My Essential Hoon

De _jaehoonpark_

42K 4.4K 2.5K

젴성 #JakeHoon Romance /Drama Age gap love Mais

Intro
01
02
03
04
05
06
07
08
09
10
11
12
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37

13

767 112 9
De _jaehoonpark_

Unicode

ကုမ္ပဏီသို့ သွားရာလမ်းက ပုံမှန်အရင်နေ့ကလိုမျိုးလန်းဆန်းတက်ကြွမှုတွေရှိမနေခဲ့

ကြင်သူလေးအား ကျောင်းကိုလိုက်ပို့ပေးပီး မခွဲချင်ခွဲချင်နဲ့နူတ်ဆက်လာခဲ့တာမှ နာရီပိုင်းတောင်မရှိသေး အခုထဲက နင့်နင့်ဆွေးဆွေးကြီးကို သတိရနေမိပြီ

အလွမ်းများစွာနှင့်တစ်နေ့တာအား အလုပ်တွေကိုဖိလုပ်ရင်းဖြင့်သာ ပင်ပင်ပန်းပန်းကုန်ဆုံးခဲ့ရသည်
လျစ်လျူရှုခြင်းအား အကျွမ်းကျင်ဆုံးအလုပ်တစ်ခုလိုထင်မှတ်မိခဲ့ပေမယ့် ဆန်းကြယ်လွန်းစွာ မြတ်နိုးရသူဆီသို့အလွမ်းတွေကိုတော့ လျစ်လျူမရှုနိုင်ခဲ့

ညနေ မှောင်စပျိုးလာသည့်အချိန်အထိ ဂျယ်ယွန်း သွားစရာမရှိသလို စားပွဲမှာထိုင်မြဲဆက်ထိုင်ရင်း အလုပ်ပုံထဲပဲခေါင်းစိုက်ထားမိ၏

ခန္ဓာကိုယ်တွင်းရှိအကြောအချဉ်တို့က ညောင်းညာကိုက်ခဲမှုကိုစတင်တုံ့ပြန်လာတော့မှပဲ လှန်နေတဲ့စာရွက်များကိုလက်ကချကာ ထိုင်ခုံနောက်မှီပေါ်သို့လှဲချပစ်လိုက်သည်

အတော်လေးပင်ပန်းခဲ့သည့်နေ့တစ်နေ့ပင်တကား
ဖုန်းမှနာရီကိုကြည့်လိုက်တော့ ၇နာရီတောင်ထိုးလုနီးပြီ ဒီအချိန်ဆို သူ့ရဲ့စာဂျပိုးလေး အိမ်ပြန်လောက်ပြီလား

ဖုန်screenထက်မှ အပြန်အလှန်စကားပြောထားတဲ့messageကလေးများကိုဖတ်ရင်း အလွမ်းထုထည်က တစ်စထက်တစ်စ ကြီးစိုးလာသည်

"အိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်ရဲ့လားHoon..."

"အခုထဲက ရူးလောက်အောင်ကို အရမ်းသတိရနေပြီ..."

"အစာသေချာစားပီး အိပ်ရေးဝဝအိပ်နော် စိတ်ပူတယ်"

ဖြစ်နိုင်ရင် Messageကို 3ဆောင်ထက်မက ဆက်တိုက်ကိုပို့ပစ်ချင်သလို ဖုန်းတွေလဲဆက်ကာ အသံလေးပါကြားချင်မိ၏

သို့သော်လည်း သူ့ကြောင့်နဲ့ အနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့် ရင်ထဲမှအလွမ်းမီးတောက်များအား သက်ပြင်းရှည်တစ်ချက်ဖြင့်သာ မျှောချပစ်လိုက်ရသည်


ခါတိုင်းရက်များနှင့်မတူစွာပဲ အိမ်ပြန်လမ်းဟာ ဝမ်းနည်းနေသယောင် အထီးကျန်လွန်း၏

အကြင်သူမရှိတော့သည့် နေရာလွတ်ကား နင့်နင့်နဲနဲလွမ်းဆွတ်ဖွယ်ကောင်းလောက်အောင် ကြီးမားလွန်းသည်

စံအိမ်တော်အဝင်ဝထဲက ဆီးကြိုတိုးဝှေ့လာတဲ့ ဗန်နီလာရနံ့တို့သည် တစ်အိမ်လုံးနီးပါးဖြန့်ကျက်နေရာယူလျက် ဂျယ်ယွန်း၏ရင်ထဲသို့ မျက်ရည်မိုးတွေကိုရွာသွန်းစေသည်

ဝရံတာထက်ကိုထွက်လာမိတော့လဲ မနေ့တစ်နေ့ကမှ ရီကာမောကာစကားတွေကြည်စယ်ခဲ့ကြရင်း ပြုံးပျော်ခဲ့ရတဲ့အငွေ့သက်တွေနဲ့အတူ ခေါင်းလောင်းပန်းနွယ်ရုံတွေကတောင် သူ့ကို သနားသလိုလှမ်းကြည့်နေကြပြီ 

ညမိုးချုပ်အိမ်ပြန်ရောက်တိုင်း ကောင်လေးတစ်ယောက်ကို ထမင်းခွံ့ကျွေးရတဲ့အလုပ်အား လွမ်းမောရမိသည်

ညဉ့်နက်သန်းခေါင်ထိ တစ်စုံတစ်ယောက်မအိပ်မချင်း ထိုင်စောင့်ပေးခဲ့ရတာတွေကို တမ်းတရပါ၏

တစ်စုံတစ်ယောက်စည်းတားပေးခဲ့သည့် မွေ့ယာဘက်ခြမ်းမှ နေရာလွတ်လေးတစ်ခုကလဲ ဂျယ်ယွန်း၏နှလုံးသားကိုလစ်ဟာစေလျက်

နင့်နင့်သီးသီး ရင်ထဲလှိုက်အောင်ကို လွမ်းမောနေရချိန် မြတ်နိုးရသူတစ်ယောက် သူ့အကြောင်းကိုတောင် စဉ်းစားမိပါစ....

