မယားတောသူ(complete)
By Zphoowai
564K 44K 5.6K
မှည့်မှချို... ညိုမှလှ...။ ကျွန်ကုလား... မယားတောသူ...။ မြင်းအုန်းခွံ...။ မွည့္မွခ်ိဳ... ညိုမွလွ...။ ကြၽန္ကုလာ... More
Intro
အပိုင်း (၁) : ဒေါင်းပျို
အပိုင်း (၂) : အတူ
အပိုင်း (၃) : သီးသန့်
အပိုင်း (၄) : ကာကွယ်မှု
အပိုင်း (၅) : သွယ်ဝိုက်နစ်မြောမှု
အပိုင်း (၆) : သေချာမှု မရှိသော
အပိုင်း (၇): လိုအပ်မှု
အပိုင်း (၈) : အနီးကပ်
အပိုင်း (၉) : အလှတရား
အပိုင်း (၁၀) : ခွင့်
အပိုင်း (၁၁) : အတ္တ
အပိုင်း (၁၂) : ရေးရာ...။
အပိုင်း (၁၃) : ရည်ရွယ်ချက်
အပိုင်း (၁၄) : ကတိသစ္စာ
အပိုင်း (၁၅) : တန်ဖိုး
အပိုင်း (၁၆) : လွဲမှားမှု
အပိုင်း (၁၈) : ပင်ပန်းမှု
အပိုင်း (၁၉) : မြတ်နိုးမှု
အပိုင်း (၂၀) : ...ချစ်လို့
အပိုင်း (၂၁) : မေတ္တာသည်သာ...
အပိုင်း (၂၂) : သံသယ
အပိုင်း (၂၃) : မွန်းကြပ်မှု
အပိုင်း (၂၄) : ပြောင်းလဲလာမှု
အပိုင်း (၂၅) : နာကျင်မှု
အပိုင်း (၂၆) : ကြားလူ
အပိုင်း (၂၇) : ယုံကြည်မှု
အပိုင်း (၂၈) : အမျိုးသား
အပိုင်း (၂၉) : ကိုးကွယ်ရာ
အပိုင်း (၃၀) : မြတ်နိုးမှု အလွန်
အပိုင်း (၃၁) : ဂရုစိုက်မှု
အပိုင်း (၃၂) : ဖွင့်ဟခြင်း
အပိုင်း (၃၃) : မောင့်ဥ
အပိုင်း (၃၄) : ဖေဖေ့ဝဋ်
ဇာတ်သိမ်း: ပါရမီဖြည့်ဖက်
ဒဂ်ါး
မောင့်ရဲ့ ဘေဘေး
အလှဘွဲ့
🍷
အပိုင်း (၁၇) : ပိုး
10.9K 1K 143
By Zphoowai
{Unicode🌼}
... သုံးနှစ် သုံးမိုး...
ပိုးရမယ်တဲ့...။
***
မယားတောသူ🌿
ကိုယ့်အပိုင် မဟုတ်သော သာယာမှု
📱>>>
"ဘယ်လိုလဲ? Babe...။ Babeလူက ခွင့်ရက်ရှည် မပေးနိုင်ရင် အလုပ်ထွက်မယ်တဲ့...။ ဘယ်လို လုပ်ရမလဲ??"
"ဟုတ်လား? သူက ဘယ်လို အကြောင်းပြချက်ပေးတါလဲ??"
"သူ့အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စရှိတယ်တဲ့...။ နောက်ပြီး အိမ်ထောင်ပြုပြီး အဲ့ဒီမှာပဲ နေမယ်ပြောတယ်..."
"ဟုတ်လား?? အိမ်ထောင်ပြုမယ်တဲ့လား??"
"ဟုတ်တယ်... မယူမဖြစ်မယ့် အခြေအနေလို့တော့ ပြောတယ်...။ Daddyလည်း မသိဘူးလေ... babeရဲ့...။ Babeကသာ သူ့ကို သဘောကျတယ်ဆိုပြီး ဖြစ်နေတာ...။ ဟိုက လက်တောင် ထပ်တော့မယ် ဆိုပါ့လား??"
"အဟင်း~~ မခနဲ့ပါနဲ့... Daddyရာ...။ Babeအကြိုက်ကိုလည်း သိရဲ့သားနဲ့...။ Babeက Innocence ချင်ယောင်ဆောင်တာကို အရမ်းသဘောကျတာလေ...။ Babeက မကြမ်းချင်ဘူး...။ ကံစီမံရာအတိုင်း ဆိုပြီး ရောချချင်တာ... နိုမို့ဆို Babeကို သူက မုန်းသွားမှာပေါ့..."
"ဟုတ်ပါပြီ... ကျားပေါက်ကလေးရယ်...။ အဲ့ဒီကိစ္စအသိပေးတါ...။ ဒီမှာ daddy Meetingက next 15 minutes လောက်ဆို စ,ပြီလေ...။ ဒါပဲနော်...။ အဆင်ပြေပြေနေ...။ ညကျ Babeအတွက် အထူးပြင်ဆင်ထားရဦးမလား??"
"No... babe နေမကောင်းချင်သလို ဖြစ်နေတယ်...။ ဒီလိုလုပ်လေ... Babe လာမယ်ဆို ဖုန်းကြိုဆက်မယ်..."
"Ok ကွာ...။ ဒါနဲ့ Daddy... Babeရဲ့ အရာရာတိုင်းကို လွမ်းနေပြီနော်...။ နောက်ပြီး Daddy... babeကို လိုက်လျောသင့်သမျှ လိုက်လျောခဲ့ပြီးပြီ...။.တကယ်ဆို Daddyတို့ Companyက အသက်မပြည့်တဲ့သူ မပြောနဲ့ အရည်အချင်း ၊ အတွေ့အကြုံမရှိရင် မခေါ်တာ များတယ်နော်...။ နောက်ပြီး သူ့ကို လစာ အများကြီး ပေးထါးတယ် ဆိုတာကလည်း Babe မျက်နှာကြောင့်....."
"သိပါတယ်... Daddy...။ Babe နေကောင်းရင် ဖုန်းပြန်ဆက်လိုက်ပါ့မယ်...။ အခုတော့ အနားယူပါရစေဦးနော်..."
"ဟုတ်ပြီ... ဒါနဲ့ Daddyဆီက တောင်းဆိုတာ တစ်ခုခုရှိသေးလား??"
"ရတယ်... အားလုံး Statusက အပြည့်ပဲ...။ Daddy ....Meetingရှိတယ်ဆို...။ နောက်မှ ဖုန်းဆက်လိုက်မယ်လေ..."
