[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...

By Boss_want_to_eat_you

549K 75K 1.4K

Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] ႏွင္းခဲေတြဟာ အရည္ေပ်ာ္သြားၿပီး ႏြေဦးအျဖစ္ေျပာင္းလဲသြားေလရဲ႕။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ္သိမ္း[၈၉] အဆုံးသတ္။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။

[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။

2.3K 505 7
By Boss_want_to_eat_you

အခန်း(၄၈) တစ်ဦး၏အမှားကို ဖုံးကွယ်ပေးခြင်း

ယန်ရှန်းဂိုဏ်း၏နည်းလမ်းသည် ဝိညာဥ်မြှင့်တင်ခြင်းဖြစ်၏။ ယွင်ရှဲ့တစ်ယောက် ဒါကိုပြောလာသည်မှာ အံ့သြစရာမဟုတ်။ သို့ပေမယ့် ဆရာတော်ဝူရှို့က ဖြေးဖြေးချင်းတုံ့ပြန်လာသည်။
"ဒကာလေးယွင်၊ ဆရာတော် မေးခွန်းနည်းနည်းလောက်ပိုပြီးမေးရပါလိမ့်မယ်။ အခုဆိုရင် နဥ်ဖန်ကွယ်လွန်သွားခဲ့တာ ၇ရက်တောင်ကျော်လွန်ပြီးသွားခဲ့ပြီ။ အကယ်၍ ပြန်လည်ဝင်စားခြင်းမဖြစ်မြောက်ခဲ့ဘူးဆိုရင်တောင်မှ ဝိညာဥ်ကတော့ မသေခင်ဖြစ်ပျက်ခဲ့သမျှကိစ္စတွေကို မေ့သွားလောက်ပြီ။ ဒကာလေး ဘယ်လိုမေးမှာပါလဲ။"

ယွင်ရှဲ့ဟာ ကျန်းရွှင်းယီကို လက်အမူအရာပြ၍ သူ့ဓားကိုလှမ်းပေးဖို့ရာ အချက်ပြလိုက်ပြီး ဆရာတော်ဝူရှို့ကို လျှောက်တင်လိုက်သည်။
"ဆရာတော်၊ နဥ်ဖန်မသေခင်တုန်းက ဖြစ်ပျက်ခဲ့တဲ့အရာတွေအကြောင်းကို တပည့်တော်သေချာမသိပါဘူး။ ဒါပေမယ့် ပြည့်တန်ဆာဖြစ်ခြင်းနဲ့ လိမ်လည်တတ်တဲ့လျှာဖျားရှိတဲ့ ပြစ်မှုနှစ်ခုကတော့ သူမအတွက် ပြန်လည်ဝင်စားခြင်းမြန်မြန်ဖြစ်မြောက်အောင် အရည်အချင်းပြည့်မှီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူမစကားမပြောနိုင်ရင်တောင်မှ သူမရဲ့ဝိညာဥ်က သူမသေဆုံးသွားတုန်းကနဲ့ တစ်ပုံစံတည်းကျန်ရစ်နေပါလိမ့်မယ်။ အကြည့်တစ်ချက်နဲ့တင် တပည့်တော်တို့ အမှန်တရားကိုသိရပါလိမ့်မယ်။"

ဆရာတော်ဝူရှို့ကား ခေါင်းငြိမ့်၍ မည်သည့်စကားမျှထပ်မဆိုလေတော့။ ကျန်းရွှင်းယီသည် ဓားရိုးကိုကိုင်ထားကာ မဲ့ဟွာဓားအား ယွင်ရှဲ့ဆီသို့ ကမ်းပေးပြီးနောက် အနောက်သို့ခြေတစ်လှမ်းဆုတ်နေ၏။

ယွင်ရှဲ့ဟာ ညာဘက်လက်တွင် မဲ့ဟွားဓားကို ကိုင်ဆောင်ထားပြီး သူ၏ဘယ်ဘက်လက်ရှိ ထောင်ထားသော လက်ချောင်းနှစ်ချောင်းကို အတူတကွပူးကပ်ထားသည်။ သူ၏လက်ချောင်းများဟာ ဓားသွားတစ်လျှောက် ဘေးတိုက်ပွတ်ဆွဲသွား၏။ ပြာဖျော့ဖျော့အလင်းရောင်တို့က ဓားထက်တွင် ရုတ်ခြည်းပေါ်ထွက်လာသည်။ ထို့နောက် ယွင်ရှဲ့သည် သူ၏လက်ချောင်းများကို အနည်းငယ်လှီးလိုက်ကာ သွေးများကိုအသုံးပြု၍ ဓားသွားပေါ်တွင် စာလုံးနှစ်ကြောင်းကို အလျင်အမြန်ရေးထွင်း၏။ သွေးနှင့်အပြာရောင်အလင်းတို့၏ပေါင်းစပ်မှုက မဖော်ပြနိုင်လောက်သော အထူးတဆန်းအလှတရားတစ်မျိုးကို ဖော်ကျူးနေသည်။ ကြည့်ရှုနေသောလူတိုင်း၏မျက်စိအောက်တွင်၊ ယွင်ရှဲ့သည် ဓားကိုမြေကြီးထဲတွင် ထိုးစိုက်လိုက်၏။ သူ၏လက်ချောင်းများကတော့ ချိပ်စည်းအသွင် ဖြစ်တည်နေကာ သူအော်လိုက်သည်။
"ဝိညာဥ်ထွက်လာစမ်း!"

ဓားသွားထက်ရှိ ကြွရွနေသောစာလုံးတို့သည် မြေဆီလွှာထဲသို့ စိမ့်ဝင်နစ်မြုပ်သွားပုံမှာ ၎င်းတို့သည် အသက်ရှိနေသည့်အလား၊ ကမ္ဘာမြေကြီးကား ပွက်ပွက်ဆူနေသောရေနွေးသဖွယ် ငိုကြွေးမြည်တမ်းနေသည့်အတိုင်းပင်၊ လှုပ်ရှားမှုအားလုံးမငြိမ်သက်သွားခင်၌ တစ်ခဏမျှထိုသို့သံစုံထွက်နေ၏။

ဝိညာဥ်ခေါ်ဆိုခြင်းဟူသည့် နည်းလမ်းမှာ ယန်ရှန်းဂိုဏ်း၏မပြောအပ်သောလျို့ဝှက်ချက််တစ်ခုဖြစ်၏။ လူအများစုဟာ ၎င်းအကြောင်း ကြားဖူးနားဝရှိသော်ငြား၊ လူနည်းစုဟာ မျက်စိဖြင့်ကိုယ်တိုင်ကိုယ်ကျမြင်ဖူးကြသည်။ အချိန်တစ်ခဏလောက်ကြာပြီးနောက်မှာ မည်သည်တုံ့ပြန်မှုမှရှိမလာကြောင်း သူတို့မြင်လိုက်ကြ၍ လူတိုင်းဟာ စိတ်မရှည်သလိုခံစားလာရပြီဖြစ်သည်။ သို့ဖြစ်ပါလျက်၊ လေးနက်သောအမူအရာဖြင့်ယွင်ရှဲ့တစ်ယောက် မြေကြီးကိုသာ မလွဲမသွေစိုက်ကြည့်နေခြင်းကား လူတိုင်း၏စိတ်ကိုအတတ်နိုင်ဆုံးဖိအားပေးဆွဲဆန့်ထားစေ၏။

ခေတ္တမျှကြာပြီးနောက်၊ ရုတ်ခြည်းပင် 'ကာချာ'ဟူသည့်အသံထွက်ပေါ်လာကာ မြေကြီးသည် နှစ်ခြမ်းကွဲသွားပြီး အပေါက်ကြီးတစ်ပေါက်ဖြစ်တည်လာသည်။ ထုံထိုင်းထိုင်းပုံစံဖြင့်ဝိညာဥ်တစ်ခုဟာ လူတိုင်း၏ရှေ့မှောက်တွင် ပေါ်ပေါက်လာ၏။

ကျန်းရွှင်းယီအနီးကပ်ကြည့်မိလေရာ ဝိညာဥ်၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သံကြိုးများဖြင့် ကာရံထားသော်လည်း ရုပ်ရည်သွင်ပြင်မှာမူ အလုံးစုံမပြောင်းလဲတာကို မြင်လိုက်ရသည်။ ၎င်းမှာ နဥ်ဖန်ဖြစ်၏။

ယွင်ရှဲ့ဟာ သံကြိုးများကိုကြည့်၍ ပြောလိုက်၏။
"သူမက တကယ်ကို သေကြောင်းကြံစည်ခြင်းအပြစ်ကို ကျူးလွန်ခဲ့တာပဲ။ သူမက သံကြိုးပြစ်ဒဏ်ကို ခံစားနေရတဲ့အတိုင်းပဲ။"
သူဒါကိုပြောလိုက်သော်လည်း၊ ဤစကားလုံးအနည်းငယ်လေးဖြင့် တစ်ခြားသူများက သူ့ကိုယုံကြည်လာမည်ဟု သူမမျှော်လင့်ထားပေ။ သူအရှေ့ကိုတိုးသွားကာ အနည်းငယ်လှုပ်ရှားလိုက်၏။ ဝိညာဥ်၏ကိုယ်ခန္ဓာတစ်ဝိုက်ရှိ သံကြိုးများမှာ ဆွဲဖြုတ်ခံလိုက်ရကာ နဥ်ဖန်၏ရင်ဘတ်တည့်တည့်၌ ဓားမြှောင်စိုက်ဝင်ထားသောဒဏ်ရာမှာ ရှင်းလင်းသိသာစွာ လူတိုင်းမြင်တွေ့နိုင်သည်။

