မယားတောသူ(complete)

By Zphoowai

564K 44K 5.6K

မှည့်မှချို... ညိုမှလှ...။ ကျွန်ကုလား... မယားတောသူ...။ မြင်းအုန်းခွံ...။ မွည့္မွခ်ိဳ... ညိုမွလွ...။ ကြၽန္ကုလာ... More

Intro
အပိုင်း (၁) : ဒေါင်းပျို
အပိုင်း (၂) : အတူ
အပိုင်း (၃) : သီးသန့်
အပိုင်း (၄) : ကာကွယ်မှု
အပိုင်း (၅) : သွယ်ဝိုက်နစ်မြောမှု
အပိုင်း (၆) : သေချာမှု မရှိသော
အပိုင်း (၇): လိုအပ်မှု
အပိုင်း (၈) : အနီးကပ်
အပိုင်း (၉) : အလှတရား
အပိုင်း (၁၀) : ခွင့်
အပိုင်း (၁၁) : အတ္တ
အပိုင်း (၁၂) : ရေးရာ...။
အပိုင်း (၁၃) : ရည်ရွယ်ချက်
အပိုင်း (၁၄) : ကတိသစ္စာ
အပိုင်း (၁၅) : တန်ဖိုး
အပိုင်း (၁၆) : လွဲမှားမှု
အပိုင်း (၁၇) : ပိုး
အပိုင်း (၁၈) : ပင်ပန်းမှု
အပိုင်း (၂၀) : ...ချစ်လို့
အပိုင်း (၂၁) : မေတ္တာသည်သာ...
အပိုင်း (၂၂) : သံသယ
အပိုင်း (၂၃) : မွန်းကြပ်မှု
အပိုင်း (၂၄) : ပြောင်းလဲလာမှု
အပိုင်း (၂၅) : နာကျင်မှု
အပိုင်း (၂၆) : ကြားလူ
အပိုင်း (၂၇) : ယုံကြည်မှု
အပိုင်း (၂၈) : အမျိုးသား
အပိုင်း (၂၉) : ကိုးကွယ်ရာ
အပိုင်း (၃၀) : မြတ်နိုးမှု အလွန်
အပိုင်း (၃၁) : ဂရုစိုက်မှု
အပိုင်း (၃၂) : ဖွင့်ဟခြင်း
အပိုင်း (၃၃) : မောင့်ဥ
အပိုင်း (၃၄) : ဖေဖေ့ဝဋ်
ဇာတ်သိမ်း: ပါရမီဖြည့်ဖက်
ဒဂ်ါး
မောင့်ရဲ့ ဘေဘေး
အလှဘွဲ့
🍷

အပိုင်း (၁၉) : မြတ်နိုးမှု

10.8K 1.1K 120
By Zphoowai


{Unicode🌻}

... မြတ်နိုးမှုတွေက...
အဆုံးသတ်ရယ်လို့
မရှိလေဘူး...။

****

မယားတောသူ🌿

အပျိုလေးက ကျွန်တော့်အိမ်ထောင်ဖက်

ကျွန်တော်တို့ ယာတောထဲကနေ နေ့လည် ၁၂နာရီ တီးမှ အိမ်ကို ပြန်ရောက်ခဲ့ပါသည်...။ တစ်ခြားကြောင့်မဟုတ်... ယာပြင်တစ်ခင်းလုံး တစ်ဝက်ကျသည့်အထိ ထွန်ခဲ့တာမို့...။ အခုတော့ ကျွန်တော့်မှာ အဘနှင့်အတူ ထွန်ဖြုတ်ပြီး နွားကို တင်းကုပ်အောက် ချည်ကာ တင်းကုပ်မှ အဖီဆွဲထားသည့် တစ်ဖက်ရပ်က ကျွန်တော့်အိပ်ယာဆီသို့ သွားက မှောက်လျက် လဲချမိသည်...။

မျက်နှာကို ခေါင်းဦးပေါ်၌ အပ်ထားပြီး ပင်ပန်းမှုဒဏ်ကို အိပ်ပျော်သည့် အနေအထားဖြင့် ဖြေရှင်းဖို့ ပြင်မိတော့သည်...။ အပျိုလေးကိုတော့ ကျွန်တော် စိတ်မချတာနဲ့ ဆယ်နာရီမတီးခင် ပြန်လွှတ်လိုက်ရသည်...။ ကျွန်တော်ကတော့ အဘနှင့်အတူ ယာပြင်ဘက်မှ ပြန်လာရသည်....။ အပျိုလေး ဘယ်မှာ ရှိနေလဲ သေချာမရှာနိုင်တော့... လူက ခန္ဓာကိုယ် မသယ်ချင်သည့်အထိ ဖြစ်နေပြီ...။

ကျွန်တော့်မှာ အတော်လေး ပင်ပန်းနွမ်းနယ်မှု ဒဏ်ကြောင့် ထိုအတိုင်းပင် တဖြည်းဖြည်း အိပ်ချင်လာပြီးသည့်နောက်... ကျွန်တော် ဘာကိုမှ မသိတော့...။

"ဥ,ရေ... မောင်လေးလူတော့ ဟိုမှာ မသက်မသာ ဖြစ်နေတယ် ထင်တယ်...။ မင်းကိုတောင် မတွေ့နိုင်တော့ဘဲ ချက်ချင်း အိပ်ရာပေါ် တက်သွားတာ...။ နံနက်ကလည်း ရွာပြင်ထဲမှာ မိုးမိထားလို့ ပင်ပန်းပြီး ကိုက်ခဲနေတယ် ထင်တယ်..."

ဥ,ကတော့ အိမ်ပေါ် ပြတင်းကနေ လှမ်းမြင်နေရသည့် တင်းကုပ်တစ်ဖက်စွန်းမှ သူ့လူကို ကြည့်ပြီး စိတ်မကောင်းသလိုနဲ့ပင်...။

"ဟုတ်တယ် မမ... ဥ,က သူဖျားမှာ ကြောက်နေတာ...။ သူက ဟိုမှာ တကယ်ကို ရွှေပေါ် မြတင်...။ အခု ဒီရောက်မှ သူ့မှာ အကုန်ဒုက္ခခံနေရတာ...။ သားတော့ သူ့ကို သနားလာပြီ... ။ အဘကိုလည်း မပြောရဲဘူး..."

"ကဲပါ... အဲ့ဒီဘက် ခဏသွားလိုက်လေ...။ မေကြီးပဲ ရှိတယ်...။ အဘ မရှိဘူး.... ရွာလယ်က ဒေါ်ထွေးတင် တို့အိမ် မျိုးစေ့ သွားကြည့်တယ်..."

"ဖြစ်ပါ့မလား မမရယ်...။ အဘရောက်လာရင် သူ အိပ်နေတာကို နိူးပြီး ဇွတ်အတင်း ခိုင်းနေပါဦးမယ်..."

"ကဲပါ ခိုးသွားပါတယ်ဆိုမှ မသိအောင် လုပ်တာ...။ အခု မိုးက တဖြောက်ဖြောက်နဲ့ နေမကောင်းဖြစ်နေမယ်...။ ဆေးကြိုပြီး တိုက်ဖို့ ယူသွားဦး..."

"ဟုတ် မမ...။ ဒါဆို သား ခဏ သွားလိုက်မယ်နော်...။ အဘ အခြေအနေ ကြည့်ထားပေးနော်.."

"ကဲပါ... မမ တာဝန်ထား...။ မောင်လေးသာ ဋီကာ့ဆီ သွားလိုက်နော်..."

ထို့နောက် ဥ,က လိုအပ်သည့် သောက်ဆေး၊ လိမ်းဆေးတစ်ချို့ကို အိမ်ပေါ်မှ ယူပြီး တင်းကုပ်အဖီရပ်ဆီသို့ ခပ်သွက်သွက် သွားနေသည်...။ ကျွန်မလည်း အဘ အခြေအနေကို မသိမသာ အကဲခတ်နေရင်းမှ မောင် ဖြစ်သူတို့ အတွဲကိုလည်း စိတ်ဝင်စားလှသည်မို့... အနည်းငယ် ရှင်းလင်းစွာ မြင်နိုင်သည့် နေရာကွက်ကွင်း ကြည့်ပြီး အခြေအနေကို သုံးသပ်နေမိသည်....။

ဟောက်သံတစ်ချို့နဲ့ပင် မောင်ကတော့ ဝမ်းလျားထိုး မှောက်ထားပြီး ဘာဆို ဘာမှ သတိထားပုံ မရှိတော့...။ အတော်လေးကို အိပ်မောကျနေပြီး အရာအားလုံးကို မေ့ပျောက်နေသည့် ဟန်ဖြင့်...။

ကျွန်တော်လည်း ပထမဆုံး မောင့်၏ နဖူးပြင်ကို စမ်းကြည့်လိုက်မိသည်...။ တော်သေးသည်... ကိုယ်ပူတာမျိုး မရှိသလို၊ အေးစက်ပြီးလည်း မနေ... သာမန်အတိုင်းကိုယ်ပူရှိန် ရှိသည်မို့ စိတ်အေးချမ်းသာမှု ရသည်...။ ထို့နောက် မောင့်လက်တွေကို ကြည့်မိတော့ အနာကပ် ပလာစတာ မရောက်သည့် နေရာများမှ အနည်းငယ် ကြွလန်နေသော အသားအရည်ခွံများ....။

အခုဆို မောင့်လက်ရှည်ရှည်သွယ်သွယ်တို့၌ ခြစ်ရာများနှင့်အတူ အပေါက်အပြဲတွေချည်း... နောက်ပြီး သေချာလေး မရှင်းလင်း သန့်ရှင်းရေး မလုပ်ခဲ့ရလို့ ထင်သည် ယာပြင်ထက်မှ မြေနီများက မောင့်လက်ရေစာ၊ လက္ခဏာပေါ်၌ ကပ်ငြိနေသည်....။ ကျွန်တော်လည်း ထိုနေရာများကို အနည်းငယ် ကြည့်ရှု စစ်ဆေးနေရင်းမှ မောင့်ဒဏ်ရာများကို ဆေးထည့်ပေးနေတော့ ချက်ချင်းဆိုသလို လှုပ်ရှားလာသော မောင့်အပြုအမူကြောင့် ကျွန်တော် လန့်သွားသည်....။

အနာမှ ဆေးထည့်တာ စပ်လောက်သည့် အနေအထားကြောင့် ဆေးတစ်ခါထည့်ပြီးတိုင်း ပါးစပ်မှ လေအေးအေးဖြင့် မှုတ်ကာ မောင့်မျက်နှာကိုလည်း မမှိတ်မသုန် ခဏ ခဏ ကြည့်နေမိသည်....။ ထို့နောက် မောင့်လက်မှ ဒဏ်ရာများကို အကုန်စစ်ဆေးပြီး နောက်မှာတော့ မောင့်ခြေထောက်နှစ်ဖက်လုံး စစ်ဆေးဖို့ ရှိသေးသည်.... ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံးက နောက်သို့ အတင်းဆွဲချခံလိုက်ရပြီး ကျရောက်သွားသည့် နေရာက လက်မောင်းတစ်ခုပေါ် ဖြစ်နေသည်....။

ကျွန်တော်လည်း မောင်များ နိုးနေမလား တိတ်တဆိတ် မျက်နှာလေးကို မော်ကြည့်မိတော့ အိပ်ချင်မူးတူး မျက်လုံးများဖြင့် မောင်က ကျွန်တော့်ကို ပြုံးပြနေသည်...။

"Sorryကွာ... မောင် ပင်ပန်းလွန်းလို့... အပျိုလေးကို လာပြီး မနူတ်ဆက်နိုင်ဘူး...။ နောက်တစ်ခါ မမေ့တော့ဘူးနော်...။ စိတ်မဆိုးနဲ့နော်..."

