(Unicode)
အချစ်ကို ရူးမိုက်စွာ ငါတွေးလည်း...
အချစ်သည် ကောင်းမွန်စွာ ဆန့်ကျင်ဘက် ပြန်မရောက်ခဲ့...
ရူးမိုက်ခြင်းတို့အလွန်တွင် တန်ပြန်ရရှိခဲ့လေပါသော
အမုန်းတို့ရေ...
တားဆီးချင်ပေမယ့်လည်း
ကိုယ်တိုင်ကိုက ဖိတ်ခေါ်နေခဲ့သည်လေ...။
__________
"မေမေ...''
မင်းရသ ကျောင်းသွားခါနီး စားပွဲပုလေးတွင် ထိုင်ကာ သိုးမွေးဆွယ်တာလေး ထိုးနေပါသော မေမေ့အား ခေါ်လိုက်တော့ မေမေက ပြုံးကာ လှည့်ကြည့်လာသည်။
" အင်း...သား''
" သား ညနေကျောင်းပြန်လာရင်လေ မေမေကြိုက်တဲ့ ခေါက်ဆွဲကြော်ဝယ်လာမလို့...အဲ့ဒါ မေမေ ဘာမှကြိုမစားထားနဲ့နော်''
မေမေက သူ့အားပြုံးကြည့်ကာ...
" ဒီကလေးတော့...သားမုန့်ဖိုးတွေကို ဝယ်စားပါဆို...အမြဲတမ်း ဒီလိုပဲဝယ်နေတယ်။ သားစားချင်ရင်လည်း မေမေ့ပိုက်ဆံနဲ့ ဝယ်ကျွေးပါမယ် သားရယ်''
မင်းရသ မေမေ့နားကပ်ကာ ဖက်လိုက်ပြီး မေမေ့ပုခုံးပေါ်အနောက်ကနေခေါင်းမှီရင်း ချွဲနွဲ့လိုက်လေသည်။
" မေမေကလည်း...သားကမေမေ့ကိုစားစေချင်တာပါ''
" အင်းပါကွယ်''
ပြန်ဖြေလာပါသော မေမေ့အသံသည် နွမ်းလျနေပေမယ့်လည်း ချစ်ခြင်းမေတ္တာတို့အပြည့်...။ မင်းရသ နွေးထွေးသည်ဟု ခံစားရလေသည်။ မေမေက သူ့ခေါင်းလေးအား ဖွဖွသပ်ကာ...
" သားကျောင်းသွားတော့လေ...။ နောက်ကျနေမယ်...''
" ပန်းမေမှ မလာသေးတာ...မေမေရဲ့။ ပြီးတော့ မေမေလည်း စက်ခုံမှာပဲ အချိန်တိုင်း ထိုင်မနေနဲ့နော်...နားနားနေနေလုပ်''
စက်ချုပ်ဆိုင်လေး ဖွင့်ထားသောမေမေက လာအပ်သမျှ အထည်တွေကိုနေ့မနားညမနား ချုပ်တတ်သည်မို့ မင်းရသလည်း သတိပေးရသည်။ သူတို့တစ်နှစ်ထက်တစ်နှစ်ကြီးလာသည်နှင့်အမျှ မေမေ့ကျန်းမာရေး အခြေအနေကလည်း သိပ်မကောင်းချင်တော့...။ မေမေက သူ့နှလုံးရောဂါအကြောင်းအား သူ့ကိုပြောမပြပေမယ့်လည်း မင်းရသကတော့ မေမေ့အခန်းထဲမှ ဆေးစာရွက်တွေကိုတွေ့ပြီး သိသည်မှာ ကြာလေပြီ။ သို့သော် မေမေသူ့အား ပြောမပြသည်မှာ သူ့အားစိတ်မကောင်းမဖြစ်စေချင်၍ ဆိုတာသိသဖြင့် သူလည်းအထွေအထူးပြောမနေတော့...။
"နေမကောင်းဖြစ်မှာစိုးလို့ပါ မေမေရယ်။ အကျီ..တွေက နောက်ရက်မှ လာယူမှာမဟုတ်လား?''
" အင်း...သား။ဒါပေမယ့် အခုကသားအတွက် သိုးမွေးဆွယ်တာလေးထိုးနေတာ...ဆောင်းဝင်ရင်ဖြစ်ဖြစ်၊ မိုးအရမ်းအေးတဲ့နေ့တွေ ဖြစ်ဖြစ် ဝတ်လို့ရအောင်လို့...''
" မေမေအရင်က ပေးထားတဲ့ အနွေးထည်တွေရှိပါသေးတယ်...မေမေရယ်။ နားနားနေနေ နေနော်''
ထိုအချိန်မှာ အိမ်ရှေ့မှ စူးရှကျယ်လောင်သော ပန်းမေ၏ အော်သံ...။
" ရသ...''
နှစ်အိမ်ပဲ ခြားပေလို့ပေါ့...။ မဟုတ်ရင် အဝေးကြီးက လာရတယ်ဆိုပြီး သူ့အိမ်ရှေ့ သေအောင်အော်နေမှာ။အဲ့ဒီသူဌေးသမီးကလည်း အိမ်ကပို့ပေးတဲ့ကားနဲ့မသွားပဲ ခုနှစ်တန်းလောက်ထဲက ကျောင်းကိုသူနဲ့သာ လမ်းလျှောက်သွားနေကျ...။ ပန်းမေက အိမ်တံခါးကိုတွန်းကာ အိမ်ထဲသို့ ဝင်လာပြီးမေမေ့အား နှုတ်ဆက်လေသည်။
ကျောင်းချိန်နီးနေပြီဖြစ်သဖြင့် နှစ်ယောက်သားလည်း အိမ်မှထွက်ကာ လမ်းလေးအတိုင်း လျှောက်လာခဲ့ကြသည်။ ခါတိုင်းဆို ပန်းမေက စကားတွေပေါက်ပေါက်ဖောက်အောင် ပြောနေပေမယ့်လည်း ယနေ့တော့တိတ်ဆိတ်နေသည်။ ရသလည်း...