နှစ်ပတ်ဆိုသည့်အတိုင်းအတာကလဲ လတစ်ဝက်နီးနီးလောက်ကြာမြင့်သည်ကိုး ဒီနှစ်ပတ်တာအတွင်း မှဲ့ပိုင်ရှင်လေးထံ ဘယ်အတိုင်းအတာလောက်ထိ နက်နက်ရှိုင်းရှိူင်းကိုနစ်မြောပါဝင်နေမိပြီဆိုတာ ဂျယ်ယွန်း ကိုယ့်ကိုယ်ကိုအသိဆုံး

စာမေးပွဲဆိုတဲ့ကောင်က ကြားခံနယ်အကြီးကြီးတစ်ခုလိုဖြစ်နေခဲ့လို့ မတတ်သာပဲပေးလွှတ်လိုက်ရတာ
အရေးကြီးကိစ္စတွေအကုန်ပြီးတာနဲ့ မရှိမဖြစ်လူသားလေးကို သေချာပေါက်မိမိအနားသို့ ပြန်လည်သိမ်းပိုက်ရလိမ့်မည်

သူ အိမ်ပြန်ရောက်လို့ ရေချိုး ညစာစားပီးသည်အထိ မှဲ့လေးဘက်မှ ဆက်သွယ်လာခြင်းမရှိသေးသလို သူပို့ထားသည့်messageကိုတောင် seenမပြသေးပေ

စိတ်ထဲတော့ အတန်ငယ်စိုးရိမ်မိသော်ငြား စာလုပ်နေတာကို အနှောင့်အယှက်ပေးမိမှာစိုးသည့်စိတ်ကြောင့်ပဲ မေ့မေ့ပျောက်ပျောက်နေထားပစ်လိုက်ကာ စောစီးစွာပဲ အိပ်ယာဝင်ခဲ့သည်


************

လူးကာလွန့်ကာ အတင်းအိပ်ပျော်အောင်ကြိုးစားရင်း မျက်လုံးအစုံတို့ကိုမှိတ်ထားခဲ့သော်လည်း အာရုဏ်တက်သုံးနာရီလောက်မှ စိတ်ရောလူပါအိပ်ပျော်သွားသည်မို့ ဂျယ်ယွန်းတစ်ယောက် မနက်ရောက်သည့်တိုင်နိုးထခြင်းမရှိ ဆက်အိပ်နေခဲ့မိသည်

ရုတ်တရက် စားပွဲပေါ်မှ တုန်မြည်လာသော ဖုန်းသံက ဂျယ်ယွန်းအား အိပ်ယာနိူးလိုက်သဖြင့် လေးလံသောမျက်ခွံတို့ကိုအတင်းဆွဲဖွင့်ကာ ဖုန်းကောက်ကိုင်လိုက်သည်

"Hello!"

("ရှင်းဂျယ်ယွန်း.....အိပ်နေတုန်းလား ဒီနေ့ နေ့လည် အရေးကြီးmeetingရှိတယ်လို့ ဒီလောက်ပြောထားခဲ့ရဲ့နဲ့ ထတော့ ထတော့ ၉နာရီကျော်နေပီဟ")

တစ်ဖက်မှ အော်ပြောပြောလာသော HeeSeung hyungအသံကြောင့် အိပ်ယာမှလုံးလုံးနိုးထလာခဲ့ရသည်

"Sorry Sorry Hyung! ကျွန်တော်အခုပဲလာခဲ့မယ် ခနစောင့် မကြာစေရဘူး"

ဖုန်းကိုချကာ စားပွဲပေါ်မှနာရီကိုကြည့်လိုက်တော့ တကယ်ပဲကိုးနာရီထိုးနေပြီ
ဘယ်တော့မဆို ပိတ်ရက်တွေကလွဲလို့ ဂျယ်ယွန်းအိပ်ယာထနောက်ကျလေ့ရှိ အလွန်ဆုံး ရှစ်နာရီပင်

*ဟူး.....မှဲ့လေးရယ် မင်းထွက်သွားတာတစ်ရက်ပဲ ရှိသေးတယ် ရှေ့လျှောက်ပုံမှန်အတိုင်းဖြစ်အောင် ငါဘယ်လိုစိတ်အင်အားတွေနဲ့ ဆက်သည်းခံရပါ့မလဲ*

မနက်ခင်းအား သက်ပြင်းချခြင်းအလုပ်ဖြင့် စတင်နိုးထမိရင်း ဆောင်ဟွန်းထံမှ စာများပြန်ထားမလားအတွေးနှင့် ဖုန်းအားစစ်ကြည့်လိုက်သော်လည်း

ဖုန်းတစ်callမှ အဝင်ပြထားခြင်းမရှိသလို သူပို့ထားတဲ့ messageသုံးဆောင်ကိုတောင် ယခုမနက်ရောက်သည်ထိ seenမပြသေး

