Rebirth on the Doors to the C...

By _Ccally_

528K 73K 2.6K

I don't own this story and all credit to the author(s) and english translator(s)!!! More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16.1
Chapter 16.2
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 29
Chapter 30
Chapter 31_1
Chapter 31_2
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Extra 1
Extra 2
Extra 3

Chapter 28

6.2K 1K 24
By _Ccally_

Unicode

ဆောင်းရာသီ၌ အအေးမိခြင်းများဖြစ်ပွားတတ်သည်။ကံမကောင်းစွာဖြင့် ယွီသုံသည် ထိုကိစ္စအား မျှော်လင့်မထားပေ။ယနေ့မနက် နိုးထလာသည့်အချိန်၌ သူမ၏‌ခေါင်းတစ်ခုလုံး လေးလံကာ ကိုက်ခဲနေလေသည်။

သို့သော် ရှန်းရှောင်ယွဲ့၏ ဆက်တိုက်မရပ်မနားဖုန်းခေါ်ဆိုပြီး နှောင့်ယှက်မှုမတိုင်ခင်အထိ ‌ထိုကိုက်ခဲနေမှုကို လျစ်လျုရှုကာ ပြန်အိပ်လိုက်သည်။

" ဟယ်လို? "အသံမပီမသဖြင့် ယွီသုံ ဖုန်းပြန်ဖြေလိုက်သည်။

" ငါ နင့်ကို နှိုးလိုက်မိတာလား? ဒါမှမဟုတ် နင် အအေးမိနေတာလား? "သူမ၏ပင်ပန်းနွမ်းနယ်နေသည့်အသံကြောင့် ရှန်းရှောင်ယွဲ့က ‌မေး‌လာသည်။

" နှစ်ခုလုံးပဲ! "ယွီသုံ သူမ၏နဖူးကို စမ်းကြည့်လိုက်သော်လည်း ဖျားနာနေသည်ဟု မထင်ပေ။

" ဒါဆို နင် ဒီနေ့လာ‌နိုင်ရဲ့လား? "

" ဘယ်ကိုလဲ? "သူမ စဉ်းစားကြည့်သော်လည်း ယနေ့၌ ထွေထွေထူးထူးလုပ်စရာမျိုး မတွေးမိပေ။

" ဒီနေ့ဆရာမမွေးနေ့လေ "ထိုအခါ  ရှန်းရှောင်ယွဲ့က သူမအား သတိပေးလေသည်။

မွေးနေ့?သူမ မှတ်မိရန် အပြင်းအထန်ကြိုးစားလိုက်သည်။

" ဆရာမလင်းမွေးနေ့က ဒီနေ့လား? "

" နင်ဖျားနေတယ်ဆိုရင် မလိုက်နဲ့တော့လေ။ငါ့ဘာသာပဲ သွားလိုက်တော့မယ် "ထိုသို့ပြောပြီး ဖုန်းချလိုက်သော်လည်း ရှန်းရှောင်ယွဲ့  အနည်းငယ်စိတ်ဓာတ်ကျသွားသည်။

ယွီသုံလည်း နောက်ထပ်နာရီအနည်းငယ်ခန့် အိပ်ပြီးသည့်နောက် အနည်းငယ်ပိုကောင်းလာသလို ခံစားရသည်။ထို့ကြောင့် အိပ်ယာမှထကာ ခေါင်းအုံးကိုမှီလျက် ထိုင်နေပြီး‌‌ နောက်ဆုံး၌ ဆရာမလင်း၏မွေး‌နေ့ပွဲသို့ သွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ရေ‌နွေးနွေးဖြင့် ရေချိုးပြီးသည့်နောက် ခေါင်းမူးပြေသလိုဖြစ်လာသဖြင့် ရှန်းရှောင်ယွဲ့အား စာပို့လိုက်သည်။

[ ပွဲကျင်းပမယ့်လိပ်စာ ငါ့ကိုပေးဦး ... ငါလာခဲ့မယ် ]

[ ညနေ၆နာရီ...ငါတို့တက္ကသိုလ်အပြင်ဘက်က စီချွမ်စားသောက်ဆိုင်မှာ ]

ရှောင်ယွဲ့က အလျင်အမြန်ပင် ဖြေကြားလာခဲ့သည်။

ယွီသုံ နာရီကြည့်လိုက်သည့်အခါ ၅နာရီခွဲရှိပြီ ဖြစ်သည်...ငါ နည်းနည်း‌နောက်ကျနေပြီ ထင်တယ်။

သူမတွင် လက်ဆောင်ဝယ်ရန် အချိန်မရှိတော့သဖြင့် အနည်းငယ်စဉ်းစားပြီးသည့်နောက် ရှဖန် အမေရိကမှဝယ်လာသည့် Skincareတစ်စုံကိုသာ ယူလာခဲ့သည်။

သူမတို့တက္ကသိုလ်ဘက်သို့ ကားမောင်းလာရင်း အတိတ်က အမှတ်တရများအား ယွီသုံ သတိရလာသည်။အရာအားလုံးမေ့သွားပြီဟု သူမ‌တွေး‌သော်လည်း အမှန်တစ်ကယ်၌ သတိမရချင်တော့သောကြောင့်သာ ဖြစ်သည်။

ကားပါကင်ထိုးပြီးသည့်နောက် အင်္ကျီအထပ်ပေါင်းများစွာလွှမ်းခြုံထားသည့်သူမသည် စားသောက်ဆိုင်ထဲသို့ ဦးတည်လိုက်သည်။

" ဘယ်နှစ်ယောက်လဲရှင့် "ဆိုင်အရှေ့မှ စားပွဲထိုးသည် သူမအား ယဉ်ကျေးပျုဌာစွာ မေးလာသည်။

" ဟင် "သူမ ရှောင်ယွဲ့အား အခန်းနံပါတ်မေးရန် မေ့လာသည်။" ဆရာမလင်းလင်းရဲ့မွေးနေ့ပွဲက ဘယ်အထပ်မှာလည်း? "

" ၃ထပ်‌မြောက်မှာပါရှင့် "

ကျေးဇူးတင်စကား‌ပြောပြီးသည့်အခါ သစ်သားလှေကားထစ်များဆီသို့ သူမတက်လာခဲ့သည်။

ဒုတိယအထပ်အားကျော်ဖြတ်လာပြီးသည့်နောက် စကားပြောဆိုနေကြသည့် အသံများကို လှေကားထစ်များမှပင် ကြားနေရလေသည်။ကြည့်ရတာ လူ‌တွေအများကြီး လာတဲ့ပုံပဲ။

" ကြည့်စမ်း...ဟိုမှာဘယ်သူပါလိမ့် "ယွီသုံဝင်လာသည်ကိုမြင်သည့် ခန့်ညားသည့်အမျိုးသားတစ်ယောက်က ပြုံးရယ်ကာဖြင့်‌ ပြောသည်။

အခန်းထဲရှိလူများအားလုံးကို သူမ ရေးတေးတေးသာမှတ်မိပြီး အများစု၏နာမည်ကို သတိမရတော့ပေ။နောက်ကျမှ ကျောင်းနှစ်ပတ်လည်စာအုပ် ပြန်ကြည့်ရမည်ဟု သူမတွေးနေမိသည်။

" ယွီသုံ...လာသားပဲ "၀၀ကစ်ကစ်ဆရာမလင်းသည် သူမဆီသို့ ပြုံးရယ်ကာဖြင့် ရောက်လာ‌သည်။

" ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ...ဆရာမလင်း။နောက်ကျသွားတဲ့အတွက် ေတာင်းပန်ပါတယ် " လက်ဆောင်လှမ်းပေးရင်း သူမပြောလိုက်သည်။

" ရပါတယ်ကွယ်...မင်းလာတယ်ဆိုတာနဲ့တင် လုံလောက်နေပါပြီ "

" ယွီသုံ...နင်လာသားပဲ။အအေးမိတာက သိပ်မပြင်းဘူးထင်တယ် "ရှန်းရှောင်ယွဲ့သည်လည်း ယွီသုံမရောက်ခင် မိနစ်ပိုင်းလောက်ကမှ ရောက်ရှိလာခြင်းဖြစ်သည်။

" ဟုတ်တယ်! "ကုတ်အင်္ကျီကိုချွတ်ရင်း ယွီသုံသည် ရှန်းရှောင်ယွဲ့အား ကပ်ကာ တီးတိုးပြောလိုက်သည်။" ဘာလို့ လူတွေက ဒီလောက်များနေရတာလည်း? "

" ရှန်ဟိုင်းမှာနေတဲ့ ငါတို့အတန်းဖော်တွေပဲ လာတာ‌လေ...သိပ်မများပါဘူး...ဆယ်လောက်လောက်ပဲရှိတာပါ "

" ဒါနဲ့ နင့်မျက်နှာက ဘာလို့မသက်မသာဖြစ်နေတာလည်း? "ရှန်းရှောင်ယွဲ့၏မျက်နှာကို စိုက်ကြည့်လိုက်သောအခါ တက်ကြွလန်းဆန်းမှုများ ကင်းမဲ့နေသည်ကို သူမသတိထားမိသည်။

" သိပ်မကြာခင် နင်သိပါလိမ့်မယ် "ရှန်းရှောင်ယွဲ့က ညည်းညူကာ‌ပြော‌လေသည်။

ယွီသုံလည်း ဘာမှထပ်‌မမေးတော့ဘဲ ရှန်းရှောင်ယွဲ့ထိုင်သည့်စားပွဲသို့သာ လိုက်လာခဲ့သည်။တနေကုန်နီးပါး အိပ်ပြီးသည့်နောက် ယွီသုံမှာ အလွန်ဗိုက်ဆာနေပြီဖြစ်ပြီး နေရာတစ်ခု၌ထိုင်ချ၍ အစာစားချင်နေပြီဖြစ်သည်။

" နင် နေ့လည်စာစားပြီးတာ ဘယ်လောက်ကြာပြီလည်း? "အနီရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက်က သူမအားမေးကာ ရယ်လေသည်။" ဖန်းဟွာက နင့်ကို ထမင်းမကျွေးဘူးလား? "

ယွီသုံ ထိုအမျိုးသမီးကို ကြည့်လိုက်သော်လည်း သူမ၏နာမည်ကို မမှတ်မိပေ။ထို့ကြောင့် သူမ ပြုံးရုံသာပြုံးပြလိုက်ပြီး ဘာမှမပြောဘဲ အစားသာ ဆက်စားနေလိုက်သည်။

" နင် ဘာ‌ပြောလိုက်တာလည်း...လီလီ? "ရှန်းရှောင်ယွဲ့က ကြားဖြတ်‌ကာဝင်မေးလိုက်သည်။

" ဘာမှမဟုတ်ပါဘူး...ငါက ယွီသုံကို နှုတ်ဆက်တာပါ "လီလီသည် မသိဟန်ဆောင်ကာ ဆက်ပြောလေသည်။" ယွီသုံနဲ့ဖန်းဟွာက ဘွဲ့ရပြီးရင် လက်ထပ်မှာလို့ ငါတို့အားလုံးသိထားကြတယ်လေ...ဟေး ငါက လက်ဖွဲ့ပြင်ထားပြီးပြီနော်...နင်တို့က ဘယ်တော့ကျွေးမှာလည်း? "

