Unicode
ယနေ့ကဲ့သို့ အိမ်ကို အချိန်မှန်ပြန်ရောက်လာသည်မှာ ရှဖန်အတွက် ကြုံတောင့်ကြုံခဲဖြစ်၏။
ထို့ကြောင့် အိမ်တွင်ချက်ပြုတ်နေမည့်အစား ယွီသုံနှင့်အတူ ညစာစားရန် အိမ်အနီးအနားတွင်ရှိသော နာမည်ကြီးစားသောက်ဆိုင်သို့ ထွက်လာခဲ့ကြသည်။ထိုဆိုင်မှာ ကြိတ်ကြိတ်တိုးစည်ကားလှပြီး ကားပါကင်ထိုးရန်အတွက်ပင် အနည်းငယ်စောင့်ဆိုင်းနေခဲ့ရသည်။
၎င်းနောက် ညစာစားပြီးသည့်နောက်တွင် ကားရပ်ထားရာနေရာသို့ ရှဖန်တို့နှစ်ယောက် လမ်းလျှောက်ပြန်ခဲ့ကြ၏။ရှဖန်နှင့်အတူ လမ်းလျှောက်ရသည်ကို ယွီသုံအနေဖြင့် အလွန်သဘောကျသည်။
" ဘာလို့ လတ်အိတ်ဝတ်မလာရတာလည်း? "ရှဖန် ထိုသို့ပြောပြီး သူမ၏လက်ကို ဆွဲကိုင်ကြည့်လိုက်သောအခါ ယွီသုံ၏လက်တို့မှာ အနည်းငယ်အေးစက်နေခဲ့သည်။" မင်းရဲ့လက်တွေကို အိတ်ကပ်ထဲ မြန်မြန်ထည့်ထားလိုက်လေ "
ရှဖန် သူမ၏လက်အား လွှတ်ချလိုက်တော့မည့်အချိန် ယွီသုံသည် ရှဖန်လက်အား အလျင်အမြန် ပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။" ကျွန်မ မအေးပါဘူး! "
" ဘယ်လိုလုပ်ပြီး မအေးပဲနေမှာလည်း?မင်းရဲ့လက်တွေက နီရဲလာနေပြီ "ရှဖန် ယွီသုံ၏လက်ကို မြှောက်ပြလိုက်သောအခါ သူမ၏လက်ဖဝါးများသည် အပြာရောင်သို့ပင် ကူးပြောင်းနေပြီဖြစ်သည်။
ယွီသုံလည်း ဘာမှမပြောတော့ဘဲ ရှဖန်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လမ်းကို ခြေထောက်ဖြင့် ကန်လိုက်သည်။
" ဘာဖြစ်လို့လည်း? "
" ကျွန်မက ရှင်နဲ့အတူ လက်တွဲထားချင်တာကို "လေတိုက်နေသောကြောင့် ရှဖန် ကြားမည်မဟုတ်ဟု တွေးထင်ကာ သူမ တိုးတိုးလေးပြောလိုက်သည်။
ကံကောင်းစွာဖြင့် ၎င်းတို့နှစ်ယောက်မှာ အလွန်နီးကပ်နေသောကြောင့် သူမ၏ပြောစကားများကို ရှဖန်ကြားလိုက်ရ၏။
ရှဖန်လည်း သူမ၏ခေါင်းမှစ၍ ယှက်တွဲထားသည့် သူတို့၏လက်များအထိ ငုံ့ကြည့်လိုက်ပြီးနောက် ယွီသုံ၏လက်များကိုယူ၍ သူ၏ဂျာကင်အိတ်ကပ်ထဲသို့ထည့်လိုက်သည်။
သူ၏အပြုအမူကြောင့် ယွီသုံမှင်သက်သွားရသည်။
" ဒီလိုဆိုရင် မအေးတော့ဘူးမလား? "
ယွီသုံ ပြုံးပြလိုက်သည်။
" နှင်းတွေကျနေပြီ...မြန်မြန်လာ "
လူသွားလမ်းတစ်လျှောက် တဖွဲဖွဲကျဆင်းနေသည့် နှင်းများအကြား၌ လက်ဖဝါးချင်းဆုပ်ကိုင်ကာ လျှောက်လှမ်းလာရသည်မှာ ယွီသုံအဖို့ ရုတ်တရက် ကိုရီးယားဒရာမာဇာတ်လမ်းတွဲထဲသို့ ရောက်သွားသလို ပင်...
" ဂရုစိုက်ပါကွာ! "
ထိုစဉ် နှင်းများကြောင့် သူမ ခြေချော်သွားသည့်အခါ ရှဖန်က အလျင်အမြန်ဖမ်းဆွဲလိုက်၏။" ဘာလို့ ကြည့်မလျှောက်တာလည်း? "
" ရှင်က ကျွန်မကို ဦးဆောင်ပြီးခေါ်သွားပေးနေတာပဲ မဟုတ်ဘူးလား? "
ရှဖန်စိတ်ထဲ၌ ပျော်ရွှင်သလို ခံစားသွားရပြီး သူမ၏လက်ကို အိတ်ထောင်ထဲသို့ ပြန်ဆွဲထည့်လိုက်သည်။" ဟုတ်တာပေါ့...ကိုယ်မှားသွားတယ် "
"ဒါနဲ့ သိပ်မကြာခင်တုန်းက ရှောင်ယွဲ့နဲ့ရှင်းရှင်းက ဆေးရုံမှာ ရှင်နဲ့တွေ့ခဲ့တယ်လို့ ပြောတယ် "
" သူတို့ကပြောတာလား? "
" အင်း...သူတို့ တံခါးအပြင်ရောက်တဲ့အထိကို ရှင်ကကူညီပေးလိုက်တယ်လို့ ရှင်းရှင်းက ပြောနေခဲ့တာ "
" တံခါးအပြင်ရောက်ထိတော့ မဟုတ်ပါဘူးကွာ။ကိုယ့်အသိတစ်ယောက်ရဲ့ နေ့လည်စာစားချိန်ကို ခဏရွှေ့ခိုင်းလိုက်ပြီးတော့ သူတို့ကို ကော်ဖီတစ်ခွက်စီပဲ ဝယ်တိုက်လိုက်တာပါ "
" ကော်ဖီတစ်ခွက်ကတော့ တန်ပါတယ် "
" ဘာလို့လည်း? "
" ရှောင်ယွဲ့နဲ့ရှင်းရှင်းက ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းတွေလေ။ကျွန်မတို့ရဲ့အကြောင်းကြားပြီးတော့ သူတို့က ရှင်နဲ့တွေ့ချင်လို့ အမြဲတမ်းပြောနေခဲ့ကြတာ "
" အဲ့တာကြောင့်ပဲ ကိုယ်သွားပြီးတော့ အမှတ်ကောင်းရအောင် လုပ်ခဲ့တာလေ "ရှဖန်က မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်၏။
" Oh...ဒါဆို ရှင်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပေါ့။ဒါပေမယ့်လည်း ရှင့်ရဲ့အကြံအစည်က တော်တော်အောင်မြင်တယ်လို့ ပြောရမယ်။အနည်းဆုံး ၅၀ရာခိုင်နှုန်းလောက်ပေါ့ "
" ၅၀ရာခိုင်နှုန်း? "