တစ်ခုခုတော့ ထူးဆန်းနေပြီဆိုတဲ့အသိကဝင်လာသည် သို့သော်လည်း အိပ်ယာထတာက နောက်ကျနေပြီဖြစ်သည့်အပြင် အရေးကြီးတွေ့စရာကိစ္စတွေကလဲရှိနေတာမို့ သက်ပြင်းတစ်ချက်ချကာခနမေ့ထားရင်း အလုပ်သွားဖို့ပြင်ရတော့သည်


***********

နေ့လည်ဘက် Hyungနှင့်အတူ bussinessကိစ္စသွားရောက်တွေ့ဆုံဖြေရှင်းပီးခဲ့သည်ထိ မှဲ့လေးဆီမှ အကြောင်းပြန်ချက်တစ်စုံတစ်ရာရောက်လာခြင်းမရှိတော့ စိတ်ထဲမှာအစပျိုးနေတဲ့စိုးရိမ်မှုတို့က ပိုမိုကြီးစိုးလာတော့သည်

ညနေကျောင်းဆင်းခါနီးအချိန်ရောက်သည်ထိ မငြိမ်တဲ့စိတ်တို့ကို အတင်းထိန်းချုပ်ရင်း စောင့်နေမိခဲ့၏

"ဆောင်ဟွန်း အဆင်ပြေရဲ့လား"

"ကိုယ့်messageတွေကို ဘာလို့မကြည့်တာလဲ တစ်ခုခုဖြစ်နေလား"

"ဟွန်း....ကိုယ်စိတ်ပူလို့ရူးတော့မယ် ဖုန်းမဆက်ရင်တောင် စာလေးတော့ ပြန်ပို့ပေးပါ"

ဆက်တိုက်ပို့ထားသောmessageများအတွက် seenပြပေးမယ့်လူမရှိ ကောင်ငယ်လေးဟာ ကျောင်းစာတွေနှင့်အလုပ်များနေတာကြောင့် အဆက်အသွယ်ပြတ်နေတာမှန်ရင်ကိစ္စမရှိပေမယ့် စိတ်ထဲမှာတော့တစ်ခုခုမှားနေပြီဟုဆက်တိုက်ခံစားမိနေတာဆိုးသည်

သူ ကားကိုပုံမှန်ထက်ပို၍ မိုင်ကုန်တင်မောင်းမိနေ၏
သိပ်မကြာလိုက်သည့်အတောအတွင်းမှာပဲ အထက်တန်းကျောင်းရှေ့သို့ အမြန်ဆုံးရောက်သွားသည်

အချိန်ကိုက်ပင် ကျောင်းဆင်းချိန်နှင့်ကွက်တိုးသွား၍ အနည်းငယ်စိတ်သက်သာရရာသွားသည်
စောင့်ဆိုင်းဖို့ရာအတွက် ထပ်ပီးဘယ်လိုမှမဖြစ်နိုင်တော့ ရောက်ရောက်ချင်းကားထဲမှထွက်ကာ ကျောင်းထဲသို့အပြေးဝင်သွားမိသည်

အထက်တန်းကျောင်းသည်ကား သူ့အတွက် တစ်ခါမှအထဲကိုမရောက်ဖူးသေးတဲ့ နေရာအသစ်ဖြစ်သည့်အပြင် အကျယ်အဝန်းကလဲ အတော်အတန်ကြီးမားလှသည် ဒီလိုကျောင်းအကျယ်ကြီးထဲမှာ မှဲ့လေးကိုရှာတွေ့နိုင်ဖို့ဆိုတာက အနည်းနဲ့အများတော့ခဲယဉ်းလှ၏

ဒါပေမယ့်လဲ တွေ့ချင်လွန်းနေတဲ့စိတ်က တွန်းအားပေးနေတာကြောင့် လမ်းမှာတွေ့သည့်ကျောင်းသားလေးများကို ဟိုမေးသည်မေး လျှောက်ရှာခဲ့ပေမယ့်လဲ သိပ်အရာမထင်ခဲ့

ကျောင်းနေရာအနှံ့နီးပါးလောက် သွားရောက်ရှာဖွေခဲ့သော်လည်း ကံကြမ္မာကသူ့ဘက်မှာရှိပုံမပေါ်  မှဲ့လေးအားရှာမတွေ့နိုင်ခဲ့ပေ

လေးဖင့်သော ခြေလှမ်းတို့ဖြင့် ကျောင်းဂိတ်ဝသို့ပြန်လျှောက်လာခဲ့ရင်း ကျောင်းပြင်ဘက်သို့ထွက်လာခဲ့သည်

လမ်းတစ်ဖက်မှ ထိုးရပ်ထားသောကားနက်လေးရှိရာဘက်ကိုလှမ်းမျှော်ကြည့်ရင်း အဆင်ပြေလိုပြေငြား အိတ်ကဒ်ထဲမှဖုန်းကိုထုတ်ကာ Baby ဆိုသည့် contactအား ထပ်မံဆက်သွယ်မိ၏

ချက်ချင်း ဖုန်းဝင်သွားတဲ့အသံကိုကြားလိုက်ရခြင်းမှာပဲ ဝဲဘက်ရင်အုံမှ နှလုံးသားမှာတဒိတ်ဒိတ်ပိုမိုမြန်ဆန်လာလျက် တစ်ယောက်သောသူ၏ အသံလေးထွက်ပေါ်အလာကို စောင့်မျှော်နေမိခဲ့သည်