" ပန်းမေ...ဘာဖြစ်နေတာလဲ?''
" ဟင်...ဘာမှမဖြစ်ပါဘူးဟာ။ ဒီအတိုင်းပဲ...''
" နင်ဒီနေ့ စကားတော်တော်နည်းနေလို့''
" အင်း...အဲ့ဒါကလည်း ဒီအတိုင်းပဲ''
" သြော်...ဒီအတိုင်းနေလိုက်တော့...အဲ့ဒီမှာ''
" ဟီးဟီး...နောက်တာပါ။ ငါပြောရဦးမယ်...ဟိုအကောင်ကို သတိပေးထားစမ်းပါဦး...နင်က သူတစ်ယောက်ထဲ ပိုင်တာကျနေတာပဲ။ ငါလည်း နင့်သူငယ်ချင်းနော်...သူက နောက်မှနင်နဲ့ခင်လာပြီးတော့...''
မင်းရသလည်း သက်ပြင်းသာချမိပါတော့သည်။
" ဘာတွေဖြစ်ရပြန်တာလဲ...''
" ဖြစ်တာကတော့ အများကြီး။ နင့်အတန်းငါလာရင်များ ငါ့ကိုရန်ထောင်နေတာ။ အဲ့ဒီလောက်ဖြစ်နေတာ...နင့်ကိုကြိုက်နေလားမသိဘူး''
ပြန်ပြောမယ်လုပ်သော စကားက တံတွေးပင်သီးသွားရသည်။
" ဘာတွေလျှောက်ပြောနေတာလဲ ပန်းမေရာ''
" ဟုတ်တယ်လေ...နင့်ကိုဆို အမြဲတမ်းမေးထောက်ကြည့်နေရတာနဲ့...ထမင်းစားရင်း ပါးစပ်လေးပဲ ဖြစ်ဖြစ်ပေသွားရင် ဘေးကနေ ကမန်းကတန်းသုတ်ပေးရတာနဲ့''
" အဟမ်း...သူက ဒီအတိုင်း သူငယ်ချင်းမို့ လုပ်ပေးတာပါဟ''
မင်းရသချောင်းတစ်ချက်ဟန့်ကာပြောတော့ မြတ်ပန်းမေက မင်းရသအား မျက်စောင်းထိုးလိုက်ကာ...
" အေး...သူငယ်ချင်းနေလိုက်ပါ။ အရင်ကတော့ ငါ့ကိုအနိုင်ကျင့်ခဲ့တဲ့သူကြီးဆိုပြီး ဒူးတုန်အောင်ကြောက်နေတာ ဘယ်သူလဲ?''
"ဝဏ္ဏက သဘောကောင်းပါတယ်''
ပန်းမေက သူမရင်ဘတ်ကို သူမဖိကာ မင်းရသအား မျက်စောင်းသာ ထိုးနေပါတော့သည်။
သူတို့ကျောင်းရောက်တော့ ဝဏ္ဏက ရောက်နှင့်နေလေပြီ...။ မင်းရသလည်း ကိုယ့်အတန်းကိုယ် ဝင်ထိုင်တော့ မိမိခုံအား ဖုန်တွေသုတ်ပေးထားသည်။ကျောင်းခန်းပြတင်းဘေးမှာက ဖုန်ထူသော မြေနီဘောလုံးကွင်းရှိပါသဖြင့် သန့်ရှင်းရေးမလုပ်ပါသောနေ့တို့ကျောင်းနှစ်ရက်ပိတ်ကာ ပြန်ဖွင့်သောနေ့တို့ဆိုလျှင် ဖုန်ထတတ်သည်လေ။ အခုလည်း ကျောင်းပိတ်ပြီး ဖုန်ထသောနေ့ဖြစ်၍ ဖုန်ကတော့ရှိကိုရှိရမည်ကို သုတ်ပေးထားသည်။ ဘယ်သူရှိရမလဲ...မင်းရသဘေးက ဝဏ္ဏပဲပေါ့...။
" ဝဏ္ဏ မင်းထိုင်တဲ့ တစ်ဝက်ပဲ သုတ်ထား ငါ့ဘက် ငါ့ဘာသာသုတ်မယ်''
" မင်းကလည်း...ခုံတန်းရှည်ကြီးကို ငါကတစ်ဝက်ခွဲသုတ်နေရမှာလား? "
" သုတ်ပေါ့...''
" ဟောဒီက ယောက်ျားကြီးက စေတနာတွေအရမ်းကောင်းလွန်းလို့ သုတ်ပေးတယ်ထင်လား ယောက်ျားလေးရဲ့။ ယောက်ျားလေးကို ချစ်လို့သုတ်ပေးတာ...''
" ဟာ...မင်း''
ထုတ်ထားပြီးသော ခဲဖျက်နှင့်သာ ကောက်ပေါက်လိုက်တော့သည်။ ဝဏ္ဏမင်းထင်ဆိုသည်မှာ မင်းရသ ဘာနဲ့ပဲကောက်ထုကောက်ထု အပြုံးမပျက်။ တော်တော်လည်း မျက်နှာပြောင်နိုင်တဲ့ကောင်...။
" ငါ့နားမကပ်လာနဲ့...သွား''
" သွားဘူး''
" အဲ့ဒါဆို ငါသွားမယ်''
မင်းရသက ခုံမှာထိုင်နေရင်း ထလိုက်တော့ ဝဏ္ဏမင်းထင်က ပြန်ဆွဲလိုက်ကာ...
" ဘယ်သွားမလို့လဲ?''
" ဟေ့ကောင်...အိမ်သာသွားမလို့ လွှတ်ဦး''
" ယောက်ျားကြီးလည်း လိုက်မယ်လေ...''
" မင်း!! အေး...ချီးတွင်းထဲ ဝင်ချင်ရင် လိုက်ခဲ့...''
ဝဏ္ဏမင်းထင်က သူ့အား ပြုံးပြကာ...