"ဟက်! Babeက စကားကြော ဖြတ်ချတယ် နေရာမှာ ဆရာကြီး​နော်...။ ဘာလဲ? Daddyကို မလိုချင်တော့ဘူးလား?? Daddyမှာ Babe တစ်ယောက်တည်း ရှိတာ..."
"ဟာ... တစ်ခြားလူ ပြောရင် ယုံဦးမယ်.... Mr Joeအမည်ခံ ဦးအောင်နိုင်သူ....။ ဒါဆို ဋီကာ Surname ခံယူထားတဲ့ လူမျိုးခြားမလေးကရော?? Daddyမှာ ပေါတယ်ဆိုတာ Babe သိပြီသား...။ ဒါကြောင့် ဟာသတွေ သိပ်မလုပ်နဲ့ကွာ...။ မရယ်ရဘူး... "
"ဟုတ်ပါပြီ... Babeရယ်...။ ဒါပေမယ့် ကိုယ့်မှာ Long termအနေနဲ့ အမ်းတာဆိုလို့ Babeတစ်ယောက်တည်း ရှိတာနော်...။ နောက်ပြီး Babeကိုက ကိုယ်တိုင် မွေးစားထားတာလေ..."
"ဘာလဲ?? မွေးစားတယ် ဟုတ်လား?? တစ်သက်လုံး မွေးလာတဲ့ ကြက်၊ တစ်ခါတည်းနဲ့ ရိုက်သတ်စား....တဲ့...။ စကားပုံ ရှိတယ် Daddyရဲ့...။ လူတိုင်းက မျှော်လင့်ချက်ရှိလို့ ရင်းနှီးမြှုပ်နှံကြတာလေ...။ အိမ်က အဖေနဲ့အမေတောင် - တော်ပြီ...။ Babe ဖုန်းပြန်ဆက်မယ်...။ "
"Ok... အနားယူတော့ babe..."
"See you later~~ Daddy..."
တစ်ဖက်က ဖုန်းကို ချလိုက်ပြီး နောက်မှာတော့ ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်...။ ထို့နောက် ဒူးနှစ်ဖက်ကို လက်ဖြင့် ယှက်ပိုက်လိုက်ပြီး ခေါင်းကို ငုံ့ကာ.....။
' .. အကြွေးတွေ ပြန်မချေနိုင်ဘူးဆိုရင်... ကျွန်တော်တို့ ခင်ဗျားတို့ နှစ်ယောက်လုံး အသက်အန္တရာယ် ရှိတယ် ဆိုတာ သတိထားပေးပါ...'
'မလုပ်ပါနဲ့ဗျာ... မလုပ်ပါနဲ့...။ ကျွန်တော်တို့မှာ တကယ် ပေးစရာ မရှိသေးလို့ပါ...။ ကျွန်တော် မဖြစ် ဖြစ်တဲ့နည်းနဲ့....'
'နောက်ထပ် တစ်နှစ်လောက် စောင့်ပါဦးလား? မရတော့ဘူး...။ ဟိုမှာ ဘိုးတော်က နိုင်ငံခြားကနေ နောက်တစ်ပတ်ထဲ လာလိမ့်မယ်...။ ခင်ဗျားဆီကအရေအတွက်အားလုံး လိုချင်တယ်တဲ့...။ အဲ့လိုမှ မရရင်တော့ ခင်ဗျားတို့ အသက် ဘာဖြစ်မလဲ? အာမ မခံနိုင်သေးဘူး...။ ဥပဒေဘေါင်အတွင်းတွေ နားမလည်ဘူးနော်...။ ခင်ဗျားတို့စားထားတာက Organicလွတ်တဲ့ အသီးအရွက်တွေ မဟုတ်ဘူး...'
'ဒါပေမယ့်... အရင်တစ်ခါ ချထားတဲ့ အထုပ်တွေက ပိုက်ဆံ အကြပ်အတည်း...'
'အဲ့ဒါ ခင်ဗျားတို့ ကိစ္စလေ...။ ကျုပ်တို့နဲ့မှ မဆိုင်တာ...။ အဲ့ဒါ ဘိုးတော်လာမှပြော...။ ဟိုက ဆုပေး ဒဏ်ပေး စနစ်ကို အရမ်းသဘောကျတာနော်...။ ကဲ... ကျွန်တော်တို့ သွားမယ်...'
ထို့နောက် အကြပ်ရိုက်နေသည့် မိဘနှစ်ပါး၏ ပုံရိပ်...။ သူတို့ပြောနေသည့် တစ်စုံတစ်ရာကို ကျွန်တော်လည်း သေချာမသိခဲ့...။ ထိုအချိန်က မိုးကုတ်မှာ ကျွန်တော် စားလို့ အကောင်းဆုံးက ပွဲတော်ချိန်မှ တကူးတက ရရှိတတ်သည့် အာတာပူစီမုန့်...။ မိဘနှစ်ပါး မျက်နှာမကောင်းတာကို သိပေမယ့် ဘာအတွက်ကြောင့်မှန်း ကျွန်တော် မသိတော့....။ ထို့နောက် Mr Joeဆီ ရောက်ပြီးမှပဲ ကျွန်တော်က အဖေတို့ ချခဲ့တဲ့ ဆေးကျွေးအတွက် လဲလှယ်ခြင်း ခံခဲ့ရသည်တဲ့....။
ထိုအချိန်ကတည်းက လောကကြီးကို ကျွန်တော် စိတ်နာခဲ့သည်...။ Mr Joeက ကျွန်တော့်ကို လိုလေသေးမရှိ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပေမယ့် သူက Sexကိစ္စအတွက် ရည်ရွယ်ပြီး ကျွန်တော့်ကို ရေလောင်းခဲ့တာ....။ ဘယ်လောက်မက်မောစွာပဲ ရှိနေနေ အချိန်တန်ရင် ရိုးအီသွားမှာပဲလေ...။ အဲဒီအချိန်ကျ ကျွန်တော် မက်မောနေတဲ့ ဒီအဆောင်အယောင်တွေက ခဏချင်းဆိုသလို ကျွန်တော့်ကို စွန့်ခွာသွားမှာ....။ အဲ့ဒီအချိန်ကျ ကျွန်တော့်ဘဝက တိရစ္ဆာန်တစ်ကောင်လောက်တောင် အဆင့်ရှိပါ့မလား??
