From My Tears...

De LwanTarYar

246K 12.6K 868

သံသရာတစ်ကွေ့ ဒီဘဝဝယ် ချစ်ခဲ့ဖူးသည် သူ့အပါးတွင် ခိုဖူးချင်သည် နောက်နောင်ဘဝ လွမ်းချင်းရပ်မည် ချစ်ခြင်းအတ... Mais

အခန်း ၁ (Unicode+Zawgyi)
အခန်း ၂ (Unicode+Zawgyi)
အခန်း ၃ (Unicode+Zawgyi)
အခန်း ၄ (Unicode+Zawgyi)
အခန်း ၅ (Unicode+Zawgyi)
အခန်း ၆ (Unicode+Zawgyi)
အခန်း ၇ (Unicode+Zawgyi)
အခန်း ၈(Unicode+Zawgyi)
အခန်း ၉ (Unicode+Zawgyi)
အခန်း ၁၀ (Unicode+Zawgyi)
အခန်း ၁၁ (Unicode+Zawgyi)
အခန်း ၁၂ (Unicode+Zawgyi)
အခန်း ၁၃ (Unicode+Zawgyi)
အခန်း ၁၄ (Unicode+Zawgyi)
အခန်း ၁၅ (Unicode+Zawgyi)
အခန်း ၁၆ (Unicode+Zawgyi)
အခန်း ၁၇ (Unicode+Zawgyi)
အခန်း ၁၈ (Unicode+Zawgyi)
အခန်း ၁၉ (Unicode+Zawgyi)
အခန်း ၂၀ (Unicode+Zawgyi)
အခန်း ၂၁ (Unicode+Zawgyi)
အခန်း ၂၂ (Unicode+Zawgyi)
အခန်း ၂၃ (Unicode+Zawgyi)
အခန်း ၂၄ (Unicode+Zawgyi)
အခန်း ၂၅ (Unicode+Zawgyi)
အခန်း ၂၆ (Unicode+Zawgyi)
အခန်း ၂၇ (Unicode+Zawgyi)
အခန်း ၂၈ (Unicode+Zawgyi)
အခန်း ၂၉ (Unicode+Zawgyi)
အခန်း ၃၀ (Unicode+Zawgyi)
အခန်း ၃၁ (Unicode+Zawgyi)
အခန်း ၃၂ (Unicode+Zawgyi)
အခန်း ၃၃ (Unicode+Zawgyi)
အခန်း ၃၄ (Unicode+Zawgyi)
အခန်း ၃၅ (Unicode+Zawgyi)
အခန်း ၃၆ (Unicode+Zawgyi)
အခန်း ၃၇ (Unicode+Zawgyi)
အခန်း ၃၈ (Unicode+Zawgyi)
အခန်း ၃၉ (Unicode+Zawgyi)
အခန်း ၄၀ (Unicode+Zawgyi)
အခန်း ၄၂ (Unicode+Zawgyi)
အခန်း ၄၃ (Unicode+Zawgyi)
အခန်း ၄၄ (Unicode+Zawgyi)
အခန်း ၄၅ (Unicode+Zawgyi)
အခန်း ၄၆ (Unicode+Zawgyi)
အခန်း ၄၇ (Unicode+Zawgyi)
အခန်း ၄၈ (Unicode+Zawgyi)
အခန်း ၄၉ (Unicode+Zawgyi)
အခန်း ၅၀ (Unicode+Zawgyi)
အခန်း ၅၁ (Unicode+Zawgyi)
အခန်း ၅၂ (Unicode+Zawgyi)
အခန်း ၅၃ (Unicode+Zawgyi)
အခန်း ၅၄ (Unicode+Zawgyi)
အခန်း ၅၅ (Unicode+Zawgyi)
Ending (Unicode+Zawgyi)
Extra-1 (Unicode+Zawgyi)
Extra-2 (Unicode+Zawgyi)
MinYaTha and WunnaMinHtin

အခန်း ၄၁ (Unicode+Zawgyi)

2.2K 150 12
De LwanTarYar

(Unicode)

"သားငယ်လေး...မအိပ်သေးဘူးလား''

အခန်းထဲမှာ laptopတစ်လုံးနှင့် အလုပ်ရှုပ်နေပါသော ရန်စစ်နောင်အား အဒေါ်ဖြစ်သူမှ မေးလိုက်သည်။ အခန်းပေါက်ဝမှာ ရပ်နေသော တီလေးက ရန်စစ်ဆီသို့လျှောက်လာကာ လက်ထဲမှနွားနို့ခွက်ကို စားပွဲပေါ်သို့ချထားပေးလိုက်သည်။ ရန်စစ်လည်း ထိုနွားနို့ခွက်အောင် ကုန်အောင်သောက်ကာ နှုတ်ခမ်းကိုသပ်လိုက်သည်။

"သားကုန်အောင်သောက်တယ်နော်...တီလေး။နွားနို့သောက်ပါများလို့ ကြိုက်တောင်ကြိုက်လာပြီ''

ရန်စစ်စကားကြောင့် တီလေးက ရယ်သွမ်းရင်း...

"သားငယ်လေးကို တီလေးက ညတိုင်းနွားနို့တိုက်တာ အားရှိအောင်ပါကွယ်။မနက်ဘက်တောင်တိုက်ချင်သေးတာ။တီလေးရဲ့ သားငယ်လေးက ဒေါက်တာဖြစ်ပြီး သေးသေးကွေးကွေးလေး...''

"ခန္ဓာကိုယ်က သူ့ဘာသူမထွက်တော့တာလေ တီလေးရဲ့။ဒါလည်းချစ်ဖို့ကောင်းတာပဲ မဟုတ်ဘူးလား''

"ဟုတ်ပါပြီ...။ချစ်ဖို့ကောင်းပါတယ်ရှင်။ကဲ...တီလေးလည်းသွားအိပ်တော့မယ်။သားငယ်လေးလည်း စောစောအိပ်နော်။အရမ်းဉာဥ့်မနက်စေနဲ့''

"ဟုတ်ကဲ့ တီလေး''

ဒေါ်သဇင်ခက်သည် တူဖြစ်သူနှင့်စကားပြောခဲ့ပြီး ရင်ထဲတွင် လေးနေသည်။ ရန်စစ်လေးက အရင်ကလောက်တောင် မသွက်တော့။ လူကြီးဖြစ်၍ ရင့်ကျက်သွားသော တည်ငြိမ်မှုမျိုးဖြင့် တည်ငြိမ်တာလည်း မဟုတ်။ ပြဿနာက ဆယ်တန်းပြီးကတည်းက...။ ထိုအကြောင်းတွေကို သူမပြန်မတွေးချင်တော့သဖြင့် သက်ပြင်းကိုအသာအယာချကာ စိတ်ထဲမှ လွှတ်ချလိုက်လေသည်။ သို့ပေမယ့်လည်း သူမအတွက် ဒီတူလေးတစ်ယောက်သာ ရှိတာမို့ ရန်စစ်သာ စိတ်ချမ်းသာမယ်ဆို သူမဘာကိုပဲ ဖြစ်ဖြစ် လက်ခံနိုင်ပါသည်။

ဒီနေ့သူမကို မာန်ရဲထက်ရဲ့မိဘတွေ အကြောင်းကြားလာတဲ့ကိစ္စကိုရော ရန်စစ် သိရင်ဘယ်လိုတုံ့ပြန်မလဲ...။သားငယ်လေးအပေါ် ဆယ်တန်းနှစ်က မှားယွင်းခဲ့တဲ့အမှားအတွက် ယခုအချိန်မှ တာဝန်ယူပါ့မည်ဟု ပြောလာပါသော ကောင်လေးကိုလည်း သူမလုံးဝမနှစ်မြို့ပါ။ ထိုမာန်ရဲထက်ဆိုသော ကောင်လေးကြောင့် သားငယ်လေးရန်စစ်မှာ အချိန်အတော်ကြာ မလန်းမဆန်းဖြစ်ခဲ့ရသည်မှာ ယခုအချိန်ထိပင်။ သူမဘယ်လိုလုပ်ပြီး လက်ခံရပါ့မလဲ?ဒါပေမယ့် သားငယ်လေးသာ အဲ့ဒီကောင်လေးအပေါ် ခံစားချက်ရှိနေသေးရင်တော့ သူမဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် လက်ခံရမှာပင်။

အခန်းထဲမှ နွားနို့ခွက်ကိုယူပြီး တီလေးပြန်ထွက်သွားသောအခါတွင် ရန်စစ်လည်း ဖတ်လက်စ ဆေးပညာစာတမ်းကို မြန်မြန်ဖတ်ကာ laptopကိုပိတ်ချလိုက်သည်။ရေချိုးခန်းထဲသို့ဝင်ကာ သွားတိုက်ပြီးမျက်နှာသစ်ကာ လင်းထိန်နေသော အခန်းမီးကိုသွားပိတ်လိုက်ပြီး ညအတွက်သာ သုံးသည့်မှိန်ပျပျ မီးသီးသေးသေးလေးကို ဖွင့်လိုက်သည်။ မီးသီးအလင်းရောင် မှိန်ပျပျနှင့်အတူ လရောင်ပါဖြာကျလေ့ရှိပေမယ့် ဒီနေ့ညက လကွယ်ညဖြစ်၍ အခန်းလေးထဲမှာ လရောင်ဖြာမကျနေပါ။

ကုတင်ပေါ်သို့ လှဲလျောင်းပြီး နဖူးပေါ်ကိုလက်တင်ကာ ရန်စစ်တစ်ယောက် လေပူတွေကိုမှုတ်ထုတ်လိုက်လေသည်။ ဒီအချိန် အမြဲတမ်း အိပ်ခါနီးဆို မာန့်အကြောင်း သူတွေးဖြစ်သည်။ အရင်နှစ်တွေကလည်း ထိုအတိုင်းပင်။ဘယ်လောက်ပဲ သူ့ကိုနှလုံးသားတစ်ဖက်ခြမ်းကနာကျည်းနေပါစေ၊ကျန်တစ်ဖက်ခြမ်းကတော့ နှစ်နှစ်ကာကာ ချစ်မိနေဆဲ...။ သူ့အကြောင်းတွေကိုတွေးတိုင်း နာကျည်းမှုတွေကြားက မျက်ရည်တွေကြားက ရန်စစ်ပျော်သည်။ ကိုယ့်အပေါ် စိမ်းကားသွားသည့်တိုင် မေ့မရအောင်ချစ်ခဲ့သည်။ ထိုလူသားကို ရန်စစ် နောင်လည်းဆက်ချစ်သွားမည်။ သို့ပေမယ့် ဘယ်သောအခါမှတော့ ရန်စစ်ရဲ့အချစ်ကို အပေါစားတွေးခဲ့တဲ့ သူအရှေ့မှာ မပျော့ညံ့ချင်တော့။

မာန်ရဲထက်ဆိုသော လူသားဟာ ဟိုးငယ်ငယ်လေးကတည်းက ရန်စစ်ကို ပြုစားသွားခဲ့သည်။ သူငယ်ချင်းဘဝထဲက ရန်စစ်အပေါ်မှာ အမြဲနိုင်တတ်တဲ့သူ၊အတူတူကစားရင်တောင် အမြဲတမ်း သူပဲအနိုင်ယူတတ်တဲ့သူ၊ အဆုံးစွန်ထိ ရန်စစ်နှလုံးသားကိုပါ အနိုင်ယူသွားတဲ့သူ...။ ထိုလူကို သူဘယ်လိုလုပ်ပြီးတော့များ မုန်းလို့ရပါ့မလဲ?သိပ်ကို နာကျည်း​နေပေမယ့်လည်း လုံးဝကိုမုန်းလို့မရခဲ့...။ အရာရာကို စိုးမိုးသွားခဲ့သူကတော့ ရန်စစ်ကိုလည်း စကားတစ်ခွန်းထဲနဲ့ သူ့ကိုနာကျည်းစေဖို့ လုံလောက်စေခဲ့တယ်။

သူကယောက်ျားလေးမို့ ဘာမှတာဝန်ယူစရာ မလိုဘူးတဲ့လား...။

ထိုစကားက တွေးလိုက်တိုင်း အသည်းပေါက်အောင် နာကျင်ရသည်။ ခြေတော်တင်ချင်တိုင်းတင်ပြီး နိဂုံးက ထိုစကားတစ်ခွန်းတဲ့လား။ အဲ့ဒီလို စကားမျိုးထွက်ခဲ့သူရဲ့ နှုတ်ဖျားကနေ ထပ်ပြီးထွက်လာတဲ့ သိပ်ချစ်ပါတယ်ဆိုတဲ့ စကားကို ရန်စစ်ဘယ်လိုအတွေးမျိုးနဲ့ ယုံကြည်ဖို့ခွန်အားရှိရမှာလဲ? မာန်ရဲ့ချစ်တယ်ဆိုတဲ့စကားက ရန်စစ်အတွက် သိပ်ကြောက်ဖို့ကောင်းနေပြီ။ အကြိမ်ကြိမ်မျှော်လင့်ခဲ့ရတဲ့ စကားဖြစ်ပေမယ့် အခုချိန်မှာတော့ ဒီစကားကြားဖို့ သေမတတ်ကြောက်ရွံ့နေခဲ့ပြီ။

မင်းကိုငါသိပ်ချစ်တယ်...မာန်။

ငါမင်းကိုအရမ်းချစ်တယ်။

ဟိုးငယ်ငယ်လေးထဲက မင်းကိုအရမ်းချစ်ခဲ့တယ်။

မင်းအပေါ်ကိုငါအမြဲတမ်း အောက်ကျို့ခဲ့တယ်။

မင်းကိုအမြဲတမ်း ငါ့နှလုံးသားက ဆရာတစ်ဆူလို ကိုးကွယ်ခစားခဲ့တယ်။

မင်းတခြားတစ်ယောက်ရဲ့ အချစ်ကိုရယူဖို့ အတွက်နဲ့ ငါ့ကိုအကြံဉာဏ်လာတောင်းတဲ့အချိန်တောင်မှ ငါရင်နာနာနဲ့ မင်းကိုအကြံဉာဏ်ပေးခဲ့သေးတယ်။

