Rebirth on the Doors to the C...

بواسطة _Ccally_

528K 73K 2.6K

I don't own this story and all credit to the author(s) and english translator(s)!!! المزيد

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16.1
Chapter 16.2
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31_1
Chapter 31_2
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Extra 1
Extra 2
Extra 3

Chapter 26

6.6K 1.1K 149
بواسطة _Ccally_

Unicode

" ရှင်‌ ဒီမှာ ဘာလုပ်နေတာလည်း? "ယွီသုံ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

" ကိုယ် မင်းကို လာကြိုတာလေ "ယွီသုံ လည်စည်းပတ်မထားသည်ကို ရှဖန်သတိထားမိသောကြောင့် သူ၏လည်စည်းကိုဖြုတ်၍ သူမကိုပတ်ပေးလိုက်သည်။

" ရှင်...ရှင် ကျွန်မကို စိတ်မဆိုးတော့ဘူးလား? "သူမ၏မေးတစ်ခုလုံးမှာ ရှဖန်၏လည်စည်းထဲ၌ နစ်မြုပ်‌ကာ နွေး‌ထွေးနေလေသည်။

ရှဖန်သည် ယွီသုံအ‌ရှေ့၌ရပ်ကာ လည်စည်းထဲသို့ လက်လျှိုသွင်းထားဆဲဖြစ်သောကြောင့် သူမ၏မျက်ဝန်းများထဲမှ စိုးရိမ်ပူပန်မှုကို အလွယ်တကူမြင်နိုင်ပေသည်။

ထို့ကြောင့် သူ၏နှလုံးသားထဲမှ နာကျင်ခံစားနေရမှုသည် ပို၍ပင် ပြင်းထန်လာသည်။

" အားလုံးက ကိုယ့်အမှားပါ။ကိုယ်က မင်းကို သည်းမခံခဲ့မိတာ "ရှဖန် သူမ၏နဖူးပေါ်ဝဲကျနေသည့် ဆံနွယ်လေးများကို မတင်ဖယ်ရှားပေးရင်း တောင်းပန်လိုက်သည်။

" မဟုတ်ဘူး...ကျွန်မက မကောင်းတာပါ။အဲဒီလိုအခြေအနေမျိုးမှာ
ဗွီဒီယိုရိုက်မနေသင့်ဘူးလေ "

" အိမ်အရင်ပြန်ကြရအောင်...အပြင်မှာစကားပြောရတာ အရမ်းအေးတယ် "သူတို့အပြင်၌ရပ်နေသည်မှာ သိပ်မကြာသေးသော်လည်း ယွီသုံမှာ ချမ်းစိမ့်စိမ့်ဖြစ်ကာ တုန်ယင်နေ‌သောကြောင့် ရှဖန်‌ပြောလိုက်သည်။

ထို့နောက် သူမ၏လက်ကို ဆွဲကိုင်ပြီး ကားဆီသို့ ခေါ်လာခဲ့သည်။

" ကျွန်မကားက... "လမ်းလျှောက်နေရင်း ကားပါကင်၌ထိုးထားသည့် သူမ၏ကားကို ယွီသုံ သတိရသွားသည်။

" မနက်ဖြန်မှ လာယူလို့ရတယ်လေ "ရှဖန် ကားတံခါးကိုဖွင့်၍ သူမကိုအထဲဝင်စေသည့်အခါ သူမ၏မျက်နှာသည် နောက်ထပ်နီရဲသွားပြန်သည်။

" Oh! "

နှင်းများကြောင့် ကားကိုဖြည်းညှင်းစွာ မောင်းနေပြီး မှုန်ပျပျမီးရောင်ကို ကားထဲမှမြင်နေရသည်။

ညဦးပိုင်းအချိန်၌ ရှဖန်သည် သူ၏အခန်းထဲတွင်‌သာနေပြီး သူမကိုရှောင်နေကတည်းက ယွီသုံမှာ ကြောက်ရွံ့ထိတ်လန့်နေခဲ့ပြီး မသက်မသာခံစားနေရသည်။သူမသည် တစ်စုံတစ်ယောက်၏အတွေးအမြင်တို့ကို ဂရုမစ်ိုက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

" ဒီနေ့ကျွန်မ ဆိုးတယ်မလား?ပြီးတော့ ရှင် ကျွန်မကို စိတ်ပျက်နေသေးလား? "

ရှဖန်သည် နှင်းများဖုံးလွှမ်းနေသည့်လမ်းပေါ်တွင် ကားမောင်းနေရင်းဖြင့် ယွီသုံနှင့် ထိုကိစ္မမျိုးကို မ‌ပြောဆိုချင်ပေ။သို့‌သော် ယွီသုံ၏အသံမှာ ဝမ်းနည်းနေသော‌‌ကြောင့် ရှဖန်တုံ့ဆိုင်းသွားပြီး နောက်ဆုံး၌ အချက်ပြမီးကိုနှိပ်ကာ ကားကို ‌လမ်းဘေး၌ ထိုးရပ်လိုက်သည်။

" မင်းက ဗွီဒီယိုရိုက်ပြီးတဲ့နောက်မှာ အဲ့ဒီအဖိုးကို ကူညီဖို့လုပ်မလို့မလား? "

" အင်း "ယွီသုံ မဆိုင်းမတွပင် အခိုင်အမာဖြေကြားလိုက်သည်။

" ဟုတ်ပါတယ်...ကိုယ်ကသာ ဘာမှမဟုတ်ပဲနဲ့ မင်းကို စိတ်တိုသွားခဲ့တာ။တစ်ကယ်တော့ ကိုယ်ပိုပြီး‌တော့ စိတ်ပူ...စိတ်ပူသွားတာက မင်းက အကြင်နာတရား မရှိတဲ့လူတစ်ယောက် ဖြစ်မှာကိုပါ "

သူမ၏နှလုံးသားတစ်ခုလုံး မြည်ဟည်းသွားပြီး သူမကိုယ်သူမ ပြန်မေးမိ‌လေသည် : ငါက အကြင်နာတရားမရှိတဲ့သူလား?

၁၀နှစ်ခန့် တစ်ဦးတည်းနေလာခဲ့ပြီးနောက် ယွီသုံသည် သူမနှင့်မသက်ဆိုင်သည့်ကိစ္စများကို လျစ်လျုရှုလာသည့်မှာ အချိန်အတော်ကြာလာခဲ့ပြီဖြစ်သည်။သူမ၏ယခင်ဘဝ၌ ‌လူမှုဆက်ဆံရေးတွင် မကျေမနပ်ဖြစ်မှုများ၊ရန်လိုမှုများသည် ပို၍ပင် သာမန်ကဲ့သို့ ဖြစ်လာသည်။

တစ်ခါတစ်ရံ၌ ' မြို့ကဒီလောက်ကြီးတာကို ငါကဘာလို့ အမြဲတမ်း တစ်ယောက်တည်းဖြစ်နေတာလည်း 'ဟူ၍ ယွီသုံအံ့အားသင့်မိသည်။

' သူမက တစ်ယောက်တည်းနေတာ ကြာလာလို့များ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ အဆင်မပြေတော့လား? '

