တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်...

Od SuzanneM4Y

23.9K 2.9K 200

Original novel - Of Mountains and Rivers (Shan He Biao Li - 山河表里) by Priest Year - 2015 No. of chapters - 77... Více

Introduction
Story Brief
Chapter - 1: Prologue
Chapter -2: Prologue
Chapter - 3: Prologue
Chapter - 4: Prologue
Chapter - 5: Prologue
Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 7: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 8: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 9: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 10: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 11: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 12: ဤကမ္ဘာ (ဤကမာၻ)
Chapter -13: ဤကမ္ဘာ (ဤကမာၻ)
Chapter - 14: ဤကမ္ဘာ (ဤကမာၻ)
Chapter - 15: ဤကမ္ဘာ (ဤကမာၻ)
Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)
Chapter-17: ဤကမ္ဘာ ( ဤကမာၻ )
Chapter-18: ဤကမ္ဘာ ( ဤကမာၻ )
Chapter-19: ဤကမ္ဘာ ( ဤကမာၻ )
Chapter-20: ဤကမ္ဘာ ( ဤကမာၻ )
Chapter-21: ဤကမ္ဘာ ( ဤကမာၻ )
Chapter - 23: ဤကမ္ဘာ ( ဤကမာၻ )
Chapter-24: ဤကမ္ဘာ ( ဤကမာၻ )
Chapter-25: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)
Chapter - 28: အခြားကမ္ဘာ (အျခားကမာၻ)
Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)
To my translation readers
Chapter - 30: အခြားကမ္ဘာ (အျခားကမာၻ)

Chapter-22: ဤကမ္ဘာ ( ဤကမာၻ )

311 72 7
Od SuzanneM4Y

(Uni)

ကျွမ်းကျင်အဆင့် လုပ်သား

မြွေလေးတစ်ကောင်လောက်ကို ခေါ်သွားခြင်းမှာ - ထိုမြွေသည် နန်ရှန်း၏ အိမ်မွေးတိရစ္ဆာန်ဖြစ်ပုံပေါ်သည့်တိုင်အောင် - ကိစ္စမရှိလှပါချေ။ အသားခြောက်ကို တစ်ပိဿာလျှင်နှစ်ခွိုက်ဈေးဖြင့် သတ်မှတ်ရောင်းချစေခဲ့သော လူဆင်းရဲသော်လည်း စေတနာမဆင်းရဲသည့် အနှီပုဂ္ဂိုလ်ကား စိတ်မရှိလောက်သည့်တိုင်...

သို့ရာတွင် ထိုအကြောင်းကြောင့် သူ့အနေဖြင့် ကလေးငယ်တစ်ယောက်ကို လိပ်ပြာလုံစွာ ပြန်ပေးဆွဲသွားနိုင်သည်ဟု မဆိုလိုပေ။

ချူဟွမ်မှာ မောင်ခေါင်းပြောင်ကလေးတစ်ယောက် သူ့ရှေ့မှောက်တွင် ထိုဝက်နှင့်အတူ ခုန်ပေါက်ဆော့ကစားနေသည်ကို ကြည့်နေရင်းဖြင့် စိတ်ပူလွန်းသောကြောင့် ဒွါရခုနစ်ပေါက်မှ မီးခိုးများပင်ထွက်နေလေပြီ။

"ဒီလာခဲ့"
ချူဟွမ်က မတောက်တခေါက်လီယီဘာသာစကားဖြင့် မျက်နှာထားခပ်တင်းတင်း ဆိုလိုက်သည်။ တစ်ချိန်တည်းတွင်ပင် လူကြီးလူကောင်းဆန်သောအမူအရာမျိုးကို ဖျစ်ညှစ်လုပ်ယူနေရပေ၏။

"မင်း ဘယ်လိုလုပ် ဒီကိုလိုက်လာတာလဲ? ရိုက်ခံထိချင်နေတာလား?"

မောင်ခေါင်းပြောင်လေးကား ထိုစကားကိုကြားပြီးသည့်နောက် အနည်းငယ်မျှပင်ကြောက်ပုံမပေါ်ရုံသာမက ဝက်၏လည်ပင်းကိုဖက်လျက် ပျော်ရွှင်စွာရယ်မော၍ပင်နေချေသည်။

ချူဟွမ် : "..."

ဤသည်မှာ အအ,တစ်ယောက် ဘာသာစကားတစ်ခုကို သင်ယူရသည့်အခါတွင် ကြုံတွေ့ရသော အားနည်းချက်မျိုးပင်ဖြစ်ကာ - သူများပြောနေသည်များကို နားလည်နိုင်သော်လည်း ကိုယ်တိုင်ပြောရမည်ဆိုပါက ထုတ်မပြောတတ်ခြင်းဖြစ်၏။ တစ်ဖက်လူက အူတက်အောင်ရယ်နေသည့်တိုင် မိမိကိုယ်တိုင်ကမူ ဘာမှားသွားကြောင်းကို စဉ်းစား၍မရနိုင်ပေ။

ချူဟွမ်လည်း သူ့အသံထွက်ကို ကြိုးစားပမ်းစားပြင်ဆင်နေကာ "ရှာဖွေ... ခေါ်... 'ကျောက်'... ထိသွားပြီ"* ဟူသည့်နှယ် ရှိနေတော့သည်။
["ရှာဖွေ... ခေါ်... 'ကျောက်'... ထိသွားပြီ" (找... 招,赵...打)- တရုတ်အသံထွက်တွေမှာက မြန်မာစာလိုပဲ အသံအတက်အကျတွေ (Eng လိုတော့ "tone" လို့ခေါ်ပြီး မြန်မာသဒ္ဒါအသုံးအနှုန်းတွေအရဆိုရင်တော့ "သံတို၊ သံရှည်၊ သံလေး" လို့ ခေါ်ပါတယ်။ ဥပမာအားဖြင့်ကတော့ ဥပမာအားဖြင့် "သိ၊ သီ၊ သီး" ဆိုတာမျိုးလိုပေါ့) ရှိပါတယ်။ အင်္ဂလိပ်စာလိုမျိုးဘာသာစကားမှာက အဲ့လို tone တွေမရှိပါဘူး။ ဒီစကားစုထဲက ပထမသုံးလုံးက အသံထွက်ရင် "ကျောင်... ကျောင်း... ကျောက်" ဆိုပြီး ထွက်ပါတယ်]

မောင်ခေါင်းပြောင်လေးမှာ မြေပေါ်တွင်လူးလှိမ့်လျက် ခွက်ထိုးခွက်လန်ရယ်တော့၏။

"ထားလိုက်ပါတော့"

ချူဟွမ်တစ်ယောက် စိတ်ဓာတ်ကျသွားရသည်။ သူ့အနေဖြင့် ထိုကလေးကို လေသံမာမာဖြင့်ပြော၍မရနိုင်ကြောင်း သိသွားရပြီးသည့်နောက်တွင် ချော့ချော့မော့မော့သာ စည်းရုံးသိမ်းသွင်းရလေ၏။ သူက ကူကယ်ရာမဲ့စွာဖြင့် သူ့အိတ်ကပ်များကို စမ်းသပ်ရှာဖွေကြည့်လိုက်သည့်အခါ သူ့သကြားလုံးများအားလုံးကို သူနေခဲ့သည့်အိမ်ကလေးထဲတွင် ထားခဲ့မိပြီးဖြစ်၍ တစ်လုံးမျှပင်ပါမလာတော့ကြောင်း တွေ့လိုက်ရချေသည်။

"ငါ့ဆီမှာ တကယ် သကြားလုံးမရှိတော့ဘူး"

ချူဟွမ်က ထိုစကားလုံးများကို တတ်နိုင်သမျှရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောချလိုက်ပြီးသည့်နောက် သူ့အပေါ်ထပ်အင်္ကျီအိတ်ကပ်များကို အတွင်းအပြင်လှန်၍ မောင်ခေါင်းပြောင်လေးထံ ပြသလိုက်ပေသည်။

"တကယ်... မင်းကိုညာနေတာမဟုတ်ဘူး။ လိမ္မာတယ်နော်... ငါ မင်းကို အိမ်ပြန်ပို့ပေးမယ်"

မောင်ခေါင်းပြောင်လေးကမူ သူ၏စည်းရုံးသိမ်းသွင်းမှုအောက်သို့မကျရောက်ဘဲ ရှေ့သို့ခုန်ထွက်လာလျက် ချူဟွမ်၏ခြေထောက်ကို တည့်တည့်ဆွဲဖက်လာတော့၏။

ထိုကလေးမှာ ခြေထောက်ဖက်ခြင်းအနုပညာ၌ တစ်ဖက်ကမ်းခတ်သော ကျွမ်းကျင်အဆင့် 'ခြေဖက်သမား' တစ်ယောက် ဖြစ်နေချေပြီ။

ဤအခြင်းအရာကို မြင်ပြီးသည့်နောက် ဝက်ကြီးသည်လည်း ထိုအတိုင်းလိုက်လုပ်လိုသည့်ဟန်ရှိခဲ့စေကာမူ ချူဟွမ်၏ သတ်တော့ဖြတ်တော့မတတ်အကြည့်များကြောင့် နေရာတွင်ပင် ကျောက်ရုပ်ဖြစ်သွားရရှာကာ နှာတစ်ချက်မှုတ်လျက် မြေကြီးကိုသာ နှာခေါင်းဖြင့် မကျေမနပ်တူးဆွနေလေသည်။ မြွေကလေးသည်ကား ဂုဏ်ထူးဆောင်ဆုတံဆိပ်အပ်နှင်းခံရသော အရာရှိကြီးတစ်ဦးကဲ့သို့အမူအရာမျိုးဖြင့် ချူဟွမ်၏ပခုံးပေါ်သို့ ဝံ့ကြွားစွာတက်သွားပြီးနောက် တောင်တန်းများကို ဝေ့ဝဲကြည့်နေလျက် အခြားသတ္တဝါများကိုလည်း နှိမ်ချ၍ကြည့်နေကာ - သေချာပေါက်ကိုပင် ခဏတွင်းချင်း ချူဟွမ်က ၎င်း၏ခုနစ်လက်မနေရာကိုဖိနှိပ်လျက် အောက်ဆွဲချလိုက်ပြီး ဘေးသို့လွှင့်ပစ်လိုက်ခြင်းကို ခံလိုက်ရတော့သတည်း။

ချူဟွမ် : "အကုန်လုံး မင်းခေါ်လာတာပဲ။ ဘယ်လိုအရှုပ်ထုပ်မျိုးလဲကွာ?"

