From My Tears...
By LwanTarYar
246K 12.6K 868
သံသရာတစ်ကွေ့ ဒီဘဝဝယ် ချစ်ခဲ့ဖူးသည် သူ့အပါးတွင် ခိုဖူးချင်သည် နောက်နောင်ဘဝ လွမ်းချင်းရပ်မည် ချစ်ခြင်းအတ... More
အခန်း ၁ (Unicode+Zawgyi)
အခန်း ၂ (Unicode+Zawgyi)
အခန်း ၃ (Unicode+Zawgyi)
အခန်း ၄ (Unicode+Zawgyi)
အခန်း ၅ (Unicode+Zawgyi)
အခန်း ၆ (Unicode+Zawgyi)
အခန်း ၇ (Unicode+Zawgyi)
အခန်း ၈(Unicode+Zawgyi)
အခန်း ၉ (Unicode+Zawgyi)
အခန်း ၁၀ (Unicode+Zawgyi)
အခန်း ၁၁ (Unicode+Zawgyi)
အခန်း ၁၂ (Unicode+Zawgyi)
အခန်း ၁၃ (Unicode+Zawgyi)
အခန်း ၁၄ (Unicode+Zawgyi)
အခန်း ၁၅ (Unicode+Zawgyi)
အခန်း ၁၆ (Unicode+Zawgyi)
အခန်း ၁၇ (Unicode+Zawgyi)
အခန်း ၁၈ (Unicode+Zawgyi)
အခန်း ၁၉ (Unicode+Zawgyi)
အခန်း ၂၀ (Unicode+Zawgyi)
အခန်း ၂၁ (Unicode+Zawgyi)
အခန်း ၂၂ (Unicode+Zawgyi)
အခန်း ၂၃ (Unicode+Zawgyi)
အခန်း ၂၄ (Unicode+Zawgyi)
အခန်း ၂၅ (Unicode+Zawgyi)
အခန်း ၂၆ (Unicode+Zawgyi)
အခန်း ၂၇ (Unicode+Zawgyi)
အခန်း ၂၈ (Unicode+Zawgyi)
အခန်း ၂၉ (Unicode+Zawgyi)
အခန်း ၃၀ (Unicode+Zawgyi)
အခန်း ၃၁ (Unicode+Zawgyi)
အခန်း ၃၂ (Unicode+Zawgyi)
အခန်း ၃၃ (Unicode+Zawgyi)
အခန်း ၃၄ (Unicode+Zawgyi)
အခန်း ၃၆ (Unicode+Zawgyi)
အခန်း ၃၇ (Unicode+Zawgyi)
အခန်း ၃၈ (Unicode+Zawgyi)
အခန်း ၃၉ (Unicode+Zawgyi)
အခန်း ၄၀ (Unicode+Zawgyi)
အခန်း ၄၁ (Unicode+Zawgyi)
အခန်း ၄၂ (Unicode+Zawgyi)
အခန်း ၄၃ (Unicode+Zawgyi)
အခန်း ၄၄ (Unicode+Zawgyi)
အခန်း ၄၅ (Unicode+Zawgyi)
အခန်း ၄၆ (Unicode+Zawgyi)
အခန်း ၄၇ (Unicode+Zawgyi)
အခန်း ၄၈ (Unicode+Zawgyi)
အခန်း ၄၉ (Unicode+Zawgyi)
အခန်း ၅၀ (Unicode+Zawgyi)
အခန်း ၅၁ (Unicode+Zawgyi)
အခန်း ၅၂ (Unicode+Zawgyi)
အခန်း ၅၃ (Unicode+Zawgyi)
အခန်း ၅၄ (Unicode+Zawgyi)
အခန်း ၅၅ (Unicode+Zawgyi)
Ending (Unicode+Zawgyi)
Extra-1 (Unicode+Zawgyi)
Extra-2 (Unicode+Zawgyi)
MinYaTha and WunnaMinHtin
အခန်း ၃၅ (Unicode+Zawgyi)
2.6K 181 2
By LwanTarYar
(Unicode)
မင်းရသသည် ဝဏ္ဏမင်းထင်ကို ကြည့်ပြီး ခပ်ရေးရေးလေးပြုံးလိုက်သည်။ မကြာခင်မှာတော့ မေမေက အိမ်လယ်မှ စားပွဲဝိုင်းပုကို အိမ်ရှေ့သို့ချလာခဲ့သည်။
" ဝဏ္ဏလည်း မပြန်နဲ့ဦးနော်။ အန်တီက ရသမွေးနေ့တိုင်း နို့ဆန်ပြုတ်ပြုတ်ပေးနေကျ။ အခုလည်းပဲ ပြုတ်ထားတယ်။ သားကြိုက်ရဲ့လား?''