ရှဖန်ဆီသို့ ရောက်လာသောအခါ ယွီသုံသည် သူမကိုယ်သူမ ရိုးသားစွာနေထိုင်ခဲ့သည်။

သူမ တစ်ခုခုလိုချင်ပါက ရှဖန်ကိုသာ‌ပြောလိုက်ပြီး သူ့ကို နားလည်မှု မလွဲစေပေ။

ထို့အတူ သူမ တစ်ခုခုသိချင်ပါက ရှဖန်ကိုသာမေးလိုက်ပြီး နားလည်မှု မလွဲစေပေ။

ဒါပေမယ့် ဒီနည်းလမ်းက သဘောထားကွဲလွဲမှုကို အပြည့်အ၀ မရှောင်လွှဲနိုင်ခဲ့ဘူး။

" ဒါပေမယ့် မင်းက သေချာပေါက် တစ်ကိုယ်ကောင်းမဆန်ပါဘူး။ကိုယ့်ကိုကိုယ် နည်းနည်းလေး ကာကွယ်လိုက်ရုံပါပဲ "ရှဖန် နောက်တစ်ကြိမ် ‌တောင်းပန်ပြန်သည်။" မင်းရှင်းပြတာကို နားမထောင်မိတဲ့ ကိုယ့်အမှားတွေပါပဲ "

" ရှင်...ဒီနေ့ည ကျွန်မအစီအစဉ်ကို နားထောင်ခဲ့တာလား? "

" ရှောက်ရိဖန်က ကိုယ့်ကိုပြောပြတာ "ရှဖန်ရယ်လိုက်သည်။" သူက မင်းရဲ့ပရိတ်သတ်လေ "

" Oh! "

" မင်း ကိုယ့်ကိုစိတ်ဆိုးနေတာလား? "ယွီသုံ၏အမူအရာမှာ ပြန်လည်တက်ကြွမလာသေးသောကြောင့် ရှဖန် သူမကို မေးလိုက်သည်။

‌ယွီသုံခေါင်းခါရမ်းပြလိုက်ပြီး ရှဖန်အား ပြန်မေး‌လိုက်သည်။" ကျွန်မက အကြင်နာတရားမရှိတဲ့သူလား? "

" မဟုတ်ပါဘူးကွာ...ဒီနေ့ဖြစ်သမျှအရာအားလုံးက ကိုယ့်အမှားတွေချည်းပါပဲ "

" ' အဲ့ဒီအဖိုးသာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ရမှာလည်း?ကျွန်မက လူသတ်သမားဖြစ်သွားမှာလား? 'ဆိုပြီးတော့ ကျွန်မ တစ်ကယ်ကြောက်နေခဲ့တာ... "ယွီသုံ မျက်ရည်များကျဆင်းလာသည်။" ဒီနေ့ည ရေဒီယိုအစီအစဉ်မှာ ပြောခဲ့တဲ့အရာတွေကလည်း ဆင်ခြေတွေချည်းပါပဲ။ဒီလိုမျိုးဖြစ်လာတဲ့အချိန်မှာ ကျွန်မရဲ့ပထမဆုံးအပြုအမူက အဲ့ဒီလူကိုကယ်တင်ဖို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ အရင်ဆုံးကြိုးစားခဲ့တာလေ။ပရိယာယ်ဆင်လိမ်ညာပြီး ‌ငွေ‌တောင်းတဲ့အ‌ကြောင်းတွေကို ‌ပြောခဲ့ပေမယ့် ကျွန်မက ဘာလို့ လူတွေကို အရင်ဆုံး သံသယဝင်နေခဲ့ရတာလည်း? "

" ယွီသုံ... "ရှဖန် ဘာပြောရမည်မှန်း မသိတော့ပေ။

" ရှင်မှန်ပါတယ်...ကျွန်မက အမြဲတမ်း ကိုယ့်အတွက်ကိုပဲ စဉ်းစားတဲ့ ညံ့ဖျင်းတဲ့လူတစ်ယောက်ပါ "

" ရပ်လိုက်ပါတော့ကွာ "ရှဖန် ယွီသုံအား ဆွဲဖက်လိုက်ပြီး ကိုယ့်ကိုကိုယ် ရွံ့ရှာမုန်းတီးစွာဖြင့် ပြော‌လေသည်။" ဒီကိစ္စက ကိုယ့်အမှားပါလို့...အားလုံးက ကိုယ့်ရဲ့အမှား‌တွေပါ "

" ရှဖန်...ကျွန်မ တစ်ကယ်ကြောက်တယ်။အဲ့ဒီအဖိုး တစ်ခုခုဖြစ်သွားမှာကိုလည်း ကြောက်တယ်...ရှင် ကျွန်မကို မုန်းသွားမှာကိုလည်း ကြောက်တယ်... "

" မဟုတ်ဘူး...ကိုယ် မင်းကို ဘယ်တော့မှမုန်းမှာမဟုတ်ဘူး "

" လူတွေကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်လုပ်ဖို့ ဘယ်‌တုန်းကမှ မစဉ်းစားခဲ့မိပါဘူး။ကျွန်မ လူကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါ...ကျွန်မ... "သူမ ထိုသို့ပြောပြီး ရှိုက်ကြီးတငင် ငိုလေ‌သောကြောင့် စကားစထွက်မလာနိုင်တော့ပေ။

ရှဖန်မှာ အလွန်စိတ်ထိခိုက်နာကျင်ခံစား‌နေရသည်။ထိုအခိုက် သူ့ကိုယ်သူသာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရိုက်နှက်ချင်လေတော့သည်။သို့သော် ရှဖန်အနေဖြင့် ယွီသုံကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရင်း ထိုအရာမှာ သူ၏အမှားဖြစ်‌ကြောင်း ထပ်တလဲလဲပြောဆိုရုံသာ တတ်နိုင်တော့သည်။

နောက်ဆုံး ယွီသုံစိတ်တည်ငြိမ်သွားသည့်အခါမှ နီရဲပြီးဖောင်းကားနေသည့် သူမ၏မျက်နှာလေးကို သူ၏လက်များဖြင့် ထိကိုင်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။" မငိုပါနဲ့တော့ကွာ...မဟုတ်ရင် ကိုယ့်နှလုံးသားက ကွဲကြေသွားလိမ့်တော့မယ် "

သူမ မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

" မင်းက တစ်ကိုယ်ကောင်းလည်းမဆန်သလို အကြင်နာလည်းမမဲ့ပါဘူးကွာ။မင်းက နည်းနည်းအားငယ်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် လုပ်လိုက်တာလေ "ရှဖန် သူမ၏မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ပေးရင်း ပြောလိုက်သည်။" အခုကစပြီး ကိုယ်က မင်းနဲ့အတူရှိနေပါပြီ။မင်းမှာ ဘာကိစ္စပဲရှိရှိ ကိုယ် မင်းဘေးမှာပဲ အမြဲရှိနေပေးပါ့မယ်။မင်းက ကြင်နာပြီး အကောင်းမြင်တတ်တဲ့ မိန်းကလေးဖြစ်နေမှ‌တော့ အားငယ်ပြီး ကြောက်ရွံ့နေစရာမလိုပါဘူး "

" ကိုယ်ဆရာဝန်ဖြစ်လာကတည်းက Hippocraticရဲ့နည်းလမ်းကို လိုက်နာမယ်လို့ ကတိပြုထားတော့ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ‌ဆေးပညာနဲ့သက်ဆိုင်တဲ့ကိုယ်ကျင့်တရားတွေကို လိုက်နာဖို့လိုအပ်တယ်။အဲ့တာ‌ကြောင့် လူ့အသက်နဲ့ပတ်သတ်လာတော့ ကိုယ်က နည်းနည်းဂရုစိုက်ပြီး စည်းကမ်းတင်းကျပ်သွားမိတယ်။ဒါ‌ကြောင့်မို့ မင်းကပဲ ကိုယ့်ရဲ့အားနည်းချက်ကို ခွင့်လွှတ်‌ပေးလို့ရမလား? "

(Note...Hippocraticက ဂရိ ရူပဗေဒပညာရှင်ပါ)