ငါ့အချစ်တွေ မင်းကိုမသိမသာထုတ်ပြခဲ့ပါတယ်။

မင်းလည်း ငါ့ခံစားချက်ကို သိပေမယ့် မျက်ကွယ်ပြုထားခဲ့တာပဲ မလား။

အဲ့ဒီတော့ မင်းအခုငါ့ကိုတကယ်ချစ်ရင်တောင် ငါလည်း မင်းခံစားချက်တွေကို ပြန်ပြီး မျက်ကွယ်ပြုပါရစေ...။

____

မင်းသိလား...ရန်စစ်။ငါ့နှလုံးသားက အချိန်တွေအကြာကြီး မင်းကိုပဲတောင့်တနေခဲ့တာ။ ငါနာရီပေါင်းများစွာ မင်းအပေါ်မှားခဲ့တဲ့အမှားအတွက် ကိုယ့်ကိုကိုယ် ယူကျုံးမရဖြစ်ပြီး ငိုကြွေးခဲ့ဖူးတယ်။ မင်းခံစားခဲ့ရတာတွေကို မျက်ကွယ်ပြုမိတဲ့ငါ့ကိုယ်ငါကို အကြိမ်ကြိမ် အပြစ်ပေးခဲ့တယ်။ မင်းအပေါ်မပြစ်ရှိတဲ့စိတ်နဲ့ မင်းလက်နဲ့သတ်ရင်တောင် ငါလည်စင်းခံပါ့မယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ ငါမင်းကိုအရမ်းချစ်တယ် ရန်စစ်ရယ်...။ အခုအချိန်မှာတော့ ငါပြန်လည်ပွေ့ပိုက်ရမယ့်အရာတွေက မင်းရဲ့အမုန်းတွေပဲပေါ့။

သိပ်ချစ်လွန်းလို့ ငါရူးသွားနိုင်တယ် ရန်စစ်။ငါမင်းကိုအရမ်းချစ်တယ်...ဒီစကားကိုပဲ ငါ့ရင်ထဲမှာ ထပ်တလဲလဲ ပြောနေမိတယ်။ မင်းကိုအရမ်းချစ်လို့ မင်းပေးသမျှ အရာတွေကို ငါခံယူဖို့အသင့်ပါပဲ။ ဒါပေမယ့် မင်းရဲ့အချစ်ကိုတော့ ငါနောက်ထပ်တစ်ကြိမ် တောင့်တမိသေးတယ်။ငါက အချစ်ကိုစွဲလမ်းတတ်တဲ့ ပုထုဇဥ်လူသားတစ်ယောက်ပါ။ အဲ့ဒါကြောင့် မင်းအချစ်ကို ငါမျှော်လင့်တယ်။

မာန်ရဲထက်သည် ရေခဲစိမ်ထားသော ခွက်ထဲမှ လက်ကျန်အရက်ကို မော့ချလိုက်လေသည်။ ခါးသက်သက်အရသာက လည်ချောင်းတစ်လျှောက် အေးစက်စွာ စီးဆင်းသွားရသလို ချစ်သောသူကိုတောင့်တရခြင်းကိုလည်း ဘယ်လိုခံစားချက်ကမှ အစားမထိုးနိုင်...။

"ရန်စစ်ရာ...မင်းငါ့ကိုတကယ်မုန်းသွားပြီလား''

တစ်ခွက်ပြီးတစ်ခွက် အရက်ကို တရစပ် သောက်ပြီးချိန်မှာတော့ ရန်စစ်ရဲ့ပုံရိပ်က သူ့ရှေ့မှာ ဝိုးတဝါးပေါ်ပေါက်ကာ ရောက်ရှိလို့လာပေသည်။

''ငါမင်းကိုအရမ်းချစ်တာ။ ငါကမင်းကိုသိပ်ချစ်တယ်''

"ငါ့ကိုထားမသွားပါနဲ့...ရန်စစ်ရာ။ငါမင်းမရှိရင် အသက်ဆက်မရှင်နိုင်လောက်အောင် မင်းကိုငါသိပ်ချစ်တယ်''

"ထွက်မပြေးသွားနဲ့နော်...ကိုယ့်ဒေါက်တာလေးက မဆိုးရဘူးလေ။ကိုယ့်ရင်ခွင်ထဲပဲ လာပါနော်''

ဒယိမ်းဒယိုင် လမ်းလျှောက်နေခြင်း၏ နောက်ဆုံးအကျိုးဆက်အနေနှင့် ကြမ်းပြင်ပေါ်ကို သူဝုန်းခနဲ လဲကျသွားတော့သည်။

"ရန်စစ်...ရန်စစ်ရေ။ငါမင်းကို အရမ်းချစ်တယ်''

နှုတ်မှ ရန်စစ်နာမည်ကိုတကာ လူတစ်ကိုယ်လုံးမှာလည်း လဲကျနေရာမှ မထနိုင်တော့...။ရန်စစ်၏ ဝိုးတဝါးပုံရိပ်ကတောင် မာန့်အနားမှ ထပ်တလဲလဲ ထွက်ပြေးဖို့ကြိုးစားနေသည်။ ထိုပုံရိပ်လေးကို မာန်ရဲထက်သည် လိုက်ဖမ်းဖို့ ကြိုးစားနေပေမယ့်လည်း မမိခဲ့...။

"ကိုဟိန်းထက်...ကျွန်မသားကို လာတွဲပါဦး...ဒီမှာ''

မီးဖိုခန်းက စားပွဲဘေးမှာ လူမှန်းမသိသူမှန်းမသိအောင် မူးရူးနေတဲ့ မာန်ရဲထက်ကိုမြင်တော့ အမေဖြစ်သူက အနားသွားကာ ဆွဲထူရှာသည်။

"မင်း သားကတော့ လုံးဝကိုဘာဆေးဆိုဘာဆေးမှ မမှီတော့ဘူး''

"ရှင်သိနေတာပဲ...။နိုင်ငံခြားကနေတောင် အတင်းပြန်လာပါတယ်ဆိုမှ...ဒီကိုးနှစ်လုံးလုံး ဟိုမှာတောင် ချစ်သူရည်းစားဆိုတာတောင် မရှိဘူးဆိုတော့ ရန်စစ်ကိုပဲ စွဲလမ်းနေတာကိုလေ...''

ဦးဟိန်းထက်အောင်လည်း သက်ပြင်းချကာ...

"ငါသိပါတယ် မိန်းမရာ။မနက်ကပဲ ငါတို့ သဇင့်ကိုရှေ့မျက်နှာနောက်ထားပြီး သွားကမ်းလှမ်းပြီးပြီမဟုတ်လား''

"ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်မသားလေး အခုလိုခံစားနေရတာ မကြည့်ရက်တော့ဘူး။သူ့အမှားအတွက် သူတာဝန်ယူပေးမယ်လည်း ပြောပြီးပြီ။''

"ဟ...မင်းရဲ့သား မာန်ရဲထက်မှားခဲ့တဲ့အမှားက ခဲဖျက်နဲ့ဖျက်လို့ရသလိုမျိုး အမှားသေးသေးလေး ထင်နေတာလား။ဒီကောင်က သူများသားပျိုလေးကို တာဝန်မယူပဲ ထွက်သွားတာလေ။အဲ့ဒီတော့ ဟိုကလွယ်လွယ်နဲ့ခွင့်လွှတ်ပါ့မလား''

ဦးဟိန်းထက်အောင်ရဲ့ စကားကြောင့် ဒေါ်ယုယနွယ်မှာလည်း သက်ပြင်းသာအကြိမ်ကြိမ်ချမိတော့သည်။ ဒီကြားထဲ ရန်စစ်လေးအဒေါ်ကလည်း သဇင်ခက်ဆိုတဲ့ ကိုယ်တွေငယ်စဥ်ကပေါင်းလာတဲ့ သူငယ်ချင်းအရင်းကြီး ဖြစ်နေတော့ အရမ်းအားနာရသည်။ အခု သားရဲ့ဘဝက ရန်စစ်ရဲ့အပေါ်မှာပဲ မူတည်နေသည်။

_______

မြတ်ပန်းမေသည် ရသတို့ညစာစားပြီး သူမအိမ်မှ ပြန်သွားသည့်အချိန်မှစ၍ အခုချိန်ထိ အတွေးပေါင်းစုံက စဥ်းစားရင်း စဥ်းစားရင်း ဝေးလေဝေးလေဖြစ်နေသည်။ သူမခေါင်းထဲမှာလည်း ဘာကိုမှသေသေချာချာ မဆုံးဖြတ်နိုင်တော့။ ဘယ်အရာက အမှန်၊ဘယ်အရာကအမှားဆိုတာလည်း သူမမသိတော့...။ သူမကပဲ အတွေးတွေလွန်နေတာလား...။

ထိုသို့စဥ်းစားပြန်တော့လည်း မဖြစ်နိုင်ပါ။ ဦးမင်းစေတန်၊နှိုင်းခစေတန်...ထိုသားအဖနှစ်ဦးကြားမှာ သေချာပေါက်ကိုလျှို့ဝှက်ချက်ရှိရမည်။ ပြီးတော့ နှိုင်းခစေတန်ရဲ့ အမြွှာဆိုတဲ့ ရှိုင်းခစေတန်။ သူကရော ဘယ်ရောက်နေတာလဲ?သူ့အကြောင်းကိုဘာလို့ သူရှိခဲ့တယ်ဆိုတဲ့ အချက်လေးကလွဲပြီး စုံစမ်းလို့မရတော့တာလဲ? ခေါင်းရှုပ်စရာတွေတစ်ခုပြီးတစ်ခုက သူမခေါင်းထဲကို တရစပ်ထိုးဝင်လာလေသည်။ ဘယ်လိုအရာတွေ နောက်ဆက်တွဲ ဖြစ်လာမှာလဲ။

သူမဆက်စပ်တွေးနေရာမှ အရာတစ်ခုကို စဥ်းစားမိသွားသည်။

ဘုရားရေ...ရှိုင်းခစေတန်ဆိုတာ ဝဏ္ဏမင်းထင်များလား။

သူမ ငယ်စဥ်က ဝဏ္ဏမင်းထင်ရဲ့အကြောင်းကို သိရသလောက် မိခင်ရယ်ပထွေးရယ်နဲ့အတူ နေထိုင်သည်။ ပြီးတော့...။ ကိစ္စအကြီးကြီးတစ်ခုဖြစ်ပြီးသွားသည့်နောက်မှာ သူလုံးဝပျောက်သွားခဲ့သည်။ ဝဏ္ဏမင်းထင်က ပထွေးနဲ့နေခဲ့တာဆို ဦးမင်းစေတန်က သူ့အဖေများဖြစ်နေမလား။ ဒါ...ဒါဆို...။

ဘယ်လိုတွေလဲ...။ ရသ...ရသက နှိုင်းခစေတန်ကို ဝဏ္ဏမင်းထင်အမှတ်နဲ့ မသိစိတ်ထဲကနေ ချစ်နေမိတာလား။ မြတ်ပန်းမေသည် အိပ်ယာထဲမှ ဝုန်းခနဲကောက်ထလိုက်ကာ သူမဆံပင်တွေကို လက်နှစ်ဖက်ဖြင့် နဖူးမှစကာ သပ်တင်လိုက်မိသည်။ ဒီကိစ္စက သူမထင်ထားတာထက်ကိုပိုပြီး နက်ရှိုင်းကျယ်ပြန့်နေတာပဲ...။ရသကရော။ သူကဘာလို့ ဝဏ္ဏမင်းထင်တစ်ယောက်ထဲကိုပဲ မမှတ်မိရတော့တာလဲ။

သူမတွေးရင်း တွေးရင်း ဘာကိုမှဆက်ပြီးမစဥ်းစားနိုင်တော့ပါ။ ဆက်တွေးနေရင် သူမရူးသွားလိမ့်မည်။ ထို့ကြောင့် ခေါင်းကိုခေါင်းအုံးပေါ်ပြန်လှဲချလိုက်ပြီး အသက်ကိုပြင်းပြင်းရှူကာ မျက်လုံးတွေကို မှေးမှိတ်လိုက်တော့သည်။

____

မင်းရသ ဒီနေ့နံနက် နိုးထလာတော့ သူ့တစ်ကိုယ်လုံးက နှိုင်းရဲ့ရင်ခွင်ထဲမှာ မြှုပ်ဝင်နေသည်။ သူကလည်း မောင့်ကို့အလိုက်သင့်ပြန်ဖက်ထားလိုက်ပြီး သူ့နှုတ်ခမ်းနှင့်ကွက်တိဖြစ်နေသော မောင့်ရင်ဘတ်ကိုအနမ်းပေးလိုက်သည်။ မောင်မနိုးသေးဘူးအထင်ဖြင့် အပေါ်ကိုမော့ကြည့်တော့ မောင်ကသူ့ကိုငုံ့ကြည့်နေသည်။

"နိုးနေတာကို မပြောဘူး။ဘာလို့ငါ့ကိုမနှိုးတာလဲ?''

"မောင့်ယောက်ျားလေး အိပ်နေတာက ချစ်ဖို့ကောင်းလို့ပါကွာ။''

"နိုးပြီဆို ထတော့မယ်...ဖယ်ဦး''

"သဘောရှိပါဗျာ...''

မောင်က ရသရဲ့ခန္ဓာကိုယ်ကို သူ့လက်တွေဖြင့်ဖက်ထားရာမှ လွှတ်ပေးလိုက်တော့ ရသက ထကာ ရေချိုးခန်းဆီသို့ဝင်လိုက်သည်။ မနေ့ကလိုတော့ မောင်ကလိုက်မဝင်လာခဲ့ပါ။ ရသ ရေမိုးချိုး မျက်နှာသစ်ပြီးမှ မောင်ကရေချိုးခန်းထဲသို့ ဝင်သွားသည်။မင်းရသလည်း အကျီ..လဲကာ အခန်းထဲမှ ထွက်ပြီးအောက်ထပ်ကိုဆင်းလိုက်သည်။ မနက်အစောကြီးပဲ ရှိသေးတာမို့ အောက်ထပ်က မီးဖိုခန်းထဲမှာ အဒေါ်က မနက်စာချက်ပြုတ်ရန် ပြင်ဆင်နေတုန်းဖြစ်သည်။

"အဒေါ်...ဒီမနက် ကျွန်တော်ပဲ မနက်စာလုပ်လိုက်တော့မယ်။ အဒေါ်နားဦးနော်''

"ဒါဆို အဒေါ်ခြံထဲတံမြက်စည်းသွားလှည်းဦးမယ်''

"ဟုတ်...''