" ရှင့်ကို ရှင်းရှင်းက လက်ခံလိုက်ပြီလေ "
" ဒါပေမယ့် ရှန်းရှောင်ယွဲ့ကတော့ လက်မခံသေးဘူးပေါ့?ကိုယ် သူ့ကို မကျော်ဖြတ်နိုင်သေးတာလား?အရင်တစ်ခေါက် သူ အူအတက်ပေါက်တုန်းက ကိုယ့် သူ့ကို သေချာကူညီပေးခဲ့တာကို မှတ်မိသေးတယ်။သူ့မှာ အနာရွတ်မကျန်အောင်လို့တောင် ခွဲစိတ်ပေးမယ့်ဆရာဝန်ကို ကူပြောပေးလိုက်သေးတာကိုလေ "
" ဒါက... "
ယွီသုံ စကားပြန်ပြောရန် ပြင်လိုက်သော်လည်း ရှဖန်၏အထိတ်တလန့်ပုံစံကြောင့် အဆက်ပြတ်သွားတော့သည်။
" ဟိုမှာ လူတစ်ယောက်မဟုတ်လား? "
သူမ အရှေ့သို့ကြည့်လိုက်သောအခါ နှင်းများဖုံးလွှမ်းနေသည့် မြေပြင်ပေါ်၌ လဲကျနေသော အမည်းရောင်အရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် သူမတို့နှစ်ယောက်လည်း ၁၀မီတာအကွာအဝေးလောက်ထိ အလျင်အမြန် ပြေးသွားကြည့်လိုက်ကြသည်။အနားသို့ရောက်သွားသောအခါ လဲကျနေသူမှာ အဘိုးအိုတစ်ယောက်ဖြစ်ပြီး ယွီသုံလည်း အလိုအလျောက်ပင် ဖုန်းထုတ်၍ ဓာတ်ပုံအနည်းငယ်ရိုက်ကာ ဗွီဒီယိုမှတ်တမ်း စတင်ရိုက်ကူးလေတော့သည်။
သူမ ထိုသို့ပြုလုပ်နေစဉ်အတွင်း၌ ရှဖန်သည် အဘိုးအို၏ဘေးသို့ ပြေးသွားကာ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးရင်း ယွီသုံဘက်သို့လှည့်ကာ အော်ပြောလာခဲ့သည်။" သုံသုံ...မင်း ကားသွားယူပြီး ဒီကိုမောင်းလာခဲ့လိုက် "
အဘိုးအိုကမူ ဖုန်းကိုကိုင်၍ ဗွီဒီယိုမှတ်တမ်းရိုက်ကူးနေဆဲဖြစ်သည့် ယွီသုံအား ချိနဲ့စွာဖြင့် စိုးရိမ်တကြီးကြည့်နေသည်ကို ရှဖန်မြင်လိုက်ရသောအခါ မျက်မှောင်ကြုံ့၍ သူမကို ထပ်မံအော်ဟစ်လိုက်သည်။" ယွီသုံ...ကားသွားယူပြီး ဒီကိုလာခဲ့လိုက်ပါဆို "
" Oh! "နောက်ဆုံးမှ သူမသတိပြန်ဝင်လာပြီး ကားယူလာခဲ့ပြီးနောက် သူမတို့နှစ်ယောက်လည်း အဘိုးအိုအား ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ကြ၏။ကံကောင်းစွာဖြင့် ထိုအဘိုးအိုတွင် ဖုန်းပါလာသောကြောင့် ထိုဖုန်းကိုယူ၍ မိသားစုဝင်များကို ဆက်သွယ်ပေးလိုက်၏။အားလုံးပြီးဆုံးသွားပြီးနောက်မှ သူမတို့နှစ်ယောက်လည်း အိမ်သို့ပြန်လာခဲ့ကြသည်။
ထိုစဉ် ရှဖန် စိတ်တိုနေသည်ကို သူမ သတိထားမိလိုက်သည်။
" ရှင်...ရှင် ဒေါသထွက်နေတာလား? "
ရှဖန်လည်း ယွီသုံအား မရေမရာဖြင့် ကြည့်လိုက်မိသည်။သူမကိုကြည့်ရသည်မှာ ကသိကအောက်မဖြစ်ရုံတင်မကဘဲ အပြစ်ရှိသလို ခံစားနေရသည့်ပုံလည်း မပေါ်ပေ။
ရှဖန် သက်ပြင်းချလိုက်ပြီး သူမကို ဧည့်ခန်းဆီသို့ ခေါ်လာခဲ့သည်။
" မင်းကို ကိုယ်ကားသွားယူခိုင်းတုန်းက မင်း ဘာလုပ်နေခဲ့တာလည်း? "
ယွီသုံ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်မှာ " ကျွန်မ ဗွီဒီယိုရိုက်နေတာလေ "
" အဲ့ဒီအဘိုးက ဦးနှောက်သွေးထွက်လွန်နေတာ...တစ်ကယ်လို့ ကိုယ်တို့ဆေးရုံပို့တာ မိနစ်ပိုင်းလောက်နောက်ကျသွားခဲ့ရင် သူသေသွားနိုင်တယ် "
" အရမ်းကြောက်ဖို့ကောင်းပေမယ့် ကျွန်မတို့ အချိန်မှီ ဆေးရုံပို့နိုင်ခဲ့တယ်လေ "ယခုချိန်ထိ သူမနားမလည်သေးပေ။
" ဒါဆို ကိုယ်တို့ အချိန်မှီမကယ်နိုင်ခဲ့ရင်... ဆေးရုံကိုသာ အချိန်မှီမပို့နိုင်ခဲ့ရင်... "ရှဖန် သူမကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
ထိုအချိန်ထိ သူမ နားမလည်သေးပါက ရှဖန် သူမ၏IQကို သေချာပေါက် သံသယဖြစ်ရတော့မည်ဖြစ်သည်။
" မင်း ဘာလို့ ဓာတ်ပုံရိုက်ပြီး ဖုန်းနဲ့မှတ်တမ်းတင်နေရတာလည်း? "
" ကျွန်မ... "မည်ကဲ့သို့ ရှင်းပြရမည်မှန်း ယွီသုံ မသိတော့ပေ။လဲကျနေတဲ့ အဘိုးအိုကိုတွေ့တဲ့အခါ ဓာတ်ပုံရိုက်ပြီးတော့ ဗွီဒီယိုမှတ်တမ်းယူထားတာက ကိုယ့်ကိုယ်ကို ကာကွယ်မှုတစ်ခုမဟုတ်ဘူးလား?
၂၀၀၇ခုနှစ်၌ ငွေညှစ်ခြင်းနှင့်လိမ်ညာလှည့်ဖြားခြင်းများ ကျယ်ကျယ်ပြန့်ပြန့် မပျံ့နံ့သေးသဖြင့် သက်ကြီးရွယ်အိုများကို မရေမတွက်နိုင်အောင် ကူညီနေကြဆဲပင်ဖြစ်သည်။
(Nဝte...ကျဲကျဲက လွန်ခဲ့တဲ့ဆယ်နှစ်ကို ပြန်ရောက်လာတာဆိုတော့ သူတို့နှစ်ယောက်ရဲ့အတွေးတွေက မတူကြဖူးဖြစ်နေတာ...)