" ယောက်ျားလေးနဲ့ဆို ဘယ်နေရာဖြစ်ဖြစ် လိုက်ရဲတယ်''
မင်းရသတစ်ယောက် ပြောလေကဲလေ ဖြစ်နေသော သတ္တဝါအား အထွေအထူးပြောမနေတော့ပဲ ထွက်သာထွက်လာလိုက်တော့သည်။ ကျောင်းမတက်သေးသည်ဖြစ်၍ အခန်းအပြင်ဘက်တွေမှာ ကျောင်းသားကျောင်းသူတွေစုရုံးစုရုံးဖြစ်နေကြသည်။ မင်းရသလည်း ရှောင်ကွင်းကာ လာတုန်း မိမိတို့ရှေ့သို့ အစ်မကြီးနှစ်ယောက်ရောက်လာသည်။ ဘေးနှစ်ခန်းကျော် ကိုးတန်းခန်းမှကျောင်းသူတွေဖြစ်ကြသည်။သူတို့ကိုတော့ အတန်းထဲ ဆရာမဆီ စာအုပ်တွေလာပေးတာတို့မှာ မြင်ဖူးသဖြင့်... ။
ထိုနှစ်ယောက်က လာနေရင်း မင်းရသကိုတွေ့တော့ လက်ညှိုးထိုးကာ လျှောက်လာပြသည်။
" တွေ့ပြီ...မောင်လေးက မင်းရသလား?''
" ဟုတ်ကဲ့...ဘာဖြစ်လို့လဲ?''
" သြော်...အစ်မတို့သူငယ်ချင်း နှင်းသူဇာက မောင်လေးကို ဒီစာလေးပေးခိုင်းလိုက်လို့...''
မိမိရှေ့သို့ ထိုးပေးလာပါသော စာလေးတစ်စောင်...။
" ဗျာ...ကျွန်တော့်ကို''
မင်းရသလည်း ထိုးပေးနေသော စာလေးအား ယူမယ်အလုပ်မှ ဖျတ်ခနဲ ဆွဲယူခံလိုက်ရပါသော စာလေး။ ထိုဆွဲယူလိုက်ပါသော လက်တစ်စုံပိုင်ရှင်က ဝဏ္ဏမင်းထင်။ မင်းရသ မော့သာကြည့်မိသည်။
" ဘာလုပ်တာလဲ...ဒီစာက''
"ဟို... မင်းရသကို နှင်းသူဇာက ပေးခိုင်းတာ...''
မင်းရသ သိလိုက်သည်မှာ နှင်းသူဇာဆိုတာ ကိုးတန်းက ယောက်ျားလေးတွေကြား နာမည်ကြီးလှပါသော အစ်မ။ ထိုကဲ့သို့သော မိန်းကလေးမျိုးက ကိုယ့်ကိုစာပေးသည်ဖြစ်၍ ဂုဏ်တော့နည်းနည်းမြင့်ချင်သွားသည်။
" အဲ့ဒီစာကို ဘာလုပ်ဖို့ရသက ယူရမှာလဲ''
သူတို့အကြားမှာ ဝဏ္ဏမင်းထင်၏ အေးစက်မာကျောနေသော အသံက ဖုံးလွှမ်းသွားလေသည်။
" အာ...ဝဏ္ဏငါယူလိုက်မယ်...ပေး''
" ဟင်...မောင်လေး။...နှင်းသူဇာက မောင်လေးကနေတစ်ဆင့် ဝဏ္ဏမင်းထင်ကို ပေးခိုင်းတာ''
" ဘာ!!!''
ကြားလိုက်ရသော စကားကြောင့် မိမိမှာ ကိုယ့်ကိုကိုယ်အထင်တွေဇွတ်ကြီးခဲ့ရသမျှတို့က...။ မင်းရသ ဝဏ္ဏကိုကြည့်လိုက်တော့ စောစောက မျက်နှာနှင့်မတူစွာ သူ့အားပြူးကြည့်နေသည်။ မင်းရသလည်း သူ့အား မျက်စောင်းသာထိုးကာ ထိုနေရာမှ အမြန်ထွက်လာခဲ့လိုက်တော့သည်။
မနာလိုဖို့ကောင်းလိုက်တာ...အရည်ပျော်နေတဲ့ ရေခဲတုံးက ခုတော့ကြိတ်ပျော်နေပြီလားမသိဘူး။ ရုပ်က...။ အိမ်သာသို့လာရာမှ နောက်ကနေ ဝဏ္ဏမင်းထင်က...
" ရသ...ငါ့ကိုလည်း မစောင့်ပဲထွက်သွားတာ''
" မင်းက စာဖတ်ပြီးကြည်နူးနေမှာမဟုတ်လား? သွားဖတ်လေ''
" အင်း...ဒီမှာ''
မင်းရသရှေ့အား ပန်းရောင်စာအိတ်လေးကို ထုတ်ပြလာပါသော ဝဏ္ဏမင်းထင်။
" လာကြွားမနေနဲ့...ဝေးဝေးသွား''
ရသစကားလည်း ဆုံးရော ဝဏ္ဏက ထိုပန်းရောင်စာအိတ်လေးအား အလယ်ကနေ အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဆွဲဖြဲကာ ဘေးသို့လွှင့်ပစ်လိုက်လေသည်။
" ဟာ...မင်း...သူများရေးထားတာကို''
" ငါမှမဖတ်ချင်တာ''
" ဟိုအစ်မကြီးက မင်းကိုကြိုက်နေတာလေ...''
" ငါမှမကြိုက်တာ...''
" နည်းနည်းပါးပါးတော့ ဖတ်ရမယ့် ဝတ္ထရားရှိတယ်လေ''
"ငါတော့ ရှိတယ်လို့ကို မထင်တာ''
မင်းရသ သက်ပြင်းသာချမိတော့သည်။ တကယ်ပါပဲ...ဒီကောင်ဟာ။
" ပြီးတာပဲနော်... ပြီးမှ အဲ့ဒီအစ်မကြီးက အရေးမစိုက်ဘူးမပြောနဲ့...''