"အာ... မဟုတ်တာ မောင်ရယ်...။ တကယ်ဆို မောင်က ဒီနေ့ အများကြီး ပင်ပန်းနေတာလေ...။ မောင် တကူးတက နူတ်မဆက်ရင်တောင် ငါ နားလည်ပါတယ်...။ အဘ ကလေ တစ်ချို့​နေရာတွေဆို ကောင်းကို မကောင်းဘူး..."

"ဟော... ကိုယ့်အဘကို အပြစ်တင်နေတာလား?? ဟိုက ကြားရင် အပျိုလေးကို ရိုက်နေပါဦးမယ်...။ အေး အရင်တစ်ခါကတော့ မောင် မသိလိုက်လို့... ။ အခုတစ်ခါတော့ မရတော့ဘူးနော်... အပျိုလေးကို လက်ဖျားနဲ့တောင် ထိလို့ မရတော့ဘူး..."

"မောင်က အဘကို မကြောက်ဘူးလား??"

"no ဂရုကို မစိုက်တာ..."

"ဒါနဲ့မောင့်မိဘတွေက ရွာကို ခဏ လာမယ်တဲ့... မမကို ဖုန်းဆက်တယ်...။ အိမ်ကို မပြောခဲ့ဘူးလားဟင်? နောက်ပြီး အိမ်က ခေါ်မယ်ဆို လိုက်သာသွား...။ ငါက မောင် အခုလို ခံစားနေရမှာကြီး မကြိုက်ပါဘူး..."

"ဟင့်အင်း... မောင် လိုက်သွားမှာ မဟုတ်ဘူး...။ မောင် လိုက်သွားရင် မောင်က ယောကျာ်းကတိမတည်တဲ့ သူရဲဘော ကြောင်တဲ့အကောင် ဖြစ်သွားမှာပေါ့...။ အပျိုလေး အသိုင်းအဝိုင်း၊ အပျိုလေး အဘဆီမှာ မောင်က အပျို​လေး အားကိုးနိုင်လောက်တဲ့ ယောကျာ်းတစ်ယောက်ဆိုတာ ပြချင်တယ်..."

"ဒီအတိုင်းလဲ ငါ နားလည်ပါတယ် မောင်ရယ်..."

"နားလည်လို့ မရဘူး...။မောင်က ခင်ဗျားလူ... မောင့်စကား သေချာနားထောင်...။ မောင်က အပျိုလေးအတွက် အားကိုးနိုင်လောက်တဲ့ ယောကျာ်းတစ်ယောက် ဖြစ်ချင်တာ...။ နောက်ပြီး မောင်တို့ ပြီး_"

"အာ... ဘာပြီးတာလဲ?? မပြော... မပြောတော့နဲ့...။"

"မဟုတ်ဘူးလို့... မောင်ပြောတာက..."

"အဲ့လိုတွေ ဆက်ပြောနေရင်း မောင့်ဆီ ဘယ်တော့မှ မလာတော့ဘူး..."

"မဟုတ်ဘူးလေကွာ... ဒါက ရှက်စရာမှ မဟုတ်တာ...။ အပျိုလေးနဲ့ မောင်နဲ့ဆိုတာ အိမ်ထောင်ဖက် ပတ်သတ်မှုမျိုးလေ..."

"အင်း... သိတော့ သိပေမယ့် ငါ ရှက်လို့ မပြောတော့နဲ့နော်..."

အပျိုလေးက အမှန်တကယ်ပင် စိတ်အဆင်မပြေ အရမ်းရှက်နေသည့် ပုံစံနှင့် ပြောလေတော့ ကျွန်တော့်မှာ ချက်ချင်းဆိုသလို ပြောလက်စ စကားကို ရပ်တန့်မိပါသည်...။

တကယ်တော့ ကျွန်တော် ခံယူထားတဲ့ Relationship တစ်ခုမှာ 'ချစ်တာတွေ၊ မြတ်နိုးတာတွေ၊ အဆုံးရှုံး မခံနိုင်တာတွေ၊' ပြောတာတွေထက် သူ့ဆန္ဒကို အသေးအဖွားလေးက ဂရုစိုက်တာမျိုး၊ အမှန်တကယ် သူ့ကို ပြောဖို့ မလိုအပ်ရင် ခဏလောက် သူ့အ​ခြေအနေကြည့်ပြီး နေမိတာမျိုး...။

အခုလည်း အပျိုလေးက အမှန်တကယ် ရှက်နေသည့် အသွင်ကြောင့် ကျွန်တော် ဇွတ်အတင်း မပြောလိုတော့ပါ...။ ဒီပုံရိပ်လေးက အခုဆို ကျွန်တော်နှင့်အတူ ရှိနေသည်မို့ စက္ကန့်ပိုင်းလောက်ဆိုရင်တောင် ဝေးဖို့ မရဲလောက်သည်မို့....။

အမောပြေ....။

ညနေ ၄နာရီ... ။

ဒီနေ့အတွက် ကျွန်တော် တရေးမှ မအိပ်လိုက်မိပါ...။ညနေ ၃နာရီတီးလောက်မှာ အပျိုလေးက အိမ်ပေါ်သို့ ပြန်သွားပြီး ကျွန်တော်က နွားစားစဥ်းဖို့ ထ,လာရသည်...။ ကျန်တာကြောင့် မဟုတ်... အဘကိုယ်တိုင် နွားစားစဥ်းဖို့ ဖိတ်ကြားခဲ့သည်မို့....။

နှံစားနှင့် ပြောင်းဖူး နွားစာထုံးဘေးနား ရှိနေပြီး အဘကိုယ်တိုင် စဥ်းပြနေသည့် နွားစာစဥ်း ပညာရပ်ကို သင်ယူနေမိသည်...။အပျိုလေးကတော့ အိမ်နောက်ဘက်မှ စိုက်ခင်းဘက် ပြေးလိုက်၊ မီးဖိုချောင်ထဲ ဝင်လိုက်နဲ့ပင် ကျွန်တော်လည်း သူ့ကို လိုက်ကြည့်ရတာ မောနေပြီ...။

မိုးအေးတာကိုပင် အခုထက်ထိ ရေမချိုးသေးဘဲ ညနက်မှ ချိုးမယ့်အရေးကိုလည်း တွေးမိပြီး စိတ်ပူနေမိသည်။ အခုချိန် ကျွန်တော်က အပျိုလေးကို သေချာဂရုစိုက်ခွင့် မရသော အနေအထားမို့...။

"ကဲ... စဥ်းတတ်ပြီလား?? အခု နွားစားတောင်းကို သယ်ပြီး နွားစားခေါင်းထဲ အရင်ထည့်လိုက်တော့...။ မင်း နောက်တစ်တောင်း စဥ်းတာကို ကြည့်မယ်..."

ကျွန်တော်လည်း အဘထံမှ စကားကြားသည်နှင့် နွားစာတောင်းအပြည့် စဥ်းထားသော နွားစာများကို နွားနီတစ်ရှဥ်း ရှိ​နေသည့် နွားစာခေါင်းထဲသို့ ထည့်ပြီး မွှေနှောက်လိုက်မိသည်...။ ထို့နောက် အဘက ကျွန်တော့်နောက်မှ ဘယ်လို ရောက်လာလဲ မသိတော့....။

"သြော်... အေး မင်းကို နွားကျွေးတာ၊ နွားချေးကျုံးတာ သင်ရဦးမယ်..."

"နွားချေးကျုံးတာက ပညာရပ် ဖြစ်နေလို့လား အဘ...?"

ကျွန်တော်က စိတ်နည်းနည်းပေါက်လာသည်မို့ မေးလိုက်တော့ အဘက ချက်ချင်းဆိုသလို ကျွန်တော့်ကို ကြည့်လာသည်...။

"လိုတာပေါ့... အကုန်လုံးက ပညာရပ်တွေပဲ...။နွားကျွေးတာ ဆိုရင်လည်း နွားစာအ​ခြောက်ဆို ဖွဲနု၊ ဖွဲစကွဲဖြူးပြီး ကျွေးရတယ်...။ ရေနည်းနည်း စိမ်ပြီး ကျွေးရင် ကိစ္စမရှိဘူး...။ ရေမပါဘဲ ဒီအတိုင်း အခြောက်တိုက် ကျွေးရင် နွားတွေကို ရေတိုက်ရသေးတယ်...။ နောက်ပြီး နွားချေးက မကျုံးတတ်ရင် နွားခွာစာဖက်တွေ ကျန်ပြီး မင်းနေတဲ့ တင်းကုပ်က ညစ်ပတ်​နေမှာစိုးလို့ ပြောတာ..."

"ဟုတ်ကဲ့ အဘ..."

