Unicode
ဂျယ်ယွန်းတို့နှစ်ယောက်စီးနှင်သောကားအနက်လေးသည် ကြီးမားထည်ဝါသည့်စံအိမ်ကြီး၏ခြံဝန်းတစ်ခုထဲသို့ ဝင်သွားပီးနောက် နောက်မှကပ်လိုက်ပါလာသော ထိုသူစိမ်းကားတစ်စီးသည်လဲ ၄င်းစံအိမ်ကြီး၏အကျော်ခပ်လှမ်လှမ်းနေရာလောက်မှာ ရပ်သွားသည်
မည်သူမည်ဝါနေထိုင်သောကို ကားထဲကလူအနေနှင့်လိုက်လံစုံစမ်းစရာမလိုလောက်တော့အောင် ဒီစံအိမ်ဒီရပ်ကွက်သည်ကားအရှိန်အဝါကြီးနာမည်ကြီးစာရင်းဝင်ဖြစ်နေပါသည်
"Simအိမ်တော်ပဲ.....သခင်လေးParkက Sim familyနဲ့ပတ်သက်နေတာပါလား ဒါဆို ညနေကအတူရှိနေတဲ့တစ်ယောက်က မဟုတ်မှလွဲရော အငယ်ကောင်Jake Sim??"
Simဆိုသည့်နာမည်တစ်လုံးသည် တောင်ကိုးရီးယား၏ထိပ်သီးgroupများကြားတွင်ဒိတ်ဒိတ်ကြဲလွှမ်းမိုးခဲ့သည်မှာနှစ်အတော်ကြာခဲ့လေပီ ယခုထိလဲအင်အားကြီးနေဆဲ
Ethan Sim နှင့် Jake Sim ဟူသည့် နာမည်ကြီးSimညီအစ်ကိုနှစ်ယောက်အနက်တွင် အကြီးဆုံးသားEthan Simသည်ကား ခေါင်းဆောင်ပိုင်းဦးစီးဦးဆောင်ပိုင်း၏အချက်အချာ
ပွဲတက် interviewစသဖြင့် လူတွေနှင့်ထိတွေ့ဆက်ဆံရသည့်ကိစ္စမှန်သမျှတွင် အကြီးဆုံးသားဖြစ်သည့်Ethan Simကသာ လူလုံးထွက်ပြလေ့ရှိသည်
အငယ်ဆုံးသားJake Simကတော့ လုပ်ရည်ကိုင်ရည်အရတော်သည်ဟုနာမည်ထွက်သော်လည်း လူရှေ့သို့သိပ်မထွက်တတ်သည့်ပုံစံမျိုး နောက်ပုံစံတစ်မျိုးပြောရလျှင် ယဉ်ကျေးမှုသိပ်မရှိဟုလဲနာမည်ကြီးသည်
Jake Simသည်ကား သူ့စိတ်ထဲမတွေ့လျှင်မတွေ့သလို စိတ်ဆတ်တတ်ပီး Mannerသိပ်မကောင်းဟုသတင်းကြီးသည် သူ့ရှေ့အချိုးမပြေတာလာပြောလာလုပ်နေပါက အကြီးအငယ်မရွေးစိတ်ထဲရှိတဲ့အတိုင်းဆက်ဆံပစ်တတ်သည့်လူမျိုး
ယခင်နှစ်တွေတုန်းက Sim groupနှင့်အရင်ဝန်ကြီးချုပ်ဟောင်းတို့၏တွေ့ဆုံပွဲတစ်ခုတွင် ဝန်ကြီးချုပ်ဟောင်းသမီးက Jake Simအားရိသဲ့သဲ့ရေလာမြောင်းပေးလာလုပ်သဖြင့် ချက်ချင်းပင်ပြင်းပြင်းထန်ထန်စကားလုံးတွေနဲ့ လူအများရှေ့မှာပေါ်ပေါ်ထင်ထင်ကြီးငြင်းလွှတ်လိုက်သည့်အတွက် ထိုကိစ္စမှာဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့သေးသည်
ယင်းကိစ္စကြောင့်Sim groupလဲ အတော်လေးအကြပ်ရိုက်ခဲ့သလို ယခုဝန်ကြီးချုပ်အသစ်တက်လာပီးနောက်မှသာ တစ်ဖြည်းဖြည်းပြန်အင်အားကြီးမားလာခဲ့သည်
Jake Simသည်လဲ ၄င်းအဖြစ်အပျက်ပီးထဲက Partyတော်တော်များများတွင်ပေါ်မလာတော့သလို လူရှေ့လဲသိပ်မထွက်ဖြစ်တော့
ထို့ကြောင့်နောက်ပိုင်းSim groupတွင် Ethan Sim(Shim HeeSeung)ဆိုလျှင် မသိသူမရှိ အပြင်ထွက်လျှင်လဲ Starတစ်ယောက်ကဲ့သို့နာမည်ကြီးနေသလောက်
အငယ်ကောင်Jake Sim(Shim Jaeyun)ကိုကား အတွင်းသိများလောက်သာ မျက်နှာမြင်ဖူးကြသည်
ကားထဲမှသူစိမ်းသည် အမဲလိုက်မုဆိုးတစ်ယောက်က သားကောင်အားအနံ့ခံနေသကဲ့သို့ Simအိမ်တော်နှင့်ပတ်သက်သမျှသိသမျှအချက်များအားပြန်တွေးတောသုံးသပ်ရင်း အိမ်ကြီးအားစိုက်ကြည့်နေခဲ့သည်
ရုတ်တရက် စံအိမ်ကြီး၏အပေါ်ထပ်ဝရံတာထိပ်ဝယ် ပေါ်ထွက်လာသော သခင်လေးPark၏ပုံရိပ်အားမြင်မိတာကြောင့် ဝရံတာထိပ်သို့Cameraနှင့်ချက်ချင်းပင်ချိန်ရွယ်လိုက်သည်
စေခိုင်းသူထံသို့ပြန်ပို့ပေးရန် သက်သေဓာတ်ပုံများအားလုံလုံလောက်လောက်ရိုက်ကူးပီးနောက် ကားကိုစံအိမ်ကြီးရှေ့မှဖြတ်မောင်းကာပြန်လာခဲ့သည်
ဆောင်ဟွန်းတစ်ယောက် ရေချိုးညစာစားပီးနောက် အနည်းငယ်လေညှင်းခံချင်စိတ်ပေါ်လာတာနှင့် ခနစံအိမ်၏ဝရံတာသို့တစ်ယောက်ထဲထွက်လာခဲ့သည်
စပ်စုချင်တာလဲပါသည် အိမ်ကြီးကိုအပြင်ကနေမြင်လိုက်တိုင်း ထိုစိတ်ကူးယဉ်ဆန်ဆန်ဝရံတာလေးက ဆောင်ဟွန်းရဲ့စိတ်ကိုအမြဲဆွဲဆောင်နေသည်မို့....
တံခါးလေးအားတွန်းဖွင့်ကာ ဝရံတာထိပ်ရောက်တော့ အရိုင်းသိပ်မဆန်သည့်လေဖြူးသုန်သုန်၏ အထိအတွေ့ကိုအရင်ခံစားလိုက်ရသည်
ဝါကြင့်ကြင့်ကြိမ်ထိုင်ခုံလေးနှစ်လုံးနှင့် စားပွဲခပ်သေးသေးတစ်လုံး၏နောက်တွင် ခေါင်းလောင်းပန်းနွယ်ရုံလေးတစ်စု အောက်ခြေမှာတော့ နှင်းဆီအိုးရောင်စုံတွေကို အပေါ်အောက်စီစီရီရီလေးတင်ကာအလှဆင်ထားသည်
နှာခေါင်းထိပ်သို့ အလုအယက်တိုးဝှေ့လာသော ပန်းနံ့သင်းသင်းတို့အား ဆောင်ဟွန်း အားပါးတရရှုရှိုက်လိုက်ရင်းဝရံတာလက်ရမ်းသို့မှီကာ မဟူရာကောင်းကင်ကိုမော့ကြည့်မိသည်
မိုးတွင်းဖြစ်သော်ငြား ယနေ့ညတော့ကောင်းကင်မှာ မိုးသားတိမ်တိုက်တို့ကကင်းစင်နေလျက် ကြယ်အစုံတို့သည်ပင် တောက်တောက်ပပ ထွန်းလင်းပေးနေသည်
ကောင်းကင်အားမော့ကြည့်နေရင်း အိမ်ရှေ့လမ်းပေါ်မှာ ဖြတ်မောင်းသွားသော ကားတစ်စီးကိုအမှတ်တမဲ့ကြည့်မိလိုက်သည်
"ငါတို့အိမ်ကကားနဲ့တူလိုက်တာ...Ahjussi?? ဟုတ်တော့မဟုတ်လောက်ပါဘူး ငါပဲအမြင်မှားတာနေမှာ Ahjussiကဒီရပ်ကွက်ထဲဒီအချိန်ကြီးဘာလာလုပ်မှာမို့လဲ အတွေးမလွန်ပဲနေကြရအောင်ပတ်ဆောင်ဟွန်းရေ"
အတွေးများနေမိသော ကိုယ့်စိတ်ကိုယ်ပြန်သတိပေးရင်း ကြိမ်ထိုင်ခုံလေးမှာဝင်ထိုင်ကာ ညခင်းဘက်ပတ်ဝန်းကျင်၏ဆိတ်ငြိမ်အေးချမ်းမှုကိုငြိမ်ငြိမ်လေးခံစားနေမိသည်
"ဆောင်ဟွန်း.....အပေါ်ထပ်မပါဘာမပါနဲ့ကွာ ဒီမှာလာအအေးခံနေပြန်ပီ"
ရုတ်တရက် ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်ကို ထိုးဖောက်လာတဲ့အသံပိုင်ရှင်ကတော့ ထုံးစံအတိုင်းသူပါပဲ
"ဘာလဲ ပျောက်လို့ဆိုပီးထပ်ရှာနေပြန်တာလား"
"ဟုတ်တယ်"
သူ့ကို ဆောင်ဟွန်းခနဲ့တဲ့တဲ့လေသံလေးနဲ့မေးလိုက်တော့ မျက်ခုံးလေးနှစ်ဖက်ကျုံ့ကာ ခပ်မဲ့မဲ့လေးဖြေရှာသည်
ပြီးနောက် လက်ထဲက ယူလာတဲ့စောင်ပါးကို ကိုယ့်ကိုယ်လုံးပေါ်အတင်းလာခြုံပေးတော့သည်
"အာ....ပူနေလို့ ခနလန်းလန်းဆန်းဆန်းဖြစ်အောင် လေညှင်းခံထွက်ပါတယ်ဆိုမှ မခြုံချင်ဘူးပြန်ယူသွား"