" ဟုတ်...ကြိုက်ပါတယ်အန်တီ''
" ရသတို့ကတော့ ငယ်ငယ်ထဲက နို့ဆန်ပြုတ်ဆို အရမ်းကြိုက်တာ...''
မေမေက မီးဖိုချောင်းထဲသို့ ပြန်ဝင်သွားချိန်မှာတော့ ဝဏ္ဏမင်းထင်က မင်းရသဘက်သို့လှည့်ကာ...
"ယောက်ျားလေးက နို့ဆန်ပြုတ်အရမ်းကြိုက်တာပဲလား?''
" အင်း...ကြိုက်တယ်။ ငယ်ငယ်ကဆို မေမေက တစ်လတစ်ခါ ငါနဲ့ဖေဖေ့အတွက်ပြုတ်ပေးနေကျ...''
မင်းရသသည် ထိုစကားပြောပြီးမှ ကိုယ့်ပါးစပ်ကိုယ် ပြန်ပိတ်ရိုက်ချင်မိသွားသည်။ ကံကောင်းပေလို့ပေါ့...မေမေ့ရှေ့မှာ ဒီစကားမထွက်လို့။
ဝဏ္ဏမင်းထင်လည်း မျက်နှာပျက်သွားသော မင်းရသကိုကြည့်ပြီး ဘာမှမပြောနိုင်။ ရသရဲ့ အဖေက ဒီမှာမရှိတော့တာတော့ သူသိပေမယ့် သေသွားပြီဟုလည်း သူမထင်မိ။ သူနဲ့ရသက ချစ်သူတွေဖြစ်ပေမယ့်လည်း သူရသတို့မိသားစုအကြောင်း ဘာကိုမှ တစ်စွန်းတစ်စ မမေးမြန်းခဲ့...။
အခုသူ့ကြောင့် ရသ နာကျင်စရာအတိတ်တွေကိုပြန်တွေးမိပြီး စိတ်မကောင်းဖြစ်သွားတာလား?
အိမ်နောက်ဖေးက အန်တီက ပန်းကန်လုံးလေးတွေကို စားပွဲပုလေးပေါ်သို့ ချပေးလာခဲ့သည်။ ထို့နောက်...
" သား...ပန်းမေရော။ သူ့ကိုလည်း ခေါ်ဦးလေ။ ကျောင်းပြန်လာတုန်းက အတူတူ မပြန်လာကြဘူးလား?''
" ဟင့်အင်း...မေမေ။ ညနေက သူခေါင်းနည်းနည်းမူးနေလို့ဆိုပြီး ကျောင်းလွှတ်တာနဲ့ တန်းပြန်သွားတယ်''
" ဟုတ်လား? ဒီကလေးမလေး နေမကောင်းဘူးနဲ့တူတယ်။ ကဲ...အဲ့ဒါဆိုလည်း မေမေ ချိုင့်ထဲထည့်ပေးလိုက်မယ်။ သား ပန်းမေတို့အိမ်ပြေးလိုက်ပါဦး...''
" ဟုတ် မေမေ''
မေမေပေးသော နို့ဆန်ပြုတ်ချိုင့်ကို ဆွဲကာ နှစ်အိမ်ကျော်မှာ ရှိသည့် ပန်းမေတို့တိုက်အိမ်ကြီးသို့ ရသကထွက်သွားသည်။
ဝဏ္ဏမင်းထင်က ထွက်သွားပါသော မင်းရသ၏ ကျောပြင်လေးကို တစိမ့်စိမ့်ကြည့်နေလျက်...။
" ရသနဲ့ပန်းမေနဲ့က ငယ်ငယ်ထဲက အဲ့ဒီလိုပဲလေ...။ ပန်းမေကလည်း အန်တီတို့အိမ်ကို ခဏခဏလာဆော့တယ်၊စာလည်းအတူတူလုပ်ကြတာပဲ။ အန်တီက ငယ်ငယ်တုန်းက ရသကို ကျူရှင်မထားတော့ နှစ်ယောက်သားစာအတူတူလုပ်ပြီး အပြန်အလှန်စစ်ကြတာ...တစ်ခါတလေ အန်တီက ဝိုင်းကူပေးတာပေါ့''
ရသမေမေ၏ မျက်နှာသည် ကြည်လင်လန်းဆန်းနေပါသော်လည်း နွမ်းလျနေသည်။အရောင်ခပ်မှိုင်းမှိုင်း သူမမျက်ဝန်းတွေက ခပ်ရေးရေးလေးသာ တောက်ပနေသည်။ ပါးလျလျ နှင်းဆီဖူးရောင်နှုတ်ခမ်းတွေက မင်းရသနှင့် ချွတ်စွပ်တူလျက်...။ ရသမျက်လုံးတွေကတော့ သူမနှင့်မတူ။ သူ့အဖေနှင့်တူတာ ဖြစ်လိမ့်မည်။ ရသက သူ့အမေနှင့်တော့ မျက်နှာကျ အလွန်ဆင်သည်။
" ရသက အတန်းထဲမှာလည်း ခင်ဖို့ကောင်းတဲ့သူတစ်ယောက်ပါ အန်တီ။ သူ့ဘာသာသူ အေးအေးဆေးဆေးလေး နေတတ်တာကလွဲလို့ပေါ့...''