လီလီ?ယွီသုံမှတ်မိရန် ကြိုးစားလိုက်သည်။ဖန်းဟွာကို ကြိတ်သဘောကျနေတဲ့ မိန်းကလေးမဟုတ်ဘူးလား?ငါအချိန်အတော်ကြာအောင် သတိထားနေခဲ့ရတာကို အခုမှပဲမှတ်မိ‌တော့တယ်။

" Oh...ငါတို့က ပြတ်သွားပြ်ီ "ယွီသုံ၏အေးဆေးတည်ငြိမ်သည့် တုန့်ပြန်ချက်ကြောင့် အော်ဟစ်တော့မည့် ရှန်းရှောင်ယွဲ့မှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။

" ဘာလို့လည်း? "လီလီက မသိဟန်ဆောင်ကာ မေးသည်။

" နင် ဖန်းဟွာကို တိတ်တခိုးသဘောကျနေတယ်လို့ ငါကြားမိတယ်။အဲ့တာကြောင့် ‌ယောက်ျားတွေကို သဘောကျမိတဲ့နေရာမှာ နင်နဲ့တစ်မိနစ်လောက်‌တောင် တူနေမှာကို သဘောမကျလို့လေ "

" နင်..... "လီလီသည် သူမအား ဒေါသတကြီးကြည့်လာသည်။" တစ်ခြားလူတွေ မသိဘူး‌လို့တော့ နင် ထင်မနေနဲ့နော်။နင်က ပြည်သူ့ရေးရာဗျုရို‌ရှေ့မှာ ဖန်းဟွာစွန့်ပစ်တာ ခံလိုက်ရတယ်ဆိုတာ ငါတို့အားလုံး ကြားပြီးသွားကြပြီ "

" နင်ရဲ့အသံက ငါကိုယ်တိုင်ထက်တောင် သိနေသလိုပါပဲလား? " ယွီသုံလှည့်ကြည့်လိုက်သည့်အခါ လူတိုင်းလူတိုင်းသည် သူမတို့အား ကြည့်နေကြသော‌ကြောင့် " ဒီနေ့က ဆရာမလင်းရဲ့မွေးနေ့ဖြစ်နေလို့ ဒီကိစ္စကို တော်လိုက်ကြရအောင်။တစ်ကယ်လို့နင်ဆက်သိချင်‌နေသေးတယ်ဆိုရင် ဘယ်သူမှမရှိတဲ့အချိန်ထိစောင့် "

" ဟမ်း... "လီလီမှာ အောင်နိုင်သူတစ်ယောက်ကဲ့သို့ စိတ်လျော့ဟန်ပြုလိုက်သည်။

ရှန်းရှောင်ယွဲ့မှာ လီလီအား ရိုက်နှက်ချင်သော်လည်း ဆရာမလင်း၏ပြောဆိုမှု‌ကြောင့် သူမအား ကိုယ်ထိလက်ရောက်ပြုမူခြင်းသည် အကောင်းဆုံးလုပ်ဆောင်ချက်မဟုတ်ဟု ခံစားမိသွားသည်။

သူမတို့ စကားစပြတ်သွားသည့်အချိန်၌ပင် ဖန်းဟွာ‌ဝင်လာလေသည်။သူသည် တီဗွီရှိုးတစ်ခု၏ အစီအစဉ်တင်ဆက်သူဖြစ်လာကတည်းက  ပို၍ရင့်ကျက်သလို ဖြစ်လာသည်။

ဖန်းဟွာကို တွေ့လိုက်ရသည့်အချိန် လီလီ၏မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပလာသည်။

သို့သော် ယွီသုံတွင်မူ မည်သည့်အမူအရာမှ မရှိ‌ပေ။ထိုအစား ပြောင်ဖူးစွပ်ပြုတ်ကိုသာ သောက်နေလေသည်။

" လီလီ့မျက်နှာကို ကြည့်လိုက်ဦး...သူ့ကိုယ်သူ ဖန်းဟွာနဲ့ကပ်ထားချင်နေပုံရတယ် "ရှန်းရှောင်ယွဲ့က ဖျစ်တောက်ဖျစ်တောက်ဖြင့် ‌ပြောနေလေသည်။

" ဟေး...ဒီစွပ်ပြုတ်ကိုသောက်ကြည့်လိုက်..အရသာရှိတယ် "ယွီသုံသည် ရှန်းရှောင်ယွဲ့အား ထိုစွပ်ပြုတ်ကို ပန်းကန်တစ်ဝက်ထည့်ကာ ပေးလိုက်သည်။

တစ်ခန်းလုံး အသံလွှင့်ပညာအား သင်ကြား‌ခဲ့သော်လည်း လူအနည်းငယ်ကသာ တီဗွီအသံလွင့်ရံုတွင်် အလုပ်ရနိုင်သောကြောင့် ဖန်းဟွာရောက်ရှိလာမှုသည် ချက်ချင်းပင် ပွက်လောရိုက်သွားသည်။လူအများစုသည် ဖန်းဟွာအား အပြိုင်အဆိုင် နှုတ်ဆက်ကျပြီး သူတို့၏စားပွဲတွင်ထိုင်ရန် တိုက်တွန်းနေကြသည်။

ထိုအခိုက် ဖန်းဟွာလှည့်ကြည့်လာ‌လေသည်။ယွီသုံသည် သူ့အားကျောခိုင်းထားသော်လည်း အတူရှိခဲ့ကြသည်မှာ နှစ်ပေါင်းများစွာရှိခဲ့‌သောကြောင့် တစ်ချက်လှမ်းကြည့်ရုံမျှဖြင့် ယွီသုံဖြစ်ကြောင်း ဖန်းဟွာမှတ်မိသည်။

အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်စွာဖြင့် သူမ၏‌ဘေးရှိ စားပွဲခုံအား ဖန်းဟွာရွေးချယ်လိုက်သည်။

အားလုံးသည် အတန်းဖော်များဖြစ်ကြသော်လည်း ဘွဲ့ရပြီးနောက် လုပ်ငန်းခွင်ဝင်လိုက်သောအခါ လူအများစုသည် ပြောင်းလဲသွားကြသည်။

တစ်ချိန်က ညီတူညီမျှဆက်ဆံရေးရှိခဲ့သူများသည် ယခု အုပ်စုများကွဲပြားသွားကြသည်။

အသံသွင်းလုပ်ငန်းလုပ်ကိုင်ကြသူများသည် ရေဒီယိုDJများကို မနာလိုအားကျကြသည်။

ရေဒီယိုDJများသည် တီဗွီအသံလွှင့်ရုံတွင်လုပ်ကိုင်ကြသူများကို မနာလိုအားကျကြသည်။

တီဗွီအသံလွှင့်ရုံတွင်လုပ်ကိုင်ကြသူများသည် မိုးလေဝသသတင်းကြေညာသူများကို မနာလိုအားကျကြသည်။

မိုးလေဝသသတင်းကြေညာသူများသည် ကြည့်ရှုနားဆင်သူအများဆုံးဖြစ်သည့်အချိန်၌ အစီအစဉ်တင်ဆက်မှုလုပ်ရသူများကို မနာလိုအားကျကြသည်။

လစာနည်းသူများသည် လစာအမြောက်အများရသူများကို မနာလိုအားကျကြသည်။

လစာအမြောက်အများရသူများသည် ချမ်းသာကြွယ်ဝသည့်မိသားစုမှ လူများကို မနာလိုအားကျကြသည်။

စကားဝိုင်းများတွင် ပြောဆိုကြသည့် စကားအများစုမှာ ပရိုမိုးရှင်းအကြောင်းများ၊ဆက်သွယ်မှုများ၊အိမ်များအကြောင်းပင် ဖြစ်ကြသည်။

ယွီသုံလည်း ရှန်းရှောင်ယွဲ့ကိုကြည့်ကာ ပခုံးတွန့်ပြလိုက်သည်။

ထိုအခိုက် ဘေးဝိုင်းရှိ ‌ယောက်ျားလေးအတန်းဖော်တစ်ဦးမှ စတင်၍ အရက်ခွက်မြှောက်ကာ ဆုတောင်းပေး‌လေသည်။

" Hello...အတန်းဖော် အချောလေးတို့...ငါတို့မတွေ့ရတာ နှစ်ဝက်လောက်ပဲရှိသေးတာကို မင်းတို့ ဘာလို့ဒီလောက်ချောလာကြတာလည်း "

ထို့‌နောက် ကျန်လူများကလည်း အရက်ခွက်ကိုမြှောက်ကာ အော်ဟစ်ကြသည်။ယွီသုံသည် အရက်မသောက်ချင်သောကြောင့် လက်ဖက်ရည်တစ်ခွက်ကိုသာ ရွေးချယ်လိုက်သည်။

" ငါရဲ့လိပ်စာကဒ်ကိုယူထားလိုက်ကြလေ...နောက်ကျရင် အကူအညီလိုတဲ့အခါ ‌ငါ့ကို‌ခေါ်ဖို့ တုံ့ဆိုင်းမနေကြနဲ့ "

ယွီသုံ ထိုကဒ်ကိုကြည့်လိုက်သည့်အချိန် ရှန်းရှောင်ယွဲ့မှ ‌ပြောလာ‌လေသည်။" သူက အခုမှ ကြော်ငြာကုမ္ပဏီစလုပ်တာကို တနေ့လုံး ကြွားလုံးထုတ်နေ‌တော့တာပဲ "

အခြားသူများ သောက်စားနေကြစဉ် ယွီသုံနှင့်ရှန်းရှောင်ယွဲ့မှာ သူမတို့၏စားပွဲ၌ပင် ထိုင်နေပြီး အစားအသောက်များကိုသာ ဆက်စားနေကြသည်။

" မင်းအကောင်းဆုံးဖြစ်ပါစေလို့ ငါဆုတောင်းပါတယ် "ဖန်းဟွာသည် သူ၏အလှည့်သို့ရောက်သောအခါ လိုရင်းတိုရှင်းပင် ဆုတောင်းပေးလိုက်သည်။

လူတိုင်းလူတိုင်းသည် မျက်နှာချင်းဆိုင်ထိုင်၍ အရက်သောက်နေကြစဉ် ဖန်းဟွာသည် ခေါင်းမော့၍ ယွီသုံအား လှမ်းကြည့်လာကာ သူမဆီသို့ လျှောက်လာလေသည်။

" ငါသာ နင့်နေရာမှာဆိုရင် ဒီနေ့လိုမျိုးမှာ ကိုယ့်မျက်နှာကိုယ်ပြရတာကို ရှက်မိမှာပဲ "လီလီသည်လည်း ပြန်လာထိုင်ပြီး ယွီသုံအားရန်စကားပြောပြန်သည်။

ယွီသုံ သူမအား တစ်ချက်စောင်းကြည့်လိုက်သည်။ဒီမိန်းမက မကြာခဏကို ရန်လာစ‌နေတာပါလား?