မင်းရသ ထိုစကားပဲပြောရသေးသည်၊ဝဏ္ဏမင်းထင်က သူ့နားသို့ တစ်လှမ်းချင်းလျှောက်လာလေသည်။
" ဘာလဲ... ''
အနောက်ကို ဆုတ်နေရာမှ ချိုင့်နေရာကို ယိုင်ကျသွားမိသလိုဖြစ်ရာမှာ ဝဏ္ဏမင်းထင်က သူ့အား လှမ်းဆွဲလိုက်လေသည်။အနီးကပ်ဖြစ်၍ မင်းရသတစ်ကိုယ်လုံးက ဝဏ္ဏမင်းထင်၏ ရင်ခွင်ထဲသို့ အလိုက်သင့်ရောက်သွားသည်။ ရုတ်တရက်ဖြစ်သွားသဖြင့် မင်းရသ ရုန်းရကောင်းမှန်းလည်းမသိ။ ထိုအတိုင်းသာ ကြောင်ရပ်နေမိသည်။ ထိုအချိန်မှာပဲ ဝဏ္ဏ၏ မထင်ထားပါသော ဆွဲထိုးချင်စရာကောင်းသော လုပ်ရပ်တစ်ခု...။
" ဝဏ္ဏမင်းထင်...မင်း''
ရုန်းကန်နေပါသော သူ့ခန္ဓာကိုယ်အား ဝဏ္ဏက ရုန်းမရအောင်တင်းကြပ်စွာ ဖက်ထားလေသည်။ သူ့ကိုချက်ချင်းကိုကန်ကျောက်ပစ်ချင်နေသည့် အကြောင်းအရင်းကတော့ ခုဏက သူဖမ်းထိန်းပြီး ရင်ခွင်ထဲဝင်သွားပါသော မင်းရသအား ငုံ့ကာ ပါးတစ်ဖက်အား နမ်းလိုက်ခြင်း...။
" မင်း...လွှတ်ကွာ။ဘယ်လိုဖြစ်နေတာလဲ''
"ဘာဖြစ်လို့လဲ...''
" ဘာလို့ ငါ့ကိုလာနမ်းတာလဲ''
မင်းရသလည်း အော်သာပြောလိုက်ပါတော့သည်။ အိမ်သာထဲကိုလည်း လာတဲ့သူဘယ်သူရှိမနေ၍ တော်သေးသည်။ နို့မို့ဆို မြင်သွားရင် တကယ်ကို သူတော့သွားပြီ။
" ချစ်လို့လေ''
စကားလုံးသုံးလုံးကြောင့် မင်းရသ ပါးပြင်နှစ်ဖက်လုံ ပူနွေးသွားလေသည်။ တကယ်ကို ဘယ်လိုတွေ လာပြောနေတာလဲ?
" ငါ့ကို မိန်းကလေးလို လာမဆက်ဆံနဲ့...ဝဏ္ဏ။ ငါမကြိုက်ဘူး''
" ငါမင်းကို မိန်းကလေးလို ဆက်ဆံတယ်လို့ ဘယ်သူပြောနေလို့လဲ? မင်းက ငါ့မျက်စိထဲမှာ ယောက်ျားလေးပဲ''
" အဲ့ဒါဆိုရင်လည်း...''
" ယောက်ျားလေးဖြစ်ရင်ရော မလုပ်ရတော့ဘူးလား''
ဝဏ္ဏမင်းထင်က မင်းရသအား အနားရှိ နံရံသို့ ခန္ဓာကိုယ်ကို ဆွဲယူကာ ဖိကပ်လိုက်သည်။ တကယ်ကို သူဘာဖြစ်ချင်နေတာလည်း မင်းရသမသိပါ။ ဝဏ္ဏမင်းထင်စိုက်ကြည့်လိုက်လျှင် သို့မဟုတ် ခုဏကလို တစ်ခုခုလုပ်လိုက်လျှင် ရင်ထဲမှာ တစ်မျိုးလိုလို ခံစားနေရပါသော မိမိကိုယ်ကိုလည်း မယုံနိုင်...။ ဘာတွေ...ဘယ်လိုမျိုး ဖြစ်နေတာလဲ?
" ရသ...''
ဝဏ္ဏမင်းထင်၏သူ့အားစိုက်ကြည့်နေသော အကြည့်တွေသည် အရမ်းကိုစူးရှနေသည်။ ထိုမျက်ဝန်းတွေအား ခဏတာ ငေးမောမိသွားသည့် ကိုယ့်ကိုကိုယ်လည်း သတိပင်မထားမိတော့...။
" ငါလေ မင်းကို...''
ထိုစကားအား ရင်ခုန်စွာစောင့်နေစဥ် အပြင်ဘက်မှ အသံတွေကြားလာသဖြင့် ရသရုန်းကာ အိမ်သာထဲသို့သာ ပြေးဝင်လိုက်သည်။
TBC.
Thank you all.
(Zawgyi)
အခ္စၠို ႐ူးမိုက္စြာ ငါေတြးလည္း...
အခ်စ္သည္ ေကာင္းမြန္စြာ ဆန္႔က်င္ဘက္ ျပန္မေရာက္ခဲ့...
႐ူးမိုက္ျခင္းတို႔အလြန္တြင္ တန္ျပန္ရရွိခဲ့ေလပါေသာ
အမုန္းတို႔ေရ...
တားဆီးခ်င္ေပမယ့္လည္း
ကိုယ္တိုင္ကိုက ဖိတ္ေခၚေနခဲ့သည္ေလ...။
__________
"ေမေမ...''