" မင်း ကိုယ့်ကိုယ်ကို ပြန်စဉ်းစားသုံးသပ်သင့်တယ်... "ယွီသုံ၏မျက်နှာတွင် နောင်တရသည့် လက္ခဏာ တစ်စွန်းတစ်စမှ မရှိသည်ကို မြင်ရသောအခါ ရှဖန်အနေဖြင့် အနည်းငယ်စိတ်ပျက်သွားပြီး သူ၏အခန်းဆီသို့သာ ပြန်လာခဲ့သည်။
ယွီသုံလည်း အလုပ်သွားရမည့်အချိန် ည၁၁နာရီထိုးသည်အထိ ဧည့်ခန်းထဲ၌ တစ်ယောက်တည်း ထိုင်နေခဲ့သည်။
သူမအလုပ်သွားသောအခါမှ ရှဖန်တစ်ယောက် လေသာဆောင်သို့ထွက်ရပ်ပြီး ယွီသုံ ကားမောင်းထွက်သွားကိုကြည့်နေရင်း အတွေးထဲ၌နစ်မြောသွားခဲ့သည်။
" အားလုံးပဲ မင်္ဂလာပါ။အခုနားဆင်နေရတာကတော့ FMလိုင်း၉၆၆၆ပဲ ဖြစ်ပါတယ်။' Midnight Phantom 'အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ DJ Fish Jellyပါ "
ယွီသုံမှာ ထိုအစီအစဉ်အား ပင်တိုင်တင်ဆက်ပေးသူဖြစ်သဖြင့် ပုံမှန်နားဆင်သူများသည် ယနေ့အစီအစဉ်တင်ဆက်သူ၏ စိတ်အခြေအနေမှာ တည်ငြိမ်မှုမရှိကြောင်း ရှင်းရှင်းလင်းလင်းပင် ခံစားမိကြသည်။ထို့ကြောင့် သူမအား မေးမြန်းရန် စာများပို့လာကြသည်။
[ Fish Jellyက ဒီနေ့ဘာဖြစ်နေတာလည်း?သူမရဲ့ပုံစံက စိတ်ဓာတ်ကျနေသလိုပဲ ]
[ Fish Jellyက နေထိုင်မကောင်းလို့များလား? ]
[ အစီအစဉ်တင်ဆက်သူက တစ်ခုခုဖြစ်ခဲ့လို့လား ]
[ ပရိတ်သတ်ထဲက တစ်ယောက်ယောက်က စာအိတ်ထဲကို ပိုက်ဆံထည့်ပေးလိုက်လို့ အစီအစဉ်တင်ဆက်သူက အဆူခံထားရတာလား? ]
...
ယွီသုံလည်း ကွန်ပျုတာမျက်နှာပြင်ကို အထက်အောက်ရွှေ့၍ စာများကို ဖတ်ကြည့်လိုက်သောအခါ စိတ်ဓာတ်ကျနေသည့် အခြေအနေသည် အနည်းငယ်သက်သာသွားသလို ဖြစ်လာခဲ့သည်။
ထိုနောက် အတွေးများကိုစုစည်းပြီး စကားပြောစက်ကိုဖွင့်ကာ စကားစမြည်ပြောလေတော့သည်။" လူတော်တော်များများက ' ဒီနေ့ Fish Jelly ဘာဖြစ်နေလည်း ' ဆိုပြီးတော့ မေးလာကြတယ်။ဟုတ်ပါတယ်...ရှင်တို့ ရိပ်မိကြတာပဲ။ဒီနေ့ည ကျွန်မရဲ့စိတ်အခြေအနေ သိပ်မကောင်းပါဘူး "
ကွန်ပျုတာမျက်နှာပြင်ပေါ်သို့ စာအများအပြားရောက်ရှိလာပြီး သူမဘာဖြစ်နေသလည်းဟု မေးမြန်းလာကြသည်။
" Fish Jellyက သူအရင်တုန်းက နေခဲ့တဲ့ရပ်ကွက်ထဲမှာ ဖြစ်ရပ်တစ်ခုကို မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရတယ်။ကြင်နာတတ်တဲ့အမျိုးသားတစ်ယောက်က ဘတ်စ်ကားမှတ်တိုင်မှာ လဲကျနေတဲ့အဖိုးအိုတစ်ယောက်ကို မြင်ခဲ့ပြီးတော့ ကြင်ကြင်နာနာနဲ့ အနားမှာရှိတဲ့ဆေးရုံကို ပို့ပေးခဲ့တယ်။ဒါပေမယ့် နောက်တစ်နေ့မှာတော့ အဲ့ဒီအဘိုးရဲ့မိသားစုဝင်တွေက အဲ့ဒီအမျိုးသားက အဖိုးအိုကို ရိုက်နှက်ပါတယ်ဆိုပြီး စွပ်စွဲပြီးတော့ ဆေးကုသစရိတ်နဲ့ပြန်လည်ကျန်းမာလာဖို့အတွက် လျော်ကြေးငွေ ယွမ်၈သောင်း တောင်းဆိုလာခဲ့တယ် "
[ ချွေးထွက်လာပြီ...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလည်း? ]
[ လွန်လာပြီ...ရဲကိုဖုန်းဆက်ခေါ်လိုက်တော့ ]
...
ထိုကဲ့သို့သောစာများ ကွန်ပျုတာမျက်နှာပြင်၌ အများအပြားပေါ်လာသည်။ထို့နောက် ယွီသုံဆက်ပြောလေသည်။" အဲ့ဒီအချိန်ကစပြီးတော့ အခက်အခဲတွေ့နေတဲ့ သက်ကြီးရွယ်အိုတွေကို အခွင့်အရေးယူခံရမှာ ကြောက်လို့၊တစ်နည်းအားဖြင့် ပြောရရင် လဲကျဟန်ဆောင်တော့ ငွေတောင်းခံရမှာကြောက်လို့ လူတွေက မကူညီရဲကြတော့ဘူး "
" အဲ့ဒီနောက်မှာတောပ လူတစ်ချို့က မကူညီခင် သက်သေတစ်ချို့ယူထားပြီးတော့မှပဲ အကူအညီပေးကြတော့တယ်။အဲ့တာမှ သူတို့ လှည့်စားခံရတာကနေ ကာကွယ်နိုင်အောင်လို့လေ "
[ အကြံကောင်းပဲ...လဲကျနေတဲ့လူကို မြင်ရဲ့သားနဲ့ မကူညီတာကတော့ လုံးဝမကောင်းဘူး ]
[ ဒီနည်းလမ်းက အဆင်ပြေတာပဲ ]
" ဒီနေ့ ကျွန်မက အဲ့ဒီနည်းလမ်းကိုအသုံးပြုမိခဲ့လိုက်တယ် "ယွီသုံ ပြောနေရင်းပင် သူမကို စိတ်ပျက်သလိုကြည့်နေသည့် ရှဖန်အား သတိရသွားကာ ဝမ်းနည်းသွားပြီး မှားယွင်းသလို ခံစားနေမိပြန်သည်။" ညနေက ကျွန်မသဘောကျရတဲ့သူနဲ့ ထမင်းအတူသွားစားပြီးတော့ ပြန်လာတဲ့လမ်းဘေးမှာ လဲကျနေတဲ့ အဖိုးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ် "
[ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လည်း? ]
[ Host...မင်း ကူညီလိုက်လား? ]
" ကျွန်မနဲ့အတူလာတဲ့သူက အဲ့ဒီအဖိုးကိုကူညီဖို့ ချက်ချင်းကို အမြန်ပြေးသွားခဲ့ပေမယ့် ကျွန်မကတော့ အဲ့ဒီအချိန်မှာ ဖုန်းနဲ့ဗွီဒီယိုမှတ်တမ်းတင်နေခဲ့တယ်။ခဏနေတော့ ကျွန်မတို့ အဲ့ဒီအဖိုးကို ဆေးရုံကိုခေါ်သွားတော့ သူက ဦးနှောက်သွေးထွက်လွန်နေတယ်တဲ့။တစ်ကယ်လို့မိနစ်အနည်းငယ်လောက်သာနောက်ကျသွားမယ်ဆိုရင် သေသွားနိုင်တယ်ဆိုပြီး ဆရာဝန်က ပြောလာခဲ့တယ် "
[ အရမ်းနီးကပ်သွားတာပဲ ]
[ အန္တရာယ်များလိုက်တာ! ]
[ Hostက ဘာလို့စိတ်အခြေအနေမကောင်းနေလည်းဆိုတာ ငါသိပြီ ]
" ကျွန်မနဲ့အတူလာတဲ့သူက ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘာလို့ဗွီဒီယိုရိုက်နေတာလည်းလို့ ကျွန်မကိုမေးလာပြီးတော့ စိတ်ပျက်သွားခဲ့တယ်လေ "
[ ဘယ်သူမှားလည်းဆိုတာ ပြောဖို့ခက်တယ် ]
[ Hostက တစ်ယောက်ယောက်ကို ကြိုက်နေတာလား?ငါတို့က ဘာလုပ်နိုင်တော့မှာလည်း?ဒါက နားလည်မှုလွဲနေတာ မဟုတ်ဘူးလား? ]
[ အဲ့ဒီအဖိုးက အဆင်ပြေသွားတာပဲ ]
[ ငါသာ hostရဲ့ချစ်သူဆိုရင် စိတ်ဆိုးမှာပဲ။အသက်ဆိုတာက ချိန်ခွင်ပေါ်မှာရှိနေသလိုပဲလေ ]
ကွန်ပျုတာပေါ်တွင် ဆွေးနွေးပြောဆိုချက်များပေါ်လာပြန်ပြီး လူအများအပြားသည် သူတို့၏ထင်မြင်ချက်များကို ပြောဆိုနေကြသည်။
ရှောက်ရိဖန်ဖုန်းခေါ်လာသည့်အချိန်၌ ယွီသုံအား အနည်းငယ်စိတ်ပျက်နေဆဲဖြစ်သည့် ရှဖန်သည် အိပ်ယာပေါ်၌ စာအုပ်ဖတ်နေခဲ့သည်။
" အင်း? "
" မင်း ယွီသုံနဲ့ ရန်ဖြစ်ထားတာလား? "ရှောက်ရိဖန်မှာ တိုက်ရိုက်ပင်မေးလာခဲ့သည်။
" မဟုတ်ပါဘူး "
" ဟေ့ကောင်..မလိမ်နဲ့ကွာ။ယွီသုံ ရေဒီယိုမှာပြောနေတာ ငါကြားလိုက်တယ်။မင်းတို့အပြင်ထွက်ပြီး ထမင်းစားတဲ့အချိန် လူကြီးတစ်ယောက်ကိုကယ်ရင်းနဲ့ ပြဿနာဖြစ်လာကြတယ်ဆို "
ရုတ်တရက် ရှဖန် မျက်မှောင်ကြုံ့လိုက်သည်။ယွီသုံရဲ့အစီအစဉ်မှာ ဘာလိုဒီကိစ္စတွေ ပါလာရတာလည်း?