ယခုလိုသည်းထန်စွာမငိုကြွေးခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်သော ယွီသုံအဖို့ ထိုအခိုက် အနည်းငယ်သိမ်ငယ်စိတ်ဖြစ်လာရသည်။တည်ငြိမ်လေးနက်စွာငေးကြည့်နေသည့် ရှဖန်ကို သူမ ကြည့်လိုက်ပြီးနောက် အနည်းငယ် စိတ်မသက်မသာဖြင့် ပြောလိုက်သည်။" ရှင့်အသံက ဘုန်းတော်ကြီး‌ရှေ့မှာ မင်္ဂလာကတိကဝတ်ပြုနေတဲ့သူကျနေတာပဲ "

" Oh... "

ထို့နောက် သူမတို့နှစ်ယောက် အချင်းချင်းကြည့်ကာ ရယ်ကြလေ‌တော့သည်။

သူမတို့ တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာထိုင်နေသောကြောင့်ပင်လော..သို့မဟုတ် ပတ်ဝန်းကျင်ကြောင့်ပင်လော...မသိသော်ငြားလည်း ထိုအခိုက် သူမတို့နှစ်ယောက် အချင်းချင်းပိုနီးစပ်လာသည်ဟု ခံစားနေမိကြသည်။

ထိုစဉ် ရှဖန်သည် ခေါင်းကိုစောင်း၍ ယွီသုံ၏ နူးညံ့‌သည့်နှုတ်ခမ်းများကို သူ၏နှုတ်ခမ်းများဖြင့် မွတ်မွတ်သိပ်သိပ်နမ်းရှိုက်လေတော့သည်။(🙈)

...

နောက်တစ်နေ့နံနက်

မနက်စာစားရန် အမြဲမေ့လေ့ရှိသော ရှောက်ရိဖန်အား ရှဖန်မှ မနက်စာနှင့်ကော်ဖီပေးလာသည့်အပြင် နေ့လည်စာစားရန်အတွက်ပါ ဖိတ်ခေါ်လေသည်။

ထိုကဲ့သို့ အာရုံစိုက်စရာများလုပ်နေသောကြောင့် ရှောက်ရိဖန်သတိထားမိသည်။

" ငါသာမိန်းကလေးဆိုရင် မင်းက ငါ့ကိုလိုက်နေတာလို့ သံသယကြီးကြီးဖြစ်မိမှာပဲ "ရှဖန်မှပေးလာသည့် ကော်ဖီခွက်ကိုငုံ့ကြည့်ကာ ရှောက်ရိဖန် ပြောလိုက်သည်။

" မင်းစားမှာလား...မစားဘူးလား? "

" မင်းဘယ်လိုမေးလိုက်တာလည်း?ငါလက်ထဲထိ ‌ရောက်လာတာကို ငါက မစားစရာလား? "ထို့နောက် ‌ရှောက်ရိဖန်သည် ကော်ဖီကိုယူသောက်ရင်း ရှဖန်အားပြောလေ၏။" ကြည့်ရတာ မနေ့ညက ငါဖုန်းခေါ်ပေးလိုက်တာ အကျိုးရှိသွားပုံရတယ် "

" မင်း ညစာမကျွေးခိုင်းတာကို ငါက အံ့ဩနေတာ "ထိုသို့ပြောပြ်ီး ရှဖန်ရယ်လေသည်။

" မင်းရဲ့တောက်ပနေတဲ့မျက်နှာကြီးကိုကြည့်ပါဦး...မင်းနဲ့သာ နေ့လည်စာအတူစားရရင် ငါသေသွားလိမ့်မယ် "ယနေ့မနက်ကတည်းက ရှဖန်၏နှုတ်ခမ်းထောင့်စွန်းများသည် အောက်သို့တစ်ခါမှ ကွေးကျမသွား‌သေးသည်ကို ရှောက်ရိဖန်သတိထားမိသည်။

" ငါ မင်းကို မနက်စာနဲ့ကော်ဖီပေးပြီးပြီလေ "

" ငါ ဒီလောက်ကိစ္စကြီးကြီးမားမား စွမ်းဆောင်ပေးခဲ့တာတောင်မှ မင်းက ဒီလောက်လေးနဲ့ ပြီးသွားချင်တာလား? "

" ဒါဆို မင်းက ဘာလိုချင်လို့လည်း? "

" မင်းနဲ့ယွီသုံရဲ့ ဖြစ်ကြောင်းကုန်စင်အားလုံး ငါ့‌ကိုပြောပြရင် ဘယ်လိုလည်း? "

" မနေ့တုန်းက တစ်ကယ့်ကိစ္စကြီး ဖြစ်ခဲ့တာကွ "ထိုသို့ပြောပြရင်း မ‌နေ့ညကနမ်းရှိုက်ခဲ့သည် ယွီသုံ၏နူးညံ့လှသည့်နှုတ်ခမ်းပါး‌နှင့်‌ သင်းပျံ့‌မွှေးကြိုင်လွန်းလှသည့်ကိုယ်သင်းနံ့တို့ကို ပြန်လည်စဉ်းစားမိသောအခါ ရှဖန်၏မျက်ဝန်းများမှာ ‌ပြောင်းလဲသွား‌လေသည်။

" ကော...ကျွန်တော် ရေငတ်လို့ သေတော့မယ်ထင်တယ်ဗျ "ရှောက်ရိဖန် အော်ပြောလိုက်သည်။

" ငါ မင်းအတွက် blackကော်ဖီဝယ်ခဲ့တယ်‌လေ "

" ငါဆိုလိုတာက မင်းရဲ့နူးညံ့ချိုသာနေတဲ့အပြုအမူကိုကြည့်ရတာ ငါ့အတွက်တော့ ငန်လွန်းတဲ့ဟင်းတစ်ခွက်ကို စား‌နေရသလိုပဲကွ " ထို့နောက် ရှောက်ရိဖန်သည် သူ၏ရင်ဘတ်ကိုထုကာ ဆက်ပြောလေသည်။" ငါ ချစ်သူမြန်မြန်ရှာမှ ဖြစ်တော့မယ် "

" ဒါဆိုလည်း အဆင်ပြေမယ့် တစ်ယောက်လောက်ရှာကွာ "

" ဒါပေမယ့် အခုထိ သင့်တော်တဲ့သူမှ မတွေ့သေးတာ "ရှောက်ရိဖန်သည် မနာလိုစွာဖြင့် ညည်းညူလေသည်။" ပြည်သူ့ရေးရာဗျုရိုရှေ့မှာ ငုတ်တုတ်ထိုင်နေရုံနဲ့ မင်းလိုမျိုး မိန်းမတစ်‌ယောက်ရလာဖို့က လူတိုင်းလူတိုင်းအတွက် လွယ်တယ်လို့များ ထင်နေလား? "

ရှောက်ရိဖန်၏စကား‌ကြောင့် ရှဖန် ထရယ်လေတော့သည်။

" မင်း ကံအရမ်းကောင်းတယ်လို့ပဲ ငါပြောချင်တယ်။မင်းမှာ နူးညံ့သိမ်မွေ့ပြီး ချောမောလှပတဲ့မိန်းမလည်းရှိတယ်...ပြီးတော့ ရည်းစားဟောင်းကလည်း ခုထိ မျက်စိကျနေတုန်းပဲ "

" မင်း ဘာတွေလျှောက်ပြောနေတာလည်း? "

" ငါ မဟုတ်တာပြောတာမှ မဟုတ်တာ..အန်အန်းက အခုထိ ငါ့ကို စိတ်ရှုပ်အောင်လုပ်နေတုန်းပဲ...လွန်ခဲ့တဲ့၂ရက်ကတောင် မင်းအကြောင်း လာမေးနေသေးတယ်။သူသာ ပညာတော်သင်ကနေပြန်လာရင် မင်း‌တော့ အလုပ်များတော့မယ်လို့ ငါထင်တယ် "