ရသလည်း အဒေါ်မီးဖိုချောင်ထဲမှ ထွက်သွားသည်နှင့် ဒယ်အိုးတစ်ခုကိုယူကာ ဂျုံခေါက်ဆွဲတစ်ထုပ်ကို ပြုတ်ထည့်လိုက်သည်။ ထို့တောက်ခေါက်ဆွဲရေနူးချိန်ကိုစောင့်ကာ ဆယ်ယူပြီး ပါဝင်သည့်အနှစ်ထုပ်နှင့်ပါဝင်ပစ္စည်းတွေကိုထည့်လိုက်သည်။ဇလုံတစ်ခုထဲထည့်နယ်ပြီး ပန်းကန်ထဲသို့ထည့်နေချိန်မှာ မောင်ကအပေါ်ထပ်ကနေဆင်းလာသည်။

"ရသ...ဘာတွေလုပ်နေတာလဲ''

"ခေါက်ဆွဲလုပ်နေတာမောင်...။ငါတို့စားဖို့''

"မောင့်ယောက်ျားလေး ပင်ပန်းနေပါဦးမယ်။ မောင်လည်း ဝိုင်းလုပ်မယ်လေ''

"ရပါတယ်ကွာ။ဒီမှာပြီးပြီ။ သြော်...ခဏနေဦး...ငါမင်းအတွက် ကော်ဖီဖျော်ဦးမယ်''

"မောင့်ဘာသာမောင် ဖျော်လိုက်ပါ့မယ် အချစ်ရဲ့''

ရသနားသို့လာကာ ကော်ဖီခွက်ကို အတင်းယူနေသော မောင့်ကိုကြည့်ကာ ရသပြုံးလိုက်မိသည်။ သူ့ဟာသူဖျော်ရင် သောက်လို့ရော ဝင်ပါ့မလားမသိ။အရင်တစ်ခါ ညဘက်ကြီး ထဖျော်တုန်းကပုံကိုမြင်ပြီး ရသကြိတ်ရယ်နေမိသည်။

"ငါဖျော်ပေးပါ့မယ် မောင်ရဲ့။သွားထိုင်...''

"မောင်မှမထိုင်ချင်တာ။မောင့်ယောက်ျားလေးနားပဲ​နေချင်တာ...''

ပြောရင်းဆိုရင်း ရသရဲ့နောက်ကျောကိုဖက်တွယ်လာပါသော မောင်။ သူ့တစ်ကိုယ်လုံးက မောင့်ရဲ့ ရင်ခွင်ကျယ်ထဲမှာ မြှုပ်သွားတော့သည်။

"ငါရေနွေးပူလောင်ရင် မင်းအတာပဲနော်''

"အဲ့ဒါဆို မောင်ကဖြည်းဖြည်းလေးပဲ ဖက်မယ်နော်''

ရသက ရှေ့ကနေဘေးတစောင်းလှည့်ကာ မောင့်ပါးတစ်ဖက်ကို လှမ်းနမ်းလိုက်လေသည်။

"အား...သေပါပြီမောင်တော့။မောင့်ယောက်ျားလေးရဲ့ အနမ်းတွေအောက်မှာ ဟတ်ထိပြီ''

"သူပဲစကားတွေတတ်နေလိုက်...ဖယ်တော့ ရပြီ''

"အင်းပါ...''

မောင့်အတွက် ကော်ဖီခွက်ကို ကိုင်ကာ စားပွဲပေါ်မှာ သွားထိုင်လိုက်သည်။ မောင်က သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်သည်။

"ရသလက်ရာကောင်းလိုက်တာ...''

"မောင်ကလည်း ငါက အသင့်စားခေါက်ဆွဲကို နည်းနည်းလေးပြန်ပြင်လိုက်ရုံပဲကို...''

"ဘာပဲဖြစ်ဖြစ် မောင့်ယောက်ျားလေးအတော်ဆုံး...''

"အကိုကြီးက ညီ့ကိုမြှောက်နေတာနော်...။ညီက အကိုကြီးက အစားနဲ့အမ်းပေးနေရတယ်''

"ကိုယ်ကတော့ ညီ့ကိုလူတစ်ကိုယ်လုံးနဲ့ပြန်အမ်းမယ်လေ။အဲ့ဒါဆို ကျေပြီမဟုတ်လား''

မင်းရသတစ်ယောက် နှိုင်းခစေတန်၏အပြောကြောင့် မနေနိုင်မထိုင်အော်ရယ်မိတော့သည်။ မောင်စကားတွေ တတ်နေလိုက်တာ...။

"ဒါနဲ့ အချစ်။မောင် ပြောစရာရှိတယ်''

"ပြောလေ...မောင်''

မောင်က သူ့ကိုခဏစိုက်ကြည့်ကာ...

"မောင် ရသကိုမြတ်ပန်းမေတို့ကုမ္ပဏီကနေထွက်စေချင်တယ်''

"ဘာလို့လဲ...မောင်ရဲ့''

"မောင့်ယောက်ျားက သူများကုမ္ပဏီရဲ့လက်အောက်မှာ လုပ်နေတယ်ဆိုတော့ သူများတွေပြောကြမှာစိုးလို့ပါ''

မင်းရသတစ်ယောက် သက်ပြင်းသာချမိသည်။ မောင့်အတွေးကိုလည်း သူသိသည်။ ဒါပေမယ့်လည်း...

"မောင်...ငါပြောမယ်နော်။ မင်းငါ့ကိုနှိမ့်ချလိုတဲ့ဆန္ဒနဲ့ပြောတာမဟုတ်မှန်း ငါသိပါတယ်။ဒါပေမယ့် ငါပြောပြမယ်။ငါကလည်းမင်းလိုယောက်ျားတစ်ယောက်ပဲလေ။ငါအလုပ်မလုပ်ရင်ရော ဘေးလူတွေကငါ့ကိုဘယ်လိုပြောကြမယ်ထင်လဲ?မင်းနားကို ချူစားဖို့ သူဌေးသားမို့ အပိုင်ကပ်တာနေမှာလို့ရော မပြောနိုင်ဘူးလား''

သူ့အပြောကြောင့် နှိုင်းငြိမ်ကျသွားသည်။ မောင်လည်း တွေဝေနေမယ်ဆိုတာ ရသ သိပါသည်။

"မောင်...ဘာမှအရမ်းတွေးမနေနဲ့နော်။ ငါတို့ဒီအတိုင်းလည်း အဆင်ပြေပါတယ်။''

"မောင့်အချစ် အဆင်ပြေရင်ရပါပြီကွာ...။ မောင့်အတွက် အဓိကက မင်းပဲလေ''

"မောင့်ကိုချစ်လိုက်တာ...''

"ကိုယ်ကလည်းညီ့ကိုအရမ်းချစ်ပါတယ်ဗျ''


<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
[အတိတ်ရပ်ဝန်း-ချစ်ခြင်းပျော်ဝင်ခြင်း]

ဝဏ္ဏမင်းထင်သည် စာအုပ်တွေကို ထုတ်ပြီး အိမ်စာပါလာသော သင်္ချာပုစ္ဆာများကိုတွက်နေလိုက်သည်။ မင်းရသတစ်ယောက်မှာတော့ အခန်းထဲ ဟိုပြေးဒီပြေးကာ သဘက်တစ်ထည်နှင့်အလုပ်ရှုပ်လို့နေပေသည်။

"ရသ...အခုထိ အင်္ကျီမဝတ်ရသေးဘူးလား။အအေးပတ်မယ်လေ...။"

"အင်း...။ဟိုဟာလေ ငါ့ဝတ်နေကျ အင်္ကျီလေးရှာမတွေ့လို့။''

"ဗီဒိုထဲမှာ မရှိဘူးလား?''

"ဟင့်အင်း...မတွေ့ဘူး။အဲ့ဒါကြောင့် ဘယ်နေရာမှာများထားမိလဲဆိုပြီး ရှာနေတာ''

ဝဏ္ဏမင်းထင်လည်း လက်ထဲမှဘောပင်ကိုချကာ...

"ရသကလည်း...အဲ့ဒါဆိုရင် တခြားဟာပဲဝတ်လိုက်လေ။အအေးပတ်မယ်ကွာ။ကြာနေပြီ''

"အင်း...အင်း''

ဝဏ္ဏမင်းထင်၏ အပြောကြောင့်မင်းရသလည်း တခြားအင်္ကျီတစ်ထည်ကိုသာ ထုတ်ယူဝတ်လိုက်သည်။ထို့နောက် ဝဏ္ဏမင်းထင်ဘေးသို့သွားထိုင်လိုက်ပြီး စာလုပ်ရန်ပြင်လိုက်သည်။ စာအုပ်ထုတ်နေစဥ်မှာပဲ ညနေက ကိုးတန်းကအကိုကြီးအကြောင်းတွေးမိပြီး လူကစိတ်မသက်မသာဖြစ်လာရသည်။ထိုအကြောင်းကို ဝဏ္ဏကိုပြောလည်းမပြောပြချင်။ နေရင်းထိုင်ရင်း ဝဏ္ဏသူ့အတွက်စိတ်ပူပန်နေမှာကို မင်းရသမလိုလားပါ။

"ဝဏ္ဏ...ငါ့ကိုဒီအပုဒ်ရှင်းပြဦး။နေ့လည်က ဆရာမသင်တာ သိပ်နားမလည်လို့''

"ဒီအပုဒ်လား...။ရှင်းပြမယ်လေ''

ရသလည်း ဝဏ္ဏရှင်းပြတာကို ငြိမ်ငြိမ်လေး နားထောင်နေလိုက်သည်။ ခဏအကြာမှာတော့ သူနားမလည်တာတွေအားလုံး ရှင်းလင်းသဘောပေါက်သွားလို့ နေပေတော့သည်။

"နားလည်သွားပြီ...ငါ့ယောက်ျားကြီးကိုချစ်လိုက်တာ''

ကိုယ်တစ်ဖက်ကို ယိုင်ပြီး ဝဏ္ဏကိုဖက်လိုက်တော့ ဝဏ္ဏက...

"အဲ့ဒီလောက်ပဲလား?စာရှင်းပြခလေး ထပ်ပေးဦးလေ''

"လူလည်ကြီးပဲ...ဘာလုပ်ရမှာလဲ ပြော''

"ဒီနှုတ်ခမ်းလေးနဲ့ နမ်းပေး...''.

ရသရဲ့နှုတ်ခမ်းလေးကို လက်ညှိုးလေးဖြင့် ထောက်ကာ ဝဏ္ဏမင်းထင်ကပြောလိုက်လေသည်။ မင်းရသလည်း အကြံကြီးနှင့် ဝဏ္ဏမင်းထင်ကို လက်သီးဖြင့် သူ့လက်မောင်းကို ခပ်ဖွဖွထိုးလိုက်လေသည်။

"ပြီးတာပဲ...''

ထို့နောက် ထိုင်နေရာမှ အနည်းငယ်ကြွကာ ဝဏ္ဏရဲ့လည်တိုင်တွေကိုဆွဲယူလျက် သူ့နှုတ်ခမ်းတွေကို ရသရဲ့နှုတ်ခမ်းတွေနှင့်ထိကပ်စေလိုက်သည်။ ဝဏ္ဏမင်းထင်မှာလည်း ရသည့်အခွင့်အရေးကို အပြည့်အဝယူကာ မင်းရသခန္ဓာကိုယ်ကို သူ့ပေါ်သို့ပင့်တင်ကာ အနမ်းတွေကိုပိုပြီးနက်ရှိုင်းစေလိုက်သည်။ အချိန်အနည်းငယ် ကြာအပြီးမှသာ သူတို့နှစ်ဦးသား လူချင်းခွာလိုက်ကြလေသည်။

"စာတောင်မလုပ်ရသေးဘူး။သူ့ကိုအရင်နမ်းနေရပြီ''

စပ်ဖြီးဖြီး ဝဏ္ဏမင်းထင်၏မျက်နှာကို မင်းရသက အမြင်ကတ်စွာ ကြည့်ပေးလိုက်တော့...

"ချစ်လို့ပါ...ယောက်ျားလေးကလည်း။ယောက်ျားလေးက ယောက်ျားကြီးကိုမချစ်ဘူးလား ပြော''

"ချစ်တာပေါ့။ချစ်တာက ချစ်တာပဲလေ။မင်းအသားယူတာက အသားယူတာတခြား''

"အင်းပါ...ခုစာလုပ်ရအောင်နော်''

"အင်း...''

အချိန်ခဏအကြာမှာ သူတို့ နာရီကိုကြည့်လိုက်တော့ ကိုးနာရီခွဲနေလေပြီ။ မိုးကလည်း တစ်ဖန်ပြန်လည်ရွာလာသဖြင့် အိပ်ယာထဲမှာ ကွေးကောင်းသည့်အချိန်ဖြစ်ပေတော့သည်။

"သားတို့ရေ...အိပ်ကြတော့နော်''

အခန်းအပြင်ဘက်မှ မေမေရဲ့ စကားသံကိုကြားပြီးနောက်တွင် သူတို့နှစ်ယောက်လုံး စာအုပ်တွေကိုသိမ်းကာ အိပ်ရာဝင်ဖို့ပြင်ဆင်ကြရတော့သည်။ ပထမဆုံးအကြိမ်ဖြင့် ဝဏ္ဏနှင့်အတူတူအိပ်ရမည့် အရေးကိုတွေးမိပြီး ရသတစ်ယောက် ရင်တွေအခုန်မြန်လာရသည်။ အပြင်မှာမိုးတွေ တဝုန်းဝုန်းရွာနေလို့ အေးပြီး ကျက်သီးထတာအပြင် ရင်တွေပါခုန်လာရတော့ လူကမျက်နှာတွေနီရဲလာသည်။

"ဟို...ရသ။ငါမင်းနဲ့အတူတူအိပ်လို့ဖြစ်ပါ့မလား။မင်းနှစ်ယောက်အတူတူ မအိပ်တတ်မှာစိုးလို့''

ဝဏ္ဏမင်းထင်လည်း ဖြစ်နိုင်ရင် ရသနှင့်အတူတူအိပ်ချင်ပေမယ့် ရသရဲ့ဆန္ဒကိုမသိသေးတာကြောင့် ထိုသို့သာမေးလိုက်တော့သည်။ သူ့အနေနဲ့လည်း ဘယ်လောက်ပဲ ချစ်သူရည်းစားဖြစ်နေပါစေ၊တစ်ညလုံး တစ်ကုတင်ထဲမှာ အတူတူအိပ်ရမှာကိုတော့ ရသ သဘောမတူရင် မအိပ်ချင်ပါ။

မင်းရသသည် အနည်းငယ်တိတ်ဆိတ်နေပြီး...