"ဒီမှာလေစိမ်းတွေဒီလောက်တိုက်နေတာ ဘာကိုပူရမလဲ ပူနေလဲခြုံထား သတိပါလစ်ထားတာ ခုမှနေကောင်းခါစကို ကျန်းမာရေးနဲ့ပတ်သက်ရင်တော့အထွဋ်တက်ဖို့မကြိုးစားနဲ့"
အတည်ပေါက်ကြီးနှင့်ပြောလာနေသည်မို့ ကိုယ်လဲဇက်ကလေးပုကာ စောင်ပါးလေးအားလက်နဲ့ပြန်ဆွဲတင်ခြုံထားလိုက်ရတော့သည်
ကိုယ် ငြိမ်ကုပ်ကုပ်လေးဖြစ်သွားတာကို သူကသတိထားမိတော့ ပန်နုရောင်နူတ်ခမ်းပါးလေးတွေကိုပြုံးယောင်ပြကာ ကိုယ့်ရှေ့ကကြိမ်ထိုင်ခုံလေးမှာလာဝင်ထိုင်သည်
"စိတ်ကောက်သွားတာလား....ကိုယ့်လေသံကမာသွားလို့"
"ဘာရယ်.....စိတ်ကောက်ရအောင်ကျွန်တော်ကခလေးမို့လား မကောက်ရပါဘူး"
"ခလေးပေါ့ မင်းကကိုယ့်အတွက်ခလေးလေးပဲမဟုတ်ဘူးလား"
ထုံစံအတိုင်း မထိတထိစကားတွေပြောလာပြန်တဲ့သူ့ကို စူးစူးဝါးဝါးမျက်စောင်းတစ်စုံနှင့်ကြည့်ပစ်လိုက်တော့ သူကသဘောကျစွာရီသည်
"မင်းက၁၉နှစ် ကိုယ်က၂၈နှစ်....တို့နှစ်ယောက်အသက်ကကိုးနှစ်တောင်ကွာကြတာ ကိုယ်နဲ့ဆိုရင် မင်းကခလေးအရွယ်မဟုတ်လို့လူကြီးလား"
ရီမောသံတို့နှင့်ရောစွက်ကာပြောလာတဲ့ရှင်းဂျယ်ယွန်းပုံစံက ကိုယ့်စိတ်ကိုလာကစားနေသည့်လူတစ်ယောက်ပမာ
"စိတ်ကောက်ပါ ခွင့်ပြုတယ် ကိုယ်အခုချော့တတ်နေပီမလို့ကြိုက်သလောက်စိတ်ကောက် ဒါပေမယ့်စိတ်တော့မဆိုးနဲ့ မင်းတစ်ခါစိတ်ဆိုးရင် ကိုယ့်အသက်တစ်နှစ်ပိုတိုသွားသလိုပဲ သိရဲ့လား"
သူ့စကားကြောင့်ကိုယ်ရီမိသည်
"ရီပီပေါ့ ဆက်ပီးစိတ်မကောက်တော့ဘူးလား"
"အစထဲကစိတ်မကောက်ပါဘူးလို့ဆို....ခင်ဗျားပဲအတင်းကျွန်တော့်ကိုလူဆိုးဇာတ်လိုက်သွင်းနေတာ"
ကိုယ်အပြူံးမပျက်မျက်နှာလေးနှင့်ပြန်စကားဆိုတော့ သူကပါလိုက်ရီမောသည်
ဝရံတာထိပ်လေးသည်ကား လေဖြူးသုန်သုန် ပန်းရနံ့တို့နှင့်အတူ ပြူံးပျော်ရီမောနေသောလူနှစ်ဦး၏စကားသံလွင်လွင်တို့ဖြင့် ကြည်နူးရိပ်အဖြာဖြာသန်းနေလျက်
ခြံဝင်တံခါးရှေ့မှပေါ်လာသော ကားမီးရောင်ကြောင့် နှစ်ယောက်သားအကြည့်တို့က အိမ်ရှေ့ဆီသို့ရောက်သွားသည်
"ခင်ဗျားအကို ပြန်လာပီထင်တယ် တံခါးသွားဖွင့်ပေးလိုက်အုံး"
"Driver.Choiမှာသော့ပါတယ်လေဘာတွေပူနေလဲ ကဲ ပြောနေရင်းပဲ တံခါးဖွင့်နေပီ.......Hyungပါပြန်ပါလာတယ်ထင်တယ် ကိုယ်အောက်ခနဆင်းလိုက်အုံးမယ်နော် သိပ်မကြာနဲ့ ခနနေရင် အခန်းထဲဝင်တော့ ထပ်ဖျားနေမယ်"
သူထသွားတော့ ကိုယ်လဲ ထိုင်ခုံလေးမှာဆက်ထိုင်နေပီးခနအကြာ အခန်းထဲပြန်ဝင်ဖို့ပြင်မိသည်
*ပတ်ဆောင်ဟွန်းတို့ ပေါ့ပျက်ပျက်ဆက်ဆံရေးသာပြောတယ် ပြောစကားတွေတစ်သွေမတိမ်းပဲနားထောင်နေလိုက်တာ ကြိုက်နေပီလား ပစ်ကြွေနေပီလား*
*မဟုတ်တာဆောင်ဟွန်းရယ် စကားနားထောင်တာမဟုတ်ဘူး ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်တာ မင်းက မင်းကိုယ်မင်းထက်ဘယ်သူ့ကိုပိုသဘောကျဖူးလို့လဲ*
ခန္ဓာကိုယ်တွင်းမှ devil sunghoonနှင့် angel sunghoonတို့၏စကားသံတွေကို ဆောင်ဟွန်းရီမောကာတုံ့ပြန်လိုက်ရင်း ဝရံတာတံခါးလေးကိုပိတ်လျက် အိပ်ခန်းဆီသို့သာပြန်လာခဲ့တော့သည်
~~~~~~~~
"Hyung ပြန်လာပီပေါ့.....ငါတို့ရဲ့Mr.Ethan Sim ကျွန်တော့အလုပ်တွေပါနှစ်ဆလုပ်ပေးနေရတာပင်ပန်းနေပီ မနေ့ညကလဲ ညလုံးပေါက်အလုပ်လုပ်နေရလို့အိမ်ပြန်မလာတာမလား လာ လာ ဒီညီငယ်က ညစာခုပဲပြင်ပေးမယ် အမြန်ရေချိုးအဝတ်စားလဲလိုက်တော့"
"အမလေး ဘာကြီးလဲ.....အဲ့လိုပုံစံကြီးတွေမပြစမ်းပါနဲ့လားငါ့ညီရေ ညစာလဲအပြင်မှာစားလာခဲ့ပီးပါပီ ပုံမှန်အတိုင်းပဲနေစမ်းပါ မင်းပုံစံပြောင်းပြောင်းသွားရင် ငါကြက်သီးထလွန်းလို့"
ကုတ်အကျီမီးခိုးရောင်အား အတင်းလာဆွဲချွတ်ကာ ဖားနေသည့် Jaeyunအား ရှုံ့ရှုံ့မဲ့မဲ့နှင့်ပတ်ရှောင်နေသောHeeSeung ရှင်းဂျယ်ယွန်းကလဲ သူ့အစ်ကိုမကြိုက်မှန်းသိတော့ ပိုပိုပီးဖားပြကာ အတင်းလိုက်စနေသည်
ဧည့်ခန်းထဲမှ ဆူဆူညံညံနှင့် စလိုက်နောက်လိုက်ပြေးလိုက်လုပ်နေသောညီအစ်ကိုနှစ်ယောက်မှာ လိုက်တမ်းပြေးတမ်းကစားနေသော မူကြိုကလေးများကဲ့သို့ပင်
ဒီမြင်ကွင်းကို အပေါ်ထပ်က ပတ်ဆောင်ဟွန်းသာမြင်သွားခဲ့ရင် "မကြီးမငယ် သူငယ်ပြန်ညီအစ်ကို"ဆိုပီး ခနခနကြိတ်အူတက်နေရအုံးမည့်ဖြစ်ခြင်း
"Shim Jaeyun ရပ်တော့လို့ ငါတကယ်စိတ်ဆိုးလာပီ အလုပ်ပြန်ဆင်းခိုင်းလိုက်ရမလား"
"hahahaha အိုခေ အိုခေ မစတော့ဘူး ရပ်ပီ တကယ်ရီရတယ် သူ့အပေါ်ကောင်းပေးပီးလိမ္မာပြတာကို ဖြစ်ပျက်နေလိုက်တာ overတွေတအားလုပ်တဲ့Hyung"
"ဖြစ်ပျက်ရမယ်လေ မင်းအဲ့လိုဖားတိုင်း ငါပဲအလုပ်တွေပိုပိုပိလာတာ အကောင်းဖားတာမှမဟုတ်တာ"
သူ့အစ်ကိုပြန်ပြောတဲ့စကားကြောင့် Jaeyun အူလှိမ့်အောင်ပင်ရီမောသဘောကျနေမိသည်
"ဒါနဲ့ အလုပ်တွေပိနေတဲ့လူကြီးကလဲ ပုံစံကတော့သိပ်မပင်ပန်းသလိုပါပဲ လန်းလန်းဆန်းဆန်းရှိသားပဲ ကျွန်တော့်ကိုတောင်ပြန်အော်နိုင်သေးရင် ဒါenergyတော်တော်ကျန်နေသေးလို့ တကယ်ရောအလုပ်လုပ်ရဲ့လား မနေ့ညက ဘယ်မှာအိပ်တာလဲ"
ရီမောနေရင်း ပြန်းမေးလာသော Jaeyunစကားကြောင့် HeeSeung အနည်းငယ်တော့အကြပ်ရိုက်သွားသည်
"ဟမ်....ကုမ္ပဏီမှာပဲအိပ်တာပေါ့ မင်းကြောင့်အလုပ်တွေပိုများနေရတာကို မပင်ပန်းပဲနေမလား လူကိုလာပီးသံသယလာထူနေတယ် အလုပ်မြန်မြန်ပြန်ဆင်းဖို့ပြင်ထား"
ဘောက်ဆတ်ဆတ်နဲ့ ငေါက်ပြောပြောကာ ထွက်သွားတဲ့ HeeSeungကိုကြည့်ကာ Jaeyun ခိုးခိုးခစ်ခစ်ရီမောရင်း အပေါ်သို့ပြန်တက်လာခဲ့သည်
~~~~~~
အခန်းတံခါးဖွင့်သံကြောင့် စာကြည့်စားပွဲမှာထိုင်နေရာကနေ ဇတ်ခနဲနောက်ပြန်လှည့်ကြည့်လာတဲ့မှဲ့လေး
စာဂျပိုးလေးက ထုံးစံအတိုင်းစာတွေလုပ်နေပြန်သေးသည်
"အိပ်ချိန်တန်ပီဆောင်ဟွန်း...စာမလုပ်နဲ့ကွာ စာတွေအများကြီးလုပ်ခဲ့ပီပီ ဒီရက်တွေတော့ကောင်းကောင်းအနားယူ"