" သူနဲ့ငါကပြတ်ပြီးပြီလို့ ငါပြောပြီးပြီလေ "

" မဟုတ်ဘူး...ငါပြောတာကို နားထောင်ဦး...လမ်းခွဲတာတွေနဲ့ပတ်သတ်ပြီးတော့ ငါက မင်းထက်ပိုပြီးတော့ အတွေ့အကြုံရှိတယ် " ‌ရှောက်ရိဖန် သူ၏ရင်ဘတ်ကိုပုတ်ကာ ပြောသည်။" မိန်းမတွေရဲ့နှလုံးသားထဲမှာ မညှိုးမှိန်မချင်း မင်းအပြီးသတ် ပြတ်ဆဲလို့မရဘူး "

" ဒါဆို ညှိုးမှိန်သွားအောင် ဘယ်လိုလုပ်ရမှာလည်း? "ရှဖန် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

" ငါကတော့ သူတို့ကိုစိတ်ကုန်အောင်လုပ်လိုက်တော့ သူတို့ကပဲအရင် လမ်းခွဲလာကြတယ် "ရှောက်ရိဖန် ဝင့်ကြွားစွာဖြင့် ပြောလေသည်။

" မင်းက တစ်ကယ့်ကောင်ပဲကွာ "

" မင်း ငါ့ကို အဲ့လိုပြောတာလား?ငါ မင်းအတွက် စွမ်းဆောင်ပေးထားတဲ့ကိစ္စကြီးကို ‌မမေ့နဲ့လေ "

" ငါက မနက်ဖြန် ကူရှန်ကိုသွားမှာ...ပြန်လာရင် မင်းအတွက် duck(ဘဲ) ဝယ်လာမပေးတော့ဘူး "

" အဲ့တာကို မင်းဝယ်လာပေးရင်တောင် ငါက ယူမနေဘူး "

(Note...တရုတ်မှာ ' ယောက်ျားလေးအင်္ဂါအတု 'ကိုလည်း ' duck 'ဆိုပြီး‌ပြောပါတယ်တဲ့။ကော်ရီးရှဖန်က ကူရှန်က အထင်ကရ ဘဲပေါင်း မဝယ်ခဲ့ဘူးပြောတာကို ကော်ရီးရိဖန်က ' ယောက်ျားလေးအင်္ဂါအတု 'ဆိုပြီး တွေးမိလိုက်တာပါတဲ့)

....

ရှဖန် အမေရိကတွင် ရှိ‌နေစဉ်က ဆေးရုံအတွက် ပစ္စည်းကိရိယာအများအပြား ဝယ်ယူရန် အကူအညီပေးခဲ့သည်။ ထို့ကြောင့် ကူရှန်ခရိုင်တွင်လည်း စက်ပစ္စည်းအသစ်ရောက်ရှိလာသည့်အတွက် မနက်ဖြန်၌ ရှဖန်သွား‌ရောက်၍ အလုပ်သမားများအား လေ့ကျင့်သင်ကြားပေးရမည်ဖြစ်သည်။

ထို့ကြောင့် ယွီသုံ ရှောင်ယွဲ့၏စတူဒီယိုမှ ပြန်ရောက်လာသောအခါ၌ ရှဖန်သည် ဧည့်ခန်းထဲတွင် ပစ္စည်းများခွဲစိတ်ဖြာ‌နေသည်ကို တွေ့လိုက်ရသည်။

ရှဖန်၏ဘေးရှိ ခရီးဆောင်အိတ်ကိုကြည့်ကာ အံ့အားသင့်စွာဖြင့် သူမ ‌မေးလိုက်သည်။" ရှင် အလုပ်ခရီးသွားစရာရှိလို့လား? "

" ဟုတ်တယ်!ကိုယ် သင်တန်း‌ပေးဖို့အတွက် ကူရှန်ကို ၂ရက်လောက်သွားရမယ်။အဲ့တာကြောင့် အချက်အလက်တွေ ရွေးထုတ်‌နေတာ "

" ရှင် ကားနဲ့သွားမှာလား? "

" အင်း...ကူရှန်က သိပ်မဝေးပါဘူး..ကားနဲ့ဆို ၂နာရီလောက်ပဲ မောင်းရမှာပါ။အဲ့ဒီမှာ အရမ်းကောင်းတဲ့ ဘဲပေါင်းဆိုင်ရှိတယ်။ကိုယ့်သူငယ်ချင်းအတွက် ဝယ်‌ပေးရဦးမှာ...မင်းရော ဘယ်လိုလည်း?မင်း ဘာကြိုက်လည်း?ကိုယ် မင်းအတွက် ဝယ်လာပေးမယ်လေ "

" ကျွန်မ ရှင့်ကိုကြိုက်တယ်! "ယွီသုံ ထိုသို့ပြောပြီးနောက် ပေါ်ထွက်လာသည့်အပြုံးနုနုကို ကော်ဖီခွက်ဖြင့် ဖုံးကွယ်လိုက်သည်။

ရှဖန် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ချိုသာစွာဖြင့်ပြုံးရယ်‌နေသည့် ယွီသုံကိုသာ ငေးကြည့်နေမိသည်။

သူ ခရီးတောင်မှမသွားရသေးဘူး...အိမ်ကိုပဲ ပြန်လာချင်နေပြီ!

>>>>>

ဒါ‌လေးကိုဖတ်ရတာ အဆင်ပြေကြရဲ့လားဟင်???

T.B.C
4.8.2021

💫💫💫💫💫💫💫💫💫💫💫💫💫💫💫

Zawgyi

" ရွင္‌ ဒီမွာ ဘာလုပ္ေနတာလည္း? "ယြီသံု စိုးရိမ္တႀကီးျဖင့္ ေမးလိုက္သည္။

" ကိုယ္ မင္းကို လာႀကိဳတာေလ "ယြီသံု လည္စည္းပတ္မထားသည္ကို ရွဖန္သတိထားမိေသာေၾကာင့္ သူ၏လည္စည္းကိုျဖဳတ္၍ သူမကိုပတ္ေပးလိုက္သည္။

" ရွင္...ရွင္ ကြၽန္မကို စိတ္မဆိုးေတာ့ဘူးလား? "သူမ၏ေမးတစ္ခုလံုးမွာ ရွဖန္၏လည္စည္းထဲ၌ နစ္ျမဳပ္‌ကာ ေနြး‌ေထြးေနေလသည္။

ရွဖန္သည္ ယြီသံုအ‌ေရွ ့၌ရပ္ကာ လည္စည္းထဲသို႔ လက္လ်ိႈသြင္းထားဆဲျဖစ္ေသာေၾကာင့္ သူမ၏မ်က္၀န္းမ်ားထဲမွ စိုးရိမ္ပူပန္မႈကို အလြယ္တကူျမင္ႏိုင္ေပသည္။

ထို႔ေၾကာင့္ သူ၏နွလံုးသားထဲမွ နာက်င္ခံစားေနရမႈသည္ ပို၍ပင္ ျပင္းထန္လာသည္။

" အားလံုးက ကိုယ့္အမွားပါ။ကိုယ္က မင္းကို သည္းမခံခဲ့မိတာ "ရွဖန္ သူမ၏နဖူးေပၚ၀ဲက်ေနသၫ့္ ဆံႏြယ္ေလးမ်ားကို မတင္ဖယ္ရွားေပးရင္း ေတာင္းပန္လိုက္သည္။

" မဟုတ္ဘူး...ကြၽန္မက မေကာင္းတာပါ။အဲဒီလိုအေျခအေနမ်ိဳးမွာ
ဗြီဒီယိုရိုက္မေနသင့္ဘူးေလ "