သူမက ပြုံးလိုက်ပြီး ဝဏ္ဏမင်းထင်ရှေ့သို့ နို့ဆန်ပြုတ်ထည့်ထားသော ပန်းကန်လုံးလေးကို ချပေးလာခဲ့သည်။
" ဟုတ်တယ် သား။ရသက သူငယ်ငယ်တုန်းက သူ့အဖေသူ့နားမရှိတော့တဲ့အချိန်ကတည်းက အေးအေးဆေးဆေး တစ်ယောက်ထဲနေတတ်သွားတာ...။ သူငယ်ချင်းဆိုလို့လည်း ပန်းမေလေးတစ်ယောက်ထဲရှိတာ၊ သားက ရသပထမဆုံး အိမ်ခေါ်လာဖူးပြီး အန်တီနဲ့ မိတ်ဆက်ပေးတဲ့ သူငယ်ချင်းပဲ''
ဝဏ္ဏမင်းထင်က မသိမသာလေးပြုံးလိုက်ပြီး အရှေ့မှ ဆန်ပြုတ်ကိုသာ သောက်နေလိုက်တော့သည်။ အိမ်ရှေ့တံခါးဆီမှ အသံကြားသဖြင့် ရသပြန်လာပြီမှန်း သူသိလိုက်သည်။ ရသက ရွံ့ဗွက်ရေတွေစိုနေပါသော ဖိနပ်ကို အိမ်ပေါက်ဝမှာ ထောင်ထားခဲ့ပြီး အိမ်ထဲသို့ဝင်လာကာ လက်ဆေးလိုက်သည်။ ပြီးမှ စားပွဲမှာဝင်ထိုင်လိုက်သည်။
" မွှေးနေတာပဲ...ဟီး။ သြော်...ပန်းမေက ကောင်းကောင်းသောက်ပါ့မယ်လို့ မေမေ့ကိုပြောလိုက်ပါဦးတဲ့''
" အေးပါ သားရယ်။အေးကုန်မယ် သောက်ဦး...''
" ဟုတ်...မေမေ''
သူတို့စကားတပြောပြောနှင့် နေလာလိုက်ကြတာ အိမ်ပြင်မှာက မှောင်မည်းပြီး မိုးချုပ်နေလေပြီ။
ထို့အပြင် တိတ်ထားသော မိုးကလည်း ထိုအချိန်မှ ပြန်ထရွာလာခဲ့သည်။ မှောင်မဲပြီး မိုးတွေတရစပ်ရွာနေသောကြောင့် ဝဏ္ဏမင်းထင် လုံးဝပြန်ရန်မဖြစ်နိုင်ခဲ့...။
" ဝဏ္ဏ...သားအန်တီတို့အိမ်မှာ အိပ်လိုက်ပါလား? သားအိမ်ကို အန်တီဖုန်းဆက်ပေးမယ်လေ။ ဒီအခြေအနေနဲ့ ကလေးကိုလည်း တစ်ယောက်ထဲ ပြန်မလွှတ်ချင်ဘူး''
ဝဏ္ဏမင်းထင်က ခဏစဥ်းစားလိုက်ပြီး...
" ဟုတ်...အန်တီ။ အဲ့ဒါဆိုလည်း ဒီည ကျွန်တော်ဒီမှာပဲ နေလိုက်တော့မယ်နော်။ ဒါပေမယ့် အန်တီတို့ အဆင်ပြေရဲ့လား?''
" အို...ပြေတာပေါ့။ သားက ရသနဲ့အတူတူအိပ်လိုက်လေနော်''
မေမေ့အပြောကြောင့် ဝဏ္ဏမင်းထင်က ခေါင်းတဆတ်ဆတ် ညိတ်နေချိန်မှာတော့ မင်းရသသည် စိတ်တွေလှုပ်ရှားမိသည်။ ဝဏ္ဏနဲ့ အချိန်ပေါင်းများစွာ တစ်နေကုန်ကျောင်းမှာ အတူတူရှိနေဖူးပေမယ့်လည်း ဒီလိုမျိုး အတူအိပ်ဖို့ကိုတော့ သူလုံးဝမစဥ်းစားခဲ့ဖူးပါ။ 
" ရသ...မေမေခေါ်နေတယ်လေ။ ဘာတွေတွေးနေတာလဲ?''