ဒါဟာ ဝိညာဥ်တစ်ခုဖြစ်သော်ငြား၊ ၎င်းသည် မိန်းမတစ်ယောက်၏ဝိညာဥ်ဖြစ်နေဆဲပင်။ သို့ဖြစ်ပါလျက်၊ ယွင်ရှဲ့မှာမူ ဒါကိုဂရုစိုက်ပုံမရ။ သူသည် ဆောင့်ကြောင့်ထိုင်ချကာ ဝိညာဥ်ကိုဆွဲယူ၍ ဒဏ်ရာကို လူတိုင်းအားပြသလိုက်၏။ ရင်းနှီးကျွမ်းဝင်လှသော သရော်ပြုံးဟာ သူ၏နှုတ်ခမ်းထက်တွင် သမရိုးကျပေါ်ထွက်လာပြန်သည်။
"ဒါကရောဘယ်လိုလဲ..အားလုံးပဲ၊ သတိထားမိကြရဲ့လား။"

မည်သူကမျှပြန်မဖြေကြ။ ကျန်းရွှင်းယီက လက်ပိုက်လျက်သားဖြင့် မတ်တပ်ရပ်လိုက်ကာ ဘေးကနေကြည့်လာသည်။ သူဟာ ပေါ့ပေါ့ပါးပါးပြောလာခဲ့သည်။
"အကယ်၍ ဓားမြှောင်ကြောင့်ဖြစ်ပေါ်လာတဲ့ဒဏ်ရာက သေကြောင်းကြံစည်ခြင်းကသာဆိုရင်၊ အဲ့ဒါက ညာဘက်ကိုအနည်းငယ်သွားလိမ့်မယ်။ နက်ရာကနေ တိမ်သွားမှာပဲ။"
ကျန်းရွှင်းယီ သာမန်ကာလျှံကာဖြင့် လက်ဟန်အမူအရာပြလိုက်သည်။
"ကျုပ်က နဥ်ဖန်ထက်အရပ်ရှည်တယ်။ တကယ်လို့ သူမက ကျူပ်ထိုးတာခံလိုက်ရတာဆိုရင် ဒဏ်ရာက အောက်ဖက်ကိုနိမ့်ဆင်းသွားသင့်တယ်၊ အပေါ်ယံတိမ်ရာကနေ နက်ရာသွားမှာပေါ့။"

သူပြောသည့်အတိုင်း၊ ယွင်ရှဲ့ဟာ သူ၏စကားလုံးများကို သက်သေပြသည်။ ကျန်းရွှင်းယီ၏မျက်လုံးများမှာ လူအုပ်ကြီးအပေါ် ဖြတ်သန်းသွားပြီးနောက် ပိန်သွယ်သွယ်ကောင်လေးတစ်ယောက်ကို လက်ညှိုးထိုးကာ ကျယ်လောင်သောအသံဖြင့်ပြောလိုက်သည်။
"ယွီဖေး၊ မင်းအဖေက အလောင်းခွဲစိတ်စစ်ဆေးရာမှာ ကမ္ဘာကျော်တယ်ဆိုတာ ငါမှတ်မိသေးတယ်။ ပြီးတော့ မင်းကလဲ အဲ့ဒီ့နယ်ပယ်ကိုလေ့လာသင်ယူနေတယ်ဆိုတာကိုပါ ငါသိတယ်။ မင်းဒီကိုလာပြီး ငါမှန်ရဲ့လားဆိုတာ ကြည့်ပေးနိုင်မလား။"

ယွီဖေးသည် သတိမမူမိစွာပင် လူအုပ်ကြီးထဲတွင် ပုန်းကွယ်နေရင်း သူ၏နာမည်ကို ရုတ်တရက်ကြားလိုက်ရ၍ ထိတ်လန့်သွားတော့၏။ သူက ကျန်းရွှင်းယီကိုကြည့်လာသည်။ သူ၏မျက်လုံးများဟာ အံ့သြခြင်းနှင့် သံသယများဖြင့် ရှုပ်ထွေးစွာရောယှက်နေကြောင်း ပြသလာသည်။

သူဟာ ကနဦးအစကတည်းက ပိလင်ဂိုဏ်း၏တပည့်ဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ သို့ပေမယ့် ယွင်ရှဲ့နှင့်ကျန်းရွှင်းယီတို့နှစ်ယောက်မှာ သူငယ်စဥ်ကတည်းက သူ၏အကြီးမားဆုံးစံပြနမူနာများဖြစ်ခဲ့ကြသည်။ ကျန်းရွှင်းယီက ဤကဲ့သို့တစ်စုံတစ်ခုထဲ၌ ပါဝင်ပတ်သတ်နေလိမ့်မည်ဟု သူစိတ်တောင်မကူးခဲ့မိချေ။ သူဒါကို ပထမဆုံးစစကြားတုန်းကဆိုလျှင်၊ သူ့နှလုံးသားမှာ လိမ်လည်လှည့်စားခံရ၍ ဒေါသအပြည့်ဖြစ်ခဲ့သည်။ သို့ဖြစ်၍၊ အချိန်များကုန်လွန်ဖြတ်သန်းသွားသည်နှင့် သူ၏သံသယများမြင့်တက်လာကာ ကျန်းရွှင်းယီက ထိုသို့တစ်စုံတစ်ရာကို လုပ်ခဲ့ပုံမပေါ်ပေ။

သူ့နာမည်ကို ကျန်းရွှင်းယီမှတ်မိနေအုံးမည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ သူမတ်တပ်ရပ်လိုက်ချိန်၌၊ သူ၏နှလုံးသားမှာ ဖိနှိပ်ဖို့ရာခဲယဥ်းလှသော ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။

ကျန်းရွှင်းယီဟာ သဘာဝအရပင် သူဘာတွေးနေလဲဆိုတာကို မသိပါချေ။ ယွီဖေးထွက်လာနေစဥ်၊ ကျန်းရွှင်းယီက ယွီဖေးအတွက် နေရာနည်းနည်းပေးဖို့ရာ ယွင်ရှဲ့ကို အမူအရာပြလိုက်သည်။
"ယွီရှစ်တိ၊ မင်းကိုဒုက္ခပေးမိပါပြီ။"

သူ၏ဂုဏ်သတင်းဟာ ပျက်ဆီးသွားပြီဖြစ်သော်ငြား၊ ကျန်းရွှင်းယီကား သူ၏အိုင်ဒေါလ်ဖြစ်နေဆဲပါပင်။ ကျန်းရွှင်းယီဒါကိုပြောလာသည်ကို ယွီဖေးတစ်ယောက်ကြားလိုက်ရတော့ သူ၏မျက်နှာမှာ ရှင်းမပြနိုင်လောက်အောင် နီမြန်းသွားရသည်။ ယွင်ရှဲ့က သူ့ကိုအပြုံးတစ်ပွင့်ဖြင့်ကြည့်လာပြီး မတ်တပ်ထကာ လမ်းဖယ်ပေးသည်။

ယွင်ရှဲ့က သူ့ကိုထိုသို့ကြည့်လာ၍ ယွီဖေ၏နှလုံးသားမှာ မဖော်ပြနိုင်လောက်အောင်ချမ်းစိမ့်သွားရသည်။ သူအလျင်စလိုဆောင့်ကြောင့်ထိုင်ချကာ ကိုယ်ထည်ကိုစစ်ဆေးလိုက်သည်။

ကျန်းရွှင်းယီ သူ့ကိုခေါ်ရခြင်းအကြောင်းရင်းမှာ ယွီဖေးသည် မာနမကြီးသည့်အပြင် ဘယ်တော့မှ မလိမ်ညာတတ်တာကြောင့်ပင်။ သူဟာ တကယ်ပဲ မျှော်လင့်ချက်များဖြင့်ကိုက်ညီသည်။ ကိုယ်ခန္ဓာကိုစစ်ဆေးပြီးနောက် သူခေတ္တတုံ့ဆိုင်းနေကာ နောက်ဆုံး၌ပြောလာခဲ့သည်။
"အခုလေးတင် ကျန်းရှစ်ရှုန်းပြောသွားတာ အကုန်မှန်ပါတယ်။ အကုန်လုံးက သေကြောင်းကြံစည်ခြင်းကို ညွှန်ပြနေတယ်၊ ဒါ.."

လေလွင့်ကျင့်ကြံသူဇီဟွေ့ကြည့်ရတာ မျှော်လင့်ချက်တစ်စွန်းတစ်စရသွားပုံရပြီး အလျင်စလိုပြောလာသည်။
"ဒါဘာဖြစ်လဲ။ မြန်မြန်ပြောလေ။"

ယွီဖေးက ရဲဆေးတင်ကာ အသံမြှင့်လိုက်သည်။
"သိုင်းပညာကျင့်ကြံနိုင်စွမ်းမရှိတဲ့နျဥ်ဖန်လိုမျိုး မိန်းမတစ်ယောက်က သူတို့ကိုသူတို့သေကြောင်းမကြံစည်ခင်မှာ ကြောက်ရွံ့ကြမှာပဲ။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်၊ သူတို့က မလုပ်ဆောင်ခင်မှာ အများအားဖြင့်ယုံကြည်မှုမရှိကြဘူး။ နောက်မှာကျန်ရစ်ခဲ့တဲ့အမာရွတ်တွေကို 'တုံ့ဆိုင်းခြင်းဒဏ်ရာများ'လို့ခေါ်တယ်။ ဒါပေမယ့် သူမမှာ တုံ့ဆိုင်းခြင်းဒဏ်ရာတွေမရှိဘူး။"

ယွင်ရှဲ့ဟာ ချက်ချင်းဖြေလိုက်သည်။
"ဒါက သူမရဲ့သေဆုံးဖို့ဆုံးဖြတ်ချက်ကိုပဲ ပြနိုင်တာ။ သူမက တကယ်ကို အားရွှင်းရဲ့လက်နဲ့မသေခဲ့ဘူး၊ ဒါကရှင်းပါတယ်၊ ဟုတ်တယ်မလား။"

ဒီတစ်ကြိမ်တွင်တော့ ယွီဖေးတစ်ယောက် တုံ့ဆိုင်းခြင်းမရှိပါပဲ ခေါင်းငြိမ့်ပြလာပါ၏။
"သံသယမရှိပါဘူး။"