" အိမ္အရင္ျပန္ၾကရေအာင္...အျပင္မွာစကားေျပာရတာ အရမ္‌းေအးတယ္ "သူတို႔အျပင္၌ရပ္ေနသည္မွာ သိပ္မၾကာေသးေသာ္လည္း ယြီသံုမွာ ခ်မ္းစိမ့္စိမ့္ျဖစ္ကာ တုန္ယင္ေန‌ေသာေၾကာင့္ ရွဖန္‌ေျပာလိုက္သည္။

ထို႔ေနာက္ သူမ၏လက္ကို ဆြဲကိုင္ၿပီး ကားဆီသို႔ ေခၚလာခဲ့သည္။

" ကြၽန္မကားက... "လမ္းေလ်ွာက္ေနရင္း ကားပါကင္၌ထိုးထားသည့္ သူမ၏ကားကို ယ‌ြီသံု သတိရသြားသည္။

" မနက္ျဖန္မွ လာယူလို႔ရတယ္ေလ "ရွဖန္ ကားတံခါးကိုဖြင့္၍ သူမကိုအထဲ၀င္ေစသၫ့္အခါ သူမ၏မ်က္နွာသည္ ေနာက္ထပ္နီရဲသြားျပန္သည္။

" Oh! "

ႏွင္းမ်ားေၾကာင့္ ကားကိုျဖည္းၫွင္းစြာ ေမာင္းေနၿပီး မႈန္ပ်ပ်မီးေရာင္ကို ကားထဲမွျမင္ေနရသည္။

ညဦးပိုင္းအခ်ိန္၌ ရွဖန္သည္ သူ၏အခန္းထဲတြင္‌သာေနျပီး သူမကိုေရွာင္ေနကတည္းက ယြီသံုမွာ ေၾကာက္ရြံ႔ထိတ္လန႔္ေနခဲ့ၿပီး မသက္မသာခံစားေနရသည္။သူမသည္ တစ္စံုတစ္ေယာက္၏အေတြးအျမင္တို႔ကို ဂရုမစ္ိုက္ခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီျဖစ္သည္။

" ဒီေန ့ကြၽန္မ ဆိုးတယ္မလား?ၿပီးေတာ့ ရွင္ ကြၽန္မကို စိတ္ပ်က္ေနေသးလား? "

ရွဖန္သည္ ႏွင္းမ်ားဖံုးလႊမ္းေနသၫ့္လမ္းေပၚတြင္ ကားေမာင္းေနရင္းျဖင့္ ယြီသံုႏွင့္ ထိုကိစၼမ်ိဳးကို မ‌ေျပာဆိုခ်င္ေပ။သို႔‌ေသာ္ ယြီသံု၏အသံမွာ ၀မ္းနည္းေနေသာ‌‌ေၾကာင့္ ရွဖန္တံု႔ဆိုင္းသြားၿပီး ေနာက္ဆံုး၌ အခ်က္ျပမီးကိုႏိွပ္ကာ ကားကို ‌လမ္းေဘး၌ ထိုးရပ္လိုက္သည္။

" မင္းက ဗြီဒီယိုရိုက္ျပီးတဲ့ေနာက္မွာ အဲ့ဒီအဖိုးကို ကူညီဖို႔လုပ္မလို႔မလား? "

" အင္း "ယြီသံု မဆိုင္းမတြပင္ အခိုင္အမာေျဖၾကားလိုက္သည္။

" ဟုတ္ပါတယ္...ကိုယ္ကသာ ဘာမွမဟုတ္ပဲနဲ႔ မင္းကို စိတ္တိုသြားခဲ့တာ။တစ္ကယ္ေတာ့ ကိုယ္ပိုျပီ‌း‌ေတာ့ စိတ္ပူ...စိတ္ပူသြားတာက မင္းက အၾကင္နာတရား မရိွတဲ့လူတစ္ေယာက္ ျဖစ္မွာကိုပါ "

သူမ၏နွလံုးသားတစ္ခုလံုး ျမည္ဟည္းသြားၿပီး သူမကိုယ္သူမ ျပန္ေမးမိ‌ေလသည္ : ငါက အၾကင္နာတရားမရိွတဲ့သူလား?

၁၀နွစ္ခန႔္ တစ္ဦးတည္းေနလာခဲ့ၿပီးေနာက္ ယြီသံုသည္ သူမႏွင့္မသက္ဆိုင္သၫ့္ကိစၥမ်ားကို လ်စ္လ်ဳရႈလာသၫ့္မွာ အခ်ိန္အေတာ္ၾကာလာခဲ့ၿပီျဖစ္သည္။သူမ၏ယခင္ဘ၀၌ ‌လူမႈဆက္ဆံေရးတြင္ မေက်မနပ္ျဖစ္မႈမ်ား၊ရန္လိုမွုမ်ားသည္ ပို၍ပင္ သာမန္ကဲ့သို႔ ျဖစ္လာသည္။

တစ္ခါတစ္ရံ၌ ' ၿမိဳ႔ကဒီေလာက္ႀကီးတာကို ငါကဘာလို႔ အၿမဲတမ္း တစ္ေယာက္တည္းျဖစ္ေနတာလည္း 'ဟူ၍ ယြီသံုအံ့အားသင့္မိသည္။

' သူမက တစ္ေယာက္တည္းေနတာ ၾကာလာလို႔မ်ား လူေတြနဲ႔ ေပါင္းသင္းဆက္ဆံရတာ အဆင္မေျပေတာ့လား? '

ရွဖန္ဆီသို႔ ေရာက္လာေသာအခါ ယြီသံုသည္ သူမကိုယ္သူမ ရိုးသားစြာေနထိုင္ခဲ့သည္။

သူမ တစ္ခုခုလိုခ်င္ပါက ရွဖန္ကိုသာ‌ေျပာလိုက္ၿပီး သူ႔ကို နားလည္မႈ မလြဲေစေပ။

ထို႔အတူ သူမ တစ္ခုခုသိခ်င္ပါက ရွဖန္ကိုသာေမးလိုက္ၿပီး နားလည္မႈ မလြဲေစေပ။

ဒါေပမယ့္ ဒီနည္းလမ္းက သေဘာထားကြဲလြဲမႈကို အျပၫ့္အ၀ မေရွာင္လႊဲႏိုင္ခဲ့ဘူး။

" ဒါေပမယ့္ မင္းက ေသခ်ာေပါက္ တစ္ကိုယ္ေကာင္းမဆန္ပါဘူး။ကိုယ့္ကိုကိုယ္ နည္းနည္းေလး ကာကြယ္လိုက္ရံုပါပဲ "ရွဖန္ ေနာက္တစ္ႀကိမ္ ‌ေတာင္းပန္ျပန္သည္။" မင္းရွင္းျပတာကို နားမေထာင္မိတဲ့ ကိုယ့္အမွားေတြပါပဲ "

" ရွင္...ဒီေန ့ည ကြၽန္မအစီအစဉ္ကို နားေထာင္ခဲ့တာလား? "

" ေရွာက္ရိဖန္က ကိုယ့္ကိုေျပာျပတာ "ရွဖန္ရယ္လိုက္သည္။" သူက မင္းရဲ့ပရိတ္သတ္ေလ "

" Oh! "

" မင္း ကိုယ့္ကိုစိတ္ဆိုးေနတာလား? "ယြီသံု၏အမူအရာမွာ ျပန္လည္တက္ႂကြမလာေသးေသာေၾကာင့္ ရွဖန္ သူမကို ေမးလိုက္သည္။

‌ယြီသံုေခါင္းခါရမ္းျပလိုက္ၿပီး ရွဖန္အား ျပန္ေမး‌လိုက္သည္။" ကြၽန္မက အၾကင္နာတရားမရိွတဲ့သူလား? "