ဒီလိုမွန်းကြပ်မှုများစွာနဲ့ ရင့်ကျက်ဖို့ ကြိုးစားနေရင်းမှ ကျွန်တော် မိုးကုတ်ကို ကျောင်းသွားတတ်ဖို့ ထုံးစံအတိုင်း ခွင့်ပြုချက်ဖြင့်...။ အရင်ကျောင်းတိုင်းလိုလို အနိုင်ကျင့်မှုများဖြင့် ပြဿနာတက်ခဲ့ပေမယ့် အဲ့ဒီကျောင်းမှာတော့ ကျွန်တော်ဟာ သာမန်အတိုင်းလိုပဲ...။ ဒီ့ထက်ပိုပြီး ကျွန်တော့်အတွက် ကံကောင်းချင်တာက ကျွန်တော် နစ်မြောနေတဲ့ ထိုဘဝကြီးက လွတ်မြောက်ခဲ့တဲ့ တစ်နေ့မှာ ကျွန်တော့်အဓိပ္ပါယ်မရှိသလို ခံစားရတော့မှာ မဟုတ်ဘူး...။
ကျွန်တော် တဖြည်းဖြည်း ရုန်းထွက်ရမှာ မကြောက်တော့ဘူး...။ သူ့အတွက်ကြောင့်ပင်... သူနဲ့သာ ဆိုလျှင်.... ထိုသို့သော အတွေးများက ကျွန်တော့်အတွက် ဋီကာရှိမှ ဖြစ်မည်...။ နောက်ပြီး အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ ဘောက်ဆတ်ဆတ် ၊ ယောကျာ်းပီပီသသ တိုပြတ်ပြတ် ပြောတတ်သည့် သူ့အမူအရာများကြောင့် ပိုသဘောကျမိသည်.....။ ထို့ကြောင့်ပင်....။
VC>>>
"ရွာဘက်က အခြေအနေရော??"
"ဘာမှတော့ ထူးထူးခြားခြား ဖြစ်မလာသေးပါဘူး... ဆရာ...။ ဒါပေမယ့် ဆရာ့လူ ဋီကာနဲ့က ဒီရက်ပိုင်း မတွေ့ဖြစ်ဘူး နေမယ်...."
"အင်း... တစ်ခုလောက် မေးချင်လို့..."
"ဟုတ်ကဲ့ ပြောပါ ဆရာ..."
"မင်းတို့နယ်ဘက်မှာ မယူမဖြစ်တဲ့ အခြေအနေဆိုတာ ရှိလား?? ချစ်သူရည်းစား အနေအထားနဲ့လေ..."
"အဲ့ဒါကတော့ ဒီအတိုင်း သမရိုးကျ အမျိုးသမီးဘက်က နစ်နာသွားတဲ့အခါတိုင်း တာဝန်ယူတဲ့ မယူမဖြစ် အခြေအနေက ထုံးစံအတိုင်းပဲ ရှိပါတယ်..."
"မဟုတ်ဘူး... အမျိုးသား၊ အမျိုးသမီး ဆက်ဆံရေးမဟုတ်ဘဲ... ဒီအတိုင်း ယောကျာ်းလေးနှစ်ယောက်ဆိုရင်ရော??"
"အဲ့ဒီအခြေအနေက ဒီ့ဘက်မှ ရှားတယ် ဆရာ..။ အလှဘွဲ့ ရထားတဲ့ ယောကျာ်းလေးတွေ အတွက်ပဲ သတ်မှတ်ထားတဲ့ စည်းကမ်းက သူတို့အတွက် မယူမဖြစ် အခြေအနေဆိုတာ သူတို့ ဟိုကိစ္စဖြစ်ပြီးသားမျိုး...။ သူတို့က ပိုပြီး စည်းကမ်းတွေ ရှိတယ်...။ သူတို့က ရွာရဲ့ ကျက်သရေ၊ ဂုဏ်ပုဒ်တွေပါ ပါလို့ အထူးဂရုစိုက်ရတယ်...။ သူတို့ တစ်ချက်မှားလိုက်တာနဲ့... ရွာကကပ်ဆိုက်တော့တာပဲ....။"
"သြော်... အဲ့ဒီလိုလား?? ဒါနဲ့ ဒဂ်ါးကိစ္စကရော... သူ့အဘ သိသွားတယ် မလား??"
"ဟာ... သိအောင် ပြောလိုက်တာပေါ့ ဆရာရယ်...။ အဲ့ဒီနေ့က အလှဘွဲ့ ရထားတဲ့ တစ်ယောက်က တော်တော်လေး ထုနှက်ခံလိုက်ရတယ် ဆိုပဲ..."
"ဒါဆို... မင်းဆရာနဲ့ သူ့ကို အမြန်ဆုံး လက်ထပ်စေချင်တယ် မလား??"
"ဒါပေါ့ ဆရာရယ်...။ အဲ့ဒီအချိန်ကျ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာပေါ့...။ ကျွန်တော့်ဘက်က ကျွန်တော်တို့ ဆရာနဲ့ ဆရာကြိတ်ကြွေနေတဲ့ ရွာရဲ့ အလှဘွဲ့ရတဲ့ သူကိုလည်း ရွာသားအချင်းချင်း ပေးစါးနိုင်မယ်...။ ဆရာ့အတွက်လည်း အဲ့ဒီမြို့သားနဲ့က အဆင်ပြေနိုင်မယ်လေ...။ ဆရာက အဲ့ဒီအလှလေးကို ရမှ ဖြစ်မှ... သူတော်တော်ကြိုက်တာ...."
"ကောင်းပြီ...။ ဒါဆိုရင် သူနဲ့ ဋီကာအကြောင်းကို အဘကို သွားပြီး အသိပေးလိုက်...။ နောက်ပြီး မင်းဆရာနဲ့လည်း အမြန်ဆုံး လက်ထပ်ပေးဖို့ စေ့ဆော်လိုက်လေ...။ မင်းကို ဒဂ်ါးလိုမျိုး နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်...."
"ဟာ... ဟုတ်ကဲ့...။ ဘာများလဲ?? ဆရာ.."
"အင်း... အဲ့ဒါက နောက်ဆုံးလက်နက်ဆိုတော့ နောက်မှပေါ့...။ အခုလောလောဆယ် အဘကို အသိပေးလိုက်...။ အဘသား ဥဒေါင်းပျိုနဲ့ မမရွှေရုပ်ပျို မတ်နဲ့က ရည်းစားတွေပါလို့...။ မမရွှေရုပ်ပျို မတ်က အိမ်ထောင်ရှိတဲ့သူလို့...။နောက်ပြီး ကိုစံဦးထိုက်နဲ့ ကိစ္စကိုလည်း အမြန်ဆုံး ဆောင်ရွက်စေချင်တယ်လို့...။ နိုမို့မှာ မဟုတ်ရင် မင်းတို့နယ်အတွက်လည်း မကောင်းဘူးလေ..."