" မင်း ယွီသုံရဲ့အစီအစဉ်ကို နားမထောင်ဘူးလား? "
ရှဖန် ပြန်မဖြေပေ။
" မင်းက တစ်ဖက်လူရှင်းပြတာကိုလည်း နားမထောင်ဘူးမလား? "သူငယ်ချင်းဖြစ်သူ၏စိတ်သဘောထားကိုသိရှိပြီးဖြစ်သည့် ရှောက်ရိဖန်သည် ယွီသုံပြောပြသည့်ဇာတ်လမ်းအား ရှဖန်ကို တစ်ဆင့်ပြန်လည်ပြောပြလိုက်သည်။
" ငါ ယွီသုံအသံကို နားထောင်လိုက်ရတုန်းက သူ့အသံက လုံးဝမကောင်းတဲ့အပြင် ငိုလည်းငိုထားသေးတယ်လို့ ထင်တယ် "ရှောက်ရိဖန်လည်း အနည်းငယ်ချဲ့ကား၍ပြောလိုက်သည်။
" ငိုထားတယ်? "
" ဟုတ်တယ်...မင်း ယွီသုံကို အသက်ဘယ်လောက်ရှိပြီလို့ ထင်နေလို့လည်း?သူ့က အသက်၂၂နှစ်ပဲရှိသေးတဲ့အပြင် အခုမှ တက္ကသိုလ်ကနေ ဘွဲ့ရပြီးခါစရှိသေးတာကွ။လူတွေကိုဆူတော့မယ်ဆိုရင် သူတို့ရဲ့ရှင်းပြချက်ကို နားထောင်ပြီးမှ ပြောလို့မရဘူးလား?သူက ဦးနှောက်သွေးထွက်လွန်တာနဲ့မူးဝေတာကို ခွဲခြားတတ်ရအောင် လူတိုင်းလူတိုင်းကို ငါတို့လိုဆရာဝန်တွေများ မှတ်နေလား? "
ရှောက်ရိဖန်ဆက်ပြောနေသော်လည်း ရှဖန်၏ခေါင်းထဲ၌ ယွီသုံ တိတ်တဆိတ်ငိုနေမည့်အကြောင်းများနှင့်သာ ပြည့်နေလေပြီး ဖုန်းကိုင်ထားရင်းပင် ရုတ်တရက် စိုးရိမ်ပူပန်လာမိတော့သည်။
ထို့နောက် ဖုန်းချကာ နာရီကိုကြည့်လိုက်သည့်အချိန်၌ ည၁နာရီခွဲရှိပြီဖြစ်ပြီး ရှဖန်လည်း အိပ်ယာမှထ၍ အဝတ်အစားလဲကာ အသံလွှင့်ရုံသို့ တန်းတန်းမတ်မတ်ပင် ကားမောင်းလာခဲ့လိုက်သည်။
ထိုစဉ် ယွီသုံမှာအလုပ်ပြီးစီးသည့်နောက် ခေါင်းငိုက်စိုက်ကျ၍ အဆောက်အဦးထဲမှ ထွက်လာသည့်အချိန်တွင် ရှဖန်၏နူးညံ့ငြင်သာသည့်အသံကို သူမကြားလိုက်ရသည်။
" အပြင်သွားရင် လမ်းကိုကြည့်လျှောက်ဖို့ ကိုယ်မပြောထားဘူးလား?ကိုယ်မရှိဘဲ လဲကျသွားရင် ဘယ်လိုလုပ်မှာလည်း? "
သူမ မယုံနိုင်စွာဖြင့် ကြည့်လိုက်၏။
ရှဖန်လည်း အေးစက်နေသည့် ယွီသုံ၏လက်ကို ဆွဲယူရင်း သူမကို ပြောလိုက်သည်။
" အိမ်ပြန်ကြရအောင်! "
>>>>>
T.B.C
4.9.2021
💫💫💫💫💫💫💫💫💫💫💫💫💫💫💫
Zawgyi
ယေန႔ကဲ့သို႔ အိမ္ကို အခ်ိန္မွန္ျပန္ေရာက္လာသည္မွာ ရွဖန္အတြက္ ႀကံဳေတာင့္ႀကံဳခဲျဖစ္၏။
ထို႔ေၾကာင့္ အိမ္တြင္ခ်က္ျပဳတ္ေနမၫ့္အစား ယြီသံုႏွင့္အတူ ညစာစားရန္ အိမ္အနီးအနားတြင္ရိွေသာ နာမည္ႀကီးစားေသာက္ဆိုင္သို႔ ထြက္လာခဲ့ၾကသည္။ထိုဆိုင္မွာ ႀကိတ္ႀကိတ္တိုးစည္ကားလွၿပီး ကားပါကင္ထိုးရန္အတြက္ပင္ အနည္းငယ္ေစာင့္ဆိုင္းေနခဲ့ရသည္။
၎ေနာက္ ညစာစားၿပီးသၫ့္ေနာက္တြင္ ကားရပ္ထားရာေနရာသို႔ ရွဖန္တို႔ႏွစ္ေယာက္ လမ္းေလ်ွာက္ျပန္ခဲ့ၾက၏။ရွဖန္နွင့္အတူ လမ္းေလ်ွာက္ရသည္ကို ယြီသံုအေနျဖင့္ အလြန္သေဘာက်သည္။
" ဘာလို႔ လတ္အိတ္၀တ္မလာရတာလည္း? "ရွဖန္ ထိုသို႔ေျပာၿပီး သူမ၏လက္ကို ဆြဲကိုင္ၾကၫ့္လိုက္ေသာအခါ ယြီသံု၏လက္တို႔မွာ အနည္းငယ္ေအးစက္ေနခဲ့သည္။" မင္းရဲ့လက္ေတြကို အိတ္ကပ္ထဲ ျမန္ျမန္ထၫ့္ထားလိုက္ေလ "
ရွဖန္ သူမ၏လက္အား လႊတ္ခ်လိုက္ေတာ့မၫ့္အခ်ိန္ ယြီသံုသည္ ရွဖန္လက္အား အလ်င္အျမန္ ျပန္လည္ဆုပ္ကိုင္ထားလိုက္သည္။" ကြၽန္မ မေအးပါဘူး! "
" ဘယ္လိုလုပ္ၿပီး မေအးပဲေနမွာလည္း?မင္းရဲ့လက္ေတြက နီရဲလာေနၿပီ "ရွဖန္ ယြီသံု၏လက္ကို ေျမႇာက္ျပလိုက္ေသာအခါ သူမ၏လက္ဖ၀ါးမ်ားသည္ အျပာေရာင္သို႔ပင္ ကူးေျပာင္းေနၿပီျဖစ္သည္။