အရှေ့၌ မတ်တပ်ရပ်နေသော သတ်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်က မျက်မှောင်ကြုတ်သည်။
"ဒါက နည်းနည်းထူးဆန်းတယ် - ကျန်းသခင်လေး၊ ကျုပ်မေးခွန်းတစ်ခုလောက် ထပ်မေးချင်ပါတယ်။ ဒီမိန်းမက မင်းကို မတိုင်ခင်ကတစ်ခါမှမတွေ့ခဲ့ဖူးပါဘူး။ ဒါပေမယ့် ဘာတရားမျှတမှုမှမရှိပဲနဲ့ မင်းကိုစွပ်စွဲဖို့အတွက် သူမက ဘာလို့သေသွားခဲ့တာလဲ။ သူမက သူမကိုယ်သူမ သေချာကြီးသတ်ပစ်သွားခဲ့တာ။"

ကျန်းရွှင်းယီ သူ့ကိုကြည့်လိုက်သည်။ ယွင်ရှဲ့ဟာ သူ့ဘေးကနေ ချက်ချင်းတီးတိုးပြောလာသည်။
"ချန်ဓမ္မဂိုဏ်းက ရှန်ချုန်"

ကျန်းရွှင်းယီချက်ချင်းပြောလိုက်သည်။
"ရှန်သူရဲကောင်းပြောတာမှန်ပါတယ်။ ဒီအချက်ကိုထောက်ဆရရင် ရွှင်းယီရဲ့စိတ်ထဲမှာလည်း တူညီတဲ့သံသယတွေရှိနေတာပါ။" သူတစ်ဖက်လှည့်ကာ အချိန်အကြာကြီးစကားမပြောပဲနေနေသော အဖိုးအိုကိုကြည့်လိုက်သည်။
"ဦးလေးချန်၊ ကျွန်တော် ခင်ဗျားကို အမြဲရိုသေလေးစားခဲ့တာပါ။ တရားမျှတမှုမရှိပဲနဲ့ ဘာလို့များ ခင်ဗျား ကျုပ်ကိုအပုပ်ချချင်ရတာလဲ။ အဲ့ဒီ့ညက ချိုးရှစ်ကျဲက တကယ်ပဲကျွန်တော့်အခန်းထဲက ပြေးထွက်လာတာလား။ ခင်ဗျားထုတ်ပြလာတဲ့ကျွန်တော့်ရဲ့ဝတ်ရုံအပိုင်းအစက တကယ်ပဲသူမဆီကလား။"

ဦးလေးချန်၏မျက်နှာဟာ ဖြူဖျော့နေသော်ငြား၊ သူက စကားပြောလာဖို့ရန် တုံ့ဆိုင်းမနေပါချေ။
"ကျုပ်မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာ။ ကျိန်းသေပေါက် မမှားပါဘူး။"

ကျန်းရွှင်းယီဟာ စိတ်ပျက်မှုတစ်စွန်းတစ်စဖြင့် သူ့ကိုကြည့်မိသည်။ ယွင်ရှဲ့ချက်ချင်းဝင်ပြောလိုက်သည်။
"ဒါကကိုင်တွယ်ဖို့လွယ်ပါတယ်။ ကိစ္စကဒီလိုဆိုမှတော့၊ ချိုးရှစ်ကျဲနဲ့ ဦးလေးချန်က ဖြစ်ခဲ့တဲ့ကိစ္စကို ကျေးဇူးပြုပြီးနှိုင်းယှဥ်ကြည့်ကြပါ။ အကယ်၍ အသေးစိတ်ကအစ ကိုက်ညီတယ်ဆိုရင် ကျွန်တော်တို့ မင်းတို့ရဲ့စကားတွေကိုနားထောင်ပေးပါ့မယ်။"

ယွင်ရှဲ့စကားကိုကြားလိုက်ကြလေရာ ဖုန်ရွှယ်တစ်ယောက် သူ့ဘေးတွင်မတ်တပ်ရပ်နေသော သူ့သမီးဖြစ်သူဖုန်ချိုးကိုချက်ချင်းဆွဲမိသည်။ အသံနိမ့်နိမ့်လေးဖြင့် သူဖုန်ချိုးကိုမေးလိုက်သည်။
"မင်းသေချာရဲ့လား။"

ဖုန်ချိုးဟာ ဒါကိုအသိအမှတ်မပြုသည့်အလား ဖြေးဖြေးချင်းမျက်မှောင်ကြုတ်ကာ သူမ၏ဖခင်ကို ဗလာသက်သက်မျက်ဝန်းများဖြင့်ကြည့်ပြီးနောက် လူအုပ်အလယ်တွင်ရပ်နေသော လူနှစ်ယောက်ထံ ​ဖြေးညှင်းစွာကြည့်လိုက်သည်။ ကျန်းရွှင်းယီသည် လက်နောက်ပစ်ကာ မတ်မတ်ရပ်နေပြီး သူ၏ဘေးတွင်တော့ ယွင်ရှဲ့တစ်ယောက်ဟာ လက်ပိုက်လျက်ပင် ပျင်းရိပျင်းတွဲရပ်နေကာ မျက်နှာအမူအရာကတော့ သာမန်ကာလျှံကာပါပင်။ သို့သော်ငြား၊ သင်ဒီအကြောင်းတွေးကြည့်လျှင်၊ သူဟာ ကျန်းရွှင်းယီ၏နံဘေး၌ ခြေလှမ်းတစ်ဝက်အကွာမှာသာ အမြဲလိုလိုရှိနေသည်မှာ ကျန်းရွှင်းယီရောက်လာသည်နှင့် တစ်ခြားတစ်ယောက်က သူ့ကိုရှာနိုင်မည်မှာ ကျိန်းသေနေသည့်အတိုင်းပင်၊ ကျန်းရွှင်းယီဘေးနားတွင် အမြဲတမ်းလိုက်ပါလာသည်။

"အဖေ" ဖုန်ချိုးက ရုတ်တရက်အသံနိမ့်လိုက်သည်။
"အဲ့ဒီ့အချိန်တုန်းက...အဖေ ကျွန်မကိုပြောခဲ့တာတွေအားလုံးက အမှန်တွေလား။"

ဖုန်ရွှယ်ချက်ချင်းရှုးရှုးရှဲရှဲဖြစ်သွားသည်။
"ငါတို့ဒီအထိတောင်ရောက်လာပြီးပြီပဲ၊ အခုအချိန်ကျမှ နင်ကဘာလုပ်ချင်လို့လဲ။"

သို့ဖြစ်ပါလျက်၊ ယွင်ရှဲ့ဟာ အလျင်မလိုပါပဲ သူမဆီလျှောက်လာနေပြီဖြစ်တာကြောင့် ဖုန်ချိုးမှာဖြေဖို့ရန်အချိန်မရှိလိုက်ပါချေ။ ယွင်ရှဲ့အပြုံးမပွင့်တပွင့်ဖြင့်ပြောလိုက်သည်။
"ချိုးရှစ်ကျဲ"

ဖုန်ချိုးက သူ့ကိုကြည့်မိလေရာ ခပ်လှမ်းလှမ်းမှ သူမကိုကြည့်နေသောကျန်းရွှင်းယီကိုမြင်လိုက်သည်။ သို့ပေမယ့် ပုံမှန်လိုမဟုတ်ပါပဲ သူသည် သူမအနားသို့ချဥ်းကပ်မလာပါချေ။ဖုန်ချိုး၏နှလုံးသားထဲ၌ ခါးသီးမှုပေါ်ပေါက်လာကာ သူမခေါင်းလှည့်ပြီးပြောလိုက်သည်။
"အားရှဲ့"

ယွင်ရှဲ့ဟာ နှုတ်ခမ်းပေါ်၌ ညင်သာသောအပြုံးတစ်ပွင့်ပန်ဆင်ထားရင်း ခေါင်းငြိမ့်ပြသည်။ သူ၏သိမ်မွေ့​ခြင်းမှာ အမှန်စင်စင်ပင် ပြိုင်ဘက်ကင်းလွန်းလှ၏။ ယွင်ရှဲ့ဟာ ဖုန်ချိုးကိုစိုက်ကြည့်ကာ သေချာသောလေသံဖြင့်ပြောလိုက်သည်။
"ချိုးရှစ်ကျဲ၊ တကယ်တော့၊ အစ်မရဲ့ခံစားချက်တွေက အတုအယောင်မဟုတ်ဘူးဆိုတာ ကျွန်တော်လည်းသိပါတယ်။ အားရွှင်းနဲ့ကျွန်တော်က အစ်မကို ဒီအဖြစ်အပျက်အကြောင်း ထပ်ပြီးမေးရတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက အားရွှင်းနဲ့ဂုဏ်သိက္ခာနဲ့ဆိုင်နေတယ်လေ၊ အဲ့ဒီ့တော့ ကျွန်တော်တို့ ဂရုမစိုက်လို့မရဘူး၊ အဲ့ဒါကြောင့်.... ဦးလေးချန်ပြောတာနဲ့ကိုက်ညီလားဆိုတာကို စစ်ဆေးကြည့်ဖို့ ချိုးရှစ်ကျဲခွင့်ပြုနိုင်မလားမသိဘူး။"

သူ၏စကားလုံးများသည် စိတ်သက်သာရာရစေသလို အတွေးလဲကြွယ်ဝလှသည်။ သို့ပေမယ့် သူဟာ တကယ်တမ်း ဖုန်ချိုး၏ထင်မြင်ချက်ကို နားထောင်ဖို့ရာ အစီအစဥ်မရှိချေ။ သူ့လက်တွေကိုမြှောက်ကာ 'ကျေးဇူးပြုပြီး'ဆိုသည့် အမူအရာကို ဖုန်ချိုးထံပြုလုပ်ပြလိုက်သည်။