ကျွန်တော်လည်း အဘနှင့်ပြိုင်ပြီး မဖြစ်ချင်သည်မို့ သူလုပ်ပြသမျှကို အကုန်လုံး လိုက်ကြည့်ကာ သေချာတတ်မြောက်အောင်သာ သင်ယူနေမိသည်...။ အဲ့လို မသင်လို့မရ... ဒီအဘက အစကတည်းက ကျွန်တော့်ကို သိပ်ကြည်တာ မဟုတ်...။ ဟို စံဦးထိုက်ဆိုတဲ့ နွားပြာကြီး အောက်သွားမရှိနဲ့ ပေးစါးချင်နေတာ....။ တော်ကြာ ကိုယ့်အပြစ်တွေကို ရှာပြီး မချေရာကြောင်း အပျိုလေးရှေ့ ပြောနေရင် အလကား အပျိုလေး မျက်နှာငယ်နေရဦးမည်....။

ထို့နောက် ကျွန်တော်က လျင်မြန်စွာ သင်ယူပြီးသည်နောက် မြန်မြန်ဆန်ဆန်ပင် အလုပ်ကို လုပ်နေမိသည်...။ ဟိုနေ့က အိမ်က ယူလာကတည်းက စိတ်ပိတ်ထားသည့် ဖုန်းကိုလည်း အပျိုလေးဆီ ပေးပြီး အားသွင်းခိုင်းထားမိသည်...။

ကျွန်တော့်မှာ အလုပ် လုပ်နေရင်းပင် အပျိုလေးကို လိုက်ပြီး ကြည့်နေရတာမျိုးကလည်း မလွယ်လှ...။ အပျိုလေးပုံကို ကြည့်ရတာလည်း ကျွန်တော့်ကို အမောပြေ ပြုံးပြဖို့တောင် မအားဘူး ထင်သည်...။ ကျွန်တော်လည်း မိန်းကလေးဖြစ်ပြီး မီးဖိုချောင်နဲ့ မအပ်စပ်သည့် အဘမိန်းမ အဒေါ်နှင့်အတူ မမရွှေရုပ်ပျိုကို စိတ်ထဲကပင် ပြောနေမိသည်...။

ထို့နောက် အပျိုလေးကို ခဏ ရပ်ကြည့်ပြီး ဘယ်ရယ်မဟုတ် အပျိုလေး ထိုင်​နေတတ်သည့် အိမ်ပေါ် ပြတင်းကို ကြည့်မိတော့ ကျွန်တော်တို့ဘက်ကို မေးထောက်ကြည့်နေသော မမရွှေရုပ်ပျိုကို တွေ့စဥ်မှာတော့ ကျွန်တော် ခတ္တမျှ လန့်သွားသည်...။ အစောနကမှ အတွေးထဲ သူ့ကို အပြစ်တင်ထားသည် မလား??

တလှပ်လှပ် ခုန်နေသော ကြည်နူးမှုတွေ...

ည ၇နာရီ....။

ထုံးစံအတိုင်း နေရာတကာ တိကျမှန်ကန် အဘ၏ လက်အောက်၌ အပျိုလေးတို့ မိသားစုက ည ၇နာရီဆိုတာနဲ့ ထမင်းဝိုင်းကို ရောက်နေရသည်...။ အခုလည်း ကျွန်တော်က ညနေတုန်းက အပျိုလေးဆီမှ ဖုန်းကို ယူပြီး တင်းကုပ်အဖီရပ်၌ အိပ်ရာပေါ်လှဲကာ ဖုန်းကြည့်နေမိသည်...။

တကယ်တော့ အဘက အပျိုလေးကို အတော်လေး တွန့်တိုနေသလို၊ နှမြောလည်း နှမြောသည် ထင်သည်...။ ညနေက ကျွန်တော် အလုပ်အကုန် ပြီးသွားသည်နှင့် ရေကန်​နေရာကို သူကိုယ်တိုင် လိုက်ပို့ပြီး ရေချိုးခိုင်းသည်...။ကျွန်တော့်မှာတော့ အပျိုလေးနှင့်တွေ့ဖို့ ဂွင်ဖန်နေတုန်း ရှိသေးသည်... အဘဆိုတာက အမြဲတမ်း အကွက်စေ့ မြင်တတ်လွန်းသည်...။

နေရာတကာ လိုက်ပြီး အကွက်စေ့ ပါတတ်လွန်းသည့် အဘက အိမ်ထောင်ဦးစီးလား? အိမ်ထောင်ရှင်မလား မသဲကွဲတော့...။ အဒေါ်တောင် အဲ့ဒီလောက် ကျွန်တော့်ကို ဝင်မပြောတာမို့...။ ကြာတော့ နေရာတကာ ဗျစ်တောက် ဗျစ်တောက် ပါလွန်းသည့် အဘကို ယောကျာ်းတစ်ယောက်လိုပင် မမြင်မိတော့....။ အမြဲတမ်း တည်တည်ကြည်ကြည်နှင့် ကတိတစ်လုံးအတိုင်း အေးဆေးစွာ ရှိနေသည့် အပျိုလေးက သူ့သားဟုတ်ပါရဲ့လားတောင် သံသယ ဝင်မိသည်....။

ကျွန်တော်လည်း ဘာရယ်မဟုတ် အပျိုလေးရှိနေသည့် အိမ်ဘက်ကို ကြည့်မိတော့ အပျိုလေးက လှေကားမှ ဆင်းလာသည်မို့ ကျွန်တော်လည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းဆိုသလို ကြည့်လက်စ ဖုန်းကို ပိတ်ကာ အပျိုလေးနောက်သို့ တိတ်တဆိတ်လိုက်ပါမိတော့သည်....။

အပျိုလေးကတော့ အခုမှ သေချာကြည့်မိသည်... အပျိုလေး ခန္ဓာကိုယ် အပေါ်ပိုင်း၌ မည်သည့်အဝတ်အစားမှ မရှိဘဲ ပုဆိုး တထည်ကိုသာ ပုခုံးပေါ် တင်ထားသည်...။ လက်ထဲမှ အကျီ်လေးကို ယူပြီး ရေကန်ဆီသို့...။

ကျွန်တော်လည်း အပျိုလေးနောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေမိရင်းမှ အပျိုလေးက ကျွန်တော်ရှိလျှင် ရေဖြောင့်ဖြောင့် မချိုးနိုင်မှာ စိုးတာကြောင့်ပင် တိတ်တဆိတ်နေဖို့ပဲ စိတ်ကူးမိသည်...။ အပျိုလေးတို့ အိမ်ဝိုင်းထဲက ရေကန်က အတော်လေးကို ကြီးပြီး အုတ်ကန်က အကြီးအငယ် နှစ်ခုခွဲထားသည်။ အုတ်ကန်အကြီးထဲ၌ အမြဲတမ်း ရေအပြည့် ဖြည့်ထားတတ်ပြီး သူ့အောက်မှ အုတ်ကန်ငယ်လေးဖြင့် တွဲထားသည်...။

ထိုအုတ်ကန်ငယ်လေးကို အုတ်ကန်အကြီးထဲမှ ရေကို ဗိုက်ဖြင့်သွယ်ကာ ရေဖြည့်သည့် ရေပိုက်ခေါင်းဖြင့်....။ နောက်ပြီး ဘေးမှ အကာအရံများကလည်း အတော်လေး လုံသည်...။ အပေါ်က သွပ်အမိုးက ခေါင်ချုပ်ထားသည်မို့.... ရေချိုးတာကို လမ်းဘက်မှ ကြည့်မယ်ဆိုရင်တောင် မမြင်နိုင်တော့....။

ကျွန်တော်လည်း မှောင်ရိပ်တစ်နေရာ၌ ရပ်ပြီး ရေချိုးခန်းထဲမှ အပျိုလေး ပုံစံကို အစအဆုံး ငေးမိတော့သည်။ အပျိုလေးက ရေချိုးခန်ထဲ ရောက်သည်နှင့် ပုခုံးပေါ်မှ ရေလဲပုဆိုးကို ရေချိုးခန်းမှ အဝတ်တန်းပေါ် တင်သည်...။

ထို့နောက် အပေါ်ပိုင်း ဗလာကျင်းကျင်း ခန္ဓာကိုယ်က ရေချိုးခန်းမီးရောင်အောက်၌ အတော်လေးကို ဝင်းမည့်စွာ ရှိနေသည်....။ သု့အဝတ်အစားများနှင့်အတူ ညနေက အဝတ်တန်းပေါ် တင်ထားသော ကျွန်တော့်အဝတ်အစားများကိုပါ ပုံးတစ်ခုထဲ၌ စိမ်လိုက်ပြီး သွားတိုက်၊ မျက်နှာသစ် လုပ်နေတော့သည်...။ ထို့နောက် အဝတ်အစားများကို လျှော်ဖွပ်ပြီး အသေအချာလေး ရေစစ်ကာ ရေစ,ချိုးတော့သည်....။

တကယ်တော့ တစ်စုံတစ်ယောက် ရေချိုးတာကို မသိဘဲ ချောင်းကြည့်တာမျိုးက လောကနီတိကျမ်းများအရ အနည်းငယ် အဆင်မသင့်နိုင်သော အနေအထားပေမယ့် အပျိုလေးက ကျွန်တော့်လူ၊ နောက်ပြီး အပျိုလေးကိုယ်တိုင်ကလည်း ကျွန်တော့်ကို ချစ်ခင်နှစ်သက်ပြီးသာမို့... ထိုကာမပိုင်ဆိုသော ကိစ္စရပ်ကို ကျွန်တော် ရဲရဲ စိတ်ထဲမှာ စွဲနေပြီး ဘာမှမစဥ်းစားမိဘဲ မျက်စိရှေ့က နယ်၏ အလှဂုဏ်ဆောင် အပျိုလေး ထံ၌ပင် အကြည်တို့အားလုံး ရပ်တန့်စေသည်....။

ထို့နောက် အပျိုလေးက ရေချိုးခန်းထဲက ရုတ်တရက် ထွက်လာပြီး လျှော်ဖွပ်ထားသော အဝတ်များကိုပါ ကိုင်လာသည်မို့ ကျွန်တော်လည်း အဝတ်လှန်းသည့်ဘက်ကို အသာလေး လျှောက်ကာ နေရာယူမိသည်....။

ထို့နောက် အပျိုလေးက ထင်သည့်အတိုင်းပင် အပြင်ဘက်မှ အဝတ်လှန်းတန်းပေါ်၌ အဝတ်အစားများကို လှန်းပြီး အိမ်ပေါ်သို့ ပြန်ျက်သွားမည့် အသွင်ကြောင့် အပျိုလေးလက်တစ်ဖက်ကို ဆွဲထားပြီး အိမ်ဝိုင်းအတွင်းထဲက မှောင်ရိပ်သို့ ဆွဲခေါ်မိသည်...။

အပျိုလေးကတော့ ရုတ်တရက်မို့ လန့်သွားပြီး သူ့လက်မောင်းကို ဆွဲထားသော ကျွန်တော့်လက်ကိုပါ ဖယ်ချဖို့ ကြိုးစားပြီး...။

"ဘယ်... ဘယ်သူလဲ???"