"  ဒီကအကျင့်မကောင်းတဲ့အမျိုးသမီးရှင့်...ပေါက်တတ်ကရစကားတွေ မပြောဘဲ တစ်နေနေရာကိုထွက်သွားပေးနိုင်မလား? "ယွီသုံ အေးတိအေးစက်ဖြင့် ပြန်လည်ချေပလိုက်သည်။

" နင်..... "လီလီမှာ ဒေါသထွက်သွားသည်။

" ဟုတ်တယ်...မိန်းမပျက်မရဲ့...နင်မြန်မြန်ထွက်သွားစမ်းပါ။ဒါနဲ့ နင့်အတွက် ‌‌ယောက်ျားတစ်ယောက်လောက် ခေါ်ပေးရဦးမလား? "

" ရှန်းရှောင်ယွဲ့! "လီလီသည် ကျယ်လောင်စွာအော်ဟစ်လိုက်သောကြောင့် ပွဲတစ်ခုလုံးမှ လူများအားလုံး သူမကို လှမ်းကြည့်လာကြသည်။၎င်းကိုသတိပြုမိသော လီလီမှာ အလျင်အမြန် ထိုင်ချလိုက်သည်။

ထိုအခါမှ လူအားလုံးလည်း အရက်‌သောက်ရင်း စကားပြန်လည်ပြောဆိုကြတော့သည်။

ထိုအခိုက် ဘေးဝိုင်းမှ အမျိုးသားအတန်းဖော်တစ်ဦးသည် သူမတို့ဆီသို့ အရက်အတူသောက်ရန် ရောက်လာသည်။

ထိုအမျိုးသားသည် အနည်းငယ်ရှိုးတိုးရှန့်တန်းဖြစ်နေလေသည်။ထို့‌နောက် အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် သူမတို့အား ပြောလာသည်။" မင်းတို့အားလုံးကို အတူသောက်ဖို့ ငါဖိတ်ခေါ်ပါရစေ "

" ချင်လဲ့?သိပ်မကြာခင်တုန်းက နင် ဘာတွေလုပ်နေခဲ့တာလည်း?  "အတန်းဖော်တစ်ဦးက မေးလိုက်သည်။

" ငါ တီဗွီအသံလွှင့်ရုံမှာ အလုပ်လုပ်နေခဲ့တာ "

" စင်နောက်မှာလား? "နောက်ထပ်ကျောင်းသားတစ်ဦးက အံ့ဩစွာဖြင့် မေးလိုက်သည်။" မင်းက ငါတို့အတန်းရဲ့ ခေါင်းဆောင်လေ "

" လက်တွေ့ဘဝရဲ့အတွေ့အကြုံက စာမေးပွဲတွေနဲ့ ခြားနားတယ်။ကျောင်းတုန်းက အဆင့်တွေက ဘာလုပ်လို့ရမှာလည်း? "အခြားကျောင်းသားတစ်ဦးက ဝင်‌ပြောပြီး‌နောက် သက်ပြင်းချလိုက်သည်။

" အခုခေတ် တီဗွီအသံလွှင့်ရုံတွေက နောက်ခံကောင်းတဲ့သူကိုပဲ ရှာကြတော့တာ။မင်းက ချင်လဲ့လို ကျေးလက်ဒေသကလာရင်တော့ အခြားနောက်ခံကောင်းတဲ့သူတွေကို သေချာပေါက်ရှုံးနိမ့်မှာပဲ "

သူမတို့၏စားပွဲ၌ အရက်ခွက်ကိုကိုင်ကာ ရပ်နေသည့် ချင်လဲ့သည် ရွေ့လျားရန်ပင် ရှက်ရွံ့နေတော့သည်။

၎င်းကိုမြင်သည့် ယွီသုံမှာ သူမ၏လက်ဖက်ရည်ခွက်ကို မ‌၍ ချင်လဲ့၏အရက်ခွက်နဲ့တိုက်ကာ ပြောလိုက်သည်။" ငါအအေးမိနေတော့ အရက်သောက်လို့မရလို့ လက်ဖက်ရည်လည်း အဆင်ပြေတယ်မလား? "

" နင်သောက်ဖို့ ကြိုးစားမနေနဲ့ ယွီသုံ...ငါ နင့်အစား သေချာသောက်ပေးပါ့မယ် "ရှန်းရှောင်ယွဲ့သည်လည်း သူမ၏အရက်ခွက်ကို ချင်လဲ့၏ခွက်နှင့်တိုက်လိုက်သည်။

" ကျေးဇူးပါပဲ! "ချင်လဲ့လည်း သူမတို့နှစ်ယောက်အား ကျေးဇူးတင်စွာဖြင့် ကြည့်လာပြီး ပြောလေသည်။ထို့နောက် အခြားသူများကို လျစ်လျုရှု၍ ခွက်ထဲမှ အရက်များ၊လက်ဖက်ရည်များကို မော့သောက်လိုက်ကြသည်။

" အတန်းခေါင်းဆောင်ရဲ့အသံက တိုင်ဖွန်းမုန်တိုင်းလိုပဲလို့ ဆရာမလင်းပြောတာ ငါမှတ်မိသေးတယ် "ထိုသို့ပြောပြီး ယွီသုံရယ်‌လေသည်။

" ဟုတ်တယ်...သူ့အသံက အံ့ဩဖို့ကောင်းတယ် " ရှန်းရှောင်ယွဲ့ကလည်း သံယောင်လိုက်ကာ ပြောသည်။

ချင်လဲ့သည် သူမတို့၏စကားများကို ရယ်ရုံမျှသာတတ်နိုင်လေသည်။သူက တီဗွီအသံလွှင့်ရုံမှာ အလုပ်မျိုးစုံလုပ်နေရတာလေ...သူရဲ့တိုင်ဖွန်းမုန်တိုင်းလိုအသံက ဘာလုပ်လို့ရမှာလည်း?

" ငါတို့ရဲ့အသိုင်းအဝိုင်းက အမြဲတမ်းဒီလိုပါပဲ။တချို့က အခွင့်အရေးစောစောရပြီးတော့ တချို့ကတော့ နောက်ကျမှ အခွင့်အရေးရကြတယ်။ဒါပေမယ့် အဆုံးသတ်မှာတော့  သေချာပြင်ဆင်ထားတဲ့သူက အောင်မြင်မှာပါပဲ "

ချင်လဲ့သည် သူမ၏စကားကို အချိန်ယူစဉ်းစားပြီးနောက် ပထမဆုံးအကြိမ် စိတ်လိုလက်ရရယ်လိုက်သည်။

နောက်ဆုံး၌ ‌ပျော်စရာမ‌ကောင်းသည့် မွေးနေ့ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ယွီသုံသည် ရှန်းရှောင်ယွဲ့နှင့်အတူ ရင်းနှီးနေသည့်လမ်းမထက်၌ လမ်းလျှောက်ရင်း တက္ကသိုလ်တက်ခဲ့စဉ်က နေ့ရက်များအကြောင်း ‌ပြောဆို‌နေကြသည်။

" ငါတို့အတန်းပြီးတိုင်း ဒီကိုအမြဲလာပြီး နို့လက်ဖက်ရည်ဝယ်နေကြလေ "ရှန်းရှောင်ယွဲ့သည် နို့လက်ဖက်ရည်ဆိုင်ကို ညွှန်ပြရင်း ပြောလေသည်။

" ဒီ‌ဆိုင်လား? "ထိုဆိုင်ကို မမြင်ရသည်မှာ ဆယ်နှစ်လောက်ကြာပြီဖြစ်သည့် ယွီသုံသည် အံ့ဩစွာဖြင့် မေးလိုက်သည်။

" နင် ဘာလို့ ဒီလောက်အံ့ဩနေတာလည်း? "ယွီသုံသည် အလွန်အမင်းချဲ့ကားပြော‌နေသည်ဟု ထင်မိ‌သောကြောင့် ရှန်းရှောင်ယွဲ့မှာ စဉ်းစားမရဖြစ်သွားသည်။

" ငါတို့ ရှင်းရှင်းအတွက်ရော တစ်ခွက်လောက်ဝယ်သွားကြမလား? "သူမ ခေါင်းစဉ်ပြောင်းကာ မေးလိုက်သည်။

" ကောင်းပြီလေ...ငါသွားဝယ်လိုက်မယ် " ရှန်းရှောင်ယွဲ့မှလည်း သဘောတူလေသည်။" ဟိုမှာ ရှင်းရှင်းအကြိုက် သစ်ကြားသီးတွေလည်းရှိတယ်။နင်က အဲ့တာဝယ်ခဲ့လိုက်‌လေ..ပြီး‌တော့ ငါတို့ ဟိုအပင်အောက်မှာ ဆုံကြမယ် "

ယွီသုံလည်း ခေါင်းငြိမ့်ပြလိုက်ပြီး သစ်ကြားသီးဆိုင်သို့ လမ်းလျှောက်လာသည်။ထို့နောက် သူမ ထိုသရေစာကို အခက်အခဲမရှိဝယ်ယူကာ အကေးရှားပင်‌အောက်သို့ အရင်ဆုံးရောက်လာခဲ့သည်။

" ဖန်းဟွာ...ငါ နင့်ကို သဘောကျတယ် "

တစ်စုံတစ်ယောက်၏ဖွင့်ဟဝန်ခံချက်ကို ရုတ်တရက် ကြားလိုက်ရပြီးနောက် ဖန်းဟွာသည် သူမအား မြင်သွားပြီးဖြစ်သဖြင့် ပုန်းရန်‌နောက်ကျသွားပြီဖြစ်ကြောင်း ယွီသုံသဘောပေါက်လိုက်သည်။

" တောင်းပန်ပါတယ် "ဖန်းဟွာသည် ယွီသုံအား လှမ်းကြည့်ကာ ထိုတစ်စုံတစ်ယောက်ကို စကားထပ်ပြောရန် ငြင်းဆန်လိုက်သည်။

ယွီသုံမှာ အခြားသူ၏အရေးကိစ္စကို နားမထောင်ချင်သောကြောင့် လှည့်ထွက်လာပြီး ခပ်‌ဝေးဝေးမှ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေလိုက်သည်။

နို့လက်ဖက်ရည်ဝယ်တာ ဘယ်လောက်တောင်ကြာနေပြီလည်း?လူတန်းအရှည်ကြီးရှိလို့လား?ရှောင်ယွဲ့က နောက်ကျလိုက်တာ။

" လီလီ့ကို‌ ငါ မပြောဘူး "