ဖုန်ချိုးသည် စောစီးပိုင်းအသက်အရွယ်ကတည်းက ယွင်ရှဲ့ကိုချစ်မြတ်နိုးခဲ့လေရာ ဤကဲ့သို့ညင်သာမှုမျိုးကို မတောင့်ခံနိုင်ပါချေ။ သူမဟာ အရှေ့ကိုနှစ်လှမ်းတိုးလိုက်မိလေရာ ဖုန်ရွှယ်၏ရုတ်တရက်ဆွဲခြင်းခံရပြီးနောက် ဖုန်ရွှယ်တစ်ယောက်ဒေါသတကြီးပြောလာတော့သည်။
"ချိုးအာ"

ယွင်ရှဲ့မျက်ခုံးပင့်လိုက်မိသည်။ ဖုန်ရွှယ်က သူ့ကိုလှည့်ကြည့်ကာပြောလာသည်။
"ယွင်ဂိုဏ်းချုပ်၊ ကျုပ်ရဲ့သမီးလေးက ကျန်းရွှင်းယီနဲ့နီးနီးကပ်ကပ်မနေချင်ပါဘူး။ ဒါကြောင့် ဒါကိုတွေးတောပြီးတော့ ဒီကနေပဲ စကားပြောစေချင်ပါတယ်။"

ယွင်ရှဲ့ဟာ သူ့ကို 'အရူးလေး'၊ 'အနံ့ခံကောင်းတဲ့ကလေး'ဟူ၍ အမြဲတမ်းခေါ်လေ့ရှိသော်ငြား၊ သူ့ဘဝတွင် လက်မခံနိုင်ဆုံးအရာကတော့ တစ်ခြားသူများက ကျန်းရွှင်းယီကို ကဲ့ရဲ့တာပင်ဖြစ်၏။ သူချက်ချင်းဒေါသထွက်သွားကာ ရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောမိသည်။
"ဖုန်မိသားစုခေါင်၊ ခင်ဗျားစကားတွေက ဘာကိုဆိုလိုချင်တာလဲ။ 'ကျန်းရွှင်းယီနဲ့ အရမ်းမနီးကပ်ချင်ဘူး'ဆိုတာက ဘာများလဲ။ ကျန်းရွှင်းယီက မတိုင်းတာနိုင်လောက်အောင်ချောမောပြီးတော့ ကျိန်းသေပေါက်မိန်းမောတွေဝေစေနိုင်တယ်။ ဒီကမ္ဘာပေါ်မှာအဲ့ဒါကိုမသိတဲ့သူဘယ်မှာရှိလို့လဲ။ ဘာကြောင့်များ ကျန်းရွှင်းယီနဲ့နီးနီးကပ်ကပ်မနေချင်ရတာလဲ။"

ဖုန်ရွှယ်ဟာ ကနဦးအစ၌ ဖုန်ချိုး၏အတွေ့အကြုံကို ထပ်မံအသုံးချဖို့ရည်ရွယ်ထားကာ ၎င်းအား ဆိုးဝါးသောမှတ်ဉာဏ်အဖြစ် ရောင်းချချင်တာဖြစ်သည်။ သို့ပေမယ့် ဘယ်လိုဖြစ်ပြီး သူယွင်ရှဲ့ကို ဒေါသထွက်သွားစေမိလဲဆိုတာ မသိလိုက်ချေ။ ငြင်းဆန်ခြင်းက သူ၏ပါးစပ်ကိုပွင့်ဟစေကာ တစ်ခဏလောက် သူပြောစရာစကားမဲ့သွားရသည်။

ဖုန်ချိုးသည် အခွင့်ကောင်းယူကာ အရှေ့ကိုလှမ်းလာရင်း တီးတိုးပြော၏။
"အားရှဲ့၊ မင်းကို အရင်ဆုံးမေးခွန်းတစ်ခုမေးချင်တယ်။"

ယွင်ရှဲ့ဟာ တကယ်တမ်း သူမကိုအရမ်းဒေါသထွက်နေတာပင်။ ဒါပေမယ့် စောစီးပိုင်းကတည်းက ​ကြည့်ကောင်းမည့်အစီအစဥ်လှလှလေးတစ်ခုကို စီစဥ်ထားပြီးဖြစ်လေ​ရာ ၎င်းသည် ယခုထိမပြီးမြောက်သေးတာကြောင့် သူ့မျက်နှာကိုချက်ချင်းပြောင်းလဲပစ်ဖို့ရာ မဖြစ်နိုင်သေး။
"ကျေးဇူးပြုပြီးပြောပါ။"

သူ၏နှုတ်ခမ်းထက်တွင် အပြုံးလေးရှိနေဆဲဖြစ်ပြီး သူ၏အသံကလည်း နူးညံ့ညင်သာနေပေမယ့် သူ့မျက်လုံးကတော့ အေးစက်နေသည်။ ကံကောင်းသည်က ဖုန်ချိုးသည် သူ့မျက်လုံးများကိုမကြည့်ပါပဲ၊ ထိုအစား သူမ၏အသံကိုပိုလို့တောင်တိုးလျလိုက်သေးသည်။
"အားရှဲ့၊ မင်းဘာလို့ ရွှင်းယီအပေါ်အရမ်းကောင်းတာလဲဟင်။"

ဒါက ဘယ်လိုမေးခွန်းမျိုးကြီးလဲ။ ယွင်ရှဲ့တစ်ယောက် အံ့သြစွာဖြင့်မျက်ခုံးပင့်လိုက်မိသည်။ ထိုအချိန်ခဏ၌၊ ဖုန်ချိုးများ ရိပ်မိသွားတာလားလို့ သူတွေးမိလုနီးပါးပင်။ ဒါပေမယ့် မကြာခင်မှာပဲ သူအတွေးလွန်နေတာဖြစ်ကြောင်းသိလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်ချိုးကထပ်မံရေရွတ်နေတာကြောင့်ပင်။
"စိတ်ဝိညာဥ်စင်မြင့်ကျောက်စိမ်းညီနောင်က ခွဲခြားလို့မရနိုင်ဘူး၊ မင်းရဲ့ညီအစ်ကိုချစ်ခြင်းက လက်တွေနဲ့ခြေဖဝါးကြားက ဆက်နွယ်မှုလိုမျိုးဆိုပေမယ့် ယန်ရှန်းဂိုဏ်းနဲ့ လင်းယင်ဂိုဏ်းက ကွဲပြားတဲ့ဂိုဏ်းနှစ်ခုပဲ။ မင်းတို့ရဲ့စိတ်ဝင်စားမှုတွေအားလုံးက အတိအကျကိုတူညီနေမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ မင်းတို့နှစ်​ယောက်၊ မင်းသူ့ကိုဆက်ဆံတဲ့ပုံစံ...မင်းကိုယ်မင်း ဒီလောက်အထိအနစ်နာခံဖို့ တကယ်လိုအပ်လို့လား။ အကယ်၍ ကျန်းရွှင်းယီသာမရှိတော့ရင် ဒီငယ်ရွယ်တဲ့မျိုးဆက်သစ်တွေကို မင်းအုပ်ချုပ်နိုင်လိမ့်မယ်လို့ မင်းတွေးကြည့်ဖူးရဲ့လား..."

အစကတည်းက ယွင်ရှဲ့တွင် မယုံကြည်နိုင်သည့်အမူအရာရှိနေလေရာ နောက်ဆုံးစကားတွေကိုကြားလိုက်ရသည်နှင့် သူ၏မျက်နှာက တဖြည်းဖြည်းချင်းပင် ပို၍လေးနက်လာတော့သည်။ သူဖုန်ချိုးကိုနှောင့်ယှက်လိုက်သည်။
"အစ်မဒါကို ကိုယ့်ဘာသာကိုယ်တွေးမိတာမဖြစ်နိုင်ဘူး။ ဘယ်သူအစ်မကိုပြောခဲ့တာလဲ။"

______________________________________

အခန္း(၄၈) တစ္ဦး၏အမွားကို ဖုံးကြယ္ေပးျခင္း

ယန္ရွန္းဂိုဏ္း၏နည္းလမ္းသည္ ဝိညာဥ္ျမႇင့္တင္ျခင္းျဖစ္၏။ ယြင္ရွဲ႕တစ္ေယာက္ ဒါကိုေျပာလာသည္မွာ အံ့ၾသစရာမဟုတ္။ သို႔ေပမယ့္ ဆရာေတာ္ဝူရွို႔က ေျဖးေျဖးခ်င္းတုံ႕ျပန္လာသည္။
"ဒကာေလးယြင္၊ ဆရာေတာ္ ေမးခြန္းနည္းနည္းေလာက္ပိုၿပီးေမးရပါလိမ့္မယ္။ အခုဆိုရင္ နဥ္ဖန္ကြယ္လြန္သြားခဲ့တာ ၇ရက်တောင်ကျော်လွန်ပြီးသွားခဲ့ပြီ။ အကယ္၍ ျပန္လည္ဝင္စားျခင္းမျဖစ္ေျမာက္ခဲ့ဘူးဆိုရင္ေတာင္မွ ဝိညာဥ္ကေတာ့ မေသခင္ျဖစ္ပ်က္ခဲ့သမွ်ကိစၥေတြကို ေမ့သြားေလာက္ၿပီ။ ဒကာေလး ဘယ္လိုေမးမွာပါလဲ။"