ကျွန်တော်လည်း အပျိုလေး အမေးစကားကို မဖြေဘဲ မှောင်ရိပ်ထဲ ရောက်သည်နှင့် ခန္ဓာကိုယ်မွှေးမွှေးအေးအေးလေးကို အားကုန် သိမ်းကျုံးဖက်ကာ ကျွန်တော့်နှာတံဖြင့် ပါးစပ်တို့က ရေစက်များ တွဲလဲစွာ ရှိနေသည့် အပျိုလေး၏ ပုခုံးသားနုနုနှင့် လည်တိုင် များ၌ ကပ်ညှိနေသည်....။

ကြာတော့ ကျွန်တော့်မှာ ဒီခန္ဓာအေးအေး နူးနူးညံ့ညံ့လေးကို ဒီ့ထက်မက လုပ်ချင်လာသည့် စိတ်ဆန္ဒကလည်း တရိပ်ရိပ်တိုးဝင်လာသည်မို့ ပိုအားပြင်းသော စုပ်ငင်နမ်းရှိုက်မှုနှင့်အတူ အသက်ရှုသံပြင်းပြင်းများ...။

ခဏအကြာမှာတော့ အပျိုလေးက သူ့ပုခုံးပေါ် ကပ်ညှိနေသော ကျွန်တော့်မျက်နှာကို သူ့လက်နှစ်ဖက်လုံးဖြင့် ပင့်မ,ယူလိုက်ပြီး...။

"မောင်... မောင်လားဟင်??"

"အင်း..."

ကျွန်တော့်မှာ ချုပ်တည်းမှုအလုံးစုံ၏ ပြယုဂ်ခပ်ကြိတ်ကြိတ်အသံဖြင့် ဖြေလိုက်လေတော့ အပျိုလေး ရုန်းကန်မှု အလုံးစုံက ရပ်တန့်သွားသည်...။ ထို့နောက် စိုးရိမ်သံသဲ့သဲ့နှင့်အတူ....။

"မောင် ဘာဖြစ်လို့လဲ? အဆင်မပြေလို့လား??"

"မဟုတ်ဘူး... မောင်... နမ်းချင်နေလို့..."

"... ငါ့ကိုလား??"

"အင်း..."

"... အရမ်းကြီး ဖြစ်နေလို့လား??"

"အင်း... အရမ်းကြီး မမေးတော့နဲ့ကွာ...။ ဒီမှာ အဆင်မပြေပါဘူးဆို..."

ထို့နောက် အပျိုလေးထံမှ နောက်ထပ် အသံတို့ ထွက်မလာခင် အပျိုလေး နူတ်ခမ်းလွှာကို စုပ်ငုံထွေးမိလိုက်သည်...။ အပျိုလေးကတော့ ကျွန်တော့် ရင်ဘတ်မှ အကျီ်များကိုသာ ဆုပ်ထားပြီး ကျွန်တော့် ဦးဆောင်မှုကို မလူးသာ မလွန့်သာ...။

ကျွန်တော်လည်း အစောနက ရေချိုးပြီးကာစ မို့ ရေချိုးဆပ်ပြာအနံ့သင်းသင်းလေးနှင့်အတူ စကားစိမ်းရနံ့ ရောထုံပွှမ်းနေသော ခန္ဓာကိုယ်လေးကို ဘာခြားနားမှုမှ မရှိဖက်ထားမိသည်...။ အခုတိုင်းဆိုလျှင် အပျိုလေးကိုယ်ပေါ် အကျီ်တစ်ထည်နှင့်အတူ ပွေ့ဖက်ထားခဲ့သည့် ကျွန်တော့်ရဲ့ ခံစားမှုက အခုလို ဘာအကာအကွယ်မှမရှိ နူးနူးညံ့ညံ့လေး အေးခဲနေသည့် ခန္ဓာကိုယ်အပေါ်၌ ခံစားမှုက အတော်လေး ကောင်းမွန်သည်မို့...။

အပျိုလေးကျောပြင်သို့ မိမိလက်နှစ်ဖက်ဖြင့် ပွေ့ဖက်မှုက တောင့်တ မက်မောမှုအပြည့်၊ ထို့နောက် သွားတိုက်ဆေး ရနံ့လေးသင်းနေသည့် ခံတွင်းထဲသို့ စိတ်ရှိစွာ ကျုးကျော်မှုက ကျွန်တော့်ကို အရိုင်းဆန်စေသည်.....။

ကျွန်တော်တို့ အချိန်အတော်ကြာ နမ်းပြီးသည့်နောက်မှာတော့ ကျွန်တော့်မှာ အပျိုလေးခန္ဓာကိုယ်ကို ပွေ့ဖက်ထားဆဲ ရှိပြီး အပျိုလေး လည်တိုင်ကို စုပ်ငင်နေမိသေးသည်...။

"တောင်းပန်ပါတယ်... အပျိုလေး ခန္ဓာကိုယ်လေး မွှေးမွှေးလေး အခုတော့ မောင့်အနမ်းတွေနဲ့ ညစ်ပတ်ကုန်ပြီလား မသိဘူး..."

"မဟုတ်တာ မောင်ရယ်...။ မောင် အခုလို နမ်းတယ်ဆိုတာကလည်း ငါ့ကို ချစ်လို့၊ မြတ်နိုးလို့ မလား??"

"ဒါပေါ့... ဒါပေါ့...။ မောင် မြတ်နိုးလွန်းလို့...။ တစ်နေ့ထက် တစ်နေ့ ဒီမြတ်နိုးမှုတွေ အစွန်းရောက်လာတိုင်း အပျိုလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်တွေက ပြင်းပြလှတယ်..."

မောင်ကတော့ ကျွန်တော့်လည်တိုင်မှ သူ့မျက်နှာကို ဖယ်ခွာပြီး ငိုသံပါပါနဲ့ပင် ပြောလေတော့ ကျွန်တော့်မှာ မောင့်ကို သနားမိသည်...။ မောင့်ခံစားချက်များက ကျွန်တော်တောင် ဝင်ရောက် ခံစားမိနေတာမျိုးလေ...။

ထို့နောက်မောင်က အစောနက သူ့လုပ်ရပ်ကြောင့် ရှုပ်ထွေးခဲ့သည့် အရာအားလုံးကို ပြန်လည်ပြုပြင်ပေး​နေရင်းမှ....။

"ဘာလို့ အဲ့လောက်ကြီး အသည်းယားဖို့ ကောင်းတာလဲ?? ဘာလို့ အဲ့လောက်ကြီးတောင် မောင့်ကို ဆွဲဆောင်နိုင်ရတာလဲကွာ??"

မောင်က အမှန်တကယ်ကို နစ်မြောနေသည့် အသံဖြင့် ပြောလေတော့ ကျွန်တော်လည်း...။

"... ငါက မောင့်အတွက် အဲ့လိုကြီး တကယ်ဖြစ်စေတာလားဟင်??"

"ဒါပေါ့... မောင့်ကို မယုံလို့လား??"

"မဟုတ်ဘူး... သဘောကျလို့...။ နောက်ပြီး မောင် အဲ့လိုမျိုး စိတ်နှစ်ပြီး ဇွတ်တရွတ် နမ်းတာမျိုးဆို ဘယ်လိုပြောရမလဲ? ရင်တွေ အရမ်းခုန်နေတာ...။ မောင် အစောနက ငါ့နူတ်ခမ်းတွေကို ထပ်ကာ ထပ်ကာ စုပ်ငင်ပြီး နမ်းတုန်းကဆို... ဘယ်လိုပြောရမလဲ?? "

"အင်း... ဆက်ပြောလေ..."

"တကယ်တော့ ငါ့ကို အဲ့လို မပြောနဲ့.... ပါးကိုတောင် အနမ်းခံရဖူးတာ မဟုတ်ဘူး...။ အခုလိုတွေ နမ်းတော့... ငါ... ငါ..."

"တော်ပြီ... ညကျ မောင်နဲ့လာအိပ်...။ သနပ်ခါးလေးပါ လိမ်းခဲ့...။ ချစ်လို့..."

___________________________________________

Take care and safe guys.
Still strong.
With fully thz,love and respects.
Zphoowai:3/9/21:23:23PM:Friday💙

{Zawgyi🌻}

မယားေတာသူ🌿

... ျမတ္နိုးမႈေတြက...
အဆုံးသတ္ရယ္လို႔
မရွိေလဘူး...။

****

မယားေတာသူ🌿

အပ်ိဳေလးက ကြၽန္ေတာ့္အိမ္ေထာင္ဖက္

ကြၽန္ေတာ္တို႔ ယာေတာထဲကေန ေန႕လည္ ၁၂နာရီ တီးမွ အိမ္ကို ျပန္ေရာက္ခဲ့ပါသည္...။ တစ္ျခားေၾကာင့္မဟုတ္... ယာျပင္တစ္ခင္းလုံး တစ္ဝက္က်သည့္အထိ ထြန္ခဲ့တာမို႔...။ အခုေတာ့ ကြၽန္ေတာ့္မွာ အဘႏွင့္အတူ ထြန္ျဖဳတ္ၿပီး ႏြားကို တင္းကုပ္ေအာက္ ခ်ည္ကာ တင္းကုပ္မွ အဖီဆြဲထားသည့္ တစ္ဖက္ရပ္က ကြၽန္ေတာ့္အိပ္ယာဆီသို႔ သြားက ေမွာက္လ်က္ လဲခ်မိသည္...။

မ်က္ႏွာကို ေခါင္းဦးေပၚ၌ အပ္ထားၿပီး ပင္ပန္းမႈဒဏ္ကို အိပ္ေပ်ာ္သည့္ အေနအထားျဖင့္ ေျဖရွင္းဖို႔ ျပင္မိေတာ့သည္...။ အပ်ိဳေလးကိုေတာ့ ကြၽန္ေတာ္ စိတ္မခ်တာနဲ႕ ဆယ္နာရီမတီးခင္ ျပန္လႊတ္လိုက္ရသည္...။ ကြၽန္ေတာ္ကေတာ့ အဘႏွင့္အတူ ယာျပင္ဘက္မွ ျပန္လာရသည္....။ အပ်ိဳေလး ဘယ္မွာ ရွိေနလဲ ေသခ်ာမရွာနိုင္ေတာ့... လူက ခႏၶာကိုယ္ မသယ္ခ်င္သည့္အထိ ျဖစ္ေနၿပီ...။

ကြၽန္ေတာ့္မွာ အေတာ္ေလး ပင္ပန္းႏြမ္းနယ္မႈ ဒဏ္ေၾကာင့္ ထိုအတိုင္းပင္ တျဖည္းျဖည္း အိပ္ခ်င္လာၿပီးသည့္ေနာက္... ကြၽန္ေတာ္ ဘာကိုမွ မသိေတာ့...။

"ဥ,ေရ... ေမာင္ေလးလူေတာ့ ဟိုမွာ မသက္မသာ ျဖစ္ေနတယ္ ထင္တယ္...။ မင္းကိုေတာင္ မေတြ႕နိုင္ေတာ့ဘဲ ခ်က္ခ်င္း အိပ္ရာေပၚ တက္သြားတာ...။ နံနက္ကလည္း ႐ြာျပင္ထဲမွာ မိုးမိထားလို႔ ပင္ပန္းၿပီး ကိုက္ခဲေနတယ္ ထင္တယ္..."