" မဟုတ္ပါဘူးကြာ...ဒီေန ့ျဖစ္သမ်ွအရာအားလံုးက ကိုယ့္အမွားေတြခ်ည္းပါပဲ "

" ' အဲ့ဒီအဖိုးသာ တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္ရမွာလည္း?ကြၽန္မက လူသတ္သမားျဖစ္သြားမွာလား? 'ဆိုၿပီးေတာ့ ကြၽန္မ တစ္ကယ္ေၾကာက္ေနခဲ့တာ... "ယြီသံု မ်က္ရည္မ်ားက်ဆင္းလာသည္။" ဒီေန ့ည ေရဒီယိုအစီအစဉ္မွာ ေျပာခဲ့တဲ့အရာေတြကလည္း ဆင္ေျခေတြခ်ည္းပါပဲ။ဒီလိုမ်ိဳးျဖစ္လာတဲ့အခ်ိန္မွာ ကြၽန္မရဲ့ပထမဆံုးအျပဳအမူက အဲ့ဒီလူကိုကယ္တင္ဖို႔မဟုတ္ဘဲ ကိုယ့္ကိုယ္ကို ကယ္တင္ဖို႔ အရင္ဆံုးႀကိဳးစားခဲ့တာေလ။ပရိယာယ္ဆင္လိမ္ညာျပီး ‌ေငြ‌ေတာင္းတဲ့အ‌ေၾကာင္းေတြကို ‌ေျပာခဲ့ေပမယ့္ ကြၽန္မက ဘာလို႔ လူေတြကို အရင္ဆံုး သံသယ၀င္ေနခဲ့ရတာလည္း? "

" ယြီသံု... "ရွဖန္ ဘာေျပာရမည္မွန္း မသိေတာ့ေပ။

" ရွင္မွန္ပါတယ္...ကြၽန္မက အၿမဲတမ္း ကိုယ့္အတြက္ကိုပဲ စဉ္းစားတဲ့ ညံ့ဖ်င္းတဲ့လူတစ္ေယာက္ပါ "

" ရပ္လိုက္ပါေတာ့ကြာ "ရွဖန္ ယြီသံုအား ဆြဲဖက္လိုက္ၿပီး ကိုယ့္ကိုကိုယ္ ရြံ႔ရွာမုန္းတီးစြာျဖင့္ ေျပာ‌ေလသည္။" ဒီကိစၥက ကိုယ့္အမွားပါလို႔...အားလံုးက ကိုယ့္ရဲ့အမွား‌ေတြပါ "

" ရွဖန္...ကြၽန္မ တစ္ကယ္ေၾကာက္တယ္။အဲ့ဒီအဖိုး တစ္ခုခုျဖစ္သြားမွာကိုလည္း ေၾကာက္တယ္...ရွင္ ကြၽန္မကို မုန္းသြားမွာကိုလည္း ေၾကာက္တယ္... "

" မဟုတ္ဘူး...ကိုယ္ မင္းကို ဘယ္ေတာ့မွမုန္းမွာမဟုတ္ဘူး "

" လူေတြကို ရည္ရြယ္ခ်က္ရိွရိွ ထိခိုက္ေအာင္လုပ္ဖို႔ ဘယ္‌တုန္းကမွ မစဉ္းစားခဲ့မိပါဘူး။ကြၽန္မ လူေကာင္းတစ္ေယာက္ပဲ ျဖစ္ခ်င္တာပါ...ကြၽန္မ... "သူမ ထိုသို႔ေျပာၿပီး ရိႈက္ႀကီးတငင္ ငိုေလ‌ေသာေၾကာင့္ စကားစထြက္မလာႏိုင္ေတာ့ေပ။

ရွဖန္မွာ အလြန္စိတ္ထိခိုက္နာက်င္ခံစား‌ေနရသည္။ထိုအခိုက္ သူ႔ကိုယ္သူသာ အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ရိုက္ႏွက္ခ်င္ေလေတာ့သည္။သို႔ေသာ္ ရွဖန္အေနျဖင့္ ယြီသံုကို တင္းတင္းက်ပ္က်ပ္ေပြ ့ဖက္ထားရင္း ထိုအရာမွာ သူ၏အမွားျဖစ္‌ေၾကာင္း ထပ္တလဲလဲေျပာဆိုရံုသာ တတ္ႏိုင္ေတာ့သည္။

ေနာက္ဆံုး ယြီသံုစိတ္တည္ၿငိမ္သြားသၫ့္အခါမွ နီရဲၿပီးေဖာင္းကားေနသၫ့္ သူမ၏မ်က္နွာေလးကို သူ၏လက္မ်ားျဖင့္ ထိကိုင္လိုက္ၿပီး ေလးနက္စြာျဖင့္ ေျပာလိုက္သည္။" မငိုပါနဲ႔ေတာ့ကြာ...မဟုတ္ရင္ ကိုယ့္ႏွလံုးသားက ကြဲေၾကသြားလိမ့္ေတာ့မယ္ "

သူမ မ်က္လံုးပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္သည္။

" မင္းက တစ္ကိုယ္ေကာင္းလည္းမဆန္သလို အၾကင္နာလည္းမမဲ့ပါဘူးကြာ။မင္းက နည္းနည္းအားငယ္တတ္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္လို႔ ကိုယ့္ကိုကိုယ္ ကာကြယ္ဖို႔အတြက္ လုပ္လိုက္တာေလ "ရွဖန္ သူမ၏မ်က္လံုးေထာင့္မွ မ်က္ရည္မ်ားကို သုတ္ေပးရင္း ေျပာလိုက္သည္။" အခုကစၿပီး ကိုယ္က မင္းနဲ႔အတူရိွေနပါၿပီ။မင္းမွာ ဘာကိစၥပဲရိွရိွ ကိုယ္ မင္းေဘးမွာပဲ အၿမဲရိွေနေပးပါ့မယ္။မင္းက ၾကင္နာၿပီး အေကာင္းျမင္တတ္တဲ့ မိန္းကေလးျဖစ္ေနမွ‌ေတာ့ အားငယ္ၿပီး ေၾကာက္ရြံ႔ေနစရာမလိုပါဘူး "

" ကိုယ္ဆရာ၀န္ျဖစ္လာကတည္းက Hippocraticရဲ့နည္းလမ္းကို လိုက္နာမယ္လို႔ ကတိျပဳထားေတာ့ ကိုယ့္ရဲ့အသက္ေမြးဝမ္းေက်ာင္းျဖစ္တဲ့ ‌ေဆးပညာနဲ႔သက္ဆိုင္တဲ့ကိုယ္က်င့္တရားေတြကို လိုက္နာဖို႔လိုအပ္တယ္။အဲ့တာ‌ေၾကာင့္ လူ႔အသက္နဲ႔ပတ္သတ္လာေတာ့ ကိုယ္က နည္းနည္းဂရုစိုက္ၿပီး စည္းကမ္းတင္းက်ပ္သြားမိတယ္။ဒါ‌ေျကာင့္မို႔ မင္းကပဲ ကိုယ့္ရဲ့အားနည္းခ်က္ကို ခြင့္လႊတ္‌ေပးလို႔ရမလား? "

(Note...Hippocraticက ဂရိ ရူပေဗဒပညာရွင္ပါ)

ယခုလိုသည္းထန္စြာမငိုေႂကြးခဲ့သည္မွာ ႏွစ္ေပါင္းအေတာ္ၾကာခဲ့ၿပီျဖစ္ေသာ ယြီသံုအဖို႔ ထိုအခိုက္ အနည္းငယ္သိမ္ငယ္စိတ္ျဖစ္လာရသည္။တည္ျငိမ္ေလးနက္စြာေငးၾကၫ့္ေနသၫ့္ ရွဖန္ကို သူမ ၾကၫ့္လိုက္ၿပီးေနာက္ အနည္းငယ္ စိတ္မသက္မသာျဖင့္ ေျပာလိုက္သည္။" ရွင့္အသံက ဘုန္းေတာ္ႀကီး‌ေရ႔ွမွာ မဂၤလာကတိက၀တ္ျပဳေနတဲ့သူက်ေနတာပဲ "