ယြင္ရွဲ႕ဟာ က်န္း႐ႊင္းယီကို လက္အမူအရာျပ၍ သူ႕ဓားကိုလွမ္းေပးဖို႔ရာ အခ်က္ျပလိုက္ၿပီး ဆရာေတာ္ဝူရွို႔ကို ေလွ်ာက္တင္လိုက္သည္။
"ဆရာေတာ္၊ နဥ္ဖန္မေသခင္တုန္းက ျဖစ္ပ်က္ခဲ့တဲ့အရာေတြအေၾကာင္းကို တပည့္ေတာ္ေသခ်ာမသိပါဘူး။ ဒါေပမယ့္ ျပည့္တန္ဆာျဖစ္ျခင္းနဲ႕ လိမ္လည္တတ္တဲ့လွ်ာဖ်ားရွိတဲ့ ျပစ္မႈႏွစ္ခုကေတာ့ သူမအတြက္ ျပန္လည္ဝင္စားျခင္းျမန္ျမန္ျဖစ္ေျမာက္ေအာင္ အရည္အခ်င္းျပည့္မွီဖို႔ဆိုတာ မျဖစ္နိုင္ပါဘူး။ သူမစကားမေျပာနိုင္ရင္ေတာင္မွ သူမရဲ႕ဝိညာဥ္က သူမေသဆုံးသြားတုန္းကနဲ႕ တစ္ပုံစံတည္းက်န္ရစ္ေနပါလိမ့္မယ္။ အၾကည့္တစ္ခ်က္နဲ႕တင္ တပည့္ေတာ္တို႔ အမွန္တရားကိုသိရပါလိမ့္မယ္။"

ဆရာေတာ္ဝူရွို႔ကား ေခါင္းၿငိမ့္၍ မည္သည့္စကားမွ်ထပ္မဆိုေလေတာ့။ က်န္း႐ႊင္းယီသည္ ဓားရိုးကိုကိုင္ထားကာ မဲ့ဟြာဓားအား ယြင္ရွဲ႕ဆီသို႔ ကမ္းေပးၿပီးေနာက္ အေနာက္သို႔ေျခတစ္လွမ္းဆုတ္ေန၏။

ယြင္ရွဲ႕ဟာ ညာဘက္လက္တြင္ မဲ့ဟြားဓားကို ကိုင္ေဆာင္ထားၿပီး သူ၏ဘယ္ဘက္လက္ရွိ ေထာင္ထားေသာ လက္ေခ်ာင္းႏွစ္ေခ်ာင္းကို အတူတကြပူးကပ္ထားသည္။ သူ၏လက္ေခ်ာင္းမ်ားဟာ ဓားသြားတစ္ေလွ်ာက္ ေဘးတိုက္ပြတ္ဆြဲသြား၏။ ျပာေဖ်ာ့ေဖ်ာ့အလင္းေရာင္တို႔က ဓားထက္တြင္ ႐ုတ္ျခည္းေပၚထြက္လာသည္။ ထို႔ေနာက္ ယြင္ရွဲ႕သည္ သူ၏လက္ေခ်ာင္းမ်ားကို အနည္းငယ္လွီးလိုက္ကာ ေသြးမ်ားကိုအသုံးျပဳ၍ ဓားသြားေပၚတြင္ စာလုံးႏွစ္ေၾကာင္းကို အလ်င္အျမန္ေရးထြင္း၏။ ေသြးႏွင့္အျပာေရာင္အလင္းတို႔၏ေပါင္းစပ္မႈက မေဖာ္ျပနိုင္ေလာက္ေသာ အထူးတဆန္းအလွတရားတစ္မ်ိဳးကို ေဖာ္က်ဴးေနသည္။ ၾကည့္ရႈေနေသာလူတိုင္း၏မ်က္စိေအာက္တြင္၊ ယြင္ရွဲ႕သည္ ဓားကိုေျမႀကီးထဲတြင္ ထိုးစိုက္လိုက္၏။ သူ၏လက္ေခ်ာင္းမ်ားကေတာ့ ခ်ိပ္စည္းအသြင္ ျဖစ္တည္ေနကာ သူေအာ္လိုက္သည္။
"ဝိညာဥ္ထြက္လာစမ္း!"

ဓားသြားထက္ရွိ ႂကြ႐ြေနေသာစာလုံးတို႔သည္ ေျမဆီလႊာထဲသို႔ စိမ့္ဝင္နစ္ျမဳပ္သြားပုံမွာ ၎တို႔သည္ အသက္ရွိေနသည့္အလား၊ ကမၻာေျမႀကီးကား ပြက္ပြက္ဆူေနေသာေရႏြေးသဖြယ္ ငိုေႂကြးျမည္တမ္းေနသည့္အတိုင္းပင္၊ လႈပ္ရွားမႈအားလုံးမၿငိမ္သက္သြားခင္၌ တစ္ခဏမွ်ထိုသို႔သံစုံထြက္ေန၏။

ဝိညာဥ္ေခၚဆိုျခင္းဟူသည့္ နည္းလမ္းမွာ ယန္ရွန္းဂိုဏ္း၏မေျပာအပ္ေသာလ်ိဳ႕ဝွက္ခ်က္္တစ္ခုျဖစ္၏။ လူအမ်ားစုဟာ ၎အေၾကာင္း ၾကားဖူးနားဝရွိေသာ္ျငား၊ လူနည္းစုဟာ မ်က္စိျဖင့္ကိုယ္တိုင္ကိုယ္က်ျမင္ဖူးၾကသည္။ အခ်ိန္တစ္ခဏေလာက္ၾကာၿပီးေနာက္မွာ မည္သည္တုံ႕ျပန္မႈမွရွိမလာေၾကာင္း သူတို႔ျမင္လိုက္ၾက၍ လူတိုင္းဟာ စိတ္မရွည္သလိုခံစားလာရၿပီျဖစ္သည္။ သို႔ျဖစ္ပါလ်က္၊ ေလးနက္ေသာအမူအရာျဖင့္ယြင္ရွဲ႕တစ္ေယာက္ ေျမႀကီးကိုသာ မလြဲမေသြစိုက္ၾကည့္ေနျခင္းကား လူတိုင္း၏စိတ္ကိုအတတ္နိုင္ဆုံးဖိအားေပးဆြဲဆန့္ထားေစ၏။

ေခတၱမွ်ၾကာၿပီးေနာက္၊ ႐ုတ္ျခည္းပင္ 'ကာခ်ာ'ဟူသည့္အသံထြက္ေပၚလာကာ ေျမႀကီးသည္ ႏွစ္ျခမ္းကြဲသြားၿပီး အေပါက္ႀကီးတစ္ေပါက္ျဖစ္တည္လာသည္။ ထုံထိုင္းထိုင္းပုံစံျဖင့္ဝိညာဥ္တစ္ခုဟာ လူတိုင္း၏ေရွ႕ေမွာက္တြင္ ေပၚေပါက္လာ၏။

က်န္း႐ႊင္းယီအနီးကပ္ၾကည့္မိေလရာ ဝိညာဥ္၏ခႏၶာကိုယ္တစ္ခုလုံးတြင္ သံႀကိဳးမ်ားျဖင့္ ကာရံထားေသာ္လည္း ႐ုပ္ရည္သြင္ျပင္မွာမူ အလုံးစုံမေျပာင္းလဲတာကို ျမင္လိုက္ရသည္။ ၎မွာ နဥ္ဖန္ျဖစ္၏။

ယြင္ရွဲ႕ဟာ သံႀကိဳးမ်ားကိုၾကည့္၍ ေျပာလိုက္၏။
"သူမက တကယ္ကို ေသေၾကာင္းႀကံစည္ျခင္းအျပစ္ကို က်ဴးလြန္ခဲ့တာပဲ။ သူမက သံႀကိဳးျပစ္ဒဏ္ကို ခံစားေနရတဲ့အတိုင္းပဲ။"
သူဒါကိုေျပာလိုက္ေသာ္လည္း၊ ဤစကားလုံးအနည္းငယ္ေလးျဖင့္ တစ္ျခားသူမ်ားက သူ႕ကိုယုံၾကည္လာမည္ဟု သူမေမွ်ာ္လင့္ထားေပ။ သူအေရွ႕ကိုတိုးသြားကာ အနည္းငယ္လႈပ္ရွားလိုက္၏။ ဝိညာဥ္၏ကိုယ္ခႏၶာတစ္ဝိုက္ရွိ သံႀကိဳးမ်ားမွာ ဆြဲျဖဳတ္ခံလိုက္ရကာ နဥ္ဖန္၏ရင္ဘတ္တည့္တည့္၌ ဓားျမႇောင္စိုက္ဝင္ထားေသာဒဏ္ရာမွာ ရွင္းလင္းသိသာစြာ လူတိုင္းျမင္ေတြ႕နိုင္သည္။

ဒါဟာ ဝိညာဥ္တစ္ခုျဖစ္ေသာ္ျငား၊ ၎သည္ မိန္းမတစ္ေယာက္၏ဝိညာဥ္ျဖစ္ေနဆဲပင္။ သို႔ျဖစ္ပါလ်က္၊ ယြင္ရွဲ႕မွာမူ ဒါကိုဂ႐ုစိုက္ပုံမရ။ သူသည္ ေဆာင့္ေၾကာင့္ထိုင္ခ်ကာ ဝိညာဥ္ကိုဆြဲယူ၍ ဒဏ္ရာကို လူတိုင္းအားျပသလိုက္၏။ ရင္းႏွီးကြၽမ္းဝင္လွေသာ သေရာ္ၿပဳံးဟာ သူ၏ႏႈတ္ခမ္းထက္တြင္ သမရိုးက်ေပၚထြက္လာျပန္သည္။
"ဒါကေရာဘယ္လိုလဲ..အားလုံးပဲ၊ သတိထားမိၾကရဲ႕လား။"

မည္သူကမွ်ျပန္မေျဖၾက။ က်န္း႐ႊင္းယီက လက္ပိုက္လ်က္သားျဖင့္ မတ္တပ္ရပ္လိုက္ကာ ေဘးကေနၾကည့္လာသည္။ သူဟာ ေပါ့ေပါ့ပါးပါးေျပာလာခဲ့သည္။
"အကယ္၍ ဓားျမႇောင္ေၾကာင့္ျဖစ္ေပၚလာတဲ့ဒဏ္ရာက ေသေၾကာင္းႀကံစည္ျခင္းကသာဆိုရင္၊ အဲ့ဒါက ညာဘက္ကိုအနည္းငယ္သြားလိမ့္မယ္။ နက္ရာကေန တိမ္သြားမွာပဲ။"
က်န္း႐ႊင္းယီ သာမန္ကာလွ်ံကာျဖင့္ လက္ဟန္အမူအရာျပလိုက္သည္။
"က်ဳပ္က နဥ္ဖန္ထက္အရပ္ရွည္တယ္။ တကယ္လို႔ သူမက က်ဴပ္ထိုးတာခံလိုက္ရတာဆိုရင္ ဒဏ္ရာက ေအာက္ဖက္ကိုနိမ့္ဆင္းသြားသင့္တယ္၊ အေပၚယံတိမ္ရာကေန နက္ရာသြားမွာေပါ့။"