ယွီသုံ လှည့်ကြည့်လိုက်သည့်အခါ ဖန်းဟွာကိုပင် ထပ်တွေ့ရပြန်သည်။ဘာကြောင့်မှန်းမသိသော်လည်း ဖန်းဟွာကိုမြင်လိုက်ရသည့်အချိန်၌ ဒေါသမထွက်တော့ပေ။

" ရှင် ဘာကိုပြောတာလည်း? "

"  ပြည်သူ့ရေးရာဗျုရိုရှေ့မှာ ဘာဖြစ်ခဲ့လည်းဆိုတာ ငါ သူ့ကိုပြောတာမဟုတ်ဘူး "

" Oh "

" မင်း...ဘယ်လို‌လည်း? "

" အဆင်ပြေပါတယ်! "ယွီသုံသည် ဖန်းဟွာအား နည်းနည်း‌လေးမှ စိတ်မဝင်စားသော်လည်း ပြုံးပြလိုက်သည်။

" မင်းပြောင်းလဲသွားပြီပဲ "

" ကျွန်မတင်မဟုတ်ပါဘူး...အကုန်လုံးလည်း ပြောင်းလဲကုန်ကြတာပဲ "ယ‌နေ့‌တွေ့ခဲ့ရသည့် လူများအကြောင်း တွေးတောစဉ်းစားမိရင်း သူမစိတ်လှုပ်ရှားလာသည်။

" ငါ...ငါသွားတော့မယ် "ဖန်းဟွာသည် သူမအား ဘာပြောရမည်မှန်း မသိ‌ေတာ့‌ေပ။

" ဂရုစိုက်သွား "

" ...ငါတို့ သူငယ်ချင်းဖြစ်နိုင်သေးလား? "

ဖန်းဟွာ၏အမူအရာသည် သူမတို့ချစ်ကျွမ်းဝင်ခဲ့စဉ်က အချိန်များကို ပြန်လည်အောက်မေ့မိစေသည်။

အကေးရှားပန်းပွင့်များ၏အောက်တွင် ကြင်နာတတ်သည့်မျက်ဝန်းများဖြင့် ဆက်ကျော်သက်လေးတစ်ဦးသည် နီရဲရဲပါးမို့မို့နှင့် မိန်းကလေးငယ်လေးတစ်ယောက်ကို ဆုပ်ကိုင်ထားသည်။ထိုနေ့ရက်များသည် သူမဘ၀၏ အပျော်ဆုံးနေ့ရက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ခဲ့သော်လည်း အချိန်သည် သူမအား ပြောင်းလဲသွားစေခဲ့သည်။

ယွီသုံ ခေါင်းခါရမ်းပြလိုက်သည်။

" ဘာလို့လည်း? "ဖန်းဟွာသည် အနည်းငယ်နာကျင်သွားသည်။

" ငါရဲ့အမျိုးသားက သဝန်တိုနေမှာ ‌စိုးလို့ "ထိုသို့ပြောပြီး သူမရယ်လိုက်သည်။

" မင်းက လက်ထပ်လိုက်ပြီလား? "သူမ အခြားသူတစ်ယောက်နှင့် အမှန်တစ်ကယ်ပင် လက်ထပ်ခဲ့သည်ကို ဖန်းဟွာမယုံကြည်နိုင်သေး‌ပေ။

...

အနည်းငယ်မူးနေသည့် ရှန်းရှောင်ယွဲ့မှ သူမကို တိုက်ခန်းသို့ ပြန်လိုက်ပို့ပြီးသည့်ေနာက် ယွီသုံ အလုပ်သို့ တန်းလာခဲ့ရသည်။

" မင်း အအေးမိနေတာလား? "သူမ၏အစီအစဉ် တင်ဆက်ပြီးပြီးချင်း၌ပင် ရှဖန်က ဖုန်းခေါ်လာသည်။

" အရမ်းကြီးကြီးမားမားမဟုတ်ပါဘူး... "

" ဒါပေမယ့် ဆေးသောက်ဖို့ မမေ့နဲ့‌နော်။ပြီး‌တော့ ကိုယ် မနက်ဖြန် အိမ်ကို နည်းနည်းနောက်ကျမှ ပြန်ရောက်လိမ့်မယ် "

" အလုပ်မှာ ပြဿနာရှိလို့လား? "

" မဟုတ်ဘူး..ကိုယ် ခွဲစိတ်ခန်းဝင်စရာရှိသေးတယ်။ဒါရိုက်တာက ပစ္စည်းအသစ် အသံုးပြုပံုကို ‌နောက်တစ်ကြိမ်ထပ်ပြစေ‌ချင်နေသေးလို့ "

" ဒါဆို ရှင်အခုထိမအိပ်ရသေးဘူးလား? "

" ကိုယ်အဆင်ပြေပါတယ်...ခွဲစိတ်တာက နေ့လည်ခင်းမှလေ "ထို့နောက် ရှဖန်ရယ်လိုက်ပြီး ဆက်ပြောလေသည်။" ကိုယ် မင်းရဲ့အစီအစဉ်ကို နားထောင်ရတာ ကြိုက်တယ် "

သူမလည်း ပြုံးဖြဲဖြဲလုပ်ကာ ပြန်မေးလိုက်သည်။
" ရှင်က ကျွန်မရဲ့အစီအစဉ်တင်ဆက်တဲ့စွမ်းရည်ကို သဘောကျတာလား?..ဒါမှမဟုတ်..ရှင် ကျွန်မကို သဘောကျလာမှ ဒီအစီအစဉ်ကို ကြိုက်တာလား? "

" ကိုယ်‌ အဖြေမဖြေခင် မင်းကို မေးခွန်းတစ်ခုလောက် မေးလို့ရလား? "

" ရတာပေါ့ "

" ဘာဖြစ်လို့ ဒီနေ့ညထုတ်လွှင့်မှုရဲ့ theme က အချစ်ဦးလည်း? "

" ဘာဖြစ်လို့လည်းဆိုတော့ ဒီနေ့ကျွန်မရဲ့အချစ်ဦးနဲ့ တွေ့ခဲ့လို့လေ "

" Oh...မင်း တစ်ခုခုခံစားခဲ့ရလို့လား? " အနည်းငယ် ကမောက်ကမဖြစ်စွာဖြင့် ရှဖန်မေးလိုက်သည်။

" ရှင် သဝန်တိုနေတာလား? "ရှဖန်၏အသံသည် အနည်းငယ်တင်းမာနေကြောင်းကို သူမသတိပြုမိသောကြောင့် ပြန်‌မေးလိုက်သည်။

" မဟုတ်ပါဘူး! "

" မဟုတ်ဘူးလား?ဒါဆို ကျွန်မ ဘယ်လိုခံစားရလည်းလို့ ရှင် ဘာလို့မေးတာလည်း? "

" အဲ့တာက...မင်း သူနဲ့တွေ့ခဲ့ရင်တောင်မှ... "

" ဟမ်း... "ကျဆင်းလာသည့် နှင်းပွင့်များကို ဖမ်းမိရန် သူမလက်ကို မလိုက်သည်။" ကျွန်မတို့ သူငယ်ချင်းဖြစ်နိုင်သေးလားလို့ သူကမေးလာတယ်...အဲ့တာနဲ့ ကျွန်မလည်း ကျွန်မယောက်ျားက စိတ်ဆိုးလိမ့်မယ်လို့ ပြန်ဖြေလိုက်တယ် "

" အိမ်ပြန်ပြီး စောစောအိပ်တော့‌နော် "ရှဖန် ချောင်းဆိုးဟန်ပြုကာ ဖုန်းချလိုက်သည်။

ယွီသုံလည်း မျက်မှောင်ကြုံ့လိုက်ပြ်ီးနောက် အော်ရယ်လိုက်သည်။ဒီလူကြီးက ဘာလို့ အမျိုးသမီးတွေထက် ပိုရှက်နေရတာလည်း?

>>>>>

T.B.C
16.9.2021

💫💫💫💫💫💫💫💫💫💫💫💫💫💫💫

Zawgyi

ေဆာင္းရာသီ၌ အေအးမိျခင္းမ်ားျဖစ္ပြားတတ္သည္။ကံမေကာင္းစြာျဖင့္ ယြီသုံသည္ ထိုကိစၥအား ေမွ်ာ္လင့္မထားေပ။ယေန႔မနက္ ႏိုးထလာသည့္အခ်ိန္၌ သူမ၏‌ေခါင္းတစ္ခုလုံး ေလးလံကာ ကိုက္ခဲေနေလသည္။

သို႔ေသာ္ ႐ွန္းေ႐ွာင္ယြဲ႕၏ ဆက္တိုက္မရပ္မနားဖုန္းေခၚဆိုၿပီး ေႏွာင့္ယွက္မႈမတိုင္ခင္အထိ ‌ထိုကိုက္ခဲေနမႈကို လ်စ္လ်ဳ႐ႈကာ ျပန္အိပ္လိုက္သည္။

" ဟယ္လို? "အသံမပီမသျဖင့္ ယြီသုံ ဖုန္းျပန္ေျဖလိုက္သည္။

" ငါ နင့္ကို ႏိႈးလိုက္မိတာလား? ဒါမွမဟုတ္ နင္ အေအးမိေနတာလား? "သူမ၏ပင္ပန္းႏြမ္းနယ္ေနသည့္အသံေၾကာင့္ ႐ွန္းေ႐ွာင္ယြဲ႕က ‌ေမး‌လာသည္။

" ႏွစ္ခုလုံးပဲ! "ယြီသုံ သူမ၏နဖူးကို စမ္းၾကည့္လိုက္ေသာ္လည္း ဖ်ားနာေနသည္ဟု မထင္ေပ။

" ဒါဆို နင္ ဒီေန႔လာ‌ႏိုင္ရဲ႕လား? "

" ဘယ္ကိုလဲ? "သူမ စဥ္းစားၾကည့္ေသာ္လည္း ယေန႔၌ ေထြေထြထူးထူးလုပ္စရာမ်ိဳး မေတြးမိေပ။

" ဒီေန႔ဆရာမေမြးေန႔ေလ "ထိုအခါ  ႐ွန္းေ႐ွာင္ယြဲ႕က သူမအား သတိေပးေလသည္။

ေမြးေန႔?သူမ မွတ္မိရန္ အျပင္းအထန္ႀကိဳးစားလိုက္သည္။

" ဆရာမလင္းေမြးေန႔က ဒီေန႔လား? "

" နင္ဖ်ားေနတယ္ဆိုရင္ မလိုက္နဲ႔ေတာ့ေလ။ငါ့ဘာသာပဲ သြားလိုက္ေတာ့မယ္ "ထိုသို႔ေျပာၿပီး ဖုန္းခ်လိုက္ေသာ္လည္း ႐ွန္းေ႐ွာင္ယြဲ႕  အနည္းငယ္စိတ္ဓာတ္က်သြားသည္။