မင္းရသ ေက်ာင္းသြားခါနီး စားပြဲပုေလးတြင္ ထိုင္ကာ သိုးေမြးဆြယ္တာေလး ထိုးေနပါေသာ ေမေမ့အား ေခၚလိုက္ေတာ့ ေမေမက ၿပဳံးကာ လွည့္ၾကည့္လာသည္။
" အင္း...သား''
" သား ညေနေက်ာင္းျပန္လာရင္ေလ ေမေမႀကိဳက္တဲ့ ေခါက္ဆြဲေၾကာ္ဝယ္လာမလို႔...အဲ့ဒါ ေမေမ ဘာမွႀကိဳမစားထားနဲ႔ေနာ္''
ေမေမက သူ႔အားၿပဳံးၾကည့္ကာ...
" ဒီကေလးေတာ့...သားမုန္႔ဖိုးေတြကို ဝယၥားပါဆို...အၿမဲတမ္း ဒီလိုပဲဝယ္ေနတယ္။ သားစားခ်င္ရင္လည္း ေမေမ့ပိုက္ဆံနဲ႔ ဝယ္ေကြၽးပါမယ္ သားရယ္''
မင္းရသ ေမေမ့နားကပ္ကာ ဖက္လိုက္ၿပီး ေမေမ့ပုခုံးေပၚအေနာက္ကေနေခါင္းမွီရင္း ခြၽဲႏြဲ႕လိုက္ေလသည္။
" ေမေမကလည္း...သားကေမေမ့ကိုစားေစခ်င္တာပါ''
" အင္းပါကြယ္''
ျပန္ေျဖလာပါေသာ ေမေမ့အသံသည္ ႏြမ္းလ်ေနေပမယ့္လည္း ခ်စ္ျခင္းေမတၱာတို႔အျပည့္...။ မင္းရသ ေႏြးေထြးသည္ဟု ခံစားရေလသည္။ ေမေမက သူ႔ေခါင္းေလးအား ျဖျဖသပၠာ...
" သားေက်ာင္းသြားေတာ့ေလ...။ ေနာက္က်ေနမယ္...''
" ပန္းေမမွ မလာေသးတာ...ေမေမရဲ႕။ ၿပီးေတာ့ ေမေမလည္း စကၡဳံမြာပဲ အခ်ိန္တိုင္း ထိုင္မေနနဲ႔ေနာ္...နားနားေနေနလုပ္''
စက္ခ်ဳပ္ဆိုင္ေလး ဖြင့္ထားေသာေမေမက လာအပ္သမွ် အထည္ေတြကိုေန႔မနားညမနား ခ်ဳပ္တတ္သည္မို႔ မင္းရသလည္း သတိေပးရသည္။ သူတို႔တစ္ႏွစ္ထက္တစ္ႏွစ္ႀကီးလာသည္ႏွင့္အမွ် ေမေမ့က်န္းမာေရး အေျခအေနကလည္း သိပ္မေကာင္းခ်င္ေတာ့...။ ေမေမက သူ႔ႏွလုံးေရာဂါအေၾကာင္းအား သူ႔ကိုေျပာမျပေပမယ့္လည္း မင္းရသကေတာ့ ေမေမ့အခန္းထဲမွ ေဆးစာ႐ြက္ေတြကိုေတြ႕ၿပီး သိသည္မွာ ၾကာေလၿပီ။ သို႔ေသာ္ ေမေမသူ႔အား ေျပာမျပသည္မွာ သူ႔အားစိတ္မေကာင္းမျဖစ္ေစခ်င္၍ ဆိုတာသိသျဖင့္ သူလည္းအေထြအထူးေျပာမေနေတာ့...။
"ေနမေကာင္းျဖစ္မွာစိုးလို႔ပါ ေမေမရယ္။ အက်ီ..ေတြက ေနာက္ရက္မွ လာယူမြာမဟုတႅား?''
" အင္း...သား။ဒါေပမယ့္ အခုကသားအတြက္ သိုးေမြးဆြယ္တာေလးထိုးေနတာ...ေဆာင္းဝင္ရင္ျဖစ္ျဖစ္၊ မိုးအရမ္းေအးတဲ့ေန႔ေတြ ျဖစ္ျဖစ္ ဝတ္လို႔ရေအာင္လို႔...''
" ေမေမအရင္က ေပးထားတဲ့ အေႏြးထည္ေတြရွိပါေသးတယ္...ေမေမရယ္။ နားနားေနေန ေနေနာ္''
ထိုအခ်ိန္မွာ အိမ္ေရွ႕မွ စူးရွက်ယ္ေလာင္ေသာ ပန္းေမ၏ ေအာ္သံ...။
" ရသ...''
ႏွစ္အိမ္ပဲ ျခားေပလို႔ေပါ့...။ မဟုတ္ရင္ အေဝးႀကီးက လာရတယ္ဆိုၿပီး သူ႔အိမ္ေရွ႕ ေသေအာင္ေအာ္ေနမွာ။အဲ့ဒီသူေဌးသမီးကလည္း အိမ္ကပို႔ေပးတဲ့ကားနဲ႔မသြားပဲ ခုႏွစ္တန္းေလာက္ထဲက ေက်ာင္းကိုသူနဲ႔သာ လမ္းေလွ်ာက္သြားေနက်...။ ပန္းေမက အိမ္တံခါးကိုတြန္းကာ အိမ္ထဲသို႔ ဝင္လာၿပီးေမေမ့အား ႏႈတ္ဆက္ေလသည္။
ေက်ာင္းခ်ိန္နီးေနၿပီျဖစ္သျဖင့္ ႏွစ္ေယာက္သားလည္း အိမ္မွထြက္ကာ လမ္းေလးအတိုင္း ေလွ်ာက္လာခဲ့ၾကသည္။ ခါတိုင္းဆို ပန္းေမက စကားေတြေပါက္ေပါက္ေဖာက္ေအာင္ ေျပာေနေပမယ့္လည္း ယေန႔ေတာ့တိတ္ဆိတ္ေနသည္။ ရသလည္း...
" ပန္းေမ...ဘာျဖစ္ေနတာလဲ?''
" ဟင္...ဘာမွမျဖစ္ပါဘူးဟာ။ ဒီအတိုင္းပဲ...''