"ခင်ဗျား ကျွန်တော့်ကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့အဆင့်တွေကျအောင်လုပ်နေတာတော့မဟုတ်ပါဘူးနော်"
ရေးမှတ်နေသည့်စာအုပ်များကိုပိတ်ပီး ထိုင်ရာမှထကာ မွေ့ရာပေါ်သို့နေရာပြောင်းရင်းပြန်ပြောလာတဲ့ကောင်လေးကိုကြည့်၍ သူ့တစ်ချက်ပြူံးကာစကားဆိုလိုက်သည်
"မင်းကတော်ပီးသားပဲ ခနလောက်နားလိုက်တာနဲ့ အဆင့်ကျမသွားပါဘူး ခုချိန်မှာမင်းလိုနေတာအိပ်ရေးဝဝအိပ်ဖို့ energyလုံလုံလောက်လောက်ရှိမှ စာကောင်းကောင်းဖြေနိုင်မှာပေါ့"
သူ့ကို လှဲနေရင်းကနေငြိမ်ငြိမ်လေးလှမ်းကြည့်နေတဲ့မှဲ့လေးကိုပြန်ကြည့်ရင်း စကားတွေထိုင်ပြောနေမိသည်
"ခုချိန်စာမေးပွဲထဖြေရင်တောင် မင်းလိုချင်တဲ့တက္ကသိုလ်အမှတ်ကိုကွက်တိမှီနေလောက်မှာ ကိုယ်ကတော့ မင်းကိုယုံတယ် သိပ်ပီးကိုယ့်ကိုယ်ကိုဖိအားပေးတာတွေမလုပ်နဲ့တော့ မင်းကတော်ပီးသား မင်းကိုယ်မင်းယုံဖို့ပဲလိုတော့တာ"
သူပြောနေတဲ့စကားတွေကို ဆုံးတဲ့ထိငြိမ်ငြိမ်လေးနားထောင်ပီးတော့ခေါင်းလုံးလုံးလေးကိုငြင်ငြင်သာသာညိမ့်ပြနေသည်ကအသည်းယားစရာ
သူ့လက်တွေနဲ့ မှဲ့လေးရဲ့ဆံပင်နက်နက်တွေကိုလှမ်းကာထိုးဖွလိုက်တော့ ရန်လဲမတွေ့ မျက်စောင်းလဲမထိုးသလို ပါးချိုင့်လေးများကိုနစ်ဝင်သွားအောင်ပြန်ပြုံးပြလျက် လူကိုရင်ခုန်စေပါသည်
"ကဲ...အခုအိပ်တော့နော်"
စောင်ထူထူလေးကို လည်ပင်းထိပ်ထိရောက်အောင်ဆွဲခြုံပေးပီးနောက် သူလဲ ခါတိုင်းအိပ်နေကျဖြစ်တဲ့ကုတင်ဘေးကထိုင်ခုံလေးမှာပဲဝင်ထိုင်လိုက်တော့ ကောင်လေးက မျက်လုံးလေးပြုးကာကြည့်လာသည်
"ခနလေး...ဒီညရော ထိုင်ခုံပေါ်မှာပဲအိပ်အုံးမလို့လား"
"အင်းလေ"
"ဟာ လူကိုစိတ်မသက်မသာဖြစ်အောင်အတော်လုပ်တာပဲ သွား တစ်ခြားအခန်းလွတ်မှာသွားအိပ်တော့ ကျွန်တော်လဲနေကောင်းနေပီ အရေးပေါ်လူနာစောင့်စရာလဲမလိုတော့ဘူးလေလို့"
သူ့ကို အိပ်ရတာမသက်မသာဖြစ်မှာစိုးလို့ စိတ်ပူနေတဲ့ဆောင်ဟွန်းကချစ်စဖွယ်အတိပါပဲ ဒါပေမယ့်လဲ တစ်ယောက်ထဲထားမသွားနိုင်ပါ
သူမရှိတဲ့အခန်းလွတ်ကြီးထဲ ဆောင်ဟွန်းကိုတစ်ယောက်ထဲသိပ်ခဲ့ရမှာလား....အို မဖြစ်နိုင်တာ အဲ့တာကမှ သူ့ကိုတစ်ညလုံးစိတ်ရောဂါပေးသလိုဖြစ်နေမှာ စိတ်ပူပီးအိပ်မပျော်ပဲညလုံးပေါက်သွားမှာအသေအချာပဲ
"ဟင့်အင် မသွားဘူး"
"ခင်ဗျားအတွက်ပြောနေတာ ကြာရင်ခင်ဗျားပါအိပ်ရေးပျက်ပီး နေမကောင်းဖြစ်ကုန်လိမ့်မယ်"
"နိုးပါ ကိုယ်အဆင်ပြေတာမို့ လာမနှင်နဲ့ ဒီနေရာကနေ တစ်လှမ်းတောင်မခွါနိုင်ဘူး"
*ဇွတ်ပါလား ရှင်းဂျယ်ယွန်းရယ်....*
ဆောင်ဟွန်းတိတ်တခိုးငြီးငြူလိုက်ရင်း ဘာလုပ်ပေးရမှန်းမသိ လမ်းပျောက်နေတော့သည် ထိုင်ခုံပေါ်မှာပဲ သူ့ကိုဒီတိုင်အိပ်ခိုင်းဖို့ကလဲဘလိုမှမဖြစ်နိုင် အားနာစိတ်ကြောင့် ကိုယ်တိုင်ပါ အိပ်မပျော်ဖြစ်သွားလိမ့်မည်
နောက် ရှိသမျှနည်းလမ်းများကို ကြံဖန်စဉ်းစားပီးတဲ့အဆုံး ကုတင်ခြေရင်းမှ ဖက်လုံးလေးအား အလယ်တည့်တည့်သို့ချကာ သူ့ဘက်ကိုကြည့်လိုက်သည်
သူကတော့ ကိုယ်ဘာလုပ်နေလဲဆိုတာနားမလည်သလို လိုက်အကဲခတ်နေသည်
"ဘယ်တတ်နိုင်မလဲ ရွေးစရာမရှိဘူး လာ ဒီအပေါ်ပဲလာအိပ်လိုက်ပါတော့"
ဖက်လုံးလေးတစ်ဖက်ခြမ်းမှမွေ့ယာပေါ်အား လက်ချောင်းရှည်ရှည်လေးတွေနှင့်အသာပုတ်ပြကာ သူ့ကိုလှမ်းခေါ်နေသည့်ဆောင်ဟွန်းကိုကြည့်ရင်း ဂျယ်ယွန်းကြောင်သွားသည်
မှဲ့လေးကအခု သူ့ကို တစ်ကုတင်ထဲအတူအိပ်ဖို့ခေါ်နေတာလား
ရုတ်တရက်ကြီး အကြောင်းပြချက်မရှိ ဘယ်ဘက်ရင်အုံကနှလုံးသားမှာလဲ အထိန်းအကွပ်မဲ့စွာ တစ်ဒိန်းဒိန်းဆူညံလာတော့သည်
"ဘာကြောင်ကြည့်နေတာလဲ လာ အတူတူအိပ်မယ် တစ်ခြားအခန်းလဲမသွားချင်ဘူးဆိုမှတော့ မထူးတော့ဘူး မွေ့ယာကလဲ အကျယ်ကြီး ဒီပေါ်မှာပဲလာအိပ်လိုက်တော့"
မှဲ့လေးသည် သူယခုပြောချလိုက်သည့်စကားများက တစ်ဖက်လူအား ဘလိုသက်ရောက်သွားစေလိမ့်မလဲဆိုတဲ့အတွေးများရှိပုံမပေါ်
ပေါ့ပေါ့လေးပြောချလိုက်သောစကားများသည် ဂျယ်ယွန်းအတွက် ပိုမိုမြန်ဆန်သောရင်ခုန်နှုန်းများနှင့်အတူ အသက်ရှုမမှားအောင် မနည်းသတိပြန်ကပ်ရင်းပြန်ထိန်းယူနေရသည်
"ဒီပေါ်မှာပဲလာအိပ် ဒါပေမယ့် ဒီမှာ ဒီဖက်လုံးကိုတော့မကျော်နဲ့ နောက်ပီးကျွန်တော်ကိုလဲလာမထိနဲ့နော် ကျွန်တော်ကအအိပ်ဆတ်တယ် တစ်ရေးနိုးလို့ ဒီဖက်လုံးကိုကျော်နေတာမြင်ရင် ရိုက်လွှတ်မှာ ကြိုပြောထားတာ"
ထပ်ပြောလာတဲ့ မှဲ့လေး၏စကားကြောင့် ရင်ခုန်သံတွေဆူညံနေရင်းမှ ဂျယ်ယွန်းဟက်ဟက်ပက်ပက်ရီချလိုက်မိသည်
ရိုက်လွှတ်မယ်ဆိုတဲ့စကားလေးက သိပ်ချစ်စရာကောင်းလွန်းမနေဘူးလား
ကိုယ့်အိမ်ကိုယ့်ယာကိုယ့်ပိုင်နက်ထဲမှာတောင် သူ့စိတ်တိုင်းကျ စည်းလာတားနေသည့်ဆရာသမားလေးကိုအသလွတ်ကြောက်နေရပါသည်
ဂျယ်ယွန်းတစ်ယောက် အသည်းယားလွန်းလို့ ဆက်တိုက်ကိုပြုံးရီနေမိ၏
"အဲ့မှာမပြီးနိုင်မစီးနိုင်ဆက်ရီချင်လဲရီနေတော့ ကျွန်တော်အိပ်ပီ ဒီမှာမြင်တယ်နော်ဖက်လုံး ကျော်မလာနဲ့ ကျော်လာရင် ခုနကပြောထားတဲ့အတိုင်းပဲ"
"ဟဟ ဘလိုလုပ်မလဲ မင်းကအဲ့လိုခနခနသတိပေးနေတော့ ကိုယ်ကပိုကျော်ချင်လာရော"
သူ့၏ရွှတ်နောက်နောက်စကားအား မျက်စောင်းလှလှလေးနှင့်တစ်ချက်ဖြင့်တုံ့ပြန်ပီးနောက် စောင်လေးခြုံကာ သူ့အားကျောခိုင်းသွားလေသည်
ခွင့်ပြုပေးထားတဲ့ မွေ့ယာ၏ဘယ်ဘက်ခြမ်းလေးမှာ နေရာဝင်ယူကာလဲလျောင်းလိုက်ရင်း သူ့အားကျောခိုင်းကာအိပ်နေသော အနှီမှဲ့လေးကို ဂျယ်ယွန်းမြတ်နိုးစွာငေးမောနေမိသည်
ဒီလိုအနီးကပ်အနေအထားမှာ သူမြတ်နိုးလွန်းတဲ့မျက်နှာအစိတ်အပိုင်းလေးတွေ မှဲ့လုံးလုံးလေးတွေကို တစ်ညလုံးထိုင်ငေးကြည့်ချင်တာတော့အမှန်ပင်
သို့သော်လဲ ကောင်ငယ်လေးက အကျင့်ပုတ်စွာ သူ့အားကျောခိုင်းနေရက်သောကြောင့်.....