မြွေတစ်ကောင်အနေဖြင့် ၎င်းခံစားနေရသော မတရားမှုများကို မည်သို့တုံ့ပြန်ဖြေရှင်းနိုင်ပါမည်နည်း? အညှာအတာကင်းမဲ့လှသော အနှီမေးခွန်းကို အဖြေရှာ၍မရနိုင်စေကြောင်း ကံတရားကသတ်မှတ်ထားနှင့်ပြီးဖြစ်လေရာ ထိုသတ္တဝါလေးအနေဖြင့် မောင်ခေါင်းပြောင်ကလေးလက်မောင်းပေါ်သို့ စိတ်ညစ်ညူးစွာတက်သွားပြီးနောက် အလိပ်လိုက်ခွေနေလိုက်သည်မှာ အမှန်တကယ်ကိုပင် မည်သည့်နေရာတွင်မျှ သုံးစား၍မရသည့်ပုံ ပေါ်နေပေ၏။

ချူဟွမ်တစ်ယောက် အတော်ကြာကြာအထိ မောင်ခေါင်းပြောင်လေးနှင့် အပြန်အလှန်ပြောဆိုနေပြီးသည့်နောက် သူ၏အပြောစွမ်းရည်ကို ကောင်းကောင်းကြီးလေ့ကျင့်ပြီးသားဖြစ်သွားပြီဟု ခံစားနေရပြီဖြစ်လေသည်။ သို့တိုင်အောင် အနှီ 'ဝက်စီးသူရဲကောင်းကြီး' ကား နားမဝင်နိုင်သေးဘဲရှိနေသည်နှင့် သူ့သည်းခံမှုတို့သည်လည်း နောက်ဆုံးတွင် အကုန်ခန်းခြောက်သွားချေပြီ။

သို့နှင့် ချူဟွမ်လည်း မပြောမဆိုဖြင့် မောင်ခေါင်းပြောင်ကလေးကို ကျောပိုးအိတ်တစ်လုံးနှယ် ကောက်ချီလိုက်ပြီးနောက် မြင်းပေါ်သို့ပစ်တင်လိုက်ကာ အမြန်ဆုံးနည်းဖြင့် နောက်ကြောင်းခရီးကို အသော့နှင်ပေတော့၏။

ဝက်ကြီးလည်း တစ်ချက်နှစ်ချက်နှာမှုတ်လိုက်ကာ လျင်မြန်စွာဖြင့် နောက်မှအပြေးလိုက်လာချေသည်။

မောင်ခေါင်းပြောင်လေးမှာ စစချင်းတုန်းက အတော်လေးပျော်နေခဲ့သေးသော်လည်း သွားနေရင်းဖြင့် ယခုလမ်းကြောင်းမှာ တစ်ခုခုလွဲနေကြောင်းကို သတိထားမိလာကာ သူ့လက်သည်းသူကိုက်လျက် ဘေးပတ်ဝန်းကျင်ကို သင်္ကာမကင်းဖြင့် လှည့်ပတ်ကြည့်ရှုနေ‌ပေ၏။

မြူများဆိုင်းနေသည့်မြစ်ဆီသို့ ပြန်ရောက်လာသည့်အခါကျမှ မောင်ခေါင်းပြောင်လေးတစ်ယောက် သူ့ကိုပြန်ပို့တော့မည်ဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားရလေသည်။ သူ့အနေဖြင့် အိမ်မှထွက်ပြေးလာကာ များစွာသောစွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်လျက် အတိုင်းအဆမဲ့သော စဉ်းစားတွေးခေါ်မှုတို့ကို ရင်းနှီးထည့်ဝင်၍ လမ်းတစ်လျှောက်လုံး မြွေလျှောတိုက်ရာများကို ခြေရာခံလိုက်လာပြီးမှ ချူဟွမ်၏အရိပ်ကို ဖမ်းမိနိုင်ခြင်းဖြစ်ချေ၏။

သို့ရာတွင် ပျော်ရွှင်စွာခိုးရာလိုက်ပြေးခဲ့ပြီးကာမှ အကြောင်းရင်းမရှိဘဲနှင့် ပြန်ပို့ခံလိုက်ရပေသည်။ လောကကြီးတွင် ဤကိစ္စထက် ပို၍ရက်စက်သော၊ မတရားသောအရာဟူ၍ ရှိပါသေး၏လော?

မောင်ခေါင်းပြောင်လေး၏ နှလုံးသားထဲတွင် အဆုံးမရှိနိုင်သည့် နာကျည်းဝမ်းနည်းမှုတို့ ပြည့်နှက်လာရကာ ပြင်းပြင်းထန်ထန် ရုန်းကန်လာတော့သည်။

စိတ်မကောင်းစရာပင် ထိုရုန်းကန်မှုများမှာ ချူဟွမ်အတွက် ကြောင်ပေါက်ကလေးတစ်ကောင်၏ ကသမ်းကရမ်းကုတ်ခြစ်နေမှုများနှင့်မခြားဘဲ ရှိနေလျက် အလွယ်တကူပင် ဖိနှိပ်ခံလိုက်ရ၏။ သို့နှင့် မောင်ခေါင်းပြောင်လေးသည်လည်း သူ၏အထူးတိုက်ကွက်ကို ထုတ်သုံးလိုက်ရကာ - ပါးစပ်ကိုအသားကုန်ဖြဲလျက် အာခေါင်ခြစ်၍ အော်ငိုလေ‌တော့သတည်း။

ချူဟွမ်က လေသံမာမာ မျက်နှာတင်းတင်းဖြင့် ပြောလိုက်သည်။
"ဘာကိစ္စ ငိုရတာလဲ? ယောက်ျားမဟုတ်ဘူးလား? တိတ်စမ်း!"

မောင်ခေါင်းပြောင်လေးမှာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး သူ့စိတ်အခြေအနေကို ထင်ဟပ်ပြသည့်အနေဖြင့် နှိုးစက်နာရီသံကဲ့သို့ စူးစူးဝါးဝါးအသံမျိုးဖြင့် ဆက်တိုက်အော်ငိုတော့၏။

"..."

ချူဟွမ်တစ်ယောက် အတော်ကြာအောင်တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် သူရှုံးသွားပြီဖြစ်ကြောင်း ဝန်ခံလိုက်ရပေသည်။ သူက မောင်ခေါင်းပြောင်‌လေး၏ခေါင်းကို ပုတ်ပေးလျက် အသံကိုပြန်လျှော့လိုက်ကာ ဆိုလေသည်။
"အေးပါ... အေးပါကွယ်... ကလေးရယ် စိတ်မကောင်းမဖြစ်နဲ့တော့နော်။ အေးပါ... ဟုတ်ပြီလား......"

စင်စစ်အားဖြင့် လူကြီး၏အပြုအမူမှာ လျှော့လိုက်တင်းလိုက်နှင့် မတည်မငြိမ်ဖြစ်နေလေလေ ထိုသူ့အနေဖြင့် ကလေးကိုမည်သို့ထိန်းရမည်ကိုမသိကြောင်း ကလေးဘက်က နားလည်လေလေဖြစ်ပေသည်။ မောင်ခေါင်းပြောင်လေးသည်လည်း အကြောက်အလန့်မရှိ ပို၍အတင့်ရဲလာကာ မြင်းပေါ်တွင်လူးလှိမ့်လျက် အမြင်ရဆိုး‌လောက်အောင် ကော့ကလန်ထိုးနေချေ၏။

ချူဟွမ်ကား အဖြူရောင်မြူနှင်းများဖုံးလွှမ်းနေသော မြစ်ကမ်းပါးဘေးတွင်ရပ်လျက် ဦးနှောက်ခြောက်နေရလေ၏။

ဤတိုက်ပွဲအပြီးတွင် သူ့အနေဖြင့် - သူ့ငယ်ချစ်ဦးက မည်သည့်သတ္တဝါမျိုးကလေးကိုပင် မွေးဖွားပေးလာပါစေ - မည်သူ့ 'ဦးလေး' မျှမဖြစ်ချင်တော့ပေ။

ချူဟွမ် : "မငိုနဲ့တော့နော်။ ငါ့ကို မြစ်ဟိုဘက်ကမ်းလိုက်ပို့ပေး... ဟုတ်ပြီလား? မင်းအမေဆီ ခေါ်သွားပေးမယ်လေ"

မည်သူမျှ သူ့ကို အဖက်မလုပ်။

ချူဟွမ် : "ထပ်ငိုရင် ငါ မင်းကို ဒီမှာပဲ ပစ်ထားခဲ့တော့မှာနော်"

မည်သူမျှ သူ့ကို အဖက်လုပ်မလာသေး။

ချူဟွမ်တစ်ယောက် ကောင်းကင်ကြီးကိုသာ စူးစိုက်ကြည့်နေလျက် သက်ပြင်းချလိုက်မိ၏။

"ဘိုးဘေးတို့ရေ ရှိကြီးခိုးပါရဲ့ဗျာ..."

သူလည်း တဒင်္ဂမျှ အကြပ်ရိုက်သွားကာ မောင်ခေါင်းပြောင်လေးအနေဖြင့် တော်တော်နှင့်အငိုတိတ်ဦးမည်မဟုတ်ကြောင်း သိရှိသွားရသည်နှင့် အဆိပ်မြွေကလေးဘက်ကိုသာ လှည့်လာနိုင်တော့၏။

"မင်း လမ်းသိလား?"

ထိုသို့ပြောပြီးသည်နှင့် ချူဟွမ်တစ်ယောက် သူ့ကိုယ်သူပြန်ရယ်နေမိကာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

မည်သူကထင်မိပါမည်နည်း - အဆိပ်ရှိမြွေကလေးမှာ မြေပြင်ပေါ်တွင် ဖြည်းညင်းစွာလျှောတိုက်သွားလျက် ရေထဲသို့ အေးအေးသက်သာပင် လျှောဆင်းသွားချေ၏။ ရေပြင်မှာ မမြင်ရလုနီးပါးလှိုင်းငယ်ကလေးများဖြင့် ဘောင်ဘင်ခတ်လျက် လှိုင်းထသွားကာ ထိုသတ္တဝါလေးက ရေပြင်ထက်တွင် ၎င်း၏ အစိမ်းရင့်ရောင်ခေါင်းကလေးကို ထုတ်ပြနေလျက် ချူဟွမ်ဘက်သို့လှည့်၍ လျှာတစ်လစ်ထုတ်လာပေသည်။

/တကယ် သိတယ်ဟ!/

ချူဟွမ်က ချက်ချင်းပင် မြင်းကို ပုတ်လိုက်သည်။

"သူ့နောက်ကို လိုက်"

သူတစ်ယောက်တည်းဖြင့် တိရစ္ဆာန်ရုံတစ်ရုံလုံးခေါ်လာလျက် ထိုနေ့အတွက် ဒုတိယအကြိမ်အဖြစ် ထူထပ်လှသောမြူနှင်းများထဲသို့တိုးဝင်ကာ မြစ်လယ်ခေါင်သို့ နောက်တစ်ကြိမ်ထပ်ဆင်းရပြန်၏။

