏိုင္မွာ မဟုတ္ဘူး "

သူမလည္း ဖုန္းခ်လိုက္ၿပီးေနာက္ GPSဖြင့္ကာ ထို‌ေဆးရံုသို႔ ေမာင္းထြက္လာခဲ့သည္။

ယြီသံု XXေဆးရံုသို႔ ေရာက္လာသၫ့္အခ်ိန္၌ မနက္၃နာရီခြဲ ရိွၿပီျဖစ္သည္။

အေရးေပၚဌာနတစ္ဝိုက္တြင္ သူနာျပဳႏွင့္‌ဆရာဝန္မ်ားသည္ ေျပးလႊားေနၾကၿပီး ဆူညံေနေလသည္။

ယြီသံုလည္း လူနာမ်ား၏မိသားစု၀င္မ်ားထဲသို ့၀င္ေရာလိုက္ၿပီး ေနာက္ဆံုး၌ တစ္စံုတစ္‌ေယာက္ကို ေရွးဦးသူနာျပဳနည္းျဖင့္ ျပဳစုေပးေနသၫ့္ ရွဖန္ကို သူမျမင္လိုက္ရသည္။ထိုအခါမွ ရွဖန္ကိုေငးၾကၫ့္ရင္း စိတ္သက္သာရာရသြားကာ သက္ျပင္းခ်လိုက္သည္။ရွဖန္သည္ ပင္ပန္းႏြမ္းနယ္ေနပံုရေသာ္လည္း ဒဏ္ရာရရိွပံုမေပၚေပ။

ထို႔ေနာက္ ယြီသံုသည္ လူသိပ္သတိမထားႏိုင္မၫ့္ ေထာင့္စြန္းတြင္ထိုင္ကာ အလုပ္ရွုပ္‌ေနသၫ့္ ရွဖန္ကို‌ ေစာင့္ဆိုင္း‌ေနသၫ့္အခ်ိန္၌ ေကာင္းကင္တစ္ခုလံုး ေတာက္ပေနၿပီျဖစ္သည္။

ေနာက္ဆံုး၌ အေရးေပၚဌာနတစ္ခုလံုး ၿငိမ္သက္သြားၿပီး လူနာမ်ားအားလံုးကိုလည္း ၾကၫ့္ရႈစစ္ေဆးၿပီးသြားျပီျဖစ္သည္။

ထို႔ေၾကာင့္ သူမလည္းဖုန္းထုတ္၍ ရွဖန္အား စာတစ္ေစာင္ပို႔လိုက္သည္။

[ ရွင္ ကူညီေပးေနတာ ၿပီးၿပီလား? ]

ရွဖန္‌ဆီမွျပန္စာမလာေသာေၾကာင့္ သူမ စဉ္းစားလိုက္ျပီးသၫ့္ေနာက္ ထ၍ အျပင္သို႔ထြက္ကာ မနက္စာ၀ယ္ရန္ ျပင္လိုက္သည္။

သူမ ေဆးရံုအျပင္သို႔ လမ္းေလ်ွာက္လာသၫ့္အခိုက္ ရုတ္တရက္ ဖုန္းျမည္လာသည္။

" ရွဖန္ "

" ကိုယ္အလုပ္ရႈပ္ေနတာနဲ႔ အခုမွ အိမ္ျပန္မလို႔ "

" ဒါဆိုလည္းထြက္လာခဲ့ေလ...ကြၽန္မက ေဆးရံုအဝင္‌ေပါက္မွာ "

ရွဖန္လည္း ဖုန္းကိုင္ထားရင္း အေရးေပၚဌာနအ၀င္ေပါက္မွ ထြက္လာခဲ့ေသာအခါ ေလကာအက်ီအ‌ျဖဴေရာင္ကို ၀တ္ဆင္ထားျပီး လက္ေဝ႔ွရမ္းျပေနသၫ့္ ယြီသံုကို ျမင္လိုက္ရသည္။