ယြီသံုလည္း ဘာမွမေျပာေတာ့ဘဲ ရွဖန္အား တစ္ခ်က္လွမ္းၾကၫ့္လိုက္ၿပီးေနာက္ လမ္းကို ေျခေထာက္ျဖင့္ ကန္လိုက္သည္။
" ဘာျဖစ္လို႔လည္း? "
" ကြၽန္မက ရွင္နဲ႔အတူ လက္တြဲထားခ်င္တာကို "ေလတိုက္ေနေသာေၾကာင့္ ရွဖန္ ၾကားမည္မဟုတ္ဟု ေတြးထင္ကာ သူမ တိုးတိုးေလးေျပာလိုက္သည္။
ကံေကာင္းစြာျဖင့္ ၎တို႔ႏွစ္ေယာက္မွာ အလြန္နီးကပ္ေနေသာေၾကာင့္ သူမ၏ေျပာစကားမ်ားကို ရွဖန္ၾကားလိုက္ရ၏။
ရွဖန္လည္း သူမ၏ေခါင္းမွစ၍ ယွက္တြဲထားသၫ့္ သူတို႔၏လက္မ်ားအထိ ငံု႔ၾကၫ့္လိုက္ၿပီးေနာက္ ယြီသံု၏လက္မ်ားကိုယူ၍ သူ၏ဂ်ာကင္အိတ္ကပ္ထဲသို ့ထၫ့္လိုက္သည္။
သူ၏အျပဳအမူေၾကာင့္ ယြီသံုမွင္သက္သြားရသည္။
" ဒီလိုဆိုရင္ မေအးေတာ့ဘူးမလား? "
ယြီသံု ျပံဳးျပလိုက္သည္။
" ႏွင္းေတြက်ေနၿပီ...ျမန္ျမန္လာ "
လူသြားလမ္းတစ္ေလ်ွာက္ တဖြဲဖြဲက်ဆင္းေနသၫ့္ ႏွင္းမ်ားအၾကား၌ လက္ဖဝါးခ်င္းဆုပ္ကိုင္ကာ ေလ်ွာက္လွမ္းလာရသည္မွာ ယြီသံုအဖို႔ ရုတ္တရက္ ကိုရီးယားဒရာမာဇာတ္လမ္းတြဲထဲသို႔ ေရာက္သြားသလို ပင္...
" ဂရုစိုက္ပါကြာ! "
ထိုစဉ္ ႏွင္းမ်ားေၾကာင့္ သူမ ေျခေခ်ာ္သြားသၫ့္အခါ ရွဖန္က အလ်င္အျမန္ဖမ္းဆြဲလိုက္၏။" ဘာလို႔ ၾကၫ့္မေလ်ွာက္တာလည္း? "
" ရွင္က ကြၽန္မကို ဦးေဆာင္ျပီးေခၚသြားေပးေနတာပဲ မဟုတ္ဘူးလား? "
ရွဖန္စိတ္ထဲ၌ ေပ်ာ္ရႊင္သလို ခံစားသြားရၿပီး သူမ၏လက္ကို အိတ္ေထာင္ထဲသို႔ ျပန္ဆြဲထၫ့္လိုက္သည္။" ဟုတ္တာေပါ့...ကိုယ္မွားသြားတယ္ "
"ဒါနဲ႔ သိပ္မၾကာခင္တုန္းက ေရွာင္ယြဲ႔နဲ႔ရွင္းရွင္းက ေဆးရံုမွာ ရွင္နဲ႔ေတြ႕ခဲ့တယ္လို႔ ေျပာတယ္ "
" သူတို႔ကေျပာတာလား? "
" အင္း...သူတို႔ တံခါးအျပင္ေရာက္တဲ့အထိကို ရွင္ကကူညီေပးလိုက္တယ္လို႔ ရွင္းရွင္းက ေျပာေနခဲ့တာ "
" တံခါးအျပင္ေရာက္ထိေတာ့ မဟုတ္ပါဘူးကြာ။ကိုယ့္အသိတစ္ေယာက္ရဲ့ ေန႔လည္စာစားခ်ိန္ကို ခဏေရႊ႔ခိုင္းလိုက္ၿပီးေတာ့ သူတို႔ကို ေကာ္ဖီတစ္ခြက္စီပဲ ၀ယ္တိုက္လိုက္တာပါ "
" ေကာ္ဖီတစ္ခြက္ကေတာ့ တန္ပါတယ္ "
" ဘာလို႔လည္း? "
" ေရွာင္ယြဲ႔နဲ႔ရွင္းရွင္းက ကြၽန္မရဲ့အခ်စ္ဆံုးသူငယ္ခ်င္းေတြေလ။ကြၽန္မတို႔ရဲ့အေၾကာင္းၾကားၿပီးေတာ့ သူတို႔က ရွင္နဲ႔ေတြ႕ခ်င္လို႔ အၿမဲတမ္းေျပာေနခဲ့ၾကတာ "
" အဲ့တာေၾကာင့္ပဲ ကိုယ္သြားၿပီးေတာ့ အမွတ္ေကာင္းရေအာင္ လုပ္ခဲ့တာေလ "ရွဖန္က မ်က္စိတစ္ဖက္မိွတ္ျပကာ ေျပာလိုက္၏။
" Oh...ဒါဆို ရွင္က ရည္ရြယ္ခ်က္ရိွရိွ လုပ္ခဲ့တာေပါ့။ဒါေပမယ့္လည္း ရွင့္ရဲ့အႀကံအစည္က ေတာ္ေတာ္ေအာင္ျမင္တယ္လို႔ ေျပာရမယ္။အနည္းဆံုး ၅၀ရာခိုင္နွုန္းေလာက္ေပါ့ "
" ၅၀ရာခိုင္နွုန္း? "
" ရွင့္ကို ရွင္းရွင္းက လက္ခံလိုက္ၿပီေလ "
" ဒါေပမယ့္ ရွန္းေရွာင္ယြဲ႔ကေတာ့ လက္မခံေသးဘူးေပါ့?ကိုယ္ သူ႔ကို မေက်ာ္ျဖတ္ႏိုင္ေသးတာလား?အရင္တစ္ေခါက္ သူ အူအတက္ေပါက္တုန္းက ကိုယ့္ သူ႔ကို ေသခ်ာကူညီေပးခဲ့တာကို မွတ္မိေသးတယ္။သူ့မွာ အနာရြတ္မက်န္ေအာင္လို႔ေတာင္ ခြဲစိတ္ေပးမယ့္ဆရာဝန္ကို ကူေျပာေပးလိုက္ေသးတာကိုေလ "
" ဒါက... "
ယြီသံု စကားျပန္ေျပာရန္ ျပင္လိုက္ေသာ္လည္း ရွဖန္၏အထိတ္တလန႔္ပံုစံေျကာင့္ အဆက္ျပတ္သြားေတာ့သည္။
" ဟိုမွာ လူတစ္ေယာက္မဟုတ္လား? "
