[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...
By Boss_want_to_eat_you
548K 75K 1.4K
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More
Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွဦေးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
2.3K 415 6
By Boss_want_to_eat_you
!Unicode!
အခန်း(၅၇) ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
ကျန်းရွှင်းယီအနည်းငယ်အံ့အားသင့်မိသည်။
"မင်းက ဒီမှာ နှစ် ၂၀ လုံးလုံး သူလျိုအဖြစ်နေနေခဲ့တယ်? ဒါဆို မင်းအဖေ..."
ကျိုးကျန့်ဖန်သည် ခါးသက်သက်အပြုံးဖြင့် ခေါင်းငြိမ့်ပြလာသည်။
"အဖေဒါကိုသိတယ်။ သူဆုံးသွားပြီလို့ငါသိတဲ့အချိန်မှာတောင် ငါသူ့ကိုပြန်သွားမတွေ့ခဲ့ဘူး။ ငါက တကယ်ပဲ သားသမီးကောင်းမပီသဘူးပဲ။"
ကျန်းရွှင်းယီဟာ သူ၏ပုခုံးကို ဖိညှစ်လိုက်သည်။ ယွင်ရှဲ့၏မျက်လုံးသည် သူတို့နှစ်ဦးကြားကို စိုက်ကြည့်နေခဲ့သည်။
"ဒါပေမယ့် မီးတောက်ဂိတ်ဝဂိုဏ်းက မကျော်ကြားဘူးလေ။ ငါသိချင်မိတယ်: မင်းဒီလိုမျိုးသူလျိုအဖြစ်နေရလောက်တဲ့အထိ ဘာကများထိုက်တန်နေလို့လဲ။"
ကျိုးကျန့်ဖန်သည် သူ၏ပုခုံးကား နည်းနည်းယားယံလာသလို ရုတ်တရက်ခံစားလိုက်ရသည်။ ကျန်းရွှင်းယီလက်ပြန်ရုတ်သွားချိန်မှာ သူကူကယ်ရာမဲ့စွာဖြင့် ပုခုံးကို ပွတ်ပြီးနောက် ပြောလိုက်သည်။
"မီးတောက်ဂိတ်ဝလို့ အခုမှခေါ်တွင်တာလေ။ အဲ့ဒါကြောင့် မင်းမကြားဖူးတာအံ့သြစရာမရှိပါဘူး။ ဒါပေမယ့် ညီအစ်ကိုယွင်ကတော့ လွန်ခဲ့တဲ့နှစ်၃၀လောက်က ဂိုဏ်းကြီး၈ဂိုဏ်းဝန်းရံတာခံခဲ့ရတဲ့ ရွှေယန်နန်းတော်အကြောင်းကို သိသင့်တယ်လေ၊ ဟုတ်တယ်မလား။ အဲ့ဒါက မီးတောက်ဂိတ်ဝဂိုဏ်းရဲ့ တည်ထောင်သူအစစ်ပဲ။"
အခြေအနေကား မမျှော်လင့်ထားစွာဖြင့် မြင့်တက်လာလေပြီ: အရင်ရက်တွေတုန်းက ရွှေယန်နန်းတော်ကို လူတိုင်းသိကြကာ မရယ်မောခဲ့သူတစ်ဦးတစ်ယောက်မျှမရှိပေ။ ၎င်းသည် အလွန်ကျော်ကြားလှသောကျင့်စဥ်ဖြစ်၏။ ကျန်းရွှင်းယီ၏အမြင်ကတော့ ၎င်းဟာ ဖလွင်ကုန်း*နှင့်ဆင်တူသည်ဟု ထင်မိသည်။ ဂိုဏ်းထဲရှိ တပည့်ဂိုဏ်းသားအားလုံးသည် ရူးသွပ်နေကြကာ --နှင့်လူသတ်မှုကို ကျူးလွန်ခဲ့ကြသည်။ သူတို့ရူးသွားချိန်တွင် အစိုးရတောင်မှ သူတို့ကိုရန်မစရဲပေ။ ပြီးတော့ ရွှေယန်နန်းတော်၏မကောင်းသောအပိုင်းမှာ သူတို့သည် လူသားတွေကိုဓာတ်ပြုကာ ဇီဝဆိုင်ရာနှင့် ဓာတုဗေဒဆိုင်ရာ လက်နက်များကို လေ့လာပြီး အထူးသဖြင့် အလောင်းတွေနှင့်ပတ်သတ်ရခြင်းကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် အမတကျင့်ကြံရေးလောကသည် ဒါကိုသည်းမခံနိုင်တော့ပေ။ ဤအရာကား မဖြစ်မနေတိုက်ထုတ်ရခြင်း၏အကြောင်းပြချက်ဖြစ်ကာ ကြီးကြီးမားမားပေးဆပ်လိုက်ပြီးနောက်၌မူ၊ ၎င်းဟာ နောက်ဆုံးတော့ မြေခသွားရပေသည်။
မမျှော်လင့်ထားစွာပင်၊ ယနေ့၌ ရွှေယန်နန်းတော်၏လက်ကျန်များရှိနေသေးကာ ဤထက်ပို၍မမျှော်လင့်ထားသည်က သူတို့နှင့်လာတိုးမိတာပင်။
သို့သော်၊ ကျန်းရွှင်းယီအတွက် မမျှော်လင့်ထားဆုံးအရာကား ၎င်းသည် ကြွယ်ဝချမ်းသာခဲ့ပြီး အကြီးဆုံးဂိုဏ်းတွေအနက်မှ တစ်ဂိုဏ်းဖြစ်ခဲ့ခြင်းပင်။ သို့ပေမယ့်၊ ဒီကနေ့၌မူ သူတို့သည် အလွန်ဆင်းရဲနေသည်ပင်။
သူခုတင်အကြီးကြီးသုံးရမှာကိုကွာ၊ သောက်ကျိုးနဲပဲ။
ကျိုးမိသားစု၏ဉာဏ်ရည်စနစ်ဟာ အမြဲတမ်းကောင်းမွန်စွာတိုးတက်နေသည်ဖြစ်ရာ ယွင်ရှဲ့နှင့်ကျန်းရွှင်းယီတို့နှစ်ယောက်သည် ဤအချက်အလက်တွေကို ဘယ်လိုသိခဲ့လဲဆိုသည့်အကြောင်းကို ကျိုးကျန့်ဖန်အား မေးဖို့မလိုအပ်တော့ဟု ခံစားမိလိုက်ကြသည်။ ထို့ကြောင့် အဲ့ဒီ့အစားသူမေးလိုက်သည်။
"အင်အားကြီးမားတဲ့ ရွှေယန်နန်းတော်တောင်မှ ပျက်စီးနိုင်သေးတာပဲ။ ဒီလိုဂိုဏ်းလေးကိုရှင်းပစ်ဖို့ဆိုရင် ပိုပြီးတော့တောင်လွယ်ကူသေးတယ်။ တကယ်လို့ မင်းသာ ငါနဲ့အားရွှင်းကို စောစောစီးစီးပြောပြခဲ့မယ်ဆိုရင် ယန်ရှန်းဂိုဏ်းနဲ့လင်းယင်ဂိုဏ်းက ကျိန်းသေပေါက်လုပ်ပေးမှာပေါ့။ မင်းသိသင့်ပါတယ်၊ ဒီတော့ ဒီမှာသူလျိုလုပ်ဖို့ မင်းအားပိုသုံးလိုက်တယ်ဆိုတော့က တစ်ခုခုများဖြစ်ပျက်သွားခဲ့လို့လား။"
ကျိုးကျန့်ဖန်ကပြောသည်။
"ညီအစ်ကိုယွင်ခန့်မှန်းတာမှန်ပါတယ်။ ငါဒါကိုဘာလို့လုပ်ခဲ့တာလဲဆိုတော့ ငါတို့စုံစမ်းစစ်ဆေးနေရင်းနဲ့ ရှီးဆွေ့ကျောက်စိမ်းဒီမှာရှိနေတာကို ငါတို့သိလိုက်ရလို့ပဲ။"
ကျန်းရွှင်းယီအံသြတကြီးရေရွတ်မိသည်။
"ရှီးဆွေ့ကျောက်စိမ်း? မီးတောက်ဂိတ်ဝဂိုဏ်းက တကယ်ပဲ မိစ္ဆာလမ်းစဥ်ကိုလိုက်နေတာလား။"
သူပို၍သတိရှိလာကာ တစ်ခုခုကိုတွေးမိလိုက်သည်။ သူယွင်ရှဲ့ဘက်လှည့်လိုက်သည်။
"ရွှေယန်နန်းတော်က အလောင်းတွေကိုသန့်စင်ရာမှာ အတော်ဆုံးလို့ ငါကြားဖူးတယ်။ အဲ့ဒီ့လေဝင်ပေါက်၁၃ပေါက်နဲ့ခန္ဓာကိုယ်က သူတို့ဖန်တီးခဲ့တာလို့ မင်းထင်လား။ ပြီးတော့...ပြန်လည်ရှင်သန်လာတဲ့ရွှမ်လီ?"