" နင္ဒီေန႔ စကားေတာ္ေတာ္နည္းေနလို႔''
" အင္း...အဲ့ဒါကလည္း ဒီအတိုင္းပဲ''
" ေၾသာ္...ဒီအတိုင္းေနလိုက္ေတာ့...အဲ့ဒီမြာ''
" ဟီးဟီး...ေနာက္တာပါ။ ငါေျပာရဦးမယ္...ဟိုအေကာင္ကို သတိေပးထားစမ္းပါဦး...နင္က သူတစ္ေယာက္ထဲ ပိုင္တာက်ေနတာပဲ။ ငါလည္း နင့္သူငယ္ခ်င္းေနာ္...သူက ေနာက္မွနင္နဲ႔ခင္လာၿပီးေတာ့...''
မင္းရသလည္း သက္ျပင္းသာခ်မိပါေတာ့သည္။
" ဘာေတြျဖစ္ရျပန္တာလဲ...''
" ျဖစ္တာကေတာ့ အမ်ားႀကီး။ နင့္အတန္းငါလာရင္မ်ား ငါ့ကိုရန္ေထာင္ေနတာ။ အဲ့ဒီေလာက္ျဖစ္ေနတာ...နင့္ကိုႀကိဳက္ေနလားမသိဘူး''
ျပန္ေျပာမယ္လုပ္ေသာ စကားက တံေတြးပင္သီးသြားရသည္။
" ဘာေတြေလွ်ာက္ေျပာေနတာလဲ ပန္းေမရာ''
" ဟုတ္တယ္ေလ...နင့္ကိုဆို အၿမဲတမ္းေမးေထာက္ၾကည့္ေနရတာနဲ႔...ထမင္းစားရင္း ပါးစပ္ေလးပဲ ျဖစ္ျဖစ္ေပသြားရင္ ေဘးကေန ကမန္းကတန္းသုတ္ေပးရတာနဲ႔''
" အဟမ္း...သူက ဒီအတိုင္း သူငယ္ခ်င္းမို႔ လုပ္ေပးတာပါဟ''
မင္းရသေခ်ာင္းတစ္ခ်က္ဟန္႔ကာေျပာေတာ့ ျမတ္ပန္းေမက မင္းရသအား မ်က္ေစာင္းထိုးလိုက္ကာ...
" ေအး...သူငယ္ခ်င္းေနလိုက္ပါ။ အရင္ကေတာ့ ငါ့ကိုအႏိုင္က်င့္ခဲ့တဲ့သူႀကီးဆိုၿပီး ဒူးတုန္ေအာင္ေၾကာက္ေနတာ ဘယ္သဴလဲ?''
"ဝဏၰက သေဘာေကာင္းပါတယ္''
ပန္းေမက သူမရင္ဘတ္ကို သူမဖိကာ မင္းရသအား မ်က္ေစာင္းသာ ထိုးေနပါေတာ့သည္။
သူတို႔ေက်ာင္းေရာက္ေတာ့ ဝဏၰက ေရာက္ႏွင့္ေနေလၿပီ...။ မင္းရသလည္း ကိုယ့္အတန္းကိုယ္ ဝင္ထိုင္ေတာ့ မိမိခုံအား ဖုန္ေတြသုတ္ေပးထားသည္။ေက်ာင္းခန္းျပတင္းေဘးမွာက ဖုန္ထူေသာ ေျမနီေဘာလုံးကြင္းရွိပါသျဖင့္ သန္႔ရွင္းေရးမလုပ္ပါေသာေန႔တို႔ေက်ာင္းႏွစ္ရက္ပိတ္ကာ ျပန္ဖြင့္ေသာေန႔တို႔ဆိုလွ်င္ ဖုန္ထတတ္သည္ေလ။ အခုလည္း ေက်ာင္းပိတ္ၿပီး ဖုန္ထေသာေန႔ျဖစ္၍ ဖုန္ကေတာ့ရွိကိုရွိရမည္ကို သုတ္ေပးထားသည္။ ဘယ္သဴ႐ြိရမလဲ...မင္းရသေဘးက ဝဏၰပဲေပါ့...။
" ဝဏၰ မင္းထိုင္တဲ့ တစ္ဝက္ပဲ သုတၳား ငါ့ဘက္ ငါ့ဘာသာသုတ္မယ္''
" မင္းကလည္း...ခုံတန္းရွည္ႀကီးကို ငါကတစ္ဝက္ခြဲသုတ္ေနရမွာလား? "
" သုတ္ေပါ့...''
" ေဟာဒီက ေယာက္်ားႀကီးက ေစတနာေတြအရမ္းေကာင္းလြန္းလို႔ သုတ္ေပးတယ္ထင္လား ေယာက္်ားေလးရဲ႕။ ေယာက္်ားေလးကို ခ်စ္လို႔သုတ္ေပးတာ...''
" ဟာ...မင္း''
ထုတ္ထားၿပီးေသာ ခဲဖ်က္ႏွင့္သာ ေကာက္ေပါက္လိုက္ေတာ့သည္။ ဝဏၰမင္းထင္ဆိုသည္မွာ မင္းရသ ဘာနဲ႔ပဲေကာက္ထုေကာက္ထု အၿပဳံးမပ်က္။ ေတာ္ေတာ္လည္း မ်က္ႏွာေျပာင္ႏိုင္တဲ့ေကာင္...။
" ငါ့နားမကပ္လာနဲ႔...ၾသား''
" ၾသားဘူး''
" အဲ့ဒါဆို ငါသြားမယ္''
မင္းရသက ခုံမွာထိုင္ေနရင္း ထလိုက္ေတာ့ ဝဏၰမင္းထင္က ျပန္ဆြဲလိုက္ကာ...
" ဘယ္သြားမလို႔လဲ?''
" ေဟ့ေကာင္...အိမ္သာသြားမလို႔ လႊတ္ဦး''
" ေယာက္်ားႀကီးလည္း လိုက္မယ္ေလ...''
" မင္း!! ေအး...ခ်ီးတြင္းထဲ ဝင္ခ်င္ရင္ လိုက္ခဲ့...''