သူမ အေရွ ့သို႔ၾကၫ့္လိုက္ေသာအခါ ႏွင္းမ်ားဖံုးလႊမ္းေနသၫ့္ ေျမျပင္ေပၚ၌ လဲက်ေနေသာ အမည္းေရာင္အရိပ္တစ္ခုကို ျမင္လိုက္ရသျဖင့္ သူမတို႔နွစ္ေယာက္လည္း ၁၀မီတာအကြာအေဝးေလာက္ထိ အလ်င္အျမန္ ေျပးသြားၾကၫ့္လိုက္ၾကသည္။အနားသို႔ေရာက္သြားေသာအခါ လဲက်ေနသူမွာ အဘိုးအိုတစ္ေယာက္ျဖစ္ၿပီး ယြီသံုလည္း အလိုအေလ်ာက္ပင္ ဖုန္းထုတ္၍ ဓာတ္ပံုအနည္းငယ္ရိုက္ကာ ဗြီဒီယိုမွတ္တမ္း စတင္ရိုက္ကူးေလေတာ့သည္။
သူမ ထိုသို႔ျပဳလုပ္ေနစဉ္အတြင္း၌ ရွဖန္သည္ အဘိုးအို၏ေဘးသို႔ ေျပးသြားကာ ခႏၶာကိုယ္အေျခအေနကို စစ္ေဆးရင္း ယြီသံုဘက္သို႔လွၫ့္ကာ ေအာ္ေျပာလာခဲ့သည္။" သံုသံု...မင္း ကားသြားယူၿပီး ဒီကိုေမာင္းလာခဲ့လိုက္ "
အဘိုးအိုကမူ ဖုန္းကိုကိုင္၍ ဗြီဒီယိုမွတ္တမ္းရိုက္ကူးေနဆဲျဖစ္သည့္ ယြီသံုအား ခ်ိနဲ႔စြာျဖင့္ စိုးရိမ္တႀကီးၾကၫ့္ေနသည္ကို ရွဖန္ျမင္လိုက္ရေသာအခါ မ်က္ေမွာင္ႀကံဳ႔၍ သူမကို ထပ္မံေအာ္ဟစ္လိုက္သည္။" ယြီသံု...ကားသြားယူၿပီး ဒီကိုလာခဲ့လိုက္ပါဆို "
" Oh! "ေနာက္ဆံုးမွ သူမသတိျပန္ဝင္လာၿပီး ကားယူလာခဲ့ၿပီးေနာက္ သူမတို႔ႏွစ္ေယာက္လည္း အဘိုးအိုအား ေဆးရံုသို႔ ေခၚေဆာင္လာခဲ့ၾက၏။ကံေကာင္းစြာျဖင့္ ထိုအဘိုးအိုတြင္ ဖုန္းပါလာေသာေၾကာင့္ ထိုဖုန္းကိုယူ၍ မိသားစု၀င္မ်ားကို ဆက္သြယ္ေပးလိုက္၏။အားလံုးျပီးဆံုးသြားျပီးေနာက္မွ သူမတို႔ႏွစ္ေယာက္လည္း အိမ္သို႔ျပန္လာခဲ့ၾကသည္။
ထိုစဉ္ ရွဖန္ စိတ္တိုေနသည္ကို သူမ သတိထားမိလိုက္သည္။
" ရွင္...ရွင္ ေဒါသထြက္ေနတာလား? "
ရွဖန္လည္း ယြီသံုအား မေရမရာျဖင့္ ၾကၫ့္လိုက္မိသည္။သူမကိုၾကည့္ရသည္မွာ ကသိကေအာက္မျဖစ္ရံုတင္မကဘဲ အျပစ္ရိွသလို ခံစားေနရသၫ့္ပံုလည္း မေပၚေပ။
ရွဖန္ သက္ျပင္းခ်လိုက္ၿပီး သူမကို ဧၫ့္ခန္းဆီသို႔ ေခၚလာခဲ့သည္။
" မင္းကို ကိုယ္ကားသြားယူခိုင္းတုန္းက မင္း ဘာလုပ္ေနခဲ့တာလည္း? "
ယြီသံု စဉ္းစားၿပီးေနာက္ ျပန္ေျဖလိုက္သည္မွာ " ကြၽန္မ ဗြီဒီယိုရိုက္ေနတာေလ "
" အဲ့ဒီအဘိုးက ဦးေနွာက္ေသြးထြက္လြန္ေနတာ...တစ္ကယ္လို႔ ကိုယ္တို႔ေဆးရံုပို႔တာ မိနစ္ပိုင္းေလာက္ေနာက္က်သြားခဲ့ရင္ သူေသသြားႏိုင္တယ္ "
" အရမ္းေၾကာက္ဖို႔ေကာင္းေပမယ့္ ကြၽန္မတို႔ အခ်ိန္မွီ ေဆးရံုပို႔ႏိုင္ခဲ့တယ္ေလ "ယခုခ်ိန္ထိ သူမနားမလည္ေသးေပ။
" ဒါဆို ကိုယ္တို႔ အခ်ိန္မွီမကယ္ႏိုင္ခဲ့ရင္... ေဆးရံုကိုသာ အခ်ိန္မွီမပို႔ႏိုင္ခဲ့ရင္... "ရွဖန္ သူမကို စူးစိုက္ၾကၫ့္ကာ ေျပာလိုက္သည္။
ထိုအခ်ိန္ထိ သူမ နားမလည္ေသးပါက ရွဖန္ သူမ၏IQကို ေသခ်ာေပါက္ သံသယျဖစ္ရေတာ့မည္ျဖစ္သည္။
" မင္း ဘာလို႔ ဓာတ္ပံုရိုက္ၿပီး ဖုန္းနဲ႔မွတ္တမ္းတင္ေနရတာလည္း? "
" ကြၽန္မ... "မည္ကဲ့သို႔ ရွင္းျပရမည္မွန္း ယြီသံု မသိေတာ့ေပ။လဲက်ေနတဲ့ အဘိုးအိုကိုေတြ ့တဲ့အခါ ဓာတ္ပံုရိုက္ၿပီးေတာ့ ဗြီဒီယိုမွတ္တမ္းယူထားတာက ကိုယ့္ကိုယ္ကို ကာကြယ္မႈတစ္ခုမဟုတ္ဘူးလား?
၂၀၀၇ခုနွစ္၌ ေငြၫွစ္ျခင္းႏွင့္လိမ္ညာလွၫ့္ျဖားျခင္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ မပ်ံ့နံ႔ေသးသျဖင့္ သက္ႀကီးရြယ္အိုမ်ားကို မေရမတြက္နိုင္ေအာင္ ကူညီေနၾကဆဲပင္ျဖစ္သည္။
(N၀te...က်ဲက်ဲက လြန္ခဲ့တဲ့ဆယ္ႏွစ္ကို ျပန္ေရာက္လာတာဆိုေတာ့ သူတို႔ႏွစ္ေယာက္ရဲ့အေတြးေတြက မတူၾကဖူးျဖစ္ေနတာ...)