" အာ...ဘာမှမဟုတ်ပါဘူး မေမေ။ ''
" အဲ့ဒါဆိုလည်း ဝဏ္ဏကို သားအကျီ..တစ်ထည်ထုတ်ပေးလိုက်ပါဦးလို့။ သူလည်းအခုထိ ကျောင်းဝတ်စုံမလဲရသေးဘူး''
" ဟုတ်...''
ရသလည်း လှစ်ခနဲ အခန်းထဲသို့ ပြေးသွားလိုက်သည်။ဗီဒိုထဲမှ ညဝတ်အကျီ..ကို ထုတ်ပြီး ကုတင်ပေါ်တင်ပေးလိုက်သည်။ အရေးထဲ အကျီ..တွေ့တော့ ဘောင်းဘီက ပျောက်နေသဖြင့် အောက်ထပ်မှာ မွှေနှောက်ရှာနေရသေးသည်။
ဘောင်းဘီကိုတွေ့တော့ ကုတင်ပေါ်သို့တင်လိုက်ကာ သူလည်းရေချိုးရန်ပြင်လိုက်သည်။ ဒါပေမယ့် ဝဏ္ဏကိုသတိရသွားတော့ သူ့ကိုအရင်ပေးချိုးရန် ဆုံးဖြတ်လိုက်လေသည်။
" ဝဏ္ဏ...''
သူ့အသံကြားတော့ အိမ်နောက်ဖေးမှာ မေမေ့ကိုဝိုင်းလုပ်ပေးနေပါသော ဝဏ္ဏက လက်ကိုဆေးကာ သူ့ဆီသို့လာသည်။
" ရေချိုးလို့ရပြီလို့ ပြောတာ။ ငါမင်းအတွက် အကျီ..နဲ့ဘောင်းဘီထုတ်ထားပေးပြီးပြီ''
" အင်းအင်း...အဲ့ဒါဆို ငါအရင်ချိုးလိုက်မယ်နော်''
ရေလဲပုဆိုးတစ်ထည်နှင့် ရေချိုးခန်းထဲသို့ ဝင်သွားပါသော ဝဏ္ဏကို ရသကြည့်ရင်း သူ့ကျောပိုးအိတ်နှင့် ကိုယ့်ကျောပိုးအိတ်ကို အခန်းထဲသို့ ထည့်လိုက်သည်။
သိပ်မကြာခင် အချိန်မှာပဲ မေမေကလည်း သူမအခန်းထဲသို့ ဝင်သွားပြီဖြစ်သည်။ရေချိုးခန်းထဲမှ ဝဏ္ဏ၏ အကျီ..တွေလျှော်ဖွပ်နေသံသဲ့သဲ့ကို ကြားရသည်။ သူထွက်လာလျှင် အသင့်ဖြစ်စေရန် ခြေသုတ်ဝတ်တစ်ခုအား ရေချိုးခန်းအဝတွင် ထားထားပေးလိုက်သည်။
ဝဏ္ဏမင်းထင် ရေချိုးလို့အပြီးမှာတော့ မင်းရသပေးသော ပုဆိုးတစ်ထည်ကို အောက်ပိုင်းမှာပတ်ပြီး ထွက်လာခဲ့သည်။ မင်းရသက ဝဏ္ဏမင်းထင်ထွက်လာသည်နှင့် ရေချိုးခန်းကိုတန်းသွားတော့ မြင်ရသည့် ဝဏ္ဏရဲ့ ခန္ဓာကိုယ်က သူထင်ထားတာထက် ပိုပြီးကျစ်လျစ်နေသည်။
ထွေထွေထူးထူး အားကစားလုပ်တာတောင် မရှိပဲ ဘော်ဒီက အဲ့ဒီလောက်မိုက်ရသလားဟု စိတ်ထဲမှ မနာလိုအတွေးက ဝင်သွားရသည်။ ရှစ်တန်းကျောင်းသားလူပျိုတစ်ယောက်ဖြစ်ပေမယ့် အရပ်က မေမေ့ထက်တောင်မြင့်ပြီး အတန်းထဲမှာလည်း ဆရာမထက်တောင်မြင့်သည့် ဝဏ္ဏက မိန်းကလေးတွေကြား အရမ်းဆွဲဆောင်မှုရှိသည်။