ယြီသုံလည္း ေနာက္ထပ္နာရီအနည္းငယ္ခန္႔ အိပ္ၿပီးသည့္ေနာက္ အနည္းငယ္ပိုေကာင္းလာသလို ခံစားရသည္။ထို႔ေၾကာင့္ အိပ္ယာမွထကာ ေခါင္းအုံးကိုမွီလ်က္ ထိုင္ေနၿပီး‌‌ ေနာက္ဆုံး၌ ဆရာမလင္း၏ေမြး‌ေန႔ပြဲသို႔ သြားမည္ဟု ဆုံးျဖတ္ခ်က္ခ်လိုက္သည္။

ေရ‌ေႏြးေႏြးျဖင့္ ေရခ်ိဳးၿပီးသည့္ေနာက္ ေခါင္းမူးေျပသလိုျဖစ္လာသျဖင့္ ႐ွန္းေ႐ွာင္ယြဲ႕အား စာပို႔လိုက္သည္။

[ ပြဲက်င္းပမယ့္လိပ္စာ ငါ့ကိုေပးဦး ... ငါလာခဲ့မယ္ ]

[ ညေန၆နာရီ...ငါတို႔တကၠသိုလ္အျပင္ဘက္က စီခြၽမ္စားေသာက္ဆိုင္မွာ ]

ေ႐ွာင္ယြဲ႕က အလ်င္အျမန္ပင္ ေျဖၾကားလာခဲ့သည္။

ယြီသုံ နာရီၾကည့္လိုက္သည့္အခါ ၅နာရီခြဲ႐ွိၿပီ ျဖစ္သည္...ငါ နည္းနည္း‌ေနာက္က်ေနၿပီ ထင္တယ္။

သူမတြင္ လက္ေဆာင္ဝယ္ရန္ အခ်ိန္မ႐ွိေတာ့သျဖင့္ အနည္းငယ္စဥ္းစားၿပီးသည့္ေနာက္ ႐ွဖန္ အေမရိကမွဝယ္လာသည့္ Skincareတစ္စုံကိုသာ ယူလာခဲ့သည္။

သူမတို႔တကၠသိုလ္ဘက္သို႔ ကားေမာင္းလာရင္း အတိတ္က အမွတ္တရမ်ားအား ယြီသုံ သတိရလာသည္။အရာအားလုံးေမ့သြားၿပီဟု သူမ‌ေတြး‌ေသာ္လည္း အမွန္တစ္ကယ္၌ သတိမရခ်င္ေတာ့ေသာေၾကာင့္သာ ျဖစ္သည္။

ကားပါကင္ထိုးၿပီးသည့္ေနာက္ အက်ႌအထပ္ေပါင္းမ်ားစြာလႊမ္းျခဳံထားသည့္သူမသည္ စားေသာက္ဆိုင္ထဲသို႔ ဦးတည္လိုက္သည္။

" ဘယ္ႏွစ္ေယာက္လဲ႐ွင့္ "ဆိုင္အေ႐ွ႕မွ စားပြဲထိုးသည္ သူမအား ယဥ္ေက်းပ်ဳဌာစြာ ေမးလာသည္။

" ဟင္ "သူမ ေ႐ွာင္ယြဲ႕အား အခန္းနံပါတ္ေမးရန္ ေမ့လာသည္။" ဆရာမလင္းလင္းရဲ႕ေမြးေန႔ပြဲက ဘယ္အထပ္မွာလည္း? "

" ၃ထပ္‌ေျမာက္မွာပါ႐ွင့္ "

ေက်းဇူးတင္စကား‌ေျပာၿပီးသည့္အခါ သစ္သားေလွကားထစ္မ်ားဆီသို႔ သူမတက္လာခဲ့သည္။

ဒုတိယအထပ္အားေက်ာ္ျဖတ္လာၿပီးသည့္ေနာက္ စကားေျပာဆိုေနၾကသည့္ အသံမ်ားကို ေလွကားထစ္မ်ားမွပင္ ၾကားေနရေလသည္။ၾကည့္ရတာ လူ‌ေတြအမ်ားႀကီး လာတဲ့ပုံပဲ။

" ၾကည့္စမ္း...ဟိုမွာဘယ္သူပါလိမ့္ "ယြီသုံဝင္လာသည္ကိုျမင္သည့္ ခန္႔ညားသည့္အမ်ိဳးသားတစ္ေယာက္က ျပဳံးရယ္ကာျဖင့္‌ ေျပာသည္။

အခန္းထဲ႐ွိလူမ်ားအားလုံးကို သူမ ေရးေတးေတးသာမွတ္မိၿပီး အမ်ားစု၏နာမည္ကို သတိမရေတာ့ေပ။ေနာက္က်မွ ေက်ာင္းႏွစ္ပတ္လည္စာအုပ္ ျပန္ၾကည့္ရမည္ဟု သူမေတြးေနမိသည္။

" ယြီသုံ...လာသားပဲ "၀၀ကစ္ကစ္ဆရာမလင္းသည္ သူမဆီသို႔ ျပဳံးရယ္ကာျဖင့္ ေရာက္လာ‌သည္။

" ေပ်ာ္႐ႊင္စရာေမြးေန႔ျဖစ္ပါေစ...ဆရာမလင္း။ေနာက္က်သြားတဲ့အတြက္ ေတာင္းပန္ပါတယ္ " လက္ေဆာင္လွမ္းေပးရင္း သူမေျပာလိုက္သည္။

" ရပါတယ္ကြယ္...မင္းလာတယ္ဆိုတာနဲ႔တင္ လုံေလာက္ေနပါၿပီ "

" ယြီသုံ...နင္လာသားပဲ။အေအးမိတာက သိပ္မျပင္းဘူးထင္တယ္ "႐ွန္းေ႐ွာင္ယြဲ႕သည္လည္း ယြီသုံမေရာက္ခင္ မိနစ္ပိုင္းေလာက္ကမွ ေရာက္႐ွိလာျခင္းျဖစ္သည္။

" ဟုတ္တယ္! "ကုတ္အက်ႌကိုခြၽတ္ရင္း ယြီသုံသည္ ႐ွန္းေ႐ွာင္ယြဲ႕အား ကပ္ကာ တီးတိုးေျပာလိုက္သည္။" ဘာလို႔ လူေတြက ဒီေလာက္မ်ားေနရတာလည္း? "

" ႐ွန္ဟိုင္းမွာေနတဲ့ ငါတို႔အတန္းေဖာ္ေတြပဲ လာတာ‌ေလ...သိပ္မမ်ားပါဘူး...ဆယ္ေလာက္ေလာက္ပဲ႐ွိတာပါ "

" ဒါနဲ႔ နင့္မ်က္ႏွာက ဘာလို႔မသက္မသာျဖစ္ေနတာလည္း? "႐ွန္းေ႐ွာင္ယြဲ႕၏မ်က္ႏွာကို စိုက္ၾကည့္လိုက္ေသာအခါ တက္ႂကြလန္းဆန္းမႈမ်ား ကင္းမဲ့ေနသည္ကို သူမသတိထားမိသည္။

" သိပ္မၾကာခင္ နင္သိပါလိမ့္မယ္ "႐ွန္းေ႐ွာင္ယြဲ႕က ညည္းညဴကာ‌ေျပာ‌ေလသည္။

ယြီသုံလည္း ဘာမွထပ္‌မေမးေတာ့ဘဲ ႐ွန္းေ႐ွာင္ယြဲ႕ထိုင္သည့္စားပြဲသို႔သာ လိုက္လာခဲ့သည္။တေနကုန္နီးပါး အိပ္ၿပီးသည့္ေနာက္ ယြီသုံမွာ အလြန္ဗိုက္ဆာေနၿပီျဖစ္ၿပီး ေနရာတစ္ခု၌ထိုင္ခ်၍ အစာစားခ်င္ေနၿပီျဖစ္သည္။

" နင္ ေန႔လည္စာစားၿပီးတာ ဘယ္ေလာက္ၾကာၿပီလည္း? "အနီေရာင္ဆံပင္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္က သူမအားေမးကာ ရယ္ေလသည္။" ဖန္းဟြာက နင့္ကို ထမင္းမေကြၽးဘူးလား? "

ယြီသုံ ထိုအမ်ိဳးသမီးကို ၾကည့္လိုက္ေသာ္လည္း သူမ၏နာမည္ကို မမွတ္မိေပ။ထို႔ေၾကာင့္ သူမ ျပဳံး႐ုံသာျပဳံးျပလိုက္ၿပီး ဘာမွမေျပာဘဲ အစားသာ ဆက္စားေနလိုက္သည္။

" နင္ ဘာ‌ေျပာလိုက္တာလည္း...လီလီ? "႐ွန္းေ႐ွာင္ယြဲ႕က ၾကားျဖတ္‌ကာဝင္ေမးလိုက္သည္။

" ဘာမွမဟုတ္ပါဘူး...ငါက ယြီသုံကို ႏႈတ္ဆက္တာပါ "လီလီသည္ မသိဟန္ေဆာင္ကာ ဆက္ေျပာေလသည္။" ယြီသုံနဲ႔ဖန္းဟြာက ဘြဲ႕ရၿပီးရင္ လက္ထပ္မွာလို႔ ငါတို႔အားလုံးသိထားၾကတယ္ေလ...ေဟး ငါက လက္ဖြဲ႕ျပင္ထားၿပီးၿပီေနာ္...နင္တို႔က ဘယ္ေတာ့ေကြၽးမွာလည္း? "

လီလီ?ယြီသုံမွတ္မိရန္ ႀကိဳးစားလိုက္သည္။ဖန္းဟြာကို ႀကိတ္သေဘာက်ေနတဲ့ မိန္းကေလးမဟုတ္ဘူးလား?ငါအခ်ိန္အေတာ္ၾကာေအာင္ သတိထားေနခဲ့ရတာကို အခုမွပဲမွတ္မိ‌ေတာ့တယ္။

" Oh...ငါတို႔က ျပတ္သြားျပ္ီ "ယြီသုံ၏ေအးေဆးတည္ၿငိမ္သည့္ တုန္႔ျပန္ခ်က္ေၾကာင့္ ေအာ္ဟစ္ေတာ့မည့္ ႐ွန္းေ႐ွာင္ယြဲ႕မွာ ႐ုတ္တရက္ တိတ္ဆိတ္သြားသည္။

" ဘာလို႔လည္း? "လီလီက မသိဟန္ေဆာင္ကာ ေမးသည္။

" နင္ ဖန္းဟြာကို တိတ္တခိုးသေဘာက်ေနတယ္လို႔ ငါၾကားမိတယ္။အဲ့တာေၾကာင့္ ‌ေယာက်္ားေတြကို သေဘာက်မိတဲ့ေနရာမွာ နင္နဲ႔တစ္မိနစ္ေလာက္‌ေတာင္ တူေနမွာကို သေဘာမက်လို႔ေလ "