"ဟာ... ဟုတ်တယ် ဆရာ...။ ဒါဆို ကျွန်တော် အခုပဲ အဘ့ကို အသိပေးလိုက်တော့မယ်...။ သတင်းကောင်းကိုသာ စောင့်နေပါ ဆရာ...."
"ကျေးဇူးတင်ပါတယ်...။ မင်း လုပ်နိုင်မယ်လို့လည်း ထင်ပါတယ်...။ ဒါဆို ဒီလောက်နဲ့ပဲပေါ့...။ နောက်မှ ဆက်ပြောမယ်လေ...။ ကိစ္စရှိရင် မင်း ငါ့ဆီ ဆက်သွယ်လို့ ရတယ်နော်...။ Lineပေါ်ကနေ စာပို့ထားလိုက်ပေါ့..."
"ဟုတ်ကဲ့ပါ ဆရာ...။ ကျွန်တော် အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစားပါ့မယ်..."
ထို့နောက် Vc ပြီးဆုံးသွားပြီဆိုတာနဲ့ မျက်နှာပေါ်မှ မျက်နှာဖုံးကို ချွတ်လိုက်မိတော့သည်...။ တကယ်တော့ ကျွန်တော် ဋီကာနဲ့ ဥဒေါင်းပျိုကို ကျောင်းတုန်းကတည်းက သိပ်ပြီး မသက်ာခဲ့...။ ထိုမသက်ာမှုကို အဆုံးသတ်ပေးလိုက်သည့် တစ်နေ့က ဥဒေါင်းပျိုတို့ ရွာမှာ သဲပုံစေတီပွဲ ကျင်းပသည့် နေ့ဖြစ်သည်.....။ ထိုနေ့က ကျွန်တော် သူ့အပေါ် မျှော်လင့်ချက်များက အရာမထင်တော့သလို....။ ထို့နောက် ထိုနယ်ကပင် ဥဒေါင်းပျိုကို မကျေမနပ် ဖြစ်နေသည့် လူတစ်စုကို တွေ့ခဲ့ရသည်...။ထိုအထဲကမှ မိမိသားကောင်ဖြစ်မည့်သူကို ရွေးချယ်ခဲ့ပြီးသည့်နောက် ဇာတ်လမ်းကို ဒီအချိန်ထိ က,ခဲ့သည်.....။
ဖွံ့ဖြိုးမှုနှင့် ရင်ဘောင်မတန်းနိုင်သေးသည့် ဥဒေါင်းပျို အလိမ္မာ အရိုးခံလေးက နိုင်ငံခြားက သူနဲ့ ဆက်သွယ်ဖို့က Postal serviceတဲ့လား? ဇာတ်က ကျွန်တော် အလွယ်လေး ဝင်ပြီး ကနိုင်သည့် အနေအထားပင်....။ အစကတည်းက ကံကြမ္မာက ကျွန်တော့်ဘက်ကနေ မျက်နှာသာ ပေးခဲ့ပါသည်......။
အဆုံးရှုံး မခံနိုင်မှု....။
📱>>>
"ဗျာ?? အပျိုလေးက အဘပြောတဲ့ စကားကို လက်ခံလိုက်ပြီတဲ့လား? မရွှေရုပ်ပျို..."
"ဟုတ်တယ်...။ အဘက သေချာလေးကို ချော့ပြောသွားတာ...။ နောက်ပြီး မင်းနဲ့အကြောင်းကိုလည်း ဘယ်သူပြောလိုက်လို့ သိသွားလဲ မသိဘူး...။ နောက်ပြီး ဒဂ်ါးပြားက မင်းကို ဥ,က ပေးလိုက်တယ် ဆိုတာကို အလုံးစုံ သိနေတာ...။ မမအထင်တော့ ဒီကြားထဲက မင်းတို့နှစ်ယောက်အကြောင်း သိနေတဲ့ တစ်စုံတစ်ယောက်က မွှေနေပြီ ထင်တယ်....။"
"......."
ကျွန်တော်လည်း မမပြောသည့် ကြားထဲက တစ်စုံတစ်ယောက်ကို စဥ်းစားနေတာ အခုထက်ထိ မတွေးမိသေး...။
"ဥ,ကို ကယ်ပါ ဋီကာရယ်...။ သူက မင်းနဲ့ မှားထားမှန်းသာ သိရင် စံဦးထိုက်က သူ့ကို နှိပ်စက်မှာ...။ အဲ့ဒီအခါကျရင် ဥ, သိက္ခာတွေ အကုန်လုံး မြောင်းထဲ ရောက်ကုန်မှာ...။ စံဦးထိုက် နှိပ်စက်သမျှ ဥ,ခံရမှာ..."
"ကျွန်တော် အဲ့ဒီကို အခုချက်ချင်း လာခဲ့မယ် မမ..."
"နေဦး... လိုက်ခဲ့မယ်ဆိုတော့... မင်းက ဘယ်လိုလုပ်မှာလဲ??"
"မှားခဲ့တဲ့ အကြောင်းပြောပြီး ကျွန်တော် တာဝန်ယူမယ်လို့..."
"အာ... အဲ့ဒါက မဖြစ်လောက်ဘူး...။ အဘက မင်းက မလွတ်မလပ်ဆိုတာ သိနေတယ်...။ ပိုပြီး စိတ်ဆိုးသွားလိမ့်မယ်..."
"ဘာကို မလွတ်လပ်တာလဲ မမ..."
"မင်းမှာ နိုင်ငံခြားက အိမ်ထောင်ရှိတယ်ဆို..."
"ဗျာ??"
"ဟုတ်တယ်...။ လသားအရွယ် သမီးလေးတစ်ယောက်တောင် ရှိတယ်ဆို...။ ဘာတဲ့ မင်းမိန်းမရဲ့ နာမည်က Jessica Tikarဆိုလား? မင်းနာမည်ကိုတောင် Surname ယူထားတယ်..."
"Jessica Tikar ဟုတ်လား မမ...။ အဲ့ဒါ... အဲ့ဒါ မမ ဘယ်ကသိလဲ??"
"မမကို ဥ, ပြောတာပဲ...။ သူ့ဆီမှာ မင်းတို့ တွဲရိုက်ထားတဲ့ မိသားစုဓာတ်ပုံနဲ့ မင်းကလေးကို ပိုင်ဆိုင်ကြောင်း စာချုပ်တွေ..."