မျက်နှာလေးကိုမြင်ချင်လို့ ဒီဘက်လေးလှည့်အိပ်ပါလား ဟုပြောလို့ကလဲမဖြစ် အခက်တွေ့လှ၏
နိမ့်ချည်မြင့်ချည်အသက်ရှုထုတ်သွင်းလျက် အိပ်ပျော်စပြုနေသောကောင်လေးကို ငေးမောစိုက်ကြည့်ရင်း ဂျယ်ယွန်းလဲ မျက်လုံးအစုံတို့မှေးစင်းလာခဲ့တော့သည်
~~~~~~~~~
"သားငယ်...."
ရုတ်တရက်နားထဲမှာ လှစ်ခနဲကြားလိုက်ရတဲ့ မေမေ့အသံ
ထို့နောက်....
ထူထဲသောသစ်ပင်အထပ်လိုက်တို့နှင့် အလင်းရောင်မထိုးဖောက်နိုင်သော သစ်တောအုပ်ကြီး
အကြာကြီးနေမှ ဒီနေရာကြီးကို ပြန်ရောက်လာခဲ့ပြန်ပီ
မှောင်မဲဝေဝါးနေသော မြင်ကွင်းရှေ့တွင်မြင်နေရသည်ကား မေမေ့၏ပုံရိပ်ပင် ယခုတစ်ခါမြင်ရသောမေမေသည် သွေးအလိမ်လိမ်းတို့ဖြင့်ပေကျံနေကာ သူ့အားမျက်ရည်စတို့ရစ်ဝိုင်းနေသော မျက်ဝန်းတို့ဖြင့်ကြည့်နေသည်
"မေမေ.....မေမေ ဒဏ်ရာတွေနဲ့...."
"မလာနဲ့သားလေး မလာနဲ့ ပြေး အန္တရာယ်အကင်းဆုံးနေရာကိုပြေး"
သူ့အား အော်ဟစ်ငိုယိုကာလှမ်းပြောနေသော မေမေ့အနားသို့ တိုးကပ်သွားရင်း ရုတ်တရက် အသက်ရှုတွေကြပ်လာကာ ရပ်နေရာမှမြေပြင်ပေါ်သို့ လဲကျသွားသည်
"ကယ်ကြပါ ကျွန်တော့်ကိုကယ်ကြပါအုံး"
အက်ကွဲနာကျင်သောအသံတို့ဖြင့် ဗလုံးဗထွေးအော်ဟစ်ရင်း နောက်ဆုံးထွက်သက်ထွက်လုနီးနီးဟုထင်ရခါနီးလေးမှာ မြင်လိုက်ရသည့် ထိုဝင်းပပမျက်နှာတစ်ခု...
"ခင်ဗျားရေ! ခင်ဗျားရေ!ထပါအုံး ဟော မျက်လုံးပွင့်လာပီအဆင်ပြေရဲ့လား အိပ်မက်ဆိုးတွေမက်နေတာပဲ"
မျက်လုံးအစုံဖွင့်လိုက်သည့်အချိန်မှာ မြင်လိုက်ရသည့် မှဲ့လေး....အိပ်မက်ထဲမှာမဟုတ်ပဲ အပြင်လက်တွေ့သူ့ရဲ့ရှေ့တည့်တည့်မှာမြင်နေရသည့်မှဲ့လေး
"ချွေးစီးတွေတအားပြန်နေတာပဲ အိပ်မက်ကတအားဆိုးသလားဟင် အခုဘာမဖြစ်တော့ဘူးအဆင်ပြေသွားပီနော်"
သူ့မျက်နှာလေးအား စိုက်ကြည့်ကာ နူးနူးညံ့ညံ့နှစ်သိမ့်စကားတွေဆိုလာသည့် အကြင်သူမှဲ့လေးအားကြည့်ရင်း အတားအဆီးမဲ့စွာ မျက်ရည်စတို့ကဒလဟောစီးဆင်းလာတော့သည်
"ဟင် ဘာ ဘာလို့မျက်ရည်တွေကျလာတာလဲ ခင်ဗျားအဆင်ပြေရဲ့လား ရေသောက်လိုက်နော် ကျွန်တော်ရေသွားယူပေး..."
ပြောပြောဆိုဆိုနှင့် သူ့ရှေ့မှ ထသွားတော့မည့်အရိပ်အယောင်ပေါ်နေသောဆောင်ဟွန်း၏လက်တွေကို ဂျယ်ယွန်းလှမ်းဆွဲလိုက်ပီး ကိုယ်လုံးလေးအားအတင်းအကြပ်ဆုံးပွေ့ဖက်ကာ ပုခုံးဖြူဖြူထက်ဝယ်နဖူးအစုံကိုမှီချလိုက်တော့သည်
ပွေ့ဖက်ခံလိုက်ရသော ဆောင်ဟွန်းသည်လဲ ဒိန်းခနဲလျင်မြန်သွားသောနှလုံးခုန်သံတို့နှင့်အတူ ငြင်းပယ်ခွင့်တို့မရှိခဲ့
ရှိုက်၍ ရှိုက်၍ ငိုနေဟန်ပေါ်သော အနှီရှင်းဂျယ်ယွန်းအားပြန်လည်ပွေ့ဖက်ပေးလျက် လက်ချောင်းရှည်ရှည်လေးများနှင့် သူ၏ကျောပြင်အား ချော့မြူနှစ်သိမ့်ပေးနေမိသည်
"အဆင်ပြေပါတယ်ခင်ဗျားရယ် အဆင်ပြေသွားပီ ဘာတွေမက်ခဲ့လဲမသိပေမယ့် အခုအကုန်အဆင်ပြေသွားပီနော်"
"တကယ်ကျေးဇူးတင်ပါတယ် ခလေးရယ် ကိုယ့်ကိုဘယ်တော့မှထားမသွားပါနဲ့နော်...."
ရှိုက်ငိုသံတို့ဖြင့်ရောနှောလျက် ဝေတေဝါးတားပြောလာသော စကားတို့ကိုအပြည့်အစုံကိုသေချာမကြားခဲ့ရသော်လည်း ကျေးဇူးတင်ပါတယ်လို့ပြောနေမှန်းတော့ ဆောင်ဟွန်းနားလည်မိခဲ့ပါသည်
ခင်ဗျားမှာလဲ အတိတ်ဆိုးတွေရှိခဲ့ပုံပါပဲလားရှင်းဂျယ်ယွန်းရယ် ကျွန်တော်တော့ အလကားသက်သက် ခင်ဗျားအပေါ်ဂရုဏာစိတ်တွေဝင်မိပြန်ပီ အသုံးမဝင်တဲ့သံယောဇဉ်တွေဖြစ်လာတော့မှ ခက်ရချည်ရဲ့........
My Essential Hoon(10)
Jul31/2021
2:08 AM
တစ်ပိုင်းတင် ဆယ်ရက်လောက်ပျောက်တဲ့ဒို့ကို မေ့မသွားကြပါနဲ့အုံးနော် 😭🙏
စိတ်ဝင်စားပီး ဖတ်ရှုပေးတဲ့ စာဖတ်သူတစ်ဦးချင်းဆီတိုင်းကို တကယ်ရင်ထဲကနေကျေးဇူးတင်လျက်ပါ 💓
Zawgyi
ဂ်ယ္ယြန္းတို႔ႏွစ္ေယာက္စီးႏွင္ေသာကားအနက္ေလးသည္ ႀကီးမားထည္ဝါသည့္စံအိမ္ႀကီး၏ၿခံဝန္းတစ္ခုထဲသို႔ ဝင္သြားပီးေနာက္ ေနာက္မွကပ္လိုက္ပါလာေသာ ထိုသူစိမ္းကားတစ္စီးသည္လဲ ၄င္းစံအိမ္ႀကီး၏အေက်ာ္ခပ္လွမ္လွမ္းေနရာေလာက္မွာ ရပ္သြားသည္
မည္သူမည္ဝါေနထိုင္ေသာကို ကားထဲကလူအေနႏွင့္လိုက္လံစုံစမ္းစရာမလိုေလာက္ေတာ့ေအာင္ ဒီစံအိမ္ဒီရပ္ကြက္သည္ကားအရွိန္အဝါႀကီးနာမည္ႀကီးစာရင္းဝင္ျဖစ္ေနပါသည္
"Simအိမ္ေတာ္ပဲ.....သခင္ေလးParkက Sim familyနဲ႔ပတ္သက္ေနတာပါလား ဒါဆို ညေနကအတူရွိေနတဲ့တစ္ေယာက္က မဟုတ္မွလြဲေရာ အငယ္ေကာင္Jake Sim??"