" နင္..... "လီလီသည္ သူမအား ေဒါသတႀကီးၾကည့္လာသည္။" တစ္ျခားလူေတြ မသိဘူး‌လို႔ေတာ့ နင္ ထင္မေနနဲ႔ေနာ္။နင္က ျပည္သူ႕ေရးရာဗ်ဳ႐ို‌ေ႐ွ႕မွာ ဖန္းဟြာစြန္႔ပစ္တာ ခံလိုက္ရတယ္ဆိုတာ ငါတို႔အားလုံး ၾကားၿပီးသြားၾကၿပီ "

" နင္ရဲ႕အသံက ငါကိုယ္တိုင္ထက္ေတာင္ သိေနသလိုပါပဲလား? " ယြီသုံလွည့္ၾကည့္လိုက္သည့္အခါ လူတိုင္းလူတိုင္းသည္ သူမတို႔အား ၾကည့္ေနၾကေသာ‌ေၾကာင့္ " ဒီေန႔က ဆရာမလင္းရဲ႕ေမြးေန႔ျဖစ္ေနလို႔ ဒီကိစၥကို ေတာ္လိုက္ၾကရေအာင္။တစ္ကယ္လို႔နင္ဆက္သိခ်င္‌ေနေသးတယ္ဆိုရင္ ဘယ္သူမွမ႐ွိတဲ့အခ်ိန္ထိေစာင့္ "

" ဟမ္း... "လီလီမွာ ေအာင္ႏိုင္သူတစ္ေယာက္ကဲ့သို႔ စိတ္ေလ်ာ့ဟန္ျပဳလိုက္သည္။

႐ွန္းေ႐ွာင္ယြဲ႕မွာ လီလီအား ႐ိုက္ႏွက္ခ်င္ေသာ္လည္း ဆရာမလင္း၏ေျပာဆိုမႈ‌ေၾကာင့္ သူမအား ကိုယ္ထိလက္ေရာက္ျပဳမူျခင္းသည္ အေကာင္းဆုံးလုပ္ေဆာင္ခ်က္မဟုတ္ဟု ခံစားမိသြားသည္။

သူမတို႔ စကားစျပတ္သြားသည့္အခ်ိန္၌ပင္ ဖန္းဟြာ‌ဝင္လာေလသည္။သူသည္ တီဗြီ႐ိႈးတစ္ခု၏ အစီအစဥ္တင္ဆက္သူျဖစ္လာကတည္းက  ပို၍ရင့္က်က္သလို ျဖစ္လာသည္။

ဖန္းဟြာကို ေတြ႕လိုက္ရသည့္အခ်ိန္ လီလီ၏မ်က္ဝန္းမ်ားမွာ ခ်က္ခ်င္းပင္ ေတာက္ပလာသည္။

သို႔ေသာ္ ယြီသုံတြင္မူ မည္သည့္အမူအရာမွ မ႐ွိ‌ေပ။ထိုအစား ေျပာင္ဖူးစြပ္ျပဳတ္ကိုသာ ေသာက္ေနေလသည္။

" လီလီ့မ်က္ႏွာကို ၾကည့္လိုက္ဦး...သူ႕ကိုယ္သူ ဖန္းဟြာနဲ႔ကပ္ထားခ်င္ေနပုံရတယ္ "႐ွန္းေ႐ွာင္ယြဲ႕က ဖ်စ္ေတာက္ဖ်စ္ေတာက္ျဖင့္ ‌ေျပာေနေလသည္။

" ေဟး...ဒီစြပ္ျပဳတ္ကိုေသာက္ၾကည့္လိုက္..အရသာ႐ွိတယ္ "ယြီသုံသည္ ႐ွန္းေ႐ွာင္ယြဲ႕အား ထိုစြပ္ျပဳတ္ကို ပန္းကန္တစ္ဝက္ထည့္ကာ ေပးလိုက္သည္။

တစ္ခန္းလုံး အသံလႊင့္ပညာအား သင္ၾကား‌ခဲ့ေသာ္လည္း လူအနည္းငယ္ကသာ တီဗြီအသံလြင့္ရံဳတြင္္ အလုပ္ရႏိုင္ေသာေၾကာင့္ ဖန္းဟြာေရာက္႐ွိလာမႈသည္ ခ်က္ခ်င္းပင္ ပြက္ေလာ႐ိုက္သြားသည္။လူအမ်ားစုသည္ ဖန္းဟြာအား အၿပိဳင္အဆိုင္ ႏႈတ္ဆက္က်ၿပီး သူတို႔၏စားပြဲတြင္ထိုင္ရန္ တိုက္တြန္းေနၾကသည္။

ထိုအခိုက္ ဖန္းဟြာလွည့္ၾကည့္လာ‌ေလသည္။ယြီသုံသည္ သူ႕အားေက်ာခိုင္းထားေသာ္လည္း အတူ႐ွိခဲ့ၾကသည္မွာ ႏွစ္ေပါင္းမ်ားစြာ႐ွိခဲ့‌ေသာေၾကာင့္ တစ္ခ်က္လွမ္းၾကည့္႐ုံမွ်ျဖင့္ ယြီသုံျဖစ္ေၾကာင္း ဖန္းဟြာမွတ္မိသည္။

အနည္းငယ္႐ွက္ကိုး႐ွက္ကန္းျဖစ္စြာျဖင့္ သူမ၏‌ေဘး႐ွိ စားပြဲခုံအား ဖန္းဟြာေ႐ြးခ်ယ္လိုက္သည္။

အားလုံးသည္ အတန္းေဖာ္မ်ားျဖစ္ၾကေသာ္လည္း ဘြဲ႕ရၿပီးေနာက္ လုပ္ငန္းခြင္ဝင္လိုက္ေသာအခါ လူအမ်ားစုသည္ ေျပာင္းလဲသြားၾကသည္။

တစ္ခ်ိန္က ညီတူညီမွ်ဆက္ဆံေရး႐ွိခဲ့သူမ်ားသည္ ယခု အုပ္စုမ်ားကြဲျပားသြားၾကသည္။

အသံသြင္းလုပ္ငန္းလုပ္ကိုင္ၾကသူမ်ားသည္ ေရဒီယိုDJမ်ားကို မနာလိုအားက်ၾကသည္။

ေရဒီယိုDJမ်ားသည္ တီဗြီအသံလႊင့္႐ုံတြင္လုပ္ကိုင္ၾကသူမ်ားကို မနာလိုအားက်ၾကသည္။

တီဗြီအသံလႊင့္႐ုံတြင္လုပ္ကိုင္ၾကသူမ်ားသည္ မိုးေလဝသသတင္းေၾကညာသူမ်ားကို မနာလိုအားက်ၾကသည္။

မိုးေလဝသသတင္းေၾကညာသူမ်ားသည္ ၾကည့္႐ႈနားဆင္သူအမ်ားဆုံးျဖစ္သည့္အခ်ိန္၌ အစီအစဥ္တင္ဆက္မႈလုပ္ရသူမ်ားကို မနာလိုအားက်ၾကသည္။

လစာနည္းသူမ်ားသည္ လစာအေျမာက္အမ်ားရသူမ်ားကို မနာလိုအားက်ၾကသည္။

လစာအေျမာက္အမ်ားရသူမ်ားသည္ ခ်မ္းသာႂကြယ္ဝသည့္မိသားစုမွ လူမ်ားကို မနာလိုအားက်ၾကသည္။

စကားဝိုင္းမ်ားတြင္ ေျပာဆိုၾကသည့္ စကားအမ်ားစုမွာ ပ႐ိုမိုး႐ွင္းအေၾကာင္းမ်ား၊ဆက္သြယ္မႈမ်ား၊အိမ္မ်ားအေၾကာင္းပင္ ျဖစ္ၾကသည္။

ယြီသုံလည္း ႐ွန္းေ႐ွာင္ယြဲ႕ကိုၾကည့္ကာ ပခုံးတြန္႔ျပလိုက္သည္။

ထိုအခိုက္ ေဘးဝိုင္း႐ွိ ‌ေယာက်္ားေလးအတန္းေဖာ္တစ္ဦးမွ စတင္၍ အရက္ခြက္ေျမႇာက္ကာ ဆုေတာင္းေပး‌ေလသည္။

" Hello...အတန္းေဖာ္ အေခ်ာေလးတို႔...ငါတို႔မေတြ႕ရတာ ႏွစ္ဝက္ေလာက္ပဲ႐ွိေသးတာကို မင္းတို႔ ဘာလို႔ဒီေလာက္ေခ်ာလာၾကတာလည္း "

ထို႔‌ေနာက္ က်န္လူမ်ားကလည္း အရက္ခြက္ကိုေျမႇာက္ကာ ေအာ္ဟစ္ၾကသည္။ယြီသုံသည္ အရက္မေသာက္ခ်င္ေသာေၾကာင့္ လက္ဖက္ရည္တစ္ခြက္ကိုသာ ေ႐ြးခ်ယ္လိုက္သည္။

" ငါရဲ႕လိပ္စာကဒ္ကိုယူထားလိုက္ၾကေလ...ေနာက္က်ရင္ အကူအညီလိုတဲ့အခါ ‌ငါ့ကို‌ေခၚဖို႔ တုံ႔ဆိုင္းမေနၾကနဲ႔ "

ယြီသုံ ထိုကဒ္ကိုၾကည့္လိုက္သည့္အခ်ိန္ ႐ွန္းေ႐ွာင္ယြဲ႕မွ ‌ေျပာလာ‌ေလသည္။" သူက အခုမွ ေၾကာ္ျငာကုမၸဏီစလုပ္တာကို တေန႔လုံး ႂကြားလုံးထုတ္ေန‌ေတာ့တာပဲ "

အျခားသူမ်ား ေသာက္စားေနၾကစဥ္ ယြီသုံႏွင့္႐ွန္းေ႐ွာင္ယြဲ႕မွာ သူမတို႔၏စားပြဲ၌ပင္ ထိုင္ေနၿပီး အစားအေသာက္မ်ားကိုသာ ဆက္စားေနၾကသည္။

" မင္းအေကာင္းဆုံးျဖစ္ပါေစလို႔ ငါဆုေတာင္းပါတယ္ "ဖန္းဟြာသည္ သူ၏အလွည့္သို႔ေရာက္ေသာအခါ လိုရင္းတို႐ွင္းပင္ ဆုေတာင္းေပးလိုက္သည္။

လူတိုင္းလူတိုင္းသည္ မ်က္ႏွာခ်င္းဆိုင္ထိုင္၍ အရက္ေသာက္ေနၾကစဥ္ ဖန္းဟြာသည္ ေခါင္းေမာ့၍ ယြီသုံအား လွမ္းၾကည့္လာကာ သူမဆီသို႔ ေလွ်ာက္လာေလသည္။

" ငါသာ နင့္ေနရာမွာဆိုရင္ ဒီေန႔လိုမ်ိဳးမွာ ကိုယ့္မ်က္ႏွာကိုယ္ျပရတာကို ႐ွက္မိမွာပဲ "လီလီသည္လည္း ျပန္လာထိုင္ၿပီး ယြီသုံအားရန္စကားေျပာျပန္သည္။

ယြီသုံ သူမအား တစ္ခ်က္ေစာင္းၾကည့္လိုက္သည္။ဒီမိန္းမက မၾကာခဏကို ရန္လာစ‌ေနတာပါလား?