သို့သော်လဲ ဝင်သွားခဲ့ပေမယ့် တစ်ဖက်မှတုန့်ပြန်လာခြင်းမရှိခဲ့ မကြာခင်ဖုန်းကျသွားတော့မည်

ဂျယ်ယွန်း စိတ်ပျက်အားလျော့စွာသော သက်ပြင်းတစ်ခုကိုချရင်း ဖုန်းချဖို့ပြင်မည်အလုပ် မမျှော်လင့်စွာပဲ တစ်ဖက်မှ ကြားလာရတဲ့ အသံချိူချိုလေး

("Hello")

အသွေးအသားတို့ဗလောင်ဆူသွားရသည် သူ လွမ်းစွတ်တမ်းတနေရသော ဒီအသံလေး
ကြားကြားချင်းမှာပဲ မျက်ရည်တို့ဝဲတက်မတတ်ပျော်ရွှင်သွားရ၏

"Hello! ဆောင်ဟွန်း မင်းအခုဘယ်မှာလဲဟင် ကိုယ့်ကျောင်းရှေ့ရောက်နေတယ် မအားရင်တော့ထွက်မတွေ့ပါနဲ့ ကိုယ့်ဆီစာမပြန်တော့အရမ်းစိတ်ပူလို့ လိုက်လာမိတာ အခုဘာလုပ်နေလဲ အဆင်ပြေရဲ့လား နေရောကောင်းတယ်မလားဟင်"

နင့်နင့်သီးသီးတစ်ရက်တာအလွမ်းများကြောင့် ထိန်းချုပ်မှုအားနည်းစွာ စကားတို့ကို တရစပ်ပြောထွက်မိသွားသည်

သို့သော်လည်း တစ်ဖက်မှ ဖုန်းကိုင်ထားသောကြင်နာသူသည် သူစိတ်ပူရအောင်ပင် ဆိတ်ဆိတ်ငြိမ်သက်နေခဲ့၏

"Hello! ဖုန်းကိုင်ထားလာဟင် ကိုယ်ပြောတာကြားရဲ့လား"

("ကြားပါတယ် ကျွန်တော် အခုအိမ်ပြန်တော့မှာ ခင်ဗျားလဲပြန်ပါတော့")

မနေ့တစ်နေ့ကမှ ကြားဖူးခဲ့သော ချိုမြိန်တဲ့အသံလေးကားယခုမရှိတော့ ၊ အေးစက်စက် အက်ကွဲသောအသံတစ်ခုက
ဂျယ်ယွန်း၏ရင်ကို စိုးထိတ်မှုတို့ဖြင့်ကြီးစိုးစေခဲ့သည်

ကတ္တရာလမ်းမထက်ကိုငေးစိုက်နေရာမှ လမ်းမတစ်ဖက်ကိုအကြည့်ရောက်မိတော့ ပလက်ဖောင်းတစ်ဖက်တစ်ချက်မှာ ဖုန်းကိုကိုင်ထားရင်း သူ့ဘက်ကိုရပ်ကာငေးကြည့်နေသော သူ့ရဲ့မှဲ့လေး

မြင်မြင်ချင်းပဲ အားရမြူးထူးစွာ လမ်းတစ်ဖက်ကိုကူးမည်အလုပ် ကိုင်ထားသောဖုန်းတစ်ဖက်မှ အသံပိုင်ရှင်၏စကားတစ်ခွန်းက သူ့ခြေလှမ်းတွေကိုဟန့်တားပစ်လိုက်သည်

("ဟင့်အင်း....မလာနဲ့!" )

ဂျယ်ယွန်းနားမလည်စွာပဲ လမ်းတစ်ဖက်မှ ဆောင်ဟွန်း၏ မျက်နှာကိုအကဲခတ်မိတော့ ယမန်နေ့များကနှင့်ကွဲပြားစွာ ပျော်ရွှင်နေသောမျက်လုံးတောက်တောက်လေးတွေက ဝမ်းနည်းရိပ်တို့သန်းနေတာကိုတွေ့ရသည်

သူ့ဦးနှောက်ထဲ ဒိန်းခနဲဖြစ်သွား၏ သိလိုက်ပြီ တစ်ခုခုက ပုံမှန်လုံးဝဟုတ်မနေတော့တာ

အသံပိုင်ရှင်၏ တားဆီးမှုအားလွန်ဆန်ကာ လမ်းကူးမည်အလုပ် ထပ်မံကြားလိုက်ရသော ခါးသက်သက်စကားတစ်ခွန်း

("မလာနဲ့လို့ပြောနေတယ်နော် ကျွန်တော် ရှာမရအောင်ထွက်ပြေးပစ်လိုက်ရမလား")

"ရှာမရအောင်ထွက်ပြေးလိုက်ရမလား"
ဤအကြပ်ကိုင်မှုကား သူ၏ရင်ကိုဓားထက်ထက်တစ်ချောင်းလို ထိုးဖောက်သွား၏

"ဆောင်ဟွန်း....ဘာ ဘာပြဿနာရှိလို့လဲဟင် ကိုယ့်ကိုပြောပါအုံး အေးဆေးရှင်းပြပါအုံး ကိုယ်နားထောင်မယ်လေ"