ချူဟွမ်မှာ တစ်နေ့တွင် သူ့အနေဖြင့် ဝက်တစ်ကောင်၊ မြင်းတစ်ကောင်နှင့် အပေအတေကလေးတစ်ယောက်တို့ကို ဦးဆောင်လျက် မြွေတစ်ကောင်၏ လမ်းပြမှုကိုခံယူကာ အချက်ပြပစ္စည်းများကိုပင်သုံးစွဲ၍မရနိုင်အောင် မျက်စိလည်သွားစေနိုင်သော မြူများဆိုင်းနေသည့်လမ်းကြောင်းကို ဖြတ်သန်းသွားလာနေရမည်ဟု မည်သည့်အခါကမျှ မတွေးမိခဲ့ဖူးပါချေ။

... သေချာပေါက်ကိုပင် ယုံကြည်မှုအပြည့်ရှိနေပုံရသော ထိုမြွေသတ္တဝါသည် သွားနေရင်းဖြင့် လမ်းပျောက်သွားလိမ့်မည်ဟူ၍လည်း သူမထင်ခဲ့မိပေ။

လက်ပတ်နာရီထဲမှ နာရီလက်တံ နှစ်ပတ်ကျော်လည်သွားခဲ့ပြီးသည့်နောက်တွင်ကား 'ဦးကျောင်းဆရာကြီး'တစ်ယောက် သူ့ဦးနှောက်ချို့ယွင်းနေမှုကို သ‌ဘောပေါက်သွားရကာ - သူ့အနေဖြင့် မြွေတစ်ကောင်၏ IQ ကို အပြည့်အဝယုံစားမိခဲ့လေ၏။

ဤသို့ဖြင့် ထိုအုပ်စုမှာ ထူထပ်လှသောမြူနှင်းများအကြား ရုန်းမထွက်နိုင်လောက်အောင်ပိတ်မိနေကြလေတော့သည်။ မြွေကလေးမှာ စိတ်မသက်မသာဖြင့် ရေထဲ၌ အကြိမ်ရေအနည်းငယ်မျှ လှည့်ပတ်နေလျက် နောက်ဆုံးတွင်ကား ကြောက်ကြောက်ရွံ့ရွံ့ပုံစံဖြင့် မြင်းကိုယ်ပေါ်မှတစ်ဆင့် တောက်လျှောက်တွယ်တက်လာကာ ချူဟွမ်၏ဘောင်းဘီထဲသို့ လျှောဝင်လာပေ၏။

မြင်းသည်ပင် ဂနာမငြိမ်ဖြစ်လာလေပြီ။

ချူဟွမ်မှာ သူထွက်သွားပြီးပါက ထိုမြင်းကိုလွှတ်ပေးလိုက်လျှင် မြင်းသည် မျိုးနွယ်စုဆီသို့ တန်းတန်းမတ်မတ်ပြန်လာနိုင်ကြောင်းကို နန်ရှန်းထံမှ အတည်ပြုထားခဲ့ပြီး ဖြစ်ချေသည်။ သို့ဆိုလျှင် သဘောတရားအားဖြင့် မြင်းဖြူကြီးမှာ မြစ်ကိုဖြတ်သန်းနိုင်ရမည်ဖြစ်သော်လည်း ထိုငတုံးမြွေက မည်သို့သောလမ်းကြောင်းမျိုးကို ခေါ်လာခဲ့သောကြောင့် နဂိုတုန်းက လမ်းမှတ်မိခဲ့သောမြင်းအိုကြီးမှာ ချာချာလည်အောင် လမ်းပျောက်သွားရပါသနည်း?

မောင်ခေါင်းပြောင်လေးမှာမူ ငိုရလွန်းသောကြောင့် အမောဆို့သွားသည်မှာ အတော်ကြာခဲ့လေပြီ။ ထိုကလေးမှာ မြင်းကျောပေါ်တွင် ပက်လက်လန်နေလျက် ချူဟွမ်၏ရှပ်အင်္ကျီကို လက်ဖြင့်ဆွဲထားကာ ကြို့များထိုးနေရင်းဖြင့် တအီအီလုပ်နေဆဲဖြစ်ပြီး အလွန်ဇဝေဇဝါဖြစ်နေသောအရိပ်အယောင်များ ထင်ဟပ်ဖော်ပြနေသည့် သူ့မျက်လုံးဝိုင်းကလေးများကို တဖျတ်ဖျတ်ခတ်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပေသည်။

ချူဟွမ် : "မင်း မှတ်မိလား?"

မောင်ခေါင်းပြောင်လေးက ရိုးရိုးသားသားပင် ခေါင်းခါပြလာ၏။

ချူဟွမ် သက်ပြင်းချလိုက်မိသည်။ ယခုအချိန်တွင် သူ့လက်ပတ်နာရီထဲတွင်ပါသော သံလိုက်အိမ်မြှောင်လုပ်ငန်းစဉ်မှာ လုံးဝအသုံးမဝင်တော့ဘဲ ရှုပ်ထွေးလှသော သံလိုက်စက်ကွင်းတစ်ခုနှင့် တွေ့နေရသည့်အလား ချာလည်လည်လျက် waltz အကကပြနေသည့်နှယ် ရှိနေတော့၏။ မြူနှင်းအဖြူရောင်တို့အကြားဝယ် သူ့အနေဖြင့် နေရှိရာအရပ်ကိုပင် မခန့်မှန်းနိုင်ဘဲ အေးစက်လှသောမြစ်ရေပြင်နှင့် အဆုံးမရှိသောမြူထုကြီးတို့သာ ရှိနေချေသည်။

သူ့အနေဖြင့် မြူထုပို၍ပါးသောနေရာကိုပင် မပြောနိုင်ဘဲဖြစ်နေရ၏။

ရုတ်တရက် ချူဟွမ်တစ်ယောက် အေးစက်စက်ခံစားလိုက်ရကာ အောက်ဘက်သို့ငုံ့ကြည့်လိုက်သည်တွင် အဆိပ်ရှိမြွေကလေးက သူ့အဝတ်အစားထဲသို့ တိုးဝင်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရပြီး - ဤမြွေကလေးမှာ ချမ်းအေးလွန်းလှသောကြောင့် သွေးအေးသတ္တဝါများ၏ ဇီဝသဘာဝအရအသိဉာဏ်ကို မတွန်းလှန်နိုင်တော့သည့်အချိန်အခါမျိုးမှသာ လူတစ်ယောက်နှင့် အသားချင်းလာထိကပ်နေတတ်မည်ဖြစ်ချေသည်။

မကြာမီပင် ချူဟွမ်သည်လည်း အပူချိန်လျော့ကျသွားသည်ကို ခံစားသိရှိလာရ၏။ သူက သူ့လေကာအနွေးထည်ကို ကြယ်သီးဖြုတ်လိုက်ကာ အဝတ်အစားဟူ၍ အတွင်းခံနှင့် အဝတ်ပိုင်းတစ်ထည်သာပတ်ထားသော မောင်ခေါင်းပြောင်လေးကို ခြုံလွှမ်း၍ ဖက်ထားပေးလိုက်ပေသည်။ သူက မြင်းကို ပုတ်လိုက်၏။

"သွားမယ်။ မရပ်နဲ့"

တိရစ္ဆာန်ကလေးများမှာ ၎င်းတို့အနေဖြင့် ဒုက္ခရောက်တော့မည်ကို သိနေကြပုံရကာ ဆူဆူညံညံလုပ်နေကြသူများသည်လည်း ပါးစပ်ပိတ်သွားကြလျက် အသက်ပင်ပြင်းပြင်းမရှူရဲကြတော့လေ။ ချူဟွမ်က ဇက်ကြိုးကို ဖွဖွလေးသာကိုင်ထားပြီး ဘေးပတ်ဝန်းကျင်ကို သတိထား၍လေ့လာဆန်းစစ်နေလျက် မြင်းကိုလည်း ၎င်းကိုယ်တိုင်ထွက်ပေါက်ရှာနိုင်စေရန် အခွင့်ပေးထားလိုက်သည်။

ရုတ်တရက် ချူဟွမ်တစ်ယောက် ရေစီးသံမှာ ချက်ချင်းပိုမိုပြင်းထန်လာသည်ကို ကြားလိုက်ရလေသည်။

သူ့ကျောရိုးတစ်ခုလုံး တောင့်တင်းသွားရကာ သူ့ခန္ဓာကိုယ်က သူ့အသိစိတ်ကိုကျော်လွန်၍ အန္တရာယ်ကိုအလိုအလျောက်ခံစားသိရှိနေပေ၏။ ချူဟွမ်လည်း မြင်းဗိုက်ကို ကန်လိုက်သည်။ မြင်းဖြူကြီးမှာ ရုတ်တရက်ကြောက်ရွံ့သွားလျက် လေးကြိုးမှပစ်လွှတ်လိုက်သော မြားတစ်စင်းပမာ ခုန်လွှားလိုက်၏။ နောက်ဖက်ဆီမှ ကျယ်လောင်လှသောအသံကြီးတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် စိတ်မချမ်းမြေ့ဖွယ်ရာ ရုန်းကန်နေသောအသံများကို ကြားလိုက်ရကာ နေရာအနှံ့သို့ ရေများ လှိုင်းထပျံ့နှံ့ဖိတ်စင်လာတော့သည်။ ချူဟွမ် လှည့်ကြည့်လိုက်သည်တွင် မြစ်ရေထဲ၌ အရိပ်မည်းကြီးတစ်ခုဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။ စောစောက မြင်းနောက်တွင်လိုက်လာခဲ့သော ဝက်မှာ မရှိတော့ပြီဖြစ်ပြီး ရေကြောထဲတွင် ခပ်ပါးပါးသွေးမျှင်တန်းများ စီးဆင်းလာသည်ကိုသာ တွေ့လိုက်ရချေသည်။

မောင်ခေါင်းပြောင်လေးသည်ကား ရုတ်တရက်တုန်ယင်လာကာ ချူဟွမ်၏ပခုံးကိုဆွဲထားလျက် လည်ကိုဆန့်တန်း၍ကြည့်ရန် ကြိုးစားလာပေ၏။ ချူဟွမ်က သူ့ခေါင်းကလေးကို လက်တစ်ဖက်ဖြင့် ပြန်ဖိထားလိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် စစ်တပ်သုံးဓားမြှောင်ကို ထုတ်လာလေသည်။

"ရှူး—"
သူက ဆိုလိုက်ပေ၏။
"ဘာမှမဖြစ်ဘူး။ မကြောက်နဲ့"

ရုတ်တရက် သူတို့ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မှုက ဖုံးလွှမ်းသွားတော့သည်။ ကြည့်ရသည်မှာ ထိုအရာကြီးအနေဖြင့် စောစောတုန်းက သားကောင်ကိုဝါးမျိုရန် နည်းလမ်းရှာနေခြင်းဖြစ်ပုံရသော်လည်း သွေးညှီနံ့မှာ သူတို့နှာဖျားဝအထိ ပျံ့နှံ့လာပြီဖြစ်၏။