ဥ,ကေတာ့ အိမ္ေပၚ ျပတင္းကေန လွမ္းျမင္ေနရသည့္ တင္းကုပ္တစ္ဖက္စြန္းမွ သူ႕လူကို ၾကည့္ၿပီး စိတ္မေကာင္းသလိုနဲ႕ပင္...။

"ဟုတ္တယ္ မမ... ဥ,က သူဖ်ားမွာ ေၾကာက္ေနတာ...။ သူက ဟိုမွာ တကယ္ကို ေ႐ႊေပၚ ျမတင္...။ အခု ဒီေရာက္မွ သူ႕မွာ အကုန္ဒုကၡခံေနရတာ...။ သားေတာ့ သူ႕ကို သနားလာၿပီ... ။ အဘကိုလည္း မေျပာရဲဘူး..."

"ကဲပါ... အဲ့ဒီဘက္ ခဏသြားလိုက္ေလ...။ ေမႀကီးပဲ ရွိတယ္...။ အဘ မရွိဘူး.... ႐ြာလယ္က ေဒၚေထြးတင္ တို႔အိမ္ မ်ိဳးေစ့ သြားၾကည့္တယ္..."

"ျဖစ္ပါ့မလား မမရယ္...။ အဘေရာက္လာရင္ သူ အိပ္ေနတာကို နိူးၿပီး ဇြတ္အတင္း ခိုင္းေနပါဦးမယ္..."

"ကဲပါ ခိုးသြားပါတယ္ဆိုမွ မသိေအာင္ လုပ္တာ...။ အခု မိုးက တေျဖာက္ေျဖာက္နဲ႕ ေနမေကာင္းျဖစ္ေနမယ္...။ ေဆးႀကိဳၿပီး တိုက္ဖို႔ ယူသြားဦး..."

"ဟုတ္ မမ...။ ဒါဆို သား ခဏ သြားလိုက္မယ္ေနာ္...။ အဘ အေျခအေန ၾကည့္ထားေပးေနာ္.."

"ကဲပါ... မမ တာဝန္ထား...။ ေမာင္ေလးသာ ဋီကာ့ဆီ သြားလိုက္ေနာ္..."

ထို႔ေနာက္ ဥ,က လိုအပ္သည့္ ေသာက္ေဆး၊ လိမ္းေဆးတစ္ခ်ိဳ႕ကို အိမ္ေပၚမွ ယူၿပီး တင္းကုပ္အဖီရပ္ဆီသို႔ ခပ္သြက္သြက္ သြားေနသည္...။ ကြၽန္မလည္း အဘ အေျခအေနကို မသိမသာ အကဲခတ္ေနရင္းမွ ေမာင္ ျဖစ္သူတို႔ အတြဲကိုလည္း စိတ္ဝင္စားလွသည္မို႔... အနည္းငယ္ ရွင္းလင္းစြာ ျမင္နိုင္သည့္ ေနရာကြက္ကြင္း ၾကည့္ၿပီး အေျခအေနကို သုံးသပ္ေနမိသည္....။

ေဟာက္သံတစ္ခ်ိဳ႕နဲ႕ပင္ ေမာင္ကေတာ့ ဝမ္းလ်ားထိုး ေမွာက္ထားၿပီး ဘာဆို ဘာမွ သတိထားပုံ မရွိေတာ့...။ အေတာ္ေလးကို အိပ္ေမာက်ေနၿပီး အရာအားလုံးကို ေမ့ေပ်ာက္ေနသည့္ ဟန္ျဖင့္...။

ကြၽန္ေတာ္လည္း ပထမဆုံး ေမာင့္၏ နဖူးျပင္ကို စမ္းၾကည့္လိုက္မိသည္...။ ေတာ္ေသးသည္... ကိုယ္ပူတာမ်ိဳး မရွိသလို၊ ေအးစက္ၿပီးလည္း မေန... သာမန္အတိုင္းကိုယ္ပူရွိန္ ရွိသည္မို႔ စိတ္ေအးခ်မ္းသာမႈ ရသည္...။ ထို႔ေနာက္ ေမာင့္လက္ေတြကို ၾကည့္မိေတာ့ အနာကပ္ ပလာစတာ မေရာက္သည့္ ေနရာမ်ားမွ အနည္းငယ္ ႂကြလန္ေနေသာ အသားအရည္ခြံမ်ား....။

အခုဆို ေမာင့္လက္ရွည္ရွည္သြယ္သြယ္တို႔၌ ျခစ္ရာမ်ားႏွင့္အတူ အေပါက္အၿပဲေတြခ်ည္း... ေနာက္ၿပီး ေသခ်ာေလး မရွင္းလင္း သန့္ရွင္းေရး မလုပ္ခဲ့ရလို႔ ထင္သည္ ယာျပင္ထက္မွ ေျမနီမ်ားက ေမာင့္လက္ေရစာ၊ လကၡဏာေပၚ၌ ကပ္ၿငိေနသည္....။ ကြၽန္ေတာ္လည္း ထိုေနရာမ်ားကို အနည္းငယ္ ၾကည့္ရႈ စစ္ေဆးေနရင္းမွ ေမာင့္ဒဏ္ရာမ်ားကို ေဆးထည့္ေပးေနေတာ့ ခ်က္ခ်င္းဆိုသလို လႈပ္ရွားလာေသာ ေမာင့္အျပဳအမူေၾကာင့္ ကြၽန္ေတာ္ လန့္သြားသည္....။

အနာမွ ေဆးထည့္တာ စပ္ေလာက္သည့္ အေနအထားေၾကာင့္ ေဆးတစ္ခါထည့္ၿပီးတိုင္း ပါးစပ္မွ ေလေအးေအးျဖင့္ မႈတ္ကာ ေမာင့္မ်က္ႏွာကိုလည္း မမွိတ္မသုန္ ခဏ ခဏ ၾကည့္ေနမိသည္....။ ထို႔ေနာက္ ေမာင့္လက္မွ ဒဏ္ရာမ်ားကို အကုန္စစ္ေဆးၿပီး ေနာက္မွာေတာ့ ေမာင့္ေျခေထာက္ႏွစ္ဖက္လုံး စစ္ေဆးဖို႔ ရွိေသးသည္.... ခ်က္ခ်င္းဆိုသလို ခႏၶာကိုယ္တစ္ခုလုံးက ေနာက္သို႔ အတင္းဆြဲခ်ခံလိုက္ရၿပီး က်ေရာက္သြားသည့္ ေနရာက လက္ေမာင္းတစ္ခုေပၚ ျဖစ္ေနသည္....။

ကြၽန္ေတာ္လည္း ေမာင္မ်ား နိုးေနမလား တိတ္တဆိတ္ မ်က္ႏွာေလးကို ေမာ္ၾကည့္မိေတာ့ အိပ္ခ်င္မူးတူး မ်က္လုံးမ်ားျဖင့္ ေမာင္က ကြၽန္ေတာ့္ကို ၿပဳံးျပေနသည္...။

"Sorryကြာ... ေမာင္ ပင္ပန္းလြန္းလို႔... အပ်ိဳေလးကို လာၿပီး မႏူတ္ဆက္နိုင္ဘူး...။ ေနာက္တစ္ခါ မေမ့ေတာ့ဘူးေနာ္...။ စိတ္မဆိုးနဲ႕ေနာ္..."

"အာ... မဟုတ္တာ ေမာင္ရယ္...။ တကယ္ဆို ေမာင္က ဒီေန႕ အမ်ားႀကီး ပင္ပန္းေနတာေလ...။ ေမာင္ တကူးတက ႏူတ္မဆက္ရင္ေတာင္ ငါ နားလည္ပါတယ္...။ အဘ ကေလ တစ္ခ်ိဳ႕​ေနရာေတြဆို ေကာင္းကို မေကာင္းဘူး..."

"ေဟာ... ကိုယ့္အဘကို အျပစ္တင္ေနတာလား?? ဟိုက ၾကားရင္ အပ်ိဳေလးကို ရိုက္ေနပါဦးမယ္...။ ေအး အရင္တစ္ခါကေတာ့ ေမာင္ မသိလိုက္လို႔... ။ အခုတစ္ခါေတာ့ မရေတာ့ဘူးေနာ္... အပ်ိဳေလးကို လက္ဖ်ားနဲ႕ေတာင္ ထိလို႔ မရေတာ့ဘူး..."

"ေမာင္က အဘကို မေၾကာက္ဘူးလား??"

"no ဂ႐ုကို မစိုက္တာ..."

"ဒါနဲ႕ေမာင့္မိဘေတြက ႐ြာကို ခဏ လာမယ္တဲ့... မမကို ဖုန္းဆက္တယ္...။ အိမ္ကို မေျပာခဲ့ဘူးလားဟင္? ေနာက္ၿပီး အိမ္က ေခၚမယ္ဆို လိုက္သာသြား...။ ငါက ေမာင္ အခုလို ခံစားေနရမွာႀကီး မႀကိဳက္ပါဘူး..."