"ရပါတယ်။ငါကအဲ့ဒီလိုမရှိဘူး။ ပြီးတော့...''

".    .    .''

"မင်းပဲဟာကို''

မျက်စိရှေ့မှ ချစ်သူလေးကို အသည်းယားလွန်းလို့ ဝဏ္ဏမင်းထင်တစ်ယောက် အပြေးဖက်မိတော့သည်။

"ဘယ်လိုဖြစ်နေတာလဲ?လူတစ်ကိုယ်လုံးကိုဖက်ထားတာ။သေတော့မှာပဲ...''

"ဟီး...ပျော်လို့ပါ။ ချစ်တယ်နော်...အာဘွား''

ရသရဲ့ပါးပြင်ကို အကြိမ်ရေ ခပ်များများ နမ်းနေပါသော ဝဏ္ဏခေါင်းကိုလက်ဖြင့်ထုလိုက်ကာ...

"အိပ်မယ်...တက်''

"အင်းပါ...''

ကုတင်ပေါ်မှာအိပ်တော့ ရသရဲ့ခန္ဓာကိုယ်က ဝဏ္ဏမင်းထင်ရဲ့ရင်ခွင်ထဲမှာ အံဝင်ခွင်ကျဖြစ်နေလေသည်။ ဒီအနေအထားကို သူတို့နှစ်ဦးလုံး ကြည်နူးလို့မဆုံးစွာ သဘောကျလို့နေရသည်။ သူတို့မှာ ဒီလိုအခြေအနေတွေဆိုတာ ခပ်ရှားရှားပဲ မဟုတ်လား။ နေ့ဘက်တွေတောင် ကျောင်းမှာ ကျောင်းအိမ်သာထဲမှာသာ ပြုမူလို့ရသည်လေ၊အတန်းထဲမှာဖြစ်ဖြစ် ကျောင်းအပြန်လမ်းမှာဖြစ်ဖြစ် ဒီလိုပြုမူလို့မရ။ ထို့ကြောင့် ဒီအခြေအနေ အခိုက်အတန့်လေးကို ရသတော်တော် သဘောကျလို့ နေပေသည်။

"အိပ်ပြီလား...ဝဏ္ဏ''

"မအိပ်သေးပါဘူး။ဘာပြောမလို့လဲ...ယောက်ျားလေး''

"ငါမင်းကိုအရမ်းချစ်တယ် ဝဏ္ဏ''

"ငါလည်းမင်းကိုအရမ်းချစ်တယ် ရသ''

မင်းရသဘက်မှ နည်းနည်းငြိမ်သက်သွားတော့ ဝဏ္ဏမင်းထင်က အိပ်ပျော်သွားပြီထင်ကာ သူလည်း အိပ်ပျော်ဖို့ကြိုးစားနေတုန်း...

"ဝဏ္ဏ...။ မင်းကငါ့ကိုယူမှာလား?''

"ယူမှာပေါ့ကွာ...ဖြစ်နိုင်ရင် အခုချက်ချင်း အန်တီ့ဆီမှာ သွားတောင်းလိုက်ချင်တယ်''

ဝဏ္ဏမင်းထင်၏ စကားကြောင့် မင်းရသ နှလုံးသားထဲမှနွေးထွေးသွားကာ ပြုံးမိသည်။

"ဒါပေမယ့် မေမေကငါတို့ကိုသဘောမတူရင်ရော''

ရုတ်တရက် ဝဏ္ဏမင်းထင်ဘက်မှ စတင်တိတ်ဆိတ်သွားလေသည်။ မင်းရသ၏ ခန္ဓာကိုယ်ကို သိမ်းဖက်ထားသော လက်တွေကလည်း ပိုမိုတင်းကြပ်လာလေသည်။

"အန်တီကသဘောမတူရင် သဘောတူအောင်၊လက်ခံလာအောင် ငါကြိုးစားမှာပေါ့''

မင်းရသစိတ်ထဲမှာ တွေးနေတာက ဝဏ္ဏနှုတ်မှ ခိုးပြေးမည်ကို ထွက်လာတာကိုပင်။ဒါပေမယ့် အခုထွက်လာသောစကားကြောင့်...

"ဘာလို့ မင်းကသူများတွေလို ခိုးပြေးမယ်လို့မပြောတာလဲဟင်''

"ရသရယ်...ခိုးပြေးတယ်ဆိုတာက ကိုယ့်ချစ်သူကို ချစ်လွန်းလို့ ဆိုတာထက် သူများသားသမီးကို မိဘရင်ခွင်ထဲက ဆွဲထုတ်တယ်လို့ပဲ ငါကယူဆတယ်။ပြီးတော့ ခိုးပြေးရုံနဲ့ နှစ်ကိုယ်တူသာယာတဲ့ဘဝကို တည်ထောင်နိုင်တာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်...ကိုယ့်မိဘရင်ခွင်ကို ခြေစုံကန်ပြီး ခိုးရာနောက်လိုက်တာ မကောင်းပါဘူး။မိဘတွေနားလည်အောင်ရှင်းပြပြီး ကြိုးစားရမှာပေါ့။ မိဘတွေက ကိုယ်မကြိုက်တဲ့သူကို အတင်းပေးစားနေတာက လွဲလို့...။

ပြီးတော့ လူတစ်ယောက်ကို တကယ်ချစ်ရင် ကိုယ်ကသူ့အသိုင်းအဝိုင်းကလက်ခံလာအောင် သေချာပေါက်ကြိုးစားရမှာပေါ့။ခိုးပြေးတာကတော့ ကိုယ်ကလည်းဘာမှမကြိုးစားပဲ သူများသားသမီးကို ယူသွားတာလို့ပဲ မြင်တယ်''

"ငါ့ယောက်ျားကြီးက စဥ်းစားတတ်လိုက်တာ။ ဒါနဲ့လေ ငါ့မေမေကရော ငါ့ကိုမင်းနဲ့သဘောမတူနိုင်လို့ မိန်းကလေးတစ်ယောက်ယောက်နဲ့ ပေးစားမယ့်ပုံပေါက်လား''

"အန်တီကတော့ မင်းကိုအတင်းအကြပ်ချုပ်ကိုင်မယ့်ပုံတော့ မရှိပါဘူး ''

ရသက ဝဏ္ဏမင်းထင်ကို နောက်ကျောပေးထားရာမှ မျက်နှာချင်းဆိုင်ဘက်သို့ ကိုယ်ကိုတစောင်းလှည့်လိုက်လေသည်။

"အိပ်တော့မယ်...မနက်ကျရင် ကျောင်းနောက်ကျလိမ့်မယ်။''

"အင်းပါ...ယောက်ျားလေးရဲ့''

မကြာမီမှာ စကားသံလေးတွေ တိတ်ဆိတ်သွားပြီး မစဲပဲပိုပိုသည်းကာရွာသွန်းနေသည့် မိုးရေတွေ၏ ကာရံစည်းချက်တွေနဲ့အတူ လူသားလေးနှစ်ယောက်၏ အသက်ရှူသံတို့မှာလည်း ထွက်သက်ဝင်သက်မှန်မှန် ထွက်ပေါ်လို့နေပေတော့သည်။

_______

ရန်စစ်သည် ဉာဥ့်နက်နေပြီဖြစ်ပါသော်လည်း သူ၏စာကြည့်စားပွဲလေးမှ မထနိုင်သေးပါ။ သူ့အတွက် အိပ်ချိန်ဆိုတာ ညဆယ့်တစ်နာရီခွဲကျော်ကျော်လောက်မှဖြစ်ပြီး မနက်နိုးထချိန်မှာလည်း ငါးနာရီဖြစ်လေသည်။ ဒါကတော့ သူ့ကိုမိဘတွေသတ်မှတ်ထားပေးသည့် အိပ်ယာဝင်ချိန်နှင့် အိပ်ယာထချိန်မဟုတ်ပါ။ သူကိုယ်တိုင်သတ်မှတ်ထားသော အချိန်ဖြစ်လေသည်။ ဟုတ်ပါသည်...။ ရန်စစ်က မိဘမဲ့တစ်ယောက်။ထိုကြောင့် သူ့မှာ ကျောင်းစာနှင့်ပက်သက်၍ စီမံပေးမည့်မိဘတွေမရှိ။ သို့သော် သူလုပ်သမျှ အနောက်ကနေတွန်းအားပေးကာ အမြဲကြိုးစားဖို့ပြောသည့် တစ်ဦးတည်းသော အဒေါ်ဖြစ်သူ ဒေါ်သဇင်ခက်တော့ရှိသည်။

သူမက ရန်စစ်ကိုမိဘတွေဆုံးပါးသွားပြီး ငယ်ငယ်လေးကတည်းက ပြုစုစောင့်ရှောက်ခဲ့ကာ တစ်ကိုယ်တည်းနေလာခဲ့သူလည်းဖြစ်သည်။ ထို့ကြောင့် ထိုတစ်ဦးတည်းသော တီလေးကို ပြန်လည်စောင့်ရှောက်ဖို့အတွက် ရန်စစ်က ဆရာဝန်ဖြစ်ချင်ခဲ့သည်။ တစ်တန်းပြီးတစ်တန်း အောင်ရုံမကပဲ စာပေပါထူးချွန်လာအောင်လုပ်သည်။အခုဆယ်တန်းမှာလည်း ဆေးမှတ်မှီအောင် ကြိုးစားနေတာဖြစ်သည်။ ရန်စစ်ရဲ့ဘဝမှာ သာမန်မဟုတ်တာလေး တစ်ခုပဲရှိသည်။

အဲ့ဒါကတော့ ငယ်ငယ်လေးထဲက ခင်မင်လာခဲ့တဲ့ နှစ်အိမ်ကျော်ကသူငယ်ချင်းအရင်းကြီးဖြစ်သူ မာန်ရဲထက်ရဲ့အပေါ်မှာ စိတ်ဝင်စားမိတာပဲ...။ မာန့်ကိုစိတ်ဝင်စားတာက ခုနှစ်တန်းနှစ်အဆုံးလောက်က။အဲ့ဒီအချိန်တုန်းက ကိုယ့်ကိုယ်gayလားလို့ တွေးမိနေပေမယ့် မာန်ကလွဲပြီး တခြားယောက်ျားလေးတွေအပေါ်မှာ လုံးဝစိတ်မဝင်စားမိတာ။မိန်းကလေးတွေကိုလည်း နည်းနည်းပါးပါး စိတ်ဝင်စားမိပေမယ့် မာန့်ကိုစိတ်ဝင်စားသည်လောက်တော့ စိတ်မဝင်စား။ အမြဲတမ်း မာန်ကသာ ရန်စစ်ရဲ့စိတ်ထဲစိုးမိုးနေတာ...။အခုတော့ပိုပြီးသေချာသွားပြီ။မာန့်ကိုသူသိပ်ချစ်တယ်။ ဒါပေမယ့် မာန်ရဲထက်ဆိုတဲ့ သူ့ရဲ့ချစ်ရသူကတော့ ရန်စစ်ကိုသူငယ်ချင်းဆိုတာထက်ပိုပြီး ကျော်လွန်ကာ မမြင်နိုင်ခဲ့ပါဘူး။

မာန်က လူပျိုပေါက်ဝင်လာကတည်းက ရည်းစားတွေထည်လဲအောင်တွဲသည်။ထိုသို့ မာန်တစ်ယောက်ပြီးတစ်ယောက်တွဲတိုင်း ရန်စစ်ရင်တွေ အရမ်းနာကျင်ရသည်။မနှစ်က ကိုးတန်းမှာတုန်းကတော့ မာန်က ကောင်လေးတစ်ယောက်ကိုကြိုက်ပြီး အရူးထကာ နှစ်ကျခံလိုက်သေးသည်။ ထိုကောင်လေးရှိတဲ့စာသင်ခန်းကို မာန်သွားပြီးကြည့်တိုင်း ရန်စစ်အရမ်းဝမ်းနည်းရသည်။ ဒါပေမယ့် ရန်စစ်လိုငကြောက်တစ်ယောက်က မာန့်ကိုဘယ်လိုသတ္တိနဲ့ ဖွင့်ပြောရမှာလဲ?ငယ်ငယ်လေးထဲက ရန်စစ်အပေါ်အနိုင်ယူခဲ့တဲ့မာန်က သူ့အပေါ်ရန်စစ်ရဲ့သဘောထားကိုသိရင် ချိုးနှိမ်နေဦးမှာပဲလေ...။

TBC.

Thank you all.

(Zawgyi)

"သားငယ္ေလး...မအိပ္ေသးဘူးလား''

အခန္းထဲမွာ laptopတစ္လုံးႏွင့္ အလုပ္ရႈပ္ေနပါေသာ ရန္စစ္ေနာင္အား အေဒၚျဖစ္သူမွ ေမးလိုက္သည္။ အခန္းေပါက္ဝမွာ ရပ္ေနေသာ တီေလးက ရန္စစ္ဆီသို႔ေလွ်ာက္လာကာ လက္ထဲမွႏြားႏို႔ခြက္ကို စားပြဲေပၚသို႔ခ်ထားေပးလိုက္သည္။ ရန္စစ္လည္း ထိုႏြားႏို႔ခြက္ေအာင္ ကုန္ေအာင္ေသာက္ကာ ႏႈတ္ခမ္းကိုသပ္လိုက္သည္။

"သားကုန္ေအာင္ေသာက္တယ္ေနာ္...တီေလး။ႏြားႏို႔ေသာက္ပါမ်ားလို႔ ႀကိဳက္ေတာင္ႀကိဳက္လာၿပီ''

ရန္စစ္စကားေၾကာင့္ တီေလးက ရယ္သြမ္းရင္း...