မြင်းဖြူကြီးမှာ လီယီမျိုးနွယ်စုရှိမြင်းများအနက် ဘုရင်ဖြစ်ပုံရကာ ချူဟွမ်စီးဖူးခဲ့သမျှသောမြင်းများအားလုံးထက် ပို၍တည်ငြိမ်လေသည်။ သို့ရာတွင် ၎င်းသည်လည်း တိရစ္ဆာန်သာဖြစ်လေရာ ၎င်း၏သဘာဝ "တိုက်နိုင်လျှင်တိုက်၊ မတိုက်နိုင်လျှင်ပြေး" ဟူသောတုန့်ပြန်မှုမျိုးကို အထူးလေ့ကျင့်ခံထားရသူတစ်ယောက်ကဲ့သို့ ဖုံးကွယ်မထားနိုင်ပါချေ။ ချူဟွမ်တစ်ယောက် ၎င်း၏ခြေလေးချောင်းစလုံး အနည်းငယ်တုန်ယင်နေသည်ကို သိသိသာသာပင် ခံစားမိလေ၏။

ရုတ်တရက် မြင်းဖြူကြီးမှာ နောက်သို့လျင်မြန်စွာဆုတ်သွားပြီး ရေထဲမှ ဧရာမမိစ္ဆာကြီးတစ်ကောင်က ချူဟွမ့်ခေါင်းနှင့် တစ်တန်းတည်းအမြင့်လောက်နီးပါးအထိ ထွက်ပေါ်လာပေသည်။ သူ့မျက်နှာတည့်တည့်ဆီသို့ သွေးညှီနံ့လွှမ်းနေသောလေတစ်ဝှေ့က ဝေ့ဝဲတိုက်ခတ်လာကာ ချူဟွမ်၏ရင်ဘတ်ထဲရှိ မြွေကလေးသည်လည်း ဆတ်ကနဲခေါင်းထောင်လာလျက် မြွေများကြောက်သည့်အခါတွင် လုပ်တတ်ကြသော အလိုအလျောက်တိုက်ခိုက်ရေးပုံစံကို ဖော်ပြလာချေ၏။

ချက်ချင်းလိုပင် လေပြင်းတစ်ချက်က သူတို့နှင့်မျက်နှာချင်ဆိုင်ဆီမှ ပြေးဝင်တိုက်ခတ်လာကာ သိပ်သည်းလှသော အဖြူရောင်မြူနှင်းထုကြီးကိုပင် ထိုးခွဲပစ်တော့မတတ် ရှိနေလေသည်။ ထိုအရာကြီးမှာ မြွေတစ်ကောင်နှင့် ဆင်တူ၏။ ကိုယ်ထည်တွင် တွားသွားသတ္တဝါတစ်ကောင်၏ အကြေးခွံများဖြင့်ဖုံးလွှမ်းနေကာ မြွေတစ်ကောင်ထက် ပို၍တောင့်တင်းပြီး ခြေလေးချောင်းတွားသွားသတ္တဝါများထက် ပို၍ပျော့ပြောင်းပေသည်။ မျက်နှာပြားပြားရှိသော်လည်း ရှေ့သို့ထိုးထွက်နေသောနှုတ်သီးမျိုးရှိကာ ပါးစပ်ထဲတွင်ကား ဓားသွားများအလားချွန်ထက်လှသော အစွယ်များက ဖိနပ်တိုက်ဘရပ်ရှ်အမွေးများကဲ့သို့ မညီမညာ အပြည့်အသိပ်တည်ရှိနေလျက် လျှာကိုပင် ထားစရာနေရာမရှိလောက်အောင် ဖြစ်နေလေ၏။

ထိုသတ္တဝါကြီးက ချူဟွမ်ထံ ပြေးဟပ်လာတော့၏။

ချူဟွမ်က မြင်းပေါ်တွင် ကျောပြားပြားကျလုနီးနီးအထိ ပက်လက်လှန်ချလိုက်သည်။ ထို့နောက် ချွန်ထက်လှသည့်ဓားမြှောင်မှာ အထူးဆန်းလှဆုံးသောအနေအထားမျိုးမှ ထွက်ပေါ်လာကာ မိစ္ဆာကြီး၏မေးတည့်တည့်ကို အညှာအတာကင်းမဲ့စွာ ထိုးဖောက်သွားပြီးနောက် သူ့လက်ကောက်ဝတ်က ကြမ်းတမ်းစွာကန့်လန့်လှည့်ချလိုက်၏။ မိစ္ဆာကြီးကား ထူထဲမာကျောလှသော အကြေးခွံများအောက်ဝယ် သွေးစိမ်းရှင်ရှင်ထွက်နေသော အပေါက်ကြီးတစ်ပေါက်ကို အရှင်လတ်လတ်အထွင်းခံလိုက်ရကာ - ထိုသတ္တဝါ၏ ဧရာမသွားကြီးများ သူ့ကျောပြင်ထက်သို့ လွှမ်းခြုံကျရောက်လာတော့မည့်အချိန်တွင် ထိုဒဏ်ရာပေါက်ကြီးထဲသို့ ဓားသွားကို နောက်တစ်ကြိမ်ထိုးစိုက်ချလိုက်ပေသည်။

မိစ္ဆာကြီးမှာ နာကျင်မှုကြောင့် ဟိန်းဟောက်လာလေ၏။

ထိုအသံကို စကားလုံးများဖြင့်ဖော်ပြနိုင်မည်မဟုတ်ပေ။ ချူဟွမ်တစ်ယောက် သူ့နားထင်ကြောများတင်းလာလျက် သူ့နှလုံးအိမ်တစ်ခုလုံး တုန်လှုပ်သွားသည်ကိုသာ ခံစားလိုက်ရလေသည်။ သူလည်း မောင်ခေါင်းပြောင်လေး၏ နားတစ်ဖက်ကို လက်ဖြင့်ပိတ်ထားကာ နောက်နားရွက်တစ်ဖက်ကို သူ့ရင်ဘတ်တွင်ဖိကပ်ထားလျက် မြင်းဇက်ကြိုးကို တင်းတင်းဆွဲဆောင့်လိုက်ချေသည်။ မြင်းဖြူကြီးမှာ ခြေလှမ်းစိပ်စိပ်ဖြင့် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားပြီး ထိုအကောင်ကြီး၏နံဘေးမှ အန္တရာယ်ကြီးစွာ ပွတ်ကာသီကာလေး ဖြတ်သန်းသွားပေ၏။

ထိုအခိုက်တွင် အမြဲတစေမှုန်မှိုင်းနေတတ်သော စစ်တပ်သုံး သုံးမြှောင့်ဓားမြှောင်ထံမှ ထူးဆန်းလှသောအလင်းတန်းတစ်ခုထွက်ပေါ်လာလျက် လမ်းတစ်လျှောက်ရှိ သိပ်သည်းလှသောမြူထုကြီးကို နှစ်ခြမ်းခွဲသွားကာ ကြမ်းတမ်းသွက်လက်စွာပင် မိစ္ဆာကြီး၏မျက်လုံးကို ထိုးဖောက်သွားတော့သည်။

အညှာအတာကင်းမဲ့လှစွာ၊ သေသပ်လှစွာဖြင့် ဓားမြှောင်မှာ မိစ္ဆာကြီး၏ မျက်လုံးတစ်ဖက်မှ ထိုးစိုက်ဝင်သွားလျက် နောက်တစ်ဖက်မှ ပြန်ထွက်လာလေ၏။

မိစ္ဆာကြီးမှာ သေအံ့ဆဲဆဲအချိန်၌ ညည်းညူဟိန်းဟောက်လိုက်သည်တွင် မြစ်တစ်စင်းလုံးနှင့် မြူထုကြီးတစ်ခုလုံးကိုပင် တုန်ဟည်းသွားစေပေသည်။ ချူဟွမ်တစ်ယောက် ပြင်းထန်လှသော အသံလွန်လှိုင်းတိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အတိုင်းခံစားနေရ၏။ ကိုယ်ခန္ဓာတစ်ခုလုံးပျော့ခွေကျသွားလောက်အောင် စူးရှပြင်းထန်လှသော သူရင်းနှီးနေနှင့်ပြီးသား ခေါင်းကိုက်ရောဂါမှာ အဆပေါင်းများစွာပိုမိုပြင်းထန်သောပုံစံမျိုးဖြင့် ရုတ်တရက်ပြန်လည်ထွက်ပေါ်လာကာ ချူဟွမ်၏အမြင်အာရုံတစ်ခုလုံး မှောင်မိုက်ကျသွားလျက် သူ့လည်ချောင်းထဲမှ ညှီစို့စို့အရသာတစ်ခု ဆန်တက်လာလေသည်။

-----------------------

Please support NUG. အရေးတော်ပုံ အောင်ရမည် 💪

May you all be safe from Covid, too 🙏

10.7.2021

❤❤❤

(Zawgyi)

ကြၽမ္းက်င္အဆင့္ လုပ္သား

ေႁမြေလးတစ္ေကာင္ေလာက္ကို ေခၚသြားျခင္းမွာ - ထိုေႁမြသည္ နန္ရွန္း၏ အိမ္ေမြးတိရစာၦန္ျဖစ္ပုံေပၚသည့္တိုင္ေအာင္ - ကိစၥမရွိလွပါေခ်။ အသားေျခာက္ကို တစ္ပိႆာလွ်င္ႏွစ္ခြိဳက္ေဈးျဖင့္ သတ္မွတ္ေရာင္းခ်ေစခဲ့ေသာ လူဆင္းရဲေသာ္လည္း ေစတနာမဆင္းရဲသည့္ အႏွီပုဂၢိဳလ္ကား စိတ္မရွိေလာက္သည့္တိုင္...

သို႔ရာတြင္ ထိုအေၾကာင္းေၾကာင့္ သူ႔အေနျဖင့္ ကေလးငယ္တစ္ေယာက္ကို လိပ္ျပာလုံစြာျပန္ေပးဆြဲသြားႏိုင္သည္ဟု မဆိုလိုေပ။

ခ်ဴဟြမ္မွာ ေမာင္ေခါင္းေျပာင္ကေလးတစ္ေယာက္ သူ႔ေရွ႕ေမွာက္တြင္ ထိုဝက္ႏွင့္အတူ ခုန္ေပါက္ေဆာ့ကစားေနသည္ကို ၾကည့္ေနရင္းျဖင့္ စိတ္ပူလြန္းေသာေၾကာင့္ ဒြါရခုနစ္ေပါက္မွ မီးခိုးမ်ားပင္ထြက္ေနေလၿပီ။

"ဒီလာခဲ့"
ခ်ဴဟြမ္က မေတာက္တေခါက္လီယီဘာသာစကားျဖင့္ မ်က္ႏွာထားခပ္တင္းတင္း ဆိုလိုက္သည္။ တစ္ခ်ိန္တည္းတြင္ပင္ လူႀကီးလူေကာင္းဆန္ေသာအမူအရာမ်ိဳးကို ဖ်စ္ညႇစ္လုပ္ယူေနရေပ၏။

"မင္း ဘယ္လိုလုပ္ ဒီကိုလိုက္လာတာလဲ? ႐ိုက္ခံထိခ်င္ေနတာလား?"