" မင္း ဒီေနရာကို ဘာလာလုပ္တာလည္း? "ရွဖန္ သူမဆီသို႔ေျပးလာၿပီး ေမးလိုက္သည္။

" ကြၽန္မ ရွင့္ကို စိတ္ပူလို႔ေလ "

" ကိုယ္အဆင္ေျပတယ္လို႔ မင္းကို မေျပာဘူးလား? "

" ကြၽန္မရဲ့မ်က္လံုးနဲ႔ ကိုယ္တိုင္မျမင္ရမခ်င္း အျပၫ့္အ၀မယံုၾကည္ႏိုင္လို႔ေလ။ရွင္က အဆင္ေျပတယ္ေျပာေပမယ့္ ခ်က္ခ်င္းဖုန္းခ်သြားေတာ့ ကြၽန္မက စိတ္မပူပဲ ဘယ္လိုလုပ္ေနပါ့မလည္း? "

ရွဖန္ သူမကို စိုက္ၾကၫ့္‌ေနမိသည္။နားလည္ရခက္ခဲလွေသာခံစားမႈသည္ သူ၏နွလံုးသားထဲမွ ထိုးတက္လာၿပီး ရုတ္တရက္ ပါးစပ္ပင္ မဟႏိုင္ေတာ့ေပ။

" ရွင္ တညလံုး အလုပ္ရႈပ္ေနခဲ့ေတာ့ ဗိုက္ဆာေနမွာပဲဆိုၿပီး ကြၽန္မ ပဲႏို႔နဲ႔ေပါက္စ္ီ၀ယ္လာခဲ့တယ္ "ယြီသံုသည္ စားစရာမ်ားထည့္ထားသည့္အိတ္ကို ရွဖန္အား‌ေပးလိုက္သည္။

ရွဖန္လည္း ထို႔ထက္ပို၍ ထိန္းခ‌်ဳပ္မထားႏိုင္ေတာ့ေပ။ယြီသံုအား လွမ္းဆြဲလိုက္ၿပီး သူ၏လက္ေမာင္းမ်ားၾကား၌ တင္းတင္းက်ပ္က်ပ္ေပြ ့ဖက္လိုက္ေလေတာ့သည္။

" ပဲႏို႔က... "

ဆရာဝန္ျဖစ္လာတည္းက ရွဖန္သည္ ေန ့စဉ္ေန ့တိုင္း ေနမေကာင္းျခင္းမ်ား၊ေသျခင္းတရားမ်ားကို ရင္ဆိုင္ေတြ ့ႀကံဳေနၾကျဖစ္သည္။

တည္ၿမဲျခင္းမရိွေသာဘ၀၏အေၾကာင္းကို သူ႔ထက္ပို၍ မည္သူမွမသိႏိုင္ေပ။သို႔ရာတြင္ ယခုကဲ့သို႔အေျခအေနမ်ိဳးႏွင့္ ႀကံဳေတြ ့လာရတိုင္း သူ၏ရင္ထဲ၊အသည္းထဲမွ ကူရာကင္းမဲ့သလို ခံစားရေလသည္။

သို႔ေသာ္ျငားလည္း ယြီသံု၏အၿပံဳးမ်ားနွင့္စစ္မွန္လွ‌ေသာ စိုးရိမ္ပူပန္မႈမ်ားသည္ ထိုအရာအားလံုးကို လြင့္ပါးေစၿပီး ေနြးေထြးမႈႏွင့္ ဘ၀၏အလွတရားကိုပါ ထပ္မံခံစားရေစသည္။

ေဆာင္းရာသီရဲ့‌ မနက္ခင္း‌ေတြကို ေတာက္ပေအာင္ျပဳလုပ္ေပးရင္းနဲ႔ေပါ့...

>>>>>

T.B.C
18.9.2021

Ga verder met lezen

Dit interesseert je vast

334K 43K 40
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...
448K 16.9K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
277K 22.8K 39
Original arthur - Hanabi7050 Original story - Emperor's cute Empress ( Mini story ) Chapter - 39 chapters ( completed ) I don't own t...
334K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"