" မင္း ကိုယ့္ကိုယ္ကို ျပန္စဉ္းစားသံုးသပ္သင့္တယ္... "ယြီသံု၏မ်က္နွာတြင္ ေနာင္တရသည့္ လကၡဏာ တစ္စြန္းတစ္စမွ မရိွသည္ကို ျမင္ရေသာအခါ ရွဖန္အေနျဖင့္ အနည္းငယ္စိတ္ပ်က္သြားၿပီး သူ၏အခန္းဆီသို႔သာ ျပန္လာခဲ့သည္။
ယြီသံုလည္း အလုပ္သြားရမၫ့္အခ်ိန္ ည၁၁နာရီထိုးသည္အထိ ဧၫ့္ခန္းထဲ၌ တစ္ေယာက္တည္း ထိုင္ေနခဲ့သည္။
သူမအလုပ္သြားေသာအခါမွ ရွဖန္တစ္ေယာက္ ေလသာေဆာင္သို႔ထြက္ရပ္ၿပီး ယြီသံု ကားေမာင္းထြက္သြားကိုၾကၫ့္ေနရင္း အေတြးထဲ၌နစ္ေျမာသြားခဲ့သည္။
" အားလံုးပဲ မဂၤလာပါ။အခုနားဆင္ေနရတာကေတာ့ FMလိုင္း၉၆၆၆ပဲ ျဖစ္ပါတယ္။' Midnight Phantom 'အစီအစဥ္ကေန ႀကိဳဆိုလိုက္ပါတယ္။ကြၽန္မကေတာ့ DJ Fish Jellyပါ "
ယြီသံုမွာ ထိုအစီအစဉ္အား ပင္တိုင္တင္ဆက္ေပးသူျဖစ္သျဖင့္ ပံုမွန္နားဆင္သူမ်ားသည္ ယေန ့အစီအစဉ္တင္ဆက္သူ၏ စိတ္အေျခအေနမွာ တည္ၿငိမ္မႈမရိွေၾကာင္း ရွင္းရွင္းလင္းလင္းပင္ ခံစားမိၾကသည္။ထို႔ေၾကာင့္ သူမအား ေမးျမန္းရန္ စာမ်ားပို႔လာၾကသည္။
[ Fish Jellyက ဒီေန ့ဘာျဖစ္ေနတာလည္း?သူမရဲ့ပံုစံက စိတ္ဓာတ္က်ေနသလိုပဲ ]
[ Fish Jellyက ေနထိုင္မေကာင္းလို႔မ်ားလား? ]
[ အစီအစဉ္တင္ဆက္သူက တစ္ခုခုျဖစ္ခဲ့လို႔လား ]
[ ပရိတ္သတ္ထဲက တစ္ေယာက္ေယာက္က စာအိတ္ထဲကို ပိုက္ဆံထၫ့္ေပးလိုက္လို႔ အစီအစဉ္တင္ဆက္သူက အဆူခံထားရတာလား? ]
...
ယြီသံုလည္း ကြန္ပ်ဳတာမ်က္ႏွာျပင္ကို အထက္ေအာက္ေရႊ ့၍ စာမ်ားကို ဖတ္ၾကၫ့္လိုက္ေသာအခါ စိတ္ဓာတ္က်ေနသၫ့္ အေျခအေနသည္ အနည္းငယ္သက္သာသြားသလို ျဖစ္လာခဲ့သည္။
ထိုေနာက္ အေတြးမ်ားကိုစုစည္းၿပီး စကားေျပာစက္ကိုဖြင့္ကာ စကားစျမည္ေျပာေလေတာ့သည္။" လူေတာ္ေတာ္မ်ားမ်ားက ' ဒီေန ့ Fish Jelly ဘာျဖစ္ေနလည္း ' ဆိုၿပီးေတာ့ ေမးလာၾကတယ္။ဟုတ္ပါတယ္...ရွင္တို႔ ရိပ္မိၾကတာပဲ။ဒီေန႔ည ကြၽန္မရဲ့စိတ္အေျခအေန သိပ္မေကာင္းပါဘူး "
ကြန္ပ်ဳတာမ်က္ႏွာျပင္ေပၚသို႔ စာအမ်ားအျပားေရာက္ရိွလာၿပီး သူမဘာျဖစ္ေနသလည္းဟု ေမးျမန္းလာၾကသည္။
" Fish Jellyက သူအရင္တုန္းက ေနခဲ့တဲ့ရပ္ကြက္ထဲမွာ ျဖစ္ရပ္တစ္ခုကို မေမ်ွာ္လင့္ဘဲ ႀကံဳေတြ ့ခဲ့ရတယ္။ၾကင္နာတတ္တဲ့အမ်ိဳးသားတစ္ေယာက္က ဘတ္စ္ကားမွတ္တိုင္မွာ လဲက်ေနတဲ့အဖိုးအိုတစ္ေယာက္ကို ျမင္ခဲ့ၿပီးေတာ့ ၾကင္ၾကင္နာနာနဲ႔ အနားမွာရိွတဲ့ေဆးရံုကို ပို႔ေပးခဲ့တယ္။ဒါေပမယ့္ ေနာက္တစ္ေန ့မွာေတာ့ အဲ့ဒီအဘိုးရဲ့မိသားစုဝင္ေတြက အဲ့ဒီအမ်ိဳးသားက အဖိုးအိုကို ရိုက္ႏွက္ပါတယ္ဆိုၿပီး စြပ္စြဲၿပီးေတာ့ ေဆးကုသစရိတ္နဲ႔ျပန္လည္က်န္းမာလာဖို႔အတြက္ ေလ်ာ္ေၾကးေငြ ယြမ္၈ေသာင္း ေတာင္းဆိုလာခဲ့တယ္ "
[ ေခြၽးထြက္လာၿပီ...ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလည္း? ]
[ လြန္လာၿပီ...ရဲကိုဖုန္းဆက္ေခၚလိုက္ေတာ့ ]
...
ထိုကဲ့သို႔ေသာစာမ်ား ကြန္ပ်ဳတာမ်က္ႏွာျပင္၌ အမ်ားအျပားေပၚလာသည္။ထို႔ေနာက္ ယြီသံုဆက္ေျပာေလသည္။" အဲ့ဒီအခ်ိန္ကစၿပီးေတာ့ အခက္အခဲေတြ ့ေနတဲ့ သက္ႀကီးရြယ္အိုေတြကို အခြင့္အေရးယူခံရမွာ ေၾကာက္လို႔၊တစ္နည္းအားျဖင့္ ေျပာရရင္ လဲက်ဟန္ေဆာင္ေတာ့ ေငြေတာင္းခံရမွာေၾကာက္လို႔ လူေတြက မကူညီရဲၾကေတာ့ဘူး "
" အဲ့ဒီေနာက္မွာေတာပ လူတစ္ခ်ိဳ႕က မကူညီခင္ သက္ေသတစ္ခ်ိဳ႕ယူထားၿပီးေတာ့မွပဲ အကူအညီေပးၾကေတာ့တယ္။အဲ့တာမွ သူတို႔ လွၫ့္စားခံရတာကေန ကာကြယ္ႏိုင္ေအာင္လို႔ေလ "
[ အႀကံေကာင္းပဲ...လဲက်ေနတဲ့လူကို ျမင္ရဲ့သားနဲ႔ မကူညီတာကေတာ့ လံုး၀မေကာင္းဘူး ]
[ ဒီနည္းလမ္းက အဆင္ေျပတာပဲ ]
" ဒီေန႔ ကြၽန္မက အဲ့ဒီနည္းလမ္းကိုအသံုးျပဳမိခဲ့လိုက္တယ္ "ယြီသံု ေျပာေနရင္းပင္ သူမကို စိတ္ပ်က္သလိုၾကၫ့္ေနသၫ့္ ရွဖန္အား သတိရသြားကာ ဝမ္းနည္းသြားၿပီး မွားယြင္းသလို ခံစားေနမိျပန္သည္။" ညေနက ကြၽန္မသေဘာက်ရတဲ့သူနဲ႔ ထမင္းအတူသြားစားျပီးေတာ့ ျပန္လာတဲ့လမ္းေဘးမွာ လဲက်ေနတဲ့ အဖိုးတစ္ေယာက္နဲ႔ ေတြ႕ခဲ့ရတယ္ "