ေမာင္ေခါင္းေျပာင္ေလးကား ထိုစကားကိုၾကားၿပီးသည့္ေနာက္ အနည္းငယ္မွ်ပင္ေၾကာက္ပုံမေပၚ႐ုံသာမက ဝက္၏လည္ပင္းကိုဖက္လ်က္ ေပ်ာ္႐ႊင္စြာရယ္ေမာ၍ပင္ေနေခ်သည္။

ခ်ဴဟြမ္ : "..."

ဤသည္မွာ အအ,တစ္ေယာက္ ဘာသာစကားတစ္ခုကို သင္ယူရသည့္အခါတြင္ ႀကဳံေတြ႕ရေသာ အားနည္းခ်က္မ်ိဳးပင္ျဖစ္ကာ - သူမ်ားေျပာေနသည္မ်ားကို နားလည္ႏိုင္ေသာ္လည္း ကိုယ္တိုင္ေျပာရမည္ဆိုပါက ထုတ္မေျပာတတ္ျခင္းျဖစ္၏။ တစ္ဖက္လူက အူတက္ေအာင္ရယ္ေနသည့္တိုင္ မိမိကိုယ္တိုင္ကမူ ဘာမွားသြားေၾကာင္းကို စဥ္းစား၍မရႏိုင္ေပ။

ခ်ဴဟြမ္လည္း သူ႔အသံထြက္ကို ႀကိဳးစားပမ္းစားျပင္ဆင္ေနကာ "ရွာေဖြ... ေခၚ... 'ေက်ာက္'... ထိသြားၿပီ"* ဟူသည့္ႏွယ္ ရွိေနေတာ့သည္။
["ရွာေဖြ... ေခၚ... 'ေက်ာက္'... ထိသြားၿပီ" (找... 招,赵...打)- တ႐ုတ္အသံထြက္ေတြမွာက ျမန္မာစာလိုပဲ အသံအတက္အက်ေတြ (Eng လိုေတာ့ "tone" လို႔ေခၚၿပီး ျမန္မာသဒၵါအသုံးအႏႈန္းေတြအရဆိုရင္ေတာ့ "သံတို၊ သံရွည္၊ သံေလး" လို႔ ေခၚပါတယ္။ ဥပမာအားျဖင့္ကေတာ့ ဥပမာအားျဖင့္ "သိ၊ သီ၊ သီး" ဆိုတာမ်ိဳးလိုေပါ့) ရွိပါတယ္။ အဂၤလိပ္စာလိုမ်ိဳးဘာသာစကားမွာက အဲ့လို tone ေတြမရွိပါဘူး။ ဒီစကားစုထဲက ပထမသုံးလုံးက အသံထြက္ရင္ "ေက်ာင္... ေက်ာင္း... ေက်ာက္" ဆိုၿပီး ထြက္ပါတယ္]

ေမာင္ေခါင္းေျပာင္ေလးမွာ ေျမေပၚတြင္လူးလွိမ့္လ်က္ ခြက္ထိုးခြက္လန္ရယ္ေတာ့၏။

"ထားလိုက္ပါေတာ့"

ခ်ဴဟြမ္တစ္ေယာက္ စိတ္ဓာတ္က်သြားရသည္။ သူ႔အေနျဖင့္ ထိုကေလးကို ေလသံမာမာျဖင့္ေျပာ၍မရႏိုင္ေၾကာင္း သိသြားရၿပီးသည့္ေနာက္တြင္ ေခ်ာ့ေခ်ာ့ေမာ့ေမာ့သာ စည္း႐ုံးသိမ္းသြင္းရေလ၏။ သူက ကူကယ္ရာမဲ့စြာျဖင့္ သူ႔အိတ္ကပ္မ်ားကို စမ္းသပ္ရွာေဖြၾကည့္လိုက္သည့္အခါ သူ႔သၾကားလုံးမ်ားအားလုံးကို သူေနခဲ့သည့္အိမ္ကေလးထဲတြင္ ထားခဲ့မိၿပီးျဖစ္၍ တစ္လုံးမွ်ပင္ပါမလာေတာ့ေၾကာင္း ေတြ႕လိုက္ရေခ်သည္။

"ငါ့ဆီမွာ တကယ္ သၾကားလုံးမရွိေတာ့ဘူး"

ခ်ဴဟြမ္က ထိုစကားလုံးမ်ားကို တတ္ႏိုင္သမွ်ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေျပာခ်လိုက္ၿပီးသည့္ေနာက္ သူ႔အေပၚထပ္အက်ႌအိတ္ကပ္မ်ားကို အတြင္းအျပင္လွန္၍ ေမာင္ေခါင္းေျပာင္ေလးထံ ျပသလိုက္ေပသည္။

"တကယ္... မင္းကိုညာေနတာမဟုတ္ဘူး။ လိမၼာတယ္ေနာ္... ငါ မင္းကို အိမ္ျပန္ပို႔ေပးမယ္"

ေမာင္ေခါင္းေျပာင္ေလးကမူ သူ၏စည္း႐ုံးသိမ္းသြင္းမႈေအာက္သို႔မက်ေရာက္ဘဲ ေရွ႕သို႔ခုန္ထြက္လာလ်က္ ခ်ဴဟြမ္၏ေျခေထာက္ကို တည့္တည့္ဆြဲဖက္လာေတာ့၏။

ထိုကေလးမွာ ေျခေထာက္ဖက္ျခင္းအႏုပညာ၌ တစ္ဖက္ကမ္းခတ္ေသာ ကြၽမ္းက်င္အဆင့္ 'ေျခဖက္သမား' တစ္ေယာက္ ျဖစ္ေနေခ်ၿပီ။

ဤအျခင္းအရာကို ျမင္ၿပီးသည့္ေနာက္ ဝက္ႀကီးသည္လည္း ထိုအတိုင္းလိုက္လုပ္လိုသည့္ဟန္ရွိခဲ့ေစကာမူ ခ်ဴဟြမ္၏ သတ္ေတာ့ျဖတ္ေတာ့မတတ္အၾကည့္မ်ားေၾကာင့္ ေနရာတြင္ပင္ ေက်ာက္႐ုပ္ျဖစ္သြားရရွာကာ ႏွာတစ္ခ်က္မႈတ္လ်က္ ေျမႀကီးကိုသာ ႏွာေခါင္းျဖင့္ မေက်မနပ္တူးဆြေနေလသည္။ ေႁမြကေလးသည္ကား ဂုဏ္ထူးေဆာင္ဆုတံဆိပ္အပ္ႏွင္းခံရေသာ အရာရွိႀကီးတစ္ဦးကဲ့သို႔အမူအရာမ်ိဳးျဖင့္ ခ်ဴဟြမ္၏ပခုံးေပၚသို႔ ဝံ့ႂကြားစြာတက္သြားၿပီးေနာက္ ေတာင္တန္းမ်ားကို ေဝ့ဝဲၾကည့္ေနလ်က္ အျခားသတၱဝါမ်ားကိုလည္း ႏွိမ္ခ်၍ၾကည့္ေနကာ - ေသခ်ာေပါက္ကိုပင္ ခဏတြင္းခ်င္း ခ်ဴဟြမ္က ၎၏ခုနစ္လက္မေနရာကိုဖိႏွိပ္လ်က္ ေအာက္ဆြဲခ်လိုက္ၿပီး ေဘးသို႔လႊင့္ပစ္လိုက္ျခင္းကို ခံလိုက္ရေတာ့သတည္း။

ခ်ဴဟြမ္ : "အကုန္လုံး မင္းေခၚလာတာပဲ။ ဘယ္လိုအရႈပ္ထုပ္မ်ိဳးလဲကြာ?"

ေႁမြတစ္ေကာင္အေနျဖင့္ ၎ခံစားေနရေသာ မတရားမႈမ်ားကို မည္သို႔တုံ႔ျပန္ေျဖရွင္းႏိုင္ပါမည္နည္း? အညႇာအတာကင္းမဲ့လွေသာ အႏွီေမးခြန္းကို အေျဖရွာ၍မရႏိုင္ေစေၾကာင္း ကံတရားကသတ္မွတ္ထားႏွင့္ၿပီးျဖစ္ေလရာ ထိုသတၱဝါေလးအေနျဖင့္ ေမာင္ေခါင္းေျပာင္ကေလးလက္ေမာင္းေပၚသို႔ စိတ္ညစ္ညဴးစြာတက္သြားၿပီးေနာက္ အလိပ္လိုက္ေခြေနလိုက္သည္မွာ အမွန္တကယ္ကိုပင္ မည္သည့္ေနရာတြင္မွ် သုံးစား၍မရသည့္ပုံ ေပၚေနေပ၏။

ခ်ဴဟြမ္တစ္ေယာက္ အေတာ္ၾကာၾကာအထိ ေမာင္ေခါင္းေျပာင္ေလးႏွင့္ အျပန္အလွန္ေျပာဆိုေနၿပီးသည့္ေနာက္ သူ၏အေျပာစြမ္းရည္ကို ေကာင္းေကာင္းႀကီးေလ့က်င့္ၿပီးသားျဖစ္သြားၿပီဟု ခံစားေနရၿပီျဖစ္ေလသည္။ သို႔တိုင္ေအာင္ အႏွီ 'ဝက္စီးသူရဲေကာင္းႀကီး' ကား နားမဝင္ႏိုင္ေသးဘဲရွိေနသည္ႏွင့္ သူ႔သည္းခံမႈတို႔သည္လည္း ေနာက္ဆုံးတြင္ အကုန္ခန္းေျခာက္သြားေခ်ၿပီ။

သို႔ႏွင့္ ခ်ဴဟြမ္လည္း မေျပာမဆိုျဖင့္ ေမာင္ေခါင္းေျပာင္ကေလးကို ေက်ာပိုးအိတ္တစ္လုံးႏွယ္ ေကာက္ခ်ီလိုက္ၿပီးေနာက္ ျမင္းေပၚသို႔ပစ္တင္လိုက္ကာ အျမန္ဆုံးနည္းျဖင့္ ေနာက္ေၾကာင္းခရီးကို အေသာ့ႏွင္ေပေတာ့၏။

ဝက္ႀကီးလည္း တစ္ခ်က္ႏွစ္ခ်က္ႏွာမႈတ္လိုက္ကာ လ်င္ျမန္စြာျဖင့္ ေနာက္မွအေျပးလိုက္လာေခ်သည္။

ေမာင္ေခါင္းေျပာင္ေလးမွာ စစခ်င္းတုန္းက အေတာ္ေလးေပ်ာ္ေနခဲ့ေသးေသာ္လည္း သြားေနရင္းျဖင့္ ယခုလမ္းေၾကာင္းမွာ တစ္ခုခုလြဲေနေၾကာင္းကို သတိထားမိလာကာ သူ႔လက္သည္းသူကိုက္လ်က္ ေဘးပတ္ဝန္းက်င္ကို သကၤာမကင္းျဖင့္ လွည့္ပတ္ၾကည့္ရႈေန‌ေပ၏။