သူေျပာသည့္အတိုင္း၊ ယြင္ရွဲ႕ဟာ သူ၏စကားလုံးမ်ားကို သက္ေသျပသည္။ က်န္း႐ႊင္းယီ၏မ်က္လုံးမ်ားမွာ လူအုပ္ႀကီးအေပၚ ျဖတ္သန္းသြားၿပီးေနာက္ ပိန္သြယ္သြယ္ေကာင္ေလးတစ္ေယာက္ကို လက္ညွိုးထိုးကာ က်ယ္ေလာင္ေသာအသံျဖင့္ေျပာလိုက္သည္။
"ယြီေဖး၊ မင္းအေဖက အေလာင္းခြဲစိတ္စစ္ေဆးရာမွာ ကမၻာေက်ာ္တယ္ဆိုတာ ငါမွတ္မိေသးတယ္။ ၿပီးေတာ့ မင္းကလဲ အဲ့ဒီ့နယ္ပယ္ကိုေလ့လာသင္ယူေနတယ္ဆိုတာကိုပါ ငါသိတယ္။ မင္းဒီကိုလာၿပီး ငါမွန္ရဲ႕လားဆိုတာ ၾကည့္ေပးနိုင္မလား။"

ယြီေဖးသည္ သတိမမူမိစြာပင္ လူအုပ္ႀကီးထဲတြင္ ပုန္းကြယ္ေနရင္း သူ၏နာမည္ကို ႐ုတ္တရက္ၾကားလိုက္ရ၍ ထိတ္လန့္သြားေတာ့၏။ သူက က်န္း႐ႊင္းယီကိုၾကည့္လာသည္။ သူ၏မ်က္လုံးမ်ားဟာ အံ့ၾသျခင္းႏွင့္ သံသယမ်ားျဖင့္ ရႈပ္ေထြးစြာေရာယွက္ေနေၾကာင္း ျပသလာသည္။

သူဟာ ကနဦးအစကတည္းက ပိလင္ဂိုဏ္း၏တပည့္ဂိုဏ္းသားတစ္ေယာက္ျဖစ္သည္။ သို႔ေပမယ့္ ယြင္ရွဲ႕ႏွင့္က်န္း႐ႊင္းယီတို႔ႏွစ္ေယာက္မွာ သူငယ္စဥ္ကတည္းက သူ၏အႀကီးမားဆုံးစံျပနမူနာမ်ားျဖစ္ခဲ့ၾကသည္။ က်န္း႐ႊင္းယီက ဤကဲ့သို႔တစ္စုံတစ္ခုထဲ၌ ပါဝင္ပတ္သတ္ေနလိမ့္မည္ဟု သူစိတ္ေတာင္မကူးခဲ့မိေခ်။ သူဒါကို ပထမဆုံးစစၾကားတုန္းကဆိုလွ်င္၊ သူ႕ႏွလုံးသားမွာ လိမ္လည္လွည့္စားခံရ၍ ေဒါသအျပည့္ျဖစ္ခဲ့သည္။ သို႔ျဖစ္၍၊ အခ်ိန္မ်ားကုန္လြန္ျဖတ္သန္းသြားသည္ႏွင့္ သူ၏သံသယမ်ားျမင့္တက္လာကာ က်န္း႐ႊင္းယီက ထိုသို႔တစ္စုံတစ္ရာကို လုပ္ခဲ့ပုံမေပၚေပ။

သူ႕နာမည္ကို က်န္း႐ႊင္းယီမွတ္မိေနအုံးမည္ဟု သူမေမွ်ာ္လင့္ထားခဲ့ေခ်။ သူမတ္တပ္ရပ္လိုက္ခ်ိန္၌၊ သူ၏ႏွလုံးသားမွာ ဖိႏွိပ္ဖို႔ရာခဲယဥ္းလွေသာ ရႈပ္ေထြးေသာခံစားခ်က္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။

က်န္း႐ႊင္းယီဟာ သဘာဝအရပင္ သူဘာေတြးေနလဲဆိုတာကို မသိပါေခ်။ ယြီေဖးထြက္လာေနစဥ္၊ က်န္း႐ႊင္းယီက ယြီေဖးအတြက္ ေနရာနည္းနည္းေပးဖို႔ရာ ယြင္ရွဲ႕ကို အမူအရာျပလိုက္သည္။
"ယြီရွစ္တိ၊ မင္းကိုဒုကၡေပးမိပါၿပီ။"

သူ၏ဂုဏ္သတင္းဟာ ပ်က္ဆီးသြားၿပီျဖစ္ေသာ္ျငား၊ က်န္း႐ႊင္းယီကား သူ၏အိုင္ေဒါလ္ျဖစ္ေနဆဲပါပင္။ က်န္း႐ႊင္းယီဒါကိုေျပာလာသည္ကို ယြီေဖးတစ္ေယာက္ၾကားလိုက္ရေတာ့ သူ၏မ်က္ႏွာမွာ ရွင္းမျပနိုင္ေလာက္ေအာင္ နီျမန္းသြားရသည္။ ယြင္ရွဲ႕က သူ႕ကိုအၿပဳံးတစ္ပြင့္ျဖင့္ၾကည့္လာၿပီး မတ္တပ္ထကာ လမ္းဖယ္ေပးသည္။

ယြင္ရွဲ႕က သူ႕ကိုထိုသို႔ၾကည့္လာ၍ ယြီေဖ၏ႏွလုံးသားမွာ မေဖာ္ျပနိုင္ေလာက္ေအာင္ခ်မ္းစိမ့္သြားရသည္။ သူအလ်င္စလိုေဆာင့္ေၾကာင့္ထိုင္ခ်ကာ ကိုယ္ထည္ကိုစစ္ေဆးလိုက္သည္။

က်န္း႐ႊင္းယီ သူ႕ကိုေခၚရျခင္းအေၾကာင္းရင္းမွာ ယြီေဖးသည္ မာနမႀကီးသည့္အျပင္ ဘယ္ေတာ့မွ မလိမ္ညာတတ္တာေၾကာင့္ပင္။ သူဟာ တကယ္ပဲ ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ကိုက္ညီသည္။ ကိုယ္ခႏၶာကိုစစ္ေဆးၿပီးေနာက္ သူေခတၱတုံ႕ဆိုင္းေနကာ ေနာက္ဆုံး၌ေျပာလာခဲ့သည္။
"အခုေလးတင္ က်န္းရွစ္ရႈန္းေျပာသြားတာ အကုန္မွန္ပါတယ္။ အကုန္လုံးက ေသေၾကာင္းႀကံစည္ျခင္းကို ၫႊန္ျပေနတယ္၊ ဒါ.."

ေလလြင့္က်င့္ႀကံသူဇီေဟြ႕ၾကည့္ရတာ ေမွ်ာ္လင့္ခ်က္တစ္စြန္းတစ္စရသြားပုံရၿပီး အလ်င္စလိုေျပာလာသည္။
"ဒါဘာျဖစ္လဲ။ ျမန္ျမန္ေျပာေလ။"

ယြီေဖးက ရဲေဆးတင္ကာ အသံျမႇင့္လိုက္သည္။
"သိုင္းပညာက်င့္ႀကံနိုင္စြမ္းမရွိတဲ့န်ဥ္ဖန္လိုမ်ိဳး မိန္းမတစ္ေယာက္က သူတို႔ကိုသူတို႔ေသေၾကာင္းမႀကံစည္ခင္မွာ ေၾကာက္႐ြံ႕ၾကမွာပဲ။ ေယဘုယ်အားျဖင့္ေျပာရမယ္ဆိုရင္၊ သူတို႔က မလုပ္ေဆာင္ခင္မွာ အမ်ားအားျဖင့္ယုံၾကည္မႈမရွိၾကဘူး။ ေနာက္မွာက်န္ရစ္ခဲ့တဲ့အမာ႐ြတ္ေတြကို 'တုံ႕ဆိုင္းျခင္းဒဏ္ရာမ်ား'လို႔ေခၚတယ္။ ဒါေပမယ့္ သူမမွာ တုံ႕ဆိုင္းျခင္းဒဏ္ရာေတြမရွိဘူး။"

ယြင္ရွဲ႕ဟာ ခ်က္ခ်င္းေျဖလိုက္သည္။
"ဒါက သူမရဲ႕ေသဆုံးဖို႔ဆုံးျဖတ္ခ်က္ကိုပဲ ျပနိုင္တာ။ သူမက တကယ္ကို အား႐ႊင္းရဲ႕လက္နဲ႕မေသခဲ့ဘူး၊ ဒါကရွင္းပါတယ္၊ ဟုတ္တယ္မလား။"

ဒီတစ္ႀကိမ္တြင္ေတာ့ ယြီေဖးတစ္ေယာက္ တုံ႕ဆိုင္းျခင္းမရွိပါပဲ ေခါင္းၿငိမ့္ျပလာပါ၏။
"သံသယမရွိပါဘူး။"