ဝဏၰမင္းထင္က သူ႔အား ၿပဳံးျပကာ...
" ေယာက္်ားေလးနဲ႔ဆို ဘယ္ေနရာျဖစ္ျဖစ္ လိုက္ရဲတယ္''
မင္းရသတစ္ေယာက္ ေျပာေလကဲေလ ျဖစ္ေနေသာ သတၱဝါအား အေထြအထူးေျပာမေနေတာ့ပဲ ထြက္သာထြက္လာလိုက္ေတာ့သည္။ ေက်ာင္းမတက္ေသးသည္ျဖစ္၍ အခန္းအျပင္ဘက္ေတြမွာ ေက်ာင္းသားေက်ာင္းသူေတြစု႐ုံးစု႐ုံးျဖစ္ေနၾကသည္။ မင္းရသလည္း ေရွာင္ကြင္းကာ လာတုန္း မိမိတို႔ေရွ႕သို႔ အစ္မႀကီးႏွစ္ေယာက္ေရာက္လာသည္။ ေဘးႏွစ္ခန္းေက်ာ္ ကိုးတန္းခန္းမွေက်ာင္းသူေတြျဖစ္ၾကသည္။သူတို႔ကိုေတာ့ အတန္းထဲ ဆရာမဆီ စာအုပ္ေတြလာေပးတာတို႔မွာ ျမင္ဖူးသျဖင့္... ။
ထိုႏွစ္ေယာက္က လာေနရင္း မင္းရသကိုေတြ႕ေတာ့ လက္ညႇိဳးထိုးကာ ေလွ်ာက္လာျပသည္။
" ေတြ႕ၿပီ...ေမာင္ေလးက မင္းရသလား?''
" ဟုတ္ကဲ့...ဘာျဖစ္လို႔လဲ?''
" ေၾသာ္...အစ္မတို႔သူငယ္ခ်င္း ႏွင္းသူဇာက ေမာင္ေလးကို ဒီစာေလးေပးခိုင္းလိုက္လို႔...''
မိမိေရွ႕သို႔ ထိုးေပးလာပါေသာ စာေလးတစ္ေစာင္...။
" ဗ္ာ...ကြၽန္ေတာ့္ကို''
မင္းရသလည္း ထိုးေပးေနေသာ စာေလးအား ယူမယ္အလုပ္မွ ဖ္တၡနဲ ဆြဲယူခံလိုက္ရပါေသာ စာေလး။ ထိုဆြဲယူလိုက္ပါေသာ လက္တစ္စုံပိုင္ရွင္က ဝဏၰမင္းထင္။ မင္းရသ ေမာ့သာၾကည့္မိသည္။
" ဘာလုပၱာလဲ...ဒီစာက''
"ဟို... မင္းရသကို ႏွင္းသူဇာက ေပးခိုင္းတာ...''
မင္းရသ သိလိုက္သည္မွာ ႏွင္းသူဇာဆိုတာ ကိုးတန္းက ေယာက္်ားေလးေတြၾကား နာမည္ႀကီးလွပါေသာ အစၼ။ ထိုကဲ့သို႔ေသာ မိန္းကေလးမ်ိဳးက ကိုယ့္ကိုစာေပးသည္ျဖစ္၍ ဂုဏ္ေတာ့နည္းနည္းျမင့္ခ်င္သြားသည္။
" အဲ့ဒီစာကို ဘာလုပ္ဖို႔ရသက ယူရမြာလဲ''
သူတို႔အၾကားမွာ ဝဏၰမင္းထင္၏ ေအးစက္မာေက်ာေနေသာ အသံက ဖုံးလႊမ္းသြားေလသည္။
" အာ...ဝဏၰငါယူလိုက္မယ္...ေပး''
" ဟင္...ေမာင္ေလး။...ႏွင္းသူဇာက ေမာင္ေလးကေနတစ္ဆင့္ ဝဏၰမင္းထင္ကို ေပးခိုင္းတာ''
" ဘာ!!!''
ၾကားလိုက္ရေသာ စကားေၾကာင့္ မိမိမြာ ကိုယ့္ကိုကိုယ္အထင္ေတြဇြတ္ႀကီးခဲ့ရသမွ်တို႔က...။ မင္းရသ ဝဏၰကိုၾကည့္လိုက္ေတာ့ ေစာေစာက မ်က္ႏွာႏွင့္မတူစြာ သူ႔အားျပဴးၾကည့္ေနသည္။ မင္းရသလည္း သူ႔အား မ်က္ေစာင္းသာထိုးကာ ထိုေနရာမွ အျမန္ထြက္လာခဲ့လိုက္ေတာ့သည္။
မနာလိုဖို႔ေကာင္းလိုက္တာ...အရည္ေပ်ာ္ေနတဲ့ ေရခဲတုံးက ခုေတာ့ႀကိတ္ေပ်ာ္ေနၿပီလားမသိဘူး။ ႐ုပ္က...။ အိမ္သာသို႔လာရာမွ ေနာက္ကေန ဝဏၰမင္းထင္က...
" ရသ...ငါ့ကိုလည္း မေစာင့္ပဲထြက္သြားတာ''
" မင္းက စာဖတ္ၿပီးၾကည္ႏူးေနမွာမဟုတ္လား? သြားဖတ္ေလ''
" အင္း...ဒီမြာ''
မင္းရသေရွ႕အား ပန္းေရာင္စာအိတ္ေလးကို ထုတ္ျပလာပါေသာ ဝဏၰမင္းထင္။
" လာႂကြားမေနနဲ႔...ေဝးေဝးသြား''
ရသစကားလည္း ဆုံးေရာ ဝဏၰက ထိုပန္းေရာင္စာအိတ္ေလးအား အလေယၠန အစိတ္စိတ္အႁမႊာႁမႊာ ျဖစ္ေအာင္ ဆြဲၿဖဲကာ ေဘးသို႔လႊင့္ပစ္လိုက္ေလသည္။
" ဟာ...မင္း...သူမ်ားေရးထားတာကို''
" ငါမွမဖတ္ခ်င္တာ''
" ဟိုအစ္မႀကီးက မင္းကိုႀကိဳက္ေနတာေလ...''