"ဟာ... မဟုတ်ဘူး... မမ...။ အဲ့ဒါ အဲ့လိုမျိုး မဟုတ်ဘူး...။ Surnameတပ်ခဲ့တယ် ဆိုပေမယ့် အဲ့ဒီအစ်မက နိုင်ငံခြားက Companyက လုပ်ဖော်ကိုင်ဖက် ဖြစ်နေလို့ သူအကယအညီတောင်းတာကို ကူညီခဲ့တာ...။ သူ့အမေက Mental Disorderဖြစ်နေလို့ သူ့ကလေးအတွက် အဖေမရှိဘူးတဲ့ အခြေအနေက ရောဂါတက်စေနိုင်လို့...။ အဲ့ဒီ Jessica ရဲ့ အမေကလည်း ခင်ပွန်းတာဝန်မယူဘဲ Jessicaကို မွေးခဲ့တာ...။ အဲ့ဒါကြောင့် ကျွန်တော်...။ ကျွန်တော် တကယ် ဘယ်သူ့ကိုမှ မယူခဲ့ပါဘူး...။ နောက်ပြီး အဲ့ဒီဓာတ်ပုံက Jessica ရဲ့ အမေ​ဆီကိုပဲ ပို့ခဲ့တာ...။ အဲ့ဒါက ဘယ်လို အပျိုလေးဆီ..."
"အေး... အဲ့ဒါပဲ...။ ဥ,က မလွန်ဆန်နိုင် ဖြစ်နေတာ...။ မင်းသာ လွတ်လွတ်လပ်လပ်ရှိရင် လွန်ဆန်ဖို့ သူ,ရဲပေမယ့် တကယ်လို့ မင်းမှာသာ မလွတ်ခဲ့ရင် သူ့ဘက်က နောက်ဆုတ်ရမယ့် စည်းဘောင်တွေ ရှိတယ်...။ နောက်ပြီး စည်းတွေဖျက်ပြီး ဇွတ်တိုးမယ် ဆိုရင်လည်း အဘက သူ့ကို နှင်လွှတ်မှာလေ...။ အဲ့ဒီအခါကျ ဥ,က တကယ်ကို အဆင်မပြေတော့ဘူး..."
"အဲ့... အဲ့ဒါကြောင့် အပျိုလေးက ကျွန်တော့်ကို_"
"ဟုတ်တယ်... မင်းကို သစ္စာရှိရှိ သူ အမြဲတမ်း စောင့်တယ်....။ အဲ့ဒီပုံ သူ့ဆီ ရောက်လာတဲ့ နေ့ကဆို သူ့ခမျာ တမှိုင်မှိုင် တတွေတွေနဲ့...။ ဒါတောင် မင်းကို မရဲတရဲ မျှော်လင့်ပြီး ကိုစံဦးထိုက် ကိစ္စကို အတော်ကြာတဲ့အထိ ငြင်းခဲ့တာ...။ နိုမို့ဆို... သူသာ လက်ခံရင် ပိုဆိုးမယ်...။ အပျိုလေးသာ ချက်ချင်းလက်ခံခဲ့ရင် မင်းတောင် သိလိုက်မှာ မဟုတ်ဘူး...."
"အပျိုလေးက... ကျွန်တော့်ကို အဲ့ဒီအချိန်အထိ စောင့်နေခဲ့တာလား?? ဒါ...ဒါကို ကျွန်တော်က အပျိုလေးကို_ ဟာ... မမရယ်... ကျွန်တော် အမှားကြီးကို မှားခဲ့တာ...။ ဒါကြောင့်... "
"ကဲပါ ဒါကြောင့်တွေ မလုပ်နဲ့တော့...။ အပျိုလေးကို ဒီညနေ ခေါ်ထုတ်လာမယ်...။ မင်း ရွာထိပ်က စောင့်နေလေ...။"
"ဒါပေမယ့် အပျိုလေးက အဘကို မလွန်ဆန်နိုင်တာ သိရက်သားနဲ့...။ သူလိုက်ပါ့မလား?? သူမလိုက်ချင်တာကြီးကို ကျွန်တော်က ဇွတ်ခိုးယူသွားရင် သူက ကျွန်တော့်ကို..."
"အေးဟေ့... ကွဲကြ.. ငါ စိတ်မရှည်တော့ဘူး..."
"ကျွန်တော် လာခဲ့မယ် မမ..."
သုံးနှစ်သုံးမိုး.... ပိုး...။
ညနေ ၅နာရီ...။
ကျွန်တော်လည်း အပြင်က ရာသီဥတုအခြေအနေကို တစ်ချက်ကြည့်ပြီး ရွာအပြင်လမ်းမှ အပျိုလေးကို စောင့်နေမိသည်...။ ထန်းပင်ထန်းတောများဖြင့် မှိုင်းညှို့ညှို့ အပျိုလေးတို့ ရွာကို မျှော်ငေးကြည့်လိုက်ပြီး ကျွန်တော့်ရင်ထဲ တထိတ်ထိတ်နဲ့ပင်... အပျိုလေး လာပါ့မလားဟု....။
ထို့နောက် မကြာခင်ပင် ရွာအပြင်လမ်းသို့ လျှောက်လာသော အပျိုလေးနဲ့ တူသည့် ပုံရိပ်တစ်ခုကြောင့် ကျွန်တော်လည်း ကားတံခါးဘေး၌ ခပ်မတ်မတ်ရပ်ကာ မျှော်ငေးလိုက်သည်....။ ထို့နောက် တဖြည်းဖြည်း နီးကပ်လာပြီး ပီပြင်လာသော ပုံရိပ်က ကျွန်တော့်ကို ရင်အခုန်မြန်စေသည်....။
ဖြူနုနု ပုံရိပ်လေးက အပြာဖျော့ရောင် ရှပ်အကျီ်လက်တိုလေးနှင့်အတူ ပုဆိုးမီးခိုးရောင် အကွက်လေ...။ ညှိုးငယ်စွာနဲ့ပင် ခေါင်းကို ငုံ့လျက် ကျွန်တော့်ဆီသို့ မမရွှေရုပ်ပျိုနှင့်အတူ လျှောက်လာသည်...။ ကျွန်တော့်အနားရောက်တော့ ကျွန်တော်က သူ့ကို အကြည့်မလွှဲနိုင်အောင် ဖြစ်နေပေမယ့် သူကတော့ ကျွန်တော့်ကို တစ်ချက်မျှ မော်ကြည့်လိုက်ပြီး ခေါင်းကို ပြန်ငုံ့သွားလေပြီ....။
"ဋီကာ... သွားတော့... သွား...။ အဘ ကိုင်းဘက် ခဏ သွားတယ်...။ ပြန်ရောက်တာနဲ့ ဥ,ကို မေးမှာ...။ ဥ,ကို ဒီရက်ပိုင်း မျက်ခြေပျက်ခံတာ မဟုတ်ဘူး... ။ သွား...သွားတော့..."