"  ဒီကအက်င့္မေကာင္းတဲ့အမ်ိဳးသမီး႐ွင့္...ေပါက္တတ္ကရစကားေတြ မေျပာဘဲ တစ္ေနေနရာကိုထြက္သြားေပးႏိုင္မလား? "ယြီသုံ ေအးတိေအးစက္ျဖင့္ ျပန္လည္ေခ်ပလိုက္သည္။

" နင္..... "လီလီမွာ ေဒါသထြက္သြားသည္။

" ဟုတ္တယ္...မိန္းမပ်က္မရဲ႕...နင္ျမန္ျမန္ထြက္သြားစမ္းပါ။ဒါနဲ႔ နင့္အတြက္ ‌‌ေယာက်္ားတစ္ေယာက္ေလာက္ ေခၚေပးရဦးမလား? "

" ႐ွန္းေ႐ွာင္ယြဲ႕! "လီလီသည္ က်ယ္ေလာင္စြာေအာ္ဟစ္လိုက္ေသာေၾကာင့္ ပြဲတစ္ခုလုံးမွ လူမ်ားအားလုံး သူမကို လွမ္းၾကည့္လာၾကသည္။၎ကိုသတိျပဳမိေသာ လီလီမွာ အလ်င္အျမန္ ထိုင္ခ်လိုက္သည္။

ထိုအခါမွ လူအားလုံးလည္း အရက္‌ေသာက္ရင္း စကားျပန္လည္ေျပာဆိုၾကေတာ့သည္။

ထိုအခိုက္ ေဘးဝိုင္းမွ အမ်ိဳးသားအတန္းေဖာ္တစ္ဦးသည္ သူမတို႔ဆီသို႔ အရက္အတူေသာက္ရန္ ေရာက္လာသည္။

ထိုအမ်ိဳးသားသည္ အနည္းငယ္႐ိႈးတိုး႐ွန္႔တန္းျဖစ္ေနေလသည္။ထို႔‌ေနာက္ အနည္းငယ္႐ွက္႐ြံ႕ဟန္ျဖင့္ သူမတို႔အား ေျပာလာသည္။" မင္းတို႔အားလုံးကို အတူေသာက္ဖို႔ ငါဖိတ္ေခၚပါရေစ "

" ခ်င္လဲ့?သိပ္မၾကာခင္တုန္းက နင္ ဘာေတြလုပ္ေနခဲ့တာလည္း?  "အတန္းေဖာ္တစ္ဦးက ေမးလိုက္သည္။

" ငါ တီဗြီအသံလႊင့္႐ုံမွာ အလုပ္လုပ္ေနခဲ့တာ "

" စင္ေနာက္မွာလား? "ေနာက္ထပ္ေက်ာင္းသားတစ္ဦးက အံ့ဩစြာျဖင့္ ေမးလိုက္သည္။" မင္းက ငါတို႔အတန္းရဲ႕ ေခါင္းေဆာင္ေလ "

" လက္ေတြ႕ဘဝရဲ႕အေတြ႕အၾကဳံက စာေမးပြဲေတြနဲ႔ ျခားနားတယ္။ေက်ာင္းတုန္းက အဆင့္ေတြက ဘာလုပ္လို႔ရမွာလည္း? "အျခားေက်ာင္းသားတစ္ဦးက ဝင္‌ေျပာၿပီး‌ေနာက္ သက္ျပင္းခ်လိုက္သည္။

" အခုေခတ္ တီဗြီအသံလႊင့္႐ုံေတြက ေနာက္ခံေကာင္းတဲ့သူကိုပဲ ႐ွာၾကေတာ့တာ။မင္းက ခ်င္လဲ့လို ေက်းလက္ေဒသကလာရင္ေတာ့ အျခားေနာက္ခံေကာင္းတဲ့သူေတြကို ေသခ်ာေပါက္႐ႈံးနိမ့္မွာပဲ "

သူမတို႔၏စားပြဲ၌ အရက္ခြက္ကိုကိုင္ကာ ရပ္ေနသည့္ ခ်င္လဲ့သည္ ေ႐ြ႕လ်ားရန္ပင္ ႐ွက္႐ြံ႕ေနေတာ့သည္။

၎ကိုျမင္သည့္ ယြီသုံမွာ သူမ၏လက္ဖက္ရည္ခြက္ကို မ‌၍ ခ်င္လဲ့၏အရက္ခြက္နဲ႔တိုက္ကာ ေျပာလိုက္သည္။" ငါအေအးမိေနေတာ့ အရက္ေသာက္လို႔မရလို႔ လက္ဖက္ရည္လည္း အဆင္ေျပတယ္မလား? "

" နင္ေသာက္ဖို႔ ႀကိဳးစားမေနနဲ႔ ယြီသုံ...ငါ နင့္အစား ေသခ်ာေသာက္ေပးပါ့မယ္ "႐ွန္းေ႐ွာင္ယြဲ႕သည္လည္း သူမ၏အရက္ခြက္ကို ခ်င္လဲ့၏ခြက္ႏွင့္တိုက္လိုက္သည္။

" ေက်းဇူးပါပဲ! "ခ်င္လဲ့လည္း သူမတို႔ႏွစ္ေယာက္အား ေက်းဇူးတင္စြာျဖင့္ ၾကည့္လာၿပီး ေျပာေလသည္။ထို႔ေနာက္ အျခားသူမ်ားကို လ်စ္လ်ဳ႐ႈ၍ ခြက္ထဲမွ အရက္မ်ား၊လက္ဖက္ရည္မ်ားကို ေမာ့ေသာက္လိုက္ၾကသည္။

" အတန္းေခါင္းေဆာင္ရဲ႕အသံက တိုင္ဖြန္းမုန္တိုင္းလိုပဲလို႔ ဆရာမလင္းေျပာတာ ငါမွတ္မိေသးတယ္ "ထိုသို႔ေျပာၿပီး ယြီသုံရယ္‌ေလသည္။

" ဟုတ္တယ္...သူ႕အသံက အံ့ဩဖို႔ေကာင္းတယ္ " ႐ွန္းေ႐ွာင္ယြဲ႕ကလည္း သံေယာင္လိုက္ကာ ေျပာသည္။

ခ်င္လဲ့သည္ သူမတို႔၏စကားမ်ားကို ရယ္႐ုံမွ်သာတတ္ႏိုင္ေလသည္။သူက တီဗြီအသံလႊင့္႐ုံမွာ အလုပ္မ်ိဳးစုံလုပ္ေနရတာေလ...သူရဲ႕တိုင္ဖြန္းမုန္တိုင္းလိုအသံက ဘာလုပ္လို႔ရမွာလည္း?

" ငါတို႔ရဲ႕အသိုင္းအဝိုင္းက အၿမဲတမ္းဒီလိုပါပဲ။တခ်ိဳ႕က အခြင့္အေရးေစာေစာရၿပီးေတာ့ တခ်ိဳ႕ကေတာ့ ေနာက္က်မွ အခြင့္အေရးရၾကတယ္။ဒါေပမယ့္ အဆုံးသတ္မွာေတာ့  ေသခ်ာျပင္ဆင္ထားတဲ့သူက ေအာင္ျမင္မွာပါပဲ "

ခ်င္လဲ့သည္ သူမ၏စကားကို အခ်ိန္ယူစဥ္းစားၿပီးေနာက္ ပထမဆုံးအႀကိမ္ စိတ္လိုလက္ရရယ္လိုက္သည္။

ေနာက္ဆုံး၌ ‌ေပ်ာ္စရာမ‌ေကာင္းသည့္ ေမြးေန႔ပြဲသည္ ၿပီးဆုံးသြားခဲ့ၿပီျဖစ္သည္။ယြီသုံသည္ ႐ွန္းေ႐ွာင္ယြဲ႕ႏွင့္အတူ ရင္းႏွီးေနသည့္လမ္းမထက္၌ လမ္းေလွ်ာက္ရင္း တကၠသိုလ္တက္ခဲ့စဥ္က ေန႔ရက္မ်ားအေၾကာင္း ‌ေျပာဆို‌ေနၾကသည္။

" ငါတို႔အတန္းၿပီးတိုင္း ဒီကိုအၿမဲလာၿပီး ႏို႔လက္ဖက္ရည္ဝယ္ေနၾကေလ "႐ွန္းေ႐ွာင္ယြဲ႕သည္ ႏို႔လက္ဖက္ရည္ဆိုင္ကို ၫႊန္ျပရင္း ေျပာေလသည္။

" ဒီ‌ဆိုင္လား? "ထိုဆိုင္ကို မျမင္ရသည္မွာ ဆယ္ႏွစ္ေလာက္ၾကာၿပီျဖစ္သည့္ ယြီသုံသည္ အံ့ဩစြာျဖင့္ ေမးလိုက္သည္။

" နင္ ဘာလို႔ ဒီေလာက္အံ့ဩေနတာလည္း? "ယြီသုံသည္ အလြန္အမင္းခ်ဲ႕ကားေျပာ‌ေနသည္ဟု ထင္မိ‌ေသာေၾကာင့္ ႐ွန္းေ႐ွာင္ယြဲ႕မွာ စဥ္းစားမရျဖစ္သြားသည္။

" ငါတို႔ ႐ွင္း႐ွင္းအတြက္ေရာ တစ္ခြက္ေလာက္ဝယ္သြားၾကမလား? "သူမ ေခါင္းစဥ္ေျပာင္းကာ ေမးလိုက္သည္။

" ေကာင္းၿပီေလ...ငါသြားဝယ္လိုက္မယ္ " ႐ွန္းေ႐ွာင္ယြဲ႕မွလည္း သေဘာတူေလသည္။" ဟိုမွာ ႐ွင္း႐ွင္းအႀကိဳက္ သစ္ၾကားသီးေတြလည္း႐ွိတယ္။နင္က အဲ့တာဝယ္ခဲ့လိုက္‌ေလ..ၿပီး‌ေတာ့ ငါတို႔ ဟိုအပင္ေအာက္မွာ ဆုံၾကမယ္ "

ယြီသုံလည္း ေခါင္းၿငိမ့္ျပလိုက္ၿပီး သစ္ၾကားသီးဆိုင္သို႔ လမ္းေလွ်ာက္လာသည္။ထို႔ေနာက္ သူမ ထိုသေရစာကို အခက္အခဲမ႐ွိဝယ္ယူကာ အေကး႐ွားပင္‌ေအာက္သို႔ အရင္ဆုံးေရာက္လာခဲ့သည္။