"သားငယ္ေလးကို တီေလးက ညတိုင္းႏြားႏို႔တိုက္တာ အားရွိေအာင္ပါကြယ္။မနက္ဘက္ေတာင္တိုက္ခ်င္ေသးတာ။တီေလးရဲ႕ သားငယ္ေလးက ေဒါက္တာျဖစ္ၿပီး ေသးေသးေကြးေကြးေလး...''

"ခႏၶာကိုယ္က သူ႔ဘာသူမထြက္ေတာ့တာေလ တီေလးရဲ႕။ဒါလည္းခ်စ္ဖို႔ေကာင္းတာပဲ မဟုတၻဴးလား''

"ဟုတ္ပါၿပီ...။ခ်စ္ဖို႔ေကာင္းပါတယ္ရွင္။ကဲ...တီေလးလည္းသြားအိပ္ေတာ့မယ္။သားငယ္ေလးလည္း ေစာေစာအိပ္ေနာ္။အရမ္းဉာဥ့္မနက္ေစနဲ႔''

"ဟုတ္ကဲ့ တီေလး''

ေဒၚသဇင္ခက္သည္ တူျဖစ္သူႏွင့္စကားေျပာခဲ့ၿပီး ရင္ထဲတြင္ ေလးေနသည္။ ရန္စစ္ေလးက အရင္ကေလာက္ေတာင္ မသြက္ေတာ့။ လူႀကီးျဖစ္၍ ရင့္က်က္သြားေသာ တည္ၿငိမ္မႈမ်ိဳးျဖင့္ တည္ၿငိမ္တာလည္း မဟုတ္။ ျပႆနာက ဆယ္တန္းၿပီးကတည္းက...။ ထိုအေၾကာင္းေတြကို သူမျပန္မေတြးခ်င္ေတာ့သျဖင့္ သက္ျပင္းကိုအသာအယာခ်ကာ စိတ္ထဲမွ လႊတ္ခ်လိုက္ေလသည္။ သို႔ေပမယ့္လည္း သူမအတြက္ ဒီတူေလးတစ္ေယာက္သာ ရွိတာမို႔ ရႏၥစ္သာ စိတ္ခ်မ္းသာမယ္ဆို သူမဘာကိုပဲ ျဖစ္ျဖစ္ လက္ခံႏိုင္ပါသည္။

ဒီေန႔သူမကို မာန္ရဲထက္ရဲ႕မိဘေတြ အေၾကာင္းၾကားလာတဲ့ကိစၥကိုေရာ ရန္စစ္ သိရင္ဘယ္လိုတုံ႔ျပန္မလဲ...။သားငယ္ေလးအေပၚ ဆယ္တန္းႏွစ္က မွားယြင္းခဲ့တဲ့အမွားအတြက္ ယခုအခ်ိန္မွ တာဝန္ယူပါ့မည္ဟု ေျပာလာပါေသာ ေကာင္ေလးကိုလည္း သူမလုံးဝမႏွစ္ၿမိဳ႕ပါ။ ထိုမာန္ရဲထက္ဆိုေသာ ေကာင္ေလးေၾကာင့္ သားငယ္ေလးရန္စစ္မွာ အခ်ိန္အေတာ္ၾကာ မလန္းမဆန္းျဖစ္ခဲ့ရသည္မွာ ယခုအခ်ိန္ထိပင္။ သူမဘယ္လိုလုပ္ၿပီး လက္ခံရပါ့မလဲ?ဒါေပမယ့္ သားငယ္ေလးသာ အဲ့ဒီေကာင္ေလးအေပၚ ခံစားခ်က္ရွိေနေသးရင္ေတာ့ သူမဘယ္လိုနည္းနဲ႔ ျဖစ္ျဖစ္ လက္ခံရမွာပင္။

အခန္းထဲမွ ႏြားႏို႔ခြက္ကိုယူၿပီး တီေလးျပန္ထြက္သြားေသာအခါတြင္ ရန္စစ္လည္း ဖတႅကၥ ေဆးပညာစာတမ္းကို ျမန္ျမန္ဖတ္ကာ laptopကိုပိတ္ခ်လိုက္သည္။ေရခ်ိဳးခန္းထဲသို႔ဝင္ကာ သြားတိုက္ၿပီးမ်က္ႏွာသစ္ကာ လင္းထိန္ေနေသာ အခန္းမီးကိုသြားပိတ္လိုက္ၿပီး ညအၾတက္သာ သုံးသည့္မွိန္ပ်ပ် မီးသီးေသးေသးေလးကို ဖြင့္လိုက္သည္။ မီးသီးအလင္းေရာင္ မွိန္ပ်ပ်ႏွင့္အတူ လေရာင္ပါျဖာက်ေလ့ရွိေပမယ့္ ဒီေန႔ညက လကြယ္ညျဖစ္၍ အခန္းေလးထဲမွာ လေရာင္ျဖာမက်ေနပါ။

ကုတင္ေပၚသို႔ လွဲေလ်ာင္းၿပီး နဖူးေပၚကိုလက္တင္ကာ ရန္စစ္တစ္ေယာက္ ေလပူေတြကိုမႈတ္ထုတ္လိုက္ေလသည္။ ဒီအခ်ိန္ အၿမဲတမ္း အိပ္ခါနီးဆို မာန္႔အေၾကာင္း သူေတြးျဖစ္သည္။ အရင္ႏွစ္ေတြကလည္း ထိုအတိုင္းပင္။ဘယ္ေလာက္ပဲ သူ႔ကိုႏွလုံးသားတစ္ဖက္ျခမ္းကနာက်ည္းေနပါေစ၊က်န္တစ္ဖက္ျခမ္းကေတာ့ ႏွစ္ႏွစ္ကာကာ ခ်စ္မိေနဆဲ...။ သူ႔အေၾကာင္းေတြကိုေတြးတိုင္း နာက်ည္းမႈေတြၾကားက မ်က္ရည္ေတြၾကားက ရန္စစ္ေပ်ာ္သည္။ ကိုယ့္အေပၚ စိမ္းကားသြားသည့္တိုင္ ေမ့မရေအာင္ခ်စ္ခဲ့သည္။ ထိုလူသားကို ရန္စစ္ ေနာင္လည္းဆက္ခ်စ္သြားမည္။ သို႔ေပမယ့္ ဘယ္ေသာအခါမွေတာ့ ရန္စစ္ရဲ႕အခ်စ္ကို အေပါစားေတြးခဲ့တဲ့ သူအေရွ႕မွာ မေပ်ာ့ညံ့ခ်င္ေတာ့။

မာန္ရဲထက္ဆိုေသာ လူသားဟာ ဟိုးငယ္ငယ္ေလးကတည္းက ရႏၥစၠို ျပဳစားသြားခဲ့သည္။ သူငယ္ခ်င္းဘဝထဲက ရန္စစ္အေပၚမွာ အၿမဲႏိုင္တတ္တဲ့သူ၊အတူတူကစားရင္ေတာင္ အၿမဲတမ္း သူပဲအႏိုင္ယူတတ္တဲ့သူ၊ အဆုံးျစႏၳိ ရန္စစ္ႏွလုံးသားကိုပါ အႏိုင္ယူသြားတဲ့သူ...။ ထိုလူကို သူဘယ္လိုလုပ္ၿပီးေတာ့မ်ား မုန္းလို႔ရပါ့မလဲ?သိပၠို နာက်ည္းေနေပမယ့္လည္း လုံးဝကိုမုန္းလို႔မရခဲ့...။ အရာရာကို စိုးမိုးၾသားခဲ့သူေကတာ့ ရန္စစ္ကိုလည္း စကားတစ္ခြန္းထဲနဲ႔ သူ႔ကိုနာက်ည္းေစဖို႔ လုံေလာက္ေစခဲ့တယ္။

သူကေယာက္်ားေလးမို႔ ဘာမွတာဝန္ယူစရာ မလိုဘူးတဲ့လား...။

ထိုစကားက ေတြးလိုက္တိုင္း အသည္းေပါက္ေအာင္ နာက်င္ရသည္။ ေျခေတာ္တင္ခ်င္တိုင္းတင္ၿပီး နိဂုံးက ထိုစကားတစ္ခြန္းတဲ့လား။ အဲ့ဒီလို စကားမ်ိဳးထြက္ခဲ့သူရဲ႕ ႏႈတ္ဖ်ားကေန ထပ္ၿပီးထြက္လာတဲ့ သိပ္ခ်စ္ပါတယ္ဆိုတဲ့ စကားကို ရန္စစ္ဘယ္လိုအေတြးမ်ိဳးနဲ႔ ယုံၾကည္ဖို႔ခြန္အားရွိရမွာလဲ? မာန္ရဲ႕ခ်စ္တယ္ဆိုတဲ့စကားက ရန္စစ္အတြက္ သိပ္ေၾကာက္ဖို႔ေကာင္းေနၿပီ။ အႀကိမ္ႀကိမ္ေမွ်ာ္လင့္ခဲ့ရတဲ့ စကားျဖစ္ေပမယ့္ အခုခ်ိန္မွာေတာ့ ဒီစကားၾကားဖို႔ ေသမတတ္ေၾကာက္႐ြံ႕ေနခဲ့ၿပီ။

မင္းကိုငါသိပ္ခ်စ္တယ္...မာန္။

ငါမင္းကိုအရမ္းခ်စ္တယ္။

ဟိုးငယ္ငယ္ေလးထဲက မင္းကိုအရမ္းခ်စ္ခဲ့တယ္။

မင္းအေပၚကိုငါအၿမဲတမ္း ေအာက္က်ိဳ႕ခဲ့တယ္။

မင္းကိုအၿမဲတမ္း ငါ့ႏွလုံးသားက ဆရာတစ္ဆဴလို ကိုးကြယ္ခစားခဲ့တယ္။

မင္းတျခားတစ္ေယာက္ရဲ႕ အခ်စ္ကိုရယူဖို႔ အတြက္နဲ႔ ငါ့ကိုအႀကံဉာဏ္လာေတာင္းတဲ့အခ်ိန္ေတာင္မွ ငါရင္နာနာနဲ႔ မင္းကိုအႀကံဉာဏ္ေပးခဲ့ေသးတယ္။

ငါ့အခ်စ္ေတြ မင္းကိုမသိမသာထုတ္ျပခဲ့ပါတယ္။

မင္းလည္း ငါ့ခံစားခ္ကၠို သိေပမယ့္ မ်က္ကြယ္ျပဳထားခဲ့တာပဲ မလား။

အဲ့ဒီေတာ့ မင္းအခုငါ့ကိုတကယ္ခ်စ္ရင္ေတာင္ ငါလည္း မင္းခံစားခ်က္ေတြကို ျပန္ၿပီး မ်က္ကြယ္ျပဳပါရေစ...။

____

မင္းသိလား...ရန္စစ္။ငါ့ႏွလုံးသားက အခ်ိန္ေတြအၾကာႀကီး မင္းကိုပဲေတာင့္တေနခဲ့တာ။ ငါနာရီေပါင္းမ်ားစြာ မင္းအေပၚမွားခဲ့တဲ့အမွားအတြက္ ကိုယ့္ကိုကိုယ္ ယူက်ဳံးမရျဖစ္ၿပီး ငိုေႂကြးခဲ့ဖူးတယ္။ မင္းခံစားခဲ့ရတာေတြကို မ်က္ကြယ္ျပဳမိတဲ့ငါ့ကိုယ္ငါကို အႀကိမ္ႀကိမ္ အျပစ္ေပးခဲ့တယ္။ မင္းအေပၚမျပစ္ရွိတဲ့စိတ္နဲ႔ မင္းလက္နဲ႔သတ္ရင္ေတာင္ ငါလည္စင္းခံပါ့မယ္ဆိုတဲ့ စိတ္နဲ႔ေပါ့။ ငါမင္းကိုအရမ္းခ်စ္တယ္ ရန္စစ္ရယ္...။ အခုအခ်ိန္မွာေတာ့ ငါျပန္လည္ေပြ႕ပိုက္ရမယ့္အရာေတြက မင္းရဲ႕အမုန္းေတြပဲေပါ့။

သိပ္ခ်စ္လြန္းလို႔ ငါ႐ူးသြားႏိုင္တယ္ ရန္စစ္။ငါမင္းကိုအရမ္းခ်စ္တယ္...ဒီစကားကိုပဲ ငါ့ရင္ထဲမွာ ထပၱလဲလဲ ေျပာေနမိတယ္။ မင္းကိုအရမ္းခ်စ္လို႔ မင္းေပးသမွ် အရာေတြကို ငါခံယူဖို႔အသင့္ပါပဲ။ ဒါေပမယ့္ မင္းရဲ႕အခ်စ္ကိုေတာ့ ငါေနာက္ထပ္တစ္ႀကိမ္ ေတာင့္တမိေသးတယ္။ငါက အခ်စ္ကိုစြဲလမ္းတတ္တဲ့ ပုထုဇဥ္လူသားတစ္ေယာက္ပါ။ အဲ့ဒါေၾကာင့္ မင္းအခ်စ္ကို ငါေမွ်ာ္လင့္တယ္။

မာန္ရဲထက္သည္ ေရခဲစိမ္ထားေသာ ခြက္ထဲမွ လက္က်န္အရက္ကို ေမာ့ခ်လိုက္ေလသည္။ ခါးသက္သက္အရသာက လည္ေခ်ာင္းတစ္ေလွ်ာက္ ေအးစက္စြာ စီးဆင္းသြားရသလို ခ်စ္ေသာသူကိုေတာင့္တရျခင္းကိုလည္း ဘယႅိုခံစားခ္ကၠမြ အစားမထိုးႏိုင္...။

"ရန္စစ္ရာ...မင္းငါ့ကိုတကယ္မုန္းသြားၿပီလား''