Simဆိုသည့္နာမည္တစ္လုံးသည္ ေတာင္ကိုးရီးယား၏ထိပ္သီးgroupမ်ားၾကားတြင္ဒိတ္ဒိတ္ၾကဲလႊမ္းမိုးခဲ့သည္မွာႏွစ္အေတာ္ၾကာခဲ့ေလပီ ယခုထိလဲအင္အားႀကီးေနဆဲ
Ethan Sim ႏွင့္ Jake Sim ဟူသည့္ နာမည္ႀကီးSimညီအစ္ကိုႏွစ္ေယာက္အနက္တြင္ အႀကီးဆုံးသားEthan Simသည္ကား ေခါင္းေဆာင္ပိုင္းဦးစီးဦးေဆာင္ပိုင္း၏အခ်က္အခ်ာ
ပြဲတက္ interviewစသျဖင့္ လူေတြႏွင့္ထိေတြ႕ဆက္ဆံရသည့္ကိစၥမွန္သမၽွတြင္ အႀကီးဆုံးသားျဖစ္သည့္Ethan Simကသာ လူလုံးထြက္ျပေလ့ရွိသည္
အငယ္ဆုံးသားJake Simကေတာ့ လုပ္ရည္ကိုင္ရည္အရေတာ္သည္ဟုနာမည္ထြက္ေသာ္လည္း လူေရွ႕သို႔သိပ္မထြက္တတ္သည့္ပုံစံမ်ိဳး ေနာက္ပုံစံတစ္မ်ိဳးေျပာရလၽွင္ ယဥ္ေက်းမႈသိပ္မရွိဟုလဲနာမည္ႀကီးသည္
Jake Simသည္ကား သူ႔စိတ္ထဲမေတြ႕လၽွင္မေတြ႕သလို စိတ္ဆတ္တတ္ပီး Mannerသိပ္မေကာင္းဟုသတင္းႀကီးသည္ သူ႔ေရွ႕အခ်ိဳးမေျပတာလာေျပာလာလုပ္ေနပါက အႀကီးအငယ္မေရြးစိတ္ထဲရွိတဲ့အတိုင္းဆက္ဆံပစ္တတ္သည့္လူမ်ိဳး
ယခင္ႏွစ္ေတြတုန္းက Sim groupႏွင့္အရင္ဝန္ႀကီးခ်ဳပ္ေဟာင္းတို႔၏ေတြ႕ဆုံပြဲတစ္ခုတြင္ ဝန္ႀကီးခ်ဳပ္ေဟာင္းသမီးက Jake Simအားရိသဲ့သဲ့ေရလာေျမာင္းေပးလာလုပ္သျဖင့္ ခ်က္ခ်င္းပင္ျပင္းျပင္းထန္ထန္စကားလုံးေတြနဲ႔ လူအမ်ားေရွ႕မွာေပၚေပၚထင္ထင္ႀကီးျငင္းလႊတ္လိုက္သည့္အတြက္ ထိုကိစၥမွာဟိုးေလးတေက်ာ္ေက်ာ္ျဖစ္သြားခဲ့ေသးသည္
ယင္းကိစၥေၾကာင့္Sim groupလဲ အေတာ္ေလးအၾကပ္ရိုက္ခဲ့သလို ယခုဝန္ႀကီးခ်ဳပ္အသစ္တက္လာပီးေနာက္မွသာ တစ္ျဖည္းျဖည္းျပန္အင္အားႀကီးမားလာခဲ့သည္
Jake Simသည္လဲ ၄င္းအျဖစ္အပ်က္ပီးထဲက Partyေတာ္ေတာ္မ်ားမ်ားတြင္ေပၚမလာေတာ့သလို လူေရွ႕လဲသိပ္မထြက္ျဖစ္ေတာ့
ထို႔ေၾကာင့္ေနာက္ပိုင္းSim groupတြင္ Ethan Sim(Shim HeeSeung)ဆိုလၽွင္ မသိသူမရွိ အျပင္ထြက္လၽွင္လဲ Starတစ္ေယာက္ကဲ့သို႔နာမည္ႀကီးေနသေလာက္
အငယ္ေကာင္Jake Sim(Shim Jaeyun)ကိုကား အတြင္းသိမ်ားေလာက္သာ မ်က္ႏွာျမင္ဖူးၾကသည္
ကားထဲမွသူစိမ္းသည္ အမဲလိုက္မုဆိုးတစ္ေယာက္က သားေကာင္အားအနံ့ခံေနသကဲ့သို႔ Simအိမ္ေတာ္ႏွင့္ပတ္သက္သမၽွသိသမၽွအခ်က္မ်ားအားျပန္ေတြးေတာသုံးသပ္ရင္း အိမ္ႀကီးအားစိုက္ၾကည့္ေနခဲ့သည္
႐ုတ္တရက္ စံအိမ္ႀကီး၏အေပၚထပ္ဝရံတာထိပ္ဝယ္ ေပၚထြက္လာေသာ သခင္ေလးPark၏ပုံရိပ္အားျမင္မိတာေၾကာင့္ ဝရံတာထိပ္သို႔Cameraႏွင့္ခ်က္ခ်င္းပင္ခ်ိန္ရြယ္လိုက္သည္
ေစခိုင္းသူထံသို႔ျပန္ပို႔ေပးရန္ သက္ေသဓာတ္ပုံမ်ားအားလုံလုံေလာက္ေလာက္ရိုက္ကူးပီးေနာက္ ကားကိုစံအိမ္ႀကီးေရွ႕မွျဖတ္ေမာင္းကာျပန္လာခဲ့သည္
ေဆာင္ဟြန္းတစ္ေယာက္ ေရခ်ိဳးညစာစားပီးေနာက္ အနည္းငယ္ေလညႇင္းခံခ်င္စိတ္ေပၚလာတာႏွင့္ ခနစံအိမ္၏ဝရံတာသို႔တစ္ေယာက္ထဲထြက္လာခဲ့သည္
စပ္စုခ်င္တာလဲပါသည္ အိမ္ႀကီးကိုအျပင္ကေနျမင္လိုက္တိုင္း ထိုစိတ္ကူးယဥ္ဆန္ဆန္ဝရံတာေလးက ေဆာင္ဟြန္းရဲ့စိတ္ကိုအျမဲဆြဲေဆာင္ေနသည္မို႔....
တံခါးေလးအားတြန္းဖြင့္ကာ ဝရံတာထိပ္ေရာက္ေတာ့ အရိုင္းသိပ္မဆန္သည့္ေလျဖဴးသုန္သုန္၏ အထိအေတြ႕ကိုအရင္ခံစားလိုက္ရသည္
ဝါၾကင့္ၾကင့္ႀကိမ္ထိုင္ခုံေလးႏွစ္လုံးႏွင့္ စားပြဲခပ္ေသးေသးတစ္လုံး၏ေနာက္တြင္ ေခါင္းေလာင္းပန္းႏြယ္႐ုံေလးတစ္စု ေအာက္ေျခမွာေတာ့ ႏွင္းဆီအိုးေရာင္စုံေတြကို အေပၚေအာက္စီစီရီရီေလးတင္ကာအလွဆင္ထားသည္
ႏွာေခါင္းထိပ္သို႔ အလုအယက္တိုးေဝွ႕လာေသာ ပန္းနံ့သင္းသင္းတို႔အား ေဆာင္ဟြန္း အားပါးတရရႈရွိုက္လိုက္ရင္းဝရံတာလက္ရမ္းသို႔မွီကာ မဟူရာေကာင္းကင္ကိုေမာ့ၾကည့္မိသည္
မိုးတြင္းျဖစ္ေသာ္ျငား ယေန႔ညေတာ့ေကာင္းကင္မွာ မိုးသားတိမ္တိုက္တို႔ကကင္းစင္ေနလ်က္ ၾကယ္အစုံတို႔သည္ပင္ ေတာက္ေတာက္ပပ ထြန္းလင္းေပးေနသည္
ေကာင္းကင္အားေမာ့ၾကည့္ေနရင္း အိမ္ေရွ႕လမ္းေပၚမွာ ျဖတ္ေမာင္းသြားေသာ ကားတစ္စီးကိုအမွတ္တမဲ့ၾကည့္မိလိုက္သည္
"ငါတို႔အိမ္ကကားနဲ႔တူလိုက္တာ...Ahjussi?? ဟုတ္ေတာ့မဟုတ္ေလာက္ပါဘူး ငါပဲအျမင္မွားတာေနမွာ Ahjussiကဒီရပ္ကြက္ထဲဒီအခ်ိန္ႀကီးဘာလာလုပ္မွာမို႔လဲ အေတြးမလြန္ပဲေနၾကရေအာင္ပတ္ေဆာင္ဟြန္းေရ"
အေတြးမ်ားေနမိေသာ ကိုယ့္စိတ္ကိုယ္ျပန္သတိေပးရင္း ႀကိမ္ထိုင္ခုံေလးမွာဝင္ထိုင္ကာ ညခင္းဘက္ပတ္ဝန္းက်င္၏ဆိတ္ၿငိမ္ေအးခ်မ္းမႈကိုၿငိမ္ၿငိမ္ေလးခံစားေနမိသည္
"ေဆာင္ဟြန္း.....အေပၚထပ္မပါဘာမပါနဲ႔ကြာ ဒီမွာလာအေအးခံေနျပန္ပီ"
႐ုတ္တရက္ ၿငိမ္သက္ေနတဲ့ပတ္ဝန္းက်င္ကို ထိုးေဖာက္လာတဲ့အသံပိုင္ရွင္ကေတာ့ ထုံးစံအတိုင္းသူပါပဲ
"ဘာလဲ ေပ်ာက္လို႔ဆိုပီးထပ္ရွာေနျပန္တာလား"
"ဟုတ္တယ္"
သူ႔ကို ေဆာင္ဟြန္းခနဲ႔တဲ့တဲ့ေလသံေလးနဲ႔ေမးလိုက္ေတာ့ မ်က္ခုံးေလးႏွစ္ဖက္က်ဳံ႕ကာ ခပ္မဲ့မဲ့ေလးေျဖရွာသည္
ၿပီးေနာက္ လက္ထဲက ယူလာတဲ့ေစာင္ပါးကို ကိုယ့္ကိုယ္လုံးေပၚအတင္းလာျခဳံေပးေတာ့သည္
"အာ....ပူေနလို႔ ခနလန္းလန္းဆန္းဆန္းျဖစ္ေအာင္ ေလညႇင္းခံထြက္ပါတယ္ဆိုမွ မျခဳံခ်င္ဘူးျပန္ယူသြား"
"ဒီမွာေလစိမ္းေတြဒီေလာက္တိုက္ေနတာ ဘာကိုပူရမလဲ ပူေနလဲျခဳံထား သတိပါလစ္ထားတာ ခုမွေနေကာင္းခါစကို က်န္းမာေရးနဲ႔ပတ္သက္ရင္ေတာ့အထြဋ္တက္ဖို႔မႀကိဳးစားနဲ႔"
အတည္ေပါက္ႀကီးႏွင့္ေျပာလာေနသည္မို႔ ကိုယ္လဲဇက္ကေလးပုကာ ေစာင္ပါးေလးအားလက္နဲ႔ျပန္ဆြဲတင္ျခဳံထားလိုက္ရေတာ့သည္
ကိုယ္ ၿငိမ္ကုပ္ကုပ္ေလးျဖစ္သြားတာကို သူကသတိထားမိေတာ့ ပန္ႏုေရာင္ႏူတ္ခမ္းပါးေလးေတြကိုျပဳံးေယာင္ျပကာ ကိုယ့္ေရွ႕ကႀကိမ္ထိုင္ခုံေလးမွာလာဝင္ထိုင္သည္