"ကျွန်တော် မလိုက်တော့ဘူး... မမ...။ "
"ဟမ်?"
"ဘယ်လို ပြောတာလဲ? ဥ..."
"ဟုတ်တယ်... အဘက အလုံးစုံ သိတာတောင် ကျွန်တော့်ကို ခွင့်လွှတ်တဲ့အပြင် ကိုစံဦးထိုက်နဲ့ လက်ထပ်ဖို့ တောင်းတောင်းပန်ပန် ပြောခဲ့တာ...။ တကယ်တော့ ကျွန်တော်က နယ်ဘက်က ဂုဏ်ဆောင်ဘွဲ့ ရထားတာလေ....။ အဘ မျက်နှာကို အိုးမည်းမသုတ်စေချင်တော့ဘူး..."
"အပျို​လေး...။ တကယ်ပဲ ငါနဲ့ ဝေးဖို့ စိတ်ကူးရှိနေတာလား? မင်းနဲ့ငါနဲ့က မှားခဲ့ကြပြီးပြီလေ...။ ငါနဲ့ပဲ-"
"ရတယ်... အဲ့ဒါ ငါ့အပိုင်းပါ နှိပ်စက်ခံရရင်လည်း ငါ့ထိုက်နဲ့ ငါ့ကံပဲ...။ အဘကို နောက်ထပ်မလွန်ဆန်နိုင်တော့ဘူး...။"
"ဟိုကောင်က မင်းကို တန်ဖိုးထားမယ် ထင်နေတာလား? အပျိုလေး..."
"အရေးမကြီးပါဘူး...။ တစ်စုံတစ်ယောက်တောင် ငါ အမှတ်တနိုးပေးထါးတဲ့ ဒဂ်ါးကိုတောင် လွှင့်ပစ်တာပဲ...။ အဲ့ဒီထက် အရေးကြီးတာ ငါ့ဘဝမှာ ဘာမှ မရှိတော့ဘူး....။"
"ကျစ်~~ အဲ့ဒါက_"
"ရွှေရုပ်ပျို သမီး အကျင့်ကောင်းတွေ တတ်နေတယ်ပေါ့ ဟုတ်လား??"
သွားပြီ...။ မလှမ်းမကမ်း ရွာလမ်းထိပ်မှ အပြေးအလွှား လိုက်လာသော အဘ၊ သူနှင့်အတူ အမေက အဘလက်ကို ဆွဲပြီး ဒရောသောပါး လိုက်လာသည်....။ ကျွန်တော်လည်း ထိုပုံရိပ်ကို မြင်လေတော့ နံဘေးမှာ အေးစက်စွာ ရပ်နေသည့် အပျိုလေးကို ကြည့်ပြီး လက်သီး​ဆုပ်လိုက်မိသည်....။
"တောက်!!"
"လာ ဥ, အဘတို့ ပြန်ရအောင်..."
အဘကတော့ သူ့သားလက်ကို ဆွဲပြီး အိမ်ပြန်ဖို့ လုပ်လေတော့ ဥ,ကပါ ရုန်းကန်မှုမရှိဘဲ တိတ်ဆိတ်စွာပင် လိုက်ပါနေတော့ ကျွန်တော်လည်း အပျိုလေး၏ နောက်လက်တစ်ဖက်ကို ဆွဲပြီး...။
"နေဦး..."
"မင်းနဲ့ ဘာမှပြောစရာ မရှိတော့ဘူးနော်... မောင်ဋီကာ...။ မင်း ပြန်ပါ...။ သမီးရွှေရုပ်ပျို လက်ထပ်တော့မယ့် သတို့သားဘက်က မွေးချင်းတစ်ယောက်အနေနဲ့... နှစ်ဦးနှစ်ဖက် မျက်နှာပျက်စရာတွေ မဖြစ်ချင်ဘူး...."
ကျွန်တော်လည်း အပျိုလေးမျက်နှာကို တည်တံ့စွာ ကြည့်လိုက်ပြီး...။
"ကျွန်တော်နဲ့ အပျိုလေးက မှားခဲ့ကြပြီးပြီ...။ အပျိုလေးကို ကျွန်တော့်အပိုင် လုပ်ခဲ့ပြီးပြီ။ အပျိုလေးမှာ ကျွန်တော့်အတွက် ကွယ်ဝှက်ထားတဲ့ နေရာဆိုတာ တစ်နေရာမှ မရှိတော့ဘူး..."
"ဘာ?? မင်း... မင်း... "
အဘကတော့ အံ့သြတုန်လှုပ်မှု များစွာနဲ့ပင် ကျွန်တော့်ကို ကြည့်လိုက် အပျိုလေးကို ကြည့်လိုက်နဲ့ပင်... ။ နောက်ဆုံးတော့ အပျိုလေးဆီ အကြည့်တို့ ရပ်တန့်သွားပြီး...။
"ဟုတ်လား? ဥဒေါင်းပျို...။ သူ.. သူမင်းကို အလိုမတူဘဲ ရယူခဲ့တာလား??"
"ဟုတ်တယ်... အလိုမတူဘဲ_"
ကျွန်တော့်စကားတို့ ဆက်ပြီး မထွက်နိုင်တော့... အပျိုလေးဆီမှ စကားတစ်ခွန်းကြောင့်....။
"သားတို့ နှစ်ဦးနှစ်ဖက် သဘောတူ မှားခဲ့ကြတာမျိုးပါ..."
"မင်း.. မင်း...။ ဥဒေါင်းပျို... မိုက်လှချည်လား? ဒီလို မလွတ်မလပ်တဲ့ သူကိုမှ... မင်း... မင်း..."
အဘက အပျိုလေး မျက်နှာပေါ်သို့ လက်ဝါးဖြန့်ပြီး ရွယ်လိုက်သည်မို့ ကျွန်တော်လည်း အဘ လက်ကို ဆွဲလျက် တားလိုက်ပြီး....။
"အဘ... ကျွန်တော့်လူကို ထိစရာမလိုဘူး...!! "
"မင်းလူ??"
"ဟုတ်တယ်...။ ကျွန်တော် အပျိုလေးကို ပိုင်တယ်... ။ အပျိုလေးကို ကျွန်တော် လက်ထပ်မှာ..."