တစ္ခြက္ၿပီးတစ္ခြက္ အရကၠို တရစပ္ ေသာက္ၿပီးခ်ိန္မွာေတာ့ ရန္စစ္ရဲ႕ပုံရိပ္က သူ႔ေရွ႕မွာ ဝိုးတဝါးေပၚေပါက္ကာ ေရာက္ရွိလို႔လာေပသည္။

''ငါမင္းကိုအရမ္းခ်စ္တာ။ ငါကမင္းကိုသိပ္ခ်စ္တယ္''

"ငါ့ကိုထားမသြားပါနဲ႔...ရန္စစ္ရာ။ငါမင္းမရွိရင္ အသက္ဆက္မရွင္ႏိုင္ေလာက္ေအာင္ မင္းကိုငါသိပ္ခ်စ္တယ္''

"ထြက္မေျပးသြားနဲ႔ေနာ္...ကိုယ့္ေဒါက္တာေလးက မဆိုးရဘူးေလ။ကိုယ့္ရင္ခြင္ထဲပဲ လာပါေနာ္''

ဒယိမ္းဒယိုင္ လမ္းေလွ်ာက္ေနျခင္း၏ ေနာက္ဆုံးအက်ိဳးဆက္အေနႏွင့္ ၾကမ္းျပင္ေပၚကို သူဝုန္းခနဲ လဲက်သြားေတာ့သည္။

"ရန္စစ္...ရန္စစ္ေရ။ငါမင္းကို အရမ္းခ်စ္တယ္''

ႏႈတ္မွ ရန္စစ္နာမည္ကိုတကာ လူတစ္ကိုယ္လုံးမွာလည္း လဲက်ေနရာမွ မထႏိုင္ေတာ့...။ရန္စစ္၏ ဝိုးတဝါးပုံရိပ္ကေတာင္ မာန္႔အနားမွ ထပၱလဲလဲ ထြက္ေျပးဖို႔ႀကိဳးစားေနသည္။ ထိုပုံရိပ္ေလးကို မာန္ရဲထက္သည္ လိုက္ဖမ္းဖို႔ ႀကိဳးစားေနေပမယ့္လည္း မမိခဲ့...။

"ကိုဟိန္းထက္...ကြၽန္မသားကို လာႀတဲပါဦး...ဒီမြာ''

မီးဖိုခန္းက စားပြဲေဘးမွာ လူမွန္းမသိသူမွန္းမသိေအာင္ မူး႐ူးေနတဲ့ မာန္ရဲထက္ကိုျမင္ေတာ့ ေအမ်ဖစ္သဴက အနားၾသားကာ ဆြဲထူရွာသည္။

"မင္း သားေကတာ့ လုံးဝကိုဘာေဆးဆိုဘာေဆးမွ မမွီေတာ့ဘူး''

"ရွင္သိေနတာပဲ...။ႏိုင္ငံျခားကေနေတာင္ အတင္းျပန္လာပါတယ္ဆိုမွ...ဒီကိုးႏွစ္လုံးလုံး ဟိုမွာေတာင္ ခ်စ္သူရည္းစားဆိုတာေတာင္ မရွိဘူးဆိုေတာ့ ရႏၥစၠိုပဲ စြဲလမ္းေနတာကိုေလ...''

ဦးဟိန္းထက္ေအာင္လည္း သက္ျပင္းခ်ကာ...

"ငါသိပါတယ္ မိန္းမရာ။မနက္ကပဲ ငါတို႔ သဇင့္ကိုေရွ႕မ်က္ႏွာေနာက္ထားၿပီး သြားကမ္းလွမ္းၿပီးၿပီမဟုတ္လား''

"ဟုတ္ေတာ့ဟုတ္ပါတယ္။ ဒါေပမယ့္ ကြၽန္မသားေလး အခုလိုခံစားေနရတာ မၾကည့္ရက္ေတာ့ဘူး။သူ႔အမွားအတြက္ သူတာဝန္ယူေပးမယ္လည္း ေျပာၿပီးၿပီ။''

"ဟ...မင္းရဲ႕သား မာန္ရဲထက္မွားခဲ့တဲ့အမွားက ခဲဖ်က္နဲ႔ဖ်က္လို႔ရသလိုမ်ိဳး အမွားေသးေသးေလး ထင္ေနတာလား။ဒီေကာင္က သူမ်ားသားပ်ိဳေလးကို တာဝႏၼယူပဲ ထြက္သြားတာေလ။အဲ့ဒီေတာ့ ဟိုကလြယ္လြယ္နဲ႔ခြင့္လႊတ္ပါ့မလား''

ဦးဟိန္းထက္ေအာင္ရဲ႕ စကားေၾကာင့္ ေဒၚယုယႏြယ္မွာလည္း သက္ျပင္းသာအႀကိမ္ႀကိမ္ခ်မိေတာ့သည္။ ဒီၾကားထဲ ရန္စစ္ေလးအေဒၚကလည္း သဇင္ခက္ဆိုတဲ့ ကိုယ္ေတြငယ္စဥ္ကေပါင္းလာတဲ့ သူငယ္ခ်င္းအရင္းႀကီး ျဖစ္ေနေတာ့ အရမ္းအားနာရသည္။ အခု သားရဲ႕ဘဝက ရန္စစ္ရဲ႕အေပၚမွာပဲ မူတည္ေနသည္။

_______

ျမတ္ပန္းေမသည္ ရသတို႔ညစာစားၿပီး သူမအိမ္မွ ျပန္သြားသည့္အခ်ိန္မွစ၍ အခုခ်ိန္ထိ အေတြးေပါင္းစုံက စဥ္းစားရင္း စဥ္းစားရင္း ေဝးေလေဝးေလျဖစ္ေနသည္။ သူမေခါင္းထဲမွာလည္း ဘာကိုေမြေသသခ္ာခ္ာ မဆုံးျဖတ္ႏိုင္ေတာ့။ ဘယ္အရာက အမွန္၊ဘယ္အရာကအမွားဆိုတာလည္း သူမမသိေတာ့...။ သူမကပဲ အေတြးေတြလြန္ေနတာလား...။

ထိုသို႔စဥ္းစားျပန္ေတာ့လည္း မျဖစ္ႏိုင္ပါ။ ဦးမင္းေစတန္၊ႏႈိင္းခေစတန္...ထိုသားအဖႏွစ္ဦးၾကားမွာ ေသခ်ာေပါက္ကိုလွ်ိဳ႕ဝွက္ခ်က္ရွိရမည္။ ၿပီးေတာ့ ႏႈိင္းခေစတန္ရဲ႕ အႁမႊာဆိုတဲ့ ရႈိင္းခေစတန္။ သူေကရာ ဘယ္ေရာက္ေနတာလဲ?သူ႔အေၾကာင္းကိုဘာလို႔ သူ႐ြိခဲ့တယ္ဆိုတဲ့ အခ်က္ေလးကလြဲၿပီး စုံစမ္းလို႔မရေတာ့တာလဲ? ေခါင္းရႈပ္စရာေတြတစ္ခုၿပီးတစ္ခုက သူမေခါင္းထဲကို တရစပ္ထိုးဝင္လာေလသည္။ ဘယ္လိုအရာေတြ ေနာက္ဆက္တြဲ ျဖစ္လာမွာလဲ။

သူမဆက္စပ္ေတြးေနရာမွ အရာတစၡဳကို စဥ္းစားမိသြားသည္။

ဘုရားေရ...ရႈိင္းခေစတန္ဆိုတာ ဝဏၰမင္းထင္မ်ားလား။

သူမ ငယ္စဥ္က ဝဏၰမင္းထင္ရဲ႕အေၾကာင္းကို သိရသေလာက္ မိခင္ရယ္ပေထြးရယ္နဲ႔အတူ ေနထိုင္သည္။ ၿပီးေတာ့...။ ကိစၥအႀကီးႀကီးတစ္ခုျဖစ္ၿပီးသြားသည့္ေနာက္မွာ သူလုံးဝေပ်ာက္သြားခဲ့သည္။ ဝဏၰမင္းထင္က ပေထြးနဲ႔ေနခဲ့တာဆို ဦးမင္းေစတန္က သူ႔အေဖမ်ားျဖစ္ေနမလား။ ဒါ...ဒါဆို...။

ဘယ္လိုေတြလဲ...။ ရသ...ရသက ႏႈိင္းခေစတန္ကို ဝဏၰမင္းထင္အမွတ္နဲ႔ မသိစိတ္ထဲကေန ခ်စ္ေနမိတာလား။ ျမတ္ပန္းေမသည္ အိပ္ယာထဲမွ ဝုန္းခနဲေကာက္ထလိုက္ကာ သူမဆံပင္ေတြကို လက္ႏွစ္ဖက္ျဖင့္ နဖူးမြစကာ သပ္တင္လိုက္မိသည္။ ဒီကိစၥက သူမထင္ထားတာထက္ကိုပိုၿပီး နက္ရႈိင္းက်ယ္ျပန္႔ေနတာပဲ...။ရသေကရာ။ သူကဘာလို႔ ဝဏၰမင္းထင္တစ္ေယာက္ထဲကိုပဲ မမွတ္မိရေတာ့တာလဲ။

သူမေတြးရင္း ေတြးရင္း ဘာကိုမွဆက္ၿပီးမစဥ္းစားႏိုင္ေတာ့ပါ။ ဆက္ေတြးေနရင္ သူမ႐ူးသြားလိမ့္မည္။ ထို႔ေၾကာင့္ ေခါင္းကိုေခါင္းအုံးေပၚျပန္လွဲခ်လိုက္ၿပီး အသက္ကိုျပင္းျပင္းရႉကာ မ်က္လုံးေတြကို ေမွးမွိတ္လိုက္ေတာ့သည္။

____

မင္းရသ ဒီေန႔နံနက္ ႏိုးထလာေတာ့ သူ႔တစ္ကိုယ္လုံးက ႏႈိင္းရဲ႕ရင္ခြင္ထဲမွာ ျမႇဳပ္ဝင္ေနသည္။ သူကလည္း ေမာင့္ကို႔အလိုက္သင့္ျပန္ဖက္ထားလိုက္ၿပီး သူ႔ႏႈတ္ခမ္းႏွင့္ကြက္တိျဖစ္ေနေသာ ေမာင့္ရင္ဘတ္ကိုအနမ္းေပးလိုက္သည္။ ေမာင္မႏိုးေသးဘူးအထင္ျဖင့္ အေပၚကိုေမာ့ၾကည့္ေတာ့ ေမာင္ကသူ႔ကိုငုံ႔ၾကည့္ေနသည္။

"ႏိုးေနတာကို မေျပာဘူး။ဘာလို႔ငါ့ကိုမႏႈိးတာလဲ?''

"ေမာင့္ေယာက္်ားေလး အိပ္ေနတာက ခ်စ္ဖို႔ေကာင္းလို႔ပါကြာ။''

"ႏိုးၿပီဆို ထေတာ့မယ္...ဖယ္ဦး''

"ေသဘာ႐ြိပါဗ္ာ...''

ေမာင္က ရသရဲ႕ခႏၶာကိုယ္ကို သူ႔လက္ေတြျဖင့္ဖက္ထားရာမွ လႊတ္ေပးလိုက္ေတာ့ ရသက ထကာ ေရခ်ိဳးခန္းဆီသို႔ဝင္လိုက္သည္။ မေန႔ကလိုေတာ့ ေမာင္ကလိုက္မဝင္လာခဲ့ပါ။ ရသ ေရမိုးခ်ိဳး မ်က္ႏွာသစ္ၿပီးမွ ေမာင္ကေရခ်ိဳးခန္းထဲသို႔ ဝင္သြားသည္။မင္းရသလည္း အက်ီ..လဲကာ အခန္းထဲမွ ထြက္ၿပီးေအာက္ထပ္ကိုဆင္းလိုက္သည္။ မနက္အေစာႀကီးပဲ ရွိေသးတာမို႔ ေအာက္ထပ္က မီးဖိုခန္းထဲမွာ အေဒၚက မနက္စာခ်က္ျပဳတ္ရန္ ျပင္ဆင္ေနတုန္းျဖစ္သည္။

"အေဒၚ...ဒီမနက္ ကြၽန္ေတာ္ပဲ မနက္စာလုပ္လိုက္ေတာ့မယ္။ အေဒၚနားဦးေနာ္''

"ဒါဆို အေဒၚၿခံထဲတံျမက္စည္းသြားလွည္းဦးမယ္''

"ဟုတ္...''

ရသလည္း အေဒၚမီးဖိုေခ်ာင္ထဲမွ ထြက္သြားသည္ႏွင့္ ဒယ္အိုးတစ္ခုကိုယူကာ ဂ်ဳံေခါက္ဆြဲတစ္ထုပ္ကို ျပဳတ္ထည့္လိုက္သည္။ ထို႔ေတာက္ေခါက္ဆြဲေရႏူးခ်ိန္ကိုေစာင့္ကာ ဆယ္ယူၿပီး ပါဝင္သည့္အႏွစ္ထုပ္ႏွင့္ပါဝင္ပစၥည္းေတြကိုထည့္လိုက္သည္။ဇလုံတစ္ခုထဲထည့္နယ္ၿပီး ပန္းကန္ထဲသို႔ထည့္ေနခ်ိန္မွာ ေမာင္ကအေပၚထပ္ကေနဆင္းလာသည္။

"ရသ...ဘာေတြလုပ္ေနတာလဲ''

"ေခါက္ဆြဲလုပ္ေနတာေမာင္...။ငါတို႔စားဖို႔''

"ေမာင့္ေယာက္်ားေလး ပင္ပန္းေနပါဦးမယ္။ ေမာင္လည္း ဝိုင္းလုပ္မယ္ေလ''

"ရပါတယ္ကြာ။ဒီမွာၿပီးၿပီ။ ေၾသာ္...ခေဏနဦး...ငါမင္းအတြက္ ေကာ္ဖီေဖ်ာ္ဦးမယ္''

"ေမာင့္ဘာသာေမာင္ ေဖ်ာ္လိုက္ပါ့မယ္ အခ်စ္ရဲ႕''

ရသနားသို႔လာကာ ေကာ္ဖီခြက္ကို အတင္းယူေနေသာ ေမာင့္ကိုၾကည့္ကာ ရသၿပဳံးလိုက္မိသည္။ သူ႔ဟာသူေဖ်ာ္ရင္ ေသာက္လို႔ေရာ ဝင္ပါ့မလားမသိ။အရင္တစ္ခါ ညဘက္ႀကီး ထေဖ်ာ္တုန္းကပုံကိုျမင္ၿပီး ရသႀကိတ္ရယ္ေနမိသည္။

"ငါေဖ်ာ္ေပးပါ့မယ္ ေမာင္ရဲ႕။သြားထိုင္...''