"စိတ္ေကာက္သြားတာလား....ကိုယ့္ေလသံကမာသြားလို႔"
"ဘာရယ္.....စိတ္ေကာက္ရေအာင္ကၽြန္ေတာ္ကခေလးမို႔လား မေကာက္ရပါဘူး"
"ခေလးေပါ့ မင္းကကိုယ့္အတြက္ခေလးေလးပဲမဟုတ္ဘူးလား"
ထုံစံအတိုင္း မထိတထိစကားေတြေျပာလာျပန္တဲ့သူ႔ကို စူးစူးဝါးဝါးမ်က္ေစာင္းတစ္စုံႏွင့္ၾကည့္ပစ္လိုက္ေတာ့ သူကသေဘာက်စြာရီသည္
"မင္းက၁၉ႏွစ္ ကိုယ္က၂၈ႏွစ္....တို႔ႏွစ္ေယာက္အသက္ကကိုးႏွစ္ေတာင္ကြာၾကတာ ကိုယ္နဲ႔ဆိုရင္ မင္းကခေလးအရြယ္မဟုတ္လို႔လူႀကီးလား"
ရီေမာသံတို႔ႏွင့္ေရာစြက္ကာေျပာလာတဲ့ရွင္းဂ်ယ္ယြန္းပုံစံက ကိုယ့္စိတ္ကိုလာကစားေနသည့္လူတစ္ေယာက္ပမာ
"စိတ္ေကာက္ပါ ခြင့္ျပဳတယ္ ကိုယ္အခုေခ်ာ့တတ္ေနပီမလို႔ႀကိဳက္သေလာက္စိတ္ေကာက္ ဒါေပမယ့္စိတ္ေတာ့မဆိုးနဲ႔ မင္းတစ္ခါစိတ္ဆိုးရင္ ကိုယ့္အသက္တစ္ႏွစ္ပိုတိုသြားသလိုပဲ သိရဲ့လား"
သူ႔စကားေၾကာင့္ကိုယ္ရီမိသည္
"ရီပီေပါ့ ဆက္ပီးစိတ္မေကာက္ေတာ့ဘူးလား"
"အစထဲကစိတ္မေကာက္ပါဘူးလို႔ဆို....ခင္ဗ်ားပဲအတင္းကၽြန္ေတာ့္ကိုလူဆိုးဇာတ္လိုက္သြင္းေနတာ"
ကိုယ္အျပဴံးမပ်က္မ်က္ႏွာေလးႏွင့္ျပန္စကားဆိုေတာ့ သူကပါလိုက္ရီေမာသည္
ဝရံတာထိပ္ေလးသည္ကား ေလျဖဴးသုန္သုန္ ပန္းရနံ့တို႔ႏွင့္အတူ ျပဴံးေပ်ာ္ရီေမာေနေသာလူႏွစ္ဦး၏စကားသံလြင္လြင္တို႔ျဖင့္ ၾကည္ႏူးရိပ္အျဖာျဖာသန္းေနလ်က္
ၿခံဝင္တံခါးေရွ႕မွေပၚလာေသာ ကားမီးေရာင္ေၾကာင့္ ႏွစ္ေယာက္သားအၾကည့္တို႔က အိမ္ေရွ႕ဆီသို႔ေရာက္သြားသည္
"ခင္ဗ်ားအကို ျပန္လာပီထင္တယ္ တံခါးသြားဖြင့္ေပးလိုက္အုံး"
"Driver.Choiမွာေသာ့ပါတယ္ေလဘာေတြပူေနလဲ ကဲ ေျပာေနရင္းပဲ တံခါးဖြင့္ေနပီ.......Hyungပါျပန္ပါလာတယ္ထင္တယ္ ကိုယ္ေအာက္ခနဆင္းလိုက္အုံးမယ္ေနာ္ သိပ္မၾကာနဲ႔ ခနေနရင္ အခန္းထဲဝင္ေတာ့ ထပ္ဖ်ားေနမယ္"
သူထသြားေတာ့ ကိုယ္လဲ ထိုင္ခုံေလးမွာဆက္ထိုင္ေနပီးခနအၾကာ အခန္းထဲျပန္ဝင္ဖို႔ျပင္မိသည္
*ပတ္ေဆာင္ဟြန္းတို႔ ေပါ့ပ်က္ပ်က္ဆက္ဆံေရးသာေျပာတယ္ ေျပာစကားေတြတစ္ေသြမတိမ္းပဲနားေထာင္ေနလိုက္တာ ႀကိဳက္ေနပီလား ပစ္ေႂကြေနပီလား*
*မဟုတ္တာေဆာင္ဟြန္းရယ္ စကားနားေထာင္တာမဟုတ္ဘူး ကိုယ့္က်န္းမာေရးကိုယ္ဂ႐ုစိုက္တာ မင္းက မင္းကိုယ္မင္းထက္ဘယ္သူ႔ကိုပိုသေဘာက်ဖူးလို႔လဲ*
ခႏၶာကိုယ္တြင္းမွ devil sunghoonႏွင့္ angel sunghoonတို႔၏စကားသံေတြကို ေဆာင္ဟြန္းရီေမာကာတုံ႔ျပန္လိုက္ရင္း ဝရံတာတံခါးေလးကိုပိတ္လ်က္ အိပ္ခန္းဆီသို႔သာျပန္လာခဲ့ေတာ့သည္
~~~~~~~~
"Hyung ျပန္လာပီေပါ့.....ငါတို႔ရဲ့Mr.Ethan Sim ကၽြန္ေတာ့အလုပ္ေတြပါႏွစ္ဆလုပ္ေပးေနရတာပင္ပန္းေနပီ မေန႔ညကလဲ ညလုံးေပါက္အလုပ္လုပ္ေနရလို႔အိမ္ျပန္မလာတာမလား လာ လာ ဒီညီငယ္က ညစာခုပဲျပင္ေပးမယ္ အျမန္ေရခ်ိဳးအဝတ္စားလဲလိုက္ေတာ့"
"အမေလး ဘာႀကီးလဲ.....အဲ့လိုပုံစံႀကီးေတြမျပစမ္းပါနဲ႔လားငါ့ညီေရ ညစာလဲအျပင္မွာစားလာခဲ့ပီးပါပီ ပုံမွန္အတိုင္းပဲေနစမ္းပါ မင္းပုံစံေျပာင္းေျပာင္းသြားရင္ ငါၾကက္သီးထလြန္းလို႔"
ကုတ္အက်ီမီးခိုးေရာင္အား အတင္းလာဆြဲခၽြတ္ကာ ဖားေနသည့္ Jaeyunအား ရႈံ႔ရႈံ႔မဲ့မဲ့ႏွင့္ပတ္ေရွာင္ေနေသာHeeSeung ရွင္းဂ်ယ္ယြန္းကလဲ သူ႔အစ္ကိုမႀကိဳက္မွန္းသိေတာ့ ပိုပိုပီးဖားျပကာ အတင္းလိုက္စေနသည္
ဧည့္ခန္းထဲမွ ဆူဆူညံညံႏွင့္ စလိုက္ေနာက္လိုက္ေျပးလိုက္လုပ္ေနေသာညီအစ္ကိုႏွစ္ေယာက္မွာ လိုက္တမ္းေျပးတမ္းကစားေနေသာ မူႀကိဳကေလးမ်ားကဲ့သို႔ပင္
ဒီျမင္ကြင္းကို အေပၚထပ္က ပတ္ေဆာင္ဟြန္းသာျမင္သြားခဲ့ရင္ "မႀကီးမငယ္ သူငယ္ျပန္ညီအစ္ကို"ဆိုပီး ခနခနႀကိတ္အူတက္ေနရအုံးမည့္ျဖစ္ျခင္း
"Shim Jaeyun ရပ္ေတာ့လို႔ ငါတကယ္စိတ္ဆိုးလာပီ အလုပ္ျပန္ဆင္းခိုင္းလိုက္ရမလား"
"hahahaha အိုေခ အိုေခ မစေတာ့ဘူး ရပ္ပီ တကယ္ရီရတယ္ သူ႔အေပၚေကာင္းေပးပီးလိမၼာျပတာကို ျဖစ္ပ်က္ေနလိုက္တာ overေတြတအားလုပ္တဲ့Hyung"
"ျဖစ္ပ်က္ရမယ္ေလ မင္းအဲ့လိုဖားတိုင္း ငါပဲအလုပ္ေတြပိုပိုပိလာတာ အေကာင္းဖားတာမွမဟုတ္တာ"
သူ႔အစ္ကိုျပန္ေျပာတဲ့စကားေၾကာင့္ Jaeyun အူလွိမ့္ေအာင္ပင္ရီေမာသေဘာက်ေနမိသည္
"ဒါနဲ႔ အလုပ္ေတြပိေနတဲ့လူႀကီးကလဲ ပုံစံကေတာ့သိပ္မပင္ပန္းသလိုပါပဲ လန္းလန္းဆန္းဆန္းရွိသားပဲ ကၽြန္ေတာ့္ကိုေတာင္ျပန္ေအာ္နိုင္ေသးရင္ ဒါenergyေတာ္ေတာ္က်န္ေနေသးလို႔ တကယ္ေရာအလုပ္လုပ္ရဲ့လား မေန႔ညက ဘယ္မွာအိပ္တာလဲ"
ရီေမာေနရင္း ျပန္းေမးလာေသာ Jaeyunစကားေၾကာင့္ HeeSeung အနည္းငယ္ေတာ့အၾကပ္ရိုက္သြားသည္
"ဟမ္....ကုမၸဏီမွာပဲအိပ္တာေပါ့ မင္းေၾကာင့္အလုပ္ေတြပိုမ်ားေနရတာကို မပင္ပန္းပဲေနမလား လူကိုလာပီးသံသယလာထူေနတယ္ အလုပ္ျမန္ျမန္ျပန္ဆင္းဖို႔ျပင္ထား"
ေဘာက္ဆတ္ဆတ္နဲ႔ ေငါက္ေျပာေျပာကာ ထြက္သြားတဲ့ HeeSeungကိုၾကည့္ကာ Jaeyun ခိုးခိုးခစ္ခစ္ရီေမာရင္း အေပၚသို႔ျပန္တက္လာခဲ့သည္
~~~~~~
အခန္းတံခါးဖြင့္သံေၾကာင့္ စာၾကည့္စားပြဲမွာထိုင္ေနရာကေန ဇတ္ခနဲေနာက္ျပန္လွည့္ၾကည့္လာတဲ့မွဲ႕ေလး
စာဂ်ပိုးေလးက ထုံးစံအတိုင္းစာေတြလုပ္ေနျပန္ေသးသည္
"အိပ္ခ်ိန္တန္ပီေဆာင္ဟြန္း...စာမလုပ္နဲ႔ကြာ စာေတြအမ်ားႀကီးလုပ္ခဲ့ပီပီ ဒီရက္ေတြေတာ့ေကာင္းေကာင္းအနားယူ"
"ခင္ဗ်ား ကၽြန္ေတာ့္ကို တမင္ရည္ရြယ္ခ်က္ရွိရွိနဲ႔အဆင့္ေတြက်ေအာင္လုပ္ေနတာေတာ့မဟုတ္ပါဘူးေနာ္"
ေရးမွတ္ေနသည့္စာအုပ္မ်ားကိုပိတ္ပီး ထိုင္ရာမွထကာ ေမြ႕ရာေပၚသို႔ေနရာေျပာင္းရင္းျပန္ေျပာလာတဲ့ေကာင္ေလးကိုၾကည့္၍ သူ႔တစ္ခ်က္ျပဴံးကာစကားဆိုလိုက္သည္