မျက်ရည်မလွယ်တတ်သည့်သူသည် ထိုညနေက ငိုချခါနီးကလေးတစ်ယောက်လို အသံတွေတုန်ယင်နေခဲ့၏

("ကျွန်တော်တို့ တော်လိုက်ရအောင် ခင်ဗျားနဲ့ဆက်ပတ်သက်နေလို့ ကောင်းကျိုးရှိလာမှာလဲမဟုတ်တာကြောင့် မသိသလိုပဲနေသွားကြရအောင် အကူညီတောင်းပါတယ် ကျေးဇူးပြုပီး")

("နောက်ပီး ကျွန်တော့်အတွက်နဲ့ ဝန်ပိမိစေခဲ့တာတွေအတွက် တကယ်စိတ်ရင်းနဲ့ တောင်းပန်ခဲ့ပါတယ် နောက်ရက်တွေကျွန်တော့်ကိုလာမရှာပါနဲ့တော့ private study time စပြီမလို့ ကျွန်တော်ကျောင်းလာမှာမဟုတ်တော့ဘူး")

အေးစက် အက်ကွဲသောအသံတို့ဖြင့် ပြောထွက်လာသောစကားတို့သည် သူ၏ ရင်ဝအား ဆူးအချောင်းပေါင်းမြောက်မြားစွားတို့ဖြင့် အားရပါးရထိုးစိုက်နေကြသည့်နှယ်

"ကလေး....မဟုတ်သေးဘူး ဘာကမှားသွားတာလဲ?...ကိုယ်မှားတာလား မဟုတ်ဘူးကွာ ကိုယ်မှားမှား မမှားမှား တောင်းပန်မယ် တောင်းပန်ပါတယ်ကွာ နော်"

"ကိုယ်ဒူးထောက်ရမလား ပြော"

ယိုင်နဲ့နေသော ဒူးများအား ပလက်ဖောင်းထက်သို့ ထောက်ချလိုက်ကာ တင်းခံထားသောမျက်ရည်စတို့မှာ ဒလဟောကိုစီးကျလာတော့သည် 

ဖြတ်သွားဖြတ်လာ လူများမှာ သူ့အားလူထူးဆန်းတစ်ယောက်သဖွယ် ကွက်ကြည့်ကွက်ကြည့်တွေဖြစ်ကုန်ကြ၏ သိူ့သော်လည်း ဒီချိန်မှာ ဒါမျိုးတွေကို သူဂရုမစိုက်အားတော့

"မင်းကလမ်းကူးမလာနဲ့ဆိုလို့ ကိုယ်ဒီကနေ ဒူးထောက်လိုက်ပြီ ကိုယ့်ကိုကြည့်ပါအုံး ကိုယ်ဒီလိုတောင်းပန်နေတာပါ မဟုတ်တာတွေဆက်မပြောပါနဲ့တော့လားဟင်"

ဖုန်းတစ်ဖက်မှ ကြားလာရတဲ့အသံတစ်ခု သူနားကြားမမှားဘူးဆိုရင် ရှိုက်ငိုနေသံနှင့်အလွန်ဆင်တူ၏

"ဘယ်သူလဲပြော....ကလေးကိုဘယ်သူ့ကခြိမ်းခြောက်လိုက်သလဲ ဘာတွေဖိအားပေးခံလာခဲ့ရတာလဲ အကုန်ကိုယ်ကိုပြော"

ဒူးထောက်နေရင်းမှ တုန်ရီနေသောအသံတွေနဲ့ အမောတကောမေးလိုက်ပေမယ့် တစ်ဖက်မှ ဖြေကြားချက်ထွက်မလာ

အတန်ကြာမှ

("ဒူးမထောက်ပါနဲ့ ခင်ဗျားကို ကျွန်တော်ဒူးမထောက်ခိုင်းဘူးပြန်ခိုင်းနေတာ ပြန်ပါတော့နော် ကျွန်တော့်ရှေ့ကိုပေါ်မလာပါနဲ့တော့")

"မင်း ကိုယ့်ကို ထွက်သွားဖို့ဆိုတာကလွဲလို့ ကြိုက်တဲ့အမိန့်ပေးနိုင်တယ်"

"မင်းက ကိုယ့်ကိုဒီလိုလုပ်သွားလို့မရဘူးကလေး မင်းသိဖို့က မင်းဟာကိုယ့်အပိုင် ဘယ်သူမှလာထိမရသလို မင်းအနားကနေထွက်သွားဖို့ဆိုတာလဲ ကိုယ့်အတွက် ဘယ်လိုမဖြစ်နိုင်ဘူး"

("ဟင့်အင်း...ပတ်ဆောင်ဟွန်းဆိုတာ ဘယ်သူ့အတွက်ဆိုပီး မွေးဖွားလာတာမဟုတ်ဘူး  ကျွန်တော်ကိုယ်ကိုယ် ကျွန်တော်ပဲ ပိုင်တယ်")

ကိန်းအောင်းနေသော သူ၏ မာနတို့သည် ပြန်လည်နိုးထလာရင်း နတ်ဆိုးတစ်ကောင်အသွင်သို့ပြောင်းလဲဖန်ဆင်ပေးနေသည့်နှယ်

ဂျယ်ယွန်းသည် ဒူးထောက်နေရာမှ ပြန်ထကာ မျက်ရည်တို့ကိုသုတ်ရင်း ကားလမ်းမအလည်သို့ စူးစူးမျက်မျက်စိုက်ကြည့်လိုက်၏