" ငါမွမႀကိဳက္တာ...''
" နည္းနည္းပါးပါးေတာ့ ဖတ္ရမယ့္ ဝတၳရားရွိတယ္ေလ''
"ငါေတာ့ ရွိတယ္လို႔ကို မထင္တာ''
မင္းရသ သက္ျပင္းသာခ်မိေတာ့သည္။ တကယ္ပါပဲ...ဒီေကာင္ဟာ။
" ၿပီးတာပဲေနာ္... ၿပီးမွ အဲ့ဒီအစ္မႀကီးက အေရးမစိုက္ဘူးမေျပာနဲ႔...''
မင္းရသ ထိုစကားပဲေျပာရေသးသည္၊ဝဏၰမင္းထင္က သူ႔နားသို႔ တစ္လွမ္းခ်င္းေလွ်ာက္လာေလသည္။
" ဘာလဲ... ''
ေအနာကၠို ဆုတ္ေနရာမွ ခ်ိဳင့္ေနရာကို ယိုင္က်သြားမိသလိုျဖစ္ရာမွာ ဝဏၰမင္းထင္က သူ႔အား လွမ္းဆြဲလိုက္ေလသည္။အနီးကပ္ျဖစ္၍ မင္းရသတစ္ကိုယ္လုံးက ဝဏၰမင္းထင္၏ ရင္ခြင္ထဲသို႔ အလိုက္သင့္ေရာက္သြားသည္။ ႐ုတ္တရက္ျဖစ္သြားသျဖင့္ မင္းရသ ႐ုန္းရေကာင္းမွန္းလည္းမသိ။ ထိုအတိုင္းသာ ေၾကာင္ရပ္ေနမိသည္။ ထိုအခ်ိန္မွာပဲ ဝဏၰ၏ မထင္ထားပါေသာ ဆြဲထိုးခ်င္စရာေကာင္းေသာ လုပ္ရပ္တစ္ခု...။
" ဝဏၰမင္းထင္...မင္း''
႐ုန္းကန္ေနပါေသာ သူ႔ခႏၶာကိုယ္အား ဝဏၰက ႐ုန္းမရေအာင္တင္းၾကပ္စြာ ဖက္ထားေလသည္။ သူ႔ကိုခ်က္ခ်င္းကိုကန္ေက်ာက္ပစ္ခ်င္ေနသည့္ အေၾကာင္းအရင္းကေတာ့ ခုဏက သူဖမ္းထိန္းၿပီး ရင္ခြင္ထဲဝင္သြားပါေသာ မင္းရသအား ငုံ႔ကာ ပါးတစ္ဖက္အား နမ္းလိုက္ျခင္း...။
" မင္း...လႊတ္ကြာ။ဘယ္လိုျဖစ္ေနတာလဲ''
"ဘာျဖစ္လို႔လဲ...''
" ဘာလို႔ ငါ့ကိုလာနမ္းတာလဲ''
မင္းရသလည္း ေအာ္သာေျပာလိုက္ပါေတာ့သည္။ အိမ္သာထဲကိုလည္း လာတဲ့သူဘယ္သဴ႐ြိေမန၍ ေတာ္ေသးသည္။ ႏို႔မို႔ဆို ျမင္သြားရင္ တကယၠို သူေတာ့သြားၿပီ။
" ခ်စ္လို႔ေလ''
စကားလုံးသုံးလုံးေၾကာင့္ မင္းရသ ပါးျပင္ႏွစ္ဖက္လုံ ပူေႏြးသြားေလသည္။ တကယၠို ဘယ္လိုေတြ လာေျပာေနတာလဲ?
" ငါ့ကို မိန္းကေလးလို လာမဆက္ဆံနဲ႔...ဝဏၰ။ ငါမႀကိဳက္ဘူး''
" ငါမင္းကို မိန္းကေလးလို ဆက္ဆံတယ္လို႔ ဘယ္သူေျပာေနလို႔လဲ? မင္းက ငါ့မ္ကၥိထဲမြာ ေယာက္်ားေလးပဲ''
" အဲ့ဒါဆိုရင္လည္း...''
" ေယာက္်ားေလးျဖစ္ရင္ေရာ မလုပ္ရေတာ့ဘူးလား''
ဝဏၰမင္းထင္က မင္းရသအား အနား႐ြိ နံရံသို႔ ခႏၶာကိုယ္ကို ႀဆဲယူကာ ဖိကပ္လိုက္သည္။ တကယၠို သူဘာျဖစ္ခ်င္ေနတာလည္း မင္းရသမသိပါ။ ဝဏၰမင္းထင္စိုက္ၾကည့္လိုက္လွ်င္ သို႔မဟုတ္ ခုဏကလို တစ္ခုခုလုပ္လိုက္လွ်င္ ရင္ထဲမွာ တစ္မ်ိဳးလိုလို ခံစားေနရပါေသာ မိမိကိုယ္ကိုလည္း မယုံႏိုင္...။ ဘာေတြ...ဘယ္လိုမ်ိဳး ျဖစ္ေနတာလဲ?
" ရသ...''
ဝဏၰမင္းထင္၏သူ႔အားစိုက္ၾကည့္ေနေသာ အၾကည့္ေတြသည္ အရမ္းကိုစူးရွေနသည္။ ထိုမ်က္ဝန္းေတြအား ခဏတာ ေငးေမာမိသြားသည့္ ကိုယ့္ကိုကိုယ္လည္း သတိပင္မထားမိေတာ့...။
" ငါေလ မင္းကို...''
ထိုစကားအား ရင္ခုန္စြာေစာင့္ေနစဥ္ အျပင္ဘက္မွ အသံေတြၾကားလာသျဖင့္ ရသ႐ုန္းကာ အိမ္သာထဲသို႔သာ ေျပးဝင္လိုက္သည္။
TBC.
Thank you all.