"မင္းကေတာ္ပီးသားပဲ ခနေလာက္နားလိုက္တာနဲ႔ အဆင့္က်မသြားပါဘူး ခုခ်ိန္မွာမင္းလိုေနတာအိပ္ေရးဝဝအိပ္ဖို႔ energyလုံလုံေလာက္ေလာက္ရွိမွ စာေကာင္းေကာင္းေျဖနိုင္မွာေပါ့"
သူ႔ကို လွဲေနရင္းကေနၿငိမ္ၿငိမ္ေလးလွမ္းၾကည့္ေနတဲ့မွဲ႕ေလးကိုျပန္ၾကည့္ရင္း စကားေတြထိုင္ေျပာေနမိသည္
"ခုခ်ိန္စာေမးပြဲထေျဖရင္ေတာင္ မင္းလိုခ်င္တဲ့တကၠသိုလ္အမွတ္ကိုကြက္တိမွီေနေလာက္မွာ ကိုယ္ကေတာ့ မင္းကိုယုံတယ္ သိပ္ပီးကိုယ့္ကိုယ္ကိုဖိအားေပးတာေတြမလုပ္နဲ႔ေတာ့ မင္းကေတာ္ပီးသား မင္းကိုယ္မင္းယုံဖို႔ပဲလိုေတာ့တာ"
သူေျပာေနတဲ့စကားေတြကို ဆုံးတဲ့ထိၿငိမ္ၿငိမ္ေလးနားေထာင္ပီးေတာ့ေခါင္းလုံးလုံးေလးကိုျငင္ျငင္သာသာညိမ့္ျပေနသည္ကအသည္းယားစရာ
သူ႔လက္ေတြနဲ႔ မွဲ႕ေလးရဲ့ဆံပင္နက္နက္ေတြကိုလွမ္းကာထိုးဖြလိုက္ေတာ့ ရန္လဲမေတြ႕ မ်က္ေစာင္းလဲမထိုးသလို ပါးခ်ိဳင့္ေလးမ်ားကိုနစ္ဝင္သြားေအာင္ျပန္ျပဳံးျပလ်က္ လူကိုရင္ခုန္ေစပါသည္
"ကဲ...အခုအိပ္ေတာ့ေနာ္"
ေစာင္ထူထူေလးကို လည္ပင္းထိပ္ထိေရာက္ေအာင္ဆြဲျခဳံေပးပီးေနာက္ သူလဲ ခါတိုင္းအိပ္ေနက်ျဖစ္တဲ့ကုတင္ေဘးကထိုင္ခုံေလးမွာပဲဝင္ထိုင္လိုက္ေတာ့ ေကာင္ေလးက မ်က္လုံးေလးျပဳးကာၾကည့္လာသည္
"ခနေလး...ဒီညေရာ ထိုင္ခုံေပၚမွာပဲအိပ္အုံးမလို႔လား"
"အင္းေလ"
"ဟာ လူကိုစိတ္မသက္မသာျဖစ္ေအာင္အေတာ္လုပ္တာပဲ သြား တစ္ျခားအခန္းလြတ္မွာသြားအိပ္ေတာ့ ကၽြန္ေတာ္လဲေနေကာင္းေနပီ အေရးေပၚလူနာေစာင့္စရာလဲမလိုေတာ့ဘူးေလလို႔"
သူ႔ကို အိပ္ရတာမသက္မသာျဖစ္မွာစိုးလို႔ စိတ္ပူေနတဲ့ေဆာင္ဟြန္းကခ်စ္စဖြယ္အတိပါပဲ ဒါေပမယ့္လဲ တစ္ေယာက္ထဲထားမသြားနိုင္ပါ
သူမရွိတဲ့အခန္းလြတ္ႀကီးထဲ ေဆာင္ဟြန္းကိုတစ္ေယာက္ထဲသိပ္ခဲ့ရမွာလား....အို မျဖစ္နိုင္တာ အဲ့တာကမွ သူ႔ကိုတစ္ညလုံးစိတ္ေရာဂါေပးသလိုျဖစ္ေနမွာ စိတ္ပူပီးအိပ္မေပ်ာ္ပဲညလုံးေပါက္သြားမွာအေသအခ်ာပဲ
"ဟင့္အင္ မသြားဘူး"
"ခင္ဗ်ားအတြက္ေျပာေနတာ ၾကာရင္ခင္ဗ်ားပါအိပ္ေရးပ်က္ပီး ေနမေကာင္းျဖစ္ကုန္လိမ့္မယ္"
"နိုးပါ ကိုယ္အဆင္ေျပတာမို႔ လာမႏွင္နဲ႔ ဒီေနရာကေန တစ္လွမ္းေတာင္မခြါနိုင္ဘူး"
*ဇြတ္ပါလား ရွင္းဂ်ယ္ယြန္းရယ္....*
ေဆာင္ဟြန္းတိတ္တခိုးၿငီးျငဴလိုက္ရင္း ဘာလုပ္ေပးရမွန္းမသိ လမ္းေပ်ာက္ေနေတာ့သည္ ထိုင္ခုံေပၚမွာပဲ သူ႔ကိုဒီတိုင္အိပ္ခိုင္းဖို႔ကလဲဘလိုမွမျဖစ္နိုင္ အားနာစိတ္ေၾကာင့္ ကိုယ္တိုင္ပါ အိပ္မေပ်ာ္ျဖစ္သြားလိမ့္မည္
ေနာက္ ရွိသမၽွနည္းလမ္းမ်ားကို ႀကံဖန္စဥ္းစားပီးတဲ့အဆုံး ကုတင္ေျခရင္းမွ ဖက္လုံးေလးအား အလယ္တည့္တည့္သို႔ခ်ကာ သူ႔ဘက္ကိုၾကည့္လိုက္သည္
သူကေတာ့ ကိုယ္ဘာလုပ္ေနလဲဆိုတာနားမလည္သလို လိုက္အကဲခတ္ေနသည္
"ဘယ္တတ္နိုင္မလဲ ေရြးစရာမရွိဘူး လာ ဒီအေပၚပဲလာအိပ္လိုက္ပါေတာ့"
ဖက္လုံးေလးတစ္ဖက္ျခမ္းမွေမြ႕ယာေပၚအား လက္ေခ်ာင္းရွည္ရွည္ေလးေတြႏွင့္အသာပုတ္ျပကာ သူ႔ကိုလွမ္းေခၚေနသည့္ေဆာင္ဟြန္းကိုၾကည့္ရင္း ဂ်ယ္ယြန္းေၾကာင္သြားသည္
မွဲ႕ေလးကအခု သူ႔ကို တစ္ကုတင္ထဲအတူအိပ္ဖို႔ေခၚေနတာလား
႐ုတ္တရက္ႀကီး အေၾကာင္းျပခ်က္မရွိ ဘယ္ဘက္ရင္အုံကႏွလုံးသားမွာလဲ အထိန္းအကြပ္မဲ့စြာ တစ္ဒိန္းဒိန္းဆူညံလာေတာ့သည္
"ဘာေၾကာင္ၾကည့္ေနတာလဲ လာ အတူတူအိပ္မယ္ တစ္ျခားအခန္းလဲမသြားခ်င္ဘူးဆိုမွေတာ့ မထူးေတာ့ဘူး ေမြ႕ယာကလဲ အက်ယ္ႀကီး ဒီေပၚမွာပဲလာအိပ္လိုက္ေတာ့"
မွဲ႕ေလးသည္ သူယခုေျပာခ်လိုက္သည့္စကားမ်ားက တစ္ဖက္လူအား ဘလိုသက္ေရာက္သြားေစလိမ့္မလဲဆိုတဲ့အေတြးမ်ားရွိပုံမေပၚ
ေပါ့ေပါ့ေလးေျပာခ်လိုက္ေသာစကားမ်ားသည္ ဂ်ယ္ယြန္းအတြက္ ပိုမိုျမန္ဆန္ေသာရင္ခုန္ႏႈန္းမ်ားႏွင့္အတူ အသက္ရႈမမွားေအာင္ မနည္းသတိျပန္ကပ္ရင္းျပန္ထိန္းယူေနရသည္
"ဒီေပၚမွာပဲလာအိပ္ ဒါေပမယ့္ ဒီမွာ ဒီဖက္လုံးကိုေတာ့မေက်ာ္နဲ႔ ေနာက္ပီးကၽြန္ေတာ္ကိုလဲလာမထိနဲ႔ေနာ္ ကၽြန္ေတာ္ကအအိပ္ဆတ္တယ္ တစ္ေရးနိုးလို႔ ဒီဖက္လုံးကိုေက်ာ္ေနတာျမင္ရင္ ရိုက္လႊတ္မွာ ႀကိဳေျပာထားတာ"
ထပ္ေျပာလာတဲ့ မွဲ႕ေလး၏စကားေၾကာင့္ ရင္ခုန္သံေတြဆူညံေနရင္းမွ ဂ်ယ္ယြန္းဟက္ဟက္ပက္ပက္ရီခ်လိုက္မိသည္
ရိုက္လႊတ္မယ္ဆိုတဲ့စကားေလးက သိပ္ခ်စ္စရာေကာင္းလြန္းမေနဘူးလား
ကိုယ့္အိမ္ကိုယ့္ယာကိုယ့္ပိုင္နက္ထဲမွာေတာင္ သူ႔စိတ္တိုင္းက် စည္းလာတားေနသည့္ဆရာသမားေလးကိုအသလြတ္ေၾကာက္ေနရပါသည္
ဂ်ယ္ယြန္းတစ္ေယာက္ အသည္းယားလြန္းလို႔ ဆက္တိုက္ကိုျပဳံးရီေနမိ၏
"အဲ့မွာမၿပီးနိုင္မစီးနိုင္ဆက္ရီခ်င္လဲရီေနေတာ့ ကၽြန္ေတာ္အိပ္ပီ ဒီမွာျမင္တယ္ေနာ္ဖက္လုံး ေက်ာ္မလာနဲ႔ ေက်ာ္လာရင္ ခုနကေျပာထားတဲ့အတိုင္းပဲ"
"ဟဟ ဘလိုလုပ္မလဲ မင္းကအဲ့လိုခနခနသတိေပးေနေတာ့ ကိုယ္ကပိုေက်ာ္ခ်င္လာေရာ"
သူ႔၏ရႊတ္ေနာက္ေနာက္စကားအား မ်က္ေစာင္းလွလွေလးႏွင့္တစ္ခ်က္ျဖင့္တုံ႔ျပန္ပီးေနာက္ ေစာင္ေလးျခဳံကာ သူ႔အားေက်ာခိုင္းသြားေလသည္
ခြင့္ျပဳေပးထားတဲ့ ေမြ႕ယာ၏ဘယ္ဘက္ျခမ္းေလးမွာ ေနရာဝင္ယူကာလဲေလ်ာင္းလိုက္ရင္း သူ႔အားေက်ာခိုင္းကာအိပ္ေနေသာ အႏွီမွဲ႕ေလးကို ဂ်ယ္ယြန္းျမတ္နိုးစြာေငးေမာေနမိသည္
ဒီလိုအနီးကပ္အေနအထားမွာ သူျမတ္နိုးလြန္းတဲ့မ်က္ႏွာအစိတ္အပိုင္းေလးေတြ မွဲ႕လုံးလုံးေလးေတြကို တစ္ညလုံးထိုင္ေငးၾကည့္ခ်င္တာေတာ့အမွန္ပင္
သို႔ေသာ္လဲ ေကာင္ငယ္ေလးက အက်င့္ပုတ္စြာ သူ႔အားေက်ာခိုင္းေနရက္ေသာေၾကာင့္.....