အေရွ႕၌ မတ္တပ္ရပ္ေနေသာ သတ္လတ္ပိုင္းအ႐ြယ္ေယာက္်ားတစ္ေယာက္က မ်က္ေမွာင္ၾကဳတ္သည္။
"ဒါက နည္းနည္းထူးဆန္းတယ္ - က်န္းသခင္ေလး၊ က်ဳပ္ေမးခြန္းတစ္ခုေလာက္ ထပ္ေမးခ်င္ပါတယ္။ ဒီမိန္းမက မင္းကို မတိုင္ခင္ကတစ္ခါမွမေတြ႕ခဲ့ဖူးပါဘူး။ ဒါေပမယ့္ ဘာတရားမွ်တမႈမွမရွိပဲနဲ႕ မင္းကိုစြပ္စြဲဖို႔အတြက္ သူမက ဘာလို႔ေသသြားခဲ့တာလဲ။ သူမက သူမကိုယ္သူမ ေသခ်ာႀကီးသတ္ပစ္သြားခဲ့တာ။"

က်န္း႐ႊင္းယီ သူ႕ကိုၾကည့္လိုက္သည္။ ယြင္ရွဲ႕ဟာ သူ႕ေဘးကေန ခ်က္ခ်င္းတီးတိုးေျပာလာသည္။
"ခ်န္ဓမၼဂိုဏ္းက ရွန္ခ်ဳန္"

က်န္း႐ႊင္းယီခ်က္ခ်င္းေျပာလိုက္သည္။
"ရွန္သူရဲေကာင္းေျပာတာမွန္ပါတယ္။ ဒီအခ်က္ကိုေထာက္ဆရရင္ ႐ႊင္းယီရဲ႕စိတ္ထဲမွာလည္း တူညီတဲ့သံသယေတြရွိေနတာပါ။" သူတစ္ဖက္လွည့္ကာ အခ်ိန္အၾကာႀကီးစကားမေျပာပဲေနေနေသာ အဖိုးအိုကိုၾကည့္လိုက္သည္။
"ဦးေလးခ်န္၊ ကြၽန္ေတာ္ ခင္ဗ်ားကို အၿမဲရိုေသေလးစားခဲ့တာပါ။ တရားမွ်တမႈမရွိပဲနဲ႕ ဘာလို႔မ်ား ခင္ဗ်ား က်ဳပ္ကိုအပုပ္ခ်ခ်င္ရတာလဲ။ အဲ့ဒီ့ညက ခ်ိဳးရွစ္က်ဲက တကယ္ပဲကြၽန္ေတာ့္အခန္းထဲက ေျပးထြက္လာတာလား။ ခင္ဗ်ားထုတ္ျပလာတဲ့ကြၽန္ေတာ့္ရဲ႕ဝတ္႐ုံအပိုင္းအစက တကယ္ပဲသူမဆီကလား။"

ဦးေလးခ်န္၏မ်က္ႏွာဟာ ျဖဴေဖ်ာ့ေနေသာ္ျငား၊ သူက စကားေျပာလာဖို႔ရန္ တုံ႕ဆိုင္းမေနပါေခ်။
"က်ဳပ္မ်က္လုံးနဲ႕တပ္အပ္ျမင္ခဲ့တာ။ က်ိန္းေသေပါက္ မမွားပါဘူး။"

က်န္း႐ႊင္းယီဟာ စိတ္ပ်က္မႈတစ္စြန္းတစ္စျဖင့္ သူ႕ကိုၾကည့္မိသည္။ ယြင္ရွဲ႕ခ်က္ခ်င္းဝင္ေျပာလိုက္သည္။
"ဒါကကိုင္တြယ္ဖို႔လြယ္ပါတယ္။ ကိစၥကဒီလိုဆိုမွေတာ့၊ ခ်ိဳးရွစ္က်ဲနဲ႕ ဦးေလးခ်န္က ျဖစ္ခဲ့တဲ့ကိစၥကို ေက်းဇူးျပဳၿပီးႏွိုင္းယွဥ္ၾကည့္ၾကပါ။ အကယ္၍ အေသးစိတ္ကအစ ကိုက္ညီတယ္ဆိုရင္ ကြၽန္ေတာ္တို႔ မင္းတို႔ရဲ႕စကားေတြကိုနားေထာင္ေပးပါ့မယ္။"

ယြင္ရွဲ႕စကားကိုၾကားလိုက္ၾကေလရာ ဖုန္႐ႊယ္တစ္ေယာက္ သူ႕ေဘးတြင္မတ္တပ္ရပ္ေနေသာ သူ႕သမီးျဖစ္သူဖုန္ခ်ိဳးကိုခ်က္ခ်င္းဆြဲမိသည္။ အသံနိမ့္နိမ့္ေလးျဖင့္ သူဖုန္ခ်ိဳးကိုေမးလိုက္သည္။
"မင္းေသခ်ာရဲ႕လား။"

ဖုန္ခ်ိဳးဟာ ဒါကိုအသိအမွတ္မျပဳသည့္အလား ေျဖးေျဖးခ်င္းမ်က္ေမွာင္ၾကဳတ္ကာ သူမ၏ဖခင္ကို ဗလာသက္သက္မ်က္ဝန္းမ်ားျဖင့္ၾကည့္ၿပီးေနာက္ လူအုပ္အလယ္တြင္ရပ္ေနေသာ လူႏွစ္ေယာက္ထံ ေျဖးညွင္းစြာၾကည့္လိုက္သည္။ က်န္း႐ႊင္းယီသည္ လက္ေနာက္ပစ္ကာ မတ္မတ္ရပ္ေနၿပီး သူ၏ေဘးတြင္ေတာ့ ယြင္ရွဲ႕တစ္ေယာက္ဟာ လက္ပိုက္လ်က္ပင္ ပ်င္းရိပ်င္းတြဲရပ္ေနကာ မ်က္ႏွာအမူအရာကေတာ့ သာမန္ကာလွ်ံကာပါပင္။ သို႔ေသာ္ျငား၊ သင္ဒီအေၾကာင္းေတြးၾကည့္လွ်င္၊ သူဟာ က်န္း႐ႊင္းယီ၏နံေဘး၌ ေျခလွမ္းတစ္ဝက္အကြာမွာသာ အၿမဲလိုလိုရွိေနသည္မွာ က်န္း႐ႊင္းယီေရာက္လာသည္ႏွင့္ တစ္ျခားတစ္ေယာက္က သူ႕ကိုရွာနိုင္မည္မွာ က်ိန္းေသေနသည့္အတိုင္းပင္၊ က်န္း႐ႊင္းယီေဘးနားတြင္ အၿမဲတမ္းလိုက္ပါလာသည္။

"အေဖ" ဖုန္ခ်ိဳးက ႐ုတ္တရက္အသံနိမ့္လိုက္သည္။
"အဲ့ဒီ့အခ်ိန္တုန္းက...အေဖ ကြၽန္မကိုေျပာခဲ့တာေတြအားလုံးက အမွန္ေတြလား။"

ဖုန္႐ႊယ္ခ်က္ခ်င္းရႈးရႈးရွဲရွဲျဖစ္သြားသည္။
"ငါတို႔ဒီအထိေတာင္ေရာက္လာၿပီးၿပီပဲ၊ အခုအခ်ိန္က်မွ နင္ကဘာလုပ္ခ်င္လို႔လဲ။"

သို႔ျဖစ္ပါလ်က္၊ ယြင္ရွဲ႕ဟာ အလ်င္မလိုပါပဲ သူမဆီေလွ်ာက္လာေနၿပီျဖစ္တာေၾကာင့္ ဖုန္ခ်ိဳးမွာေျဖဖို႔ရန္အခ်ိန္မရွိလိုက္ပါေခ်။ ယြင္ရွဲ႕အၿပဳံးမပြင့္တပြင့္ျဖင့္ေျပာလိုက္သည္။
"ခ်ိဳးရွစ္က်ဲ"

ဖုန္ခ်ိဳးက သူ႕ကိုၾကည့္မိေလရာ ခပ္လွမ္းလွမ္းမွ သူမကိုၾကည့္ေနေသာက်န္း႐ႊင္းယီကိုျမင္လိုက္သည္။ သို႔ေပမယ့္ ပုံမွန္လိုမဟုတ္ပါပဲ သူသည္ သူမအနားသို႔ခ်ဥ္းကပ္မလာပါေခ်။ဖုန္ခ်ိဳး၏ႏွလုံးသားထဲ၌ ခါးသီးမႈေပၚေပါက္လာကာ သူမေခါင္းလွည့္ၿပီးေျပာလိုက္သည္။
"အားရွဲ႕"

ယြင္ရွဲ႕ဟာ ႏႈတ္ခမ္းေပၚ၌ ညင္သာေသာအၿပဳံးတစ္ပြင့္ပန္ဆင္ထားရင္း ေခါင္းၿငိမ့္ျပသည္။ သူ၏သိမ္ေမြ႕ျခင္းမွာ အမွန္စင္စင္ပင္ ၿပိဳင္ဘက္ကင္းလြန္းလွ၏။ ယြင္ရွဲ႕ဟာ ဖုန္ခ်ိဳးကိုစိုက္ၾကည့္ကာ ေသခ်ာေသာေလသံျဖင့္ေျပာလိုက္သည္။
"ခ်ိဳးရွစ္က်ဲ၊ တကယ္ေတာ့၊ အစ္မရဲ႕ခံစားခ်က္ေတြက အတုအေယာင္မဟုတ္ဘူးဆိုတာ ကြၽန္ေတာ္လည္းသိပါတယ္။ အား႐ႊင္းနဲ႕ကြၽန္ေတာ္က အစ္မကို ဒီအျဖစ္အပ်က္အေၾကာင္း ထပ္ၿပီးေမးရတဲ့အတြက္ ေတာင္းပန္ပါတယ္။ ဒါေပမယ့္ ဒီကိစၥက အား႐ႊင္းနဲ႕ဂုဏ္သိကၡာနဲ႕ဆိုင္ေနတယ္ေလ၊ အဲ့ဒီ့ေတာ့ ကြၽန္ေတာ္တို႔ ဂ႐ုမစိုက္လို႔မရဘူး၊ အဲ့ဒါေၾကာင့္.... ဦးေလးခ်န္ေျပာတာနဲ႕ကိုက္ညီလားဆိုတာကို စစ္ေဆးၾကည့္ဖို႔ ခ်ိဳးရွစ္က်ဲခြင့္ျပဳနိုင္မလားမသိဘူး။"