ျမဴမ်ားဆိုင္းေနသည့္ျမစ္ဆီသို႔ ျပန္ေရာက္လာသည့္အခါက်မွ ေမာင္ေခါင္းေျပာင္ေလးတစ္ေယာက္ သူ႔ကိုျပန္ပို႔ေတာ့မည္ျဖစ္ေၾကာင္း ေနာက္ဆုံးတြင္ သေဘာေပါက္သြားရေလသည္။ သူ႔အေနျဖင့္ အိမ္မွထြက္ေျပးလာကာ မ်ားစြာေသာစြန႔္လႊတ္အနစ္နာခံမႈမ်ားကို ျပဳလုပ္လ်က္ အတိုင္းအဆမဲ့ေသာ စဥ္းစားေတြးေခၚမႈတို႔ကို ရင္းႏွီးထည့္ဝင္၍ လမ္းတစ္ေလွ်ာက္လုံး ေႁမြေလွ်ာတိုက္ရာမ်ားကို ေျခရာခံလိုက္လာၿပီးမွ ခ်ဴဟြမ္၏အရိပ္ကို ဖမ္းမိႏိုင္ျခင္းျဖစ္ေခ်၏။

သို႔ရာတြင္ ေပ်ာ္႐ႊင္စြာခိုးရာလိုက္ေျပးခဲ့ၿပီးကာမွ အေၾကာင္းရင္းမရွိဘဲႏွင့္ ျပန္ပို႔ခံလိုက္ရေပသည္။ ေလာကႀကီးတြင္ ဤကိစၥထက္ ပို၍ရက္စက္ေသာ၊ မတရားေသာအရာဟူ၍ ရွိပါေသး၏ေလာ?

ေမာင္ေခါင္းေျပာင္ေလး၏ ႏွလုံးသားထဲတြင္ အဆုံးမရွိႏိုင္သည့္ နာက်ည္းဝမ္းနည္းမႈတို႔ ျပည့္ႏွက္လာရကာ ျပင္းျပင္းထန္ထန္ ႐ုန္းကန္လာေတာ့သည္။

စိတ္မေကာင္းစရာပင္ ထို႐ုန္းကန္မႈမ်ားမွာ ခ်ဴဟြမ္အတြက္ ေၾကာင္ေပါက္ကေလးတစ္ေကာင္၏ ကသမ္းကရမ္းကုတ္ျခစ္ေနမႈမ်ားႏွင့္မျခားဘဲ ရွိေနလ်က္ အလြယ္တကူပင္ ဖိႏွိပ္ခံလိုက္ရ၏။ သို႔ႏွင့္ ေမာင္ေခါင္းေျပာင္ေလးသည္လည္း သူ၏အထူးတိုက္ကြက္ကို ထုတ္သုံးလိုက္ရကာ - ပါးစပ္ကိုအသားကုန္ၿဖဲလ်က္ အာေခါင္ျခစ္၍ ေအာ္ငိုေလ‌ေတာ့သတည္း။

ခ်ဴဟြမ္က ေလသံမာမာ မ်က္ႏွာတင္းတင္းျဖင့္ ေျပာလိုက္သည္။

"ဘာကိစၥ ငိုရတာလဲ? ေယာက္်ားမဟုတ္ဘူးလား? တိတ္စမ္း!"

ေမာင္ေခါင္းေျပာင္ေလးမွာ အသက္ျပင္းျပင္းတစ္ခ်က္ရႉသြင္းလိုက္ၿပီး သူ႔စိတ္အေျခအေနကို ထင္ဟပ္ျပသည့္အေနျဖင့္ ႏႈိးစက္နာရီသံကဲ့သို႔ စူးစူးဝါးဝါးအသံမ်ိဳးျဖင့္ ဆက္တိုက္ေအာ္ငိုေတာ့၏။

"..."

ခ်ဴဟြမ္တစ္ေယာက္ အေတာ္ၾကာေအာင္တိတ္ဆိတ္ေနၿပီးမွ ေနာက္ဆုံးတြင္ သူရႈံးသြားၿပီျဖစ္ေၾကာင္း ဝန္ခံလိုက္ရေပသည္။ သူက ေမာင္ေခါင္းေျပာင္‌ေလး၏ေခါင္းကို ပုတ္ေပးလ်က္ အသံကိုျပန္ေလွ်ာ့လိုက္ကာ ဆိုေလသည္။

"ေအးပါ... ေအးပါကြယ္... ကေလးရယ္ စိတ္မေကာင္းမျဖစ္နဲ႔ေတာ့ေနာ္။ ေအးပါ... ဟုတ္ၿပီလား......"

စင္စစ္အားျဖင့္ လူႀကီး၏အျပဳအမူမွာ ေလွ်ာ့လိုက္တင္းလိုက္ႏွင့္ မတည္မၿငိမ္ျဖစ္ေနေလေလ ထိုသူ႔အေနျဖင့္ ကေလးကိုမည္သို႔ထိန္းရမည္ကိုမသိေၾကာင္း ကေလးဘက္က နားလည္ေလေလျဖစ္ေပသည္။ ေမာင္ေခါင္းေျပာင္ေလးသည္လည္း အေၾကာက္အလန႔္မရွိ ပို၍အတင့္ရဲလာကာ ျမင္းေပၚတြင္လူးလွိမ့္လ်က္ အျမင္ရဆိုး‌ေလာက္ေအာင္ ေကာ့ကလန္ထိုးေနေခ်၏။

ခ်ဴဟြမ္ကား အျဖဴေရာင္ျမဴႏွင္းမ်ားဖုံးလႊမ္းေနေသာ ျမစ္ကမ္းပါးေဘးတြင္ရပ္လ်က္ ဦးေႏွာက္ေျခာက္ေနရေလ၏။

ဤတိုက္ပြဲအၿပီးတြင္ သူ႔အေနျဖင့္ - သူ႔ငယ္ခ်စ္ဦးက မည္သည့္သတၱဝါမ်ိဳးကေလးကိုပင္ ေမြးဖြားေပးလာပါေစ - မည္သူ႔ 'ဦးေလး' မွ်မျဖစ္ခ်င္ေတာ့ေပ။

ခ်ဴဟြမ္ : "မငိုနဲ႔ေတာ့ေနာ္။ ငါ့ကို ျမစ္ဟိုဘက္ကမ္းလိုက္ပို႔ေပး... ဟုတ္ၿပီလား? မင္းအေမဆီ ေခၚသြားေပးမယ္ေလ"

မည္သူမွ် သူ႔ကို အဖက္မလုပ္။

ခ်ဴဟြမ္ : "ထပ္ငိုရင္ ငါ မင္းကို ဒီမွာပဲ ပစ္ထားခဲ့ေတာ့မွာေနာ္"

မည္သူမွ် သူ႔ကို အဖက္လုပ္မလာေသး။

ခ်ဴဟြမ္တစ္ေယာက္ ေကာင္းကင္ႀကီးကိုသာ စူးစိုက္ၾကည့္ေနလ်က္ သက္ျပင္းခ်လိုက္မိ၏။

"ဘိုးေဘးတို႔ေရ ရွိႀကီးခိုးပါရဲ႕ဗ်ာ..."

သူလည္း တဒဂၤမွ် အၾကပ္႐ိုက္သြားကာ ေမာင္ေခါင္းေျပာင္ေလးအေနျဖင့္ ေတာ္ေတာ္ႏွင့္အငိုတိတ္ဦးမည္မဟုတ္ေၾကာင္း သိရွိသြားရသည္ႏွင့္ အဆိပ္ေႁမြကေလးဘက္ကိုသာ လွည့္လာႏိုင္ေတာ့၏။

"မင္း လမ္းသိလား?"

ထိုသို႔ေျပာၿပီးသည္ႏွင့္ ခ်ဴဟြမ္တစ္ေယာက္ သူ႔ကိုယ္သူျပန္ရယ္ေနမိကာ အနည္းငယ္ထူးဆန္းေနသည္ဟု ခံစားလိုက္ရသည္။

မည္သူကထင္မိပါမည္နည္း - အဆိပ္ရွိေႁမြကေလးမွာ ေျမျပင္ေပၚတြင္ ျဖည္းညင္းစြာေလွ်ာတိုက္သြားလ်က္ ေရထဲသို႔ ေအးေအးသက္သာပင္ ေလွ်ာဆင္းသြားေခ်၏။ ေရျပင္မွာ မျမင္ရလုနီးပါးလႈိင္းငယ္ကေလးမ်ားျဖင့္ ေဘာင္ဘင္ခတ္လ်က္ လႈိင္းထသြားကာ ထိုသတၱဝါေလးက ေရျပင္ထက္တြင္ ၎၏ အစိမ္းရင့္ေရာင္ေခါင္းကေလးကို ထုတ္ျပေနလ်က္ ခ်ဴဟြမ္ဘက္သို႔လွည့္၍ လွ်ာတစ္လစ္ထုတ္လာေပသည္။

/တကယ္ သိတယ္ဟ!/

ခ်ဴဟြမ္က ခ်က္ခ်င္းပင္ ျမင္းကို ပုတ္လိုက္သည္။

"သူ႔ေနာက္ကို လိုက္"

သူတစ္ေယာက္တည္းျဖင့္ တိရစာၦန္႐ုံတစ္႐ုံလုံးေခၚလာလ်က္ ထိုေန႔အတြက္ ဒုတိယအႀကိမ္အျဖစ္ ထူထပ္လွေသာျမဴႏွင္းမ်ားထဲသို႔တိုးဝင္ကာ ျမစ္လယ္ေခါင္သို႔ ေနာက္တစ္ႀကိမ္ထပ္ဆင္းရျပန္၏။

ခ်ဴဟြမ္မွာ တစ္ေန႔တြင္ သူ႔အေနျဖင့္ ဝက္တစ္ေကာင္၊ ျမင္းတစ္ေကာင္ႏွင့္ အေပအေတကေလးတစ္ေယာက္တို႔ကို ဦးေဆာင္လ်က္ ေႁမြတစ္ေကာင္၏ လမ္းျပမႈကိုခံယူကာ အခ်က္ျပပစၥည္းမ်ားကိုပင္သုံးစြဲ၍မရႏိုင္ေအာင္ မ်က္စိလည္သြားေစႏိုင္ေသာ ျမဴမ်ားဆိုင္းေနသည့္လမ္းေၾကာင္းကို ျဖတ္သန္းသြားလာေနရမည္ဟု မည္သည့္အခါကမွ် မေတြးမိခဲ့ဖူးပါေခ်။

... ေသခ်ာေပါက္ကိုပင္ ယုံၾကည္မႈအျပည့္ရွိေနပုံရေသာ ထိုေႁမြသတၱဝါသည္ သြားေနရင္းျဖင့္ လမ္းေပ်ာက္သြားလိမ့္မည္ဟူ၍လည္း သူမထင္ခဲ့မိေပ။