*ကိုယ့်ကို အရူးတစ်ယောက်လို နစ်မြောအောင်လုပ်သွားပီးမှ ဒီလိုလုပ်လို့မရဘူး မင်းကိုကိုယ့်အနားမှာရှိနေဖို့အတွက် မင်းရဲ့အမျက်ဒေါသတွေကိုခံယူရမှဖြစ်မယ်ဆိုရင်လဲ ကိုယ်ကျေကျေနပ်နပ်ကြီးခံယူလိုက်ပါ့မယ်*

"ဘေဘီ မင်းဟာ ကိုယ့်အတွက်မွေးဖွားလာတာမဟုတ်ဘူးဆိုရင်တောင် ကိုယ့်အတွက်မရှိမဖြစ် လိုအပ်တဲ့အရာဆိုတာကိုမင်းသိထားရမယ်လေ "

"ဘေ့စိတ်ကိုလျှော့ထား ကိုယ်တို့ တစ်နေရာမှ အေးဆေးစကားသွားပြောရအောင် ဟုတ်ပီလား"

သူပြောအပီးမှာပဲ တစ်ဖက်မှဖုန်းကျသွားသံနှင့်အတူ ဂျယ်ယွန်းလမ်းကူးဖို့အတွက် စိတ်ဇောကပ်နေမိသည်  ရုတ်တရက် ကံဆိုးစွာပဲ အချိန်ကိုက်ကို busတစ်စီးကရှေ့သို့ဖြတ်ဆိုက်လာ၏ လမ်းတစ်ဖက်ကိုမမြင်ရတော့

စိတ်မရှည်မှုများစွာဖြင့် ရပ်နေသည့်busကိုကွေ့ရှောင်ကာ လမ်းတစ်ဖက်ကိုအလျင်အမြန်ကူးသွားလိုက်သည်

သူရောက်သွားသည့်အချိန် ရှင်းလင်းနေသော ပလက်ဖောင်းထက်ဝယ် မြင်ချင်မိတဲ့လူသားလေးက မရှိတော့ပါ .....

လောလောလတ်လတ်က မြင်တွေ့နေရတဲ့ပုံရိပ်လေးက ပျောက်ကွယ်သွားပြီ အရူးတစ်ယောက်လို ဒေါသတကြီး အော်ဟစ်မိတော့ လမ်းပေါ်ရှိလူများက ထိတ်ထိတ်ပြာပြာရှောင်ကုန်ကြသည်

ထိုညနေမှစပီး သူ့ဘဝကြီးသည် တစ်ဖန်ပြန်လည်မှောင်မိုက်ခဲ့၏

မလွှတ်ပေးနိုင်သောစိတ်အရင်းအခံတို့ဖြင့် နေ့တိုင်းလိုလို အထက်တန်းကျောင်းလေးရှိရာသို့ မနက်တစ်ခေါက် ညနေတစ်ခေါက်လာစောင့်မိသည်

ပိတ်ထားခဲ့ပြီဖြစ်သော ဖုန်းနံပါတ်လေးဆီသို့နေ့စဉ်နှင့်အမျှ စာတိုတွေပေးပို့ရင်း အကယ်၍များဆိုတဲ့မျှော်လင့်ချက်လေးနှင့် ကိုင်သူမရှိသည့်ဖုန်းနံပါတ်လေးဆီသို့ ညစဉ်ညတိုင်း သူဆက်သွယ်မိ၏

*မင်းက ရက်စက်လိုက်တာ ဆယ်ကျော်သက်မို့စိတ်ကစားတယ်ဆိုပီးမခံစားရရင်တောင် သံယောဇဉ်လက်ကျန်နဲ့ နည်းနည်းလေးတောင်မလွမ်းမိဘူးလား.....*

*ကလေးရယ် မင်းထွက်သွားပီးနောက်ပိုင်းမှ အိပ်မက်တွေထဲမှာ မင်းက ခနတိုင်းလိုလိုပေါ်လာတတ်တော့ ငါ့မှာမနိုးထချင်မိတဲ့အထိပဲ*

*လူတစ်ယောက်ကို အိပ်မက်ခနခနမက်ပါများရင် အဲ့ဒီအိပ်မက်ထဲကလူကကိုယ့်ကိုသတိရနေတတ်လို့ဆိုတဲ့ ယုံတမ်းစကားတွေတော့ကြားဖူးတယ်*

*ငါအခါတစ်ထောင် လွမ်းမိလို့ မင်းဘက်ကတစ်ခေါက်လောက်ပဲဖြစ်ဖြစ်ငါ့အကြောင်းစဉ်းစားမိတယ်ဆိုရင်ကိုကျေနပ်လှပါပီ*

"လွမ်းတယ်ဆောင်ဟွန်း.....ရူးလောက်အောင်လွမ်းနေပြီ မင်းဘယ်မှာလဲ..."