အခုလည်း အပေါ်အကျီ..မပါပါသော ဗလာကျင်းအပေါ်ပိုင်းနှင့်ပင် တော်တော်ကိုကြည့်လို့ကောင်းနေသည်။ ဝမ်းဗိုက်ပေါ်မှာ ခပ်ရေးရေးထင်နေတဲ့ အရာတွေကလည်း ရသရဲ့စိတ်ကို ကြည့်ပါကြည့်ပါဟု ဆွဲငင်နေလေသည်။
ရေစက်တို့ ခိုဥတွဲကျနေသော ဝဏ္ဏမင်းထင်၏ ဆွဲဆောင်မှုအလွန်ရှိလှပါသော ခန္ဓာကိုယ်အား မင်းရသ အကြည့်မလွှဲနိုင်...။ သို့ပေမယ့်လည်း ဆန္ဒကို သိက္ခာနှင့်ထိန်းကာ ခေါင်းကိုအမြန်လွှဲလိုက်ရသည်။
" ပြီးပြီမလား ဝဏ္ဏ။ မင်းပြီးရင် ငါချိုးမယ်''
" အင်း...ရသ။နောက်မကျစေနဲ့နော် မိုးချုပ်နေပြီ။ငါလည်းအဝတ်လျှော်တာကြာသွားတယ်''
" ရပါတယ်...အဝတ်တွေကို ဟိုးက အဝတ်လှန်းစင်မှာ ချိတ်နဲ့ချိတ်ထားလိုက်နော်။ငါသွားချိုးလိုက်ဦးမယ်''
ရသလည်း ကိုယ့်အဝတ်ကိုယ် တစ်နေ့ပြီးတစ်နေ့လျှော်ဖွပ်တတ်သော အကျင့်ရှိတာကြောင့် အဆင်ပြေသည်။ မေမေ့အတွက်လည်း သူ့အတွက်နှင့် ဗျာမများ၊မပင်ပန်းစေချင်။
ရေချိုးခန်းထဲမှာ တော်တော်ကြာကြာ အဝတ်လျှော်၊ရေချိုးပြီးချိန်မှာတော့ ညခုနှစ်နာရီခွဲလောက် ရှိပေမည်။ သူလည်း မြန်မြန်ပုဆိုးကိုပတ်ကာ အခန်းထဲသို့ ဝင်ရန် အခန်းတံခါးကိုအဖွင့်မှာ မျက်စိရှေ့ ဘွားခနဲပေါ်လာသော ဝဏ္ဏ။
ရသထုတ်ထားပေးသော ညဝတ်အကျီ..ကို ကြယ်သီးသုံးလုံးလောက်ဖြုတ်ဝတ်ထားတာကြောင့် သူ့ရင်ဘတ်ကျယ်က ထင်းနေသည်။ မျက်နှာကလည်း ရှင်းလင်းနေပြီး ညှို့အားတစ်ခုက ရသကိုဆွဲဆောင်နေပြန်သည်။
" ရသ...''
" ဟင်...''
" ငါက အဲ့ဒီလောက်တောင်ကြည့်ကောင်းလား?''
" အင်း...။ မင်းမှာက ငါ့မှာမရှိတဲ့ အရာတွေလည်းရှိသေးတယ်။ ရင်ဘတ်ကလည်း အကျယ်ကြီး။ အရပ်ကလည်း ငါ့ထက်ပိုရှည်နေသေးတယ်...အရင်ကထက်တောင်ရှည်လာသလားလို့''
ဝဏ္ဏမင်းထင်က သူ့ရှေ့မှ မင်းရသအား ပြုံးရယ်ကာ ကြည့်လိုက်သည်။ ထိုကောင်လေးက မိမိကိုသာ ကြည့်နေပြီး သူ့ကိုယ်သူကျတော့ ပြန်မမြင်နိုင်ခဲ့။
သူ့ရဲ့သေးသေးသွယ်သွယ် ခါးက မိန်းမမဆန်ပေမယ့် တော်တော်ကြည့်ကောင်းသည်။ ဖြူဖွေးနေသော ရင်အုပ်ဖြူဖြူက ကြွက်သားတွေအရမ်းမတောင့်တင်းနေပေမယ့် သူ့ဟာနှင့်သူကြည့်ကောင်းသည်။ မင်းရသ၏ ဗလာကျင်းအပေါ်ပိုင်းကိုကြည့်ရင်း ဝဏ္ဏမင်းထင်တစ်ယောက် နှာခေါင်းသွေးလျှံကိန်းပင် ကျရောက်တော့မည်။ ထို့ကြောင့်...