လက္ပတ္နာရီထဲမွ နာရီလက္တံ ႏွစ္ပတ္ေက်ာ္လည္သြားခဲ့ၿပီးသည့္ေနာက္တြင္ကား 'ဦးေက်ာင္းဆရာႀကီး'တစ္ေယာက္ သူ႔ဦးေႏွာက္ခ်ိဳ႕ယြင္းေနမႈကို သ‌ေဘာေပါက္သြားရကာ - သူ႔အေနျဖင့္ ေႁမြတစ္ေကာင္၏ IQ ကို အျပည့္အဝယုံစားမိခဲ့ေလ၏။

ဤသို႔ျဖင့္ ထိုအုပ္စုမွာ ထူထပ္လွေသာျမဴႏွင္းမ်ားအၾကား ႐ုန္းမထြက္ႏိုင္ေလာက္ေအာင္ပိတ္မိေနၾကေလေတာ့သည္။ ေႁမြကေလးမွာ စိတ္မသက္မသာျဖင့္ ေရထဲ၌ အႀကိမ္ေရအနည္းငယ္မွ် လွည့္ပတ္ေနလ်က္ ေနာက္ဆုံးတြင္ကား ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ပုံစံျဖင့္ ျမင္းကိုယ္ေပၚမွတစ္ဆင့္ ေတာက္ေလွ်ာက္တြယ္တက္လာကာ ခ်ဴဟြမ္၏ေဘာင္းဘီထဲသို႔ ေလွ်ာဝင္လာေပ၏။

ျမင္းသည္ပင္ ဂနာမၿငိမ္ျဖစ္လာေလၿပီ။

ခ်ဴဟြမ္မွာ သူထြက္သြားၿပီးပါက ထိုျမင္းကိုလႊတ္ေပးလိုက္လွ်င္ ျမင္းသည္ မ်ိဳးႏြယ္စုဆီသို႔ တန္းတန္းမတ္မတ္ျပန္လာႏိုင္ေၾကာင္းကို နန္ရွန္းထံမွ အတည္ျပဳထားခဲ့ၿပီး ျဖစ္ေခ်သည္။ သို႔ဆိုလွ်င္ သေဘာတရားအားျဖင့္ ျမင္းျဖဴႀကီးမွာ ျမစ္ကိုျဖတ္သန္းႏိုင္ရမည္ျဖစ္ေသာ္လည္း ထိုငတုံးေႁမြက မည္သို႔ေသာလမ္းေၾကာင္းမ်ိဳးကို ေခၚလာခဲ့ေသာေၾကာင့္ နဂိုတုန္းက လမ္းမွတ္မိခဲ့ေသာျမင္းအိုႀကီးမွာ ခ်ာခ်ာလည္ေအာင္ လမ္းေပ်ာက္သြားရပါသနည္း?

ေမာင္ေခါင္းေျပာင္ေလးမွာမူ ငိုရလြန္းေသာေၾကာင့္ အေမာဆို႔သြားသည္မွာ အေတာ္ၾကာခဲ့ေလၿပီ။ ထိုကေလးမွာ ျမင္းေက်ာေပၚတြင္ ပက္လက္လန္ေနလ်က္ ခ်ဴဟြမ္၏ရွပ္အက်ႌကို လက္ျဖင့္ဆြဲထားကာ ႀကိဳ႕မ်ားထိုးေနရင္းျဖင့္ တအီအီလုပ္ေနဆဲျဖစ္ၿပီး အလြန္ဇေဝဇဝါျဖစ္ေနေသာအရိပ္အေယာင္မ်ား ထင္ဟပ္ေဖာ္ျပေနသည့္ သူ႔မ်က္လုံးဝိုင္းကေလးမ်ားကို တဖ်တ္ဖ်တ္ခတ္၍ ေဘးပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္ရႈေနေပသည္။

ခ်ဴဟြမ္ : "မင္း မွတ္မိလား?"

ေမာင္ေခါင္းေျပာင္ေလးက ႐ိုး႐ိုးသားသားပင္ ေခါင္းခါျပလာ၏။

ခ်ဴဟြမ္ သက္ျပင္းခ်လိုက္မိသည္။ ယခုအခ်ိန္တြင္ သူ႔လက္ပတ္နာရီထဲတြင္ပါေသာ သံလိုက္အိမ္ေျမႇာင္လုပ္ငန္းစဥ္မွာ လုံးဝအသုံးမဝင္ေတာ့ဘဲ ရႈပ္ေထြးလွေသာ သံလိုက္စက္ကြင္းတစ္ခုႏွင့္ ေတြ႕ေနရသည့္အလား ခ်ာလည္လည္လ်က္ waltz အကကျပေနသည့္ႏွယ္ ရွိေနေတာ့၏။ ျမဴႏွင္းအျဖဴေရာင္တို႔အၾကားဝယ္ သူ႔အေနျဖင့္ ေနရွိရာအရပ္ကိုပင္ မခန႔္မွန္းႏိုင္ဘဲ ေအးစက္လွေသာျမစ္ေရျပင္ႏွင့္ အဆုံးမရွိေသာျမဴထုႀကီးတို႔သာ ရွိေနေခ်သည္။

သူ႔အေနျဖင့္ ျမဴထုပို၍ပါးေသာေနရာကိုပင္ မေျပာႏိုင္ဘဲျဖစ္ေနရ၏။

႐ုတ္တရက္ ခ်ဴဟြမ္တစ္ေယာက္ ေအးစက္စက္ခံစားလိုက္ရကာ ေအာက္ဘက္သို႔ငုံ႔ၾကည့္လိုက္သည္တြင္ အဆိပ္ရွိေႁမြကေလးက သူ႔အဝတ္အစားထဲသို႔ တိုးဝင္လာျခင္းျဖစ္ေၾကာင္း ေတြ႕လိုက္ရၿပီး - ဤေႁမြကေလးမွာ ခ်မ္းေအးလြန္းလွေသာေၾကာင့္ ေသြးေအးသတၱဝါမ်ား၏ ဇီဝသဘာဝအရအသိဉာဏ္ကို မတြန္းလွန္ႏိုင္ေတာ့သည့္အခ်ိန္အခါမ်ိဳးမွသာ လူတစ္ေယာက္ႏွင့္ အသားခ်င္းလာထိကပ္ေနတတ္မည္ျဖစ္ေခ်သည္။

မၾကာမီပင္ ခ်ဴဟြမ္သည္လည္း အပူခ်ိန္ေလ်ာ့က်သြားသည္ကို ခံစားသိရွိလာရ၏။ သူက သူ႔ေလကာအေႏြးထည္ကို ၾကယ္သီးျဖဳတ္လိုက္ကာ အဝတ္အစားဟူ၍ အတြင္းခံႏွင့္ အဝတ္ပိုင္းတစ္ထည္သာပတ္ထားေသာ ေမာင္ေခါင္းေျပာင္ေလးကို ၿခဳံလႊမ္း၍ ဖက္ထားေပးလိုက္ေပသည္။ သူက ျမင္းကို ပုတ္လိုက္၏။

"သြားမယ္။ မရပ္နဲ႔"

တိရစာၦန္ကေလးမ်ားမွာ ၎တို႔အေနျဖင့္ ဒုကၡေရာက္ေတာ့မည္ကို သိေနၾကပုံရကာ ဆူဆူညံညံလုပ္ေနၾကသူမ်ားသည္လည္း ပါးစပ္ပိတ္သြားၾကလ်က္ အသက္ပင္ျပင္းျပင္းမရႉရဲၾကေတာ့ေလ။ ခ်ဴဟြမ္က ဇက္ႀကိဳးကို ဖြဖြေလးသာကိုင္ထားၿပီး ေဘးပတ္ဝန္းက်င္ကို သတိထား၍ေလ့လာဆန္းစစ္ေနလ်က္ ျမင္းကိုလည္း ၎ကိုယ္တိုင္ထြက္ေပါက္ရွာႏိုင္ေစရန္ အခြင့္ေပးထားလိုက္သည္။

႐ုတ္တရက္ ခ်ဴဟြမ္တစ္ေယာက္ ေရစီးသံမွာ ခ်က္ခ်င္းပိုမိုျပင္းထန္လာသည္ကို ၾကားလိုက္ရေလသည္။

သူ႔ေက်ာ႐ိုးတစ္ခုလုံး ေတာင့္တင္းသြားရကာ သူ႔ခႏၶာကိုယ္က သူ႔အသိစိတ္ကိုေက်ာ္လြန္၍ အႏၲရာယ္ကိုအလိုအေလ်ာက္ခံစားသိရွိေနေပ၏။ ခ်ဴဟြမ္လည္း ျမင္းဗိုက္ကို ကန္လိုက္သည္။ ျမင္းျဖဴႀကီးမွာ ႐ုတ္တရက္ေၾကာက္႐ြံ႕သြားလ်က္ ေလးႀကိဳးမွပစ္လႊတ္လိုက္ေသာ ျမားတစ္စင္းပမာ ခုန္လႊားလိုက္၏။ ေနာက္ဖက္ဆီမွ က်ယ္ေလာင္လွေသာအသံႀကီးတစ္ခု ထြက္ေပၚလာၿပီးသည့္ေနာက္ စိတ္မခ်မ္းေျမ့ဖြယ္ရာ ႐ုန္းကန္ေနေသာအသံမ်ားကို ၾကားလိုက္ရကာ ေနရာအႏွံ႔သို႔ ေရမ်ား လႈိင္းထပ်ံ႕ႏွံ႔ဖိတ္စင္လာေတာ့သည္။ ခ်ဴဟြမ္ လွည့္ၾကည့္လိုက္သည္တြင္ ျမစ္ေရထဲ၌ အရိပ္မည္းႀကီးတစ္ခုျဖတ္သန္းသြားသည္ကို ျမင္လိုက္ရ၏။ ေစာေစာက ျမင္းေနာက္တြင္လိုက္လာခဲ့ေသာ ဝက္မွာ မရွိေတာ့ၿပီျဖစ္ၿပီး ေရေၾကာထဲတြင္ ခပ္ပါးပါးေသြးမွ်င္တန္းမ်ား စီးဆင္းလာသည္ကိုသာ ေတြ႕လိုက္ရေခ်သည္။

ေမာင္ေခါင္းေျပာင္ေလးသည္ကား ႐ုတ္တရက္တုန္ယင္လာကာ ခ်ဴဟြမ္၏ပခုံးကိုဆြဲထားလ်က္ လည္ကိုဆန႔္တန္း၍ၾကည့္ရန္ ႀကိဳးစားလာေပ၏။ ခ်ဴဟြမ္က သူ႔ေခါင္းကေလးကို လက္တစ္ဖက္ျဖင့္ ျပန္ဖိထားလိုက္ကာ က်န္လက္တစ္ဖက္ျဖင့္ စစ္တပ္သုံးဓားေျမႇာင္ကို ထုတ္လာေလသည္။

"ရႉး—"

သူက ဆိုလိုက္ေပ၏။

"ဘာမွမျဖစ္ဘူး။ မေၾကာက္နဲ႔"