"ငါ သဘောမတူဘူး..."
"သဘောမတူလည်း ကျွန်တော်က လက်ထပ်မှာ... ကျွန်တော်တို့က မှားခဲ့ကြပြီးပြီ..."
ကျွန်တော့်ရဲ့ အချိုးမပြေမှုများကို အဘကတော့ သိပ်ပြီး ကြည့်မရ ဖြစ်လာတော့သည် ထင်သည်....။
"ရတယ်... ဥဒေါင်းပျိုကို ရယူချင်ရင်တော့ သုံးနှစ်သုံးမိုး ကျွန်ခံရမယ်...။ တကယ်လို့ သုံးနှစ်ပြည့်လို့မှ မင်း ပုံစံ အချိုးမပြေရင်တော့ ဥဒေါင်းပျိုနဲ့ လုံးဝ သဘောမတူနိုင်ဘူး...။ မင်းနဲ့ ဟိုကိစ္စဖြစ်ထားလည်း ငါကိုယ်တိုင် ဓလေ့တွေ ဖျက်ပြီး စံဦးထိုက်နဲ့ ပေးစါးပစ်မယ်...။ "
"စိတ်ချ.... အဲ့လိုတွေ ဖြစ်လာမှာ မဟုတ်ဘူး...။ ဘာလို့ဆို အပျိုလေးကို ဘယ်သူ့လက်ထဲမှ ကျွန်တော် ထပ်ပြီး အပါမခံနိုင်တော့ဘူး..."
ကျွန်တော် ထိုစကားကို လက်သီးဆုပ်ပြီး ပြောလိုက်တော့ အပျိုလေးက ကျွန်တော့်ကို တစ်ချက် မော့ကြည့်လာသည်...။ ထို့နောက် ပြန်ပြီး မျက်လွှာမချသွားခင်....။
"မောင့်ကို ကြည့်....."
ထိုအခါ အပျိုလေးက မရဲတရဲနဲ့ပင် ကျွန်တော့်ကို တစ်ချက်ကြည့်လာသည်...။ ကျွန်တော်လည်း အပျိုလေးကို တစ်ချက်ပြုံးပြလိုက်ပြီး အပျိုလေးလက်ဖဝါးတစ်ဖက်ကို ခပ်ဖွဖွ ဖိညှစ်လိုက်သည်....။
"မောင် တောင်းပန်ပါတယ်..."
ထို့နောက် အဘကိုင်ထားသော အပျိုလေး လက်တစ်ဖက်ကို မသိမသာ ဖြုတ်စေပြီးနောက် ကျွန်တော်တို့နှစ်ယောက် နှေး၍ ကျန်ခဲ့မိလေသည်....။ ကြယ်ရောင်တစ်ချို့ မမြင်ရသော မိုးကုတ်စက်ဝိုင်းအောက်၌ အပျို​လေးမျက်နှာကို ကြည့်မိနေသည်....။
အပျို​လေးလက်နှစ်ဖက်လုံးကို ဆုပ်ထွေးလိုက်ပြီး နူတ်ခမ်းဖြင့် ဖိကပ်နမ်းရှိုက်လိုက်သည်...။
"ဒီ သုံးနှစ် သုံးမိုးလုံးက မောင် .... အပျို​လေးကို ပိုးတယ်လို့ပဲ ထားလိုက်တော့နော်..."
"ကျွန်ဆိုကတည်းက ဘယ်အ​ခြေအနေလဲ? မစဥ်းစားမိဘူးလား??"
"ရတယ်.. အပျိုလေးအနား မောင် ရှိနေဖို့ပဲ လိုပါတယ်...။ ဒါနဲ့လေ_"
"မိုးစက်တွေ ကျလာပြီ.... အိမ်ကို ပြန်ရအောင်..."
ရင်ထဲမှ လာသော နားလည်မှု...။
ညစာ ထမင်းဝိုင်း....။
"အပျိုလေး... ဟိုကလေးကို သွားခေါ်လိုက်လေ...။ ထမင်းစားရအောင်လို့..."
"နေပါစေ....။ သူ နောက်မှ စားလိမ့်မယ်...။ သူကိုယ်တိုင် ငါ့စကားအတိုင်း နေဖို့ ပြောထားပြီးသား..."
ကျွန်မမှာ အဘ အရိပ်အခြေကြည့်ပြီး ခေါ်လိုက်ပေမယ့် အဘက လက်မခံဘဲ ဥ,လေးကို တားလိုက်တာမို့ ကျွန်မလည်း ပါးစပ်ပိတ်ပြီးသာ နေရတော့သည်...။ မြို့မှာ အဆင်ပြေပြေ နေခဲ့သည့် ကလေးက တင်းကုပ်အဖီရပ်မှာ အခုလို မိုးတွင်းမှာ ရှိနေဖို့က အတော်လေး အဆင်မပြေသည့်ကိစ္စရပ်ပင်....။ နောက်ပြီး ည၈နာရီ ရှိနေပြီ အခုချိန်ထိ ထိုကလေး ထမင်းမစားရသေး....။
ကျွန်မနှင့်အပျို​လေး အစီစဥ်ကို ဆွဲနေတုန်း ရှိသေးသည်...။ အဘက ထမင်းစားပြီးသည်နှင့် ပန်းကန်ကို ယူကာ အိမ်ရှေ့ထွက်သွားမည့်ဟန်ပြင်တော့....။
"အဘ... လက်ဆေး မျက်နှာသစ်ပြီး ဘုရားရှိခိုးလိုက်တော့နော်...။ အဲ့ဒါ သမီးတို့ လုပ်လိုက်မယ်..."
"သမီး ရွှေရုပ်ပျို... အဘ ကိစ္စတွေလည်း နောက်တစ်ခါ ထပ်ပြီး မရှုပ်ဖို့ မျှော်လင့်ပါတယ်..."
အဘကတော့ ကျွန်မအကြံကို သိနေသည့်အလား ကျွန်မကို ရိပ်ပြီး ပြောလိုက်လေတော့ ကျွန်မလည်း အဘလက်ထဲက ပန်းကန်ကို ယူပြီး အသာလေး တိတ်နေမိတော့သည်....။
ည ၈နာရီ ၄၅ မိနစ်...။
"ထမင်းဆာနေပြီလား?? ဒီမှာ ဒီနေ့ အိမ်က အသားမပါလို့...။ ဟင်းချက်ပြီးမှလာတာ နည်းနည်းနောက်ကျသွားတယ်...။ မြည်းတော့ မကြည့်ရသေးဘူး... သည်းခံပြီး စားလိုက်နော်..."