[ ဘယ္ေလာက္ေတာင္ တိုက္ဆိုင္လိုက္လည္း? ]
[ Host...မင္း ကူညီလိုက္လား? ]
" ကြၽန္မနဲ႔အတူလာတဲ့သူက အဲ့ဒီအဖိုးကိုကူညီဖို႔ ခ်က္ခ်င္းကို အျမန္ေျပးသြားခဲ့ေပမယ့္ ကြၽန္မကေတာ့ အဲ့ဒီအခ်ိန္မွာ ဖုန္းနဲ႔ဗြီဒီယိုမွတ္တမ္းတင္ေနခဲ့တယ္။ခဏေနေတာ့ ကြၽန္မတို႔ အဲ့ဒီအဖိုးကို ေဆးရံုကိုေခၚသြားေတာ့ သူက ဦးေနွာက္ေသြးထြက္လြန္ေနတယ္တဲ့။တစ္ကယ္လို ့မိနစ္အနည္းငယ္ေလာက္သာေနာက္က်သြားမယ္ဆိုရင္ ေသသြားႏိုင္တယ္ဆိုၿပီး ဆရာဝန္က ေျပာလာခဲ့တယ္ "
[ အရမ္းနီးကပ္သြားတာပဲ ]
[ အႏၲရာယ္မ်ားလိုက္တာ! ]
[ Hostက ဘာလို႔စိတ္အေျခအေနမေကာင္းေနလည္းဆိုတာ ငါသိၿပီ ]
" ကြၽန္မနဲ႔အတူလာတဲ့သူက ဒီလိုအေရးႀကီးတဲ့အခ်ိန္မွာ ဘာလို႔ဗြီဒီယိုရိုက္ေနတာလည္းလို႔ ကြၽန္မကိုေမးလာၿပီးေတာ့ စိတ္ပ်က္သြားခဲ့တယ္ေလ "
[ ဘယ္သူမွားလည္းဆိုတာ ေျပာဖို႔ခက္တယ္ ]
[ Hostက တစ္ေယာက္ေယာက္ကို ႀကိဳက္ေနတာလား?ငါတို႔က ဘာလုပ္ႏိုင္ေတာ့မွာလည္း?ဒါက နားလည္မႈလြဲေနတာ မဟုတ္ဘူးလား? ]
[ အဲ့ဒီအဖိုးက အဆင္ေျပသြားတာပဲ ]
[ ငါသာ hostရဲ့ခ်စ္သူဆိုရင္ စိတ္ဆိုးမွာပဲ။အသက္ဆိုတာက ခ်ိန္ခြင္ေပၚမွာရိွေနသလိုပဲေလ ]
ကြန္ပ်ဳတာေပၚတြင္ ေဆြးေနြးေျပာဆိုခ်က္မ်ားေပၚလာျပန္ၿပီး လူအမ်ားအျပားသည္ သူတို႔၏ထင္ျမင္ခ်က္မ်ားကို ေျပာဆိုေနၾကသည္။
ေရွာက္ရိဖန္ဖုန္းေခၚလာသၫ့္အခ်ိန္၌ ယြီသံုအား အနည္းငယ္စိတ္ပ်က္ေနဆဲျဖစ္သၫ့္ ရွဖန္သည္ အိပ္ယာေပၚ၌ စာအုပ္ဖတ္ေနခဲ့သည္။
" အင္း? "
" မင္း ယြီသံုနဲ႔ ရန္ျဖစ္ထားတာလား? "ေရွာက္ရိဖန္မွာ တိုက္ရိုက္ပင္ေမးလာခဲ့သည္။
" မဟုတ္ပါဘူး "
" ေဟ့ေကာင္..မလိမ္နဲ႔ကြာ။ယြီသံု ေရဒီယိုမွာေျပာေနတာ ငါၾကားလိုက္တယ္။မင္းတို႔အျပင္ထြက္ၿပီး ထမင္းစားတဲ့အခ်ိန္ လူႀကီးတစ္ေယာက္ကိုကယ္ရင္းနဲ႔ ျပႆနာျဖစ္လာၾကတယ္ဆို "
ရုတ္တရက္ ရွဖန္ မ်က္ေမွာင္ႀကံဳ႔လိုက္သည္။ယြီသံုရဲ့အစီအစဉ္မွာ ဘာလိုဒီကိစၥေတြ ပါလာရတာလည္း?
" မင္း ယြီသံုရဲ့အစီအစဉ္ကို နားမေထာင္ဘူးလား? "
ရွဖန္ ျပန္မေျဖေပ။
" မင္းက တစ္ဖက္လူရွင္းျပတာကိုလည္း နားမေထာင္ဘူးမလား? "သူငယ္ခ်င္းျဖစ္သူ၏စိတ္သေဘာထားကိုသိရိွၿပီးျဖစ္သၫ့္ ေရွာက္ရိဖန္သည္ ယြီသံုေျပာျပသၫ့္ဇာတ္လမ္းအား ရွဖန္ကို တစ္ဆင့္ျပန္လည္ေျပာျပလိုက္သည္။
" ငါ ယြီသံုအသံကို နားေထာင္လိုက္ရတုန္းက သူ႔အသံက လံုးဝမေကာင္းတဲ့အျပင္ ငိုလည္းငိုထားေသးတယ္လို႔ ထင္တယ္ "ေရွာက္ရိဖန္လည္း အနည္းငယ္ခ်ဲ့ကား၍ေျပာလိုက္သည္။
" ငိုထားတယ္? "
" ဟုတ္တယ္...မင္း ယြီသံုကို အသက္ဘယ္ေလာက္ရိွၿပီလို႔ ထင္ေနလို႔လည္း?သူ႔က အသက္၂၂နွစ္ပဲရိွေသးတဲ့အျပင္ အခုမွ တကၠသိုလ္ကေန ဘြဲ႔ရၿပီးခါစရိွေသးတာကြ။လူေတြကိုဆူေတာ့မယ္ဆိုရင္ သူတို႔ရဲ့ရွင္းျပခ်က္ကို နားေထာင္ၿပီးမွ ေျပာလို႔မရဘူးလား?သူက ဦးေနွာက္ေသြးထြက္လြန္တာနဲ႔မူးေဝတာကို ခြဲျခားတတ္ရေအာင္ လူတိုင္းလူတိုင္းကို ငါတို႔လိုဆရာ၀န္ေတြမ်ား မွတ္ေနလား? "
ေရွာက္ရိဖန္ဆက္ေျပာေနေသာ္လည္း ရွဖန္၏ေခါင္းထဲ၌ ယြီသံု တိတ္တဆိတ္ငိုေနမၫ့္အေၾကာင္းမ်ားႏွင့္သာ ျပၫ့္ေနေလျပီး ဖုန္းကိုင္ထားရင္းပင္ ရုတ္တရက္ စိုးရိမ္ပူပန္လာမိေတာ့သည္။
ထို႔ေနာက္ ဖုန္းခ်ကာ နာရီကိုၾကၫ့္လိုက္သၫ့္အခ်ိန္၌ ည၁နာရီခြဲရိွၿပီျဖစ္ျပီး ရွဖန္လည္း အိပ္ယာမွထ၍ အ၀တ္အစားလဲကာ အသံလႊင့္ရံုသို႔ တန္းတန္းမတ္မတ္ပင္ ကားေမာင္းလာခဲ့လိုက္သည္။
ထိုစဉ္ ယြီသံုမွာအလုပ္ၿပီးစီးသၫ့္ေနာက္ ေခါင္းငိုက္စိုက္က်၍ အေဆာက္အဦးထဲမွ ထြက္လာသၫ့္အခ်ိန္တြင္ ရွဖန္၏နူးညံ့ျငင္သာသည့္အသံကို သူမၾကားလိုက္ရသည္။
" အျပင္သြားရင္ လမ္းကိုၾကၫ့္ေလ်ွာက္ဖို႔ ကိုယ္မေျပာထားဘူးလား?ကိုယ္မရိွဘဲ လဲက်သြားရင္ ဘယ္လိုလုပ္မွာလည္း? "
သူမ မယံုႏိုင္စြာျဖင့္ ၾကၫ့္လိုက္၏။
ရွဖန္လည္း ေအးစက္ေနသၫ့္ ယြီသံု၏လက္ကို ဆြဲယူရင္း သူမကို ေျပာလိုက္သည္။
" အိမ္ျပန္ၾကရေအာင္! "
>>>>>
T.B.C
4.9.2021