နေ့မြင့်လေအရူးရင့်လေ သူ့ကို မှဲ့လေးထားသွားခဲ့သည့်အချိန်တွေကြာလာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ အလွမ်းရောဂါကလဲပိုပိုကျွမ်းလာခဲ့တော့၏

နေ့ရက်တိုင်းအား အရက်ဆိုသည့်ကောင်နှင့်ပဲမိတ်ဖွဲ့အဖော်ပြုလျက် HeeSeung Hyung၏ နှစ်သိမ့်စကားများဟာလဲ သူ့အတွက်ရင်ထဲမတိုးပေါက်တော့ခက်လှသည်

"ဟင်....မဟုတ်ဘူး မဟုတ်ဘူး Hyungရေ Hyungအေးဆေးသွားအိပ်လိုက်တော့ ကျွန်တော့်ကိုဒီတိုင်း လွှတ်ထားလိုက်စမ်းပါဗျာ....ဒီဒဏ်ရာတွေက သူကုမှပျောက်မှာ သူပေါ်လာမှပျောက်မှာ Hyungကိုယ့်အခန်းကိုယ်ပြန်တော့ဗျာ"

ဝိုးတိုးဝါးတား လေးပင်သောအသံတွေနှင့်ပြောနေသည့် ဂျယ်ယွန်းအား HeeSeung လက်လျှော့သည့်မျက်နှာပေးဖြင့် သက်ပြင်းချကာ တစ်ယောက်ထဲလွှတ်ထားပေးလိုက်တော့သည်

ဤကဲ့သို့ ဂျယ်ယွန်း ညနေတိုင်း မူးရူးနေခဲ့သည်မှာ တစ်ပတ်နှစ်ပတ်မကတော့ သုံးလနီးပါးလောက်ရှိခဲ့ပြီ တစ်နေကုန် အလုပ်တွေကိုမနားတမ်းဖိလုပ် ပြန်ရောက်လျှင် အရက်ကိုအသိစိတ်ပျောက်တဲ့ထိသောက် ၊ ပီးလျှင်မူးနေရင်းနဲ့ပဲ အိပ်ပျော်သွားကာ မပျောက်နိုင်သော ဒဏ်ရာတွေကိုကုစားနေတဲ့ ဂျယ်ယွန်းအား HeeSeungတစ်ယောက် စိတ်မကောင်းဖြစ်မိရုံမှတစ်ပါး ဘာမှလုပ်မပေးနိုင်ခဲ့

*************


ကိုယ့်ရဲ့ မြတ်နိုးရပါတဲ့ မှဲ့ငယ်.....

ဒီနေ့နဲ့ဆို မင်းထားသွားခဲ့တာ ၁၁၇ရက်တိတိ

ကိုယ့်အနားက မင်းထွက်သွားခဲ့တာ မနေ့တစ်နေ့ကလိုပဲ ခံစားနေရတုန်း

စာမေးပွဲရော သေချာဖြေနိုင်ခဲ့ရဲ့လား

လိုချင်တဲ့တက္ကသိုလ်ရောမှီခဲ့ရဲ့လား

အသက်၂၀ပြည့်မွေးနေ့ကိုရော ကိုယ်မရှိပဲပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်ခဲ့ရဲ့လား

နောက်ပီးတော့.....

ကိုယ့်ကိုယ်ရော သတိမှရနေခဲ့ရဲ့လား......ကိုယ်တော့ နေ့ရက်တိုင်းမှာ မင်းကိုမလျော့သောသတိရခြင်းတွေနဲ့ တမ်းတမိနေတုန်းပဲ

မေပယ်ရွက်လေးတွေ တစ်ဖြုတ်ဖြုတ်ကြွေကျရင်း မျက်စိတစ်မှိတ်အတွင်းမှာပဲ နွေဦးဟာကုန်ဆုံးသွားခဲ့ပြီ

ဒီနွေဦးဟာ ကိုယ်အတွက်ကြေကွဲစရာတွေနဲ့ပြည့်နှက်နေခဲ့ရင်တောင် မင်းအတွက်လှပနေခဲ့ရင် ကျေနပ်ပါပြီ

မကြာခင်ဆို တက္ကသိုလ်တက်ရတော့မယ်
ကိုယ်သိတယ် မင်းသိပ်သွားချင်တဲ့ကျောင်းကို သေချာပေါက်မှီသွားခဲ့မယ်ဆိုတာ

မေပယ်ရွက်တွေကျနေချိန်အတောအတွင်း မင်းနေသာသလိုတစ်ယောက်ထဲလွှတ်ထားပေးခဲ့ပီးပီကလေးလေး ဒီလောက်အလည်လွန်ပီးရင်ကျေနပ်တော့

ဒီရင်ခွင်ထဲပြန်လာဖို့အတွက် တောင်ကိုးရီးယားတစ်ခုလုံး မြေလှန်ရှာရမယ်ဆိုရင်တောင် ကိုယ်သေချာပေါက်မင်းဆီအရောက်လာတွေ့နိုင်အောင် ကြိုးစားတော့မှာမလို့


************

SNU College Of Medicine

ခန့်ညားထည်ဝါသော အမိတက္ကသိုလ်ကြီး၏ မုဦးဝတွင် အတန်းလိုက်စုရပ်နေသော လူငယ်လေးယောက်

"နောက်ဆုံးတော့ ဒီတောင်ကိုတကယ်ကျော်နိုင်ခဲ့ပီပဲ ငါတို့တကယ်ကြီး ဒီနေရာပေါ်မှာ လေးယောက်အတူခြေချနိုင်ခဲ့ပီကွ"

ကျယ်လောင်အားပါလွန်းသောအသံဖြင့် ကြွေးကြော်နေသူကား ပတ်ဂျုံဆောင်း.....