ထမင်းကို ကြွေအုပ်လေးထဲ ထည့်ပြီး ကြက်သားဟင်းနှင့်အတူ ၊ အရန်ဟင်း တို့စရာ အသီးအရွက်လေးက တစ်ချို့...။ အငွေ့ထောင်းထောင်းနှင့် ကြက်သားဟင်းက အခုမှ ချက်လာသည့်အနေအထား....။
"အပျိုလေးကိုယ်တိုင် ချက်လာတာလား??"
"ဟုတ်တယ်..."
"အဘရော သိလား??"
"မသိဘူး... ဘုရားခန်းထဲ ဝင်နေတယ်...။"
"အပျိုလေးကရော ဘုရားရှိခိုးပြီးပြီလား??"
"ဒီက ပြန်မှ ဝတ်ပြုမှာ...။ ဒါနဲ့ ဒီမှာ အိပ်လို့ရော ဖြစ်လား??"
"အိပ်လို့ရပါတယ်..."
"ခြေထောင်ကို သေချာထောင်အိပ်နော်...။ နွားစာတွေနဲ့ဆိုတော့ အခုလို မိုးအေးအေးနဲ့ ခြင် တအားကိုက်မှာ..."
အပျိုလေးက အရမ်းကို စိတ်ပူနေသည့် အသွင်ဖြင့် မျက်နှာညှိုးကာ ဆိုလာတော့ ကျွန်တော် ပြုံးမိသည်...။ ထို့နောက် အပျို​လေး ကျွန်တော့်အတွက် တကူးတက ချက်လာသည့် ကြက်သားဟင်းနှင့်ထမင်းကို ဇွန်းဖြင့်ခပ်ကာ စားလိုက်သည်....။
"မောင်က အိပ်ပျော်ရင် ဘာမှသိတာ မဟုတ်ဘူး...။ အဲ့ဒါကြောင့် တစ်စုံတစ်ယောက်က မောင့်အနားမှာ နေမှရမယ် ထင်တယ်..."
ကျွန်တော့်၏ အဓိပ္ပါယ်ပါလှသော စကားကြောင့် အပျိုလေးက ကျွန်တော့်ကို တစ်ချက်ကြည့်လာသည်။ ထို့နောက် ကျွန်တော်က အကြည့်တစ်ချက်မှ မလွှဲဘဲ ရှိနေတော့ အပျိုလေးက အရင် မျက်နှာလွှဲလိုက်သည်....။
".... ဟား... မယားတောသူဆိုတဲ့ စကားက တကယ်မှန်တာပဲ..."
ကျွန်တော့်စကားကြောင့် အပျိုလေးက ကျုံ့ကျုံ့လေး ထိုင်နေရင်းမှ ကျွန်တော့်ကို လှည့်မကြည့်လာတော့...။ ကျွန်တော်လည်း အပျိုလေးကို ကြည့်လိုက်၊ ထမင်းစားလိုက်နဲ့ပင် အရသာဟာ ဘာမှန်းမသိတော့...။
"နောက်တစ်ခါ မောင့်အတွက်ကြောင့် တကူးတက အသားဟင်းတွေ လုပ်မလာပါနဲ့..."
Next part spoiler~~~
ညက တစ်ယောက်တည်း အိပ်ခဲ့ရသည့် တင်းကုပ်တစ်နေရာမှ မနက်နိုးတော့ အတော်လေးကို သပ်ရပ်စွာ ရှိနေသည်။ ညက ခြင်ထောင် ထောင်ပြီး စောင်မခြုံဘဲ အိပ်ခဲ့သည်က အခုတော့ဖြင့် ကျွန်တော်ကိုယ်ပေါ် စောင်က ပုံလျက်သား...။
နောက်ပြီး ညက မိုးအနည်းငယ် သည်းနေပေမယ့်ကျွန်တော် အချမ်းဓာတ်ကို သိပ်ပြီး မခံစားရ၊ ချမ်းသည်လည်း မထင်...။ နောက်ပြီး စိတ်ထင်၍ပဲလား မသိ... ရင်းနှီရသည့် စကားစိမ်းရနံ့က ညက တစ်ညလုံး နှာခေါင်းထဲ အလုံးအရင်းနဲ့ ဝင်ရောက်နေသည်...။
တံစက်​မြိတ်မှ တစ်ပေါက်ချင်းစီ ကျနေသော မိုးစက်ပေါက်များကို ကြည့်ကာ ပြုံးလိုက်မိသည်...။
သေချာတွေးမိသော်လည်း ခန္ဓာကိုယ် ထွေးထွေးမွှေးမွှေးလေးက သူကလွဲပြီးတော့ မရှိတော့...။
___________________________________________
အားလုံးပဲ Good nightပါဗျ။
Still strong.
Take care and safe guys.
With fully thz,love and respects.
အစ်ကိုတော်:1/9/21:20:44PM:Wednesday.
{Zawgyi🌼}
... သုံးနှစ် သုံးမိုး...
ပိုးရမယ်တဲ့...။
***
မယားတောသူ🌿
📱>>>
"Ok... အနားယူတော့ babe..."
"See you later~~ Daddy..."
VC>>>
"ရွာဘက်က အခြေအနေရော??"
"ဟုတ်ကဲ့ ပြောပါ ဆရာ..."
"ဟာ... ဟုတ်ကဲ့...။ ဘာများလဲ?? ဆရာ.."
📱>>>
"......."
"ဘာကို မလွတ်လပ်တာလဲ မမ..."
"ဗျာ??"
"ကျွန်တော် လာခဲ့မယ် မမ..."
ညနေ ၅နာရီ...။
"ဟမ်?"
"ဘယ်လို ပြောတာလဲ? ဥ..."
"ကျစ်~~ အဲ့ဒါက_"
"တောက်!!"
"လာ ဥ, အဘတို့ ပြန်ရအောင်..."
"နေဦး..."
"ဘာ?? မင်း... မင်း... "
"ဟုတ်တယ်... အလိုမတူဘဲ_"
"မင်းလူ??"
"ငါ သဘောမတူဘူး..."
"မောင့်ကို ကြည့်....."
"မောင် တောင်းပန်ပါတယ်..."
ညစာ ထမင်းဝိုင်း....။
ည ၈နာရီ ၄၅ မိနစ်...။
"ဟုတ်တယ်..."
"အဘရော သိလား??"
"အိပ်လို့ရပါတယ်..."
Next part spoiler~~~
___________________________________________
Still strong.
Take care and safe guys.
Continue Reading
You'll Also Like
481K 40.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
339K 35.4K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
331K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
81.7K 11K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...