" ဖန္းဟြာ...ငါ နင့္ကို သေဘာက်တယ္ "

တစ္စုံတစ္ေယာက္၏ဖြင့္ဟဝန္ခံခ်က္ကို ႐ုတ္တရက္ ၾကားလိုက္ရၿပီးေနာက္ ဖန္းဟြာသည္ သူမအား ျမင္သြားၿပီးျဖစ္သျဖင့္ ပုန္းရန္‌ေနာက္က်သြားၿပီျဖစ္ေၾကာင္း ယြီသုံသေဘာေပါက္လိုက္သည္။

" ေတာင္းပန္ပါတယ္ "ဖန္းဟြာသည္ ယြီသုံအား လွမ္းၾကည့္ကာ ထိုတစ္စုံတစ္ေယာက္ကို စကားထပ္ေျပာရန္ ျငင္းဆန္လိုက္သည္။

ယြီသုံမွာ အျခားသူ၏အေရးကိစၥကို နားမေထာင္ခ်င္ေသာေၾကာင့္ လွည့္ထြက္လာၿပီး ခပ္‌ေဝးေဝးမွ ထိုင္ခုံတစ္ခုေပၚတြင္ ထိုင္ေနလိုက္သည္။

ႏို႔လက္ဖက္ရည္ဝယ္တာ ဘယ္ေလာက္ေတာင္ၾကာေနၿပီလည္း?လူတန္းအ႐ွည္ႀကီး႐ွိလို႔လား?ေ႐ွာင္ယြဲ႕က ေနာက္က်လိုက္တာ။

" လီလီ့ကို‌ ငါ မေျပာဘူး "

ယြီသုံ လွည့္ၾကည့္လိုက္သည့္အခါ ဖန္းဟြာကိုပင္ ထပ္ေတြ႕ရျပန္သည္။ဘာေၾကာင့္မွန္းမသိေသာ္လည္း ဖန္းဟြာကိုျမင္လိုက္ရသည့္အခ်ိန္၌ ေဒါသမထြက္ေတာ့ေပ။

" ႐ွင္ ဘာကိုေျပာတာလည္း? "

"  ျပည္သူ႕ေရးရာဗ်ဳ႐ိုေ႐ွ႕မွာ ဘာျဖစ္ခဲ့လည္းဆိုတာ ငါ သူ႕ကိုေျပာတာမဟုတ္ဘူး "

" Oh "

" မင္း...ဘယ္လို‌လည္း? "

" အဆင္ေျပပါတယ္! "ယြီသုံသည္ ဖန္းဟြာအား နည္းနည္း‌ေလးမွ စိတ္မဝင္စားေသာ္လည္း ျပဳံးျပလိုက္သည္။

" မင္းေျပာင္းလဲသြားၿပီပဲ "

" ကြၽန္မတင္မဟုတ္ပါဘူး...အကုန္လုံးလည္း ေျပာင္းလဲကုန္ၾကတာပဲ "ယ‌ေန႔‌ေတြ႕ခဲ့ရသည့္ လူမ်ားအေၾကာင္း ေတြးေတာစဥ္းစားမိရင္း သူမစိတ္လႈပ္႐ွားလာသည္။

" ငါ...ငါသြားေတာ့မယ္ "ဖန္းဟြာသည္ သူမအား ဘာေျပာရမည္မွန္း မသိ‌ေတာ့‌ေပ။

" ဂ႐ုစိုက္သြား "

" ...ငါတို႔ သူငယ္ခ်င္းျဖစ္ႏိုင္ေသးလား? "

ဖန္းဟြာ၏အမူအရာသည္ သူမတို႔ခ်စ္ကြၽမ္းဝင္ခဲ့စဥ္က အခ်ိန္မ်ားကို ျပန္လည္ေအာက္ေမ့မိေစသည္။

အေကး႐ွားပန္းပြင့္မ်ား၏ေအာက္တြင္ ၾကင္နာတတ္သည့္မ်က္ဝန္းမ်ားျဖင့္ ဆက္ေက်ာ္သက္ေလးတစ္ဦးသည္ နီရဲရဲပါးမို႔မို႔ႏွင့္ မိန္းကေလးငယ္ေလးတစ္ေယာက္ကို ဆုပ္ကိုင္ထားသည္။ထိုေန႔ရက္မ်ားသည္ သူမဘ၀၏ အေပ်ာ္ဆုံးေန႔ရက္မ်ားထဲမွ တစ္ခုအပါအဝင္ျဖစ္ခဲ့ေသာ္လည္း အခ်ိန္သည္ သူမအား ေျပာင္းလဲသြားေစခဲ့သည္။

ယြီသုံ ေခါင္းခါရမ္းျပလိုက္သည္။

" ဘာလို႔လည္း? "ဖန္းဟြာသည္ အနည္းငယ္နာက်င္သြားသည္။

" ငါရဲ႕အမ်ိဳးသားက သဝန္တိုေနမွာ ‌စိုးလို႔ "ထိုသို႔ေျပာၿပီး သူမရယ္လိုက္သည္။

" မင္းက လက္ထပ္လိုက္ၿပီလား? "သူမ အျခားသူတစ္ေယာက္ႏွင့္ အမွန္တစ္ကယ္ပင္ လက္ထပ္ခဲ့သည္ကို ဖန္းဟြာမယုံၾကည္ႏိုင္ေသး‌ေပ။

...

အနည္းငယ္မူးေနသည့္ ႐ွန္းေ႐ွာင္ယြဲ႕မွ သူမကို တိုက္ခန္းသို႔ ျပန္လိုက္ပို႔ၿပီးသည့္ေနာက္ ယြီသုံ အလုပ္သို႔ တန္းလာခဲ့ရသည္။

" မင္း အေအးမိေနတာလား? "သူမ၏အစီအစဥ္ တင္ဆက္ၿပီးၿပီးခ်င္း၌ပင္ ႐ွဖန္က ဖုန္းေခၚလာသည္။

" အရမ္းႀကီးႀကီးမားမားမဟုတ္ပါဘူး... "

" ဒါေပမယ့္ ေဆးေသာက္ဖို႔ မေမ့နဲ႔‌ေနာ္။ၿပီး‌ေတာ့ ကိုယ္ မနက္ျဖန္ အိမ္ကို နည္းနည္းေနာက္က်မွ ျပန္ေရာက္လိမ့္မယ္ "

" အလုပ္မွာ ျပႆနာ႐ွိလို႔လား? "

" မဟုတ္ဘူး..ကိုယ္ ခြဲစိတ္ခန္းဝင္စရာ႐ွိေသးတယ္။ဒါ႐ိုက္တာက ပစၥည္းအသစ္ အသံဳးျပဳပံဳကို ‌ေနာက္တစ္ႀကိမ္ထပ္ျပေစ‌ခ်င္ေနေသးလို႔ "

" ဒါဆို ႐ွင္အခုထိမအိပ္ရေသးဘူးလား? "

" ကိုယ္အဆင္ေျပပါတယ္...ခြဲစိတ္တာက ေန႔လည္ခင္းမွေလ "ထို႔ေနာက္ ႐ွဖန္ရယ္လိုက္ၿပီး ဆက္ေျပာေလသည္။" ကိုယ္ မင္းရဲ႕အစီအစဥ္ကို နားေထာင္ရတာ ႀကိဳက္တယ္ "

သူမလည္း ျပဳံးၿဖဲၿဖဲလုပ္ကာ ျပန္ေမးလိုက္သည္။
" ႐ွင္က ကြၽန္မရဲ႕အစီအစဥ္တင္ဆက္တဲ့စြမ္းရည္ကို သေဘာက်တာလား?..ဒါမွမဟုတ္..႐ွင္ ကြၽန္မကို သေဘာက်လာမွ ဒီအစီအစဥ္ကို ႀကိဳက္တာလား? "

" ကိုယ္‌ အေျဖမေျဖခင္ မင္းကို ေမးခြန္းတစ္ခုေလာက္ ေမးလို႔ရလား? "

" ရတာေပါ့ "

" ဘာျဖစ္လို႔ ဒီေန႔ညထုတ္လႊင့္မႈရဲ႕ theme က အခ်စ္ဦးလည္း? "

" ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီေန႔ကြၽန္မရဲ႕အခ်စ္ဦးနဲ႔ ေတြ႕ခဲ့လို႔ေလ "

" Oh...မင္း တစ္ခုခုခံစားခဲ့ရလို႔လား? " အနည္းငယ္ ကေမာက္ကမျဖစ္စြာျဖင့္ ႐ွဖန္ေမးလိုက္သည္။

" ႐ွင္ သဝန္တိုေနတာလား? "႐ွဖန္၏အသံသည္ အနည္းငယ္တင္းမာေနေၾကာင္းကို သူမသတိျပဳမိေသာေၾကာင့္ ျပန္‌ေမးလိုက္သည္။

" မဟုတ္ပါဘူး! "

" မဟုတ္ဘူးလား?ဒါဆို ကြၽန္မ ဘယ္လိုခံစားရလည္းလို႔ ႐ွင္ ဘာလို႔ေမးတာလည္း? "

" အဲ့တာက...မင္း သူနဲ႔ေတြ႕ခဲ့ရင္ေတာင္မွ... "

" ဟမ္း... "က်ဆင္းလာသည့္ ႏွင္းပြင့္မ်ားကို ဖမ္းမိရန္ သူမလက္ကို မလိုက္သည္။" ကြၽန္မတို႔ သူငယ္ခ်င္းျဖစ္ႏိုင္ေသးလားလို႔ သူကေမးလာတယ္...အဲ့တာနဲ႔ ကြၽန္မလည္း ကြၽန္မေယာက်္ားက စိတ္ဆိုးလိမ့္မယ္လို႔ ျပန္ေျဖလိုက္တယ္ "

" အိမ္ျပန္ၿပီး ေစာေစာအိပ္ေတာ့‌ေနာ္ "႐ွဖန္ ေခ်ာင္းဆိုးဟန္ျပဳကာ ဖုန္းခ်လိုက္သည္။

ယြီသုံလည္း မ်က္ေမွာင္ၾကဳံ႕လိုက္ျပ္ီးေနာက္ ေအာ္ရယ္လိုက္သည္။ဒီလူႀကီးက ဘာလို႔ အမ်ိဳးသမီးေတြထက္ ပို႐ွက္ေနရတာလည္း?

>>>>>

T.B.C
16.9.2021

Continue Reading

You'll Also Like

405K 36.1K 36
Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ႕ လက္ဘက္ရည္ဆိုင္ေလးကို ေစာင့္ေရွာက္နိုင္...
447K 16.7K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
589K 59.5K 190
Author(s) - Zǐ Qīng Yōu 紫青悠 Mm translator - Dora_lucy Start date - 25.9.2021 End date - 2.12.2023 I don't own this novel, cred...
333K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"