႐ုတ္တရက္ သူတို႔ပတ္ဝန္းက်င္တြင္ တိတ္ဆိတ္မႈက ဖုံးလႊမ္းသြားေတာ့သည္။ ၾကည့္ရသည္မွာ ထိုအရာႀကီးအေနျဖင့္ ေစာေစာတုန္းက သားေကာင္ကိုဝါးမ်ိဳရန္ နည္းလမ္းရွာေနျခင္းျဖစ္ပုံရေသာ္လည္း ေသြးညႇီနံ႔မွာ သူတို႔ႏွာဖ်ားဝအထိ ပ်ံ႕ႏွံ႔လာၿပီျဖစ္၏။

ျမင္းျဖဴႀကီးမွာ လီယီမ်ိဳးႏြယ္စုရွိျမင္းမ်ားအနက္ ဘုရင္ျဖစ္ပုံရကာ ခ်ဴဟြမ္စီးဖူးခဲ့သမွ်ေသာျမင္းမ်ားအားလုံးထက္ ပို၍တည္ၿငိမ္ေလသည္။ သို႔ရာတြင္ ၎သည္လည္း တိရစာၦန္သာျဖစ္ေလရာ ၎၏သဘာဝ "တိုက္ႏိုင္လွ်င္တိုက္၊ မတိုက္ႏိုင္လွ်င္ေျပး" ဟူေသာတုန႔္ျပန္မႈမ်ိဳးကို အထူးေလ့က်င့္ခံထားရသူတစ္ေယာက္ကဲ့သို႔ ဖုံးကြယ္မထားႏိုင္ပါေခ်။ ခ်ဴဟြမ္တစ္ေယာက္ ၎၏ေျခေလးေခ်ာင္းစလုံး အနည္းငယ္တုန္ယင္ေနသည္ကို သိသိသာသာပင္ ခံစားမိေလ၏။

႐ုတ္တရက္ ျမင္းျဖဴႀကီးမွာ ေနာက္သို႔လ်င္ျမန္စြာဆုတ္သြားၿပီး ေရထဲမွ ဧရာမမိစာၦႀကီးတစ္ေကာင္က ခ်ဴဟြမ့္ေခါင္းႏွင့္ တစ္တန္းတည္းအျမင့္ေလာက္နီးပါးအထိ ထြက္ေပၚလာေပသည္။ သူ႔မ်က္ႏွာတည့္တည့္ဆီသို႔ ေသြးညႇီနံ႔လႊမ္းေနေသာေလတစ္ေဝွ႔က ေဝ့ဝဲတိုက္ခတ္လာကာ ခ်ဴဟြမ္၏ရင္ဘတ္ထဲရွိ ေႁမြကေလးသည္လည္း ဆတ္ကနဲေခါင္းေထာင္လာလ်က္ ေႁမြမ်ားေၾကာက္သည့္အခါတြင္ လုပ္တတ္ၾကေသာ အလိုအေလ်ာက္တိုက္ခိုက္ေရးပုံစံကို ေဖာ္ျပလာေခ်၏။

ခ်က္ခ်င္းလိုပင္ ေလျပင္းတစ္ခ်က္က သူတို႔ႏွင့္မ်က္ႏွာခ်င္ဆိုင္ဆီမွ ေျပးဝင္တိုက္ခတ္လာကာ သိပ္သည္းလွေသာ အျဖဴေရာင္ျမဴႏွင္းထုႀကီးကိုပင္ ထိုးခြဲပစ္ေတာ့မတတ္ ရွိေနေလသည္။ ထိုအရာႀကီးမွာ ေႁမြတစ္ေကာင္ႏွင့္ ဆင္တူ၏။ ကိုယ္ထည္တြင္ တြားသြားသတၱဝါတစ္ေကာင္၏ အေၾကးခြံမ်ားျဖင့္ဖုံးလႊမ္းေနကာ ေႁမြတစ္ေကာင္ထက္ ပို၍ေတာင့္တင္းၿပီး ေျခေလးေခ်ာင္းတြားသြားသတၱဝါမ်ားထက္ ပို၍ေပ်ာ့ေျပာင္းေပသည္။ မ်က္ႏွာျပားျပားရွိေသာ္လည္း ေရွ႕သို႔ထိုးထြက္ေနေသာႏႈတ္သီးမ်ိဳးရွိကာ ပါးစပ္ထဲတြင္ကား ဓားသြားမ်ားအလားခြၽန္ထက္လွေသာ အစြယ္မ်ားက ဖိနပ္တိုက္ဘရပ္ရွ္အေမြးမ်ားကဲ့သို႔ မညီမညာ အျပည့္အသိပ္တည္ရွိေနလ်က္ လွ်ာကိုပင္ ထားစရာေနရာမရွိေလာက္ေအာင္ ျဖစ္ေနေလ၏။

ထိုသတၱဝါႀကီးက ခ်ဴဟြမ္ထံ ေျပးဟပ္လာေတာ့၏။

ခ်ဴဟြမ္က ျမင္းေပၚတြင္ ေက်ာျပားျပားက်လုနီးနီးအထိ ပက္လက္လွန္ခ်လိုက္သည္။ ထို႔ေနာက္ ခြၽန္ထက္လွသည့္ဓားေျမႇာင္မွာ အထူးဆန္းလွဆုံးေသာအေနအထားမ်ိဳးမွ ထြက္ေပၚလာကာ မိစာၦႀကီး၏ေမးတည့္တည့္ကို အညႇာအတာကင္းမဲ့စြာ ထိုးေဖာက္သြားၿပီးေနာက္ သူ႔လက္ေကာက္ဝတ္က ၾကမ္းတမ္းစြာကန႔္လန႔္လွည့္ခ်လိုက္၏။ မိစာၦႀကီးကား ထူထဲမာေက်ာလွေသာ အေၾကးခြံမ်ားေအာက္ဝယ္ ေသြးစိမ္းရွင္ရွင္ထြက္ေနေသာ အေပါက္ႀကီးတစ္ေပါက္ကို အရွင္လတ္လတ္အထြင္းခံလိုက္ရကာ - ထိုသတၱဝါ၏ ဧရာမသြားႀကီးမ်ား သူ႔ေက်ာျပင္ထက္သို႔ လႊမ္းၿခဳံက်ေရာက္လာေတာ့မည့္အခ်ိန္တြင္ ထိုဒဏ္ရာေပါက္ႀကီးထဲသို႔ ဓားသြားကို ေနာက္တစ္ႀကိမ္ထိုးစိုက္ခ်လိုက္ေပသည္။

မိစာၦႀကီးမွာ နာက်င္မႈေၾကာင့္ ဟိန္းေဟာက္လာေလ၏။

ထိုအသံကို စကားလုံးမ်ားျဖင့္ေဖာ္ျပႏိုင္မည္မဟုတ္ေပ။ ခ်ဴဟြမ္တစ္ေယာက္ သူ႔နားထင္ေၾကာမ်ားတင္းလာလ်က္ သူ႔ႏွလုံးအိမ္တစ္ခုလုံး တုန္လႈပ္သြားသည္ကိုသာ ခံစားလိုက္ရေလသည္။ သူလည္း ေမာင္ေခါင္းေျပာင္ေလး၏ နားတစ္ဖက္ကို လက္ျဖင့္ပိတ္ထားကာ ေနာက္နား႐ြက္တစ္ဖက္ကို သူ႔ရင္ဘတ္တြင္ဖိကပ္ထားလ်က္ ျမင္းဇက္ႀကိဳးကို တင္းတင္းဆြဲေဆာင့္လိုက္ေခ်သည္။ ျမင္းျဖဴႀကီးမွာ ေျခလွမ္းစိပ္စိပ္ျဖင့္ ေရွ႕သို႔ဆက္လက္ေလွ်ာက္လွမ္းသြားၿပီး ထိုအေကာင္ႀကီး၏နံေဘးမွ အႏၲရာယ္ႀကီးစြာ ပြတ္ကာသီကာေလး ျဖတ္သန္းသြားေပ၏။

ထိုအခိုက္တြင္ အၿမဲတေစမႈန္မႈိင္းေနတတ္ေသာ စစ္တပ္သုံး သုံးေျမႇာင့္ဓားေျမႇာင္ထံမွ ထူးဆန္းလွေသာအလင္းတန္းတစ္ခုထြက္ေပၚလာလ်က္ လမ္းတစ္ေလွ်ာက္ရွိ သိပ္သည္းလွေသာျမဴထုႀကီးကို ႏွစ္ျခမ္းခြဲသြားကာ ၾကမ္းတမ္းသြက္လက္စြာပင္ မိစာၦႀကီး၏မ်က္လုံးကို ထိုးေဖာက္သြားေတာ့သည္။

အညႇာအတာကင္းမဲ့လွစြာ၊ ေသသပ္လွစြာျဖင့္ ဓားေျမႇာင္မွာ မိစာၦႀကီး၏ မ်က္လုံးတစ္ဖက္မွ ထိုးစိုက္ဝင္သြားလ်က္ ေနာက္တစ္ဖက္မွ ျပန္ထြက္လာေလ၏။

မိစာၦႀကီးမွာ ေသအံ့ဆဲဆဲအခ်ိန္၌ ညည္းညဴဟိန္းေဟာက္လိုက္သည္တြင္ ျမစ္တစ္စင္းလုံးႏွင့္ ျမဴထုႀကီးတစ္ခုလုံးကိုပင္ တုန္ဟည္းသြားေစေပသည္။ ခ်ဴဟြမ္တစ္ေယာက္ ျပင္းထန္လွေသာ အသံလြန္လႈိင္းတိုက္ခိုက္မႈတစ္ခုႏွင့္ ရင္ဆိုင္လိုက္ရသည့္အတိုင္းခံစားေနရ၏။ ကိုယ္ခႏၶာတစ္ခုလုံးေပ်ာ့ေခြက်သြားေလာက္ေအာင္ စူးရွျပင္းထန္လွေသာ သူရင္းႏွီးေနႏွင့္ၿပီးသား ေခါင္းကိုက္ေရာဂါမွာ အဆေပါင္းမ်ားစြာပိုမိုျပင္းထန္ေသာပုံစံမ်ိဳးျဖင့္ ႐ုတ္တရက္ျပန္လည္ထြက္ေပၚလာကာ ခ်ဴဟြမ္၏အျမင္အာ႐ုံတစ္ခုလုံး ေမွာင္မိုက္က်သြားလ်က္ သူ႔လည္ေခ်ာင္းထဲမွ ညႇီစို႔စို႔အရသာတစ္ခု ဆန္တက္လာေလသည္။

-----------------------

Please support NUG. အေရးေတာ္ပုံ ေအာင္ရမည္ 💪

May you all be safe from Covid, too 🙏

10.7.2021

❤❤❤

Pokračovat ve čtení

Mohlo by se ti líbit

786K 34.1K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
2.8M 188K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
697K 40.1K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
1.5M 194K 158
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။