မ်က္ႏွာေလးကိုျမင္ခ်င္လို႔ ဒီဘက္ေလးလွည့္အိပ္ပါလား ဟုေျပာလို႔ကလဲမျဖစ္ အခက္ေတြ႕လွ၏
နိမ့္ခ်ည္ျမင့္ခ်ည္အသက္ရႈထုတ္သြင္းလ်က္ အိပ္ေပ်ာ္စျပဳေနေသာေကာင္ေလးကို ေငးေမာစိုက္ၾကည့္ရင္း ဂ်ယ္ယြန္းလဲ မ်က္လုံးအစုံတို႔ေမွးစင္းလာခဲ့ေတာ့သည္
~~~~~~~~~
"သားငယ္...."
႐ုတ္တရက္နားထဲမွာ လွစ္ခနဲၾကားလိုက္ရတဲ့ ေမေမ့အသံ
ထို႔ေနာက္....
ထူထဲေသာသစ္ပင္အထပ္လိုက္တို႔ႏွင့္ အလင္းေရာင္မထိုးေဖာက္နိုင္ေသာ သစ္ေတာအုပ္ႀကီး
အၾကာႀကီးေနမွ ဒီေနရာႀကီးကို ျပန္ေရာက္လာခဲ့ျပန္ပီ
ေမွာင္မဲေဝဝါးေနေသာ ျမင္ကြင္းေရွ႕တြင္ျမင္ေနရသည္ကား ေမေမ့၏ပုံရိပ္ပင္ ယခုတစ္ခါျမင္ရေသာေမေမသည္ ေသြးအလိမ္လိမ္းတို႔ျဖင့္ေပက်ံေနကာ သူ႔အားမ်က္ရည္စတို႔ရစ္ဝိုင္းေနေသာ မ်က္ဝန္းတို႔ျဖင့္ၾကည့္ေနသည္
"ေမေမ.....ေမေမ ဒဏ္ရာေတြနဲ႔...."
"မလာနဲ႔သားေလး မလာနဲ႔ ေျပး အႏၲရာယ္အကင္းဆုံးေနရာကိုေျပး"
သူ႔အား ေအာ္ဟစ္ငိုယိုကာလွမ္းေျပာေနေသာ ေမေမ့အနားသို႔ တိုးကပ္သြားရင္း ႐ုတ္တရက္ အသက္ရႈေတြၾကပ္လာကာ ရပ္ေနရာမွေျမျပင္ေပၚသို႔ လဲက်သြားသည္
"ကယ္ၾကပါ ကၽြန္ေတာ့္ကိုကယ္ၾကပါအုံး"
အက္ကြဲနာက်င္ေသာအသံတို႔ျဖင့္ ဗလုံးဗေထြးေအာ္ဟစ္ရင္း ေနာက္ဆုံးထြက္သက္ထြက္လုနီးနီးဟုထင္ရခါနီးေလးမွာ ျမင္လိုက္ရသည့္ ထိုဝင္းပပမ်က္ႏွာတစ္ခု...
"ခင္ဗ်ားေရ! ခင္ဗ်ားေရ!ထပါအုံး ေဟာ မ်က္လုံးပြင့္လာပီအဆင္ေျပရဲ့လား အိပ္မက္ဆိုးေတြမက္ေနတာပဲ"
မ်က္လုံးအစုံဖြင့္လိုက္သည့္အခ်ိန္မွာ ျမင္လိုက္ရသည့္ မွဲ႕ေလး....အိပ္မက္ထဲမွာမဟုတ္ပဲ အျပင္လက္ေတြ႕သူ႔ရဲ့ေရွ႕တည့္တည့္မွာျမင္ေနရသည့္မွဲ႕ေလး
"ေခၽြးစီးေတြတအားျပန္ေနတာပဲ အိပ္မက္ကတအားဆိုးသလားဟင္ အခုဘာမျဖစ္ေတာ့ဘူးအဆင္ေျပသြားပီေနာ္"
သူ႔မ်က္ႏွာေလးအား စိုက္ၾကည့္ကာ ႏူးႏူးညံ့ညံ့ႏွစ္သိမ့္စကားေတြဆိုလာသည့္ အၾကင္သူမွဲ႕ေလးအားၾကည့္ရင္း အတားအဆီးမဲ့စြာ မ်က္ရည္စတို႔ကဒလေဟာစီးဆင္းလာေတာ့သည္
"ဟင္ ဘာ ဘာလို႔မ်က္ရည္ေတြက်လာတာလဲ ခင္ဗ်ားအဆင္ေျပရဲ့လား ေရေသာက္လိုက္ေနာ္ ကၽြန္ေတာ္ေရသြားယူေပး..."
ေျပာေျပာဆိုဆိုႏွင့္ သူ႔ေရွ႕မွ ထသြားေတာ့မည့္အရိပ္အေယာင္ေပၚေနေသာေဆာင္ဟြန္း၏လက္ေတြကို ဂ်ယ္ယြန္းလွမ္းဆြဲလိုက္ပီး ကိုယ္လုံးေလးအားအတင္းအၾကပ္ဆုံးေပြ႕ဖက္ကာ ပုခုံးျဖဴျဖဴထက္ဝယ္နဖူးအစုံကိုမွီခ်လိုက္ေတာ့သည္
ေပြ႕ဖက္ခံလိုက္ရေသာ ေဆာင္ဟြန္းသည္လဲ ဒိန္းခနဲလ်င္ျမန္သြားေသာႏွလုံးခုန္သံတို႔ႏွင့္အတူ ျငင္းပယ္ခြင့္တို႔မရွိခဲ့
ရွိုက္၍ ရွိုက္၍ ငိုေနဟန္ေပၚေသာ အႏွီရွင္းဂ်ယ္ယြန္းအားျပန္လည္ေပြ႕ဖက္ေပးလ်က္ လက္ေခ်ာင္းရွည္ရွည္ေလးမ်ားႏွင့္ သူ၏ေက်ာျပင္အား ေခ်ာ့ျမဴႏွစ္သိမ့္ေပးေနမိသည္
"အဆင္ေျပပါတယ္ခင္ဗ်ားရယ္ အဆင္ေျပသြားပီ ဘာေတြမက္ခဲ့လဲမသိေပမယ့္ အခုအကုန္အဆင္ေျပသြားပီေနာ္"
"တကယ္ေက်းဇူးတင္ပါတယ္ ခေလးရယ္ ကိုယ့္ကိုဘယ္ေတာ့မွထားမသြားပါနဲ႔ေနာ္...."
ရွိုက္ငိုသံတို႔ျဖင့္ေရာေႏွာလ်က္ ေဝေတဝါးတားေျပာလာေသာ စကားတို႔ကိုအျပည့္အစုံကိုေသခ်ာမၾကားခဲ့ရေသာ္လည္း ေက်းဇူးတင္ပါတယ္လို႔ေျပာေနမွန္းေတာ့ ေဆာင္ဟြန္းနားလည္မိခဲ့ပါသည္
ခင္ဗ်ားမွာလဲ အတိတ္ဆိုးေတြရွိခဲ့ပုံပါပဲလားရွင္းဂ်ယ္ယြန္းရယ္ ကၽြန္ေတာ္ေတာ့ အလကားသက္သက္ ခင္ဗ်ားအေပၚဂ႐ုဏာစိတ္ေတြဝင္မိျပန္ပီ အသုံးမဝင္တဲ့သံေယာဇဥ္ေတြျဖစ္လာေတာ့မွ ခက္ရခ်ည္ရဲ့........
My Essential Hoon(10)
Jul31/2021
2:08 AM
တစ္ပိုင္းတင္ ဆယ္ရက္ေလာက္ေပ်ာက္တဲ့ဒို႔ကို ေမ့မသြားၾကပါနဲ႔အုံးေနာ္ 😭🙏
စိတ္ဝင္စားပီး ဖတ္ရႈေပးတဲ့ စာဖတ္သူတစ္ဦးခ်င္းဆီတိုင္းကို တကယ္ရင္ထဲကေနေက်းဇူးတင္လ်က္ပါ 💓