" Oh... "

ထို႔ေနာက္ သူမတို႔ႏွစ္ေယာက္ အခ်င္းခ်င္းၾကၫ့္ကာ ရယ္ၾကေလ‌ေတာ့သည္။

သူမတို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ နီးကပ္စြာထိုင္ေနေသာေၾကာင့္ပင္ေလာ..သို႔မဟုတ္ ပတ္၀န္းက်င္ေၾကာင့္ပင္ေလာ...မသိေသာ္ျငားလည္း ထိုအခိုက္ သူမတို႔ႏွစ္ေယာက္ အခ်င္းခ်င္းပိုနီးစပ္လာသည္ဟု ခံစားေနမိၾကသည္။

ထိုစဉ္ ရွဖန္သည္ ေခါင္းကိုေစာင္း၍ ယြီသံု၏ ႏူးညံ့‌သၫ့္ႏႈတ္ခမ္းမ်ားကို သူ၏ႏႈတ္ခမ္းမ်ားျဖင့္ မြတ္မြတ္သိပ္သိပ္နမ္းရိႈက္ေလေတာ့သည္။(🙈)

...

ေနာက္တစ္ေန ့နံနက္

မနက္စာစားရန္ အၿမဲေမ့ေလ့ရိွေသာ ေရွာက္ရိဖန္အား ရွဖန္မွ မနက္စာႏွင့္ေကာ္ဖီေပးလာသၫ့္အျပင္ ေန ့လည္စာစားရန္အတြက္ပါ ဖိတ္ေခၚေလသည္။

ထိုကဲ့သို႔ အာရံုစိုက္စရာမ်ားလုပ္ေနေသာေၾကာင့္ ေရွာက္ရိဖန္သတိထားမိသည္။

" ငါသာမိန္းကေလးဆိုရင္ မင္းက ငါ့ကိုလိုက္ေနတာလို႔ သံသယႀကီးႀကီးျဖစ္မိမွာပဲ "ရွဖန္မွေပးလာသၫ့္ ေကာ္ဖီခြက္ကိုငံု႔ၾကၫ့္ကာ ေရွာက္ရိဖန္ ေျပာလိုက္သည္။

" မင္းစားမွာလား...မစားဘူးလား? "

" မင္းဘယ္လိုေမးလိုက္တာလည္း?ငါလက္ထဲထိ ‌ေရာက္လာတာကို ငါက မစားစရာလား? "ထို႔ေနာက္ ‌ေရွာက္ရိဖန္သည္ ေကာ္ဖီကိုယူေသာက္ရင္း ရွဖန္အားေျပာေလ၏။" ၾကၫ့္ရတာ မေန ့ညက ငါဖုန္းေခၚေပးလိုက္တာ အက်ိဳးရိွသြားပံုရတယ္ "

" မင္း ညစာမေကြၽးခိုင္းတာကို ငါက အံ့ဩေနတာ "ထိုသို႔ေျပာၿပ္ီး ရွဖန္ရယ္ေလသည္။

" မင္းရဲ့ေတာက္ပေနတဲ့မ်က္ႏွာႀကီးကိုၾကၫ့္ပါဦး...မင္းနဲ႔သာ ေန ့လည္စာအတူစားရရင္ ငါေသသြားလိမ့္မယ္ "ယေန ့မနက္ကတည္းက ရွဖန္၏နွုတ္ခမ္းေထာင့္စြန္းမ်ားသည္ ေအာက္သို႔တစ္ခါမွ ေကြးက်မသြား‌ေသးသည္ကို ေရွာက္ရိဖန္သတိထားမိသည္။

" ငါ မင္းကို မနက္စာနဲ႔ေကာ္ဖီေပးၿပီးၿပီေလ "

" ငါ ဒီေလာက္ကိစၥႀကီးႀကီးမားမား စြမ္းေဆာင္ေပးခဲ့တာေတာင္မွ မင္းက ဒီေလာက္ေလးနဲ႔ ၿပီးသြားခ်င္တာလား? "

" ဒါဆို မင္းက ဘာလိုခ်င္လို႔လည္း? "

" မင္းနဲ႔ယြီသံုရဲ့ ျဖစ္ေၾကာင္းကုန္စင္အားလံုး ငါ့‌ကိုေျပာျပရင္ ဘယ္လိုလည္း? "

" မေန ့တုန္းက တစ္ကယ့္ကိစၥႀကီး ျဖစ္ခဲ့တာကြ "ထိုသို႔ေျပာျပရင္း မ‌ေန ့ညကနမ္းရိႈက္ခဲ့သည္ ယြီသံု၏နူးညံ့လွသည့္ႏႈတ္ခမ္းပါး‌နွင့္‌ သင္းပ်ံ့‌ေမႊးႀကိဳင္လြန္းလွသၫ့္ကိုယ္သင္းနံ႔တို႔ကို ျပန္လည္စဉ္းစားမိေသာအခါ ရွဖန္၏မ်က္၀န္းမ်ားမွာ ‌ေျပာင္းလဲသြား‌ေလသည္။

" ေကာ...ကြၽန္ေတာ္ ေရငတ္လို႔ ေသေတာ့မယ္ထင္တယ္ဗ် "ေရွာက္ရိဖန္ ေအာ္ေျပာလိုက္သည္။

" ငါ မင္းအတြက္ blackေကာ္ဖီ၀ယ္ခဲ့တယ္‌ေလ "

" ငါဆိုလိုတာက မင္းရဲ့ႏူးညံ့ခ်ိဳသာေနတဲ့အျပဳအမူကိုၾကၫ့္ရတာ ငါ့အတြက္ေတာ့ ငန္လြန္းတဲ့ဟင္းတစ္ခြက္ကို စား‌ေနရသလိုပဲကြ " ထို႔ေနာက္ ေရွာက္ရိဖန္သည္ သူ၏ရင္ဘတ္ကိုထုကာ ဆက္ေျပာေလသည္။" ငါ ခ်စ္သူျမန္ျမန္ရွာမွ ျဖစ္ေတာ့မယ္ "

" ဒါဆိုလည္း အဆင္ေျပမယ့္ တစ္ေယာက္ေလာက္ရွာကြာ "

" ဒါေပမယ့္ အခုထိ သင့္ေတာ္တဲ့သူမွ မေတြ ့ေသးတာ "ေရွာက္ရိဖန္သည္ မနာလိုစြာျဖင့္ ညည္းၫူေလသည္။" ျပည္သူ႔ေရးရာဗ်ဳရိုေရွ ့မွာ ငုတ္တုတ္ထိုင္ေနရံုနဲ႔ မင္းလိုမ်ိဳး မိန္းမတစ္‌ေယာက္ရလာဖို႔က လူတိုင္းလူတိုင္းအတြက္ လြယ္တယ္လို႔မ်ား ထင္ေနလား? "

ေရွာက္ရိဖန္၏စကား‌ေၾကာင့္ ရွဖန္ ထရယ္ေလေတာ့သည္။

" မင္း ကံအရမ္းေကာင္းတယ္လို႔ပဲ ငါေျပာခ်င္တယ္။မင္းမွာ ႏူးညံ့သိမ္ေမြ ့ၿပီး ေခ်ာေမာလွပတဲ့မိန္းမလည္းရိွတယ္...ၿပီးေတာ့ ရည္းစားေဟာင္းကလည္း ခုထိ မ်က္စိက်ေနတုန္းပဲ "