ဘေးမှ ရပ်နေသော ဆောင်ဟွန်း ဂျောင်ဝန်း နှင့် ယုမီတို့မှာကလေးတစ်ယောက်လို့အားပါးတရအော်ဟစ်နေသော ဂျုံဆောင်းကိုကြည့်ရင်း တခစ်ခစ်ရီမောကြသည်

"ဟုတ်ပါ့ ငါတို့လေးယောက်လုံး တကယ်ကြီး ကျောင်းအတူတူမှီခဲ့ကြတာပဲ ဒါအိပ်မက်လား အားး"

စိတ်လှုပ်ရှာနေသောဂျုံဆောင်းteamသို့ ဂျောင်းဝန်းကပါဝင်joinရင်း ပေါ့ပါးပျော်ရွှင်စွာအော်ဟစ်နေခဲ့သည်

"ကဲ ကဲ ဒါငါတို့ရဲ့ ပထမဆုံးကျောင်းစတက်တဲ့နေ့ဆိုတော့ ပေါ့ပေါ့ပါးပါး ဒီညပျော်ရအောင်သောက်လဲသောက်ကြမယ်ကွာ နောက်ရက်တွေဆို စာတွေ အတန်းချိန်တွေများလာမှာ အချိန်ရတော့မှာမဟုတ်ဘူး"

အားတက်သရောပြောလာသည့် ယုမီ၏ကမ်းလှမ်းချက်ကို ဂျုံဆောင်းကလဲ ပြာပြာသလဲဝင်ရောက်ထောက်ခံ၏

"ဟုတ်တယ် ဟုတ်တယ် နောက်ဆို စာအသေလုပ်ရမှာ တွေးရင်းstressတွေပိလိုက်တာ ဒီည အကုန်လူစုံပဲနော် ပတ်ခ်ဆောင်ဟွန်းအဓိက"

"စာမေးပွဲပီးထဲက အဆက်အသွယ်လဲမလုပ် ကျောင်းအပ်ခါနီးမှပဲ အဆက်အသွယ်ရတော့တယ် မင်းမွေးနေ့တုန်းကလဲ မသိခြင်ယောင်ဆောင်သွားတာနော် ဒီညသေချာပေါက်လိုက်ခဲ့ရမယ် ဒါပဲ"

ပတ်ဂျုံဆောင်း၏ တိကျပြတ်သားသောာတစ်ချက်လွှတ်အမိန့်အား ဆောင်ဟွန်းတစ်ယောက်ငြင်းဆန်ဖို့ရာ အခွင့်အလမ်းမမြင်ခဲ့

တောက်လျှောက်ကောင်းကောင်းသည်းခံပီးနေလာခဲ့ပီးပီပဲလေ ဒီနေ့တစ်နေ့တော့ အားရပါးရ အကုန်မေ့ထားပီး ပျော်ပစ်ကြတာပေါ့

ဆောင်ဟွန်း ရီမောကာ ခေါင်းအသာငြိမ့်ပြရင်း ကျောင်းဝန်းထဲသို့လေးယောက်သား အတူဝင်လာခဲ့ကြသည်

To be continued.....

My Essential Hoon (13)
Aug13/2021
12:44 AM

Zawgyi






















နှစ်ပတ်ဆိုသည့်အတိုင်းအတာကလဲ လတစ်ဝက်နီးနီးလောက်ကြာမြင့်သည်ကိုး ဒီနှစ်ပတ်တာအတွင်း မှဲ့ပိုင်ရှင်လေးထံ ဘယ်အတိုင်းအတာလောက်ထိ နက်နက်ရှိုင်းရှိုင်းကိုနစ်မြောပါဝင်နေမိပြီဆိုတာ ဂျယ်ယွန်း ကိုယ့်ကိုယ်ကိုအသိဆုံး





************


ရုတ်တရက် စားပွဲပေါ်မှ တုန်မြည်လာသော ဖုန်းသံက ဂျယ်ယွန်းအား အိပ်ယာနိုးလိုက်သဖြင့် လေးလံသောမျက်ခွံတို့ကိုအတင်းဆွဲဖွင့်ကာ ဖုန်းကောက်ကိုင်လိုက်သည်

"Hello!"










***********
















ဂျယ်ယွန်း စိတ်ပျက်အားလျော့စွာသော သက်ပြင်းတစ်ခုကိုချရင်း ဖုန်းချဖို့ပြင်မည်အလုပ် မမျှော်လင့်စွာပဲ တစ်ဖက်မှ ကြားလာရတဲ့ အသံချိုချိုလေး

("Hello")



နင့်နင့်သီးသီးတစ်ရက်တာအလွမ်းများကြောင့် ထိန်းချုပ်မှာအားနည်းစွာ စကားတို့ကို တရစပ်ပြောထွက်မိသွားသည်







("ဟင့်အင်း....မလာနဲ့!" )














ဖြတ်သွားဖြတ်လာ လူများမှာ သူ့အားလူထူးဆန်းတစ်ယောက်သဖွယ် ကွက်ကြည့်ကွက်ကြည့်တွေဖြစ်ကုန်ကြ၏ သို့သော်လည်း ဒီချိန်မှာ ဒါမျိုးတွေကို သူဂရုမစိုက်အားတော့





အတန်ကြာမှ



























*************








နောက်ပီးတော့.....








************















To be continued.....

My Essential Hoon (13)
Aug13/2021
12:44 AM

Continue lendo

Você também vai gostar

619K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
183K 4.9K 42
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
114K 3.4K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season