"ဟင့္အင္း... ေမာင္ လိုက္သြားမွာ မဟုတ္ဘူး...။ ေမာင္ လိုက္သြားရင္ ေမာင္က ေယာက်ာ္းကတိမတည္တဲ့ သူရဲေဘာ ေၾကာင္တဲ့အေကာင္ ျဖစ္သြားမွာေပါ့...။ အပ်ိဳေလး အသိုင္းအဝိုင္း၊ အပ်ိဳေလး အဘဆီမွာ ေမာင္က အပ်ိဳ​ေလး အားကိုးနိုင္ေလာက္တဲ့ ေယာက်ာ္းတစ္ေယာက္ဆိုတာ ျပခ်င္တယ္..."

"ဒီအတိုင္းလဲ ငါ နားလည္ပါတယ္ ေမာင္ရယ္..."

"နားလည္လို႔ မရဘူး...။ေမာင္က ခင္ဗ်ားလူ... ေမာင့္စကား ေသခ်ာနားေထာင္...။ ေမာင္က အပ်ိဳေလးအတြက္ အားကိုးနိုင္ေလာက္တဲ့ ေယာက်ာ္းတစ္ေယာက္ ျဖစ္ခ်င္တာ...။ ေနာက္ၿပီး ေမာင္တို႔ ၿပီး_"

"အာ... ဘာၿပီးတာလဲ?? မေျပာ... မေျပာေတာ့နဲ႕...။"

"မဟုတ္ဘူးလို႔... ေမာင္ေျပာတာက..."

"အဲ့လိုေတြ ဆက္ေျပာေနရင္း ေမာင့္ဆီ ဘယ္ေတာ့မွ မလာေတာ့ဘူး..."

"မဟုတ္ဘူးေလကြာ... ဒါက ရွက္စရာမွ မဟုတ္တာ...။ အပ်ိဳေလးနဲ႕ ေမာင္နဲ႕ဆိုတာ အိမ္ေထာင္ဖက္ ပတ္သတ္မႈမ်ိဳးေလ..."

"အင္း... သိေတာ့ သိေပမယ့္ ငါ ရွက္လို႔ မေျပာေတာ့နဲ႕ေနာ္..."

အပ်ိဳေလးက အမွန္တကယ္ပင္ စိတ္အဆင္မေျပ အရမ္းရွက္ေနသည့္ ပုံစံႏွင့္ ေျပာေလေတာ့ ကြၽန္ေတာ့္မွာ ခ်က္ခ်င္းဆိုသလို ေျပာလက္စ စကားကို ရပ္တန့္မိပါသည္...။

တကယ္ေတာ့ ကြၽန္ေတာ္ ခံယူထားတဲ့ Relationship တစ္ခုမွာ 'ခ်စ္တာေတြ၊ ျမတ္နိုးတာေတြ၊ အဆုံးရႈံး မခံနိုင္တာေတြ၊' ေျပာတာေတြထက္ သူ႕ဆႏၵကို အေသးအဖြားေလးက ဂ႐ုစိုက္တာမ်ိဳး၊ အမွန္တကယ္ သူ႕ကို ေျပာဖို႔ မလိုအပ္ရင္ ခဏေလာက္ သူ႕အ​ေျခအေနၾကည့္ၿပီး ေနမိတာမ်ိဳး...။

အခုလည္း အပ်ိဳေလးက အမွန္တကယ္ ရွက္ေနသည့္ အသြင္ေၾကာင့္ ကြၽန္ေတာ္ ဇြတ္အတင္း မေျပာလိုေတာ့ပါ...။ ဒီပုံရိပ္ေလးက အခုဆို ကြၽန္ေတာ္ႏွင့္အတူ ရွိေနသည္မို႔ စကၠန့္ပိုင္းေလာက္ဆိုရင္ေတာင္ ေဝးဖို႔ မရဲေလာက္သည္မို႔....။

အေမာေျပ....။

ညေန ၄နာရီ... ။

ဒီေန႕အတြက္ ကြၽန္ေတာ္ တေရးမွ မအိပ္လိုက္မိပါ...။ညေန ၃နာရီတီးေလာက္မွာ အပ်ိဳေလးက အိမ္ေပၚသို႔ ျပန္သြားၿပီး ကြၽန္ေတာ္က ႏြားစားစဥ္းဖို႔ ထ,လာရသည္...။ က်န္တာေၾကာင့္ မဟုတ္... အဘကိုယ္တိုင္ ႏြားစားစဥ္းဖို႔ ဖိတ္ၾကားခဲ့သည္မို႔....။

ႏွံစားႏွင့္ ေျပာင္းဖူး ႏြားစာထုံးေဘးနား ရွိေနၿပီး အဘကိုယ္တိုင္ စဥ္းျပေနသည့္ ႏြားစာစဥ္း ပညာရပ္ကို သင္ယူေနမိသည္...။အပ်ိဳေလးကေတာ့ အိမ္ေနာက္ဘက္မွ စိုက္ခင္းဘက္ ေျပးလိုက္၊ မီးဖိုေခ်ာင္ထဲ ဝင္လိုက္နဲ႕ပင္ ကြၽန္ေတာ္လည္း သူ႕ကို လိုက္ၾကည့္ရတာ ေမာေနၿပီ...။

မိုးေအးတာကိုပင္ အခုထက္ထိ ေရမခ်ိဳးေသးဘဲ ညနက္မွ ခ်ိဳးမယ့္အေရးကိုလည္း ေတြးမိၿပီး စိတ္ပူေနမိသည္။ အခုခ်ိန္ ကြၽန္ေတာ္က အပ်ိဳေလးကို ေသခ်ာဂ႐ုစိုက္ခြင့္ မရေသာ အေနအထားမို႔...။

"ကဲ... စဥ္းတတ္ၿပီလား?? အခု ႏြားစားေတာင္းကို သယ္ၿပီး ႏြားစားေခါင္းထဲ အရင္ထည့္လိုက္ေတာ့...။ မင္း ေနာက္တစ္ေတာင္း စဥ္းတာကို ၾကည့္မယ္..."

ကြၽန္ေတာ္လည္း အဘထံမွ စကားၾကားသည္ႏွင့္ ႏြားစာေတာင္းအျပည့္ စဥ္းထားေသာ ႏြားစာမ်ားကို ႏြားနီတစ္ရွဥ္း ရွိ​ေနသည့္ ႏြားစာေခါင္းထဲသို႔ ထည့္ၿပီး ေမႊႏွောက္လိုက္မိသည္...။ ထို႔ေနာက္ အဘက ကြၽန္ေတာ့္ေနာက္မွ ဘယ္လို ေရာက္လာလဲ မသိေတာ့....။

"ေၾသာ္... ေအး မင္းကို ႏြားေကြၽးတာ၊ ႏြားေခ်းက်ဳံးတာ သင္ရဦးမယ္..."

"ႏြားေခ်းက်ဳံးတာက ပညာရပ္ ျဖစ္ေနလို႔လား အဘ...?"

ကြၽန္ေတာ္က စိတ္နည္းနည္းေပါက္လာသည္မို႔ ေမးလိုက္ေတာ့ အဘက ခ်က္ခ်င္းဆိုသလို ကြၽန္ေတာ့္ကို ၾကည့္လာသည္...။

"လိုတာေပါ့... အကုန္လုံးက ပညာရပ္ေတြပဲ...။ႏြားေကြၽးတာ ဆိုရင္လည္း ႏြားစာအ​ေျခာက္ဆို ဖြဲႏု၊ ဖြဲစကြဲျဖဴးၿပီး ေကြၽးရတယ္...။ ေရနည္းနည္း စိမ္ၿပီး ေကြၽးရင္ ကိစၥမရွိဘူး...။ ေရမပါဘဲ ဒီအတိုင္း အေျခာက္တိုက္ ေကြၽးရင္ ႏြားေတြကို ေရတိုက္ရေသးတယ္...။ ေနာက္ၿပီး ႏြားေခ်းက မက်ဳံးတတ္ရင္ ႏြားခြာစာဖက္ေတြ က်န္ၿပီး မင္းေနတဲ့ တင္းကုပ္က ညစ္ပတ္​ေနမွာစိုးလို႔ ေျပာတာ..."

"ဟုတ္ကဲ့ အဘ..."

ကြၽန္ေတာ္လည္း အဘႏွင့္ၿပိဳင္ၿပီး မျဖစ္ခ်င္သည္မို႔ သူလုပ္ျပသမွ်ကို အကုန္လုံး လိုက္ၾကည့္ကာ ေသခ်ာတတ္ေျမာက္ေအာင္သာ သင္ယူေနမိသည္...။ အဲ့လို မသင္လို႔မရ... ဒီအဘက အစကတည္းက ကြၽန္ေတာ့္ကို သိပ္ၾကည္တာ မဟုတ္...။ ဟို စံဦးထိုက္ဆိုတဲ့ ႏြားျပာႀကီး ေအာက္သြားမရွိနဲ႕ ေပးစါးခ်င္ေနတာ....။ ေတာ္ၾကာ ကိုယ့္အျပစ္ေတြကို ရွာၿပီး မေခ်ရာေၾကာင္း အပ်ိဳေလးေရွ႕ ေျပာေနရင္ အလကား အပ်ိဳေလး မ်က္ႏွာငယ္ေနရဦးမည္....။

ထို႔ေနာက္ ကြၽန္ေတာ္က လ်င္ျမန္စြာ သင္ယူၿပီးသည္ေနာက္ ျမန္ျမန္ဆန္ဆန္ပင္ အလုပ္ကို လုပ္ေနမိသည္...။ ဟိုေန႕က အိမ္က ယူလာကတည္းက စိတ္ပိတ္ထားသည့္ ဖုန္းကိုလည္း အပ်ိဳေလးဆီ ေပးၿပီး အားသြင္းခိုင္းထားမိသည္...။

ကြၽန္ေတာ့္မွာ အလုပ္ လုပ္ေနရင္းပင္ အပ်ိဳေလးကို လိုက္ၿပီး ၾကည့္ေနရတာမ်ိဳးကလည္း မလြယ္လွ...။ အပ်ိဳေလးပုံကို ၾကည့္ရတာလည္း ကြၽန္ေတာ့္ကို အေမာေျပ ၿပဳံးျပဖို႔ေတာင္ မအားဘူး ထင္သည္...။ ကြၽန္ေတာ္လည္း မိန္းကေလးျဖစ္ၿပီး မီးဖိုေခ်ာင္နဲ႕ မအပ္စပ္သည့္ အဘမိန္းမ အေဒၚႏွင့္အတူ မမေ႐ႊ႐ုပ္ပ်ိဳကို စိတ္ထဲကပင္ ေျပာေနမိသည္...။

ထို႔ေနာက္ အပ်ိဳေလးကို ခဏ ရပ္ၾကည့္ၿပီး ဘယ္ရယ္မဟုတ္ အပ်ိဳေလး ထိုင္​ေနတတ္သည့္ အိမ္ေပၚ ျပတင္းကို ၾကည့္မိေတာ့ ကြၽန္ေတာ္တို႔ဘက္ကို ေမးေထာက္ၾကည့္ေနေသာ မမေ႐ႊ႐ုပ္ပ်ိဳကို ေတြ႕စဥ္မွာေတာ့ ကြၽန္ေတာ္ ခတၱမွ် လန့္သြားသည္...။ အေစာနကမွ အေတြးထဲ သူ႕ကို အျပစ္တင္ထားသည္ မလား??