"ေမာင္မွမထိုင္ခ်င္တာ။ေမာင့္ေယာက္်ားေလးနားပဲေနခ်င္တာ...''

ေျပာရင္းဆိုရင္း ရသရဲ႕ေနာက္ေက်ာကိုဖက္တြယ္လာပါေသာ ေမာင္။ သူ႔တစ္ကိုယ္လုံးက ေမာင့္ရဲ႕ ရင္ခြင္က်ယ္ထဲမွာ ျမႇဳပ္သြားေတာ့သည္။

"ငါေရေႏြးပူေလာင္ရင္ မင္းအတာပဲေနာ္''

"အဲ့ဒါဆို ေမာင္ကျဖည္းျဖည္းေလးပဲ ဖက္မယ္ေနာ္''

ရသက ေရွ႕ကေနေဘးတေစာင္းလွည့္ကာ ေမာင့္ပါးတစ္ဖက္ကို လွမ္းနမ္းလိုက္ေလသည္။

"အား...ေသပါၿပီေမာင္ေတာ့။ေမာင့္ေယာက္်ားေလးရဲ႕ အနမ္းေတြေအာက္မွာ ဟတ္ထိၿပီ''

"သူပဲစကားေတြတတ္ေနလိုက္...ဖယ္ေတာ့ ရၿပီ''

"အင္းပါ...''

ေမာင့္အတြက္ ေကာ္ဖီခြက္ကို ကိုင္ကာ စားပြဲေပၚမွာ သြားထိုင္လိုက္သည္။ ေမာင္က သူနဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္သည္။

"ရသလက္ရာေကာင္းလိုက္တာ...''

"ေမာင္ကလည္း ငါက အသင့္စားေခါက္ဆြဲကို နည္းနည္းေလးျပန္ျပင္လိုက္႐ုံပဲကို...''

"ဘာပဲျဖစ္ျဖစ္ ေမာင့္ေယာက္်ားေလးအေတာ္ဆုံး...''

"အကိုႀကီးက ညီ့ကိုေျမႇာက္ေနတာေနာ္...။ညီက အကိုႀကီးက အစားနဲ႔အမ္းေပးေနရတယ္''

"ကိုေယၠတာ့ ညီ့ကိုလူတစ္ကိုယ္လုံးနဲ႔ျပန္အမ္းမယ္ေလ။အဲ့ဒါဆို ေက်ၿပီမဟုတ္လား''

မင္းရသတစ္ေယာက္ ႏႈိင္းခေစတန္၏အေျပာေၾကာင့္ မေနႏိုင္မထိုင္ေအာ္ရယ္မိေတာ့သည္။ ေမာင္စကားေတြ တတ္ေနလိုက္တာ...။

"ဒါနဲ႔ အခ်စ္။ေမာင္ ေျပာစရာရွိတယ္''

"ေျပာေလ...ေမာင္''

ေမာင္က သူ႔ကိုခဏစိုက္ၾကည့္ကာ...

"ေမာင္ ရသကိုျမတ္ပန္းေမတို႔ကုမၸဏီကေနထြက္ေစခ်င္တယ္''

"ဘာလို႔လဲ...ေမာင္ရဲ႕''

"ေမာင့္ေယာက္်ားက သူမ်ားကုမၸဏီရဲ႕လက္ေအာက္မွာ လုပ္ေနတယ္ဆိုေတာ့ သူမ်ားေတြေျပာၾကမွာစိုးလို႔ပါ''

မင္းရသတစ္ေယာက္ သက္ျပင္းသာခ်မိသည္။ ေမာင့္အေတြးကိုလည္း သူသိသည္။ ဒါေပမယ့္လည္း...

"ေမာင္...ငါေျပာမယ္ေနာ္။ မင္းငါ့ကိုႏွိမ့္ခ်လိုတဲ့ဆႏၵနဲ႔ေျပာတာမဟုတ္မွန္း ငါသိပါတယ္။ဒါေပမယ့္ ငါေျပာျပမယ္။ငါကလည္းမင္းလိုေယာက္်ားတစ္ေယာက္ပဲေလ။ငါအလုပ္မလုပ္ရင္ေရာ ေဘးလူေတြကငါ့ကိုဘယ္လိုေျပာၾကမယ္ထင္လဲ?မင္းနားကို ခ်ဴစားဖို႔ သူေဌးသားမို႔ အပိုင္ကပ္တာေနမွာလို႔ေရာ မေျပာႏိုင္ဘူးလား''

သူ႔အေျပာေၾကာင့္ ႏႈိင္းၿငိမ္က်သြားသည္။ ေမာင္လည္း ေတြေဝေနမယ္ဆိုတာ ရသ သိပါသည္။

"ေမာင္...ဘာမွအရမ္းေတြးမေနနဲ႔ေနာ္။ ငါတို႔ဒီအတိုင္းလည္း အဆင္ေျပပါတယ္။''

"ေမာင့္အခ်စ္ အဆင္ေျပရင္ရပါၿပီကြာ...။ ေမာင့္အတြက္ အဓိကက မင္းပဲေလ''

"ေမာင့္ကိုခ်စ္လိုက္တာ...''

"ကိုယ္ကလည္းညီ့ကိုအရမ္းခ်စ္ပါတယ္ဗ်''

<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
[အတိတ္ရပ္ဝန္း-ခ်စ္ျခင္း၌ေပ်ာ္ဝင္ျခင္း]

ဝဏၰမင္းထင္သည္ စာအုပ္ေတြကို ထုတ္ၿပီး အိမ္စာပါလာေသာ သခ်ၤာပုစာၦမ်ားကိုတြက္ေနလိုက္သည္။ မင္းရသတစ္ေယာက္မွာေတာ့ အခန္းထဲ ဟိုေျပးဒီေျပးကာ သဘက္တစ္ထည္ႏွင့္အလုပ္ရႈပ္လို႔ေနေပသည္။

"ရသ...အခုထိ အက်ႌမဝတ္ရေသးဘူးလား။အေအးပတ္မယ္ေလ...။"

"အင္း...။ဟိုဟာေလ ငါ့ဝတ္ေနက် အက်ႌေလးရွာမေတြ႕လို႔။''

"ဗီဒိုထဲမြာ မ႐ြိဘူးလား?''

"ဟင့္အင္း...မေတြ႕ဘူး။အဲ့ဒါေၾကာင့္ ဘယ္ေနရာမွာမ်ားထားမိလဲဆိုၿပီး ရွာေနတာ''

ဝဏၰမင္းထင္လည္း လက္ထဲမွေဘာပင္ကိုခ်ကာ...

"ရသကလည္း...အဲ့ဒါဆိုရင္ တျခားဟာပဲဝတ္လိုက္ေလ။အေအးပတ္မယ္ကြာ။ၾကာေနၿပီ''

"အင္း...အင္း''

ဝဏၰမင္းထင္၏ အေျပာေၾကာင့္မင္းရသလည္း တျခားအက်ႌတစ္ထည္ကိုသာ ထုတ္ယူဝတ္လိုက္သည္။ထို႔ေနာက္ ဝဏၰမင္းထင္ေဘးသို႔သြားထိုင္လိုက္ၿပီး စာလုပ္ရန္ျပင္လိုက္သည္။ စာအုပ္ထုတ္ေနစဥ္မွာပဲ ေညနက ကိုးတန္းကအကိုႀကီးအေၾကာင္းေတြးမိၿပီး လူကစိတ္မသက္မသာျဖစ္လာရသည္။ထိုအေၾကာင္းကို ဝဏၰကိုေျပာလည္းမေျပာျပခ်င္။ ေနရင္းထိုင္ရင္း ဝဏၰသူ႔အတြက္စိတ္ပူပန္ေနမွာကို မင္းရသမလိုလားပါ။

"ဝဏၰ...ငါ့ကိုဒီအပုဒ္ရွင္းျပဦး။ေန႔လည္က ဆရာမသင္တာ သိပ္နားမလည္လို႔''

"ဒီအပုဒႅား...။ရွင္းျပမယ္ေလ''

ရသလည္း ဝဏၰရွင္းျပတာကို ၿငိမ္ၿငိမ္ေလး နားေထာင္ေနလိုက္သည္။ ခဏအၾကာမွာေတာ့ သူနားမလည္တာေတြအားလုံး ရွင္းလင္းသေဘာေပါက္သြားလို႔ ေနေပေတာ့သည္။

"နားလည္သြားၿပီ...ငါ့ေယာက္်ားႀကီးကိုခ်စ္လိုက္တာ''

ကိုယၱစၹကၠို ယိုင္ၿပီး ဝဏၰကိုဖက္လိုက္ေတာ့ ဝဏၰက...

"အဲ့ဒီေလာက္ပဲလား?စာရွင္းျပခေလး ထပ္ေပးဦးေလ''

"လူလည္ႀကီးပဲ...ဘာလုပ္ရမွာလဲ ေျပာ''

"ဒီႏႈတ္ခမ္းေလးနဲ႔ နမ္းေပး...''.

ရသရဲ႕ႏႈတ္ခမ္းေလးကို လက္ညႇိဳးေလးျဖင့္ ေထာက္ကာ ဝဏၰမင္းထင္ကေျပာလိုက္ေလသည္။ မင္းရသလည္း အႀကံႀကီးႏွင့္ ဝဏၰမင္းထင္ကို လက္သီးျဖင့္ သူ႔လက္ေမာင္းကို ခပ္ဖြဖြထိုးလိုက္ေလသည္။

"ၿပီးတာပဲ...''

ထို႔ေနာက္ ထိုင္ေနရာမွ အနည္းငယ္ႂကြကာ ဝဏၰရဲ႕လည္တိုင္ေတြကိုဆြဲယူလ်က္ သူ႔ႏႈတ္ခမ္းေတြကို ရသရဲ႕ႏႈတ္ခမ္းေတြႏွင့္ထိကပ္ေစလိုက္သည္။ ဝဏၰမင္းထင္မွာလည္း ရသည့္အခြင့္အေရးကို အျပည့္အဝယူကာ မင္းရသခႏၶာကိုယ္ကို သူ႔ေပၚသို႔ပင့္တင္ကာ အနမ္းေတြကိုပိုၿပီးနက္ရႈိင္းေစလိုက္သည္။ အခ်ိန္အနည္းငယ္ ၾကာအၿပီးမွသာ သူတို႔ႏွစ္ဦးသား လူခ်င္းခြာလိုက္ၾကေလသည္။

"စာေတာင္မလုပ္ရေသးဘူး။သူ႔ကိုအရင္နမ္းေနရၿပီ''

စပ္ၿဖီးၿဖီး ဝဏၰမင္းထင္၏မ်က္ႏွာကို မင္းရသက အျမင္ကတ္စြာ ၾကည့္ေပးလိုက္ေတာ့...

"ခ်စ္လို႔ပါ...ေယာက္်ားေလးကလည္း။ေယာက္်ားေလးက ေယာက္်ားႀကီးကိုမခ်စ္ဘူးလား ေျပာ''

"ခ်စ္တာေပါ့။ခ်စ္တာက ခ်စ္တာပဲေလ။မင္းအသားယူတာက အသားယူတာတ်ခား''

"အင္းပါ...ခုစာလုပ္ရေအာင္ေနာ္''

"အင္း...''

အခ်ိန္ခဏအၾကာမွာ သူတို႔ နာရီကိုၾကည့္လိုက္ေတာ့ ကိုးနာရီခြဲေနေလၿပီ။ မိုးကလည္း တစ္ဖန္ျပန္လည္႐ြာလာသျဖင့္ အိပ္ယာထဲမွာ ေကြးေကာင္းသည့္အခ်ိန္ျဖစ္ေပေတာ့သည္။

"သားတို႔ေရ...အိပ္ၾကေတာ့ေနာ္''

အခန္းအျပင္ဘက္မွ ေမေမရဲ႕ စကားသံကိုၾကားၿပီးေနာက္တြင္ သူတို႔ႏွစ္ေယာက္လုံး စာအုပ္ေတြကိုသိမ္းကာ အိပ္ရာဝင္ဖို႔ျပင္ဆင္ၾကရေတာ့သည္။ ပထမဆုံးအႀကိမ္ျဖင့္ ဝဏၰႏွင့္အတူတူအိပ္ရမည့္ အေရးကိုေတြးမိၿပီး ရသတစ္ေယာက္ ရင္ေတြအခုန္ျမန္လာရသည္။ အျပင္မွာမိုးေတြ တဝုန္းဝုန္း႐ြာေနလို႔ ေအးၿပီး က်က္သီးထတာအျပင္ ရင္ေတြပါခုန္လာရေတာ့ လူကမ်က္ႏွာေတြနီရဲလာသည္။

"ဟို...ရသ။ငါမင္းနဲ႔အတူတူအိပ္လို႔ျဖစ္ပါ့မလား။မင္းႏွစ္ေယာက္အတူတူ မအိပ္တတ္မွာစိုးလို႔''

ဝဏၰမင္းထင္လည္း ျဖစ္ႏိုင္ရင္ ရသႏွင့္အတူတူအိပ္ခ်င္ေပမယ့္ ရသရဲ႕ဆႏၵကိုမသိေသးတာေၾကာင့္ ထိုသို႔သာေမးလိုက္ေတာ့သည္။ သူ႔အေနနဲ႔လည္း ဘယ္ေလာက္ပဲ ခ်စ္သူရည္းစားျဖစ္ေနပါေစ၊တစ္ညလုံး တစ္ကုတင္ထဲမွာ အတူတူအိပ္ရမွာကိုေတာ့ ရသ သေဘာမတူရင္ မအိပ္ခ်င္ပါ။

မင္းရသသည္ အနည္းငယ္တိတ္ဆိတ္ေနၿပီး...