သူ၏စကားလုံးမ်ားသည္ စိတ္သက္သာရာရေစသလို အေတြးလဲႂကြယ္ဝလွသည္။ သို႔ေပမယ့္ သူဟာ တကယ္တမ္း ဖုန္ခ်ိဳး၏ထင္ျမင္ခ်က္ကို နားေထာင္ဖို႔ရာ အစီအစဥ္မရွိေခ်။ သူ႕လက္ေတြကိုျမႇောက္ကာ 'ေက်းဇူးျပဳၿပီး'ဆိုသည့္ အမူအရာကို ဖုန္ခ်ိဳးထံျပဳလုပ္ျပလိုက္သည္။

ဖုန္ခ်ိဳးသည္ ေစာစီးပိုင္းအသက္အ႐ြယ္ကတည္းက ယြင္ရွဲ႕ကိုခ်စ္ျမတ္နိုးခဲ့ေလရာ ဤကဲ့သို႔ညင္သာမႈမ်ိဳးကို မေတာင့္ခံနိုင္ပါေခ်။ သူမဟာ အေရွ႕ကိုႏွစ္လွမ္းတိုးလိုက္မိေလရာ ဖုန္႐ႊယ္၏႐ုတ္တရက္ဆြဲျခင္းခံရၿပီးေနာက္ ဖုန္႐ႊယ္တစ္ေယာက္ေဒါသတႀကီးေျပာလာေတာ့သည္။
"ခ်ိဳးအာ"

ယြင္ရွဲ႕မ်က္ခုံးပင့္လိုက္မိသည္။ ဖုန္႐ႊယ္က သူ႕ကိုလွည့္ၾကည့္ကာေျပာလာသည္။
"ယြင္ဂိုဏ္းခ်ဳပ္၊ က်ဳပ္ရဲ႕သမီးေလးက က်န္း႐ႊင္းယီနဲ႕နီးနီးကပ္ကပ္မေနခ်င္ပါဘူး။ ဒါေၾကာင့္ ဒါကိုေတြးေတာၿပီးေတာ့ ဒီကေနပဲ စကားေျပာေစခ်င္ပါတယ္။"

ယြင္ရွဲ႕ဟာ သူ႕ကို 'အ႐ူးေလး'၊ 'အနံ႕ခံေကာင္းတဲ့ကေလး'ဟူ၍ အၿမဲတမ္းေခၚေလ့ရွိေသာ္ျငား၊ သူ႕ဘဝတြင္ လက္မခံနိုင္ဆုံးအရာကေတာ့ တစ္ျခားသူမ်ားက က်န္း႐ႊင္းယီကို ကဲ့ရဲ႕တာပင္ျဖစ္၏။ သူခ်က္ခ်င္းေဒါသထြက္သြားကာ ရိုင္းရိုင္းစိုင္းစိုင္းျပန္ေျပာမိသည္။
"ဖုန္မိသားစုေခါင္၊ ခင္ဗ်ားစကားေတြက ဘာကိုဆိုလိုခ်င္တာလဲ။ 'က်န္း႐ႊင္းယီနဲ႕ အရမ္းမနီးကပ္ခ်င္ဘူး'ဆိုတာက ဘာမ်ားလဲ။ က်န္း႐ႊင္းယီက မတိုင္းတာနိုင္ေလာက္ေအာင္ေခ်ာေမာၿပီးေတာ့ က်ိန္းေသေပါက္မိန္းေမာေတြေဝေစနိုင္တယ္။ ဒီကမၻာေပၚမွာအဲ့ဒါကိုမသိတဲ့သူဘယ္မွာရွိလို႔လဲ။ ဘာေၾကာင့္မ်ား က်န္း႐ႊင္းယီနဲ႕နီးနီးကပ္ကပ္မေနခ်င္ရတာလဲ။"

ဖုန္႐ႊယ္ဟာ ကနဦးအစ၌ ဖုန္ခ်ိဳး၏အေတြ႕အႀကဳံကို ထပ္မံအသုံးခ်ဖိဳ႕ရည္႐ြယ္ထားကာ ၎အား ဆိုးဝါးေသာမွတ္ဉာဏ္အျဖစ္ ေရာင္းခ်ခ်င္တာျဖစ္သည္။ သို႔ေပမယ့္ ဘယ္လိုျဖစ္ၿပီး သူယြင္ရွဲ႕ကို ေဒါသထြက္သြားေစမိလဲဆိုတာ မသိလိုက္ေခ်။ ျငင္းဆန္ျခင္းက သူ၏ပါးစပ္ကိုပြင့္ဟေစကာ တစ္ခဏေလာက္ သူေျပာစရာစကားမဲ့သြားရသည္။

ဖုန္ခ်ိဳးသည္ အခြင့္ေကာင္းယူကာ အေရွ႕ကိုလွမ္းလာရင္း တီးတိုးေျပာ၏။
"အားရွဲ႕၊ မင္းကို အရင္ဆုံးေမးခြန္းတစ္ခုေမးခ်င္တယ္။"

ယြင္ရွဲ႕ဟာ တကယ္တမ္း သူမကိုအရမ္းေဒါသထြက္ေနတာပင္။ ဒါေပမယ့္ ေစာစီးပိုင္းကတည္းက ၾကည့္ေကာင္းမည့္အစီအစဥ္လွလွေလးတစ္ခုကို စီစဥ္ထားၿပီးျဖစ္ေလရာ ၎သည္ ယခုထိမၿပီးေျမာက္ေသးတာေၾကာင့္ သူ႕မ်က္ႏွာကိုခ်က္ခ်င္းေျပာင္းလဲပစ္ဖို႔ရာ မျဖစ္နိုင္ေသး။
"ေက်းဇူးျပဳၿပီးေျပာပါ။"

သူ၏ႏႈတ္ခမ္းထက္တြင္ အၿပဳံးေလးရွိေနဆဲျဖစ္ၿပီး သူ၏အသံကလည္း ႏူးညံ့ညင္သာေနေပမယ့္ သူ႕မ်က္လုံးကေတာ့ ေအးစက္ေနသည္။ ကံေကာင္းသည္က ဖုန္ခ်ိဳးသည္ သူ႕မ်က္လုံးမ်ားကိုမၾကည့္ပါပဲ၊ ထိုအစား သူမ၏အသံကိုပိုလို႔ေတာင္တိုးလ်လိဳက္ေသးသည္။
"အားရွဲ႕၊ မင္းဘာလို႔ ႐ႊင္းယီအေပၚအရမ္းေကာင္းတာလဲဟင္။"

ဒါက ဘယ္လိုေမးခြန္းမ်ိဳးႀကီးလဲ။ ယြင္ရွဲ႕တစ္ေယာက္ အံ့ၾသစြာျဖင့္မ်က္ခုံးပင့္လိုက္မိသည္။ ထိုအခ်ိန္ခဏ၌၊ ဖုန္ခ်ိဳးမ်ား ရိပ္မိသြားတာလားလို႔ သူေတြးမိလုနီးပါးပင္။ ဒါေပမယ့္ မၾကာခင္မွာပဲ သူအေတြးလြန္ေနတာျဖစ္ေၾကာင္းသိလိုက္ရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဖုန္ခ်ိဳးကထပ္မံေရ႐ြတ္ေနတာေၾကာင့္ပင္။
"စိတ္ဝိညာဥ္စင္ျမင့္ေက်ာက္စိမ္းညီေနာင္က ခြဲျခားလို႔မရနိုင္ဘူး၊ မင္းရဲ႕ညီအစ္ကိုခ်စ္ျခင္းက လက္ေတြနဲ႕ေျခဖဝါးၾကားက ဆက္ႏြယ္မႈလိုမ်ိဳးဆိုေပမယ့္ ယန္ရွန္းဂိုဏ္းနဲ႕ လင္းယင္ဂိုဏ္းက ကြဲျပားတဲ့ဂိုဏ္းႏွစ္ခုပဲ။ မင္းတို႔ရဲ႕စိတ္ဝင္စားမႈေတြအားလုံးက အတိအက်ကိဳတူညီေနမယ္ဆိုတာ မျဖစ္နိုင္ဘူးေလ။ မင္းတို႔ႏွစ္ေယာက္၊ မင္းသူ႕ကိုဆက္ဆံတဲ့ပုံစံ...မင္းကိုယ္မင္း ဒီေလာက္အထိအနစ္နာခံဖို႔ တကယ္လိုအပ္လို႔လား။ အကယ္၍ က်န္း႐ႊင္းယီသာမရွိေတာ့ရင္ ဒီငယ္႐ြယ္တဲ့မ်ိဳးဆက္သစ္ေတြကို မင္းအုပ္ခ်ဳပ္နိုင္လိမ့္မယ္လို႔ မင္းေတြးၾကည့္ဖူးရဲ႕လား..."

အစကတည္းက ယြင္ရွဲ႕တြင္ မယုံၾကည္နိုင္သည့္အမူအရာရွိေနေလရာ ေနာက္ဆုံးစကားေတြကိုၾကားလိုက္ရသည္ႏွင့္ သူ၏မ်က္ႏွာက တျဖည္းျဖည္းခ်င္းပင္ ပို၍ေလးနက္လာေတာ့သည္။ သူဖုန္ခ်ိဳးကိုႏွောင့္ယွက္လိုက္သည္။
"အစ္မဒါကို ကိုယ့္ဘာသာကိုယ္ေတြးမိတာမျဖစ္နိုင္ဘူး။ ဘယ္သူအစ္မကိုေျပာခဲ့တာလဲ။"

______________________________________



Continue Reading

You'll Also Like

79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
44K 7.3K 31
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
653K 130K 199
Author - Yu Xiao Lan Shan Pairing - Zhao Yue x Wen Liu Nian - Shang YunZe x Mu QingShan
56.3K 4.2K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...