တလွပ္လွပ္ ခုန္ေနေသာ ၾကည္ႏူးမႈေတြ...

ည ၇နာရီ....။

ထုံးစံအတိုင္း ေနရာတကာ တိက်မွန္ကန္ အဘ၏ လက္ေအာက္၌ အပ်ိဳေလးတို႔ မိသားစုက ည ၇နာရီဆိုတာနဲ႕ ထမင္းဝိုင္းကို ေရာက္ေနရသည္...။ အခုလည္း ကြၽန္ေတာ္က ညေနတုန္းက အပ်ိဳေလးဆီမွ ဖုန္းကို ယူၿပီး တင္းကုပ္အဖီရပ္၌ အိပ္ရာေပၚလွဲကာ ဖုန္းၾကည့္ေနမိသည္...။

တကယ္ေတာ့ အဘက အပ်ိဳေလးကို အေတာ္ေလး တြန့္တိုေနသလို၊ ႏွေျမာလည္း ႏွေျမာသည္ ထင္သည္...။ ညေနက ကြၽန္ေတာ္ အလုပ္အကုန္ ၿပီးသြားသည္ႏွင့္ ေရကန္​ေနရာကို သူကိုယ္တိုင္ လိုက္ပို႔ၿပီး ေရခ်ိဳးခိုင္းသည္...။ကြၽန္ေတာ့္မွာေတာ့ အပ်ိဳေလးႏွင့္ေတြ႕ဖို႔ ဂြင္ဖန္ေနတုန္း ရွိေသးသည္... အဘဆိုတာက အၿမဲတမ္း အကြက္ေစ့ ျမင္တတ္လြန္းသည္...။

ေနရာတကာ လိုက္ၿပီး အကြက္ေစ့ ပါတတ္လြန္းသည့္ အဘက အိမ္ေထာင္ဦးစီးလား? အိမ္ေထာင္ရွင္မလား မသဲကြဲေတာ့...။ အေဒၚေတာင္ အဲ့ဒီေလာက္ ကြၽန္ေတာ့္ကို ဝင္မေျပာတာမို႔...။ ၾကာေတာ့ ေနရာတကာ ဗ်စ္ေတာက္ ဗ်စ္ေတာက္ ပါလြန္းသည့္ အဘကို ေယာက်ာ္းတစ္ေယာက္လိုပင္ မျမင္မိေတာ့....။ အၿမဲတမ္း တည္တည္ၾကည္ၾကည္ႏွင့္ ကတိတစ္လုံးအတိုင္း ေအးေဆးစြာ ရွိေနသည့္ အပ်ိဳေလးက သူ႕သားဟုတ္ပါရဲ႕လားေတာင္ သံသယ ဝင္မိသည္....။

ကြၽန္ေတာ္လည္း ဘာရယ္မဟုတ္ အပ်ိဳေလးရွိေနသည့္ အိမ္ဘက္ကို ၾကည့္မိေတာ့ အပ်ိဳေလးက ေလွကားမွ ဆင္းလာသည္မို႔ ကြၽန္ေတာ္လည္း အခြင့္အေရးကို လက္လြတ္မခံဘဲ ခ်က္ခ်င္းဆိုသလို ၾကည့္လက္စ ဖုန္းကို ပိတ္ကာ အပ်ိဳေလးေနာက္သို႔ တိတ္တဆိတ္လိုက္ပါမိေတာ့သည္....။

အပ်ိဳေလးကေတာ့ အခုမွ ေသခ်ာၾကည့္မိသည္... အပ်ိဳေလး ခႏၶာကိုယ္ အေပၚပိုင္း၌ မည္သည့္အဝတ္အစားမွ မရွိဘဲ ပုဆိုး တထည္ကိုသာ ပုခုံးေပၚ တင္ထားသည္...။ လက္ထဲမွ အက်ီ္ေလးကို ယူၿပီး ေရကန္ဆီသို႔...။

ကြၽန္ေတာ္လည္း အပ်ိဳေလးေနာက္မွ ထပ္ၾကပ္မကြာ လိုက္ပါေနမိရင္းမွ အပ်ိဳေလးက ကြၽန္ေတာ္ရွိလွ်င္ ေရေျဖာင့္ေျဖာင့္ မခ်ိဳးနိုင္မွာ စိုးတာေၾကာင့္ပင္ တိတ္တဆိတ္ေနဖို႔ပဲ စိတ္ကူးမိသည္...။ အပ်ိဳေလးတို႔ အိမ္ဝိုင္းထဲက ေရကန္က အေတာ္ေလးကို ႀကီးၿပီး အုတ္ကန္က အႀကီးအငယ္ ႏွစ္ခုခြဲထားသည္။ အုတ္ကန္အႀကီးထဲ၌ အၿမဲတမ္း ေရအျပည့္ ျဖည့္ထားတတ္ၿပီး သူ႕ေအာက္မွ အုတ္ကန္ငယ္ေလးျဖင့္ တြဲထားသည္...။

ထိုအုတ္ကန္ငယ္ေလးကို အုတ္ကန္အႀကီးထဲမွ ေရကို ဗိုက္ျဖင့္သြယ္ကာ ေရျဖည့္သည့္ ေရပိုက္ေခါင္းျဖင့္....။ ေနာက္ၿပီး ေဘးမွ အကာအရံမ်ားကလည္း အေတာ္ေလး လုံသည္...။ အေပၚက သြပ္အမိုးက ေခါင္ခ်ဳပ္ထားသည္မို႔.... ေရခ်ိဳးတာကို လမ္းဘက္မွ ၾကည့္မယ္ဆိုရင္ေတာင္ မျမင္နိုင္ေတာ့....။

ကြၽန္ေတာ္လည္း ေမွာင္ရိပ္တစ္ေနရာ၌ ရပ္ၿပီး ေရခ်ိဳးခန္းထဲမွ အပ်ိဳေလး ပုံစံကို အစအဆုံး ေငးမိေတာ့သည္။ အပ်ိဳေလးက ေရခ်ိဳးခန္ထဲ ေရာက္သည္ႏွင့္ ပုခုံးေပၚမွ ေရလဲပုဆိုးကို ေရခ်ိဳးခန္းမွ အဝတ္တန္းေပၚ တင္သည္...။

ထို႔ေနာက္ အေပၚပိုင္း ဗလာက်င္းက်င္း ခႏၶာကိုယ္က ေရခ်ိဳးခန္းမီးေရာင္ေအာက္၌ အေတာ္ေလးကို ဝင္းမည့္စြာ ရွိေနသည္....။ သု႔အဝတ္အစားမ်ားႏွင့္အတူ ညေနက အဝတ္တန္းေပၚ တင္ထားေသာ ကြၽန္ေတာ့္အဝတ္အစားမ်ားကိုပါ ပုံးတစ္ခုထဲ၌ စိမ္လိုက္ၿပီး သြားတိုက္၊ မ်က္ႏွာသစ္ လုပ္ေနေတာ့သည္...။ ထို႔ေနာက္ အဝတ္အစားမ်ားကို ေလွ်ာ္ဖြပ္ၿပီး အေသအခ်ာေလး ေရစစ္ကာ ေရစ,ခ်ိဳးေတာ့သည္....။

တကယ္ေတာ့ တစ္စုံတစ္ေယာက္ ေရခ်ိဳးတာကို မသိဘဲ ေခ်ာင္းၾကည့္တာမ်ိဳးက ေလာကနီတိက်မ္းမ်ားအရ အနည္းငယ္ အဆင္မသင့္နိုင္ေသာ အေနအထားေပမယ့္ အပ်ိဳေလးက ကြၽန္ေတာ့္လူ၊ ေနာက္ၿပီး အပ်ိဳေလးကိုယ္တိုင္ကလည္း ကြၽန္ေတာ့္ကို ခ်စ္ခင္ႏွစ္သက္ၿပီးသာမို႔... ထိုကာမပိုင္ဆိုေသာ ကိစၥရပ္ကို ကြၽန္ေတာ္ ရဲရဲ စိတ္ထဲမွာ စြဲေနၿပီး ဘာမွမစဥ္းစားမိဘဲ မ်က္စိေရွ႕က နယ္၏ အလွဂုဏ္ေဆာင္ အပ်ိဳေလး ထံ၌ပင္ အၾကည္တို႔အားလုံး ရပ္တန့္ေစသည္....။

ထို႔ေနာက္ အပ်ိဳေလးက ေရခ်ိဳးခန္းထဲက ႐ုတ္တရက္ ထြက္လာၿပီး ေလွ်ာ္ဖြပ္ထားေသာ အဝတ္မ်ားကိုပါ ကိုင္လာသည္မို႔ ကြၽန္ေတာ္လည္း အဝတ္လွန္းသည့္ဘက္ကို အသာေလး ေလွ်ာက္ကာ ေနရာယူမိသည္....။

ထို႔ေနာက္ အပ်ိဳေလးက ထင္သည့္အတိုင္းပင္ အျပင္ဘက္မွ အဝတ္လွန္းတန္းေပၚ၌ အဝတ္အစားမ်ားကို လွန္းၿပီး အိမ္ေပၚသို႔ ျပန္်က္သြားမည့္ အသြင္ေၾကာင့္ အပ်ိဳေလးလက္တစ္ဖက္ကို ဆြဲထားၿပီး အိမ္ဝိုင္းအတြင္းထဲက ေမွာင္ရိပ္သို႔ ဆြဲေခၚမိသည္...။

အပ်ိဳေလးကေတာ့ ႐ုတ္တရက္မို႔ လန့္သြားၿပီး သူ႕လက္ေမာင္းကို ဆြဲထားေသာ ကြၽန္ေတာ့္လက္ကိုပါ ဖယ္ခ်ဖိဳ႕ ႀကိဳးစားၿပီး...။

"ဘယ္... ဘယ္သူလဲ???"