ကျိုးကျန့်ဖန်ဟာ စိတ်ရှုပ်ထွေးစွာပြောလာသည်။
"မင်းတကယ်ပြောနေတာလား။"
ယွင်ရှဲ့၏လေသံကား တည်ငြိမ်စွာဖြင့် ဖြည်းညှင်းစွာပြောလာခဲ့သည်ပင်။
"အားရွှင်းခန့်မှန်းတာက တကယ်ဖြစ်နိုင်တယ်။ ဒါပေမယ့် မင်းတို့နှစ်ယောက်စိုးရိမ်မနေသင့်ဘူး။ ကျန့်ဖန်၊ ငါတို့အားလုံးဒီမှာရှိနေပြီဆိုတော့ ငါတို့မင်းကိုတစ်ယောက်တည်းလုပ်ခွင့်မပေးနိုင်ဘူး။ ဒီနေရာက တိုးတက်မှုတွေအကြောင်းအားလုံးကို ငါတို့ကိုပြောပြပါ။ အစကတော့ အားရွှင်းနဲ့ငါက ဒီမှာတစ်ခုခုကိုရှာဖွေဖော်ထုတ်ချင်တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါတို့မင်းနဲ့တူတူလုပ်လို့ရနိုင်တယ်။"
ကျန်းရွှင်းယီသည် သူ့ကိုယ်စားယွင်ရှဲ့ဆုံးဖြတ်လိုက်တာကို သိပ်မကျေနပ်ပေ၊ သူပြုံးလိုက်သည်။
"အတိအကျပဲ။ ငါခန့်မှန်းပါရစေအုံး။ ကျန့်ဖန်ကိုဒီနေ့မြင်လိုက်ရတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့လူတော်တော်များများကို ငါရုတ်တရက်မှတ်မိသွားတယ်။ အဲ့ဒီ့နှစ်ကမင်းနဲ့အတူရှိနေတဲ့ ရန်ထျန်းချီရယ်၊ လွန်ခဲ့တဲ့၁၅နှစ်က ချောက်ကမ်းပါးကနေပျောက်သွားခဲ့တဲ့ ရှန်းချန်၊ ကျူးရွှီရယ်...ငါတို့မှာ လူတိုင်းနဲ့ထပ်တွေ့လို့ရမယ့်အခွင့်အရေးရှိရဲ့လား။"
သူ့တွင်မှတ်ဉာဏ်ကောင်းကောင်းရှိသည်ဖြစ်ရာ လူတိုင်း၏နာမည်ကို တုံ့ဆိုင်းခြင်းမရှိပဲ တရစပ်ပြောသွားနိုင်သည်။
ကျိုးကျန့်ဖန်သက်ပြင်းချလိုက်သည်။
"ရွှင်းယီ၊ မင်းက တကယ့်ကို နတ်ဘုရားတစ်ပါးပဲ။ မရောက်လာခဲ့တဲ့ညီအစ်ကိုရှန်းကလွဲရင်၊ ကြည့်ရတာ မမျှော်လင့်ထားတဲ့တစ်ခုခုနဲ့ကြုံကြိုက်သွားပုံရတယ်။ တစ်ခြားသူတွေအားလုံးကိုတော့ အဖေက ဒီကိုလျို့ဝှက်စွာပို့ဆောင်ခဲ့တာ။"
သူသည် ဤနှစ်ယောက်နှင့် နှစ်အတော်ကြာပြောဆိုဆက်ဆံခဲ့သည်ဖြစ်၍ ကျန်းရွှင်းယီတစ်ယောက်အခုမှစိတ်ကျေနပ်သွားတာကို သိလိုက်သည်။ ဒါပေမယ့် ယွင်ရှဲ့ကတော့ ရှင်းပြချက်ပိုလိုအပ်ကာ မဟုတ်လျှင် သူသံသယပွားများပေလိမ့်မည်။ ကျန့်ဖန်ဆက်ပြောလိုက်သည်။
"လူတော်တော်များများလာခဲ့တယ်။ သူတို့တွေ မင်းတို့နှစ်ယောက်ကို ဘာလို့အသိမပေးခဲ့လဲဆိုတော့ ငါတို့အဖေက ငါတို့ကို 'ယွင်ရှဲ့နဲ့ကျန်းရွှင်းယီက မင်းတို့မျိုးဆက်ရဲ့ခေါင်းဆောင်တွေပဲ။ အနာဂတ်မှာ သူတို့ကမင်းတို့ထက်ပိုပြီးသွားကြလိမ့်မယ်။ မင်းတို့ဒီလိုအရာမျိုးကိုမလုပ်သင့်ဘူး'လို့ ပြောခဲ့တယ်လေ။ အဖေက မင်းတို့ကို အရမ်းတန်ဖိုးထားခဲ့တယ်ဆိုတာကို မင်းတို့လဲသိပါတယ်။ သူက တကယ်တော့ မင်းတို့ကိုကာကွယ်ချင်တာ..."
ထိုအရာကြောင့် ကျန်းရွှင်းယီသက်ပြင်းချလိုက်မိရုံသာမက၊ ယွင်ရှဲ့တောင်မှ အနည်းငယ်လှုပ်ရှားသွားရသည်။
"ဆရာကျိုးရဲ့ချစ်ခြင်းမေတ္တာအတွက် ငါတို့အကြွေးတင်နေတယ်။ ငါတို့ဘာဆိုဘာမှမသိခဲ့တဲ့အချက်က ရှက်စရာပဲ။ ဒီတစ်ကြိမ်မှာ ငါတို့အကောင်းဆုံးကြိုးစားပြီး မင်းကိုကူညီမှာမို့လို့ မင်းစိတ်ချလို့ရပါတယ်။ မိစ္ဆာနတ်ဆိုးတွေကိုသုတ်သင်ရှင်းလင်းပစ်ဖို့က ငါ့တာဝန်ပဲလေ။ ငါမင်းကိုဘယ်လိုလုပ် တစ်ယောက်ထဲသည်းခံခွင့်ပေးနိုင်မှာလဲ။"
ကျိုးကျန့်ဖန်သက်ပြင်းချလိုက်သည်။
"ညီအစ်ကိုကောင်းရာ၊ မင်းကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နောက်ထပ်မရတော့ဘူး...လွန်ခဲ့တဲ့နှစ်ရာစုလောက်က လူငယ်သူရဲကောင်း၁၇ယောက်လာခဲ့ကြတယ်။ ဒါပေမယ့် အခုတော့..ငါတစ်ယောက်ပဲကျန်တော့တယ်လေ။"
"မင်းဘာကိုဆိုလိုချင်တာလဲ။"
ကျန်းရွှင်းယီမေးသည်။
"မင်းတို့ဒီကိုရောက်လာပြီပဲ။ ဒီတော့ မီးတောက်ဂိတ်ဝဂိုဏ်းမှာ အတွင်းစည်းနဲ့အပြင်စည်းဆိုပြီး ခွဲခြားထားတာကို မင်းတို့သိထားသင့်တယ်။ ယေဘုယျအားဖြင့်၊ ဒီအသက်အရွယ်ကျမှ ဝင်လာတဲ့ငါတို့လိုလူတွေက ယုံကြည်မှုသိပ်မရနိုင်ကြဘူး။ အဲ့ဒါကြောင့် ငါတို့က အပြင်စည်းမှာပဲ အရင်ဆုံးနေရပြီး ကိုယ့်နည်းလမ်းနဲ့ကိုယ်တစ်ဆင့်ပြီးတစ်ဆင့်လုပ်ရတာ။ ဒီဖြစ်စဥ်က ဂိုဏ်းသားတွေကို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့တွန်းအားပေးနေတယ်လေ။ သတ်ဖြတ်တာအတွက် အပြစ်ဒဏ်မရှိဘူး၊ မင်းအနိုင်ရခဲ့ရင် မင်းဆုလာဘ်ရလိမ့်မယ်။ သဘာဝအရပဲ လူတိုင်းက အသက်ရှင်ဖို့အတွက် တိုးဝှေ့ဖို့လိုတယ်။ တစ်ခါတစ်ရံကျ သူတို့မှာသင့်တော်တဲ့အလောင်းမရှိဘူးဆိုရင် အပြင်စည်းဂိုဏ်းသားတွေထဲကတစ်ယောက်ယောက်ကို သူတို့ရွေးလိုက်ရုံပဲ...ဟင်း၊ ဒီလိုနည်းနဲ့ သူတို့ကတစ်ယောက်ပြီးတစ်ယောက်သတ်ပစ်လိုက်ကြတာပေါ့။ ဒါကတကယ့်ကိုခေါင်းကိုက်စေတယ်။ ဒါ့အပြင်၊ ဂိုဏ်းချုပ်မှာ ဆန်းကြယ်တဲ့ပုံစံရှိတယ်ဆိုပဲ။ ငါနောက်ဆုံးတော့အတွင်းစည်းထဲဝင်လာနိုင်ပေမယ့် သူ့ကိုတစ်ခါမှမမြင်ဖူးသေးဘူး။"
ကျန်းရွှင်းယီသည် တစ်စုံတစ်ခုပြောဖို့ရာကြံရွယ်လိုက်ပေမယ့် ထွက်ကျလာတော့မည့်စကားလုံးတွေကို အစာအိမ်ထဲသို့ ပြန်လည်မျိုချလိုက်မိသည်။
"ကောင်းပြီ။ ငါအခုနားလည်သွားပါပြီ။ အခြေအနေကဒီလိုဆိုမှတော့ ငါတို့ဖြည်းဖြည်းချင်းအစီအစဥ်ဆွဲကြတာပေါ့။"
သူဟာ အနီးအနားမှဆူညံသံတစ်ခုကိုကြားမိကာ ထပ်ဖြည့်ပြောလိုက်သည်။
"ကျန့်ဖန်၊ မင်းငါတို့ကိုအကြာကြီးပြောပြပြီးသွားပြီပဲ။ တကယ်လို့ မင်းအပြင်ထွက်မသွားသေးဘူးဆိုရင် တစ်ခြားသူတွေကို သံသယများစေမှာကို ငါစိုးရိမ်မိတယ်။"
ကျန့်ဖန်သည် ခေါင်းငြိမ့်ပြမလာမီ၊ သူ၏မျက်နှာကား အတွေးထဲနစ်နေသည့်သဘောရှိသည်။
"မင်းပြောတာမှန်တယ်။ ငါတို့အတူအပြင်ထွက်သွားကြမယ်လေ။ ဒါဆိုမင်းတို့ပြန်ပြီး စောစောစီးစီးအနားယူလို့ရတာပေါ့။"
အနံ့အသက်မကောင်းသည့်အခန်းအကြောင်းကို ကျန်းရွှင်းယီတစ်ယောက်စဥ်းစားမိလိုက်သည်နှင့် သူ၏ဦးခေါင်းခွံမှာ ထုံထိုင်းလာသလိုပင်။ အပြင်မှာအိပ်ပြီး လေကိုသောက်ကာ မြေကြီးကိုစားလိုက်ခြင်းကသာ သူ့အတွက်ပိုကောင်းပေလိမ့်မည်။ သူ အပြေးအလွှားပြောလိုက်မိသည်။
"ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း။ ငါနဲ့ယွင်ရှဲ့က မင်းအပြစ်ပေးတာခံလိုက်ရသလိုမျိုးပဲ လုပ်လိုက်ကြရအောင်။ ငါတို့ဒီမှာခဏလောက်ပုန်းနေလိုက်မယ်လေ။"
ကျန်းရွှင်းယီ၏ပြဿနာကို သူ၏သူငယ်ချင်းဟောင်းများအားလုံးသိကြသည်။ ကျိုးကျန့်ဖန်၏မျက်လုံးများသည် ရယ်သံကြီးနှင့်အတူ တောက်ပလာကာ ကျန်းရွှင်းယီ၏ပုခုံးကိုလှမ်းပုတ်ဖို့ရာ လက်ဆန့်ထုတ်လိုက်သည်။
"မင်းဘာလို့မိန်းမပျိုလေးလိုဖြစ်နေသေးတာတုန်း။ ညီအစ်ကို၊ ငါဒီမှာဆယ်နှစ်တောင်နေလာခဲ့တာပါကွ!"
ကျန်းရွှင်းယီ၏ပုခုံးကိုမရိုက်ရသေးခင်၌ သူ၏လက်ဟာ လမ်းတစ်ဝက်မှာတင် ယွင်ရှဲ့၏တားဆီးခြင်းခံလိုက်ရ၏။ ကျိုးကျန့်ဖန်အံ့သြသွားပေမယ့် ယွင်ရှဲ့သည် သူ့လက်ကိုဆုပ်ကိုင်ထားလေသည်။
"ကျန့်ဖန်၊ မင်းဘာလို့မြန်မြန်မသွားသေးတာလဲ!"
"..." ကျိုးကျန့်ဖန်သည် သူ၏လှုပ်ရှားမှုငြင်းပယ်ခံလိုက်ရကြောင်း သဘောမပေါက်ခင်တွင် အချိန်တော်တော်ကြာကြာအေးခဲသွားရသည်။ သူ၏မျက်လုံးဟာ ကျန်းရွှင်းယီပေါ်ဝေ့ဝဲသွားကာ ချက်ချင်းဆဲဆိုလိုက်သည်။
"ယွင်ရှဲ့၊ မင်းကိုငါမတွေ့ရတာနှစ်အတော်ကြာနေပြီလေ။ မင်းမှာ အကျင့်ဆိုးတွေဘာလို့ရှိနေသေးတာလဲ!"
ယွင်ရှဲ့ဟာ ကျန်းရွှင်းယီအပေါ်မှီလိုက်ပြီးနောက် သွားဖြဲပြလာတာကို သူမြင်လိုက်ရသည်။ သူ၏မျက်နှာထက်၌ 'ခွေးသား'ဟူသည့် စရိုက်ကို တကယ်ပြောပြချင်ပေမယ့် ကျန်းရွှင်းယီ၏ဘာမှမသိသောမျက်နှာနှင့် ရင်ဆိုင်လိုက်ရတော့ သူ့ကို သူဒုက္ခမပေးနိုင်ပေ။ သူရွေးချယ်စရာမရှိပါပဲ ဆူပူလိုက်ပြီးနောက်၊ လူလွတ်ခွေးတစ်ကောင်၏အနံ့အသက်များနှင့်
ထွက်ခွာသွားချေသည်။
ယွင်ရှဲ့သည် သမ်းဝေကာ ပြောလာသည်။
"ကျန့်ဖန်က အရမ်းဆူညံတာပဲ။ ကိုယ့်နားတွေတောင် နာကျင်သွားပြီ။"
ကျိုးကျန့်ဖန်ဟာ ဒီနှစ်တွေအများကြီးအတွင်းမှာ လွယ်ကူမနေခဲ့ဘူးဟု ကျန်းရွှင်းယီပြောလိုက်ရုံရှိသေးပေမယ့် တစ်ဖက်လူထွက်သွားသည်ကို သူမြင်လိုက်ရတော့ သူ၏စကားလုံးတွေကိုအဝေးကိုလွှင့်ပစ်လိုက်သည်။
"ကျန့်ဖန်က အရမ်းကိုသာမန်ကာလျှံကာပြုမူပြီး အခွင့်ကောင်းကိုလွဲချော်ခဲ့တာပဲ။ တကယ်လို့ ငါသာဆိုရင် မီးတောက်ဂိတ်ဝဂိုဏ်းချုပ်ရဲ့အာရုံကို ဖြစ်နိုင်သမျှဆွဲဆောင်ဖို့ မင်းရဲ့စွမ်းရည်တွေကို ပြသတာပိုကောင်းမယ်လို့ တွေးမိမှာပဲ။ သူတို့ အခွင့်ကောင်းကိုရှာနေတာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက သူတို့ရဲ့ ဖြည်းဖြည်းချင်းသေဆုံးနေတဲ့နည်းလမ်းထက် ပိုပြီးထိရောက်လိမ့်မယ်။"
သူအနည်းကျဥ်းမျှကွန်ပလိန်းတက်လိုက်ပြီးနောက်၊ ယဇ်ပူဇော်ခြင်းအမြောက်အမြားကို သူသတိရသွားကာ သည်းမခံနိုင်တော့ပေ။ ဒီတစ်ကြိမ်မှာတော့ ဇာတ်ကြောင်းဟာ ရှုပ်ထွေးပွေလီနေသည်။ ဒါကြောင့် 'ကောင်းကင်ယံထက်က တိမ်လွှာများ'ထဲ၌ ဤနေရာတွင်ဖြစ်ပွားခဲ့သောကိစ္စကို စိုးစဥ်းမျှမဖော်ပြထားခဲ့ပေ။ ကျိုးကျန့်ဖန်သည် သူ၏ပျောက်ဆုံးသွားမှုပြီးကတည်းက နောက်ထပ်ဘယ်တော့မှပေါ်မလာခဲ့ချေ။ သူဟာ ရှုံးနိမ့်မှုနှင့်အဆုံးသတ်သွားသည်ဟု ခန့်မှန်းလို့ရသည်။ ကျန်းရွှင်းယီ၏စုံစမ်းစစ်ဆေးမှုကား စနစ်၏တာဝန်သည် မိစ္ဆာဂိုဏ်းမှခွဲခြားလို့မရဘူးဆိုသည်ကို နားလည်ဖို့ရာ အခြေခံအားဖြင့် သူ့အားဦးဆောင်သွားခဲ့သည်။ သူဟာ တာဝန်ကိုနှောင့်နှေးစေခဲ့ပြီးဖြစ်ရာ သူအရှိန်မြင့်ရပေမည်။ အကယ်၍ သူသာ ကျ်ိုးကျန့်ဖန်ကို ကွင်းလုံးကျွတ်လွတ်မြောက်အောင်လုပ်ပေးနိုင်မည်ဆိုပါက၊ စနစ်၏စွမ်းအင်ကို လျော့ကျစေနိုင်လိမ့်မည်။
သူကူကယ်ရာမဲ့စွာဖြင့် တီးတိုးရေရွတ်မိသည်။
"ငါနည်းလမ်းရှာမှရမယ်... ငါအတွင်းစည်းထဲကို ဝင်မှရမယ်။"
သူနည်းလမ်းရှာချင်သည်ကို ယွင်ရှဲ့ကြားလိုက်ရပြီးနောက် သူဟာ အကြောက်တရားဖြင့် တုန်ရီသွားရသည်။ သို့သော်၊ ဤအရာဟာ ဆိုးဝါးသည့်အကြုံပြချက်မဟုတ်ကြောင်း သူခံစားမိကာ ချက်ချင်းသတိပေးလိုက်သည်။
"ကိုယ်တို့နှစ်ယောက် အတွင်းမှာတစ်ယောက်၊ အပြင်မှာတစ်ယောက် ပူးပေါင်းဆောင်ရွက်ရလိမ့်မယ်။ ဒီတော့ ကိုယ်တို့နှစ်ယောက်အတူသရုပ်ဆောင်လို့မရတော့ဘူး။ သွားမယ့်တစ်ယောက်က ကိုယ်ပဲဖြစ်ရမယ်၊ မင်းမစွန့်စားသင့်ဘူး။"
ကျန်းရွှင်းယီရယ်သွမ်းကာ ချက်ချင်းထလိုက်သည်။ သစ်ပင်ကြီးတစ်ပင်၏သစ်ကိုင်းပေါ်တွင် သူလဲလျောင်းလိုက်သည်။ သူ့လက်မောင်းပေါ်ကို သူမှီရင်းဖြင့် ပြောလိုက်သည်။
"မင်းဒီရက်တွေမှာ မလိုအပ်ပဲစိုးရိမ်တာကို တကယ်သဘောကျနေတာပဲ။ ဘယ်သူသွားမလဲဆိုတာ ဘာလို့ကိစ္စရှိရမှာလဲ။ ငါကအစွမ်းအစမရှိလို့ မင်းနောက်မှာပုန်းဖို့လိုတယ်လို့ မင်းထင်နေတာလား။"
ယွင်ရှဲ့သည် တစ်ခဏမျှပြောစရာစကားမဲ့သွားရကာ သူ၏နှလုံးသားလေးမှာလည်း အလွယ်တကူဖျားနာသွားရသည်။ သို့ပေမယ့် ကျန်းရွှင်းယီမှန်တာကို သူသိသည်။ ထို့ကြောင့် သူဆက်၍အငြင်းမပွားတော့ပေ။ သူသည် ကျန်းရွှင်းယီလဲလျောင်းနေသည့်သစ်ပင်ကြီး၏ ထူထဲလှသောပင်စည်ပေါ်ကို မှီလိုက်သည်။
ကျန်းရွှင်းယီဟာ သစ်ပင်ပေါ်၌ သိမ်မွေ့စွာလဲလျောင်းနေကာ သူ၏ဝတ်ရုံဖြူမှာ လေနှင့်အတူယိမ်းခါနေသည်။ ညလေညှင်းကား ဆက်လက်၍ အသာအယာတိုက်ခတ်နေပြီး လရောင်ကြောင့်ဖြစ်တည်လာသည့် အရိပ်များသည် ယွင်ရှဲ့၏လက်နားတစ်ဝိုက်တွင် ကခုန်နေသည်မှာ မင်းလက်ဆန့်လိုက်သရွေ့၊ ၎င်းတို့ကို ထိတွေ့နိုင်သည့်အလားပင်။
သူသတိမမူမိစွာဖြင့် လက်ကိုမြှောက်လိုက်မိပေမယ့် သူ၏လက်ချောင်းတွေကြား၌ မည်သည့်အရာမျှမရှိပေ။ မည်သည့်အရာမျှသူ၏ထိန်းချုပ်မှုအတွင်းတွင် မရှိပါချေ။
သူတို့ပထမဆုံးစတွေ့ချိန်တုန်းက သူတို့သည် သေးငယ်သောကစားဖော်ကစားဖက်မျှသာဖြစ်သည်။ သူတို့ပို၍ဆက်ဆံလာကြသည်နှင့်အမျှ၊ သူတို့ဟာ အနီးစပ်ဆုံးညီအစ်ကိုတွေဖြစ်လာခဲ့သည်။ သို့သော်၊ နက်ရှိုင်းပြီး လေးလံတပ်မက်သောချစ်ခြင်းမေတ္တာဟာ ဘယ်အချိန်တုန်းကများ သူ၏နှလုံးသားထဲ၌ တွယ်ညှိသွားခဲ့သလဲဆိုတာကို သူမသိပေ။ သူသည် သူ့ကို စိုးရိမ်ကာ သူ့ကိုလိုချင်သည်။ သို့ပေမယ့် သူ၏ကိုယ်ပိုင်အကြောက်တရားကို သူနှိမ်နင်းလို့မရခဲ့ပေ။ ထိုသူ၏ဂုဏ်ယူဖွယ်ခန္ဓာကိုယ်အား သူပျက်စီးစေမိမှာကို၊ သူတို့၏သူငယ်ချင်းဆက်ဆံရေးအား ဖျက်ဆီးမိမှာစိုးရွံ့သည့် အကြောက်တရားပင်။
သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးသည်ကား ဤကဲ့သို့ပင်၊ အဆိပ်ရှိသည်။ အကွာအဝေးဟာ မည်မျှပင်နီးစပ်သည့်ပုံပေါက်နေပါစေ၊ သူမျှော်လင့်နေသည့်အရာကတော့ လမ်းဆုံးမှာဖြစ်သည်။
ယွင်ရှဲ့ကစားနေသည့်မိုးမခသစ်ကိုင်းဟာ တစ်ချက်လှည့်လိုက်ရုံဖြင့် ပလွေတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။ သူသည် ပလွေကို နှုတ်ခမ်းနားကပ်ကာ တီးမှုတ်လိုက်သည်။
ယွင်ရှဲ့သည် ​အမြဲတမ်းသိမ်မွေ့နေသည်ဖြစ်ရာ သူ၏ပလွေစွမ်းရည်မှာလည်း သူ့ပုံရိပ်နှင့် လိုက်ဖက်လှသည်။ ကောလဟာလတွေအတိုင်းပင်၊ သူ၏အတီးအမှုတ်ဟာ ငှက်လေးများနှင့် နွေပန်းတွေကို ဆွဲဆောင်နိုင်လေသည်။ ဤရက်တွေအတွင်းမှာ ယွင်ရှဲ့တစ်ယောက် အဆွေးသီချင်းတွေတီးမှုတ်ရတာကို တကယ်ပင်နှစ်ခြိုက်နေမိကာ ဒီကနေ့တီးလုံးသည်လည်း ခါးသက်မှုများဖြင့်ပြည့်နှက်နေသည်။ ချိုမြိန်သောနုတ်များမှာ အနိမ့်ပိုင်းကိုသွားပြီး မရေတွက်နိုင်သောနုတ်တွေကိုကြည့်ရသည်မှာ ငွေလရောင်နှင့်အတူ မြေပြင်ပေါ်ကိုသက်ဆင်းလာသည့်အလား။ ညအခါတိတ်ဆိတ်ခြင်းထဲ၌၊ တေးသီချင်းသံမှာ ရှင်းလင်းစွာပင် ကွဲကြေနေသည့်နှလုံးသားကို ဖော်ကြူးပြသနေပါ၏။
ကျန်းရွှင်းယီဟာ ပလွေတေးသံကို နားဆင်နေရင်းဖြင့် ဖြည်းဖြည်းချင်းပြုံးမိလိုက်သည်။ သူမျက်လုံးဖွင့်ကာ ခေါင်းအန​ည်းငယ်လှည့်လိုက်ပြီး အဝေးတစ်နေရာကို တိတ်တဆိတ်စိုက်ကြည့်နေမိသည်။
ဤအချိန်၌ ညအခါသည် နက်မှောင်နေကာ ဆောင်းလေအေးမှာလည်း တသုန်သုန်ယိမ်းခါနေသည်။ တောက်ပပအလင်းရောင်ဟာ သစ်ပင်တွေအနောက်မှာပုန်းကွယ်နေသော ခပ်လှမ်းလှမ်းရှိအိမ်တွေမှထွက်ပေါ်လာကာ နီယွန်အလင်းရောင်လိုမျိုး လှုပ်ခါနေသည်။
ကျန်းရွှင်းယီသည် အလင်းရောင်တွေကိုကြည့်နေရင်းဖြင့် ထိတ်လန့်သွားရသည်။
တကယ့်နီယွန်အလင်းရောင်အစစ်ကို သူ မမြင်တွေ့ရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။ သူ၏အတိတ်ဘဝဖြစ်ရပ်များဟာလည်း အလှမ်းကွာသွားသလို ခံစားနေရသည်မှာ ၎င်းသည်   တစ်ခါမျှမဖြစ်ပျက်ခဲ့ဖူးသည့် ထူးခြားသောအိပ်မက်တစ်ခုအတိုင်းပင်။ မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် လက်ရှိကမ္ဘာအား စာအုပ်တစ်အုပ်၏ ထူးခြားဆန်းကြယ်သောတည်ဆောက်မှုအဖြစ်သာ အမြဲတမ်းမြင်နေခဲ့သည်။ လက်တွေ့အစစ်အမှန်အဖြစ်မဟုတ်ပေ။