" မြန်မြန်လုပ်လေ။ ပြီးရင်စာလုပ်ရဦးမယ် မဟုတ်လား။ အေးတယ် မြန်မြန်သုတ်...ရော့''
သပတ်ကို မင်းရသကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်ကာ သူကတော့ ကျောပိုးအိတ်ထဲမှ ကျောင်းစာအုပ်အချို့ကို ထုတ်နေလိုက်သည်။
ပထမဆုံးအကြိမ် ကိုယ့်ချစ်သူလေးအိမ်မှာ ညအိပ်နေရတာဖြစ်၍ ဝဏ္ဏမင်းထင်မှာ အပြင်ပန်းတည်ငြိမ်သော်လည်း ရင်ထဲတော့ ဗလောင်ဆူရတာ အမှန်...။
>>>>>>>>>>>>>>>>>>>>>>>>>>>>
[လက်ရှိကာလ-ချစ်ခြင်းပျော်ဝင်ခြင်း]
တစ်လမ်းလုံး မောင့်ဘေးနားမှာ ငြိမ်ငြိမ်လေးလိုက်လာခဲ့ပြီး မောင့်ကုမ္ပဏီကိုရောက်တော့လည်း နောက်ကနေသာ ငြိမ်ငြိမ်လေးလိုက်လာခဲ့ပေသည်။
နှိုင်းခစေတန်က အရှေ့ကနေ ကျော့ကျော့လေးသွားနေသလောက် မင်းရသကတော့ အနောက်ကနေ ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်ကာ လိုက်လာနေရသည်။
ကုမ္ပဏီကလူတွေက သူ့အားအထူးအဆန်းသဖွယ်ကြည့်နေကြသည်။ သက်ပြင်းကိုသဲ့သဲ့ချကာ မောင်ပြောထားသည့်အတိုင်း သူ့ရုံးခန်းထဲမှာသာ ငြိမ်ငြိမ်လေးထိုင်နေဖို့ ဆုံးဖြတ်ရသည်။
ဒီနေ့တော့ သူ့အလုပ်ကိုဘယ်လိုများ လုပ်ရပါတော့မလဲ? ပန်းမေကိုပဲ ဖုန်းဆက်လိုက်တော့မည်။ ကြိုပြီးခွင့်ယူထားတာလည်းမဟုတ်။လူပေါင်းများစွာနှင့် အထပ်ပေါင်းများစွာကို ကျော်ဖြတ်ပြီးချိန်မှာတော့ မောင့်ရုံးခန်းသို့ရောက်ရှိလာသည်။
မောင်လာသည်နှင့် အတွင်းရေးမှူးကောင်မလေးက မောင့်ကိုနှုတ်ဆက်ပြီးရသကိုပါ နှုတ်ဆက်လာခဲ့သည်။ အတွင်းရေးမှူးကောင်မလေးကိုတော့ ရသသိသည်။သူတို့ရဲ့ လက်ထပ်ပွဲတုန်းကလာခဲ့တဲ့သူမို့...။
ရုံးခန်းထဲရောက်သည်နှင့် နှိုင်းခစေတန်က အပေါ်အကျီ..ကိုချွတ်လိုက်သည်။
" အဲ့ဒီမှာထိုင်နေ...။အားနေရင် ဖုန်းကြည့်နေလိုက်''
မေးဆတ်ပြသော နေရာမှာ ရသတစ်ယောက် သွားထိုင်ပြီး ဖုန်းသာကြည့်နေလိုက်သည်။ သူပန်းမေကိုလည်း ဖုန်းမဆက်ရသေးတာကြောင့်...
" မောင်...''
" ပြော...''
" ငါပန်းမေကိုဖုန်းဆက်မလို့ အပြင်ခဏထွက်လို့ရမလား?''
နှိုင်စခစေတန်ရဲ့ မျက်ခုံးတွေက အလိုမကျစွာတွန့်ချိုးသွားခဲ့သည်။ထို့နောက်...
" ဘာလို့ဖုန်းဆက်မှာလဲ? ပြီးတော့ဘာတွေပြောမလို့ အပြင်ထွက်မှာလဲ?''