" မင္း ဘာေတြေလ်ွာက္ေျပာေနတာလည္း? "

" ငါ မဟုတ္တာေျပာတာမွ မဟုတ္တာ..အန္အန္းက အခုထိ ငါ့ကို စိတ္ရႈပ္ေအာင္လုပ္ေနတုန္းပဲ...လြန္ခဲ့တဲ့၂ရက္ကေတာင္ မင္းအေၾကာင္း လာေမးေနေသးတယ္။သူသာ ပညာေတာ္သင္ကေနျပန္လာရင္ မင္း‌ေတာ့ အလုပ္မ်ားေတာ့မယ္လို႔ ငါထင္တယ္ "

" သူနဲ႔ငါကျပတ္ျပီးၿပီလို႔ ငါေျပာၿပီးၿပီေလ "

" မဟုတ္ဘူး...ငါေျပာတာကို နားေထာင္ဦး...လမ္းခြဲတာေတြနဲ႔ပတ္သတ္ၿပီးေတာ့ ငါက မင္းထက္ပိုၿပီးေတာ့ အေတြ ့အႀကံဳရိွတယ္ " ‌ေရွာက္ရိဖန္ သူ၏ရင္ဘတ္ကိုပုတ္ကာ ေျပာသည္။" မိန္းမေတြရဲ့ႏွလံုးသားထဲမွာ မၫွိုးမိွန္မခ်င္း မင္းအၿပီးသတ္ ျပတ္ဆဲလို႔မရဘူး "

" ဒါဆို ၫႈိးမိွန္သြားေအာင္ ဘယ္လိုလုပ္ရမွာလည္း? "ရွဖန္ သိခ်င္စိတ္ျပင္းျပစြာျဖင့္ ေမးလိုက္သည္။

" ငါကေတာ့ သူတို႔ကိုစိတ္ကုန္ေအာင္လုပ္လိုက္ေတာ့ သူတို႔ကပဲအရင္ လမ္းခြဲလာၾကတယ္ "ေရွာက္ရိဖန္ ၀င့္ၾကြားစြာျဖင့္ ေျပာေလသည္။

" မင္းက တစ္ကယ့္ေကာင္ပဲကြာ "

" မင္း ငါ့ကို အဲ့လိုေျပာတာလား?ငါ မင္းအတြက္ စြမ္းေဆာင္ေပးထားတဲ့ကိစၥႀကီးကို ‌မေမ့နဲ႔ေလ "

" ငါက မနက္ျဖန္ ကူရွန္ကိုသြားမွာ...ျပန္လာရင္ မင္းအတြက္ duck(ဘဲ) ၀ယ္လာမေပးေတာ့ဘူး "

" အဲ့တာကို မင္းဝယ္လာေပးရင္ေတာင္ ငါက ယူမေနဘူး "

(Note...တရုတ္မွာ ' ေယာက်ာ္းေလးအဂၤါအတု 'ကိုလည္း ' duck 'ဆိုျပီး‌ေျပာပါတယ္တဲ့။ေကာ္ရီးရွဖန္က ကူရွန္က အထင္ကရ ဘဲေပါင္း မ၀ယ္ခဲ့ဘူးေျပာတာကို ေကာ္ရီးရိဖန္က ' ေယာက်ာ္းေလးအဂၤါအတု 'ဆိုၿပီး ေတြးမိလိုက္တာပါတဲ့)

....

ရွဖန္ အေမရိကတြင္ ရိွ‌ေနစဉ္က ေဆးရံုအတြက္ ပစၥည္းကိရိယာအမ်ားအျပား ၀ယ္ယူရန္ အကူအညီေပးခဲ့သည္။ ထို႔ေၾကာင့္ ကူရွန္ခရိုင္တြင္လည္း စက္ပစၥည္းအသစ္ေရာက္ရိွလာသၫ့္အတြက္ မနက္ျဖန္၌ ရွဖန္သြား‌ေရာက္၍ အလုပ္သမားမ်ားအား ေလ့က်င့္သင္ၾကားေပးရမည္ျဖစ္သည္။

ထို႔ေၾကာင့္ ယြီသံု ေရွာင္ယြဲ႔၏စတူဒီယိုမွ ျပန္ေရာက္လာေသာအခါ၌ ရွဖန္သည္ ဧၫ့္ခန္းထဲတြင္ ပစၥည္းမ်ားခြဲစိတ္ျဖာ‌ေနသည္ကို ေတြ ့လိုက္ရသည္။

ရွဖန္၏ေဘးရိွ ခရီးေဆာင္အိတ္ကိုၾကၫ့္ကာ အံ့အားသင့္စြာျဖင့္ သူမ ‌ေမးလိုက္သည္။" ရွင္ အလုပ္ခရီးသြားစရာရိွလို႔လား? "

" ဟုတ္တယ္!ကိုယ္ သင္တန္း‌ေပးဖို႔အတြက္ ကူရွန္ကို ၂ရက္ေလာက္သြားရမယ္။အဲ့တာေျကာင့္ အခ်က္အလက္ေတြ ေရြးထုတ္‌ေနတာ "

" ရွင္ ကားနဲ႔သြားမွာလား? "

" အင္း...ကူရွန္က သိပ္မေဝးပါဘူး..ကားနဲ႔ဆို ၂နာရီေလာက္ပဲ ေမာင္းရမွာပါ။အဲ့ဒီမွာ အရမ္းေကာင္းတဲ့ ဘဲေပါင္းဆိုင္ရိွတယ္။ကိုယ့္သူငယ္ခ်င္းအတြက္ ၀ယ္‌ေပးရဦးမွာ...မင္းေရာ ဘယ္လိုလည္း?မင္း ဘာႀကိဳက္လည္း?ကိုယ္ မင္းအတြက္ ၀ယ္လာေပးမယ္ေလ "

" ကြၽန္မ ရွင့္ကိုႀကိဳက္တယ္! "ယြီသံု ထိုသို႔ေျပာၿပီးေနာက္ ေပၚထြက္လာသၫ့္အၿပံဳးႏုႏုကို ေကာ္ဖီခြက္ျဖင့္ ဖံုးကြယ္လိုက္သည္။

ရွဖန္ ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး ခ်ိဳသာစြာျဖင့္ၿပံဳးရယ္‌ေနသၫ့္ ယြီသံုကိုသာ ေငးၾကၫ့္ေနမိသည္။

သူ ခရီးေတာင္မွမသြားရေသးဘူး...အိမ္ကိုပဲ ျပန္လာခ်င္ေနၿပီ!

>>>>>

ဒါ‌ေလးကိုဖတ္ရတာ အဆင္ေျပၾကရဲ့လားဟင္

T.B.C
4.8.2021

واصل القراءة

ستعجبك أيضاً

394K 35.6K 21
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆို...
404K 36.1K 36
Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ႕ လက္ဘက္ရည္ဆိုင္ေလးကို ေစာင့္ေရွာက္နိုင္...
665K 77.2K 165
#Copy right မိမှာစိုးလို့ နာမည်ပြောင်းထားပါတယ် Title: I give half of my life to you Author: 城南花开 Genre: Romance *I don't own this novel * *I just tra...
261K 32.6K 46
ႏွစ္​​ေပါင္​းမ်ားစြာ ၾကာၿပီး​ေနာက္​ အား​ေက်ာ​င္​းတစ္​​ေယာက္​ သူမ၏သားစဥ္​​ေျမးဆက္​တို႔ကို သူမဘဝအ​ေၾကာင္​းအား​ေျပာျပ​ေန​ေလသည္​။ "အစက​ေတာ့ ငါက အဲ့ဒီလူရဲ...