"ရပါတယ္။ငါကအဲ့ဒီလိုမရွိဘူး။ ၿပီးေတာ့...''

".  .  .''

"မင္းပဲဟာကို''

မ်က္စိေရွ႕မွ ခ်စ္သူေလးကို အသည္းယားလြန္းလို႔ ဝဏၰမင္းထင္တစ္ေယာက္ အေျပးဖက္မိေတာ့သည္။

"ဘယ္လိုျဖစ္ေနတာလဲ?လူတစၠိုယႅဳံးကိုဖကၳားတာ။ေေသတာ့မြာပဲ...''

"ဟီး...ေပ်ာ္လို႔ပါ။ ခ်စ္တယ္ေနာ္...အာၾဘား''

ရသရဲ႕ပါးျပင္ကို အႀကိမ္ေရ ခပၼ္ားမ္ား နမ္းေနပါေသာ ဝဏၰေခါင္းကိုလက္ျဖင့္ထုလိုက္ကာ...

"အိပ္မယ္...တက္''

"အင္းပါ...''

ကုတင္ေပၚမွာအိပ္ေတာ့ ရသရဲ႕ခႏၶာကိုယ္က ဝဏၰမင္းထင္ရဲ႕ရင္ခြင္ထဲမွာ အံဝင္ခြင္က်ျဖစ္ေနေလသည္။ ဒီေအနအထားကို သူတို႔ႏွစ္ဦးလုံး ၾကည္ႏူးလို႔မဆုံးစြာ သေဘာက်လို႔ေနရသည္။ သူတို႔မွာ ဒီလိုအေျခအေနေတြဆိုတာ ခပ္ရွားရွားပဲ မဟုတႅား။ ေန႔ဘက္ေတြေတာင္ ေက်ာင္းမွာ ေက်ာင္းအိမ္သာထဲမွာသာ ျပဳမူလို႔ရသည္ေလ၊အတန္းထဲမွာျဖစ္ျဖစ္ ေက်ာင္းအျပန္လမ္းမွာျဖစ္ျဖစ္ ဒီလိုျပဳမူလို႔မရ။ ထို႔ေၾကာင့္ ဒီအေျခအေန အခိုက္အတန္႔ေလးကို ရသေတာ္ေတာ္ သေဘာက်လို႔ ေနေပသည္။

"အိပ္ၿပီလား...ဝဏၰ''

"မအိပ္ေသးပါဘူး။ဘာေျပာမလို႔လဲ...ေယာက္်ားေလး''

"ငါမင္းကိုအရမ္းခ်စ္တယ္ ဝဏၰ''

"ငါလည္းမင္းကိုအရမ္းခ်စ္တယ္ ရသ''

မင္းရသဘက္မွ နည္းနည္းၿငိမ္သက္သြားေတာ့ ဝဏၰမင္းထင္က အိပ္ေပ်ာ္သြားၿပီထင္ကာ သူလည္း အိပ္ေပ်ာ္ဖို႔ႀကိဳးစားေနတုန္း...

"ဝဏၰ...။ မင္းကငါ့ကိုယူမွာလား?''

"ယူမွာေပါ့ကြာ...ျဖစ္ႏိုင္ရင္ အခုခ်က္ခ်င္း အႏၱီ့ဆီမြာ သြားေတာင္းလိုက္ခ်င္တယ္''

ဝဏၰမင္းထင္၏ စကားေၾကာင့္ မင္းရသ ႏွလုံးသားထဲမွေႏြးေထြးသြားကာ ၿပဳံးမိသည္။

"ဒါေပမယ့္ ေမေမကငါတို႔ကိုသေဘာမတူရင္ေရာ''

႐ုတ္တရက္ ဝဏၰမင္းထင္ဘက္မွ စတင္တိတ္ဆိတ္သြားေလသည္။ မင္းရသ၏ ခႏၶာကိုယ္ကို သိမ္းဖက္ထားေသာ လက္ေတြကလည္း ပိုမိုတင္းၾကပ္လာေလသည္။

"အန္တီကသေဘာမတူရင္ သေဘာတူေအာင္၊လက္ခံလာေအာင္ ငါႀကိဳးစားမွာေပါ့''

မင္းရသစိတ္ထဲမွာ ေတြးေနတာက ဝဏၰႏႈတ္မွ ခိုးေျပးမည္ကို ထြက္လာတာကိုပင္။ဒါေပမယ့္ အခုထြက္လာေသာစကားေၾကာင့္...

"ဘာလို႔ မင္းကသူမ်ားေတြလို ခိုးေျပးမယ္လို႔မေျပာတာလဲဟင္''

"ရသရယ္...ခိုးေျပးတယ္ဆိုတာက ကိုယ့္ခ်စ္သူကို ခ်စ္လြန္းလို႔ ဆိုတာထက္ သူမ္ားသားသမီးကို မိဘရင္ခြင္ထဲက ဆြဲထုတ္တယ္လို႔ပဲ ငါကယူဆတယ္။ၿပီးေတာ့ ခိုးေျပး႐ုံနဲ႔ ႏွစ္ကိုယ္တူသာယာတဲ့ဘဝကို တည္ေထာင္ႏိုင္တာ မဟုတၻဴး။ ဘာပဲျဖစ္ျဖစ္...ကိုယ့္မိဘရင္ခြင္ကို ေျခစုံကန္ၿပီး ခိုးရာေနာက္လိုက္တာ မေကာင္းပါဘူး။မိဘေတြနားလည္ေအာင္ရွင္းျပၿပီး ႀကိဳးစားရမွာေပါ့။ မိေဘၾတက ကိုယ္မႀကိဳက္တဲ့သူကို အတင္းေပးစားေနတာက လြဲလို႔...။

ၿပီးေတာ့ လူတစ္ေယာက္ကို တကယ္ခ်စ္ရင္ ကိုယ္ကသူ႔အသိုင္းအဝိုင္းကလက္ခံလာေအာင္ ေသခ်ာေပါက္ႀကိဳးစားရမွာေပါ့။ခိုးေျပးတာကေတာ့ ကိုယ္ကလည္းဘာမွမႀကိဳးစားပဲ သူမ္ားသားသမီးကို ယူသြားတာလို႔ပဲ ျမင္တယ္''

"ငါ့ေယာက္်ားႀကီးက စဥ္းစားတတ္လိုက္တာ။ ဒါနဲ႔ေလ ငါ့ေမေမကေရာ ငါ့ကိုမင္းနဲ႔သေဘာမတူႏိုင္လို႔ မိန္းကေလးတစ္ေယာက္ေယာက္နဲ႔ ေပးစားမယ့္ပုံေပါက္လား''

"အႏၱီေကတာ့ မင္းကိုအတင္းအၾကပ္ခ်ဳပ္ကိုင္မယ့္ပုံေတာ့ မ႐ြိပါဘူး ''

ရသက ဝဏၰမင္းထင္ကို ေနာက္ေက်ာေပးထားရာမွ မ်က္ႏွာခ်င္းဆိုင္ဘက္သို႔ ကိုယ္ကိုတေစာင္းလွည့္လိုက္ေလသည္။

"အိပ္ေတာ့မယ္...မနက္က်ရင္ ေက်ာင္းေနာက္က်လိမ့္မယ္။''

"အင္းပါ...ေယာက္်ားေလးရဲ႕''

မၾကာမီမွာ စကားသံေလးေတြ တိတ္ဆိတ္သြားၿပီး မစဲပဲပိုပိုသည္းကာ႐ြာသြန္းေနသည့္ မိုးေရေတြ၏ ကာရံစည္းခ်က္ေတြနဲ႔အတူ လူသားေလးႏွစ္ေယာက္၏ အသက္ရႉသံတို႔မွာလည္း ထြက္သက္ဝင္သက္မွန္မွန္ ထြက္ေပၚလို႔ေနေပေတာ့သည္။

_______

ရန္စစ္သည္ ဉာဥ့္နက္ေနၿပီျဖစ္ပါေသာ္လည္း သူ၏စာၾကည့္စားပြဲေလးမွ မထႏိုင္ေသးပါ။ သူ႔အတြက္ အိပ္ခ်ိန္ဆိုတာ ညဆယ့္တစ္နာရီခြဲေက်ာ္ေက်ာ္ေလာက္မွျဖစ္ၿပီး မနက္ႏိုးထခ်ိန္မွာလည္း ငါးနာရီျဖစ္ေလသည္။ ဒါေကတာ့ သူ႔ကိုမိဘေတြသတ္မွတ္ထားေပးသည့္ အိပ္ယာဝင္ခ်ိန္ႏွင့္ အိပ္ယာထခ်ိန္မဟုတ္ပါ။ သူကိုယ္တိုင္သတ္မွတ္ထားေသာ အခ်ိန္ျဖစ္ေလသည္။ ဟုတ္ပါသည္...။ ရႏၥစၠ မိဘမဲ့တစ္ေယာက္။ထိုေၾကာင့္ သူ႔မွာ ေက်ာင္းစာႏွင့္ပက္သက္၍ စီမံေပးမည့္မိဘေတြမရွိ။ သို႔ေသာ္ သူလုပ္သမွ် အေနာက္ကေနတြန္းအားေပးကာ အၿမဲႀကိဳးစားဖို႔ေျပာသည့္ တစ္ဦးတည္းေသာ အေဒၚျဖစ္သူ ေဒၚသဇင္ခက္ေတာ့ရွိသည္။

သူမက ရန္စစ္ကိုမိဘေတြဆုံးပါးသြားၿပီး ငယ္ငယ္ေလးကတည္းက ျပဳစုေစာင့္ေရွာက္ခဲ့ကာ တစ္ကိုယ္တည္းေနလာခဲ့သူလည္းျဖစ္သည္။ ထို႔ေၾကာင့္ ထိုတစ္ဦးတည္းေသာ တီေလးကို ျပန္လည္ေစာင့္ေရွာက္ဖို႔အတြက္ ရႏၥစၠ ဆရာဝန္ျဖစ္ခ်င္ခဲ့သည္။ တစ္တန္းၿပီးတစ္တန္း ေအာင္႐ုံမကပဲ စာေပပါထူးခြၽန္လာေအာင္လုပ္သည္။အခုဆယ္တန္းမွာလည္း ေဆးမွတ္မွီေအာင္ ႀကိဳးစားေနတာျဖစ္သည္။ ရန္စစ္ရဲ႕ဘဝမွာ သာမန္မဟုတ္တာေလး တစ္ခုပဲရွိသည္။

အဲ့ဒါေကတာ့ ငယ္ငယ္ေလးထဲက ခင္မင္လာခဲ့တဲ့ ႏွစ္အိမ္ေက်ာ္ကသူငယ္ခ်င္းအရင္းႀကီးျဖစ္သူ မာန္ရဲထက္ရဲ႕အေပၚမွာ စိတ္ဝင္စားမိတာပဲ...။ မာန္႔ကိုစိတ္ဝင္စားတာက ခုႏွစ္တန္းႏွစ္အဆုံးေလာက္က။အဲ့ဒီအခ်ိန္တုန္းက ကိုယ့္ကိုယ္gayလားလို႔ ေတြးမိေနေပမယ့္ မာန္ကလြဲၿပီး တျခားေယာက္်ားေလးေတြအေပၚမွာ လုံးဝစိတ္မဝင္စားမိတာ။မိန္းကေလးေတြကိုလည္း နည္းနည္းပါးပါး စိတ္ဝင္စားမိေပမယ့္ မာန္႔ကိုစိတ္ဝင္စားသည္ေလာက္ေတာ့ စိတ္မဝင္စား။ အၿမဲတမ္း မာႏၠသာ ရန္စစ္ရဲ႕စိတ္ထဲစိုးမိုးေနတာ...။အခုေတာ့ပိုၿပီးေသခ်ာသြားၿပီ။မာန္႔ကိုသူသိပ္ခ်စ္တယ္။ ဒါေပမယ့္ မာန္ရဲထက္ဆိုတဲ့ သူ႔ရဲ႕ခ်စ္ရသူကေတာ့ ရန္စစ္ကိုသူငယ္ခ်င္းဆိုတာထက္ပိုၿပီး ေက်ာ္လြန္ကာ မျမင္ႏိုင္ခဲ့ပါဘူး။

မာႏၠ လူပ်ိဳေပါက္ဝင္လာကတည္းက ရည္းစားေတြထည္လဲေအာင္တြဲသည္။ထိုသို႔ မာန္တစ္ေယာက္ၿပီးတစ္ေယာက္တြဲတိုင္း ရန္စစ္ရင္ေတြ အရမ္းနာက်င္ရသည္။မႏွစ္က ကိုးတန္းမွာတုန္းကေတာ့ မာႏၠ ေကာင္ေလးတစ္ေယာက္ကိုႀကိဳက္ၿပီး အ႐ူးထကာ ႏွစ္က်ခံလိုက္ေသးသည္။ ထိုေကာင္ေလးရွိတဲ့စာသင္ခန္းကို မာန္သြားၿပီးၾကည့္တိုင္း ရန္စစ္အရမ္းဝမ္းနည္းရသည္။ ဒါေပမယ့္ ရန္စစ္လိုငေၾကာက္တစ္ေယာက္က မာန္႔ကိုဘယ္လိုသတၱိနဲ႔ ဖြင့္ေျပာရမွာလဲ?ငယ္ငယ္ေလးထဲက ရန္စစ္အေပၚအႏိုင္ယူခဲ့တဲ့မာန္က သူ႔အေပၚရန္စစ္ရဲ႕သေဘာထားကိုသိရင္ ခ်ိဳးႏွိမ္ေနဦးမွာပဲေလ...။

TBC.

Thank you all.

Continue lendo

Você também vai gostar

431K 16.2K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
96K 10K 42
#Unicode သူ့တစ်​နေရာ ခဏတာ ဝင်လဲ၍သာ ​ကြည့်ချင်သည် #Zawgyi သူ႕တစ္​ေနရာ ခဏတာ ဝင္လဲ၍သာ ​ၾကည့္ခ်င္သည္
354K 11.9K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
5.4K 473 41
လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော...