[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...

By Boss_want_to_eat_you

543K 74.4K 1.4K

Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] ႏွင္းခဲေတြဟာ အရည္ေပ်ာ္သြားၿပီး ႏြေဦးအျဖစ္ေျပာင္းလဲသြားေလရဲ႕။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ္သိမ္း[၈၉] အဆုံးသတ္။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။

[၅၆] ခုတင်ငယ်လေး။

2.8K 448 12
By Boss_want_to_eat_you

!Unicode!

အခန်း(၅၆) ခုတင်ငယ်လေး

-----------

ကျန်းရွှင်းယီကား နောက်ထပ်အလှည့်ကျသူဖြစ်သည်။ မစစ်ဆေးခင်၌မူ၊ သက်လတ်ပိုင်းအရွယ်တောက်ဓမ္မပညာရှင်သည် သူ၏မျက်နှာဖုံးပေါ်မှ သူ၏နှဖူးကို ထိလိုက်သည်။
"ဟေး၊ မင်းကယောက်ျားရင့်မာကြီးတစ်ယောက်ပဲ၊ ဘာများဖုံးကွယ်စရာရှိလို့လဲ။ အကယ်၍ မင်းကရုပ်ဆိုးနေတယ်ဆိုရင်တောင်မှ၊ လူတွေကိုတောင် ရင်မဆိုင်နိုင်ဘူးလို့ ဆိုလိုချင်တာလား။ ချွတ်လိုက်! ချွတ်လိုက်တော့!"

ကျန်းရွှင်းယီဟာ အနည်းငယ်မျှတုံ့ဆိုင်းနေမိသည်။ တောက်ဓမ္မပညာရှင်သည် လက်ဆန့်ကာ မျက်နှာဖုံးအား ကြမ်းတမ်းစွာဆွဲဖြုတ်လိုက်သည်။

သူမျက်နှာဖုံးချွတ်လိုက်သည်နှင့် သူသည် လက်တစ်ဖက်တွင် မျက်နှာဖုံးကို ကိုင်လျက်သားဖြင့် နောက်တစ်ဖက်ကမူ ကျန်းရွှင်းယီ၏ပုခုံးကိုဖိထားကာ သူအေးခဲသွားရလေသည်။ သူအချိန်တော်တော်ကြာကြာတုံ့ပြန်မလာပေ။ ကံကောင်းစွာဖြင့် ကျန်းရွှင်းယီ၏ရုပ်ရည်ကို မြင်လိုက်ရ၍ မှင်သက်နေသူအများအပြားရှိလေရာ သူ၏ကြက်သေသေနေသည့်အကြည့်မှာလည်း ထိုနည်းတူစွာပင်။

ယွင်ရှဲ့သည် မျက်မှောင်ကြုတ်မိကာ အရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ပေမယ့် ကျန်းရွှင်းယီက သူ့အား လျို့ဝှက်စွာလက်ဟန်အမူအရာပြလာသည်ဖြစ်၍ သူရပ်တန့်လိုက်ရသည်။ ကံကောင်းသည်ကား တောက်ဓမ္မပညာရှင်သည် ယွင်ရှဲ့၏အောက်ဆုံးစည်းကို ထပ်၍မထိပါးမိသည်ပင်။ သူဟာ အလျင်အမြန်သတိပြန်ဝင်လာကာ ကျန်းရွှင်းယီ၏ခေါင်းပေါ်ကို လက်တင်လိုက်သည်။ အလျင်အမြန်စစ်ဆေးပြီးသည့်နောက်၊ သူလက်ကာပြလေသည်။
"အင်း၊ မင်းလည်း အနောက်မှာသွားရပ်လို့ရပြီ။"

ဤအခြင်းအရာသည် ကျန်းရွှင်းယီတစ်ယောက် အနောက်ကိုလျှောက်သွားပြီး ယွင်ရှဲ့ဟာ သူ၏နားထဲတွင် တီးတိုးမပြောလာသည်အထိပင်။
"အဲ့ဒီ့လိမ္မော်ခွံ မင်းကိုကြည့်​နေတဲ့ပုံစံကို ကိုယ်သဘောမကျဘူး။"

ကျန်းရွှင်းယီဟာ တောက်ဓမ္မပညာရှင်ကို ပြန်ကြည့်မိလိုက်လေရာ သူ့တွင် ဆားဝက်ခြံအများကြီးရှိနေတာကိုသတိထားမိသွားသည်။ ယွင်ရှဲ့၏ဖော်ပြချက်သည် အလွန်မှန်ကန်နေကြောင်း သူရုတ်ခြည်းခံစားမိကာ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်မိသည်။

ယွင်ရှဲ့သည် သူဟာ အဓိကသော့ချက်ကို မဖမ်းဆုပ်နိုင်ဘူးဆိုတာကို မြင်လိုက်ပြီး တောင့်တင်းသွားရသည်။ သူလက်ဆန့်ကာ ကျန်းရွှင်းယီ၏ခေါင်းအနောက်ကို ပြန်ဆွဲလိုက်သည်။
"ဟေး၊ ငါက လေးလေးနက်နက်ပြောနေတာလေ။ မင်းဘာလို့ရယ်နေရတာလဲ။ သူမင်းကိုမြင်လိုက်တဲ့အချိန်မှာ သူဘာလို့ထိတ်လန့်သွားတာလဲဆိုတဲ့အကြောင်းရင်းက ကျိန်းသေပေါက်ကို သူက မင်းရဲ့ရုပ်ရည်နဲ့ ဆွဲဆောင်ခံလိုက်ရတာမဟုတ်ဘူးလို့ ငါထင်မိတယ်။ မင်းသိပါတယ်၊ အကယ်၍ ရုပ်ရည်အကြောင်းပြောကြေးဆိုရင် ကျန်းဟူရဲ့ကောလဟာလတွေအရဆိုရင်လည်း ငါမင်းကို ရုပ်ရည်အရရှူံးရင်ရှုံးနိုင်တယ်၊ ဒုတိယနေရာကအနေဖြင့် ငါ့ရုပ်ရည်က ကြည့်ကောင်းနေပြီးသားပဲလေ၊ ဟုတ်တယ်မလား။ ဒါပေမယ့် အဲ့ဒီ့လိမ္မော်ခွံက ငါ့ကိုနောက်ထပ်မကြည့်လာတော့ဘူးလေ။ ဒါက သူဟာ ယောက်ျားတွေရဲ့ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ဘူးဆိုတာကိုပြနေတာပဲ။ အဲ့ဒါကြောင့် သူမင်းကိုကြည့်တဲ့အကြည့်နဲ့ အရည်အချင်းကိုစစ်ဆေးကြည့်တဲ့အခါမှာ ဘာလို့ဂရုမစိုက်ရတာလဲဆိုတာကတော့ လုံးဝမူမမှန်ဘူး။"

ကျန်းရွှင်းယီသည် စိတ်ဝင်စားဖို့ကောင်းကြောင်း ခံစားမိကာ ပြုံးလိုက်သည်။
"ဟုတ်တယ်။ သူက ယောကျ်ားတွေရဲ့ရုပ်ရည်ကို ဂရုမစိုက်ဘူး။ မင်းမှာ အရမ်းကိုစူးရှတဲ့လေ့လာရေးစွမ်းရည်တွေရှိနေတာပဲ။"

တကယ်တမ်း၌မူ၊ သူလည်းပဲ သဲလွန်စတွေကိုရှာတွေ့ပြီးသားပင်။ ယွင်ရှဲ့ကိုစနောက်ပြီးနောက် သူဟာ အသံကိုနှိမ့်ချလိုက်သည်။
"အခုလေးတင်၊ မင်းက သူ့အနောက်မှာရပ်နေတာမို့လို့ မင်းမမြင်လိုက်တာ။ သူက ငါ့ကိုမတိုင်ခင်ကတွေ့ဖူးသလိုခံစားမိပြီး နည်းနည်းတော့အံ့သြသွားတယ်၊ ပြီးတော့လဲ... အိုက်ယား၊ ငါဖိနှိပ်မထားနိုင်တော့ဘူး။ ဒါပေမယ့် ငါ့မှာသူ့ကိုတွေ့ဖူးတဲ့မှတ်ဉာဏ်ရှိမနေဘူးလေ။"

မတိုင်ခင်တုန်းက တုဟိန်သည် သူ့ကိုတွေ့ဖူးလား၊ မတွေ့ဖူးလားဆိုတာကိုတော့ သူမသိပေ။ သို့သော်၊ တုဟိန်ကား ကျပ်မပြည့်စွာမွေးဖွားလာသည်ဖြစ်ရာ အိမ်အပြင်ကိုထွက်လိမ့်မည်မဟုတ်ကြောင်း သေချာလှသည်။ သူ့တွင် အပြင်လူတွေနှင့်တွေ့ဆုံဖို့ရာ အခွင့်အရေးမရှိလောက်ပေ။ ထို့ကြောင့် ကျန်းရွှင်းယီသည် ဤစကားကို တိတ်တဆိတ်မျိုချလိုက်ရသည်။

ယွင်ရှဲ့ကပြောသည်။
"အတိုချုံးပြောရရင်၊ မင်းဂရုစိုက်ဖို့လိုတယ်၊ ဘယ်တော့မှမစွန့်စားနဲ့။ သူငါတို့ကိုဘယ်ခေါ်သွားမလဲဆိုတာကို ငါမသိဘူး - ဟေး၊ ကြည့်ကြည့်လိုက်၊ အဲ့ဒါရိုရိုမဟုတ်လား။ ကြည့်ရတာ သူမလည်းရွေးချယ်ခံလိုက်ရတဲ့ပုံပဲ။"

ကျန်းရွှင်းယီဟာ ယွင်ရှဲ့အကြည့်လားရာအတိုင်း လိုက်ကြည့်မိသည်။ သေချာသလောက်ပင်၊ ရိုရိုတစ်ယောက် ထိုနေရာတွင်မတ်တပ်ရပ်နေကာ တိုက်တိုက်ဆိုင်ဆိုင်ပင် ချီရှစ်ကျို၏ညာဘက်တွင်ရှိနေလေသည်။ သူမကိုကြည့်ရသည်မှာ ကျန်းရွှင်းယီနှင့်ယွင်ရှဲ့ကို မြင်ပုံရပေမယ့် အရှေ့ကိုတိုးပြီးစကားပြောဖို့ရာ ဒေါသအိုးမီးတောက်ဂိတ်ဝအဖွဲ့သားတွေကို အင်မတန်ကြောက်ရွံ့နေမိသည်။

တောက်ဓမ္မပညာရှင်ကား လူအလုံအလောက်ရွေးချယ်ပြီးသွားခဲ့ပြီ။ ကလေးတွေအား သူတို့၏မိဘတွေကို နှုတ်ဆက်စကားပြောဖို့ရန် မရပ်တန့်ပေးပါပဲ၊ သူသည် မီးတောက်ဂိတ်ဝကိုပြန်သည့်လမ်းကို လှည့်ထွက်သွားတော့သည်။ ကျန်းရွှင်းယီနှင့်ယွင်ရှဲ့ဟာ နှုတ်ဆိတ်လျက်လမ်းလျှောက်ကာ လူအုပ်ကြီးထဲကို ရောဝင်သွားသည်။ ယွင်ရှဲ့က လမ်းမဘေးရှိမြင်ကွင်းကိုကြည့်ကာ ရုတ်တရက်ရယ်မောလိုက်သည်။
"ဒီလူစုတွေက အရမ်းနာခံကြတာပဲ။ သူတို့က ငါတို့ကိုအချိန်နဲ့ခွန်အားသက်သာအောင် လုပ်ပေးနေကြတာကိုး။"

ကျန်းရွှင်းယီ: "?"

ယွင်ရှဲ့ပြောလိုက်သည်။
"ခပ်လှမ်းလှမ်းက တောင်ကိုကြည့်လိုက်။ ပြီးရင် လမ်းမကြီးဘေးကအပျက်အစီးပုံကိုကြည့်လိုက်။ သူတို့က နစ်မြုပ်သွားပြီးနောက်ကျန်နေခဲ့တဲ့ရွာဆီကို သွားနေတာလို့ ငါခန့်မှန်းမိတယ်။"

သူမှန်ပါ၏၊ တောက်ဓမ္မပညာရှင်ဟာ လူတွေကို ရွာဆီခေါ်ဆောင်လာတာပင်။ သို့ပေမယ့် ယွင်ရှဲ့မျှော်လင့်ထားတာနှင့်ယှဥ်လျှင်၊ သူကား ရွာထဲတွင် အချိန်အတော်အတန်အကြာ နှေးဖင့်မနေပေ။ သူသည် အသစ်ခန့်ထားသောလူတွေကို အတန်းလိုက်စီရပ်ခိုင်းကာ ကျန်သည့်ဂိုဏ်သားတွေကို သူတို့ဘေးတွင်ကာကွယ်စေရန် အမိန့်ပေးညွှန်ကြားခဲ့သည်။ သူ့အနောက်ကို လူသုံးယောက်လိုက်ခဲ့ဖို့ရန် အမိန့်ပေးကာ အလျင်စလိုထွက်ခွာသွားလေသည်။

ကျန်းရွှင်းယီပြောလိုက်သည်။
"သူဘာလုပ်မလဲကြည့်လိုက်တော့။"

ကနဦးအစ၌ ယွင်ရှဲ့သည် တောက်ဓမ္မပညာရှင်၏ကိုယ်ပေါ်၌ စောင့်ကြည့်ခြင်းအဆောင်အား လျို့ဝှက်စွာကပ်ထားလိုက်ပေမယ့် သူပြောတောင်မပြောသေးခင်မှာပဲ ကျန်းရွှင်းယီတစ်ယောက်သိသွားလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။ သူကူကယ်ရာမဲ့စွာရယ်မောလိုက်မိသည်။
"မင်းဆီကနေ ဘာမှဖုံးကွယ်လို့မရဘူးပဲ။"

သူ၏ဝတ်ရုံလက်ထဲရှိ ညာဘက်လက်မှ လက်နှစ်ချောင်းကိုထောင်ထားကာ အတူတကွတင်းကြပ်စွာ ပူးကပ်ထားသည်။ သူသည် မန္တာန်အနည်းငယ်ရွတ်ဆိုလိုက်လေရာ သူ၏လက်ချောင်းထိပ်၌ အပြာရောင်အလင်းဖျော့ဖျော့ထွန်းတောက်လာခဲ့သည်။ သူ၏မျက်စိရှေ့၌မြင်ကွင်းကား တောက်ဓမ္မပညာရှင်၏တည်နေရာကိုပြောင်းလဲသွားကာ သူ၏ပတ်ဝန်းကျင်မြင်ကွင်းအစစ်အမှန်မှာလည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ သူ၏နံဘေး၌ကျန်းရွှင်းယီရှိနေသည်ဖြစ်၍ သူ့အား တစ်ယောက်ယောက်က အကွက်ချစီစဥ်လာမည်ကို ယွင်ရှဲ့စိုးရိမ်မနေမိတော့ပါချေ။

ကျန်းရွှင်းယီဟာ သူ့ဘေးတွင် ကာကွယ်နေရင်း တစ်ယောက်ယောက်လာနေကြောင်း ရုတ်ခြည်းခံစားမိလိုက်သည်။ သူ ချက်ချင်းခေါင်းလှည့်ကြည့်လိုက်ပေမယ့် ထိုသူဟာ ရိုရိုဖြစ်နေခဲ့သည်ပင်။

ကျန်းရွှင်းယီသည် ရိုရို့ကိုခေါင်းငြိမ့်ပြလိုက်ကာ စကားမပြောပေ။ ရိုရိုဟာ သူ့ဘေးတွင်ရပ်နေသည့်ယွင်ရှဲ့ကိုကြည့်ပြီးနောက် ကျန်းရွှင်းယီ၏ဝတ်ရုံကိုကြည့်လာသည်။ နောက်ဆုံး၌မူ၊ သူမက သူ့က်ိုမှတ်မိသွားသည်။ ရှော့ခ်ရသွားကာ သူမအံ့သြတကြီးပြောလာခဲ့သည်။
"ရှင်က ကျွန်မကိုအခုလေးတင်စကားပြောသွားတဲ့လူမလား။ ရှင်က မျက်နှာဖုံးချွတ်လိုက်တော့ အရမ်းချောနေတာပဲ!"

ကျန်းရွှင်းယီဟာ ခေါင်းလှည့်ကာ သူမအား ပေါ့ပေါ့ပါးပါးပြုံးပြလိုက်သည်။ သူသည် သူတို့ကို မည်သူတစ်ဦးတစ်ယောက်မျှ အာရုံစိုက်မနေကြောင်း စစ်ဆေးကြည့်ပြီး ရုတ်တရက်အရှေ့တိုးကာ ခါးကိုင်းလိုက်ရင်းဖြင့် သူတို့နှစ်ဦးကြားရှိအကွာအဝေးကို နီးကပ်လိုက်သည်။

ရိုရိုထိတ်လန့်သွားပေမယ့် ကျန်းရွှင်းယီ၏နှုတ်ခမ်းဟာ အနည်းကျဥ်းမျှလှုပ်ရှားသွားပြီး ပျော့ပြောင်းစွာပြောလိုက်သည်။
"လုံလောက်ပြီလား။ မင်းဒီလောက်အကြာကြီးသရုပ်ဆောင်ခဲ့တာဆိုတော့ ပင်ပန်းနေလောက်မှာပဲ။ ရိုရိုမိန်းကလေး၊ မင်းနဲ့မီးတောက်ဂိတ်ဝကြားက ဆက်ဆံရေးအကြောင်းကို ကျွန်တော်တို့ဘာလို့မပြောကြရမှာလဲ။ သာမန်မိန်းကလေးလို ဝတ်စားရတာ ပျော်စရာကောင်းရဲ့လား။"

သူ၏အသံဟာ ပေါ့ပါးနေသော်လည်း ၎င်းတို့ဟာ ရိုရို့အတွက်တော့ လျှပ်စီးမိုးကြိုးအလားပင်။ သူမသည် ခေါင်းကိုပြင်းပြင်းထန်ထန်လှည့်ကာ သူ့ကိုကြည့်လိုက်သည်။ ကျန်းရွှင်းယီနှင့်ယွင်ရှဲ့တို့၏ရုပ်ရည်နှင့်ပတ်သတ်၍ သူမစိတ်လှုပ်ရှားနေယောင်ဆောင်နေသော်လည်း၊ ကျန်းရွှင်းယီ၏မျက်နှာလှလှလေးကို အနီးကပ်ကြည့်မိလိုက်သည့်အခါ၌မူ၊ သူမကူကယ်ရာမဲ့စွာဖြင့် မှင်သက်သွားရပြီး ခေတ္တမျှအေးခဲသွားသည်။

ကျန်းရွှင်းယီ၏မျက်နှာကား အေးစက်နေပေမယ့် သူမျက်လွှာချလိုက်သည့်အခါ၊ သူ၏ငှက်မွေးသဖွယ်ကော့ညွတ်နေသည့် မျက်တောင်ရှည်များကို ပို၍ပင်ရှင်းလင်းစွာမြင်သာလာပြီး သူ၏ဝတ်ရုံလက်ထဲမှ အေးမြသည့်ကိုယ်သင်းရနံ့မှာ ပို၍ပင်သတိပြုမိဖွယ်ကောင်းလှပေသည်။ သူ၏မျက်နှာအမူအရာကား ဖော်ပြဖို့ရန်ခဲယဥ်းလှ၏။

ရိုရိုတစ်ယောက်တောင့်တင်းနေတာကို သူမြင်လိုက်ရကာ တစ်ဖက်လူ၏နှလုံးသားကို သူပို၍သံသယဝင်လာရသည်။ သူစကားပြောလိုက်သည့်အခါ သူ၏အသံမှာ အေးစက်နေချေသည်။
"မင်းကို ကျွန်တော်ဘာလို့တားလိုက်လဲသိလား။ ဘာကြောင့်လဲဆိုတော့ အစကတည်းက မင်းက ကျွန်တော်နဲ့ယွင်ရှဲ့အနားမှာ ၅ကြိမ်ထက်မနည်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာလေ။ မင်းက ယွင်ရှဲ့ရဲ့ရုပ်ရည်ကြောင့် ဆွဲဆောင်ခံလိုက်ရတာလို့ ကျွန်တော်ထင်နေခဲ့တာ။ ဒါပေမယ့် မင်း ကျွန်တော့်ကိုငြင်းပြီး ယွင်ရှဲ့ကိုကတိပေးလိုက်တဲ့အချိန်မှာ မင်းကြည့်နေသင့်တာက ယွင်ရှဲ့ရဲ့ရုပ်ရည်ကိုလေ၊ သူ့ရဲ့ခါးကိုမဟုတ်ဘူး။"

ကျန်းရွှင်းယီသည် သူမ၏မျက်နှာကို မျက်တောင်မခတ်စိုက်ကြည့်နေသည်။ သူဟာ သူ၏ဝတ်ရုံလက်ကို ပေါ့ပေါ့ပါးပါးမြှောက်ပြကာ မဲ့ဟွားဓားရိုးကို လှစ်ဟပြလိုက်သည်။
"မင်း ဒီဓားကို ကြည့်နေတာမလား။ မင်းကိုပြောပြရမယ်ဆိုရင်
ဒီဓားက ယွင်ရှဲ့ခါးပေါ်မှာရှိနေတယ်ဆိုပေမယ့် ဒါက ကျွန်တော့်ဟာပါ။ ဒီတော့...မင်းရဲ့ရည်ရွယ်ချက်အကြောင်း ကျွန်တော်တို့ဘာလို့မပြောကြတာလဲ။"

ရိုရိုပြောစရာစကားမဲ့သွားရသည်။ သူမကောင်းမွန်စွာဖုံးကွယ်နိုင်ခဲ့သည်ဟု သူမထင်နေခဲ့ပေမယ့် သူသိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏စကားပြောဆိုပုံကိုနားထောင်နေရင်းဖြင့် သူမ၏မျက်လုံးများနီမြန်းလာကာ သူမ၏ချိုမြိန်သောရုပ်ရည်နှင့်ဆိုလျှင်၊ ပို၍ပင်သနားစရာကောင်းသည့်ပုံပေါက်နေတော့သည်။
"ကျွန်မတောင်းပန်ပါတယ်။ ရှင်မှန်ပါတယ်။ တကယ်တော့ ကျွန်မက မီးတောက်ဂိတ်ဝကို အတူသွားမယ့် ကျင့်ကြံရေးဆရာသခင်ကိုရှာနေတာပါ။ ဓားက ရှားပါးတဲ့ထိပ်တန်းလက်နက်ဆိုတာကို ကျွန်မသိတယ်၊ ဒါကြောင့် ကျွန်မအများကြီးပြောပြခဲ့တာ။ ဒါပေမယ့် ရှင်တို့ကျွန်မကိုယုံမှရမယ်၊ ကျွန်မမှာ ယုတ်မာတဲ့ရည်ရွယ်ချက်မရှိပါဘူး! ကျွန်မပြောခဲ့သမျှအားလုံးက အမှန်တွေပါ၊ ဒါတွေက ကျွန်မဟန်ဆောင်ခဲ့တဲ့မိန်းကလေးရဲ့မိသားစု ကြုံတွေ့ခဲ့တဲ့အရာတွေပါပဲ။"

ကျန်းရွှင်းယီဟာ သူမ၏ရုပ်ရည်ကိုမမြင်ချင်ယောင်ဆောင်ကာ ခပ်ပေါ့ပေါ့ပြောလိုက်သည်။
"မင်းမှာ ယုတ်မာတဲ့ရည်ရွယ်ချက်ရှိရင် မင်း တစ်ခါတည်းအသတ်ခံလိုက်ရပြီးပြီ။ ဒါပေမယ့် တစ်ခြားသူတွေငါ့ကိုအသုံးချတာကို ငါမကြိုက်ဘူးဆိုတော့ ငါတည့်တိုးပြောရလိမ့်မယ်။"

သူဟာ ထုံအပြီး ရိုးသားသည့်လူတစ်ယောက်ဟု အစောပိုင်းတုန်းက ယုံကြည်ခဲ့မိသည်။ သို့ပေမယ့် ကျန်းရွှင်းယီတွင်ကျောက်တုံးနှလုံးသားကို မြင်လိုက်ရပြီးနောက်၌မူ၊ သူမမှားသွားမှန်း သဘောပေါက်သွားရသည်။ သူမစကားပြောဖို့ရန် ပါးစပ်ဟလိုက်သည်နှင့် ယွင်ရှဲ့တစ်ယောက်ရုတ်ခြည်မျက်လုံးပွင့်လာခဲ့သည်။

ကျန်းရွှင်းယီနောက်လှည့်ကြည့်လိုက်သည်။
"ဘယ်လိုလဲ။"

ယွင်ရှဲ့သည် စကားမပြောပဲ ထိတ်လန့်နေသောအမူအရာဖြင့်ရိုရိုအား အပြုံးတစ်ပွင့်ဖြင့်ကြည့်လိုက်သည်။
"သူမကို မင်းဝန်ခံလိုက်ပြီလား။"

ကျန်းရွှင်းယီခေါင်းငြိမ့်ပြလိုက်သည်။
"သူမကိုယ်တိုင်ငါ့ဆီလာခဲ့တာ။"

ရိုရိုဟာ ခြောက်ခြားစွာဖြင့် ယွင်ရှဲ့ကိုလက်ညှိုးထိုးလာသည်။
"ရှင် ကျွန်မကို သိပြီးသား...."

ယွင်ရှဲ့ပြက်ရယ်ပြုလိုက်သည်။
"ငါတို့မှာ ဒီစွမ်းရည်တောင်မရှိဘူးဆိုရင် ဒီနှစ်တွေမှာ အလေအလွင့်ဖြစ်နေလောက်ပြီ။ ဒါပေမယ့် အခုကစကားပြောရမယ့်အချိန်မဟုတ်ဘူး။ တောက်ဓမ္မပညာရှင်ပြန်လာနေပြီ။ မင်းအရင်သွားနှင့်လိုက်၊ ငါမင်းကိုလိုတဲ့အခါကျ၊ ငါလာရှာလိုက်မယ်။"

သူ၏လေသံဟာ သူမကိုစကားစပြောတုန်းကနှင့် ကွာခြားလှသည်။ သူသည် မေးမြန်းသည့်အစား၊ ရိုရို့ကို အမိန့်ပေးနေသည်မှာ သူမဟာ သူ၏အစေခံအတိုင်းပင်။ သူ၏အရင်က လူကြီးလူကောင်းပုံရိပ်မှာ လုံးဝဥသုံပျောက်ကွယ်သွားခဲ့လေပြီ။ ကံကောင်းစွာဖြင့် ရိုရိုသည် လုံလောက်စွာသိမြင်လိုက်ပြီး ​ရှောခ့်ရမှုကြောင့် အေးခဲသွားပြီးနောက် နှုတ်ဆက်လျက်ပင် တကယ့်ကိုလှည့်ထွက်သွားတော့သည်။

ကျန်းရွှင်းယီချက်ချင်းမေးလိုက်သည်။
"မင်းဘာမြင်ခဲ့လဲ။"

ယွင်ရှဲ့သည် တောက်ဓမ္မပညာရှင်မကြာမီပြန်လာတော့မည်ကို စိုးရွံ့၍ အလျင်စလိုပြောမိသည်။
"မင်းကြားလိုက်တာနဲ့ ကျိန်းသေပေါက်အံ့သြသွားလိမ့်မယ်။ အားရွှင်း၊ အလောင်းတွေရှိနေတဲ့သေတ္တာကြီးသုံးလုံးကို လူတွေတူးထုတ်မိတဲ့အကြောင်း ရိုရိုပြောခဲ့တာကို မင်းမှတ်မိသေးလား။"

ကျန်းရွှင်းယီခေါင်းငြိမ့်ပြလိုက်သည်။
"သူအဲ့ဒါကိုသွားရှာတာလား။"

ယွင်ရှဲ့ကဆက်ပြောသည်။
"သူအဲ့ဒါကိုသွားမရှာခဲ့ဘူး။ အဲ့ဒါတွေကို မြှုပ်ထားခဲ့တာက တောက်ဓမ္မပညာရှင်လို့ ငါသံသယရှိတယ်။ သူက တောင်အနောက်ဖက်ကိုရောက်ပြီးနောက်မှာ ဘာကိုမှမရှာပဲနဲ့ ဟာလာဟင်းလင်းနေရာကိုပဲ ဦးတည်လျှောက်သွားခဲ့တာ။ ငါကြည့်လိုက်တော့ မြေကြီးက သိသိသာသာကို မတိုင်ခင်က ပြန်ဖို့ထားပုံရပြီးတော့ မြေဆီလွှာကလည်း ညီညာမနေဘူး။ ပြန်တူးဖော်ပြီးတဲ့နောက်မှာ ရိုရိုပြောတဲ့သေတ္တာက အဲ့မှာရှိနေသေးပေမယ့် အလောင်းကိုယ်ထည်တွေကတော့ ရှိမနေတော့ဘူး။"

ကျန်းရွှင်းယီအံ့သြတကြီးဖြင့် ပြောမိရသည်။
"လူသုံးယောက်ကို သူယူသွားရတဲ့အကြောင်းပြချက်က အဲ့ဒီ့မှာ..."

ယွင်ရှဲ့၏မျက်နှာကား အလေးအနက်ဖြစ်နေကာ ဖြည်းညှင်းစွာခေါင်းငြိမ့်ပြသည်။
"သူက သေတ္တာသုံးလုံးကို ရှာပြီးတော့ သူတို့ကိုမသတ်ပဲနဲ့ခေါ်လာပြီး သေတ္တာရဲ့ထိပ်ပိုင်းမှာ ချိပ်စည်းတစ်ခုမရေးဆွဲခင်မှာ သူတို့ကိုသေတ္တာထဲမှာ အရှင်လတ်လတ်ချိတ်ပိတ်ထားခဲ့တာ။ ချိပ်စည်းအသက်ဝင်သွားပြီးနောက်မှာ သေတ္တာတွေကို ထပ်ပြီးမြှုပ်ပစ်လိုက်တယ်။ ဒါက အသွင်တည်ဆောက်ခြင်းလို့ ငါသံသယရှိတယ်၊ သွေးစွန်းမိစ္ဆာအသွင်တည်ဆောက်ခြင်းပေါ့။"

ကျန်းရွှင်းယီဟာ အတွေးအပြည့်ဖြင့် ပြောလိုက်သည်။
"ကြည့်ရတာ ဒီကိစ္စက မရိုးရှင်းပုံပေါ်တယ်။ မီးတောက်ဂိတ်ဝနဲ့ပတ်သတ်ပြီး တကယ်ပဲ ပြဿနာတစ်ခုခုရှိနေတယ်။ ဟေး၊ ယွင်ရှဲ့၊ မင်းပြောသလိုမျိုး တကယ်သာဆိုရင် သေတ္တာသုံးလုံးထက်ပိုပြီးရှိလိမ့်မယ်လို့ ငါထင်တယ်။ ဒီမိစ္ဆာချီပမာဏက အသွင်တည်ဆောက်ခြင်းတစ်ခုလုံးကို ထောက်ပံ့ဖို့မလုံလောက်ဘူး။ တစ်ခြားနေရာတွေမှာ ပိုပြီးရှိနေသင့်တယ်။"

ယွင်ရှဲ့သည် ပြန်ဖြေမလို့လုပ်နေစဥ်မှာတင်၊ တောက်ဓမ္မပညာရှင်ပြန်လာတာကို သူမြင်လိုက်ရ၍ သူ၏စကားလုံးတွေကို ချက်ချင်းပြန်လည်မျိုချလိုက်ရသည်။ ကျန်းရွှင်းယီနားလည်သွားကာ ချက်ချင်းပင် နာနာခံခံဖြင့် မတ်တပ်ရပ်နေလိုက်သည်။

သက်လတ်ပိုင်းအရွယ်တောက်ဓမ္မပညာရှင်သည် ပြန်ရောက်လာခဲ့ပြီး သူ၏အကြည့်ဟာ ကျန်းရွှင်းယီ၏မျက်နှာပေါ်တွင် ဝေ့ဝဲသွားသည်။ သူ၏ခေါင်းကို ငုံ့ထားကာ သူ၏ရုပ်ရည်မှာလည်း အားနည်းပြီး ပိန်ပါးကြောင်း သူမြင်လိုက်ရကာ မည်သည့်မှတ်ချက်မျှမပေးတော့ပါပဲ ထိုအစား အော်လိုက်တော့သည်။
"သွားကြမယ်! မြန်​မြန်လုပ်ကြ!"

သူထွက်သွားတုန်းက လေးယောက်တစ်ဖွဲ့ထဲတွင် ဖြစ်သည်။ ယခုမူ သူတစ်ယောက်တည်းပင်။ ဤအခြင်းအရာကား တကယ့်ကိုထူးဆန်းသော်ငြား၊ မည်သူကမျှမမေးရဲပေ။ သူ၏စကားလုံးများကိုကြားလိုက်ရပြီးနောက် လူတိုင်းသည် နောက်မှ ခဲရာခဲဆစ်လိုက်နေရကာ သူတို့သာ အနောက်မှာကျန်ခဲ့လျှင် ခေါင်းဖြတ်ခံလိုက်ရမှာကို ကြောက်ရွံ့နေကြရသည်။

မီးတောက်ဂိတ်ဝ၏အရိပ်အောက်မှာသာမက၊ သူတို့သည် သတ္တိလဲကင်းမဲ့ကြသေးသည်။ တောက်ဓမ္မပညာရှင်တွေအားလုံးကား ကနဦးအစ၌ ဓားပျံစီး၍လာခဲ့ကြပေမယ့် သူတို့အသစ်ခန့်လိုက်သည့်လူအုပ်ကြီးဟာ ဘာဆိုဘာမျှမသိသည့်ကျီးအတစ်သိုက်ဖြစ်လေရာ သူတို့၏ပျံသန်းခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။ တောက်ဓမ္မပညာရှင်ဘုန်းကြီးသည် သူ၏ဂိုဏ်းသားများအတွက်မူ စျေးမှ မြင်းများဝယ်လာခဲ့ပေမယ့် အသစ်ခန့်ထားသည့်သေမျိုးများအတွက် ဘာမှမရှိပေ။ သူတို့သည် မြင်းအမြင့်ကြီးတွေကို အရှေ့ကနေစီးသွားစဥ်၌ ကျန်းရွှင်းယီနှင့်ယွင်ရှဲ့မှာတော့ သူတို့၏ကိုယ်ပိုင်ခြေထောက်များဖြင့် လိုက်နေရလေသည်။

တုဟိန်၏ကိုယ်ကာယဟာ သိပ်မကောင်းပေ။ ရုပ်ပိုင်းဆိုင်ရာခွန်အားဆို ပို၍တောင်ဆိုးဝါးသေး၏။ ယွင်ရှဲ့သည် ကျန်းရွှင်းယီတစ်ယောက်ခက်ခဲနေသည်ကို မြင်လိုက်ရကာ စိတ်မကောင်းဖြစ်သွားရသည်။
"အားရွှင်း၊ မင်း ဘာလို့ ခေါင်းမူးနေသလို ဟန်မဆောင်လိုက်တာလဲ။ ဒါဆို ကိုယ်မင်းကိုကျောပိုးသွားလို့ရနိုင်တယ်လေ။"

ကျန်းရွှင်းယီသရော်လိုက်သည်။
"တောက်ဓမ္မပညာရှင်ကြီးက ငါ့ကို ဝန်ထုပ်ဝန်ပိုးလို့ တွေးမိပြီးတော့ သူ့ဓားနဲ့ ​လုပ်ပစ်လိုက်လိမ့်မယ်။ လာစမ်းပါ၊ ငါက ယောကျ်ားရင့်မာကြီးပါ၊ ဒါက ငါ့အတွက် ဘာမှမဟုတ်ဘူး။ မင်းလမ်းကိုသာ မင်း ​တိတ်တိတ်လေးလျှောက်နေစမ်းပါ!"

ယွင်ရှဲ့က သက်ပြင်းချကာ တီးတိုးပြောလိုက်သည်။
"မင်းကိုယ့်ကိုစိုးရိမ်ပြီး ကိုယ်ပင်ပန်းမှာကို ကြောက်နေတာပဲ။ ကိုယ်နားလည်ပါတယ်ကွာ။"

ကျန်းရွှင်းယီ: "..."

သူသည် အရှေ့ရှိအမြှီးတယမ်းယမ်းနှင့်မြင်းတွေကို အမှီလိုက်နိုင်အောင် အကောင်းဆုံးကြိုးစားနေရင်းဖြင့် ယွင်ရှဲ့ကို ရင်ဆိုင်ဖို့ရန် မည်သည့်စကားလုံးကြမ်းကြမ်းသုံးရင် ကောင်းမလဲဆိုသည့်အကြောင်း တွေးနေမိသည်။ ရုတ်တရက်ပင်၊ သူ၏ဝတ်ရုံကိုကြည့်ရတာ တစ်ယောက်ယောက်ဆွဲသည်ကိုခံလိုက်ရသည်ဟု သူခံစားလိုက်ရသည်။

ကျန်းရွှင်းယီလှည့်ကြည့်မိတော့ ချီရှစ်ကျိုဖြစ်နေတာကြောင့် အံ့အားသင့်သွားရသည်။

"ဘာကိစ္စလဲ။"

ချီရှစ်ကျိုဟာ သူမျက်နှာဖုံးချွတ်ထားတာကို မြင်ပြီးတာကြာပြီဖြစ်ပေမယ့် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ဖူးတာ ပထမဆုံးအကြိမ်ပင်ဖြစ်နေသေးသည်။ သူ၏မျက်နှာဟာ နီမြန်းလာပြီး ထစ်ထစ်အအပြောလာသည်။
"ကျွန်တော်၊ ခင်ဗျားလမ်းလျှောက်ရတာအခက်အခဲဖြစ်နေတာကို ကျွန်တော်မြင်တယ်။ ခင်ဗျားဗိုက်ဆာနေလား။ ဒါ..ဒါက ခင်ဗျားအတွက်ပါ။"

ထိုသို့ပြောရင်းဖြင့် သူ၏လက်မောင်းကြားထဲရှိ စက္ကူအိတ်ကို ထုတ်ကာ ကျန်းရွှင်းယီလက်ထဲ ထည့်ပေးလိုက်ပြီးနောက် တစ်ချိုးတည်းပြေးသွားတော့သည်။

ကျန်းရွှင်းယီ: "??"

ယွင်ရှဲ့က ခေါင်းတိုးဝင်လာသည်။
"ယို့၊ ဘာပစ္စည်းကောင်းလေးများ မင်းရလိုက်တာတုန်း။ ဖွင့်ကြည့်လေ။ ငါကြည့်ကြည့်ရအောင်။"

ကျန်းရွှင်းယီသည် သူ့လက်ထဲတွင် စက္ကူအိတ်ကို ဂရုတစ်စိုက်ကိုင်ထားပြီးနောက် ၎င်းကိုထုပ်ပိုးထားသည့် စက္ကူအလွှာတွေကို ဂရုစိုက်ကာဖယ်ထုတ်လိုက်သည်။ ထိုအရာကား နှင်းဆီကိတ်မုန့်နှစ်တုံးဖြစ်နေသည်ပင်။

ချီရှစ်ကျို၏ယခုလေးတင်စကားများဟာ အဆက်အစပ်မရှိလေရာ ကျန်းရွှင်းယီတစ်ယောက်အလုံးစုံနားမလည်လိုက်ပေ။ သူသည် စက္ကူတွေကိုဖယ်နေပုံမှာ ပေါက်ကွဲစေနိုင်သည့်ဗုံးကို ဖြည်နေသည့်အတိုင်းပင်။ သူဟာ ဤကဲ့သို့အရာဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားမိပေ။
"သူဘာလို့ငါ့ကို ဒါပေးသွားတာလဲ။"

ယွင်ရှဲ့သည် သူနားလည်မည်မဟုတ်မှန်း သိပြီးသားပင်။ သူသည် အခွင့်ကောင်းယူကာ လက်ဆန့်ထုတ်လိုက်ပြီး ကျန်းရွှင်းယီလက်ထဲမှ စက္ကူအိတ်ကို အလွယ်အကူဆွဲယူသွားတော့သည်။ သူ့ခေါင်းကိုမော့ထားရင်းဖြင့် နှင်းဆီကိတ်နှစ်တုံးလုံးကို သူ့ပါးစပ်ထဲလောင်းထည့်ပစ်လိုက်သည်။
"ဒါက မင်းစားဖို့အတွက်ဆိုရင် ဖြုန်းတီးရာကျတာပဲ။ ငါ့ကိုပေးလိုက်တာပိုကောင်းတယ်။"

ကျန်းရွှင်းယီဟာ ပြန်ယူလိုက်ပေမယ့် ကြိုးစားရပ်တန့်ဖို့ရာ အလွန်နောက်ကျသွားရသည်။ သူသည် အလျင်အမြန်ပင် ယွင်ရှဲ့၏လည်ပင်းကို ဆွဲကာ ဒေါသတကြီးပြောလိုက်သည်။
"မင်းတော့ အစားကြူးပြီးသေတော့မှာပဲ! အဆိပ်ပါရင်ဘယ်လိုလုပ်မလဲ၊ ထွေးထုတ်လိုက်စမ်း!"

ယွင်ရှဲ့ကပြုံးသည်။
"ကျစ်၊ သစ်သားရုပ်လေးရဲ့။ မင်းစိတ်ချနေလို့ရပါတယ်၊ အဆိပ်က ကိုယ့်ကိုမသတ်နိုင်ပါဘူး။"

သူတို့သည် ခရီးတစ်လျှောက်လုံး ပြဿနာဖြစ်နေကြသည်နှင့် အချိန်ဟာမြန်ဆန်နေသလို ခံစားလိုက်ကြရသည်။ လူအုပ်ကြီးကိုကြည့်ရသည်နှင့် မီးတောက်ဂိတ်ဝဂိုဏ်းကို ရောက်ရှိတော့မည့်ပုံပင်။

မီးတောက်ဂိတ်ဝဂိုဏ်းသည်ကား လူသိမများပေ။ သို့ပေမယ့် ၎င်းသည် စွမ်းအားမြင့်သောဖုန်းရွှေနှင့် အလွန်တရာသန်မာလှသောဝိညာဥ်စွမ်းအင်နယ်မြေပေါ်တွင် တည်ရှိသည်။ တောင်ထွတ်အရှေ့ကို သူတို့ရောက်ရှိတော့မည်နှင့် သူတို့၏ပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြေနေသည်ကို ကျန်းရွှင်းယီတွေ့လိုက်ကာ သူ၏နှာခေါင်းထဲ၌ သစ်ပင်ပန်းမန်ရနံ့များဖြင့်ပြည့်နှက်နေသည်ပင်။ မိုးမြင့်အဆောက်အအုံထိပ်ဆုံးကိုကြည့်ရသည်ကား ကောင်းကင်ယံကိုထိုးဖောက်တော့မည်ပုံရကာ တောင်ထွတ်သည်လည်း အရောင်စုံလင်လှသောတိမ်တိုက်များဖြင့် ဝန်းရံခြင်းခံနေရကာ ​ကြီးမြတ်၍ လှပပေသည်။

ယွင်ရှဲ့သည် သူ၏ပြီတီတီအပြုံးကို ပြန်ရုပ်သိမ်းကာ တီးတိုးပြောလိုက်သည်။
"ဒီမြေပိုင်ရှင်က မရိုးရှင်းဘူးပဲ။ ငါနည်းနည်းတော့သိချင်လာပြီ။"

ကျန်းရွှင်းယီပြောလိုက်သည်။
"ဘာတွေအလျင်လိုနေတာတုန်း။ ငါတို့သူတို့ကိုမကြာခင်တွေ့ရလိမ့်မယ်။"

မည်သို့ပင်ဖြစ်စေကာမူ ၊ သူ၏အဖိုးတန်မှုကို ခန့်မှန်းလွန်သွားလိမ့်မည်ဟု မထင်မှတ်ထားမိပေ။ အကယ်၍ သူတို့သာ အမြစ်ကောင်းသည့်ကလေးငယ်များဖြစ်လျှင်တော့ ကိစ္စမရှိ။ သူတို့သည် အုတ်မြစ်ချခြင်းကိုတည်ဆောက်ပြီးသွားသော်လည်း သူနှင့်ယွင်ရှဲ့၏အသံဟာ နှစ်ဆယ်၌ရပ်တန့်သွားခဲ့သည်။ လေ့လာသင်ယူရမည်ဆိုလျှင်၊ သူတို့အသက်အရွယ်အရ၊ သူတို့သည် အကောင်းဆုံးအချိန်ကာလကို ကျော်လွန်ခဲ့ပြီးဖြစ်၍ တောင်ခြေအပြင်၌သာ နေနိုင်လေသည်။ အဓိကပြောရရင် သူတို့ဟာ ပိုင်ရှင်ကိုမတွေ့ဆုံနိုင်ရုံသာမက၊ လိမ္မော်ခွံကိုတောင် တွေ့ဖို့ရာခဲယဥ်းလှပေသည်။

ဒါ့အပြင်၊ ဤသို့ခေါ်သည့်အစီအစဥ်ဟာ အလွန်လက်မခံနိုင်စရာပင်။

ကျန်းရွှင်းယီသည် သူတို့ကိုနေထိုင်ရန်ချမှတ်ပေးထားသည့်နေရာဆီကို ဝင်သွားကာ ခေါင်းမော့ကာ ပတ်ပတ်လည်ကိုကြည့်မိရင်းဖြင့် ချက်ချင်းခြေတစ်လှမ်းဆုတ်မိလိုက်သည်။ သူဟာ သူ့နောက်ရှိ ယွင်ရှဲ့ကို နှုတ်ဆိတ်လျက်ကြည့်လိုက်မိသည်။

ယွင်ရှဲ့ဟာ မရေမရာဖြစ်မိကာ ကျန်းရွှင်းယီ၏အနောက်မှနေ၍ ခေါင်းပြူကြည့်လိုက်သည်။ သူကူကယ်ရာမဲ့စွာဖြင့်ရယ်သွမ်းလိုက်မိသည်။ - အခန်းငယ်လေးထဲတွင် ထောင့်စွန်းတစ်ခုဆီ၌ ရှည်လျားသည့်ခုတင်ငယ်လေးများရှိနေကာ ပိန်ပါးပါးလူတစ်ယောက် ဘေးမှဖြတ်သန်းသွားနိုင်သည့် စကြ်လမ်းပုစိလေးသာလျှင်ချန်ရစ်ထားလေသည်။ အိပ်ရာကား အလွန်အိုဟောင်းနေသည်။ ၎င်း၏အရောင်မှာ မြင်နိုင်ဖို့ရာ ခဲယဥ်းလှပြီး လုံးဝကိုရှုပ်ပွနေသည်။ ပြတင်းပေါက်ပေါ်၌မူ ပေါက်စီတစ်ခြင်းနှင့် ချဥ်ဖတ်တစ်ချို့တင်ထားကာ အစားအသောက်အဖြစ်သုံးဆောင်စေသည်။ ခြေဖဝါးနံ့ဟာလည်း အခန်းကိုဖြတ်ကာ ဖြည်းဖြည်းချင်းပျံ့လွင့်လာလေသည်။

တံခါးနား၌ ယွင်ရှဲ့၏တားဆီးခြင်းခံထားရသည့်ကျန်းရွှင်းယီကား သည်းမခံနိုင်တော့ပါချေ။
"ငါ့ကိုမတားနဲ့၊ ငါသွားမယ်!"

ယွင်ရှဲ့သည် ကျန်းရွှင်းယီ၏ပုခုံးပေါ်လက်တင်ကာ အနောက်လှည့်လိုက်ပြီး သူ၏နောက်ကျောကိုတွန်းရင်းဖြင့် ရယ်မောလျက်ပင် အပြင်ကိုလမ်းလျှောက်ထွက်လာကြသည်။ ဒါဟာ ဤနေရာသည် စိတ်ဝင်စားဖွယ်ကောင်းတာကြောင့်မဟုတ်။ သို့ပေမယ့် ကျန်းရွှင်းယီ၏ခက်ခဲနေသည့်မျက်နှာမှာ သူ့အား တကယ့်ကိုဖျော်ဖြေပေးနေတာကြောင့်ပင်။

ယွင်ရှဲ့၏ရယ်မောခြင်းကို ကျန်းရွှင်းယီ သိသိသာသာကိုပင် နားလည်ကာ အံကြိတ်လိုက်မိသည်။
"မင်းထပ်ရယ်နေမယ်ဆိုရင် ငါမင်းကို သတ်စားပစ်မယ်!"

ယွင်ရှဲ့ဟာ အဓိပ္ပါယ်အပြည့်ရှိသည့်အပြုံးဖြင့် အရှေ့ကိုရောက်လာသည်။
"မင်းကိုယ့်ကို 'စား'ချင်တာလား။ အားရွှင်း၊ မင်းကိုယ့်ကို ဘယ်လိုစားချင်တာလဲ။ မင်းကိုယ့်ကို ရေအရင်သွားချိုးစေချင်လား။"

ကျန်းရွှင်းယီသည် သူ၏လက်တွေကို ဖြန်းခနဲရိုက်ချကာ အေးစက်စက်ပြောလိုက်သည်။
"ဘယ်ဘက်တစ်ဝက်ကို ကင်ပြီးတော့ ညာဘက်တစ်ဝက်ကို ချက်စားပစ်မယ်။ စားပြီးရင် အရိုးတွေကို အပြင်ကိုလွှင့်ပစ်ပြီး ခွေးကျွေးလိုက်မယ်!"

ဒီတစ်ကြိမ်၌မူ၊ သူတို့နှင့်အတူလာခဲ့သည့်လူငယ်တစ်ယောက်ဟာ သူတို့ဘေးကိုအလျင်စလိုရောက်လာကာ အော်ပြောလေသည်။
"ဟေး၊ မင်းတို့နှစ်ယောက်ဘယ်သွားမလို့လဲ။ အခုလေးတင် အမတခေါင်းဆောင်က ငါတို့ကိုအခန်းထဲမှာပဲနေရမယ်လို့ ပြောလိုက်တယ်၊ ငါတို့လျှောက်သွားလို့မရဘူး။ ပြီးတော့ ဒီအချိန်က အနားယူချိန်ပဲ။"

ကျန်းရွှင်းယီသည် 'အနားယူချိန်'ဟူသည့် စကားလုံးကို ကြားလိုက်သည့်အခါ ဗွေမယူပဲနှင့် လက်ကာပြလိုက်သည်။
"ငါတို့အပြင်ထွက်ပြီး လေကောင်းလေသန့်ရှုမလို့ပါ။"

လူငယ်လေးဟာ လက်ဆန့်ပြီး သူ့ကိုတားချင်ပုံရကာ စိတ်ရှုပ်ထွေးစွာပြောလာသည်။
"အမတခေါင်းဆောင်က အတွင်းစည်းတပည့်တွေဒီကိုလာလိမ့်မယ်လို့ ပြောသေးတယ်။ ငါတို့သူတို့နဲ့ဝင်တိုးမိမယ်၊ မင်းတို့က ငါတို့ကိုပါဝင်ပတ်သတ်စေလိမ့်မယ်။"

ယွင်ရှဲ့၏လက်မောင်းထဲမှ တစ်ဖက်ကား အရိုးမရှိသလိုပင် ကျန်းရွှင်းယီ၏ကိုယ်ပေါ်၌ ရှိနေကာ နောက်တစ်ဖက်ကတော့ လူငယ်လေး၏လက်ကို မရည်ရွယ်ပဲနှင့် တားမြစ်လိုက်မိသည်။
"မင်းရဲ့အခန်းကိုပြန်ပြီး လှဲချလိုက်သရွေ့ မင်းစိတ်ချနေလို့ရပါတယ်၊ ငါတို့မင်းကို မပါဝင်စေရပါဘူး။ အားရွှင်း၊ သွားကြမယ်လေ။"

သူခေါင်းလှည့်လိုက်သည်နှင့် တစ်ယောက်ယောက်ကိုဝင်တိုက်မိတော့၏။

ကျန်းရွှင်းယီ: "...."

ယွင်ရှဲ့ခေါင်းမော့လိုက်သည်။ ကျန်းရွှင်းယီသည် သူ့ကိုဆွဲခေါ်ကာ ယွင်ရှဲ့ခါးကို ဆွဲဆိတ်လိုက်ရသည်။ ဂိုဏ်းသားတွေဟာ ဒေါသတကြီးအော်ဟစ်ဆဲဆိုပြီးနေလေပြီ။
"မင်းတို့မှာမျက်လုံးမပါဘူးလား။ မင်းက ငါတို့ရဲ့ကျိုးရှစ်ရှုန်းကိုတောင် ဝင်တိုက်ရဲတယ်ပေါ့လေ။"

သူတို့နှင့်ဆန့်ကျင်ဖက်၌၊ မီးတောက်ပုံဖော်ထားသည့် ဝတ်ရုံနက်ကိုဝတ်ဆင်ထားသည့်လူငယ်တစ်ချို့ဖြစ်သည်။ သူတို့သည် အလယ်တွင် လူတစ်ယောက်ယောက်ကို ဝန်းရံထားကြသည်။ ယွင်ရှဲ့ကို သူတို့ဆူပူလိုက်သည့်အခါ၊ သူသည် ပုံမှန်လို ခွန်းတုံ့ပြန်မပြန်ပါပဲ ပြုံးသာပြုံးနေလေသည်။

ကျန်းရွှင်းယီဟာ ရိုသေလေးစားမှုအတုအယောင်ဖြင့် ပြောလိုက်သည်။
"ဒီရှစ်ရှုန်းခင်ဗျ၊ ကျွန်တော်တို့တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်တို့ အစ်ကို့ကို တကယ်မမြင်လိုက်လို့ပါ။"

ထိုယောက်ျားသည် သူ့ကို မြဲမြံစွာစိုက်ကြည့်ပြီးနောက် ယွင်ရှဲ့ကို ထပ်ကြည့်ပြန်သည်။ သူ၏လက်ကိုမြှောက်ကာ သူ့အနောက်မှ သူတို့ကိုဆူပူချင်နေဆဲဖြစ်သည့်ခွေးလိုလူတွေကို ရပ်ခိုင်းလိုက်သည်။
"မင်းတို့နှစ်ယောက်ငါနဲ့လိုက်ခဲ့။"

သူတို့၏"မင်းတို့တော့သေပြီ"ဆိုသည့် အော်ဟစ်သံတွေကြား၌၊ ကျန်းရွှင်းယီနှင့်ယွင်ရှဲ့သည် ခပ်ချောချောလူငယ်၏အနောက်ကိုလိုက်လာကြကာ ခပ်လှမ်းလှမ်းရှိတောင်တန်းတစ်ခုထံရောက်လာခဲ့ကြသည်။

လူတိုင်း၏မြင်ကွင်းမှ လွတ်မြောက်လာပြီးနောက် လူငယ်၏မျက်နှာကား ရုတ်ခြည်းပြောင်းလဲသွားကာ ရယ်မောရင်းဖြင့် အရှေ့ကိုတိုးပြီး ယွင်ရှဲ့နှင့်ကျန်းရွှင်းယီကို တစ်လှည့်စီ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။
"ငါတို့တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ နှစ်၂၀တောင်ကြာခဲ့ပြီပဲ။ ငါတို့ဒီမှာတွေ့ကြလိမ့်မယ်လို့ ဘယ်သူကထင်မိမှာတုန်း။"

ကျန်းရွှင်းယီပြုံး​ကာ ပြောလိုက်သည်။
"ကျိုးကျန့်ဖန်၊ ဟေး။ မင်းကမ္ဘာပေါ်မှာရှိနေသေးတာကို ငါတွေ့လိုက်ရတော့ ငါလဲ အံ့သြမိတယ်ကွာ။"

ထိုယောက်ျားကိုကြည့်ရသည်မှာ ယွင်ရှဲ့နှင့်ကျန်းရွှင်းယီတို့နှင့် သိကျွမ်းပုံရကာ ကျိုးမျိုးရိုးဖြစ်ပုံရသည်။ သူကား 'ဓားနတ်ဘုရား'ကျိုးဖေးဟုံ၏ ချစ်လှစွာသောသားတစ်ယောက်ဖြစ်ကာ လူငယ်မျိုးဆက်ထဲတွင် ထူးချွန်သည့်ပုံရိပ်တစ်ခုဖြစ်လေသည်။ ယွင်ရှဲ့နှင့်ကျန်းရွှင်းယီတို့နှစ်ယောက်လုံးဟာ သူနှင့်အလွန်နီးကပ်သည့်သူငယ်ချင်းများဖြစ်ခဲ့ကြသည်။ သို့သော်၊ ကျိုးကျန့်ဖန်သည် လွန်ခဲ့သည့်နှစ်၂၀တုန်းက ရုတ်တရက်ပျောက်သွားခဲ့ပြီး သူဘယ်ကိုသွားမှန်း မည်သူမျှမသိကြပေ။ ကျန်းရွှင်းယီသည်လည်း သူ့ကို အချိန်ခဏလောက်ရှာကြည့်ခဲ့ပေမယ့် အသီးအပွင့်မရှိသည့်ရှာဖွေမှုဖြစ်ခဲ့ရသည်။ ဒီမှာလာတွေ့လိမ့်မည်ဟု သူမမျှော်လင့်ထားမိပေ။

ကျိုးကျန့်ဖန်ကား ကမ္ဘာမြေပေါ်မှ ပျောက်ဆုံးသွားတာကြာပြီဖြစ်ကာ ကျန်းရွှင်းယီနှင့်ယွင်ရှဲ့တို့ဟာ တစ်ယောက်နှင့်တစ်ယောက်နစ်နာစေခဲ့တာကို သူသိတောင်မသိပေ။ ထို့ကြောင့် ကျန်းရွှင်းယီဘယ်လိုလုပ်ပြီးအသက်ရှင်နေတာလဲဟု မေးမြန်းမည့်အစား၊ သူဟာသလုပ်လိုက်သည်။
"ငါဒီနေ့ငါ့ညီအစ်ကိုတစ်ချို့ပြောတာကိုနားထောင်တော့ ဆန်းရှစ်ရှုက သေမျိုးတွေကို အပြင်စည်းမှာ အလုပ်သမားတွေဖြစ်ဖို့ ခေါ်လာတယ်လို့ ငါကြားလိုက်ရတယ်။ ဘယ်လိုဖြစ်ပြီးတော့ သူရဲကောင်းနှစ်ယောက်ကရောပါလာရတာများလဲ။ ငါညီအစ်ကိုယွင်ကို ပထမဆုံးမြင်လိုက်ရတုန်းက ငါဝန်မခံရဲခဲ့ဘူး။"

ယွင်ရှဲ့သည်လည်း သူ့ကိုမြင်လိုက်ချိန်မှာ ဦးဆုံးတောင့်တင်းသွားရသည်။ အကယ်၍ ကျန်းရွှင်းယီသာ သူ့ခါးကိုမဆွဲဆိတ်ခဲ့ဘူးဆိုပါလျှင်၊ သူ့ဝန်းကျင်ကလူတွေ၏ရှေ့မှောက်၌ သူတစ်ခုခုထုတ်ပြောမိပေလိမ့်မည်။ သူအနည်းငယ်ပြုံးလိုက်သည်။
"ငါလဲအတူတူပါပဲ။ ကျန့်ဖန်၊ မင်းမိသားစုက ကြီးမားပါတယ်။ တကယ်လို့ ပဋိပက္ခတစ်ခုခုရှိခဲ့လို့များ ဒီဂိုဏ်းသေးသေးလေးမှာ မင်းလာနေ​နေရတာလား။"

ကျိုးကျန့်ဖန်ဟာ အနည်းကျဥ်းမျှပြုံးလိုက်ကာ ပတ်ဝန်းကျင်ကို သတိဝီရိယဖြင့်ကြည့်လေသည်။ ယွင်ရှဲ့က လက်ခုပ်တီးပြီးနောက် သူ၏လက်တွေကိုဖြန့်ကားကာ စိုးစဥ်းမျှရွတ်ဆိုလိုက်သည်။
"ကြီးပွားအောင်မြင်ခြင်းရဲ့အရှင်သခင်နာမည်အောက်မှာ သက်ရှိတွေအားလုံးက ငါ့ရဲ့အမိန့်ကိုနာခံပြီးတော့ တိတ်ဆိတ်နေရမယ်!"

သူ၏လက်ဖဝါးထဲမှ အလင်းဖြူနှစ်တန်းထိုးထွက်လာကာ သူတို့သုံးယောက်ကို စက်ဝိုင်းသဖွယ်ပတ်ပတ်လည်ဝန်းရံလိုက်သည်။ ၎င်းကိုကြည့်ရသည်မှာ သာမန်လူတွေ၏မျက်လုံးထဲတွင် လျင်မြန်စွာပျောက်ကွယ်သွားပုံပေါ်ပေမယ့် ကျိုးကျန့်ဖန်နှင့် ကျန်းရွှင်းယီတို့နှစ်ယောက်လုံးဟာ ယွင်ရှဲ့တစ်ယောက် တိတ်ဆိတ်ခြင်းကျိန်စာကို ဆောက်တည်လိုက်မှန်း သိနေကြသည်။ ဤမန္တာန်ကား ရိုးစင်းသော်လည်း၊ သူလုပ်လိုက်သည့်အခါ၌မူ၊ သာမန်ထက်ထူးကဲသွားလေသည်။ ကျိုးကျန့်ဖန်တစ်ယောက် ဆဲရေးလိုက်ရင်တောင်မှ အပြင်လူတွေကြားနိုင်မည်မဟုတ်ပေ။

"မင်းကအရမ်းဂရုတစိုက်ရှိသားပဲ။" ကျိုးကျန့်ဖန်ပြုံးလိုက်သည်။ ဒါကိုပြောသည်ကလွဲ၍ သူသည် အသံကိုနိမ့်ချထားဆဲပင်။
"ငါမင်းတို့ညီအစ်ကိုနှစ်ယောက်ရဲ့စရိုက်ကို အမြဲယုံကြည်ပြီးသားဆိုတော့ ငါအမှန်တရားကို မဖုံးကွယ်ချင်ပါဘူး။ ငါက တကယ်တော့ သူလျိုတစ်ယောက်ပဲ။"

___________________________________________

မူရင်းစာရေးသူမှာပြောစရာရှိတယ်:

ယွင်ယွင်: "ကိုယ်မင်းကို လေသံကောင်းကောင်းနဲ့မပြောရင်လည်း မင်းကိုယ့်ကိုဆူတယ်၊ မင်းကို လေးနက်တဲ့လေသံနဲ့ပြောရင်လည်း မင်းကမယုံပြန်ဘူး...မင်းအတွက်အမုန်းခံရဖို့ လွယ်ကူနေတာလား။ မင်းဘယ်အချိန်ကျမှ နှလုံးသားကြီးမားလာမှာလဲ။

__________________________________
#6201words

ဇာတ်ကောင်အသစ်အဆင်လေးကျိုးကျန့်ဖန် is online!!!!
ပျော်ရွှင်စရာသီတင်းကျွတ်အချိန်လေးဖြစ်ပါစေ!
_____________________________________

!Zawgyi!

အခန္း(၅၆) ခုတင္ငယ္ေလး

-----------

က်န္း႐ႊင္းယီကား ေနာက္ထပ္အလွည့္က်သဴျဖစ္သည္။ မစစ္ေဆးခင္၌မူ၊ သက္လတ္ပိုင္းအ႐ြယ္ေတာက္ဓမၼပညာရွင္သည္ သူ၏မ်က္ႏွာဖုံးေပၚမွ သူ၏ႏွဖူးကို ထိလိုက္သည္။
"ေဟး၊ မင္းကေယာက္်ားရင့္မာႀကီးတစ္ေယာက္ပဲ၊ ဘာမ်ားဖုံးကြယ္စရာရွိလို႔လဲ။ အကယ္၍ မင္းက႐ုပ္ဆိုးေနတယ္ဆိုရင္ေတာင္မွ၊ လူေတြကိုေတာင္ ရင္မဆိုင္နိုင္ဘူးလို႔ ဆိုလိုခ်င္တာလား။ ခြၽတ္လိုက္! ခြၽတ္လိုက္ေတာ့!"

က်န္း႐ႊင္းယီဟာ အနည္းငယ္မွ်တုံ႕ဆိုင္းေနမိသည္။ ေတာက္ဓမၼပညာရွင္သည္ လက္ဆန့္ကာ မ်က္ႏွာဖုံးအား ၾကမ္းတမ္းစြာဆြဲျဖဳတ္လိုက္သည္။

သူမ်က္ႏွာဖုံးခြၽတ္လိုက္သည္ႏွင့္ သူသည္ လက္တစ္ဖက္တြင္ မ်က္ႏွာဖုံးကို ကိုင္လ်က္သားျဖင့္ ေနာက္တစ္ဖက္ကမူ က်န္း႐ႊင္းယီ၏ပုခုံးကိုဖိထားကာ သူေအးခဲသြားရေလသည္။ သူအခ်ိန္ေတာ္ေတာ္ၾကာၾကာတုံ႕ျပန္မလာေပ။ ကံေကာင္းစြာျဖင့္ က်န္း႐ႊင္းယီ၏႐ုပ္ရည္ကို ျမင္လိုက္ရ၍ မွင္သက္ေနသူအမ်ားအျပားရွိေလရာ သူ၏ၾကက္ေသေသေနသည့္အၾကည့္မွာလည္း ထိုနည္းတူစြာပင္။

ယြင္ရွဲ႕သည္ မ်က္ေမွာင္ၾကဳတ္မိကာ အေရွ႕ကိုေျခတစ္လွမ္းတိုးလိုက္ေပမယ့္ က်န္း႐ႊင္းယီက သူ႕အား လ်ိဳ႕ဝွက္စြာလက္ဟန္အမူအရာျပလာသည္ျဖစ္၍ သူရပ္တန့္လိုက္ရသည္။ ကံေကာင္းသည္ကား ေတာက္ဓမၼပညာရွင္သည္ ယြင္ရွဲ႕၏ေအာက္ဆုံးစည္းကို ထပ္၍မထိပါးမိသည္ပင္။ သူဟာ အလ်င္အျမန္သတိျပန္ဝင္လာကာ က်န္း႐ႊင္းယီ၏ေခါင္းေပၚကို လက္တင္လိုက္သည္။ အလ်င္အျမန္စစ္ေဆးၿပီးသည့္ေနာက္၊ သူလက္ကာျပေလသည္။
"အင္း၊ မင္းလည္း အေနာက္မွာသြားရပ္လို႔ရၿပီ။"

ဤအျခင္းအရာသည္ က်န္း႐ႊင္းယီတစ္ေယာက္ အေနာက္ကိုေလွ်ာက္သြားၿပီး ယြင္ရွဲ႕ဟာ သူ၏နားထဲတြင္ တီးတိုးမေျပာလာသည္အထိပင္။
"အဲ့ဒီ့လိေမၼာ္ခြံ မင္းကိုၾကည့္ေနတဲ့ပုံစံကို ကိုယ္သေဘာမက်ဘဴး။"

က်န္း႐ႊင္းယီဟာ ေတာက္ဓမၼပညာရွင္ကို ျပန္ၾကည့္မိလိုက္ေလရာ သူ႕တြင္ ဆားဝက္ၿခံအမ်ားႀကီးရွိေနတာကိုသတိထားမိသြားသည္။ ယြင္ရွဲ႕၏ေဖာ္ျပခ်က္သည္ အလြန္မွန္ကန္ေနေၾကာင္း သူ႐ုတ္ျခည္းခံစားမိကာ ကူကယ္ရာမဲ့စြာျဖင့္ ရယ္ေမာလိုက္မိသည္။

ယြင္ရွဲ႕သည္ သူဟာ အဓိကေသာ့ခ်က္ကို မဖမ္းဆုပ္နိုင္ဘူးဆိုတာကို ျမင္လိုက္ၿပီး ေတာင့္တင္းသြားရသည္။ သူလက္ဆန့္ကာ က်န္း႐ႊင္းယီ၏ေခါင္းအေနာက္ကို ျပန္ဆြဲလိုက္သည္။
"ေဟး၊ ငါက ေလးေလးနက္နက္ေျပာေနတာေလ။ မင္းဘာလို႔ရယ္ေနရတာလဲ။ သူမင္းကိုျမင္လိုက္တဲ့အခ်ိန္မွာ သူဘာလို႔ထိတ္လန့္သြားတာလဲဆိုတဲ့အေၾကာင္းရင္းက က်ိန္းေသေပါက္ကို သူက မင္းရဲ႕႐ုပ္ရည္နဲ႕ ဆြဲေဆာင္ခံလိုက္ရတာမဟုတ္ဘူးလို႔ ငါထင္မိတယ္။ မင္းသိပါတယ္၊ အကယ္၍ ႐ုပ္ရည္အေၾကာင္းေျပာေၾကးဆိုရင္ က်န္းဟူရဲ႕ေကာလဟာလေတြအရဆိုရင္လည္း ငါမင္းကို ႐ုပ္ရည္အရရႉံးရင္ရႈံးနိုင္တယ္၊ ဒုတိယေနရာကအေနျဖင့္ ငါ့႐ုပ္ရည္က ၾကည့္ေကာင္းေနၿပီးသားပဲေလ၊ ဟုတ္တယ္မလား။ ဒါေပမယ့္ အဲ့ဒီ့လိေမၼာ္ခြံက ငါ့ကိုေနာက္ထပ္မၾကည့္လာေတာ့ဘူးေလ။ ဒါက သူဟာ ေယာက္်ားေတြရဲ႕႐ုပ္ရည္သြင္ျပင္ကို ဂ႐ုမစိုက္ဘူးဆိုတာကိုျပေနတာပဲ။ အဲ့ဒါေၾကာင့္ သူမင္းကိုၾကည့္တဲ့အၾကည့္နဲ႕ အရည္အခ်င္းကိုစစ္ေဆးၾကည့္တဲ့အခါမွာ ဘာလို႔ဂ႐ုမစိုက္ရတာလဲဆိုတာကေတာ့ လုံးဝမူမမွန္ဘူး။"

က်န္း႐ႊင္းယီသည္ စိတ္ဝင္စားဖို႔ေကာင္းေၾကာင္း ခံစားမိကာ ၿပဳံးလိုက္သည္။
"ဟုတ္တယ္။ သူက ေယာက်္ားေတြရဲ႕႐ုပ္ရည္ကို ဂ႐ုမစိုက္ဘူး။ မင္းမွာ အရမ္းကိုစူးရွတဲ့ေလ့လာေရးစြမ္းရည္ေတြရွိေနတာပဲ။"

တကယ္တမ္း၌မူ၊ သူလည္းပဲ သဲလြန္စေတြကိုရွာေတြ႕ၿပီးသားပင္။ ယြင္ရွဲ႕ကိုစေနာက္ၿပီးေနာက္ သူဟာ အသံကိုႏွိမ့္ခ်လိဳက္သည္။
"အခုေလးတင္၊ မင္းက သူ႕အေနာက္မွာရပ္ေနတာမို႔လို႔ မင္းမျမင္လိုက္တာ။ သူက ငါ့ကိုမတိုင္ခင္ကေတြ႕ဖူးသလိုခံစားမိၿပီး နည္းနည္းေတာ့အံ့ၾသသြားတယ္၊ ၿပီးေတာ့လဲ... အိုက္ယား၊ ငါဖိႏွိပ္မထားနိုင္ေတာ့ဘူး။ ဒါေပမယ့္ ငါ့မွာသူ႕ကိုေတြ႕ဖူးတဲ့မွတ္ဉာဏ္ရွိမေနဘူးေလ။"

မတိုင္ခင္တုန္းက တုဟိန္သည္ သူ႕ကိုေတြ႕ဖူးလား၊ မေတြ႕ဖူးလားဆိုတာကိုေတာ့ သူမသိေပ။ သို႔ေသာ္၊ တုဟိန္ကား က်ပ္မျပည့္စြာေမြးဖြားလာသည္ျဖစ္ရာ အိမ္အျပင္ကိုထြက္လိမ့္မည္မဟုတ္ေၾကာင္း ေသခ်ာလွသည္။ သူ႕တြင္ အျပင္လူေတြႏွင့္ေတြ႕ဆုံဖို႔ရာ အခြင့္အေရးမရွိေလာက္ေပ။ ထို႔ေၾကာင့္ က်န္း႐ႊင္းယီသည္ ဤစကားကို တိတ္တဆိတ္မ်ိဳခ်လိဳက္ရသည္။

ယြင္ရွဲ႕ကေျပာသည္။
"အတိုခ်ဳံးေျပာရရင္၊ မင္းဂ႐ုစိုက္ဖို႔လိုတယ္၊ ဘယ္ေတာ့မွမစြန့္စားနဲ႕။ သူငါတို႔ကိုဘယ္ေခၚသြားမလဲဆိုတာကို ငါမသိဘူး - ေဟး၊ ၾကည့္ၾကည့္လိုက္၊ အဲ့ဒါရိုရိုမဟုတ္လား။ ၾကည့္ရတာ သူမလည္းေ႐ြးခ်ယ္ခံလိုက္ရတဲ့ပုံပဲ။"

က်န္း႐ႊင္းယီဟာ ယြင္ရွဲ႕အၾကည့္လားရာအတိုင္း လိုက္ၾကည့္မိသည္။ ေသခ်ာသေလာက္ပင္၊ ရိုရိုတစ္ေယာက္ ထိုေနရာတြင္မတ္တပ္ရပ္ေနကာ တိုက္တိုက္ဆိုင္ဆိုင္ပင္ ခ်ီရွစ္က်ိဳ၏ညာဘက္တြင္ရွိေနေလသည္။ သူမကိုၾကည့္ရသည္မွာ က်န္း႐ႊင္းယီႏွင့္ယြင္ရွဲ႕ကို ျမင္ပုံရေပမယ့္ အေရွ႕ကိုတိုးၿပီးစကားေျပာဖို႔ရာ ေဒါသအိုးမီးေတာက္ဂိတ္ဝအဖြဲ႕သားေတြကို အင္မတန္ေၾကာက္႐ြံ႕ေနမိသည္။

ေတာက္ဓမၼပညာရွင္ကား လူအလုံအေလာက္ေ႐ြးခ်ယ္ၿပီးသြားခဲ့ၿပီ။ ကေလးေတြအား သူတို႔၏မိဘေတြကို ႏႈတ္ဆက္စကားေျပာဖို႔ရန္ မရပ္တန့္ေပးပါပဲ၊ သူသည္ မီးေတာက္ဂိတ္ဝကိုျပန္သည့္လမ္းကို လွည့္ထြက္သြားေတာ့သည္။ က်န္း႐ႊင္းယီႏွင့္ယြင္ရွဲ႕ဟာ ႏႈတ္ဆိတ္လ်က္လမ္းေလွ်ာက္ကာ လူအုပ္ႀကီးထဲကို ေရာဝင္သြားသည္။ ယြင္ရွဲ႕က လမ္းမေဘးရွိျမင္ကြင္းကိုၾကည့္ကာ ႐ုတ္တရက္ရယ္ေမာလိုက္သည္။
"ဒီလူစုေတြက အရမ္းနာခံၾကတာပဲ။ သူတို႔က ငါတို႔ကိုအခ်ိန္နဲ႕ခြန္အားသက္သာေအာင္ လုပ္ေပးေနၾကတာကိုး။"

က်န္း႐ႊင္းယီ: "?"

ယြင္ရွဲ႕ေျပာလိုက္သည္။
"ခပ္လွမ္းလွမ္းက ေတာင္ကိုၾကည့္လိုက္။ ၿပီးရင္ လမ္းမႀကီးေဘးကအပ်က္အစီးပုံကိုၾကည့္လိုက္။ သူတို႔က နစ္ျမဳပ္သြားၿပီးေနာက္က်န္ေနခဲ့တဲ့႐ြာဆီကို သြားေနတာလို႔ ငါခန့္မွန္းမိတယ္။"

သူမွန္ပါ၏၊ ေတာက္ဓမၼပညာရွင္ဟာ လူေတြကို ႐ြာဆီေခၚေဆာင္လာတာပင္။ သို႔ေပမယ့္ ယြင္ရွဲ႕ေမွ်ာ္လင့္ထားတာႏွင့္ယွဥ္လွ်င္၊ သူကား ႐ြာထဲတြင္ အခ်ိန္အေတာ္အတန္အၾကာ ႏွေးဖင့္မေနေပ။ သူသည္ အသစ္ခန့္ထားေသာလူေတြကို အတန္းလိုက္စီရပ္ခိုင္းကာ က်န္သည့္ဂိုဏ္သားေတြကို သူတို႔ေဘးတြင္ကာကြယ္ေစရန္ အမိန့္ေပးၫႊန္ၾကားခဲ့သည္။ သူ႕အေနာက္ကို လူသုံးေယာက္လိုက္ခဲ့ဖို႔ရန္ အမိန့္ေပးကာ အလ်င္စလိုထြက္ခြာသြားေလသည္။

က်န္း႐ႊင္းယီေျပာလိုက္သည္။
"သူဘာလုပ္မလဲၾကည့္လိုက္ေတာ့။"

ကနဦးအစ၌ ယြင္ရွဲ႕သည္ ေတာက္ဓမၼပညာရွင္၏ကိုယ္ေပၚ၌ ေစာင့္ၾကည့္ျခင္းအေဆာင္အား လ်ိဳ႕ဝွက္စြာကပ္ထားလိုက္ေပမယ့္ သူေျပာေတာင္မေျပာေသးခင္မွာပဲ က်န္း႐ႊင္းယီတစ္ေယာက္သိသြားလိမ့္မည္ဟု သူထင္မွတ္မထားခဲ့ေပ။ သူကူကယ္ရာမဲ့စြာရယ္ေမာလိုက္မိသည္။
"မင္းဆီကေန ဘာမွဖုံးကြယ္လို႔မရဘူးပဲ။"

သူ၏ဝတ္႐ုံလက္ထဲရွိ ညာဘက္လက္မွ လက္ႏွစ္ေခ်ာင္းကိုေထာင္ထားကာ အတူတကြတင္းၾကပ္စြာ ပူးကပ္ထားသည္။ သူသည္ မႏၱာန္အနည္းငယ္႐ြတ္ဆိုလိုက္ေလရာ သူ၏လက္ေခ်ာင္းထိပ္၌ အျပာေရာင္အလင္းေဖ်ာ့ေဖ်ာ့ထြန္းေတာက္လာခဲ့သည္။ သူ၏မ်က္စိေရွ႕၌ျမင္ကြင္းကား ေတာက္ဓမၼပညာရွင္၏တည္ေနရာကိုေျပာင္းလဲသြားကာ သူ၏ပတ္ဝန္းက်င္ျမင္ကြင္းအစစ္အမွန္မွာလည္း ေမွးမွိန္ေပ်ာက္ကြယ္သြားေတာ့သည္။ သူ၏နံေဘး၌က်န္း႐ႊင္းယီရွိေနသည္ျဖစ္၍ သူ႕အား တစ္ေယာက္ေယာက္က အကြက္ခ်စီစဥ္လာမည္ကို ယြင္ရွဲ႕စိုးရိမ္မေနမိေတာ့ပါေခ်။

က်န္း႐ႊင္းယီဟာ သူ႕ေဘးတြင္ ကာကြယ္ေနရင္း တစ္ေယာက္ေယာက္လာေနေၾကာင္း ႐ုတ္ျခည္းခံစားမိလိုက္သည္။ သူ ခ်က္ခ်င္းေခါင္းလွည့္ၾကည့္လိုက္ေပမယ့္ ထိုသူဟာ ရိုရိုျဖစ္ေနခဲ့သည္ပင္။

က်န္း႐ႊင္းယီသည္ ရိုရို႔ကိုေခါင္းၿငိမ့္ျပလိုက္ကာ စကားမေျပာေပ။ ရိုရိုဟာ သူ႕ေဘးတြင္ရပ္ေနသည့္ယြင္ရွဲ႕ကိုၾကည့္ၿပီးေနာက္ က်န္း႐ႊင္းယီ၏ဝတ္႐ုံကိုၾကည့္လာသည္။ ေနာက္ဆုံး၌မူ၊ သူမက သူ့က်ိုမှတ်မိသွားသည်။ ေရွာ့ခ္ရသြားကာ သူမအံ့ၾသတႀကီးေျပာလာခဲ့သည္။
"ရွင္က ကြၽန္မကိုအခုေလးတင္စကားေျပာသြားတဲ့လူမလား။ ရွင္က မ်က္ႏွာဖုံးခြၽတ္လိုက္ေတာ့ အရမ္းေခ်ာေနတာပဲ!"

က်န္း႐ႊင္းယီဟာ ေခါင္းလွည့္ကာ သူမအား ေပါ့ေပါ့ပါးပါးၿပဳံးျပလိုက္သည္။ သူသည္ သူတို႔ကို မည္သူတစ္ဦးတစ္ေယာက္မွ် အာ႐ုံစိုက္မေနေၾကာင္း စစ္ေဆးၾကည့္ၿပီး ႐ုတ္တရက္အေရွ႕တိုးကာ ခါးကိုင္းလိုက္ရင္းျဖင့္ သူတို႔ႏွစ္ဦးၾကားရွိအကြာအေဝးကို နီးကပ္လိုက္သည္။

ရိုရိုထိတ္လန့္သြားေပမယ့္ က်န္း႐ႊင္းယီ၏ႏႈတ္ခမ္းဟာ အနည္းက်ဥ္းမွ်လႈပ္ရွားသြားၿပီး ေပ်ာ့ေျပာင္းစြာေျပာလိုက္သည္။
"လုံေလာက္ၿပီလား။ မင္းဒီေလာက္အၾကာႀကီးသ႐ုပ္ေဆာင္ခဲ့တာဆိုေတာ့ ပင္ပန္းေနေလာက္မွာပဲ။ ရိုရိုမိန္းကေလး၊ မင္းနဲ႕မီးေတာက္ဂိတ္ဝၾကားက ဆက္ဆံေရးအေၾကာင္းကို ကြၽန္ေတာ္တို႔ဘာလို႔မေျပာၾကရမွာလဲ။ သာမန္မိန္းကေလးလို ဝတ္စားရတာ ေပ်ာ္စရာေကာင္းရဲ႕လား။"

သူ၏အသံဟာ ေပါ့ပါးေနေသာ္လည္း ၎တို႔ဟာ ရိုရို႔အတြက္ေတာ့ လွ်ပ္စီးမိုးႀကိဳးအလားပင္။ သူမသည္ ေခါင္းကိုျပင္းျပင္းထန္ထန္လွည့္ကာ သူ႕ကိုၾကည့္လိုက္သည္။ က်န္း႐ႊင္းယီႏွင့္ယြင္ရွဲ႕တို႔၏႐ုပ္ရည္ႏွင့္ပတ္သတ္၍ သူမစိတ္လႈပ္ရွားေနေယာင္ေဆာင္ေနေသာ္လည္း၊ က်န္း႐ႊင္းယီ၏မ်က္ႏွာလွလွေလးကို အနီးကပ္ၾကည့္မိလိုက္သည့္အခါ၌မူ၊ သူမကူကယ္ရာမဲ့စြာျဖင့္ မွင္သက္သြားရၿပီး ေခတၱမွ်ေအးခဲသြားသည္။

က်န္း႐ႊင္းယီ၏မ်က္ႏွာကား ေအးစက္ေနေပမယ့္ သူမ်က္လႊာခ်လိဳက္သည့္အခါ၊ သူ၏ငွက္ေမြးသဖြယ္ေကာ့ၫြတ္ေနသည့္ မ်က္ေတာင္ရွည္မ်ားကို ပို၍ပင္ရွင္းလင္းစြာျမင္သာလာၿပီး သူ၏ဝတ္႐ုံလက္ထဲမွ ေအးျမသည့္ကိုယ္သင္းရနံ႕မွာ ပို၍ပင္သတိျပဳမိဖြယ္ေကာင္းလွေပသည္။ သူ၏မ်က္ႏွာအမူအရာကား ေဖာ္ျပဖို႔ရန္ခဲယဥ္းလွ၏။

ရိုရိုတစ္ေယာက္ေတာင့္တင္းေနတာကို သူျမင္လိုက္ရကာ တစ္ဖက္လူ၏ႏွလုံးသားကို သူပို၍သံသယဝင္လာရသည္။ သူစကားေျပာလိုက္သည့္အခါ သူ၏အသံမွာ ေအးစက္ေနေခ်သည္။
"မင္းကို ကြၽန္ေတာ္ဘာလို႔တားလိုက္လဲသိလား။ ဘာေၾကာင့္လဲဆိုေတာ့ အစကတည္းက မင္းက ကြၽန္ေတာ္နဲ႕ယြင္ရွဲ႕အနားမွာ ၅ႀကိမ္ထက္မနည္း ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနတာေလ။ မင္းက ယြင္ရွဲ႕ရဲ႕႐ုပ္ရည္ေၾကာင့္ ဆြဲေဆာင္ခံလိုက္ရတာလို႔ ကြၽန္ေတာ္ထင္ေနခဲ့တာ။ ဒါေပမယ့္ မင္း ကြၽန္ေတာ့္ကိုျငင္းၿပီး ယြင္ရွဲ႕ကိုကတိေပးလိုက္တဲ့အခ်ိန္မွာ မင္းၾကည့္ေနသင့္တာက ယြင္ရွဲ႕ရဲ႕႐ုပ္ရည္ကိုေလ၊ သူ႕ရဲ႕ခါးကိုမဟုတ္ဘူး။"

က်န္း႐ႊင္းယီသည္ သူမ၏မ်က္ႏွာကို မ်က္ေတာင္မခတ္စိုက္ၾကည့္ေနသည္။ သူဟာ သူ၏ဝတ္႐ုံလက္ကို ေပါ့ေပါ့ပါးပါးျမႇောက္ျပကာ မဲ့ဟြားဓားရိုးကို လွစ္ဟျပလိုက္သည္။
"မင္း ဒီဓားကို ၾကည့္ေနတာမလား။ မင္းကိုေျပာျပရမယ္ဆိုရင္
ဒီဓားက ယြင္ရွဲ႕ခါးေပၚမွာရွိေနတယ္ဆိုေပမယ့္ ဒါက ကြၽန္ေတာ့္ဟာပါ။ ဒီေတာ့...မင္းရဲ႕ရည္႐ြယ္ခ်က္အေၾကာင္း ကြၽန္ေတာ္တို႔ဘာလို႔မေျပာၾကတာလဲ။"

ရိုရိုေျပာစရာစကားမဲ့သြားရသည္။ သူမေကာင္းမြန္စြာဖုံးကြယ္နိုင္ခဲ့သည္ဟု သူမထင္ေနခဲ့ေပမယ့္ သူသိသြားလိမ့္မည္ဟု မထင္ထားခဲ့ေပ။ သူ၏စကားေျပာဆိုပုံကိုနားေထာင္ေနရင္းျဖင့္ သူမ၏မ်က္လုံးမ်ားနီျမန္းလာကာ သူမ၏ခ်ိဳၿမိန္ေသာ႐ုပ္ရည္ႏွင့္ဆိုလွ်င္၊ ပို၍ပင္သနားစရာေကာင္းသည့္ပုံေပါက္ေနေတာ့သည္။
"ကြၽန္မေတာင္းပန္ပါတယ္။ ရွင္မွန္ပါတယ္။ တကယ္ေတာ့ ကြၽန္မက မီးေတာက္ဂိတ္ဝကို အတူသြားမယ့္ က်င့္ႀကံေရးဆရာသခင္ကိုရွာေနတာပါ။ ဓားက ရွားပါးတဲ့ထိပ္တန္းလက္နက္ဆိုတာကို ကြၽန္မသိတယ္၊ ဒါေၾကာင့္ ကြၽန္မအမ်ားႀကီးေျပာျပခဲ့တာ။ ဒါေပမယ့္ ရွင္တို႔ကြၽန္မကိုယုံမွရမယ္၊ ကြၽန္မမွာ ယုတ္မာတဲ့ရည္႐ြယ္ခ်က္မရွိပါဘူး! ကြၽန္မေျပာခဲ့သမွ်အားလုံးက အမွန္ေတြပါ၊ ဒါေတြက ကြၽန္မဟန္ေဆာင္ခဲ့တဲ့မိန္းကေလးရဲ႕မိသားစု ႀကဳံေတြ႕ခဲ့တဲ့အရာေတြပါပဲ။"

က်န္း႐ႊင္းယီဟာ သူမ၏႐ုပ္ရည္ကိုမျမင္ခ်င္ေယာင္ေဆာင္ကာ ခပ္ေပါ့ေပါ့ေျပာလိုက္သည္။
"မင္းမွာ ယုတ္မာတဲ့ရည္႐ြယ္ခ်က္ရွိရင္ မင္း တစ္ခါတည္းအသတ္ခံလိုက္ရၿပီးၿပီ။ ဒါေပမယ့္ တစ္ျခားသူေတြငါ့ကိုအသုံးခ်တာကို ငါမႀကိဳက္ဘူးဆိုေတာ့ ငါတည့္တိုးေျပာရလိမ့္မယ္။"

သူဟာ ထုံအၿပီး ရိုးသားသည့္လူတစ္ေယာက္ဟု အေစာပိုင္းတုန္းက ယုံၾကည္ခဲ့မိသည္။ သို႔ေပမယ့္ က်န္း႐ႊင္းယီတြင္ေက်ာက္တုံးႏွလုံးသားကို ျမင္လိုက္ရၿပီးေနာက္၌မူ၊ သူမမွားသြားမွန္း သေဘာေပါက္သြားရသည္။ သူမစကားေျပာဖို႔ရန္ ပါးစပ္ဟလိုက္သည္ႏွင့္ ယြင္ရွဲ႕တစ္ေယာက္႐ုတ္ျခည္မ်က္လုံးပြင့္လာခဲ့သည္။

က်န္း႐ႊင္းယီေနာက္လွည့္ၾကည့္လိုက္သည္။
"ဘယ္လိုလဲ။"

ယြင္ရွဲ႕သည္ စကားမေျပာပဲ ထိတ္လန့္ေနေသာအမူအရာျဖင့္ရိုရိုအား အၿပဳံးတစ္ပြင့္ျဖင့္ၾကည့္လိုက္သည္။
"သူမကို မင္းဝန္ခံလိုက္ၿပီလား။"

က်န္း႐ႊင္းယီေခါင္းၿငိမ့္ျပလိုက္သည္။
"သူမကိုယ္တိုင္ငါ့ဆီလာခဲ့တာ။"

ရိုရိုဟာ ေျခာက္ျခားစြာျဖင့္ ယြင္ရွဲ႕ကိုလက္ညွိုးထိုးလာသည္။
"ရွင္ ကြၽန္မကို သိၿပီးသား...."

ယြင္ရွဲ႕ျပက္ရယ္ျပဳလိုက္သည္။
"ငါတို႔မွာ ဒီစြမ္းရည္ေတာင္မရွိဘူးဆိုရင္ ဒီႏွစ္ေတြမွာ အေလအလြင့္ျဖစ္ေနေလာက္ၿပီ။ ဒါေပမယ့္ အခုကစကားေျပာရမယ့္အခ်ိန္မဟုတ္ဘူး။ ေတာက္ဓမၼပညာရွင္ျပန္လာေနၿပီ။ မင္းအရင္သြားႏွင့္လိုက္၊ ငါမင္းကိုလိုတဲ့အခါက်၊ ငါလာရွာလိုက္မယ္။"

သူ၏ေလသံဟာ သူမကိုစကားစေျပာတုန္းကႏွင့္ ကြာျခားလွသည္။ သူသည္ ေမးျမန္းသည့္အစား၊ ရိုရို႔ကို အမိန့္ေပးေနသည္မွာ သူမဟာ သူ၏အေစခံအတိုင္းပင္။ သူ၏အရင္က လူႀကီးလူေကာင္းပုံရိပ္မွာ လုံးဝဥသုံေပ်ာက္ကြယ္သြားခဲ့ေလၿပီ။ ကံေကာင္းစြာျဖင့္ ရိုရိုသည္ လုံေလာက္စြာသိျမင္လိုက္ၿပီး ေရွာခ့္ရမႈေၾကာင့္ ေအးခဲသြားၿပီးေနာက္ ႏႈတ္ဆက္လ်က္ပင္ တကယ့္ကိုလွည့္ထြက္သြားေတာ့သည္။

က်န္း႐ႊင္းယီခ်က္ခ်င္းေမးလိုက္သည္။
"မင္းဘာျမင္ခဲ့လဲ။"

ယြင္ရွဲ႕သည္ ေတာက္ဓမၼပညာရွင္မၾကာမီျပန္လာေတာ့မည္ကို စိုး႐ြံ႕၍ အလ်င္စလိုေျပာမိသည္။
"မင္းၾကားလိုက္တာနဲ႕ က်ိန္းေသေပါက္အံ့ၾသသြားလိမ့္မယ္။ အား႐ႊင္း၊ အေလာင္းေတြရွိေနတဲ့ေသတၱာႀကီးသုံးလုံးကို လူေတြတူးထုတ္မိတဲ့အေၾကာင္း ရိုရိုေျပာခဲ့တာကို မင္းမွတ္မိေသးလား။"

က်န္း႐ႊင္းယီေခါင္းၿငိမ့္ျပလိုက္သည္။
"သူအဲ့ဒါကိုသြားရွာတာလား။"

ယြင္ရွဲ႕ကဆက္ေျပာသည္။
"သူအဲ့ဒါကိုသြားမရွာခဲ့ဘူး။ အဲ့ဒါေတြကို ျမႇုပ္ထားခဲ့တာက ေတာက္ဓမၼပညာရွင္လို႔ ငါသံသယရွိတယ္။ သူက ေတာင္အေနာက္ဖက္ကိုေရာက္ၿပီးေနာက္မွာ ဘာကိုမွမရွာပဲနဲ႕ ဟာလာဟင္းလင္းေနရာကိုပဲ ဦးတည္ေလွ်ာက္သြားခဲ့တာ။ ငါၾကည့္လိုက္ေတာ့ ေျမႀကီးက သိသိသာသာကို မတိုင္ခင္က ျပန္ဖို႔ထားပုံရၿပီးေတာ့ ေျမဆီလႊာကလည္း ညီညာမေနဘူး။ ျပန္တူးေဖာ္ၿပီးတဲ့ေနာက္မွာ ရိုရိုေျပာတဲ့ေသတၱာက အဲ့မွာရွိေနေသးေပမယ့္ အေလာင္းကိုယ္ထည္ေတြကေတာ့ ရွိမေနေတာ့ဘူး။"

က်န္း႐ႊင္းယီအံ့ၾသတႀကီးျဖင့္ ေျပာမိရသည္။
"လူသုံးေယာက္ကို သူယူသြားရတဲ့အေၾကာင္းျပခ်က္က အဲ့ဒီ့မွာ..."

ယြင္ရွဲ႕၏မ်က္ႏွာကား အေလးအနက္ျဖစ္ေနကာ ျဖည္းညွင္းစြာေခါင္းၿငိမ့္ျပသည္။
"သူက ေသတၱာသုံးလုံးကို ရွာၿပီးေတာ့ သူတို႔ကိုမသတ္ပဲနဲ႕ေခၚလာၿပီး ေသတၱာရဲ႕ထိပ္ပိုင္းမွာ ခ်ိပ္စည္းတစ္ခုမေရးဆြဲခင္မွာ သူတို႔ကိုေသတၱာထဲမွာ အရွင္လတ္လတ္ခ်ိတ္ပိတ္ထားခဲ့တာ။ ခ်ိပ္စည္းအသက္ဝင္သြားၿပီးေနာက္မွာ ေသတၱာေတြကို ထပ္ၿပီးျမႇုပ္ပစ္လိုက္တယ္။ ဒါက အသြင္တည္ေဆာက္ျခင္းလို႔ ငါသံသယရွိတယ္၊ ေသြးစြန္းမိစ္ဆာအသြင္တည္ေဆာက္ျခင္းေပါ့။"

က်န္း႐ႊင္းယီဟာ အေတြးအျပည့္ျဖင့္ ေျပာလိုက္သည္။
"ၾကည့္ရတာ ဒီကိစၥက မရိုးရွင္းပုံေပၚတယ္။ မီးေတာက္ဂိတ္ဝနဲ႕ပတ္သတ္ၿပီး တကယ္ပဲ ျပႆနာတစ္ခုခုရွိေနတယ္။ ေဟး၊ ယြင္ရွဲ႕၊ မင္းေျပာသလိုမ်ိဳး တကယ္သာဆိုရင္ ေသတၱာသုံးလုံးထက္ပိုၿပီးရွိလိမ့္မယ္လို႔ ငါထင္တယ္။ ဒီမိစ္ဆာခ်ီပမာဏက အသြင္တည္ေဆာက္ျခင္းတစ္ခုလုံးကို ေထာက္ပံ့ဖို႔မလုံေလာက္ဘူး။ တစ္ျခားေနရာေတြမွာ ပိုၿပီးရွိေနသင့္တယ္။"

ယြင္ရွဲ႕သည္ ျပန္ေျဖမလို႔လုပ္ေနစဥ္မွာတင္၊ ေတာက္ဓမၼပညာရွင္ျပန္လာတာကို သူျမင္လိုက္ရ၍ သူ၏စကားလုံးေတြကို ခ်က္ခ်င္းျပန္လည္မ်ိဳခ်လိဳက္ရသည္။ က်န္း႐ႊင္းယီနားလည္သြားကာ ခ်က္ခ်င္းပင္ နာနာခံခံျဖင့္ မတ္တပ္ရပ္ေနလိုက္သည္။

သက္လတ္ပိုင္းအ႐ြယ္ေတာက္ဓမၼပညာရွင္သည္ ျပန္ေရာက္လာခဲ့ၿပီး သူ၏အၾကည့္ဟာ က်န္း႐ႊင္းယီ၏မ်က္ႏွာေပၚတြင္ ေဝ့ဝဲသြားသည္။ သူ၏ေခါင္းကို ငုံ႕ထားကာ သူ၏႐ုပ္ရည္မွာလည္း အားနည္းၿပီး ပိန္ပါးေၾကာင္း သူျမင္လိုက္ရကာ မည္သည့္မွတ္ခ်က္မွ်မေပးေတာ့ပါပဲ ထိုအစား ေအာ္လိုက္ေတာ့သည္။
"သြားၾကမယ္! ျမန္ျမန္လုပ္ၾက!"

သူထြက္သြားတုန္းက ေလးေယာက္တစ္ဖြဲ႕ထဲတြင္ ျဖစ္သည္။ ယခုမူ သူတစ္ေယာက္တည္းပင္။ ဤအျခင္းအရာကား တကယ့္ကိုထူးဆန္းေသာ္ျငား၊ မည္သူကမွ်မေမးရဲေပ။ သူ၏စကားလုံးမ်ားကိုၾကားလိုက္ရၿပီးေနာက္ လူတိုင္းသည္ ေနာက္မွ ခဲရာခဲဆစ္လိုက္ေနရကာ သူတို႔သာ အေနာက္မွာက်န္ခဲ့လွ်င္ ေခါင္းျဖတ္ခံလိုက္ရမွာကို ေၾကာက္႐ြံ႕ေနၾကရသည္။

မီးေတာက္ဂိတ္ဝ၏အရိပ္ေအာက္မွာသာမက၊ သူတို႔သည္ သတၱိလဲကင္းမဲ့ၾကေသးသည္။ ေတာက္ဓမၼပညာရွင္ေတြအားလုံးကား ကနဦးအစ၌ ဓားပ်ံစီး၍လာခဲ့ၾကေပမယ့္ သူတို႔အသစ္ခန့္လိုက္သည့္လူအုပ္ႀကီးဟာ ဘာဆိုဘာမွ်မသိသည့္က်ီးအတစ္သိုက္ျဖစ္ေလရာ သူတို႔၏ပ်ံသန္းျခင္းကို အႏွောင့္အယွက္ျဖစ္ေစသည္။ ေတာက္ဓမၼပညာရွင္ဘုန္းႀကီးသည္ သူ၏ဂိုဏ္းသားမ်ားအတြက္မူ ေစ်းမွ ျမင္းမ်ားဝယ္လာခဲ့ေပမယ့္ အသစ္ခန့္ထားသည့္ေသမ်ိဳးမ်ားအတြက္ ဘာမွမရွိေပ။ သူတို႔သည္ ျမင္းအျမင့္ႀကီးေတြကို အေရွ႕ကေနစီးသြားစဥ္၌ က်န္း႐ႊင္းယီႏွင့္ယြင္ရွဲ႕မွာေတာ့ သူတို႔၏ကိုယ္ပိုင္ေျခေထာက္မ်ားျဖင့္ လိုက္ေနရေလသည္။

တုဟိန္၏ကိုယ္ကာယဟာ သိပ္မေကာင္းေပ။ ႐ုပ္ပိုင္းဆိုင္ရာခြန္အားဆို ပို၍ေတာင္ဆိုးဝါးေသး၏။ ယြင္ရွဲ႕သည္ က်န္း႐ႊင္းယီတစ္ေယာက္ခက္ခဲေနသည္ကို ျမင္လိုက္ရကာ စိတ္မေကာင္းျဖစ္သြားရသည္။
"အား႐ႊင္း၊ မင္း ဘာလို႔ ေခါင္းမူးေနသလို ဟန္မေဆာင္လိုက္တာလဲ။ ဒါဆို ကိုယ္မင္းကိုေက်ာပိုးသြားလို႔ရနိုင္တယ္ေလ။"

က်န္း႐ႊင္းယီသေရာ္လိုက္သည္။
"ေတာက္ဓမၼပညာရွင္ႀကီးက ငါ့ကို ဝန္ထုပ္ဝန္ပိုးလို႔ ေတြးမိၿပီးေတာ့ သူ႕ဓားနဲ႕ လုပ္ပစ္လိုက္လိမ့္မယ္။ လာစမ္းပါ၊ ငါက ေယာက်္ားရင့္မာႀကီးပါ၊ ဒါက ငါ့အတြက္ ဘာမွမဟုတ္ဘူး။ မင္းလမ္းကိုသာ မင္း တိတ္တိတ္ေလးေလွ်ာက္ေနစမ္းပါ!"

ယြင္ရွဲ႕က သက္ျပင္းခ်ကာ တီးတိုးေျပာလိုက္သည္။
"မင္းကိုယ့္ကိုစိုးရိမ္ၿပီး ကိုယ္ပင္ပန္းမွာကို ေၾကာက္ေနတာပဲ။ ကိုယ္နားလည္ပါတယ္ကြာ။"

က်န္း႐ႊင္းယီ: "..."

သူသည္ အေရွ႕ရွိအျမႇီးတယမ္းယမ္းႏွင့္ျမင္းေတြကို အမွီလိုက္နိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားေနရင္းျဖင့္ ယြင္ရွဲ႕ကို ရင္ဆိုင္ဖို႔ရန္ မည္သည့္စကားလုံးၾကမ္းၾကမ္းသုံးရင္ ေကာင္းမလဲဆိုသည့္အေၾကာင္း ေတြးေနမိသည္။ ႐ုတ္တရက္ပင္၊ သူ၏ဝတ္႐ုံကိုၾကည့္ရတာ တစ္ေယာက္ေယာက္ဆြဲသည္ကိုခံလိုက္ရသည္ဟု သူခံစားလိုက္ရသည္။

က်န္း႐ႊင္းယီလွည့္ၾကည့္မိေတာ့ ခ်ီရွစ္က်ိဳျဖစ္ေနတာေၾကာင့္ အံ့အားသင့္သြားရသည္။

"ဘာကိစၥလဲ။"

ခ်ီရွစ္က်ိဳဟာ သူမ်က္ႏွာဖုံးခြၽတ္ထားတာကို ျမင္ၿပီးတာၾကာၿပီျဖစ္ေပမယ့္ သူ၏မ်က္ႏွာကို ရွင္းရွင္းလင္းလင္းျမင္ဖူးတာ ပထမဆုံးအႀကိမ္ပင္ျဖစ္ေနေသးသည္။ သူ၏မ်က္ႏွာဟာ နီျမန္းလာၿပီး ထစ္ထစ္အအေျပာလာသည္။
"ကြၽန္ေတာ္၊ ခင္ဗ်ားလမ္းေလွ်ာက္ရတာအခက္အခဲျဖစ္ေနတာကို ကြၽန္ေတာ္ျမင္တယ္။ ခင္ဗ်ားဗိုက္ဆာေနလား။ ဒါ..ဒါက ခင္ဗ်ားအတြက္ပါ။"

ထိုသို႔ေျပာရင္းျဖင့္ သူ၏လက္ေမာင္းၾကားထဲရွိ စကၠဴအိတ္ကို ထုတ္ကာ က်န္း႐ႊင္းယီလက္ထဲ ထည့္ေပးလိုက္ၿပီးေနာက္ တစ္ခ်ိဳးတည္းေျပးသြားေတာ့သည္။

က်န္း႐ႊင္းယီ: "??"

ယြင္ရွဲ႕က ေခါင္းတိုးဝင္လာသည္။
"ယို႔၊ ဘာပစၥည္းေကာင္းေလးမ်ား မင္းရလိုက္တာတုန္း။ ဖြင့္ၾကည့္ေလ။ ငါၾကည့္ၾကည့္ရေအာင္။"

က်န္း႐ႊင္းယီသည္ သူ႕လက္ထဲတြင္ စကၠဴအိတ္ကို ဂ႐ုတစ္စိုက္ကိုင္ထားၿပီးေနာက္ ၎ကိုထုပ္ပိုးထားသည့္ စကၠဴအလႊာေတြကို ဂ႐ုစိုက္ကာဖယ္ထုတ္လိုက္သည္။ ထိုအရာကား ႏွင္းဆီကိတ္မုန့္ႏွစ္တုံးျဖစ္ေနသည္ပင္။

ခ်ီရွစ္က်ိဳ၏ယခုေလးတင္စကားမ်ားဟာ အဆက္အစပ္မရွိေလရာ က်န္း႐ႊင္းယီတစ္ေယာက္အလုံးစုံနားမလည္လိုက္ေပ။ သူသည္ စကၠဴေတြကိုဖယ္ေနပုံမွာ ေပါက္ကြဲေစနိုင္သည့္ဗုံးကို ျဖည္ေနသည့္အတိုင္းပင္။ သူဟာ ဤကဲ့သို႔အရာျဖစ္ေနလိမ့္မည္ဟု ထင္မွတ္မထားမိေပ။
"သူဘာလို႔ငါ့ကို ဒါေပးသြားတာလဲ။"

ယြင္ရွဲ႕သည္ သူနားလည္မည္မဟုတ္မွန္း သိၿပီးသားပင္။ သူသည္ အခြင့္ေကာင္းယူကာ လက္ဆန့္ထုတ္လိုက္ၿပီး က်န္း႐ႊင္းယီလက္ထဲမွ စကၠဴအိတ္ကို အလြယ္အကူဆြဲယူသြားေတာ့သည္။ သူ႕ေခါင္းကိုေမာ့ထားရင္းျဖင့္ ႏွင္းဆီကိတ္ႏွစ္တုံးလုံးကို သူ႕ပါးစပ္ထဲေလာင္းထည့္ပစ္လိုက္သည္။
"ဒါက မင္းစားဖို႔အတြက္ဆိုရင္ ျဖဳန္းတီးရာက်တာပဲ။ ငါ့ကိုေပးလိုက္တာပိုေကာင္းတယ္။"

က်န္း႐ႊင္းယီဟာ ျပန္ယူလိုက္ေပမယ့္ ႀကိဳးစားရပ္တန့္ဖို႔ရာ အလြန္ေနာက္က်သြားရသည္။ သူသည္ အလ်င္အျမန္ပင္ ယြင္ရွဲ႕၏လည္ပင္းကို ဆြဲကာ ေဒါသတႀကီးေျပာလိုက္သည္။
"မင္းေတာ့ အစားၾကဴးၿပီးေသေတာ့မွာပဲ! အဆိပ္ပါရင္ဘယ္လိုလုပ္မလဲ၊ ေထြးထုတ္လိုက္စမ္း!"

ယြင္ရွဲ႕ကၿပဳံးသည္။
"က်စ္၊ သစ္သား႐ုပ္ေလးရဲ႕။ မင္းစိတ္ခ်ေနလို႔ရပါတယ္၊ အဆိပ္က ကိုယ့္ကိုမသတ္နိုင္ပါဘူး။"

သူတို႔သည္ ခရီးတစ္ေလွ်ာက္လုံး ျပႆနာျဖစ္ေနၾကသည္ႏွင့္ အခ်ိန္ဟာျမန္ဆန္ေနသလို ခံစားလိုက္ၾကရသည္။ လူအုပ္ႀကီးကိုၾကည့္ရသည္ႏွင့္ မီးေတာက္ဂိတ္ဝဂိုဏ္းကို ေရာက္ရွိေတာ့မည့္ပုံပင္။

မီးေတာက္ဂိတ္ဝဂိုဏ္းသည္ကား လူသိမမ်ားေပ။ သို႔ေပမယ့္ ၎သည္ စြမ္းအားျမင့္ေသာဖုန္းေ႐ႊႏွင့္ အလြန္တရာသန္မာလွေသာဝိညာဥ္စြမ္းအင္နယ္ေျမေပၚတြင္ တည္ရွိသည္။ ေတာင္ထြတ္အေရွ႕ကို သူတို႔ေရာက္ရွိေတာ့မည္ႏွင့္ သူတို႔၏ပတ္ဝန္းက်င္မွာ စိမ္းလန္းစိုေျပေနသည္ကို က်န္း႐ႊင္းယီေတြ႕လိုက္ကာ သူ၏ႏွာေခါင္းထဲ၌ သစ္ပင္ပန္းမန္ရနံ႕မ်ားျဖင့္ျပည့္ႏွက္ေနသည္ပင္။ မိုးျမင့္အေဆာက္အအုံထိပ္ဆုံးကိုၾကည့္ရသည္ကား ေကာင္းကင္ယံကိုထိုးေဖာက္ေတာ့မည္ပုံရကာ ေတာင္ထြတ္သည္လည္း အေရာင္စုံလင္လွေသာတိမ္တိုက္မ်ားျဖင့္ ဝန္းရံျခင္းခံေနရကာ ႀကီးျမတ္၍ လွပေပသည္။

ယြင္ရွဲ႕သည္ သူ၏ၿပီတီတီအၿပဳံးကို ျပန္႐ုပ္သိမ္းကာ တီးတိုးေျပာလိုက္သည္။
"ဒီေျမပိုင္ရွင္က မရိုးရွင္းဘူးပဲ။ ငါနည္းနည္းေတာ့သိခ်င္လာၿပီ။"

က်န္း႐ႊင္းယီေျပာလိုက္သည္။
"ဘာေတြအလ်င္လိုေနတာတုန္း။ ငါတို႔သူတို႔ကိုမၾကာခင္ေတြ႕ရလိမ့္မယ္။"

မည္သို႔ပင္ျဖစ္ေစကာမူ ၊ သူ၏အဖိုးတန္မႈကို ခန့္မွန္းလြန္သြားလိမ့္မည္ဟု မထင္မွတ္ထားမိေပ။ အကယ္၍ သူတို႔သာ အျမစ္ေကာင္းသည့္ကေလးငယ္မ်ားျဖစ္လွ်င္ေတာ့ ကိစၥမရွိ။ သူတို႔သည္ အုတ္ျမစ္ခ်ျခင္းကိုတည္ေဆာက္ၿပီးသြားေသာ္လည္း သူႏွင့္ယြင္ရွဲ႕၏အသံဟာ ႏွစ္ဆယ္၌ရပ္တန့္သြားခဲ့သည္။ ေလ့လာသင္ယူရမည္ဆိုလွ်င္၊ သူတို႔အသက္အ႐ြယ္အရ၊ သူတို႔သည္ အေကာင္းဆုံးအခ်ိန္ကာလကို ေက်ာ္လြန္ခဲ့ၿပီးျဖစ္၍ ေတာင္ေျခအျပင္၌သာ ေနနိုင္ေလသည္။ အဓိကေျပာရရင္ သူတို႔ဟာ ပိုင္ရွင္ကိုမေတြ႕ဆုံနိုင္႐ုံသာမက၊ လိေမၼာ္ခြံကိုေတာင္ ေတြ႕ဖို႔ရာခဲယဥ္းလွေပသည္။

ဒါ့အျပင္၊ ဤသို႔ေခၚသည့္အစီအစဥ္ဟာ အလြန္လက္မခံနိုင္စရာပင္။

က်န္း႐ႊင္းယီသည္ သူတို႔ကိုေနထိုင္ရန္ခ်မွတ္ေပးထားသည့္ေနရာဆီကို ဝင္သြားကာ ေခါင္းေမာ့ကာ ပတ္ပတ္လည္ကိုၾကည့္မိရင္းျဖင့္ ခ်က္ခ်င္းေျခတစ္လွမ္းဆုတ္မိလိုက္သည္။ သူဟာ သူ႕ေနာက္ရွိ ယြင္ရွဲ႕ကို ႏႈတ္ဆိတ္လ်က္ၾကည့္လိုက္မိသည္။

ယြင္ရွဲ႕ဟာ မေရမရာျဖစ္မိကာ က်န္း႐ႊင္းယီ၏အေနာက္မွေန၍ ေခါင္းျပဴၾကည့္လိုက္သည္။ သူကူကယ္ရာမဲ့စြာျဖင့္ရယ္သြမ္းလိုက္မိသည္။ - အခန္းငယ္ေလးထဲတြင္ ေထာင့္စြန္းတစ္ခုဆီ၌ ရွည္လ်ားသည့္ခုတင္ငယ္ေလးမ်ားရွိေနကာ ပိန္ပါးပါးလူတစ္ေယာက္ ေဘးမွျဖတ္သန္းသြားနိုင္သည့္ စၾက္လမ္းပုစိေလးသာလွ်င္ခ်န္ရစ္ထားေလသည္။ အိပ္ရာကား အလြန္အိုေဟာင္းေနသည္။ ၎၏အေရာင္မွာ ျမင္နိုင္ဖို႔ရာ ခဲယဥ္းလွၿပီး လုံးဝကိုရႈပ္ပြေနသည္။ ျပတင္းေပါက္ေပၚ၌မူ ေပါက္စီတစ္ျခင္းႏွင့္ ခ်ဥ္ဖတ္တစ္ခ်ိဳ႕တင္ထားကာ အစားအေသာက္အျဖစ္သုံးေဆာင္ေစသည္။ ေျခဖဝါးနံ႕ဟာလည္း အခန္းကိုျဖတ္ကာ ျဖည္းျဖည္းခ်င္းပ်ံ့လြင့္လာေလသည္။

တံခါးနား၌ ယြင္ရွဲ႕၏တားဆီးျခင္းခံထားရသည့္က်န္း႐ႊင္းယီကား သည္းမခံနိုင္ေတာ့ပါေခ်။
"ငါ့ကိုမတားနဲ႕၊ ငါသြားမယ္!"

ယြင္ရွဲ႕သည္ က်န္း႐ႊင္းယီ၏ပုခုံးေပၚလက္တင္ကာ အေနာက္လွည့္လိုက္ၿပီး သူ၏ေနာက္ေက်ာကိုတြန္းရင္းျဖင့္ ရယ္ေမာလ်က္ပင္ အျပင္ကိုလမ္းေလွ်ာက္ထြက္လာၾကသည္။ ဒါဟာ ဤေနရာသည္ စိတ္ဝင္စားဖြယ္ေကာင္းတာေၾကာင့္မဟုတ္။ သို႔ေပမယ့္ က်န္း႐ႊင္းယီ၏ခက္ခဲေနသည့္မ်က္ႏွာမွာ သူ႕အား တကယ့္ကိုေဖ်ာ္ေျဖေပးေနတာေၾကာင့္ပင္။

ယြင္ရွဲ႕၏ရယ္ေမာျခင္းကို က်န္း႐ႊင္းယီ သိသိသာသာကိုပင္ နားလည္ကာ အံႀကိတ္လိုက္မိသည္။
"မင္းထပ္ရယ္ေနမယ္ဆိုရင္ ငါမင္းကို သတ္စားပစ္မယ္!"

ယြင္ရွဲ႕ဟာ အဓိပ္ပါယ်အပြည့်ရှိသည့်အပြုံးဖြင့် အေရွ႕ကိုေရာက္လာသည္။
"မင္းကိုယ့္ကို 'စား'ခ်င္တာလား။ အား႐ႊင္း၊ မင္းကိုယ့္ကို ဘယ္လိုစားခ်င္တာလဲ။ မင္းကိုယ့္ကို ေရအရင္သြားခ်ိဳးေစခ်င္လား။"

က်န္း႐ႊင္းယီသည္ သူ၏လက္ေတြကို ျဖန္းခနဲရိုက္ခ်ကာ ေအးစက္စက္ေျပာလိုက္သည္။
"ဘယ္ဘက္တစ္ဝက္ကို ကင္ၿပီးေတာ့ ညာဘက္တစ္ဝက္ကို ခ်က္စားပစ္မယ္။ စားၿပီးရင္ အရိုးေတြကို အျပင္ကိုလႊင့္ပစ္ၿပီး ေခြးေကြၽးလိုက္မယ္!"

ဒီတစ္ႀကိမ္၌မူ၊ သူတို႔ႏွင့္အတူလာခဲ့သည့္လူငယ္တစ္ေယာက္ဟာ သူတို႔ေဘးကိုအလ်င္စလိုေရာက္လာကာ ေအာ္ေျပာေလသည္။
"ေဟး၊ မင္းတို႔ႏွစ္ေယာက္ဘယ္သြားမလို႔လဲ။ အခုေလးတင္ အမတေခါင္းေဆာင္က ငါတို႔ကိုအခန္းထဲမွာပဲေနရမယ္လို႔ ေျပာလိုက္တယ္၊ ငါတို႔ေလွ်ာက္သြားလို႔မရဘူး။ ၿပီးေတာ့ ဒီအခ်ိန္က အနားယူခ်ိန္ပဲ။"

က်န္း႐ႊင္းယီသည္ 'အနားယူခ်ိန္'ဟူသည့္ စကားလုံးကို ၾကားလိုက္သည့္အခါ ေဗြမယူပဲႏွင့္ လက္ကာျပလိုက္သည္။
"ငါတို႔အျပင္ထြက္ၿပီး ေလေကာင္းေလသန့္ရႈမလို႔ပါ။"

လူငယ္ေလးဟာ လက္ဆန့္ၿပီး သူ႕ကိုတားခ်င္ပုံရကာ စိတ္ရႈပ္ေထြးစြာေျပာလာသည္။
"အမတေခါင္းေဆာင္က အတြင္းစည္းတပည့္ေတြဒီကိုလာလိမ့္မယ္လို႔ ေျပာေသးတယ္။ ငါတို႔သူတို႔နဲ႕ဝင္တိုးမိမယ္၊ မင္းတို႔က ငါတို႔ကိုပါဝင္ပတ္သတ္ေစလိမ့္မယ္။"

ယြင္ရွဲ႕၏လက္ေမာင္းထဲမွ တစ္ဖက္ကား အရိုးမရွိသလိုပင္ က်န္း႐ႊင္းယီ၏ကိုယ္ေပၚ၌ ရွိေနကာ ေနာက္တစ္ဖက္ကေတာ့ လူငယ္ေလး၏လက္ကို မရည္႐ြယ္ပဲႏွင့္ တားျမစ္လိုက္မိသည္။
"မင္းရဲ႕အခန္းကိုျပန္ၿပီး လွဲခ်လိဳက္သေ႐ြ႕ မင္းစိတ္ခ်ေနလို႔ရပါတယ္၊ ငါတို႔မင္းကို မပါဝင္ေစရပါဘူး။ အား႐ႊင္း၊ သြားၾကမယ္ေလ။"

သူေခါင္းလွည့္လိုက္သည္ႏွင့္ တစ္ေယာက္ေယာက္ကိုဝင္တိုက္မိေတာ့၏။

က်န္း႐ႊင္းယီ: "...."

ယြင္ရွဲ႕ေခါင္းေမာ့လိုက္သည္။ က်န္း႐ႊင္းယီသည္ သူ႕ကိုဆြဲေခၚကာ ယြင္ရွဲ႕ခါးကို ဆြဲဆိတ္လိုက္ရသည္။ ဂိုဏ္းသားေတြဟာ ေဒါသတႀကီးေအာ္ဟစ္ဆဲဆိုၿပီးေနေလၿပီ။
"မင္းတို႔မွာမ်က္လုံးမပါဘူးလား။ မင္းက ငါတို႔ရဲ႕က်ိဳးရွစ္ရႈန္းကိုေတာင္ ဝင္တိုက္ရဲတယ္ေပါ့ေလ။"

သူတို႔ႏွင့္ဆန့္က်င္ဖက္၌၊ မီးေတာက္ပုံေဖာ္ထားသည့္ ဝတ္႐ုံနက္ကိုဝတ္ဆင္ထားသည့္လူငယ္တစ္ခ်ိဳ႕ျဖစ္သည္။ သူတို႔သည္ အလယ္တြင္ လူတစ္ေယာက္ေယာက္ကို ဝန္းရံထားၾကသည္။ ယြင္ရွဲ႕ကို သူတို႔ဆူပူလိုက္သည့္အခါ၊ သူသည္ ပုံမွန္လို ခြန္းတုံ႕ျပန္မျပန္ပါပဲ ၿပဳံးသာၿပဳံးေနေလသည္။

က်န္း႐ႊင္းယီဟာ ရိုေသေလးစားမႈအတုအေယာင္ျဖင့္ ေျပာလိုက္သည္။
"ဒီရွစ္ရႈန္းခင္ဗ်၊ ကြၽန္ေတာ္တို႔ေတာင္းပန္ပါတယ္ဗ်ာ။ ကြၽန္ေတာ္တို႔ အစ္ကို႔ကို တကယ္မျမင္လိုက္လို႔ပါ။"

ထိုေယာက္်ားသည္ သူ႕ကို ၿမဲၿမံစြာစိုက္ၾကည့္ၿပီးေနာက္ ယြင္ရွဲ႕ကို ထပ္ၾကည့္ျပန္သည္။ သူ၏လက္ကိုျမႇောက္ကာ သူ႕အေနာက္မွ သူတို႔ကိုဆူပူခ်င္ေနဆဲျဖစ္သည့္ေခြးလိုလူေတြကို ရပ္ခိုင္းလိုက္သည္။
"မင္းတို႔ႏွစ္ေယာက္ငါနဲ႕လိုက္ခဲ့။"

သူတို႔၏"မင္းတို႔ေတာ့ေသၿပီ"ဆိုသည့္ ေအာ္ဟစ္သံေတြၾကား၌၊ က်န္း႐ႊင္းယီႏွင့္ယြင္ရွဲ႕သည္ ခပ္ေခ်ာေခ်ာလူငယ္၏အေနာက္ကိုလိုက္လာၾကကာ ခပ္လွမ္းလွမ္းရွိေတာင္တန္းတစ္ခုထံေရာက္လာခဲ့ၾကသည္။

လူတိုင္း၏ျမင္ကြင္းမွ လြတ္ေျမာက္လာၿပီးေနာက္ လူငယ္၏မ်က္ႏွာကား ႐ုတ္ျခည္းေျပာင္းလဲသြားကာ ရယ္ေမာရင္းျဖင့္ အေရွ႕ကိုတိုးၿပီး ယြင္ရွဲ႕ႏွင့္က်န္း႐ႊင္းယီကို တစ္လွည့္စီ တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လိုက္သည္။
"ငါတို႔တစ္ေယာက္နဲ႕တစ္ေယာက္မေတြ႕ရတာ ႏွစ္၂၀ေတာင္ၾကာခဲ့ၿပီပဲ။ ငါတို႔ဒီမွာေတြ႕ၾကလိမ့္မယ္လို႔ ဘယ္သူကထင္မိမွာတုန္း။"

က်န္း႐ႊင္းယီၿပဳံးကာ ေျပာလိုက္သည္။
"က်ိဳးက်န့္ဖန္၊ ေဟး။ မင္းကမၻာေပၚမွာရွိေနေသးတာကို ငါေတြ႕လိုက္ရေတာ့ ငါလဲ အံ့ၾသမိတယ္ကြာ။"

ထိုေယာက္်ားကိုၾကည့္ရသည္မွာ ယြင္ရွဲ႕ႏွင့္က်န္း႐ႊင္းယီတို႔ႏွင့္ သိကြၽမ္းပုံရကာ က်ိဳးမ်ိဳးရိုးျဖစ္ပုံရသည္။ သူကား 'ဓားနတ္ဘုရား'က်ိဳးေဖးဟုံ၏ ခ်စ္လွစြာေသာသားတစ္ေယာက္ျဖစ္ကာ လူငယ္မ်ိဳးဆက္ထဲတြင္ ထူးခြၽန္သည့္ပုံရိပ္တစ္ခုျဖစ္ေလသည္။ ယြင္ရွဲ႕ႏွင့္က်န္း႐ႊင္းယီတို႔ႏွစ္ေယာက္လုံးဟာ သူႏွင့္အလြန္နီးကပ္သည့္သူငယ္ခ်င္းမ်ားျဖစ္ခဲ့ၾကသည္။ သို႔ေသာ္၊ က်ိဳးက်န့္ဖန္သည္ လြန္ခဲ့သည့္ႏွစ္၂၀တုန္းက ႐ုတ္တရက္ေပ်ာက္သြားခဲ့ၿပီး သူဘယ္ကိုသြားမွန္း မည္သူမွ်မသိၾကေပ။ က်န္း႐ႊင္းယီသည္လည္း သူ႕ကို အခ်ိန္ခဏေလာက္ရွာၾကည့္ခဲ့ေပမယ့္ အသီးအပြင့္မရွိသည့္ရွာေဖြမႈျဖစ္ခဲ့ရသည္။ ဒီမွာလာေတြ႕လိမ့္မည္ဟု သူမေမွ်ာ္လင့္ထားမိေပ။

က်ိဳးက်န့္ဖန္ကား ကမၻာေျမေပၚမွ ေပ်ာက္ဆုံးသြားတာၾကာၿပီျဖစ္ကာ က်န္း႐ႊင္းယီႏွင့္ယြင္ရွဲ႕တို႔ဟာ တစ္ေယာက္ႏွင့္တစ္ေယာက္နစ္နာေစခဲ့တာကို သူသိေတာင္မသိေပ။ ထို႔ေၾကာင့္ က်န္း႐ႊင္းယီဘယ္လိုလုပ္ၿပီးအသက္ရွင္ေနတာလဲဟု ေမးျမန္းမည့္အစား၊ သူဟာသလုပ္လိုက္သည္။
"ငါဒီေန႕ငါ့ညီအစ္ကိုတစ္ခ်ိဳ႕ေျပာတာကိုနားေထာင္ေတာ့ ဆန္းရွစ္ရႈက ေသမ်ိဳးေတြကို အျပင္စည္းမွာ အလုပ္သမားေတြျဖစ္ဖို႔ ေခၚလာတယ္လို႔ ငါၾကားလိုက္ရတယ္။ ဘယ္လိုျဖစ္ၿပီးေတာ့ သူရဲေကာင္းႏွစ္ေယာက္ကေရာပါလာရတာမ်ားလဲ။ ငါညီအစ္ကိုယြင္ကို ပထမဆုံးျမင္လိုက္ရတုန္းက ငါဝန္မခံရဲခဲ့ဘူး။"

ယြင္ရွဲ႕သည္လည္း သူ႕ကိုျမင္လိုက္ခ်ိန္မွာ ဦးဆုံးေတာင့္တင္းသြားရသည္။ အကယ္၍ က်န္း႐ႊင္းယီသာ သူ႕ခါးကိုမဆြဲဆိတ္ခဲ့ဘူးဆိုပါလွ်င္၊ သူ႕ဝန္းက်င္ကလူေတြ၏ေရွ႕ေမွာက္၌ သူတစ္ခုခုထုတ္ေျပာမိေပလိမ့္မည္။ သူအနည္းငယ္ၿပဳံးလိုက္သည္။
"ငါလဲအတူတူပါပဲ။ က်န့္ဖန္၊ မင္းမိသားစုက ႀကီးမားပါတယ္။ တကယ္လို႔ ပဋိပကၡတစ္ခုခုရွိခဲ့လို႔မ်ား ဒီဂိုဏ္းေသးေသးေလးမွာ မင္းလာေနေနရတာလား။"

က်ိဳးက်န့္ဖန္ဟာ အနည္းက်ဥ္းမွ်ၿပဳံးလိုက္ကာ ပတ္ဝန္းက်င္ကို သတိဝီရိယျဖင့္ၾကည့္ေလသည္။ ယြင္ရွဲ႕က လက္ခုပ္တီးၿပီးေနာက္ သူ၏လက္ေတြကိုျဖန့္ကားကာ စိုးစဥ္းမွ်႐ြတ္ဆိုလိုက္သည္။
"ႀကီးပြားေအာင္ျမင္ျခင္းရဲ႕အရွင္သခင္နာမည္ေအာက္မွာ သက္ရွိေတြအားလုံးက ငါ့ရဲ႕အမိန့္ကိုနာခံၿပီးေတာ့ တိတ္ဆိတ္ေနရမယ္!"

သူ၏လက္ဖဝါးထဲမွ အလင္းျဖဴႏွစ္တန္းထိုးထြက္လာကာ သူတို႔သုံးေယာက္ကို စက္ဝိုင္းသဖြယ္ပတ္ပတ္လည္ဝန္းရံလိုက္သည္။ ၎ကိုၾကည့္ရသည္မွာ သာမန္လူေတြ၏မ်က္လုံးထဲတြင္ လ်င္ျမန္စြာေပ်ာက္ကြယ္သြားပုံေပၚေပမယ့္ က်ိဳးက်န့္ဖန္ႏွင့္ က်န္း႐ႊင္းယီတို႔ႏွစ္ေယာက္လုံးဟာ ယြင္ရွဲ႕တစ္ေယာက္ တိတ္ဆိတ္ျခင္းက်ိန္စာကို ေဆာက္တည္လိုက္မွန္း သိေနၾကသည္။ ဤမႏၱာန္ကား ရိုးစင္းေသာ္လည္း၊ သူလုပ္လိုက္သည့္အခါ၌မူ၊ သာမန္ထက္ထူးကဲသြားေလသည္။ က်ိဳးက်န့္ဖန္တစ္ေယာက္ ဆဲေရးလိုက္ရင္ေတာင္မွ အျပင္လူေတြၾကားနိုင္မည္မဟုတ္ေပ။

"မင္းကအရမ္းဂ႐ုတစိုက္ရွိသားပဲ။" က်ိဳးက်န့္ဖန္ၿပဳံးလိုက္သည္။ ဒါကိုေျပာသည္ကလြဲ၍ သူသည္ အသံကိုနိမ့္ခ်ထားဆဲပင္။
"ငါမင္းတို႔ညီအစ္ကိုႏွစ္ေယာက္ရဲ႕စရိုက္ကို အၿမဲယုံၾကည္ၿပီးသားဆိုေတာ့ ငါအမွန္တရားကို မဖုံးကြယ္ခ်င္ပါဘူး။ ငါက တကယ္ေတာ့ သူလ်ိဳတစ္ေယာက္ပဲ။"

___________________________________________

မူရင္းစာေရးသူမွာေျပာစရာရွိတယ္:

ယြင္ယြင္: "ကိုယ္မင္းကို ေလသံေကာင္းေကာင္းနဲ႕မေျပာရင္လည္း မင္းကိုယ့္ကိုဆူတယ္၊ မင္းကို ေလးနက္တဲ့ေလသံနဲ႕ေျပာရင္လည္း မင္းကမယုံျပန္ဘူး...မင္းအတြက္အမုန္းခံရဖို႔ လြယ္ကူေနတာလား။ မင္းဘယ္အခ်ိန္က်မွ ႏွလုံးသားႀကီးမားလာမွာလဲ။

__________________________________
#6201words

ဇာတ္ေကာင္အသစ္အဆင္ေလးက်ိဳးက်န့္ဖန္ is online!!!!
ေပ်ာ္႐ႊင္စရာသီတင္းကြၽတ္အခ်ိန္ေလးျဖစ္ပါေစ!
_____________________________________


Continue Reading

You'll Also Like

361K 65.8K 82
Lord Seventh by Priest
232K 26.1K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...
88.5K 8K 8
[Both Zawgyi and Unicode] ဒုတိယႀကိမ္ အခြင့္အေရးဆိုတာကိုသာ ရရင္...