ကြၽန္ေတာ္လည္း အပ်ိဳေလး အေမးစကားကို မေျဖဘဲ ေမွာင္ရိပ္ထဲ ေရာက္သည္ႏွင့္ ခႏၶာကိုယ္ေမႊးေမႊးေအးေအးေလးကို အားကုန္ သိမ္းက်ဳံးဖက္ကာ ကြၽန္ေတာ့္ႏွာတံျဖင့္ ပါးစပ္တို႔က ေရစက္မ်ား တြဲလဲစြာ ရွိေနသည့္ အပ်ိဳေလး၏ ပုခုံးသားႏုႏုႏွင့္ လည္တိုင္ မ်ား၌ ကပ္ညွိေနသည္....။

ၾကာေတာ့ ကြၽန္ေတာ့္မွာ ဒီခႏၶာေအးေအး ႏူးႏူးညံ့ညံ့ေလးကို ဒီ့ထက္မက လုပ္ခ်င္လာသည့္ စိတ္ဆႏၵကလည္း တရိပ္ရိပ္တိုးဝင္လာသည္မို႔ ပိုအားျပင္းေသာ စုပ္ငင္နမ္းရွိုက္မႈႏွင့္အတူ အသက္ရႈသံျပင္းျပင္းမ်ား...။

ခဏအၾကာမွာေတာ့ အပ်ိဳေလးက သူ႕ပုခုံးေပၚ ကပ္ညွိေနေသာ ကြၽန္ေတာ့္မ်က္ႏွာကို သူ႕လက္ႏွစ္ဖက္လုံးျဖင့္ ပင့္မ,ယူလိုက္ၿပီး...။

"ေမာင္... ေမာင္လားဟင္??"

"အင္း..."

ကြၽန္ေတာ့္မွာ ခ်ဳပ္တည္းမႈအလုံးစုံ၏ ျပယုဂ္ခပ္ႀကိတ္ႀကိတ္အသံျဖင့္ ေျဖလိုက္ေလေတာ့ အပ်ိဳေလး ႐ုန္းကန္မႈ အလုံးစုံက ရပ္တန့္သြားသည္...။ ထို႔ေနာက္ စိုးရိမ္သံသဲ့သဲ့ႏွင့္အတူ....။

"ေမာင္ ဘာျဖစ္လို႔လဲ? အဆင္မေျပလို႔လား??"

"မဟုတ္ဘူး... ေမာင္... နမ္းခ်င္ေနလို႔..."

"... ငါ့ကိုလား??"

"အင္း..."

"... အရမ္းႀကီး ျဖစ္ေနလို႔လား??"

"အင္း... အရမ္းႀကီး မေမးေတာ့နဲ႕ကြာ...။ ဒီမွာ အဆင္မေျပပါဘူးဆို..."

ထို႔ေနာက္ အပ်ိဳေလးထံမွ ေနာက္ထပ္ အသံတို႔ ထြက္မလာခင္ အပ်ိဳေလး ႏူတ္ခမ္းလႊာကို စုပ္ငုံေထြးမိလိုက္သည္...။ အပ်ိဳေလးကေတာ့ ကြၽန္ေတာ့္ ရင္ဘတ္မွ အက်ီ္မ်ားကိုသာ ဆုပ္ထားၿပီး ကြၽန္ေတာ့္ ဦးေဆာင္မႈကို မလူးသာ မလြန့္သာ...။

ကြၽန္ေတာ္လည္း အေစာနက ေရခ်ိဳးၿပီးကာစ မို႔ ေရခ်ိဳးဆပ္ျပာအနံ႕သင္းသင္းေလးႏွင့္အတူ စကားစိမ္းရနံ႕ ေရာထုံပႊမ္းေနေသာ ခႏၶာကိုယ္ေလးကို ဘာျခားနားမႈမွ မရွိဖက္ထားမိသည္...။ အခုတိုင္းဆိုလွ်င္ အပ်ိဳေလးကိုယ္ေပၚ အက်ီ္တစ္ထည္ႏွင့္အတူ ေပြ႕ဖက္ထားခဲ့သည့္ ကြၽန္ေတာ့္ရဲ႕ ခံစားမႈက အခုလို ဘာအကာအကြယ္မွမရွိ ႏူးႏူးညံ့ညံ့ေလး ေအးခဲေနသည့္ ခႏၶာကိုယ္အေပၚ၌ ခံစားမႈက အေတာ္ေလး ေကာင္းမြန္သည္မို႔...။

အပ်ိဳေလးေက်ာျပင္သို႔ မိမိလက္ႏွစ္ဖက္ျဖင့္ ေပြ႕ဖက္မႈက ေတာင့္တ မက္ေမာမႈအျပည့္၊ ထို႔ေနာက္ သြားတိုက္ေဆး ရနံ႕ေလးသင္းေနသည့္ ခံတြင္းထဲသို႔ စိတ္ရွိစြာ က်ဳးေက်ာ္မႈက ကြၽန္ေတာ့္ကို အရိုင္းဆန္ေစသည္.....။

ကြၽန္ေတာ္တို႔ အခ်ိန္အေတာ္ၾကာ နမ္းၿပီးသည့္ေနာက္မွာေတာ့ ကြၽန္ေတာ့္မွာ အပ်ိဳေလးခႏၶာကိုယ္ကို ေပြ႕ဖက္ထားဆဲ ရွိၿပီး အပ်ိဳေလး လည္တိုင္ကို စုပ္ငင္ေနမိေသးသည္...။

"ေတာင္းပန္ပါတယ္... အပ်ိဳေလး ခႏၶာကိုယ္ေလး ေမႊးေမႊးေလး အခုေတာ့ ေမာင့္အနမ္းေတြနဲ႕ ညစ္ပတ္ကုန္ၿပီလား မသိဘူး..."

"မဟုတ္တာ ေမာင္ရယ္...။ ေမာင္ အခုလို နမ္းတယ္ဆိုတာကလည္း ငါ့ကို ခ်စ္လို႔၊ ျမတ္နိုးလို႔ မလား??"

"ဒါေပါ့... ဒါေပါ့...။ ေမာင္ ျမတ္နိုးလြန္းလို႔...။ တစ္ေန႕ထက္ တစ္ေန႕ ဒီျမတ္နိုးမႈေတြ အစြန္းေရာက္လာတိုင္း အပ်ိဳေလးကို ပိုင္ဆိုင္ခ်င္တဲ့ စိတ္ေတြက ျပင္းျပလွတယ္..."

ေမာင္ကေတာ့ ကြၽန္ေတာ့္လည္တိုင္မွ သူ႕မ်က္ႏွာကို ဖယ္ခြာၿပီး ငိုသံပါပါနဲ႕ပင္ ေျပာေလေတာ့ ကြၽန္ေတာ့္မွာ ေမာင့္ကို သနားမိသည္...။ ေမာင့္ခံစားခ်က္မ်ားက ကြၽန္ေတာ္ေတာင္ ဝင္ေရာက္ ခံစားမိေနတာမ်ိဳးေလ...။

ထို႔ေနာက္ေမာင္က အေစာနက သူ႕လုပ္ရပ္ေၾကာင့္ ရႈပ္ေထြးခဲ့သည့္ အရာအားလုံးကို ျပန္လည္ျပဳျပင္ေပး​ေနရင္းမွ....။

"ဘာလို႔ အဲ့ေလာက္ႀကီး အသည္းယားဖို႔ ေကာင္းတာလဲ?? ဘာလို႔ အဲ့ေလာက္ႀကီးေတာင္ ေမာင့္ကို ဆြဲေဆာင္နိုင္ရတာလဲကြာ??"

ေမာင္က အမွန္တကယ္ကို နစ္ေျမာေနသည့္ အသံျဖင့္ ေျပာေလေတာ့ ကြၽန္ေတာ္လည္း...။

"... ငါက ေမာင့္အတြက္ အဲ့လိုႀကီး တကယ္ျဖစ္ေစတာလားဟင္??"

"ဒါေပါ့... ေမာင့္ကို မယုံလို႔လား??"

"မဟုတ္ဘူး... သေဘာက်လိဳ႕...။ ေနာက္ၿပီး ေမာင္ အဲ့လိုမ်ိဳး စိတ္ႏွစ္ၿပီး ဇြတ္တ႐ြတ္ နမ္းတာမ်ိဳးဆို ဘယ္လိုေျပာရမလဲ? ရင္ေတြ အရမ္းခုန္ေနတာ...။ ေမာင္ အေစာနက ငါ့ႏူတ္ခမ္းေတြကို ထပ္ကာ ထပ္ကာ စုပ္ငင္ၿပီး နမ္းတုန္းကဆို... ဘယ္လိုေျပာရမလဲ?? "

"အင္း... ဆက္ေျပာေလ..."

"တကယ္ေတာ့ ငါ့ကို အဲ့လို မေျပာနဲ႕.... ပါးကိုေတာင္ အနမ္းခံရဖူးတာ မဟုတ္ဘူး...။ အခုလိုေတြ နမ္းေတာ့... ငါ... ငါ..."

"ေတာ္ၿပီ... ညက် ေမာင္နဲ႕လာအိပ္...။ သနပ္ခါးေလးပါ လိမ္းခဲ့...။ ခ်စ္လို႔..."

___________________________________________

Take care and safe guys.
Still strong.
With fully thz,love and respects.
Zphoowai:3/9/21:23:23PM:Friday💙

Continue Reading

You'll Also Like

315K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
330K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
30K 1.2K 27
"ကိုကို့ ရဲ့ တာဝန် တာဝန် ဆိုတာတွေကြားထဲ ​မောင့် ကိုလဲ တာဝန်အရတော့ နဲနဲ ဖြစ်ဖြစ် လွမ်းပေးရင် ကျေနပ်ပါတယ် ဗျာ" "ကိုကို႔ ရဲ႕ တာဝန္ တာဝန္ ဆိုတာေတြၾကားထဲ...
1.2M 64.4K 51
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...