ခေတ်သစ်ကျန်းရွှင်းယီက စာအုပ်ထဲကိုကူးပြောင်းလာခဲ့သည်လား။ ဒါမှမဟုတ်၊ စာအုပ်၏ကျန်းရွှင်းယီကပဲ နည်းပညာခေတ်မှီတိုးတက်သောနိုင်ငံကို ရောက်ရှိသွားသည်ဟူ၍ အိပ်မက်မက်ခဲ့တာများလား။
လွန်ခဲ့သည့်ထောင်စုနှစ်တုန်းက၊ ဇနီးမယားသေဆုံး၍ ရူးသွပ်သွားခဲ့သော ဒဿနိကဗေဒပညာရှင်တစ်ယောက်သည် သူဟာ တကယ်တော့ လူတစ်ယောက်ဖြစ်ဖို့အိပ်မက်မက်နေသည့် လိပ်ပြာတစ်ကောင်ဖြစ်သည်ဟု* သံသယရှိသည့်သီချင်းတစ်ပုဒ်ဆိုချင်ခဲ့သည်။ ဤကဲ့သို့တိတ်ဆိတ်ပြီးနောက်ကျနေသည့်ဆောင်းဦးညမှာ၊ သူ၏နှလုံးသားထဲ၌လည်း တူညီသည့်မရေမရာဖြစ်ခြင်းရှိနေသည်ကို ကျန်းရွှင်းယီရုတ်တရက်ခံစားမိလိုက်သည်။
သူ ပလွေသံတစ်လျှောက် သက်ပြင်းချလိုက်မိသည်။
"တစ်ယောက်က တစ်သက်လုံးဘာမှမလုပ်နိုင်ပါဘူး။ နို့နှစ်ရောင်လမ်းကိုကယ်တင်ဖို့နဲ့ ကောင်းကင်ကိုရှင်းလင်းပစ်ဖို့ တကယ်လိုအပ်ပါတယ်။ သူ့ရဲ့ထူးချွန်ပြောင်မြောင်တဲ့ဆောင်ရွက်မှုကြောင့် သူဟာ သူ့ရဲ့ပုံတူပန်းချီကားကို ကီရင်ပန်းချီပြခန်းမှာ ချန်ရစ်ခဲ့ချင်ပေမယ့် သူရယ်မောကာ ဝတ်ရုံတစ်ချက်ခါပြီး အဝေးကိုလျှောက်သွားခဲ့လေတယ်...ဘုရားကျောင်းတွေဟာ ရှားပါးတယ်၊ မီးခိုးရောင်ဆံပင်တွေကို အလွယ်တကူရှာတွေ့နိုင်တယ်၊ ကောင်းသောအရာတွေဟာ သွေးကြောထဲမှာ အမှားတစ်ခုကြောင့် စားသုံးခြင်းခံလိုက်ရသတဲ့..."*
သူထိုအကြောင်းကို ဤကဲ့သို့တွေးမိပြန်တော့ ထူးထူးဆန်းဆန်းခံစားမိ​ပြန်ပါသည်။
____________________________________________
မူရင်းစာရေးသူမှာ ပြောစရာရှိတယ်:
ကျန်းကျန်းရဲ့ ကမ္ဘာနှစ်ခုအပေါ်အမြင်က တဖြည်းဖြည်းပြောင်းလဲလာပြီနော်။
____________________________________________
*ဖလွင်ကုန်း = တရုတ်ကျင့်စဥ်၊ ဓလေ့ထုံးတမ်း
*တရုတ်ဒဿနိကဗေဒပညာရှင် ကျွမ်းဇီ (ချွမ်းကူ)ရဲ့ 'လိပ်ပြာအိပ်မက်'ကို ဘာသာပြန်ဆိုထားတာပါ။
*နလန်ရှင်းတိရဲ့ 'ကျင်းလုချူ (ရွှေအပ်မျှင်တေးသရုပ်ဖော်သီချင်း)'
________3892words ___________________________________
!Zawgyi!
"ရှီးဆွေ့ကျောက်စိမ်း? မီးတောက်ဂိတ်ဝဂိုဏ်းက တကယ်ပဲ မိစ်ဆာလမ်းစဉ်ကိုလိုက်နေတာလား။"
"မင်းတကယ်ပြောနေတာလား။"
ကျန်းရွှင်းယီမေးသည်။
ထွက်ခွာသွားချေသည်။
____________________________________________
____________________________________________
________
Continue Reading
You'll Also Like
112K 20.4K 31
650K 129K 199
Author - Yu Xiao Lan Shan Pairing - Zhao Yue x Wen Liu Nian - Shang YunZe x Mu QingShan
525K 86.3K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
127K 11.8K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...