" မဟုတ်ဘူးလေကွာ။ငါဒီနေ့ ကုမ္ပဏီမလာဖြစ်လို့ သူ့ကိုဖုန်းဆက်မလို့''
" ရတယ်...ငါပြောလိုက်မယ်။ မင်းဘာသာမင်း ဒီအတိုင်းထိုင်နေ''
စကားကို ယတိပြတ်ပြောသွားပြီး မင်းရသကို အထွန့်တက်ခွင့်မပေးပဲ နှိုင်းခစေတန်က ကွန်ပျူတာကိုသာ ပြန်အာရုံစိုက်နေတော့သည်။ မင်းရသလည်း စိတ်ပေါက်ပေါက်နှင့် ထိုနေရာတွင်သာ ထိုင်ရင်း နားကြပ်ကောက်တပ်ကာ အားလပ်ချိန်တွေမှာကြည့်တတ်သည့် ဇာတ်ကားကိုကြည့်နေလိုက်တော့သည်။
သို့ပေမယ့်လည်း ကြာတော့ ဘာမှမလုပ်ရပဲ ဒီအတိုင်းထိုင်နေရသည်ဖြစ်၍ လူကတော်တော်ပျင်းလာသည်။ နှိုင်းကိုကြည့်တော့လည်း သူ့အလုပ်ထဲမှာသာ အာရုံကိုနှစ်လျက်...။
မင်းရသ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိတော့။ ဖုန်းကိုချပြီး ဟိုကြည့်ဒီကြည့်လှည့်ပတ်ကြည့်လိုက်သည်။ လမ်းထလျှောက်ရင်လည်း အလုပ်လုပ်နေတဲ့သူ အာရုံနောက်မှာစိုးသည်။ဘာလုပ်ရပါ့...။ လူက ထိုင်သာထိုင်နေရတာ ဖြစ်တာကြောင့် အရမ်းပျင်းသည်။
မတတ်နိုင်၊မနေနိုင်တော့သည့်အဆုံး အရဲစွန့်ကာ...
" မောင်...ငါပျင်းလို့။ အပြင်ထွက်လို့ရမလား? အနီးအနားက ကော်ဖီဆိုင်တစ်ဆိုင်ဖြစ်ဖြစ် သွားထိုင်လို့ရော ရမလား?''
သူ့စကားအဆုံးမှာ စူးရဲစွာကြည့်လာတဲ့ မျက်ဝန်းတွေနဲ့ တွန့်ချိုးထားတဲ့ မျက်ခုံးတွေ။ ဘာဖြစ်လို့ အမြဲတမ်း မင်းရသစကားစလိုက်ရင် အဲ့ဒီလိုမျိုး မောင်ကတုံ့ပြန်ရတာလဲ?
"ငါ...''
"ငြိမ်ငြိမ်လေး ဒီမှာပဲထိုင်နေလို့ မရဘူးလား မင်းရသ''
မင်းရသက သက်ပြင်းချလျက်...
"ငါက ဘာမှမလုပ်ပဲ ဒီမှာထိုင်နေရတာ ကြာတော့ပျင်းလာပြီ။မင်းလို အလုပ်လုပ်နေရတာလဲ မဟုတ်ပဲနဲ့ ဒီအတိုင်းထိုင်နေရတာလေ''
နှိုင်းခစေတန်က မင်းရသအားတွေဝေစွာကြည့်လာသည်။
"အရမ်းပျင်းလို့လား?''
မင်းရသက နှိုင်းခစေတန်အား ခေါင်းကိုဖြေးညှင်းစွာညိတ်ပြလိုက်လေသည်။
နှိုင်းခစေတန်ရဲ့အကြည့်တွေက ခက်ထန်ခြင်းတို့ ဝေးလွင့်လျက် နူးညံ့လာသည်။ မင်းရသအား သူသည်စိုက်ကြည့်နေလျက်...။
တကယ်တော့ သူတစ်ချိန်လုံး မင်းရသကို အလုပ်လုပ်နေရင်း ခဏခဏကြည့်နေခဲ့တာ ဖြစ်သည်။ ကိုယ်တော်ချောလေးက ဟိုဘက်မှီလိုက်၊ဒီဘက်မှီလိုက်လုပ်ရင်း ဇာတ်ကားကြည့်နေတာ သူ့ကိုတောင်သတိမထားမိ။ဒါပေမယ့် သူအရမ်းပျင်းနေမယ်လို့တော့ သူမထင်ခဲ့ပါ။
အင်း...တော်တော်ကြာကြာထိုင်နေရတော့ သူလည်းပျင်းပြီပေါ့။ အနီးအနား ကော်ဖီဆိုင်ကိုသွားခွင့်တောင်းနေပေမယ့်လည်း နှိုင်းကတော့ သူ့ကိုကိုယ့်မျက်စိရှေ့ကနေ တစ်ယောက်ထဲမလွှတ်နိုင်။ ထို့ကြောင့် သွားခွင့်ပြုလို့တော့ မဖြစ်။
" တစ်ခုခုစားချင်လား?''
" အင်း...နည်းနည်း''
" ငါတစ်ခုခုမှာပေးမယ်။ မင်းဒီမှာပဲနေ...။ အပြင်မထွက်နဲ့''
ထို့နောက် အတွင်းရေးမှူးမလေးအား ခေါ်ကာ နီးရာဆိုင်မှ မုန့်ဝယ်ခိုင်းလိုက်သည်။ နှိုင်းလည်း အလုပ်စားပွဲမှ ထကာ မင်းရသအနားက ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။
သူလာထိုင်တာတောင် ထိုကောင်လေးက မမြင်ပဲ လက်ထဲမှ ဖုန်းကိုသာ အာရုံစိုက်နေသည်။ သူနဲ့ကိုယ်နီးကပ်နေသည်ဟူသော အသိကလည်း ရင်ကိုတအုံ့နွေးနွေး ဖြစ်ပွားစေလျက်။
TBC.
Thank you all.
(Zawgyi)
" အင်း...ကြိုက်တယ်။ ငယ်ငယ္ကဆို မေမေက တစ်လတစ်ခါ ငါနဲ့ဖေဖေ့အတွက်ပြုတ်ပေးနေကျ...''
အိမ်နောက်ဖေးက အန္တီက ပန်းကန်လုံးလေးတွေကို စားပွဲပုလေးပေါ်သို့ ချပေးလာခဲ့သည်။ ထို့နောက်...
" ဟင့်အင်း...မေမေ။ ညေနက သူခေါင်းနည်းနည်းမူးနေလို့ဆိုပြီး ကျောင်းလွှတ်တာနဲ့ တန်းပြန်သွားတယ်''
" ဟုတ် မေမေ''
မေမေပေးသော နို့ဆန်ပြုတ်ချိုင့်ကို ဆြဲကာ နှစ်အိမ်ကျော်မှာ ရှိသည့် ပန်းမေတို့တိုက်အိမ်ကြီးသို့ ရသကထွက်သွားသည်။
" အေးပါ သားရယ်။အေးကုန်မယ် သောက်ဦး...''
" ဟုတ်...မေမေ''
" ရသ...မေမေခေါ်နေတယ်လေ။ ဘာတွေတွေးနေတာလဲ?''
" ဟုတ်...''
" ဝဏ္ဏ...''
ထွေထွေထူးထူး အားကစားလုပ်တာတောင် မရွိပဲ ဘော်ဒီက အဲ့ဒီလောက်မိုက်ရသလားဟု စိတ်ထဲမှ မနာလိုအေတြးက ဝင်သွားရသည်။ ရှစ်တန်းကျောင်းသားလူပျိုတစ်ယောက်ဖြစ်ပေမယ့် အရပ္က မေမေ့ထက်တောင်မြင့်ပြီး အတန်းထဲမှာလည်း ဆရာမထက်တောင်မြင့်သည့် ဝဏ္ဏက မိန်းကလေးတွေကြား အရမ်းဆွဲဆောင်မှုရှိသည်။
" ရသ...''
" ဟင်...''
သပတ္ကို မင်းရသကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်ကာ သူကေတာ့ ကျောပိုးအိတ်ထဲမှ ကျောင်းစာအုပ်အချို့ကို ထုတ်နေလိုက်သည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>
[လက်ရှိကာလ-ချစ်ခြင်း၌ပျော်ဝင်ခြင်း]
နှိုင်းခစေတန်က အရှေ့ကနေ ကျော့ကျော့လေးသွားနေသလောက် မင်းရသကတော့ အေနာက္ကေန ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်ကာ လိုက်လာနေရသည်။
" မောင်...''
" ပြော...''
"ငါ...''
"အရမ်းပျင်းလို့လား?''
" တစ်ခုခုစားချင်လား?''
" အင်း...နည်းနည်း''
" ငါတစ်ခုခုမှာပေးမယ်။ မင်းဒီမှာပဲနေ...။ အပြင်မထွက်နဲ့''
TBC.
Thank you all.
Continue Reading
You'll Also Like
96.1K 10K 42
#Unicode သူ့တစ်​နေရာ ခဏတာ ဝင်လဲ၍သာ ​ကြည့်ချင်သည် #Zawgyi သူ့တစ်​နေရာ ခဏတာ ဝင်လဲ၍သာ ​ကြည့်ချင်သည်
172K 12.9K 36
Start date:17Jan,2022 End date :24March,2022
192K 15.2K 82
( Zawgyi+Unicode) "ခင်ဗျားကျေးဇူးဘယ်လောက်တန်လဲ အဲကျေးဇူးတွေ ငွေတွေနဲ့ ကျုပ်ဘဝကို အပိုင်ဖမ်းပြီးတာတောင် မလုံလောက်သေးဘူးလား မုန်းတယ် ခင်ဗျားကိုမုန်းတယ်...
478K 39.7K 45
မသိတာကို အပြစ်​မမြင်​ရက်​ပါဘူး ' မြက်​​ထွေး' ​သွေးစိမ်းရှင်​ရှင်​ထွက်​​အောင်​လုပ်​မှရက်​စက်​တာမဟုတ်​ပါဘူး အပြစ်​မမြင်​ဘူးဆိုတဲ့ ခင်​ဗျားကမှ ရက်​စက်​...